unicode
Part 69
အခန်း - ၇၁
အပိုင်း (၂)
ရွှမ်းလီရဲ့ မျက်နှာထားက အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်နေတယ်။ သူက သူ ရင်းနှီးတဲ့ အသံကို မကြားမချင်း စကားမပြောသေးဘူး။
"ဒုတိယကျန်းသခင်မလေးက အမျိုးသမီးရဲ့ မျက်နှာကို သေချာ မမြင်ရသေးပဲနဲ့ ဘယ်လိုလုပ်ပြီး အကြီးဆုံး ကျန်းသခင်မလေးမှန်း သေချာနေတာလဲ။ "
လန့်သွားပြီးတော့ ကျန်းစုစုက ခေါင်းမော့လိုက်တာနဲ့ ရှောင်ရှို့ရဲ့ ကြော့ရှင်း၊ အေးစက် ပြီး ခံစားချက်မဲ့နေတဲ့ မျက်နှာက သူ့ရှေ့မှာ ပေါ်လာတယ်။ ဒါပေမဲ့ သူ့ရဲ့ အသံက စိတ်ပူနေတာ ဒါမှမဟုတ် စိတ်တိုနေတဲ့ အသံ မဟုတ်ဘူး။
အဲ့နေ့မှာ သူက လင်းလောင်လှေပေါ်မှာ သူမကို ကယ်ခဲ့တုန်းက ရှောင်ရှို့က သူမဘက်ကလို့ သူမ ထင်ခဲ့တယ်။ ဒါပေမဲ့ ကျန်းစုစုက ကျင်းရင်းဝမ်ရဲ့ အိမ်တော်ကို ရောက်တော့ တံခါးဝမှာ သူမက အေးစက်စက် တုံ့ပြန်တာခံခဲ့ရတယ်။ ဒါ့ကြောင့် သူက ကျင်းရင်းဝမ် အဲ့အချိန်မှာ ဘာတွေ တွေးနေလဲဆိုတာကို စဉ်းစားလို့မရဘူး။ အခု သူမက သူ ကျန်းယွမ်ဘက်ကနေ ပြောနေတာကို ကြားလိုက်ရတော့ ဒါက ကျန်းစုစုကို ပိုပြီးတော့တောင် သံသယဖြစ်စေတယ်။
အဲ့အချိန်မှာ သူမနောက်ကနေ ညင်သာပြီး သိမ့်မွေ့တဲ့အသံကို ကြားလိုက်ရတယ်။
"အကုန်လုံး ဘာတွေ ကြည့်နေကြတာလဲ။ "
အသံကို ကြားလိုက်ရတော့ ကျန်းစုစုရဲ့ ခေါင်းထဲကို ကြည်လင်နေတဲ့ ကောင်းကင်ကနေ မိုးကြိုးပစ်လိုက်သလိုပဲ။ သူမရဲ့ တစ်ကိုယ်လုံးက သူနေရပ်နေတဲ့နေရာမှာပဲ တောင့်ခဲသွားတယ်။ ရှောင်ရှို့က မျက်ခုံးပင့်လိုက်ပြီး အသံလာတဲ့နေရာကို တစ်ချက်ကြည့်လိုက်တယ်။
သူက အနက်ရောင် အပေါ်ရုံနဲ့ ဝတ်ရုံနီကို ဝတ်ထားပြီး နှင်းရည်စက်လေးတွေက ပခုံးပေါ်မှာ ရှိနေတဲ့ မိန်းမပျိုလေးကို တွေ့လိုက်တယ်။ သူမက အပြင်က ပန်းတွေ အပြုံလိုက်ရှိတဲ့ နေရာမှာ မတ်တပ်ရပ်နေပြီးတော့ သူတို့ကို ပြုံးပြနေတယ်။ သူမက သူမရဲ့ ထီးကို မဖွင့်ရသေးပဲ မိုးစက်လေးတွေက သူမရဲ့ ခန္ဓာကိုယ်ပေါ်ကို ညင်သာစွာ ကျနေတယ်။ မြူတွေထဲက ဆွဲဆောင်မှုရှိတဲ့ မျက်လုံးတစ်စုံက စိတ်မဝင်စားသလိုနဲ့ ဖြစ်နေတယ်။ သူမရဲ့ နှုတ်ခမ်းထက်က အပြုံးလေးကို ကြည့်ပြီးတော့ တစ်ယောက်ယောက်က မကြောက်ဘဲ မနေနိုင်ခဲ့ဘူး။
"မမ မမလား"
ကျန်းစုစုက နောက်ကို ခြေလှမ်းနှစ်လှမ်း ဆုတ်လိုက်တယ်။
အေးအေးဆေးဆေးနဲ့ ကျန်းယွမ်က ရှေ့ကို လာခဲ့တယ်။
"ဒီတော့ ဒါက တကယ်ပဲ ဒုတိယညီမလေးဖြစ်နေတာပဲ။ ညီမလေး မနက်အစောကြီး ဘိုးဘေးခန်းမကို ဘာလို့လာခဲ့တာလဲ။ ကိစ္စရှိလို့လား။ "
သူမရှေ့ကို တက်လာတာတိုင်း ကျန်းစုစုက နောက်ကို ဆုတ်သွားပြီးတော့ သူမရဲ့ မျက်လုံးတွကေ ကြောက်လန့်နေတယ်။ သူမက သူမရဲ့ ပါးစပ်ကနေ ထွက်လာတော့မယ့် မေးခွန်းတွေကို မျိုသိပ်လိုက်ပြီးတော့ မေးလိုက်တယ်။
"မမ ဘာလို့ ဒီကို ရောက်နေတာလဲ။ အဲ့တာဆို အထဲမှာက ဘယ်သူလဲ။ "
ကျန်းယွမ်က ပြုံးလိုက်တယ်။
"အိုး ခန်းမထဲက သူကလား။ အဲ့တာက အစ်မရဲ့ သစ္စာအရှိဆုံးအစေခံတွေထဲက တစ်ယောက်လေ။ မနေ့ညက သူမက အစ်မရဲ့ ခန္ဓာကိုယ်က မခံနိုင်တော့လို့ သူက အစ်မအစား ကျန်တဲ့အချိန်မှာ ဒူးထောက်ပေးတဲ့သူလေ။ အဘွားက ပြောတာ လေးလေမြောက်မှာ မွေးတဲ့သူက ဆုတောင်းရမယ်ဆိုလို့ သူလည်းလေးလမြောက်မှာ မွေးတာဆိုပြီး အစ်မအစား ဆုတောင်းပေးတဲ့သူလေ။ ကံကောင်းပြီးတော့ အစ်မရဲ့ ဒီအစေခံက လေးလမြောက်မှာ မွေးတာတာလေ။ "
ခပ်တည်တည်နဲ့ သူမက ချောမွေ့စွာလိမ်လိုက်တယ်။ ပြီးတာနဲ့ သူမရဲ့ မျက်နှာထားက အံ့အားသင့်သွားတယ်။
"ဘာလို့လဲ တစ်ခုခုဖြစ်လို့လား။ "
ရှချန်းက ကျန်းယွမ်က မဟုတ်တာတွေ လျှောက်ပြောနေတယ်ဆိုတာကို သိပြီးတော့ သူမက ကျန်းစုစုရဲ့ အကြံကို အစကတည်းက သိပြီးသားဖြစ်လိမ့်မယ်။ သူက သူမကို စိုက်ကြည့်ပြီး ဖြည်းဖြည်းပြောလိုက်တယ်။
"ဘိုးဘေးခန်းမထဲမှာ ညစ်ညမ်းတဲ့ အပြုအမူတွေ လုပ်ထားတဲ့သူတွေ ရှိတယ်။ သူတို့ ကြားထဲမှာ တစ်ယောက်က မင်းရဲ့ အစေခံထင်တယ်။ "
ကျန်းယွမ်က အံ့အားသင့်သွားပြီး သူမရဲ့ ခေါင်းကို ခါလိုက်တယ်။
"ကျွန်မရဲ့ အစေခံက လုံးဝ ရိုးသားပြီး သန့်စင်တဲ့ မိန်းကလေးပါ။ ပုံမှန်ဆိုရင် သူက သူ့ရဲ့ ကိစ္စတွေကို ပြသနာနဲ့ ကင်းအောင် လုပ်တယ်။ ပြီးတော့ အပြစ်လုပ်မိရင် အပြစ်ကို ဝန်ခံတယ်။ အဲ့တာက သူမ ဒီလို မကောင်းတဲ့ကိစ္စကို လုပ်ဖို့က မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တာက တစ်ယောက်ယောက်က သူမကို အတင်းအကျပ်ခိုင်းတာနေမှာ။ ဒါမှမဟုတ် သူ့အစား ကျွန်မက သူ့အတွက် တရားမျှတမှုကို ရှာဖွေပေးဖို့ တောင်းဆိုပါတယ်။ "
"မမ ဘယ်လိုလုပ်ပြီး ဒီလိုပြောနိုင်ရတာလဲ။ မမရဲ့ အစေခံက မှန်းတာ အသိသာကြီးပဲကို ဘယ်လိုလုပ်ပြီး သူများအပေါ်မှာ အပြစ်တင်ရတာလဲ။ "
ကျန်းစုစုက မေးလိုက်တယ်။ တကယ်လို့ သူတို့ဘေးက အစေခံက မကောင်းတဲ့ လုပ်ရပ်ကို လုပ်ရင် အဲ့တာက သူများတွေက သူ့ရဲ့ သခင်ကိုလည်း သံသယရှိမှာဖြစ်တယ်။
"ဘာလို့ ဒုတိယညီမလေးက ဒီလိုပြောရတာလဲ။ "
ကျန်းယွမ်က ပြုံးလိုက်တယ်။
"ဒီအစေခံက အမေကိုယ်တိုင် ရွေးပေးထားတဲ့ တစ်ယောက်လေ။ ဘယ်လိုလုပ်ပြီးတော့ အမေက လူတစ်ယောက်ရဲ့ အကျင့်ကို မသိနိုင်မှာလဲ။ အမေက ဒီလိုမကောင်းတဲ့ အစေခံကို အစ်မရဲ့ ဘေးမှာ တမင်ထားပေးတာလား။ "
"နင်..."
ကျန်းစုစုက ခဏလောက် ပြောစရာ စကားပျောက်သွားတယ်။ သူမက ကျန်းယွမ်အပေါ်မှာ ပိုမုန်းလာတယ်။ ရှချန်းက မျက်မှောင်ကြုတ်လိုက်တယ်။ ဘာမှမပြောနိုင်ခင်မှာ သူက ကျန်းယွမ် အိမ်ရှေ့စံရှေ့မှာ ဒူးထောက်လိုက်တာကို တွေ့လိုက်ရတယ်။
"ဒီကိစ္စကြောင့် ယွမ်နိုင်ရဲ့ အစေခံက တချို့ ခက်ခဲတဲ့ ကိစ္စတွေကို ကြုံတွေ့ရနိုင်ပါတယ်။ ဒါပေမဲ့ သေသေချာချာတွေးပြီးတော့ သူမက ယွမ်နိုင်ကို ကူညီခဲ့ပြီးတော့ မမျှော်လင့်စွာနဲ့ ကံဆိုးသွားခဲ့တယ်။ တကယ်လို့ မနေ့က ဒါသာ ယွမ်နိုင်ဖြစ်ရင် အခု ယွမ်နိုင်က သေချင်စိတ်ပေါက်သွားမှာပါ။ ဒီမကောင်းတဲ့သူက တကယ် ရွံ့စရာကောင်းပါတယ်။ အရှင်မင်းသားက ဒီကိစ္စကို သေသေချာချာ စုံစမ်းပေးပြီးတော့ ဘယ်သူက အပြစ်မရှိသလို ဟန်ဆောင်ထားလဲဆိုတာကို စုံစမ်းပေးဖို့ ယွမ်နိုင် တောင်းဆိုပါတယ်။ "
သူမက ဒူးထောက်ထားတာကို မြင်ရတော့ ရှချန်းရဲ့ စိတ်က ပိုပြီးတော့တောင် စိတ်တိုလာတယ်။ ကျန်းယွမ် ရောက်လာတော့ သူမက သူမရှေ့က သူကို ဘယ်သူမှန်း မသိသေးဘူး။ ဒါပေမဲ့ ဒီအိမ်ရှေ့စံက မွေးကတည်းက ခေါင်းမာပြီးတော့ သူက ဒေါသကြီးတယ်။ သူက ဒီကိစ္စကို စိတ်ဝင်စားလား မဝင်စားလားဆိုတာ သူမပြောနိုင်ဘူး။ ပြီးတော့ သူက ရှကျွမ်းကို အပြစ်ပေးမလား မပေးဘူးလားဆိုတာကိုလည်း သူမသိသဘူး။
ရွှမ်းလီက ကျန်းယွမ်ရဲ့ အပြုအမူတွေကို ကြည့်နေတယ်။ ဒါကေမဲ့ ရှောင်ရှို့က တိတ်ဆိတ်စွာနဲ့ မရေရာတဲ့ ခံစားချက်တွေနဲ့ ကြည့်နေတယ်။
အားမာန်ပြည့်နဲ့ အိမ်ရှေ့က သူမကို ကြည့်ပြီးတော့
"မင်းက အကြီးဆုံး ကျန်းသခင်မလေးလား။ "
ကျန်းယွမ်က ပြုံးပြီး သူ့ကို ကြည့်လိုက်တယ်။
"ကျွန်တော်မျိုးမ အရှင်မင်းသားကို နှုတ်ဆက်ပါတယ်။ အိမ်ရှေ့စံမင်းသား။ "
"ထင်တဲ့အတိုင်းပဲ ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးပဲ။ "
အိမ်ရှေ့စံက ပြုံးပြလိုက်တယ်။
"မင်းက ဒီကိစ္စကို ငါ့ကို ဆုံးဖြတ်ခိုင်းစေချင်တာလား။ "
ရှချန်းက ဒါကို ကြားတာနဲ့ အရမ်းစိုးရိမ်စွာတဲ့ရွှမ်းလီကို အကူအညီတောင်းသလိုနဲ့ အမြန်ကြည့်လိုက်တယ်။ ပြီးတော့ ရုတ်တရက် ဒီအချိန်မှာ အစေခံတစ်ယောက်က အမြန်ပြေးလာတယ်။
"သခင်ကြီး အရမ်းဆိုးနေပြီ သခင်မကြီး သတိမေ့သွားတယ်။ "
"ဘာ။ "
ရှချန်းက လန့်သွားပြီး ဘိုးဘေးခန်းမကို ကြည့်လိုက်တယ်။
"တစ်ယောက်ယောက်ကို သမားတော်ခေါ်ဖို့ လွှတ်လိုက်။ "
ဒါကို ပြောပြီးတော့ သူက အိမ်ရှေ့စံနဲ့ သူ့ရဲ့ ဧည့်သည်တွေကို အရိုအသေပေးလိုက်တယ်။
"ကျွန်တော်မျိုးရဲ့ မိန်းမက ရုတ်တရက် သတိမေ့သွားပါတယ်။ ဘိုးဘေးခန်းမက ကိစ္စကို နောက်မှ ဆွေးနွေးလို့ရပါတယ်။ အရှင့်မင်းသားရဲ့ တရားစီရင်မှုကို အနည်းငယ် စောင့်ဖို့ ကျွန်တော်တောင်းဆိုပါတယ်။ "
"ကိစ္စ မရှိပါဘူး။ "
အိမ်ရှေ့စံက ရယ်လိုက်တယ်။
"ဒီနေ့ ပွဲကတော့ အရမ်းမိုက်တာပဲ။ အခု အထက်အရာရှိမှူးမတ်ရှနဲ့ အတူသွားကြတာပေါ့။ "
ဒါကို ပြောပြီးတော့ သူက ရှချန်းဘေးကနေ လိုက်သွားတယ်။
ရှချန်းက သူဘိုးဘေးခန်းမကနေ ထွက်လာတာနဲ့ စိတ်ထဲမှာ တင်းကျပ်နေတယ်။ ကျန်းစုစုက ရွှမ်းလီနောက်ကနေ လိုက်လာတယ်။
ဒါပေမဲ့ ကျန်းယွမ်နဲ့ ရှောင်ရှို့တို့ကတော့ ကျန်ခဲ့တယ်။
ခံစားချက်မဲ့စွာနဲ့ ကျန်းယွမ်က ရှောင်ရှို့ကို ကြည့်လိုက်ပြီးတော့ သူမက ရှေ့ကို သွားလိုက်တယ်။ သူမက နောက်ကနေ ရှောင်ရှို့ရဲ့ ခေါ်သံကို ကြားလိုက်ရတယ်။
"သူက အိမ်ရှေ့စံမှန်း မင်းဘယ်လိုသိတာလဲ။ "
ကျန်းယွမ်ရောက်လာတုန်းက ဘယ်သူကမှ ဘယ်သူက အိမ်ရှေ့စံမှန်း မပြောလိုက်ဘူး။ ဒါပေမဲ့ သူမက ဒူးထောက်လိုက်တဲ့အချိန်မှာ သူက အိမ်ရှေ့စံလို့ သေသေချာချာ ခေါ်လိုက်တယ်။ အဲ့တာက သူမကို သံသယဖြစ်စေတဲ့ အရာပဲ။
ကျန်းယွမ်က စိုက်ကြည့်လိုက်ပြီး သူမရဲ့ စိတ်ထဲမှာတော့ သူမရဲ့ ဂရုမစိုက်မှုကို အပြစ်တင်နေတယ်။ ဒီလူ့ကို သူမ ရင်ဆိုင်ဖို့ တကယ်ပဲ ခွင့်ပြုလိုက်ရတယ်။ သူမ ဒီ ကြော့ရှင်း၊ သူရဲကောင်းဆန်စွာ ချောမောတဲ့ အသွင်အပြင်ရှိတဲ့ ရှောင်ရှို့ကို မြင်တော့ သူမရဲ့ အတွေးတွေက တခဏလောက် လည်ထွက်သွားတယ်။ ပြီးတော့ သူမက အေးစက်စွာ ပြောလိုက်တယ်။
"နဂါးတစ်ကောင်နဲ့ ပိုးကောင်တစ်ကောင်ရဲ့ အမူအရာက မတူဘူး။ ဉပမာအနေနဲ့ အိမ်ရှေ့စံက အိမ်ရှေ့စံရဲ့ အမူအရာရှိပြီးတယ်။ "
သူမရဲ့ မျက်နှာပေါ်မှာ တောက်ပတဲ့ အပြုံးလေးက ပေါ်လွင်နေပြီးတော့ သူမက ပြောလိုက်တယ်။
"လူဖျင်းကတော့ လူဖျင်း ရောင်ဝါပဲထွက်နေမှာ။ "
ဒါကို ပြောပြီးတော့ သူမက ပေါ့ပါးတဲ့ ခြေလှမ်းတွေနဲ့ ရှောင်ရှို့ရဲ့ မျက်နှာထားကို မကြည့်ပဲနဲ့ ထွက်သွားတယ်။
သူမ ခန်းမကြီးထဲကို ရောက်တာနဲ့ ထင်ထားတဲ့အတိုင်းပဲ သူမက အစေခံတွေ အများကြီးနဲ့ အစေခံအိုတွေကို တွေ့ရတယ်။ သူမရဲ့ ဘေးမှာ သခင်လေးရဲ့ အကြီးဆုံးမိန်းမနဲ့ ရှမိသားစုရဲ့ သခင်လေးရဲ့ ဒုတိယမိန်းမတို့ ရပ်နေတာတွေ့ရတယ်။ အလယ်မှာ လှဲနေတဲ့ အရိပ်အယောင်ကို တွေ့ရပြီးတော့ သူမရဲ့ ပါးစပ်အစွန်းကနေ သွေးအနည်းတွေ ထွက်နေတာကို တွေ့ရတယ်။
ဒါကို မြင်တော့ ရှချန်းက ချက်ချင်းပဲ ဝမ်းနည်းစွာနဲ့ ပြောလိုက်တယ်။
"မိန်းမ"
ရှန့်ရုန်နဲ့ ယွီယာက သူမဘေးကနေ ရပ်နေပြီးတော့ ရှသခင်မကြီးကို စိုးရိမ်စွာနဲ့ ကြည့်နေကြတယ်။ သူတို့ရဲ့ ပါးစပ်တွေကနေ စကားတွေက ထပ်ခါထပ်ခါ ထွက်နေတယ်။
"အမေ"
"အဘွား ဘာဖြစ်တာလဲ။ "
ကျန်းစုစုက အကုန်လုံးကို ဘေးကို တွန်းလိုက်ပြီးတော့ သခင်မကြီးရဲ့ နားကို ချက်ချင်းပဲ မျက်ရည်တွေနဲ့ ရောက်လာတယ်။ တကယ်လို့ သူမက တကယ် စိုးရိမ်နေသလိုပဲ။ ကျန်းချောင်က ဘေးကနေပြီး မှုန်မှိုင်းနေတဲ့ လေသံနဲ့
"အဘွားက အဲ့မုန့်တွေကို စားပြီးတော့ ဒိလိုဖြစ်သွားတာပဲ။ "
အံ့အားသင့်စွာနဲ့ ကျန်းစုစုက မုန့်ကို ကြည့်ပြီးတော့ ကျန်းယွမ်ကို ကြည့်လိုက်တယ်။
"အဲ့တာတွေက မမ အဘွားကို ပေးတဲ့ဟာတွေ မဟုတ်ဘူးလား။ "
ကျန်းယွမ် တစ်ယောက်တည်း ပြုံးနေတာဖြစ်တယ်။ သူမက သူမအတွက် ခိုင်လုံတဲ့ အကြောင်းပြချက်မှာ မပြောဘူး။
ဒါပေမဲ့ ကျန်းလီက တစ်လောကလုံးကို ရုတ်ရုတ်သဲသဲဖြစ်အောင် ဆုတောင်းနေသလိုပဲ။
"ဘယ်လိုလုပ်ပြီးတော့ အဘွားက မမရဲ့ မုန့်တွေကို စားပြီးတော့ ဒီလိုဖြစ်သွားတာလဲ မုန့်တွေက တစ်ခုခုဖြစ်လို့လား။ "
ရှကျောင်းကျောင်းက အစကတည်းက ရှန့်ရုန်ဘက်ကနေပြီး ရပ်နေပြီးတော့ သူမက ဉာဏ်ကောင်းတဲ့ပုံပဲ။ ဒါ့ကြောင့် ဒီအချိန်မှာ ကျန်လီနဲ့ ကျန်းစုစုရဲ့ စကားတွေကို ကြားပြီးတော့ သူမက တစ်ခုခုကို တွေးမိပြီးတော့ ပြောလိုက်တယ်။
"မင်းက တော်တော်ကောင်းတဲ့သူပဲ ကျန်းယွမ် ငါ့ရဲ့ ရှအိမ်တော်က မင်းကို ကောင်းကောင်းကျွေးမွေးတယ်။ မင်းက ယယ်လိုလုပ်ပြီး ငါ့ရဲ့ အဘွားကို ဒီလို အဆိပ်ခတ်ရက်တာလဲ။ "
"မမက လိမ်ပြောနေမှာစိုးတယ်။ "
ကျန်းယွမ်က ပြောလိုက်တယ်။
"ဒီမုန့်ဘူးက ယွမ်နိုင်ပြင်ထားတာ မဟုတ်ဘူး။ အဲ့တာကို အမေက ယွမ်နိုင့်ကို ကူပြီး ပြင်ပေးထားတာ။ "
"ယွမ်အား သမီး ဘာတွေ ပြောနေတာလဲ။ "
ရှယန်က စိတ်ပျက်တဲ့အကြည့်နဲ့ သူမကို ကြည့်လိုက်တယ်။
"ဘယ်လိုလုပ်ပြီး အမေက အမေ့ရဲ့ အမေကို အဆိပ်ခတ်မှာလဲ။ ယွမ်အာ သမီး အဘွားတို့ကို လက်ဆောင်ပြင်ပေးရမယ်ဆိုတဲ့ အိမ်တော်ရဲ့ စည်းကမ်းတွေကို မေ့နေလို့ အမေက သမီး အတွက် ပြင်ပေးတာလေ။ အခု သမီးက အမေ့ကို ဒီလို အပြစ်ပုံချတာလား။ အမေ ဘာမဟုတ်တာတွေများ လုပ်ထားလို့လဲ။ "
ဒါကို ကြားပြီးတော့ ကျန်းယွမ်က ရှယန်ကို ရည်ရွယ်ချက်ရှိရှိ အပြစ်ပုံချနေသလိုပဲ။
ကျန်းယွမ်က ပြုံးလိုက်တယ်။
"ဒါပေမဲ့ အဲ့မုန့်တွေက အမေပြင်ပေးထားတာတွေလေ ဟုတ်တယ်မလား။ "
"အစ်မက အစ်မရဲ့စကားတွေက မှားတယ်။ "
ရှကျောင်းကျောင်းက ပြောလိုက်တယ်။
"တကယ်လို့ အန်တီက ပြင်ပေးရင်တောင် အစ်မက အဆိပ်ခတ်မခတ် မသေချာဘူး။ အန်တီက အဘွားကို ဒုက္ခပေးမယ်လို့ ထင်နေတာလား။ ဒါက အစ်မရဲ့ စိတ်ရင်းမလား။ "
ယွီယာက မျက်မှောင်ကြုတ်လိုက်တယ်။
"တကယ်လို့ အဲ့တာက အမှန်ဆိုရင်ရော။ "
ကျန်းယွမ်က သက်ပြင်းချလိုက်တယ်။
"အကုန်လုံးက အကြောင်းအရင်းကို ဒီလောက် ရှင်းရှင်းလင်းလင်းပြောနေမှတော့ ယွမ်နိုင်ပြောစရာလိုသေးလို့လား။ "
ဒါပေမဲ့ ဒီအချိန်မှာ သမားတော်တစ်ယောက်က ဆေးသေတ္တာနဲ့ အထဲကို အမြန်ပြေးလာတာကို မြင်လိုက်ရတယ်။ သူက ဘာမှ စိတ်အနှောက်အယှက်မပေးဘဲနဲ့ ရှသခင်မကြီးရဲ့ သွေးခုန်နှုန်းကို တိုင်းလိုက်တယ်။ ပြီးတော့ သူက သက်ပြင်းအရှည်ကြီးချပြီး ပြောလိုက်တယ်။
"ကျွန်တော် ဆေးစာကို အရင်ရေးပေးလိုက်မယ်။ အမြန် သွားပြီး သခင်မသောက်ဖို့ တစ်ခါတည်း သွားကြိုချေ။ "
အစေခံအိုအချို့က ရှသခင်မကို အတွင်းက အခန်းထဲကို ရှချန်းခိုင်းတဲ့အတိုင်း ရွေ့လာတယ်။ ပြီးတော့ အစေခံတချို့က ဆေးဖက်ဝင်အရွက်တွေကို ယူလာတယ်။ သူက အထဲကို လာလိုက်တယ်။
"ကျွန်တော် ဒီသမားတော်ကို ကျွန်တော့် မိန်းမရဲ့ အခြေအနေက ဘယ်လိုရှိလဲဆိုတာ မေးလို့ရမလား။ "
"သူမရဲ့ အသွင်အပြင်ကို မြင်ပြီးတော့ ရှစ်ဆယ်ကနေ ကိုးဆယ်ရာခိုင်နှုန်းအထိ သူမက အဆိပ်မိထားတဲ့ပုံပဲ။ "
သမားတော်က သူ့မုတ်ဆိတ်မွှေးကို ပွတ်ပြီးပြောနေတယ်။
"သူမ မိတဲ့ အဆိပ်က သူမရဲ့ အသက်ကို ယူမသွားနိုင်ဘူးထင်တယ်။ "
အဲ့စကားတွေပြောပြီးတော့ အခန်းထဲမှာ တိတ်ဆိတ်သွားတယ်။ ရုတ်တရက် စူးရှတဲ့အသံက ထွက်ပေါ်လာတယ်။
"အဲ့တာ နင်ပဲ။ နင်က ငါ့ရဲ့ အဘွားကို ဒုက္ခပေးတာ သေချာတယ်။ သူမကို အဆိပ်ခတ်တာ။ အရှင်မင်းသား ကျွန်မရဲ့ ရှမိသားစုအတွက် တရားစီရင်ပေးပါလို့ ကျွန်တော်မျိုးမ တောင်းဆိုပါတယ်။ "
ရှကျောင်းကျောင်းက သူအရိုအသေပေးပြီးတော့ သူမရဲ့ စကားတွေက တကယ်ပဲ တရားမျှနေသလိုပဲ။
ကျန်းစုစုက ဘာမှမပြောတဲ့ ရှောင်ရှို့ကို ကြည့်လိုက်တယ်။ သူမရဲ့ မျက်နှာတစ်ဝက်က မျက်နှာလွှားဇာနဲ့ အုပ်ထားပြီးတော့ သူမက ချစ်စရာကောင်းပြီး သနားစရာကောင်းတဲ့ မျက်လုံးတစ်စုံကိုပဲ ဖော်ထားတယ်။ အဲ့အချိန်မှာ တကယ်လို့ သူမကို ကြည့်တဲ့ ဘယ်သူမဆို နှလုံးသားက အရည်ပျော်ကျသွားမှာဖြစ်တယ်။ သံနဲ့လုပ်ထားတဲ့သူကတောင် သူမကို မြင်ပြီး ပျော့သွားမှာဖြစ်တယ်။
ရွှမ်းလီက သူမကို ကြည့်လိုက်ပြီးတော့ ခန်းမအလယ်က ဝတ်ရုံနီနဲ့ မိန်းကလေးကို ကြည့်လိုက်တယ်။ လူတွေအများကြီးက သူမကို လက်ညှိုးထိုးနေကြပေမဲ့ သူမရဲ့ ပုံစံက ခပ်တည်တည်နဲ့ သူမက နှုတ်ခမ်းမဲ့ပြနေတယ်။ သူမက ရှကျောင်းကျောင်းရဲ့ စကားတွေကို မကြားသလိုပဲ။
ကျန်းယွမ်က ပြုံးလိုက်ပြီးတော့ အကုန်လုံးကို ကြည့်လိုက်တယ်။ သူမက ဖြည်းညင်းစွာ သွားလိုက်ပြီးတော့ မုန့်ထည့်ထားတဲ့ခွက်ရှေ့မှာ ရပ်လိုက်တယ်။ သူမက အထဲက မုန့်လေးကို ယူပြီးတော့ သမားတော်ရဲ့ ရှေ့မှာ ပြလိုက်တယ်။
"သမားတော် သံသယတောင်မဖြစ်ပဲနဲ့ တကယ်ပဲ ရှသခင်မကြီးက အဆိပ်မိတာလား။ "
"ဟုတ်တယ်။ "
သမားတော်က သံသယမထားပဲ ပြောလိုက်တယ်။
ကျန်းယွမ်က ပေါ့ပါးစွာပြောလိုက်တယ်။
"အဲ့တာက တကယ်ကျွန်မကို ခေါင်းရှုပ်စေတာပဲ။ ဘာလို့ ရှသခင်မကြီးက အဆိပ်မိတာလဲ။ ယွမ်နိုင်က သူမကို အဆိပ်ခတ်လိုက်တာပဲ ဖြစ်ရမယ်။ ရှသခင်မကြီးက သူ့ဘာသာ အဆိပ်ကို စားပါ့မလား။ "
"မဟုတ်တာတွေ။ "ရှချန်းက ဒေါသတကြီး အော်လိုက်တယ်။
"အကြောင်းမရှိပဲနဲ့ ဘာလို့ ငါ့မိန်းမက သတိလစ်သွားမှာလဲ။ "
"ညီမလေး မင်းက ဆက်ငြင်းချင်သေးတာလား။ အခု အဘွားက မင်းရဲ့ လက်ဆောင်မုန့်ကို စားပြီး သတိလစ်သွားတာ သေချာတယ်။ လူသက်သေရော၊ ပစ္စည်းသက်သေရောရှိတာကို မင်းငြင်းချင်သေးတာလား။ "
ကျန်းချောင်က ဒေါသတကြီး ပြောလိုက်တယ်။
"ဒီတော့"
ကျန်းယွမ်က လက်ထဲက မုန့်ကို ချလိုက်ပြီး
"လူကြီးမင်း ဒီမုန့်က အဆိပ်ရှိတာလား။ "
"မင်း ဘာပြောစရာ ရှိသေးလဲ။ "
ရှချန်းက ပြောလိုက်တယ်။
သူကဘေးမှာ ရပ်နေတဲ့ အိမ်ရှေ့စံကို ထပ်ကြည့်လိုက်တယ်။
"အရှင်မင်းသား ဒီကိစ္စကို သေချာ စုံစမ်းပေးဖို့ ကျွန်တော့်ရဲ့ မိန်းမကိုယ်စား ကျွန်တော် တောင်းဆိုပါတယ်။ "
အိမ်ရှေ့စံက တိတ်ဆိတ်နေပြီးတော့ ကျန်းယွမ်ကို သူမ ဘာလုပ်မလဲဆိုပြီးတော့ စိုက်ကြည့်လိုက်တယ်။ ပြီးတော့ သူက ကျန်းယွမ်က မုန့်ကို ယူပြီးတော့ ခေါင်းခါလိုက်တယ်။
"တကယ်လို့ အဲ့တာက အမှန်ဆိုရင် ယွမ်နိုင်က ဘာမှပြောစရာ မရှိဘူး။ ဖြစ်ပြီးသွားတာက ဖြစ်ပြီးသွားပြီပဲ။ ကြည့်ရတာ တစ်ယောက်ရဲ့ အသက်ကို နောက်တစ်ယောက်ရဲ့ အသက်နဲ့ လဲမှပဲ ရမှာပဲ။ "
ပြီးတော့ သူမက မုန့်ကို ကြည့်ပြီးတော့ စားလိုက်တယ်။
အကုန်လုံးက သူမကို အံ့အားသင့်စွာနဲ့ ကြည့်လိုက်တယ်။ ကျန်းချောင်ရဲ့ မျက်လုံးထဲမှာ ကြောက်လန့်တဲ့ အကြည့်ဖြတ်သွားတယ်။ ကျန်းစုစုရဲ့ ရင်ထဲမှာ စို့နင့်သွားတယ်။ ရှောင်ရှို့က မိန်းမပျိုလေးရဲ့ အပြုအမူကို လေ့လာနေပြီးတော့ သူက မမျှော်လင့်စွာနဲ့ သူမအတွက် ချွေးစေးပျံသွားတယ်။
သမားတော်က ကျန်းယွမ် ဒီလောက် သတ္တိရှိလိမ့်မယ်လို့ ထင်မထားဘူး။ မုန့်စားလိုက်တာ ခဏလောက်ကြာနေပြီဖြစ်တယ်။ ဒါပေမဲ့ ဘာမှဖြစ်မလာသေးဘူး။
သူမက ကျန်းချောင်ကို မယုံတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ သူ့ရဲ့ စိတ်ထဲမှာ ရှောင်ရှို့က သက်သာရာရသွားပြီးတော့ ရွှမ်းလီက မျက်မှောင် ကြုတ်လိုက်တယ်။ ဒါပေမဲ့ အိမ်ရှေ့စံက ရယ်လိုက်ပြီးတော့ လက်ခုပ်တီးလိုက်တယ်။
"ကောင်းတယ်။ တကယ် အရမ်းကောင်းတယ်။ "
ကျန်းစုစုနဲ့ ရှကျောင်းကျောင်းက ရှချန်းလိုပဲ နေရာမှာတင် ကြောင်သွားကြတယ်။ ရုတ်တရက် သူက စားပွဲပေါ်က မုန့်ကို ကြည့်ပြီး ကျန်းယွမ်ကို ထပ်ကြည့်လိုက်တယ်။
ရှန့်ရုန်နဲ့ ယွီယာရဲ့ အကြည့်တွေက ကျန်းယွမ် သူမရဲ့ လက်တွေကို ခါလိုက်ပြီးတော့ ကျန်တဲ့ မုန့်အပိုင်းအစတွေကို ခါလိုက်တာကို လေးလေးနက်နက် ကြည့်နေတယ်။ ပြီးတော့ သူမက သိမ်မွေ့စွာ ပြောလိုက်တယ်။
"ဒီတော့ ကြည့်ရတာ ဒီအဆိပ်က လူတွေကို ခွဲခြားနိုင်တာပဲ။ ကျွန်မနဲ့ အဘွားနဲ့က တစ်မျိုးတည်းကို စားပြီးတော့ အဆိပ်တစ်ခုတည်းကို မိသွားပြီ။ အဘွားက နည်းနည်းလေး စားလိုက်တာနဲ့ သတိမေ့သွားတယ်။ ဒါပေမဲ့ ကျွန်မကကျတော့ တစ်ခုလုံးကို စားလိုက်ပေမဲ့ ဘာမှမဖြစ်ဘူး။ လူတစ်ယောက်ရဲ့ ဘဝမှာ မြင့်မြတ်ခြင်းကလည်း ခြားနားချက်ရှိတာ အမှန်ပဲ။ ယွမ်နိုင်ရဲ့ ကိုယ်ပိုင်လက္ခဏာနဲ့ သေးသေးလေးစားရင်လည်း အဲ့တာက ကျွန်မကို စိတ်အနှောက်အယှက်ဖြစ်မှာ မဟုတ်ဘူး။ "
ဒီစကားတွေက ရယ်စရာကောင်းနေပြီး ချစ်စရာကောင်းနေပြီး သူမကိုယ်သူမ သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ လှောင်နေတဲ့ အဓိပ္ပာယ်ပါနေပုံရတယ်။ ဒါပေမဲ့ သူမရဲ့ စကားတစ်ခွန်းစီတိုင်းက စူးစမ်းနေပြီး ရန်စနေပြီးတော့ သူမနားမှာရှိတဲ့ လူတွေရဲ့ အတွေးနဲ့ရည်ရွယ်ချက်တွေကို ဖော်ထုတ်ခဲ့တယ်။ ရှချန်းက စကားမပြောနိုင်လောက်အောင် လန့်သွားတယ်။
ကျန်းယွမ်က အိမ်ရှေ့စံဆီကို လှည့်ကြည့်လိုက်ပြီးတော့ ရုတ်တရက် ရယ်လိုက်တယ်။ သူမရဲ့ အသံက သိမ်မွေ့နေတယ်။
"အရှင်မင်းသား ကျွန်တော်မျိုးမက အရှင်မင်းသားကို ယွမ်နိုင်အတွက် အစ်မှန်တရားကို ရှာဖွေပေးဖို့ လေးစားစွာတောင်းဆိုပါတယ်။ "
paid Group/ Paid Docs ရှိပါတယ်။ Bioမှာ ပေးထားတဲ့ လင့်မှာ စုံစမ်းဝယ်ယူနိုင်ပါတယ်။
paid Docs မှာ 15ပိုင်းတစ်ဖြက်ကို500ပါ။
zawgyi
Part 69
အခန္း - ၇၁
အပိုင္း (၂)
ရႊမ္းလီရဲ့ မ်က္ႏွာထားက အနည္းငယ္ စိတ္အေႏွာက္အယွက္ျဖစ္ေနတယ္။ သူက သူ ရင္းႏွီးတဲ့ အသံကို မၾကားမခ်င္း စကားမေျပာေသးဘူး။
"ဒုတိယက်န္းသခင္မေလးက အမ်ိဳးသမီးရဲ့ မ်က္ႏွာကို ေသခ်ာ မျမင္ရေသးပဲနဲ႔ ဘယ္လိုလုပ္ၿပီး အႀကီးဆုံး က်န္းသခင္မေလးမွန္း ေသခ်ာေနတာလဲ။ "
လန႔္သြားၿပီးေတာ့ က်န္းစုစုက ေခါင္းေမာ့လိုက္တာနဲ႔ ေရွာင္ရွို့ရဲ့ ေၾကာ့ရွင္း၊ ေအးစက္ ၿပီး ခံစားခ်က္မဲ့ေနတဲ့ မ်က္ႏွာက သူ႔ေရွ႕မွာ ေပၚလာတယ္။ ဒါေပမဲ့ သူ႔ရဲ့ အသံက စိတ္ပူေနတာ ဒါမွမဟုတ္ စိတ္တိုေနတဲ့ အသံ မဟုတ္ဘူး။
အဲ့ေန႔မွာ သူက လင္းေလာင္ေလွေပၚမွာ သူမကို ကယ္ခဲ့တုန္းက ေရွာင္ရွို့က သူမဘက္ကလို့ သူမ ထင္ခဲ့တယ္။ ဒါေပမဲ့ က်န္းစုစုက က်င္းရင္းဝမ္ရဲ့ အိမ္ေတာ္ကို ေရာက္ေတာ့ တံခါးဝမွာ သူမက ေအးစက္စက္ တုံ႔ျပန္တာခံခဲ့ရတယ္။ ဒါ့ေၾကာင့္ သူက က်င္းရင္းဝမ္ အဲ့အခ်ိန္မွာ ဘာေတြ ေတြးေနလဲဆိုတာကို စဥ္းစားလို့မရဘူး။ အခု သူမက သူ က်န္းယြမ္ဘက္ကေန ေျပာေနတာကို ၾကားလိုက္ရေတာ့ ဒါက က်န္းစုစုကို ပိုၿပီးေတာ့ေတာင္ သံသယျဖစ္ေစတယ္။
အဲ့အခ်ိန္မွာ သူမေနာက္ကေန ညင္သာၿပီး သိမ့္ေမြ႕တဲ့အသံကို ၾကားလိုက္ရတယ္။
"အကုန္လုံး ဘာေတြ ၾကည့္ေနၾကတာလဲ။ "
အသံကို ၾကားလိုက္ရေတာ့ က်န္းစုစုရဲ့ ေခါင္းထဲကို ၾကည္လင္ေနတဲ့ ေကာင္းကင္ကေန မိုးႀကိဳးပစ္လိုက္သလိုပဲ။ သူမရဲ့ တစ္ကိုယ္လုံးက သူေနရပ္ေနတဲ့ေနရာမွာပဲ ေတာင့္ခဲသြားတယ္။ ေရွာင္ရွို့က မ်က္ခုံးပင့္လိုက္ၿပီး အသံလာတဲ့ေနရာကို တစ္ခ်က္ၾကည့္လိုက္တယ္။
သူက အနက္ေရာင္ အေပၚ႐ုံနဲ႔ ဝတ္႐ုံနီကို ဝတ္ထားၿပီး ႏွင္းရည္စက္ေလးေတြက ပခုံးေပၚမွာ ရွိေနတဲ့ မိန္းမပ်ိဳေလးကို ေတြ႕လိုက္တယ္။ သူမက အျပင္က ပန္းေတြ အျပဳံလိုက္ရွိတဲ့ ေနရာမွာ မတ္တပ္ရပ္ေနၿပီးေတာ့ သူတို့ကို ျပဳံးျပေနတယ္။ သူမက သူမရဲ့ ထီးကို မဖြင့္ရေသးပဲ မိုးစက္ေလးေတြက သူမရဲ့ ခႏၶာကိုယ္ေပၚကို ညင္သာစြာ က်ေနတယ္။ ျမဴေတြထဲက ဆြဲေဆာင္မွုရွိတဲ့ မ်က္လုံးတစ္စုံက စိတ္မဝင္စားသလိုနဲ႔ ျဖစ္ေနတယ္။ သူမရဲ့ ႏွုတ္ခမ္းထက္က အျပဳံးေလးကို ၾကည့္ၿပီးေတာ့ တစ္ေယာက္ေယာက္က မေၾကာက္ဘဲ မေနနိုင္ခဲ့ဘူး။
"မမ မမလား"
က်န္းစုစုက ေနာက္ကို ေျခလွမ္းႏွစ္လွမ္း ဆုတ္လိုက္တယ္။
ေအးေအးေဆးေဆးနဲ႔ က်န္းယြမ္က ေရွ႕ကို လာခဲ့တယ္။
"ဒီေတာ့ ဒါက တကယ္ပဲ ဒုတိယညီမေလးျဖစ္ေနတာပဲ။ ညီမေလး မနက္အေစာႀကီး ဘိုးေဘးခန္းမကို ဘာလို့လာခဲ့တာလဲ။ ကိစၥရွိလို့လား။ "
သူမေရွ႕ကို တက္လာတာတိုင္း က်န္းစုစုက ေနာက္ကို ဆုတ္သြားၿပီးေတာ့ သူမရဲ့ မ်က္လုံးတ ြေက ေၾကာက္လန႔္ေနတယ္။ သူမက သူမရဲ့ ပါးစပ္ကေန ထြက္လာေတာ့မယ့္ ေမးခြန္းေတြကို မ်ိဳသိပ္လိုက္ၿပီးေတာ့ ေမးလိုက္တယ္။
"မမ ဘာလို့ ဒီကို ေရာက္ေနတာလဲ။ အဲ့တာဆို အထဲမွာက ဘယ္သူလဲ။ "
က်န္းယြမ္က ျပဳံးလိုက္တယ္။
"အိုး ခန္းမထဲက သူကလား။ အဲ့တာက အစ္မရဲ့ သစၥာအရွိဆုံးအေစခံေတြထဲက တစ္ေယာက္ေလ။ မေန႔ညက သူမက အစ္မရဲ့ ခႏၶာကိုယ္က မခံနိုင္ေတာ့လို့ သူက အစ္မအစား က်န္တဲ့အခ်ိန္မွာ ဒူးေထာက္ေပးတဲ့သူေလ။ အဘြားက ေျပာတာ ေလးေလေျမာက္မွာ ေမြးတဲ့သူက ဆုေတာင္းရမယ္ဆိုလို့ သူလည္းေလးလေျမာက္မွာ ေမြးတာဆိုၿပီး အစ္မအစား ဆုေတာင္းေပးတဲ့သူေလ။ ကံေကာင္းၿပီးေတာ့ အစ္မရဲ့ ဒီအေစခံက ေလးလေျမာက္မွာ ေမြးတာတာေလ။ "
ခပ္တည္တည္နဲ႔ သူမက ေခ်ာေမြ႕စြာလိမ္လိုက္တယ္။ ၿပီးတာနဲ႔ သူမရဲ့ မ်က္ႏွာထားက အံ့အားသင့္သြားတယ္။
"ဘာလို့လဲ တစ္ခုခုျဖစ္လို့လား။ "
ရွခ်န္းက က်န္းယြမ္က မဟုတ္တာေတြ ေလၽွာက္ေျပာေနတယ္ဆိုတာကို သိၿပီးေတာ့ သူမက က်န္းစုစုရဲ့ အႀကံကို အစကတည္းက သိၿပီးသားျဖစ္လိမ့္မယ္။ သူက သူမကို စိုက္ၾကည့္ၿပီး ျဖည္းျဖည္းေျပာလိုက္တယ္။
"ဘိုးေဘးခန္းမထဲမွာ ညစ္ညမ္းတဲ့ အျပဳအမူေတြ လုပ္ထားတဲ့သူေတြ ရွိတယ္။ သူတို့ ၾကားထဲမွာ တစ္ေယာက္က မင္းရဲ့ အေစခံထင္တယ္။ "
က်န္းယြမ္က အံ့အားသင့္သြားၿပီး သူမရဲ့ ေခါင္းကို ခါလိုက္တယ္။
"ကၽြန္မရဲ့ အေစခံက လုံးဝ ရိုးသားၿပီး သန႔္စင္တဲ့ မိန္းကေလးပါ။ ပုံမွန္ဆိုရင္ သူက သူ႔ရဲ့ ကိစၥေတြကို ျပသနာနဲ႔ ကင္းေအာင္ လုပ္တယ္။ ၿပီးေတာ့ အျပစ္လုပ္မိရင္ အျပစ္ကို ဝန္ခံတယ္။ အဲ့တာက သူမ ဒီလို မေကာင္းတဲ့ကိစၥကို လုပ္ဖို့က မျဖစ္နိုင္ဘူး။ ျဖစ္နိုင္တာက တစ္ေယာက္ေယာက္က သူမကို အတင္းအက်ပ္ခိုင္းတာေနမွာ။ ဒါမွမဟုတ္ သူ႔အစား ကၽြန္မက သူ႔အတြက္ တရားမၽွတမွုကို ရွာေဖြေပးဖို့ ေတာင္းဆိုပါတယ္။ "
"မမ ဘယ္လိုလုပ္ၿပီး ဒီလိုေျပာနိုင္ရတာလဲ။ မမရဲ့ အေစခံက မွန္းတာ အသိသာႀကီးပဲကို ဘယ္လိုလုပ္ၿပီး သူမ်ားအေပၚမွာ အျပစ္တင္ရတာလဲ။ "
က်န္းစုစုက ေမးလိုက္တယ္။ တကယ္လို့ သူတို့ေဘးက အေစခံက မေကာင္းတဲ့ လုပ္ရပ္ကို လုပ္ရင္ အဲ့တာက သူမ်ားေတြက သူ႔ရဲ့ သခင္ကိုလည္း သံသယရွိမွာျဖစ္တယ္။
"ဘာလို့ ဒုတိယညီမေလးက ဒီလိုေျပာရတာလဲ။ "
က်န္းယြမ္က ျပဳံးလိုက္တယ္။
"ဒီအေစခံက အေမကိုယ္တိုင္ ေရြးေပးထားတဲ့ တစ္ေယာက္ေလ။ ဘယ္လိုလုပ္ၿပီးေတာ့ အေမက လူတစ္ေယာက္ရဲ့ အက်င့္ကို မသိနိုင္မွာလဲ။ အေမက ဒီလိုမေကာင္းတဲ့ အေစခံကို အစ္မရဲ့ ေဘးမွာ တမင္ထားေပးတာလား။ "
"နင္..."
က်န္းစုစုက ခဏေလာက္ ေျပာစရာ စကားေပ်ာက္သြားတယ္။ သူမက က်န္းယြမ္အေပၚမွာ ပိုမုန္းလာတယ္။ ရွခ်န္းက မ်က္ေမွာင္ၾကဳတ္လိုက္တယ္။ ဘာမွမေျပာနိုင္ခင္မွာ သူက က်န္းယြမ္ အိမ္ေရွ႕စံေရွ႕မွာ ဒူးေထာက္လိုက္တာကို ေတြ႕လိုက္ရတယ္။
"ဒီကိစၥေၾကာင့္ ယြမ္နိုင္ရဲ့ အေစခံက တခ်ိဳ့ ခက္ခဲတဲ့ ကိစၥေတြကို ၾကဳံေတြ႕ရနိုင္ပါတယ္။ ဒါေပမဲ့ ေသေသခ်ာခ်ာေတြးၿပီးေတာ့ သူမက ယြမ္နိုင္ကို ကူညီခဲ့ၿပီးေတာ့ မေမၽွာ္လင့္စြာနဲ႔ ကံဆိုးသြားခဲ့တယ္။ တကယ္လို့ မေန႔က ဒါသာ ယြမ္နိုင္ျဖစ္ရင္ အခု ယြမ္နိုင္က ေသခ်င္စိတ္ေပါက္သြားမွာပါ။ ဒီမေကာင္းတဲ့သူက တကယ္ ရြံ့စရာေကာင္းပါတယ္။ အရွင္မင္းသားက ဒီကိစၥကို ေသေသခ်ာခ်ာ စုံစမ္းေပးၿပီးေတာ့ ဘယ္သူက အျပစ္မရွိသလို ဟန္ေဆာင္ထားလဲဆိုတာကို စုံစမ္းေပးဖို့ ယြမ္နိုင္ ေတာင္းဆိုပါတယ္။ "
သူမက ဒူးေထာက္ထားတာကို ျမင္ရေတာ့ ရွခ်န္းရဲ့ စိတ္က ပိုၿပီးေတာ့ေတာင္ စိတ္တိုလာတယ္။ က်န္းယြမ္ ေရာက္လာေတာ့ သူမက သူမေရွ႕က သူကို ဘယ္သူမွန္း မသိေသးဘူး။ ဒါေပမဲ့ ဒီအိမ္ေရွ႕စံက ေမြးကတည္းက ေခါင္းမာၿပီးေတာ့ သူက ေဒါသႀကီးတယ္။ သူက ဒီကိစၥကို စိတ္ဝင္စားလား မဝင္စားလားဆိုတာ သူမေျပာနိုင္ဘူး။ ၿပီးေတာ့ သူက ရွကၽြမ္းကို အျပစ္ေပးမလား မေပးဘူးလားဆိုတာကိုလည္း သူမသိသဘူး။
ရႊမ္းလီက က်န္းယြမ္ရဲ့ အျပဳအမူေတြကို ၾကည့္ေနတယ္။ ဒါေကမဲ့ ေရွာင္ရွို့က တိတ္ဆိတ္စြာနဲ႔ မေရရာတဲ့ ခံစားခ်က္ေတြနဲ႔ ၾကည့္ေနတယ္။
အားမာန္ျပည့္နဲ႔ အိမ္ေရွ႕က သူမကို ၾကည့္ၿပီးေတာ့
"မင္းက အႀကီးဆုံး က်န္းသခင္မေလးလား။ "
က်န္းယြမ္က ျပဳံးၿပီး သူ႔ကို ၾကည့္လိုက္တယ္။
"ကၽြန္ေတာ္မ်ိဳးမ အရွင္မင္းသားကို ႏွုတ္ဆက္ပါတယ္။ အိမ္ေရွ႕စံမင္းသား။ "
"ထင္တဲ့အတိုင္းပဲ ဆြဲေဆာင္မွုရွိတဲ့ မိန္းမလွေလးပဲ။ "
အိမ္ေရွ႕စံက ျပဳံးျပလိုက္တယ္။
"မင္းက ဒီကိစၥကို ငါ့ကို ဆုံးျဖတ္ခိုင္းေစခ်င္တာလား။ "
ရွခ်န္းက ဒါကို ၾကားတာနဲ႔ အရမ္းစိုးရိမ္စြာတဲ့ရႊမ္းလီကို အကူအညီေတာင္းသလိုနဲ႔ အျမန္ၾကည့္လိုက္တယ္။ ၿပီးေတာ့ ႐ုတ္တရက္ ဒီအခ်ိန္မွာ အေစခံတစ္ေယာက္က အျမန္ေျပးလာတယ္။
"သခင္ႀကီး အရမ္းဆိုးေနၿပီ သခင္မႀကီး သတိေမ့သြားတယ္။ "
"ဘာ။ "
ရွခ်န္းက လန႔္သြားၿပီး ဘိုးေဘးခန္းမကို ၾကည့္လိုက္တယ္။
"တစ္ေယာက္ေယာက္ကို သမားေတာ္ေခၚဖို့ လႊတ္လိုက္။ "
ဒါကို ေျပာၿပီးေတာ့ သူက အိမ္ေရွ႕စံနဲ႔ သူ႔ရဲ့ ဧည့္သည္ေတြကို အရိုအေသေပးလိုက္တယ္။
"ကၽြန္ေတာ္မ်ိဳးရဲ့ မိန္းမက ႐ုတ္တရက္ သတိေမ့သြားပါတယ္။ ဘိုးေဘးခန္းမက ကိစၥကို ေနာက္မွ ေဆြးေႏြးလို့ရပါတယ္။ အရွင့္မင္းသားရဲ့ တရားစီရင္မွုကို အနည္းငယ္ ေစာင့္ဖို့ ကၽြန္ေတာ္ေတာင္းဆိုပါတယ္။ "
"ကိစၥ မရွိပါဘူး။ "
အိမ္ေရွ႕စံက ရယ္လိုက္တယ္။
"ဒီေန႔ ပြဲကေတာ့ အရမ္းမိုက္တာပဲ။ အခု အထက္အရာရွိမွူးမတ္ရွနဲ႔ အတူသြားၾကတာေပါ့။ "
ဒါကို ေျပာၿပီးေတာ့ သူက ရွခ်န္းေဘးကေန လိုက္သြားတယ္။
ရွခ်န္းက သူဘိုးေဘးခန္းမကေန ထြက္လာတာနဲ႔ စိတ္ထဲမွာ တင္းက်ပ္ေနတယ္။ က်န္းစုစုက ရႊမ္းလီေနာက္ကေန လိုက္လာတယ္။
ဒါေပမဲ့ က်န္းယြမ္နဲ႔ ေရွာင္ရွို့တို့ကေတာ့ က်န္ခဲ့တယ္။
ခံစားခ်က္မဲ့စြာနဲ႔ က်န္းယြမ္က ေရွာင္ရွို့ကို ၾကည့္လိုက္ၿပီးေတာ့ သူမက ေရွ႕ကို သြားလိုက္တယ္။ သူမက ေနာက္ကေန ေရွာင္ရွို့ရဲ့ ေခၚသံကို ၾကားလိုက္ရတယ္။
"သူက အိမ္ေရွ႕စံမွန္း မင္းဘယ္လိုသိတာလဲ။ "
က်န္းယြမ္ေရာက္လာတုန္းက ဘယ္သူကမွ ဘယ္သူက အိမ္ေရွ႕စံမွန္း မေျပာလိုက္ဘူး။ ဒါေပမဲ့ သူမက ဒူးေထာက္လိုက္တဲ့အခ်ိန္မွာ သူက အိမ္ေရွ႕စံလို့ ေသေသခ်ာခ်ာ ေခၚလိုက္တယ္။ အဲ့တာက သူမကို သံသယျဖစ္ေစတဲ့ အရာပဲ။
က်န္းယြမ္က စိုက္ၾကည့္လိုက္ၿပီး သူမရဲ့ စိတ္ထဲမွာေတာ့ သူမရဲ့ ဂ႐ုမစိုက္မွုကို အျပစ္တင္ေနတယ္။ ဒီလူ႔ကို သူမ ရင္ဆိုင္ဖို့ တကယ္ပဲ ခြင့္ျပဳလိုက္ရတယ္။ သူမ ဒီ ေၾကာ့ရွင္း၊ သူရဲေကာင္းဆန္စြာ ေခ်ာေမာတဲ့ အသြင္အျပင္ရွိတဲ့ ေရွာင္ရွို့ကို ျမင္ေတာ့ သူမရဲ့ အေတြးေတြက တခဏေလာက္ လည္ထြက္သြားတယ္။ ၿပီးေတာ့ သူမက ေအးစက္စြာ ေျပာလိုက္တယ္။
"နဂါးတစ္ေကာင္နဲ႔ ပိုးေကာင္တစ္ေကာင္ရဲ့ အမူအရာက မတူဘူး။ ဉပမာအေနနဲ႔ အိမ္ေရွ႕စံက အိမ္ေရွ႕စံရဲ့ အမူအရာရွိၿပီးတယ္။ "
သူမရဲ့ မ်က္ႏွာေပၚမွာ ေတာက္ပတဲ့ အျပဳံးေလးက ေပၚလြင္ေနၿပီးေတာ့ သူမက ေျပာလိုက္တယ္။
"လူဖ်င္းကေတာ့ လူဖ်င္း ေရာင္ဝါပဲထြက္ေနမွာ။ "
ဒါကို ေျပာၿပီးေတာ့ သူမက ေပါ့ပါးတဲ့ ေျခလွမ္းေတြနဲ႔ ေရွာင္ရွို့ရဲ့ မ်က္ႏွာထားကို မၾကည့္ပဲနဲ႔ ထြက္သြားတယ္။
သူမ ခန္းမႀကီးထဲကို ေရာက္တာနဲ႔ ထင္ထားတဲ့အတိုင္းပဲ သူမက အေစခံေတြ အမ်ားႀကီးနဲ႔ အေစခံအိုေတြကို ေတြ႕ရတယ္။ သူမရဲ့ ေဘးမွာ သခင္ေလးရဲ့ အႀကီးဆုံးမိန္းမနဲ႔ ရွမိသားစုရဲ့ သခင္ေလးရဲ့ ဒုတိယမိန္းမတို့ ရပ္ေနတာေတြ႕ရတယ္။ အလယ္မွာ လွဲေနတဲ့ အရိပ္အေယာင္ကို ေတြ႕ရၿပီးေတာ့ သူမရဲ့ ပါးစပ္အစြန္းကေန ေသြးအနည္းေတြ ထြက္ေနတာကို ေတြ႕ရတယ္။
ဒါကို ျမင္ေတာ့ ရွခ်န္းက ခ်က္ခ်င္းပဲ ဝမ္းနည္းစြာနဲ႔ ေျပာလိုက္တယ္။
"မိန္းမ"
ရွန႔္႐ုန္နဲ႔ ယြီယာက သူမေဘးကေန ရပ္ေနၿပီးေတာ့ ရွသခင္မႀကီးကို စိုးရိမ္စြာနဲ႔ ၾကည့္ေနၾကတယ္။ သူတို့ရဲ့ ပါးစပ္ေတြကေန စကားေတြက ထပ္ခါထပ္ခါ ထြက္ေနတယ္။
"အေမ"
"အဘြား ဘာျဖစ္တာလဲ။ "
က်န္းစုစုက အကုန္လုံးကို ေဘးကို တြန္းလိုက္ၿပီးေတာ့ သခင္မႀကီးရဲ့ နားကို ခ်က္ခ်င္းပဲ မ်က္ရည္ေတြနဲ႔ ေရာက္လာတယ္။ တကယ္လို့ သူမက တကယ္ စိုးရိမ္ေနသလိုပဲ။ က်န္းေခ်ာင္က ေဘးကေနၿပီး မွုန္မွိုင္းေနတဲ့ ေလသံနဲ႔
"အဘြားက အဲ့မုန႔္ေတြကို စားၿပီးေတာ့ ဒိလိုျဖစ္သြားတာပဲ။ "
အံ့အားသင့္စြာနဲ႔ က်န္းစုစုက မုန႔္ကို ၾကည့္ၿပီးေတာ့ က်န္းယြမ္ကို ၾကည့္လိုက္တယ္။
"အဲ့တာေတြက မမ အဘြားကို ေပးတဲ့ဟာေတြ မဟုတ္ဘူးလား။ "
က်န္းယြမ္ တစ္ေယာက္တည္း ျပဳံးေနတာျဖစ္တယ္။ သူမက သူမအတြက္ ခိုင္လုံတဲ့ အေၾကာင္းျပခ်က္မွာ မေျပာဘူး။
ဒါေပမဲ့ က်န္းလီက တစ္ေလာကလုံးကို ႐ုတ္႐ုတ္သဲသဲျဖစ္ေအာင္ ဆုေတာင္းေနသလိုပဲ။
"ဘယ္လိုလုပ္ၿပီးေတာ့ အဘြားက မမရဲ့ မုန႔္ေတြကို စားၿပီးေတာ့ ဒီလိုျဖစ္သြားတာလဲ မုန႔္ေတြက တစ္ခုခုျဖစ္လို့လား။ "
ရွေက်ာင္းေက်ာင္းက အစကတည္းက ရွန႔္႐ုန္ဘက္ကေနၿပီး ရပ္ေနၿပီးေတာ့ သူမက ဉာဏ္ေကာင္းတဲ့ပုံပဲ။ ဒါ့ေၾကာင့္ ဒီအခ်ိန္မွာ က်န္လီနဲ႔ က်န္းစုစုရဲ့ စကားေတြကို ၾကားၿပီးေတာ့ သူမက တစ္ခုခုကို ေတြးမိၿပီးေတာ့ ေျပာလိုက္တယ္။
"မင္းက ေတာ္ေတာ္ေကာင္းတဲ့သူပဲ က်န္းယြမ္ ငါ့ရဲ့ ရွအိမ္ေတာ္က မင္းကို ေကာင္းေကာင္းေကၽြးေမြးတယ္။ မင္းက ယယ္လိုလုပ္ၿပီး ငါ့ရဲ့ အဘြားကို ဒီလို အဆိပ္ခတ္ရက္တာလဲ။ "
"မမက လိမ္ေျပာေနမွာစိုးတယ္။ "
က်န္းယြမ္က ေျပာလိုက္တယ္။
"ဒီမုန႔္ဘူးက ယြမ္နိုင္ျပင္ထားတာ မဟုတ္ဘူး။ အဲ့တာကို အေမက ယြမ္နိုင့္ကို ကူၿပီး ျပင္ေပးထားတာ။ "
"ယြမ္အား သမီး ဘာေတြ ေျပာေနတာလဲ။ "
ရွယန္က စိတ္ပ်က္တဲ့အၾကည့္နဲ႔ သူမကို ၾကည့္လိုက္တယ္။
"ဘယ္လိုလုပ္ၿပီး အေမက အေမ့ရဲ့ အေမကို အဆိပ္ခတ္မွာလဲ။ ယြမ္အာ သမီး အဘြားတို့ကို လက္ေဆာင္ျပင္ေပးရမယ္ဆိုတဲ့ အိမ္ေတာ္ရဲ့ စည္းကမ္းေတြကို ေမ့ေနလို့ အေမက သမီး အတြက္ ျပင္ေပးတာေလ။ အခု သမီးက အေမ့ကို ဒီလို အျပစ္ပုံခ်တာလား။ အေမ ဘာမဟုတ္တာေတြမ်ား လုပ္ထားလို့လဲ။ "
ဒါကို ၾကားၿပီးေတာ့ က်န္းယြမ္က ရွယန္ကို ရည္ရြယ္ခ်က္ရွိရွိ အျပစ္ပုံခ်ေနသလိုပဲ။
က်န္းယြမ္က ျပဳံးလိုက္တယ္။
"ဒါေပမဲ့ အဲ့မုန႔္ေတြက အေမျပင္ေပးထားတာေတြေလ ဟုတ္တယ္မလား။ "
"အစ္မက အစ္မရဲ့စကားေတြက မွားတယ္။ "
ရွေက်ာင္းေက်ာင္းက ေျပာလိုက္တယ္။
"တကယ္လို့ အန္တီက ျပင္ေပးရင္ေတာင္ အစ္မက အဆိပ္ခတ္မခတ္ မေသခ်ာဘူး။ အန္တီက အဘြားကို ဒုကၡေပးမယ္လို့ ထင္ေနတာလား။ ဒါက အစ္မရဲ့ စိတ္ရင္းမလား။ "
ယြီယာက မ်က္ေမွာင္ၾကဳတ္လိုက္တယ္။
"တကယ္လို့ အဲ့တာက အမွန္ဆိုရင္ေရာ။ "
က်န္းယြမ္က သက္ျပင္းခ်လိုက္တယ္။
"အကုန္လုံးက အေၾကာင္းအရင္းကို ဒီေလာက္ ရွင္းရွင္းလင္းလင္းေျပာေနမွေတာ့ ယြမ္နိုင္ေျပာစရာလိုေသးလို့လား။ "
ဒါေပမဲ့ ဒီအခ်ိန္မွာ သမားေတာ္တစ္ေယာက္က ေဆးေသတၱာနဲ႔ အထဲကို အျမန္ေျပးလာတာကို ျမင္လိုက္ရတယ္။ သူက ဘာမွ စိတ္အေႏွာက္အယွက္မေပးဘဲနဲ႔ ရွသခင္မႀကီးရဲ့ ေသြးခုန္ႏွုန္းကို တိုင္းလိုက္တယ္။ ၿပီးေတာ့ သူက သက္ျပင္းအရွည္ႀကီးခ်ၿပီး ေျပာလိုက္တယ္။
"ကၽြန္ေတာ္ ေဆးစာကို အရင္ေရးေပးလိုက္မယ္။ အျမန္ သြားၿပီး သခင္မေသာက္ဖို့ တစ္ခါတည္း သြားႀကိဳေခ်။ "
အေစခံအိုအခ်ိဳ့က ရွသခင္မကို အတြင္းက အခန္းထဲကို ရွခ်န္းခိုင္းတဲ့အတိုင္း ေရြ႕လာတယ္။ ၿပီးေတာ့ အေစခံတခ်ိဳ့က ေဆးဖက္ဝင္အရြက္ေတြကို ယူလာတယ္။ သူက အထဲကို လာလိုက္တယ္။
"ကၽြန္ေတာ္ ဒီသမားေတာ္ကို ကၽြန္ေတာ့္ မိန္းမရဲ့ အေျခအေနက ဘယ္လိုရွိလဲဆိုတာ ေမးလို့ရမလား။ "
"သူမရဲ့ အသြင္အျပင္ကို ျမင္ၿပီးေတာ့ ရွစ္ဆယ္ကေန ကိုးဆယ္ရာခိုင္ႏွုန္းအထိ သူမက အဆိပ္မိထားတဲ့ပုံပဲ။ "
သမားေတာ္က သူ႔မုတ္ဆိတ္ေမႊးကို ပြတ္ၿပီးေျပာေနတယ္။
"သူမ မိတဲ့ အဆိပ္က သူမရဲ့ အသက္ကို ယူမသြားနိုင္ဘူးထင္တယ္။ "
အဲ့စကားေတြေျပာၿပီးေတာ့ အခန္းထဲမွာ တိတ္ဆိတ္သြားတယ္။ ႐ုတ္တရက္ စူးရွတဲ့အသံက ထြက္ေပၚလာတယ္။
"အဲ့တာ နင္ပဲ။ နင္က ငါ့ရဲ့ အဘြားကို ဒုကၡေပးတာ ေသခ်ာတယ္။ သူမကို အဆိပ္ခတ္တာ။ အရွင္မင္းသား ကၽြန္မရဲ့ ရွမိသားစုအတြက္ တရားစီရင္ေပးပါလို့ ကၽြန္ေတာ္မ်ိဳးမ ေတာင္းဆိုပါတယ္။ "
ရွေက်ာင္းေက်ာင္းက သူအရိုအေသေပးၿပီးေတာ့ သူမရဲ့ စကားေတြက တကယ္ပဲ တရားမၽွေနသလိုပဲ။
က်န္းစုစုက ဘာမွမေျပာတဲ့ ေရွာင္ရွို့ကို ၾကည့္လိုက္တယ္။ သူမရဲ့ မ်က္ႏွာတစ္ဝက္က မ်က္ႏွာလႊားဇာနဲ႔ အုပ္ထားၿပီးေတာ့ သူမက ခ်စ္စရာေကာင္းၿပီး သနားစရာေကာင္းတဲ့ မ်က္လုံးတစ္စုံကိုပဲ ေဖာ္ထားတယ္။ အဲ့အခ်ိန္မွာ တကယ္လို့ သူမကို ၾကည့္တဲ့ ဘယ္သူမဆို ႏွလုံးသားက အရည္ေပ်ာ္က်သြားမွာျဖစ္တယ္။ သံနဲ႔လုပ္ထားတဲ့သူကေတာင္ သူမကို ျမင္ၿပီး ေပ်ာ့သြားမွာျဖစ္တယ္။
ရႊမ္းလီက သူမကို ၾကည့္လိုက္ၿပီးေတာ့ ခန္းမအလယ္က ဝတ္႐ုံနီနဲ႔ မိန္းကေလးကို ၾကည့္လိုက္တယ္။ လူေတြအမ်ားႀကီးက သူမကို လက္ညႇိုးထိုးေနၾကေပမဲ့ သူမရဲ့ ပုံစံက ခပ္တည္တည္နဲ႔ သူမက ႏွုတ္ခမ္းမဲ့ျပေနတယ္။ သူမက ရွေက်ာင္းေက်ာင္းရဲ့ စကားေတြကို မၾကားသလိုပဲ။
က်န္းယြမ္က ျပဳံးလိုက္ၿပီးေတာ့ အကုန္လုံးကို ၾကည့္လိုက္တယ္။ သူမက ျဖည္းညင္းစြာ သြားလိုက္ၿပီးေတာ့ မုန႔္ထည့္ထားတဲ့ခြက္ေရွ႕မွာ ရပ္လိုက္တယ္။ သူမက အထဲက မုန႔္ေလးကို ယူၿပီးေတာ့ သမားေတာ္ရဲ့ ေရွ႕မွာ ျပလိုက္တယ္။
"သမားေတာ္ သံသယေတာင္မျဖစ္ပဲနဲ႔ တကယ္ပဲ ရွသခင္မႀကီးက အဆိပ္မိတာလား။ "
"ဟုတ္တယ္။ "
သမားေတာ္က သံသယမထားပဲ ေျပာလိုက္တယ္။
က်န္းယြမ္က ေပါ့ပါးစြာေျပာလိုက္တယ္။
"အဲ့တာက တကယ္ကၽြန္မကို ေခါင္းရွုပ္ေစတာပဲ။ ဘာလို့ ရွသခင္မႀကီးက အဆိပ္မိတာလဲ။ ယြမ္နိုင္က သူမကို အဆိပ္ခတ္လိုက္တာပဲ ျဖစ္ရမယ္။ ရွသခင္မႀကီးက သူ႔ဘာသာ အဆိပ္ကို စားပါ့မလား။ "
"မဟုတ္တာေတြ။ "ရွခ်န္းက ေဒါသတႀကီး ေအာ္လိုက္တယ္။
"အေၾကာင္းမရွိပဲနဲ႔ ဘာလို့ ငါ့မိန္းမက သတိလစ္သြားမွာလဲ။ "
"ညီမေလး မင္းက ဆက္ျငင္းခ်င္ေသးတာလား။ အခု အဘြားက မင္းရဲ့ လက္ေဆာင္မုန႔္ကို စားၿပီး သတိလစ္သြားတာ ေသခ်ာတယ္။ လူသက္ေသေရာ၊ ပစၥည္းသက္ေသေရာရွိတာကို မင္းျငင္းခ်င္ေသးတာလား။ "
က်န္းေခ်ာင္က ေဒါသတႀကီး ေျပာလိုက္တယ္။
"ဒီေတာ့"
က်န္းယြမ္က လက္ထဲက မုန႔္ကို ခ်လိုက္ၿပီး
"လူႀကီးမင္း ဒီမုန႔္က အဆိပ္ရွိတာလား။ "
"မင္း ဘာေျပာစရာ ရွိေသးလဲ။ "
ရွခ်န္းက ေျပာလိုက္တယ္။
သူကေဘးမွာ ရပ္ေနတဲ့ အိမ္ေရွ႕စံကို ထပ္ၾကည့္လိုက္တယ္။
"အရွင္မင္းသား ဒီကိစၥကို ေသခ်ာ စုံစမ္းေပးဖို့ ကၽြန္ေတာ့္ရဲ့ မိန္းမကိုယ္စား ကၽြန္ေတာ္ ေတာင္းဆိုပါတယ္။ "
အိမ္ေရွ႕စံက တိတ္ဆိတ္ေနၿပီးေတာ့ က်န္းယြမ္ကို သူမ ဘာလုပ္မလဲဆိုၿပီးေတာ့ စိုက္ၾကည့္လိုက္တယ္။ ၿပီးေတာ့ သူက က်န္းယြမ္က မုန႔္ကို ယူၿပီးေတာ့ ေခါင္းခါလိုက္တယ္။
"တကယ္လို့ အဲ့တာက အမွန္ဆိုရင္ ယြမ္နိုင္က ဘာမွေျပာစရာ မရွိဘူး။ ျဖစ္ၿပီးသြားတာက ျဖစ္ၿပီးသြားၿပီပဲ။ ၾကည့္ရတာ တစ္ေယာက္ရဲ့ အသက္ကို ေနာက္တစ္ေယာက္ရဲ့ အသက္နဲ႔ လဲမွပဲ ရမွာပဲ။ "
ၿပီးေတာ့ သူမက မုန႔္ကို ၾကည့္ၿပီးေတာ့ စားလိုက္တယ္။
အကုန္လုံးက သူမကို အံ့အားသင့္စြာနဲ႔ ၾကည့္လိုက္တယ္။ က်န္းေခ်ာင္ရဲ့ မ်က္လုံးထဲမွာ ေၾကာက္လန႔္တဲ့ အၾကည့္ျဖတ္သြားတယ္။ က်န္းစုစုရဲ့ ရင္ထဲမွာ စို့နင့္သြားတယ္။ ေရွာင္ရွို့က မိန္းမပ်ိဳေလးရဲ့ အျပဳအမူကို ေလ့လာေနၿပီးေတာ့ သူက မေမၽွာ္လင့္စြာနဲ႔ သူမအတြက္ ေခၽြးေစးပ်ံသြားတယ္။
သမားေတာ္က က်န္းယြမ္ ဒီေလာက္ သတၱိရွိလိမ့္မယ္လို့ ထင္မထားဘူး။ မုန႔္စားလိုက္တာ ခဏေလာက္ၾကာေနၿပီျဖစ္တယ္။ ဒါေပမဲ့ ဘာမွျဖစ္မလာေသးဘူး။
သူမက က်န္းေခ်ာင္ကို မယုံတဲ့အၾကည့္နဲ႔ ၾကည့္လိုက္တယ္။ သူ႔ရဲ့ စိတ္ထဲမွာ ေရွာင္ရွို့က သက္သာရာရသြားၿပီးေတာ့ ရႊမ္းလီက မ်က္ေမွာင္ ၾကဳတ္လိုက္တယ္။ ဒါေပမဲ့ အိမ္ေရွ႕စံက ရယ္လိုက္ၿပီးေတာ့ လက္ခုပ္တီးလိုက္တယ္။
"ေကာင္းတယ္။ တကယ္ အရမ္းေကာင္းတယ္။ "
က်န္းစုစုနဲ႔ ရွေက်ာင္းေက်ာင္းက ရွခ်န္းလိုပဲ ေနရာမွာတင္ ေၾကာင္သြားၾကတယ္။ ႐ုတ္တရက္ သူက စားပြဲေပၚက မုန႔္ကို ၾကည့္ၿပီး က်န္းယြမ္ကို ထပ္ၾကည့္လိုက္တယ္။
ရွန႔္႐ုန္နဲ႔ ယြီယာရဲ့ အၾကည့္ေတြက က်န္းယြမ္ သူမရဲ့ လက္ေတြကို ခါလိုက္ၿပီးေတာ့ က်န္တဲ့ မုန႔္အပိုင္းအစေတြကို ခါလိုက္တာကို ေလးေလးနက္နက္ ၾကည့္ေနတယ္။ ၿပီးေတာ့ သူမက သိမ္ေမြ႕စြာ ေျပာလိုက္တယ္။
"ဒီေတာ့ ၾကည့္ရတာ ဒီအဆိပ္က လူေတြကို ခြဲျခားနိုင္တာပဲ။ ကၽြန္မနဲ႔ အဘြားနဲ႔က တစ္မ်ိဳးတည္းကို စားၿပီးေတာ့ အဆိပ္တစ္ခုတည္းကို မိသြားၿပီ။ အဘြားက နည္းနည္းေလး စားလိုက္တာနဲ႔ သတိေမ့သြားတယ္။ ဒါေပမဲ့ ကၽြန္မကက်ေတာ့ တစ္ခုလုံးကို စားလိုက္ေပမဲ့ ဘာမွမျဖစ္ဘူး။ လူတစ္ေယာက္ရဲ့ ဘဝမွာ ျမင့္ျမတ္ျခင္းကလည္း ျခားနားခ်က္ရွိတာ အမွန္ပဲ။ ယြမ္နိုင္ရဲ့ ကိုယ္ပိုင္လကၡဏာနဲ႔ ေသးေသးေလးစားရင္လည္း အဲ့တာက ကၽြန္မကို စိတ္အေႏွာက္အယွက္ျဖစ္မွာ မဟုတ္ဘူး။ "
ဒီစကားေတြက ရယ္စရာေကာင္းေနၿပီး ခ်စ္စရာေကာင္းေနၿပီး သူမကိုယ္သူမ သြယ္ဝိုက္တဲ့နည္းလမ္းနဲ႔ ေလွာင္ေနတဲ့ အဓိပၸာယ္ပါေနပုံရတယ္။ ဒါေပမဲ့ သူမရဲ့ စကားတစ္ခြန္းစီတိုင္းက စူးစမ္းေနၿပီး ရန္စေနၿပီးေတာ့ သူမနားမွာရွိတဲ့ လူေတြရဲ့ အေတြးနဲ႔ရည္ရြယ္ခ်က္ေတြကို ေဖာ္ထုတ္ခဲ့တယ္။ ရွခ်န္းက စကားမေျပာနိုင္ေလာက္ေအာင္ လန႔္သြားတယ္။
က်န္းယြမ္က အိမ္ေရွ႕စံဆီကို လွည့္ၾကည့္လိုက္ၿပီးေတာ့ ႐ုတ္တရက္ ရယ္လိုက္တယ္။ သူမရဲ့ အသံက သိမ္ေမြ႕ေနတယ္။
"အရွင္မင္းသား ကၽြန္ေတာ္မ်ိဳးမက အရွင္မင္းသားကို ယြမ္နိုင္အတြက္ အစ္မွန္တရားကို ရွာေဖြေပးဖို့ ေလးစားစြာေတာင္းဆိုပါတယ္။ "
paid Group/ Paid Docs ရှိပါတယ်။ Bioမှာ ပေးထားတဲ့ လင့်မှာ စုံစမ်းဝယ်ယူနိုင်ပါတယ်။
paid Docs မှာ 15ပိုင်းတစ်ဖြက်ကို500ပါ။