Let's Not Fall In Love ✔︎

By park_sweetheart

2.9K 308 36

- About a soulmate who wasn't meant to be in this life - Jayhoon Short Story written in Burmese ✔︎ More

✧༝ Let's Not Fall In Love ༝✧ 1.
✧༝ Let's Not Fall In Love ༝✧ 2.
✧༝ Let's Not Fall In Love ༝✧ 3.

Epilogue

748 70 13
By park_sweetheart






Let's Not Fall In Love







ဆောင်ဟွန်းက နောက်ပိုင်း အတန်းပျက်တာ များလာသည်။

ခေါင်းကိုက်တာ ပိုဆိုးလာ၍ ကျောင်းကနေ ခွင့်ယူရန် အိမ်က တိုက်တွန်းလိုက်သောကြောင့် ခွင့် မယူချင်ဘဲ ယူခဲ့ရသည်။
ခွဲစိတ်ကုသဖို့ ရက်မတိုင်ခင်အထိ ဆေးရုံနဲ့ အိမ်က အိမ်ဦးနဲ့ ကြမ်းပြင်လို သွားနေရမှာဖြစ်သည်။

တစ်ဖက်တွင်လည်း အတန်းထဲမှာ သူ့ဘေးက ထိုင်ခုံ အလွတ်လေးကို ကြည့်ပြီး လွမ်းဆွေးနေရတဲ့ ဂျုံဆောင်းတစ်ယောက်က ရှိနေပေသည်။


အဲ့နေ့။

သူတို့တွေ ကျောင်းကြီးရဲ့ အနောက်ဘက်မှာ ပထမဆုံးအနေနဲ့ နမ်းရှိုက်ခဲ့ကြတဲ့ နေ့။
အဲ့နေ့ပြီးကတည်းက ဆောင်ဟွန်းက ကျောင်းကို မလာတော့ခြင်းဖြစ်သည်။
ဂျုံဆောင်း ဖုန်းဆက်တာတွေလည်းမကိုင်၊ ပို့ထားတဲ့ မက်ဆေ့ခ်ျတွေကိုလည်း မဖတ်နဲ့၊ အခြေအနေက စိတ်ကျဉ်းကြပ်ဖို့ ကောင်းလှသည်။

ဆောင်ဟွန်း ကျောင်းပျက်တာ တစ်ပတ်ထက်ကြာနေပြီဖြစ်၍ အတန်းပိုင်ဆရာမဆီ သွားမေးကြည့်တော့လည်း

" အိမ်မှာ ကိစ္စလေးတွေ ရှိလို့ ခွင့်ရက်ရှည်ယူပါရစေလို့ပဲ ကျောင်းအုပ်ကြီးကို တိုက်ရိုက်လာပြောသွားတာ၊ ဆရာမလည်း သေချာမသိဘူး သား။ " လို့သာ ပြန်ဖြေသည်။

‌စာလည်းတော်၊ အဆင့်တွေကလည်းကောင်း၊ မိဘနောက်ခံကလည်း ရှိတော့ ကျောင်းအုပ်ကြီးကို တိုက်ရိုက် ခွင့်သွားတိုင်ရုံနဲ့ ကိစ္စကပြီးသည်။

ဒါပေမဲ့ အကြောင်းအရင်း တိတိကျကျမပြောဘဲ ရုတ်တရတ်ကြီး ပျောက်သွားတာက အဓိပ္ပါယ်မရှိဘူးမလား။

" မင်းမှာ တကယ်ပဲ ဘာကိစ္စတွေရှိနေလို့လဲ ဆောင်ဟွန်းရာ...."

အမြဲတမ်း ဘေးမှာ ရှိနေတဲ့ ပါးချိုင့်လေး ထင်းသွားတဲ့အထိ ပြုံးပြတတ်တဲ့ ထို ကောင်လေးကြောင့် ဂျုံဆောင်းက ကျောင်းတက်ပြီး ရှေ့ဆုံးမှာထိုင်ကာ စာလုပ်ရသည်ကို နှစ်သက်လာခြင်းဖြစ်သည်။

အခု ဘ၀ရဲ့ ပျော်ရွှင်မှုလေးမရှိတော့ ကျောင်းတက်နေရတဲ့နေ့တွေ၊ ကျောင်းပြန်ရတဲ့အချိန်တွေက အဖော်မဲ့ လွမ်းဆွေးဖွယ်ဖြစ်နေ၏။

ဆောင်ဟွန်းနဲ့ အတူတူ တက္ကသိုလ် လိုက်တက်မယ်ဆိုတဲ့ ရည်မှန်းချက်က ဘယ်ဆီ၊ ဘယ်နေရာကို ရောက်နေပြီလဲမသိတော့ပေ။

" သတိရလိုက်တာ..... "

Let's Not Fall In Love












ပြတင်းပေါက်ကနေ မြင်နေရတဲ့ လမင်းကြီးက လင်းထိန်လှပနေ၏။
လေပြည်အေးလေးက ဖွင့်ထားတဲ့ ပြတင်းပေါက်ကနေတစ်ဆင့် လွန့်လူးလျက် အခန်းထဲသို့ ၀င်လာ၏။
အရိုးထဲသို့ စိမ့်၀င်သွားလောက်တဲ့အထိ အေးမြသော ထိုလေပြည်ကို အခန်းထဲသို့ မဝင်လာအောင်လုပ်ဖို့ ဆောင်ဟွန်းမှာ အစီအစဉ်မရှိ၊
ကုတင်ပေါ်မှာ ထိုင်နေလျက် ညကောင်းကင်ယံမှာ ထွန်းလင်းနေတဲ့ လမင်းကြီးကိုသာ ငေးမောနေမိ၏။

" ပြတင်းပေါက်ကြီး ပွင့်သွားတာကို နည်းနည်းပါးပါး ထပိတ်မှပေါ့ဟယ်။ ‌ဆောင်းတွင်းကြီး ညဘက်ကို လေစိမ်းတွေ တိုက်မခံနဲ့ တော်ကြာ ဖျားနေဦးမယ် "

ဆောင်ဟွန်းရဲ့ မမက အခန်းထဲကို ၀င်လာပြီး ပြတင်းပေါက်ကို သေချာ ပြန်ပိတ်ပေးကာ ကရုဏာဒေါသဖြစ်စွာ ဆုံးမသည်။

တကယ်ဆို မမက ပြင်သစ်မှာ သူ့အလုပ်နဲ့သူ အခြေချအဆင်ပြေနေပြီကို မောင်ဖြစ်သူက နေမကောင်းဖြစ်နေတယ်ကြား၍ ချက်ချင်း ပြန်ပြေးလာခဲ့ရခြင်းဖြစ်သည်။
ထို့အတူ ဆောင်ဟွန်းရဲ့ အစ်ကိုမှာလည်း အင်္ဂလန်မှာ ကျောင်းတက်နေရင်း ခွင့်ယူကာ အိမ်မှာ ညီလေးနဲ့ အဖော်လာပြုပေးနေရ၏။

သူတစ်ယောက်တည်းအတွက်နဲ့ မိသားစု၀င်တွေက သူ့ဘ၀တွေကို စွန့်လွှတ်ပြီး ဒီကို ပြန်လာရတာကို ဆောင်ဟွန်း မကြိုက်။

ဘယ်သူ့ကိုမှ ၀န်ထုပ်၀န်ပိုး မဖြစ်စေချင်၍ ဆွေမျိုးတွေ၊ ကျောင်းက ဆရာ၊ဆရာမတွေကိုရော၊ အတန်းဖော်တွေကိုရော ဘာမှမပြောဖို့ အိမ်ကို တောင်းဆိုထားပေမဲ့ အစ်ကိုနဲ့ အစ်မကတော့ အမေရိကားသွားပြီး ဆေးစစ်မယ့်သတင်းကြားကတည်းက ချက်ချင်းလိုက်လာကြခြင်းဖြစ်သည်။

" ဆောင်ဟွန်း စားချင်တာ မရှိဘူးလား။ မမ လုပ်ကျွေးမယ်လေ ဒါမှမဟုတ် ဆိုင်က မှာပေးဆိုလည်း မှာပေးမယ်။ "

ကုတင်ပေါ်မှာ ခွလုံးကို ဖက်၊ စောင်ကို တစ်ကိုယ်လုံးနီးပါး အပြည့်ခြုံကာ၊ အိပ်ချင်ဟန်ဆောင်နေသော ဆောင်ဟွန်းကို မမက သူ့ ဆံပင်တွေကို ညင်သာစွာ သပ်ပေးကာ မေးလိုက်သည်။

" မောင်လေး ပျင်းနေတယ်ဆိုရင် ကိုကိုနဲ့ စကားသွားပြောကြည့်ရင်ရော၊ ဒါမှမဟုတ် အကြာကြီးနေမှ တို့ မောင်နှမ သုံးယောက် ကာရာအိုကေ ဆိုကြမလား။ "

မမကို ကျောပေးကာ အိပ်နေတဲ့ဘက်မှ မျက်ရည်များ တစ်စက်ချင်းစီ ကျဆင်းလာ၏။
မမကတော့ ရိပ်မိမယ် မထင်လောက်ပါ။
ငယ်ငယ်ကတော့ ဘာလုပ်လုပ် မောင်နှမ ၃ယောက် အတူတူလုပ်ကြ၊ ကစားကြပေမဲ့ ကြီးလာတော့ ကိုယ့်ဘ၀ ကိုယ့်တက်လမ်းကိုယ်စီနဲ့ ဝေးကွာသွားတာ ပြန်ဆုံတွေ့ရပြန်တော့လည်း ဘ၀ရဲ့ နောက်ဆုံးအချိန်မှာတဲ့လား။

ဒီအကြောင်းကို ဆောင်ဟွန်းရှေ့မှာ ထုတ်မပြောပေမဲ့ ကိုကိုနဲ့ မမတို့ရဲ့ ရင်ထဲမှာလည်း ဖြည်မဆည်နိုင်အောင် နာကျင်နေကာ ရေတွက်၍ မရအောင် ငိုကြွေးဖြစ်ခဲ့မှာလည်း သေချာ၏။

" ဒါမှမဟုတ် စိတ်ပြေလက်ပျောက်ဖြစ်အောင် ဖုန်းပြန်သုံးမလား။ မေမေ မသိအောင် မမ သွားယူလာပေးမယ် ခဏလေးနော် "

မမက ဆောင်ဟွန်းအဖြေကို မစောင့်ဘဲ သူ့ မောင်အတွက် မေမေ့အခန်းထဲက ဖုန်းကို သွားခိုးပေးဖို့ အခန်းထဲက ထွက်သွားသည်။

မမမသိတဲ့အချက်က မေမေက ဖုန်းသိမ်းထားခြင်းမဟုတ်ဘဲ၊ ‌ဆောင်ဟွန်း ကိုယ်တိုင်က မေမေ့ဆီမှာ ဖုန်းအပ်ထားခြင်းဖြစ်သည်။

ဂျုံ‌ဆောင်းဆီက နေ့စဉ်ဆက်တိုက် ဝင်လာတဲ့ missed callsတွေ၊ တတောင်တောင်နဲ့ နိုတီတက်လာတော့ messagesတွေကို သူ ဖွင့်ဖတ်ကြည့်ဖို့ သတ္တိမရှိ။

တကယ်လည်း သူ မလုပ်သင့်မှန်းသိသော်လည်း တစ်ကိုယ်ကောင်းဆန်ကာ ဂျုံဆောင်းကို နမ်းခဲ့ပြီး သူရဲဘောကြောင်စွာ ရှောင်ပြေးခဲ့တာ မဟုတ်ပေလား။
....



၂ပတ်ကြာတော့ ဆောင်ဟွန်းက ကျောင်းကို ပြန်ရောက်လာသည်။
နဂိုထက် နည်းနည်းလေး ပိန်သွားတာကလွဲရင် အရင်လို သွက်လက်ဖျတ်လတ်နေဆဲ။
အတန်းဖော်တွေနဲ့ ဆရာ၊ဆရာမတို့က အကြာကြီးနေမှ ပြန်တွေ့ရလို့ ၀မ်းသာအားရကြိုဆိုကြသည်။
ဆောင်ဟွန်းကလည်း ရင်ထဲကမပါလိုငြား တတ်နိုင်သလောက် အတောက်ပဆုံး ပြုံးကာ ပြန်နှုတ်ဆက်သည်။

ဆောင်ဟွန်း ကျောင်းပြန်တက်တဲ့နေ့မှ ဂျုံဆောင်းက ကျောင်းမလာခဲ့တော့ ဒီတစ်ခါ မျှော်နေရတဲ့သူက ဆောင်ဟွန်း ဖြစ်ခဲ့လေတော့သည်။





" ရား ပတ်ဂျုံဆောင်း! "

ဂျုံဆောင်း အလုပ်လုပ်နေတဲ့ ကျောင်းနားက ၂၄နာရီ စတိုးမှာ သူ အလုပ်ချိန်ပြီးတဲ့အထိ ဆောင်ဟွန်းက သွားစောင့်နေ၏။

ကျောင်းသာ မလာတာ၊ အလုပ်ကိုတော့ တစ်ရက်လေးတောင် အပျက်မခံမှန်း ဆောင်ဟွန်း ကောင်းကောင်း သဘောပေါက်၍ ကျောင်းပြီးတာနဲ့ သွားစောင့်နေကာ အထဲမ၀င်ဘဲ အပြင်ဘက်ကနေ ဆိုင်ထဲမှာ အလုပ်လုပ်နေတဲ့ ဂျုံဆောင်းကို စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။

" အခု အလုပ်ပြီးပြီမလား။ ထမင်းသွားစားရအောင် ငါ ဗိုက်ဆာနေပြီ "

ဂျုံဆောင်းရဲ့ လက်ကို ဆွဲပြီး သွားဖို့ကျန်ပေမဲ့ သူက လိုက်လာခြင်းမရှိခဲ့။
စကားတစ်ခွန်းမှလည်း ပြောခြင်းမရှိဘဲ ‌သူ့ကို ကိုင်ထားတဲ့ ဆောင်ဟွန်းရဲ့ လက်တို့ကိုသာ ငေးကြည့်နေ၏။

" မင်း ငါ့ကို စိတ်ဆိုးနေတယ်ဆိုတာ သိတယ်။
စိတ်ဆိုးပြေတဲ့အထိ မင်း ခိုင်းတာ ငါလုပ်မှာမလို့ အရင်ဦးဆုံး တစ်ခုခုသွားစားရအောင် လာပါကွာ "

ဂျုံဆောင်းက ဘာမှပြန်ဖြေခြင်းမရှိဘဲ မျက်ရည်များ ဝဲတက်နေသော အကြည့်တို့ဖြင့် ဆောင်ဟွန်းကို ငေးကြည့်တော့ ဆောင်ဟွန်း နှလုံးသားခမျာ နာကျင်ခံစားရပြန်၏။

" တော်သေးတာပေါ့ အသက်ရှင်နေသေးလို့..... "

ဂျုံဆောင်းက ဆောင်ဟွန်းကို အားနဲ့ ဆွဲဖက်ကာ ခေါင်းကို ခပ်ဖွဖွပုတ်ပေးလိုက်သည်။

" ရုတ်တရတ်ကြီး ထပ်ပျောက်သွားတော့ သေပြီထင်နေတာ ငါ့ကောင်ရာ။ ငါဖုန်းဆက်တာတွေလည်း မကိုင်ဘူး။ အရင်အိမ်မှာလည်း မနေတော့ဘူးဆို။ "

ပထမစကားကြားကြားချင်း ဂျုံဆောင်း သိသွားပြီထင်ပြီး ရင်ထဲ ဒိန်းခနဲဖြစ်သွားတာ၊ နောက် သူပြောတာတွေ ဆက်ကြားမှ သက်ပြင်းချမိသည်။

အိမ်အထိပါ သွားရှာပြီး မေးခဲ့ပုံရပေမဲ့ ဆောင်ဟွန်းအကြောင်း အခုထိ ဘာမှ မသိသေးပုံရသည်။
ဒီလိုတွေ ဖြစ်နိုင်တယ်လို့ ကြိုမြင်နေခဲ့လို့ရော၊ သွားရေးလာရေး လွယ်အောင်လို့ရော၊ ဆေးရုံနဲ့ နားနားနီးနီးမှာ အိမ်တစ်လုံး၀ယ်ကာ ပြောင်းနေခဲ့တဲ့ ကိစ္စက မှန်နေခဲ့လို့ တော်သေးသည်။

" သေစရာလားဟ အရှင်လတ်လတ်ကြီးရှိနေလို့ မင်း ငါ့ကို ဖက်ထားလို့ရတာပေါ့ ကျုံးဆောင်းလေးရာ "

ဆောင်ဟွန်းက ဂျုံဆောင်းဖက်ထားတာကနေ ဖယ်ထုတ်လိုက်ကာ ဂျုံဆောင်းလက်မောင်းကို လက်သီးနဲ့ ခပ်ဖွဖွထိုးကာ စနောက်ပြီး ပြောသည်။

" သွားရအောင် မင်း ဘာစားချင်လဲ။ ငါတို့ သွားနေကြဆိုင်ပဲ သွားမလား။ "

ဂျုံဆောင်းက ရယ်မောပျော်ရွှင်စွာနဲ့ ဆောင်ဟွန်းလက်ကို ဆွဲခေါ်ကာ သူတို့နှစ်ယောက် ကျောင်းဆင်းတိုင်း သွားနေကြ တော့ပိုကီဆိုင်လေးသို့ ဦးတည်သွားတော့သည်။

၂ပတ်ကျော်လောက် ပျောက်ဆုံးနေတဲ့ ဂျုံဆောင်းရဲ့ အပြုံးအစစ်အမှန်တို့က အခုမှ ပြန်ရောက်ရှိလာတော့၏။



" အဲ့တော့ ဒီတစ်ခါကြ မင်း ငါ့ကို စိတ်မဆိုးတော့ဘူးလား "

ဆောင်ဟွန်းလက်ထဲက ဆေးလိပ်ကို မီးခြစ်နဲ့ မီးလာညှိပေးနေသော ဂျုံဆောင်းကို ကြည့်ကာ မေးလိုက်သည်။
ဆေးလိပ်သောက်ကြည့်ချင်တယ်ဆိုတဲ့ ဆောင်ဟွန်းရဲ့ တောင်းဆိုမှုကို ဂျုံဆောင်းက ဒီတစ်ခါ လိုလိုလားလားနဲ့ ဖြည်ဆည်းပေးလိုက်ခြင်းဖြစ်သည်။

" အစကတော့ စိတ်ဆိုးတာပေါ့ ဒါပေမဲ့ မင်း အခု ပြန်လာပြီပဲကို စိတ်ဆိုးနေလည်း ဘာထူးတော့မှာလဲ "

ဂျုံဆောင်းက ဆောင်ဟွန်းရဲ့ ဆေးလိပ်ကို မီးညှိပေးပြီး သူ့ဆေးလိပ်ကို ပြန်မီးညှိကာ တစ်ဖွာ ဖွာလိုက်ပြီးမှ ဖြည်းဖြည်းချင်း ပြန်ဖြေသည်။

ဆောင်ဟွန်းကတော့ သူ့ဆေးလိပ်ကို အခုထိ မတို့ရသေး၊ လောင်မြိုက်နေတဲ့ ဆေးလိပ်တိုကိုကြည့်ကာ ခေါင်းထဲမှာ အတွေးများဖြင့် ပြည့်နှက်နေသည်။

အခုရောက်ရှိနေတဲ့ ဆောက်လက်စ တိုက်အသစ်ကြီးက ၂နှစ်ကြာသွားလည်း မပြီးသေး။
ဒီနေရာမှာပဲ ဂျုံဆောင်းက ဆေးလိပ်သောက်လို့ ဆွဲယူလွှင့်ပစ်ခဲ့ပြီး အခုတော့ သူနဲ့အတူတူ လိုက်သောက်မိနေ၏။

" ဟိုး အဆုတ်ထဲ အထိရောက်အောင် တစ်ခါရှူသွင်းပြီး ဖြည်းဖြည်းချင်း ပြန်မှုတ်လိုက် "

ဂျုံဆောင်းက ဆေးလိပ်သောက်ပုံသောက်နည်းကို ဆောင်းဟွန်းအား လက်တွေ့သရုပ်ဖော်ပြသည်။
သူပြောတဲ့အတိုင်း ဆောင်ဟွန်းလည်း လိုက်လုပ်ကြည့်ပေမဲ့ ‌သူ့လိုတော့ ခပ်မိုက်မိုက် ပုံစံမဖြစ်ဘဲ မီးခိုးတွေမွှန်ပြီး ချောင်းတွေ တဟွတ်ဟွတ်ဆိုးတာသာ အဖတ်တင်သွား၏။

" အဲ့တာ‌ကြောင့် ဖြည်းဖြည်းမှုတ်ထုတ်လို့ ပြောသားပဲ "

ဂျုံဆောင်းကတော့ ကူညီပေးခြင်းမရှိဘဲ ‌အားရပါးရ အော်ရယ်နေတော့သည်။
ရယ်မောခြင်းက ကူးစက်‌တတ်စေ၏။
ဂျုံဆောင်းကြောင့် ဆောင်ဟွန်းလည်း အကြာကြီးနေမှ လှိုက်လှိုက်မောမော ပြန်ရယ်ဖြစ်တော့သည်။







" ငါ နိုင်ငံခြားသွားတော့မှာ "

ကောင်းကင်ကြီးက ကြယ်တာရာတွေကို မော့ကြည့်ရင်း ဆောင်ဟွန်းက ခပ်အေးအေး ပြောလိုက်သည်။

လက်ထဲက ဆေးလိပ်တိုကတော့ တစ်ခါ သောက်ကြည့်ပြီး ထပ်မသောက်ဖြစ်တော့ပေမဲ့ အငွေ့များ ထွက်ကာ တောက်လောင်နေဆဲ။
မြေပြင်ပေါ်သို့ ပစ်ချကာ ခြေထောက်နဲ့ နင်းချေပစ်လိုက်ရင်း ဂျုံဆောင်းပြန်ပြောမယ့် စကားကို ရင်တထိတ်ထိတ်နဲ့ မျှော်နေမိသည်။

" ဘယ်တော့သွားမှာလဲ "

" ဒီနှစ်အတွင်းပေါ့။ အဖေတို့ အလုပ်ကိစ္စတွေ သေချာအခြေကျသွားရင် သွားတော့မှာ "

" ဒီ စာသင်နှစ်ပြီးတဲ့အထိတောင် မစောင့်တော့ဘူးလား "

ဂျုံ‌ဆောင်းက သက်ပြင်းချပြီး လေးလံစွာ မေးလိုက်၏။
ဆောင်ဟွန်းကတော့ အခုထိ သူ့မျက်နှာကို သေချာကြည့်ပြီး မပြောရဲသေး၊ အဝေးတစ်နေရာကို ငေးလျက်သာ မေးသမျှကို ပြန်ဖြေနေ၏။

" အင်း။ ဟိုမှာပဲ ဆက်တက်ရင်း collegeတန်း joinတော့မလို့ အဲ့တာဆို ၀င်ခွင့်တွေဘာတွေဖြေစရာမလိုတော့ဘူးလေ "

" အဲ့တာတွေပြင်ဆင်နေရလို့လား မင်း ပိန်သွားသလိုပဲနော်။ ကောင်းတော့ကောင်းပါတယ် မင်းက ညဏ်ကောင်းပြီးသားပဲကို အေးဆေးလုပ်နိုင်မှာပါ "

အရင်လို ပြသာနာရှာပြီး အော်ဟစ်တော့မယ် ထင်ခဲ့သော်လည်း ထူးဆန်းစွာနဲ့ ဂျုံဆောင်းက သဘောထားကြီးကြီး အားပေးနေခဲ့၏။
လိမ်ရတဲ့ ဆောင်ဟွန်းကိုတောင် အပြစ်ကြီးသွားသလို ခံစားမိသွားစေရ၏။

" အဲ့တာကြောင့်မို့လို့ မင်းက ငါတို့၂ယောက် ချစ်မိလို့ မရဘူးလို့ ပြောခဲ့တာကိုး..... အခုတော့ သဘောပေါက်သွားပြီ ဟားဟား "

ရင်ထဲကမပါတဲ့ ရယ်သံတွေရဲ့နောက်မှာ မျက်ရည်တွေ ဝဲနေတဲ့ ဂျုံဆောင်းရဲ့ မျက်၀န်းတို့က နေရာယူလို့ နေခဲ့၏။
ဆောင်ဟွန်းကတော့ ဘာတစ်ခွန်းမှ ပြန်မပြောဖြစ်၊ မှောင်မိုက်နေတဲ့ ညကောင်းကင်ကိုသာ ငေးမောနေခဲ့၏။

" ကျောင်းပိတ်ရင် ခဏတော့ ပြန်လာဦးမှာမလား "

" မသေချာဘူး ပြန်မလာဖြစ်ဖို့တော့ များတယ်...... "

ဆောင်ဟွန်းက ဒီနိုင်ငံကိုမဟုတ်ဘဲ ဒီဘ၀ကို ပြန်လာဖို့တောင် အခွင့်အရေးမရှိတော့ကြောင်းကို ဂျုံဆောင်းမသိ။

မသွားပါနဲ့လို့ ပါးစပ်က ထုတ်ပြောတားမြစ်ခြင်း မရှိပေမဲ့ တင်းတင်းဆုပ်ထားတဲ့ လက်သီးနှစ်ဖက်နဲ့ ဖိကိုက်ထားတဲ့ အောက်နှုတ်ခမ်းမှာတော့ သွေးများ ဆို့တက်နေလေပြီ။

" အင်း ကောင်းကောင်းသွားနော်။ "

ဂျုံ‌ဆောင်းက ဆောင်ဟွန်းမျက်နှာကို သေချာမကြည့်ဘဲ နှုတ်ဆက်ကာ နေရာမှ ထသွားတော့သည်။
အနောက်သို့ တစ်ချက် ပြန်လှည့်မကြည့်ဘဲ ထွက်လာခဲ့ပေမဲ့ ရင်ထဲမှာ လေးလံသော ခံစားချက်တွေအပြည့်၊ မျက်၀န်းအိမ်မှာလည်း မျက်ရည်တွေ အပြည့်နဲ့ ဖြစ်နေခဲ့၏။

ဆောင်ဟွန်းလည်း ဒီတစ်ခါတော့ တစ်ကိုယ်ကောင်းမဆန်ရက်တော့၊ ဒီနေရာမှာပဲ ထိုင်နေရင်းနဲ့ အသံမထွက်အောင် ငိုရှိုက်နေရင်းနဲ့သာ ကျန်ရစ်ခဲ့တော့သည်။

Let's Not Fall In Love







6လကြာခဲ့ပြီ။
အထက်တန်း နောက်ဆုံးနှစ်ကို ပြီးဆုံးအောင် မတက်ဖြစ်တော့ဘဲ၊ နိုင်ငံခြားထွက်တော့မည်ဟု သတင်းလွှင့်ခဲ့ကာ ဆေးရုံမှာ လာနေနေရတာ 6လတောင် ရှိသွားခဲ့ပြီ။
ကျောင်းသာဆက်တက်ဖြစ်ရင် မနက်ဖြန်ဆို တက္ကသိုလ်၀င်ခွင့် စာမေးပွဲတွေတောင် ဖြေရတော့မှာ ဖြစ်သည်။

" ဒီနေ့ကော အခြေအနေ ဘယ်လိုရှိလဲ။ ခေါင်းကိုက်သေးလား သား။ "

" ဒီနေ့အတွက်တော့ ခေါင်းမကိုက်သေးဘူး။ ပျို့အန်ချင်တာတွေ၊ အမြင်အာရုံဝါးတာလည်း မဖြစ်ဘူး ဆရာ။ "

" အများကြီး တိုးတက်လာတာပဲ "

ဆရာ၀န်ကြီးရဲ့ ချီးကျူးစကားတစ်ခွန်းက ဘေးနားမှာ ရှိနေတဲ့ မိသားစု၀င်တွေ အားလုံးရဲ့ စိတ်ပူပန်မှုတွေကို ‌ဖြေလျော့သွားစေကာ မျက်နှာပေါ်မှာ စိတ်ကျေနပ်သွားစေသော အပြုံးတစ်ပွင့်ကို ပြုလုပ်နိုင်စွမ်းရှိ၏။

" ဖြစ်ရပ်က တကယ် miracleလို့ ပြောရမလားပဲ။ ရလဒ်က သိသိသာသာ တိုးတက်လာတယ်၊ အကျိတ်က အရင်ကလောက် မကြီးတော့ဘူး။ စိတ်သေချာဆုံးဖြတ်နိုင်ပြီဆိုရင် မြန်မြန်ခွဲစိတ်လိုက်ပါတော့လား။ life expectancyကို ရနိုင်သလောက် ဆွဲဆန့်ကြတာပေါ့။ "

ဆောင်ဟွန်းကလွဲပြီး တစ်ခြားသော မိသားစုဝင်တွေကို ပြောနေသော ဆရာ၀န်ကြီးရဲ့ ရှင်းပြချက်များကို မမက သေချာပိတ်ဖို့မေ့သွားတဲ့ ဟတတတံခါးလေးဆီကနေ ကြားနေရ၏။

ဘယ်လိုပဲဖြစ်ဖြစ် ဒီရောဂါကြီးဖြစ်ကတည်းက သေချာပေါက် သေမှာပဲကို သက်တမ်းဆွဲဆန့်လည်း ဘာထူးတော့မှာလဲလို့ ဆောင်ဟွန်းက တွေးနေမိသည်။
အများဆုံးနေရ 4-5နှစ်ထက်မပိုဘဲနဲ့ကို ငွေကုန်ကြေးကျခံ၊ အပင်ပန်းခံပြီးတော့ အကြာကြီး အသက်မရှင်ချင်တော့။

အိမ်ကလူတွေကတော့ ဒီလိုတွေးမှာ မဟုတ်လောက်။

သူတို့က ကျန်ခဲ့ရမှာ၊ ကိုယ်က ထွက်သွားရမယ့်သူ၊
ကျန်ခဲ့တဲ့သူတွေက ဘယ်လိုပဲဖြစ်ဖြစ် ပို နာကျင်ခံစားရမှာ အမှန်ပဲမဟုတ်လား။
ထွက်သွားရတဲ့သူမှာ ဘာမှတ်ညဏ်၊ ဘာအမှတ်တရမှ ပါသွားမှာမဟုတ်။

ဒီလိုတွေးမိလို့ပဲ ဆောင်ဟွန်းက ဂျုံဆောင်းနဲ့ သံယောဇဉ်ရအောင် ဖြတ်ခဲ့ခြင်းဖြစ်ပေသည်။

Let's Not Fall In Love








" ညနေအတွက် အဆင့်သင့်ဖြစ်ပြီမလား "

တီ‌ဗွီမှာလာနေတဲ့ အစီအစဉ်မျိုးစုံကို စိတ်မပါပေမဲ့ အာရုံအပြောင်းအလဲဖြစ်အောင် ကြည့်နေတဲ့အချိန် ဆောင်ဟွန်းရဲ့ အစ်ကိုက အခန်းထဲသို့ ဝင်လာပြီး မေးလိုက်သည်။

သိပ်မကြာခင် အချိန်အတွင်း ခွဲစိတ်ခန်း ၀င်ရတော့မည်။

တစ်နှစ်လောက်ပဲ အသက်ရှင်နိုင်တော့မယ်ဆိုတဲ့ စကားကို ဆန့်ကျင်ကာ အစွမ်းကုန် ဆေးကုသမှု ခံယူရင်း ခွဲစိတ်ရတော့မည့် အခြေအနေသို့ ရောက်ရှိလာခဲ့လေပြီ။

ဒီညနေကမှ နောက်ဘာဆက်ဖြစ်မလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို အဆုံးအဖြတ်ပေးမှာဖြစ်သည်။

ခွဲစိတ်တာ အဆင်ဆင်ပြေပြေ ပြီးဆုံးသွားရင် နောက် 5နှစ်လောက်အထိ အသက်ဆက်ရှင်နိုင်ဖွယ်ရှိသည့် 10%သော လူနာတွေထဲ ဆောင်ဟွန်းက ပါနိုင်ချေရှိသည်ဟု ဆရာဝန်က အားပေးပြောကြားသဖြင့် တစ်မိသားစုလုံးက အနည်းငယ် ‌စိတ်သက်သာရာရကာ ယုံကြည်အားကိုးစွာနဲ့ ဆုတောင်းမှုတွေပါ ပြုလုပ်နေကြ၏။

" ဆောင်ဟွန်း သူငယ်ချင်းတွေဆီကကော အဆက်အသွယ်မရဘူးလား။ ပတ်ဂျုံဆောင်းဆိုလား ဆောင်ဟွန်းနဲ့ အရင်က တပူးပူး တတွဲတွဲမြင်နေရတဲ့ ကောင်လေးရော? "

မေ့မေ့လျော့လျော့နေခဲ့တဲ့ ထိုနာမည်ကို နောက်တစ်ကြိမ် ထပ်မံကြားလိုက်ရတော့ အကြာကြီးငြိမ်သက်နေတဲ့ နှလုံးသားက ဖြည်းဖြည်းချင်း ပြန်လည်နိုးထလာ၏။

" ကျွန်တော့်ကို နိုင်ငံခြားသွားတယ်ပဲ သိထားကြတာ။ ဒီအကြောင်းတွေ မပြောပြဖြစ်ဘူး.... "

" ဘာလို့လဲ။ "

" ဘာလို့လဲဆို သူသာ ကျွန်တော် ဒီလိုတွေဖြစ်နေတာ သိရင် အရမ်း၀မ်းနည်းပြီး သူ့ကိုယ်သူ အပြစ်တင်ရင် တင်နေလောက်မှာ ကျွန်တော် နေမကောင်းတာ သူနဲ့ ဘာမှမဆိုင်ဘူးဆိုပေမဲ့လည်းပေါ့...."

နွမ်းလျလျ အပြုံးပွင့်တစ်ခုဟာ လပေါင်းများစွာကြာမှ ဆောင်ဟွန်းမျက်နှာထက်မှ ထွက်ပေါ်လာ၏။

" ဒါပေမဲ့ ကိုယ့်ကို နားလည်ပေးတဲ့ အချစ်ဆုံးသူငယ်ချင်းရယ်လို့ တစ်ဦးတည်းရှိတဲ့သူ့ကို အမှန်အတိုင်း ပြောပြသင့်တယ် မထင်ဘူးလား။ အခုလောက်ဆို စာမေးပွဲတွေ ဖြေပြီးလောက်ပြီထင်တယ်နော်။ ဆောင်ဟွန်းက ညနေမှ ခွဲစိတ်ခန်းဝင်ရမှာဆိုတော့ တစ်ခါလောက် ပြန်စဉ်းစားပါဦးလား "

ဆောင်ဟွန်းလက်ကို ကိုင်ကာ အစ်ကိုက နှစ်သိမ့်ပေးရင် ပြောခဲ့တဲ့ စကားတစ်ခွန်းကာ အတွေးထဲသို့ နက်နက်နဲနဲ ၀င်ရောက်လာ၏။

ဒီညနေက နှစ်အနည်းငယ်လောက် အသက်ဆက်ရှင်မလား၊ ဒီအတိုင်းပဲ ဆက်သွားနေမှာလားဆိုတဲ့ ဆုံးဖြတ်ချက်ကို ခံရတော့မယ့် အချိန်။

အသက်ဆက်မရှင်လောက်တော့ဘူးဆိုရင်တောင် နောက်ဆုံးအနေနဲ့ ဂျုံဆောင်းမျက်နှာလေးကို မြင်သွားချင်မိတဲ့ စိတ်တို့ ပေါ်ပေါက်လာ၏။

သူနာကျင်ရမှာစိုး၍ လိမ်ညာပြီး အဆက်အသွယ်ဖြတ်ခဲ့ပေမဲ့ တစ်ချိန် အဖြစ်မှန်တွေကို သူသိသွားတဲ့အခါ ကိုယ့်ကိုယ်ကို အပြစ်တင်မုန်းတီးလို့ ပြီးပါတော့မလား။

ဆရာ၀န်ပြောတဲ့ 10%က တကယ်လည်း ဖြစ်ကောင်း ဖြစ်နိုင်လာသည်ဟုပါ တွေးထင်မိလာ၏။
အဆိုးထဲက အကောင်းကိုတွေးရင် ကျန်ရှိနေတဲ့ အချိန်အတွင်း သူနဲ့ အမှတ်တရကောင်းတို့ကို ဖန်တီးလို့ ရနိုင်သေးသည်။

အစ်ကို အခန်းထဲက ထွက်သွားတော့ ရက်အတော်တော်ကြာ ပါဝါပိတ်ထားတဲ့ ဖုန်းလေးကို ပြန်ဖွင့်လိုက်သည်။

မျှော်လင့်ထားသလို ဂျုံဆောင်းဆီက messageတွေ အများကြီးရောက်ရှိမနေ။ Missed callsတွေလည်းမရှိ။ test messageမှာ စာအရှည်ကြီး တစ်စောင်သာ ရှိလို့နေ၏။


ဆောင်ဟွန်း ဟိုမှာ အဆင်ပြေနေရဲ့လား။
ငါတို့ နောက်ဆုံးတွေ့တဲ့နေ့က မင်းကို သေချာ မနှုတ်ဆက်လိုက်ရလို့ ငါ နောင်တရနေတာ။
တကယ်တော့ ငါမင်းကို ဘယ်မှ ထွက်မသွားစေချင်ခဲ့ဘူး ဆောင်ဟွန်းရာ။

မင်း အဆင်မပြေရင် ငါတို့ အပြန်အလှန်ချစ်ကြိုက်တဲ့ အဆင့်အထိ မသွားလည်းဖြစ်တာမို့ အရင်လို ငါ့ဘေးမှာနေပေးပြီး ငါနဲ့ ဆက်ခင်ပေးပါ လို့ ပြောလိုက်ချင်တာလေ။
တကယ်တမ်းကြတော့ နှုတ်က ဘာမှ ထွက်မလာဘူး။

အဲ့တာတွေ ထားပါတော့ ငါ တက္ကသိုလ်၀င်ခွင့် စာမေးပွဲ ၀င်ဖြေတော့မယ်။ ဆရာတွေက ငါ တက္ကသိုလ်တစ်ခုခုတော့ သွားလို့ရတဲ့ အခြေအနေရောက်နေပြီတဲ့
မင်းနဲ့ တက္ကသိုလ်အတူတူလိုက်တက်ဖို့ လုပ်ထားပေမဲ့ နိုင်ငံခြားအထိတော့ ငါ လိုက်မလာနိုင်ဘူးလေ ဟားဟား

ဘာပဲဖြစ်ဖြစ်ပါ ဒီအတိုင်း ကိုယ်တိုင်ကိုယ်ကျ မပြောဖြစ်လိုက်တဲ့ စကားတွေကို ဖုန်းထဲက နေဖြစ်ဖြစ် ပြောလိုက်ချင်တာမို့ ပို့လိုက်တာ။
ဒါဆို ဒီလောက်ပဲ။ Bye!



ဂျုံဆောင်းရဲ့  messageကို ဖတ်ပြီး မျက်ရည်များက ရပ်တန့်လို့မရအောင် ကျဆင်းလို့ လာတော့သည်။
ရင်ထဲမှာလည်း အောင့်သက်သက် ခံစားချက်ကြီးက လေးလံစွာနဲ့ ရောက်ရှိလို့လာ၏။

လက်ဖမိုးနဲ့ မျက်ရည်များကို သုတ်၊ ငိုထားတဲ့ အသံမပေါက်အောင် လည်ချောင်းရှင်းကာ ဖုန်း contactထဲက ကျုံးဆောင်းလေး ဆိုပြီး မှတ်ထားတဲ့ နံပါတ်ကို နှိပ်လိုက်၏။



Let's Not Fall In Love













ဒီနေ့က အထက်တန်း နောက်ဆုံးနှစ်ရဲ့ နောက်ဆုံးစာမေးပွဲ (သို့) တက္ကသိုလ်ဝင်ခွင့် စာမေးပွဲရဲ့ နောက်ဆုံးနေ့ဖြစ်၏။

အိမ်ကနေ တကူးတက လာကြိုပေးမယ့်သူကော၊ စာမေးပွဲပြီးသွားလို့ အတူတူ ခုန်ပေါက်ပျော်ပေးမယ့် သူငယ်ချင်းကော မရှိသဖြင့် ဂျုံဆောင်းကတော့ တစ်ယောက်တည်း အေးအေးဆေးဆေး ကျောင်းထဲမှာ ထွက်လာခဲ့ကာ အိမ်ကို တန်းမပြန်ဘဲ ကျောင်းနားက အရင်အလုပ်လုပ်ခဲ့တဲ့ convenient storeကနေ အအေးတစ်ဘူးဝယ်လိုက်ကာ အပြင်က ထိုင်ခုံတွေမှာ ထိုင်လိုက်ပြီး လွယ်အိတ်ထဲမှာ ပါဝါပိတ်ပြီး သိမ်းထားတဲ့ ဖုန်းလေးကိုထုတ်ကြည့်လိုက်၏။

" ဟင် !? "

ဆောင်ဟွန်းဆီက ထူးထူးဆန်းဆန်း missed calls 3ခု၊ voice message 1စောင်နဲ့ text message တစ်စောင်ရောက်နေသဖြင့် အရင်ဦးဆုံး အခုန်မြန်လာတဲ့ နှလုံးသားလေးကို ထိန်းလိုက်ကာ text messageကို ဖွင့်ဖတ်ကြည့်လိုက်မိသည်။

ဂျုံဆောင်း။ ငါမင်းကို ပြောစရာရှိတယ်။
ဒီစာကို တွေ့ရင် ငါ့ကို ဖုန်းပြန်ခေါ်ပေးနော်
အကယ်၍ မင်း ဖုန်းခေါ်တာကို ငါ မကိုင်ရင်တော့ (..) ဆေးရုံကို လာခဲ့ပေး



" ကျေးဇူးပြုပြီး ဖုန်းကိုင်စမ်းပါ ဖုန်းကိုင်လိုက်ပါ ပတ်ဆောင်ဟွန်းရာ! "

တဒိတ်ဒိတ်ခုန်လာတဲ့ ရင်ခုန်သံက ဘယ်လိုမှ ထိန်းမရ၊ သိမ်းမရဖြစ်နေကာ ခြေဖျားလက်ဖျားများလည်း အေးစက်လာပြီး ထိုင်မရ၊ ထမရတို့ ဖြစ်လာ၏။

သူ ဒီစာကို ပို့ထားတာ လွန်ခဲ့တဲ့ တစ်နာရီတည်းကဆိုတော့ အခု ဘာများဖြစ်နေပြီလဲ ဆိုပြီး ပိုစိတ်ပူလာမိ၏။

အကြိမ်ကြိမ် ပြန်ခေါ်ကြည့်သော်လည်း ဆောင်ဟွန်းဘက်က ဖုန်းကိုင်လာခြင်းမရှိ၍ ဆောင်ဟွန်းပြောတဲ့ ဆေးရုံကို အလောတကြီး လိုက်သွားဖို့ပဲ နည်းရှိတော့သည်။

ဖုန်းခေါ်လို့ မကိုင်တဲ့အဆုံး ဖွင့်နားမထောင်ရသေးတဲ့ ဆောင်ဟွန်းဆီက voice mailလေးကို သတိရသွား၏။




ကျုံးဆောင်းရား!
ဒီနေ့ စာမေးပွဲနောက်ဆုံးနေ့ဆိုတော့
မင်းဖြေနိုင်တယ်မလား
ရုတ်တရတ်ကြီး အဆက်အသွယ်ဖြတ်လိုက်မိလို့
တောင်းပန်ပါတယ်။ မင်းပို့ထားတဲ့ messageအရှည်ကြီးကို ငါတွေ့ပြီးပြီ။ အရင်ဆုံး အခုမှ ဘာလို့ ပြန်ဆက်သွယ်လည်းဆိုတာ ရှင်းပြရမယ် ထင်တယ်နော်...
ငါ နိုင်ငံခြားကို ထွက်သွားတာ မဟုတ်ဘူး။
မင်းကို လိမ်ခဲ့တာ အဲ့တာအတွက်လည်း
တောင်းပန်ပါတယ်
တကယ်က......



















ကျွီ..... ဒုန်း!!






အသံအကျယ်ကြီးနဲ့အတူ ဂျုံဆောင်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံး လေပေါ်မြှောက်တက်သွား၏။

ကိုင်ထားတဲ့ ဖုန်းနဲ့ လွယ်ထားတဲ့ လွယ်အိတ်တို့က မြေပြင်ပေါ်မှာ ဟိုတစ်နေရာ ဒီနေရာ ပြန့်ကျဲနေလျက်။

ခန္ဓာကိုယ်က လေပေါ်ကနေ မြေပြင်ပေါ် သို့ ညင်ညင်သာသာမကျလာနိုင်ဘဲ လမ်းမတစ်ဖက်ခြမ်းကို လှူးလိမ့်စွာနဲ့ အရှိန်ပြင်းပြင်း ပြန်ဆောင့်ကျလာ၏။

ခေါင်းမှ ထွက်လာတဲ့ နီနီရဲရဲ သွေးအိုင်ကြီးကြောင့် အနီးအနားက လူများ ဝိုင်းအုံကြည့်လာကြသည်။

ကိုယ်ကို လှုပ်ကာ သတိမမေ့အောင် လုပ်တဲ့သူကလုပ်၊ ဆေးရုံကား ခေါ်တဲ့သူက ခေါ်နဲ့ တဖြည်းဖြည်း လူအုပ်က ကြီးလာ၏။

လက်ကော ခြေထောက်ကော လှုပ်လို့မရတော့ပေမဲ့ ဆောင်ဟွန်းဆီ လိုက်သွားဖို့ လိုအပ်တယ် ဆိုတဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒကြောင့် မျက်၀န်းထက်မှ မျက်ရည်တစ်ပေါက်ကို ကျဆင်းလာစေ၏။

များမကြာမီ တဖြည်းဖြည်းနဲ့ ဝိုင်းအုံကြည့်နေကြတဲ့ လူအုပ်ကြီးကော၊ စူးရှလွန်းတဲ့ ကောင်းကင်ပေါ်က နေမင်းကြီးရဲ့ အလင်းရောင်ကော တဖြည်းဖြည်းဝေဝါးလာကာ ဂျုံဆောင်းရဲ့ ကမ္ဘာလောကကြီး တစ်ခုလုံး အမှောင်ကျသွားလေတော့သည်။



" ကျောင်းသားငယ်ငယ်လေးဟယ် ဒီနေ့မှ စာမေးပွဲဖြေပြီးတဲ့ပုံပဲ သနားပါတယ် "

" လမ်းကြားထဲကနေ ပြေးလာပြီး လမ်းဖြတ်ကူးဖို့လုပ်တာ ဟိုက ဘရိတ်မမိတဲ့ ကုန်ကားကြီးနဲ့ တိုက်မိသွားတာတဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ဟယ် "

" ကုန်ကားက သူ့ဘာသာ သူ့အရှိန်နဲ့သွားနေတာ အဲ့ကောင်လေးက ဖုန်းသုံးရင်း လမ်းဖြတ်ကူးတာ ကားကို မမြင်တာ တဲ့။ သနားဖို့ကောင်းပေမဲ့ လမ်းသွားရင်း ဖုန်းမသုံးသင့်ဘူးလေ "

မှတ်ချက်မျိုးစုံပေးနေတဲ့ လူအုပ်ကြီးကြားထဲကို ဆေးရုံကား ရောက်ရှိလာကာ ဂျုံဆောင်းရဲ့ ခန္ဓာကိုယ်ကို ယူဆောင်သွားကြတော့သည်။



......


















"  ဘာမှမကြောက်နဲ့နော် ဆောင်ဟွန်းလေး ခဏအိပ်ပြီး ပြန်နိုးလာရင် အားလုံးအဆင်ပြေသွားမှာ "

နောက် ၅မိနစ်လောက်ဆို ခွဲစိတ်ခန်း ၀င်ရတော့မှာမို့ တစ်မိသားစုလုံးက အခန်းထဲအတူရှိနေပေးကာ အားပေးကား ပြောကြားပေးနေပေမဲ့ ဆောင်ဟွန်းကတော့ တံခါးဘက်ကိုသာ တမျှော်မျှော်နဲ့ ငေးကြည့်နေမိသည်။

" ဟို အပြင်မှာ ကျွန်တော့်ကို ရှာနေတဲ့ တစ်ယောက်ယောက်ကို မတွေ့မိဘူးလားဟင် "

" ဘယ်သူမှ လာရှာတာ မတွေ့မိဘူးနော် ဘယ်သူ လာမှာမို့လို့လဲ "

" အစ်ကို ပြောသလို ကျွန်တော့် သူငယ်ချင်း ဂျုံဆောင်းကို ဖုန်းဆက်ကြည့်တာ၊ ဖုန်းမကိုင်လို့ messageကော voice mailကော ပို့ထားတာ။ သူ မလာသေးဘူးလားဟင် "

" ဪ မမြင်သေးလို့ နေမှာပါ။
အဲ့တာတွေ ထားလိုက်တော့ အခု သွားရတော့မယ်။
ဆောင်ဟွန်း ပြန်နိုးလာရင် သူရောက်နေလောက်မှာပါ။ အခု နေပြန်ကောင်းဖို့ပဲ အာရုံစိုက်ရောက်အောင်နော် "

ဆရာ၀န်တွေက ကုတင်လေးကို ဖြည်းဖြည်းချင်းစီ operation room‌ဆီသို့ တွန်းသွားကြသည်။

မိဘများနဲ့ မောင်နှမ ၂ယောက်က စိုးရိမ်ပူပန်သော အကြည့်တို့ဖြင့် အတတ်နိုင်ဆုံး ပြုံးပြထားသည်ကို တွေ့ရသည်။

ဆောင်ဟွန်းကတော့ သူ့ဆီကို အပြေးလာမယ့် ဂျုံဆောင်းကို မျက်စိတဆုံး မျှော်နေရင်းနဲ့ ခွဲစိတ်ခန်းထဲသို့ ရောက်ရှိသွားလေတော့သည်။




ဂျုံဆောင်းက ဒီကို ဘယ်တော့မှ ရောက်အောင် မလာနိုင်တော့ဘူးဆိုတာကိုတောင် ဆောင်ဟွန်း သိနိုင်မည်မထင်တော့ပါ....

လမ်းတစ်ဖက်ကို လွင့်ထွက်သွား၍ ကြေမွပျက်စီးသွားသည့် ဖုန်းလေးထဲက ဆောင်ဟွန်းရဲ့ voice messageလေးကိုလည်း ဂျုံဆောင်းတစ်ယောက် အပြီးထိ နားထောင်ဖို့ အခွင့်အရေး မရှိတော့၊ သူ့ကို ဆောင်ဟွန်းက ဘာလို့ လိမ်ခဲ့ရသလဲဆိုတဲ့ အကြောင်းပြချက်လေးကိုတောင် မကြားသွားရ.....

နိုးလာရင် ဘေးမှာ ဂျုံဆောင်းရှိနေ‌မှာ ဆိုတဲ့ မျှော်လင့်ချက်နဲ့ operation roomထဲ ဝင်သွားခဲ့သော ဆောင်ဟွန်းအဖို့ ပြန်နိုးထလာဖို့ အခွင့်အရေးကော ရှိနိုင်လောက်ပါ့မလား....





ကံကြမ္မာက ရက်စက်စွာ ဖန်တီးခဲ့တဲ့ လူသား၂ဦး၏ ဇာတ်လမ်းလေးသည် ဤနေရာမှာတွင် ပြီးဆုံးခဲ့လေတော့သည်။











ကျုံးဆောင်းရား။
ဒီနေ့ စာမေးပွဲနောက်ဆုံးနေ့ဆိုတော့
မင်းဖြေနိုင်တယ်မလား
ရုတ်တရတ်ကြီး အဆက်အသွယ်ဖြတ်လိုက်မိလို့
တောင်းပန်ပါတယ်။
မင်းပို့ထားတဲ့ messageအရှည်ကြီးကို ငါတွေ့ပြီးပြီ။
အရင်ဆုံး အခုမှ ဘာလို့ ပြန်ဆက်သွယ်လည်းဆိုတာ
ရှင်းပြရမယ်ထင်တယ်နော်
ငါ နိုင်ငံခြားကို ထွက်သွားတာ မဟုတ်ဘူး။
မင်းကို လိမ်ခဲ့တာ အဲ့တာအတွက်လည်း
တောင်းပန်ပါတယ်

တကယ်က ငါနေမကောင်းဖြစ်နေတာ အဲ့အတွက် ဆေးကုသရမှာမို့ မင်းကို အဲ့လို လိမ်ခဲ့မိတာ
မင်း ဒီအကြောင်းကြားရင် စိတ်ပူနေမှာစိုးလို့ တမင် မပြောဘဲ နေခဲ့တာ တောင်းပန်ပါတယ်....
ဒါပေမဲ့လည်း ဂျုံဆောင်းရာ ငါ အခု လိမ်ရတာ
ပင်ပန်းလာပြီ။

ငါ မင်းကို သဘောကျတယ်၊
မင်းနဲ့ အတူလျှောက်လည်ရတာကို ပျော်တယ်၊
မင်းတီးတဲ့ ဂစ်တာအသံကို နေ့တိုင်းနားထောင်ချင်တယ်
ပြီးတော့ ငါ မင်းကို ချစ်တယ် ပတ်ဂျုံဆောင်း

အခုမှ ဒီလိုပြောတာ နောက်ကျနေပြီလားမသိပေမဲ့ ဒါကို နားထောင်ပြီးရင် ငါပြောတဲ့ ဆေးရုံကို လာခဲ့ပေးပါလား
ခွဲစိတ်ခန်းမ၀င်ခင် မင်းဆီက အားပေးစကားလေး ကြားချင်လို့၊ ငါ လာဆိုတိုင်း အလောတကြီးမဟုတ်ဘဲ
ဖြည်းဖြည်းလာဦး!
နောက်ကျမှ ရောက်လာလည်း ကိစ္စမရှိဘူး
ငါ သတိပြန်ရလာရင် ငါ့ဘေးမှာ ရှိနေတဲ့ မင်းမျက်နှာလေးကို မြင်လိုက်ရရင် ကျေနပ်ပြီမို့လို့။

အဲ့တာဆို ငါ စောင့်နေမယ်နော်......





Afterlife ဆိုတာ တကယ်ရှိခဲ့မယ်ဆိုရင်တော့ ဂျုံဆောင်းနဲ့ ဆောင်ဟွန်းက သေချာပေါက် ပြန်တွေ့ဖြစ်လောက်မှာပါ။

အဲ့အခါကြ ဒီဘဝမှာ မပြောဖြစ်၊ မကြားဖြစ်သွားတဲ့ စကားတွေကို တဝကြီးပြောရင်း သူငယ်ချင်းထက်ပိုတဲ့ ဆက်ဆံရေးသို့ တက်လှမ်းရင် ပျော်စရာ အမှတ်တရများ ဖန်တီးကာ နေထိုင်သွားလိမ့်မည်ဟု မျှော်လင့်ရင်း.....











Let's Not Fall In Love














The End
_______________________














Let's Not Fall In Love







ေဆာင္ဟြန္းက ေနာက္ပိုင္း အတန္းပ်က္တာ မ်ားလာသည္။

ေခါင္းကိုက္တာ ပိုဆိုးလာ၍ ေက်ာင္းကေန ခြင့္ယူရန္ အိမ္က တိုက္တြန္းလိုက္ေသာေၾကာင့္ ခြင့္ မယူခ်င္ဘဲ ယူခဲ့ရသည္။
ခြဲစိတ္ကုသဖို႔ ရက္မတိုင္ခင္အထိ ေဆး႐ုံနဲ႕ အိမ္က အိမ္ဦးနဲ႕ ၾကမ္းျပင္လို သြားေနရမွာျဖစ္သည္။

တစ္ဖက္တြင္လည္း အတန္းထဲမွာ သူ႕ေဘးက ထိုင္ခုံ အလြတ္ေလးကို ၾကည့္ၿပီး လြမ္းေဆြးေနရတဲ့ ဂ်ဳံေဆာင္းတစ္ေယာက္က ရွိေနေပသည္။


အဲ့ေန႕။

သူတို႔ေတြ ေက်ာင္းႀကီးရဲ႕ အေနာက္ဘက္မွာ ပထမဆုံးအေနနဲ႕ နမ္းရွိုက္ခဲ့ၾကတဲ့ ေန႕။
အဲ့ေန႕ၿပီးကတည္းက ေဆာင္ဟြန္းက ေက်ာင္းကို မလာေတာ့ျခင္းျဖစ္သည္။
ဂ်ဳံေဆာင္း ဖုန္းဆက္တာေတြလည္းမကိုင္၊ ပို႔ထားတဲ့ မက္ေဆ့ခ္်ေတြကိုလည္း မဖတ္နဲ႕၊ အေျခအေနက စိတ္က်ဥ္းၾကပ္ဖို႔ ေကာင္းလွသည္။

ေဆာင္ဟြန္း ေက်ာင္းပ်က္တာ တစ္ပတ္ထက္ၾကာေနၿပီျဖစ္၍ အတန္းပိုင္ဆရာမဆီ သြားေမးၾကည့္ေတာ့လည္း

" အိမ္မွာ ကိစၥေလးေတြ ရွိလို႔ ခြင့္ရက္ရွည္ယူပါရေစလို႔ပဲ ေက်ာင္းအုပ္ႀကီးကို တိုက္ရိုက္လာေျပာသြားတာ၊ ဆရာမလည္း ေသခ်ာမသိဘူး သား။ " လို႔သာ ျပန္ေျဖသည္။

‌စာလည္းေတာ္၊ အဆင့္ေတြကလည္းေကာင္း၊ မိဘေနာက္ခံကလည္း ရွိေတာ့ ေက်ာင္းအုပ္ႀကီးကို တိုက္ရိုက္ ခြင့္သြားတိုင္႐ုံနဲ႕ ကိစၥကၿပီးသည္။

ဒါေပမဲ့ အေၾကာင္းအရင္း တိတိက်က်မေျပာဘဲ ႐ုတ္တရတ္ႀကီး ေပ်ာက္သြားတာက အဓိပၸါယ္မရွိဘူးမလား။

" မင္းမွာ တကယ္ပဲ ဘာကိစၥေတြရွိေနလို႔လဲ ေဆာင္ဟြန္းရာ...."

အၿမဲတမ္း ေဘးမွာ ရွိေနတဲ့ ပါးခ်ိဳင့္ေလး ထင္းသြားတဲ့အထိ ၿပဳံးျပတတ္တဲ့ ထို ေကာင္ေလးေၾကာင့္ ဂ်ဳံေဆာင္းက ေက်ာင္းတက္ၿပီး ေရွ႕ဆုံးမွာထိုင္ကာ စာလုပ္ရသည္ကို ႏွစ္သက္လာျခင္းျဖစ္သည္။

အခု ဘ၀ရဲ႕ ေပ်ာ္႐ႊင္မႈေလးမရွိေတာ့ ေက်ာင္းတက္ေနရတဲ့ေန႕ေတြ၊ ေက်ာင္းျပန္ရတဲ့အခ်ိန္ေတြက အေဖာ္မဲ့ လြမ္းေဆြးဖြယ္ျဖစ္ေန၏။

ေဆာင္ဟြန္းနဲ႕ အတူတူ တကၠသိုလ္ လိုက္တက္မယ္ဆိုတဲ့ ရည္မွန္းခ်က္က ဘယ္ဆီ၊ ဘယ္ေနရာကို ေရာက္ေနၿပီလဲမသိေတာ့ေပ။

" သတိရလိုက္တာ..... "

Let's Not Fall In Love ༝✧












ျပတင္းေပါက္ကေန ျမင္ေနရတဲ့ လမင္းႀကီးက လင္းထိန္လွပေန၏။
ေလျပည္ေအးေလးက ဖြင့္ထားတဲ့ ျပတင္းေပါက္ကေနတစ္ဆင့္ လြန႔္လူးလ်က္ အခန္းထဲသို႔ ၀င္လာ၏။
အရိုးထဲသို႔ စိမ့္၀င္သြားေလာက္တဲ့အထိ ေအးျမေသာ ထိုေလျပည္ကို အခန္းထဲသို႔ မဝင္လာေအာင္လုပ္ဖို႔ ေဆာင္ဟြန္းမွာ အစီအစဥ္မရွိ၊
ကုတင္ေပၚမွာ ထိုင္ေနလ်က္ ညေကာင္းကင္ယံမွာ ထြန္းလင္းေနတဲ့ လမင္းႀကီးကိုသာ ေငးေမာေနမိ၏။

" ျပတင္းေပါက္ႀကီး ပြင့္သြားတာကို နည္းနည္းပါးပါး ထပိတ္မွေပါ့ဟယ္။ ‌ေဆာင္းတြင္းႀကီး ညဘက္ကို ေလစိမ္းေတြ တိုက္မခံနဲ႕ ေတာ္ၾကာ ဖ်ားေနဦးမယ္ "

ေဆာင္ဟြန္းရဲ႕ မမက အခန္းထဲကို ၀င္လာၿပီး ျပတင္းေပါက္ကို ေသခ်ာ ျပန္ပိတ္ေပးကာ က႐ုဏာေဒါသျဖစ္စြာ ဆုံးမသည္။

တကယ္ဆို မမက ျပင္သစ္မွာ သူ႕အလုပ္နဲ႕သူ အေျခခ်အဆင္ေျပေနၿပီကို ေမာင္ျဖစ္သူက ေနမေကာင္းျဖစ္ေနတယ္ၾကား၍ ခ်က္ခ်င္း ျပန္ေျပးလာခဲ့ရျခင္းျဖစ္သည္။
ထို႔အတူ ေဆာင္ဟြန္းရဲ႕ အစ္ကိုမွာလည္း အဂၤလန္မွာ ေက်ာင္းတက္ေနရင္း ခြင့္ယူကာ အိမ္မွာ ညီေလးနဲ႕ အေဖာ္လာျပဳေပးေနရ၏။

သူတစ္ေယာက္တည္းအတြက္နဲ႕ မိသားစု၀င္ေတြက သူ႕ဘ၀ေတြကို စြန႔္လႊတ္ၿပီး ဒီကို ျပန္လာရတာကို ေဆာင္ဟြန္း မႀကိဳက္။

ဘယ္သူ႕ကိုမွ ၀န္ထုပ္၀န္ပိုး မျဖစ္ေစခ်င္၍ ေဆြမ်ိဳးေတြ၊ ေက်ာင္းက ဆရာ၊ဆရာမေတြကိုေရာ၊ အတန္းေဖာ္ေတြကိုေရာ ဘာမွမေျပာဖို႔ အိမ္ကို ေတာင္းဆိုထားေပမဲ့ အစ္ကိုနဲ႕ အစ္မကေတာ့ အေမရိကားသြားၿပီး ေဆးစစ္မယ့္သတင္းၾကားကတည္းက ခ်က္ခ်င္းလိုက္လာၾကျခင္းျဖစ္သည္။

" ေဆာင္ဟြန္း စားခ်င္တာ မရွိဘူးလား။ မမ လုပ္ေကြၽးမယ္ေလ ဒါမွမဟုတ္ ဆိုင္က မွာေပးဆိုလည္း မွာေပးမယ္။ "

ကုတင္ေပၚမွာ ခြလုံးကို ဖက္၊ ေစာင္ကို တစ္ကိုယ္လုံးနီးပါး အျပည့္ၿခဳံကာ၊ အိပ္ခ်င္ဟန္ေဆာင္ေနေသာ ေဆာင္ဟြန္းကို မမက သူ႕ ဆံပင္ေတြကို ညင္သာစြာ သပ္ေပးကာ ေမးလိုက္သည္။

" ေမာင္ေလး ပ်င္းေနတယ္ဆိုရင္ ကိုကိုနဲ႕ စကားသြားေျပာၾကည့္ရင္ေရာ၊ ဒါမွမဟုတ္ အၾကာႀကီးေနမွ တို႔ ေမာင္ႏွမ သုံးေယာက္ ကာရာအိုေက ဆိုၾကမလား။ "

မမကို ေက်ာေပးကာ အိပ္ေနတဲ့ဘက္မွ မ်က္ရည္မ်ား တစ္စက္ခ်င္းစီ က်ဆင္းလာ၏။
မမကေတာ့ ရိပ္မိမယ္ မထင္ေလာက္ပါ။
ငယ္ငယ္ကေတာ့ ဘာလုပ္လုပ္ ေမာင္ႏွမ ၃ေယာက္ အတူတူလုပ္ၾက၊ ကစားၾကေပမဲ့ ႀကီးလာေတာ့ ကိုယ့္ဘ၀ ကိုယ့္တက္လမ္းကိုယ္စီနဲ႕ ေဝးကြာသြားတာ ျပန္ဆုံေတြ႕ရျပန္ေတာ့လည္း ဘ၀ရဲ႕ ေနာက္ဆုံးအခ်ိန္မွာတဲ့လား။

ဒီအေၾကာင္းကို ေဆာင္ဟြန္းေရွ႕မွာ ထုတ္မေျပာေပမဲ့ ကိုကိုနဲ႕ မမတို႔ရဲ႕ ရင္ထဲမွာလည္း ျဖည္မဆည္နိုင္ေအာင္ နာက်င္ေနကာ ေရတြက္၍ မရေအာင္ ငိုေႂကြးျဖစ္ခဲ့မွာလည္း ေသခ်ာ၏။

" ဒါမွမဟုတ္ စိတ္ေျပလက္ေပ်ာက္ျဖစ္ေအာင္ ဖုန္းျပန္သုံးမလား။ ေမေမ မသိေအာင္ မမ သြားယူလာေပးမယ္ ခဏေလးေနာ္ "

မမက ေဆာင္ဟြန္းအေျဖကို မေစာင့္ဘဲ သူ႕ ေမာင္အတြက္ ေမေမ့အခန္းထဲက ဖုန္းကို သြားခိုးေပးဖို႔ အခန္းထဲက ထြက္သြားသည္။

မမမသိတဲ့အခ်က္က ေမေမက ဖုန္းသိမ္းထားျခင္းမဟုတ္ဘဲ၊ ‌ေဆာင္ဟြန္း ကိုယ္တိုင္က ေမေမ့ဆီမွာ ဖုန္းအပ္ထားျခင္းျဖစ္သည္။

ဂ်ဳံ‌ေဆာင္းဆီက ေန႕စဥ္ဆက္တိုက္ ဝင္လာတဲ့ missed callsေတြ၊ တေတာင္ေတာင္နဲ႕ နိုတီတက္လာေတာ့ messagesေတြကို သူ ဖြင့္ဖတ္ၾကည့္ဖို႔ သတၱိမရွိ။

တကယ္လည္း သူ မလုပ္သင့္မွန္းသိေသာ္လည္း တစ္ကိုယ္ေကာင္းဆန္ကာ ဂ်ဳံေဆာင္းကို နမ္းခဲ့ၿပီး သူရဲေဘာေၾကာင္စြာ ေရွာင္ေျပးခဲ့တာ မဟုတ္ေပလား။
....



၂ပတ္ၾကာေတာ့ ေဆာင္ဟြန္းက ေက်ာင္းကို ျပန္ေရာက္လာသည္။
နဂိုထက္ နည္းနည္းေလး ပိန္သြားတာကလြဲရင္ အရင္လို သြက္လက္ဖ်တ္လတ္ေနဆဲ။
အတန္းေဖာ္ေတြနဲ႕ ဆရာ၊ဆရာမတို႔က အၾကာႀကီးေနမွ ျပန္ေတြ႕ရလို႔ ၀မ္းသာအားရႀကိဳဆိုၾကသည္။
ေဆာင္ဟြန္းကလည္း ရင္ထဲကမပါလိုျငား တတ္နိုင္သေလာက္ အေတာက္ပဆုံး ၿပဳံးကာ ျပန္ႏႈတ္ဆက္သည္။

ေဆာင္ဟြန္း ေက်ာင္းျပန္တက္တဲ့ေန႕မွ ဂ်ဳံေဆာင္းက ေက်ာင္းမလာခဲ့ေတာ့ ဒီတစ္ခါ ေမွ်ာ္ေနရတဲ့သူက ေဆာင္ဟြန္း ျဖစ္ခဲ့ေလေတာ့သည္။





" ရား ပတ္ဂ်ဳံေဆာင္း! "

ဂ်ဳံေဆာင္း အလုပ္လုပ္ေနတဲ့ ေက်ာင္းနားက ၂၄နာရီ စတိုးမွာ သူ အလုပ္ခ်ိန္ၿပီးတဲ့အထိ ေဆာင္ဟြန္းက သြားေစာင့္ေန၏။

ေက်ာင္းသာ မလာတာ၊ အလုပ္ကိုေတာ့ တစ္ရက္ေလးေတာင္ အပ်က္မခံမွန္း ေဆာင္ဟြန္း ေကာင္းေကာင္း သေဘာေပါက္၍ ေက်ာင္းၿပီးတာနဲ႕ သြားေစာင့္ေနကာ အထဲမ၀င္ဘဲ အျပင္ဘက္ကေန ဆိုင္ထဲမွာ အလုပ္လုပ္ေနတဲ့ ဂ်ဳံေဆာင္းကို ေစာင့္ၾကည့္ေနခဲ့ျခင္းျဖစ္သည္။

" အခု အလုပ္ၿပီးၿပီမလား။ ထမင္းသြားစားရေအာင္ ငါ ဗိုက္ဆာေနၿပီ "

ဂ်ဳံေဆာင္းရဲ႕ လက္ကို ဆြဲၿပီး သြားဖို႔က်န္ေပမဲ့ သူက လိုက္လာျခင္းမရွိခဲ့။
စကားတစ္ခြန္းမွလည္း ေျပာျခင္းမရွိဘဲ ‌သူ႕ကို ကိုင္ထားတဲ့ ေဆာင္ဟြန္းရဲ႕ လက္တို႔ကိုသာ ေငးၾကည့္ေန၏။

" မင္း ငါ့ကို စိတ္ဆိုးေနတယ္ဆိုတာ သိတယ္။
စိတ္ဆိုးေျပတဲ့အထိ မင္း ခိုင္းတာ ငါလုပ္မွာမလို႔ အရင္ဦးဆုံး တစ္ခုခုသြားစားရေအာင္ လာပါကြာ "

ဂ်ဳံေဆာင္းက ဘာမွျပန္ေျဖျခင္းမရွိဘဲ မ်က္ရည္မ်ား ဝဲတက္ေနေသာ အၾကည့္တို႔ျဖင့္ ေဆာင္ဟြန္းကို ေငးၾကည့္ေတာ့ ေဆာင္ဟြန္း ႏွလုံးသားခမ်ာ နာက်င္ခံစားရျပန္၏။

" ေတာ္ေသးတာေပါ့ အသက္ရွင္ေနေသးလို႔..... "

ဂ်ဳံေဆာင္းက ေဆာင္ဟြန္းကို အားနဲ႕ ဆြဲဖက္ကာ ေခါင္းကို ခပ္ဖြဖြပုတ္ေပးလိုက္သည္။

" ႐ုတ္တရတ္ႀကီး ထပ္ေပ်ာက္သြားေတာ့ ေသၿပီထင္ေနတာ ငါ့ေကာင္ရာ။ ငါဖုန္းဆက္တာေတြလည္း မကိုင္ဘူး။ အရင္အိမ္မွာလည္း မေနေတာ့ဘူးဆို။ "

ပထမစကားၾကားၾကားခ်င္း ဂ်ဳံေဆာင္း သိသြားၿပီထင္ၿပီး ရင္ထဲ ဒိန္းခနဲျဖစ္သြားတာ၊ ေနာက္ သူေျပာတာေတြ ဆက္ၾကားမွ သက္ျပင္းခ်မိသည္။

အိမ္အထိပါ သြားရွာၿပီး ေမးခဲ့ပုံရေပမဲ့ ေဆာင္ဟြန္းအေၾကာင္း အခုထိ ဘာမွ မသိေသးပုံရသည္။
ဒီလိုေတြ ျဖစ္နိုင္တယ္လို႔ ႀကိဳျမင္ေနခဲ့လို႔ေရာ၊ သြားေရးလာေရး လြယ္ေအာင္လို႔ေရာ၊ ေဆး႐ုံနဲ႕ နားနားနီးနီးမွာ အိမ္တစ္လုံး၀ယ္ကာ ေျပာင္းေနခဲ့တဲ့ ကိစၥက မွန္ေနခဲ့လို႔ ေတာ္ေသးသည္။

" ေသစရာလားဟ အရွင္လတ္လတ္ႀကီးရွိေနလို႔ မင္း ငါ့ကို ဖက္ထားလို႔ရတာေပါ့ က်ဳံးေဆာင္းေလးရာ "

ေဆာင္ဟြန္းက ဂ်ဳံေဆာင္းဖက္ထားတာကေန ဖယ္ထုတ္လိုက္ကာ ဂ်ဳံေဆာင္းလက္ေမာင္းကို လက္သီးနဲ႕ ခပ္ဖြဖြထိုးကာ စေနာက္ၿပီး ေျပာသည္။

" သြားရေအာင္ မင္း ဘာစားခ်င္လဲ။ ငါတို႔ သြားေနၾကဆိုင္ပဲ သြားမလား။ "

ဂ်ဳံေဆာင္းက ရယ္ေမာေပ်ာ္႐ႊင္စြာနဲ႕ ေဆာင္ဟြန္းလက္ကို ဆြဲေခၚကာ သူတို႔ႏွစ္ေယာက္ ေက်ာင္းဆင္းတိုင္း သြားေနၾက ေတာ့ပိုကီဆိုင္ေလးသို႔ ဦးတည္သြားေတာ့သည္။

၂ပတ္ေက်ာ္ေလာက္ ေပ်ာက္ဆုံးေနတဲ့ ဂ်ဳံေဆာင္းရဲ႕ အၿပဳံးအစစ္အမွန္တို႔က အခုမွ ျပန္ေရာက္ရွိလာေတာ့၏။



" အဲ့ေတာ့ ဒီတစ္ခါၾက မင္း ငါ့ကို စိတ္မဆိုးေတာ့ဘူးလား "

ေဆာင္ဟြန္းလက္ထဲက ေဆးလိပ္ကို မီးျခစ္နဲ႕ မီးလာညွိေပးေနေသာ ဂ်ဳံေဆာင္းကို ၾကည့္ကာ ေမးလိုက္သည္။
ေဆးလိပ္ေသာက္ၾကည့္ခ်င္တယ္ဆိုတဲ့ ေဆာင္ဟြန္းရဲ႕ ေတာင္းဆိုမႈကို ဂ်ဳံေဆာင္းက ဒီတစ္ခါ လိုလိုလားလားနဲ႕ ျဖည္ဆည္းေပးလိုက္ျခင္းျဖစ္သည္။

" အစကေတာ့ စိတ္ဆိုးတာေပါ့ ဒါေပမဲ့ မင္း အခု ျပန္လာၿပီပဲကို စိတ္ဆိုးေနလည္း ဘာထူးေတာ့မွာလဲ "

ဂ်ဳံေဆာင္းက ေဆာင္ဟြန္းရဲ႕ ေဆးလိပ္ကို မီးညွိေပးၿပီး သူ႕ေဆးလိပ္ကို ျပန္မီးညွိကာ တစ္ဖြာ ဖြာလိုက္ၿပီးမွ ျဖည္းျဖည္းခ်င္း ျပန္ေျဖသည္။

ေဆာင္ဟြန္းကေတာ့ သူ႕ေဆးလိပ္ကို အခုထိ မတို႔ရေသး၊ ေလာင္ၿမိဳက္ေနတဲ့ ေဆးလိပ္တိုကိုၾကည့္ကာ ေခါင္းထဲမွာ အေတြးမ်ားျဖင့္ ျပည့္ႏွက္ေနသည္။

အခုေရာက္ရွိေနတဲ့ ေဆာက္လက္စ တိုက္အသစ္ႀကီးက ၂ႏွစ္ၾကာသြားလည္း မၿပီးေသး။
ဒီေနရာမွာပဲ ဂ်ဳံေဆာင္းက ေဆးလိပ္ေသာက္လို႔ ဆြဲယူလႊင့္ပစ္ခဲ့ၿပီး အခုေတာ့ သူနဲ႕အတူတူ လိုက္ေသာက္မိေန၏။

" ဟိုး အဆုတ္ထဲ အထိေရာက္ေအာင္ တစ္ခါရႉသြင္းၿပီး ျဖည္းျဖည္းခ်င္း ျပန္မႈတ္လိုက္ "

ဂ်ဳံေဆာင္းက ေဆးလိပ္ေသာက္ပုံေသာက္နည္းကို ေဆာင္းဟြန္းအား လက္ေတြ႕သ႐ုပ္ေဖာ္ျပသည္။
သူေျပာတဲ့အတိုင္း ေဆာင္ဟြန္းလည္း လိုက္လုပ္ၾကည့္ေပမဲ့ ‌သူ႕လိုေတာ့ ခပ္မိုက္မိုက္ ပုံစံမျဖစ္ဘဲ မီးခိုးေတြမႊန္ၿပီး ေခ်ာင္းေတြ တဟြတ္ဟြတ္ဆိုးတာသာ အဖတ္တင္သြား၏။

" အဲ့တာ‌ေၾကာင့္ ျဖည္းျဖည္းမႈတ္ထုတ္လို႔ ေျပာသားပဲ "

ဂ်ဳံေဆာင္းကေတာ့ ကူညီေပးျခင္းမရွိဘဲ ‌အားရပါးရ ေအာ္ရယ္ေနေတာ့သည္။
ရယ္ေမာျခင္းက ကူးစက္‌တတ္ေစ၏။
ဂ်ဳံေဆာင္းေၾကာင့္ ေဆာင္ဟြန္းလည္း အၾကာႀကီးေနမွ လွိုက္လွိုက္ေမာေမာ ျပန္ရယ္ျဖစ္ေတာ့သည္။







" ငါ နိုင္ငံျခားသြားေတာ့မွာ "

ေကာင္းကင္ႀကီးက ၾကယ္တာရာေတြကို ေမာ့ၾကည့္ရင္း ေဆာင္ဟြန္းက ခပ္ေအးေအး ေျပာလိုက္သည္။

လက္ထဲက ေဆးလိပ္တိုကေတာ့ တစ္ခါ ေသာက္ၾကည့္ၿပီး ထပ္မေသာက္ျဖစ္ေတာ့ေပမဲ့ အေငြ႕မ်ား ထြက္ကာ ေတာက္ေလာင္ေနဆဲ။
ေျမျပင္ေပၚသို႔ ပစ္ခ်ကာ ေျခေထာက္နဲ႕ နင္းေခ်ပစ္လိုက္ရင္း ဂ်ဳံေဆာင္းျပန္ေျပာမယ့္ စကားကို ရင္တထိတ္ထိတ္နဲ႕ ေမွ်ာ္ေနမိသည္။

" ဘယ္ေတာ့သြားမွာလဲ "

" ဒီႏွစ္အတြင္းေပါ့။ အေဖတို႔ အလုပ္ကိစၥေတြ ေသခ်ာအေျခက်သြားရင္ သြားေတာ့မွာ "

" ဒီ စာသင္ႏွစ္ၿပီးတဲ့အထိေတာင္ မေစာင့္ေတာ့ဘူးလား "

ဂ်ဳံ‌ေဆာင္းက သက္ျပင္းခ်ၿပီး ေလးလံစြာ ေမးလိုက္၏။
ေဆာင္ဟြန္းကေတာ့ အခုထိ သူ႕မ်က္ႏွာကို ေသခ်ာၾကည့္ၿပီး မေျပာရဲေသး၊ အေဝးတစ္ေနရာကို ေငးလ်က္သာ ေမးသမွ်ကို ျပန္ေျဖေန၏။

" အင္း။ ဟိုမွာပဲ ဆက္တက္ရင္း collegeတန္း joinေတာ့မလို႔ အဲ့တာဆို ၀င္ခြင့္ေတြဘာေတြေျဖစရာမလိုေတာ့ဘူးေလ "

" အဲ့တာေတြျပင္ဆင္ေနရလို႔လား မင္း ပိန္သြားသလိုပဲေနာ္။ ေကာင္းေတာ့ေကာင္းပါတယ္ မင္းက ညဏ္ေကာင္းၿပီးသားပဲကို ေအးေဆးလုပ္နိုင္မွာပါ "

အရင္လို ျပသာနာရွာၿပီး ေအာ္ဟစ္ေတာ့မယ္ ထင္ခဲ့ေသာ္လည္း ထူးဆန္းစြာနဲ႕ ဂ်ဳံေဆာင္းက သေဘာထားႀကီးႀကီး အားေပးေနခဲ့၏။
လိမ္ရတဲ့ ေဆာင္ဟြန္းကိုေတာင္ အျပစ္ႀကီးသြားသလို ခံစားမိသြားေစရ၏။

" အဲ့တာေၾကာင့္မို႔လို႔ မင္းက ငါတို႔၂ေယာက္ ခ်စ္မိလို႔ မရဘူးလို႔ ေျပာခဲ့တာကိုး..... အခုေတာ့ သေဘာေပါက္သြားၿပီ ဟားဟား "

ရင္ထဲကမပါတဲ့ ရယ္သံေတြရဲ႕ေနာက္မွာ မ်က္ရည္ေတြ ဝဲေနတဲ့ ဂ်ဳံေဆာင္းရဲ႕ မ်က္၀န္းတို႔က ေနရာယူလို႔ ေနခဲ့၏။
ေဆာင္ဟြန္းကေတာ့ ဘာတစ္ခြန္းမွ ျပန္မေျပာျဖစ္၊ ေမွာင္မိုက္ေနတဲ့ ညေကာင္းကင္ကိုသာ ေငးေမာေနခဲ့၏။

" ေက်ာင္းပိတ္ရင္ ခဏေတာ့ ျပန္လာဦးမွာမလား "

" မေသခ်ာဘူး ျပန္မလာျဖစ္ဖို႔ေတာ့ မ်ားတယ္...... "

ေဆာင္ဟြန္းက ဒီနိုင္ငံကိုမဟုတ္ဘဲ ဒီဘ၀ကို ျပန္လာဖို႔ေတာင္ အခြင့္အေရးမရွိေတာ့ေၾကာင္းကို ဂ်ဳံေဆာင္းမသိ။

မသြားပါနဲ႕လို႔ ပါးစပ္က ထုတ္ေျပာတားျမစ္ျခင္း မရွိေပမဲ့ တင္းတင္းဆုပ္ထားတဲ့ လက္သီးႏွစ္ဖက္နဲ႕ ဖိကိုက္ထားတဲ့ ေအာက္ႏႈတ္ခမ္းမွာေတာ့ ေသြးမ်ား ဆို႔တက္ေနေလၿပီ။

" အင္း ေကာင္းေကာင္းသြားေနာ္။ "

ဂ်ဳံ‌ေဆာင္းက ေဆာင္ဟြန္းမ်က္ႏွာကို ေသခ်ာမၾကည့္ဘဲ ႏႈတ္ဆက္ကာ ေနရာမွ ထသြားေတာ့သည္။
အေနာက္သို႔ တစ္ခ်က္ ျပန္လွည့္မၾကည့္ဘဲ ထြက္လာခဲ့ေပမဲ့ ရင္ထဲမွာ ေလးလံေသာ ခံစားခ်က္ေတြအျပည့္၊ မ်က္၀န္းအိမ္မွာလည္း မ်က္ရည္ေတြ အျပည့္နဲ႕ ျဖစ္ေနခဲ့၏။

ေဆာင္ဟြန္းလည္း ဒီတစ္ခါေတာ့ တစ္ကိုယ္ေကာင္းမဆန္ရက္ေတာ့၊ ဒီေနရာမွာပဲ ထိုင္ေနရင္းနဲ႕ အသံမထြက္ေအာင္ ငိုရွိုက္ေနရင္းနဲ႕သာ က်န္ရစ္ခဲ့ေတာ့သည္။

Let's Not Fall In Love







6လၾကာခဲ့ၿပီ။
အထက္တန္း ေနာက္ဆုံးႏွစ္ကို ၿပီးဆုံးေအာင္ မတက္ျဖစ္ေတာ့ဘဲ၊ နိုင္ငံျခားထြက္ေတာ့မည္ဟု သတင္းလႊင့္ခဲ့ကာ ေဆး႐ုံမွာ လာေနေနရတာ 6လေတာင္ ရွိသြားခဲ့ၿပီ။
ေက်ာင္းသာဆက္တက္ျဖစ္ရင္ မနက္ျဖန္ဆို တကၠသိုလ္၀င္ခြင့္ စာေမးပြဲေတြေတာင္ ေျဖရေတာ့မွာ ျဖစ္သည္။

" ဒီေန႕ေကာ အေျခအေန ဘယ္လိုရွိလဲ။ ေခါင္းကိုက္ေသးလား သား။ "

" ဒီေန႕အတြက္ေတာ့ ေခါင္းမကိုက္ေသးဘူး။ ပ်ိဳ႕အန္ခ်င္တာေတြ၊ အျမင္အာ႐ုံဝါးတာလည္း မျဖစ္ဘူး ဆရာ။ "

" အမ်ားႀကီး တိုးတက္လာတာပဲ "

ဆရာ၀န္ႀကီးရဲ႕ ခ်ီးက်ဴးစကားတစ္ခြန္းက ေဘးနားမွာ ရွိေနတဲ့ မိသားစု၀င္ေတြ အားလုံးရဲ႕ စိတ္ပူပန္မႈေတြကို ‌ေျဖေလ်ာ့သြားေစကာ မ်က္ႏွာေပၚမွာ စိတ္ေက်နပ္သြားေစေသာ အၿပဳံးတစ္ပြင့္ကို ျပဳလုပ္နိုင္စြမ္းရွိ၏။

" ျဖစ္ရပ္က တကယ္ miracleလို႔ ေျပာရမလားပဲ။ ရလဒ္က သိသိသာသာ တိုးတက္လာတယ္၊ အက်ိတ္က အရင္ကေလာက္ မႀကီးေတာ့ဘူး။ စိတ္ေသခ်ာဆုံးျဖတ္နိုင္ၿပီဆိုရင္ ျမန္ျမန္ခြဲစိတ္လိုက္ပါေတာ့လား။ life expectancyကို ရနိုင္သေလာက္ ဆြဲဆန႔္ၾကတာေပါ့။ "

ေဆာင္ဟြန္းကလြဲၿပီး တစ္ျခားေသာ မိသားစုဝင္ေတြကို ေျပာေနေသာ ဆရာ၀န္ႀကီးရဲ႕ ရွင္းျပခ်က္မ်ားကို မမက ေသခ်ာပိတ္ဖို႔ေမ့သြားတဲ့ ဟတတတံခါးေလးဆီကေန ၾကားေနရ၏။

ဘယ္လိုပဲျဖစ္ျဖစ္ ဒီေရာဂါႀကီးျဖစ္ကတည္းက ေသခ်ာေပါက္ ေသမွာပဲကို သက္တမ္းဆြဲဆန႔္လည္း ဘာထူးေတာ့မွာလဲလို႔ ေဆာင္ဟြန္းက ေတြးေနမိသည္။
အမ်ားဆုံးေနရ 4-5ႏွစ္ထက္မပိုဘဲနဲ႕ကို ေငြကုန္ေၾကးက်ခံ၊ အပင္ပန္းခံၿပီးေတာ့ အၾကာႀကီး အသက္မရွင္ခ်င္ေတာ့။

အိမ္ကလူေတြကေတာ့ ဒီလိုေတြးမွာ မဟုတ္ေလာက္။

သူတို႔က က်န္ခဲ့ရမွာ၊ ကိုယ္က ထြက္သြားရမယ့္သူ၊
က်န္ခဲ့တဲ့သူေတြက ဘယ္လိုပဲျဖစ္ျဖစ္ ပို နာက်င္ခံစားရမွာ အမွန္ပဲမဟုတ္လား။
ထြက္သြားရတဲ့သူမွာ ဘာမွတ္ညဏ္၊ ဘာအမွတ္တရမွ ပါသြားမွာမဟုတ္။

ဒီလိုေတြးမိလို႔ပဲ ေဆာင္ဟြန္းက ဂ်ဳံေဆာင္းနဲ႕ သံေယာဇဥ္ရေအာင္ ျဖတ္ခဲ့ျခင္းျဖစ္ေပသည္။

Let's Not Fall In Love








" ညေနအတြက္ အဆင့္သင့္ျဖစ္ၿပီမလား "

တီ‌ဗြီမွာလာေနတဲ့ အစီအစဥ္မ်ိဳးစုံကို စိတ္မပါေပမဲ့ အာ႐ုံအေျပာင္းအလဲျဖစ္ေအာင္ ၾကည့္ေနတဲ့အခ်ိန္ ေဆာင္ဟြန္းရဲ႕ အစ္ကိုက အခန္းထဲသို႔ ဝင္လာၿပီး ေမးလိုက္သည္။

သိပ္မၾကာခင္ အခ်ိန္အတြင္း ခြဲစိတ္ခန္း ၀င္ရေတာ့မည္။

တစ္ႏွစ္ေလာက္ပဲ အသက္ရွင္နိုင္ေတာ့မယ္ဆိုတဲ့ စကားကို ဆန႔္က်င္ကာ အစြမ္းကုန္ ေဆးကုသမႈ ခံယူရင္း ခြဲစိတ္ရေတာ့မည့္ အေျခအေနသို႔ ေရာက္ရွိလာခဲ့ေလၿပီ။

ဒီညေနကမွ ေနာက္ဘာဆက္ျဖစ္မလဲ ဆိုတဲ့ ေမးခြန္းရဲ႕ အေျဖကို အဆုံးအျဖတ္ေပးမွာျဖစ္သည္။

ခြဲစိတ္တာ အဆင္ဆင္ေျပေျပ ၿပီးဆုံးသြားရင္ ေနာက္ 5ႏွစ္ေလာက္အထိ အသက္ဆက္ရွင္နိုင္ဖြယ္ရွိသည့္ 10%ေသာ လူနာေတြထဲ ေဆာင္ဟြန္းက ပါနိုင္ေခ်ရွိသည္ဟု ဆရာဝန္က အားေပးေျပာၾကားသျဖင့္ တစ္မိသားစုလုံးက အနည္းငယ္ ‌စိတ္သက္သာရာရကာ ယုံၾကည္အားကိုးစြာနဲ႕ ဆုေတာင္းမႈေတြပါ ျပဳလုပ္ေနၾက၏။

" ေဆာင္ဟြန္း သူငယ္ခ်င္းေတြဆီကေကာ အဆက္အသြယ္မရဘူးလား။ ပတ္ဂ်ဳံေဆာင္းဆိုလား ေဆာင္ဟြန္းနဲ႕ အရင္က တပူးပူး တတြဲတြဲျမင္ေနရတဲ့ ေကာင္ေလးေရာ? "

ေမ့ေမ့ေလ်ာ့ေလ်ာ့ေနခဲ့တဲ့ ထိုနာမည္ကို ေနာက္တစ္ႀကိမ္ ထပ္မံၾကားလိုက္ရေတာ့ အၾကာႀကီးၿငိမ္သက္ေနတဲ့ ႏွလုံးသားက ျဖည္းျဖည္းခ်င္း ျပန္လည္နိုးထလာ၏။

" ကြၽန္ေတာ့္ကို နိုင္ငံျခားသြားတယ္ပဲ သိထားၾကတာ။ ဒီအေၾကာင္းေတြ မေျပာျပျဖစ္ဘူး.... "

" ဘာလို႔လဲ။ "

" ဘာလို႔လဲဆို သူသာ ကြၽန္ေတာ္ ဒီလိုေတြျဖစ္ေနတာ သိရင္ အရမ္း၀မ္းနည္းၿပီး သူ႕ကိုယ္သူ အျပစ္တင္ရင္ တင္ေနေလာက္မွာ ကြၽန္ေတာ္ ေနမေကာင္းတာ သူနဲ႕ ဘာမွမဆိုင္ဘူးဆိုေပမဲ့လည္းေပါ့...."

ႏြမ္းလ်လ် အၿပဳံးပြင့္တစ္ခုဟာ လေပါင္းမ်ားစြာၾကာမွ ေဆာင္ဟြန္းမ်က္ႏွာထက္မွ ထြက္ေပၚလာ၏။

" ဒါေပမဲ့ ကိုယ့္ကို နားလည္ေပးတဲ့ အခ်စ္ဆုံးသူငယ္ခ်င္းရယ္လို႔ တစ္ဦးတည္းရွိတဲ့သူ႕ကို အမွန္အတိုင္း ေျပာျပသင့္တယ္ မထင္ဘူးလား။ အခုေလာက္ဆို စာေမးပြဲေတြ ေျဖၿပီးေလာက္ၿပီထင္တယ္ေနာ္။ ေဆာင္ဟြန္းက ညေနမွ ခြဲစိတ္ခန္းဝင္ရမွာဆိုေတာ့ တစ္ခါေလာက္ ျပန္စဥ္းစားပါဦးလား "

ေဆာင္ဟြန္းလက္ကို ကိုင္ကာ အစ္ကိုက ႏွစ္သိမ့္ေပးရင္ ေျပာခဲ့တဲ့ စကားတစ္ခြန္းကာ အေတြးထဲသို႔ နက္နက္နဲနဲ ၀င္ေရာက္လာ၏။

ဒီညေနက ႏွစ္အနည္းငယ္ေလာက္ အသက္ဆက္ရွင္မလား၊ ဒီအတိုင္းပဲ ဆက္သြားေနမွာလားဆိုတဲ့ ဆုံးျဖတ္ခ်က္ကို ခံရေတာ့မယ့္ အခ်ိန္။

အသက္ဆက္မရွင္ေလာက္ေတာ့ဘူးဆိုရင္ေတာင္ ေနာက္ဆုံးအေနနဲ႕ ဂ်ဳံေဆာင္းမ်က္ႏွာေလးကို ျမင္သြားခ်င္မိတဲ့ စိတ္တို႔ ေပၚေပါက္လာ၏။

သူနာက်င္ရမွာစိုး၍ လိမ္ညာၿပီး အဆက္အသြယ္ျဖတ္ခဲ့ေပမဲ့ တစ္ခ်ိန္ အျဖစ္မွန္ေတြကို သူသိသြားတဲ့အခါ ကိုယ့္ကိုယ္ကို အျပစ္တင္မုန္းတီးလို႔ ၿပီးပါေတာ့မလား။

ဆရာ၀န္ေျပာတဲ့ 10%က တကယ္လည္း ျဖစ္ေကာင္း ျဖစ္နိုင္လာသည္ဟုပါ ေတြးထင္မိလာ၏။
အဆိုးထဲက အေကာင္းကိုေတြးရင္ က်န္ရွိေနတဲ့ အခ်ိန္အတြင္း သူနဲ႕ အမွတ္တရေကာင္းတို႔ကို ဖန္တီးလို႔ ရနိုင္ေသးသည္။

အစ္ကို အခန္းထဲက ထြက္သြားေတာ့ ရက္အေတာ္ေတာ္ၾကာ ပါဝါပိတ္ထားတဲ့ ဖုန္းေလးကို ျပန္ဖြင့္လိုက္သည္။

ေမွ်ာ္လင့္ထားသလို ဂ်ဳံေဆာင္းဆီက messageေတြ အမ်ားႀကီးေရာက္ရွိမေန။ Missed callsေတြလည္းမရွိ။ test messageမွာ စာအရွည္ႀကီး တစ္ေစာင္သာ ရွိလို႔ေန၏။


ေဆာင္ဟြန္း ဟိုမွာ အဆင္ေျပေနရဲ႕လား။
ငါတို႔ ေနာက္ဆုံးေတြ႕တဲ့ေန႕က မင္းကို ေသခ်ာ မႏႈတ္ဆက္လိုက္ရလို႔ ငါ ေနာင္တရေနတာ။
တကယ္ေတာ့ ငါမင္းကို ဘယ္မွ ထြက္မသြားေစခ်င္ခဲ့ဘူး ေဆာင္ဟြန္းရာ။
မင္း အဆင္မေျပရင္ ငါတို႔ အျပန္အလွန္ခ်စ္ႀကိဳက္တဲ့ အဆင့္အထိ မသြားလည္းျဖစ္တာမို႔ အရင္လို ငါ့ေဘးမွာေနေပးၿပီး ငါနဲ႕ ဆက္ခင္ေပးပါ လို႔ ေျပာလိုက္ခ်င္တာေလ။
တကယ္တမ္းၾကေတာ့ ႏႈတ္က ဘာမွ ထြက္မလာဘူး။
အဲ့တာေတြ ထားပါေတာ့ ငါ တကၠသိုလ္၀င္ခြင့္ စာေမးပြဲ ၀င္ေျဖေတာ့မယ္။ ဆရာေတြက ငါ တကၠသိုလ္တစ္ခုခုေတာ့ သြားလို႔ရတဲ့ အေျခအေနေရာက္ေနၿပီတဲ့
မင္းနဲ႕ တကၠသိုလ္အတူတူလိုက္တက္ဖို႔ လုပ္ထားေပမဲ့ နိုင္ငံျခားအထိေတာ့ ငါ လိုက္မလာနိုင္ဘူးေလ ဟားဟား
ဘာပဲျဖစ္ျဖစ္ပါ ဒီအတိုင္း ကိုယ္တိုင္ကိုယ္က် မေျပာျဖစ္လိုက္တဲ့ စကားေတြကို ဖုန္းထဲက ေနျဖစ္ျဖစ္ ေျပာလိုက္ခ်င္တာမို႔ ပို႔လိုက္တာ။
ဒါဆို ဒီေလာက္ပဲ။ Bye!



ဂ်ဳံေဆာင္းရဲ႕  messageကို ဖတ္ၿပီး မ်က္ရည္မ်ားက ရပ္တန႔္လို႔မရေအာင္ က်ဆင္းလို႔ လာေတာ့သည္။
ရင္ထဲမွာလည္း ေအာင့္သက္သက္ ခံစားခ်က္ႀကီးက ေလးလံစြာနဲ႕ ေရာက္ရွိလို႔လာ၏။

လက္ဖမိုးနဲ႕ မ်က္ရည္မ်ားကို သုတ္၊ ငိုထားတဲ့ အသံမေပါက္ေအာင္ လည္ေခ်ာင္းရွင္းကာ ဖုန္း contactထဲက က်ဳံးေဆာင္းေလး ဆိုၿပီး မွတ္ထားတဲ့ နံပါတ္ကို ႏွိပ္လိုက္၏။


Let's Not Fall In Love












ဒီေန႕က အထက္တန္း ေနာက္ဆုံးႏွစ္ရဲ႕ ေနာက္ဆုံးစာေမးပြဲ (သို႔) တကၠသိုလ္ဝင္ခြင့္ စာေမးပြဲရဲ႕ ေနာက္ဆုံးေန႕ျဖစ္၏။

အိမ္ကေန တကူးတက လာႀကိဳေပးမယ့္သူေကာ၊ စာေမးပြဲၿပီးသြားလို႔ အတူတူ ခုန္ေပါက္ေပ်ာ္ေပးမယ့္ သူငယ္ခ်င္းေကာ မရွိသျဖင့္ ဂ်ဳံေဆာင္းကေတာ့ တစ္ေယာက္တည္း ေအးေအးေဆးေဆး ေက်ာင္းထဲမွာ ထြက္လာခဲ့ကာ အိမ္ကို တန္းမျပန္ဘဲ ေက်ာင္းနားက အရင္အလုပ္လုပ္ခဲ့တဲ့ convenient storeကေန အေအးတစ္ဘူးဝယ္လိုက္ကာ အျပင္က ထိုင္ခုံေတြမွာ ထိုင္လိုက္ၿပီး လြယ္အိတ္ထဲမွာ ပါဝါပိတ္ၿပီး သိမ္းထားတဲ့ ဖုန္းေလးကိုထုတ္ၾကည့္လိုက္၏။

" ဟင္ !? "

ေဆာင္ဟြန္းဆီက ထူးထူးဆန္းဆန္း missed calls 3ခု၊ voice message 1ေစာင္နဲ႕ text message တစ္ေစာင္ေရာက္ေနသျဖင့္ အရင္ဦးဆုံး အခုန္ျမန္လာတဲ့ ႏွလုံးသားေလးကို ထိန္းလိုက္ကာ text messageကို ဖြင့္ဖတ္ၾကည့္လိုက္မိသည္။

ဂ်ဳံေဆာင္း။ ငါမင္းကို ေျပာစရာရွိတယ္။
ဒီစာကို ေတြ႕ရင္ ငါ့ကို ဖုန္းျပန္ေခၚေပးေနာ္
အကယ္၍ မင္း ဖုန္းေခၚတာကို ငါ မကိုင္ရင္ေတာ့ (..) ေဆး႐ုံကို လာခဲ့ေပး



" ေက်းဇူးျပဳၿပီး ဖုန္းကိုင္စမ္းပါ ဖုန္းကိုင္လိုက္ပါ ပတ္ေဆာင္ဟြန္းရာ! "

တဒိတ္ဒိတ္ခုန္လာတဲ့ ရင္ခုန္သံက ဘယ္လိုမွ ထိန္းမရ၊ သိမ္းမရျဖစ္ေနကာ ေျခဖ်ားလက္ဖ်ားမ်ားလည္း ေအးစက္လာၿပီး ထိုင္မရ၊ ထမရတို႔ ျဖစ္လာ၏။

သူ ဒီစာကို ပို႔ထားတာ လြန္ခဲ့တဲ့ တစ္နာရီတည္းကဆိုေတာ့ အခု ဘာမ်ားျဖစ္ေနၿပီလဲ ဆိုၿပီး ပိုစိတ္ပူလာမိ၏။

အႀကိမ္ႀကိမ္ ျပန္ေခၚၾကည့္ေသာ္လည္း ေဆာင္ဟြန္းဘက္က ဖုန္းကိုင္လာျခင္းမရွိ၍ ေဆာင္ဟြန္းေျပာတဲ့ ေဆး႐ုံကို အေလာတႀကီး လိုက္သြားဖို႔ပဲ နည္းရွိေတာ့သည္။

ဖုန္းေခၚလို႔ မကိုင္တဲ့အဆုံး ဖြင့္နားမေထာင္ရေသးတဲ့ ေဆာင္ဟြန္းဆီက voice mailေလးကို သတိရသြား၏။

က်ဳံးေဆာင္းရား!
ဒီေန႕ စာေမးပြဲေနာက္ဆုံးေန႕ဆိုေတာ့ မင္းေျဖနိုင္တယ္မလား
႐ုတ္တရတ္ႀကီး အဆက္အသြယ္ျဖတ္လိုက္မိလို႔ ေတာင္းပန္ပါတယ္။ မင္းပို႔ထားတဲ့ messageအရွည္ႀကီးကို ငါေတြ႕ၿပီးၿပီ။ အရင္ဆုံး အခုမွ ဘာလို႔ ျပန္ဆက္သြယ္လည္းဆိုတာ ရွင္းျပရမယ္ ထင္တယ္ေနာ္...
ငါ နိုင္ငံျခားကို ထြက္သြားတာ မဟုတ္ဘူး။
မင္းကို လိမ္ခဲ့တာ အဲ့တာအတြက္လည္း
ေတာင္းပန္ပါတယ္
တကယ္က......








ကြၽီ..... ဒုန္း!!






အသံအက်ယ္ႀကီးနဲ႕အတူ ဂ်ဳံေဆာင္းရဲ႕ ခႏၶာကိုယ္တစ္ခုလုံး ေလေပၚျမႇောက္တက္သြား၏။

ကိုင္ထားတဲ့ ဖုန္းနဲ႕ လြယ္ထားတဲ့ လြယ္အိတ္တို႔က ေျမျပင္ေပၚမွာ ဟိုတစ္ေနရာ ဒီေနရာ ျပန႔္က်ဲေနလ်က္။

ခႏၶာကိုယ္က ေလေပၚကေန ေျမျပင္ေပၚ သို႔ ညင္ညင္သာသာမက်လာနိုင္ဘဲ လမ္းမတစ္ဖက္ျခမ္းကို လႉးလိမ့္စြာနဲ႕ အရွိန္ျပင္းျပင္း ျပန္ေဆာင့္က်လာ၏။

ေခါင္းမွ ထြက္လာတဲ့ နီနီရဲရဲ ေသြးအိုင္ႀကီးေၾကာင့္ အနီးအနားက လူမ်ား ဝိုင္းအုံၾကည့္လာၾကသည္။

ကိုယ္ကို လႈပ္ကာ သတိမေမ့ေအာင္ လုပ္တဲ့သူကလုပ္၊ ေဆး႐ုံကား ေခၚတဲ့သူက ေခၚနဲ႕ တျဖည္းျဖည္း လူအုပ္က ႀကီးလာ၏။

လက္ေကာ ေျခေထာက္ေကာ လႈပ္လို႔မရေတာ့ေပမဲ့ ေဆာင္ဟြန္းဆီ လိုက္သြားဖို႔ လိုအပ္တယ္ ဆိုတဲ့ ျပင္းျပတဲ့ စိတ္ဆႏၵေၾကာင့္ မ်က္၀န္းထက္မွ မ်က္ရည္တစ္ေပါက္ကို က်ဆင္းလာေစ၏။

မ်ားမၾကာမီ တျဖည္းျဖည္းနဲ႕ ဝိုင္းအုံၾကည့္ေနၾကတဲ့ လူအုပ္ႀကီးေကာ၊ စူးရွလြန္းတဲ့ ေကာင္းကင္ေပၚက ေနမင္းႀကီးရဲ႕ အလင္းေရာင္ေကာ တျဖည္းျဖည္းေဝဝါးလာကာ ဂ်ဳံေဆာင္းရဲ႕ ကမာၻေလာကႀကီး တစ္ခုလုံး အေမွာင္က်သြားေလေတာ့သည္။



" ေက်ာင္းသားငယ္ငယ္ေလးဟယ္ ဒီေန႕မွ စာေမးပြဲေျဖၿပီးတဲ့ပုံပဲ သနားပါတယ္ "

" လမ္းၾကားထဲကေန ေျပးလာၿပီး လမ္းျဖတ္ကူးဖို႔လုပ္တာ ဟိုက ဘရိတ္မမိတဲ့ ကုန္ကားႀကီးနဲ႕ တိုက္မိသြားတာတဲ့ ငယ္ငယ္႐ြယ္႐ြယ္နဲ႕ဟယ္ "

" ကုန္ကားက သူ႕ဘာသာ သူ႕အရွိန္နဲ႕သြားေနတာ အဲ့ေကာင္ေလးက ဖုန္းသုံးရင္း လမ္းျဖတ္ကူးတာ ကားကို မျမင္တာ တဲ့။ သနားဖို႔ေကာင္းေပမဲ့ လမ္းသြားရင္း ဖုန္းမသုံးသင့္ဘူးေလ "

မွတ္ခ်က္မ်ိဳးစုံေပးေနတဲ့ လူအုပ္ႀကီးၾကားထဲကို ေဆး႐ုံကား ေရာက္ရွိလာကာ ဂ်ဳံေဆာင္းရဲ႕ ခႏၶာကိုယ္ကို ယူေဆာင္သြားၾကေတာ့သည္။

✧༝ Let's Not Fall In Love ༝✧














"  ဘာမွမေၾကာက္နဲ႕ေနာ္ ေဆာင္ဟြန္းေလး ခဏအိပ္ၿပီး ျပန္နိုးလာရင္ အားလုံးအဆင္ေျပသြားမွာ "

ေနာက္ ၅မိနစ္ေလာက္ဆို ခြဲစိတ္ခန္း ၀င္ရေတာ့မွာမို႔ တစ္မိသားစုလုံးက အခန္းထဲအတူရွိေနေပးကာ အားေပးကား ေျပာၾကားေပးေနေပမဲ့ ေဆာင္ဟြန္းကေတာ့ တံခါးဘက္ကိုသာ တေမွ်ာ္ေမွ်ာ္နဲ႕ ေငးၾကည့္ေနမိသည္။

" ဟို အျပင္မွာ ကြၽန္ေတာ့္ကို ရွာေနတဲ့ တစ္ေယာက္ေယာက္ကို မေတြ႕မိဘူးလားဟင္ "

" ဘယ္သူမွ လာရွာတာ မေတြ႕မိဘူးေနာ္ ဘယ္သူ လာမွာမို႔လို႔လဲ "

" အစ္ကို ေျပာသလို ကြၽန္ေတာ့္ သူငယ္ခ်င္း ဂ်ဳံေဆာင္းကို ဖုန္းဆက္ၾကည့္တာ၊ ဖုန္းမကိုင္လို႔ messageေကာ voice mailေကာ ပို႔ထားတာ။ သူ မလာေသးဘူးလားဟင္ "

" ဪ မျမင္ေသးလို႔ ေနမွာပါ။
အဲ့တာေတြ ထားလိုက္ေတာ့ အခု သြားရေတာ့မယ္။
ေဆာင္ဟြန္း ျပန္နိုးလာရင္ သူေရာက္ေနေလာက္မွာပါ။ အခု ေနျပန္ေကာင္းဖို႔ပဲ အာ႐ုံစိုက္ေရာက္ေအာင္ေနာ္ "

ဆရာ၀န္ေတြက ကုတင္ေလးကို ျဖည္းျဖည္းခ်င္းစီ operation room‌ဆီသို႔ တြန္းသြားၾကသည္။

မိဘမ်ားနဲ႕ ေမာင္ႏွမ ၂ေယာက္က စိုးရိမ္ပူပန္ေသာ အၾကည့္တို႔ျဖင့္ အတတ္နိုင္ဆုံး ၿပဳံးျပထားသည္ကို ေတြ႕ရသည္။

ေဆာင္ဟြန္းကေတာ့ သူ႕ဆီကို အေျပးလာမယ့္ ဂ်ဳံေဆာင္းကို မ်က္စိတဆုံး ေမွ်ာ္ေနရင္းနဲ႕ ခြဲစိတ္ခန္းထဲသို႔ ေရာက္ရွိသြားေလေတာ့သည္။



ဂ်ဳံေဆာင္းက ဒီကို ဘယ္ေတာ့မွ ေရာက္ေအာင္ မလာနိုင္ေတာ့ဘူးဆိုတာကိုေတာင္ ေဆာင္ဟြန္း သိနိုင္မည္မထင္ေတာ့ပါ....

လမ္းတစ္ဖက္ကို လြင့္ထြက္သြား၍ ေၾကမြပ်က္စီးသြားသည့္ ဖုန္းေလးထဲက ေဆာင္ဟြန္းရဲ႕ voice messageေလးကိုလည္း ဂ်ဳံေဆာင္းတစ္ေယာက္ အၿပီးထိ နားေထာင္ဖို႔ အခြင့္အေရး မရွိေတာ့၊ သူ႕ကို ေဆာင္ဟြန္းက ဘာလို႔ လိမ္ခဲ့ရသလဲဆိုတဲ့ အေၾကာင္းျပခ်က္ေလးကိုေတာင္ မၾကားသြားရ.....

နိုးလာရင္ ေဘးမွာ ဂ်ဳံေဆာင္းရွိေန‌မွာ ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႕ operation roomထဲ ဝင္သြားခဲ့ေသာ ေဆာင္ဟြန္းအဖို႔ ျပန္နိုးထလာဖို႔ အခြင့္အေရးေကာ ရွိနိုင္ေလာက္ပါ့မလား....

ကံၾကမၼာက ရက္စက္စြာ ဖန္တီးခဲ့တဲ့ လူသား၂ဦး၏ ဇာတ္လမ္းေလးသည္ ဤေနရာမွာတြင္ ၿပီးဆုံးခဲ့ေလေတာ့သည္။











က်ဳံးေဆာင္းရား။
ဒီေန႕ စာေမးပြဲေနာက္ဆုံးေန႕ဆိုေတာ့
မင္းေျဖနိုင္တယ္မလား
႐ုတ္တရတ္ႀကီး အဆက္အသြယ္ျဖတ္လိုက္မိလို႔
ေတာင္းပန္ပါတယ္။
မင္းပို႔ထားတဲ့ messageအရွည္ႀကီးကို ငါေတြ႕ၿပီးၿပီ။
အရင္ဆုံး အခုမွ ဘာလို႔ ျပန္ဆက္သြယ္လည္းဆိုတာ ရွင္းျပရမယ္ထင္တယ္ေနာ္
ငါ နိုင္ငံျခားကို ထြက္သြားတာ မဟုတ္ဘူး။
မင္းကို လိမ္ခဲ့တာ အဲ့တာအတြက္လည္း ေတာင္းပန္ပါတယ္

တကယ္က ငါေနမေကာင္းျဖစ္ေနတာ အဲ့အတြက္ ေဆးကုသရမွာမို႔ မင္းကို အဲ့လို လိမ္ခဲ့မိတာ
မင္း ဒီအေၾကာင္းၾကားရင္ စိတ္ပူေနမွာစိုးလို႔ တမင္ မေျပာဘဲ ေနခဲ့တာ ေတာင္းပန္ပါတယ္....
ဒါေပမဲ့လည္း ဂ်ဳံေဆာင္းရာ ငါ အခု လိမ္ရတာ
ပင္ပန္းလာၿပီ။

ငါ မင္းကို သေဘာက်တယ္၊
မင္းနဲ႕ အတူေလွ်ာက္လည္ရတာကို ေပ်ာ္တယ္၊
မင္းတီးတဲ့ ဂစ္တာအသံကို ေန႕တိုင္းနားေထာင္ခ်င္တယ္
ငါ မင္းကို ခ်စ္တယ္ ပတ္ဂ်ဳံေဆာင္း

အခုမွ ဒီလိုေျပာတာ ေနာက္က်ေနၿပီလားမသိေပမဲ့ ဒါကို နားေထာင္ၿပီးရင္ ငါေျပာတဲ့ ေဆး႐ုံကို လာခဲ့ေပးပါလား
ခြဲစိတ္ခန္းမ၀င္ခင္ မင္းဆီက အားေပးစကားေလး ၾကားခ်င္လို႔၊ ငါ လာဆိုတိုင္း အေလာတႀကီးမဟုတ္ဘဲ
ျဖည္းျဖည္းလာဦးေနာ္
ေနာက္က်မွ ေရာက္လာလည္း ကိစၥမရွိဘူး
ငါ သတိျပန္ရလာရင္ ငါ့ေဘးမွာ ရွိေနတဲ့ မင္းမ်က္ႏွာေလးကို ျမင္လိုက္ရရင္ ေက်နပ္ၿပီမို႔လို႔။

အဲ့တာဆို ငါ ေစာင့္ေနမယ္ေနာ္......





Afterlife ဆိုတာ တကယ္ရွိခဲ့မယ္ဆိုရင္ေတာ့ ဂ်ဳံေဆာင္းနဲ႕ ေဆာင္ဟြန္းက ေသခ်ာေပါက္ ျပန္ေတြ႕ျဖစ္ေလာက္မွာပါ။

အဲ့အခါၾက ဒီဘဝမွာ မေျပာျဖစ္၊ မၾကားျဖစ္သြားတဲ့ စကားေတြကို တဝႀကီးေျပာရင္း သူငယ္ခ်င္းထက္ပိုတဲ့ ဆက္ဆံေရးသို႔ တက္လွမ္းရင္ ေပ်ာ္စရာ အမွတ္တရမ်ား ဖန္တီးကာ ေနထိုင္သြားလိမ့္မည္ဟု ေမွ်ာ္လင့္ရင္း.....





Let's Not Fall In Love








_______________________

Continue Reading

You'll Also Like

1.3M 90.7K 52
- THE UNEXPECTED SERIES : BOOK I - Devastated by the sudden confession from her boyfriend, Park Edlyn decided to go to the rooftop to clear her mind...
1.8M 84.7K 29
what happens if you were forced to get married to the most popular actor in South Korea, Jake Shim, and dump the person you have been waiting for yea...
692K 32.1K 34
(Bad Boy AU) „𝐻𝑒 𝑟𝑒𝑎𝑙𝑙𝑦 𝑡ℎ𝑖𝑛𝑘𝑠 ℎ𝑖𝑔ℎ𝑙𝑦 𝑜𝑓 ℎ𝑖𝑚𝑠𝑒𝑙𝑓" Who thought that the school's bad boy would fall for someone like her |Fir...
537K 31.3K 34
after experiencing a bad breakup, yuri gets caught drinking on school grounds by the one and only park jay. © FLAUVIER 2021 ...