[Unicode]
အခန်း ၇၅၆ ဂျဇ်ကလပ်
ဉာဏ်ကောင်းသည့် စီးပွားရေးသမားများကတော့ ထန်ဟွမ်လုပ်ငန်းစုလို ပြည်တွင်းမှာ ခြေကုပ်ကောင်းကောင်းယူထားနိုင်သည့် လုပ်ငန်းစုကြီးမျိုးက ထန်မိသားစုဝင်များ တစ်ယောက်ပြီးတစ်ယောက် မတော်တဆဖြစ်နေလျှင်တောင်မှ အချိန်တိုအတွင်း ကျရှုံးသွားလိမ့်မည်မဟုတ်မှန်း သိကြပေသည်။
ဒါက ပြဿနာအစပိုင်းပဲရှိသေးကာ ထန်ဟွမ်လုပ်ငန်းစုသည်လဲ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေစဲပင်။ ဒါကြောင့် ထန်ကျားယန်၏ပြစ်ချက်ကို ရှာဖို့ကြိုးစားနေသူတွေက ထန်သဲ့မင်နှင့်ဆက်နွယ်နေသည့်လူများသာဖြစ်သည်။
ထန်ကျားယန် ဥက္ကဌထိုင်ခုံနေရာတွင် ဝင်ထိုင်ပြီးသည်နှင့် လူတိုင်းကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ ထန်သဲ့မင်ရှိရာသို့ရောက်ချိန်၌ သူ့အကြည့်များက တစ်စက္ကန့်စာလောက်ရပ်တန့်သွားပြီးကာမှ ရွှေ့သွားကာ၊ “ကျွန်တော့်ကိုသတ်ဖို့ကြိုးစားတဲ့လူအကြောင်း ခင်များတို့ အရမ်းသိချင်နေကြမှာပဲ။”
“ဘယ်သူလဲ?” ထန်သဲ့မင်ကလွဲပြီး အားလုံးစောင့်စားနေကြသည်။
ထိုအခိုက်အတန့်မှာ ထန်သဲ့မင်အလွန်ထိတ်လန့်နေပြီဖြစ်သည်။ ထန်ကျားယ်နက သူ့ကိုအထူးအာရုံစိုက်နေတာကြောင့် သူ့အကြောင်းဖော်ထုတ်ခံလိုက်ရပြီမှန်း သိသာပေသည်။ ဒါပေမယ့်လဲ သူသေချာဂရုတစိုက်ကြံစည်ထားသည့်ကိစ္စများဖြစ်တာကြောင့် ထန်ကျားယန်တွင် သက်သေအတိအကျရှိနေလိမ့်မည်ဟုတော့ မထင်မိပေ။ တကယ်လို့များ သက်သေရှိနေရင်တောင်မှ သူကလွတ်နေနိုင်ဦးမှာပါပဲ။ အဓိကက ထန်ကျားယန် သေနတ်ဒဏ်ရာကို ဘယ်လိုလုပ်မြန်မြန်ပြန်ကောင်းသွားသလဲဆိုတာက တကယ့်အံ့ဩစရာပင်။
“ဦးလေးသဲ့မင်၊ ဦးလေးကိုကြည့်ရတာ စိတ်ရှုပ်နေသလိုပဲ။ ဘာတွေကိုများ တွေးနေမိလို့လဲ?” ထန်ကျားယန် ထန်သဲ့မင်ကိုကြည့်ကာမေးလိုက်သည်။
“ဘ-ဘာမှမဟုတ်ပါဘူး။” ထန်သဲ့မင် တံတွေးမြိုချကာ ပြန်ဖြေလိုက်ပြီး အသံကလဲ အနည်းငယ်တုန်ရီနေခဲ့သည်။
သူ့ပုံစံက မူမမှန်သလိုဖြစ်နေမှန်း သိတာကြောင့် စိတ်ကိုအတင်းပြန်ထိန်းချုပ်ကာ ထန်ကျားယန်မှာ သက်သေအခိုင်အမာမရှိပါဘူးဟုသာ စိတ်ထဲတွင်ရေရွတ်ရင်း ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်နေတော့သည်။
ထန်သဲ့မင် ဆက်ပြီးအေးအေးလူလူအနေအထားဖြင့် ပြန်ထိုင်နေပေမည့် တခြားလူများကတော့ ထန်သဲ့မင် မူမမှန်ကြောင်း သေချာသတိထားမိနေကြပေပြီ။ ကြည့်ရတာ ထန်သဲ့မင်အတွက် နေ့တာရှည်တော့မယ့်ပုံပဲ။
“ဦးလေးသဲ့မင်၊ ဦးလေးရော ကျွန်တော့်ကို ဘယ်သူသတ်ဖို့ကြိုးစားလဲဆိုတာ မသိချင်ဘူးလား?” ထန်ကျားယန် မေးလိုက်ပြန်ကာ ထန်သဲ့မင်ကို နည်းနည်းလေးမှ အနားမပေးလိုကြောင်း ထင်ရှားလှသည်။
ထန်သဲ့မင် မျက်မှောင်ကြုတ်ကာ မကျေမနပ်ပုံစံဖြင့်၊ “ထန်ကျားယန်၊ မင်းငါ့ကို ဘာလို့ မေးခွန်းတွေဆက်တိုက်မေးနေတာလဲ?”
ထန်ကျားယန် ပြုံးလိုက်ပြီး၊ “ဦးလေးသဲ့မင်ကတော့ အကြောင်းအရင်းကို သေချာသိမှာပေါ့။”
“မင်း…” ထန်သဲ့မင်ဒေါသထွက်လာသလို အရမ်းလဲ စိုးရိမ်ပူပန်လာတော့သည်။ “ထန်ကျားယန်၊ မင်းငါ့ကို သံသယဝင်နေတယ်ဆိုလဲ သက်သေထုတ်ပြလေ။ မင်းမှာ သက်သေမရှိဘဲ ပြောနေတာဆိုရင် ဒါအသရေဖျက်တာပဲ၊ မင်းကို တရားတောင်ပြန်ဆွဲလို့ရတယ်။”
“ခင်ဗျားက သက်သေမြင်ချင်တာလား? ရတယ်လေ၊ ကျွန်တော့်မှာ ဓါတ်ပုံတွေအများကြီးရှိတယ်။ ကြည့်ပြီးသွားရင် ဘာတွေဖြစ်နေလဲဆိုတာ သေချာသိသွားမှာပေါ့။” ထန်ကျားယန်ကပြောပြီးသည်နှင့်သူ့အတွင်းရေးမှူးက ဖိုင်တစ်ခုကိုထုတ်ကာ ချက်ချင်းဖွင့်လိုက်သည်။
ထန်သဲ့မင်သည်တော့ အလွန်စိုးရိမ်လာမိပေပြီ။ သူ့မှာတကယ်ပဲ သက်သေရှိနေတာလား?
ထန်ကျားယန်မှာသာ တကယ်သက်သေရှိနေရင် သူဘာလုပ်သင့်လဲ? အခုမှ ထန်ဝေ့ရုန်ကို ဖုန်းဆက်ဖို့ကလဲ မဖြစ်နိုင်ဘူး။
ထန်သဲ့မင်၏မူမမှန်လှသည့် တုံ့ပြန်မှုကြောင့် တခြားလူများအားလုံး ထန်သဲ့မင်တွင် အပြစ်ရှိကြောင်း ယုံကြည်သွားကာ မနှစ်မြို့ဟန်ဖြင့် ကြည့်ကုန်ကြသည်။
အတွင်းရေးမှူးက ဖိုင်ထဲမှနေပြီး ဓါတ်ပုံများစွာကို ထုတ်ယူကာ စားပွဲတွင်ရှိနေသည့် ဒါရိုက်တာများထံသို့ လက်ဆင့်ကမ်းပေးလိုက်သည်။
ဓါတ်ပုံထဲမှလူများကို မြင်ရသည်နှင့် အားလုံးထိတ်လန့်သွားကြတော့သည်။
“ဒါ-ဒါ ထန်ဝေ့ရုန်လား? သူသေသွားပြီမဟုတ်ဘူးလား?” ထန်ကျီလင်း အံ့ဩတကြီးရေရွတ်လိုက်သည်။
ဒါရိုက်တာများသည် ထန်ဟွမ်လုပ်ငန်းစုတွင် လုပ်ကိုင်နေကြသည်မှာ အနှစ်၂၀နီးနီးရှိနေကြပြီဖြစ်တာကြောင့် လွန်ခဲ့သည့်၁၉နှစ်က ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုသည်ကို ရှင်းရှင်းလင်းလင်းသိထားကြပေသည်။
“ထန်သဲ့မင်က သူနဲ့အတူရှိနေတာပဲ။” ၉ယောက်မြောက်ဒါရိုက်တာက ဒေါသထွက်လာပုံပင်။
အမှန်တရားက ပေါ်ထွက်သွားပေပြီ။ သူတို့အားလုံး ထန်ဝေ့ရုန်နှင့်ရင်းနှီးကြကာ ထိုလူဘယ်လောက်တောင် တစ်ကိုယ်ကောင်းဆန်ပြီး ဉာဏ်နီဉာဏ်နက်များလဲဆိုသည်ကို သိထားကြသည်။ လွန်ခဲ့သည့်၁၉နှစ်က ထန်ဟိုင်ဖုန်း၏မိသားစုပိုင်စီးပွားရေးကို ခိုးယူဖို့ သူကျရှုံးခဲ့တာကြောင့် ထန်ယွင်ဖန်းကိုတောင် လုပ်ကြံခဲ့ပေသည်။
ထို့နောက် ထန်ဝေ့ရုန်တစ်ယောက် သေမလိုဖြစ်ကာ ထပ်မံပျောက်ဆုံးသွားပြီးနောက် ထန်မိသားစုဝင်များတစ်ယောက်ပြီးတစ်ယောက် မတော်တဆမှုများဖြစ်လာခဲ့သည်။ အဖြေက ဒီထက်ပိုပြီးမရှင်းနိုင်တော့ပေ။
ဒါ့အပြင် ထန်သဲ့မင်သည် ထန်ဝေ့ရုန်နှင့် အကြိမ်ပေါင်းများစွာ လျှို့ဝှက်တွေ့ဆုံခဲ့သည်။ သူသာ ထန်ဝေ့ရုန်နှင့်ဘာဆက်ဆံရေးမှမရှိပါဘူးလို့ပြောလာလျှင်တောင် ဘယ်သူမှယုံကြလိမ့်မည်မဟုတ်ပေ။
ထိုအခိုက်အတန့်မှာပဲ အသံကျယ်ကြီးတစ်သံထွက်လာခဲ့သည်။ ထန်ကျီလင်းက ဓါတ်ပုံများကို စားပွဲပေါ်သို့ ရိုက်တင်လိုက်ကာ ထန်သဲ့မင်အား ဒေါသတကြီးမေးမြန်းတော့သည်။ “ထန်သဲ့မင်၊ မင်းဘာလို့ ထန်ဝေ့ရုန်နဲ့ လျှို့ဝှက်တွေ့ဆုံနေတာလဲ? မင်းတို့အတူတူ ထန်မိသားစုကို လုပ်ကြံဖို့ကြံစည်နေကြတာလား?”
သူတို့မှာ ကလပ်၏လုံခြုံရေးကင်မရာမှ ဗီဒီယိုများရှိနေလိမ့်မည်ဟု ထန်သဲ့မင် မထင်မှတ်ထားတာကြောင့် ကြောင်အနေတော့သည်။ သူတင်မကဘဲ ထန်ဝေ့ရုန်ပင် ဖော်ထုတ်ခံလိုက်ရပေပြီ။
“သူတို့က ထန်ဟွမ်လုပ်ငန်းစုကို ထိန်းချုပ်နေပုံပဲ။ ဥက္ကဌယွင်ဖန်း၊ သခင်ကြီးထန်နဲ့ ကျားယန်တို့ မတော်တဆမှုတွေမှာလဲ သူတို့ပါဝင်နေလောက်တယ်!” ကိုးယောက်မြောက်ဒါရိုက်တာလဲ အလွန်ဒေါသထွက်နေသည်။
“ဒါက ဓါတ်ပုံလေးတွေတင်လေ၊ ဘာမှသက်သေမပြနိုင်ဘူး။ ပုံလေးတွေလောက်ရှိရုံနဲ့ ငါ့ကို အပြစ်ပုံချလို့မရဘူး။ မင်းတို့မှာ သက်သေအတိအကျရှိလို့လား?” ထန်သဲ့မင် အတင်းငြင်းဆန်နေပေမည့် သူလွတ်မြောက်နိုင်လိမ့်မည်တော့ မဟုတ်ပေ။
“ခင်ဗျားက အဓိကကြိုးကိုင်သူမဟုတ်ပေမယ့် ကြံရာပါပဲ။ ထန်ဝေ့ရုန် အသက်ရှိနေမှန်း ခင်ဗျားသိထားတာတောင် ဘာလို့ ကျွန်တော်တို့ကိုမပြောရတာလဲ? ငြင်းနေရုံနဲ့ ဒီပြဿနာက လွတ်မြောက်နိုင်မယ်ထင်နေလား?” ထန်ကျားယန် အေးစက်စွာ ဝင်ပြောလိုက်သည်။
ထန်သဲ့မင်မှာ စိတ်ဓါတ်ကျလာကာ ဘာဆက်ပြောလို့ပြောရမှန်းပင် မသိတော့ပေ။ ထန်ကျားယန်ပြောသွားသည်က အမှန်များသာဖြစ်ပေသည်။ သူက အဓိကကြိုးကိုင်သူမဟုတ်သော်လည်း ကြံရာပါဖြစ်တာကြောင့် ဥပဒေအရ အပြစ်ပေးခံရဦးမှာပင်။
ထန်ကျားယန်အနေနှင့် ဒီဓါတ်ပုံများကိုတောင် ရနိုင်တယ်ဆိုမှတော့ တခြားတိကျသည့်သက်သေများ ရှာဖို့ရန်လဲ မခက်လောက်တော့ပေ။
ထန်ကျားယန်က ဆက်ပြီး၊ “ခင်ဗျား ဂျဇ်ကလပ်မှာ ရှယ်ယာ၁၀ရာခိုင်နှုန်းပိုင်ထားတယ်ဆိုတာလဲ ကျွန်တော်တို့ သိထားပြီးပြီ၊ ဂျဇ်ကလပ်ဆိုတာ ကောင်းတဲ့နေရာမဟုတ်ဘူး၊ နေ့တိုင်း အဲ့ဒီမှာ ဥပဒေနဲ့မလွတ်ကင်းတဲ့ အရေးအဝယ်အပေးအယူကိစ္စတွေ အများကြီးလုပ်နေကြတာ။ အခုလောက်ဆို ရဲတွေလဲ ဂျဇ်ကလပ်ကို သွားတဲ့လမ်းဆီရောက်နေကြလောက်ပြီ။”
ဂျဇ်ကလပ်သည် Yနိုင်ငံသားတစ်ယောက်ပိုင်ဆိုင်ခြင်းဖြစ်ကာ ထန်ဝေ့ရုန်၏နေရာလဲဖြစ်သည်။
ထန်ကျားယန်၏စကားများကြောင့် ထန်သဲ့မင်လဲ သူလုံးဝကျရှုံးသွားသည့်အကြောင်း နားလည်သွားရတော့သည်။
ဂျဇ်ကလပ်သည် နိုင်ငံခြားသားတစ်ဦးပိုင်ဆိုင်ခြင်းဖြစ်ပြီး ထိုနေရာတွင် ဥပဒေနဲ့မလွတ်ကင်းသည့် ကိစ္စများစွာ သူတို့လုပ်ခဲ့ကြတာကြောင့် အစိုးရက ထိုကလပ်၏ပိုင်ရှင်နှင့် ရှယ်ယာရှင်များကို အပြစ်ပေးမည်မှာ အသေချာပင်။
ထန်သဲ့မင် သူ့ထိုင်ခုံထက်တွင် အရုပ်ကြိုးပျက်ထိုင်နေမိကာ ဘာဆက်လုပ်လို့လုပ်သင့်မှန်း မတွေးတောနိုင်တော့ပေ။
………Book 51 Part 765…………
စာစဉ် ၅၁ ပြီး၏။
[Zawgyi]
အခန္း ၇၅၆ ဂ်ဇ္ကလပ္
ဉာဏ္ေကာင္းသည့္ စီးပြားေရးသမားမ်ားကေတာ့ ထန္ဟြမ္လုပ္ငန္းစုလို ျပည္တြင္းမွာ ေျခကုပ္ေကာင္းေကာင္းယူထားႏိုင္သည့္ လုပ္ငန္းစုႀကီးမ်ိဳးက ထန္မိသားစုဝင္မ်ား တစ္ေယာက္ၿပီးတစ္ေယာက္ မေတာ္တဆျဖစ္ေနလွ်င္ေတာင္မွ အခ်ိန္တိုအတြင္း က်ရႈံးသြားလိမ့္မည္မဟုတ္မွန္း သိၾကေပသည္။
ဒါက ျပႆနာအစပိုင္းပဲရွိေသးကာ ထန္ဟြမ္လုပ္ငန္းစုသည္လဲ ပုံမွန္အတိုင္း ဆက္လက္လည္ပတ္ေနစဲပင္။ ဒါေၾကာင့္ ထန္က်ားယန္၏ျပစ္ခ်က္ကို ရွာဖို႔ႀကိဳးစားေနသူေတြက ထန္သဲ့မင္ႏွင့္ဆက္ႏြယ္ေနသည့္လူမ်ားသာျဖစ္သည္။
ထန္က်ားယန္ ဥကၠဌထိုင္ခုံေနရာတြင္ ဝင္ထိုင္ၿပီးသည္ႏွင့္ လူတိုင္းကို တစ္ခ်က္ေဝ့ၾကည့္လိုက္သည္။ ထန္သဲ့မင္ရွိရာသို႔ေရာက္ခ်ိန္၌ သူ႔အၾကည့္မ်ားက တစ္စကၠန႔္စာေလာက္ရပ္တန႔္သြားၿပီးကာမွ ေ႐ႊ႕သြားကာ၊ “ကြၽန္ေတာ့္ကိုသတ္ဖို႔ႀကိဳးစားတဲ့လူအေၾကာင္း ခင္မ်ားတို႔ အရမ္းသိခ်င္ေနၾကမွာပဲ။”
“ဘယ္သူလဲ?” ထန္သဲ့မင္ကလြဲၿပီး အားလုံးေစာင့္စားေနၾကသည္။
ထိုအခိုက္အတန႔္မွာ ထန္သဲ့မင္အလြန္ထိတ္လန႔္ေနၿပီျဖစ္သည္။ ထန္က်ားယ္နက သူ႔ကိုအထူးအာ႐ုံစိုက္ေနတာေၾကာင့္ သူ႔အေၾကာင္းေဖာ္ထုတ္ခံလိုက္ရၿပီမွန္း သိသာေပသည္။ ဒါေပမယ့္လဲ သူေသခ်ာဂ႐ုတစိုက္ႀကံစည္ထားသည့္ကိစၥမ်ားျဖစ္တာေၾကာင့္ ထန္က်ားယန္တြင္ သက္ေသအတိအက်ရွိေနလိမ့္မည္ဟုေတာ့ မထင္မိေပ။ တကယ္လို႔မ်ား သက္ေသရွိေနရင္ေတာင္မွ သူကလြတ္ေနႏိုင္ဦးမွာပါပဲ။ အဓိကက ထန္က်ားယန္ ေသနတ္ဒဏ္ရာကို ဘယ္လိုလုပ္ျမန္ျမန္ျပန္ေကာင္းသြားသလဲဆိုတာက တကယ့္အံ့ဩစရာပင္။
“ဦးေလးသဲ့မင္၊ ဦးေလးကိုၾကည့္ရတာ စိတ္ရႈပ္ေနသလိုပဲ။ ဘာေတြကိုမ်ား ေတြးေနမိလို႔လဲ?” ထန္က်ားယန္ ထန္သဲ့မင္ကိုၾကည့္ကာေမးလိုက္သည္။
“ဘ-ဘာမွမဟုတ္ပါဘူး။” ထန္သဲ့မင္ တံေတြးၿမိဳခ်ကာ ျပန္ေျဖလိုက္ၿပီး အသံကလဲ အနည္းငယ္တုန္ရီေနခဲ့သည္။
သူ႔ပုံစံက မူမမွန္သလိုျဖစ္ေနမွန္း သိတာေၾကာင့္ စိတ္ကိုအတင္းျပန္ထိန္းခ်ဳပ္ကာ ထန္က်ားယန္မွာ သက္ေသအခိုင္အမာမရွိပါဘူးဟုသာ စိတ္ထဲတြင္ေရ႐ြတ္ရင္း ကိုယ့္ကိုယ္ကိုယ္ႏွစ္သိမ့္ေနေတာ့သည္။
ထန္သဲ့မင္ ဆက္ၿပီးေအးေအးလူလူအေနအထားျဖင့္ ျပန္ထိုင္ေနေပမည့္ တျခားလူမ်ားကေတာ့ ထန္သဲ့မင္ မူမမွန္ေၾကာင္း ေသခ်ာသတိထားမိေနၾကေပၿပီ။ ၾကည့္ရတာ ထန္သဲ့မင္အတြက္ ေန႔တာရွည္ေတာ့မယ့္ပုံပဲ။
“ဦးေလးသဲ့မင္၊ ဦးေလးေရာ ကြၽန္ေတာ့္ကို ဘယ္သူသတ္ဖို႔ႀကိဳးစားလဲဆိုတာ မသိခ်င္ဘူးလား?” ထန္က်ားယန္ ေမးလိုက္ျပန္ကာ ထန္သဲ့မင္ကို နည္းနည္းေလးမွ အနားမေပးလိုေၾကာင္း ထင္ရွားလွသည္။
ထန္သဲ့မင္ မ်က္ေမွာင္ၾကဳတ္ကာ မေက်မနပ္ပုံစံျဖင့္၊ “ထန္က်ားယန္၊ မင္းငါ့ကို ဘာလို႔ ေမးခြန္းေတြဆက္တိုက္ေမးေနတာလဲ?”
ထန္က်ားယန္ ၿပဳံးလိုက္ၿပီး၊ “ဦးေလးသဲ့မင္ကေတာ့ အေၾကာင္းအရင္းကို ေသခ်ာသိမွာေပါ့။”
“မင္း…” ထန္သဲ့မင္ေဒါသထြက္လာသလို အရမ္းလဲ စိုးရိမ္ပူပန္လာေတာ့သည္။ “ထန္က်ားယန္၊ မင္းငါ့ကို သံသယဝင္ေနတယ္ဆိုလဲ သက္ေသထုတ္ျပေလ။ မင္းမွာ သက္ေသမရွိဘဲ ေျပာေနတာဆိုရင္ ဒါအသေရဖ်က္တာပဲ၊ မင္းကို တရားေတာင္ျပန္ဆြဲလို႔ရတယ္။”
“ခင္ဗ်ားက သက္ေသျမင္ခ်င္တာလား? ရတယ္ေလ၊ ကြၽန္ေတာ့္မွာ ဓါတ္ပုံေတြအမ်ားႀကီးရွိတယ္။ ၾကည့္ၿပီးသြားရင္ ဘာေတြျဖစ္ေနလဲဆိုတာ ေသခ်ာသိသြားမွာေပါ့။” ထန္က်ားယန္ကေျပာၿပီးသည္ႏွင့္သူ႔အတြင္းေရးမႉးက ဖိုင္တစ္ခုကိုထုတ္ကာ ခ်က္ခ်င္းဖြင့္လိုက္သည္။
ထန္သဲ့မင္သည္ေတာ့ အလြန္စိုးရိမ္လာမိေပၿပီ။ သူ႔မွာတကယ္ပဲ သက္ေသရွိေနတာလား?
ထန္က်ားယန္မွာသာ တကယ္သက္ေသရွိေနရင္ သူဘာလုပ္သင့္လဲ? အခုမွ ထန္ေဝ့႐ုန္ကို ဖုန္းဆက္ဖို႔ကလဲ မျဖစ္ႏိုင္ဘူး။
ထန္သဲ့မင္၏မူမမွန္လွသည့္ တုံ႔ျပန္မႈေၾကာင့္ တျခားလူမ်ားအားလုံး ထန္သဲ့မင္တြင္ အျပစ္ရွိေၾကာင္း ယုံၾကည္သြားကာ မႏွစ္ၿမိဳ႕ဟန္ျဖင့္ ၾကည့္ကုန္ၾကသည္။
အတြင္းေရးမႉးက ဖိုင္ထဲမွေနၿပီး ဓါတ္ပုံမ်ားစြာကို ထုတ္ယူကာ စားပြဲတြင္ရွိေနသည့္ ဒါ႐ိုက္တာမ်ားထံသို႔ လက္ဆင့္ကမ္းေပးလိုက္သည္။
ဓါတ္ပုံထဲမွလူမ်ားကို ျမင္ရသည္ႏွင့္ အားလုံးထိတ္လန႔္သြားၾကေတာ့သည္။
“ဒါ-ဒါ ထန္ေဝ့႐ုန္လား? သူေသသြားၿပီမဟုတ္ဘူးလား?” ထန္က်ီလင္း အံ့ဩတႀကီးေရ႐ြတ္လိုက္သည္။
ဒါ႐ိုက္တာမ်ားသည္ ထန္ဟြမ္လုပ္ငန္းစုတြင္ လုပ္ကိုင္ေနၾကသည္မွာ အႏွစ္၂၀နီးနီးရွိေနၾကၿပီျဖစ္တာေၾကာင့္ လြန္ခဲ့သည့္၁၉ႏွစ္က ဘာေတြျဖစ္ပ်က္ခဲ့သလဲဆိုသည္ကို ရွင္းရွင္းလင္းလင္းသိထားၾကေပသည္။
“ထန္သဲ့မင္က သူနဲ႔အတူရွိေနတာပဲ။” ၉ေယာက္ေျမာက္ဒါ႐ိုက္တာက ေဒါသထြက္လာပုံပင္။
အမွန္တရားက ေပၚထြက္သြားေပၿပီ။ သူတို႔အားလုံး ထန္ေဝ့႐ုန္ႏွင့္ရင္းႏွီးၾကကာ ထိုလူဘယ္ေလာက္ေတာင္ တစ္ကိုယ္ေကာင္းဆန္ၿပီး ဉာဏ္နီဉာဏ္နက္မ်ားလဲဆိုသည္ကို သိထားၾကသည္။ လြန္ခဲ့သည့္၁၉ႏွစ္က ထန္ဟိုင္ဖုန္း၏မိသားစုပိုင္စီးပြားေရးကို ခိုးယူဖို႔ သူက်ရႈံးခဲ့တာေၾကာင့္ ထန္ယြင္ဖန္းကိုေတာင္ လုပ္ႀကံခဲ့ေပသည္။
ထို႔ေနာက္ ထန္ေဝ့႐ုန္တစ္ေယာက္ ေသမလိုျဖစ္ကာ ထပ္မံေပ်ာက္ဆုံးသြားၿပီးေနာက္ ထန္မိသားစုဝင္မ်ားတစ္ေယာက္ၿပီးတစ္ေယာက္ မေတာ္တဆမႈမ်ားျဖစ္လာခဲ့သည္။ အေျဖက ဒီထက္ပိုၿပီးမရွင္းႏိုင္ေတာ့ေပ။
ဒါ့အျပင္ ထန္သဲ့မင္သည္ ထန္ေဝ့႐ုန္ႏွင့္ အႀကိမ္ေပါင္းမ်ားစြာ လွ်ိဳ႕ဝွက္ေတြ႕ဆုံခဲ့သည္။ သူသာ ထန္ေဝ့႐ုန္ႏွင့္ဘာဆက္ဆံေရးမွမရွိပါဘူးလို႔ေျပာလာလွ်င္ေတာင္ ဘယ္သူမွယုံၾကလိမ့္မည္မဟုတ္ေပ။
ထိုအခိုက္အတန႔္မွာပဲ အသံက်ယ္ႀကီးတစ္သံထြက္လာခဲ့သည္။ ထန္က်ီလင္းက ဓါတ္ပုံမ်ားကို စားပြဲေပၚသို႔ ႐ိုက္တင္လိုက္ကာ ထန္သဲ့မင္အား ေဒါသတႀကီးေမးျမန္းေတာ့သည္။ “ထန္သဲ့မင္၊ မင္းဘာလို႔ ထန္ေဝ့႐ုန္နဲ႔ လွ်ိဳ႕ဝွက္ေတြ႕ဆုံေနတာလဲ? မင္းတို႔အတူတူ ထန္မိသားစုကို လုပ္ႀကံဖို႔ႀကံစည္ေနၾကတာလား?”
သူတို႔မွာ ကလပ္၏လုံၿခဳံေရးကင္မရာမွ ဗီဒီယိုမ်ားရွိေနလိမ့္မည္ဟု ထန္သဲ့မင္ မထင္မွတ္ထားတာေၾကာင့္ ေၾကာင္အေနေတာ့သည္။ သူတင္မကဘဲ ထန္ေဝ့႐ုန္ပင္ ေဖာ္ထုတ္ခံလိုက္ရေပၿပီ။
“သူတို႔က ထန္ဟြမ္လုပ္ငန္းစုကို ထိန္းခ်ဳပ္ေနပုံပဲ။ ဥကၠဌယြင္ဖန္း၊ သခင္ႀကီးထန္နဲ႔ က်ားယန္တို႔ မေတာ္တဆမႈေတြမွာလဲ သူတို႔ပါဝင္ေနေလာက္တယ္!” ကိုးေယာက္ေျမာက္ဒါ႐ိုက္တာလဲ အလြန္ေဒါသထြက္ေနသည္။
“ဒါက ဓါတ္ပုံေလးေတြတင္ေလ၊ ဘာမွသက္ေသမျပႏိုင္ဘူး။ ပုံေလးေတြေလာက္ရွိ႐ုံနဲ႔ ငါ့ကို အျပစ္ပုံခ်လို႔မရဘူး။ မင္းတို႔မွာ သက္ေသအတိအက်ရွိလို႔လား?” ထန္သဲ့မင္ အတင္းျငင္းဆန္ေနေပမည့္ သူလြတ္ေျမာက္ႏိုင္လိမ့္မည္ေတာ့ မဟုတ္ေပ။
“ခင္ဗ်ားက အဓိကႀကိဳးကိုင္သူမဟုတ္ေပမယ့္ ႀကံရာပါပဲ။ ထန္ေဝ့႐ုန္ အသက္ရွိေနမွန္း ခင္ဗ်ားသိထားတာေတာင္ ဘာလို႔ ကြၽန္ေတာ္တို႔ကိုမေျပာရတာလဲ? ျငင္းေန႐ုံနဲ႔ ဒီျပႆနာက လြတ္ေျမာက္ႏိုင္မယ္ထင္ေနလား?” ထန္က်ားယန္ ေအးစက္စြာ ဝင္ေျပာလိုက္သည္။
ထန္သဲ့မင္မွာ စိတ္ဓါတ္က်လာကာ ဘာဆက္ေျပာလို႔ေျပာရမွန္းပင္ မသိေတာ့ေပ။ ထန္က်ားယန္ေျပာသြားသည္က အမွန္မ်ားသာျဖစ္ေပသည္။ သူက အဓိကႀကိဳးကိုင္သူမဟုတ္ေသာ္လည္း ႀကံရာပါျဖစ္တာေၾကာင့္ ဥပေဒအရ အျပစ္ေပးခံရဦးမွာပင္။
ထန္က်ားယန္အေနႏွင့္ ဒီဓါတ္ပုံမ်ားကိုေတာင္ ရႏိုင္တယ္ဆိုမွေတာ့ တျခားတိက်သည့္သက္ေသမ်ား ရွာဖို႔ရန္လဲ မခက္ေလာက္ေတာ့ေပ။
ထန္က်ားယန္က ဆက္ၿပီး၊ “ခင္ဗ်ား ဂ်ဇ္ကလပ္မွာ ရွယ္ယာ၁၀ရာခိုင္ႏႈန္းပိုင္ထားတယ္ဆိုတာလဲ ကြၽန္ေတာ္တို႔ သိထားၿပီးၿပီ၊ ဂ်ဇ္ကလပ္ဆိုတာ ေကာင္းတဲ့ေနရာမဟုတ္ဘူး၊ ေန႔တိုင္း အဲ့ဒီမွာ ဥပေဒနဲ႔မလြတ္ကင္းတဲ့ အေရးအဝယ္အေပးအယူကိစၥေတြ အမ်ားႀကီးလုပ္ေနၾကတာ။ အခုေလာက္ဆို ရဲေတြလဲ ဂ်ဇ္ကလပ္ကို သြားတဲ့လမ္းဆီေရာက္ေနၾကေလာက္ၿပီ။”
ဂ်ဇ္ကလပ္သည္ Yႏိုင္ငံသားတစ္ေယာက္ပိုင္ဆိုင္ျခင္းျဖစ္ကာ ထန္ေဝ့႐ုန္၏ေနရာလဲျဖစ္သည္။
ထန္က်ားယန္၏စကားမ်ားေၾကာင့္ ထန္သဲ့မင္လဲ သူလုံးဝက်ရႈံးသြားသည့္အေၾကာင္း နားလည္သြားရေတာ့သည္။
ဂ်ဇ္ကလပ္သည္ ႏိုင္ငံျခားသားတစ္ဦးပိုင္ဆိုင္ျခင္းျဖစ္ၿပီး ထိုေနရာတြင္ ဥပေဒနဲ႔မလြတ္ကင္းသည့္ ကိစၥမ်ားစြာ သူတို႔လုပ္ခဲ့ၾကတာေၾကာင့္ အစိုးရက ထိုကလပ္၏ပိုင္ရွင္ႏွင့္ ရွယ္ယာရွင္မ်ားကို အျပစ္ေပးမည္မွာ အေသခ်ာပင္။
ထန္သဲ့မင္ သူ႔ထိုင္ခုံထက္တြင္ အ႐ုပ္ႀကိဳးပ်က္ထိုင္ေနမိကာ ဘာဆက္လုပ္လို႔လုပ္သင့္မွန္း မေတြးေတာႏိုင္ေတာ့ေပ။
………Book 51 Part 765…………
စာစဥ္ ၅၁ ၿပီး၏။