Unicode
အခန်း(၃၅၃) - အကျပ်အတည်းကို ဖြေရှင်းခြင်း
နှစ်နာရီခန့်အကြာတွင် ဝါးအိမ်ထဲမှ နာကျင်စွာ အော်ဟစ် ငိုကြွေးသံ ထွက်ပေါ်လာသည်။ ၎င်းသည် ပြတ်တောင်းပြတ်တောင်း ဖြစ်သွားလိုက် ကျယ်လောင်လာလိုက် ဖြစ်နေတာပင်။ ဒါ့အပြင် တိုးတိုးကြိတ်ကြိတ် ရန်ဖြစ်သံများလည်း ရှိနေပုံရသည်။
ယန်ထျန်းဟန်နဲ့ လင်ရွှမ်းဇီတို့မှာတော့ အချင်းချင်း အကြည့်ချင်း ဖလှယ်မိကြကာ အထဲက အခြေအနေအပေါ် နှစ်ယောက်လုံး စိုးရိမ်ပူပန်နေမိကြသည်။
သို့သော်လည်း သူတို့နှစ်ယောက်လုံးက မဟာအကြီးအကဲ လန်ယွဲ့၏ မှာကြားချက်ကို အမှတ်ရတာကြောင့် မလှုပ်ရှားကြပေ။ သူတို့က အထဲမှာ တစ်ခုခု ကြီးကြီးမားမားဖြစ်သွားတာ ဒါမှမဟုတ် လန်ယွဲ့က သူတို့နာမည်ကို လှမ်းခေါ်တဲ့ အခါမျိုးမှသာ အထဲဝင်ပြေးနိုင်စေရန် အစီအစဉ် ချနိုင်ကြသည်။
သနားချင့်စဖွယ် ညည်းညူသံက နာရီဝက်မျှ ကြာပြီးမှသာ တစ်ဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည်။ ကံကောင်းစွာနဲ့ သူတို့ တွေးထားခဲ့သော အခန်းလုံးဝ ပေါက်ကွဲထွက်သွားသည့် ကိစ္စမျိုးက ဖြစ်မလာခဲ့။
ယန်ထျန်းဟန်ရဲ့ တင်းကြပ်နေသည့် အာရုံကြောများသည်လည်း နောက်ဆုံးတော့ ပြေလျော့သွားရသည်။
နောက်ထပ် သုံးရက်သုံးည ကုန်ဆုံးပြီးနောက် ကြည်လင်နေသည့် မနက်ခင်းတစ်ခုမှာ ဝါးအိမ်တံခါးက တွန်းဖွင့်လာသည်။
မဟာအကြီးအကဲ လန်ယွဲ့၏ မျက်နှာက ဖြူဖျော့နေသော်လည်း သူ့ခြေလှမ်းများကတော့ တည်ငြိမ်ပြီး အားကောင်းနေဆဲပင်။ သူထွက်လာသောအခါ အနားမှာ ထိုင်စောင့်နေဆဲဖြစ်သည့် နှစ်ယောက်ကို တစ်ချက်ကြည့်လိုက်ပြီး နူးနူးညံ့ညံ့ ပြောလိုက်သည်။
"ငါနဲ့လိုက်ခဲ့ကြ"
ယန်ထျန်းဟန်က အလျင်စလို ထရပ်ပြီး လန်ယွဲ့နောက်ကနေတစ်ဆင့် သစ်သီးပင်များရှိသည့် သစ်တောရှိရာသို့ လိုက်သွားသည်။
လင်ရွှမ်းဇီက မေးလာ၏။
"ဂိုဏ်းတူဦးလေးက ဘာဖြစ်တာလဲ?"
မဟာအကြီးအကဲ လန်ယွဲ့က ပြန်ဖြေသည်။
"ငါ့သူ့ကို အချိန်မှီ ကုသပေးနိုင်လိုက်တယ် ပြီးတော့ အခု သူ့အသက်လုံခြုံသွားပြီ"
ယန်ထျန်းဟန်က စိတ်သက်သာရာရစွာ သက်ပြင်းချကာ
"သူ့အသက်အန္တာရယ် မရှိတော့ဘူးဆိုတော့ ကောင်းတာပေါ့"
လန်ယွဲ့က ယန်ထျန်းဟန်အား ရှုပ်ထွေးသည့် မျက်လုံးများဖြင့် ကြည့်လာ၏။
"ငါပြောတာ သူ့အသက်လုံခြုံတယ်လို့ မဟုတ်ဘူး မင်းအသက်ကိုပြောတာ"
".....ကျွန်တော်?"
"အကယ်၍ အနာဂတ်မှာ သူ့ကို အဲ့ဒီလိုပုံစံနဲ့ ထပ်တွေ့ရင် အနားမကပ်သွားနဲ့ ပြီးတော့ ငါ့ဆီကို အမြန်ဆုံးလာပြီး အကူအညီတောင်း, ဟွိုင်ယွီ.....သူအရင်တုန်းက ကျင့်ကြံမှုမှာ လွဲချော်မှုတွေ ရှိခဲ့တယ် အဲ့ဒါကြောင့် သူ့စိတ်အခြေအနေ ပြင်းပြင်းထန်ထန် ဆိုးဝါးလာတာတို့ ရုတ်တရက် ဝိညာဉ်ချီတွေ အလွန်အကျွံသုံးစွဲ မိတာတို့ဆိုရင် ချီသွေဖယ်မှု ခံစားရလိမ့်မယ်, အဲ့ဒီအချိန်မှာ သူ့ဆွေမျိုးတွေကိုတောင် မသိတော့ပဲ မြင်သမျှ လူတိုင်းကို သတ်ပစ်နိုင်တယ်, မတိုင်ခင်တုန်းကလည်း အဲ့ဒီအတွက်ကြောင့် ပြဿနာကြီးတက်တော့မလို့ ဖြစ်သွားဘူးတယ်"
ယန်ထျန်းဟန်က အသက်ပြင်းပြင်း ရှုမိပြီး လင်ရွှမ်းဇီမှာတော့ ချွေးအေးများ ထွက်လာလုနီးပါးပင်။
ယန်ထျန်းဟန်က မျက်မှောင်ကြုတ်ကာ ရေရွတ်မိသည်။
"ကျွန်တော့်ဆရာက ဘယ်လိုဖြစ်လို့ ဒီလိုဖြစ်ရတာလဲ? သူက အရမ်းခွန်အားကြီးတဲဟာကို, အန္တာရယ်နဲ့ ကြုံတွေ့လို့များ ဝိညာဉ်ချီကို အလွန်အကျွံ သုံးမိသွားတာလား?"
မဟာအကြီးအကဲ လန်ယွဲ့က အေးစက်စက်သာ တုံ့ပြန်သည်။
"သူက သူ့ကိုယ်သူ ဒုက္ခရှာတာလေ, တိုက်ကြီးငါးတိုက်က ဘယ်သူကမှ သူ့ထက်ကျင့်ကြံဆင့် မြင့်တဲ့သူ မရှိဘူး, အခုက တိုက်ကြီးငါးတိုက်ရဲ့ နယ်မြေအဆီးအတားကို ချိုးဖြတ်ဖို့ သွားကြိုးစားတာ နေမှာပေါ့ — အကယ်လို့သာ သူ့ကြောင့်နဲ့ အလွယ်တကူ ကျိုးပျက်နိုင်မယ်ဆိုရင် ဘယ်လိုများ တိုက်ကြီးငါးတိုက်ရဲ့ သောက်နယ်မြေအဆီးအတားလို့ ခေါ်နေဦးမှာလဲ!"
ယန်ထျန်းဟန်သည် မထိန်းချုပ်နိုင်စွာပဲ သူ့နှုတ်ခမ်းလေးကို တိတ်တဆိတ် သပ်မိတော့သည်။ ကြည့်ရတာ မဟာအကြီးအကဲ လန်ယွဲ့က အရမ်းကို ဒေါသထွက်လွန်းလို့ ဒီတစ်ခေါက် ဆဲပါဆဲနေတဲ့အထိပဲ
လင်ရွှမ်းဇီက ခပ်ဖွဖွ မျက်မှောင်ကြုတ်ကာ
"ကြည့်ရတာ အဲ့ဒီ အတားအဆီးက တကယ်ပဲ မပွင့်နိုင်တော့ဘူးထင်တယ်"
"အကယ်၍ ဖွင့်ဖို့ အခွင့်အလမ်း ရှိတယ်ဆိုရင်တောင် ဒီလောက် ရိုးရှင်းပြီး အကြမ်းဖျင်း ဆန်မှာမဟုတ်ဘူး" မဟာအကြီးအကဲ လန်ယွဲ့က သူ့ကိုကြည့်ရင်း ဖြေလာသည်။
ယန်ထျန်းဟန်က အလွန်စိုးရိမ်ပူပန်နေမိ၏။ သူက စိုးရိမ်တကြီးဖြင့် ရှေ့ထွက်လာသည်။
"ကျွန်တော့်ဆရာရဲ့ ကျင့်ကြံဆင့်က သူ့ကန့်သတ်ချက်ကို ကျော်လွန်ခါနီး ဖြစ်နေလို့ ဖြစ်မယ် အဲ့ဒါကြောင့် တိုက်ကြီးငါးတိုက်ရဲ့ နယ်မြေအဆီးအတားကို ကျော်ဖြတ်ဖို့ ကြိုးစားတာပဲ, လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ချိုးဖြတ်ဓားတောင်ထွတ်ရဲ့ တောင်သခင် တံခါးပိတ် တရားကျင့်ဖို့ ဝင်သွားခဲ့တယ် အခုချိန်ထိ အထဲမှာ လှုပ်ရှားမှု မရှိသေးဘူး ပြီးတော့ အခြေအနေကိုလည်း မသိနိုင်ဘူး ဒါပေမဲ့ ဦးလေးမိုပြောတာတော့ သူက တံခါးပိတ်သေခြင်းတရားကို ဝင်သွားတာတဲ့, ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ ကြည့်ရတာ ကျွန်တော့်ဆရာကလည်း ရွေးချယ်စရာမရှိ ချိုးဖြတ်ဝင်ရောက်မယ့် အဆင့်ကို ရောက်နေတာပဲ, တိုက်ကြီးငါးတိုက်ရဲ့ အတားအဆီးက ဒီအတိုင်းပဲ ရှိနေသေးတာလား? သူ့ကိုယ်ပိုင်ကျင့်ကြံဆင့်က မသန်စွမ်း ဖြစ်သွားမှာတော့ မဟုတ်ပါဘူးနော်?"
"ဒါလည်း နည်းလမ်းတစ်ခုပဲ" မဟာအကြီးအကဲ လန်ယွဲ့ဆီကအသံထွက်လာသည်။
ယန်ထျန်းဟန်, "..."
"မင်းအဲ့ဒီ ခွေးကောင်စုတ်လေးအတွက် စိုးရိမ်နေစရာမလိုဘူး, သူက သူ့ကိုယ်သူ သေကြောင်းရှာနေတာ, သူမထွက်သွားခင်တုန်းက အဲ့ဒီအတားအဆီးက ကျိုးပျက်မှာ မဟုတ်ပါဘူးလို့ ပြောပြီးသား, အဲ့ဒါကို မယုံပဲ သူ့ဘာသာသူ သွားဖျတ်ဆီးဖို့ ကြိုးစားတယ်လေ, နံရံကို မထိမချင်း နောက်ပြန်လှည့်မှာ မဟုတ်သလို အခေါင်းမမြင်ရမခြင်း မျက်ရည်ကျမှာ မဟုတ်ဘူး, သူ့ကျင့်ကြံဆင့်က တိုက်ကြီးငါးတိုက်က လက်ခံနိုင်တဲ့ အကန့်အသတ်ထက် ကျော်လွန်နေတယ် ဆိုပေမယ့်လည်း သူ့မှာ ကောင်းကင်ဘုံတာအိုကို လှည့်စားနိုင်တဲ့ မှော်ရတနာ ရှိတဲ့အတွက် ပြဿနာမဟုတ်ဘူး, အကယ်၍ သူသာ သေကြောင်းရှာနေတာ မဟုတ်ဘူးဆိုရင် ဒီနေ့လို မြင်ကွင်းက ဖြစ်လာစရာအကြောင်းကို မရှိဘူး"
လင်ရွှမ်းဇီက အဓိကအချက်ကို ဆွဲထုတ်ပြီး သူ့မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
"ကောင်းကင်ဘုံတာအိုကို လှည့်စားနိုင်တဲ့ မှော်ရတနာ?"
"အဲ့ဒါက ဒီကမ္ဘာပေါ်မှာ ရှားပါးတယ်" မဟာအကြီးအကဲလန်ယွဲ့က ခေါင်းညိတ်ပြသည်။
လင်ရွှမ်းဇီ၏ အသိစိတ်ပင်လယ်ထဲမှ ဝိညာဉ်ပြားက စကားပြောလာသည်။
[ကြည့်ရတာ ဟွိုင်ယွီရဲ့ နောက်ခံက မသေးဘူးနဲ့တူတယ်]
နာမည်အတိုင်းပင် ကောင်းကင်ဘုံကို လှည့်ဖြားနိုင်သည့် မှော်ရတနာသည် ထိုအတိုင်း လုပ်ဆောင်ခြင်းဖြစ်သည်။
ထိုကဲ့သို့ မှော်ရတာမျိုးက အများအားဖြင့် ကောင်းကင်ဘုံတာအိုဆီက ဖုန်းကွယ်၍ တစ်စုံတစ်ယောက်ရဲ့ ကံကြမ္မာကို ပြောင်းလဲရန် အသုံးပြုခြင်းပင်။
အနည်းဆုံးတော့ အဲ့ဒါက ကောင်းကင်ဘုံအဆင့် နတ်ဘုရားပစ္စည်း ဖြစ်လိမ့်မည်။
ဒီနေ့အချိန် လင်ရွှမ်းဇီက အများဆုံးမှ ရတနာအဆင့် မှော်ရတနာကို ထွင်းထုနိုင်တာ။ တစ်နေ့မှာ သူ့ရဲ့ မီးဝိညာဉ်က တိုက်ကြီးငါးတိုက်မှာ မရှိဘူးတဲ့ ခရမ်းဝိညာဉ်အဆင့်ထိ တိုးတက်လာပြီး သူ့ကျင့်ကြံဆင့်ကလည်း ကမ္ဘာမြေဘုံအဆင့်ကို ရောက်မှသာ အဲ့ဒီလို ကောင်းကင်ဘုံအဆင့် ကိရိယာကို ထွင်းထုနိုင်ခြေရှိသည်လေ။
မဟာအကြီးအကဲ လန်ယွဲ့ကတော့ ဆက်ပြီးမရှင်းပြတော့။ သူက မဟာအကြီးအကဲ ဟွိုင်ယွီ၏ ကိုယ်တွင်းမှာ ပြေးလွှားသောင်းကျန်းနေသည့် ချီစွမ်းအင်ကို သုံးရက်သုံးညတိုင်တိုင် ဖိနှိပ်ပေးခဲ့ရတာဖြစ်သည်။ အခုချိန်မှာ သူအရမ်းကိုပင်ပန်းနေလေပြီ။ သူက နှဖူးအား ဖိနှိပ်လိုက်ပြီး လင်ရွှမ်းဇီနဲ့ ယန်ထျန်းဟန်အားပြောလာ၏။
"ရွှမ်းဇီ ဒီမှာဆက်နေပြီး ဟွိုင်ယွီကိုရက်နည်းနည်းလောက် စောင့်ကြည့်ပေးဦး, အကယ်၍ တစ်ခုခု ထပ်ဖြစ်လာခဲ့ရင် ငါ့ကိုလာအသိပေး"
လင်ရွှမ်းဇီက ခေါင်းညိတ်ပြသည်။
"နားလည်ပါပြီ"
မဟာအကြီးအကဲ လန်ယွဲ့က မသွားခင်မှာ ဝါးအိမ်ထဲကိုဝင်ပြီး မဟာအကြီးအကဲ ဟွိုင်ယွီအား ထပ်မံကြည့်လိုက်သေးသည်။
ထိုအချိန်မှာ ဟွိုင်ယွီက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာပင်။ လူတွေကို ဒေါသထွက်စရာ စကားတွေပဲ အမြဲပြောတတ်တဲ့ ပါးစပ်လေးက အနည်းငယ် ပွင့်ဟနေသည်။ ၎င်းသည် ကြည့်ရတာ ချစ်စရာကောင်းနေပြီး သူ့ပုံမှန် အကျင့်စရိုက် ပုံစံနဲ့ ကွဲပြားနေပေသည်။
မဟာအကြီးအကဲ လန်ယွဲ့က သက်ပြင်းချမိ၏။
"မင်းနိုးလာတဲ့အခါ ဒီကိုလာဖို့ ချော့မော့ပြောခဲ့တဲ့ငါ့ကို သေချာပေါက် အပြစ်တင်လိမ့်မယ်, ဒါပေမဲ့ မင်းနယ်မြေကြီးကိုးခုမှာပဲ ဆက်နေနေရင်လည်း အနှေးနဲ့အမြန် ဒီနာမကျန်းမှုက မင်းကိုသတ်ပစ်မှာ စိုးတယ်, အကယ်၍ ငါ့ကို အပြစ်တင်ချင်တယ်ဆိုရင်လည်း တင်တော့"
မဟာအကြီးအကဲ ဟွိုင်ယွီကတော့ သေချာပေါက် ထိုစကားများကို မကြားနိုင်ပေ။ သူ့ပါးစပ်ကိုသာ တစ်ခုခု ဝါးနေသလိုမျိုး လှုပ်ရှားနေသည်။
မဟာအကြီးအကဲ လန်ယွဲ့က သူ့ကို ခဏလောက် ကြည့်နေပြီးမှ မတ်တပ်ရပ်ကာ ထွက်ခွာသွားသည်။
ယန်ထျန်းဟန်ကတော့ ဟွိုင်ယွီ၏ဘေးမှာ လဲလျောင်းရင်း သူ့ကို ငေးကြည့်နေ၏။
အိပ်ပျော်နေတဲ့ ဟွိုင်ယွီက ဂရုစိုက်ဖို့ မခက်ခဲပေ။ သူက တစ်ညလုံးတောင် မလှိမ့်ဘူးလေ။ ယန်ထျန်းဟန်က မကြာခင်မှာပဲ အိပ်ငိုက်လာပြီး မဟာအကြီးအကဲ ဟွိုင်ယွီဘေးမှာသာ အိပ်ပျော်သွားတော့သည်။
လင်ရွှမ်းဇီက ဝိညာဉ်ပြားထဲက ဝိညာဉ်ပင်များအား သွားဂရုစိုက်ပြီး ထွက်လာသောအခါ အိပ်ပျော်နေတဲ့ နှစ်ယောက်နဲ့ တည့်တည့်တိုးသည်။
သူက ယန်ထျန်းဟန်အား မနှိုးပဲ ညင်သာစွာ ပွေ့ချီ၍ အခန်းထဲက နူးညံ့တဲ့ကုတင်ပေါ် တင်ပေးလိုက်ကာ စောင်ခြုံပေးလိုက်သည်။
လွန်ခဲ့တဲ့ သုံးရက်လုံး ယန်ထျန်းဟန်က မဟာအကြီးအကဲ ဟွိုင်ယွီ၏ လုံခြုံရေးကို စိတ်ပူနေတာကြောင့် ကောင်းကောင်း မအိပ်ရသေးဘူးလေ။ သူက ရင်တုန်ပန်းတုန်ဖြင့်သာ ဝါးအိမလေး အပြင်ဘက်မှာ စောင်နေခဲ့တာကြောင့် အခုချိန်မှာတော့ ပင်ပန်းနေလေပြီ။
လင်ရွှမ်းဇီက ယန်ထျန်းဟန်ရဲ့ နှာခေါင်းထိပ်လေးကို ဆွဲလိုက်ပြီး တိတ်ဆိတ်ငြိမ်သက်နေသည့် မဟာအကြီးအကဲ ဟွိုင်ယွီအား တစ်ချက်ကြည့်ပြီးမှ သူ့ဝိညာဉ်ပြား အာကာသထဲ ပြန်ဝင်ရောက်သွားသည်။
အတွင်းတွင်၊ အရောင်အမျိုးမျိုးရှိသော ဝိညာဉ်အပင်များစွာ ပေါက်ရောက်နေပြီး၊ သူတို့စိုက်ထားသော သီးပင် ငယ်များပင် မကြာမီ အသီးသီးတော့မည့်ပုံပေါက်ကာ အညှောက်လေးတွေ ထွက်နေကြသည်။
အသစ်ဝယ်ထားသော မြက်မျိုပိုးလေး ခြောက်ကောင်သည်လည်း နေ့တိုင်းစားရန် ပေါင်းပင်အလုံအလောက်ရှိသောကြောင့် ၎င်းတို့သည် အလွန်လျင်မြန်သော အရှိန်ဖြင့် ကြီးထွားလာသည်။ ဒီအချိန်မှာတော့ ဝိညာဉ်ဆေးပင်များကြားတွင် ပုံမှန်အချိန်အပိုင်းအခြားအလိုက် သွားလာနေသည့် ဖြူဖွေး တုတ်ခဲနေသော မြက်မျိုပိုးကောင်များကို မြင်နေရသည်။
"ကျောက်တုန်းတုတွေ မလောက်တော့ဘူး" ဝိညာဉ်ပြားထဲသို့ ရုတ်တရက် ပုံသဏ္ဍာန်တစ်ခု ပျံသန်းလာသည်။
သူ့ကိုယ်ပေါ်တွင် အဝတ်အစား မရှိပေ။ သူ့ဝိညာဉ်က မပြည့်စုံလို့လား ဒါမှမဟုတ် အချိန်အကြာကြီး အာဟာရ လုံလုံလောက်လောက် မရလို့လား မသိနိုင်သော်လည်း သူ့ကိုကြည့်ရတာ အရိုးစုတစ်ခုလို ပိန်ပါးနေသည်။
တစ်ခြားတစ်ဖက်မှာတော့ သူ့မျက်နှာက လွန်ကဲသာလွန်လှ၏။ ပါးပြင်နှစ်ဖက်လုံးမှာ အသားမရှိသော်လည်း သူ့မျက်လုံးတစ်စုံကတော့ စိတ်ဝိညာဉ်ပြည့်ဝနေသည်။ ဒီဝိညာဉ်က သူ့ရဲ့ နေ့ရက်တုန်းက ဘယ်လောက်တောင် ချောမောခန့်ညားပြီး ချစ်ခြင်းမေတ္တာပြည့်ဝနေမလဲ တွေးကြည့်ဖို့ မခက်ခဲလှ။
လင်ရွှမ်းဇီက သူ့ကို တစ်ချက်ကြည့်လိုက်သည်။
"မင်း အဝတ်အစား ဝတ်ထားလို့ မရဘူးလား?"
ဝိညာဉ်ပြားက မျက်လုံးသာလှန်ပြပြီး ပုတ်သိုးသိုးပြန်ပြောသည်။
"အကယ်၍ ငါသာ အဝတ်အစား ဝတ်နိုင်လို့ရှိရင် မင်းသတိပေးလာတဲ့အထိ စောင့်နေမှာတဲ့လား?"
လင်ရွှမ်းဇီက ရပ်တန့်သွားမိ၏။
"ငါကြောက်တာက ငါလုပ်တဲ့ အဝတ်အစားတွေက ဝိညာဉ်ကိုယ်ထည် မဝတ်နိုင်မှာကိုပဲ, မင်းရဲ့မွေးသက္ကရာဇ်၊ ဇာတာရဲ့ အက္ခရာရှစ်လုံးနဲ့ နာမည် ပြောပြရင်ရော? ဒါဆို မင်းအတွက် ဝိညာဉ်ကိုယ်ထည် အဝတ်အစားတွေ မီးရှို့ပူဇော်ပေးလို့ရတာပေါ့"
ဝိညာဉ်ပြားက မျက်လုံးများ ကျဉ်းမြောင်းလိုက်ပြီး လင်ရွှမ်းဇီအား စိုက်ကြည့်လာသည်။
"ကောင်လေး မင်းက ငါ့ကို ငါ့အကြောင်းတွေ ထုတ်ပြောလာအောင် လှည့်ဖြားချင်နေတာလား? မင်းက တော်တော် ရဲတင်းတာပဲ"
သူတို့ စကားပြောနေစအချိန်မှာ ကောင်းကင်က တည်ငြိမ်ပြီး ကြည်လင်နေခဲ့တာပင်။ သို့သော်လည်း ချက်ချင်းလိုလို မှောင်မိုက်နေသည့် တိမ်တိုက်များ စုဝေးလာပြီး လျှပ်ပြီးမိုးကြိုးများ တစ်ဖြတ်ဖြတ် တစ်လက်လက် ဖြစ်လာသည်မှာ လင်ရွှမ်းဇီအား ချက်ချင်းပင် ပစ်ချင်နေသည့်ပုံပင်။
ထိုခဏလေးမှာ ဝိညာဉ်ပြားရဲ့ ပုံစံက ကြမ်းတမ်းသည့် တစ္စေတစ်ကောင်နဲ့ တူနေသည်။
သို့သော်လည်း လင်ရွှမ်းဇီကတော့ ဂရုမစိုက်စွာပဲ ဝိညာဉ်ပြားကို ကြည့်နေသည်။
"ငါမင်းရဲ့ မူလကို မသိချင်ဘူး ဒီအတိုင်း မင်းကို ကူညီပေးချင်ရုံပဲ, မလိုချင်ဘူးဆိုတော့လည်း ထပ်မပြောတော့ဘူး"
ဝိညာဉ်ပြားက နောက်တစ်ဖန် မပျော်မရွှင်ဖြစ်လာပြီး အော်ဟစ်လေသည်။
"ဘာလို့ မင်းက ဒီအရှင်သခင်ရဲ့ မူလကို စိတ်မဝင်စားရတာလဲ? ဒီအရှင်သခင်ရဲ့ မူလက မင်းရဲ့ စိတ်ဝင်စားမှုနဲ့ မထိုက်တန်ဘူးလား?"
လင်ရွှမ်းဇီ, "..."
ဝိညာဉ်ပြားက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ကောင်းကင်က သူ့မူလ အခြေအနေကို ပြန်ရောက်သွားသည်။
"ဒီအရှင်သခင်က မင်းကို မပြောပြချင်တာ မဟုတ်ဘူး ဒါပေမဲ့ ငါက ငါ့နာမည်ကိုတောင် မမှတ်မိဘူး"
သူက အေးအေးဆေးဆေးပေါ့ပေါ့ပါးပါးနဲ့ ပြောနေ၏။ ထို့နောက် ဝိညာဉ်ပင်စိုက်ခင်းထဲ လမ်းလျှောက်ရင်း ဆေးပင်တစ်ပင်အား ဆွဲနှုတ်ကာ ဝါးပြီးမျိုချလိုက်သည်။ လင်ရွှမ်းဇီက သူ့ကို တားမြစ်ချင်ပေမယ့် ဆက်ပြီးပါးစပ်ပိတ်နေဖို့သာ ဆုံးဖြတ်လိုက်တော့သည်။
ဝိညာဉ်ပြားက သူ့လျှာအား နှစ်ချက်လောက် သပ်လိုက်ကာ
"အရသာ ကောင်းတယ်။ ကြည့်ရတာ ဒီ ဝိညာဉ်ပြားက ဝိညာဉ်ဆေးဖက်ဝင်အပင်တွေ စိုက်ပျိုးဖို့အတွက် တကယ်ကို အဖိုးတန်တဲ့ နေရာတစ်ခုဖြစ်ပုံပဲ။ ကောင်လေး၊ မင်းအရင်က ပြင်ဆင်ထားတဲ့ ကျောက်တုံးအတုတွေက ဘယ်မှာလဲ?"
လင်ရွှမ်းဇီက ပေါ့ပေါ့ပါးပါးဖြင့်သာ ပြန်ဖြေသည်။
"မနေ့ကပဲ ထိပ်တန်းအဆင့် ကျောက်တုန်းတု တစ်ရာကို ပစ်ထည့်ပေးလိုက်တယ်လေ"
ဝိညာဉ်ပြားက ဝိညာဉ်ချီများ စုပ်ယူ၍ သူ့ကိုယ်သူ ထောက်ပံ့နိုင်သည်။ သူ့အရင်ဘဝ အဆုံးသတ်မှာတုန်းက လင်ရွှမ်းဇီသည် နှစ်ထောင်ချီအတွင်းမှာ ဝိညာဉ်ပြားအား တောင်များ၊ မြစ်များ ရှိသည်အထိ ချဲ့ထွင်နိုင်ခဲ့ပြီး နေ၊လနဲ့ ကြယ်များသာ ပျောက်ဆုံးနေခဲ့တာပင်။
သို့သော်လည်း ထိုအချိန်မှာ လင်ရွှမ်းဇီက မှန်ကို ပြန်ပြင်ဖို့သာ စိတ်ငရဲကျနေတာကြောင့် ဝိညာဉ်ပြားထဲရှိ နေရာအားလုံးကို အပြည့်အဝ သုံးရန် စိတ်မကူးခဲ့။ အခုမှသာ ယန်ထျန်းဟန်နဲ့အတူ ဒီနေရာကို စီမံခန့်ခွဲဖို့ စီစဉ်ခဲ့ခြင်းပင်။
အကယ်၍ ကျောက်တုန်းတုတွေသာ မရှိဘူးဆိုရင် ဝိညာဉ်ပြားသည်လည်း ဒီနေရာမှာ ပျိုးထောင်ထားတဲ့ ဝိညာဉ်ပင်တွေကို ထောက်ပံ့ပေးနိုင်မှာမဟုတ်
ဝိညာဉ်ပြားက သူ့နှုတ်ခမ်းများကို ကွေးညွှတ်လိုက်သည်။
"ထိပ်တန်းအဆင့် ကျောက်တုန်းတု တစ်ရာကဘာလဲ? မင်းငါ့ဆီက ယူသွားတာတွေက ဘယ်လောက်လဲ ဆိုတာတောင် မသိတော့ဘူး, ပြီးတော့လည်း ကျောက်တုန်းတုဆိုတာ ဒုတိယ အကောင်းဆုံး အရာအဆင့်ပဲရှိတာ, ပုံမှန်သဘောအရဆိုရင် ဒီနယ်မြေက ဝိညာဉ်ကျောက်တုန်းတွေနဲ့ စာဝိညာဉ်တွေကို အသုံးပြုရမှာ"
လင်ရွှမ်းဇီက ပြောသည်။
"ဝိညာဉ်ကျောက်တုန်းတွေနဲ့ စာဝိညာဉ်က အထက်ဘုံက အရာတွေ"
ဝိညာဉ်ပြားက အော်ဟစ်လာ၏။
"မင်းညီလေးရဲ့ လက်ထဲမှာ စာဝိညာဉ်ကျောက်တုန်းသုံးတုန်းတောင် ရှိတာပဲ, တစ်ခုက တစ်ခြားတစ်ခုထက် ပိုသေးတယ် ဆိုပေမယ့်လည်း အရမ်းတော့ ကောင်းနေသေးတာပဲလေ"
လင်ရွှမ်းဇီက သူ့မျက်လုံးများအား အနည်းငယ် ကျဉ်းမြောင်းလိုက်ကာ
"အဲဒါက အကြီးဆုံး ဆရာတူအကိုကြီးက အားဟန်ကို ပေးတဲ့ တွေ့ဆုံခြင်း လက်ဆောင်ပဲ, အကယ်၍ လိုချင်တယ်ဆိုရင် သူ့ကို တိုက်ရိုက်ပြောလေ, ဒါက ငါဆုံးဖြတ်လို့ရတာမဟုတ်ဘူး"
"မင်းငါ့ကို သူနဲ့တွေ့ခွင့်ပေးလေ ဒါဆို ငါကိုယ်တိုင် ပြောမှာပေါ့"
လင်ရွှမ်းဇီက နားလည်ရန်ခက်ခဲသည့် လျှို့ဝှက်အပြုံးတစ်ခု ထုတ်ဖော်လာသည်။
ဝိညာဉ်ပြားမှာ သွေးအန်လုနီးပါးပင် ဖြစ်သွားရပြီး မျက်လုံးသာ လှန်မိတော့၏။
"ဒါဆိုမင်းက ချီးစကားတွေ လာပြောနေတာပေါ့!"
"ငါနယ်မြေကြီးကိုးခုဆီ ရောက်သွားရင် မင်းအတွက် ဝိညာဉ်ကျောက်တုန်းတွေနဲ့ စာဝိညာဉ်ကို ရှာပေးပါ့မယ်"
"အဲ့ဒါက ဘယ်လောက်တောင် စောင့်ရဦးမလဲ မသိဘူး, မင်းက တော်တော်ကို စိတ်မချရတာပဲ" ဝိညာဉ်ပြားက ညည်းညူသည်။
လင်ရွှမ်းဇီက ပြုံးလေသည်။
"ငါမရှိဘူးဆိုရင်တောင် နောက်နှစ်(800) အတွင်းမှာ တိုက်ကြီးငါးတိုက်က နေ ထွက်ပြီး နယ်မြေကြီးကိုးခုကို သွားလို့ရတာပဲ"
ဝိညာဉ်ပြားက အံ့သြသွားရသည်။
"မင်းဘယ်လိုသိလဲ?"
လင်ရွှမ်းဇီရဲ့ အသွင်အပြင်က တိမ်တိုက်လေးလို ပေါ့ပေါးနေလေသည်။
"ငါက ပြန်လည်မွေးဖွားလာတဲ့သူဆိုတာကို မမေ့နဲ့ဦး, နောင်နှစ်ပေါင်းတစ်ထောင်မှာ မင်းအတွက်ဖြစ်လာမယ့်အရာအားလုံးကို ငါသိတယ်"
24.4.2022
========================
Zawgyi
အခန္း(၃၅၃) - အက်ပ္အတည္းကို ေျဖရွင္းျခင္း
ႏွစ္နာရီခန႔္အၾကာတြင္ ဝါးအိမ္ထဲမွ နာက်င္စြာ ေအာ္ဟစ္ ငိုေႂကြးသံ ထြက္ေပၚလာသည္။ ၎သည္ ျပတ္ေတာင္းျပတ္ေတာင္း ျဖစ္သြားလိုက္ က်ယ္ေလာင္လာလိုက္ ျဖစ္ေနတာပင္။ ဒါ့အျပင္ တိုးတိုးၾကိတ္ၾကိတ္ ရန္ျဖစ္သံမ်ားလည္း ရွိေနပံုရသည္။
ယန္ထ်န္းဟန္နဲ႔ လင္ရႊမ္းဇီတို႔မွာေတာ့ အခ်င္းခ်င္း အၾကည့္ခ်င္း ဖလွယ္မိၾကကာ အထဲက အေျခအေနအေပၚ နွစ္ေယာက္လံုး စိုးရိမ္ပူပန္ေနမိၾကသည္။
သို႔ေသာ္လည္း သူတို႔နွစ္ေယာက္လံုးက မဟာအၾကီးအကဲ လန္ယြဲ႔၏ မွာၾကားခ်က္ကို အမွတ္ရတာေၾကာင့္ မလွုပ္ရွားၾကေပ။ သူတို႔က အထဲမွာ တစ္ခုခု ၾကီးၾကီးမားမားျဖစ္သြားတာ ဒါမွမဟုတ္ လန္ယြဲ႔က သူတို႔နာမည္ကို လွမ္းေခၚတဲ့ အခါမ်ိဳးမွသာ အထဲဝင္ေျပးနုိင္ေစရန္ အစီအစဥ္ ခ်နုိင္ၾကသည္။
သနားခ်င့္စဖြယ္ ညည္းညဴသံက နာရီဝက္မွ် ၾကာျပီးမွသာ တစ္ျဖည္းျဖည္းေပ်ာက္ကြယ္သြားခဲ့သည္။ ကံေကာင္းစြာနဲ႔ သူတို႔ ေတြးထားခဲ့ေသာ အခန္းလံုးဝ ေပါက္ကြဲထြက္သြားသည့္ ကိစၥမ်ိဳးက ျဖစ္မလာခဲ့။
ယန္ထ်န္းဟန္ရဲ႔ တင္းၾကပ္ေနသည့္ အာရံုေၾကာမ်ားသည္လည္း ေနာက္ဆံုးေတာ့ ေျပေလ်ာ့သြားရသည္။
ေနာက္ထပ္ သံုးရက္သံုးည ကုန္ဆံုးျပီးေနာက္ ၾကည္လင္ေနသည့္ မနက္ခင္းတစ္ခုမွာ ဝါးအိမ္တံခါးက တြန္းဖြင့္လာသည္။
မဟာအၾကီးအကဲ လန္ယြဲ႔၏ မ်က္နွာက ျဖဴေဖ်ာ့ေနေသာ္လည္း သူ႔ေျခလွမ္းမ်ားကေတာ့ တည္ျငိမ္ျပီး အားေကာင္းေနဆဲပင္။ သူထြက္လာေသာအခါ အနားမွာ ထိုင္ေစာင့္ေနဆဲျဖစ္သည့္ နွစ္ေယာက္ကို တစ္ခ်က္ၾကည့္လုိက္ျပီး ႏူးႏူးည့ံည့ံ ေျပာလိုက္သည္။
"ငါနဲ႔လုိက္ခဲ့ၾက"
ယန္ထ်န္းဟန္က အလ်င္စလို ထရပ္ျပီး လန္ယြဲ႔ေနာက္ကေနတစ္ဆင့္ သစ္သီးပင္မ်ားရွိသည့္ သစ္ေတာရွိရာသို႔ လိုက္သြားသည္။
လင္ရႊမ္းဇီက ေမးလာ၏။
"ဂိုဏ္းတူဦးေလးက ဘာျဖစ္တာလဲ?"
မဟာအၾကီးအကဲ လန္ယြဲ႔က ျပန္ေျဖသည္။
"ငါ့သူ႔ကို အခ်ိန္မွီ ကုသေပးနုိင္လုိက္တယ္ ျပီးေတာ့ အခု သူ႔အသက္လံုျခံဳသြားျပီ"
ယန္ထ်န္းဟန္က စိတ္သက္သာရာရစြာ သက္ျပင္းခ်ကာ
"သူ႔အသက္အႏာၱရယ္ မရွိေတာ့ဘူးဆိုေတာ့ ေကာင္းတာေပါ့"
လန္ယြဲ႔က ယန္ထ်န္းဟန္အား ရွဳပ္ေထြးသည့္ မ်က္လံုးမ်ားျဖင့္ ၾကည့္လာ၏။
"ငါေျပာတာ သူ႔အသက္လံုျခံဳတယ္လုိ႔ မဟုတ္ဘူး မင္းအသက္ကိုေျပာတာ"
".....က်ြန္ေတာ္?"
"အကယ္၍ အနာဂတ္မွာ သူ႔ကို အဲ့ဒီလိုပံုစံနဲ႔ ထပ္ေတြ႔ရင္ အနားမကပ္သြားနဲ႔ ျပီးေတာ့ ငါ့ဆီကို အျမန္ဆံုးလာျပီး အကူအညီေတာင္း, ဟြိဳင္ယြီ.....သူအရင္တုန္းက က်င့္ၾကံမွဳမွာ လြဲေခ်ာ္မွုေတြ ရွိခဲ့တယ္ အဲ့ဒါေၾကာင့္ သူ႔စိတ္အေျခအေန ျပင္းျပင္းထန္ထန္ ဆိုးဝါးလာတာတို႔ ရုတ္တရက္ ဝိညာဥ္ခ်ီေတြ အလြန္အက်ြံသံုးစြဲ မိတာတို႔ဆိုရင္ ခ်ီေသြဖယ္မွု ခံစားရလိမ့္မယ္, အဲ့ဒီအခ်ိန္မွာ သူ႔ေဆြမ်ိဳးေတြကိုေတာင္ မသိေတာ့ပဲ ျမင္သမ်ွ လူတိုင္းကို သတ္ပစ္နုိင္တယ္, မတိုင္ခင္တုန္းကလည္း အဲ့ဒီအတြက္ေၾကာင့္ ျပႆနာၾကီးတက္ေတာ့မလို႔ ျဖစ္သြားဘူးတယ္"
ယန္ထ်န္းဟန္က အသက္ျပင္းျပင္း ရွဳမိျပီး လင္ရႊမ္းဇီမွာေတာ့ ေခ်ြးေအးမ်ား ထြက္လာလုနီးပါးပင္။
ယန္ထ်န္းဟန္က မ်က္ေမွာင္ၾကဳတ္ကာ ေရရြတ္မိသည္။
"က်ြန္ေတာ့္ဆရာက ဘယ္လိုျဖစ္လို႔ ဒီလိုျဖစ္ရတာလဲ? သူက အရမ္းခြန္အားၾကီးတဲဟာကို, အႏာၱရယ္နဲ႔ ၾကံဳေတြ႔လုိ႔မ်ား ဝိညာဥ္ခ်ီကို အလြန္အက်ြံ သံုးမိသြားတာလား?"
မဟာအၾကီးအကဲ လန္ယြဲ႔က ေအးစက္စက္သာ တံု႔ျပန္သည္။
"သူက သူ႔ကိုယ္သူ ဒုကၡရွာတာေလ, တုိက္ၾကီးငါးတိုက္က ဘယ္သူကမွ သူ႔ထက္က်င့္ၾကံဆင့္ ျမင့္တဲ့သူ မရွိဘူး, အခုက တိုက္ၾကီးငါးတိုက္ရဲ႔ နယ္ေျမအဆီးအတားကို ခ်ိဳးျဖတ္ဖို႔ သြားၾကိဳးစားတာ ေနမွာေပါ့ — အကယ္လို႔သာ သူ႔ေၾကာင့္နဲ႔ အလြယ္တကူ က်ိဳးပ်က္နုိင္မယ္ဆိုရင္ ဘယ္လိုမ်ား တိုက္ၾကီးငါးတိုက္ရဲ႔ ေသာက္နယ္ေျမအဆီးအတားလို႔ ေခၚေနဦးမွာလဲ!"
ယန္ထ်န္းဟန္သည္ မထိန္းခ်ဳပ္နုိင္စြာပဲ သူ႔နွုတ္ခမ္းေလးကို တိတ္တဆိတ္ သပ္မိေတာ့သည္။ ၾကည့္ရတာ မဟာအၾကီးအကဲ လန္ယြဲ႔က အရမ္းကို ေဒါသထြက္လြန္းလို႔ ဒီတစ္ေခါက္ ဆဲပါဆဲေနတဲ့အထိပဲ
လင္ရႊမ္းဇီက ခပ္ဖြဖြ မ်က္ေမွာင္ၾကဳတ္ကာ
"ၾကည့္ရတာ အဲ့ဒီ အတားအဆီးက တကယ္ပဲ မပြင့္နုိင္ေတာ့ဘူးထင္တယ္"
"အကယ္၍ ဖြင့္ဖို႔ အခြင့္အလမ္း ရွိတယ္ဆိုရင္ေတာင္ ဒီေလာက္ ရိုးရွင္းျပီး အၾကမ္းဖ်င္း ဆန္မွာမဟုတ္ဘူး" မဟာအၾကီးအကဲ လန္ယြဲ႔က သူ႔ကိုၾကည့္ရင္း ေျဖလာသည္။
ယန္ထ်န္းဟန္က အလြန္စိုးရိမ္ပူပန္ေနမိ၏။ သူက စိုးရိမ္တၾကီးျဖင့္ ေရွ႔ထြက္လာသည္။
"က်ြန္ေတာ့္ဆရာရဲ႔ က်င့္ၾကံဆင့္က သူ႔ကန္႔သတ္ခ်က္ကို ေက်ာ္လြန္ခါနီး ျဖစ္ေနလို႔ ျဖစ္မယ္ အဲ့ဒါေၾကာင့္ တိုက္ၾကီးငါးတိုက္ရဲ႔ နယ္ေျမအဆီးအတားကို ေက်ာ္ျဖတ္ဖို႔ ၾကိဳးစားတာပဲ, လြန္ခဲ့တဲ့ ရက္အနည္းငယ္တုနး္က ခ်ိဳးျဖတ္ဓားေတာင္ထြတ္ရဲ႔ ေတာင္သခင္ တံခါးပိတ္ တရားက်င့္ဖို႔ ဝင္သြားခဲ့တယ္ အခုခ်ိန္ထိ အထဲမွာ လွုပ္ရွားမွု မရွိေသးဘူး ျပီးေတာ့ အေျခအေနကိုလည္း မသိနိုင္ဘူး ဒါေပမဲ့ ဦးေလးမိုေျပာတာေတာ့ သူက တံခါးပိတ္ေသျခင္းတရားကို ဝင္သြားတာတဲ့, က်ြန္ေတာ္တို႔ ဘယ္လိုလုပ္ၾကမလဲ ၾကည့္ရတာ က်ြန္ေတာ့္ဆရာကလည္း ေရြးခ်ယ္စရာမရွိ ခ်ိဳးျဖတ္ဝင္ေရာက္မယ့္ အဆင့္ကို ေရာက္ေနတာပဲ, တိုက္ၾကီးငါးတိုက္ရဲ႔ အတားအဆီးက ဒီအတိုင္းပဲ ရွိေနေသးတာလား? သူ႔ကိုယ္ပိုင္က်င့္ၾကံဆင့္က မသန္စြမ္း ျဖစ္သြားမွာေတာ့ မဟုတ္ပါဘူးေနာ္?"
"ဒါလည္း နည္းလမ္းတစ္ခုပဲ" မဟာအၾကီးအကဲ လန္ယြဲ႔ဆီကအသံထြက္လာသည္။
ယန္ထ်န္းဟန္, "..."
"မင္းအဲ့ဒီ ေခြးေကာင္စုတ္ေလးအတြက္ စိုးရိမ္ေနစရာမလိုဘူး, သူက သူ႔ကိုယ္သူ ေသေၾကာင္းရွာေနတာ, သူမထြက္သြားခင္တုန္းက အဲ့ဒီအတားအဆီးက က်ိဳးပ်က္မွာ မဟုတ္ပါဘူးလို႔ ေျပာျပီးသား, အဲ့ဒါကို မယံုပဲ သူ႔ဘာသာသူ သြားဖ်တ္ဆီးဖို႔ ၾကိဳးစားတယ္ေလ, နံရံကို မထိမခ်င္း ေနာက္ျပန္လွည့္မွာ မဟုတ္သလုိ အေခါင္းမျမင္ရမျခင္း မ်က္ရည္က်မွာ မဟုတ္ဘူး, သူ႔က်င့္ၾကံဆင့္က တိုက္ၾကီးငါးတုိက္က လက္ခံနုိင္တဲ့ အကန္႔အသတ္ထက္ ေက်ာ္လြန္ေနတယ္ ဆိုေပမယ့္လည္း သူ႔မွာ ေကာင္းကင္ဘံုတာအိုကုိ လွည့္စားနုိင္တဲ့ ေမွာ္ရတနာ ရွိတဲ့အတြက္ ျပႆနာမဟုတ္ဘူး, အကယ္၍ သူသာ ေသေၾကာင္းရွာေနတာ မဟုတ္ဘူးဆိုရင္ ဒီေန႔လို ျမင္ကြင္းက ျဖစ္လာစရာအေၾကာင္းကို မရွိဘူး"
လင္ရႊမ္းဇီက အဓိကအခ်က္ကို ဆြဲထုတ္ျပီး သူ႔မ်က္လံုးမ်ားကို က်ဥ္းေျမာင္းလုိက္သည္။
"ေကာင္းကင္ဘံုတာအိုကို လွည့္စားနုိင္တဲ့ ေမွာ္ရတနာ?"
"အဲ့ဒါက ဒီကမာၻေပၚမွာ ရွားပါးတယ္" မဟာအၾကီးအကဲလန္ယြဲ႔က ေခါင္းညိတ္ျပသည္။
လင္ရႊမ္းဇီ၏ အသိစိတ္ပင္လယ္ထဲမွ ဝိညာဥ္ျပားက စကားေျပာလာသည္။
[ၾကည့္ရတာ ဟြိုင္ယြီရဲ႔ ေနာက္ခံက မေသးဘူးနဲ႔တူတယ္]
နာမည္အတိုင္းပင္ ေကာင္းကင္ဘံုကို လွည့္ျဖားနုိင္သည့္ ေမွာ္ရတနာသည္ ထိုအတိုင္း လုပ္ေဆာင္ျခင္းျဖစ္သည္။
ထိုကဲ့သို႔ ေမွာ္ရတာမ်ိဳးက အမ်ားအားျဖင့္ ေကာင္းကင္ဘံုတာအိုဆီက ဖုန္းကြယ္၍ တစ္စံုတစ္ေယာက္ရဲ႔ ကံၾကမၼာကို ေျပာင္းလဲရန္ အသံုးျပဳျခင္းပင္။
အနည္းဆံုးေတာ့ အဲ့ဒါက ေကာင္းကင္ဘံုအဆင့္ နတ္ဘုရားပစၥည္း ျဖစ္လိမ့္မည္။
ဒီေန႔အခ်ိန္ လင္ရႊမ္းဇီက အမ်ားဆံုးမွ ရတနာအဆင့္ ေမွာ္ရတနာကို ထြင္းထုနုိင္တာ။ တစ္ေန႔မွာ သူ႔ရဲ႔ မီးဝိညာဥ္က တိုက္ၾကီးငါးတိုက္မွာ မရွိဘူးတဲ့ ခရမ္းဝိညာဥ္အဆင့္ထိ တိုးတက္လာျပီး သူ႔က်င့္ၾကံဆင့္ကလည္း ကမာၻေျမဘံုအဆင့္ကို ေရာက္မွသာ အဲ့ဒီလို ေကာင္းကင္ဘံုအဆင့္ ကိရိယာကို ထြင္းထုနိုင္ေျခရွိသည္ေလ။
မဟာအၾကီးအကဲ လန္ယြဲ႔ကေတာ့ ဆက္ျပီးမရွင္းျပေတာ့။ သူက မဟာအၾကီးအကဲ ဟြိဳင္ယြီ၏ ကိုယ္တြင္းမွာ ေျပးလႊားေသာင္းက်န္းေနသည့္ ခ်ီစြမ္းအင္ကို သံုးရက္သံုးညတိုင္တိုင္ ဖိနွိပ္ေပးခဲ့ရတာျဖစ္သည္။ အခုခ်ိန္မွာ သူအရမ္းကိုပင္ပန္းေနေလျပီ။ သူက နွဖူးအား ဖိနွိပ္လိုက္ျပီး လင္ရႊမ္းဇီနဲ႔ ယန္ထ်န္းဟန္အားေျပာလာ၏။
"ရႊမ္းဇီ ဒီမွာဆက္ေနျပီး ဟြိဳင္ယြီကိုရက္နည္းနည္းေလာက္ ေစာင့္ၾကည့္ေပးဦး, အကယ္၍ တစ္ခုခု ထပ္ျဖစ္လာခဲ့ရင္ ငါ့ကိုလာအသိေပး"
လင္ရႊမ္းဇီက ေခါင္းညိတ္ျပသည္။
"နားလည္ပါျပီ"
မဟာအၾကီးအကဲ လန္ယြဲ႔က မသြားခင္မွာ ဝါးအိမ္ထဲကိုဝင္ျပီး မဟာအၾကီးအကဲ ဟြိုင္ယြီအား ထပ္မံၾကည့္လုိက္ေသးသည္။
ထိုအခ်ိန္မွာ ဟြိုင္ယြီက နွစ္နွစ္ျခိဳက္ျခိဳက္ အိပ္ေပ်ာ္ေနတာပင္။ လူေတြကို ေဒါသထြက္စရာ စကားေတြပဲ အျမဲေျပာတတ္တဲ့ ပါးစပ္ေလးက အနည္းငယ္ ပြင့္ဟေနသည္။ ၎သည္ ၾကည့္ရတာ ခ်စ္စရာေကာင္းေနျပီး သူ႔ပံုမွန္ အက်င့္စရိုက္ ပံုစံနဲ႔ ကြဲျပားေနေပသည္။
မဟာအၾကီးအကဲ လန္ယြဲ႔က သက္ျပင္းခ်မိ၏။
"မင္းနိုးလာတဲ့အခါ ဒီကိုလာဖို႔ ေခ်ာ့ေမာ့ေျပာခဲ့တဲ့ငါ့ကို ေသခ်ာေပါက္ အျပစ္တင္လိမ့္မယ္, ဒါေပမဲ့ မင္းနယ္ေျမၾကီးကိုးခုမွာပဲ ဆက္ေနေနရင္လည္း အေနွးနဲ႔အျမန္ ဒီနာမက်န္းမွုက မင္းကိုသတ္ပစ္မွာ စိုးတယ္, အကယ္၍ ငါ့ကို အျပစ္တင္ခ်င္တယ္ဆိုရင္လည္း တင္ေတာ့"
မဟာအၾကီးအကဲ ဟြိုင္ယြီကေတာ့ ေသခ်ာေပါက္ ထိုစကားမ်ားကို မၾကားနုိင္ေပ။ သူ႔ပါးစပ္ကိုသာ တစ္ခုခု ဝါးေနသလိုမ်ိဳး လွဳပ္ရွားေနသည္။
မဟာအၾကီးအကဲ လန္ယြဲ႔က သူ႔ကို ခဏေလာက္ ၾကည့္ေနျပီးမွ မတ္တပ္ရပ္ကာ ထြက္ခြာသြားသည္။
ယန္ထ်န္းဟန္ကေတာ့ ဟြိုင္ယြီ၏ေဘးမွာ လဲေလ်ာင္းရင္း သူ႔ကုိ ေငးၾကည့္ေန၏။
အိပ္ပေ်ာ္ေနတဲ့ ဟြိုင္ယြီက ဂရုစိုက္ဖို႔ မခက္ခဲေပ။ သူက တစ္ညလံုးေတာင္ မလွိမ့္ဘူးေလ။ ယန္ထ်န္းဟန္က မၾကာခင္မွာပဲ အိပ္ငိုက္လာျပီး မဟာအၾကီးအကဲ ဟြိုင္ယြီေဘးမွာသာ အိပ္ေပ်ာ္သြားေတာ့သည္။
လင္ရႊမ္းဇီက ဝိညာဥ္ျပားထဲက ဝိညာဥ္ပင္မ်ားအား သြားဂရုစိုက္ျပီး ထြက္လာေသာအခါ အိပ္ေပ်ာ္ေနတဲ့ နွစ္ေယာက္နဲ႔ တည့္တည့္တိုးသည္။
သူက ယန္ထ်န္းဟန္အား မနွိုးပဲ ညင္သာစြာ ေပြ႔ခ်ီ၍ အခန္းထဲက ႏူးည့ံတဲ့ကုတင္ေပၚ တင္ေပးလိုက္ကာ ေစာင္ျခံဳေပးလုိက္သည္။
လြန္ခဲ့တဲ့ သံုးရက္လံုး ယန္ထ်န္းဟန္က မဟာအၾကီးအကဲ ဟြိုင္ယြီ၏ လံုျခံဳေရးကို စိတ္ပူေနတာေၾကာင့္ ေကာင္းေကာင္း မအိပ္ရေသးဘူးေလ။ သူက ရင္တုန္ပန္းတုန္ျဖင့္သာ ဝါးအိမေလး အျပင္ဘက္မွာ ေစာင္ေနခဲ့တာေၾကာင့္ အခုခ်ိိန္မွာေတာ့ ပင္ပန္းေနေလျပီ။
လင္ရႊမ္းဇီက ယန္ထ်န္းဟန္ရဲ႔ နွာေခါင္းထိပ္ေလးကို ဆြဲလိုက္ျပီး တိတ္ဆိတ္ျငိမ္သက္ေနသည့္ မဟာအၾကီးအကဲ ဟြိုင္ယြီအား တစ္ခ်က္ၾကည့္ျပီးမွ သူ႔ဝိညာဥ္ျပား အာကာသထဲ ျပန္ဝင္ေရာက္သြားသည္။
အတြင္းတြင္၊ အေရာင္အမ်ိဳးမ်ိဳးရွိေသာ ဝိညာဥ္အပင္မ်ားစြာ ေပါက္ေရာက္ေနၿပီး၊ သူတို႔စိုက္ထားေသာ သီးပင္ ငယ္မ်ားပင္ မၾကာမီ အသီးသီးေတာ့မည့္ပုံေပါက္ကာ အေညႇာက္ေလးေတြ ထြက္ေနၾကသည္။
အသစ္ဝယ္ထားေသာ ျမက္မ်ိဳပိုးေလး ေျခာက္ေကာင္သည္လည္း ေန႔တိုင္းစားရန္ ေပါင္းပင္အလုံအေလာက္ရွိေသာေၾကာင့္ ၎တို႔သည္ အလြန္လ်င္ျမန္ေသာ အရွိန္ျဖင့္ ႀကီးထြားလာသည္။ ဒီအခ်ိန္မွာေတာ့ ဝိညာဥ္ေဆးပင္မ်ားၾကားတြင္ ပုံမွန္အခ်ိန္အပိုင္းအျခားအလိုက္ သြားလာေနသည့္ ျဖဴေဖြး တုတ္ခဲေနေသာ ျမက္မ်ိဳပိုးေကာင္မ်ားကို ျမင္ေနရသည္။
"ေက်ာက္တုန္းတုေတြ မေလာက္ေတာ့ဘူး" ဝိညာဥ္ျပားထဲသို႔ ရုတ္တရက္ ပံုသ႑ာန္တစ္ခု ပ်ံသန္းလာသည္။
သူ႔ကိုယ္ေပၚတြင္ အဝတ္အစား မရွိေပ။ သူ႔ဝိညာဥ္က မျပည့္စံုလို႔လား ဒါမွမဟုတ္ အခ်ိန္အၾကာၾကီး အာဟာရ လံုလံုေလာက္ေလာက္ မရလို႔လား မသိနုိင္ေသာ္လည္း သူ႔ကိုၾကည့္ရတာ အရိုးစုတစ္ခုလို ပိန္ပါးေနသည္။
တစ္ျခားတစ္ဖက္မွာေတာ့ သူ႔မ်က္နွာက လြန္ကဲသာလြန္လွ၏။ ပါးျပင္နွစ္ဖက္လံုးမွာ အသားမရွိေသာ္လည္း သူ႔မ်က္လံုးတစ္စံုကေတာ့ စိတ္ဝိညာဥ္ျပည့္ဝေနသည္။ ဒီဝိညာဥ္က သူ႔ရဲ႔ ေန႔ရက္တုန္းက ဘယ္ေလာက္ေတာင္ ေခ်ာေမာခန္႔ညားျပီး ခ်စ္ျခင္းေမတၱာျပည့္ဝေနမလဲ ေတြးၾကည့္ဖို႔ မခက္ခဲလွ။
လင္ရႊမ္းဇီက သူ႔ကုိ တစ္ခ်က္ၾကည့္လုိက္သည္။
"မင္း အဝတ္အစား ဝတ္ထားလုိ႔ မရဘူးလား?"
ဝိညာဥ္ျပားက မ်က္လံုးသာလွန္ျပျပီး ပုတ္သိုးသိုးျပန္ေျပာသည္။
"အကယ္၍ ငါသာ အဝတ္အစား ဝတ္နုိင္လို႔ရွိရင္ မင္းသတိေပးလာတဲ့အထိ ေစာင့္ေနမွာတဲ့လား?"
လင္ရႊမ္းဇီက ရပ္တန္႔သြားမိ၏။
"ငါေၾကာက္တာက ငါလုပ္တဲ့ အဝတ္အစားေတြက ဝိညာဥ္ကိုယ္ထည္ မဝတ္နုိင္မွာကိုပဲ, မင္းရဲ႕ေမြးသကၠရာဇ္၊ ဇာတာရဲ႕ အကၡရာရွစ္လုံးနဲ႔ နာမည္ ေျပာျပရင္ေရာ? ဒါဆို မင္းအတြက္ ဝိညာဥ္ကိုယ္ထည္ အဝတ္အစားေတြ မီးရွိဳ႔ပူေဇာ္ေပးလို႔ရတာေပါ့"
ဝိညာဥ္ျပားက မ်က္လံုးမ်ား က်ဥ္းေျမာင္းလုိက္ျပီး လင္ရႊမ္းဇီအား စိုက္ၾကည့္လာသည္။
"ေကာင္ေလး မင္းက ငါ့ကို ငါ့အေၾကာင္းေတြ ထုတ္ေျပာလာေအာင္ လွည့္ျဖားခ်င္ေနတာလား? မင္းက ေတာ္ေတာ္ ရဲတင္းတာပဲ"
သူတို႔ စကားေျပာေနစအခ်ိန္မွာ ေကာင္းကင္က တည္ျငိမ္ျပီး ၾကည္လင္ေနခဲ့တာပင္။ သို႔ေသာ္လည္း ခ်က္ခ်င္းလုိလုိ ေမွာင္မုိက္ေနသည့္ တိမ္တိုက္မ်ား စုေဝးလာျပီး လွ်ပ္ျပီးမိုးၾကိဳးမ်ား တစ္ျဖတ္ျဖတ္ တစ္လက္လက္ ျဖစ္လာသည္မွာ လင္ရႊမ္းဇီအား ခ်က္ခ်င္းပင္ ပစ္ခ်င္ေနသည့္ပံုပင္။
ထိုခဏေလးမွာ ဝိညာဥ္ျပားရဲ႔ ပံုစံက ၾကမ္းတမ္းသည့္ တေစၥတစ္ေကာင္နဲ႔ တူေနသည္။
သို႔ေသာ္လည္း လင္ရႊမ္းဇီကေတာ့ ဂရုမစိုက္စြာပဲ ဝိညာဥ္ျပားကို ၾကည့္ေနသည္။
"ငါမင္းရဲ႔ မူလကို မသိခ်င္ဘူး ဒီအတုိင္း မင္းကို ကူညီေပးခ်င္ရံုပဲ, မလိုခ်င္ဘူးဆိုေတာ့လည္း ထပ္မေျပာေတာ့ဘူး"
ဝိညာဥ္ျပားက ေနာက္တစ္ဖန္ မေပ်ာ္မရႊင္ျဖစ္လာျပီး ေအာ္ဟစ္ေလသည္။
"ဘာလို႔ မင္းက ဒီအရွင္သခင္ရဲ႔ မူလကို စိတ္မဝင္စားရတာလဲ? ဒီအရွင္သခင္ရဲ႔ မူလက မင္းရဲ႔ စိတ္ဝင္စားမွုနဲ႔ မထိုက္တန္ဘူးလား?"
လင္ရႊမ္းဇီ, "..."
ဝိညာဥ္ျပားက သူ႔လက္ကို ေဝွ႔ယမ္းလုိက္ျပီး ေကာင္းကင္က သူ႔မူလ အေျခအေနကို ျပန္ေရာက္သြားသည္။
"ဒီအရွင္သခင္က မင္းကို မေျပာျပခ်င္တာ မဟုတ္ဘူး ဒါေပမဲ့ ငါက ငါ့နာမည္ကိုေတာင္ မမွတ္မိဘူး"
သူက ေအးေအးေဆးေဆးေပါ့ေပါ့ပါးပါးနဲ႔ ေျပာေန၏။ ထို႔ေနာက္ ဝိညာဥ္ပင္စိုက္ခင္းထဲ လမ္းေလ်ွာက္ရင္း ေဆးပင္တစ္ပင္အား ဆြဲနွုတ္ကာ ဝါးျပီးမ်ိဳခ်လိုက္သည္။ လင္ရႊမ္းဇီက သူ႔ကို တားျမစ္ခ်င္ေပမယ့္ ဆက္ျပီးပါးစပ္ပိတ္ေနဖို႔သာ ဆံုးျဖတ္လုိက္ေတာ့သည္။
ဝိညာဥ္ျပားက သူ႔လွ်ာအား နွစ္ခ်က္ေလာက္ သပ္လုိက္ကာ
"အရသာ ေကာင္းတယ္။ ၾကည့္ရတာ ဒီ ဝိညာဥ္ျပားက ဝိညာဥ္ေဆးဖက္ဝင္အပင္ေတြ စိုက္ပ်ိဳးဖို႔အတြက္ တကယ္ကို အဖိုးတန္တဲ့ ေနရာတစ္ခုျဖစ္ပံုပဲ။ ေကာင္ေလး၊ မင္းအရင္က ျပင္ဆင္ထားတဲ့ ေက်ာက္တုံးအတုေတြက ဘယ္မွာလဲ?"
လင္ရႊမ္းဇီက ေပါ့ေပါ့ပါးပါးျဖင့္သာ ျပန္ေျဖသည္။
"မေန႔ကပဲ ထိပ္တန္းအဆင့္ ေက်ာက္တုန္းတု တစ္ရာကို ပစ္ထည့္ေပးလုိက္တယ္ေလ"
ဝိညာဥ္ျပားက ဝိညာဥ္ခ်ီမ်ား စုပ္ယူ၍ သူ႔ကိုယ္သူ ေထာက္ပ့ံနုိင္သည္။ သူ႔အရင္ဘဝ အဆံုးသတ္မွာတုန္းက လင္ရႊမ္းဇီသည္ နွစ္ေထာင္ခ်ီအတြင္းမွာ ဝိညာဥ္ျပားအား ေတာင္မ်ား၊ ျမစ္မ်ား ရွိသည္အထိ ခ်ဲ႔ထြင္နုိင္ခဲ့ျပီး ေန၊လနဲ႔ ၾကယ္မ်ားသာ ေပ်ာက္ဆံုးေနခဲ့တာပင္။
သို႔ေသာ္လည္း ထိုအခ်ိန္မွာ လင္ရႊမ္းဇီက မွန္ကို ျပန္ျပင္ဖို႔သာ စိတ္ငရဲက်ေနတာေၾကာင့္ ဝိညာဥ္ျပားထဲရွိ ေနရာအားလံုးကို အျပည့္အဝ သံုးရန္ စိတ္မကူးခဲ့။ အခုမွသာ ယန္ထ်န္းဟန္နဲ႔အတူ ဒီေနရာကို စီမံခန႔္ခြဲဖို႔ စီစဥ္ခဲ့ျခင္းပင္။
အကယ္၍ ေက်ာက္တုန္းတုေတြသာ မရွိဘူးဆိုရင္ ဝိညာဥ္ျပားသည္လည္း ဒီေနရာမွာ ပ်ိဳးေထာင္ထားတဲ့ ဝိညာဥ္ပင္ေတြကို ေထာက္ပ့ံေပးနုိင္မွာမဟုတ္
ဝိညာဥ္ျပားက သူ႔နွုတ္ခမ္းမ်ားကို ေကြးညႊတ္လိုက္သည္။
"ထိပ္တန္းအဆင့္ ေက်ာက္တုန္းတု တစ္ရာကဘာလဲ? မင္းငါ့ဆီက ယူသြားတာေတြက ဘယ္ေလာက္လဲ ဆုိတာေတာင္ မသိေတာ့ဘူး, ျပီးေတာ့လည္း ေက်ာက္တုန္းတုဆုိတာ ဒုတိယ အေကာင္းဆံုး အရာအဆင့္ပဲရွိတာ, ပံုမွန္သေဘာအရဆိုရင္ ဒီနယ္ေျမက ဝိညာဥ္ေက်ာက္တုန္းေတြနဲ႔ စာဝိညာဥ္ေတြကို အသံုးျပဳရမွာ"
လင္ရႊမ္းဇီက ေျပာသည္။
"ဝိညာဥ္ေက်ာက္တုန္းေတြနဲ႔ စာဝိညာဥ္က အထက္ဘံုက အရာေတြ"
ဝိညာဥ္ျပားက ေအာ္ဟစ္လာ၏။
"မင္းညီေလးရဲ႔ လက္ထဲမွာ စာဝိညာဥ္ေက်ာက္တုန္းသံုးတုန္းေတာင္ ၇ွိတာပဲ, တစ္ခုက တစ္ျခားတစ္ခုထက္ ပိုေသးတယ္ ဆိုေပမယ့္လည္း အရမ္းေတာ့ ေကာင္းေနေသးတာပဲေလ"
လင္ရႊမ္းဇီက သူ႔မ်က္လံုးမ်ားအား အနည္းငယ္ က်ဥ္းေျမာင္းလုိက္ကာ
"အဲဒါက အၾကီးဆံုး ဆရာတူအကိုၾကီးက အားဟန္ကို ေပးတဲ့ ေတြ႔ဆံုျခင္း လက္ေဆာင္ပဲ, အကယ္၍ လိုခ်င္တယ္ဆိုရင္ သူ႔ကို တုိက္ရိုက္ေျပာေလ, ဒါက ငါဆံုးျဖတ္လို႔ရတာမဟုတ္ဘူး"
"မင္းငါ့ကို သူနဲ႔ေတြ႔ခြင့္ေပးေလ ဒါဆို ငါကိုယ္တုိင္ ေျပာမွာေပါ့"
လင္ရႊမ္းဇီက နားလည္ရန္ခက္ခဲသည့္ လွ်ိဳ႔ဝွက္အျပံဳးတစ္ခု ထုတ္ေဖာ္လာသည္။
ဝိညာဥ္ျပားမွာ ေသြးအန္လုနီးပါးပင္ ျဖစ္သြားရျပီး မ်က္လံုးသာ လွန္မိေတာ့၏။
"ဒါဆိုမင္းက ခ်ီးစကားေတြ လာေျပာေနတာေပါ့!"
"ငါနယ္ေျမၾကီးကိုးခုဆီ ေရာက္သြားရင္ မင္းအတြက္ ဝိညာဥ္ေက်ာက္တုန္းေတြနဲ႔ စာဝိညာဥ္ကို ရွာေပးပါ့မယ္"
"အဲ့ဒါက ဘယ္ေလာက္ေတာင္ ေစာင့္ရဦးမလဲ မသိဘူး, မင္းက ေတာ္ေတာ္ကို စိတ္မခ်ရတာပဲ" ဝိညာဥ္ျပားက ညည္းညဴသည္။
လင္ရႊမ္းဇီက ျပံဳးေလသည္။
"ငါမရွိဘူးဆိုရင္ေတာင္ ေနာက္နွစ္(800) အတြင္းမွာ တုိက္ၾကီးငါးတိုက္က ေန ထြက္ျပီး နယ္ေျမၾကီးကိုးခုကို သြားလို႔ရတာပဲ"
ဝိညာဥ္ျပားက အံ့ၾသသြားရသည္။
"မင္းဘယ္လိုသိလဲ?"
လင္ရႊမ္းဇီရဲ႔ အသြင္အျပင္က တိမ္တိုက္ေလးလို ေပါ့ေပါးေနေလသည္။
"ငါက ျပန္လည္ေမြးဖြားလာတဲ့သူဆိုတာကို မေမ့နဲ႔ဦး, ေနာင္ႏွစ္ေပါင္းတစ္ေထာင္မွာ မင္းအတြက္ျဖစ္လာမယ့္အရာအားလုံးကို ငါသိတယ္"
24.4.2022
========================