အဲ့နောက်မှာတော့ ဒီဇာတ်လမ်းရဲ့ ကနဦး၊ မကောင်းတာတွေ အားလုံးရဲ့ အရင်းအမြစ်၊ ဒုက္ခတွေရဲ့ စတင်ရာနေရာ ရေကူးခန်းမဆီကို ငါ ပြန်ရောက်လာတယ်။
ဒီတစ်ကြိမ်တော့ နောက်ဆုံးမှာ ငါ မှန်ကန်တဲ့ လော်ကာခန်းဆီကို သွားခဲ့တယ်။
မျက်ရည်တွေ ငါ့ရဲ့ မိသားစု*။
အဲ့ဒီနောက် ငါ ပြဿနာတစ်ခုကို သတိထားမိသွားတယ်။
ရေကူးတဲ့ အချိန်မှာ မျက်ကပ်မှန် ဝတ်လို့မရဘူး အဲ့တော့ ခဏနေ ရေကန်ထဲ ဆင်းတဲ့ အခါကျရင် ငါ ကန်းနေလိမ့်မယ် ပြီးတော့ ရှန်းချောင်ဝေရဲ့ ခန္ဓာကိုယ်ကိုလည်း လုံးဝကို မြင်နိုင်မှာမဟုတ်တော့ဘူး။
Ah ငါ မုန်းလိုက်တာ...
နောက်ဆုံးမှာတော့ ငါ သွားနေရင်း အချိန်ဖြုန်းနေလိုက်တယ်။
ငါ့ရဲ့ ရေကူးဝတ်စုံကို Top နဲ့ Bottom* ဆိုပြီး ခွဲထားပြီးတော့ ခါးပတ်လည်မှာ အနားတွန့်*တစ်ချို့ ရှိတယ်။ အောက်ဘက်မှာက စကတ်တစ်ထည် ရှိပြီး အဲ့ဒါက ရှေးရိုးဆန်တယ်။
ဒါပေမယ့် ဘာကြောင့်မှန်းတော့ မသိဘူး ရှန်းချောင်ဝေကို တွေ့တော့ ငါ ရှက်သွေးဖြာနေတုန်းပဲ။
ရှန်းချောင်ဝေက အသာလေး ချောင်းဟန့်လိုက်ရင်း “ ဒီနေရာကနေ ဆင်းရအောင်။ ဒီဧရိယာက ရေတိမ်တယ် ”
ပြီးတာနဲ့ သူ ငါ့ရဲ့ ပတ်လည်မှာ pink floatie* တစ်ခု ထားလိုက်တယ်။
ငါ : ? ? ?
ငါ : “ ဒါက ရေတိမ်တဲ့ နေရာ မဟုတ်ဘူးလား? ”
ရှန်းချောင်ဝေ : “ မင်းက ပုလွန်းတယ်။ မင်းက ရေတိမ်တိမ်ထဲမှာ မြုပ်သွားမယ်ဆိုတဲ့ ဖြစ်နိုင်ချေလည်း ရှိတယ် ”
[ T|N : စတော့ပ် ဘော်ဒီရှိန်းမင်းန် ]
ငါ : ......
ဒီလူ နောက်တစ်ခါ ပါးစပ်ပေါက်နဲ့ အိမ်ကနေ မထွက်လာဖို့ မျှော်လင့်ပါတယ် ကျေးဇူးပါ။
ရေထဲကို ဆင်းပြီးတဲ့ နောက်မှာ floatie ကို ကိုင်ထားရင်း ရှန်းချောင်ဝေဆီက 3 မီတာအကွာအဝေး ခြားလျက် ရေကူးကန်ရဲ့ ထောင့်မှာပဲ ငါ နေနေလိုက်တယ်။
အဝေးမှုန် 800 Degrees ဆိုတာနဲ့ပဲ ငါ ဘာကိုမှ မမြင်နိုင်ဘူးလို့ မဆိုလိုဘူးလေ ငါ့မျက်တောင်တွေကို ဗလာသက်သက်ပဲ ခတ်နေနိုင်တယ်။
ရှန်းချောင်ဝေ : “ မင်း ကိုယ့်ကို ရေကူးသင်ပေးဖို့ မပြောခဲ့ဘူးလား? ဒီကိုလာ ”
ငါ : “ ငါက အရမ်း ပုလွန်းတယ်။ ခြေနှစ်လမ်းနဲ့တင် ရေနစ်သွားလိမ့်မယ် ”
[ T|N : ဘေဘီယင်းမှ တစ်ကွက်ပြ ]
ရှန်းချောင်ဝေ : ......
သူ ငါ့ဆီကို ကူးလာရင်း floatie ကို လုယူလိုက်ပြီး ခက်ခက်ခဲခဲ ဆွဲလျက် ငါ့ကို သူ့ရှေ့ရောက်အောင် ဆွဲယူလိုက်တယ်။
တစ်ခဏတွင်းချင်းမှာပဲ သူ့ရဲ့ ရင်ဘတ်ကြွက်သားတွေက ငါ့မျက်လုံးထဲမှာ ကြီးမားလာပြီး ရှင်းလင်းလာတယ်။ ရေစက်ရေပေါက်တွေက သူ့ရဲ့ ကြွက်သားတစ်လျှောက် နည်းနည်းချင်း နိမ့်ဆင်းလာပြီး သူ့ရဲ့ ကြည်လင်ပြတ်သားလှတဲ့ ဝမ်းဗိုက်ကြွက်သား အမြောင်းလိုက်ကြီးကို ဖြတ်လျက် စီးဆင်းလာတယ် ပြီးတော့ အောက်ကို ဆက်ပြီး ကျဆင်းသွားတယ်။
[ T|N :╰(★∇★)╯]
သူ့ရဲ့ CK အတွင်းခံတွေကို မြင်ရတုန်းကလိုပဲ အမြင်သက်ရောက်မှုက ကောင်းလွန်းနေခဲ့တယ်။
ရှန်းချောင်ဝေက သူ့လက်မောင်းကို pink floatie ပေါ် တင်လိုက်ပြီး ကျီဆယ်ဟန်စွက်နေတဲ့ မျက်လုံးတွေနဲ့ ငါ့ကို ကြည့်လာရင်း ရုတ်တရက် ပြုံးလိုက်တယ် : “ ကိုယ် မှားပြောမိသွားတယ်။ မင်းက မပုပါဘူး ”
အဲ့ဒီနောက် အလွန်လျင်မြန်စွာ သူ အောက်ကို ဖျတ်ခနဲ ကြည့်လိုက်ပြီး “ မင်းမှာ သင့်တင့်တဲ့ ခါးနဲ့ ခြေတံကောင်းကောင်းတွေ ရှိတယ်။ မင်းမှာ ရှိသင့်တာ မှန်သမျှ အကုန် ရှိတယ်။ လုံးဝကို လိုနေတာ တစ်ခုမှ မရှိဘူး ”
ပြောပြီးတာနဲ့ သူ အဝေးကို ရေကူးသွားတယ်။
စက္ကန့်အနည်းမျှ ကြောင်အမ်းနေပြီး နောက်မှာတော့ ငါ့ရင်ဘတ်ကို ငါ ဆုပ်ကိုင်*လိုက်တယ်။
ဒီလူက နှာဘူးကောင်ပဲ! !
━━━━━━━━━━━━━━━━━━━━
wenwen's notes :
ငါ့ရဲ့ မိသားစု - အရှေ့မှာကတည်းက ပြောမယ်ဆိုပြီး ဒီတစ်ခုက ကျန်ကျန်ခဲ့လို့ သူက ကိုယ်တွေ တစ်ခုခုကို တ/ယောင်သလိုမျိုးပါ ဒီမှာဆို အမေရေ၊ ဘုရားရေလို့ ယောင်သလိုပေါ့
Top နဲ့ Bottom - ကိုယ်တွေ တစ်ခုခုဆို " ဒီစကတ်လေးနဲ့ လိုက်အောင် ဘာ Top နဲ့ ဝတ်ရင် ကောင်းလောက်မလဲ " တို့ ဘာတို့ ပြောတတ်ကြတယ်မလား Top ဆိုပြီးပဲ ခေါ်ကြတာမို့ မြန်မာလို မပြန်ဘဲ ဒီတိုင်း ထားလိုက်ပါတယ်
အနားတွန့် - frills
pink floatie - များသောအားဖြင့် pink floatie ဆို ကြိုးကြာနီ🦩ပုံစံပါ ဒီမှာက flamingo ဘာညာ မပြောထားတော့ ဘောကွင်းလိုပုံပဲ ဖြစ်မယ် ထင်တယ်
ဆုပ်ကိုင် - ပုံစံက ရင်ဘတ်ကို ဆုပ်ကိုင်လိုက်တယ်ဆိုတာထက် ကိုယ့်ဟာကိုယ် လက်နဗစ်ဖက်နဲ့ သိုင်းဖက်လိုက်သလိုမျိုး ဒါမှမဟုတ် ကာလိုက်သလိုမျိုးပေါ့