မိုးထမင္းစားၿပီးသြားေတာ့အခ်ိဳပြဲလာခ်ေပး
သည္။မိုးက-
“ကၽြန္ေတာ္မစားႏိုင္ေတာ့ဘူး"
“စားပါကြာ။နဲနဲပဲျဖစ္ျဖစ္"
“ကၽြန္ေတာ္အရမ္းဗိုက္ျပည့္ေနပီ။ျပန္ခ်င္ၿပီဗ်"
“ခဏေလးေစာင့္ပါဦး"
“ညကိုးနာရီေက်ာ္ေနၿပီ"
“ေအးပါ…ခဏေလး။ေဟာဟိုမွာလာေနၿပီ"
ေစတမာန္ေျပာလို႔မိုးေနာက္လွည့္ၾကည့္လိုက္
ေတာ့သခင္ေလးမာန္နဲ႔ Rocky သူ႔ဆီကိုလာေနသည္။Rocky ကသူ႔ဆီကိုေျပးလာၿပီးေခါင္းႏွင့္ပြတ္သပ္ေနသည္။
“မိုးေလး…မင္းျပန္မယ္ဆိုျပန္လို႔ရၿပီ"
မိုး ဘုန္းမာန္ကိုၾကည့္မိေတာ့ဘုန္းမာန္က-
“ျပန္မယ္ေလေဘဘီ"
“ခင္ဗ်ားကကၽြန္ေတာ့္ကိုပို႔မွာလား"
“အင္းေလ”
မိုးသက္ျပင္းခ်ရင္းဘုန္းမာန္ေနာက္ကပါလာခဲ့သည္။ဘုန္းမာန္ရဲ႕ကားဒ႐ိုင္ဘာကမိုးအိမ္ကိုသိေနၿပီမို႔မိုးကားထဲဝင္ၿပီးတာနဲ႔မိုးအိမ္ကိုတန္း
ေမာင္းလာခဲ့သည္။ဒ႐ိုင္ဘာေဘးမွာထိုင္ေနတာကအတြင္းေရးမႉးသက္မင္းသူရိန္။
ဒီလူႀကီးကလည္းသခင္ေလးမာန္နားမွာအၿမဲတမ္းရွိေနသည္။အိမ္သာတက္ေရခ်ိဳးတဲ့အခ်ိန္ေတာင္အလြတ္ေပးရဲ႕လားမသိ။
မိုးေနတဲ့လိုင္းခန္းေရွ႕ေရာက္ေတာ့ကားရပ္ေပးသည္။မိုးကားေပၚကဆင္းေတာ့ဘုန္းမာန္ေရာ Rocky ပါဆင္းသည္။မိုးလည္းအျမင္ကတ္ကတ္နဲ႔-
“ခင္ဗ်ားတို႔သားအဖကဘာလုပ္မလို႔လဲ"
“မင္းအိမ္အလည္လိုက္မလို႔”
“အလည္လိုက္တာကဟုတ္ပါၿပီ။အခ်ိန္ကို
လည္းၾကည့္ဦးဗ်”
“ကိုးနာရီေတာင္မခြဲေသးပါဘူး"
မိုးဘာမွေျပာခ်င္စိတ္မရွိေတာ့တာနဲ႔သူ႔အခန္းဆီကိုသြားသည္။သူ႔အခန္းကေလးထပ္ေဆာင္ရဲ႕ေအာက္ဆံုးထပ္ကအစြန္ဆံုးအခန္း။မိုးတံခါးကိုေသာ့ဖြင့္ေနေတာ့ဘုန္းမာန္က-
“မင္းအေဖမရွိဘူးလား"
“မရွိဘူး။ကင္းလွည့္သြားတယ္"
“ဘယ္အခ်ိန္ျပန္လာမွာလဲ"
“မနက္မွ"
“အဲဒါဆိုငါဒီမွာအိပ္လို႔ရလား"
“ဘာဗ်”
“မင္းတစ္ေယာက္တည္းရွိတာေလ"
“ကၽြန္ေတာ္တစ္ေယာက္တည္းရွိတာနဲ႔ခင္ဗ်ား
ဒီမွာအိပ္မွာဘာဆိုင္လို႔လဲ"
“မင္းအေဖရွိရင္ငါကအားနာလို႔ပါ။အခုမင္းအ
ေဖမရွိဘူးဆိုေတာ့ငါဒီမွာေနလည္းကိစၥမရွိဘူးမို႔လား”
“ကိစၥကဘာလို႔မရွိရမွာတုန္း။ရွိတယ္ဗ်ရွိတယ္။ကၽြန္ေတာ္ခင္ဗ်ားကိုအျမင္ကတ္တယ္"
မိုးေျပာၿပီးအခန္းထဲဝင္သြားေတာ့ဘုန္းမာန္နဲ႔ Rocky လည္းအခန္းထဲလိုက္ဝင္လာသည္။သားအဖႏွစ္ေယာက္ေနတဲ့တိုက္ခန္းေလးက
႐ိုးရွင္းလြန္းသည္။လိုအပ္သည့္အသံုးအေဆာင္ပစၥည္းကလြဲလို႔အပိုပစၥည္းဘာမွမရွိ။
ဘုန္းမာန္ကဧည့္ခန္းထဲမွာထိုင္ရင္းအိမ္ခန္းကို
မ်က္စိကစားေနသည္။Rocky ကေတာ့မိုးေနာက္ကိုေလွ်ာက္လိုက္ေနသည္။အမွန္ေတာ့သူလည္းစူးစမ္းေနတာပဲ။ေနရာအသစ္ကိုေရာက္လာတာမို႔သူေလ့လာေနသည္။ဟိုနမ္းဒီနမ္းနဲ႔စူးစမ္း
ေနသည္။အန႔ံကိုလိုက္မွတ္ေနသည္။ဒီေကာင္
ကအန႔ံခံၿပီးမွတ္ထားတတ္တဲ့အက်င့္ရွိသည္။
မိုးကေတာ့အိမ္ရွင္ဝတၱရားရွိေနတာမို႔ေရခဲ
ေသတၱာထဲကအေအးဘူးယူၿပီးဧည့္ခံသည္။
“ေရာ့ေသာက္"
“ငါေရပဲေသာက္ခ်င္တာ”
ဘုန္းမာန္ကေရဆိုေတာ့ေရဘူးနဲ႔ဖန္ခြက္ယူၿပီးသူ႔ေရွ႕ကိုခ်ေပးလိုက္သည္။ဘုန္းမာန္ကေရတစ္ခြက္ငွဲ႕ေသာက္ၿပီး-
“မင္းအခန္းကဘယ္မွာလဲ"
“အဲ့မွာ”
မိုးကေမးေငါ့ျပေတာ့ဘုန္းမာန္ကထိုအခန္းဆီသြားသည္။တကၠသိုလ္တက္ေနတဲ့လူငယ္ေလးတစ္ေယာက္ေနတဲ့အခန္းတဲ့။မက်ဥ္းမက်ယ္အ
ခန္းေလးထဲမွာလိုအပ္တဲ့ပစၥည္းေလးေတြကသူ႔
ေနရာနဲ႔သူ။တစ္ေယာက္အိပ္ခုတင္ေလးတစ္
လံုး၊စာၾကည့္စားပြဲတစ္လံုးနဲ႔အဝတ္ဘီ႐ိုတစ္လံုးဒါပဲရွိသည္။
အက်ႌခ်ိတ္တဲ့စင္ေလးမွာအဝတ္အစားတခ်ိဳ႕ခ်ိတ္
ထားတာကလြဲလို႔သန္႔ရွင္းသပ္ရပ္ေနသည္။ဧည့္ခန္းထဲမွာလိုပဲအိပ္ခန္းထဲမွာအပိုပစၥည္းဘာဆိုဘာမွမရွိ။ျပတင္းေပါက္ဖြင့္လိုက္ေတာ့အျပင္ဘက္ကေလေအးေအးေလးဝင္လာသည္။
“မင္းအခန္းေလးကသန္႔ရွင္းေနတာပဲ”
“အေဖကစည္းကမ္းႀကီးတယ္။ညစ္ပတ္ရင္မႀကိဳက္ဘူး”
“ငါနဲ႔တူတာေပါ့။ငါလည္းညစ္ပတ္ရင္မႀကိဳက္ဘူး"
ဘုန္းမာန္ကအခန္းထဲတစ္ပတ္လည္ေအာင္ၾကည့္ၿပီးေနာက္မွာေတာ့-
“ငါဒီေနရာေလးကိုသေဘာက်တယ္။ငါဒီညဒီမွာအိပ္မယ္"
“ဘာလို႔အိပ္မွာလဲ။ကိုယ့္အိမ္ကိုယ္ျပန္အိပ္"
“အိမ္မွာဆိုအိပ္မေပ်ာ္ဘူး။မင္းငါ့ေရွ႕မွာအိပ္ေန
ရင္ေတာ့ငါအိပ္ေပ်ာ္ႏိုင္ေလာက္တယ္"
“ခင္ဗ်ားကၽြန္ေတာ့္ကိုအိမ္အထိလာၿပီးအခ်ိန္ပိုင္းအလုပ္လုပ္ခိုင္းေနတာလား”
ဘုန္းမာန္မ်က္လံုးေတြအေရာင္လက္သြားသည္။
“မင္းလုပ္ေပးမလား…ငါ့အစားအိပ္ေပး”
“ဘာမွအပန္းမႀကီးဘူး။အခုပဲဆယ္နာရီထိုးေတာ့မယ္။မနက္ငါးနာရီထိဆို(၇)နာရီ။တစ္နာရီကိုတစ္ေထာင္။ေပး(၇)ေထာင္”
ေအာင္မေလးဟဲ့။အိုင္းစတိုင္းမ်ားဝင္စားတာလား။အတြက္အခ်က္ကေတာ္လိုက္တာ။ဒါေပမဲ့-
“ငါ့မွာပိုက္ဆံမပါဘူး"
“ကၽြန္ေတာ္လည္းအေႂကြးမရဘူး။ျပန္ေတာ့"
“ေနဦးဒီကတ္ေလးကိုမင္းယူထားလိုက္"
ဘုန္းမာန္ကသူ႔အိတ္ကပ္ထဲက ကတ္ေလး
တစ္ကတ္ထုတ္ေပးသည္။
“လုပ္ျပန္ၿပီဒီကတ္"
“ဒီကတ္နဲ႔မင္းလိုသေလာက္ေငြထုတ္လို႔ရ
တယ္"
“တကယ္လား”
“တကယ္ေပါ့”
“ကၽြန္ေတာ္ကတစ္သိန္းထုတ္မယ္ဆိုရင္ေရာ”
“သိန္းတစ္ရာထိထုတ္လို႔ရတယ္"
“တကယ္လား”
“အင္း"
“အဲဒါဆိုမယူေတာ့ဘူး"
“ဘာ"
“အဲေလာက္ထိတန္ေနတဲ့ကတ္ကိုကၽြန္ေတာ္ကဘာလို႔ယူရမွာလဲ။မဟုတ္လည္းကိုယ့္အိမ္ကိုယ္
အိပ္မွာပဲဟာ”
ဘုန္းမာန္မ်က္ႏွာသိသိသာသာညိႇဳးသြားသည္။အရင္တုန္းကျမင္ဖူးတဲ့အေခ်သခင္ေလးကဘယ္ေရာက္သြားတာလဲ။မ်က္ႏွာကျဖစ္ပ်က္ေနလိုက္တာ။မိုးစိတ္မေကာင္းလို႔ျပန္ေခ်ာ့လိုက္ရသည္။
“ခင္ဗ်ားကိုလည္းႏွင္မထုတ္ပါဘူး။ကၽြန္ေတာ္လည္းအခ်ိန္ပိုင္းအလုပ္မလုပ္ဘူး။ခင္ဗ်ားအိပ္ခ်င္ရင္အေဖ့အခန္းမွာဝင္အိပ္လိုက္"
မိုးေျပာလိုက္ေတာ့ဘုန္းမာန္မ်က္ႏွာႀကီးကျပန္
ျပီးၾကည္လင္လာသည္။ဒါေပမဲ့အေဖ့အခန္းမွာအိပ္ဆိုတဲ့စကားျပန္စဥ္းစားမိေတာ့မ်က္ႏွာႀကီးကျပန္တည္သြားသည္။
Words-1672
( 23.6.22)
🍈Thida
🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒
Unicode
အခန်း(၂၇)
မိုးထမင်းစားပြီးသွားတော့အချိုပွဲလာချပေးသည်။
“ကျွန်တော်မစားနိုင်တော့ဘူး"
“စားပါကွာ။နဲနဲပဲဖြစ်ဖြစ်"
“ကျွန်တော်အရမ်းဗိုက်ပြည့်နေပြီ။ပြန်ချင်ပြီဗျ"
“ခဏလေးစောင့်ပါဦး"
“ညကိုးနာရီကျော်နေပြီ"
“အေးပါ…ခဏလေး။ဟောဟိုမှာလာပြီ"
စေတမာန်ပြောလို့မိုးနောက်လှည့်ကြည့်လိုက်သည်။သခင်လေးမာန်နဲ့ Rocky သူ့ဆီကိုလာနေသည်။ Rocky ကသူ့ဆီကိုပြေးလာပြီးခေါင်းနှင့်ပွတ်သပ်နေသည်။
“မိုးလေးမင်းပြန်မယ်ဆိုပြန်လို့ရပြီ"
မိုးဘုန်းမာန်ကိုကြည့်မိတော့ဘုန်းမာန်က-
“ပြန်မယ်လေဘေဘီ"
“ခင်ဗျားကကျွန်တော့်ကိုပို့မှာလား"
“အင်းလေ"
မိုးသက်ပြင်းချရင်းဘုန်းမာန်နောက်ကပါလာခဲ့သည်။ဘုန်းမာန်ရဲ့ကားဒရိုင်ဘာကမိုးအိမ်ကိုသိနေပြီမို့မိုးကားထဲဝင်ပြီးတာနဲ့မိုးအိမ်ကိုတန်းမောင်းလာခဲ့သည်။
ဒရိုင်ဘာဘေးမှာထိုင်နေတာကအတွင်းရေး
မှူးသက်မင်းသူရိန်။ဒီလူကြီးကလည်းသခင်လေးမာန်နားမှာအမြဲတမ်းရှိနေသည်။အိမ်
သာတက်ရေချိုးတဲ့အချိန်တောင်အလွတ်
ပေးရဲ့လားမသိ။မိုးနေတဲ့လိုင်းခန်းရှေ့ရော
က်တော့ကားရပ်ပေးသည်။မိုးကားပေါ်ကဆင်းတော့ဘုန်းမာန်ရော Rocky ပါဆင်း
လာသည်။မိုးလည်းအမြင်ကတ်ကတ်နဲ့-
“ခင်ဗျားတို့သားအဖကဘာလုပ်ကြမလို့လဲ"
“ဘေဘီ့အိမ်ကိုအလည်လိုက်မလို့"
“အလည်လိုက်တာကဟုတ်ပါပြီ။အချိန်ကိုလည်းကြည့်ဦးဗျ”
“ကိုးနာရီတောင်မခွဲသေးပါဘူး"
မိုးဘာမှပြောချင်စိတ်မရှိတော့တာနဲ့သူ့အခန်း
ဆီကိုသွားသည်။သူ့အခန်းကလေးထပ်ဆော
င်ရဲ့အောက်ဆုံးထပ်ကအစွန်ဆုံးအခန်း။မိုးတံခါးကိုသော့ဖွင့်နေတော့ဘုန်းမာန်က-
“မင်းအဖေမရှိဘူးလား"
“မရှိဘူး။ကင်းလှည့်သွားတယ်"
“ဘယ်အချိန်ပြန်လာမှာလဲ"
“မနက်မှ"
“အဲဒါဆိုငါဒီမှာအိပ်လို့ရလား"
“ဘာဗျ"
“မင်းတစ်ယောက်တည်းရှိတာလေ"
“ကျွန်တော်တစ်ယောက်တည်းရှိတာနဲ့ခင်ဗျားဒီမှာအိပ်မှာဘာဆိုင်လို့လဲ"
“မင်းအဖေရှိရင်ငါကအားနာလို့ပါ။အခုမင်းအဖေမရှိဘူးဆိုတော့ငါဒီမှာနေလည်းကိစ္စမရှိဘူးမို့လား"
“ကိစ္စကဘာလို့မရှိရမှာတုန်း။ရှိတယ်ဗျရှိတယ်။ကျွန်တော်ခင်ဗျားကိုအမြင်ကတ်တယ်"
မိုးပြောပြီးအခန်းထဲဝင်သွားတော့ဘုန်းမာန်နဲ့ Rocky လည်းအခန်းထဲလိုက်ဝင်လာသည်။သားအဖနှစ်ယောက်နေတဲ့တိုက်ခန်းလေးကရိုးရှင်းလွန်းသည်။လိုအပ်သည့်အသုံးအ
ဆောင်ပစ္စည်းကလွဲလို့အပိုပစ္စည်းဘာမှမရှိ။
ဘုန်းမာန်ကဧည့်ခန်းထဲမှာထိုင်ရင်းအခန်းထဲကိုမျက်စိကစားနေသည်။ Rocky ကတော့မိုးနောက်ကိုလျှောက်လိုက်နေသည်။အမှန်တော့သူလည်းစူးစမ်းနေတာပဲ။နေရာအသစ်ကိုရောက်လာတာမို့သူလေ့လာနေသည်။ဟိုနမ်းဒီနမ်းနဲ့စူးစမ်းနေသည်။အနံ့ကိုလိုက်မှတ်နေ
သည်။ဒီကောင်ကအနံ့ခံပြီးမှတ်ထားတတ်တဲ့အကျင့်ရှိသည်။
မိုးကတော့အိမ်ရှင်ဝတ္တရားရှိနေတာမို့ရေခဲ
သေတ္တာထဲကအအေးဘူးယူပြီးဧည့်ခံသည်။
“ရော့သောက်"
“ငါရေပဲသောက်ချင်တာ"
ဘုန်းမာန်ကရေဆိုတော့ရေဘူးနဲ့ဖန်ခွက်ယူပြီးသူ့ရှေ့ကိုချပေးလိုက်သည်။ဘုန်းမာန်ကရေတစ်ခွက်ငှဲ့သောက်ပြီး-
“မင်းအခန်းကဘယ်မှာလဲ"
“အဲ့မှာ"
မိုးကမေးငေါ့ပြတော့ဘုန်းမာန်ကမိုးအခန်းဆီသွားသည်။တက္ကသိုလ်တက်နေတဲ့ကျောင်း
သားလူငယ်လေးတစ်ယောက်နေတဲ့အခန်းတဲ့။မကျဉ်းမကျယ်အခန်းလေးထဲမှာလိုအပ်တဲ့ပစ္စည်းလေးတွေကသူ့နေရာနဲ့သူ။
တစ်ယောက်အိပ်ခုတင်လေးတစ်လုံး။စာ
ကြည့်စားပွဲတစ်လုံးနဲ့အဝတ်ဘီရိုတစ်လုံးဒါပဲရှိသည်။အင်္ကျီချိတ်တဲ့စင်လေးမှာအဝတ်အ
စားအချို့ချိတ်ထားတာကလွဲလို့သန့်ရှင်းသပ်ရပ်နေသည်။ဧည့်ခန်းထဲမှာလိုပဲအိပ်ခန်းထဲမှာအပိုပစ္စည်းဘာဆိုဘာမှမရှိ။ပြတင်းပေါ
က်ဖွင့်လိုက်တော့အပြင်ဘက်ကလေအေးအေးလေးဝင်လာသည်။
“မင်းအခန်းလေးကသန့်ရှင်းနေတာပဲ"
“အဖေကစည်းကမ်းကြီးတယ်။ညစ်ပတ်ရင်
မကြိုက်ဘူး"
“ငါနဲ့တူတာပေါ့။ငါလည်းညစ်ပတ်ရင်မကြိုက်ဘူး"
ဘုန်းမာန်ကအခန်းထဲတစ်ပတ်လည်အောင်ကြည့်ပြီးတဲ့နောက်မှာတော့-
“ငါဒီနေရာလေးကိုသဘောကျတယ်။ငါဒီညဒီမှာအိပ်မယ်"
“ဘာလို့အိပ်မှာလဲ။ကိုယ့်အိမ်ကိုယ်ပြန်အိပ်"
“အိမ်မှာဆိုအိပ်မပျော်ဘူး။မင်းငါ့ရှေ့မှာအိပ်နေရင်တော့ငါအိပ်ပျော်နိုင်လောက်တယ်"
“ခင်ဗျားကျွန်တော့်ကိုအိမ်အထိလာပြီးအချိန်ပိုင်းအလုပ်လုပ်ခိုင်းနေတာလား"
ဘုန်းမာန်မျက်လုံးတွေအရောင်လက်သွားသည်။
“မင်းလုပ်ပေးမလား။ငါ့အစားအိပ်ပေး"
“ဘာမှအပန်းမကြီးဘူး။အခုပဲဆယ်နာရီထိုးတော့မယ်။မနက်ငါးနာရီထိဆို(၇)နာရီ။တစ်နာရီကိုတစ်ထောင်။ပေး(၇)ထောင်"
အောင်မလေးဟဲ့အိုင်းစတိုင်းများဝင်စားတာလား။အတွက်အချက်ကတော်လိုက်တာ။ဒါပေမဲ့-
“ငါ့မှာပိုက်ဆံမပါဘူး"
“ကျွန်တော်လည်းအကြွေးမရဘူး။ပြန်တော့"
“နေဦး။ဒီကတ်လေးကိုမင်းယူထားလိုက်"
ဘုန်းမာန်သူ့အိတ်ကပ်ထဲကကတ်လေးတစ်ကတ်ထုတ်ပေးသည်။
“လုပ်ပြန်ပြီဒီကတ်"
“ဒီကတ်နဲ့မင်းလိုသလောက်ငွေထုတ်လို့ရတယ်"
“တကယ်လား"
“တကယ်ပေါ့"
“ကျွန်တော်ကတစ်သိန်းထုတ်မယ်ဆိုရင်ရော"
“သိန်းတစ်ရာထိထုတ်လို့ရတယ်"
“တကယ်လား"
“အင်း"
“အဲဒါဆိုမယူတော့ဘူး"
“ဘာ"
“အဲလောက်ထိတန်နေတဲ့ကတ်ကိုကျွနတော်ကဘာလို့ယူရမှာလဲ။မဟုတ်လည်းကိုယ့်အိမ်ကိုယ်အိပ်မှာပဲဟာ"
ဘုန်းမာန်မျက်နှာလေးသိသိသာသာညှိုးသွားသည်။အရင်တုန်းကမြင်ဖူးတဲ့အချေသခင်လေးကဘယ်ရောက်သွားတာလဲ။မျက်နှာကဖြစ်ပျက်နေလိုက်တာ။မိုးစိတ်မကောင်းလို့ပြန်ချော့လိုက်ရသည်။
“ခင်ဗျားကိုလည်းနှင်မထုတ်ပါဘူး။ကျွန်
တော်လည်းအချိန်ပိုင်းအလုပ်မလုပ်ဘူး။ခင်ဗျားအိပ်ချင်ရင်အဖေ့အခန်းမှာဝင်အိပ်လိုက်”
မိုးပြောလိုက်တော့ဘုန်းမာန်မျက်နှာကြီးကချက်ချင်းပဲပြုံးဖြီးဖြီးဖြစ်သွားသည်။ဒါပေမဲ့အဖေ့အခန်းမှာအိပ်ဆိုတဲ့စကားပြန်စဉ်းစား
မိတော့မျက်နှာကြီးကပြန်တည်သွားသည်။
(23.6.22)
🍈Thida