အခန်း(၁၄၅)
အခွင့်ကောင်း။ ပြိုင်ဘက်ကင်း။
သူတို့၏ အမှာများအား လာရောက် ပို့ဆောင်သူမှာ အခြားသူမဟုတ်ပဲ လွန်ခဲ့သည့် ရက်အနည်းငယ်က Han Yunxi အား အခွင့်အရေးယူသွားခဲ့သည့် Gu Qishao ပင်။
သူက အမြဲတစေ ဝင့်ကြွားတောက်ပကာ ကြမ်းပြင်အထိ ရှည်လျားကျနေသည့် အနီရောင်ဝတ်စုံအား ဝတ်ဆင်ထားသည်။ သူက ပန်းကန်များအား ကိုင်ဆောင်ထားသော်လည်း ရပ်သပ်ရှုမောဖွယ်ကောင်းသော အသွင်အပြင်အား ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး သူ၏ ရှည်လျားသည့် မျက်ဝန်းများမှာ လူအုပ်အား လှုပ်နှိုးစေနိုင်လောက်အောင် မှော်ဆန်လှသည်။ သူ၏ အမြဲတစေ ပြုံးရွှင်နေသည့် မျက်နှာမှာ ကမ္ဘာပေါ်တွင် စိုးရိမ်စရာများ မရှိသကဲ့သို့ ဖြစ်နေသည်။
Han Yunxi မှာ ထိတ်လန့်စွာဖြင့် မတ်တပ်လိုက်ပြီး စားပွဲအား ရိုက်လိုက်သည်။ "ဘာလို့ ရှင်ဖြစ်နေတာလဲ။"
Gu Qishao မှာ တောက်ပစွာ ပြုံးလိုက်သည်။ " လေးစားရတဲ့ဝမ်ဖေးက ကျွန်တော်မျိုးရဲ့ အဆောက်အအုံမှာ ရောက်လာပြီး ကောင်းချီးပေးတာရှားတယ်လေ။ ဝမ်ဖေးရဲ့ ရောက်ရှိလာမှုက ကျွန်တော်မျိုးကြီးရဲ့ နိမ့်ကျတဲ့ ဆိုင်လေးကို အမှန်ပဲ တောက်ပစေပါတယ်။ ဆိုင်ပိုင်ရှင်တစ်ယောက်အနေနဲ့ ကျွန်တော်က သဘာဝကျကျပဲ ကိုယ်တိုင် ဧည့်ခံပေးမှာပေါ့။"
သူက Han Yunxi ၏ အံ့အားသင့်နေမှုအား လျစ်လျူရှုကာ လမ်းလျှောက်လာပြီး ဟင်းပွဲတစ်ပွဲပြီး တစ်ပွဲ ပြေပြစ်စွာ ချပေးလိုက်သည်။
ကောင်းကင်ဘုံမွှေးရနံ့လက်ဖက်ရည်ဆိုင်... နူးညံ့သောမွှေးရနံ့လက်ဖက်ရည်ဆိုင်.. ဒီချမ်းသာပြီး လက်ဖွာတဲ့ကောင်က နေရာတိုင်းမှာ ပိုင်ဆိုင်မှုတွေ ရှိနေတာပဲ။ သူမက ဘာလို့ အဲ့တာကို မတွေးမိခဲ့တာလဲ။
သူ့ရဲ့ ဝိဥာဥ်က တကယ်ပဲ နေရာတိုင်း ရောက်နေတာပဲ။
Gu Beiyue ကလည်း ရှိနေ၍ Han Yunxi မှာ ငြင်းခုန်ကာ အချိန်မဖြုန်းချင်တော့ပေ။ သူမက တည်ငြိမ်အောင် လုပ်ဆောင်လိုက်ပြီး ဆိုင်ပိုင်ရှင်မှ သူမအား ဧည့်ခံရန် သင့်တင့်စွာ ထိုင်စောင့်နေလိုက်သည်။ Gu Beiyue ၏ အကြည့်များမှာ စက္ကန့်ပိုင်းမျှ ရှုပ်ထွေးသွားသော်လည်း သူက ဆက်လက် တိတ်ဆိတ်နေလိုက်သည်။ Gu Qishao မှ နောက်ဆုံးဟင်းပွဲအား စားပွဲပေါ်သို့ ချပြီးချိန်တွင် Han Yunxi မှာ ပြေပြစ်စွာ လက်ဝှေ့ယမ်းလိုက်ပြီး မာနတစ်ခွဲသားဖြင့် " ဒီမှာ ရှင်လုပ်စရာ မရှိတော့ဘူး။ သွားလို့ရပြီ။"
Gu Qishao မှာ ပြုံးဖြီးသွားပြီး တမင် Gu Beiyue ဘက်မှ ကွေ့ပတ်ကာ သူမထံသို့ လျှောက်လာသည်။ သူ၏ အမူအရာမှာ တင်းကျပ်သည့် ပညာရှင်ဖြင့်ပင် တူလှသည်။ " လေးစားရတဲ့ဝမ်ဖေး ဝမ်းဖေးက ကျွန်တော်တို့ ဆိုင်ရဲ့ အမှတ်အသား ဟင်းပွဲအားလုံးကို မှာခဲ့တယ်လေ။ ပါဝင်ပစ္စည်းတွေ၊ ပြင်ဆင်ပုံတွေ တစ်ခုချင်းစီက ဂရုတစိုက် စမ်းစစ်ထားတာပါ။ ဝမ်ဖေးက အချိန်ယူပြီး မြည်းစမ်းနေတုန်းမှာ ကျွန်တော်က တစ်ခုချင်းစီ ရှင်းပြပါ့မယ်။"
သူက ပြောရင်းဆိုရင်းပင် သစ်ကြားသီးကိတ်အား ကောက်ယူလိုက်ကာ Han Yunxi ၏ ပန်းကန်အလွတ်ထဲသို့ ထည့်ပေးလိုက်သည်။ သူမက သူ့အား စိုက်ကြည့်လိုက်ပြီးနောက် ပန်းကန်အား မက ဘေးသို့ ပို့လိုက်သည်။
" ရှင်က ထွက်မသွားရင် ဒီဝမ်ဖေးက ရှင့်ရဲ့ စီးပွားရေးကို ကောင်းကောင်းကြီး ပိတ်ပစ်မယ်လို့ ပြောရင် ယုံတယ်မလား။"
Gu Qishao မှာ စိတ်ဆိုးနေခြင်း မရှိပဲ သူ၏ ဝတ်ရုံအား ပြေပြစ်စွာ မကာ ထိုင်လိုက်သည်။ "သေချာတာပေါ့။ ကျွန်တော်က ယုံကြည်ပါတယ်။ တကယ်လို့ လေးစားရတဲ့ဝမ်ဖေးက ကျွန်တော့်ရဲ့ ပစ္စည်းတွေကို သဘောကျရင် လိုလိုချင်ချင် ယူနိုင်ပါတယ်နော်..."
ကျစ်.. ကျစ်.. သူက ပန်းပွင့်လို စကားမျိုးပြောတဲ့ နေရာမှာတော့ မူလလက်ဟောင်းကြီးပဲ.....
Han Yunxi မှာ အပြုံးတုတစ်ခုဖြင့် ဖုံးကွယ်လိုက်ပြီး ရုတ်တရက် Gu Qishao ၏ မျက်နှာအား အဆိပ်မှုန့်များဖြင့် ပက်လိုက်သည်။ ထိုသူမှာ တမင်ပင် အသက်ပြင်းပြင်းရှူလိုက်ပြီး သူမ၏ အဆိပ်များအား စိုးရိမ်နေခြင်း မရှိပေ။ ကောင်းပြီ။ ဒီလို အဆိပ်နဲ့လှည့်ကွက်လေးက လမ်းပေါ်က အပေအတေပဲ အသုံးဝင်ပြီး Gu Qishao ကို ကျွမ်းကျင် အပေအတေကိုတော့ အသုံးမဝင်နိုင်ဘူး။ Han Yunxi မှာ မဒမ်Li ၏ သေဆုံးခါနီးစကားများအား နောက်တစ်ကြိမ် ပြန်စဥ်းစားမိသွားပြန်သည်။ ' အဆိပ်ဖြေဖို့ ကျွမ်းကျင်တဲ့ ပညာရှင်ကသာ အစစ်အမှန် အဆိပ်သခင်ပဲ။' ထိုစကားများမှာ သူမအတွက်မူ တစ်စိတ်တစ်ပိုင်းက မှားယွင်းနေသည်။
Han Yunxi မှာ တခြားသူများအား အဆိပ်ခတ်ရာတွင် အမှန်တကယ်ပဲ ကျွမ်းကျင်မှု မရှိပေ။ အထူးသဖြင့် ပုံသဏ္ဌာန်မရှိသော အဆိပ်များဖြစ်သည်။ သူမ၏ အမူအရာများ အန္တရယ်များလှစွာဖြင့် မျက်လုံးများကျဥ်းမြောင်းသွားသည်။ ထိုအခြင်းအရာအားမြင်လျှင် Gu Qishao မှာ သူမအား ပို၍ သဘောကျလာသည်။ သူက အမှန်ပင် ဖြတ်သွားမိချိန်တွင် Han Yunxi အား တွေ့လိုက်ခြင်းဖြစ်သည်။ သူက အလုပ်ရှုပ်သော်လည်း သူမအား နှောက့်ယှက်တာထက် ပိုကောင်းသည့် အလုပ်မရှိတော့ပေ။
"ကောင်းပြီ..... ကောင်းပြီ။ အဆိပ်ကောင်မလေး..မင်းအသက်ကို ကယ်ပေးခဲ့လို့ တစ်နပ်စာနဲ့ ပြန်ပေးဆပ်တယ် သဘောထားပါ။" Gu Qishao မှာ သင့်တော်သည့်ပုံစံဖြင့် အလေးအနက် ပြောင်းသွားသည်။ သို့တိုင်အောင် အပြည့်အဝ သင့်တင့်သော ပုံစံ မရှိသေးပေ။
" ရှင့်ကို ပြန်ပေးဆပ်ဖို့ အဲ့ဒီလောက် လွယ်တယ်ပေါ့။ ထမင်းတစ်နပ်က ရှင်နဲ့ကျွန်မ ကျေသွားပြီပေါ့။" Han Yunxi မှာ ထိုသူနဲ့ ကိစ္စများ မြန်နိုင်သမျှ မြန်မြန် စာရင်းရှင်းရန် မရိုးမရွဖြစ်နေသည်။
Gu Qishao မှာ အလေးအနက်ထား စဥ်းစားလိုက်ဟန်ဖြင့် တုံ့ပြန်လိုက်သည်။ " တကယ်လို့ မင်းရဲ့ နှလုံးသားနဲ့ ပြန်ပေးဆပ်ချင်ရင်လည်း ရတယ်နော်။"
သူက စကားဆုံးသည်နှင့် တစ်ချိန်တည်းမှာပင် Han Yunxi မှာ သူမ၏ လက်အား မြှောက်ကာ Gu Qishao အား ရိုက်ရန် ပြင်လိုက်စဥ် Gu Beiyue မှ အရင် စားပွဲအား ပြင်းထန်စွာ ရိုက်ချလိုက်သည်။
"ရိုင်းစိုင်းလိုက်တာ....."
Gu Qishao မှာ Han Yunxi ၏ လက်အား ဖမ်းဆုတ်လိုက်ပြီး မျက်လုံးများမှာလည်း ကျဥ်းမြောင်းသွားကာ Gu Beiyue အား သတ်ဖြတ်လိုသော ဆန္ဒများ ပြင်းထန်စွာဖြင့် မောက်မာစွာ ကြည့်လိုက်သည်။ သူက ပထမအကြည့်တစ်ချက်တွင် ရင်းနှီးဖော်ရွေသော လူတစ်ယောက်ဟု ထင်ရနိုင်သော်လည်း သေချာပေါက် ရိုးရှင်းသော လူတစ်ယောက်မဟုတ်ပေ။ ချက်ချင်းပင် လေထုမှာ တင်းမာသွားသည်။
သို့တိုင် Gu Beiyue မှာ အကြောက်အလန့် မရှိပဲ မတ်တပ်ရပ်လိုက်သည်။ " လူကြီးမင်း ကျေးဇူးပြုပြီး လေးစားရတဲ့ဝမ်ဖေး လက်ကို ချက်ချင်း လွှတ်ပေးလိုက်ပါ။"
Gu Beiyue ကဲ့သို့ နွေးထွေး သိမ်မွေ့သည့် လူတစ်ယောက်က ဤမျှ ခက်ထန်နိုင်လိမ့်မည်ဟု Han Yunxi မှာ မထင်ထားမိခဲ့ပေ။ သူမက သတိဝင်လာချိန်တွင် Gu Qishao ၏ လက်မှ ရုန်းထွက်လိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ " တော်ဝင်သမားတော် Gu .. ကျွန်မတို့ သွားရအောင်။"
အမှန်တကယ်တွင် Han Yunxi မှာ အာဏာပိုင်များအား ဆင့်ခေါ်ကာ သည်လူအား အနှောင့်အယှက်ပေးမှုဖြင့် တိုင်ကြားချင်လှသည်။ တစ်ချိန်တည်းမှာပင် သူမက သူ၏ ဆိုင်.... သူ့မှာ အများကြီးရှိနေမှတော့ သူမ မြင်ရသမျှအား ပိတ်ပစ်မည်။ သို့သော် ယခုအချိန်တွင် Gu Beiyue မှာ သူမနှင့် အတူရှိနေသည်။ သူတို့က သီးသန့်တွေ့ဆုံခြင်းမှာ မည်သည့်အရာမှ မှားယွင်းနေခြင်း မရှိသော်လည်း ထုံးစံဟု မသတ်မှတ်နိုင်ပေ။ လူများမှ သူမအား ဝေဖန်နေမည်အား ကြောက်ရွံ့နေခြင်းမရှိသော်လည်း Gu Beiyue အားမူ ရောပါမလာစေချင်ပေ။
တကယ်လို့ Gu Qishao က အကျယ်ချဲ့လိုက်တဲ့အခါကျရင် Gu Beiyue က ဘယ်လိုလုပ်ရမလဲ။
Han Yunxi မှာ လျင်မြန်စွာ လမ်းလျှောက်ထွက်သွားပြီး Gu Beiyue အား သူမနောက်မှ လိုက်လာရန် ဖိအားပေးလိုက်သည်။ သူမက စားသောက်ဆိုင်၏ သီးသန့်ခန်းမှ ခြေလှမ်းအနည်းငယ်ထွက်လာချိန်တွင် Long Feiye နှင့် Duanmu Yao မှ ဆိုင်အတွင်းသို့ ဝင်လာသည်အား မြင်လိုက်ရသည်။
ဒါက.. ဘယ်လောက်တောင် ကမ္ဘာကြီးက ကျဥ်းနေတာလဲ။
Han Yunxi မှာ ရုတ်တရက် ရပ်သွားသည်။ ဒီတစ်ကြိမ်တွင်တော့ Long Feiye မှာလည်း ရပ်လိုက်ပြီး Gu Beiyue အား အံ့အားသင့်စွာ ကြည့်လိုက်သည်။ အပြန်အလှန်ပင် Han Yunxi မှာ Duanmu Yao အား စိုက်ကြည့်လိုက်သည်။ သူတို့က အတူတူစားဖို့ ဒီကို ရောက်လာတာလား။
ဘယ်လိုတောင် ..ချင်ဝမ်ဖြစ်နေတာလဲ။ သူက တကယ်ပဲ အပူအပင် မရှိဘူးပေါ့လေ။ သူက တစ်နေ့လုံး Duanmu Yao နဲ့ လှည့်ပတ် အချိန်ဖြုန်းနေတယ်။
Duanmu Yao မှာ Han Yunxi အား ကြည့်လိုက်ပြီးနောက် သူမဘေးမှ အဖြူရောင်ဝတ်စုံနှင့် Gu Beiyue အား ကြည့်လိုက်သည်။ သူမက ဒီအမျိုးသားကို မသိပေမယ့် ထိုသူမှာ သာမာန်ထက် ထူးခြားကာ ချောမောလွန်းပြီး ကျောက်စိမ်းကဲ့သို့ သိမ်မွေ့ကာ Han Yunxi နှင့် လိုက်ဖက်လှသည်ဟု တွေးမိလိုက်သည်။ Gu Beiyue မှာမူ Duanmu Yao အား သတိပြုမိလိုက်ပြီး ပဟေဌိဖြစ်သွားသည်။ ချင်ဝမ်က ဘာလို့ မင်းသမီးRongle ကို လက်ဖက်ရည်ဆိုင် ခေါ်လာတာလဲ။
သို့နှင့် လူလေးယောက်မှာ အတွေး ကိုယ်စီဖြင့် တိတ်ဆိတ်နေကြသည်။
Han Yunxi မှာ Long Feiye နှင့် အကြည့်ချင်းဆုံသွားချိန်တွင် တစ်ယောက်မှာ တိတ်ဆိတ်စွာ စောင့်ကြည့်နေပြီး တစ်ယောက်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မည်းမှောင်နေသည်။ ထိုမြင်ကွင်း၏ အလယ်သို့ Gu Qishao မှာ နတ်ဆိုးတစ်ကောင်ကဲ့သို့ ပြုံးရွှင်စွာဖြင့် သီးသန့်ခန်းထဲမှ ထွက်လာသည်။
"အိုက်ယား..... ဒီနေ့ ဘယ်လိုလေညှင်းများ တိုက်နေပါလိမ့်။ ချင်ဝမ်တောင်....."
သို့သော် သူ၏ စကားမဆုံးခင်မှာပင် Han Yunxi မှာ ရုတ်တရက် ရယ်မောကာ လှည့်လိုက်သည်။ "Gu Qishao ကျွန်မတို့က အတူစားသင့်တယ်လို့ ရှင်က ပြောခဲ့တယ်မလား။ အထဲပြန်ဝင်..။"
ပြောရင်းဆိုရင်းပင် သူမက Gu Beiyue အားလည်း ဆွဲခေါ်လိုက်သည်။ "တော်ဝင်သမားတော်Gu ရှင်ရောပဲ။ ကျွန်မက ရှင့်ကို ဒုက္ခအများကြီးပေးထားခဲ့တာပေမယ့် အခုအချိန်အထိ ရှင့်ကို ကျေးဇူးတင်ဖို့ အခွင့်အရေးမရသေးဘူး။"
ဒါ... ဘယ်လို အခြေအနေကြီးလဲ.....
Gu Qishao မှ နားမလည်နိုင်ခင် သို့မဟုတ် Gu Beiyue မှ သတိမဝင်လာခင် နှစ်ယောက်စလုံးမှာ သီးသန့်ခန်းထဲသို့ ဆွဲခေါ်ခံလိုက်ရသည်။ အထဲသို့ရောက်သွားသည်နှင့် Han Yunxi မှာ နောက်ပြန်လှည့်ကာ Long Feiye အား ကြည့််ပင်မကြည့်ပဲ တံခါးအား အကြမ်းပတမ်းပင် ပိတ်လိုက်သည်။ သူမက သူတို့အား နောက်ကျောပေးလိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ ဒီတစ်ကြိမ် Long Feiye က တစ်ပုံစံတည်းထပ်လုပ်မလာချိန်မှာ သူမက Long Feiye ကို စွန့်ပစ်နိုင်လိုက်ပြီ။
ခံစားချက်က ကောင်းချက်ပဲ.....
အထဲသို့ ဆွဲခေါ်ခံလိုက်ရသည့် အမျိုးသားနှစ်ယောက်မှာ အကြည့်ချင်း ဖလှယ်လိုက်ပြီး သူမအား သံသယများဖြင့် ကြည့်လိုက်သည်။ သူမ ဘာလုပ်နေတာလဲ။ သူမက အဲ့ဒီတံခါးကို ပိတ်လိုက်ပြီး တိုက်ပွဲဆင်နွဲနေတယ်လို့ ခံစားနေရတာလဲ။ ပြီးတော့ သူမက ဘာလို့ အသက်လု ရှူနေရတာလဲ။
"လေးစားရတဲ့ဝမ်ဖေး ဒါက မသင့်တော်ဘူး မဟုတ်လား။ အရှင့်သားက..." Gu Beiyue မှာ အနည်းငယ် စိတ်မသက်မသာ ခံစားနေရသည်။
"ဝမ်ရယ်က အရမ်းအလုပ်ရှုပ်နေတော့ ငါတို့က သူ့ကို မနှောင့်ယှက်တော့ဘူး။ စားရအောင်.... ဒီမှာ လာကြ။"
ပုံမှန် စရိုက်နှင့် ကွဲထွက်စွာ ပြုမူပြီးနောက် Han Yunxi မှာ သာမာန်လိုပင် တူအား ကောက်ကိုင်လိုက်သည်။ Gu Beiyue မှာ မျက်ခုံးကျုံ့နေပြီး Gu Qishao မှာ မေးစေ့အား ပွတ်ကာ အတွေးများနေပြီးနောက် သဘောပေါက်သွားသည်။ Gu Qishao မှာ ပြုံးဖြီးသွားသည်။
"အဆိပ်ကောင်မလေး အဲ့ဒါက အနောက်ဘက် ကျိုး မင်းသမီး Rongle မလား။"
Han Yunxi ၏ တူများမှာ လေထဲတွင် ရပ်တန့်သွားပြီး ခေါင်းငြိမ့်ပြလိုက်သည်။
"အင်း။"
" ငါကြားတာ အနောက်ဘက်ကျိုး ဧကရာဇ်က မင်းသမီး Rongle ကို လက်ထပ်ပေးပြီး Tianning နဲ့ ဆက်ဆံရေး ခိုင်မြဲစေချင်တယ်ဆိုပဲ။ ကြည့်ရတာ ဒီတစ်ကြိမ် သူမက ဧကရာဇ်အတွက် သားမက်ရှာပေးဖို့ လာတာထင်တယ်။" Gu Qishao မှာ ရွှင်မြူးနေဟန်ဖြင့် ပြောလိုက်သည်။
ဒီတစ်ကြိမ်တွင် Han Yunxi မှာ ဝါးမြုံ့နေခြင်း ရပ်သွားပြီးနောက် လျင်မြန်စွာ ပြန်လည်စားရင်း ပြောလိုက်သည်။ " ဆက်ဆံရေးတိုးတက်ဖို့ လက်ထပ်တယ်ဆိုတာ အလားအလာရှိတဲ့ သတို့သားကို အိမ်ခေါ်သွားတာပဲ မဟုတ်ဘူးလား။ သူမ ဘယ်သူ့ကို ရှာလဲဆိုတာ အရေးမကြီးဘူး။ လက်ထပ်ဖို့က သူမ ရွေးချယ်ရမှာ မဟုတ်ဘူး။"
" ဒီကောင်မလေးက ပထမဇနီးရဲ့ သမီးဖြစ်ပြီး အနောက်ကျိုး အိမ်ရှေ့စံ ရဲ့ ညီမပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် သူမအတွက် ရွေးချယ်စရာ သတို့သားက Tianning မှာ သိပ်မရှိဘူး။" Gu Qishao ၏ စိတ်အားထက်သန်နေသည့် မျက်လုံးများမှာ ဝါးမြုံ့နေသော Han Yunxi ၏ နှုတ်ခမ်းသားများအား ကြည့်နေသည်။ ဒီအမျိုးသမီးက အစားစားနေချိန်တောင် တခြား အမျိုးသမီးတွေနဲ့ မတူဘူး။ သူက သူမကို သိလာလေလေ ပိုပြီး သဘောကျ လေလေပဲ။
Long Feiye က သူမကို ဘယ်တော့ ကွာရှင်းမှာလဲ။ အဲ့ဒီအစား သူမက Long Feiye ကို အရင်ကွာရှင်းရင်ကော ဘယ်လိုလဲ။
Han Yunxi မှာ တိုင်းပြည်များကြားမှ ထိမ်းမြား ဆက်ဆံရေးတည်ဆောက်ခြင်းအား နားမလည်ချေ။ သူမက အနည်းငယ် စဥ်းစားကာ မေးလိုက်သည်။ " ဒါဆိုရင် ကိုယ်စားလှယ်လောင်းတွေက ဘယ်သူတုန်း။"
ယခုအချိန်တွင် Gu Beiyue မှာ ဘေးတစ်ဖက်တွင်ထိုင်ကာ Gu Qishao အား ဂရုတစိုက် လေ့လာနေသည်။ သူက သူတို့၏ စကားဝိုင်းအား ဝင်မပြောပဲ ထိုအမျိုးသားနှင့် လေးစားရတဲ့ဝမ်ဖေး ကြားမှ ဆက်ဆံရေးအား စဥ်းစားနေသည်။ သူတို့က ရန်သူတွေနဲ့တော့ မတူဘူး။
"အိမ်ရှေ့စံ, စစ်သူကြီးငယ်,..." Gu Qishao မှာ တမင်ရပ်နေပြီးမှ ဆက်ပြောလိုက်သည်။ " ချင်ဝမ်.."
Han Yunxi မှာ Gu Qishao အား နက်ရှိုင်းစွာ ကြည့်လိုက်ပြီးမှ ပေါ့ပါးစွာ ရယ်မောလိုက်သည်။ သူမက ချက်ချင်းပင် ခေါင်းစဥ်ပြောင်းလိုက်သည်။ " စားလေ။"
သူမက ပြောရင်းပင် Gu Beiyue အား ကြည့်လိုက်သည်။ " တော်ဝင်သမားတော်Gu ယဥ်ကျေးမနေပါနဲ့။ စားပါ..."
Duanmu Yao မှာ ဧကရာဇ်၏ ပထမဇနီးမှ မင်းသမီးဖြစ်သည်။သူမက သခင်မXu မဟုတ်ပေ။ သူမက Long Feiye နဲ့ လက်ထပ်ပြီး သာမာန် ကိုယ်လုပ်တော်တစ်ယောက်အနေနဲ့ ဘယ်လိုလုပ် ကျေနပ်နိုင်မှာလဲ။ သူမက အိမ်ရှေ့စံအား ရွေးချယ်ရန် ပို၍ ဖြစ်နိုင်သည်။ ထိုသို့ဖြစ်လာလျှင် သူမက Long Feiye အား တော်ဝင်ဦးရီးတော်ချင် နှင့် သူမ( Han Yunxi) အား တော်ဝင်အဒေါ်ချင်ဟု ခေါ်ရတော့မည်။ ဤသို့ တွေးမိလိုက်လျှင် Han Yunxi ၏ ဆိုးရွားနေသည့် စိတ်အခြေအနေမှာ လေထဲမှ မီးခိုးငွေ့ကဲ့သို့ ပျောက်ကွယ်သွားသည်။
သူမက ကြည်လင်ကာ တောက်ပသော ရေသစ်အယ်သီးကိတ်တစ်ခုအား ကောက်ယူကာ နှစ်ခြိုက်စွာ စားသုံးလိုက်သည်။ သို့သော် Gu Qishao မှာ တိုးတိုး တိုးတိုးဖြင့် ပြောလာသည်။ " ငါကြားတာ ဒီမင်းသမီးလေးက အနုပညာ၊ ကိုယ်ခံပညာနဲ့ ရုပ်ရည်သွင်ပြင် ထက်မြက်တဲ့သူလို့ ကြားတယ်။ သူမက မောက်မာတဲ့ သဘောထားရှိပြီး ချင်ဝမ်ကလွဲပြီး ဘယ်သူ့ကိုမှ စိတ်မဝင်စားလောက်ဘူး။ ဖြစ်နိုင်တာက ချင်ဝမ်အိမ်တော်မှာ ဘယ်ညာ ဝမ်ဖေး နှစ်ပါး ရှိလာမယ်ထင်တယ်။"
ဝမ်ဖေးနှစ်ပါးနဲ့ အိမ်တော်.... သူမဘာလို့ ဒီဖြစ်နိုင်ချေကို ကျော်သွားရတာလဲ။ နောက်ဆုံးတော့ အရှေ့နန်းဆောင်နဲ့ အနောက်နန်းဆောင် ဧကရီနှစ်ပါး ရှိတတ်သေးတာပဲ။ ဝမ်ဖေးအတွက်ကကော ဘာလို့ အတူတူ မဖြစ်နိုင်ရမှာလဲ။ အရှေ့ သို့မဟုတ် အနောက်ပဲဖြစ်ဖြစ် ဘယ် သို့မဟုတ် ညာပဲ ဖြစ်ဖြစ် နှစ်ယောက်စလုံးက သင့်တင်သော ဇနီးမယားများဖြစ်ပြီး ဝါစဥ်တော့ ရှိဦးမည်ဖြစ်သည်။
ယခုအချိန်တွင် Han Yunxi ၏ ပါးစပ်ကော လက်ကောပါ ကောင်းကောင်းကြီး ငြိမ်သက်သွားပြီဖြစ်သည်။
Gu Qishao ၏ အကြည့်များမှာ ရှုပ်ထွေးသွားသော်လည်း သူက ရွဲ့စောင်းချင်ဟန် လေသံဖြင့် သူမအား သတိပြုမိစေရန် ပြောလိုက်သည်။ "လာပါ လေးစားရတဲ့ဝမ်ဖေး ရေသစ်အယ်သီးကိတ်ကို အရသာ ပိုကောင်းအောင် ရှာလကာရည်ထဲ နှစ်ပေးရတယ်။" [T/N Qishao က Yunxi ကို ဂျယ်လက်ဆီ လယ်ဗယ်အပ်လာတယ်လို့ စတာရယ်]
Han Yunxi မှာ Gu Qishao ၏ စကားများရှိ နောက်ကွယ်မှ ဆိုလိုရင်းအား မည်ကဲ့သို့ လွတ်သွားမည်နည်း။ သူမက နူးညံ့စွာ ပြုံးလိုက်ကာ ဆက်မပြောတော့ပေ။
သူက လက်ထပ်တာပဲ ဖြစ်ဖြစ် သူမက မင်္ဂလာဆောင်တာပဲဖြစ်ဖြစ် သူမနဲ့ ဘာဆိုင်လို့လဲ။
Han Yunxi မှာ Gu Qishao အား စိတ်ကြိုက်စနောက်ခွင့်ပေးကာ လျစ်လျူရှုထားလိုက်သည်။ သူမက အလုတ်ရေ အနည်းငယ်စားပြီးနောက် စားချင်စိတ် မရှိတော့ပဲ မတ်တပ်ရပ်လိုက်သည်။ "ရှင်တို့ ပျော်အောင်နေခဲ့တော့.. ကျွန်မက အရင်သွားတော့မယ်။"
သူမက တံခါးဖွင့်လိုက်လျှင် Long Feiye နှင့် Duanmu Yao မှာ သီးသန့်ခန်း မမှာယူပဲ စားသောက်ဆိုင်ထဲတွင် ပွင့်ပွင့်လင်းလင်း ထိုင်နေသည်အား မြင်လိုက်ရသည်။ ထပ်ပြောရလျှင် သူတို့က သူမအခန်းနှင့် အနီးဆုံး စားပွဲအားပင် ရွေးချယ်ထားသည်။
Long Feiye ၏ မူလက နက်မှောင်နေသည့် အကြည့်များမှာ သူမက ထွက်လာချိန်တွင် ပို၍ အေးစက်သွားသည်။ သို့သော် Han Yunxi မှာ သူ့အား တန်းတန်းမတ်မတ် လမ်းလျှောက်ဖြတ်မသွားခင် တစ်ချက်သာ ကြည့်သွားလိုက်သည်။ သူမ၏ ထွက်ခွာသွားသည့်ပုံစံမှာ ခေါင်းမာနေသကဲ့သို့ အထီးကျန်နေပုံရသည်။
Long Feiye ၏ အကြည့်များမှာ လှေကားမှ ဆင်းသွားသည့် သူမနောက် လိုက်ပါသွားပြီး ရေခဲပြင်တွင် လဲကျသွားသကဲ့သို့ ဖတ်ရှုနိုင်ရန် ခက်ခဲလှကာ ရှုပ်ထွေးနေသည်။
Duanmu Yao မှ မကျေနပ်ချက် အနည်းငယ်ဖြင့် ပြောင်းလဲသွားသည်။ "ဆရာတူအစ်ကိုကြီး စားကြည့်ပါဦး။ ဟင်းပွဲတွေက အေးကုန်လိမ့်မယ်။"
စားသောက်ဆိုင်တွင် သိသိသာသာပင် သီးသန့်ခန်းများ ရှိသေးသော်လည်း ဆရာတူ အစ်ကိုကြီးမှာ ဤနေရာတွင် ထိုင်ရန်သာ ခေါင်းမာနေခဲ့သည်။ ဟင်းပွဲများ ပြည့်နေသည့် စားပွဲရှေ့တွင် သူတို့က အချိန်ကြာမြင့်စွာ ထိုင်နေသော်လည်း သူက တစ်လုတ်တောင် မထိပေ။ ဧကရာဇ် Taihui ၏ အမိန့်အောက်တွင် သူက သူမနှင့် တစ်နေ့လုံး အချိန်ဖြုန်းပေးနေသော်လည်း သူက တစ်ချိန်လုံး တိတ်ဆိတ်ကာ မထူးခြားသကဲ့သို့ ပြုမူနေသည်။
သူမက သူ့ရဲ့ အကျင့်စရိုက်အား နေသားကျနေသော်လည်း နေ့ခင်းတွင် Han Yunxi နှင့် ပက်ပင်းတိုးမိချိန်မှ စ၍ သူက ပို၍ပင် အေးစိမ့်လာသည်။
အဲ့ဒီမိန်းမက သူ့ရဲ့ နှလုံးသားကို အနှောင့်အယှက်ပေးတာလား။
သူမ နောက်ဆုံးတစ်ကြိမ်က ဆေးမိစ္ဆာတောင်ကြားတွင် တွေ့ဆုံခဲ့ရမှုအား စုံစမ်းပြီးသွားပြီ။ ဆရာတူအစ်ကိုကြီးက ထိုမိန်းမအား ကာကွယ်ရန် ကြိုးစားခဲ့ခြင်း မဟုတ်ပဲ အသက်သွေးဆေးလုံးအတွက် ပို၍ စိုးရိမ်နေခြင်းဖြစ်သည်။ သို့တိုင် ယခုတစ်ကြိမ်က ဘာကြောင့်လဲ။
Long Feiye မှာ Duanmu Yao ၏ စကားများအား ကြားရဲ့လားဆိုသည်မှာ မရှင်းလင်းသော်လည်း သူက အစတည်းက တူအားပင် ကိုင်ထားခြင်း မရှိပေ။ သူက လက်ဖက်ရည်ပူပူအား အနည်းငယ် မော့သောက်လိုက်ပြီး စကားပြောလိုက်သည်။ "တံခါးမှာ လှည်းသမားက စောင့်နေတယ်။ နောက်ကျရင် မင်းဘာသာ မင်းပြန်သွားလို့ရတယ်။"
"ဆရာတူအစ်ကိုကြီး ကျွန်မက Tianning မြို့တော်ရဲ့ Huai ပန်းခင်းလမ်းသွယ်မှာ ညစျေး...."
Duanmu Yao မှ စကားမဆုံးခင်မှာပင် Long Feiye မှာ ထထွက်သွားသည်။ တခဏချင်းမှာပင် သူမ၏ နူးညံ့သိမ်မွေ့သော အမူအရာမှာ ခက်ထန်ကောက်ကျစ်မှုများအဖြစ် ပြောင်းလဲသွားသည်။
Han Yunxi..နောက်တစ်ကြိမ် အကုန်လုံး Han Yunxi ကြောင့်ပဲ။ ငါက ဒီရန်ငြိုးကို ကောင်းကောင်း မှတ်ထားမယ်။