Please love me more!

By momohana_myu20

8.2K 670 38

Yizhan system fiction အသုံးအနှုန်းရိုင်းများပါဝင်ပါသည် idol imageထိခိုက်လိုစိတ်မရှိပါ More

Intro
Arc-1-2
Arc-1-3
Arc-1-4
Arc-1-5
Arc-1-6
Arc-1-7end
Arc-2
2
3
4
5 end
3.1
3.2

Arc-1-1

983 71 4
By momohana_myu20

ရှောင်းကျန့် မျက်လုံးများဖွင့်လိုက်တော့ သူကဂိုထောင်ပျက်တစ်ခုထဲမှာ ကြိုးတုပ်လျက်သား။

'အပျင်းပြေလမ်းလျှောက်ထွက်လာပါတယ်ဆိုမှကွာ  အဖမ်းခံရတဲ့အချိန်ကူးပြောင်းလာရတယ်လို့'

ဉာဏ်ရည်တုစနစ်တစ်ခုရဲဆိုးကျိုးကိုရှောင်းကျန့်နားလည်သွားသည့်အချိန်မှာပဲ ဒီကမ္ဘာရဲ့ဇာတ်ကြောင်းက ရှောင်းကျန့်ဆီကိုရောက်ရှိလာလေသည်။

ဒီကမ္ဘာမှာတော့ ဗီလိန်ရယ်၊ဇာတ်လိုက်မရယ်၊ဇာတ်လိုက်ရယ်က သူငယ်ချင်းတွေဖြစ်ကြပြီး ရှောင်းကျန့်ကတော့ ဇာတ်လိုက်ရဲ့အကို လုယွင်ကောဖြစ်လေသည်။သူက လုသခင်ကြီးနဲ့သွေးမတော်ပေမယ့် အမေဖြစ်သူရဲ့ဂျိုတပ်ကောင်းမှုကြောင့်သားအကြီးဆုံးဖြစ်လာလေသည်။လုအိမ်တော်မှာသားနှစ်ယောက်ရှိလေရာ ဇာတ်လိုက် လုစစ်ရန်က လုသခင်ကြီးရဲ့တရားမဝင်သားဖြစ်လေသည်။သူကတော့ တရားမဝင်သားဖြစ်တဲ့ဇာတ်လိုက်ကိုအမြဲနှိမ်ကာ ဗီလိန်ကျိုးမင်ချန်းအတွက် တံတားခင်းပေးခဲ့သူ။လုသခင်ကြီး သေခါနီးအချိန်မှာ လုယွင်ကောကသူ့သားမဟုတ်မှန်းသိသွားပြီး သားအရင်းဖြစ်တဲ့လုစစ်ရန်ကိုသာ အမွေပေးခဲ့၏။လုသခင်ကြီးနဲ့သွေးမတော်မှန်းသိသွားသည့်အခါမှာ ဗီလိန်ကစွန့်ပစ်သွားပေမယ့်သူကတော့အချစ်မပေါ့နိုင်ပဲ အရာအားလုံးပေးဆပ်ရင်းချစ်သွားခဲ့သူ။ဇာတ်လိုက်ရဲ့လက်စားချေမှုတွေကိုရင်စည်းခံရင်းဖြင့် ဗီလိန်ကိုလဲတဖက်ကကာကွယ်ခဲ့သည်သာ။

အခုသူက ဇာတ်လိုက်ကလက်စားပြန်ချေနေသည့်အချိန် ကူးပြောင်းလာခြင်း။ထိုအပြင် ဗီလိန်ကောင်ကလဲ ဇာတ်လိုက်ကောင်ရဲ့လက်စားချေမှုကြောင့် မတော်တဆပြန်လည်မွေးဖွားလာသည်ဖြစ်ရာ ပြန်လည်မွေးဖွားလာသောဗီလိန်နှင့် လက်စားချေလိုစိတ်ပြင်းပြနေသည့်ဇာတ်လိုက်ကောင်ကြားမှ ကူးပြောင်းလာသည့်အမြှောက်စာလေးရှောင်းကျန့်ခေါင်းကိုက်သွားလေသည်။

[ဒီလောက်လေးနဲ့ခေါင်းကိုက်နေတာလား အသုံးမကျချက်ပဲ မင်းကိုရွေးမိတာတောင်မှားပြီလားမသိဘူး]

ရုတ်တရက် နားထဲကြားလိုက်ရတဲ့အသံကြောင့် ရှောင်းကျန့်လန့်သွားသည်။

[မင်းရဲ့systemလုပ်မယ့် ဟန်ဆွန်းဝူ]

တဖက်က သူ့အတွေးကိုသိသည့်အလားပြန်ဖြေလာတော့ ရှောင်းကျန့်မေးစရာမလိုတော့ဘူးပေါ့။

[ဇာတ်လိုက်လာနေပြီ အသက်ရှင်အောင်လုပ်ပြီးဗီလိန်ရဲ့နောက်လိုက်ကောင်းတစ်ယောက်ဖြစ်လာပါ good luck]

သူပြောချင်တာပြောပြီး တိတ်ဆိတ်သွားတဲ့သူကြောင့် ရှောင်းကျန့်စိတ်ထဲအလိုမကျဖြစ်သွားပေမယ့် လက်ရှိအခြေအနေကိုပဲအာရုံစိုက်လိုက်လေသည်။လက်တွေကိုချည်ထားတဲ့ကြိုးတွေကိုရအောင်ဖြုတ်လိုက်ပြီး ဂိုထောင်တံခါးပေါက်နားကပ်ကာ အပြင်ကိုချောင်းကြည့်လိုက်ပေမယ့် သူဘာမှမလုပ်ခင်မှာပဲ ဂိုထောင်တံခါးကပွင့်သွားကာရှောင်းကျန့်လဲအရှိန်လွန်ကာ မြေကြီးပေါ်မှောက်လျက်ပြုတ်ကျသွားလေသည်။

""အိုး....ကြွက်စုတ်ကလေးတစ်ကောင်လိုဖြစ်နေပါလားကိုကိုရဲ့...""

မြေကြီးနဲ့မိတ်ဆတ်ထားတဲ့ရှောင်းကျန့်က ထိုရင်းနှီးနေတဲ့အသံကိုကြားတော့ခေါင်းမော့ကြည့်လိုက်တော့ သူတချိန်ကရင်းနှီးခဲ့တဲ့သူရဲ့မျက်နှာကိုမြင်လိုက်ရသည်။

""ဝမ်ရိပေါ်...""

ရှောင်းကျန့်ကိုငုံ့ကြည့်နေတဲ့ လုစစ်ရန်ကတော့ ရှောင်းကျန့်ရဲ့အကြည့်နဲ့စကားကိုမြင်တော့ ကျစ်ခနဲလုပ်လိုက်သည်။

""ကိုယ့်ညီရဲ့ မျက်နှာကိုတောင်အကိုမေ့သွားတာမဟုတ်ပါဘူးနော်...""

""ထွီ...ခွေးကောင် မင်းနဲ့ငါညီအကိုဆိုတာသတိရသေးတယ်ပေါ့""

ရှောင်းကျန့် ခပ်မြန်မြန်ပဲသတိဝင်လာခဲ့ပြီး မူလပိုင်ရှင်ရဲ့စရိုက်အတိုင်းကူးချကာ ရင်းနှီးနေတဲ့မျက်နှာပေါ် တံတွေးထွေးထုတ်ကာပြောလိုက်သည်။ထိုအခါ လုစစ်ရန်က သူ့မျက်နှာပေါ်ကတံတွေးကိုဖယ်ကာရှောင်းကျန့်အကျီပေါ်မှာ ကပ်သုတ်လိုက်ပြီးပြောလာလေသည်။

""ဒါပေမယ့်အကိုတခါမှမသတ်မှတ်ခဲ့ဘူးလေ ဒီတော့ကျနော်လဲသတ်မှတ်စရာအကြောင်းမှမရှိတာ နောက်ပြီး သွေးလဲမတော်ဘူးလေ""

""ရွံစရာကောင်...မင်း ငါ့ကိုသတ်ချင်သတ်လိုက်...""

ရှောင်းကျန့်ရဲ့စကားအဆုံးမှာ လုစစ်ရန်က မြေကြီးပေါ်လဲကျနေတဲ့ရှောင်းကျန့်ကိုလည်ပင်းကနေ လက်တစ်ဖတ်နဲ့ပင့်မလိုက်သည်။ရှောင်းကျန့် ထိုသူရဲ့လက်ကလွတ်လိုလွတ်ညားရုန်းလိုက်သည်။ဘာတွေစားလို့ ဒီလောက်အားရှိနေလဲ သူမသိပေ။တဖြေးဖြေးနဲ့ရှောင်းကျန့်အသက်ရှုကျပ်လာသည်။ သူဒီလိုပဲပြီးသွားတော့မှာလား။သူ့လက်ဖမို့ပေါ်ပြုတ်ကျလာတဲ့ အရည်တစ်စက်ကြောင့်လုစစ်ရန်စိတ်ထဲတမျိုးဖြစ်သွားသည်။ထို့နောက်သူက လက်ထဲကရှောင်းကျန့်ကိုအညာအတာမဲ့စွာ လွှတ်ချလိုက်လေသည်။

""အစကကျနော် သတ်ချင်ပေမယ့် အခုစိတ်ပြောင်းသွားပြီ ကျနော့်ကိုသေချင်ပါတယ်လို့တောင်းဆိုရတဲ့အထိ အကို့ကိုကျနော်နှိပ်စက်ပြမယ်...""

""လဲသေလိုက်""

ရှောင်းကျန့်ပြန်ပြောလိုက်ပေမယ့် လုစစ်ရန်ကဂရုမစိုက်တော့ပေ။ထို့နောက်မှာတော့ ရှောင်းကျန့်တစ်ယောက် လုစစ်ရန်၏ကောင်းမှုဖြင့် လုအိမ်တော်သို့ပြန်ရောက်လာခဲ့တော့သည်။

""ဟောင်ယွဲ့ အခုကစပြီးသူကငါ့ရဲ့ကျွန်တင်မကဘူး တအိမ်လုံးရဲ့ကျွန်ပဲ သူ့ကိုမင်းတို့ခိုင်းချင်တာခိုင်းလို့ရတယ်""

ဟောင်ယွဲ့ သခင်ကြီးရဲ့စကားကြောင့် ကြည့်လိုက်တော့ အနားမှာရပ်နေတဲ့ အကြီးဆုံးသခင်လေးကိုတွေ့လိုက်ရသည်။

""မင်းခိုင်းတိုင်း ငါလုပ်မယ်ထင်လား လီးတောင်မလုပ်ဘူး...""

""လုယွင်ကော""

""ဘာလဲ..ငါ့နာမည်ကမင်းခေါ်ဖို့မဟုတ်ဘူး...""

လုစစ်ရန် သူ့ကိုတစ်ခွန်းမခံပြန်ပြောနေတဲ့ လုယွင်ကောကိုကြည့်ပြီး ဒေါသထွက်လာသည်။သူ လုအိမ်တော်ကိုသိမ်းပိုက်လိုက်တဲ့အချိန်ကထဲက သူ့ကိုဒီလို ပြန်ပြောတဲ့သူမရှိတော့တာကြာပြီ။လုယွင်ကောတစ်ယောက်သာ ငယ်ငယ်တည်းကနေစပြီးအခုအချိန်အထိ သူ့ကိုဆက်ဆံပုံကလုံးဝပြောင်းလဲမသွားပေ။

""ဘယ်သူ့အားကိုးနဲ့ အာခံနေတာလဲလုကွင်ကော...""

""ဟိုကောင့်အားကိုးနဲ့ဆိုရင်တော့ ငါလုပ်လိုက်လို့သစ်တုံး(ကိုမာ)ဘဝရောက်သွားပြီ...""

သူ့အမေးကို သူ့ဘာသာသူပြန်ဖြေလိုက်တဲ့လုစစ်ရန်ပုံစံကအရာအားလုံးကိုချုပ်ကိုင်နိုင်သည့်အလားပင်။သူပြောတဲ့ဟိုကောင်ဆိုတာ ဗီလိန်ကျိုးမင်ချန်းကိုသာ။

""တခါထဲ သတ်ဖို့စဥ်းစားထားတာကိုမာဝင်သွားမယ်လို့မထင်ထားဘူး...ဒါမှမဟုတ်အခုပဲသွားသတ်လိုက်ရမလား....""

လုစစ်ရန်ပြောလိုက်ရင်း သူ့ရှေ့ကတုန်လှုပ်နေတဲ့သူကိုကြည့်လိုက်လေသည်။သူမတွေးခဲ့တာက လုယွင်ကောက ရုတ်တရက် ဒူးထောက်တောင်းပန်လာမည်ကိုပင်။

""တောင်းပန်ပါတယ် မင်းခိုင်းတာဘာမဆိုလုပ်ပါ့မယ် သူ့ကိုတော့ချမ်းသာပေးပါ...""

မျက်ရည်လည်ရွဲနဲ့ပြောနေတဲ့ လုယွမ်ကောပုံစံကြောင့် လုစစ်ရန်ဒေါသထွက်သွားသည်။အဲ့ဒီလူပါးစပ်က ထွက်သမျှက အဲ့ကျိုးမင်ချန်းဆိုတဲ့အကောင်အတွက်ပဲဖြစ်နေရတာလဲ...အဲ့အကောင်ကဘာများကောင်းနေလို့လဲ နောက်ကျောကဓားနဲ့ထိုးတတ်တဲ့အစုတ်အပျက်ကောင်လေ

""အခုကျနော် စိတ်ပြောင်းသွားပြီ...သူသတိရလာတဲ့အခါ သူ့ရဲ့ချစ်သူက တခြားသူအောက်ရောက်နေတယ်ဆိုတာကိုသိသွားရင် တအားပျော်သွားမယ်ထင်တယ်....""

လုစစ်ရန် သူ့စကားကြောင့်ထိတ်လန့်နေတဲ့သူကိုကြည့်ပြီး ပျော်ရွှင်သွားတယ်။ဒါပေမယ့် ရှောင်းကျန့်ရဲ့လုပ်ရပ်က သူ့ကိုဒေါသထွက်သွားစေတယ်။ဒါကဘာလို့လဲဆို ရှောင်းကျန့်ကသူ့အင်္ကျီကိုချွတ်ချလိုက်တာပါပဲ

""မင်းလုပ်လို့ရပြီ...""အပေါ်ပိုင်းဘာမှမရှိတော့တဲ့ရှောင်းကျန့်က လုစစ်ရန်ကိုစိုက်ကြည့်ပြီးပြောလိုက်တယ်။လုစစ်ရန်ကတော့ သူ့ရှေ့ကလူရဲ့ပြတ်သားနေတဲ့ပုံကိုကြည့်ပြီး ကျိုးမင်ချန်းကိုမနာလိုဖြစ်သွားတယ်။တဆက်တည်းမှာပဲ အဝတ်အစားတွေအောက်မှာဖုံးကွယ်ထားတဲ့ လုယွမ်ကောရဲ့ခန္ဓာကိုယ်ကသိပ်ကိုလှတယ်ဆိုတာတွေ့ရှိသွားတယ်။

""မလုပ်ရင်လဲ နေတော့""

လုစစ်ရန်ရဲ့တုံ့ဆိုင်းနေပုံကိုတွေ့တော့ ရှောင်းကျန့်က သူ့အဝတ်အစားတွေကိုကောက်ယူလိုက်တယ်။ထို့နောက်အပေါ်ထပ်က သူနေခဲ့ဖူးတဲ့အခန်းကို တတ်သွားဖို့ပြင်လိုက်တယ်။သို့ပေမယ့်သူ့လက်တဖက်က လုစစ်ရန်ရဲ့ဆွဲယူခြင်းကိုခံလိုက်ရတယ်။

"" အကိုဖြစ်သူက သူ့ခန္ဓာကိုယ်ကိုပေးချင်လွန်းလို့စိတ်အားထက်သန်နေတာကို ဒီချစ်စရာကောင်းတဲ့ညီလေးကမယူဘဲနေနိုင်မှာလား""

ငါဘယ်မှာစိတ်အားထက်သန်နေလို့လဲ။ထိုအရာကရှောင်းကျန့်အတွေးသာ ဒါပေမယ့်လူကတော့သူ့ရှေ့ကလူရဲ့ဆွဲခေါ်ရာကိုပါသွားပြီပဲဖြစ်သည်။














""ဝမ်ရိပေါ်...""









""လဲသေလိုက်""





""လုယွင်ကော""













""မလုပ်ရင်လဲ နေတော့""




Continue Reading

You'll Also Like

563K 18.5K 62
☆彡 𝗼𝘂𝘁𝗲𝗿 𝗯𝗮𝗻𝗸𝘀 ❛ bring me your mouth and your mystery! ❜ sonny hated mysteries, but she was the biggest on...
317K 14K 55
A forceful arranged marriage story.... Jeon Jungkook is heartless,cold , rude famous business man . He was forced to marry his grandma's chosen girl...
974K 21.5K 102
𝐁𝐑𝐔𝐓𝐀𝐋 ⟳ "𝘢𝘭𝘭 𝘪 𝘥𝘪𝘥 𝘸𝘢𝘴 𝘵𝘳𝘺 𝘮𝘺 𝘣𝘦𝘴𝘵 𝘵𝘩𝘪𝘴 𝘵𝘩𝘦 𝘬𝘪𝘯𝘥 𝘰𝘧 𝘵𝘩𝘢𝘯𝘬𝘴 𝘪 𝘨...
634K 18K 99
❝ 𝐈 𝐨𝐧𝐜𝐞 𝐛𝐞𝐥𝐢𝐞𝐯𝐞𝐝 𝐥𝐨𝐯𝐞 𝐰𝐨𝐮𝐥𝐝 𝐛𝐞 (𝐁𝐮𝐫𝐧𝐢𝐧𝐠 𝐫𝐞𝐝), 𝐁𝐮𝐭 𝐢𝐭'𝐬 𝐠𝐨𝐥𝐝𝐞𝐧, 𝐋𝐢𝐤𝐞 𝐝𝐚𝐲𝐥𝐢𝐠𝐡𝐭, 𝐥𝐢𝐤𝐞 �...