ချစ်ရပါသော Heather... မင်းအတွက်ဆို အသက်ကိုတောင်းဆိုလာရင်တောင် ငါပေးရဲပါတယ်....🍂
.....
"နတ်သူငယ် Xanthor သေချာစဥ်းစားပါဦး
ဒီအပြစ်လုပ်ထားတဲ့သူတစ်ယောက်အတွက် မင်းရဲ့မျိုးနွယ်နဲ့ နေရပ်ကိုစွန့်လွှတ်ခဲ့ပြီးပြီ အခုထပ်ပြီး မင်းရဲ့အသက်ကိုစွန့်လွှတ်ဖို့အထိ ထိုက်တန်လို့လား..?"
"ဒီထပ်ပိုတဲ့အရာတွေနဲ့ပိုပြီး ထိုက်တန်ပါတယ် Heather ကကျွန်တော့်အတွက်တော့ ဒီလိုသူမျိုးပါပဲ"
"မင်းက Venus နတ်ဘုရားမရဲ့လွှမ်းမိုးမှုကိုအပြည့်အဝခံနေရတာပဲ နတ်သူငယ် Xanthor မင်းရဲ့ဆုံးဖြတ်ချက်အတွက်နောင်တမရဖို့မျှော်လင့်ပါတယ်"
"စိတ်ချပါ အရှင် Oberno ကျွန်တော်မျိုးနောင်တရတဲ့အဖြစ်မျိုးရှိမလာစေရပါဘူး.."
"သူအသက် ၂၀ ပြည့်တဲ့နေ့မှာ ချမှတ်ထားတဲ့အပြစ်ဒဏ်ကိုပြန်ရုတ်သိမ်းပေးမယ် အဲ့ဒီအစား မင်းရဲ့အသက်ကိုပြန်အလျော်ပေးရမယ် နတ်သူငယ် Xanthor..."
"ကျေးဇူးကြီးမြတ်လှပါတယ် အရှင်..."
ကိုယ့်အသက်ကိုတောင်းဆိုနေတဲ့သူတစ်ယောက်ကို ကျေးဇူးတင်နေတာတဲ့ ...
ယောင်းဆိုတဲ့ Heather တစ်ယောက်တည်းအတွက် အရာရာကိုစွန့်လွှတ်နိုင်တဲ့ နတ်သူငယ်လေးက နတ်သူငယ် Xanthor အဖြစ်နဲ့လည်း ရဲရင့်ပြီးပြတ်သားတဲ့ တောင်းဆုဖြည့်ဆည်းသူလေးဖြစ်ခဲ့တာပေါ့...
"Heather..? မင်း... နတ်သူငယ်ပြန်ဖြစ်နေပြီပဲ!!"
လမင်းဝတ်ရုံကိုဝတ်ဆင်ထားတဲ့ Heather ကိုတွေ့တော့ တုံ့ဆိုင်းခြင်းမရှိပဲပြေးဖက်လိုက်သည်
"လွမ်းလိုက်ရတာ Heather ရယ် ငါ့မှာမင်းကို အခုလိုပြန်ထွေးပွေ့ထားနိုင်ခွင့်ရမယ့်အချိန်ကိုစောင့်ခဲ့လိုက်ရတာ..."
ဒါပေမယ့်... ကံမကောင်းစွာနဲ့ ယောင်းလက်ကလေးထဲမှာပဲ Heather က ပန်းပွင့်ဖတ်လေးတွေအဖြစ်ကိုပြောင်းလဲသွားခဲ့တယ်...
"Heather..? မဟုတ်ဘူး မလုပ်ပါနဲ့! အခုမှတွေ့ခွင့်ရတာ ခေါ်မသွားကြပါနဲ့ Heather Heather!!"
" ယောင်းအဆင်ပြေရဲ့လား...?"
"Heather!!"
"ကျွန်တော် ကုကီပါ ယောင်း Heather မဟုတ်ဘူး"
' အိပ်မက်မက်နေခဲ့တာလား...? '
အိပ်မက်ထဲမှာ ပန်းပွင့်ဖက်လေးကိုဖမ်းဆုပ်လိုက်မိတဲ့ လက်ကိုဖြန့်ကြည့်ရင်း တွေးလိုက်မိသည်
'Heather က အိပ်မက်ထဲမှာတောင် မြတ်နိုးချင်စရာအတိပဲ... လွမ်းလိုက်တာ Heather ရယ် ...'
ဖြန့်ကျက်ထားသောလက်အား ကျစ်ကျစ်ပါအောင်ဆုပ်ကာ Heather အားလွမ်းတဲ့စိတ်ကိုမြိုသိပ်ရန်ကြိုးစားနေရသည် ကုကီကို ရှေ့ထားပြီး Heather ကိုလွမ်းပြမနေချင်ဘူးလေ...
ဘာမှမပြောပဲ ကုကီရဲ့ရင်ခွင်ကျယ်ကြီးထဲကိုပြေးဝင်လိုက်တော့သည်
'မင်းကိုအရင်လိုပြန်ထွေးပွေ့နိုင်ဖို့ဘယ်လောက်တောင်ထပ်စောင့်ရဦးမှာလဲ...?'
"ယောင်းအဆင်ပြေရဲ့လား..?"
"အွန်း ယောင်းအဆင်ပြေပါတယ် ကုကီ.. ကုကီကောထမင်းစားပြီးပြီလား"
"ဟုတ် ကျွန်တော်စားပြီးပါပြီ ယောင်း"
"ယောင်း..."
"ပြောလေ ကုကီ"
"ယောင်းကြည့်ရတာ အရင်ကနဲ့မတူတော့သလိုပဲ ယောင်းရဲ့ဆံပင်နဲ့ အတောင်ပံအရောင်တွေ မှိန်ကျသွားသလားလို့ ယောင်းနေမကောင်းဘူးလား?"
"ယောင်းအိပ်ရေးပျက်လို့နေမယ် ကုကီ စိတ်မပူပါနဲ့ ယောင်းမကြာခင်နေပြန်ကောင်းလာမှာပါ..."
ကုကီ အသက် ၂၀ ပြည့်ခါနီးလာလေလေ ယောင်းရဲ့အစွမ်းတွေလျော့လာသလို အရောင်အဝါတွေလည်းမှိန်သွားလေလေဖြစ်ပြီး မကြာခဏဆိုသလို Heather ကိုလည်းအိပ်မက်မက်နေခဲ့သတဲ့...
"နောက် ၃ လနေရင် ကုကီရဲ့မွေးနေ့ကိုရောက်ပြီမလား ကုကီအဲ့နေ့မှာ အလိုချင်ဆုံးဆုကိုတောင်း ယောင်းမရရအောင်ဖြည့်ဆည်းပေးမယ်..."
"တကယ်လား ယောင်း? ကတိနော်!"
"အွန်းကတိ"
ကုကီရဲ့လက်ချောင်းအား ယောင်းရဲ့လက်ချောင်းသေးသေးလေးနဲ့ထိတွေ့ကာ ကတိပေးလိုက်သည်
...
"Heather... တစ်နေ့ထက်တစ်နေ့ အိပ်မက်ထဲက မင်းရဲ့ပုံရိပ်တွေကပိုထင်ရှားလာတယ် မကြာခင်မင်းနတ်သူငယ်အဖြစ်ကိုပြန်သွားနိုင်တော့မယ်နဲ့တူတယ် Heather..."
"ငါမထွက်သွားခင်လေးတော့မင်းကိုနောက်ဆုံးတစ်ခေါက်လောက်တွေ့သွားချင်မိသား... နောက်ဆုံးတစ်ခေါက်လောက်ပွေ့ဖက်ထားချင်မိသား... မင်းရွတ်ပြမယ့် ကဗျာတွေကိုနားထောင်ချင်မိသား..."
"ငါနောက်ဆုံးအကြိမ်အဖြစ် တွေ့ခွင့်ရမယ့်သူက ဒီလိုပုံရိပ်ယောင်မဟုတ်ရင်ကောင်းမယ်"
....
"ယောင်း..."
ယောင်းထွက်သွားပြန်ပြီ ယောင်းအခုတလော ပန်းပင်တွေကြားထဲကိုသွားထိုင်နေလေ့ရှိတယ်....
တစ်ခါတစ်လေသစ်ပင်ကြီးတွေပေါ်မှာ ယောင်းထိုင်နေတတ်တယ်...
တစ်ခါတစ်လေ Heather ပန်းပင်တွေကြားမှာ အိပ်ပျော်နေတတ်တယ်....
အခုနောက်ပိုင်း Heather ပန်းပွင့်လေးသူ့အနားရှိမှ ယောင်းအိပ်လို့ပျော်တယ်....
ယောင်း အရင်လိုမဟုတ်တော့ဘူး....
ယောင်း ကျွန်တော့်ကိုမကြည့်တော့ဘူး....
ယောင်း ကျွန်တော့်ကိုစိတ်မပူတတ်တော့ဘူး....
ယောင်း ကျွန်တော့်အနားမှာရှိနေတယ်လို့မခံစားရတော့ဘူး....
ယောင်းရဲ့အရှိန်အဝါတွေ သိသိသာသာမှေးမှိန်လာတယ်....
ဘာဖြစ်လို့ ယောင်း ကျွန်တော့်အနားကထွက်သွားတော့မယ်လို့ခံစားနေရတာပါလိမ့်....
ဒီနေ့လည်း Heather ပန်းပင်တွေကြားမှာ ယောင်းအိပ်ပျော်နေပြန်ပြီ.... သူအိပ်မက်ကောင်းလေးများမက်နေတာလား....? ယောင်းကြည့်ရတာ ပျော်နေတဲ့ပုံပဲ အခုချိန်ယောင်းကို ကောက်ချီလိုက်ရင် သူနိုးသွားမှာ
ယောင်းကိုအမြဲပျော်နေစေချင်တယ်
ဒါပေမယ့် ယောင်းရဲ့မျက်လုံးတွေက ဝမ်းနည်းနေပုံပဲ
ယောင်း အဲ့ဒီမျက်လုံးတွေကိုအမြဲပိုင်ဆိုင်ထားခဲ့တာ သူဘယ်လောက်ပဲ ပြုံးပျော်ပြီး ရယ်မောနေခဲ့ပါစေ သူ့မျက်လုံးတွေကတော့အမြဲဝမ်းနည်းနေခဲ့တာ....
ကျွန်တော် ယောင်းပျော်နေတာကို တစ်ခါမှမမြင်ဖူးဘူး ဒါပေမယ့် Heather ကတော့မြင်ဖူးမှာပေါ့လေ....
ကံကောင်းလိုက်တဲ့ Heather.... ကျွန်တော်ဘယ်တော့မှ သူ့လိုဖြစ်လာမှာမဟုတ်ဘူး ....
တကယ်လို့ ကျွန်တော်သာ Heather ဖြစ်လာခဲ့မယ်ဆိုရင်တောင် ယောင်းပျော်ရွှင်နိုင်မှာမဟုတ်ဘူး.....
ကျွန်တော် Heather မဖြစ်ချင်တော့ဘူးယောင်း...
ဒီအတိုင်း ကုကီဆိုတဲ့ ယောင်းအနားမှာအမြဲရှိနေမယ့် လူသားတစ်ယောက်အဖြစ်နဲ့ပဲနေတော့မယ်....
"လှပတဲ့အိပ်မက်လေးဖြစ်ပါစေ ယောင်း..."
ဆန်းကြယ်မှုတွေနဲ့ပြည့်နေတဲ့ ယောင်းတို့ကမ္ဘာကိုကျွန်တော်မရောက်ဖူးဘူး
ယောင်းဘယ်လိုပျော်ရွှင်မှုမျိုးတွေကိုပိုင်ဆိုင်ခဲ့ဖူးလဲဆိုတာလည်း မသိတာမလို့ ယောင်းအခုအခြေအနေမှာ ဘယ်လောက်စိတ်ဒုက္ခရောက်နေလဲဆိုတာလည်း ကျွန်တော်မသိပါဘူး
ဒါပေမယ့်ယောင်းရယ် ထပ်ပြီးတော့မနာကျင်ပါနဲ့တော့ ထပ်ပြီးတော့ဝမ်းမနည်းပါနဲ့တော့
အိပ်ေမာကျေနေသာနတ်သူငယ်လေးယောင်းအား မလှမ်းမကမ်းမှထိုင်ကာ စောင့်ကြည့်ပေးနေတဲ့ ကုကီေလး သည်လည်း ရင်ဘတ်ထဲမှာ နာကျင်မှုအပြည့်နှင့်...
....
ကျွန်တော့်မွေးနေ့မရောက်ခင် ၅ ရက်အလိုမှာ ယောင်းဆက်တိုက်အိပ်နေခဲ့တယ် Heather ပန်းပွင့်လေးတွေ ညှိုးခြောက်သွားမှ ငြီးသံသဲ့သဲ့လေးထွက်ပြီး ယောင်းနိုးလာတယ်
ကျွန်တော်ပန်းတွေကိုပြန်လဲပေးရင် ယောင်းပြန်အိပ်ပျော်သွားပြန်ရော ယောင်းရဲ့စကားသံကိုတောင်ကျွန်တော်ကြားရဖို့ခက်လာပြီ
"ယောင်း... ထတော့လေ ခဏနေရင် ည ၁၂ နာရီထိုးတော့မယ်..."
မိဘမဲ့ဂေဟာမှာမွေးပြီး မိဘမဲ့ဂေဟာမှာပဲကြီးပြင်းလာတဲ့ကုကီအတွက် မွေးနေ့ဆုတောင်းပေးမယ့်သူက ယောင်းအပြင်မရှိခဲ့ပါ...
အခြားကလေးတွေ မွေးစားခံကြရပေမယ့် အချိန်ပြည့်အခန်းထဲပဲအောင်းနေခဲ့တဲ့ ကုကီကိုတော့ မွေးစားမည့်သူမရှိခဲ့...
ကုကီကလည်း ထွက်မသွားချင်ခဲ့ပါ.. ဒီအခန်းကျဉ်းလေးထဲမှာ သူ့ရဲ့ယောင်းရှိနေရုံနှင့်လုံလောက်နေခဲ့သည်
"....အ..င်း.."
ငြီးသံသဲ့သဲ့လေးပဲထွက်လာပြီး အိပ်ချင်မူးတူးဖြစ်နေတဲ့ယောင်း ထထိုင်လာတယ်
တော်သေးတာပေါ့...
"စက်တင်ဘာလကိုတောင်ရောက်တော့မှာပဲ... "
"ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ ကုကီ... မင်းရဲ့ဆုတောင်းကို ယောင်းဖြည့်ဆည်းပေးမယ်..."
ဒီရက်ပိုင်းအတွင်းမှာ ခုမှပြန်ပြီးစကားဒီလောက်ကြာကြာပြောတာပဲ
"ကျွန်တော်..."
"Heather ဖြစ်ချင်တာမလား ကုကီ... ယောင်းဖြည့်ဆည်းပေးမှာပေါ့..."
ယောင်းပြုံးနေတယ် ဒီရက်ပိုင်းအတွင်းမှာ ပထမဆုံးပြုံးတဲ့အပြုံးပဲ...
ငယ်ငယ်လေးကတည်းက မြင်နေခဲ့ရတဲ့ အပြုံးတွေထက်ပိုလှတယ် ယောင်းရဲ့မျက်လုံးတွေကပါပြုံးနေခဲ့တာ...
သူ Heather ကိုပြန်တွေ့ရတော့မယ်လို့တွေးမိလို့နေမယ် ငါသာ Heather ဖြစ်လာခဲ့ရင် ယောင်းတစ်ခဏတော့အဲ့ဒီအပြုံးလေးနဲ့ပြုံးနေနိုင်မှာပေါ့....
ယောင်းရယ် Heather ကိုသိပ်ချစ်တာပဲလား...?
"မဟုတ်ဘူး ယောင်း ကျွန်တော် Heather မဖြစ်ချင်တော့ပါဘူး..."
"ကျွန်တော် ယောင်းနဲ့ Heather အရင်လိုပြန်ပေါင်းဖက်နိုင်ပြီး ဒီတစ်ခါတော့ဘယ်သူမှခွဲလို့မရတဲ့ချစ်ခြင်းမျိုးနဲ့ ပြန်ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်းပါတယ်"
ယောင်းရဲ့ မျက်ဝန်းအိမ်တို့က အံ့အားသင့်မှုနဲ့ပြူးကျယ်သွားသည်
ဒီကလေးငယ်ငယ်ကတည်းက သူအရိပ်တစ်ကြည့်ကြည့်နဲ့နေလာခဲ့တာ သူဘာဖြစ်ချင်လဲဆိုတာကို ယောင်းသေချာပေါက်သိခဲ့တာမို့ ကုကီရဲ့ဆုတောင်းစကားကို ယောင်းမယုံနိုင်ဖြစ်ရသည်
"ကုကီ... ဒါပေမယ့်...."
" ယောင်းတောင်းပန်ပါတယ် ကုကီလေး... ယောင်းမှာ မင်းရဲ့ဆုတောင်းကို ဖြည့်ဆည်းပေးနိုင်စွမ်းမရှိတော့ဘူး..."
"မဖြစ်နိုင်တာ.. ယောင်းပဲပြောခဲ့တယ်လေ ကျွန်တော်လိုချင်တဲ့ တောင်းဆုကို ဖြည့်ဆည်းပေးပါ့မယ်လို့... ယောင်းကတိပေးခဲ့တယ်လေဗျာ..."
"အဲ့ဒီတုန်းက ယောင်း ဖြည့်ဆည်းေပးနိုင်မယ်လို့အထင်မှားခဲ့တယ်နဲ့တူပါရဲ့.... "
"ယောင်းတောင်းပန်ပါတယ်..."
တဖြည်းဖြည်း အားအင်စုတ်ယုတ်လာသော နတ်သူငယ်လေးယောင်း... ရှိသမျှအားကုန်သုံးပြီး ကုကီနဲ့နှုတ်ခမ်းပါးလေးကို သူ့ရဲ့သေးငယ်တဲ့နှုတ်ခမ်းတစ်စုံတို့နဲ့ထိတွေ့လိုက်သတဲ့..."
"အဲ့ဒီအစား ဒီအနမ်းတစ်ပွင့်ကိုပဲ အလျော်အနေနဲ့ယူထားလိုက်နော် Heather..."
အားနွဲ့နေသော ခန္ဓာကိုယ်ေလးသည် မျက်ရည်စက်တို့ကျဆင်းရင်း Heather ပန်းပွင့်လေးများကြားတွင် အသက်မဲ့လျက်လှဲလျောင်းသွားခဲ့သည်...
"ယောင်း... ယောင်း... ဘာဖြစ်တာလဲ ယောင်း ထပါဦးဗျ ယောင်း...."
အသက်မဲ့သွားသော နတ်သူငယ်လေး၏ခန္ဓာကိုယ်လေးအား ဖွဖွလေးကိုင်ယူကာ ပြန်မဖမ်းဆုပ်နိုင်သော လက်ကလေးများကိုလည်း ထိကြည့်နေမိသည်
ကုကီလေးရဲ့ မျက်လုံးအိမ်မှာလည်း မျက်ရည်တွေကနေရာယူလို့ပေါ့...
"ယောင်း..! ဒီလိုမဖြစ်ရဘူးလေဗျာ!! ကျွန်တော် Heather ဖြစ်ချင်ပါတယ်လို့ ဆုမတောင်းဘူးလေဗျာ!!"
"ယောင်း ထပါဦး ပြန်မအိပ်ပါနဲ့တော့... ထလာပြီး ကျွန်တော်တောင်းတဲ့ဆုကို ဖြည့်ဆည်းပေးဦးလေဗျာ"
"မတရားဘူး!! လောကကြီးက မတရားဘူး ယောင်းလည်းမတရားဘူး... ယောင်းရဲ့ဘေးနားမှာ ရှိနေခဲ့တာ Heather မဟုတ်ပဲ ကျွန်တော်ဖြစ်နေပါရဲ့နဲ့ ယောင်းနောက်ဆုံးအချိန်ထိ တမ်းတနေခဲ့တာက Heather တဲ့လား..."
ယောင်းရဲ့အသက်မဲ့နေသော ခန္ဓာကိုယ်လေး လှဲလျောင်းနေသည့် ခုံဘေးတွင် ခေါင်းငုံကာ မျက်ရည်စက်တို့ကို မထိန်းချုပ်ပဲ အော်ဟစ်ငိုကြွေးနေခဲ့သော ကောင်လေး၏ နှလုံးသားတို့သည် တစ်စစီကြေကွဲလျက်...
"ဟုတ်လို့လား လူသားငယ်..."
ချိုသာညိမ့်ညောင်းသော အသံကြောင့် ခေါင်းမော့ကြည့်လိုက်တော့ ယောင်းထက် ခန္ဓာကိုယ်အနည်းငယ်ကြီးပုံပေါ်သော ရွှေရောင် ဝတ်ရုံရှည်ကိုဝတ်ဆင်ထားပြီး အရောင်အဝါတွေတောက်ပနေသည့် နတ်မိမယ်တစ်ဦးက ယောင်း၏ ခန္ဓာကိုယ်ဘေးတွင်ပျံဝဲနေသည်
"ဘယ်.. ဘယ်သူလဲ..."
စီးဆင်းနေသောမျက်ရည်များလည်း ထိုနတ်မိမယ်၏ အံ့အားသင့်ဖွယ်အရှိန်အဝါကြောင့် ရပ်တန့်သွားသည်
"Xanthor က မြတ်နိုးချင်စရာကောင်းတယ်မလား လူသားငယ်..."
"ယောင်းကို ပြန်ခေါ်သွားမလို့လား..!! ကျွန်တော်ထည့်မပေးနိုင်ဘူး "
"ဟင်း... မင်းသူ့ကိုသိပ်ချစ်တယ်မလား လူသားငယ်...? ဒါပေမယ့် သူကမင်းအတွက် သူ့အသက်ကိုပေးသွားခဲ့တာ..."
မျက်လွှာချကာ ယောင်းကိုပြန်ငဲ့ကြည့်လိုက်တော့ အပူအပင်မရှိ လှဲလျောင်းနေသော အသက်မဲ့သည့်ခန္ဓာငယ်လေး...
"ယောင်းက Heather အတွက်ပေးခဲ့တာနေပါ့မယ် ကျွန်တော့်အတွက်ေတာ့မဖြစ်နိုင်ဘူး..."
"ဝမ်းနည်းစရာပဲ.... ငါ့ရဲ့ သစ္စာကြီးပြီး ကြင်နာတတ်တဲ့ နတ်သူငယ်လေးက သူသိပ်တန်ဖိုးထားရတဲ့ သူ့ရဲ့နေရပ်ကို စွန့်လွှတ်ပြီး မင်းရဲ့ဘေးမှာရှိနေပေးခဲ့တာကို မင်းအခုချိန်ထိမမြင်နိုင်သေးတဲ့ပုံပဲ လူသားငယ်..."
"ယောင်းက ကျွန်တော့်ကို Heather လို့ထင်နေခဲ့တာ အဲ့ဒါကြောင့် ကျွန်တော့်ဘေးမှာရှိနေပေးခဲ့တာ..."
"အဲ့ဒါဆို မင်းဘေးမှာ သူရှိမနေခဲ့သင့်ဘူးပဲ... သနားစရာ Xanthor ... ရှိမနေသင့်ခဲ့တဲ့လူသားတစ်ေယာက်ရဲ့ဘေးမှာ သူ့ရဲ့အချိန်တွေကို အချည်းနှီးကုန်ဆုံးခဲ့ပြီး Heather မဟုတ်တဲ့ လူသားတစ်ယောက်အတွက် သူ့ရဲ့အသက်ကိုပေးသွားခဲ့တယ်... "
မျက်ရည်များ ပြန်လည်ကျဆင်းလာကာ နှုတ်ခမ်းပါးတို့ကိုပင်အံကြိတ်ကိုက်ထားရသည်
အမှန်တရားက တကယ့်ကိုနာကျင်ဖွယ်ကောင်းလှပါသည်
"မင်းသိလား Heather ကလည်း လူသားတစ်ယောက်ကြောင့် အပြစ်ပေးခံခဲ့ရတယ်ဆိုတာလေ"
နတ်မိမယ်ရဲ့စကားကြောင့် ကုကီ မော့ကြည့်လိုက်မိသည်
'Heather ကလူသားတစ်ယောက်ကြောင့်အပြစ်ဒဏ်သင့်ခဲ့တာ? '
"Xanthor ရဲ့တာဝန်က ပန်းပွင့်ဖတ်လေးတွေကတစ်ဆင့် လူသားတွေရဲ့ဆုတောင်းကိုဖြည့်ဆည်းပေးတာပဲ ဒါပေမယ့် လူတွေက လောဘကြီးတယ် ဆုတောင်းတစ်ခုတည်းနဲ့မလုံလောက်ခဲ့ဘူး အဲ့ဒီတော့ ဖြည့်ဆည်းပေးတဲ့သူတွေကိုသူတို့အလိုရှိတိုင်းဆုတောင်းလို့ရနိုင်အောင် ဖမ်းချုပ်ဖို့ပြင်ခဲ့ကြတယ်..."
" အဲ့ဒီအကြောင်းတွေက မင်းရဲ့မှတ်ဉာဏ်တစ်နေရာမှာရှိနေပါတယ် လူသားငယ်..."
လက်ဖဝါးတစ်ဖက်ကိုဖြန့်ကာ အဖြူရောင်အလင်းတန်းလေးအား ကုကီရဲ့နှဖူးနှင့်ထိေတွ့ေစလိုက်သည်
ကုကီရဲ့မျက်လုံးအစုံမှ အလင်းတန်းများထွက်လာကာ ပုံရိပ်များ ပြန်ထင်ဟပ်ပြီး မြင်ယောင်လာသည်
" Heather!! ကယ်ပါဦး... တစ်ယောက်ယောက် ဒီနေရာကနေခေါ်ထုတ်သွားပေးကြပါ!! "
လှောင်ချိုင့်ထဲမှာ ပိတ်လှောင်ခံထားရတဲ့ယောင်း....
ကြောက်ရွံ့မှုကြောင့် မျက်ရည်တွေကျဆင်းနေတဲ့ယောင်း...
'ယောင်း! အသက်ရှိနေတာပဲ တော်သေးတာပေါ့... ယောင်းကိုကျွန်တော်...'
"ယောင်း!! ယောင်း ကိုယ်လာခဲ့မယ် ခဏလေးပဲစောင့်ပေးပါ"
'ဒီအသံက ငါ့ဆီကနေထွက်လာတာပဲ.. ဒါပေမယ့် ငါမပြောလိုက်မိဘူးမလား... မဟုတ်မှ.. ဒါက Heather ရဲ့မှတ်ဉာဏ်တွေလား...'
လှောင်ချိုင့်ထဲသို့ လျှိုဝင်ကာ ယောင်းရဲ့အနားသို့သွား၍ ထွေးပွေ့ထားလိုက်သည်
'ယောင်းကို ကျွန်တော်ဖက်ထားလို့ရတာပဲ... ယောင်းကနွေးလိုက်တာ မျက်ရည်တွေကြောင့်ဖြစ်မယ် မငိုပါနဲ့ယောင်းရယ်...'
"မငိုနဲ့တော့နော် ယောင်း.. ကိုယ်ရှိနေပြီပဲ ကိုယ်မင်းကို ဒီကနေခေါ်ထုတ်သွားမယ် ကိုယ့်ကိုပဲယုံပြီးလိုက်ခဲ့ပေး ကိုယ်မင်းဒုက္ခရောက်အောင်ဘယ်တော့မှ မလုပ်ဘူးဆိုတာကို ယုံ..."
"အွန်း... ယောင်းကိုထားမသွားပါနဲ့နော် Heather..."
" ကိုယ်ကတိပေးပါတယ် ယောင်း ကိုယ်မင်းကို ဘယ်တော့မှထားမသွားပါဘူး.."
'ယောင်းလည်း ကျွန်တော့်ကိုအဲ့လိုကတိပေးပြီးထားသွားခဲ့တာ ယောင်းကိုလည်း Heather က အဲ့လိုပြောပြီးထားသွားခဲ့တာပဲ...'
လရောင်ပြပြလေး ထွက်ပေါ်နေသော ပြတင်းပေါက်မှန် ကွဲတစ်နေရာမှ ယောင်းနှင့် Heather တို့တစ်ယောက်လက်တစ်ယောက်တွဲရင်းခိုးထွက်ခဲ့ကြသည်
အပြင်သို့ထွက်လာနိုင်ခဲ့ပေမယ့် ဖမ်းခေါ်ထားသော လူမြင်သွား၍ ယောင်း၏ခြေထောက်ကိုဖမ်းဆွဲလိုက်သည်
"Heather!!"
ယောင်းရဲ့ကြောက်ရွံ့တုန်လှုပ်နေသော မျက်နှာလေးကိုမြင်လိုက်ရသော Heather တစ်ယောက်ဒေါသများထွက်ကာ အသင့်ပါလာသော နတ်စစ်သည်တို့၏ ဓါးနှင့် ဝှေ့ရမ်း၍ ထိုလူအား အသက်မဲ့သွားစေခဲ့သည်
"!!"
'Heather ကဓါးတစ်ချက်ရမ်းလိုက်ယုံနဲ့တင် လူတစ်ယောက်ကိုသေစေနိုင်တာပဲ... သူ့နေရာမှာ ကျွန်တော်ဆိုရင်လည်း ဒီလိုဆုံးဖြတ်ချက်ကို ချမိမှာပဲ ယောင်း...'
"Heather သတိထားပါဦး မင်းသူ့ကိုသတ်လိုက်မိပြီ"
"ယောင်းအဆင်ပြေတယ်မလား ယောင်းအဆင်ပြေရင်ရပြီ ကိုယ်ဒီအတွက်အပြစ်ဒဏ်ကို ခံယူလိုက်မယ် ယောင်းကို ဘယ်သူမှ နာကျင်အောင်လုပ်ခွင့်မရှိဘူး..."
'ဒါပေမယ့် ခင်ဗျားကသူ့ကို နာကျင်အောင်လုပ်ခဲ့တာပဲ... နေ့တိုင်းနေ့တိုင်း ခင်ဗျားကြောင့်သူနာကျင်နေခဲ့တာ...'
.....