Part - 29
My Oleander Hubby
စာအိတ္ကိုယူလိုက္ၿပီး ေဖာက္ၾကည့္လိုက္တဲ့အခါ
အထဲမွာ အျပာေရာင္စာရြက္ေခါက္ေလး ။
ဖြင့္ဖတ္ၾကည့္လိုက္တဲ့အခါမွာေတာ့ ပထမဆံုးျမင္လိုက္ရတာက စာလံုးေသးေသးေလးေတြနဲ႔ ညီညာဝိုင္းစက္ေနတဲ့လက္ေရးေလးေတြ ။
📝 အိပ္ယာကႏိုးႏိုးခ်င္း ကြၽန္ေတာ့္ကိုလိုက္႐ွာေန
မယ္ထင္တယ္ ၊႐ွာမေတြ႔တဲ့အခါမွာ စိတ္မတိုပါနဲ႔ ၊
စိတ္လဲမပူနဲ႔လို႔ေျပာခြင့္႐ွိမလားဘဲ ၊ ထားပါေတာ့
အဓိကေျပာခ်င္တာက ကြၽန္ေတာ္တစ္ေနရာရာမွာ
ေကာင္းမြန္စြာ႐ွိေနပါတယ္ ၊ ခြင့္မေတာင္းဘဲထြက္ သြားရတဲ့အေၾကာင္းျပခ်က္က ဘာျဖစ္မလဲလို႔
ေတြးေနတယ္ဆိုရင္ေတာ့ အရင္ဆံုးအိမ္ျပန္လိုက္ပါ ၊ အခန္းထဲက ဗီဒိုထဲမွာ ဘာဆိုတဲ့အေၾကာင္းျပခ်က္အတြက္ သက္ေသပစၥည္းေတြထားေပးခဲ့ပါတယ္။ အဓိကကေတာ့ ကြၽန္ေတာ္ေၾကာင့္ ဘယ္သူကိုမွ မနစ္နာေစခ်င္တာပါ ။
ကြၽန္ေတာ္ေတြးလိုက္မိတာတစ္ခု႐ွိတယ္ ။ ခင္ဗ်ားမာမီေျပာခဲ့တဲ့စကားေတြက သိပ္မွန္ေနတာပဲလို႔ေလ ။ ဘာေၾကာင့္ပဲလက္ထပ္ခဲ့ရတယ္ဆိုေစဦးေတာ့ လူႀကိ္ီးအတြက္နစ္နာဆံုး႐ႈံးမႈေတြက႐ွိမွာပဲ ၊ အနည္းဆံုးေတာ့ မိသားစုသိုက္သိုက္ဝန္းဝန္းနဲ႔ ေနသင့္တာေပါ့ ၊ ကြၽန္ေတာ္နဲ႔လက္ထပ္ခဲ့ဖူးတယ္ဆိုတာကို ဘယ္သူ႔မွမသိေစတဲ့လိႈ့ဝွက္ခ်က္အျဖစ္
ေသတဲ့အထိပါးစပ္ပိတ္ေပးသြားပါ့မယ္ ၊ ဒီေလာက္ဆိုရင္ အဆင္ေျပတယ္မို႔လား ။
ခင္ဗ်ားသိရဲ႕လား ၊ လူတစ္ေယာက္ကိုခ်စ္မိရင္
သိပ္ကိုနာက်င္ရတယ္ဆိုတာကိုေလ ၊ ကြၽန္ေတာ့္
ဘဝမွာတစ္ခါပဲခ်စ္ခဲ့ဖူးတယ္ ၊ ခ်စ္ခဲ့ဖူးတယ္ဆိုတာက အခုခ်ိန္မွာေတာ့ ဒီအခ်စ္ကို ကြၽန္ေတာ္တကယ္
လႊတ္ခ်ႏိုင္ခဲ့ၿပိီမို႔လို႔ပါ ၊ ခ်စ္ခဲ့ရတာနဲ႔မကာမိေအာင္
နာက်င္ရတာေတြကလဲ အမ်ားႀကီးပါပဲ ။ အမွားေတြ
နာက်င္ခဲ့ရတာေတြထဲကေန ျပန္ၿပီးသင္ယူစရာ႐ွိေနတာေတြကို ေသေသခ်ာခ်ာသင္ယူသြားပါ့မယ္ ။
အစထဲကမ႐ိုးသားတဲ႔ခ်ဥ္းကပ္မႈေတြနဲ႔ ဆံုခဲ့ရတဲ့ေရစက္ဆိုးေတြက ဘဝနဲ႔ခ်ီၿပီး ဒုကၡေပးခဲ့တာပဲ ။ ခ်စ္ျခင္းေမတၱာမွာ တဖက္ထဲက ႐ိုးသားေနလို႔လဲမရဘူး
ဆိုတာကိုသေဘာေပါက္သြားတယ္ ။ အဲလိုသေဘာေပါက္ဖို႔အတြက္လဲ ရင္းခဲ့ရတာက ႏွလံုးသား ။
တစ္ခါတစ္ေလ အ႐ူးထၿပီးေတြးမိေသးတယ္ ။
ကြၽန္ေတာ္တို႔ၾကားမွာ စနစ္တက်ဖန္တီးထားတဲ့
ေရစက္အတုအေယာင္ေတြမ႐ွိဘဲ ဒီတိုင္းေလး
႐ိုး႐ိုးသားသားဆံုေတြ႔ခဲ့ၾကရင္ လူႀကီးက ငါ့ကိုခ်စ္ေပးႏိုင္မလားေပါ့ ၊ တစ္ခါေလာက္ေတာ့ လူႀကီးဆီကေန ႐ိုးသားစြာခ်စ္ေပးတာကိုခံခ်င္ခဲ့မိတယ္ ။
ေယာက်္ားခ်င္းအတူတူကို ဘာလို္႔မ်ားတစ္ဆင့္ႏွိမ့္
ၿပီး လူႀကီးစိတ္တိုင္းက်ေနေပးခဲ့လဲဆိုတာကိုေရာသိလား ။ ပိုက္ဆံေတြေၾကာင့္ေပါ့လို႔ လူႀကီးကေတာ့ေျပာမယ္ထင္တယ္ ။ အနည္းငယ္ေတာ့မွန္ပါတယ္ ။ ေက်းဇူးေႂကြးေတြေၾကာင့္လဲပါတာေပါ့ ။ ဒါေပမယ့္ လူႀကီးကိုခ်စ္ခဲ့မိလို႔ လူႀကီးစိတ္တိုင္းက်ေနေပးခဲ့တာပါ ။ ဒီအေျခအေနက ကြၽန္ေတာ့္အတြက္
သက္ေတာင့္သက္သာမျဖစ္ေစသလို ယံုၾကည္မႈလဲေပ်ာက္ဆံုးေစပါတယ္ ။ ဒါနဲ႔မ်ားေတာင္ ကြၽန္ေတာ္လိုလိုလားလားေနေပးခဲ့တာပါ ။ ဒါေတာင္မွ ကြၽန္ေတာ္က လူႀကီးရဲ႕အခ်စ္ဦးလဲမဟုတ္ခဲ့သလို အခ်စ္ဆံုးေနာက္ဆံုးခ်စ္ရသူလဲ မျဖစ္ခဲ့ျပန္ဘူးတဲ့ ။
အခ်စ္ကံေခပံုမ်ားေျပာပါတယ္ ။
ခ်စ္ရသူနဲ႔ပတ္သက္လာရင္ အိမ္မက္ေတြကေစ်းႀကီးလြန္းလို႔ ကိုယ့္ကိုကိုယ္ပဲ ထပ္တလဲလဲ က်ိန္ဆဲမိပါတယ္ ။ ထပ္ေျပာပါရေစ ေက်းဇူးျပဳၿပီး လိုက္ မ႐ွာပါနဲ႔ ။လူႀကီးဘဝကို ေကာင္းစြာ႐ွင္သန္ပါ ။
ကြၽန္ေတာ္လဲ က်ိန္းေသအဆင္ေျပေအာင္ေနေနမွာပါ ။ တစ္ေယာက္ရဲ႕ဘဝထဲကေန က်န္တဲ့တစ္ေယာက္ကို အျပီးအပိုင္ ဖယ္ထုတ္လိုက္ၿပိ္ီး ဘယ္တုန္းကမွမသိခဲ့ မဆံုခဲ့တဲ့သူေတြလိုေနက်ရေအာင္ ။
တကူးတကလိုက္႐ွာေနသမ်ွ ကြၽန္ေတာ္ကလဲ
အႀကိမ္မ်ားစြာ ထြက္ေျပးေနဦးမွာပါပဲ ။ မလိုခ်င္ေတာ့တာ ေသခ်ာေနၿပီမို္႔လို႔ လႊတ္ခ်ခဲ့လိုက္တဲ့ အိမ္ေထာင္ေရးမွာ ဒီလိုမ်ိဳးေရစက္ဆိုးေတြနဲ႔ကေတာ့ ဘယ္ သံသရာရဲ႕တစ္ေထာင့္ေထာင့္မွာမွ မေတာ္တဆျပန္မေတြ႔ဆံုခ်င္ေတာ့ပါဘူး ၊ခ်စ္ခြင့္ရခဲ့တာ ေက်းဇူးတင္ပါတယ္ ။ ေပ်ာ္ရႊင္စြာေနေပးမယ္ ဆိုရင္ ပိုၿပီးေက်းဇူးတင္ပါတယ္ ။
ေနာက္ဆံုးအေနနဲ႔ ေျပာခဲ့ခ်င္တာက နည္းနည္းေတာ့႐ွက္စရာေကာင္းမယ္ထင္တယ္ ။ ကြၽန္ေတာ္စိတ္ကူးထဲက ဆႏၵေလးပါ ။ လူႀကီးရဲ႕မ်က္ႏွာကိုၾကည့္ၿပီး စကားတစ္ခြန္းသိပ္ေျပာခ်င္ခဲ့တာ ။ မေျပာရဲခဲ့တာေရာ ႐ွက္တာေရာေၾကာင့္အခုထိ စိတ္ကူးထဲမွာပဲ႐ွိေသးတဲ့ စကားေလးေပါ့ ။
" ကြၽန္ေတာ္ေလ ကိုကို႔ကို သိပ္ၿပီးခ်စ္ခဲ့ဖူးတာပါ "
ႏႈတ္ဆက္ျခင္းျဖင့္ - သကၠရာဇ္
စာကိုဆံုးခန္းတိုင္ေအာင္ အားတင္းၿပိ္ီးဖတ္ေနမိတဲ့အခ်ိန္ လူကအသက္႐ႈရပ္သြားမိေတာ့မတက္ ခံစားေနရသည္ ။ ရာဇ္က ထြက္သြားတာေပါ့ ။
ဘာေၾကာင့္မ်ား ဘာေၾကာင့္ဒီလို ဆံုးျဖတ္ရက္တာလဲ ။ အနည္းဆံုးေတာ့ ျပႆနာဆိုတာ႐ွိေနရင္
အရင္ကလိုပဲ ႏွစ္ေယာက္အတူမ်က္ႏွာခ်င္းဆိုင္ ေျဖ႐ွင္းရမွာမဟုတ္ဘူးလား ။ အခုေတာ့ သကၠရာဇ္ မပီသစြာပဲ ထြက္ေျပးသြားခဲ့တာ ။
" ထြက္သြားလို႔မရဘူးေလ ရာဇ္ရယ္ ၊ ကိုယ္ကမင္းကို ဘယ္ေလာက္ခ်စ္ေၾကာင္းေတာင္ ေသေသခ်ာခ်ာမေျပာျပခဲ့ရေသးဘဲနဲ႔ အခုလိုတစ္ဖက္သက္ထြက္ေျပးသြားလို႔ ဘယ္ျဖစ္မလဲ ၊ မင္းမ႐ွိရင္ ကိုယ္႐ူးမွာ ၊ လံုးဝ႐ူးခါသြားေတာ့မွာ ၊ ဘယ္လိုပဲျဖစ္ျဖစ္
ကိုယ့္ကို ဒီတိုင္းထားခဲ့လို႔မရဘူးလို႔ "
တစ္ေယာက္ထဲ ေသြး႐ူးေသြးတန္းနဲ႔စကားေတြေျပာေနမိရင္း ကားကိုေမာင္းထြက္လာလိုက္မိသည္။
ဘယ္အရပ္ဆီ ေျခဆန္႔သြားမွန္းမသိေလတဲ့ ခ်စ္လွစြာေသာ အမ်ိဳးသားေလးေရ ၊ ကိုကိုက မင္းကို
မိုးကုတ္စက္ဝိုင္းအစြန္းထိေရာက္ေအာင္ လိုက္႐ွာေနမွာပါ ၊ ျပန္ေတြ႔ရင္ မင္းကိုခံစားရေအာင္လုပ္ခဲ့သမ်ွ ဒူးေထာက္ေတာင္းပန္ပါ့မယ္ ၊ အရင္ကထက္ပိုၿပီး ဆထက္တပိုးတိုးလို႔ခ်စ္ေပးပါ့မယ္ ။ ျပန္လာခဲ့ပါ
ကိုယ့္ေကာင္ေလးရယ္ ၊ ကိုယ္ဘဝက မင္းမ႐ွိရင္တကယ္မျဖစ္လို႔ပါ ။
<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>
ဘယ္ေနရာရယ္လို္႔ ေသခ်ာဦးတည္ခ်က္မခ်ႏိုင္ဘဲ
ကားကို ေနရာအႏွံ႔လိုက္ေမာင္းေနမိသည္ ။ လမ္းေပၚမွာ တစ္စံုတစ္ေယာက္ကို ေတြ႔လိုေတြျငားေပါ့။
ေနာက္ဆံုးအခ်ိန္ေတြလင့္လာကာမွ စာထဲကအေၾကာင္းအရာတစ္ကို ျပန္သတ္ိရမိလာသည္ ။
ရာဇ္ အိမ္ကေနထြက္သြားရတဲ့အေၾကာင္းျပခ်က္က
ကိုယ္ေတြအိပ္ခန္းထဲက ဗီဒိုထဲမွာ႐ွိေနတယ္တဲ့ ။
ကားကိုအ႐ွိန္နဲ႔ျပန္ေကြ႔ရင္း အိမ္ကိုအျမန္ျပန္လာလိုက္သည္ ။ အိမ္ထဲဝင္ဝင္ခ်င္း ဧည့္ခန္းမွာျမင္လိုက္ရတာက မာမီနဲ႔ေမႏွင္း ။
" သား ညကတစ္ညလံုး ဘယ္ကိုသြားေနတာလဲ ၊ မာမီစိတ္ပူေနတာ ၊ ဟိုတစ္ေယာက္ေရာ ဘယ္မွာလဲ "
ကိုယ့္ကိုျမင္တာနဲ႔ ေမးခြန္းေတြေမးလာတဲ့ မာမီ့ကို
ဘာမျပန္ၿပီး မေျဖႏိုင္ဘဲ အိမ္ေပၚထပ္ဆီေျပးတက္လာလိုက္သည္ ။ အခန္းထဲကိုေရာက္တဲ့အခ်ိန္
ဗီဒိုကို ဖြင့္ၿပီး သက္ေသဆိုတဲ့အရာကိုေမႊေႏွာက္႐ွာၾကည့္မိေတာ့ အဝတ္ေတြရဲ႕ေအာက္မွာထိုးထည့္ထားတဲ့ ဖိုင္တစ္ခု ။ အျမန္ဖြင့္ၾကည့္လိုက္မိတဲ့အခ်ိန္မွာေတာ့ ဟာ!!! ဆိုတဲ့အသံကလြဲၿပီး က်န္တာ ဘာစကားမွမေျပာႏိုင္ေတာ့ပါဘူး ။ ဒါကို ရာဇ္က
ဘယ္ကေနေတြ႔သြားရတာလဲ ။ ဘယ္လိုျဖစ္လို႔ ရာဇ္ဆီကို ဒီေဆးမွတ္တမ္းေတြေရာက္ေနရတာလဲ ။
ကိုယ့္အမ်ိဳးသားေလး ဒါကိုျမင္ၿပီး ဘယ္ေလာက္ေသြးပ်က္သြား႐ွာမလဲ ။ အေတြးေပါင္းမ်ားစြာ ၊ စိတ္တုန္လႈပ္ျခင္းမ်ားစြာနဲ႔အတူတူ ေဒါသစိတ္က
လဲခ်က္ခ်င္းျဖစ္တည္လာ၏ ။ အိမ္ေအာက္ထပ္ကို အျပန္ေျပးဆင္းလိုက္ၿပီး မာမီနဲ႔ေမႏွင္းထိုင္ေနတဲ့အေ႐ွ႕ကို ေဆးမွတ္တမ္းေတြ လႊင့္ပစ္လိုက္ကာ ---
" ဒီေဆးမွတ္တမ္းေတြကို ရာဇ္ကို ဘယ္သူျပလိုက္တာလဲ ၊ မာမီလား ေမႏွင္းလား "
စားပြဲေပၚျပန္႔က်ဲသြားနဲ႔ေဆးမွတ္တမ္းေတြကိုၾကည့္ရင္း ေမႏွင္းမ်က္ႏွာကပ်က္သြားေလသည္ ။
" ေမႏွင္း!!! မင္းျပလိုက္တာလား "
" မ! မဟုတ္ဘူး အကို ၊ ေမႏွင္းက အကိုသကၠရာဇ္ကို ဘယ္လိုျပရဲမွာလဲ ၊ အဲစာအုပ္ေတြက ေမႏွင္းအခန္းထဲမွာ ထားထားတာပါ "
" မင္းအခန္းထဲမွာထားတယ္ ဟုတ္လား ၊ အခန္းရဲ႕ ဘယ္ေနရာမွာထားလို႔ သကၠရာဇ္က ေတြ႔သြားရတာလဲ ၊ ေသာ့ခတ္သိမ္းမထားဘူးလား "
" မွန္တင္ခံုအံဆြဲထဲမွာထည့္ထားမိတာ ၊ ေသာ့မခတ္မိဘူး "
" ဒုန္း! !! "
ေဒါသေၾကာင့္ စားပြဲခံုကိုလက္သီးနဲ႔ထုခ်လိုက္ရင္း ---
" မင္း အဲေလာက္ေပါ့ဆရလား ေမႏွင္းရဲ႕ ၊ ငါ့အိမ္ေပၚတက္လာေနၿပီး ငါ့အိမ္ေထာင္ေရးကိုပါ ဖ်က္စီးခ်င္ေနတာလား "
" သား! !!! ေမႏွင္းေလးကို ဘယ္လိုေတြေျပာေနရတာလဲ "
မာမီက ဝင္ၿပီးဟန္႔တားလာတာေၾကာင့္---
" ဘာလဲ မာမီ့လင္ပါသမီးကိုေျပာမိလို႔ စိတ္ဆိုးတာလား ၊ အခု သကၠရာဇ္က ဒါေတြကိုျမင္ၿပီး အိမ္ကထြက္သြားၿပီ ၊ အဲဒါကိုမာမီသိလား "
" အို!!! သူက ဘာလို႔ေမႏွင္းအခန္းထဲကို ခိုးဝင္ရတာတုန္း ၊ ခိုးဝင္လို႔ျမင္တာေလ ၊ ေမႏွင္းေလးက
အျပင္မွာထားတာလဲမဟုတ္ဘူး "
" မာမီ ၊ ဒီအိမ္က သကၠရာဇ္အိမ္ေနာ္ ၊ ကြၽန္ေတာ္နဲ႔သူ လက္ထပ္ၿပီးထဲက ကြၽန္ေတာ္လက္ထက္ပြားပိုင္ဆိုင္သမ်ွကို သကၠရာဇ္က တစ္ဝက္တိတိ
ပိုင္တဲ့သူ ၊ သူမသကၤာစရာ႐ွိလို႔ ဝင္႐ွာတာေနမွာေပါ့ ၊ အစထဲက လံုျခံဳေအာင္သိမ္ထားရင္ ေတြ႔စရာအေၾကာင္းမ႐ွိဘူးေလ "
" မင္းခ်မ္းသာမွန္းသိေနလို႔ ခ်ဳစားေနတဲ့ေကာင္ကအတြက္ မာမီ့ကိုခံေျပာေနတာလား သကၠရာဇ္ "
" ကြၽန္ေတာ္ မာမီကိုစိတ္ခ်မ္းသာေအာင္အျမဲထားေပးခဲ့တယ္ ၊ ေမြးေကြၽးဇူး႐ွိတယ္ဆိုတဲ့အသိက
ကြၽန္ေတာ့္ႏွလံုးသားထဲအထိ စိမ့္ဝင္ေနလို႔ မာမီျဖစ္ေစခ်င္တာအကုန္လံုး လိုက္လုပ္ေပးခဲ့တာ ၊
သကၠရာဇ္ကို မာမီေျပာဆိုေနရင္ေတာင္ ကြၽန္ေတာ္
ရင္နာနာနဲ႔ႏႈတ္ဆိတ္ေနေပးခဲ့တဲ့ေကာင္ပါ ၊ မာမီ့က်န္းမာေရးမေကာင္းတာကိုလဲသိေနလို႔ ကြၽန္ေတာ့္ေၾကာင့္ စိတ္ညစ္ရမွာစိုးရိမ္တာ ၊ ဒါေပမယ့္
ကြၽန္ေတာ့္အိမ္ေထာင္ဖက္အေပၚကို အဟုတ္တာေတြေျပာဆိုေနတာကေတာ့ မာမီတရားလြန္အားႀကီးတယ္ "
" စစ္မင္း မင္းက!! မင္းက !!မာမီ့ကို လမ္းေဘးကေကာင္အတြက္ျပန္ခံေအာ္ေနတယ္ေပါ့ဟုတ္လား "
" သကၠရာဇ္က လမ္းေဘးကေကာင္ျဖစ္ေနရင္ေတာင္ စိတ္ဓာတ္ေတာ့ေအာက္တန္းမက်ဘူး မာမီ ၊ သူမ်ားသားသမီးကို အခုလိုေတြခ်ိဳးခ်ိဳးႏွိမ္ႏွိမ္ေျပာရတာ သိပ္ကိုခံတြင္းေတြ႔ေနတာကေလ မာမီအေနနဲ႔
ကိုယ့္ေမြးထားတဲ့သားကို တန္ဖိုးမထားတာနဲ႔အတူတူပဲ ၊ ကိုယ့္သားအေပၚမွာ မခ်စ္ေတာ့
သူမ်ားသားသမီးကိုလဲ တန္ဖိုးမထားတက္ေတာ့ဘူး ၊ မာမီက မာမီ့ခင္ပြန္းကပါလာနဲ႔ လင္ပါသမီးကိုပဲ
ခ်စ္တာေလ ၊ ကြၽန္ေတာ့္က မာမီ့အတြက္လိုသံုးပဲ "
" ေအာင္မေလး ငါ့ကိုခံေျပာေနတာမ်ား လူၾကားလို႔မေကာင္းဘူး "
" ငါကေတာ့ လူစင္စစ္ေပမယ့္ ၾကားလို႔ေကာင္းတယ္ေဟ့! !!! ကဲ ဆိုစမ္းပါဦး ေမာင္စစ္မင္း ၊ ဘာေတြျဖစ္ေနက်တာလဲ "
အိမ္ေ႐ွ႕တံခါးဆီကေန ႐ုတ္တရက္ၾကားလိုက္ရတဲ့အသံေၾကာင့္ အလန္႔တၾကားလွည့္ၾကည့္လိုက္တဲ့အခါ ---
" ဒယ္ဒီ !!! "
" ေအး မင္းအေဖငါပဲ ၊ မင္းအိမ္မွာ မင္းမာမီေရာက္ေနတယ္ဆိုတာကို ငါသိလိုက္ရလို႔ ျမန္မာျပည္ျပန္လာဖို႔လုပ္ေနတာ ၊ အခုမွပဲေရာက္ေတာ့တယ္ ၊
ဘာလဲ မင္းမာမီက ျပႆနာ႐ွာၿပီေနၿပီလား "
" ဦးဥာဏ္လင္း ႐ွင္ဘာစကားေျပာတာလဲ "
" ငါေျပာသမ်ွက အမွန္တရားေတြခ်ည္းပဲ "
ေျပာေျပာဆိုဆိုနဲ႔ ဦးဥာဏ္လင္းက စားပြဲေပၚက
ေဆးစာအုပ္ေတြကို ယူၾကည့္လိုက္သည္ ။ စာရြက္ေတြကိုလိုက္ၾကည့္ရင္း တစ္ေနရာအေရာက္မွာေတာ့ မ်က္ေမွာင္ေတြကိုအသားကုန္က်ံဳ႕လိုက္ရင္း --
" ဒါက ဘာအဓိပၸါယ္လဲ စစ္မင္း "
" ကြၽန္ေတာ္နဲ႔မဆိုင္ဘူးေနာ္ ဒယ္ဒီ ၊ ဒါက ကူည္ီေပးရံုပဲ "
ဦးဥာဏ္လင္းကေတာ့ ကိုယ္ေတြနားမွာတင္ တ႐ႈံ႔႐ႈံ႔ငိုေနၿပီျဖစ္ေသာ ကေလးမေလးကို ၾကည့္လိုက္ကာ ---
" ငါ့ တူမက ေမႏွင္းဆိုတဲ့ကေလးမေလး ထင္တယ္ "
" ဟုတ္ ဟုတ္ကဲ့ပါ႐ွင့္ "
" မေပါ့မပါးႀကီးနဲ႔ ငိုမေနပါနဲ႔ ၊ အခန္းကိုျပန္ၿပီး နားနားေနေနေနလိုက္ေနာ္ ၊ ဘာျပႆနာေတြ ျဖစ္ေနမွန္းမသိေသးေပမယ့္ အန္ကယ္တို႔ စစ္မင္းနဲ႔ေျဖ႐ွင္းလိုက္မယ္ ၊ သမီး သြားနားလိုက္ေတာ့ "
" ဟုတ္ကဲ့ ေက်းဇူးပါ႐ွင့္ "
" ရတယ္ရတယ္ သြားၿပီးသာနားလိုက္ "
ေမႏွင္း ေနရာကေနထြက္သြားေတာ့မွ ခံုမွာဝင္ထိုင္ရင္း ----
" စစ္မင္း သားလဲထိုင္ ၊ ၿပီးရင္ ဘာျဖစ္ေနတာလဲ
ဒယ္ဒီ့ကိုေျပာျပ ၊ မင္းကေတာ့မထိုင္ခ်င္လဲ ရပ္ သာေန"
" ႐ွင္ ဘာစကားေျပာတာလဲ "
" သူမ်ားေတြကို စိတ္ဒုကၡေပးဖို႔ဆိုရင္ မင္းက
သိတ္ေတာ္တယ္ေလ ၊ ငါက ထိုင္လို႔ေျပာရင္လဲ
က်ိန္းေသျပန္ၿပီးရြဲ႔ေစာင္းေျပာမွာသိေနလို႔ မင္းစိတ္သေဘာအတိုင္း ထိုင္ခ်င္လဲထိုင္ ၊ မထိုင္ခ်င္လဲ
ရပ္သာေနလို႔ေျပာတာ "
" ႐ွင္ကမ်ား "
" မင္းစကားနားမေထာင္ခ်င္ဘူး ၊ ဘာျဖစ္တာလဲဆိုတာ ေျပာျပေပးစစ္မင္း ၊ အခုမင္းအမ်ိဳးသား ဘယ္ မွာလဲ ၊ ေမႏွင္းရဲ႕ကိုယ္ဝန္ေဆးခန္းျပခါးတဲ့ေဆးစာရြက္မွာ ဘယ္လိုျဖစ္လို႔ အေဖေနရာက္ုိ မင္းေရာက္ေနတာလဲ ၊ ဘာလဲ မင္းနဲ႔ရတဲ့ကိုယ္ဝန္လား "
" ဟာ ဘာလို႔ကြၽန္ေတာ္နဲ႔ရရမွာလဲ ၊ အဲဒါ မာမီအကူအညီေတာင္းလို႔ ကူညီေပးမိတာ ၊ ဒီေဆးစာအုပ္ေတြကို ကြၽန္ေတာ့္အမ်ိဳးသားကေတြ႔သြားၿပီး ၊
အခုအိမ္ကေနထြက္သြားၿပီ "
" ဘာ !ဘာ !ဘာ! ငါနားမလည္ဘူး ၊ မင္းကိုအကူအညီေတာင္းတယ္ဆိုေတာ့ ကေလးအေဖေနရာမွာ
အ႐ွင္ခံခိုင္းတာလား "
" အဲေလာက္ထိေတာ့မဟုတ္ေပမယ့္ ေမႏွင္းရဲ႕ေဆးရံုကိစၥေတြကို အကူအညီေပးထားတာပါ "
ကိုယ့္စကားအဆံုးမွာ ဒယ္ဒီက မာမီ့ဘက္ကို
စိုက္ၾကည့္လိုက္ရင္း ---
" နန္းမာလာ! !! ငါ့သားကို မင္းလင္ပါသမီးရဲ႕
အေဖေနရာအ႐ွင္ခံခိုင္းတယ္ေပါ့ ဟုတ္လား "
" ေဆးရံုကိုသြားရင္ ေမႏွင္းေလးမ်က္ႏွာငယ္မွာစိုးလို႔ စစ္မင္းကို လိုက္ခဲ့ခိုင္းယံုပဲေလ ၊ ဘယ္မွာအ႐ွင္
ခံခိုင္းေနလို႔လဲ "
" မင္း လူစကားေျပာ နန္းမာလာ ၊ စစ္မင္းက အိမ္ေထာင္သည္ကြ! !! မင္း လုပ္ခ်င္တိုင္း လုပ္လို႔ရမလား "
" အို! !!! ေယာက်္ားေလးခ်င္းယူထားတာ ဘယ္ေလာက္ျမဲႏိုင္မွာလဲ ၊ စစ္မင္းကိုယ္တိုင္ေတာင္
ဧည့္ခံပြဲကို လူမသိသူမသိလုပ္ခဲ့တာေလ ၊ ကိုယ့္သားလဲ ကိုယ္ျပန္ေမးဦး "
မာမီစကားေတြက ကိုယ့္ရဲ႕သည္းခံႏိုင္မႈအတိုင္း
အတာကို ေက်ာ္လြန္သြားခဲ့ပါၿပီ ။
" ဧည့္ခံပြဲကို အက်ဥ္းခ်ံဳးလုပ္ခဲ့တာမွန္တယ္ ၊ ဘာလို႔အဲလိုလုပ္ခဲ့တာလဲဆိုရင္ သူနဲ႔ကြၽန္ေတာ္ၾကားမွာ
ဘယ္သူ႔ကိုမွမေျပာျပခ်င္တဲ့ မေက်လည္မႈေလးေတြ႐ွိေနလို႔ရယ္ ၊ သူကိုယ္တိုင္က လူအမ်ားႀကိ္ီးနဲ႔ပြဲမလုပ္ခ်င္တာရယ္ေၾကာင့္ပဲ ၊ လက္ထပ္ထားတာကို
လူသိမွာေၾကာက္ရေလာက္ေအာင္ ကြၽန္ေတာ့္စိတ္က အဲေလာက္ေအာက္တန္းမက်ဘူး ၊ ေနာက္ၿပီး
သူနဲ႔ကြၽန္ေတာ့္ၾကားထားမွာ ဘယ္လိုမေက်လည္ မႈေတြပဲ႐ွိေန႐ွိေန ၊ ကြၽန္ေတာ့္အမ်ိဳးသားကို
ကြၽန္ေတာ္ခ်စ္တယ္ ၊ ခ်စ္လို႔ကိုရေပါင္ယူထားတာ"
" ခ်စ္ပါတယ္ေျပာယံုနဲ႔ ရမလား စစ္မင္းရဲ႕ ၊ အခု
ဘယ္လိုလုပ္မလဲ ၊ သူ႔ေနရာကေနလဲ မင္းေတြးၾကည့္ဦး "
" ကြၽန္ေတာ္႐ွိသမ်ွစည္းစိမ္ကုန္ရင္ကုန္သြားပေလ့
ေစ ၊ ေတြ႔ေအာင္ျပန္႐ွာမွာ "
" ေအာင္မေလးဟဲ့! !! ေအာက္တန္းစား ေယာက်္ားတစ္ေယာက္ကို အရမ္းတန္ဖိုးထားျပေနတာပဲ ၊ အဲသကၠရာဇ္ဆိုတဲ့ေကာင္က အဆင့္မ႐ွ္္ိတဲ့ေကာင္ဆိုတာလဲ သတိရၾကဦး "
" မာမီ! !!! သကၠရာဇ္နဲ႔ ကြၽန္ေတာ္ လက္ထပ္ဖို႔ဆံုးျဖတ္တဲ့အခ်ိန္ မာမီဖုန္းဆက္လာတုန္းက ကြၽန္ေတာ္ေျပာခဲ့တဲ့စကားေတြကိုမွတ္မိလား ၊ ဒီလမ္းကို
ေလ်ွာက္ဖို႔ေရြးခ်ယ္ၿပီးသားမို႔ ကြၽန္ေတာ္ဘယ္ေတာ့မွေနာက္မဆုတ္ေတာ့ဘူးလို႔ေျပာခဲ့တာေလ ၊ ေနာက္ၿပီး ကြၽန္ေတာ္အတြက္ ဘယ္အရာကအေကာင္းဆံုးလဲဆိုတာ ကြၽန္ေတာ္သာအသိဆံုးလို႔ ေျပာခဲ့ပါတယ္ ၊ ေနာက္တစ္ခါ မာမီ့ပါးစပ္က သကၠရာဇ္ကို
ရစရာမ႐ွ္ိေအာင္ေျပာတာမ်ိဳး ထပ္မၾကားပါရေစနဲ႔ ၊
ေမြးေပးထားတဲ့ေက်းဇူးေလးကို ဆပ္ခ်င္စိတ္ေပ်ာက္ေအာင္လာမလုပ္နဲ႔ "
ကိုယ့္ရဲ႕အသံဟာ တင္းမာက်ယ္ေလာင္ေနတာမို႔
မာမီေရာ ဒယ္ဒီပါ ကိုယ့္ကိုလန္႔သလိုၾကည့္လာသည္။ ကိုယ္ကေတာ့ စိတ္ေရာကိုယ္ပါ ပင္ပန္းလွပါၿပီ။
* ကိုယ့္ဆီျပန္လာေပးပါေတာ့ရာဇ္ရယ္ ၊တကယ္လြမ္းလွပါၿပီကြာ *
Phoenix12
26.5.2022
A.M - 10:00
📌A/N - My Oleander Hubby Fic ေလးက
Kinn နဲ႔ Porsche ကို အင္စပိုင္းယားယူေရးတာေပမယ့္ Cover ေၾကာင့္ Fanfic မွတ္ၿပီး ဖတ္ဖို႔အဆင္မေျပတာမ်ိဳး႐ွိတယ္လို႔ ေျပာလာတာေၾကာင့္
ေနာက္တစ္ပိုင္းကေနစၿပီး Oleander ပန္းေလးရဲ႕
ပံုစံ Cover ေလးေျပာင္းခြင့္ျပဳပါေနာ္ ။ ေနာက္ပိုင္းလာမယ့္အပိုင္းေတြမွာPorsche ရဲ႕ပံုစံေလးကို ပ္ိုၿပီးျမင္ရမွာပါ ။
<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>>
Part - 29
My Oleander Hubby
စာအိတ်ကိုယူလိုက်ပြီး ဖောက်ကြည့်လိုက်တဲ့အခါ
အထဲမှာ အပြာရောင်စာရွက်ခေါက်လေး ။
ဖွင့်ဖတ်ကြည့်လိုက်တဲ့အခါမှာတော့ ပထမဆုံးမြင်လိုက်ရတာက စာလုံးသေးသေးလေးတွေနဲ့ ညီညာဝိုင်းစက်နေတဲ့လက်ရေးလေးတွေ ။
📝 အိပ်ယာကနိုးနိုးချင်း ကျွန်တော့်ကိုလိုက်ရှာနေ
မယ်ထင်တယ် ၊ရှာမတွေ့တဲ့အခါမှာ စိတ်မတိုပါနဲ့ ၊
စိတ်လဲမပူနဲ့လို့ပြောခွင့်ရှိမလားဘဲ ၊ ထားပါတော့
အဓိကပြောချင်တာက ကျွန်တော်တစ်နေရာရာမှာ
ကောင်းမွန်စွာရှိနေပါတယ် ၊ ခွင့်မတောင်းဘဲထွက် သွားရတဲ့အကြောင်းပြချက်က ဘာဖြစ်မလဲလို့
တွေးနေတယ်ဆိုရင်တော့ အရင်ဆုံးအိမ်ပြန်လိုက်ပါ ၊ အခန်းထဲက ဗီဒိုထဲမှာ ဘာဆိုတဲ့အကြောင်းပြချက်အတွက် သက်သေပစ္စည်းတွေထားပေးခဲ့ပါတယ်။ အဓိကကတော့ ကျွန်တော်ကြောင့် ဘယ်သူကိုမှ မနစ်နာစေချင်တာပါ ။
ကျွန်တော်တွေးလိုက်မိတာတစ်ခုရှိတယ် ။ ခင်ဗျားမာမီပြောခဲ့တဲ့စကားတွေက သိပ်မှန်နေတာပဲလို့လေ ။ ဘာကြောင့်ပဲလက်ထပ်ခဲ့ရတယ်ဆိုစေဦးတော့ လူကြီးအတွက်နစ်နာဆုံးရှုံးမှုတွေကရှိမှာပဲ ၊ အနည်းဆုံးတော့ မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ နေသင့်တာပေါ့ ၊ ကျွန်တော်နဲ့လက်ထပ်ခဲ့ဖူးတယ်ဆိုတာကို ဘယ်သူ့မှမသိစေတဲ့လှို့ဝှက်ချက်အဖြစ်
သေတဲ့အထိပါးစပ်ပိတ်ပေးသွားပါ့မယ် ၊ ဒီလောက်ဆိုရင် အဆင်ပြေတယ်မို့လား ။
ခင်ဗျားသိရဲ့လား ၊ လူတစ်ယောက်ကိုချစ်မိရင်
သိပ်ကိုနာကျင်ရတယ်ဆိုတာကိုလေ ၊ ကျွန်တော့်
ဘဝမှာတစ်ခါပဲချစ်ခဲ့ဖူးတယ် ၊ ချစ်ခဲ့ဖူးတယ်ဆိုတာက အခုချိန်မှာတော့ ဒီအချစ်ကို ကျွန်တော်တကယ်
လွှတ်ချနိုင်ခဲ့ပြီမို့လို့ပါ ၊ ချစ်ခဲ့ရတာနဲ့မကာမိအောင်
နာကျင်ရတာတွေကလဲ အများကြီးပါပဲ ။ အမှားတွေ
နာကျင်ခဲ့ရတာတွေထဲကနေ ပြန်ပြီးသင်ယူစရာရှိနေတာတွေကို သေသေချာချာသင်ယူသွားပါ့မယ် ။
အစထဲကမရိုးသားတဲ့ချဉ်းကပ်မှုတွေနဲ့ ဆုံခဲ့ရတဲ့ရေစက်ဆိုးတွေက ဘဝနဲ့ချီပြီး ဒုက္ခပေးခဲ့တာပဲ ။ ချစ်ခြင်းမေတ္တာမှာ တဖက်ထဲက ရိုးသားနေလို့လဲမရဘူး
ဆိုတာကိုသဘောပေါက်သွားတယ် ။ အဲလိုသဘောပေါက်ဖို့အတွက်လဲ ရင်းခဲ့ရတာက နှလုံးသား ။
တစ်ခါတစ်လေ အရူးထပြီးတွေးမိသေးတယ် ။
ကျွန်တော်တို့ကြားမှာ စနစ်တကျဖန်တီးထားတဲ့
ရေစက်အတုအယောင်တွေမရှိဘဲ ဒီတိုင်းလေး
ရိုးရိုးသားသားဆုံတွေ့ခဲ့ကြရင် လူကြီးက ငါ့ကိုချစ်ပေးနိုင်မလားပေါ့ ၊ တစ်ခါလောက်တော့ လူကြီးဆီကနေ ရိုးသားစွာချစ်ပေးတာကိုခံချင်ခဲ့မိတယ် ။
ယောကျ်ားချင်းအတူတူကို ဘာလို့်များတစ်ဆင့်နှိမ့်
ပြီး လူကြီးစိတ်တိုင်းကျနေပေးခဲ့လဲဆိုတာကိုရောသိလား ။ ပိုက်ဆံတွေကြောင့်ပေါ့လို့ လူကြီးကတော့ပြောမယ်ထင်တယ် ။ အနည်းငယ်တော့မှန်ပါတယ် ။ ကျေးဇူးကြွေးတွေကြောင့်လဲပါတာပေါ့ ။ ဒါပေမယ့် လူကြီးကိုချစ်ခဲ့မိလို့ လူကြီးစိတ်တိုင်းကျနေပေးခဲ့တာပါ ။ ဒီအခြေအနေက ကျွန်တော့်အတွက်
သက်တောင့်သက်သာမဖြစ်စေသလို ယုံကြည်မှုလဲပျောက်ဆုံးစေပါတယ် ။ ဒါနဲ့များတောင် ကျွန်တော်လိုလိုလားလားနေပေးခဲ့တာပါ ။ ဒါတောင်မှ ကျွန်တော်က လူကြီးရဲ့အချစ်ဦးလဲမဟုတ်ခဲ့သလို အချစ်ဆုံးနောက်ဆုံးချစ်ရသူလဲ မဖြစ်ခဲ့ပြန်ဘူးတဲ့ ။
အချစ်ကံခေပုံများပြောပါတယ် ။
ချစ်ရသူနဲ့ပတ်သက်လာရင် အိမ်မက်တွေကဈေးကြီးလွန်းလို့ ကိုယ့်ကိုကိုယ်ပဲ ထပ်တလဲလဲ ကျိန်ဆဲမိပါတယ် ။ ထပ်ပြောပါရစေ ကျေးဇူးပြုပြီး လိုက် မရှာပါနဲ့ ။လူကြီးဘဝကို ကောင်းစွာရှင်သန်ပါ ။
ကျွန်တော်လဲ ကျိန်းသေအဆင်ပြေအောင်နေနေမှာပါ ။ တစ်ယောက်ရဲ့ဘဝထဲကနေ ကျန်တဲ့တစ်ယောက်ကို အပြီးအပိုင် ဖယ်ထုတ်လိုက်ပြီး ဘယ်တုန်းကမှမသိခဲ့ မဆုံခဲ့တဲ့သူတွေလိုနေကျရအောင် ။
တကူးတကလိုက်ရှာနေသမျှ ကျွန်တော်ကလဲ
အကြိမ်များစွာ ထွက်ပြေးနေဦးမှာပါပဲ ။ မလိုချင်တော့တာ သေချာနေပြီမို့်လို့ လွှတ်ချခဲ့လိုက်တဲ့ အိမ်ထောင်ရေးမှာ ဒီလိုမျိုးရေစက်ဆိုးတွေနဲ့ကတော့ ဘယ် သံသရာရဲ့တစ်ထောင့်ထောင့်မှာမှ မတော်တဆပြန်မတွေ့ဆုံချင်တော့ပါဘူး ၊ချစ်ခွင့်ရခဲ့တာ ကျေးဇူးတင်ပါတယ် ။ ပျော်ရွှင်စွာနေပေးမယ် ဆိုရင် ပိုပြီးကျေးဇူးတင်ပါတယ် ။
နောက်ဆုံးအနေနဲ့ ပြောခဲ့ချင်တာက နည်းနည်းတော့ရှက်စရာကောင်းမယ်ထင်တယ် ။ ကျွန်တော်စိတ်ကူးထဲက ဆန္ဒလေးပါ ။ လူကြီးရဲ့မျက်နှာကိုကြည့်ပြီး စကားတစ်ခွန်းသိပ်ပြောချင်ခဲ့တာ ။ မပြောရဲခဲ့တာရော ရှက်တာရောကြောင့်အခုထိ စိတ်ကူးထဲမှာပဲရှိသေးတဲ့ စကားလေးပေါ့ ။
" ကျွန်တော်လေ ကိုကို့ကို သိပ်ပြီးချစ်ခဲ့ဖူးတာပါ "
နှုတ်ဆက်ခြင်းဖြင့် - သက္ကရာဇ်
စာကိုဆုံးခန်းတိုင်အောင် အားတင်းပြီးဖတ်နေမိတဲ့အချိန် လူကအသက်ရှုရပ်သွားမိတော့မတက် ခံစားနေရသည် ။ ရာဇ်က ထွက်သွားတာပေါ့ ။
ဘာကြောင့်များ ဘာကြောင့်ဒီလို ဆုံးဖြတ်ရက်တာလဲ ။ အနည်းဆုံးတော့ ပြဿနာဆိုတာရှိနေရင်
အရင်ကလိုပဲ နှစ်ယောက်အတူမျက်နှာချင်းဆိုင် ဖြေရှင်းရမှာမဟုတ်ဘူးလား ။ အခုတော့ သက္ကရာဇ် မပီသစွာပဲ ထွက်ပြေးသွားခဲ့တာ ။
" ထွက်သွားလို့မရဘူးလေ ရာဇ်ရယ် ၊ ကိုယ်ကမင်းကို ဘယ်လောက်ချစ်ကြောင်းတောင် သေသေချာချာမပြောပြခဲ့ရသေးဘဲနဲ့ အခုလိုတစ်ဖက်သက်ထွက်ပြေးသွားလို့ ဘယ်ဖြစ်မလဲ ၊ မင်းမရှိရင် ကိုယ်ရူးမှာ ၊ လုံးဝရူးခါသွားတော့မှာ ၊ ဘယ်လိုပဲဖြစ်ဖြစ်
ကိုယ့်ကို ဒီတိုင်းထားခဲ့လို့မရဘူးလို့ "
တစ်ယောက်ထဲ သွေးရူးသွေးတန်းနဲ့စကားတွေပြောနေမိရင်း ကားကိုမောင်းထွက်လာလိုက်မိသည်။
ဘယ်အရပ်ဆီ ခြေဆန့်သွားမှန်းမသိလေတဲ့ ချစ်လှစွာသော အမျိုးသားလေးရေ ၊ ကိုကိုက မင်းကို
မိုးကုတ်စက်ဝိုင်းအစွန်းထိရောက်အောင် လိုက်ရှာနေမှာပါ ၊ ပြန်တွေ့ရင် မင်းကိုခံစားရအောင်လုပ်ခဲ့သမျှ ဒူးထောက်တောင်းပန်ပါ့မယ် ၊ အရင်ကထက်ပိုပြီး ဆထက်တပိုးတိုးလို့ချစ်ပေးပါ့မယ် ။ ပြန်လာခဲ့ပါ
ကိုယ့်ကောင်လေးရယ် ၊ ကိုယ်ဘဝက မင်းမရှိရင်တကယ်မဖြစ်လို့ပါ ။
<<<<<<<<<<<<<<<<<<<>>>>>>>>>>>>>>>
ဘယ်နေရာရယ်လို့် သေချာဦးတည်ချက်မချနိုင်ဘဲ
ကားကို နေရာအနှံ့လိုက်မောင်းနေမိသည် ။ လမ်းပေါ်မှာ တစ်စုံတစ်ယောက်ကို တွေ့လိုတွေငြားပေါ့။
နောက်ဆုံးအချိန်တွေလင့်လာကာမှ စာထဲကအကြောင်းအရာတစ်ကို ပြန်သတိရမိလာသည် ။
ရာဇ် အိမ်ကနေထွက်သွားရတဲ့အကြောင်းပြချက်က
ကိုယ်တွေအိပ်ခန်းထဲက ဗီဒိုထဲမှာရှိနေတယ်တဲ့ ။
ကားကိုအရှိန်နဲ့ပြန်ကွေ့ရင်း အိမ်ကိုအမြန်ပြန်လာလိုက်သည် ။ အိမ်ထဲဝင်ဝင်ချင်း ဧည့်ခန်းမှာမြင်လိုက်ရတာက မာမီနဲ့မေနှင်း ။
" သား ညကတစ်ညလုံး ဘယ်ကိုသွားနေတာလဲ ၊ မာမီစိတ်ပူနေတာ ၊ ဟိုတစ်ယောက်ရော ဘယ်မှာလဲ "
ကိုယ့်ကိုမြင်တာနဲ့ မေးခွန်းတွေမေးလာတဲ့ မာမီ့ကို
ဘာမပြန်ပြီး မဖြေနိုင်ဘဲ အိမ်ပေါ်ထပ်ဆီပြေးတက်လာလိုက်သည် ။ အခန်းထဲကိုရောက်တဲ့အချိန်
ဗီဒိုကို ဖွင့်ပြီး သက်သေဆိုတဲ့အရာကိုမွှေနှောက်ရှာကြည့်မိတော့ အဝတ်တွေရဲ့အောက်မှာထိုးထည့်ထားတဲ့ ဖိုင်တစ်ခု ။ အမြန်ဖွင့်ကြည့်လိုက်မိတဲ့အချိန်မှာတော့ ဟာ!!! ဆိုတဲ့အသံကလွဲပြီး ကျန်တာ ဘာစကားမှမပြောနိုင်တော့ပါဘူး ။ ဒါကို ရာဇ်က
ဘယ်ကနေတွေ့သွားရတာလဲ ။ ဘယ်လိုဖြစ်လို့ ရာဇ်ဆီကို ဒီဆေးမှတ်တမ်းတွေရောက်နေရတာလဲ ။
ကိုယ့်အမျိုးသားလေး ဒါကိုမြင်ပြီး ဘယ်လောက်သွေးပျက်သွားရှာမလဲ ။ အတွေးပေါင်းများစွာ ၊ စိတ်တုန်လှုပ်ခြင်းများစွာနဲ့အတူတူ ဒေါသစိတ်က
လဲချက်ချင်းဖြစ်တည်လာ၏ ။ အိမ်အောက်ထပ်ကို အပြန်ပြေးဆင်းလိုက်ပြီး မာမီနဲ့မေနှင်းထိုင်နေတဲ့အရှေ့ကို ဆေးမှတ်တမ်းတွေ လွှင့်ပစ်လိုက်ကာ ---
" ဒီဆေးမှတ်တမ်းတွေကို ရာဇ်ကို ဘယ်သူပြလိုက်တာလဲ ၊ မာမီလား မေနှင်းလား "
စားပွဲပေါ်ပြန့်ကျဲသွားနဲ့ဆေးမှတ်တမ်းတွေကိုကြည့်ရင်း မေနှင်းမျက်နှာကပျက်သွားလေသည် ။
" မေနှင်း!!! မင်းပြလိုက်တာလား "
" မ! မဟုတ်ဘူး အကို ၊ မေနှင်းက အကိုသက္ကရာဇ်ကို ဘယ်လိုပြရဲမှာလဲ ၊ အဲစာအုပ်တွေက မေနှင်းအခန်းထဲမှာ ထားထားတာပါ "
" မင်းအခန်းထဲမှာထားတယ် ဟုတ်လား ၊ အခန်းရဲ့ ဘယ်နေရာမှာထားလို့ သက္ကရာဇ်က တွေ့သွားရတာလဲ ၊ သော့ခတ်သိမ်းမထားဘူးလား "
" မှန်တင်ခုံအံဆွဲထဲမှာထည့်ထားမိတာ ၊ သော့မခတ်မိဘူး "
" ဒုန်း! !! "
ဒေါသကြောင့် စားပွဲခုံကိုလက်သီးနဲ့ထုချလိုက်ရင်း ---
" မင်း အဲလောက်ပေါ့ဆရလား မေနှင်းရဲ့ ၊ ငါ့အိမ်ပေါ်တက်လာနေပြီး ငါ့အိမ်ထောင်ရေးကိုပါ ဖျက်စီးချင်နေတာလား "
" သား! !!! မေနှင်းလေးကို ဘယ်လိုတွေပြောနေရတာလဲ "
မာမီက ဝင်ပြီးဟန့်တားလာတာကြောင့်---
" ဘာလဲ မာမီ့လင်ပါသမီးကိုပြောမိလို့ စိတ်ဆိုးတာလား ၊ အခု သက္ကရာဇ်က ဒါတွေကိုမြင်ပြီး အိမ်ကထွက်သွားပြီ ၊ အဲဒါကိုမာမီသိလား "
" အို!!! သူက ဘာလို့မေနှင်းအခန်းထဲကို ခိုးဝင်ရတာတုန်း ၊ ခိုးဝင်လို့မြင်တာလေ ၊ မေနှင်းလေးက
အပြင်မှာထားတာလဲမဟုတ်ဘူး "
" မာမီ ၊ ဒီအိမ်က သက္ကရာဇ်အိမ်နော် ၊ ကျွန်တော်နဲ့သူ လက်ထပ်ပြီးထဲက ကျွန်တော်လက်ထက်ပွားပိုင်ဆိုင်သမျှကို သက္ကရာဇ်က တစ်ဝက်တိတိ
ပိုင်တဲ့သူ ၊ သူမသင်္ကာစရာရှိလို့ ဝင်ရှာတာနေမှာပေါ့ ၊ အစထဲက လုံခြုံအောင်သိမ်ထားရင် တွေ့စရာအကြောင်းမရှိဘူးလေ "
" မင်းချမ်းသာမှန်းသိနေလို့ ချုစားနေတဲ့ကောင်ကအတွက် မာမီ့ကိုခံပြောနေတာလား သက္ကရာဇ် "
" ကျွန်တော် မာမီကိုစိတ်ချမ်းသာအောင်အမြဲထားပေးခဲ့တယ် ၊ မွေးကျွေးဇူးရှိတယ်ဆိုတဲ့အသိက
ကျွန်တော့်နှလုံးသားထဲအထိ စိမ့်ဝင်နေလို့ မာမီဖြစ်စေချင်တာအကုန်လုံး လိုက်လုပ်ပေးခဲ့တာ ၊
သက္ကရာဇ်ကို မာမီပြောဆိုနေရင်တောင် ကျွန်တော်
ရင်နာနာနဲ့နှုတ်ဆိတ်နေပေးခဲ့တဲ့ကောင်ပါ ၊ မာမီ့ကျန်းမာရေးမကောင်းတာကိုလဲသိနေလို့ ကျွန်တော့်ကြောင့် စိတ်ညစ်ရမှာစိုးရိမ်တာ ၊ ဒါပေမယ့်
ကျွန်တော့်အိမ်ထောင်ဖက်အပေါ်ကို အဟုတ်တာတွေပြောဆိုနေတာကတော့ မာမီတရားလွန်အားကြီးတယ် "
" စစ်မင်း မင်းက!! မင်းက !!မာမီ့ကို လမ်းဘေးကကောင်အတွက်ပြန်ခံအော်နေတယ်ပေါ့ဟုတ်လား "
" သက္ကရာဇ်က လမ်းဘေးကကောင်ဖြစ်နေရင်တောင် စိတ်ဓာတ်တော့အောက်တန်းမကျဘူး မာမီ ၊ သူများသားသမီးကို အခုလိုတွေချိုးချိုးနှိမ်နှိမ်ပြောရတာ သိပ်ကိုခံတွင်းတွေ့နေတာကလေ မာမီအနေနဲ့
ကိုယ့်မွေးထားတဲ့သားကို တန်ဖိုးမထားတာနဲ့အတူတူပဲ ၊ ကိုယ့်သားအပေါ်မှာ မချစ်တော့
သူများသားသမီးကိုလဲ တန်ဖိုးမထားတက်တော့ဘူး ၊ မာမီက မာမီ့ခင်ပွန်းကပါလာနဲ့ လင်ပါသမီးကိုပဲ
ချစ်တာလေ ၊ ကျွန်တော့်က မာမီ့အတွက်လိုသုံးပဲ "
" အောင်မလေး ငါ့ကိုခံပြောနေတာများ လူကြားလို့မကောင်းဘူး "
" ငါကတော့ လူစင်စစ်ပေမယ့် ကြားလို့ကောင်းတယ်ဟေ့! !!! ကဲ ဆိုစမ်းပါဦး မောင်စစ်မင်း ၊ ဘာတွေဖြစ်နေကျတာလဲ "
အိမ်ရှေ့တံခါးဆီကနေ ရုတ်တရက်ကြားလိုက်ရတဲ့အသံကြောင့် အလန့်တကြားလှည့်ကြည့်လိုက်တဲ့အခါ ---
" ဒယ်ဒီ !!! "
" အေး မင်းအဖေငါပဲ ၊ မင်းအိမ်မှာ မင်းမာမီရောက်နေတယ်ဆိုတာကို ငါသိလိုက်ရလို့ မြန်မာပြည်ပြန်လာဖို့လုပ်နေတာ ၊ အခုမှပဲရောက်တော့တယ် ၊
ဘာလဲ မင်းမာမီက ပြဿနာရှာပြီနေပြီလား "
" ဦးဉာဏ်လင်း ရှင်ဘာစကားပြောတာလဲ "
" ငါပြောသမျှက အမှန်တရားတွေချည်းပဲ "
ပြောပြောဆိုဆိုနဲ့ ဦးဉာဏ်လင်းက စားပွဲပေါ်က
ဆေးစာအုပ်တွေကို ယူကြည့်လိုက်သည် ။ စာရွက်တွေကိုလိုက်ကြည့်ရင်း တစ်နေရာအရောက်မှာတော့ မျက်မှောင်တွေကိုအသားကုန်ကျုံ့လိုက်ရင်း --
" ဒါက ဘာအဓိပ္ပါယ်လဲ စစ်မင်း "
" ကျွန်တော်နဲ့မဆိုင်ဘူးနော် ဒယ်ဒီ ၊ ဒါက ကူည်ီပေးရုံပဲ "
ဦးဉာဏ်လင်းကတော့ ကိုယ်တွေနားမှာတင် တရှုံ့ရှုံ့ငိုနေပြီဖြစ်သော ကလေးမလေးကို ကြည့်လိုက်ကာ ---
" ငါ့ တူမက မေနှင်းဆိုတဲ့ကလေးမလေး ထင်တယ် "
" ဟုတ် ဟုတ်ကဲ့ပါရှင့် "
" မပေါ့မပါးကြီးနဲ့ ငိုမနေပါနဲ့ ၊ အခန်းကိုပြန်ပြီး နားနားနေနေနေလိုက်နော် ၊ ဘာပြဿနာတွေ ဖြစ်နေမှန်းမသိသေးပေမယ့် အန်ကယ်တို့ စစ်မင်းနဲ့ဖြေရှင်းလိုက်မယ် ၊ သမီး သွားနားလိုက်တော့ "
" ဟုတ်ကဲ့ ကျေးဇူးပါရှင့် "
" ရတယ်ရတယ် သွားပြီးသာနားလိုက် "
မေနှင်း နေရာကနေထွက်သွားတော့မှ ခုံမှာဝင်ထိုင်ရင်း ----
" စစ်မင်း သားလဲထိုင် ၊ ပြီးရင် ဘာဖြစ်နေတာလဲ
ဒယ်ဒီ့ကိုပြောပြ ၊ မင်းကတော့မထိုင်ချင်လဲ ရပ် သာနေ"
" ရှင် ဘာစကားပြောတာလဲ "
" သူများတွေကို စိတ်ဒုက္ခပေးဖို့ဆိုရင် မင်းက
သိတ်တော်တယ်လေ ၊ ငါက ထိုင်လို့ပြောရင်လဲ
ကျိန်းသေပြန်ပြီးရွဲ့စောင်းပြောမှာသိနေလို့ မင်းစိတ်သဘောအတိုင်း ထိုင်ချင်လဲထိုင် ၊ မထိုင်ချင်လဲ
ရပ်သာနေလို့ပြောတာ "
" ရှင်ကများ "
" မင်းစကားနားမထောင်ချင်ဘူး ၊ ဘာဖြစ်တာလဲဆိုတာ ပြောပြပေးစစ်မင်း ၊ အခုမင်းအမျိုးသား ဘယ် မှာလဲ ၊ မေနှင်းရဲ့ကိုယ်ဝန်ဆေးခန်းပြခါးတဲ့ဆေးစာရွက်မှာ ဘယ်လိုဖြစ်လို့ အဖေနေရာကို မင်းရောက်နေတာလဲ ၊ ဘာလဲ မင်းနဲ့ရတဲ့ကိုယ်ဝန်လား "
" ဟာ ဘာလို့ကျွန်တော်နဲ့ရရမှာလဲ ၊ အဲဒါ မာမီအကူအညီတောင်းလို့ ကူညီပေးမိတာ ၊ ဒီဆေးစာအုပ်တွေကို ကျွန်တော့်အမျိုးသားကတွေ့သွားပြီး ၊
အခုအိမ်ကနေထွက်သွားပြီ "
" ဘာ !ဘာ !ဘာ! ငါနားမလည်ဘူး ၊ မင်းကိုအကူအညီတောင်းတယ်ဆိုတော့ ကလေးအဖေနေရာမှာ
အရှင်ခံခိုင်းတာလား "
" အဲလောက်ထိတော့မဟုတ်ပေမယ့် မေနှင်းရဲ့ဆေးရုံကိစ္စတွေကို အကူအညီပေးထားတာပါ "
ကိုယ့်စကားအဆုံးမှာ ဒယ်ဒီက မာမီ့ဘက်ကို
စိုက်ကြည့်လိုက်ရင်း ---
" နန်းမာလာ! !! ငါ့သားကို မင်းလင်ပါသမီးရဲ့
အဖေနေရာအရှင်ခံခိုင်းတယ်ပေါ့ ဟုတ်လား "
" ဆေးရုံကိုသွားရင် မေနှင်းလေးမျက်နှာငယ်မှာစိုးလို့ စစ်မင်းကို လိုက်ခဲ့ခိုင်းယုံပဲလေ ၊ ဘယ်မှာအရှင်
ခံခိုင်းနေလို့လဲ "
" မင်း လူစကားပြော နန်းမာလာ ၊ စစ်မင်းက အိမ်ထောင်သည်ကွ! !! မင်း လုပ်ချင်တိုင်း လုပ်လို့ရမလား "
" အို! !!! ယောကျ်ားလေးချင်းယူထားတာ ဘယ်လောက်မြဲနိုင်မှာလဲ ၊ စစ်မင်းကိုယ်တိုင်တောင်
ဧည့်ခံပွဲကို လူမသိသူမသိလုပ်ခဲ့တာလေ ၊ ကိုယ့်သားလဲ ကိုယ်ပြန်မေးဦး "
မာမီစကားတွေက ကိုယ့်ရဲ့သည်းခံနိုင်မှုအတိုင်း
အတာကို ကျော်လွန်သွားခဲ့ပါပြီ ။
" ဧည့်ခံပွဲကို အကျဉ်းချုံးလုပ်ခဲ့တာမှန်တယ် ၊ ဘာလို့အဲလိုလုပ်ခဲ့တာလဲဆိုရင် သူနဲ့ကျွန်တော်ကြားမှာ
ဘယ်သူ့ကိုမှမပြောပြချင်တဲ့ မကျေလည်မှုလေးတွေရှိနေလို့ရယ် ၊ သူကိုယ်တိုင်က လူအများကြီးနဲ့ပွဲမလုပ်ချင်တာရယ်ကြောင့်ပဲ ၊ လက်ထပ်ထားတာကို
လူသိမှာကြောက်ရလောက်အောင် ကျွန်တော့်စိတ်က အဲလောက်အောက်တန်းမကျဘူး ၊ နောက်ပြီး
သူနဲ့ကျွန်တော့်ကြားထားမှာ ဘယ်လိုမကျေလည် မှုတွေပဲရှိနေရှိနေ ၊ ကျွန်တော့်အမျိုးသားကို
ကျွန်တော်ချစ်တယ် ၊ ချစ်လို့ကိုရပေါင်ယူထားတာ"
" ချစ်ပါတယ်ပြောယုံနဲ့ ရမလား စစ်မင်းရဲ့ ၊ အခု
ဘယ်လိုလုပ်မလဲ ၊ သူ့နေရာကနေလဲ မင်းတွေးကြည့်ဦး "
" ကျွန်တော်ရှိသမျှစည်းစိမ်ကုန်ရင်ကုန်သွားပလေ့
စေ ၊ တွေ့အောင်ပြန်ရှာမှာ "
" အောင်မလေးဟဲ့! !! အောက်တန်းစား ယောကျ်ားတစ်ယောက်ကို အရမ်းတန်ဖိုးထားပြနေတာပဲ ၊ အဲသက္ကရာဇ်ဆိုတဲ့ကောင်က အဆင့်မရှ်ိတဲ့ကောင်ဆိုတာလဲ သတိရကြဦး "
" မာမီ! !!! သက္ကရာဇ်နဲ့ ကျွန်တော် လက်ထပ်ဖို့ဆုံးဖြတ်တဲ့အချိန် မာမီဖုန်းဆက်လာတုန်းက ကျွန်တော်ပြောခဲ့တဲ့စကားတွေကိုမှတ်မိလား ၊ ဒီလမ်းကို
လျှောက်ဖို့ရွေးချယ်ပြီးသားမို့ ကျွန်တော်ဘယ်တော့မှနောက်မဆုတ်တော့ဘူးလို့ပြောခဲ့တာလေ ၊ နောက်ပြီး ကျွန်တော်အတွက် ဘယ်အရာကအကောင်းဆုံးလဲဆိုတာ ကျွန်တော်သာအသိဆုံးလို့ ပြောခဲ့ပါတယ် ၊ နောက်တစ်ခါ မာမီ့ပါးစပ်က သက္ကရာဇ်ကို
ရစရာမရှိအောင်ပြောတာမျိုး ထပ်မကြားပါရစေနဲ့ ၊
မွေးပေးထားတဲ့ကျေးဇူးလေးကို ဆပ်ချင်စိတ်ပျောက်အောင်လာမလုပ်နဲ့ "
ကိုယ့်ရဲ့အသံဟာ တင်းမာကျယ်လောင်နေတာမို့
မာမီရော ဒယ်ဒီပါ ကိုယ့်ကိုလန့်သလိုကြည့်လာသည်။ ကိုယ်ကတော့ စိတ်ရောကိုယ်ပါ ပင်ပန်းလှပါပြီ။
* ကိုယ့်ဆီပြန်လာပေးပါတော့ရာဇ်ရယ် ၊တကယ်လွမ်းလှပါပြီကွာ *
Phoenix12
26.5.2022
A.M - 10:00
📌A/N - My Oleander Hubby Fic လေးက
Kinn နဲ့ Porsche ကို အင်စပိုင်းယားယူရေးတာပေမယ့် Cover ကြောင့် Fanfic မှတ်ပြီး ဖတ်ဖို့အဆင်မပြေတာမျိုးရှိတယ်လို့ ပြောလာတာကြောင့်
နောက်တစ်ပိုင်းကနေစပြီး Oleander ပန်းလေးရဲ့ပုံစံ Cover လေးပြောင်းခွင့်ပြုပါနော် ။ နောက်ပိုင်းလာမယ့်အပိုင်းတွေမှာ
Porsche ရဲ့ပုံစံလေးကို ပိုပြီးမြင်ရမှာပါ ။