🍒Tᴀᴇ Tᴀᴇ🍒
အေးမြလှသောမနက်ခင်းအစောပိုင်းတွင်ဂျောင်ကုနိုးလာခဲ့သည်။
မျက်လုံးတွေမဖွင့်ချင်သော်လည်းသူcompanyသွားရအုန်းမည်မလား..
သူမထခင်လေးဘေးမှာကွေးကွေးလေးအိပ်နေတဲ့ထယ်ယောင်းကိုကြည့်ကာပြုံးမိသည်။
နိုးနိုးချင်းကိုယ်ချစ်တဲ့လူရဲ့မျက်နှာကိုတွေ့ရတာသူ့အတွက်တော့အပြုံးပန်းတွေ၀ေစာစေသည်။
သူလဲအိပ်ပျော်နေသောထယ်ယောင်းရဲ့နှာဖူးလေးကိုနမ်းလိုက်သည်။
*ရွှတ်*
နမ်းပြီးထယ်ယောင်းမနိုးစေရန်ဖြေးဖြေးလေးထလိုက်သည်။
ထယ်ယောင်းကိုစောင်လေးခြုံပေးကာရေချိုးခန်းထဲ၀င်လိုက်သည်။
🍒Tᴀᴇ Tᴀᴇ🍒
ဂျောင်ကုအောက်ပိုင်းကိုသပတ်ဖြင့်ပတ်ကာရေချိုးခန်းထဲကထွက်လာလိုက်သည်။
သူထွက်လာချင်းမြင်လိုက်ရတာကအိပ်ချင်မူးတူးကုတင်ပေါ်မှာထိုင်နေတဲ့ထယ်ယောင်းကိုပင်...
"ထယ်လေး...."
ထယ်ယောင်းတစ်ယောက်ဂျောင်ကုခေါ်သံကြားမျက်လုံးပွင့်တစ်ချက်မပွင့်တစ်ချက်နဲ့လှမ်းကြည့်လိုက်တော့တွေ့လိုက်ရတာက..
တစ်ကိုယ်လုံးဘာမှမ၀တ်ထားပဲသပတ်တစ်ထည်တည်းသာပတ်ထားတဲ့ဂျောင်ကု...
ထိုပုံစံကြောင့်ထယ်ယောင်းမှာအိပ်ချင်နေတဲ့မျက်လုံးတောင်ပြူးသွားရသည်။
Sixpackတွေဟာပေါင်မုန့်တွေလိုအထင်းသား...
လက်မှာထိုးထားသောတတ်တူးများကလည်းဆွဲမက်စရာ....
*ဂလု*
ထယ်ယောင်းသတွေးသာမြိုချမိသည်။
ဂျောင်ကုအခုလိုပုံစံမြင်တော့လည်းသူရင်ခုန်မိပြန်သည်။
ဂျောင်ကုမှာတော့သူခေါ်တာပြန်မထူးပဲသူ့ကိုငေးကြည့်နေတဲ့ထယ်ယောင်းကြောင့်ဘာမှန်းမသိပေ....
"ထယ်လေး....!!!"
"ဟင်...ကိုကို....?"
ဂျောင်ကုအော်လိုက်မှအသိစိတ်ပြန်၀င်သွားတဲ့ထယ်ယောင်းပါလေ...
"ထယ်လေးအစောကြီးနိုးနေပါလား...?အိပ်မပျော်လို့လား..??"
"မ..မဟုတ်ပါဘူးကိုကို....ထယ်သွားစရာရှိလို့..."
"ထယ်လေးကဘယ်သွားမလို့လဲ...??"
"ဆေးရုံကိုလေ...ဂျီမင်တို့ကိုသွားကြည့်မလို့ကိုကို..."
"အော်....အဲ့တာဆိုကိုယ်လိုက်ပို့ပေးမယ်လေ...companyသွားရင်းနဲ့တစ်ခါတည်းထယ်လေးလိုက်ခဲ့ပေါ့...."
"ဟုတ်ကိုကို...ထယ်ရေသွားချိုးလိုက်အုန်းမယ်..."
ထယ်ယောင်းရေချိုးခန်းထဲ၀င်ဖို့လုပ်လိုက်ပေမဲ့ဂျောင်ကုကထယ်ယောင်းလက်ကိုဆွဲကာသူ့အနားကိုခေါ်လိုက်သည်။
ဂျောင်ကုကလက်ကိုဆွဲလိုက်တာကြောင့်ထယ်ယောင်းမှာအရှိန်နဲ့ဂျောင်ကုရင်ခွင်ထဲတန်းနေအောင်ရောက်သွားပါတော့သည်။
ထယ်ယောင်းမှဂျောင်ကုကိုကြည့်ကာ..
"ကိုကိုဘာလုပ်တာလဲ...?ထယ်ရေသွားချိုးမလို့ကို....?"
"ရေကနောက်မှချိုးပါထယ်လေးရယ်...ကိုယ့်ကိုအရင် Morning kissပေး..."
"ထယ်မျက်နှာမသစ်ရသေးဘူးလေ...နောက်မှပေးမယ်နော်...."
"မရဘူး....အခုပဲအခုပဲပေး......"
ဂျောင်ကုကတော့နှုခမ်းကြီးဆူကာအတင်းချွဲနေတဲ့ကလေးဆိုးကြီးလို....
ထယ်ယောင်းလည်းဂျောင်ကုပုံစံကိုကြည့်ပြီးရီကာအနမ်းတစ်ပွင့်ပေးလိုက်ပါတော့သည်။
*ပြွတ်*
"ရပြီလားကိုကိုကလေးကြီးရဲ့....ဟွန့်..."
"ရပါပြီဗျာ...ထယ်လေးအနမ်းကြောင့်ကိုယ်တစ်နေ့လုံးလန်းဆန်းနေတော့မှာသိလား..."
"စကားတော်တော်တတ်တဲ့ကိုကို...ထယ်ရေသွားချိုးပြီ...ဟွန့်..."
နှုခမ်းလေးဆူကာရေချိုးခန်းထဲ၀င်သွားပါသောထယ်ယောင်းကိုကြည့်ကာဂျောင်ကုအသဲတွေဇွတ်ယားလျက်...
ဂျောင်ကုလည်းဗီဒိုထဲမှာရှိတဲ့အကျီတစ်စုံကိုယူကာ၀တ်လိုက်သည်။
🍒Tᴀᴇ Tᴀᴇ🍒
"ကိုကိုရေ...ထယ်ပြီးပြီ..."
"အဲ့တာဆိုသွားကြမယ်လေထယ်လေး..."
"ဟုတ်ကိုကို..."
သူတို့လည်းအိမ်ထဲမှထွက်ကာကားထဲသို့၀င်လိုက်ကြသည်။
ကားလေးသည်လည်းမောင်းနှင်လျက်ပင်...
ဂျောင်ကုကတော့ကားမောင်းရင်းသီချင်းလေးတစ်အေးအေးနဲ့ပင်...
ထယ်ယောင်းကတော့အပြင်ပတ်၀န်းကျင်ကိုကြည့်ကာအတွေးလေးများဖြင့်...
ထိုအခါထယ်ယောင်းမှတစ်ခုခုကိုသတိရပြီး...
"ကိုကို... 24 shop ခဏ၀င်ပေးပါနော်...ထယ်၀ယ်စရာရှိလို့..."
"ဟုတ်ပြီထယ်လေး..."
ဂျောင်ကုလည်း24 shopနားမှာကားရပ်လိုက်ပြီးသူတို့တွေဆိုင်ထဲ၀င်လိုက်ကြသည်။
ထယ်ယောင်းကတော့ဆိုင်ထဲကသူကြိုက်တဲ့မုန့်တွေကိုတစ်ခုပြီးတစ်ခုယူကာခြင်းတောင်းထဲထည့်လေရော...
နောက်တော့မှဂျောင်ကုဘက်လှည့်ပြီး...
"ကိုကို...ဟို..ဟို...ထယ်ကြိုက်တဲ့စတော်ဘယ်ရီအအေးလေးယူလာပေးပါလား.....?"
"ကိုယ်သွားယူပေးမယ်...ထယ်လေးဒီကနေပဲစောင့်နေနော်..."
"ဟုတ်ကိုကို..."
ဂျောင်ကုထွက်သွားတာနဲ့တစ်ပြိုင်နက်ထယ်ယောင်းကအမည်မသိပစ္စည်းနှစ်ခုကိုယူကာခြင်းထဲထည့်လိုက်သည်။
ခဏကြာတော့ဂျောင်ကုပြန်ရောက်လာပြီးသူတို့တွေမုန့်တွေအားလုံးကိုblackကဒ်နဲ့ပိုက်ဆံရှင်းလိုက်သည်။
သူတို့လည်းမုန့်ထုပ်တွေကိုကားနောက်ဖုံးထဲထည့်ကာဆေးရုံသို့မောင်းလာခဲ့ကြသည်။
ဆေးရုံသို့ရောက်တော့ထယ်ယောင်းကကားနောက်ဖုံးထဲကမုန့်ထုပ်တွေထုတ်လိုက်သည်။
ဒါကိုကားထဲမှဂျောင်ကုကကြည့်ပြီး...
"ထယ်လေးဒါတွေကိုမပြီးသွားနိုင်ရဲ့လား...?ကိုယ်ဆေးရုံအပေါ်အထိလိုက်ပို့ပေးရမလား..?"
"ရပါတယ်ကိုကိုရဲ့...ကိုကိုသွားတော့လေcompanyနောက်ကျနေအုန်းမယ်..."
"အွန်းထယ်လေး...ကိုယ်companyအပြန်ကျရင်လာခေါ်မယ်နော်...."
"ဟုတ်ကိုကို..."
ဂျောင်ကုလည်းကားလေးမောင်းကာထွက်သွားသည်။
ထယ်ယောင်းကတော့မုန့်ထုပ်တွေဆွဲကာဆေးရုံထဲ၀င်လိုက်သည်။
ဆေးရုံထဲမှဓာတ်လှေကားတံခါးပွင့်တာနဲ့ထယ်ယောင်း2လွှာကိုနှိပ်လိုက်သည်။
2လွှာသို့ရောက်တာနဲ့ထယ်ယောင်းတစ်ယောက်အခန်း12ဆီသွားရန်ပြင်လိုက်သည်။
သူအခန်းဆီသွားနေတုန်း....
*ဘုတ်*
ထယ်ယောင်းဂျူတီကုတ်၀တ်ထားတဲ့ဆရာ၀န်တစ်ယောက်နဲ့တိုက်မိသည်။
ထယ်ယောင်းလက်ထဲမှာကိုင်ထားတဲ့မုန့်တွေကလည်းပြုတ်ကြသွားသည်။
ထယ်ယောင်းတင်ပါးလည်းအီစလံ၀ေသွားသည်။
"တောင်းပန်ပါတယ်..."
ထယ်ယောင်းလည်းထိုဆရာ၀န်ရဲ့မျက်နှာကိုမကြည့်မိပေ...
ထယ်ယောင်းလဲမနဲထကာထိုဆရာ၀န်ကိုကြည့်လိုက်တော့...
"ဟိုဆော့hyung...?"
"ဟေ..?ထယ်ယောင်းပါလား...??"
"ဟိုဆော့hyungကိုး....ဂျူတီကုတ်ကြီးနဲ့ပါလား...?"
"ဒီနေ့ငါဂျူတီကျလို့ကွ..."
"အော်...ဟိုဆော့hyungကဒီမှာတာ၀န်ကျတာလား..."
"အေးဟုတ်တယ်ထယ်ယောင်းရဲ့...ဒါနဲ့ဒါကဘာကြီးလဲ...??"
ဟိုဆော့မှပြုတ်ကျနေတဲ့ပစ္စည်းတစ်ခုကိုကောက်လိုက်ကာ....
"ထယ်..ထယ်ယောင်း...ဒီပစ္စည်းမင်းဘာလုပ်မို့လဲကွ....ဒါမှမဟုတ်မင်း...ကိုယ်...ကိုယ်.."
"ရူးးးးတိုးတိုးပြောပါဟိုဆော့hyungရဲ့...လာလာဂျီမင်အခန်းထဲရောက်မှပြောပြမယ်..."
ထယ်ယောင်းလည်းမုန့်ထုပ်တွေဆွဲယူကာဟိုဆော့နဲ့အတူဂျီမင်တို့အခန်း12ကို၀င်သွားလိုက်သည်။
ကုတင်ပေါ်မှဂျီမင်နဲ့ထိုင်နေတဲ့ယွန်းဂီကလည်းထယ်ယောင်းကိုမြင်ပြီး...
"ထယ်ယောင်းမင်းလာတာပဲ..."
ဂျီမင်ပြောတော့ဟိုဆော့မှ...
"မင်းတို့တွေ...ထယ်ယောင်းမှာဟိုပစ္စည်းရှိနေတယ်ကွ...."
ဟိုဆော့တစ်ယောက်အော်ချလိုက်တာအခန်းတစ်ခုလုံးဟိန်းသွားသည်။
ထယ်ယောင်းမှာတော့...
"ဟိုဆော့hyung....တိုးတိုးပြောပါဆို..."
ထိုအခါဂျီမင်မှ...
"အကိုဟိုဆော့...ဘာပစ္စည်းလဲ..??"
"ဒီမှာ...ဒီမှာ..."
ဟိုဆော့ထုတ်ပြလိုက်တဲ့ပစ္စည်းကြောင့်ဂျီမင်နဲ့ယွန်းဂီမှာမျက်လုံးများပြူးလျက်....
ဂျီမင်မှထယ်ယောင်းကိုကြည့်ပြီး...
"ထယ်ယောင်းမင်းလည်းငါ့လိုပါတာလား...??"
"ငါလဲမသိဘူးလေ...ဒါကကြို၀ယ်ထားတာ..."
ထိုအခါဟိုဆော့မှ...
"အော်...ကောင်းပါတယ်ကွာ...တစ်ခုခုဖြစ်ရင်စစ်လိုက်ပေါ့..."
"ဟုတ်ဟိုဆော့hyung....ဂျီမင်မင်းသက်သာနေပြီလား...?"
"အေးငါကသက်သာပါတယ်ကွ..."
"ဒါနဲ့ jin hyungရော...?"
"Jin hyungကcompanyသွားတယ်...ညနေကြရင်လာခဲ့မယ်လို့တော့ပြောတာပဲ...."
ထိုအခါဟိုဆော့မှ...
"ဟိုကောင်ယွန်းဂီအိပ်နေပြန်ပြီလား...အဲ့ကောင်ကလည်းတစ်နေ့လုံးအိပ်တော့မလားမသိဘူး..."
"ဟုတ်ပါ့အကိုဟိုဆော့ရယ်...အဲ့ယွန်းဂီကလေအားနေအိပ်ပဲအိပ်နေတာ..."
"မင်းတို့စကားပြောနေကြအုန်းငါဂျူတီချိန်ရှိသေးလို့သွားလိုက်အုန်းမယ်..."
"ဟုတ်ဟိုဆော့hyung..."
ဟိုဆော့လဲအခန်းထဲမှထွက်သွားသည်။
ထိုအခါထယ်ယောင်းမှကလေးလေးအနားသွားကာ...
"အာရီးဂူးးးးကလေးမလေးကချစ်ဖို့ကောင်းလိုက်တာ...."
"ငါ့သမီးလေးဆိုတော့ချစ်စရာကောင်းမှာပေါ့ကွာ...."
ထယ်ယောင်းလည်းအိပ်နေတဲ့ကလေးလေးကိုစောင်လေးခြုံပေးကာဂျီမင်ကုတင်ဘေးသွားထိုင်နေလိုက်သည်။
"ဟျောင့်ထယ်ယောင်း...ဟိုတစ်နေ့ကမင်းမဂ်လာဦးညခံစားချက်လေးပြောပြပါအုန်း..."
အချိုးမပြေသောရုပ်နဲ့ပြောနေတဲ့ဂျီမင်ကြောင့်ထယ်ယောင်းမှာဖျက်ရိုက်ချင်စိတ်တစ်ဖွားဖွား...
"ဘာတွေလာမေးနေတာလဲသောက်ဂျပုရဲ့..."
"မဂ်လာဦးညခံစားချက်ကိုမေးနေတာကွမျောက်လောင်းစိန်ရဲ့...ပြောလေ..."
ထိုအခါထယ်ယောင်းခြေထောက်ကိုပုရွက်ဆိတ်တစ်ကောင်လာကိုက်လိုတာကြောင့်ထယ်ယောင်းအီစိမ့်သွားသည်။
"အားးးနာတယ်...!!"
"အေး..ငါတုန်းကလဲနာတာအသေပဲကွ..."
"ဘာတွေပြောနေတာလဲဂျပုရဲ့...ငါကပုရွက်ဆိတ်ကိုက်လို့ခြေထောက်နာတာကိုပြောတာကွ..."
"မင်းကလည်းရှင်းရှင်းမပြောဘူး...ငါကတွေးချလိုက်တာအဆုံးထိပဲ..."
ထယ်ယောင်းလည်းတစ်ယောက်တည်းမှောင်နေတဲ့ဂျီမင်ကိုမျက်စောင်းသာထိုးလိုက်တော့သည်။
နောက်တော့မှထယ်ယောင်းကဘေးကမုန့်ထုပ်ကိုဆွဲကာမုန့်တွေစစားပါတော့သည်။
ဒါကိုဂျီမင်ကကြည့်ပြီး...
"သောက်မျောက်...ငါစားလို့မရပါဘူးဆိုနေငါ့အရှေ့မှာလာစားပြနေတယ်..."
"ကိုယ့်ပါးစပ်နဲ့ကိုယ်စားတာကိုဘာဖြစ်လဲဂျပုရဲ့..."
"မင်းကိုဂျောင်ကုhyungဘယ်အချိန်လာခေါ်မှာလဲ...?"
"ညနေကြမှပါ...အေးဆေးပေါ့...."
ထယ်ယောင်းပြောလိုက်တဲ့စကားကြောင့်ဂျီမင်မှာသက်ပြင်းအကြီးကြီးချပြီး....
"အော်...ငါညနေအထိဒီမျောက်လောင်းနဲ့နှစ်ပါးသွားရအုန်းမှာပါလား..."
.
.
.
.
.
.
.
.
.
.
.
✍︎JeonTae__Tae
🍒Tᴀᴇ Tᴀᴇ🍒
နိုးနိုးချင်းကိုယ်ချစ်တဲ့လူရဲ့မျက်နှာကိုတွေ့ရတာသူ့အတွက်တော့အပြုံးပန်းတွေဝစောစေသည်။
*ရွှတ်*
🍒Tᴀᴇ Tᴀᴇ🍒
"ထယ်လေး...."
*ဂလု*
"ထယ်လေး....!!!"
"ဟင်...ကိုကို....?"
"မရဘူး....အခုပဲအခုပဲပေး......"
*ပြွတ်*
🍒Tᴀᴇ Tᴀᴇ🍒
"ကိုကိုရေ...ထယ်ပြီးပြီ..."
"ဟုတ်ကိုကို..."
"ဟုတ်ပြီထယ်လေး..."
"ဟုတ်ကိုကို..."
"ဟုတ်ကိုကို..."
*ဘုတ်*
ထယ်ယောင်းတင်ပါးလည်းအီစလံဝသွေားသည်။
"တောင်းပန်ပါတယ်..."
"ဟိုဆော့hyung...?"
"ဟေ..?ထယ်ယောင်းပါလား...??"
ဟိုဆော့မြှပုတ်ကျနေတဲ့ပစ္စည်းတစ်ခုကိုကောက်လိုက်ကာ....
"ထယ်ယောင်းမင်းလာတာပဲ..."
ထယ်ယောင်းမှာတော့...
ထိုအခါဂျီမင်မှ...
"ဒီမှာ...ဒီမှာ..."
ထိုအခါဟိုဆော့မှ...
"အေးငါကသက်သာပါတယ်ကွ..."
"ဒါနဲ့ jin hyungရော...?"
ထိုအခါဟိုဆော့မှ...
"ဟုတ်ဟိုဆော့hyung..."
"ဟျောင့်ထယ်ယောင်း...ဟိုတစ်နေ့ကမင်းမဂ်လာဉီးညခံစားချက်လေးပြောပြပါအုန်း..."
"မဂ်လာဉီးညခံစားချက်ကိုမေးနေတာကွမျောက်လောင်းစိန်ရဲ့...ပြောလေ..."
"အားးးနာတယ်...!!"
"ညနေကြမှပါ...အေးဆေးပေါ့...."
.
.
.
.
.
.
.
.
.
.
.
✍︎JeonTae__Tae