🍒Tᴀᴇ Tᴀᴇ🍒
"ထယ်လေးရေ....ထယ်လေး...."
"ဟင်...ကိုကို...."
ဒီနေ့ကျမှအလုပ်ကနေစောစောပြန်လာပါသောဂျောင်ကုကိုကြည့်ကာထယ်ယောင်းမှာအံသြလျက်...
ဂျောင်ကုအဖျားပျောက်ပြီးနောက်ပိုင်းcompanyကအလုပ်ကိစ္စတွေနဲ့ဂျောင်ကုတစ်ယောက်မအားမလပ်ဖြစ်နေတာပင်....
ဒီရက်ပိုင်းဂျောင်ကုအလုပ်ကိစ္စနဲ့မအားတာကြောင့်ထယ်ယောင်းကိုတောင်အချိန်သိပ်မပေးနိုင်ပေ...
ဒါပေမဲ့ဒီနေ့ကျဂျောင်ကုအိမ်ကိုစောစောပြန်လာသည်မလို့ထယ်ယောင်းအံသြမိသလိုပျော်လဲပျော်ရသည်။
"ကိုကို...ဒီနေ့အစောကြီးပြန်လာပါလား...??"
"ဟုတ်တယ်ထယ်လေးရဲ့...ဒါနဲ့ထယ်လေးကိုကိုယ်ပြောစရာရှိတယ်..."
"ပြောလေကိုကိုရဲ့..."
"ကိုယ်မနက်ဖြန်ကြရင်ပြင်သစ်နိုင်ငံကိုအလုပ်ကိစ္စနဲ့သွားရမယ်ထယ်လေး...."
"ပြင်သစ်ကို...??ကိုကိုတစ်ယောက်ထဲလား...??"
"မဟုတ်ဘူးထယ်လေး...ယွန်းဂီလည်းပါမှာ..."
"အဲ့တာဆိုကိုကိုကအကြာကြီးသွားမှာပေါ့..."
"အဲ့တာတော့ကိုယ်မပြောတတ်ဘူးထယ်လေးရဲ့....ကြာရင်လည်းကြာနိုင်သလိုမြန်ရင်လည်းမြန်နိုင်တယ်..."
"အော်..."
ဂျောင်ကုစကားကြောင့်မျက်နှာလေးညိုးသွားရှာတဲ့ထယ်ယောင်း...
ဂျောင်ကုလည်းထယ်ယောင်းကိုဖက်ကာ...
"ထယ်ဘာမှစိတ်မပူနဲ့...ကိုယ်အတတ်နိုင်ဆုံးမြန်မြန်ပြန်လာခဲ့မယ်..."
"ဒါပေမဲ့.......ကိုကိုအရမ်းကြာနေရင်ကော..."
မျက်ရည်လေးတွေ၀ဲနေတဲ့မျက်လုံးကလေးများကြောင့်ဂျောင်ကုစိတ်မကောင်းပေ...
ဒါပေမဲ့သူအတတ်နိုင်ဆုံးပြုံးပြီး...
"ကတိပေးပါတယ်ထယ်လေး....ကိုယ်အမြန်ဆုံးပြန်လာခဲ့မယ်....တကယ်လို့ပြန်လာလို့မရတော့ဘူးဆိုရင်တောင်မှအမြန်ဆုံးနဲ့ပန်ကန်လုံးစီးပြီးကိုယ်လာခဲ့မယ်နော်..."
"ကိုကိုကလည်း....."
"ဟာ...ထယ်လေးကကိုယ့်ကိုမယုံဘူးလား...မယုံရင်ယုံအောင်ဘယ်လိုလုပ်ရမလဲ...???"
မေးစိကိုလက်နဲ့ပွတ်ကာစဥ်းစားနေသောဂျောင်ကုပုံစံကြောင့်ထယ်ယောင်းမှာစိတ်မထိန်းနိုင်စွာရီမိသည်။
ထယ်ယောင်းရီနေတာကိုဂျောင်ကုကပြုံးကာကြည့်ပြီး...
"ထယ်လေးကဘာရီတာလဲ....??"
"ကိုကို့ပုံစံကရီစရာကောင်းလို့..ခခ်..ခခ်.."
"ဟုတ်လား....?ထယ်လေးကိုယုံအောင်လုပ်ဖို့ကိုယ်အကြံရပြီ..."
"ဘာလဲဟင်....???"
"ဒီလိုလေ......."
"ကိုကို..!!ခခ်...ခခ်...ယားတယ်လို့...ခခ်...ခိခိ"
ထိုင်နေရင်းထယ်ယောင်းကိုကလိထိုးသောဂျောင်ကုရယ်ပါ...
ထယ်ယောင်းကတော့လူးလိမ့်နေလျက်...
ခဏကြာမှဂျောင်ကုကလိထိုးချင်းကိုရပ်လိုက်ကာ...
"ကဲ....ထယ်လေးကိုယ်ရေသွားချိုးလိုက်အုန်းမယ်..."
"ဟုတ်ကိုကို..."
ဂျောင်ကုလည်းထယ်ယောင်းရဲ့နှုခမ်းလေးကိုနမ်းပြီးရေချိုးခန်းထဲ၀င်လိုက်သည်။
သူလည်းပြင်သစ်ကိုမသွားချင်ပါ...
သူ့ထယ်လေးကလည်းကိုယ်၀န်နဲ့ဆိုတော့ပိုလို့တောင်မသွားချင်ပေ...
ဒါပေမဲ့လည်းဒီအလုပ်ကိစ္စကအရမ်းအရေးကြီးတာမလို့မသွားလို့မဖြစ်...
ထယ်လေးကိုမခွဲနိုင်ပါဘူးဆိုမှ....ခရီး၀ေးသွားရအုန်းမယ်....ဟားးးးးးတကယ်ပါပဲ..
ဂျောင်ကုလည်းစိတ်ညစ်ညစ်နဲ့ရေအမြန်ချိုးကာအခန်းထဲမှထွက်လိုက်သည်။
ဘာပဲဖြစ်ဖြစ်....ကိုယ့်ရဲ့နောက်ဆုံးနေ့လေးကိုထယ်လေးနဲ့အတူပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းချင်တယ်ကွာ...
ထိုနေ့လေးကိုဂျောင်ကုနဲ့ထယ်ယောင်းတို့ဟာမပျောက်ဆုံးနိုင်သောအချစ်တွေနဲ့ပျော်ပျော်ရွှင်ရွှင်ပဲဖြတ်သန်းခဲ့ကြသည်။
ညရောက်တော့ကြယ်တွေအပြည့်နဲ့ကောင်းကင်ကြီးကိုကြည့်ကာညတာကုန်ဆုံးခဲ့လျက်....
သူတို့ကြိုမမြင်ခဲ့တာကတော့ဆန်းကြယ်လှတဲ့ကံကြမ္မာကိုပေါ့....
🍒Tᴀᴇ Tᴀᴇ🍒
ပြင်သစ်သို့ထွက်ခွာမည့်လေယာဥ်ဆင်းသက်လာတာနဲ့လေယာဥ်ကွင်းထဲရှိလူများမှာလည်းလှုပ်လှုပ်ရှားရှား...
ထိုလူတွေထဲမှာမှ ဂျောင်ကု၊ထယ်ယောင်း၊ယွန်းဂီ၊ဂျီမင် တို့အပါအ၀င်ပင်...
"ထယ်လေး....ကိုယ်တို့လေယာဥ်ဆိုက်နေပြီ...ကိုယ်သွားတော့မယ်နော်...ကိုယ်တို့ကလေးလေးကိုလဲဂရုစိုက်..."
"ဟုတ်ကိုကို...ကိုကိုလည်းကျန်းမာရေးဂရုစိုက်နော်....နောက်ပြီးမြန်မြန်ပြန်လာခဲ့..."
"ဟုတ်ပါပြီထယ်လေးရယ်...."
ဂျောင်ကုလည်းထယ်ယောင်းရဲ့ပါးနီနီရဲရဲလေးကိုဖိကပ်နမ်းရှိုက်လိုက်သည််။
သူတို့စကားပြောလို့အပြီးတွင်ယွန်းဂီမှ...
"ဂျောင်ကု..ငါတို့သွားကြတာပေါ့..."
"အင်းယွန်းဂီ...ထယ်လေးကိုယ်သွားပြီ..."
"မိုချီနဲ့သမီးလေးရေ...ကိုယ်သွားပြီနော်..."
မကြာမီထွက်ခွာသွားပါသောလေယာဥ်လိုင်းကြောင်းတစ်ခု....
ထိုလေယာဥ်ထွက်သွားတယ်ဆိုတာနဲ့ပဲဂျီမင်နဲ့ဂျီယွန်းလေးကငိုပါတော့သည်။
"အီး...ဟီး...ဖေဖေ...ရွှတ်..."
"အင့်..အီး...ဟီး..."
အပြိုင်ငိုနေကြပါသောဂျီယွန်းလေးနဲ့ဂျီမင်ကိုထယ်ယောင်းကနှစ်သိမ့်ပေးလျက်...
ခဏနေတော့ဂျီယွန်းလေးကငိုနေရင်အိပ်ပျော်သွားရှာသည်။
ဂျီမင်လည်းဂျီယွန်းလေးကိုချီကာထယ်ယောင်းနဲ့အတူ jinအိမ်ကိုသွားလိုက်သည်။
Jinအိမ်သို့ရောက်တာနဲ့တစ်ပြိုင်နက်ဂျီမင်ကဂျီယွန်းလေးကိုကုတင်ပေါ်မှာစောင်လေးခြုံကာအိပ်စေသည်။
နောက်မှဂျီယွန်းလေးကိုထားခဲ့ပြီးထယ်ယောင်းတို့နားသွားလိုက်သည်။
ထိုအခါjinမှ...
"မင်းတို့၀မ်းနည်းနေမှာပေါ့....အဲ့လိုပါပဲခွဲခွာချင်းကသေမလောက်ခံစားရတာ...."
"ဟုတ်တယ်jin hyung...ကျွန်တော်နားမှာယွန်းဂီမရှိတော့သေမလောက်ခံစားရတယ်ဗျာ..."
"ငါလည်းမင်းလိုပဲဂျီမင်...ကိုကိုမရှိတော့ရင်ထဲမှာဟာတာတာကြီး...."
တစ်ယောက်တစ်မျိုးစီလွမ်းနေကြပါသောဂျီမင်နဲ့ထယ်ယောင်းကြောင့်jinမှာဘာပြောရမလဲမသိတော့ပေ...
Jinလည်းသူ့ညီလေးတွေ၀မ်းနည်းနေတာကိုမကြည့်ရက်တော့....
"မင်းတို့ကလည်းကွာ...မှိုင်မနေကြပါနဲ့....TVကြည့်ကြလေ...ငါထမင်းလိပ်လုပ်ပေးမယ်..."
"ဟုတ်jin hyung..."
Jinလည်းမီးဖိုဆောင်ထဲ၀င်သွားသည်။
ဂျီမင်လည်းစိတ်မပါလက်မပါနဲ့TVကိုဖွင့်လိုက်တော့အရင်ဆုံးပေါ်လာတဲ့သတင်း...
"ပြင်သစ်သို့ထွက်ခွာသည့်လေယာဥ်နံပါတ်365 လေယာဥ်ပျက်ကျမှုဖြစ်ပွား....."
ထိုသတင်းကိုကြည့်ပြီးဂျီမင်နဲ့ထယ်ယောင်းမှာမယုံကြည်နိုင်စွာ...
ဒါဂျောင်ကုနဲ့ယွန်းဂီတို့စီးသွားတဲ့လေယာဥ်ပင်...
"ဂျီ...ဂျီမင်...ဒီသတင်းကအမှန်...မဟုတ်...ဟုတ်ဘူးမ..မလား??"
ထယ်ယောင်းမှာဂျီမင်ကိုထိတ်လန့်စွာမေးတော့ဂျီမင်ကမျက်ရည်တွေ၀ဲကာခေါင်းခါလျက်...
ထယ်ယောင်းလည်းတုန်ရီစွာဂျောင်ကုဆီဖုန်းဆက်သည်။
"လူကြီးမင်းခေါ်ဆိုသောဖုန်းနံပါတ်မှာဆက်သွယ်မှု.........."
ဘယ်လောက်ခေါ်ခေါ်မကိုင်တဲ့ဖုန်းလေးအားထယ်ယောင်းပစ်ချလိုက်ကာ....
"မဟုတ်ဘူးလေ...အဲ့လိုဖြစ်လို့မရဘူးလေကိုကို...ဟင့်...အီး...ဟင့်.."
ဂျီမင်လည်းငိုနေတဲ့ထယ်ယောင်းနားလာကာ...
"ဟင့်...မင်းမငိုနဲ့လေ...ဟင့်...မင်းမှာကိုယ်၀န်ရှိသေးတယ်...အီး...ဟင့်.."
ထိုအချိန်မီးဖိုဆောင်ထဲမှjinကထွက်လာကာငိုနေသောသူတို့နှစ်ယောက်ကိုမြင်တော့...
"ဘာဖြစ်လို့လဲ...??ဘာလို့ငိုနေကြတာလဲ...??"
Jinကိုကြည့်ကာTVကိုလက်ညိုးထိုးပြလိုက်ပါသောဂျီမင်...
Jinလည်းTVမှာလာနေတဲ့သတင်းကြောင့်ထိတ်လန့်သွားလျက်...
"ဂျောင်ကု...ယွန်းဂီ....???ဖြစ်မှဖြစ်ရလေကွာ..."
ထိုအခါထယ်ယောင်းမှမျက်ရည်တွေနဲ့ jin ကိုကြည့်ကာ...
"Hyung...ဒါ..ဒါအမှန်မဟုတ်ဘူးမလားဟင်..??"
သူ့ကိုအားကိုးတစ်ကြီးမေးနေတဲ့ထယ်ယောင်းကြောင့်jinမှာပြောစရာစကားတွေတောင်မရှိတော့...
"Hyungပြောလေ...ဟင့်......"
ဂျီမင်မှာငိုရလွန်းလို့စကားတောင်မပြောနိုင်...
Jinလည်းသူတို့နှစ်ယောက်ကိုကြည့်ကာမျက်ရည်ကလေးများဖြင့်...
ထိုအချိန်ထယ်ယောင်းခေါင်းတွေမူး၀ေလာကာ...
"မဟုတ်ဘူး...အ့..မဟုတ်ဘူးကိုကိုမသေဘူး..အား..!!"
"ထယ်ယောင်းသတိထားအုန်းလေ...ထယ်ယောင်း...."
မူးလဲကျသွားပါသောထယ်ယောင်း...
အရာအားလုံးမှောင်အတိပင်....
သိပ်ချစ်ခဲ့ကြပါသောသူတို့တွေကိုကံကြမ္မာကမျက်နှာသာပေးပါအုန်းမလား..??
.
.
.
.
.
.
.
.
.
.
.
✍︎JeonTae__Tae
🍒Tᴀᴇ Tᴀᴇ🍒
"ထယ်လေးရေ....ထယ်လေး...."
"ဟင်...ကိုကို...."
"ပြောလေကိုကိုရဲ့..."
"အော်..."
"ကိုကိုကလည်း....."
"ထယ်လေးကဘာရီတာလဲ....??"
"ဘာလဲဟင်....???"
"ဒီလိုလေ......."
"ဟုတ်ကိုကို..."
🍒Tᴀᴇ Tᴀᴇ🍒
"ဟုတ်ပါပြီထယ်လေးရယ်...."
"အီး...ဟီး...ဖေဖေ...ရွှတ်..."
"အင့်..အီး...ဟီး..."
ထိုအခါjinမှ...
"ဟုတ်jin hyung..."
"ဂျောင်ကု...ယွန်းဂီ....???ဖြစ်မြှဖစ်ရလေကွာ..."
"Hyungပြောလေ...ဟင့်......"
ထိုအချိန်ထယ်ယောင်းခေါင်းတွေမူးဝလောကာ...
.
.
.
.
.
.
.
.
.
.
.
✍︎JeonTae__Tae