မမရဲ့အတင်းခေါ်လာမှုကြောင့် ဈာန်လိုက်လာခဲ့ရတာဖြစ်သည်။တကယ်ဆိုစောနဲ့သွားတွေ့ဖို့အတွက်အဆင့်သင့်မဖြစ်သေးပါ။တွေ့ရင်ဘာပြောရမလဲဆိုတာကိုလည်းမစဉ်းစားရသေး။
မမကတော့အဆင်ပြေသွားမှာဆိုပြီး စိတ်ကိုအေးအေးဆေးဆေးထားခိုင်းသည်။
ကလျာကဈာန်နဲ့တူတူကားစီးတိုင်း သူသာမောင်းသည်။
အခုလည်း ကလျာကကားမောင်းနေပြီး ဈာန်ကတော့
ကားပြတင်းပေါက်ကနေအပြင်ကိုငေးကြည့်နေလေသည်။
ခဏအကြာ ပုပ္ဂလိကဆေးရုံတစ်ခုသို့ရောက်လာလေသည်။
ရှိန်းက ကလျာကိုပြောပြထားသည်မို့ စောရဲ့အမေဒီမှာဆေးရုံတတ်နေတာကိုကလျာသိ၏။ဈာန်ကတော့ကားပေါ်ကနေတန်းမဆင်းသေးပဲ သူ့အမကိုဂြိုလ်ကြည့်ကြည့်နေလေသည်။
". ဈာန်ရယ် လာ.. "
ကလျာကားပေါ်ကနေမဆင်းတဲ့ ဈာန်ရဲ့လက်ကိုအတင်းဆွဲခေါ်တော့မလိုက်ချင်လိုက်ချင်နဲ့လေးပင်နေတဲ့ခြေထောက်တွေနဲ့လိုက်လာသည်။
ကလျာဈာန်ရဲ့လက်ကိုဆွဲပြီး စောအမေရဲ့အခန်းဆီသို့လျှောက်လာကြသည်။စင်္ကြန်လမ်းမှာဖြတ်သွားနေကြတဲ့သူနာပြုလေးတွေကဈာန့်ကိုအံ့ဩစွာကြည့်နေသည်။ဖြူသည့်အသားအရေနဲ့ဝတ်ထားသည့်အဝတ်အစားကလွန်စွာပနံသင့်၍ကြည့်ကောင်းနေသည်။
စောအမေ့ရဲ့အခန်းရှေ့ရောက်တော့ ကလျာမဝင်သေးပဲ ဈာန့်ကိုတချက်ငဲ့ကြည့်လိုက်သည်။ပြီးတော့ တံခါးရဲ့မှန်အကြည်ကာထားတဲ့နေရာကနေ အထဲကိုလှမ်းကြည့်ခိုင်းလိုက်တော့ ဈာန်ကလှမ်းကြည့်သည်။
စောကသူ့အမေရဲ့အဝတ်တွေခေါက်နေပြီး ရှိန်းကတော့ စောအမေနဲ့ရယ်ရယ်မောမောစကားတွေပြောနေကြသည်။
ဈာန်သူတို့ကိုခဏမျှကြည့်ပြီး ချက်ချင်းမျက်နှာလွှဲပစ်လိုက်သည်။
" ဝင်မယ်လာ... "
ဈာန် သူ့လက်ကိုအတင်းဆွဲနေတဲ့မမလက်ကိုဖြုတ်ချနေရင်း မမကကျန်လက်တစ်ဖက်နဲ့အခန်းတံခါးကိုဖွင့်လိုက်ပြီဖြစ်သည်။
အခန်းတံခါးပွင့်လာတာနဲ့ ရှိန်းနဲ့စောတို့ကတပြိုင်နက်လှည့်ကြည့်လာသည်။စောအမေအပါအဝင်ပေ။
ကလျာက အချိုသာဆုံးအပြုံးကိုပြုံး၍ ဈာန့်လက်ကိုဆွဲကာ စောအမေ့နားဆီလျှောက်သွားလေသည်။စောလည်း ခုနကထိုင်နေတဲ့နေရာကနေထပြီး သူ့အမေဘေးမှာလာရပ်သည်။ရှိန်းကတော့ နဂိုထိုင်မြဲနေရာမှာပဲထိုင်ဆဲဖြစ်သည်။
". အန်တီမင်္ဂလာပါ သမီးကရှိန်းအစ်မတစ်ဝမ်းကွဲကလျာပါ... "
". ဪအေးကွယ်... "
ကလျာက စောအမေရဲ့လက်လေးကိုဆုပ်ကိုင်ပြီး နှုတ်ဆက်လိုက်တော့ သူ့အမေကလည်းကလျာရဲ့လက်လေးကိုပြန်ဆုပ်ကိုင်လိုက်သည်။
". ဒါကတော့ သမီးမောင်အရင်း ဈာန်ဒီပါမောင်... "
ကလျာက ဈာန့်ဘက်ကိုညွှန်ပြပြီး မိတ်ဆက်ပေးလိုက်တော့
ဈာန်ခေါင်းညိမ့်ပြ၍ပြုံးကာနှုတ်ဆက်လိုက်သည်။
စောအမေကလည်း ချိုသာတဲ့အပြုံးတွေနဲ့ပြုံးပြပြီး နွေးထွေးစေသည်။
" သက်သာရဲ့လား အန်တီ... "
ကလျာက ဘေးကထိုင်ခုံလေးကိုဆွဲထိုင်တော့ ရှိန်းကထိုင်ရာကနေထလိုက်ပြီး ဈာန့်ဘေးနားမှာသွားရပ်သည်။
". အေး သက်သာပါတယ်ကွယ်... "
စောက မမကလျာနဲ့မေမေစကားပြောတာကိုကြည့်နေပြီး ဈာန်ကတော့စောကိုစိုက်ကြည့်နေသည်။ကြားထဲကရှိန်းကစောကိုတလှည့်၊ဈာန့်ကိုတလှည့်ကြည့်ရင်းအကဲခတ်နေလေသည်။
". ဟို ညကျအမေသောက်ဖို့ဆေးကုန်တော့မှာမို့ သားသွားဝယ်လိုက်အုန်းမယ်နော် အမေ.. "
" အေးသားသွား.. "
စောအခန်းအပြင်သို့ထွက်သွားတော့ ကလျာက ဈာန့်ကိုမျက်စတချက်ပစ်ပြပြီး နောက်ကလိုက်သွားဖို့အချက်ပြသည်။ဈာန်ခေါင်းရမ်းပြလိုက်ပြီး မလိုက်ဘူးဟုငြင်းပစ်သည်။ကလျာလည်းသူမောင်ခေါင်းမာနေတာကြောင့် အနုနည်းနဲ့မရတော့ဘူးဆိုတာကိုသိလိုက်ရပြီမို့ အကြမ်းနည်းကိုသာသုံးရတော့သည်။
" ဟဲ့ ဈာန် အဖော်လိုက်သွားလေ နင်ဟာလေ.. "
စောအမေ မသိစေရန် မျက်လုံးနဲ့အချက်ပြပြီးသွားခိုင်းနေတာကို
မသွားတဲ့သူအခုလိုကလျာအသံထွက်ပြောမှ ထွက်သွားပေတော့သည်။မသွားလို့လည်းမရ စောအမေရှေ့မှာသူဟာလူလိမ္မာလေးတစ်ယောက်အဖြစ်မြင်စေချင်သည်။
စောရဲ့နောက်ကနေလိုက်လာတော့ စောကသူနာပြုလေးတွေနားမှာ ရောက်နေပြီဖြစ်သည်။သူ့အမေအတွက်ဝယ်ရမည့်ဆေးတွေကိုမေးနေတာဖြစ်မည်။ဈာန်သူ့အနားလျှောက်သွားလိုက်ပြီး လက်ပိုက်လျက်သားနဲ့အနောက်မှာကပ်ရပ်နေလိုက်သည်။
" အမေ့ ဟင်.. "
ဈာန်က စောနဲ့အနီးကပ်အနေအထားကြီးမှာကပ်ရပ်နေတာမို့
စောနောက်လှည့်လိုက်တဲ့အချိန်မှာ စောနဖူးကိုဈာန်နမ်းမိသွားတာဖြစ်သည်။စောမှာ ရုတ်တရတ်မို့လန့်ကာအော်မိသွားပြီး နဖူးပေါ်သို့ကျလာတဲ့နူးညံ့တဲ့အထိအတွေ့ကြောင့် လန့်တဲ့စိတ်တွေအစားရင်ခုန်ခြင်းတို့အစားဝင်ရောက်လာသည်။
ဘေးကသူနာပြုလေးတွေမှာ လက်ထဲကဖုန်းတွေနဲ့တဖျပ်ဖျပ်ဖြင့်စျာန်တို့ကိုဓာတ်ပုံရိုက်နေလေသည်။ဈာန်ကလည်းအခုချိန်ထိ
နမ်းတာကိုမခွာသေးပေ။နောက်ဆုံးတော့ အရင်အသိဝင်လာတဲ့ စောကပဲဖယ်ခွာလိုက်တော့သည်။
အကြာကြီးလွမ်းနေခဲ့ရတဲ့ ဒီခန္ဓာကိုယ်လေး၊ဒီရနံ့လေး ဒီမျက်နှာလေးအား ထိတွေ့လိုက်ရချိန်မှာ ဈာန်ရဲ့ရင်ထဲတွင် စစ်ပွဲတစ်ရာဆင်နွှဲနေသလိုပင်။
ဈာန်လည်ပင်းသားတွေကို အကြမ်းကြီးပွတ်နေပြီး စောကိုမသိမသာချောင်းကြည့်နေလိုက်သည်။
စောကတော့ ဈာန်ရှေ့မှာ တောင့်တောင့်ကြီးရပ်နေပြီး ဘာမှလည်းမပြောသလို၊ဘယ်မှလည်းမသွားသေးပေ။
" ဆေးဝယ်ရမယ်ဆို ဝယ်လေ အမ် မောင် မောင် အဟင်း အဖော်လိုက်ပေးမယ်.. "
စောရဲ့မျက်လုံးတွေကချက်ချင်းအရောင်တောက်လာပြီး ပြုံးမိသွားသည်။မောင်ကအခုသူကိုယ့်ကိုသူမောင်လို့သုံးလိုက်တာမလား။ငါ့ကိုစိတ်ဆိုးပြေသွားပြီလေလား။
" ဝယ်ပြီးပြီ ဒီမှာပဲယူရတာ.. "
". ဪ ဟုတ်လား အဲဆိုလည်းပြန်မယ်လေ ... "
ဈာန်ကရှေ့ကနေအရင်သွားနှင့်ပြီး စောကနောက်ကနေဖြေးဖြေးချင်းလိုက်လာခဲ့သည်။ပုံမှန်ဆိုစတိုင်ကျကျဝတ်တတ်တဲ့မောင်ကဒီနေ့ကျလူယဉ်ကျေးပုံစံလေးနဲ့အတော်ကိုကြည့်ကောင်းနေသည်။
အရင်လိုသူများတွေမြင်အောင် ထုတ်ပြတတ်တဲ့ရင်ဘတ်သားအဖွေးလေးတွေဟာလည်း ရှပ်အင်္ကျီအောက်မှာ ဖုံးကွယ်ခြင်းခံနေရပြီ။
စောတို့အခန်းထဲပြန်ဝင်လာတော့ ကလျာကမျှော်လင့်ချက်တွေအပြည့်နဲ့နောက်လှည့်ကြည့်သည်။သို့သော်မျက်နှာအနေအထားတွေအရအခြေအနေမထူးသေးဘူးဆိုတာသိ၏။အဲဒါကြောင့် နောက်ထပ်အကြံအစည်ကြီးတစ်ခုကိုကြံစည်ရတော့သည်။
" ဟဲ့ စော မနက်ဖြန်မမသွားစရာလေးရှိလို့ အဲဒါမမတို့အိမ်ကိုစောင့်ပေးလို့ရမလားဟင်... "
". ဟမ် အဲဒါ အဲဒါက မေမေရှိသေး... "
". အန်တီ့ကိုပြောပြီးသား အန်တီကမနက်ဖြန်ဆေးရုံမှာပဲရှိအုန်းမှာလေ သူနာပြုလေးတွေနဲ့နေရပါတယ်တဲ့.. "
". အာ အဲဒါကလေ.. "
". စောမလိုက်ချင်ရင်လည်းရပါတယ် .. "
". မဟုတ်တာ မမကလျာရရပါတယ်... "
". အင်းအင်း.. "
". ဒါနဲ့သားနဲ့သမီးတို့ကဘယ်လိုသိကြတာ... "
စောအမေရဲ့မေးခွန်းကြောင့် သုံးယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိလိုက်ကြသည်။ပြီးတော့စောက
" အာ အဲဒါကလေ ရှိန်းနဲ့ပတ်သတ်ပြီးသိတာပါ သားအလုပ်ခွင်ကိုလာရင်းနဲ့... "
". ဪ အေးပါ.. "
အကုန်လုံးအသံမထွက်ရုံတမယ်သက်ပြင်းချလိုက်ကြပြီး
တစ်ယောက်မျက်နှာတစ်ယောက်ပြန်ကြည့်လိုက်ကြသည်။
" ပြန်ပါတော့မယ် အန်တီ့ စော အပြင်ခဏလိုက်ခဲ့ပါအုန်း... "
ကလျာ စောအမေအားနှုတ်ဆက်ပြီးတော့အခန်းထဲမှထွက်လာလိုက်သည်။စောလည်းကလျာကလိုက်ခဲ့ပါအုန်းဟု၍ နောက်ကနေလိုက်လာခဲ့သည်။
ကလျာကရှေ့ကနေအမြန်လမ်းလျှောက်သွားပြီး စောနဲ့ဈာန်ကိုမစောင့်ပေ။စောလည်းကလျာနောက်ကနေအမှီလိုက်နေရသည်။ရပ်ထားတဲ့ကားနားရောက်တော့ ကလျာကကားထဲဝင်ဖို့အချက်ပြတာမို့ စောကားထဲဝင်လိုက်သည်။
ဈာန် ကားထဲဝင်မည်လုပ်တော့ ကလျာကမဝင်ရဘူးဆိုပြီးတံခါးကိုလော့ချထားသည်။ကလျာနဲ့စောကားနောက်ခန်းမှဘာတွေပြောနေကြသလဲမသိတာမို့ ဈာန်ကားနားလေးကပ်ကာ ကြားရမလားနားထောင်ကြည့်သည်။သို့သော်မကြားရပေ။
" စော.. "
ကလျာကစောဘက်မျက်နှာမူပြီး စောလက်ကိုဆုပ်ကိုင်ထားကာတိုးလျသောအသံနဲ့ခေါ်လိုက်သည်။
" ဟုတ် မမကလျာ... "
". မမမောင်လေးကို တစ်သက်လုံးစာအတွက်စိတ်ချမယ်နော် သေချာဂရုစိုက်ပေးပါ.. "
စော ကလျာအားမျက်ခုံးလေးပင့်၍ကြည့်လိုက်မိသည်။
စောနဲ့ဈာန်တို့ရဲ့ပြသာနာမှမကျေအေးသေးပဲ ဒီကိစ္စကို
ဘယ်လိုခေါင်းညိမ့်ရမှာလဲ။
" အဲဒါ အဲဒါကလေ မမ.. "
". အဲဒါတွေ၊ဟိုဟာတွေလုပ်မနေနဲ့ စော ဈာန်စိတ်ဆိုးမပြေဘူးဆိုပေမဲ့ စိတ်ဆိုးပြေခါနီးနေပါပြီ .. "
". ဟုတ်.. "
". မမအဲဒါပြောချင်လို့ပါ မနက်ဖြန်အိမ်ကိုဆက်ဆက်လာနော်.. "
". ဟုတ်.. "
ကလျာနဲ့စောတို့ စကားပြောပြီးတာနဲ့ ကားထဲကထွက်လာပြီး ကလျာကရှေ့ခန်းကမောင်းသူနေရာမှာဝင်ထိုင်ပြီး စောကိုပြုံးပြလိုက်သည်။စောလည်းမမကလျာကိုပြန်ပြုံးပြပြီး အမေ့ဆီသို့ပြန်လာခဲ့လိုက်သည်။
ဘေးကဈာန်ကတော့ သူတို့နှစ်ယောက်ကိုမျက်မှောက်ကုတ်ကြည့်နေရင်း ကားတံခါးကိုအသံမြည်အောင်ပိတ်ပစ်ကာ ကားထဲမှာဝင်ထိုင်လိုက်သည်။
" ဟဲ့ အသာလုပ်ဟ ငါ့ကားလေးအသစ်ဝယ်ထားတာမကြာသေးဘူး.. "
". ဘာတွေပြောနေကြတာလဲ.. "
". ဪ ရှိန်းနဲ့အဆင်ပြေလားမေးတာ နင့်ကိုခေါင်းထဲထည့်မနေနဲ့လို့ပြောလိုက်တာ ရှိန်းနဲ့သာဆိုရင် စောအရာအားလုံးပြည့်စုံပြီလေ. "
မိမိမောင်ရဲ့ဒေါသကိုဆွချင်တာမို့ ကလျာထိုသို့စလိုက်ခြင်းဖြစ်သည်။ဈာန်ကချက်ချင်းမျက်နှာကြီးတင်းမာလာကာ သူ့ကိုမျက်ထောင့်နီကြီးနဲ့လှမ်းကြည့်တော့ ကလျာရယ်ချင်စိတ်ကိုမနည်းထိန်းထားလိုက်ရသည်။
" ရှိန်းနဲ့ငါနဲ့ဘာများကွာလို့လဲ.. "
" ကွာတယ် ရှိန်းကစောကောင်လေးဆိုတာသိတာကိုလုံးဝစိတ်မဆိုးပဲချစ်နေတုန်း၊ဂရုစိုက်ပေးတုန်း နင်ကတော့ဟမ် ဒေါသတွေထွက်၊မျက်နှာမမြင်ချင်ဘူးထွက်သွားတဲ့၊စောကနင့်ကိုချစ်တယ်လို့ပြောခဲ့တာတောင် နင်က မခံမရပ်နိုင်တွေဖြစ်နေသေးတယ်လေ ရှိန်းသာနင့်နေရာမှာဆို သေချာပေါက်သူတို့ကြည်နူးနေလောက်ပြီရှိန်းနဲ့နင်နဲ့ဘာကွာတာလဲဟုတ်လား အချစ်ကိုအချစ်လို့ပဲမြင်တဲ့သူနဲ့ယောင်္ကျားမိန်းမခွဲနေတဲ့နင်နဲ့ကွာတာပဲ.. "
" မမငါကယောင်္ကျားမိန်းမခွဲနေတာမဟုတ်ဘူး သူငါ့ကိုညာလို့လေ... "
". နင့်အပေါ်မကောင်းကြံချင်တဲ့စိတ်နဲ့ညာတာမှမဟုတ်တာ
သူ့မိသားစုအခြေအနေအရဒီလိုလုပ်မှကိုဖြစ်မှာလေ.. "
". ငါ ငါလည်း ရုတ်တရတ်မို့ ဒေါသ ထွက်သွား တာပါ.. "
အမဖြစ်သူပြောတာတွေကိုအမှန်တွေမို့ ဈာန်ဒေါသကိုလျှော့ပြီး ခေါင်းလေးငုံ့နေလိုက်တော့သည်။ကလျာကတော့သူ့အကြံအစည်အောင်မြင်သွားပြီမို့ဈာန်မသိအောင် ကြိတ်ပြုံးနေလေသည်။
". မနက်ဖြန်နင့်ကိုအခွင့်အရေးပေးထားတယ် ငါ့ဘက်ကကူညီနိုင်တဲ့အတိုင်းအတာကုန်ပြီ တကယ်လို့နင်ကဆက်ပြီး ခေါင်းမာနေအုန်းမယ်ဆိုရင် ရှိန်းနဲ့ပေးစားလိုက်တော့မယ် .. "
". ဘာအခွင့်အရေးလဲ.. "
ဈာန်ခေါင်းငုံ့ထားရာကနေ ချက်ချင်းခေါင်းမော့လာပြီး သူ့အမကိုစေ့စေ့ကြည့်၍ မေးလိုက်သည်။ကလျာကတော့ ပြုံးရင်းနဲ့...
" ကြည့်ရင်သိလိမ့်မယ်.. "
စကားကိုပဟေဠိတစ်ပုဒ်လိုပြောပြီး ကားစက်နှိုးကာ အိမ်သို့မောင်းလာခဲ့တော့သည်။
အချစ်များစွာဖြင့်Aurora
Thanks for reading 💕💖......