Maiden SA ( Complete )

By Sattttttttt

2.3M 180K 13.5K

ဝတ္ထုပါ အကြောင်းအရာများသည် စာရေးသူ၏ စိတ်ကူးသက်သက်သာ ဖြစ်ပြီး မည်သည့်လူပုဂ္ဂိုလ် ၊ မည်သည့်အဖွဲ့အစည်းကိုမှ ပုတ်... More

အမှာစာ
အခန်း-(၁)
အခန်း-(၂)
အခန်း-(၃)
အခန်း-(၄)
အခန်း-(၅)
အခန်း-(၆)
အခန်း-(၇)
အခန်း-(၈)
အခန်း-(၉)
အခန်း-(၁၀)
အခန်း-(၁၁)
အခန်း-(၁၂)
အခန်း-(၁၃)
အခန်း-(၁၅)
အခန်း-(၁၆)
အခန်း-(၁၇)
အခန်း-(၁၈)
အခန်း-(၁၉)
အခန်း-(၂၀)
အခန်း-(၂၁)
အခန်း-(၂၂)
အခန်း-(၂၃)
အခန်း-(၂၄)
အခန်း-(၂၅)
အခန်း-(၂၆)
အခန်း-(၂၇)
အခန်း-(၂၈)
အခန်း-(၂၉)
အခန်း-(၃၀)
အခန်း-(၃၁)
အခန်း-(၃၂)
အခန်း-(၃၃)
အခန်း-(၃၄)
အခန်း-(၃၅)
အခန်း-(၃၆)
အခန်း-(၃၇)
အခန်း-(၃၈)
အခန်း-(၃၉)
အခန်း-(၄၀)
အခန်း-(၄၁)
အခန်း-(၄၂)
အခန်း-(၄၃)
အခန်း-(၄၄)
အခန်း-(၄၅)
အခန်း-(၄၆)
အခန်း-(၄၇)
အခန်း-(၄၈)
အခန်း-(၄၉)
အခန်း-(၅၀)
အခန်း-(၅၁)
အခန်း-(၅၂)
အခန်း-(၅၃)
အခန်း-(၅၄)
အခန်း-(၅၅)
အခန်း-(၅၆)
အခန်း-(၅၇)
အခန်း-(၅၈)
အခန်း-(၅၉)
အခန်း-(၆၀)
အခန်း-(၆၁)
အခန်း-(၆၂)
အခန်း-(၆၃)
အခန်း-(၆၄)
အခန်း-(၆၅)
အခန်း-(၆၆)
အခန်း-(၆၇)
အခန်း-(၆၈)
အခန်း-(၆၉)
အခန်း-(၇၀)
အခန်း-(၇၁)
အခန်း-(၇၂)
အခန်း-(၇၂.၁)
အခန်း-(၇၃)
ဇာတ်သိမ်းပိုင်း
Hello
Extra
About loves
Book
Book Announcement

အခန်း-(၁၄)

27.7K 2.5K 152
By Sattttttttt

ထွန်းစ၏ နားထဲတွင် သစ်ကိုင်းကျိုးသံများကြားနေရသည်။ တဂျွတ်ဂျွတ် တဂျက်ဂျက် မြည်သံများနှင့် နားထင်ဖျားသို့ ပွတ်တိုက်သွားသော အချွန်စများက အပြိုင်အဆိုင်နေရာလုနေကြ၏။ ကြောက်စိတ်ဖြင့် ရင်ခွင်ထဲ တိုးဝင်မိလျှင် ထိန်တင့် လက်မောင်းများက သူ့ကို ယုယထားဆဲ ဖြစ်သည်။ သူ့ တံတောင်နှင့် ဒူးများမှာ မြေကြီးပေါ်က သစ်ငုတ်တို့ကြောင့် ပြဲပြဲစုတ်ကုန်၏။ မိမိတောင် သည်လောက်ဖြစ်နေသည် ဆိုလျှင် မိမိအား ကာကွယ်ပေးထားသော ပြစ်မျိုးမှည့်မထင် ထိန်တင်က မည်သို့ ခံနေရမည်နည်း။

သူ အသံထွက်၍ မရလောက်အောင်၊ ဘာမျှ မမြင်နိုင်လောက်အောင် ရင်ခွင်တွင်း ချုပ်ဖက်ခံထားရသည်။ ကမ်းပါးများအတိုင်း လိမ့်ဆင်းလာသော ခန္ဓာကိုယ်နှစ်ခုဟာ လေပေါ် မြှောက်သွားသည့်အခါ မြှောက်၊ မြေကြီးနှင့် လူးသည့်အခါလူး နှင့် ရုတ်ရုတ်သဲသဲ ပြုတ်ကျရသည်။

ဒုတ် ..

ထိန်တင်၏ ရင်အုံမှ ခွာလိုက်သော ထွန်းစသည် ခေါင်းတစ်ခုလုံး ကျိန်းကျိန်းစက်အောင် မူးဝေနေလျက် ခေါင်းထောင်လိုက်မိသည်။ သူတို့ လဲနေသည့် နေရာမှာ မတ်စောက်မှုမရှိဘဲ ပြန့်ဖြူးနေ၏။ ထွန်းစက ချာချာလည်မူးနေသော်လည်း ထိန်တင်၏ ကိုယ်ကို ဦးဆုံး မယူလှုပ်ခါမိသည်။

"ထိန်တင် .. ထိန်တင်"

မျက်စေ့များ ပြန်လည်ကြည်လင်သွားချိန်တွင် သူ့ လက်ပေါ်မှ ထိန်တင်က သတိမေ့မြောနေကြောင်း တွေ့ရသည်။

အို .. ထိန်တင့် ဦးခေါင်းတွင် သွေးများ ဖြာထွက်နေသည်။

"ထိန် .. ထိန်တင်"

ထွန်းစက ရှပ်ကို ဆွဲချွတ်လိုက်ပြီး ထိန်တင့် ခေါင်းက သွေးများကို သုတ်ပေးသည်။ ယိုစိမ့်နေသော ဦးခေါင်းတစ်နေရာကိုလည်း စည်းနှောင်ပေး၏။ သည်ထက်ပိုပြီး သူ ဘာမှ မလုပ်တတ်။

ထွန်းစသည် မိမိကိုယ်ကို သေပြီဟု ထင်စဉ်က ခံစားမိသော နာကျင်မှူထက်ပင် ပို၍ ထိခိုက်ကြေကွဲနေသည်။ သူ၏ မျက်ရည်လုံးများမှာ ထိန်တင့် ပါးပြင်ပေါ်သို့ ပင်လယ်ရေဟုန်အလား စီးကျကုန်၏။

သူ့ ရှိုက်သံများ အသံထွက်စ မပြုခင်တွင် ထိန်တင်၏ မျက်လွှာက ပင်ပန်းကြီးစွာ ပွင့်ဟလာသည်။ အနည်းငယ်မျှ မြင်ရသော ပယင်းရောင် မျက်ဆံများကြောင့် ထွန်းစ၏ ငိုသံများ ပြတ်ကျသွားသည်။

"ထွန်း .. စ"

ထိန်တင်၏ နားထင်တွင် ပြတ်ရှာရာတစ်ခုရှိရာ ထိုမှ စီးလာသော သွေးကြောင်းက နှုတ်ခမ်းပါးများကို ဖြတ်စီးသွားသည်။ သူ့နာမည်အား လေသံလေးထွက်ရုံ ခေါ်ပြီးသည့်နောက် ထိန်တင်သည် ဘာမှ ထပ်မပြောဘဲ ထွန်းစကို ငေး၍ ပြုံးသည်။ ထိုအပြုံးတွင် အားအင်များစွာ ပါဝင်၏။ ထွန်းစဝယ် မရှိခဲ့ဖူးသော မာန်တစ်ခုကို ထိန်တင်၏ ငြိမ်းချမ်းမှုတွင် ရှာတွေ့မိသည်။

ထို့စဉ် ထိန်တင်၏ မျက်ဝန်းများက ပိတ်ကျသွားသည်။ တစ်ဆက်တည်း၌ပင် တောထဲမှ အသံများ ဆူညံလာ၏။ လူတို့၏ ဝမ်းနည်းကြေကွဲစွာနှင့် ယူကြုံးမရဖြစ်စွာ  အော်ဟစ်မြည်တမ်းနေသော အသံများနှင့် တူသည်။ ထိုအသံများ ဘယ်က လာသည်ကို ထွန်းစ မသိ။

ဝူး .. ဟူး ....

လေပြင်းများက အသံမြည်အောင် တိုက်ခတ်နေသော်လည်း ထိုအော်သံများကို ဖုံးသွားခြင်းမရှိခဲ့။ နှိုးထမလာသော ထိန်တင်နှင့် ဘာမှန်းမသိသော အသံများကြောင့် ထွန်းစ သိပ်ကြောက်လာသည်။ ထိုအရာများသည် လူအော်သံနှင့် တူသော်လည်း လူအော်သံဟု ပြော၍မရ။ လေ၏ အသွေ့တွင်မှ ပါလာသော ထူးထူးဆန်းဆန်းဟစ်မြည်းသံများ ဖြစ်သည်။

တောခြောက်နေသည်ဟု ထင်မိပြီး ထွန်းစသည်  ပါးစပ်ထဲရှိရာ ဘုရားစာများကို ရွတ်လိုက်သည်။ သို့သော် ဝမ်းနည်းဖွယ်ကောင်းသည်က ထိုဘုရားစာများကို သူ မမှတ်မိပါ။ မမှတ်မိသည်မှာလည်း ဘယ်တော့မှ မရွတ်ဆိုခဲ့ဖူးသောကြောင့် ဖြစ်သည်။

ထိုအသံများသည် မိနစ်ပိုင်းမျှ အကြာတွင် လုံးဝ ရပ်တန့်သွားသည်။ ထွန်းစလည်း ထိန်တင် သက်သောင့်သက်သာ ဖြစ်ရန် အရေးကြီးနေသဖြင့် ကိုယ်ကိုမကာ အနီးရှိ ကျောက်စိုင်အကြီးကြီးတွင် ထိုင်လျက် မှီစေရသည်။ သူက ထိန်တင့် ဘေးထိုင်ကာ ဒဏ်ရာကို သွေးထွက် မထွက် ထပ်မံစစ်ဆေးသည်။ ထိန်တင်၏ ကြယ်သီးများ ပြုတ်ထွက်နေသော ရှပ်အင်္ကျီကို ပြန်စေ့ပေးရင်း မီးဖိုရန် ပြင်ရသည်။ နေဝင်သွားပြီဖြစ်၍  တောကြီးမျက်မည်း၏ အလယ်တွင် တောကောင်များ မကပ်လာနိုင်ရန် မီးဖိုရမည်။

ဖြာတက်လာသော မီးအလင်းရောင်၏ အောက်တွင် ထိန်တင်၏ ခမ်းနားထည်ဝါသော မျက်နှာရှင်းရှင်းက ပေါ်လာသည်။ ထွန်းစက ထိန်တင့်နားထင်က သွေးကြောင်းများကို လက်ဖဝါးဖြင့် ပွတ်သုတ်ပေးသည်။ သည်လို အပွန်းအပဲ့ အထိအရှ ရှိနေသည့် ကြားမှတောင် ထိန်တင်ဟာ ပြစ်ချက်မဲ့လွန်းလှသည်။

ပိုးကောင်လေးများက မီးတောက်တို့ကြားထဲ တဖျောက်ဖျောက်တိုးဝင်နေသည်။ အပေါ်ပိုင်း အဝတ်ဗလာနှင့် ထွန်းစသည် ထိန်တင့်အား သူ့ ရင်ခွင်ထဲမှာ ထည့်လျက် အသက်မဲ့စွာ ထိုင်နေလေသည်။

ထိန်တင့် လက်ချောင်းများကို သူ့ လက်တွင်း ဆုပ်ထွေးထားပြီး ပုခုံးပေါ်သို့ ကျနေသော ဆံနွယ်တို့ကို မျက်ဝန်းမှိုင်းများဖြင့် ငေးကြည်မိသည်။ ပူပန်စိတ်က လှိုက်တက်နေသော်လည်း ထိန်တင် ဘာမျှ ကြီးကြီးမားမား မဖြစ်လောက်ဟု သူ့စိတ်ထဲ ယုံကြည်နေမိသည်။ ထိန်တင်ဟာ သာမာန်ကောင်လေးမဟုတ်ကြောင်းကိုလည်း သူ ကောင်းစွာ သိသည်။

ထိန်တင် နွေး၊ မနွေးတော့မသိ။ သူတော့ အတော် ချမ်းလာပြီဖြစ်သည်။ ထို့ကြောင့် ရင်ခွင်ထဲမှ ထိန်တင့်ကို တိုး၍ ဖက်ထားမိ၏။ ထိန်တင့် အသားလေးများက နွေးနေသည်။ နေရောင်အောက်က ပန်းတစ်ပွင့်လို နွေးမြမြနှင့် နူးညံ့နေသည်။

အချိန်မည်မျှ ကြာလိုက်သည်မသိ။ သူ မှေးခနဲ အိပ်ပျော်သွားရာမှ ခြေသံ တစ်ရပ်ကြောင့် ရုတ်တရက် လန့်နှိုးသွားမိသည်။ ခြေသံမှာ လူ၏ ခြေသံမဟုတ်။ တောကောင်တစ်ကောင်၏ ခြေသံပေတည်း။

ထွန်းစက မျက်လုံးများကို မှေးကြည့်လိုက်ပါက နီတောက်နေသော မီးမွှား၏ အနောက်တွင် အကောင်တစ်ကောင် လှုပ်ရှားနေသည်ကို တွေ့ရသည်။ ရင်ထဲ၌ ဟပ်ခနဲ ပူသွားပြီး ထိန်တင့်လက်များကို ဖျစ်ညှစ်လိုက်မိသည်။ ထူးဆန်းသည်က သူ မတ်တပ် ထ၍ မရ။ မှိုင်းရစ် ရီဝေ၍ အမြင်များ ဝါးနေသည်။

မီးတောက်၏ အနောက်မှ သတ္တဝါသည် မီးပုံဆီသို့ အင်မတန် နီးကပ်စွာ ရွေ့လာသည်။ ထွန်းစ သိရသလောက် သည်တောထဲမှာ အရိုင်းဆန်သော တောကောင်မျိုးမရှိပါ။ ရှိလည်း မရှိနိုင်။ သို့သော် အနီးကပ် မြင်လိုက်ရမှ ..

"God .. "

ထိုကောင်ဟာ လည်ဆံမွေးဖွားဖွားနှင့် ခြင်္သေ့ထီးကြီးတစ်ကောင် ဖြစ်နေလေသည်။ ထွန်းစ မျက်ခွံများကို ဖိမှိတ်၍ အသက်ပါ အောင့်လိုက်မိသည်။ ပေါင် ၄၀၀ ကျော်လောက်ရှိမည်ဖြစ်သော   ခြင်္သေ့ကြီးသည် မီးပုံထက် လေးငါးပေမျှ မြင့်ကာ ခြေတံရှည်ကြီးများဖြင့် ကိုယ်ဟန်ပြ လမ်းလျှောက်နေသည်။ ခြင်္သေ့၏ ပယင်းရောင်မျက်ဝန်းများသည် ထိန်တင့်ကိုသာ စူးရှနက်နဲစွာ ကြည့်နေလေ၏။ ထွန်းစ သူ့ ဘေးသို့ ကြည့်လိုက်ချိန်တွင် မီးဖိုရန် ပြင်ထားသော သစ်ကိုင်းခြောက်အနည်းငယ်မျှလွဲ ခုခံစရာမတွေ့။

ထိန်တင့်အား ခုန်အုပ်မည်ဆိုပါက ထိုသားကောင်ရှေ့တွင် သူသာ ဝင်ခံလိုက်မည်။ ထွန်းစဝယ် ရွေးချယ်စရာ မရှိခဲ့။ ပို၍ ခက်သည်မှာ သူ့ ခြေထောက်များ၊ လက်များက လှုပ်မရ ပြုမရဖြစ်ခြင်းပင်။

ခြင်္သေ့သည် ဘယ်မှညာသို့ လေးငါးခါမျှ လှမ်းလျှောက်နေသော်လည်း မီးဖိုကို ကျော်၍ သူတို့အနီးသို့ လှမ်းလာခြင်းမရှိ။ ထိန်တင့်ကိုသာ ကြည့်မြဲကြည့်နေသည်။ ထို့အတူ ထွန်စ၏ မျက်လုံးများကလည်း ခြင်္သေ့ကို စိုက်ကြည့်နေသည်။ ထိန်တင့်ကို တစ်ခုခု လုပ်ပါက သူ့တွင် ကာကွယ်နိုင်သည်မှာ ဝင်အစားခံဖို့ပဲ ရှိသည်။

ထိုစဉ် ခြင်္သေ့သည် ထိန်တင်၏ သွေးစက်များ ကျခဲ့သော မြေနေရာ၏ အနောက်တွင် ခြေစုံရပ်သွား၏။ မျက်လုံးများကတော့ ထိန်တင့်ဆီမှ မရွေ့။ ထွန်းစ စူးစိုက်ကြည့်နေဆဲတွင် ခြင်္သေ့ကြီးသည် ကျယ်လောင်စွာ ဟိန်ဟောက်လိုက်လေသည်။

ဝေါင်း ...

တောတခွင်လုံးသို့ ဟိန်းပျံ့သွားသော ထိုအသံမှာ သောသောညံပြီး ထွန်းစ၏ ခန္ဓာကိုယ်မှ သွေးကြောများက အေးခဲသွားသလို ဝမ်းဗိုက်တွင်းမှ လှိုက်တက်၍ ကြောက်ရွံ့စိတ်ဝင်မိသည်။ နားများလည်း အူခါသွားသည်။ ရင်တွင်းက နှလုံးမှာ တလှပ်လှပ်နှင့် တစ်ကိုယ်လုံး လေပေါ် လွင့်နေသကဲ့သို့ စိတ်နှင့် ခန္ဓာနှစ်ခု ကွဲသွားသည်။ ထွန်းစ သူ့ကိုယ်သူ အသက်ရှု၏ မရှု၏ပင် မသိ။

သို့ရာတွင် သူ့ အမြင်အာရုံကတော့ ခြင်္သေ့ဆီမှ မကွာဘဲ ရှိနေသည်။ လွတ်ထွက်သွားသော ဒြပ်ကို ဖမ်းမိရန် မကြိုးစားဘဲ အနည်းငယ်မျှ အလုပ်လုပ်သေးသော ဦးနှောက်က ခြင်္သေ့ ဘာဆက်လုပ်မည်ကို ထောက်လှမ်းနေ၏။

ခြင်္သေ့ကြီးသည် အားရပါးရ ဟိန်းအော်လိုက်ပြီးနောက် အံ့သြလောက်ဖွယ် အပြုအမူတစ်ရပ်ကို ပြုလိုက်လေသည်။ ယင်း၏ ခေါင်းကို ထိန်တင့် သွေးကျရာ မြေပြင်ပေါ်သို့ ချိုးချထိစပ်လိုက်ရာ ထွန်းစက မျက်လုံးများ ပြူးကျယ်၍ ကြည့်မိသည်။

ခြင်္သေ့သည် ထိုကဲ့သို့ ခေါင်းမဖော်ဘဲနေကာ ခြေလေးချောင်းလုံးကိုပါ ထိုင်ချ၍ မြေစိုစိုပေါ် ဦးညွှတ်ဝပ်တွားနေသည်။ ဒါ ဘာကို ဆိုလိုသနည်း။

အတန်ကြာမှ ပြန်ဖော်လိုက်သော တောဘုရင်၏ နဖူးတွင် သွေးရဲရဲက တံဆိပ်ခတ်သလို ကပ်လာခဲ့သည်။ ခြင်္သေ့ကြီးသည် ထိန်တင့်အား မလှုပ်မယှက်နှင့် တည်ငြိမ်စွာ စိုက်ကြည့်ပြီးနောက် နေရာမှ တစ်လှမ်းချင်း လှည့်ပြန်ခဲ့လေသတည်း။

ထို့နောက် ထွန်းစသည် အကြာကြီး ရေနစ်နေရာမှ ပြန်အသက်ရှုနိုင်သော လူတစ်ဦးကဲ့သို့ ပင့်သက်ကို အသည်းအသန်ရှိုက်မိသည်။ မလှမ်းမကမ်းမှ ခြင်္သေ့ကြီး၏ ပြန်သွားပုံကို အသိကပ်၍ ကြည့်နေဆဲတွင် သူ့ မျက်ခွံများ လေးလံလာသည်။ မြင်ကွင်းသည် ထပ်မံ ဝေဝါးကာ သူ့ ခေါင်းတို့ ချာချာလည်လာ၏။ ထို့နောက် သူ ဂရုမပြုမိသော အချိန်တွင် သူ့ ခေါင်းမှာ ကျောက်စွန်းပေါ်သို့ ဖြည်းညင်းစွာ ချ၍ အိပ်စက်ခြင်းနောက် ပြေးလိုက်သွားခဲ့လေသည်။

မတ်စောက်သော ကမ်းပါးစွန်းများ၏ အောက်ရှိ မြေပြန့်အစပ်၌ ရပ်နေသော ခြင်္သေ့သည် ထိုမှ ဆက်၍ မသွားဘဲ နက်မည်းနေသော ကောင်းကင်ပေါ်သို့ မော်ကြည့်ကာ ထပ်မံ ဟိန်းဟောက်လိုက်သည်။ အဲ့သည်နောက် ... ကြီးမားကြံ့ခိုင်သော တောဘုရင်၏ ကိုယ်ထည်သည် တစ်စပြီးတစ်စ ဖွာလွင့်ကာ မြူမှုန်များဖြစ်၍ အထက်ကောင်းကင်သို့ ဆန်တက်သွားလေသတည်း။

••••

"ဆိုင်းရစ်ဇ် ... ရိုနန်"

"Are you guys here"

ဓာတ်မီးရောင် တဝင်းဝင်းကြောင့် ထွန်းစ၏ မျက်ခွံများက လှုပ်ခတ်လာသည်။ သူတို့ကို အော်ခေါ်သော ဆရာ၊ ဆရာမတို့၏ အသံများကို ကြားနေရသည်။ အကူအညီ ရောက်ပြီဟူသော အသိကြောင့် မျက်ခွံများက ဖျတ်ခနဲ ပွင့်သွားသည်။

"We are here .. "

ထွန်းစ၏ အသံက ဝမ်းမြောက်ဝမ်းသာ ဆောင့်ထွက်သွားလေသည်။ ထိန်တင့် အခြေအနေကိုလည်း ငဲ့ကြည့်လိုက်သေး၏။ ထိန်တင်ဟာ စဦး မေ့မြောခဲ့စဉ်ကအတိုင်း သူ့ ပုခုံးပေါ်မှာ ငြိမ်ငြိမ်ကလေး ရှိနေသည်။

"မင်းဘာမှမဖြစ်ရဘူး ဟန်နီ"

သူက နှုတ်ခမ်းလှုပ်ရုံ ရေရွတ်ပြီး ထိန်တင်၏ ဆံပင်များထဲသို့ နှာခေါင်းနှစ်၍ နမ်းရှိုက်လိုက်လေသည်။

••••

ထိုညက ကြုံခဲ့သော အဖြစ်အပျက်ကို ကျောင်းဆေးရုံ ရောက်သည်အထိ ထွန်းစ မေ့မရဆဲ ဖြစ်သည်။ သို့တိုင်အောင် ဘယ်သူ့ကိုမှ မပြောပြခဲ့။ ပြောခဲ့လျှင်လည်း အဖြေက တစ်ခုတည်း ထွက်မည်။ ကျောင်းအနီးက တောမို့ ကလေးများအတွက် အန္တရာယ်ရှိသည်ဆိုကာ တောလှန်လျှင် လှန်မည်။ ထိုသို့ လှန်ပါကလည်း တောရိုင်းကောင်မရှိကြောင်း အဖြေထွက်လိမ့်မည်။ အစကတည်းက တောရိုင်းကောင်ရှိသည့် တောအနားမှာ ဂရေ့စ်ပက်ထရေရှန်ဟာ ဆောက်လုပ်ထားမည်မဟုတ်။

ထွန်းစ ကိုယ်တိုင်လည်း အစစ်အမှန်ဖြစ်ကြောင်း မသေချာ။ အိပ်ငွေ့ချခံသလို မှုန်ရီဝိုးတဝါး အသိဉာဏ်မှာ တွေ့ခဲ့သော သတ္တဝါဖြစ်သည်။ စစ်မှန်သော ခြင်္သေ့ဖြစ်မည်ဆိုလျှင်လည်း သူတို့အား အဝေးမှ နေ၍ အလှကြည့်မနေ။ မြေကြီးမှာ ဦးညွှတ်၍ နဖူးထိပ်တွင် သွေးလူးမည့် သတ္တဝါမျိုးလည်း မဟုတ်။

"ကိုကို .."

ခေါ်သံကြား၍ ငုံ့ကြည့်မိတော့ သူ့ လက်ဖျားကို လာဆွဲနေသည့် ရိုချယ်။ မျက်နှာလေးက ငိုမဲ့မဲ့နှင့် ကုတင်ပေါ်မှ သူ့အကိုကြီးကို တလှည့်၊ ထွန်းစကို တလှည့် ကြည့်နေသည်။

"ကိိုကိုကြီးက အကြာကြီးနေမကောင်းဖြစ်မှာလားဟင်"

ထွန်းစက ခပ်မဲ့မဲ့ပြုံး၍ ညီမငယ်ကို ပွေ့ချီလိုက်သည်။ ရိုချယ်လေးက ငါးနှစ်အရွယ်သာ ရှိသေးသော်လည်း တခြားကလေးများထက် ပို၍ သွက်သည်။ သူ့အကို မေ့မြောနေသည်ကိုလည်း လူကြီးများက ရှင်းပြရန် မလိုအောင် နားလည်သည်။

"အကြာကြီးမဖြစ်ပါဘူး သမီးရဲ့။ ခဏလေးပဲ အနားယူနေတာ ... သမီးရဲ့ ကိုကိုကြီးက သိပ်သန်မာတာ သိတယ်မဟုတ်လား"

ညိမ့်ပြလာသော ခေါင်းလုံးလုံးလေးကို ပွတ်၍ ထွန်းစ သက်ပြင်းရှိုက်လိုက်သည်။ ထိန်တင်ဟာ စံထိန်သာ၏ အရေးကြီးဆုံးလူဖြစ်တာမို့ မိသားစုဝင်များက ပြာနေအောင် ဂရုစိုက်ကြသည်။

ကျောက်စောင်းနှင့် ရိုက်၍ နောက်စေ့ကို ထိသွားသော်လည်း ထိန်တင်က အသက်ဘေးထိမရောက်ခဲ့။ ဆရာဝန်က သူ့ ခေါင်းကို ပတ်တီးစည်းပေးပြီး သတိပြန်လည်လာမည့် အချိန်ကို စောင့်ရန်သာ ညွှန်ကြားသွားသည်။ သို့သော် ညပိုင်းအထိ သတိပြန်မရသေးသော ထိန်တင့်ကို ကြည့်ပြီး မေမေကြီးက တရှိုက်ရှိုက်ငိုသည်။

ကျောင်း၏ စည်းကမ်းအရ ညအိပ်စောင့်ခွင့်မရှိသည်မို့ လူကြီးတွေက အိမ်ပြန်သွားကြရသည်။

ထွန်းစက ခွင့်ရ၍ ထိန်တင့်အနီးမှာ စောင့်ဆိုင်းပေးနိုင်ခဲ့သည်။ ဆေးရုံကုတင်မှာ လဲလျောင်းနေသော ထိန်တင်သည် သူ့ အမြင်တွင် ပုံမှန်ကျကျ အိပ်စက်နေသကဲ့သို့ ခံစားရသည်။ ထိန်တင့် မျက်ခွံများက သွေးရောင်လွှမ်းနေကာ လက်ချောင်းထိပ်လေးများကလည်း နီရဲနေသည်။

ထွန်းစက သူနှင့် ထိန်တင်၏ လက်ဖဝါးတို့ကို အချင်းချင်း ပွတ်တိုက်သည့်အခါ အသက်ဝင်သော အိစက်ခြင်းကို ထိတွေ့မိသည်။ ထိန်တင်၏ လှပခိုင်မြဲသော လက်ချောင်းများကို ပါးပြင်သို့ ကပ်လျှင်တော့ လက်ချောင်းတစ်ချောင်းချင်းစီ၏ ထိပ်မှ နေ၍ သူ့ အသားပြင်ထဲသို့ ကြည်နူးခြင်းတွေ စိမ့်ယိုလာကြောင်း အသိဝင်မိလေသည်။

ထွန်းစသည် လူနာစောင့်ကုတင်တွင် စောင့်အိပ်သော်လည်း လူနာကို လှမ်းကြည့်ရင်း အိပ်မပျော်။ သို့ဖြစ်၍ နေရာမှ ထပြီး ဟိုလျှောက် သည်လျှောက်လုပ်ကာ ထိန်တင့်ဘေးသို့ သွားရပ်မိသည်။ ကုတင်ပေါ် တက်ထိုင်ကာ လူနာ၏ နဖူးကို စမ်းကြည့်တော့ ကိုယ်အပူရှိန်က နွေးနေဆဲ ဖြစ်သည်။

နားထင်နားတွင် ပလာစတာ တစ်ခုနှင့် ခေါင်းအထက်ပိုင်းကို ပတ်တီးစည်းထားရသော ထိန်တင်သည် သူ၏ ဘဝတွင် ယခုအခါမှ ဤသို့ ပြင်းထန်စွာ ထိခိုက်ဖူးတာ ဖြစ်သည်။ ထိန်တင်ဟာ မွေးဖွားစဉ်တစ်ချိန်တည်းလျှင်မှ ဆေးရုံတက်ခဲ့ရပြီး အမြဲတမ်း ကျန်းမာသန်စွမ်းနေခဲ့ကြောင်း မေမေကြီးက ငိုယိုပြောခဲ့သည်။

သူ သိရသလောက် ထိန်တင်သည် ခက်ခဲ၍ ကြောက်စရာကောင်းသော အခိုက်ကို နှစ်ကြိမ်မျှ တွေ့ခဲ့ဖူးသည်။ နှစ်ကြိမ်လုံးဟာ သူ့ပယောဂကြောင့် ဖြစ်သည်။ သည်လို တွေးမိပြန်တော့ ထွန်းစ၏ မျက်ဝန်းများက မှိန်ကျသွားသည်။

ရင်ထဲတွင် ထိုပင်ပန်းမှုကြီးက ခဲဆွဲနေကာ ထွန်းစသည် ထိန်တင်၏ ဘေးသို့ လှဲချလိုက်သည်။ ထိန်တင်၏ ကိုယ်သင်းရနံ့က သူ့ နှာသီးဖျားသို့ လာရောက် ပွတ်တိုက်သွားသည်။

ထွန်းစသည် ထိန်တင်၏ လက်မောင်းလက်နားသို့ အသားကို မထိစေဘဲ တိုးကပ်လိုက်ရင်း မျက်ခွံများကို ကြည်ဖြူစွာ ဖိမှိတ်လိုက်လေသည်။

•••

ဆက်ရန် ..

Song for this Chapter.

•••

ထြန္းစ၏ နားထဲတြင္ သစ္ကိုင္းက်ိဳးသံမ်ားၾကားေနရသည္။ တဂြၽတ္ဂြၽတ္ တဂ်က္ဂ်က္ ျမည္သံမ်ားႏွင့္ နားထင္ဖ်ားသို႔ ပြတ္တိုက္သြားေသာ အခြၽန္စမ်ားက အၿပိဳင္အဆိုင္ေနရာလုေနၾက၏။ ေၾကာက္စိတ္ျဖင့္ ရင္ခြင္ထဲ တိုးဝင္မိလွ်င္ ထိန္တင့္ လက္ေမာင္းမ်ားက သူ႕ကို ယုယထားဆဲ ျဖစ္သည္။ သူ႕ တံေတာင္ႏွင့္ ဒူးမ်ားမွာ ေျမႀကီးေပၚက သစ္ငုတ္တို႔ေၾကာင့္ ၿပဲၿပဲစုတ္ကုန္၏။ မိမိေတာင္ သည္ေလာက္ျဖစ္ေနသည္ ဆိုလွ်င္ မိမိအား ကာကြယ္ေပးထားေသာ ျပစ္မ်ိဳးမွည့္မထင္ ထိန္တင္က မည္သို႔ ခံေနရမည္နည္း။

သူ အသံထြက္၍ မရေလာက္ေအာင္၊ ဘာမွ် မျမင္နိုင္ေလာက္ေအာင္ ရင္ခြင္တြင္း ခ်ဳပ္ဖက္ခံထားရသည္။ ကမ္းပါးမ်ားအတိုင္း လိမ့္ဆင္းလာေသာ ခႏၶာကိုယ္ႏွစ္ခုဟာ ေလေပၚ ျမႇောက္သြားသည့္အခါ ျမႇောက္၊ ေျမႀကီးႏွင့္ လူးသည့္အခါလူး ႏွင့္ ႐ုတ္႐ုတ္သဲသဲ ျပဳတ္က်ရသည္။

ဒုတ္ ..

ထိန္တင္၏ ရင္အုံမွ ခြာလိုက္ေသာ ထြန္းစသည္ ေခါင္းတစ္ခုလုံး က်ိန္းက်ိန္းစက္ေအာင္ မူးေဝေနလ်က္ ေခါင္းေထာင္လိုက္မိသည္။ သူတို႔ လဲေနသည့္ ေနရာမွာ မတ္ေစာက္မႈမရွိဘဲ ျပန႔္ျဖဴးေန၏။ ထြန္းစက ခ်ာခ်ာလည္မူးေနေသာ္လည္း ထိန္တင္၏ ကိုယ္ကို ဦးဆုံး မယူလႈပ္ခါမိသည္။

"ထိန္တင္ .. ထိန္တင္"

မ်က္ေစ့မ်ား ျပန္လည္ၾကည္လင္သြားခ်ိန္တြင္ သူ႕ လက္ေပၚမွ ထိန္တင္က သတိေမ့ေျမာေနေၾကာင္း ေတြ႕ရသည္။

အို .. ထိန္တင့္ ဦးေခါင္းတြင္ ေသြးမ်ား ျဖာထြက္ေနသည္။

"ထိန္ .. ထိန္တင္"

ထြန္းစက ရွပ္ကို ဆြဲခြၽတ္လိုက္ၿပီး ထိန္တင့္ ေခါင္းက ေသြးမ်ားကို သုတ္ေပးသည္။ ယိုစိမ့္ေနေသာ ဦးေခါင္းတစ္ေနရာကိုလည္း စည္းေႏွာင္ေပး၏။ သည္ထက္ပိုၿပီး သူ ဘာမွ မလုပ္တတ္။

ထြန္းစသည္ မိမိကိုယ္ကို ေသၿပီဟု ထင္စဥ္က ခံစားမိေသာ နာက်င္မႉထက္ပင္ ပို၍ ထိခိုက္ေၾကကြဲေနသည္။ သူ၏ မ်က္ရည္လုံးမ်ားမွာ ထိန္တင့္ ပါးျပင္ေပၚသို႔ ပင္လယ္ေရဟုန္အလား စီးက်ကဳန္၏။

သူ႕ ရွိုက္သံမ်ား အသံထြက္စ မျပဳခင္တြင္ ထိန္တင္၏ မ်က္လႊာက ပင္ပန္းႀကီးစြာ ပြင့္ဟလာသည္။ အနည္းငယ္မွ် ျမင္ရေသာ ပယင္းေရာင္ မ်က္ဆံမ်ားေၾကာင့္ ထြန္းစ၏ ငိုသံမ်ား ျပတ္က်သြားသည္။

"ထြန္း .. စ"

ထိန္တင္၏ နားထင္တြင္ ျပတ္ရွာရာတစ္ခုရွိရာ ထိုမွ စီးလာေသာ ေသြးေၾကာင္းက ႏႈတ္ခမ္းပါးမ်ားကို ျဖတ္စီးသြားသည္။ သူ႕နာမည္အား ေလသံေလးထြက္႐ုံ ေခၚၿပီးသည့္ေနာက္ ထိန္တင္သည္ ဘာမွ ထပ္မေျပာဘဲ ထြန္းစကို ေငး၍ ၿပဳံးသည္။ ထိုအၿပဳံးတြင္ အားအင္မ်ားစြာ ပါဝင္၏။ ထြန္းစဝယ္ မရွိခဲ့ဖူးေသာ မာန္တစ္ခုကို ထိန္တင္၏ ၿငိမ္းခ်မ္းမႈတြင္ ရွာေတြ႕မိသည္။

ထို႔စဥ္ ထိန္တင္၏ မ်က္ဝန္းမ်ားက ပိတ္က်သြားသည္။ တစ္ဆက္တည္း၌ပင္ ေတာထဲမွ အသံမ်ား ဆူညံလာ၏။ လူတို႔၏ ဝမ္းနည္းေၾကကြဲစြာႏွင့္ ယူႀကဳံးမရျဖစ္စြာ  ေအာ္ဟစ္ျမည္တမ္းေနေသာ အသံမ်ားႏွင့္ တူသည္။ ထိုအသံမ်ား ဘယ္က လာသည္ကို ထြန္းစ မသိ။

ဝူး .. ဟူး ....

ေလျပင္းမ်ားက အသံျမည္ေအာင္ တိုက္ခတ္ေနေသာ္လည္း ထိုေအာ္သံမ်ားကို ဖုံးသြားျခင္းမရွိခဲ့။ ႏွိုးထမလာေသာ ထိန္တင္ႏွင့္ ဘာမွန္းမသိေသာ အသံမ်ားေၾကာင့္ ထြန္းစ သိပ္ေၾကာက္လာသည္။ ထိုအရာမ်ားသည္ လူေအာ္သံႏွင့္ တူေသာ္လည္း လူေအာ္သံဟု ေျပာ၍မရ။ ေလ၏ အေသြ႕တြင္မွ ပါလာေသာ ထူးထူးဆန္းဆန္းဟစ္ျမည္းသံမ်ား ျဖစ္သည္။

ေတာေျခာက္ေနသည္ဟု ထင္မိၿပီး ထြန္းစသည္  ပါးစပ္ထဲရွိရာ ဘုရားစာမ်ားကို ႐ြတ္လိုက္သည္။ သို႔ေသာ္ ဝမ္းနည္းဖြယ္ေကာင္းသည္က ထိုဘုရားစာမ်ားကို သူ မမွတ္မိပါ။ မမွတ္မိသည္မွာလည္း ဘယ္ေတာ့မွ မ႐ြတ္ဆိုခဲ့ဖူးေသာေၾကာင့္ ျဖစ္သည္။

ထိုအသံမ်ားသည္ မိနစ္ပိုင္းမွ် အၾကာတြင္ လုံးဝ ရပ္တန႔္သြားသည္။ ထြန္းစလည္း ထိန္တင္ သက္ေသာင့္သက္သာ ျဖစ္ရန္ အေရးႀကီးေနသျဖင့္ ကိုယ္ကိုမကာ အနီးရွိ ေက်ာက္စိုင္အႀကီးႀကီးတြင္ ထိုင္လ်က္ မွီေစရသည္။ သူက ထိန္တင့္ ေဘးထိုင္ကာ ဒဏ္ရာကို ေသြးထြက္ မထြက္ ထပ္မံစစ္ေဆးသည္။ ထိန္တင္၏ ၾကယ္သီးမ်ား ျပဳတ္ထြက္ေနေသာ ရွပ္အကၤ်ီကို ျပန္ေစ့ေပးရင္း မီးဖိုရန္ ျပင္ရသည္။ ေနဝင္သြားၿပီျဖစ္၍  ေတာႀကီးမ်က္မည္း၏ အလယ္တြင္ ေတာေကာင္မ်ား မကပ္လာနိုင္ရန္ မီးဖိုရမည္။

ျဖာတက္လာေသာ မီးအလင္းေရာင္၏ ေအာက္တြင္ ထိန္တင္၏ ခမ္းနားထည္ဝါေသာ မ်က္ႏွာရွင္းရွင္းက ေပၚလာသည္။ ထြန္းစက ထိန္တင့္နားထင္က ေသြးေၾကာင္းမ်ားကို လက္ဖဝါးျဖင့္ ပြတ္သုတ္ေပးသည္။ သည္လို အပြန္းအပဲ့ အထိအရွ ရွိေနသည့္ ၾကားမွေတာင္ ထိန္တင္ဟာ ျပစ္ခ်က္မဲ့လြန္းလွသည္။

ပိုးေကာင္ေလးမ်ားက မီးေတာက္တို႔ၾကားထဲ တေဖ်ာက္ေဖ်ာက္တိုးဝင္ေနသည္။ အေပၚပိုင္း အဝတ္ဗလာႏွင့္ ထြန္းစသည္ ထိန္တင့္အား သူ႕ ရင္ခြင္ထဲမွာ ထည့္လ်က္ အသက္မဲ့စြာ ထိုင္ေနေလသည္။

ထိန္တင့္ လက္ေခ်ာင္းမ်ားကို သူ႕ လက္တြင္း ဆုပ္ေထြးထားၿပီး ပုခုံးေပၚသို႔ က်ေနေသာ ဆံႏြယ္တို႔ကို မ်က္ဝန္းမွိုင္းမ်ားျဖင့္ ေငးၾကည္မိသည္။ ပူပန္စိတ္က လွိုက္တက္ေနေသာ္လည္း ထိန္တင္ ဘာမွ် ႀကီးႀကီးမားမား မျဖစ္ေလာက္ဟု သူ႕စိတ္ထဲ ယုံၾကည္ေနမိသည္။ ထိန္တင္ဟာ သာမာန္ေကာင္ေလးမဟုတ္ေၾကာင္းကိုလည္း သူ ေကာင္းစြာ သိသည္။

ထိန္တင္ ေႏြး၊ မေႏြးေတာ့မသိ။ သူေတာ့ အေတာ္ ခ်မ္းလာၿပီျဖစ္သည္။ ထို႔ေၾကာင့္ ရင္ခြင္ထဲမွ ထိန္တင့္ကို တိုး၍ ဖက္ထားမိ၏။ ထိန္တင့္ အသားေလးမ်ားက ေႏြးေနသည္။ ေနေရာင္ေအာက္က ပန္းတစ္ပြင့္လို ေႏြးျမျမႏွင့္ ႏူးညံ့ေနသည္။

အခ်ိန္မည္မွ် ၾကာလိုက္သည္မသိ။ သူ ေမွးခနဲ အိပ္ေပ်ာ္သြားရာမွ ေျခသံ တစ္ရပ္ေၾကာင့္ ႐ုတ္တရက္ လန႔္ႏွိုးသြားမိသည္။ ေျခသံမွာ လူ၏ ေျခသံမဟုတ္။ ေတာေကာင္တစ္ေကာင္၏ ေျခသံေပတည္း။

ထြန္းစက မ်က္လုံးမ်ားကို ေမွးၾကည့္လိုက္ပါက နီေတာက္ေနေသာ မီးမႊား၏ အေနာက္တြင္ အေကာင္တစ္ေကာင္ လႈပ္ရွားေနသည္ကို ေတြ႕ရသည္။ ရင္ထဲ၌ ဟပ္ခနဲ ပူသြားၿပီး ထိန္တင့္လက္မ်ားကို ဖ်စ္ညွစ္လိုက္မိသည္။ ထူးဆန္းသည္က သူ မတ္တပ္ ထ၍ မရ။ မွိုင္းရစ္ ရီေဝ၍ အျမင္မ်ား ဝါးေနသည္။

မီးေတာက္၏ အေနာက္မွ သတၱဝါသည္ မီးပုံဆီသို႔ အင္မတန္ နီးကပ္စြာ ေ႐ြ႕လာသည္။ ထြန္းစ သိရသေလာက္ သည္ေတာထဲမွာ အရိုင္းဆန္ေသာ ေတာေကာင္မ်ိဳးမရွိပါ။ ရွိလည္း မရွိနိုင္။ သို႔ေသာ္ အနီးကပ္ ျမင္လိုက္ရမွ ..

"God .. "

ထိုေကာင္ဟာ လည္ဆံေမြးဖြားဖြားႏွင့္ ျခေသၤ့ထီးႀကီးတစ္ေကာင္ ျဖစ္ေနေလသည္။ ထြန္းစ မ်က္ခြံမ်ားကို ဖိမွိတ္၍ အသက္ပါ ေအာင့္လိုက္မိသည္။ ေပါင္ ၄၀၀ ေက်ာ္ေလာက္ရွိမည္ျဖစ္ေသာ   ျခေသၤ့ႀကီးသည္ မီးပုံထက္ ေလးငါးေပမွ် ျမင့္ကာ ေျခတံရွည္ႀကီးမ်ားျဖင့္ ကိုယ္ဟန္ျပ လမ္းေလွ်ာက္ေနသည္။ ျခေသၤ့၏ ပယင္းေရာင္မ်က္ဝန္းမ်ားသည္ ထိန္တင့္ကိုသာ စူးရွနက္နဲစြာ ၾကည့္ေနေလ၏။ ထြန္းစ သူ႕ ေဘးသို႔ ၾကည့္လိုက္ခ်ိန္တြင္ မီးဖိုရန္ ျပင္ထားေသာ သစ္ကိုင္းေျခာက္အနည္းငယ္မွ်လြဲ ခုခံစရာမေတြ႕။

ထိန္တင့္အား ခုန္အုပ္မည္ဆိုပါက ထိုသားေကာင္ေရွ႕တြင္ သူသာ ဝင္ခံလိုက္မည္။ ထြန္းစဝယ္ ေ႐ြးခ်ယ္စရာ မရွိခဲ့။ ပို၍ ခက္သည္မွာ သူ႕ ေျခေထာက္မ်ား၊ လက္မ်ားက လႈပ္မရ ျပဳမရျဖစ္ျခင္းပင္။

ျခေသၤ့သည္ ဘယ္မွညာသို႔ ေလးငါးခါမွ် လွမ္းေလွ်ာက္ေနေသာ္လည္း မီးဖိုကို ေက်ာ္၍ သူတို႔အနီးသို႔ လွမ္းလာျခင္းမရွိ။ ထိန္တင့္ကိုသာ ၾကည့္ၿမဲၾကည့္ေနသည္။ ထို႔အတူ ထြန္စ၏ မ်က္လုံးမ်ားကလည္း ျခေသၤ့ကို စိုက္ၾကည့္ေနသည္။ ထိန္တင့္ကို တစ္ခုခု လုပ္ပါက သူ႕တြင္ ကာကြယ္နိုင္သည္မွာ ဝင္အစားခံဖို႔ပဲ ရွိသည္။

ထိုစဥ္ ျခေသၤ့သည္ ထိန္တင္၏ ေသြးစက္မ်ား က်ခဲ့ေသာ ေျမေနရာ၏ အေနာက္တြင္ ေျခစုံရပ္သြား၏။ မ်က္လုံးမ်ားကေတာ့ ထိန္တင့္ဆီမွ မေ႐ြ႕။ ထြန္းစ စူးစိုက္ၾကည့္ေနဆဲတြင္ ျခေသၤ့ႀကီးသည္ က်ယ္ေလာင္စြာ ဟိန္ေဟာက္လိုက္ေလသည္။

ေဝါင္း ...

ေတာတခြင္လုံးသို႔ ဟိန္းပ်ံ့သြားေသာ ထိုအသံမွာ ေသာေသာညံၿပီး ထြန္းစ၏ ခႏၶာကိုယ္မွ ေသြးေၾကာမ်ားက ေအးခဲသြားသလို ဝမ္းဗိုက္တြင္းမွ လွိုက္တက္၍ ေၾကာက္႐ြံ႕စိတ္ဝင္မိသည္။ နားမ်ားလည္း အူခါသြားသည္။ ရင္တြင္းက ႏွလုံးမွာ တလွပ္လွပ္ႏွင့္ တစ္ကိုယ္လုံး ေလေပၚ လြင့္ေနသကဲ့သို႔ စိတ္ႏွင့္ ခႏၶာႏွစ္ခု ကြဲသြားသည္။ ထြန္းစ သူ႕ကိုယ္သူ အသက္ရႈ၏ မရႈ၏ပင္ မသိ။

သို႔ရာတြင္ သူ႕ အျမင္အာ႐ုံကေတာ့ ျခေသၤ့ဆီမွ မကြာဘဲ ရွိေနသည္။ လြတ္ထြက္သြားေသာ ျဒပ္ကို ဖမ္းမိရန္ မႀကိဳးစားဘဲ အနည္းငယ္မွ် အလုပ္လုပ္ေသးေသာ ဦးေႏွာက္က ျခေသၤ့ ဘာဆက္လုပ္မည္ကို ေထာက္လွမ္းေန၏။

ျခေသၤ့ႀကီးသည္ အားရပါးရ ဟိန္းေအာ္လိုက္ၿပီးေနာက္ အံ့ၾသေလာက္ဖြယ္ အျပဳအမူတစ္ရပ္ကို ျပဳလိုက္ေလသည္။ ယင္း၏ ေခါင္းကို ထိန္တင့္ ေသြးက်ရာ ေျမျပင္ေပၚသို႔ ခ်ိဳးခ်ထိစပ္လိုက္ရာ ထြန္းစက မ်က္လုံးမ်ား ျပဴးက်ယ္၍ ၾကည့္မိသည္။

ျခေသၤ့သည္ ထိုကဲ့သို႔ ေခါင္းမေဖာ္ဘဲေနကာ ေျခေလးေခ်ာင္းလုံးကိုပါ ထိုင္ခ်၍ ေျမစိုစိုေပၚ ဦးၫႊတ္ဝပ္တြားေနသည္။ ဒါ ဘာကို ဆိုလိုသနည္း။

အတန္ၾကာမွ ျပန္ေဖာ္လိုက္ေသာ ေတာဘုရင္၏ နဖူးတြင္ ေသြးရဲရဲက တံဆိပ္ခတ္သလို ကပ္လာခဲ့သည္။ ျခေသၤ့ႀကီးသည္ ထိန္တင့္အား မလႈပ္မယွက္ႏွင့္ တည္ၿငိမ္စြာ စိုက္ၾကည့္ၿပီးေနာက္ ေနရာမွ တစ္လွမ္းခ်င္း လွည့္ျပန္ခဲ့ေလသတည္း။

ထို႔ေနာက္ ထြန္းစသည္ အၾကာႀကီး ေရနစ္ေနရာမွ ျပန္အသက္ရႈနိုင္ေသာ လူတစ္ဦးကဲ့သို႔ ပင့္သက္ကို အသည္းအသန္ရွိုက္မိသည္။ မလွမ္းမကမ္းမွ ျခေသၤ့ႀကီး၏ ျပန္သြားပုံကို အသိကပ္၍ ၾကည့္ေနဆဲတြင္ သူ႕ မ်က္ခြံမ်ား ေလးလံလာသည္။ ျမင္ကြင္းသည္ ထပ္မံ ေဝဝါးကာ သူ႕ ေခါင္းတို႔ ခ်ာခ်ာလည္လာ၏။ ထို႔ေနာက္ သူ ဂ႐ုမျပဳမိေသာ အခ်ိန္တြင္ သူ႕ ေခါင္းမွာ ေက်ာက္စြန္းေပၚသို႔ ျဖည္းညင္းစြာ ခ်၍ အိပ္စက္ျခင္းေနာက္ ေျပးလိုက္သြားခဲ့ေလသည္။

မတ္ေစာက္ေသာ ကမ္းပါးစြန္းမ်ား၏ ေအာက္ရွိ ေျမျပန့္အစပ္၌ ရပ္ေနေသာ ျခေသၤ့သည္ ထိုမွ ဆက္၍ မသြားဘဲ နက္မည္းေနေသာ ေကာင္းကင္ေပၚသို႔ ေမာ္ၾကည့္ကာ ထပ္မံ ဟိန္းေဟာက္လိုက္သည္။ အဲ့သည္ေနာက္ ... ႀကီးမားႀကံ့ခိုင္ေသာ ေတာဘုရင္၏ ကိုယ္ထည္သည္ တစ္စၿပီးတစ္စ ဖြာလြင့္ကာ ျမဴမႈန္မ်ားျဖစ္၍ အထက္ေကာင္းကင္သို႔ ဆန္တက္သြားေလသတည္း။

••••

"ဆိုင္းရစ္ဇ္ ... ရိုနန္"

"Are you guys here"

ဓာတ္မီးေရာင္ တဝင္းဝင္းေၾကာင့္ ထြန္းစ၏ မ်က္ခြံမ်ားက လႈပ္ခတ္လာသည္။ သူတို႔ကို ေအာ္ေခၚေသာ ဆရာ၊ ဆရာမတို႔၏ အသံမ်ားကို ၾကားေနရသည္။ အကူအညီ ေရာက္ၿပီဟူေသာ အသိေၾကာင့္ မ်က္ခြံမ်ားက ဖ်တ္ခနဲ ပြင့္သြားသည္။

"We are here .. "

ထြန္းစ၏ အသံက ဝမ္းေျမာက္ဝမ္းသာ ေဆာင့္ထြက္သြားေလသည္။ ထိန္တင့္ အေျခအေနကိုလည္း ငဲ့ၾကည့္လိုက္ေသး၏။ ထိန္တင္ဟာ စဦး ေမ့ေျမာခဲ့စဥ္ကအတိုင္း သူ႕ ပုခုံးေပၚမွာ ၿငိမ္ၿငိမ္ကေလး ရွိေနသည္။

"မင္းဘာမွမျဖစ္ရဘူး ဟန္နီ"

သူက ႏႈတ္ခမ္းလႈပ္႐ုံ ေရ႐ြတ္ၿပီး ထိန္တင္၏ ဆံပင္မ်ားထဲသို႔ ႏွာေခါင္းႏွစ္၍ နမ္းရွိုက္လိုက္ေလသည္။

••••

ထိုညက ႀကဳံခဲ့ေသာ အျဖစ္အပ်က္ကို ေက်ာင္းေဆး႐ုံ ေရာက္သည္အထိ ထြန္းစ ေမ့မရဆဲ ျဖစ္သည္။ သို႔တိုင္ေအာင္ ဘယ္သူ႕ကိုမွ မေျပာျပခဲ့။ ေျပာခဲ့လွ်င္လည္း အေျဖက တစ္ခုတည္း ထြက္မည္။ ေက်ာင္းအနီးက ေတာမို႔ ကေလးမ်ားအတြက္ အႏၲရာယ္ရွိသည္ဆိုကာ ေတာလွန္လွ်င္ လွန္မည္။ ထိုသို႔ လွန္ပါကလည္း ေတာရိုင္းေကာင္မရွိေၾကာင္း အေျဖထြက္လိမ့္မည္။ အစကတည္းက ေတာရိုင္းေကာင္ရွိသည့္ ေတာအနားမွာ ဂေရ႕စ္ပက္ထေရရွန္ဟာ ေဆာက္လုပ္ထားမည္မဟုတ္။

ထြန္းစ ကိုယ္တိုင္လည္း အစစ္အမွန္ျဖစ္ေၾကာင္း မေသခ်ာ။ အိပ္ေငြ႕ခ်ခံသလို မႈန္ရီဝိုးတဝါး အသိဉာဏ္မွာ ေတြ႕ခဲ့ေသာ သတၱဝါျဖစ္သည္။ စစ္မွန္ေသာ ျခေသၤ့ျဖစ္မည္ဆိုလွ်င္လည္း သူတို႔အား အေဝးမွ ေန၍ အလွၾကည့္မေန။ ေျမႀကီးမွာ ဦးၫႊတ္၍ နဖူးထိပ္တြင္ ေသြးလူးမည့္ သတၱဝါမ်ိဳးလည္း မဟုတ္။

"ကိုကို .."

ေခၚသံၾကား၍ ငုံ႕ၾကည့္မိေတာ့ သူ႕ လက္ဖ်ားကို လာဆြဲေနသည့္ ရိုခ်ယ္။ မ်က္ႏွာေလးက ငိုမဲ့မဲ့ႏွင့္ ကုတင္ေပၚမွ သူ႕အကိုႀကီးကို တလွည့္၊ ထြန္းစကို တလွည့္ ၾကည့္ေနသည္။

"ကိိုကိုႀကီးက အၾကာႀကီးေနမေကာင္းျဖစ္မွာလားဟင္"

ထြန္းစက ခပ္မဲ့မဲ့ၿပဳံး၍ ညီမငယ္ကို ေပြ႕ခ်ီလိုက္သည္။ ရိုခ်ယ္ေလးက ငါးႏွစ္အ႐ြယ္သာ ရွိေသးေသာ္လည္း တျခားကေလးမ်ားထက္ ပို၍ သြက္သည္။ သူ႕အကို ေမ့ေျမာေနသည္ကိုလည္း လူႀကီးမ်ားက ရွင္းျပရန္ မလိုေအာင္ နားလည္သည္။

"အၾကာႀကီးမျဖစ္ပါဘူး သမီးရဲ႕။ ခဏေလးပဲ အနားယူေနတာ ... သမီးရဲ႕ ကိုကိုႀကီးက သိပ္သန္မာတာ သိတယ္မဟုတ္လား"

ညိမ့္ျပလာေသာ ေခါင္းလုံးလုံးေလးကို ပြတ္၍ ထြန္းစ သက္ျပင္းရွိုက္လိုက္သည္။ ထိန္တင္ဟာ စံထိန္သာ၏ အေရးႀကီးဆုံးလူျဖစ္တာမို႔ မိသားစုဝင္မ်ားက ျပာေနေအာင္ ဂ႐ုစိုက္ၾကသည္။

ေက်ာက္ေစာင္းႏွင့္ ရိုက္၍ ေနာက္ေစ့ကို ထိသြားေသာ္လည္း ထိန္တင္က အသက္ေဘးထိမေရာက္ခဲ့။ ဆရာဝန္က သူ႕ ေခါင္းကို ပတ္တီးစည္းေပးၿပီး သတိျပန္လည္လာမည့္ အခ်ိန္ကို ေစာင့္ရန္သာ ၫႊန္ၾကားသြားသည္။ သို႔ေသာ္ ညပိုင္းအထိ သတိျပန္မရေသးေသာ ထိန္တင့္ကို ၾကည့္ၿပီး ေမေမႀကီးက တရွိုက္ရွိုက္ငိုသည္။

ေက်ာင္း၏ စည္းကမ္းအရ ညအိပ္ေစာင့္ခြင့္မရွိသည္မို႔ လူႀကီးေတြက အိမ္ျပန္သြားၾကရသည္။

ထြန္းစက ခြင့္ရ၍ ထိန္တင့္အနီးမွာ ေစာင့္ဆိုင္းေပးနိုင္ခဲ့သည္။ ေဆး႐ုံကုတင္မွာ လဲေလ်ာင္းေနေသာ ထိန္တင္သည္ သူ႕ အျမင္တြင္ ပုံမွန္က်က် အိပ္စက္ေနသကဲ့သို႔ ခံစားရသည္။ ထိန္တင့္ မ်က္ခြံမ်ားက ေသြးေရာင္လႊမ္းေနကာ လက္ေခ်ာင္းထိပ္ေလးမ်ားကလည္း နီရဲေနသည္။

ထြန္းစက သူႏွင့္ ထိန္တင္၏ လက္ဖဝါးတို႔ကို အခ်င္းခ်င္း ပြတ္တိုက္သည့္အခါ အသက္ဝင္ေသာ အိစက္ျခင္းကို ထိေတြ႕မိသည္။ ထိန္တင္၏ လွပခိုင္ၿမဲေသာ လက္ေခ်ာင္းမ်ားကို ပါးျပင္သို႔ ကပ္လွ်င္ေတာ့ လက္ေခ်ာင္းတစ္ေခ်ာင္းခ်င္းစီ၏ ထိပ္မွ ေန၍ သူ႕ အသားျပင္ထဲသို႔ ၾကည္ႏူးျခင္းေတြ စိမ့္ယိုလာေၾကာင္း အသိဝင္မိေလသည္။

ထြန္းစသည္ လူနာေစာင့္ကုတင္တြင္ ေစာင့္အိပ္ေသာ္လည္း လူနာကို လွမ္းၾကည့္ရင္း အိပ္မေပ်ာ္။ သို႔ျဖစ္၍ ေနရာမွ ထၿပီး ဟိုေလွ်ာက္ သည္ေလွ်ာက္လုပ္ကာ ထိန္တင့္ေဘးသို႔ သြားရပ္မိသည္။ ကုတင္ေပၚ တက္ထိုင္ကာ လူနာ၏ နဖူးကို စမ္းၾကည့္ေတာ့ ကိုယ္အပူရွိန္က ေႏြးေနဆဲ ျဖစ္သည္။

နားထင္နားတြင္ ပလာစတာ တစ္ခုႏွင့္ ေခါင္းအထက္ပိုင္းကို ပတ္တီးစည္းထားရေသာ ထိန္တင္သည္ သူ၏ ဘဝတြင္ ယခုအခါမွ ဤသို႔ ျပင္းထန္စြာ ထိခိုက္ဖူးတာ ျဖစ္သည္။ ထိန္တင္ဟာ ေမြးဖြားစဥ္တစ္ခ်ိန္တည္းလွ်င္မွ ေဆး႐ုံတက္ခဲ့ရၿပီး အၿမဲတမ္း က်န္းမာသန္စြမ္းေနခဲ့ေၾကာင္း ေမေမႀကီးက ငိုယိုေျပာခဲ့သည္။

သူ သိရသေလာက္ ထိန္တင္သည္ ခက္ခဲ၍ ေၾကာက္စရာေကာင္းေသာ အခိုက္ကို ႏွစ္ႀကိမ္မွ် ေတြ႕ခဲ့ဖူးသည္။ ႏွစ္ႀကိမ္လုံးဟာ သူ႕ပေယာဂေၾကာင့္ ျဖစ္သည္။ သည္လို ေတြးမိျပန္ေတာ့ ထြန္းစ၏ မ်က္ဝန္းမ်ားက မွိန္က်သြားသည္။

ရင္ထဲတြင္ ထိုပင္ပန္းမႈႀကီးက ခဲဆြဲေနကာ ထြန္းစသည္ ထိန္တင္၏ ေဘးသို႔ လွဲခ်လိဳက္သည္။ ထိန္တင္၏ ကိုယ္သင္းရနံ႕က သူ႕ ႏွာသီးဖ်ားသို႔ လာေရာက္ ပြတ္တိုက္သြားသည္။

ထြန္းစသည္ ထိန္တင္၏ လက္ေမာင္းလက္နားသို႔ အသားကို မထိေစဘဲ တိုးကပ္လိုက္ရင္း မ်က္ခြံမ်ားကို ၾကည္ျဖဴစြာ ဖိမွိတ္လိုက္ေလသည္။

•••

ဆက္ရန္ ..

Song for this Chapter.

•••










Continue Reading

You'll Also Like

3.4M 60.8K 51
"အခုဘဝတင်မကဘူး နောင်သံသရာအဆက်ဆက်ထိ မီးငယ်နဲ့ပဲ ... " ဦးထင်လင်းသိုက် (Htin Lin Thike) #Slow romance#Fluff#Fantasy Note - ယခုဇာတ်လမ်းပါ အဖြစ်...
584K 19.4K 46
Start date : 22.3.2023 male pregnant ပါတာကြောင့် သဘောကျမှဖတ်ပါနော် ဤfiction ထဲရှိအကြောင်းအရာများသည် စာရေးသူ၏စိတ်ကူးယဉ်မှုသက်သက်သာဖြစ်သည်။
103K 2.9K 132
မာယာများတဲ့အချစ်ကြောင့် နောက်ထပ်မချစ်မိအောင်မာယာ‌ေတွနဲ့ကာကွယ်တတ်ခဲ့ပေမယ့် မင်းရဲ့ ဖြူစင်ရိုးရှင်းတဲ့ချစ်ခြင်းကတော့ ကိုယ့်နှလုံးသားရဲ့အကာအကွယ်နံရံတွေက...
2.3M 231K 160
BL