မေတ္တာ သစ္စာ စိန်ပန်းပြာ

By six6666661998

12.7K 1.3K 135

မြင်းမိုင်လို့ခေါ်တဲ့ တောင်ပေါ်မြို့လေးတစ်မြို့ ... မင်းထက်အိမ်ဆိုတဲ့ ဘော်ဒါကျောင်းဆရာလေးနှင့် တွေ့ကြုံရသမျှ... More

အမှာစာ
(၁) Unicode
(၂) Unicode
(၃) Unicode
(၄) Unicode
(၅) Unicode
(၆) Unicode
(၇) Unicode
(၈) Unicode
(၉) Unicode
(၁၀) Unicode
(၁၁) Unicode
(၁၂) Unicode
(၁၃) Unicode
(၁၄) Unicode
(၁၅) Unicode
(၁၆) Unicode
(၁၇) Unicode
(၁၈) Unicode
(၁၉) Unicode
(၂၀) Unicode
(၂၁) Unicode
(၂၂) Unicode
(၂၃) Unicode
(၂၄) Unicode
(၂၅) Unicode
(၂၆) Unicode
(၂၇) Unicode
(၂၈) Unicode
(၂၉) Unicode
(၃၀) Unicode
The End
ကျေးဇူးတင်လွှာ
အမွာစာ Zawgyi
(၁) Zawgyi
(၂) Zawgyi
(၃) Zawgyi
(၄) Zawgyi
(၅) Zawgyi
(၆) Zawgyi
(၇) Zawgyi
(၈) Zawgyi
(၉) Zawgyi
(၁၀) Zawgyi
(၁၁) Zawgyi
(၁၂) Zawgyi
(၁၃) Zawgyi
(၁၄) Zawgyi
(၁၅) Zawgyi
(၁၆) Zawgyi
(၁၇) Zawgyi
(၁၈) Zawgyi
(၁၉) Zawgyi
(၂၀) Zawgyi
(၂၁) Zawgyi
(၂၂) Zawgyi
(၂၃) Zawgyi
(၂၄) Zawgyi
(၂၆) Zawgyi
(၂၇) Zawgyi
(၂၈) Zawgyi
(၂၉) Zawgyi
(၃၀) Zawgyi
The End Zawgyi
ကျေးဇူးတင်လွှာ

(၂၅) Zawgyi

16 2 0
By six6666661998

စိုင်းရှန်တစ်ဆိုသည့် ကျွန်တော်မြတ်နိုးရသော ကောင်လေးတစ်ယောက်၏ ငယ်ဘဝ အကြောင်းကို ကာယကံရှင်ဆီမှ သိပ်မကြားရ။ တပါးသူများ ပြောစကားတွေမှသာ ကြားသိခဲ့ရသည်။ ပထမဆုံး အကြီးခင်မေသန်း၊ နောက်တော့ ဘရစ်နီ ... အခုတော့ သူ့အကိုဝမ်းကွဲ စိုင်းဉာဏ်ထွဋ်ဆီမှ ... တစ်ယောက်နှင့်တစ်ယောက် ပြောပြပုံ၊ ရှုမြင်ယုံကြည်ကြပုံတွေချင်းတော့ မတူကြ။ မည်သူ့ဟာကို အတည်ယူရမည်ကား ချင့်ချိန်စဉ်းစားစရာ ... အခု စိုင်းဉာဏ်ထွဋ်ကတော့ ...

"ရှန်တစ်ကလေးက ငယ်ငယ်ကတည်းက သနားစရာ သိပ်ကောင်းတယ် အကိုထက်အိမ်ရယ်။ သူ့ခမျာ မိဘဘိုးဘွားပိုင်မြေမှာ နေရပေမယ့် မိဘဘိုးဘွားများနဲ့ မနေရဘူး။ တစ်ယောက်ပြီး တစ်ယောက် သူငယ်ငယ်ကတည်းက စွန့်ခွာသွားလိုက်တာ မိဘမဲ့ဘဝ ရောက်ရရှာတယ်။ ရှန်တစ်အမေဆုံးတုန်းက ရှန်တစ် ဆယ်နှစ်တောင်မပြည့်သေးဘူးနဲ့တူတယ်။ အဖေပြောတာတော့ ရှန်တစ်အမေက ရုတ်ချည်း အမောထဖောက်ပြီးတော့ ဆုံးတာလေ။ ရှန်တစ်အဖေ၊ ဉာဏ့်ဘကြီး ဦးစိုင်းရှန် ခမျာလည်း သူ့ဇနီးဆုံးပြီး စိတ်မခိုင်တော့ဘူး။ အရက်ချည်းလှိမ့်သောက်ရင်း တစ်နှစ်လောက်ကြာတော့ ရှန်တစ်အမေနောက် လိုက်သွားတာပဲ။ အဲ့ဒီနောက်တော့ ရှန်တစ်လည်း မိဘမဲ့ တစ်ကောင်ကြွက်ဖြစ်တယ် ပြောရမှာပေါ့ ...

ဉာဏ့်အဖေကတော့ သူ့တူလေး ရှန်တစ်ကို ခေါ်ရှာပါတယ်။ ဉာဏ်တို့နဲ့အတူ နိုင်ငံခြားမှာလိုက်နေဖို့။ ဟိုမှာဆို နိုင်ငံတကာကျောင်းတွေလည်း တက်လို့ရတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ဒီမှာထက်ပိုပြီး ကျယ်ပြန့်တယ်လေ။ ဒါပေမယ့် အတစ်လေးက မလိုက်ဘူး။ ဒီရပ်ဒီရွာ ကို မခွာချင်ဘူးတဲ့။ သူ့မိဘတွေ ခေါင်းချခဲ့တဲ့ မြေကို မစွန့်ချင်ဘူးနဲ့တူပါတယ်။ အဲ့မှာ ခက်တော့တာ။ အဖေကလည်း ဟိုဘက်နိုင်ငံမှာ အတည်တကျဖြစ်နေပြီဆိုတော့ ဒီပြန်မလာနိုင်တော့ဘူးပေါ့။ ပြီးတော့ အဖေက သူ့အမျိုးကို စိတ်နာတာရှိသေးတယ်။ ဘာလို့လည်း ဆိုတော့ ...

အဖေတို့ စော်ဘွားမျိုးတွေက ပိုင်ဆိုင်မှု အမွေပေးရင် သားအကြီးကိုပဲ အကုန်ပုံပေးတာလေ။ အာ့ကြောင့် စိတ်နာတာ။ အတန်းပညာသင်ပေးခဲ့တာကလွဲရင် အဖေ့ခမျာ ဘာဆိုဘာမှ မရခဲ့ဘူးတဲ့။ အဲ့တော့ အဖေက ဘာမှ မရမယ်မှန်း အစောကတည်းက ကြိုသိတော့ ငယ်ငယ်နဲ့ နိုင်ငံခြားထွက်ခဲ့တာ။ ကိုယ့်ဟာကိုယ် ပညာထပ်သင်ပြီး ကြိုးစားရုန်းကန်ခဲ့ရတယ်ပေါ့။

ဒါပေမယ့် တစ်ခုကောင်းတာပြောရရင် အဖေက ဘကြီးစိုင်းရှန်ထက်တော့ ပိုလွတ်လပ်တယ်။ ဘကြီးခမျာ အသက်ကြီးမှ အဘိုးပေးစားတဲ့ ရှန်တစ်အမေကို ယူရတယ်။ အဖေကတော့ ငယ်ငယ်နဲ့ ကိုယ်ကြိုက်တဲ့သူ ယူလိုက်တာပဲ။ ဉာဏ့်ကိုလည်း ငယ်ငယ်နဲ့ မွေးလိုက်တာပဲ။ ဘာပဲပြောပြော ဘကြီးရော အဖေရော နှစ်ယောက်စလုံးကတော့ ကိုယ်ပေါင်းသင်းတဲ့ သူနဲ့ မေတ္တာမျှကြလို့ ကံကောင်းခဲ့ကြပါတယ်။ ကံဆိုးတာဆိုလို့ ဘကြီးတို့ လင်မယား သက်ဆိုးမရှည်လိုက်တာပဲ။ ရှန်တစ်အတွက် ဝမ်းနည်းစရာဖြစ်သွားတာပေါ့ ...

အခု ရှန်တစ် နေမကောင်းလို့ လာကြည့်တာလည်း အဖေ့ခမျာ တော်တော်လေးစဉ်းစားပြီးမှ လာရတာ။ အဖေက စိတ်စေတနာရင်းနဲ့ လာလည်း ပတ်ဝန်းကျင်က အကောင်းမမြင်တတ်ကြဘူး။ ဉာဏ်တို့ အကုန်ပြန်ကြားပါတယ်။ ဘကြီးတို့ လင်မယားကိုလည်း အဖေက အဆိပ်ခတ်သတ်လိုက်တာတို့။ ရှန်တစ်ကိုလည်း အသက်အန္တရာယ်ပြုဖို့ အမြဲကြံစည်နေတယ်တို့။ အဖေသာ မြင်းမိုင်က ခြံဝင်းကြီးတစ်ခုလုံးရသွားရင် ဘိန်းစိုက်ခင်းလုပ်နိုင်တယ်တို့ ... မြင်းမိုင်က လူတွေက အဖေ့ဆိုရင် မကောင်းပဲ ပြောကြတာ။ အဲ့ဒါကြောင့် အဖေကလည်း မြင်းမိုင်ကို မုန်းတယ် ... မြင်းမိုင်ကလည်း အဖေ့ကို မခင်ဘူး။ ဒီတော့ ဝေးသထက် ဝေးကြတာပေါ့ ...

ဒါပေမယ့် အဖေ့ခမျာ ရှန်တစ်အတွက် မုန့်ဖိုးဆိုပြီး ခဏခဏ ဆရာမခင်မေသန်းဆီလွှဲပေးရှာပါတယ်။ အဲ့ဆရာမကလည်း တစ်ခါတလေ ဘုဆတ်ဆတ်နိုင်တယ်။ မသိရင် အဲ့ကျောင်းဝင်းကြီးကိုပဲ သူပိုင်သလို။ ရှန်တစ်ကိုလည်း နောက်ပိုင်းတွေ ပိုချုပ်ချယ်လာတယ်လို့ ပြောတယ်။ ဘာပဲဖြစ်ဖြစ် အဲ့ဒီမြေနေရာမှာ စာသင်ကျောင်းဆောက်စေချင်တဲ့ ဘကြီးရဲ့ စေတနာကတော့ ကောင်းပါတယ်။ မကောင်းတာက အဲ့ဒီ ဆရာမကြီးပဲ။ ကျွန်တော့်စိတ်ထင်တော့ ဆရာမကြီးက တအားနေရာလိုချင်တယ်လို့ ထင်တာပဲ။ သူ မြန်မြန်ပင်စင်ယူမှပဲ အကောင်းဆုံးဖြစ်မှာ ...

နောက်ဆုံးတော့ ရှန်တစ်လည်း သူ့ကြောင့် စိတ်ညစ်လို့ဖြစ်မယ်။ ဆယ်တန်းစာမေးပွဲကို အောင်, အောင် မဖြေတော့တာ။ အကိုထက်အိမ် မသိလို့။ ရှန်တစ်က ငလည်။ သူ့အတွက်က ဘာမှမလိုအပ်ဘူးလေ။ အဲ့မြေကွက်ကြီးတစ်ခုလုံးပိုင်နေတာနဲ့တင် မြို့သုံးပုံတစ်ပုံစာလောက်ရှိတယ်။ ပြောရရင် ကျောင်းအနောက်ဘက် တောင်ကုန်းတွေက စည်းရိုးသာ မခတ်ထားတာ။ အဲ့အနောက်က သစ်တောတွေလည်း စော်ဘွားပိုင် တောကြီးတွေပဲ။ ထားပါတော့။ ကျွန်တော် ထင်တာတော့ ရှန်တစ်က တမင်သက်သက် အောင်,အောင် မဖြေတာထင်တယ်။ ဆရာမကြီးကို ကန့်လန့်တိုက်ပြီးတော့လေ ... ကျောင်းကို အောင်ချက်ကျအောင်လုပ်တာဖြစ်မယ် ... ဟားဟားဟား ... အဲ့လိုဆိုရင်တော့ တစ်မျိုးပေါ့ ...

ဒါပေမယ့် ဉာဏ်စိုးရိမ်တာ တစ်ခုပြောရရင် ... သေချာတော့ မသိဘူးပေါ့။ မှန်းချေနဲ့ စဉ်းစားကြည့်တာ။ ... ဆရာမကြီးက ရှန်တစ်ရဲ့ စာမေးပွဲ အဖြေလွှာတွေကိုများ အစားထိုးပစ်လိုက်သလား မသိဘူး။ စာမေးပွဲ ကျအောင်လို့လေ။ အကယ်၍သာ ရှန်တစ် အောင်သွားခဲ့ရင် တက္ကသိုယ်တွေ ဘာတွေ သွားတက်ချင်တက်မှာ။ အဲ့ကျတော့ ဒီကျောင်းကြီးပိတ်ပစ်ပြီး မြေကွက်တွေ အစိတ် စိတ် ရောင်းလိုက်ရင် အဲ့ဆရာမ ဘဝပျက်မှာလေ။ အဲ့ဒါလည်း တစ်မျိုးပေါ့။ ကျွန်တော်ထင်တာပါ။ ဘာလို့လည်းဆိုတော့ ရှန်တစ် ပထမဆုံးတစ်ခေါက်ဖြေတဲ့ နှစ်တုန်းက စာမေးပွဲကျတော့ ဉာဏ့်ကို ရင်ဖွင့်ဖူးတယ်။ သူစာမေးပွဲ ကျတဲ့အကြောင်းကို ယူကျုံးမရစွာနဲ့ပေါ့။ ရှန်တစ်ကတော့ ကြိုးစားပြီး ဖြေလိုက်တာပဲတဲ့။ ဂုဏ်ထူးမရချင်နေ ... သေချာတာတော့ သူဖြေခဲ့တဲ့ အဖြေလွှာတွေဟာ အောင်မှတ် သေချာပေါက်ကို ရနိုင်တယ်တဲ့ ...

ဉာဏ်လည်း အဲ့တုန်းကတော့ သေချာ မစဉ်းစားမိလိုက်ဘူး။ ရှန်တစ်ကလည်း ၁၆နှစ်တောင်မပြည့်သေးဘူးလေ။ အခုတော့ ၁၈နှစ်ပြည့်ပြီဆိုတော့ ပိုင်ဆိုင်မှုအားလုံး တရားဝင်ဖြစ်ပြီ။ အုပ်ထိန်းသူမလိုပဲနဲ့ ရှန်တစ်စိတ်ကြိုက် လုပ်ချင်တာလုပ်လို့ရပြီ ... အဲ့ဆရာမတော့ မကြာခင် အနားယူရတော့မှာပါ ... ဟက်ဟက် ... သူ့ခေတ်လည်း ကုန်သင့်တာကြာပါပြီ ... ဟက်ဟက်ဟက် ...

အော် ... ဘာလိုလိုနဲ့ မနက်၂နာရီတောင် ထိုးပြီ။ ကိုထက်အိမ် အိပ်ချင်အိပ်လေ။ ဉာဏ်က လေယာဉ်တောက်လျှောက် အိပ်လာတော့ နေလို့ရတယ်"

"အင်း ... အင်းး ... ဒါဆို အကို ခဏအိပ်လိုက်အုန်းမယ်နော် ..."

ကျွန်တော်လည်း ဒီတော့မှ ရှန်တစ်ကုတင်ဘေးက သစ်သားခုံတန်းရှည်မှာပဲ ခါးဆန့်အိပ်လိုက်တော့သည်။ မိုးတောင်လင်းခါနီးပါပြီ။

ဉာဏ်လေးပြောသွားသလောက်တော့ ကျွန်တော့်မှာတွေးစရာတွေ အများကြီးကျန်ခဲ့ပါ၏။ တစ်ယောက်ကို တစ်မျိုးပြောနေကြသည့် စကားများထဲတွင် ဘုံတူတာတွေလည်း ရှိသည်။ တက်တက်စင်ကွဲလွဲနေတာတွေလည်းရှိသည်။ ဉာဏ်လေးကတော့ မမှန်တဲ့ကိစ္စဆို သူ့အဖေဘက်က လိမ်မပြောလောက်ပါဘူး။ သူတို့ သားအဖကိုယ်တိုင်လည်း ခဏခဏ ကတောက်ကဆဖြစ်ကြတာဆိုတော့။ ဟူးးး ...

ကျွန်တော်လည်း မျက်လုံးနှစ်ဖက် စင်းမှေးပြီး အိပ်တော့မယ်ကြံမှ တစ်ခု သတိရကာ ...

"ဉာဏ်လေး ... အကို တစ်ခုမေးချင်တာရှိလို့။ ဉာဏ်တို့ ဘိုးဘွားတွေ အကြောင်းပါပဲ။ ... ဉာဏ်လေးနဲ့ ရှန်တစ်တို့ အဘေး(အဘိုးရဲ့အဖေ) မှာ အမတစ်ယောက် ညီမတစ်ယောက် ရှိတယ်ဟုတ် ...သူတို့နာမည်တွေက နန်းမြအိမ်နဲ့ နန်းမြချိန်ဆိုတာလား ..."

ကျွန်တော့် မေးခွန်းကိုကြားတော့ စိုင်းဉာဏ်ထွဋ်မှာ တွေတွေလေးကြည့်လျက်။ သူတို့ အဘိုးအဘင်တွေအကြောင်း စိတ်ဝင်စားနေသည့် ကျွန်တော့်ကို အံ့သြသလို မယုံကြည်နိုင်သလို မျက်လုံးတွေနှင့် ကြည့်ရင်း ...

"ဉာဏ် မသိဘူး အကို ... အဖေက အမျိုးကို စိတ်နာတော့ ဘိုးဘေးတွေအကြောင်း တစ်ခါမှ မပြောပြဖူးဘူး။ ရှန်တစ်ဆိုရင်တော့ သိချင်သိလိမ့်မယ် ... ဘကြီးစိုင်းရှန်က ဉာဏ်တို့ Family Tree ကို ကြုံတိုင်းရှင်းပြတတ်တယ်လေ။ အော် ... ဒါနဲ့ အဲ့ Family Tree ဆွဲထားတဲ့ ဇယားအရှည်ကြီးက အိမ်တော်ဝင်း ပင်မဆောင် နံရံမှာ ကပ်ထားတယ်ထင်တယ်။ ဘယ်သူတွေ ဘယ်နှခုနှစ်မှာမွေးပြီး ဘယ်နှစ်မှာ သေသွားတယ်က အစ မှတ်တမ်းတွေ လုပ်ထားတယ် ... ဟုတ်တယ်။ ကျွန်တော်ငယ်ငယ်က မြင်ဖူးတယ် ... အကိုထက်အိမ်က ဘာလို့စိတ်ဝင်စားတာတုန်း ..."

"အော် ... ဒီလိုပါပဲ ... စော်ဘွားမျိုးနွယ်စုတစ်ခုအကြောင်းဆိုတော့ စာတမ်းတွေဘာတွေ ပြုစုလို့ရတာပေါ့ ... ဟဲဟဲ"

"ပြုစုမနေပါနဲ့ ကိုထက်အိမ်ရယ် ... ကျွန်တော်တို့ မျိုးဆက်က ပြတ်တော့မှာပါ။ ကျွန်တော်လည်း မိန်းမမယူသလို အတစ်ကလေးလည်း မယူမှာသေချာတယ်လေ ... ဟဲဟဲ"

ရှန်တစ်လည်း မိန်းမ မယူမှာ သေချာတယ်တဲ့လား။ ကျွန်တော် အလိုလိုပြုံးမိလျက် ကုတင်ပေါ် ခွေခွေလေး အိပ်နေတဲ့ ရှန်တစ်ကို လှည့်ကြည့်မိပါသည်။ ရှန်တစ်ကတော့ ... တ အင်းအင်းနဲ့ ...

တစ်ရေးနိုးလာပုံရသည်။ ဒီတော့ ကျွန်တော်ပဲ ကုတင်ဘေး ထ,သွားလိုက်ကာ ဟိုဘက်ဒီဘက်လှည့်ပြုဖို့ ရှန်တစ်ကို ကူညီပေးလိုက်ပါသည်။

Good Night ပါ ရှန်တစ်ကလေးရယ် လို့လည်း တိုးတိုးကလေး ရေရွတ်လိုက်၏။

စော်ဘွားလေး ရှန်တစ်နှင့် မြင်းမိုင်မြို့မှ ထူးခြားအံ့သြဖွယ် အယုံအကြည်များ၏ ပဟေဋိတွေလည်း တစ်စတစ်စ လှစ်ဟလို့လာခဲ့ပြီ။

ကျန်တဲ့ ပဟေဋိတွေဆိုလို့ ရှန်တစ်၏ စာမေးပွဲအခါခါကျနေခြင်း အကြောင်းရင်းရယ် ...

အမေမြချိန်ဆိုတာ ၁၉၃၀ခုနှစ်တုန်းက သက်ရှိထင်ရှားရှိခဲ့တဲ့ ရှန်တစ်ရဲ့ ဘေးလေးလား ဆိုတာရယ် ...

***

နောက်တစ်နေ့ မနက် နိုးလာတော့ တော်တော်တောင် အလင်းဖြာဝင်နေပြီ။ နာရီကြည့်လိုက်တော့ မနက်၈နာရီ။ ကျွန်တော်လည်း ခုံတန်းရှည်မှ အထ ...

"အိပ်ရေးဝရဲ့လား အကိုဆရာ ..."

"အင်း ဝတယ်။ ... ရှန်တစ်ရော အိပ်ရေးဝလား။ ဟားးး ... မနက်၆နာရီ ဆေးတိုက်ရအုန်းမယ် ..."

ကျွန်တော်လည်း ကပျာကယာဖြင့် ထပြီး ဆေးကတ်တွေ သွားဖောက်မယ်ကြံတော့ ...

"သောက်ပြီးပြီ အကိုဆရာရေ ... ကိုဉာဏ် တိုက်သွာတာ ..."

"အော် ... ကိုဉာဏ်က ပြန်သွားပြီလား ..."

"အင်းးး ... ကြာပေါ့။ မနက်စာနဲ့ ဆေးနဲ့ တိုက်ပြီးတော့ သူလည်း ဟော်တယ်ပြန်အိပ်လိုက်အုန်းမယ်တဲ့။ မိုးလင်းတဲ့အထိ ကိုဉာဏ်တစ်ညလုံး မအိပ်ဘူးလေ။ ...ကျွန်တော့်ကို အဖော်ပြုပေးနေတာ ..."

"ဟားးး ... ရှန်တစ်ရော နိုးနေတာလား။ မိုးလင်းပိုင်းတွေမှာ ..."

"အင်းပေါ့။ တစ်နေကုန် အိပ်နေရတော့ အိပ်ရေးက ရှယ်ဝနေပြီလေ။ မနက်ကလည်း လေးနာရီလောက်ထဲက နိုးနေတာ။ ဒါနဲ့ ညီအကိုနှစ်ယောက် စကားတွေ ပြောဖြစ်ကြတယ်ဆိုပါတော့ ..."

ကျွန်တော်ကတော့ သွားတိုက်မျက်နှာသစ်ဖို့ ရေခွက်တွေ၊ သွားတိုက်တံတွေ ထုတ်နေတုန်း။ ရှန်တစ်ကတော့ ကုတင်ပေါ်မှာ ခွေခွေလေးထိုင်ရင်း ကျွန်တော်လှုပ်ရှားသမျှကို လိုက်ကြည့်လျက် ...

"အော် ... ဘာတွေပြောကြလဲ ... ပြန်ပြောပြအုန်းလေ ...ရှန်တစ်ရဲ့"

"ဟက်ဟက် ... နားထောင်ချင်လို့လား။ တကယ်တော့ ကိုဉာဏ်က သူ့အချစ်ဦးအကြောင်း ပြောသွားတာ။ ဘယ်လိုဂရုစိုက်တတ်ကြောင်း ... ဘယ်လောက်ချစ်တတ်ကြောင်းတွေပေါ့ ..."

"ဟားးး ... အာ့ဆိုတော်တော့။ မပြောနဲ့တော့။ မျက်နှာသွားသစ်လိုက်အုန်းမယ် ရှန်တစ်ရေ။ ဟော ... နွေဦးနဲ့ သော်ကတို့တောင် လာနေကြပြီ ..."

ကျွန်တော်လည်း ကော်ရီဒါအဆုံးမှာ ဖြည်းဖြည်းချင်းလျှောက်လာနေကြတဲ့ ကယ်တင်ရှင်နှစ်ယောက်ကို အခွင့်ကောင်းယူကာ ရှန်တစ် အနားမှလစ်ခဲ့ရသည်လေ။

ဟင်းးး ... စိုင်းဉာဏ်ထွဋ်နဲ့ စိုင်းရှန်တစ်။ တော်တော်လည်း မလွယ်တဲ့ ကလေးဇိုးညီအကိုတွေ။ ဉာဏ်လေးရဲ့ အချစ်ဦးဆိုတာ ကျွန်တော်၊ မင်းထက်အိမ်လေ။

ဒီတော့ သူတို့ညီအကို နှစ်ယောက်သားက အိပ်ပျော်နေတဲ့ ကျွန်တော့်ကို ရှေ့ထားပြီး ကျွန်တော့်အကြောင်းပြောနေခဲ့ကြတာတဲ့လား။ အံ့ပါ့ဗျာ ...

ကျွန်တော့်မျက်နှာတစ်ခုလုံးမှာတော့ မနက်ခင်း နေဖျော့ဖျော့အောက် ရဲတွတ်နီအမ်းနေမည်မှာ သေချာပါသည်လေ။

အရှေ့က လျှောက်သာသည့် နွေဦးနှင့် သော်က နှစ်ယောက်သားမှာလည်း ခြေတစ်လှမ်း ကုဋေတစ်သန်းနှုန်းနှင့် လျှောက်တုန်း။ ပြီးတော့ ကော်ရီဒါဘေးမှာ ရပ်စောင့်နေသည့် ကျွန်တော့်ကိုတောင်မမြင်ပဲ အခန်းထဲဝင်သွားကြတော့သည်။ လက်ချင်းလည်း တွဲလို့။ ဒီနှစ်ယောက်လည်း ဘာတွေများလဲ မသိ။

နောက်ထပ် ပဟေဋိတစ်ခုပြန်လား ... ဟက်ဟက်ဟက်။

***

Continue Reading

You'll Also Like

606K 39.8K 114
HlxanNayyUniverse ဆက္ကဘုံလျှန် (Sakka Bxon Hlxan) နေးလက်ျာ (Nayy Lattyar) (Own Creation) Starting Date •• 24/9/2021 Ending Date •• 3/9/2024
984K 74.5K 38
Title - သူကြီးကတော် Type - တောရွာ။ Start date - 12 January 2021 End date - 8 September 2021 Unicode and Zawgyi
359K 28.4K 76
ခပ်တည်"နေတတ်တဲ့ ဂိုဏ်းခေါင်းဆောင် Luó Yù(လောယွီ)နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အယောင်ဆောင် ကောလိပ်ကျောင်းသား Ruǎn Zhēng(ရွမ်ကျန်း)... Author(s)...