Unicode
အခန်း(၆၇) - အတိုချုံး
ပတ်ဝန်းကျင်က အနည်းငယ် မှုန်မှိုင်းနေသည်။ နွမ်းနယ်မှုများက ရှန်ကျစ်ရှန်း၏ အရိုးများထဲသို့ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေသလိုမျိုးသူ့အစွမ်းအားလုံး ကုန်ဆုံးနေ၏။ မျက်လုံးကို ဖွင့်လိုက်သည်နှင့် တစ်ခဏမှာပင် မျက်ခွံများက ပြန်လည် ပိတ်ပိတ်ကျချင်နေသည်။
သူက သတိတကြီးဖြင့် ပတ်ဝန်းကျင်အား လှည့်ပတ် ကြည့်လိုက်သောအခါမှာ သူအခု ပဉ္စမတောင်ကုန်းမှာ ရှိမနေတော့ပဲ ရင်းနှီးနေသည့် ထူးဆန်းသော အခန်းတစ်ခုထဲ ရောက်နေသည်ကို တွေ့ရှိလိုက်ရလေသည်။
၎င်းက ရင်းနှီးနေသည်မှာ အခန်းတစ်ခုလုံး၏ ဖွဲ့စည်းပုံကသူ့အကြိုက်နဲ့ ကွက်တိကျနေသောကြောင့်ပင်။ သို့သော်လည်း ထူးဆန်းသည်ကတော့ ဒီအခန်းက သူဘယ်တုန်းကမှ မနေခဲ့သည်မှာ သေချာနေသောကြောင့်သာ။
ရုတ်တရက် နွေးထွေးစိုစွတ်သော အထိအတွေ့သည် သူ့ရင်ဘတ်ဆီသို့ ကျရောက်လာ၏။ ရှန်ကျစ်ရှန်းက အထိတ်တလန့် ဖြစ်သွားမိသည်။ သူငုံ့ကြည့်လိုက်သောအခါ ရန်ကျင်းက သူ့ကို လက်တစ်ဖက်ဖြင့် ပွေ့ဖက်ထားရင်းဖြင့် သူ့ခန္တာကိုယ်အား မျက်နှာသုတ်ပဝါဖြင့် ဂရုတစိုက် ညင်သာစွာ သန့်ရှင်းပေးနေသည်ကိုသာ တွေ့လိုက်ရသည်။
သူ့ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းက လုံးဝကို ဗလာဖြစ်နေပြီးသူ့ကို အတော်လေး မလုံခြုံသလို ခံစားရစေသည်။ အရေပြား၏ လက်မတိုင်းသည်ပင် တုန်ယင်နေမိသည်။ ရှန်ကျစ်ရှန်းက အသက်ပြင်းပြင်း ရှုလိုက်ပြီး သိချင်မိသွားသည် ; ရန်ကျင်းက ဘာလုပ်နေတာလဲ? ဒါက ဘယ်လို လှုံ့ဆော်မှုမျိုးလဲ?
သူမေးလိုက်ချင်တယ် ဒါပေမဲ့ ဘယ်လောက်ပဲ ကြိုးစားနေပါစေ အားနည်းလှတဲ့ အသံတိုးတိုးလေးကိုသာ လုပ်နိုင်တာမို့ ရန်ကျင်းက သူ့စကားကို မကြားဘူးလေ။
ရှန်ကျစ်ရှန်းသည် သူ့ခန္တာကိုယ်အပေါ်ပိုင်းဆီ ကျရောက်နေသည့် ရန်ကျင်းရဲ့ အကြည့်အား ခိုးကိုးရာမဲ့စွာဖြင့် ခံယူနေရင်း အပူစီးကြောင်းတစ်ခုက သူ့ကိုယ်ထဲ ထိုးတက်လာတာကြောင့် ရှက်ရွံ့စွာဖြင့် ခြေချောင်းလေးများ ကွေးချင်လာသည်။
သူ့တွင် ခုခံရန် ခွန်အား လုံးဝမရှိပေ။ ဤအခိုက်အတန့်တွင် သူ့ကိုယ်က ဝိညာဉ်တစ်ခုလို ဖြစ်နေပုံရကာ လှုပ်ရှားနိုင်ခြင်းလည်း မရှိသလို ရန်ကျင်းကိုလည်း သိအောင် မလုပ်နိုင် ဖြစ်နေသည်။ ရန်ကျင်းက သူ့ခန္တာကိုယ်အား သုတ်သင်ပေးနေသည်ကိုသာ ခွင့်ပြုထားရသည်။
အရှေ့နဲ့ အနောက်သို့ ထပ်တလဲလဲဖြင့် သုံးကြိမ်တိတိ သုတ်ပေးနေ၏။
ရေထဲတွင် ဘာမှန်းမသိသည့် ဆေးနံ့များလည်း ပါဝင်နေသည်။ ရှန်ကျစ်ရှန်းမှာတော့ ပြုတ်ထားသည့် ပုဇွန်တစ်ကောင်လို ဖြစ်လာခဲ့ကာ ရန်ကျင်းရဲ့ လက်ထဲမှာ အခွံနွှာခံနေရသလို ခံစားနေရသည်။ ၎င်းက သူ့အား ကျောတွန့်ချင်စိတ် ဖြစ်လာစေသည်။
ရှန်ကျစ်ရှန်းရဲ့ အပေါ်ပိုင်း ခန္တာကိုယ်အား သုတ်ပေးပြီးနောက်မှာ ရန်ကျင်းက မျက်နှာသုတ်ပဝါအား ဘေးချလိုက်ပြီး သူ့ခန္တာကိုယ်ပေါ်က သေးငယ်သော သွေးကြောများအား ထပ်ခါထပ်ခါ ဖိနှိပ် ပွတ်သပ်ပေးနေပြန်သည်။ ထို့နောက် ရန်ကျင်းက သူ့ကိုယ်ထဲသို့ ဝိညာဉ်ချီများအား ဂရုတစိုက် ထည့်ကာလည်ပတ်ပေးနေပြီး သူ့သွေးကြောများကို ညင်သာစွာ ချောမွေ့ စိုစွတ်စေသည်။
ရှန်ကျစ်ရှန်းသည် သူ့ဆီမှ ငြိမ့်ငြိမ့်ညောင်းညောင်းဖြင့် ဆုပ်နယ်ပေးသည်အား ခံယူနေရကာ သူ့အရိုးများထဲက ပင်ပန်းနွမ်းနယ်မှုကို နှစ်ချက်စာလောက် သက်သာရာ ရစေသည်။ သို့တိုင်အောင် ထိုသူ့အား ကူကယ်ရာမဲ့စွာနဲ့ မျက်စောင်းထိုးမိဆဲပင်။
သူက အိပ်ချင်လာသည့် စိတ်အား တွန်းလှန်နေသည့် အချိန်မှာ တစ်စုံတစ်ယောက်က တံခါးအပြင်မှ တုံ့ဆိုင်းဆိုင်းဖြင့် ခေါက်လာခဲ့သည်။
"အရှင်သခင်ကြီး, တစ်စုံတစ်ယောက်က...."
ရှန်ကျစ်ရှန်းက ထိတ်လန့်သွာမးိပြီး ထိုလူဆက်ပြောမည့် စကားများအား အာရုံစိုက်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူ့စကား မဆုံးသေးခင်မှာပင် ရန်ကျင်းက ကြားဖြတ်ပြောလိုက်လေသည်။
"ငါဘယ်သူနဲ့မှ မတွေဘူး"
အပြင်မှလူသည် ချက်ချင်းပင် အသိအမှတ်ပြုကြောင်း တီးတိုးပြန်ဖြေလာသည်။ ရှန်ကျစ်ရှန်းက အနည်းငယ် သိချင်လာသည်။ သူက ရန်ကျင်းကို မော့ကြည့်လိုက်သော်လည်း ရန်ကျင်းက သူ့အကြည့်ကို သတိမထားမိပုံပင်။ ထိုအစား ရန်ကျင်းက သူ့မျက်လုံးနှင့် နှုတ်ခမ်းထောင့်စွန်းလေးသို့သာ နွေးထွေးပြီး အနည်းငယ်စိုစွတ်သော အနမ်းတစ်ခုဖြင့် ထိကပ်လာသည်။
"ဆွေ့ရှန်း, မကြာခင် နိုးထလာပြီး ကျွန်တော့်ကို ကြည့်ပါနော် ဟုတ်ပြီလား?"
သူ့အသံက အလွန်ကို တိုးညှင်းနေသည်မှာ တိတ်တဆိတ် တောင်းဆိုနေသလိုပင်။ ရှန်ကျစ်ရှန်းမှာ ဘာလုပ်ရမှန်း မသိတော့ပေ။ ရန်ကျင်းကို ပွေ့ဖက်ချင်သော်လည်း မလှုပ်နိုင်။ ရန်ကျင်းကို သူ့နှလုံးသားထဲမှာသာ ဆုပ်ကိုင်ထားနိုင်ခဲ့သည်။ ဒီအိမ်မက်က နည်းနည်းထူးဆန်းတယ်လို့ သူ တွေးမနေဘဲ မနေနိုင်တော့ပေ။ အိမ်မက်က နိုးလာလို့ လူအစစ်ကို တွေ့တဲ့ အချိန်မှာ ရန်ကျင်းကို ကောင်းကောင်းလေး ပွေ့ဖက်ပေးရမယ်။
ရန်ကျင်းက သူ့ကို ပွေ့ဖက်ပြီး ခဏလောက် ဆက်ပွတ်သပ်ပေးနေသည်။ ထို့နောက် ရှန်ကျစ်ရှန်း၏ အင်္ကျီအား ဖြည်းညှင်းစွာ ပြန်ဝတ်ပေးလိုက်ကာ ကုတင်ပေါ် ပြန်လှဲချပေးလိုက်သည်။ ထို့နောက် မျက်နှာသုတ်ပဝါအား ဇလုံထဲ စိမ်လိုက်လိုက်ပြီး လှည့်ထွက်ကာ လျှောက်သွား၏။
ဒီတစ်ခေါက်တော့ ရန်ကျင်းရဲ့ လက်များက ရှန်ကျစ်ရှန်းရဲ့ ဘောင်းဘီထံ ဦးတည်လာလေသည်။
ထိုလှုပ်ရှားမှုများက အလွန်ကို မရေမရာ ခံစားချက်မျိုး ဖြစ်လွန်းနေသည်။ သူ့ရဲ့ ဘောင်းဘီရှည်ပေါ်က ကြိုးများကို ဖြုတ်လိုက်သည့် အခါမှာတော့ ခေါင်းတစ်ခုလုံး လွတ်ထွက်သွားသလိုပင်။ ရုတ်တရက် မမြင်နိုင်သည့် ချုပ်နှောင်မှုများအား ဖြတ်ကျော်လိုက်ကာ ရန်ကျင်းရဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်။
"မလုပ်နဲ့-!"
"ဘာကို မလုပ်ရမှာလဲ?"
ရန်ကျင်းရဲ့ နားမလည်နိုင် ဖြစ်နေသည့် အသံကသူ့နားထဲ တိုးဝင်လာသည်။ ရှန်ကျစ်ရှန်းသည် ဘာမှ မစဉ်းစားမိတော့ပဲ သတိလက်လွတ်ဖြင့် သူ့ရဲ့ စကားကို ဆက်ပြောလိုက်မိ၏။
"ငါ့ဘောင်းဘီကို ချွတ်နေတာကိုလေ....."
သူ့စကား မဆုံးသေးခင်မှာပင် ရုတ်တရက် သတိပြန်ဝင်လာသည်။ သူ့မျက်လုံးများက တုန်ယင်သွားပြီး မှုန်မှိုင်းမှိုင်း ဖြစ်နေသေးသော်လည်း ပဉ္စမတောင်ကုန်းဆီ ပြန်ရောက်နေပြီ ဆိုတာအား နားလည်သွား၏။ အုံ့မှိုင်းနေသော လရောင်သည် သူ့ရှေ့က လူပေါ်သို့ ဖြာကျနေပြီး ရှန်ကျစ်ရှန်းအား ဆွံအသွားစေသည်။ ခဏလောက် အကြာမှ ခပ်ဖွဖွ ချောင်းဟန့်လိုက်ကာ ခပ်မတ်မတ် ထထိုင်မိလေသည်။
သို့သော်လည်း ရှောင်းချောင်ယက ရုတ်တရက် ရန်ကျင်းရဲ့ ပုခုံးပေါ်မှ ပေါ်လာပြီး ရှန်ကျစ်ရှန်း၏ ပုခုံးပေါ်သို့ ပျော်ပျော်ရွှင်ရွှင် ခုန်တက်သွားသည်။
ဒီဟာလေးက ဘယ်လို ထူးဆန်းတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အရာတွေကို စားထားလို့များ ဒီလောက်လေးနေတာလဲ သိချင်မိတယ်
သူက ပြင်ဆင်ထားခြင်း မရှိတဲ့ ရှန်ကျစ်ရှန်းရဲ့ ပုခုံးပေါ်ကို ခုန်တက်လိုက်တဲ့ အချိန်မှာ သူ့အလေးချိန်က ရှန်ကျစ်ရှန်းကို နောက်ပြန်လဲကျသွားစေသည်လေ။
ရှန်ကျစ်ရှန်းက ရန်ကျင်းရဲ့ လက်ကို ဆုပ်ကိုင်ထားခြင်းပင် ထို့ကြောင့် သူပြန်လဲကျသွားတဲ့ အချိန်မှာ ရန်ကျင်းကိုပါ ဆွဲခေါ်မိသွားခြင်းနဲ့ အဆုံးသတ်သွားရသည်။ တကယ်ဆို ရန်ကျင်းက သူ့အနေအထားကို ဆက်ထိန်းထားနိုင်ပါရက် မမျှော်လင့်ထားစွာဖြင့်ပင် သူပါ ရှန်ကျစ်ရှန်းနဲ့အတူ လိုက်ပါ လဲကျလာလေရဲ့။ သူက ရှန်ကျစ်ရှန်းရဲ့ကိုယ်ပေါ် တစ်ဝက်တစ်ပျက် ပြိုကျလာပြီး သူ့တံတောင်ဆစ်က ရှန်ကျစ်ရှန်းရဲ့ ပါးနှစ်ဖက်ဘေးမှာ ထောက်ထားလိုက်သည်။
ရှန်ကျစ်ရှန်း, "......"
ရှောင်းချောင်ယကတော့ ဘာတွေဖြစ်သွားမှန်း မသိပဲ သူတို့ရဲ့ ပုခုံးပေါ် ခုန်တက်ရန်သာ အာရုံစိုက်ထားလေသည်။ ခဏလောက်အကြာမှာတော့ သူ့ကို ဘယ်သူကမှ အာရုံမစိုက်မှန်း နားလည်သွားရပြီး ဒေါသတကြီး ထွက်သွားတော့သည်။ သူက နှုတ်ခမ်းလေး ဆူရင်းဖြင့် ရှန်ကျစ်ရှန်းရဲ့ အိမ်ထဲ ပြေးဝင်သွားကာ မျက်နှာခြင်းဆိုင်နေကြသည့် လူနှစ်ယောက်အား အပြင်မှာ ချန်ရစ်ထားခဲ့၏။
"အမ်း.....အရင်ဆုံး ထိုင်ပြီးမှ စကားပြောရင်ရော?"
ရန်ကျင်းက အတွေးအပြည့်ဖြင့် ပြောလာသည်။
"ဆွေ့ရှန်းရဲ့ ဘောင်းဘီကို ဘယ်သူက ချွတ်ချင်နေတာလဲ?"
သူ့မျက်လုံးများထဲတွင် လှိုင်းလုံးများ ရှိနေပြီး ထိုနက်နဲသော အတွင်းမှ အလင်းတန်းများက အေးစိမ့်စိမ့် ရှိနေသည်။
ရှန်ကျစ်ရှန်းက ထိုအကြောင်းကို မပြောချင်တာကြောင့် ခေါင်းစဉ်ပြောင်းလဲလိုက်သည်။
"အားကျင်း, မင်းက ငါ့အိမ်မက်ထဲမှာလား ဒါမှမဟုတ် အစစ်အမှန်လား?"
ရန်ကျင်းက ပြန်မဖြေပေမယ့် သူ့ရဲ့ နက်မှောင်သည့် မျက်လုံးတွေက သူ့ကိုသာ စူးစိုက်ကြည့်နေသည် ။
ရှန်ကျစ်ရှန်းမှာ ထိုမျက်လုံးများအား တောင့်မခံနိုင်ပေ။ သူက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချရင်း ပြောသည်။
"ဒီတိုင်း အိမ်မက် မက်တာပါ။ အိမ်မက်ပဲ ဖြစ်လောက်ပါတယ်......"
ရှန်ကျစ်ရှန်းက အိပ်မက်ကိုပြောပြလိုက်ပြီး သူစကားပြောနေစဉ် ရန်ကျင်း၏အမူအရာ အေးခဲသွားသည်ကို ရုတ်တရက် သတိပြုမိသည်။ သူ့စိတ်ထဲမှာ ထူးဆန်းတဲ့ အတွေးတစ်ခု ပေါ်လာပြီး မျက်မှောင်ကြုတ်လိုက်မိသည်။
"အားကျင်း ငါကို ရိုးရိုးသားသားပြော။ ဒီမှာ ဘာဖြစ်နေတာလဲ၊ အဲဒါ တကယ်အိပ်မက်လား?"
မနေ့ညက သူစိတ်မကောင်းဖြစ်နေတာ။ သူက ရန်ကျင်းကိုပဲ တွယ်ဖက်ထားခဲ့ပြီး တခြားဘာကိုမှ အများကြီး မတွေးခဲ့မိဘူး။ ဒီနေ့တော့ သူက အရမ်းကို တည်ငြိမ်နေတာမို့ အခြားအရာတွေကို ပိုပြီး တွေးတောနိုင်နေပြီ။
အခုတော့ သူက စာအုပ်ထဲကို ကူးပြောင်းလာတာ မဟုတ်မှန်း သေချာနေပြီဖြစ်သည်။ တကယ်တော့ သူက ဒီကမ္ဘာပေါ်က မူလရှန်ကျစ်ရှန်းသာ။ သူ့ခန္တာကိုယ် သိမ်းပိုက်ခံရပြီးနောက်မှာ ခေတ်သစ်ကမ္ဘာလို့ ခေါ်တဲ့ ကမ္ဘာတစ်ခုမှာ တစ်နည်းနည်းနဲ့ အဆုံးသတ်သွားခဲ့တာ... ဒါပေမယ့် တစ်ခုခုတော့ လွဲမှားနေတုန်းပါပဲ။
ပြီးတော့ သူ့ရဲ့ ပြန်လည်မွေးဖွားမှု....
သူကရန်ကျင်းကို မော့ကြည့်ကာ ခိုင်မာစွာဖြင့် မေးလိုက်သည်။
"အားကျင်း မင်းမှာ နောက်ဆုံးဘဝ အမှတ်တရတွေ ရှိနေပြီ မဟုတ်လား?"
ရန်ကျင်း၏ နှုတ်ခမ်းများ တုန်ယင်နေကာ ပါးစပ်ကို ဖွင့်ရခက်နေပုံရသည်။
ရှန်ကျစ်ရှန်းသည် အမှန်တရားကို ရှာဖွေတွေ့ရှိခါနီးနေပြီဟု ခံစားခဲ့ရသည်။ စိတ်ရှုပ်စွာနဲ့ ရန်ကျင်းကို တွန်းလိုက်ပြီး သူ့ကို အောက်တွင် ဖိချလိုက်၏
"ငါတို့ တစ်ယောက်နဲ့တစ်ယောက် သိနေတာကြာပြီ။ ငါ့ခန္တာကိုယ် သိမ်းပိုက်ခံလိုက်ရပြီးတော့မှသာ....ငါ့ခန္တာကိုယ် သိမ်းပိုက်ခံလိုက်ရတာကို မင်းသိပြီးနေပြီ မှတ်လား?
"......."
"အရင်ဘဝ— အရင်ဘဝလို့ပဲ ခေါ်ကြတာပေါ့။ ငါသေပြီးနောက်မှာ အချိန်နောက်ပြန်နိုင်အောင် ဘာတွေလုပ်ခဲ့လဲ?"
"......."
"မင်းက အခုဘယ်မှာလဲ? ဒါက အိမ်မက်လား ဒါမှမဟုတ် တကယ့်အစစ်လား?"
ရန်ကျင်းရဲ့ အမူအယာက လေးလံသထက် လေးလံလာသည်။နီရဲသော မျက်လုံးများက နောင်တနှင့် နာကျင်မှုကို ပြသနေသည်။ သူ့လည်ချောင်းများ တရွေ့ရွေ့နဲ့ ဖြစ်လာကာ အက်ရှရှ ပြောလာ၏.
"ဆွေ့ရှန်း, ကျွန်တော်......"
သူ ဖြစ်ညှစ်ထုတ်လိုက်တဲ့ စကားလုံးတိုင်းဟာ နာကျင်မှုတွေနဲ့ ပြည့်နှက်နေပုံပင်။
"ကျွန်တော် တောင်းပန်ပါတယ်..."
ရှန်ကျစ်ရှန်းသည် အသက်ရှူထုတ်လိုက်ပြီး ခေါင်းကိုငုံ့ကာ ရန်ကျင်း၏ နဖူးကို တရင်းတနှီး ဖိလိုက်သည်။ သူ့နှုတ်ခမ်းများသည် ရန်ကျင်း၏ နှုတ်ခမ်းဖြင့် ထိတွေ့နေကာ တိုးတိုးလေးပြောလိုက်သည့်အခါ သူတို့၏အသက်ရှူသံများ ရောယှက်သွားသည်။
"ငါမင်းကို အပြစ်မတင်ပါဘူး။ အားကျင်း, ငါမင်းကို တကယ်ပဲ အပြစ်မတင်ဘူး.....ဒီအတိုင်းပဲ ဘာတွေဖြစ်ခဲ့လဲ ဆိုတာကို သိချင်ယုံပါ။ မင်းငါ့ကို ပြောပြပေးလို့ ရမလားဟင်?"
သူ့အသံလေးက အလွန်နူးညံ့လှကာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက အိပ်မပျော်နိုင်သည့် ရန်ကျင်းလေးအပေါ် သုံးနှုန်းခဲ့သော လေသံကဲ့သို့ပင်။ သူ့မျက်လုံးထဲတွင် နူးညံ့သိမ်မွေ့မှုနှင့် ခွင့်လွှတ်ခြင်းသာ ရှိသည်။
ရန်ကျင်းက ဖြည်းညှင်းစွာ မျက်တောင်ခတ်လိုက်ပြီး နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချနိုင်သွားပုံရသည်။
"အရင်ဘဝက... ကျွန်တော် ပြီးတော့....."
================
Zaw Gyi
အခန္း(၆၇) - အတိုခ်ဳံး
ပတ္ဝန္းက်င္က အနည္းငယ္ မွဳန္မွိဳင္းေနသည္။ ႏြမ္းနယ္မွဳမ်ားက ရွန္က်စ္ရွန္း၏ အရိုးမ်ားထဲသို႔ နက္နက္ရွိဳင္းရွိဳင္း စိမ့္ဝင္ေနသလုိမ်ိဳးသူ႔အစြမ္းအားလံုး ကုန္ဆံုးေန၏။ မ်က္လံုးကို ဖြင့္လုိက္သည္နွင့္ တစ္ခဏမွာပင္ မ်က္ခြံမ်ားက ျပန္လည္ ပိတ္ပိတ္က်ခ်င္ေနသည္။
သူက သတိတၾကီးျဖင့္ ပတ္ဝန္းက်င္အား လွည့္ပတ္ ၾကည့္လုိက္ေသာအခါမွာ သူအခု ပၪၥမေတာင္ကုန္းမွာ ရွိမေနေတာ့ပဲ ရင္းနွီးေနသည့္ ထူးဆန္းေသာ အခန္းတစ္ခုထဲ ေရာက္ေနသည္ကို ေတြ႔ရွိလိုက္ရေလသည္။
၎က ရင္းနွီးေနသည္မွာ အခန္းတစ္ခုလံုး၏ ဖြဲ႔စည္းပံုကသူ႔အၾကိဳက္နဲ႔ ကြက္တိက်ေနေသာေၾကာင့္ပင္။ သို႔ေသာ္လည္း ထူးဆန္းသည္ကေတာ့ ဒီအခန္းက သူဘယ္တုန္းကမွ မေနခဲ့သည္မွာ ေသခ်ာေနေသာေၾကာင့္သာ။
႐ုတ္တရက္ ေႏြးေထြးစိုစြတ္ေသာ အထိအေတြ႕သည္ သူ႔ရင္ဘတ္ဆီသို႔ က်ေရာက္လာ၏။ ရွန္က်စ္ရွန္းက အထိတ္တလန္႔ ျဖစ္သြားမိသည္။ သူငံု႔ၾကည့္လုိက္ေသာအခါ ရန္က်င္းက သူ႔ကို လက္တစ္ဖက္ျဖင့္ ေပြ႔ဖက္ထားရင္းျဖင့္ သူ႔ခႏာၱကုိယ္အား မ်က္ႏွာသုတ္ပဝါျဖင့္ ဂရုတစိုက္ ညင္သာစြာ သန္႔ရွင္းေပးေနသည္ကိုသာ ေတြ႔လုိက္ရသည္။
သူ႔ရဲ႔ ႔ခႏၶာကိုယ္အေပၚပိုင္းက လံုးဝကို ဗလာျဖစ္ေနျပီးသူ႔ကို အေတာ္ေလး မလံုျခံဳသလုိ ခံစားရေစသည္။ အေရျပား၏ လက္မတိုင္းသည္ပင္ တုန္ယင္ေနမိသည္။ ရွန္က်စ္ရွန္းက အသက္ျပင္းျပင္း ရွဳလုိက္ျပီး သိခ်င္မိသြားသည္ ; ရန္က်င္းက ဘာလုပ္ေနတာလဲ? ဒါက ဘယ္လို လႈံ႕ေဆာ္မႈမ်ိဳးလဲ?
သူေမးလိုက္ခ်င္တယ္ ဒါေပမဲ့ ဘယ္ေလာက္ပဲ ၾကိဳးစားေနပါေစ အားနည္းလွတဲ့ အသံတိုးတိုးေလးကိုသာ လုပ္နုိင္တာမို႔ ရန္က်င္းက သူ႔စကားကို မၾကားဘူးေလ။
ရွန္က်စ္ရွန္းသည္ သူ႔ခႏာၱကုိယ္အေပၚပိုင္းဆီ က်ေရာက္ေနသည့္ ရန္က်င္းရဲ႔ အၾကည့္အား ခိုးကိုးရာမဲ့စြာျဖင့္ ခံယူေနရင္း အပူစီးေၾကာင္းတစ္ခုက သူ႔ကိုယ္ထဲ ထိုးတက္လာတာေၾကာင့္ ရွက္ရြံ႔စြာျဖင့္ ေျခေခ်ာင္းေလးမ်ား ေကြးခ်င္လာသည္။
သူ႔တြင္ ခုခံရန္ ခြန္အား လုံးဝမရွိေပ။ ဤအခိုက္အတန႔္တြင္ သူ႔ကိုယ္က ဝိညာဥ္တစ္ခုလို ျဖစ္ေနပံုရကာ လွဳပ္ရွားနုိင္ျခင္းလည္း မရွိသလို ရန္က်င္းကိုလည္း သိေအာင္ မလုပ္နုိင္ ျဖစ္ေနသည္။ ရန္က်င္းက သူ႔ခႏာၱကိုယ္အား သုတ္သင္ေပးေနသည္ကိုသာ ခြင့္ျပဳထားရသည္။
အေရွ႔နဲ႔ အေနာက္သို႔ ထပ္တလဲလဲျဖင့္ သံုးၾကိမ္တိတိ သုတ္ေပးေန၏။
ေရထဲတြင္ ဘာမွန္းမသိသည့္ ေဆးနံ႔မ်ားလည္း ပါဝင္ေနသည္။ ရွန္က်စ္ရွန္းမွာေတာ့ ျပဳတ္ထားသည့္ ပုဇြန္တစ္ေကာင္လို ျဖစ္လာခဲ့ကာ ရန္က်င္းရဲ႔ လက္ထဲမွာ အခြံႏႊာခံေနရသလို ခံစားေနရသည္။ ၎က သူ႔အား ေက်ာတြန္႔ခ်င္စိတ္ ျဖစ္လာေစသည္။
ရွန္က်စ္ရွန္းရဲ႔ အေပၚပိုင္း ခႏာၱကိုယ္အား သုတ္ေပးျပီးေနာက္မွာ ရန္က်င္းက မ်က္နွာသုတ္ပဝါအား ေဘးခ်လိုက္ျပီး သူ႔ခႏာၱကိုယ္ေပၚက ေသးငယ္ေသာ ေသြးေၾကာမ်ားအား ထပ္ခါထပ္ခါ ဖိနွိပ္ ပြတ္သပ္ေပးေနျပန္သည္။ ထို႔ေနာက္ ရန္က်င္းက သူ႔ကိုယ္ထဲသို႔ ဝိညာဥ္ခ်ီမ်ားအား ဂရုတစိုက္ ထည့္ကာလည္ပတ္ေပးေနျပီး သူ႔ေသြးေၾကာမ်ားကို ညင္သာစြာ ေခ်ာေမြ႔ စိုစြတ္ေစသည္။
ရွန္က်စ္ရွန္းသည္ သူ႔ဆီမွ ျငိမ့္ျငိမ့္ေညာင္းေညာင္းျဖင့္ ဆုပ္နယ္ေပးသည္အား ခံယူေနရကာ သူ႔အရိုးမ်ားထဲက ပင္ပန္းႏြမ္းနယ္မႈကို နွစ္ခ်က္စာေလာက္ သက္သာရာ ရေစသည္။ သို႔တိုင္ေအာင္ ထိုသူ႔အား ကူကယ္ရာမဲ့စြာနဲ႔ မ်က္ေစာင္းထိုးမိဆဲပင္။
သူက အိပ္ခ်င္လာသည့္ စိတ္အား တြန္းလွန္ေနသည့္ အခ်ိန္မွာ တစ္စံုတစ္ေယာက္က တံခါးအျပင္မွ တံု႔ဆိုင္းဆိုင္းျဖင့္ ေခါက္လာခဲ့သည္။
"အရွင္သခင္ၾကီး, တစ္စံုတစ္ေယာက္က...."
ရွန္က်စ္ရွန္းက ထိတ္လန္႔သြာမးိျပီး ထိုလူဆက္ေျပာမည့္ စကားမ်ားအား အာရံုစိုက္ရန္ ၾကိဳးစားလုိက္သည္။ သို႔ေသာ္လည္း သူ႔စကား မဆံုးေသးခင္မွာပင္ ရန္က်င္းက ၾကားျဖတ္ေျပာလုိက္ေလသည္။
"ငါဘယ္သူနဲ႔မွ မေတြဘူး"
အျပင္မွလူသည္ ခ်က္ခ်င္းပင္ အသိအမွတ္ျပဳေၾကာင္း တီးတိုးျပန္ေျဖလာသည္။ ရွန္က်စ္ရွန္းက အနည္းငယ္ သိခ်င္လာသည္။ သူက ရန္က်င္းကို ေမာ့ၾကည့္လုိက္ေသာ္လည္း ရန္က်င္းက သူ႔အၾကည့္ကို သတိမထားမိပံုပင္။ ထုိအစား ရန္က်င္းက သူ႔မ်က္လံုးနွင့္ နွုတ္ခမ္းေထာင့္စြန္းေလးသို႔သာ ေႏြးေထြးၿပီး အနည္းငယ္စိုစြတ္ေသာ အနမ္းတစ္ခုျဖင့္ ထိကပ္လာသည္။
"ေဆြ႔ရွန္း, မၾကာခင္ နိုးထလာျပီး က်ြန္ေတာ့္ကို ၾကည့္ပါေနာ္ ဟုတ္ျပီလား?"
သူ႔အသံက အလြန္ကို တိုးညွင္းေနသည္မွာ တိတ္တဆိတ္ ေတာင္းဆိုေနသလိုပင္။ ရွန္က်စ္ရွန္းမွာ ဘာလုပ္ရမွန္း မသိေတာ့ေပ။ ရန္က်င္းကို ေပြ႕ဖက္ခ်င္ေသာ္လည္း မလႈပ္ႏိုင္။ ရန္က်င္းကို သူ႔ႏွလုံးသားထဲမွာသာ ဆုပ္ကိုင္ထားႏိုင္ခဲ့သည္။ ဒီအိမ္မက္က နည္းနည္းထူးဆန္းတယ္လို႔ သူ ေတြးမေနဘဲ မေနႏိုင္ေတာ့ေပ။ အိမ္မက္က နိုးလာလို႔ လူအစစ္ကို ေတြ႔တဲ့ အခ်ိန္မွာ ရန္က်င္းကို ေကာင္းေကာင္းေလး ေပြ႔ဖက္ေပးရမယ္။
ရန္က်င္းက သူ႔ကို ေပြ႔ဖက္ျပီး ခဏေလာက္ ဆက္ပြတ္သပ္ေပးေနသည္။ ထို႔ေနာက္ ရွန္က်စ္ရွန္း၏ အက်ၤီအား ျဖည္းညွင္းစြာ ျပန္ဝတ္ေပးလိုက္ကာ ကုတင္ေပၚ ျပန္လွဲခ်ေပးလိုက္သည္။ ထို႔ေနာက္ မ်က္နွာသုတ္ပဝါအား ဇလံုထဲ စိမ္လုိက္လုိက္ျပီး လွည့္ထြက္ကာ ေလွ်ာက္သြား၏။
ဒီတစ္ေခါက္ေတာ့ ရန္က်င္းရဲ႔ လက္မ်ားက ရွန္က်စ္ရွန္းရဲ႔ ေဘာင္းဘီထံ ဦးတည္လာေလသည္။
ထိုလွဳပ္ရွားမွဳမ်ားက အလြန္ကို မေရမရာ ခံစားခ်က္မ်ိဳး ျဖစ္လြန္းေနသည္။ သူ႔ရဲ႔ ေဘာင္းဘီရွည္ေပၚက ၾကိဳးမ်ားကို ျဖဳတ္လိုက္သည့္ အခါမွာေတာ့ ေခါင္းတစ္ခုလံုး လြတ္ထြက္သြားသလိုပင္။ ရုတ္တရက္ မျမင္နုိင္သည့္ ခ်ဳပ္ေနွာင္မွုမ်ားအား ျဖတ္ေက်ာ္လုိက္ကာ ရန္က်င္းရဲ႔ လက္ကို ဆုပ္ကိုင္လုိက္သည္။
"မလုပ္နဲ႔-!"
"ဘာကို မလုပ္ရမွာလဲ?"
ရန္က်င္းရဲ႔ နားမလည္နုိင္ ျဖစ္ေနသည့္ အသံကသူ႔နားထဲ တိုးဝင္လာသည္။ ရွန္က်စ္ရွန္းသည္ ဘာမွ မစဥ္းစားမိေတာ့ပဲ သတိလက္လြတ္ျဖင့္ သူ႔ရဲ႔ စကားကို ဆက္ေျပာလုိက္မိ၏။
"ငါ့ေဘာင္းဘီကို ခ်ြတ္ေနတာကိုေလ....."
သူ႔စကား မဆံုးေသးခင္မွာပင္ ရုတ္တရက္ သတိျပန္ဝင္လာသည္။ သူ႔မ်က္လံုးမ်ားက တုန္ယင္သြားျပီး မွုန္မွိဳင္းမွိဳင္း ျဖစ္ေနေသးေသာ္လည္း ပဥၥမေတာင္ကုန္းဆီ ျပန္ေရာက္ေနျပီ ဆုိတာအား နားလည္သြား၏။ အံု႔မွိဳင္းေနေသာ လေရာင္သည္ သူ႔ေရွ႔က လူေပၚသို႔ ျဖာက်ေနျပီး ရွန္က်စ္ရွန္းအား ဆြံအသြားေစသည္။ ခဏေလာက္ အၾကာမွ ခပ္ဖြဖြ ေခ်ာင္းဟန္႔လုိက္ကာ ခပ္မတ္မတ္ ထထိုင္မိေလသည္။
သို႔ေသာ္လည္း ေရွာင္းေခ်ာင္ယက ရုတ္တရက္ ရန္က်င္းရဲ႔ ပုခံုးေပၚမွ ေပၚလာျပီး ရွန္က်စ္ရွန္း၏ ပုခံုးေပၚသို႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ခုန္တက္သြားသည္။
ဒီဟာေလးက ဘယ္လို ထူးဆန္းတဲ့ လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ အရာေတြကို စားထားလို႔မ်ား ဒီေလာက္ေလးေနတာလဲ သိခ်င္မိတယ္
သူက ျပင္ဆင္ထားျခင္း မရွိတဲ့ ရွန္က်စ္ရွန္းရဲ႔ ပုခံုးေပၚကို ခုန္တက္လုိက္တဲ့ အခ်ိန္မွာ သူ႔အေလးခ်ိန္က ရွန္က်စ္ရွန္းကို ေနာက္ျပန္လဲက်သြားေစသည္ေလ။
ရွန္က်စ္ရွန္းက ရန္က်င္းရဲ႔ လက္ကို ဆုပ္ကိုင္ထားျခင္းပင္ ထို႔ေၾကာင့္ သူျပန္လဲက်သြားတဲ့ အခ်ိန္မွာ ရန္က်င္းကိုပါ ဆြဲေခၚမိသြားျခင္းနဲ႔ အဆံုးသတ္သြားရသည္။ တကယ္ဆို ရန္က်င္းက သူ႔အေနအထားကို ဆက္ထိန္းထားနုိင္ပါရက္ မေမွ်ာ္လင့္ထားစြာျဖင့္ပင္ သူပါ ရွန္က်စ္ရွန္းနဲ႔အတူ လုိက္ပါ လဲက်လာေလရဲ႔။ သူက ရွန္က်စ္ရွန္းရဲ႔ကိုယ္ေပၚ တစ္ဝက္တစ္ပ်က္ ျပိဳက်လာျပီး သူ႔တံေတာင္ဆစ္က ရွန္က်စ္ရွန္းရဲ႔ ပါးနွစ္ဖက္ေဘးမွာ ေထာက္ထားလိုက္သည္။
ရွန္က်စ္ရွန္း, "......"
ေရွာင္းေခ်ာင္ယကေတာ့ ဘာေတြျဖစ္သြားမွန္း မသိပဲ သူတို႔ရဲ႔ ပုခံုးေပၚ ခုန္တက္ရန္သာ အာရံုစိုက္ထားေလသည္။ ခဏေလာက္အၾကာမွာေတာ့ သူ႔ကို ဘယ္သူကမွ အာရံုမစိုက္မွန္း နားလည္သြားရျပီး ေဒါသတၾကီး ထြက္သြားေတာ့သည္။ သူက နွုတ္ခမ္းေလး ဆူရင္းျဖင့္ ရွန္က်စ္ရွန္းရဲ႔ အိမ္ထဲ ေျပးဝင္သြားကာ မ်က္နွာျခင္းဆုိင္ေနၾကသည့္ လူနွစ္္ေယာက္အား အျပင္မွာ ခ်န္ရစ္ထားခဲ့၏။
"အမ္း.....အရင္ဆံုး ထိုင္ျပီးမွ စကားေျပာရင္ေရာ?"
ရန္က်င္းက အေတြးအျပည့္ျဖင့္ ေျပာလာသည္။
"ေဆြ႔ရွန္းရဲ႔ ေဘာင္းဘီကို ဘယ္သူက ခ်ြတ္ခ်င္ေနတာလဲ?"
သူ႔မ်က္လုံးမ်ားထဲတြင္ လႈိင္းလုံးမ်ား ရွိေနၿပီး ထိုနက္နဲေသာ အတြင္းမွ အလင္းတန္းမ်ားက ေအးစိမ့္စိမ့္ ရွိေနသည္။
ရွန္က်စ္ရွန္းက ထိုအေၾကာင္းကို မေျပာခ်င္တာေၾကာင့္ ေခါင္းစဥ္ေျပာင္းလဲလုိက္သည္။
"အားက်င္း, မင္းက ငါ့အိမ္မက္ထဲမွာလား ဒါမွမဟုတ္ အစစ္အမွန္လား?"
ရန္က်င္းက ျပန္မေျဖေပမယ့္ သူ႔ရဲ႔ နက္ေမွာင္သည့္ မ်က္လုံးေတြက သူ႔ကိုသာ စူးစိုက္ၾကည့္ေနသည္ ။
ရွန္က်စ္ရွန္းမွာ ထိုမ်က္လံုးမ်ားအား ေတာင့္မခံနိုင္ေပ။ သူက ကူကယ္ရာမဲ့စြာျဖင့္ သက္ျပင္းခ်ရင္း ေျပာသည္။
"ဒီတိုင္း အိမ္မက္ မက္တာပါ။ အိမ္မက္ပဲ ျဖစ္ေလာက္ပါတယ္......"
ရွန္က်စ္ရွန္းက အိပ္မက္ကိုေျပာျပလိုက္ၿပီး သူစကားေျပာေနစဥ္ ရန္က်င္း၏အမူအရာ ေအးခဲသြားသည္ကို ႐ုတ္တရက္ သတိျပဳမိသည္။ သူ႔စိတ္ထဲမွာ ထူးဆန္းတဲ့ အေတြးတစ္ခု ေပၚလာၿပီး မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။
"အားက်င္း ငါကို ႐ိုး႐ိုးသားသားေျပာ။ ဒီမွာ ဘာျဖစ္ေနတာလဲ၊ အဲဒါ တကယ္အိပ္မက္လား?"
မေန႔ညက သူစိတ္မေကာင္းျဖစ္ေနတာ။ သူက ရန္က်င္းကိုပဲ တြယ္ဖက္ထားခဲ့ၿပီး တျခားဘာကိုမွ အမ်ားႀကီး မေတြးခဲ့မိဘူး။ ဒီေန႔ေတာ့ သူက အရမ္းကို တည္ၿငိမ္ေနတာမို႔ အျခားအရာေတြကို ပိုျပီး ေတြးေတာနုိင္ေနျပီ။
အခုေတာ့ သူက စာအုပ္ထဲကို ကူးေျပာင္းလာတာ မဟုတ္မွန္း ေသခ်ာေနျပီျဖစ္သည္။ တကယ္ေတာ့ သူက ဒီကမာၻေပၚက မူလရွန္က်စ္ရွန္းသာ။ သူ႔ခႏာၱကိုယ္ သိမ္းပိုက္ခံရျပီးေနာက္မွာ ေခတ္သစ္ကမာၻလို႔ ေခၚတဲ့ ကမာၻတစ္ခုမွာ တစ္နည္းနည္းနဲ႔ အဆုံးသတ္သြားခဲ့တာ... ဒါေပမယ့္ တစ္ခုခုေတာ့ လြဲမွားေနတုန္းပါပဲ။
ျပီးေတာ့ သူ႔ရဲ႔ ျပန္လည္ေမြးဖြားမွု....
သူကရန္က်င္းကို ေမာ့ၾကည့္ကာ ခိုင္မာစြာျဖင့္ ေမးလုိက္သည္။
"အားက်င္း မင္းမွာ ေနာက္ဆုံးဘဝ အမွတ္တရေတြ ရွိေနၿပီ မဟုတ္လား?"
ရန္က်င္း၏ ႏႈတ္ခမ္းမ်ား တုန္ယင္ေနကာ ပါးစပ္ကို ဖြင့္ရခက္ေနပုံရသည္။
ရွန္က်စ္ရွန္းသည္ အမွန္တရားကို ရွာေဖြေတြ႕ရွိခါနီးေနျပီဟု ခံစားခဲ့ရသည္။ စိတ္ရႈပ္စြာနဲ႔ ရန္က်င္းကို တြန္းလိုက္ၿပီး သူ႔ကို ေအာက္တြင္ ဖိခ်လိုက္၏
"ငါတို႔ တစ္ေယာက္နဲ႔တစ္ေယာက္ သိေနတာၾကာၿပီ။ ငါ့ခႏာၱကိုယ္ သိမ္းပိုက္ခံလိုက္ရျပီးေတာ့မွသာ....ငါ့ခႏာၱကိုယ္ သိမ္းပိုက္ခံလုိက္ရတာကို မင္းသိျပီးေနျပီ မွတ္လား?
"......."
"အရင္ဘဝ— အရင္ဘဝလို႔ပဲ ေခၚၾကတာေပါ့။ ငါေသျပီးေနာက္မွာ အခ်ိန္ေနာက္ျပန္နုိင္ေအာင္ ဘာေတြလုပ္ခဲ့လဲ?"
"......."
"မင္းက အခုဘယ္မွာလဲ? ဒါက အိမ္မက္လား ဒါမွမဟုတ္ တကယ့္အစစ္လား?"
ရန္က်င္းရဲ႔ အမူအယာက ေလးလံသထက္ ေလးလံလာသည္။နီရဲေသာ မ်က္လုံးမ်ားက ေနာင္တႏွင့္ နာက်င္မႈကို ျပသေနသည္။ သူ႔လည္ေခ်ာင္းမ်ား တေ႐ြ႕ေ႐ြ႕နဲ႔ ျဖစ္လာကာ အက္ရွရွ ေျပာလာ၏.
"ေဆြ႔ရွန္း, က်ြန္ေတာ္......"
သူ ျဖစ္ညွစ္ထုတ္လိုက္တဲ့ စကားလုံးတိုင္းဟာ နာက်င္မႈေတြနဲ႔ ျပည့္ႏွက္ေနပုံပင္။
"က်ြန္ေတာ္ ေတာင္းပန္ပါတယ္..."
ရွန္က်စ္ရွန္းသည္ အသက္ရႉထုတ္လိုက္ၿပီး ေခါင္းကိုငုံ႔ကာ ရန္က်င္း၏ နဖူးကို တရင္းတႏွီး ဖိလိုက္သည္။ သူ႔ႏႈတ္ခမ္းမ်ားသည္ ရန္က်င္း၏ နွုတ္ခမ္းျဖင့္ ထိေတြ႔ေနကာ တိုးတိုးေလးေျပာလိုက္သည့္အခါ သူတို႔၏အသက္ရႉသံမ်ား ေရာယွက္သြားသည္။
"ငါမင္းကို အျပစ္မတင္ပါဘူး။ အားက်င္း, ငါမင္းကို တကယ္ပဲ အျပစ္မတင္ဘူး.....ဒီအတုိင္းပဲ ဘာေတြျဖစ္ခဲ့လဲ ဆုိတာကို သိခ်င္ယံုပါ။ မင္းငါ့ကို ေျပာျပေပးလို႔ ရမလားဟင္?"
သူ႔အသံေလးက အလြန္ႏူးညံ့လွကာ လြန္ခဲ့သည့္ နွစ္ေပါင္းမ်ားစြာက အိပ္မေပ်ာ္နုိင္သည့္ ရန္က်င္းေလးအေပၚ သံုးနွဳန္းခဲ့ေသာ ေလသံကဲ့သို႔ပင္။ သူ႔မ်က္လုံးထဲတြင္ ႏူးညံ့သိမ္ေမြ႕မႈႏွင့္ ခြင့္လႊတ္ျခင္းသာ ရွိသည္။
ရန္က်င္းက ျဖည္းညႇင္းစြာ မ်က္ေတာင္ခတ္လိုက္ၿပီး ေနာက္ဆုံးတြင္ ဆုံးျဖတ္ခ်က္ခ်နိုင္သြားပုံရသည္။
"အရင္ဘဝက... က်ြန္ေတာ္ ျပီးေတာ့....."
================