အရှင့်ဧကရီ

By Alin_kar

21.8K 1.7K 70

တိုင်းပြည်အတွက်မွေးကတည်းကယောကျာ်းလေးအဖြစ်နေထိုင်ခဲ့ရပြီး ကိုယ်တိုင်တောင်အမျိုးသမီးတစ်ဦးအဖြစ်မသိခဲ့သူ ဝနစည်သူ... More

Hello
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၇
မေတ္တာရပ်ခံချင်လို့ပါ
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂

အခန်း ၆

841 89 0
By Alin_kar

Unicode

မနက်မိုးသောက်ရောက်သော် ဝနစည်သူလည်းမြင်းဇောင်းထဲမှ သူ၏မြင်းကိုစီးလျှက် နန်းတော်အပြင်သို့ထွက်ခွာသွားလေတော့သည်။ခရီးအတော်နှင်လာပြီးနောက် တောထဲသို့ရောက်လာပြီး တဖြည်းဖြည်းတောကလည်းနက်လာလေသည်။ဓားမြဗိုလ်ဒိပ္ပတို့စခန်းချရာနေရာကိုလည်းလိုက်လံရှာဖွေနေတော့သည်။ရှာဖွေရင်းဖြင့် တောအတွင်းပိုင်းသို့ရောက်လာလေ တောမှာလည်းအပင်ကြီးများဖြင့်အုံ့မှိုင်း၍မှောင်လာလေဖြစ်သည်။တစ်နေရာအရောက်တွင် အသံများကြားရသဖြင့်ဝနစည်သူလည်း ခြုံတစ်ခုတွင်ကွယ်၍နားစွင့်နေလေတော့သည်။ထိုသူများမှာ ဓားမြဗိုလ်ဒိပ္ပ၏တပည့်များဖြစ်ကြပြီး ဓားမြတိုက်ရာမှပြန်လာခြင်းဖြစ်လေသည်။ထိုသူများနောက်သို့တိတ်တဆိတ်လိုက်ပါသွားပြီးသည့် နောက်တွင်တော့ သူရှာနေခဲ့သောစခန်းသို့ရောက်ရှိလာတော့သည်။

"အသင်ရောက်လာပြီလား ကျွန်ုပ်ကစောင့်နေတာကြာလှပြီ"

"ဒိပ္ပ ဒါဆိုဓားမြဗိုလ်ဒိပ္ပဆိုတာက"

"ဟုတ်တယ် ကျွန်ုပ်ပဲ အံ့ဩသွားလား"

"အသင်ကဘယ်လိုကနေဘယ်လိုဓားမြဗိုလ်ဖြစ်သွားရတာလဲ"

"အသင်တို့ဆီကနေပြန်တော့ နန်းတော်အရောက်မှာပဲ ဦးရီးတော်တို့ကနန်းလုပြီးသွားပြီ ခမည်းတော်ကိုလည်းသတ်ပစ်လိုက်ကြတယ် မှူးမတ်တစ်ယောက်အကူညီနဲ့ကျွန်ုပ်လွတ်လာတာပဲ ခမည်းတော်ကအရမ်းယုံကြည်ခဲ့တာကိုဒင်းမလို့သစ္စာဖောက်ရက်တယ် အဲ့အချိန်ကစပြီး ကျွန်ုပ်မှာတိုင်းပြည်မရှိတော့တာပဲ ဓားမြဗိုလ်ဆိုတဲ့ရာထူးပဲရှိတော့တယ်"

"ကျွန်ုပ်ဆီဘာလို့မလာခဲ့တာလဲ"

"ဦးရီးတော်တို့ကအခုထိလိုက်ရှာနေကြတုန်းပဲ အသင့်ကိုလည်းဒုက္ခမပေးချင်ဘူး ပြီးတော့သစ္စာဖောက်တွေကို ကျွန်ုပ်ကိုယ်တိုင်လက်စားချေပစ်မယ် မကောင်းတဲ့လူတွေကိုကျွန်ုပ်ကိုယ်တိုင်စီရင်မယ် ဒါ့ကြောင့်မလို့ ဓားမြဗိုလ်ဒိပ္ပဆိုပြီးနေနေတာ"

"အသင်ကကျွန်ုပ်သူငယ်ချင်းဖြစ်ခဲ့တာမလို့ ရန်သူမဖြစ်ချင်ဘူး အခုအလုပ်ကိုစွန့်လွှတ်လိုက်ပါ ကျွန်ုပ်ကူညီမယ်"

"ဓားမြဗိုလ်တစ်ယောက်ကိုအသင်မလွှတ်ပေးတတ်မှန်းသိပါတယ် သစ္စာဖောက်တွေကိုလက်စားချေမပြီးမချင်းဒီအလုပ်ကိုကျွန်ုပ်
မစွန့်လွှတ်နိုင်သေးဘူး အသင့်စေတနာကိုကျေးဇူးတင်ပါတယ် ဒါပေမယ့်အခုချိန်မှာ လက်စားချေဖို့ကအဓိကပဲ"

"ကောင်းပြီ အသင့်သဘောပဲ နောက်မဆုံမိအောင်နေကြတာပေါ့ အသင့်ကိုကျွန်ုပ်မဖမ်းချင်ဘူး"

"ဖမ်းတော့လည်းခံရုံပေါ့ ဒါပေမယ့် အသင်နဲ့ကျွန်ုပ်ကလက်ရုံးရည်ချင်းတူတူပဲဆိုတာကိုလည်းမမေ့ပါနဲ့"

ဝနစည်သူလည်းမြင်းဒုန်းစိုင်းနှင်လျှက်နန်းတော်ကိုပြန်လာခဲ့တော့သည်။ဝနစည်သူနန်းတော်ပြန်ရောက်သည့်သတင်းကြားသောအခါ မာယာဧကရီလည်းဝနစည်သူထံသို့ထွက်လာလေသည်။
နန်းဆောင်သို့ရောက်သည့်အခါ ခေါ်သော်လည်းပြန်ထူးသံမကြားသည့်အတွက် အပြင်၌ရပ်စောင့်နေပြီးခနအကြာ နန်းဆောင်ထဲသို့ဝင်ပြီးလိုက်လံရှာဖွေသည့်အခါမတွေ့သောကြောင့် ပြန်လှည့်အထွက် အရာဝတ္ထတစ်ခုနှင့်တိုက်မိပြီးလဲကျပြီးနောက် အခန်းတစ်ခုပေါ်လာတော့သည်။မာယာဧကရီလည်းထိုအခန်းထဲကိုဝင်ပြီး ထပ်မံရှာဖွေတော့သည်။ထိုအခါအသံတစ်ခုကိုကြားသဖြင့်တိတ်တဆိတ်နားစွင့်လျှက် တဖြည်းဖြည်းလျှောက်သွားလိုက်ပြီးနောက်တွင်တော့ မာယာဧကရီလည်းအလျင်အမြန်သူမ၏နန်းဆောင်သို့ပြန်သွားတော့သည်။

ဝနစည်သူလည်းတိုင်းပြည်အရေးကိစ္စများကိုဆောင်ရွက်လျှက်တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးလာလေသည်။တိုင်းပြည်ကိုကာကွယ်ရန်အစီအစဥ်အတွက်လည်းသူ၏ဖခင်နှင့်လည်းတိုင်ပင်နေတော့သည်။

"တံတိုင်း ၇ထပ်တည်ဆောက်ချင်လို့ဟုတ်လား သားတော်"

"ဟုတ်ပါတယ် ခမည်းတော် ရန်သူတွေကျူးကျော်လာရင်ကာကွယ်နိုင်အောင် တည်ဆောက်ချင်လို့ပါ"

"တံတိုင်း၇ထပ်ကို ခမည်းတော်ဖခင်လက်ထပ်တည်းက‌တည်ဆောက်ဖို့လုပ်ဆောင်ပေမယ့် မအောင်မြင်ခဲ့ဘူး ငွေကြေးအင်အား လူအင်အားမလုံလောက်တာကြောင့်ရပ်တန့်ပစ်လိုက်ရတယ်"

"အခုတော့ပြန်လည်လုပ်ဆောင်ခွင့်ပေးပါ ခမည်းတော် ဒီတစ်ခေါက်တော့သေချာပေါက်အောင်မြင်အောင်စေရပါမယ် ယုံကြည်ပေးပါ"

"သားတော်ကိုယုံကြည်ပါတယ် လိုအပ်တာရှိရင်လည်းခမည်းတော်ကိုပြောပါ"

"ခမည်းတော်ကိုစိတ်မပျက်စေရဘဲ အမြန်ဆုံးပြီးမြောက်အောင်မြင်အောင်လုပ်ဆောင်ပါ့မယ်"ဝနစည်သူလည်းသူ၏ဖခင်ကိုကတိပေးလျှက် တိုင်းပြည်ကာကွယ်မှုလုပ်ငန်းစဉ်များကိုစတင်လုပ်ဆောင်လေတော့သည်။ဝနစည်သူလည်းကိုယ်တိုင်စီမံညွှန်ကြားလျှက်တံတိုင်း ၇ထပ်အမြန်ဆုံးပြီးစီးဖို့ကိုသာ အလေးထားဆောင်ရွက်နေစဉ်

"ဘယ်လိုလဲမင်းသားကြီးရဲ့ အရမ်းတွေကြိုးစားလှချည်လား"

"သီဟဘယ်လိုရောက်လာတာလဲ"

"အလုပ်များလှတဲ့ အင်းဝတိုင်းပြည်မင်းသားလေးက သူငယ်ချင်းကိုမေ့ပြီးတစ်ယောက်တည်းကြိုးစားနေတော့ အလုပ်မရှိတဲ့ဒီမင်းသားကပဲဘာများကူညီရအုံးမလဲလို့လာမေးရတော့တာပေါ့"

"ရောက်လာတာအတော်ပဲ အသင့်ကိုမမေ့ပါဘူး အသင့်အလုပ်တွေနဲ့အသင်မအားမှာစိုးတာကြောင့်ပါ ဘာလို့လဲဆိုတော့အသင်ကကျွန်ုပ်ထက်ပိုအလုပ်များတဲ့လူမဟုတ်လား ဟိုတိုင်းပြည်ကမင်းသမီးကိုပိုးရ ဒီတိုင်းပြည်ကမင်းသမီးကိုပိုးရနဲ့လေ ဟုတ်တယ်မလား"

"ဟား ဟား ဟား အသင်ကတော့ကျွန်ုပ်ကိုတွေ့တာနဲ့ နှိပ်ကွပ်လိုက်ရမှနော် ကျွန်ုပ်ကမေတ္တာတရားကြီးမားသူဆိုတော့လည်း ဒီလောက်တော့ရှိမှာပေါ့ အခုလည်းမေတ္တာကြီးမားသူပီပီအသင့်ကိုကူညီဖို့ရောက်လာပြီမဟုတ်လား"

သီဟဆိုသူမှာအပျော်ပါးမက်သောမင်းသားတစ်ပါးဖြစ်ပေမယ့်လည်းပျက်စီးသောသူတစ်ယောက်တော့မဟုတ်ပေ။ဝနစည်သူတို့နှင့်တွေ့လျှင်ပေါ့ပါ့ပါးပါးနဲ့အသွက်လက်ဆုံးလူတစ်ယောက်ဖြစ်သည်။သူ၏တိုင်းသူပြည်သားများကိုချစ်ခင်ပြီး မင်းသားကောင်းတစ်ပါးလည်းဖြစ်သည်။ဝနစည်သူတို့နဲ့ လက်ရုံးရည်မညီပေမယ့် အခြားသူများထက်စာရင်တော့လက်ရုံးရည်ကောင်းမွန်သောသူဖြစ်သည်။သဘောအလွန်ကောင်းပြီး ကူညီချင်စိတ်အပြည့်ရှိသူတစ်ယောက်လည်းဖြစ်ပေသည်။

ဝနစည်သူလည်းသူငယ်ချင်းနှင့်တိုင်ပင်လျှက် တံတိုင်းကြီးကိုအကောင်းဆုံးတည်ဆောက်နေလေသည်။

တဖက်တွင် ဒေဝနှင်စက္ကတို့နှစ်ယောက်လည်း နန်းလုရန်အစီစဉ်များကိုပြန်လည်အကောင်ထည်ဖော်နေတော့သည်။ပုဏ္ဏားကြီးပြောခဲ့သော ဒီတိုင်းပြည်ကိုအင်အားကြီးမားကျယ်ပြန့်အောင်အမျိုးသမီးတစ်ယောက်ကလုပ်ဆောင်ပေးလိမ့်မယ်ဟူသောစကားကြောင့် ထိုအမျိုးသမီးဟာဘယ်သူလဲဆိုတာကိုသိချင်စိတ်ပြင်းပြနေတော့သည်။ထို့ကြောင့် နန်းတော်ထဲသို့ သူလျှိုစေလွှတ်ပြီးစုံစမ်းခိုင်းလေတော့သည်။

၂၀.၇.၂၀၂၂
ဗုဒ္ဓဟူးနေ့

_______________________________________

Zawgyi





























၂၀.၇.၂၀၂၂
ဗုဒ္ဓဟူးနေ့

Continue Reading

You'll Also Like

240K 18.2K 200
New Normal တစ်ပတ် သုံးရက် update ပါရှင် ... Paid gp က နောက်အပတ်လောက်မှစပါမယ်ရှင် ... Title- Mei Gongchin သူမကိုယ္သူမ မီးရွို့၍ သတ်သေသွားပြီးသည့်နောက...
255K 20.3K 109
ဘာသာပြန်သူ - စွဲညို့အသင်း ရွှီမိသားစုရဲ့ တိသမီးက လက်ထပ်ပြီးတော့ ယန်ကျင်းကို ရောက်လာပါတယ်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ယောက်ျားက အောင်မြင်တဲ့ စာသင်သား...
663K 30.6K 69
Both Uni +Zaw Cover~Zeno kam(သားထူး) အမုန်းဆုံးဟုသတ်မှတ်ခဲ့ဖူးသော ကိုယ့်ရဲ့အချစ်ဆုံးလူ မင်းဟာကိုယ့်ရဲ့မရှိမဖြစ်နေရောင်ခြည်လေးပါ မင်းအပေါ် ကိုယ်ရက်စက်...
1M 118K 197
တစ်ချိန်တုန်းက ကမ္ဘာကျော် ဆရာဝန်တစ်ဖြစ်လဲ လူသတ်သမား လင်းဂျင်ရွှမ်သည် လက်တစ်ဖက်ဖြင့်အသက်ကယ်ပြီး ကျန်လက်တစ်ဖက်နှင့်လုပ် ကြံသတ်ဖြတ်သူဆိုပြီး အစိုးရနှင့်...