Unicode
အခန်း(၇၆-၂) - ခုနှစ်ဆယ့်ခြောက်
ရှန်ကျစ်ရှန်းက အသံတိုးတိုးဖြင့် ပြောလိုက်သည်။
"အပင်တွေကတော့ တကယ့် အပင်တွေပဲ ဒါပေမဲ့ သူတို့ရဲ့ သက်ဝင်မှုက အားနည်းနေပြီး ဖျော့တော့နေတယ်...."
အေးမြမြ လေနုအေးတစ်ခုက သူ့အင်္ကျီလက်စကို လှုပ်ရမ်းသွားတာကြောင့် မျက်လုံးပင့်ကာ ကောင်းကင်ကို မော့ကြည့်လိုက်၏။
"မှောင်နေပြီ။"
အမှန်ပင် မှောင်နေလေပြီ။
တိမ်မည်း အကြီးကြီးများက မိုးကုပ်စက်ဝိုင်းဆီမှ လွင့်ပျံလာကာ လူတိုင်း၏ ခေါင်းထက်မှ ခပ်နိမ့်နိမ့် နေရာလောက်မှာ လေးလံစွာဖြင့် တွဲလောင်း ကျနေသည်။ ၎င်းသည် မြေပြင်ပေါ်တွင် ကြီးမားသော အရိပ်များဖြစ်ပေါ်စေကာ မရေမတွက်နိုင်သော နတ်ဆိုးများနဲ့ မိစ္ဆာများကို ဖုံးကွယ်ထား၏။ ရုတ်တရက် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာပြန်သည်။ တိမ်များသည် ဘာမှန်းမသိသည့် အရာများစွာနဲ့ ပစ်ချခံလိုက်ရသလိုမျိုး စတင် ပြန့်ကျဲလာသည်လေ။
တစ်ဝက်လောက် ဖောက်ထွင်းမြင်နေရသည့် အရိပ်နတ်ဆိုးများ၊ စေးကပ်နေသည့် မိစ္ဆာများအပြင် သူတို့ အရင်က တစ်ခါမှ မမြင်ဘူးသော မျက်ရည်နတ်ဆိုးကဲ့သို့သော မိစ္ဆာနတ်ဆိုးများက အနက်ရော် တိမ်တိုက်များထဲကနေ ပျော်ရွှင်စွာ ခုန်ဆင်းလာကြ၏။
တိမ်မည်းများ လွင့်စင်သွားကာ ဤနေရာတစ်ခုလုံးအား နတ်ဆိုးများနှင့် ဘီလူးများအတွက် ကစားကွင်းအဖြစ် ပြောင်းလဲပေးခဲ့သည်။
အရိပ်နတ်ဆိုးများသည် အရိုးစုများတွင် ပုန်းအောင်းကစားနေကြသည်။ စေးကပ်နေသည့် မိစ္ဆာများကတော့ အရိုးများနားမှာ စုဝေးကာ တစ်ကျွတ်ကျွတ်ဝါးစားနေကြ၏။ ထိုအချိန်တွင် မျက်ရည်နတ်ဆိုး ဘောလုံးျားကတော့ နေရာတိုင်းမှာ ခုန်ပေါက်သွားနေတာကြောင့် အချင်းချင်း ထိခတ်မိကုန်ပြီး တစ်စီစီ တစ်ဝီဝီ အသံများ ထွက်ပေါ်နေစေသည်။ သို့သော် မျက်ရည်နတ်ဆိုးတစ်ကောင်က သတိမထားမိဘဲ ခေါင်းမဲ့နတ်ဆိုးကို မတော်တဆ တိုက်မိသွားသည်။
ဦးခေါင်းမရှိသော နတ်ဆိုး၏ အရိုးစုသည် ကွဲအက်ကာ ရှုပ်ယှက်ခတ်နေပြီး လည်ပင်းထက်တွင် ဘာမျှမရှိပေ။ မျက်ရည်နတ်ဆိုးက ၎င်းနှင့်တိုက်မိပြီးနောက်မှာတော့ ထိုအကောင်ကြီးက အရိုးများ တစ်ချွတ်ချွတ်မြည်ကာဖြင့် တွန့်လိမ်ရင်း ဒေါသတကြီး လှည့်လာသည်။
အခြေအနေ မကောင်းတော့ဘူး ဆိုတာအား မျက်ရည်နတ်ဆိုးလည်း သတိပြုမိ၏။ သူက အနောက်ဘက်သို့ လျင်မြန်စွာ ခုန်လိုက်ရင်း တစ်ဘုတ်ဘုတ်ဖြင့် ပြေးတော့သည်။ သို့သော်လည်း ခေါင်းမရှိသည့် နတ်ဆိုးက လှည့်တဲ့အချိန်မှာ အလွန်တောင့်တင်းနေပေမယ့် မျက်ရည်နတ်ဆိုးအား ဖမ်းဆီးရာတွင် လှုပ်ရှားမှုများက အလွန်မြန်ဆန်ကာ ပိုမိုမြန်ဆန်သည့် အရှိန်ဖြင့်ပင် ၎င်းကို လုံးလုံးချေမွပစ်လိုက်သည်။
ရေများက မြေကြီးပေါ် ကျကုန်ပြီး မြေဆီလွှာထဲသို့ လျင်မြန်စွာ စိမ့်ဝင်သွားတော့၏။
ဒီမြင်ကွင်းက တကယ့်ကို စိတ်အနှောက်အယှက်ဖြစ်စရာပင်.
သွမ့်ယွမ်က သစ်ကိုင်းခြောက်တစ်ခုအား ကောက်ယူလိုက်ပြီး အရိပ်နတ်ဆိုးရှေ့မှာ လှုပ်ရမ်းပြလိုက်သည်။ အရိပ်နတ်ဆိုးက ကြားပုံမရသလို သတိပြုမိပုံလည်း မရပေ။ ထိုအစား အရိုးပုံများကြားထဲမှာသာ ခေါင်းစိုက်နေတာကြောင့် တင်ပါးတစ်ခုလုံး ထောင်နေပြီး တစ်လှုပ်လှုပ်ဖြစ်နေသည်။
သွမ့်ယွမ်က ထိုတင်ပါးကြီးအား သစ်ကိုင်းဖြင့် ထိုးဖို့ ကြိုးစားကြည့်လိုက်သော်လည်း သူတို့ရှေ့က ပုံရိပ်များက ယိမ်းယိုင်သွားကာ လှိုင်းလုံးများလို ဂယက်များထသွားသည်ကိုသာ မြင်လိုက်ရသည်။ သစ်ကိုင်းခြောက်က အရိပ်နတ်ဆိုးအား လုံးဝ မထိနိုင် ; သူတို့နဲ့ အပြင်ဘက်က နတ်ဆိုးများကြားမှာ ဖောက်ထွင်းမြင်နေရသည့် အတားအဆီးတစ်ခု ရှိနေသည်။
သွမ့်ယွမ်သည် သစ်ကိုင်းခြောက်အား ပစ်ချလိုက်ပြီး လက်ပြန်ရုတ်လိုက်သည်။ သူက နှာခေါင်းအား ပွတ်လိုက်ရင်းဖြင့်
"ထိလို့ မရဘူး"
ရှန်ကျစ်ရှန်းက နောက်ပြန်လှည့်ကြည့်လိုက်သောအခါ သူတို့ ဖြတ်ကျော်လာတဲ့ ကျောက်တုံးတံခါးက ပျောက်ကွယ်သွားခဲ့ပြီ ဆိုတာအား မြင်လိုက်ရသည်။ သူတို့နောက်ဘက်မှာနတ်ဆိုးမျိုးစုံနဲ့ ဘီလူးတွေဖုံးလွှမ်းနေသော တိတ်ဆိတ်နေသည့် အဝါရောင်တောင်ကြီးတစ်ခုသာ ရှိလေသည်။
ခပ်လှမ်းလှမ်းမှာတော့ လမင်းသည် အုံ့မှိုင်းစွာ တောက်ပနေ၏။
ရန်ကျင်းသည် ငုံ့ကိုင်းလိုက်၍ လက်သီးအရွယ် ကျောက်တုံးတစ်တုံးကို ကောက်ယူကာ ညင်သာစွာ ပစ်ချလိုက်သည်။
သူ၏ပစ်လွှတ်မှုသည် ပေါ့ပေါ့ပါးပါးရှိပုံရသော်လည်း ကျောက်တုံးကြီး လွင့်ထွက်သွားသည်နှင့်အမျှ ဒါဇင်များစွာရှိသည့် ကျောက်တုံးများအဖြစ် နေရာအနှံ့သို့ ရုတ်တရက် ကွဲထွက်သွားသည်။
မကြာမီတွင် ၎င်းတို ပတ်ဝန်းကျင်ရှိ မြင်ကွင်းများသည့် လှိုင်းဂယက်များစွာဖြင့် ဖုံးလွှမ်းသွားခဲ့လေသည်။ သို့သော်လည်း ခဏအကြာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်သာ။ အတားအဆီး တစ်ဖက်မှ မိစ္ဆာများနဲ့ နတ်ဆိုးများသည်တော့ ၎င်းတို့အား သတိပြုမိပုံ မရသလို ကြားပုံလည်း မရပေ။ သို့ပေမယ့်လည်း ရှန်ကျစ်ရှန်းသည် ၎င်းတို့ကို အတားအဆီးတစ်ခုအောက်မှာ ဖုံးအုပ်ထားသည်ကိုတော့ ရှင်းရှင်းလင်းလင်း မြင်နိုင်၏။
အတားအဆီးကို မချိုးဖြတ်ပါက ဤနေရာတွင် ပိတ်မိနေ၍ မထွက်ခွာနိုင်မည်မဟုတ်။ သို့သော် ဤအတားအဆီးကို ချိုးဖျက်မည်ဆိုပါကလည်း မကြာမီ နတ်ဆိုးများနှင့် မိစ္ဆာများ၏ ဝိုင်းရံခြင်းကို ခံရမည်ဖြစ်သည်။
ဒါက အကျပ်ရိုက်သည့် အခြေအနေသာ။ သို့သော်လည်း လူတိုင်းက တစ်ညီတစ်ညွှတ်တည်း ပြုံးလိုက်ကြ၏။
သူတို့ ဒီကိုလာတာကလည်း ဒီ မိစ္ဆာတွေနဲ့ နတ်ဆိုးတွေကို ဖျတ်ဆီးဖို့ပဲလေ
ပြင်ပကမ္ဘာမှာ ဒီလျှို့ဝှက်နယ်မြေက ဘာလဲဆိုတာ မသိနိုင်သလို နှင်းခဲပြန်လာဓား၏ ဓားဝိညာဉ်ကလည်း ၎င်းအား အချိန်အကြာကြီး ချုပ်နှောင်ထားနိုင်မှာ မဟုတ်ဘူးလေ ။ ဒါကြောင့် သူတို့ ဆုံးဖြတ်ချက်ကို လျင်မြန်စွာ ချမှတ်ကြရသည်။
သို့သော် အပြင်တွင် နတ်ဆိုးများနှင့် မိစ္ဆာများစွာ ရှိနေသေးသည်။ အတားအဆီးကို တိတ်တိတ်ဆိတ်ဆိတ် ချိုးဖျက်ဖို့ နည်းလမ်းရှာဖို့ လိုနေသည်။
အတားအဆီးကို ချိုးဖျက်ရန် မခက်ခဲပေ။ ပြဿနာက အဲဒါကို တိတ်တဆိတ် ဘယ်လိုဖျတ်ဆီးမလဲ ဆိုတာပဲ
ရှန်ကျစ်ရှန်းနှင့် ရန်ကျင်း၏လက်နက်များမှာ ဓားဖြစ်သည်။ ရွှယ်ချီ၏လက်နက်သည် ဆေးဖက်ဝင်ကျည်ပွေ့ဖြစ်ပြီး လျှန်ချင်းရဲ့ လက်နက်ကတော့..ရိုက်နှက်လို့ရတဲ့ ကုချင်း။ ပြီးတော့ သွမ့်ယွမ်ရဲ့ လက်နက်.....ရွှမ်းတူရိယာကလည်း ရိုက်နှက်တဲ့ ပစ္စည်းအဖြစ် သုံးလို့ ရတာပါပဲလေ
တကယ့်ကို ကမ္ဘာမြေတုန်လှုပ်ဖွယ်ရာပဲ
သွမ့်ယွမ်က သူ့ရဲ့ ရွှမ်းတူရိယာအား လက်ထဲမှာ ကိုင်ထားရင်း စိတ်အားထက်သန်စွာဖြင့် ပြောာလသည်။
"ကျွနတော် ဒီအတားအဆီးကို ရွှမ်းတေးသံနဲ့ ဖြိုချဖို့ ကြိုးစားလို့ရတယ်"
မည်သူ့ဆီကမှ ကန့်ကွက်မှုကို မကြားရသောအခါ သူ့ရဲ့ ရွှမ်းတူရိယာအား နှုတ်ခမ်းနားတေ့၍ အသက်ပြင်းပြင်း ရှုလိုက်၏။
နက်နဲပြီး ခပ်နိမ့်နိမ့် တေးသံတစ်ခု ထွက်ပေါ်လာကာ တေးသံက အနည်းငယ် ဆိတ်ညံနေသည်။ သွမ့်ယွမ်၏ ဝတ်ရုံကလေထဲမှာ တစ်ဖျပ်ဖျပ်လွင့်နေကာ ပုံရိပ်က မေ့ဖျောက်ဖို့ ခက်ခဲစေနိုင်သလို ပြင်းစွာသော စိတ်ခံစားချက်များ ဖြစ်ပေါ်စေနိုင်၏။ ဝိညာဉ်စွမ်းအားများက ဝမ်းနည်းအောင့်မေ့ဖွယ် ကောင်းစွာဖြင့် ဖြန့်ကျက်လာခဲ့ကာ မမျှော်လင့်ထားစွာပင် သာမာန်မဟုတ်လောက်အောင် ထူးခြားနေသည်။
ရှန်ကျစ်ရှန်းသည် သွမ့်ယွမ်၏ သီချင်းသံအား တစ်ခါသာ နားထောင်ခဲ့ဘူးပြီး ၎င်းသည် မီးဖိုချောင် တစ္စေကို တီးမှုတ်ပြတုန်းကပင်။
ရှင်သန်ထမြောက်ခြင်း တေးသံသည် နူးညံ့သိမ်မွေ့ပြီး အေးချမ်းသာယာကာ သေခြင်းတရား၏ အစအနလေးကိုပင် သယ်ဆောင်ထားခြင်း မရှိပေ။ မကြာသေးခင်တုန်းက လျှန်ချင်းသည် သူ့ရဲ့ ကူချင်းကို ရိုက်နှက်စရာအဖြစ် အသုံးပြုခဲ့ပြီး သွမ့်ယွမ်သည်လည်း သူ့ရဲ့ ရွှင်ကို သုံး၍ အရာဝတ္တုများအား ရိုက်ချိုးခဲ့သည်အား ကြည့်ပြီးနောက်မှာ သူတို့ရဲ့ ဂီတက မည်မျှ ဆွဲဆောင်နိုင်စွမ်း ရှိသည်ကို မေ့သွားခဲ့မိသည်။သံစဉ်ကျင့်ကြံသူများက တူရိယာများကို တေးဂီတများ ဖန်တီးရန် အသုံးပြုကြသည်။ ဂီတသည်လည်း သေစေနိုင်သည်သာ။
အတားအဆီးပေါ်တွင် အသံတိတ်ခြစ်ရာများ ပေါ်လာပြီး အပြင်ဘက်ရှိ နတ်ဆိုးများနှင့် မိစ္ဆာများ၏ မြင်ကွင်းများသည်လည်း အက်ကွဲရာများ ဖြစ်လာနေသလိုပဲ
လူတိုင်းက အဆင်သင့် ပြင်ထားသည်။ အတားအဆီး ကျိုးပျက်သည်နှင့် တစ်ပြိုင်နက် အပြင်ဘက်မှ နတ်ဆိုးများနဲ့ မိစ္ဆာများကို အလျင်မြန်ဆုံး အပြင်းထန်ဆုံး လှုပ်ရှားမှုများဖြင့် တိုက်ခိုက်ကြမှာပင်။
လျှန်ချင်း၏ နှဖူးက အနည်းငယ် လှုပ်ရှားသွားခဲ့ကာ သူ့နှလုံးသားက အမည်မသိ ခံစားချက်တစ်ခုဖြင့် တုန်လှုပ်သွားသည်။ သူက သွမ့်ယွမ်ကို နောက်မှီလိုက်ကာ လက်တစ်ဖက်ဖြင့် ကုချင်းအား ကိုင်လိုက်ရင်း ကျန်တစ်ဖက်ဖြင့် ကုချင်း၏ ကိုယ်ထည်အား ပွတ်ဆွဲလိုက်သည်။ ဝိညာဉ်စွမ်းအားဖြင့် ဖွဲ့စည်းထားသည့် အေးခဲနေသော ပိုးကြိုးငါးချောင်း ပေါ်လာတော့၏။ သူက ကြိုးတစ်ချောင်းအား ညင်သာစွာ ဖိနှိပ်လိုက်ရာ ဆတ်ခနဲ တုန်သွားသည်။
ယခုအခါ အတားအဆီးပေါ်တွင် ခြစ်ရာများ ပိုများလာကာ အပြင်ဘက်ရှိ နတ်ဆိုးများနှင့် နတ်ဆိုးများ၏ အသံများ ပိုမိုကျယ်လောင် ကျယ်လောင်လာသည်။ ဆူညံသံကြားတွင်၊ ပေါ့ပေါ့ပါးပါး လွင့်မျောနေသော ရေခဲများနှင့် ထူထပ်နေသော နှင်းများ အရည်ပျော်သွားသလိုမျိုး အသံအနည်းငယ်ထွက်ပေါ်လာသည်။
သံစဉ်ကျင့်ကြံသူများသည် အသံများကို အလွန်အကဲဆတ်ကြသည်။ လျှန်ချင်းသည် သူ့အာရုံအားလုံးကို စူးစိုက်ထားနေရင်း အမည်မသိ အသံတစ်ခုအား ကြားလိုက်ရ၏။ သူ့အမူအယာက ပြောင်းလဲသွားကာ အော်လိုက်သည်။
"သွမ့်ယွမ်, ရပ်တော့!"
သူက ရုတ်တရက် သွမ့်ယွမ်ရဲ့ ရွှင်ကို လုယူချင်သလိုမျိုး လှုပ်ရှားလိုက်သည်။ သံစဉ်ကျင့်ကြံသူများ တေးသီချင်း တီးမှုတ်နေချိန်မှာ သူတို့ရဲ့ တူရိယာကို လုယူခြင်းသည် တားမြစ်ထားသော အပြုအမူပင်။ ။ ရလဒ်သည် အသေးစားမှ ပြင်းထန်သော ဒဏ်ရာအထိ ဖြစ်နိုင်သည်။ လျှန်ချင်းကိုယ်တိုင်တောင် အလွယ်တကူ မကိုင်တွယ်နိုင်တာ သွမ့်ယွမ်ဆိုရင် ပိုဆိုးပေါ့!
သို့သော်လည်း သူက ခြေတစ်လှမ်း နောက်ကျသွားဆဲသာ။ သွမ့်ယွမ်က နောက်ဆုံး တေးသံအား မှုတ်လိုက်လေပြီ။ ရေခဲနှင့် နှင်းကျသံများ ရုတ်တရက် ကျယ်လောင် ကြည်လင်လာသည်။ သွမ့်ယွမ် အာရုံမစိုက်နိုင်လိုက်သည့် အချိန်မှာပင် သူ့ခြေထောက်အောက်မှာ အေးစက်နေတဲ့ လှိုင်းလုံးများကို ခံစားလိုက်ရကာ အနည်းငယ် တုန်ခါမှု ဖြစ်သွားသည်။
ချက်ချင်းဆိုသလိုပဲ လူတိုင်း ပြုတ်ကျသွားသည်။ မြက်ခြောက်တွေနဲ့ ဖုံးထားပြီး အေးခဲနေသော ရေခဲတစ်လွှာသာ ဖုံးအုပ်ထားတဲ့ မြေဆီလွှာဟာ လူတိုင်းရဲ့ အလေးချိန်ကို မခံနိုင်တော့ပေ။ ၎င်းက ရုတ်တရက် ကွဲအက်သွားပြီး အောက်ခြေမှ တွင်းကြီးတစ်ခု ပေါ်လာတော့သည်။
ကောင်းကင်မှ နှင်းများ ထူထပ်စွာ ကျဆင်းလာပြီး အဘက်ဘက်ကနေ လက်မောင်းလောက် ရေခဲတုံးများ မရေမတွက်နိုင်အောင် ကျလာသည်။
သတ်ဖြတ်ချင်သည့် အေးစိမ်မှုများ ပါဝင်နေသော ရေခဲချွန်များက နတ်ဆိုးချီအလင်းများနဲ့ ရောယှက်နေကာ လူများအား ဖြူကောင်များအသွင် ပြောင်းချင်နေသလိုမျိုး တစ်ဝုန်းဝုန်း ကျလာသည်လေ
ရှန်ကျစ်ရှန်းက သူ့ဓားကို ဆွဲထုတ်လိုက်ကာ ရေခဲဆူးချွန်တစ်ခုကို တားဆီးလိုက်သည်။ သူက ရန်ကျင်းနဲ့ ကျောကပ် ရပ်လိုက်ပြီး သူ့ရဲ့ဓားက ပေါ့ပါးစွာ ကခုန်နေရင်းဖြင့် ရှေ့ဘက်မှ မရေမတွက်နိုင်သည့် ရေခဲချွန်များအား ဖြတ်ချနေသည်
ကောင်းကင်မှ ကြီးမားသော ဖိအားတစ်ခု ကျဆင်းလာခဲ့ကာ သူတို့အား တွင်းအောက်ခြေဆီသို့ ဖိချလိုက်သလိုမျိုး ပတ်ဝန်းကျင်ရှိ ရေခဲနံရံသည်လည်း လျင်မြန်စွာ မြင့်တက်လာပုံရသည်။ သူတို့က ရေခဲချွန်များ၏ ထိပ်မှာရပ်ပြီး သတိတကြီးထားနေကြသည်။ ဖိအားကို လုံးဝ မကျော်လွှားနိုင်သေးသော်လည်း အနည်းဆုံးတော့ သူတို့ရဲ့ ကျဆုံးမှုအရှိန်ကို နှေးကွေးသွားစေနိုင်သည်လေ။
ထိုအချိန်မှာပင် ရေခဲချွန်များက ပိုမိုများပြားစွာ ကျဆင်းလာပြီး သူတို့ကို အဆုံးမရှိ ပြင်းထန်စွာ ပစ်ခတ်နေသည်။ သူတို့သည်လည်း တစ်ကွဲတစ်ပြား ဖြစ်ကုန်ကြကာ ရှန်ကျစ်ရှန်းနဲ့ ရန်ကျင်းက တစ်ဖက်၊ ရွှယ်ချီက တစ်ဖက် ဖြစ်ပြီး လျှန်ချင်းနဲ့သွမ့်ယွမ်တို့က တစ်ခြားတစ်ဖက်ဆီမှာ ဖြစ်နေသည်။
လျှန်ချင်း၏ မျက်နှာသည် နှင်းများနှင့် ရေခဲများထက် ပိုအေးစက်နေသည်။ သူက နှုတ်ခမ်းများအား တင်းတင်းကြပ်ကြပ် ဖိကပ်ထားရင်း သူ့လက်ချောင်းများက ကြိုးများပေါ်မှာ ပြေးလွှားနေသည်။ ကူချင်း၏ တေးသံက မမြင်ရတဲ့ ဖိအားတစ်ခုလိုမျိုး သူနဲ့သွမ့်ယွမ်ဆီ ပြေးဝင်လာနေသည့် ရေခဲချွန်များအား ဖျတ်ဆီးပစ်နေ၏။
လျှို့ဝှက်နယ်မြေသည် သွမ့်ယွမ်က အတားအဆီးကို ချိုးဖြတ်လိုက်တဲ့သူ ဖြစ်တာကြောင့် သူ့အား တမင်သက်သက် အညှိုးထားနေပုံပင်။ ကျဆင်းနေသော အဖြူရောင်နှင်းများကြားတွင် ဖုံးကွယ်ထားသည့် မရေမတွက်နိုင်သော ရေခဲတုံးငယ်များသည် တစ်ဖြည်းဖြည်း သိပ်သည်းလာခဲ့ပြီး ရေခဲတုံးအကြီး တစ်ခုအဖြစ် စုစည်းလာကာ သွမ့်ယွမ်ဆီသို့ ပစ်လွှတ်လိုက်သည်။
သွမ့်ယွမ်သည်တော့ အတားအဆီးကို ချိုးဖျက်ရန် ကြိုးပမ်းထားမှုကြောင့် ပင်ပန်းနွမ်းနယ်နေခဲ့သည်။ သူ့ကိုယ်သူ ကာကွယ်နိုင်နေသေးသော်လည်း လှုပ်ရှားမှုများက အကန့်အသတ်ဖြစ်ပြီး နှေးကွေးနေတာကြောင့် နောက်ပြန်ဆုတ်ဖို့ ခက်ခဲနေစေ၏။
သွမ့်ယွမ်က မကြာခင် သူတစ်ပိုင်းသေတော့မယ်လို့ ထင်ကာ ခုခံကာကွယ်ဖို့ပြင်ဆင်နေတဲ့အချိန်မှာပဲ လျှန်ချင်းက ရေခဲတုံးကြီးအား မြင်လိုက်ရသည်လေ။ သူက သွမ့်ယွမ်အား အလိုလို ကန်ထုတ်လိုက်သည်။ ထို့နောက် ကူချင်းအား သူ့မျက်နှာနားထိ ပင့်တင်လိုက်ကာ သူ့ရဲ့ လက်ငါးချောင်းက ကြိုးများကို တစ်သွင်သွင် တီးခတ်လိုက်ပြီး ကြီးကျယ်ခမ်းနားသော ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာကာ ရေခဲတုံးကြီးနှင့် ဝင်စောင့်သွားသည်။
ကြီးမားသောရေခဲတုံးကြီးဆီသို့ စိတ်ဝိညာဉ်စွမ်းအားများ ရောက်သွားသည့်အချိန်တွင် ကြမ်းတမ်းလှသည့် အသံကြီးတစ်ခု ထွက်ပေါ်လာလေသည်။ သို့သော် သွမ့်ယွမ်အား ပစ်မှတ်ထားသည့် ထိုရေခဲတုံးကြီးက သီးသန့် ပေါင်းစည်းထားခြင်းလေ။ ဘယ်လိုများ ခုခံဖို့ လွယ်ကူပါ့မလဲ?
သွမ့်ယွမ်က ဘေးဘက်ကို ယိုင်နဲ့နဲ့ဖြင့် ပစ်ချသွားသော်လည်း ချက်ချင်းပင် ခါးကို ပြန်မတ်လိုက်သည်။ သူက နှုတ်ခမ်းနားဆီသို့ ရွှင်ကို တေ့လိုက်ပြီး လျှန်ချင်းနဲ့အတူ ပူးပေါင်း၍ တွန်းလှန်လိုက်၏။
ကြီးမားသော ရေခဲတုံးကြီးသည် ၎င်းတို့၏ ပေါင်းစပ်အင်အားကို မခုခံနိုင်ဘဲ သေးငယ်သော အပိုင်းအစများစွာအဖြစ် လျင်မြန်စွာ ကွဲထွက်သွားသည်။ သို့သော် သူတို့၏ဝိညာဉ်ရေးစွမ်းအားများဖြင့် တွန်းလှန်ခံရန် ဆန္ဒမရှိပုံပင်။ ထိုအခြင်းအရာက သူတို့အား ဝိညာဉ်စွမ်းအား၏ တန်ပြန်ရိုက်ခတ်မှုကို ခံရစေနိုင်သည်။
သွမ့်ယွမ်သည် သူ့ရင်ဘတ်ထဲသို့ အင်အားတစ်ခု ထိုးထွင်းဝင်ရောက်သွားသည်ကို ခံစားလိုက်ရပြီး တင်းကျပ်နာကျင်သွားရသည်။ သူ့အမြင်အာရုံက လွင့်ပျံသွားသော်လည်း စိတ်ကို တင်းထားကာ ရေခဲတုံးများကို ရိုက်နှက်၍ ဖယ်ရှားနေဆဲပင်။ ထို့နောက် ခက်ခက်ခဲခဲဖြင့် မျက်လုံးဖွင့်ကြည့်လိုက်သည်။
သူမြင်လိုက်ရသည်က တစ်ခုတည်း ကျန်တော့သည့် ရေခဲတုံး အပိုင်းအစကိုပင်။ ဒီအချိန်မှာ လျှန်ချင်းက ပြန်လည်တုံ့ပြန်လာသည့် ဝိညာဉ်စွမ်းအားကို အပြည့်အဝ ခုခံနေရပြီး ၎င်းကို အာရုံစိုက်ရန် အချိန်မရှိဘူးလေ။ ကျန်ရှိနေတဲ့ ရေခဲအပိုင်းအစက သူ့ရင်ဘက်ထဲကို အပြင်းအထန် ထိုးဖောက်ဝင်သွားတယ်!
ရုတ်တရက် သွေးများထွက်လာပြီး သွမ့်ယွမ်၏ မျက်လုံးများဆီ စွန်းပေသွားသည်။ သူက အရမ်းကို ကြောက်လန့်သွားလို့ ဝိညာဉ်ပင် လွင့်တော့မလိုပင်။ သွမ့်ယွမ်က ရွှင်အား ပစ်ထုတ်လိုက်ပြီး သူ့ရင်ဘက်က နာကျင်မှုကိုပင် ဂရုမစိုက်နိုင်တော့ပဲ လျှန်ချင်းဆီ ပြေးဝင်သွားမိသည်။
မရေမတွက်နိုင်တဲ့ ရေခဲချွန်များက သူ့ဆီ တိုးဝင်လာသော်လည်း တွန်းလှန်ဖို့ စိတ်ကူးမရှိတော့ဘူး။ လောလောဆယ် တစ်ခုတည်းသော အတွေးက လျှန်ချင်းကို ကယ်တင်ဖို့ပဲ
လျှန်ချင်း၏ နဖူးတွင် အေးစက်သော ချွေးများဖြင့် ပြည့်နေသည်။ သူက မောဟိုက်နေရင်းဖြင့်ပင် ရင်ဘက်ထဲ တစ်ဝက်လောက် တိုးဝင်နေသည့် ရေခဲချွန်ကြီးအား တုံ့ဆိုင်းမှုမရှိ ပြတ်ပြတ်သားသား ဆွဲထုတ်ပစ်၏။
ထို့နောက် ချက်ချင်းပင် သူ၏နောက်ဆုံးခွန်အားဖြင့် ရေခဲတုံးအပိုင်းအစကို ချေမွှပစ်လိုက်သည်။
လေနှင့် နှင်းများ ရုတ်တရက် အရည်ပျော်သွားကာ လေထဲတွင်ရှိသော ရေခဲတုံးငယ်များသည် ချက်ချင်းပင် အရှိန်ပျောက်၍ မိုးရေအေးအဖြစ်သို့ ပြောင်းလဲသွားသည်။
လျှန်ချင်းသည် ရေခဲတုံးအား ချေမှုန်းပြီးသည်နှင့် အားလျော့စွာ ပြိုလဲကျသွားကာ သွမ့်ယွမ်၏ ဆီးပွေ့မှုကို ခံလိုက်ရသည်။
သွမ့်ယွမ်သည်လည်း အတော်လေး သနားစဖွယ်ပင်။ သူ့အင်္ကျီတစ်ထည်လုံးက သူကိုယ်တိုင်ရော လျှန်ချင်းရောရဲ့ နီရဲရဲ သွေးများ စွန်းထင်းနေသည်။
ပြူးကျယ်သော မျက်လုံးများဖြင့်ပင် လျှန်ချင်း၏ ကိုယ်အလေးချိန်အား ထိန်းထားရင်း အက်ရှရှ အော်မိ၏။
"စီနီယာအစ်ကိုကြီး"
လျှန်ချင်းရဲ့ မျက်နှာက ဖြူဖျော့နေကာ မျက်လုံးများက တစ်ဝက်မှေးမှိတ်နေသည်။ သူက မောဟိုက်စွာ အသက်ရှုနေရင်းဖြင့် ရုတ်တရက် သွေးတစ်ပွက် အန်လိုက်၏။
ကျောက်စိမ်း အပိုင်းလေးတစ်ခုက ရင်ဘက်ထဲမှ ပြုတ်ကျလာကာ နှစ်ခြမ်းကွဲသွားတော့လေသည်။
===============
Zawgyi
အခန္း(၇၆-၂) - ခုနွစ္ဆယ့္ေျခာက္
ရွန္က်စ္ရွန္းက အသံတိုးတိုးျဖင့္ ေျပာလုိက္သည္။
"အပင္ေတြကေတာ့ တကယ့္ အပင္ေတြပဲ ဒါေပမဲ့ သူတို႔ရဲ႔ သက္ဝင္မွုက အားနည္းေနျပီး ေဖ်ာ့ေတာ့ေနတယ္...."
ေအးျမျမ ေလနုေအးတစ္ခုက သူ႔အက်ၤီလက္စကို လွုပ္ရမ္းသြားတာေၾကာင့္ မ်က္လံုးပင့္ကာ ေကာင္းကင္ကို ေမာ့ၾကည့္လုိက္၏။
"ေမွာင္ေနၿပီ။"
အမွန္ပင္ ေမွာင္ေနေလျပီ။
တိမ္မည္း အၾကီးၾကီးမ်ားက မိုးကုပ္စက္ဝိုင္းဆီမွ လြင့္ပ်ံလာကာ လူတိုင္း၏ ေခါင္းထက္မွ ခပ္နိမ့္နိမ့္ ေနရာေလာက္မွာ ေလးလံစြာျဖင့္ တြဲေလာင္း က်ေနသည္။ ၎သည္ ေျမျပင္ေပၚတြင္ ႀကီးမားေသာ အရိပ္မ်ားျဖစ္ေပၚေစကာ မေရမတြက္နုိင္ေသာ နတ္ဆိုးမ်ားနဲ႔ မိစာၦမ်ားကို ဖံုးကြယ္ထား၏။ ရုတ္တရက္ မိုးၿခိမ္းသံတစ္ခု ထြက္ေပၚလာျပန္သည္။ တိမ္မ်ားသည္ ဘာမွန္းမသိသည့္ အရာမ်ားစြာနဲ႔ ပစ္ခ်ခံလိုက္ရသလိုမ်ိဳး စတင္ ျပန္႔က်ဲလာသည္ေလ။
တစ္ဝက္ေလာက္ ေဖာက္ထြင္းျမင္ေနရသည့္ အရိပ္နတ္ဆိုးမ်ား၊ ေစးကပ္ေနသည့္ မိစာၦမ်ားအျပင္ သူတို႔ အရင္က တစ္ခါမွ မျမင္ဘူးေသာ မ်က္ရည္နတ္ဆိုးကဲ့သို႔ေသာ မိစာၦနတ္ဆိုးမ်ားက အနက္ေရာ္ တိမ္တိုက္မ်ားထဲကေန ေပ်ာ္ရႊင္စြာ ခုန္ဆင္းလာၾက၏။
တိမ္မည္းမ်ား လြင့္စင္သြားကာ ဤေနရာတစ္ခုလံုးအား နတ္ဆိုးမ်ားႏွင့္ ဘီလူးမ်ားအတြက္ ကစားကြင္းအျဖစ္ ေျပာင္းလဲေပးခဲ့သည္။
အရိပ္နတ္ဆိုးမ်ားသည္ အ႐ိုးစုမ်ားတြင္ ပုန္းေအာင္းကစားေနၾကသည္။ ေစးကပ္ေနသည့္ မိစာၦမ်ားကေတာ့ အ႐ိုးမ်ားနားမွာ စုေဝးကာ တစ္က်ြတ္က်ြတ္ဝါးစားေနၾက၏။ ထိုအခ်ိန္တြင္ မ်က္ရည္နတ္ဆိုး ေဘာလံုး်ားကေတာ့ ေနရာတိုင္းမွာ ခုန္ေပါက္သြားေနတာေၾကာင့္ အခ်င္းခ်င္း ထိခတ္မိကုန္ျပီး တစ္စီစီ တစ္ဝီဝီ အသံမ်ား ထြက္ေပၚေနေစသည္။ သို႔ေသာ္ မ်က္ရည္နတ္ဆိုးတစ္ေကာင္က သတိမထားမိဘဲ ေခါင္းမဲ့နတ္ဆိုးကို မေတာ္တဆ တိုက္မိသြားသည္။
ဦးေခါင္းမရွိေသာ နတ္ဆိုး၏ အ႐ိုးစုသည္ ကြဲအက္ကာ ရႈပ္ယွက္ခတ္ေနၿပီး လည္ပင္းထက္တြင္ ဘာမွ်မရွိေပ။ မ်က္ရည္နတ္ဆိုးက ၎ႏွင့္တိုက္မိၿပီးေနာက္မွာေတာ့ ထိုအေကာင္ၾကီးက အရိုးမ်ား တစ္ခ်ြတ္ခ်ြတ္ျမည္ကာျဖင့္ တြန္႔လိမ္ရင္း ေဒါသတၾကီး လွည့္လာသည္။
အေျခအေန မေကာင္းေတာ့ဘူး ဆုိတာအား မ်က္ရည္နတ္ဆိုးလည္း သတိျပဳမိ၏။ သူက အေနာက္ဘက္သို႔ လ်င္ျမန္စြာ ခုန္လုိက္ရင္း တစ္ဘုတ္ဘုတ္ျဖင့္ ေျပးေတာ့သည္။ သို႔ေသာ္လည္း ေခါင္းမရွိသည့္ နတ္ဆိုးက လွည့္တဲ့အခ်ိန္မွာ အလြန္ေတာင့္တင္းေနေပမယ့္ မ်က္ရည္နတ္ဆိုးအား ဖမ္းဆီးရာတြင္ လွဳပ္ရွားမွုမ်ားက အလြန္ျမန္ဆန္ကာ ပိုမိုျမန္ဆန္သည့္ အရွိန္ျဖင့္ပင္ ၎ကို လုံးလုံးေခ်မြပစ္လိုက္သည္။
ေရမ်ားက ေျမၾကီးေပၚ က်ကုန္ျပီး ေျမဆီလႊာထဲသို႔ လ်င္ျမန္စြာ စိမ့္ဝင္သြားေတာ့၏။
ဒီျမင္ကြင္းက တကယ့္ကို စိတ္အေႏွာက္အယွက္ျဖစ္စရာပင္.
သြမ့္ယြမ္က သစ္ကိုင္းေျခာက္တစ္ခုအား ေကာက္ယူလုိက္ျပီး အရိပ္နတ္ဆိုးေရွ႔မွာ လွဳပ္ရမ္းျပလိုက္သည္။ အရိပ္နတ္ဆိုးက ၾကားပံုမရသလို သတိျပဳမိပံုလည္း မရေပ။ ထိုအစား အရိုးပံုမ်ားၾကားထဲမွာသာ ေခါင္းစိုက္ေနတာေၾကာင့္ တင္ပါးတစ္ခုလံုး ေထာင္ေနျပီး တစ္လွုပ္လွဳပ္ျဖစ္ေနသည္။
သြမ့္ယြမ္က ထိုတင္ပါးၾကီးအား သစ္ကိုင္းျဖင့္ ထိုးဖို႔ ၾကိဳးစားၾကည့္လုိက္ေသာ္လည္း သူတို႔ေရွ႔က ပံုရိပ္မ်ားက ယိမ္းယိုင္သြားကာ လွိဳင္းလံုးမ်ားလို ဂယက္မ်ားထသြားသည္ကိုသာ ျမင္လုိက္ရသည္။ သစ္ကိုင္းေျခာက္က အရိပ္နတ္ဆိုးအား လံုးဝ မထိနိုင္ ; သူတို႔နဲ႔ အျပင္ဘက္က နတ္ဆိုးမ်ားၾကားမွာ ေဖာက္ထြင္းျမင္ေနရသည့္ အတားအဆီးတစ္ခု ရွိေနသည္။
သြမ့္ယြမ္သည္ သစ္ကိုင္းေျခာက္အား ပစ္ခ်လုိက္ျပီး လက္ျပန္ရုတ္လုိက္သည္။ သူက နွာေခါင္းအား ပြတ္လုိက္ရင္းျဖင့္
"ထိလို႔ မရဘူး"
ရွန္က်စ္ရွန္းက ေနာက္ျပန္လွည့္ၾကည့္လုိက္ေသာအခါ သူတုိ႔ ျဖတ္ေက်ာ္လာတဲ့ ေက်ာက္တံုးတံခါးက ေပ်ာက္ကြယ္သြားခဲ့ျပီ ဆိုတာအား ျမင္လုိက္ရသည္။ သူတို႔ေနာက္ဘက္မွာနတ္ဆိုးမ်ိဳးစုံနဲ႔ ဘီလူးေတြဖုံးလႊမ္းေနေသာ တိတ္ဆိတ္ေနသည့္ အဝါေရာင္ေတာင္ႀကီးတစ္ခုသာ ရွိေလသည္။
ခပ္လွမ္းလွမ္းမွာေတာ့ လမင္းသည္ အုံ႔မႈိင္းစြာ ေတာက္ပေန၏။
ရန္က်င္းသည္ ငုံ႔ကိုင္းလိုက္၍ လက္သီးအ႐ြယ္ ေက်ာက္တုံးတစ္တုံးကို ေကာက္ယူကာ ညင္သာစြာ ပစ္ခ်လိုက္သည္။
သူ၏ပစ္လႊတ္မႈသည္ ေပါ့ေပါ့ပါးပါးရွိပုံရေသာ္လည္း ေက်ာက္တုံးႀကီး လြင့္ထြက္သြားသည္ႏွင့္အမွ် ဒါဇင္မ်ားစြာရွိသည့္ ေက်ာက္တုံးမ်ားအျဖစ္ ေနရာအနွံ႔သို႔ ႐ုတ္တရက္ ကြဲထြက္သြားသည္။
မၾကာမီတြင္ ၎တို ပတ္ဝန္းက်င္ရွိ ျမင္ကြင္းမ်ားသည့္ လွိဳင္းဂယက္မ်ားစြာျဖင့္ ဖံုးလႊမ္းသြားခဲ့ေလသည္။ သို႔ေသာ္လည္း ခဏအၾကာမွာ ပံုမွန္အတုိင္း ျပန္ျဖစ္သြားသည္သာ။ အတားအဆီး တစ္ဖက္မွ မိစာၦမ်ားနဲ႔ နတ္ဆိုးမ်ားသည္ေတာ့ ၎တို႔အား သတိျပဳမိပံု မရသလို ၾကားပံုလည္း မရေပ။ သို႔ေပမယ့္လည္း ရွန္က်စ္ရွန္းသည္ ၎တို႔ကို အတားအဆီးတစ္ခုေအာက္မွာ ဖံုးအုပ္ထားသည္ကိုေတာ့ ရွင္းရွင္းလင္းလင္း ျမင္နိုင္၏။
အတားအဆီးကို မခ်ိဳးျဖတ္ပါက ဤေနရာတြင္ ပိတ္မိေန၍ မထြက္ခြာႏိုင္မည္မဟုတ္။ သို႔ေသာ္ ဤအတားအဆီးကို ခ်ိဳးဖ်က္မည္ဆိုပါကလည္း မၾကာမီ နတ္ဆိုးမ်ားႏွင့္ မိစာၦမ်ား၏ ဝိုင္းရံျခင္းကို ခံရမည္ျဖစ္သည္။
ဒါက အက်ပ္ရိုက္သည့္ အေျခအေနသာ။ သို႔ေသာ္လည္း လူတုိင္းက တစ္ညီတစ္ညႊတ္တည္း ျပံဳးလိုက္ၾက၏။
သူတို႔ ဒီကိုလာတာကလည္း ဒီ မိစာၦေတြနဲ႔ နတ္ဆိုးေတြကို ဖ်တ္ဆီးဖို႔ပဲေလ
ျပင္ပကမာၻမွာ ဒီလွ်ိဳ႕ဝွက္နယ္ေျမက ဘာလဲဆိုတာ မသိနိုင္သလို နွင္းခဲျပန္လာဓား၏ ဓားဝိညာဥ္ကလည္း ၎အား အခ်ိန္အၾကာၾကီး ခ်ဳပ္ေနွာင္ထားနုိင္မွာ မဟုတ္ဘူးေလ ။ ဒါေၾကာင့္ သူတို႔ ဆံုးျဖတ္ခ်က္ကို လ်င္ျမန္စြာ ခ်မွတ္ၾကရသည္။
သို႔ေသာ္ အျပင္တြင္ နတ္ဆိုးမ်ားႏွင့္ မိစာၦမ်ားစြာ ရွိေနေသးသည္။ အတားအဆီးကို တိတ္တိတ္ဆိတ္ဆိတ္ ခ်ိဳးဖ်က္ဖို႔ နည္းလမ္းရွာဖို႔ လိုေနသည္။
အတားအဆီးကို ခ်ိဳးဖ်က္ရန္ မခက္ခဲေပ။ ျပႆနာက အဲဒါကို တိတ္တဆိတ္ ဘယ္လိုဖ်တ္ဆီးမလဲ ဆိုတာပဲ
ရွန္က်စ္ရွန္းႏွင့္ ရန္က်င္း၏လက္နက္မ်ားမွာ ဓားျဖစ္သည္။ ရႊယ္ခ်ီ၏လက္နက္သည္ ေဆးဖက္ဝင္က်ည္ေပြ႕ျဖစ္ျပီး လွ်န္ခ်င္းရဲ႔ လက္နက္ကေတာ့..ရိုက္နွက္လို႔ရတဲ့ ကုခ်င္း။ ျပီးေတာ့ သြမ့္ယြမ္ရဲ႔ လက္နက္.....ရႊမ္းတူရိယာကလည္း ရိုက္နွက္တဲ့ ပစၥည္းအျဖစ္ သံုးလို႔ ရတာပါပဲေလ
တကယ့္ကို ကမာၻေျမတုန္လွုပ္ဖြယ္ရာပဲ
သြမ့္ယြမ္က သူ႔ရဲ႔ ရႊမ္းတူရိယာအား လက္ထဲမွာ ကိုင္ထားရင္း စိတ္အားထက္သန္စြာျဖင့္ ေျပာာလသည္။
"က်ြနေတာ္ ဒီအတားအဆီးကို ရႊမ္းေတးသံနဲ႔ ျဖိဳခ်ဖို႔ ၾကိဳးစားလို႔ရတယ္"
မည္သူ႔ဆီကမွ ကန္႔ကြက္မွဳကို မၾကားရေသာအခါ သူ႔ရဲ႔ ရႊမ္းတူရိယာအား နွဳတ္ခမ္းနားေတ့၍ အသက္ျပင္းျပင္း ရွဳလုိက္၏။
နက္နဲျပီး ခပ္နိမ့္နိမ့္ ေတးသံတစ္ခု ထြက္ေပၚလာကာ ေတးသံက အနည္းငယ္ ဆိတ္ညံေနသည္။ သြမ့္ယြမ္၏ ဝတ္ရံုကေလထဲမွာ တစ္ဖ်ပ္ဖ်ပ္လြင့္ေနကာ ပံုရိိပ္က ေမ့ေဖ်ာက္ဖို႔ ခက္ခဲေစနုိင္သလို ျပင္းစြာေသာ စိတ္ခံစားခ်က္မ်ား ျဖစ္ေပၚေစနိုင္၏။ ဝိညာဥ္စြမ္းအားမ်ားက ဝမ္းနည္းေအာင့္ေမ့ဖြယ္ ေကာင္းစြာျဖင့္ ျဖန္႔က်က္လာခဲ့ကာ မေမွ်ာ္လင့္ထားစြာပင္ သာမာန္မဟုတ္ေလာက္ေအာင္ ထူးျခားေနသည္။
ရွန္က်စ္ရွန္းသည္ သြမ့္ယြမ္၏ သီခ်င္းသံအား တစ္ခါသာ နားေထာင္ခဲ့ဘူးျပီး ၎သည္ မီးဖိုေခ်ာင္ တေစၥကို တီးမွဳတ္ျပတုန္းကပင္။
ရွင္သန္ထေျမာက္ျခင္း ေတးသံသည္ ႏူးညံ့သိမ္ေမြ႕ၿပီး ေအးခ်မ္းသာယာကာ ေသျခင္းတရား၏ အစအနေလးကိုပင္ သယ္ေဆာင္ထားျခင္း မရွိေပ။ မၾကာေသးခင္တုန္းက လွ်န္ခ်င္းသည္ သူ႔ရဲ႔ ကူခ်င္းကို ရိုက္နွက္စရာအျဖစ္ အသံုးျပဳခဲ့ျပီး သြမ့္ယြမ္သည္လည္း သူ႔ရဲ႔ ရႊင္ကို သံုး၍ အရာဝတၱဳမ်ားအား ရိုက္ခ်ိဳးခဲ့သည္အား ၾကည့္ျပီးေနာက္မွာ သူတို႔ရဲ႔ ဂီတက မည္မွ် ဆြဲေဆာင္နုိင္စြမ္း ရွိသည္ကို ေမ့သြားခဲ့မိသည္။သံစဥ္က်င့္ၾကံသူမ်ားက တူရိယာမ်ားကို ေတးဂီတမ်ား ဖန္တီးရန္ အသံုးျပဳၾကသည္။ ဂီတသည္လည္း ေသေစနုိင္သည္သာ။
အတားအဆီးေပၚတြင္ အသံတိတ္ျခစ္ရာမ်ား ေပၚလာၿပီး အျပင္ဘက္ရွိ နတ္ဆိုးမ်ားႏွင့္ မိစာၦမ်ား၏ ျမင္ကြင္းမ်ားသည္လည္း အက္ကြဲရာမ်ား ျဖစ္လာေနသလိုပဲ
လူတိုင္းက အဆင္သင့္ ျပင္ထားသည္။ အတားအဆီး က်ိဳးပ်က္သည္နွင့္ တစ္ျပိဳင္နက္ အျပင္ဘက္မွ နတ္ဆိုးမ်ားနဲ႔ မိစာၦမ်ားကို အလ်င္ျမန္ဆံုး အျပင္းထန္ဆံုး လွဳပ္ရွားမွုမ်ားျဖင့္ တိုက္ခုိက္ၾကမွာပင္။
လွ်န္ခ်င္း၏ နွဖူးက အနည္းငယ္ လွဳပ္ရွားသြားခဲ့ကာ သူ႔နွလံုးသားက အမည္မသိ ခံစားခ်က္တစ္ခုျဖင့္ တုန္လႈပ္သြားသည္။ သူက သြမ့္ယြမ္ကို ေနာက္မွီလိုက္ကာ လက္တစ္ဖက္ျဖင့္ ကုခ်င္းအား ကိုင္လုိက္ရင္း က်န္တစ္ဖက္ျဖင့္ ကုခ်င္း၏ ကိုယ္ထည္အား ပြတ္ဆြဲလို္က္သည္။ ဝိညာဥ္စြမ္းအားျဖင့္ ဖြဲ႔စည္းထားသည့္ ေအးခဲေနေသာ ပိုးၾကိဳးငါးေခ်ာင္း ေပၚလာေတာ့၏။ သူက ၾကိဳးတစ္ေခ်ာင္းအား ညင္သာစြာ ဖိနွိပ္လုိက္ရာ ဆတ္ခနဲ တုန္သြားသည္။
ယခုအခါ အတားအဆီးေပၚတြင္ ျခစ္ရာမ်ား ပိုမ်ားလာကာ အျပင္ဘက္ရွိ နတ္ဆိုးမ်ားႏွင့္ နတ္ဆိုးမ်ား၏ အသံမ်ား ပိုမိုက်ယ္ေလာင္ က်ယ္ေလာင္လာသည္။ ဆူညံသံၾကားတြင္၊ ေပါ့ေပါ့ပါးပါး လြင့္ေမ်ာေနေသာ ေရခဲမ်ားႏွင့္ ထူထပ္ေနေသာ နွင္းမ်ား အရည္ေပ်ာ္သြားသလိုမ်ိဳး အသံအနည္းငယ္ထြက္ေပၚလာသည္။
သံစဥ္က်င့္ၾကံသူမ်ားသည္ အသံမ်ားကို အလြန္အကဲဆတ္ၾကသည္။ လွ်န္ခ်င္းသည္ သူ႔အာရံုအားလံုးကို စူးစိုက္ထားေနရင္း အမည္မသိ အသံတစ္ခုအား ၾကားလိုက္ရ၏။ သူ႔အမူအယာက ေျပာင္းလဲသြားကာ ေအာ္လိုက္သည္။
"သြမ့္ယြမ္, ရပ္ေတာ့!"
သူက ရုတ္တရက္ သြမ့္ယြမ္ရဲ႔ ရႊင္ကို လုယူခ်င္သလိုမ်ိဳး လွဳပ္ရွားလိုက္သည္။ သံစဥ္က်င့္ၾကံသူမ်ား ေတးသီခ်င္း တီးမွဳတ္ေနခ်ိန္မွာ သူတို႔ရဲ႔ တူရိယာကို လုယူျခင္းသည္ တားျမစ္ထားေသာ အျပဳအမူပင္။ ။ ရလဒ္သည္ အေသးစားမွ ျပင္းထန္ေသာ ဒဏ္ရာအထိ ျဖစ္ႏိုင္သည္။ လ်ွန္ခ်င္းကိုယ္တုိင္ေတာင္ အလြယ္တကူ မကိုင္တြယ္နုိင္တာ သြမ့္ယြမ္ဆိုရင္ ပိုဆိုးေပါ့!
သို႔ေသာ္လည္း သူက ေျခတစ္လွမ္း ေနာက္က်သြားဆဲသာ။ သြမ့္ယြမ္က ေနာက္ဆံုး ေတးသံအား မွုတ္လုိက္ေလျပီ။ ေရခဲႏွင့္ ႏွင္းက်သံမ်ား ႐ုတ္တရက္ က်ယ္ေလာင္ ၾကည္လင္လာသည္။ သြမ့္ယြမ္ အာရံုမစိုက္နုိင္လုိက္သည့္ အခ်ိန္မွာပင္ သူ႔ေျခေထာက္ေအာက္မွာ ေအးစက္ေနတဲ့ လွိဳင္းလံုးမ်ားကို ခံစားလုိက္ရကာ အနည္းငယ္ တုန္ခါမွု ျဖစ္သြားသည္။
ခ်က္ခ်င္းဆိုသလိုပဲ လူတိုင္း ျပဳတ္က်သြားသည္။ ျမက္ေျခာက္ေတြနဲ႔ ဖံုးထားျပီး ေအးခဲေနေသာ ေရခဲတစ္လႊာသာ ဖံုးအုပ္ထားတဲ့ ေျမဆီလႊာဟာ လူတိုင္းရဲ႕ အေလးခ်ိန္ကို မခံႏိုင္ေတာ့ေပ။ ၎က ႐ုတ္တရက္ ကြဲအက္သြားၿပီး ေအာက္ေျခမွ တြင္းႀကီးတစ္ခု ေပၚလာေတာ့သည္။
ေကာင္းကင္မွ ႏွင္းမ်ား ထူထပ္စြာ က်ဆင္းလာၿပီး အဘက္ဘက္ကေန လက္ေမာင္းေလာက္ ေ၇ခဲတံုးမ်ား မေရမတြက္နုိင္ေအာင္ က်လာသည္။
သတ္ျဖတ္ခ်င္သည့္ ေအးစိမ္မွဳမ်ား ပါဝင္ေနေသာ ေရခဲခ်ြန္မ်ားက နတ္ဆိုးခ်ီအလင္းမ်ားနဲ႔ ေရာယွက္ေနကာ လူမ်ားအား ျဖဴေကာင္မ်ားအသြင္ ေျပာင္းခ်င္ေနသလိုမ်ိဳး တစ္ဝုန္းဝုန္း က်လာသည္ေလ
ရွန္က်စ္ရွန္းက သူ႔ဓားကို ဆြဲထုတ္လိုက္ကာ ေရခဲဆူးခ်ြန္တစ္ခုကို တားဆီးလုိက္သည္။ သူက ရန္က်င္းနဲ႔ ေက်ာကပ္ ရပ္လိုက္ျပီး သူ႔ရဲ႔ဓားက ေပါ့ပါးစြာ ကခုန္ေနရင္းျဖင့္ ေရွ႔ဘက္မွ မေရမတြက္နုိင္သည့္ ေရခဲခ်ြန္မ်ားအား ျဖတ္ခ်ေနသည္
ေကာင္းကင္မွ ႀကီးမားေသာ ဖိအားတစ္ခု က်ဆင္းလာခဲ့ကာ သူတို႔အား တြင္းေအာက္ေျခဆီသို႔ ဖိခ်လိုက္သလိုမ်ိဳး ပတ္ဝန္းက်င္ရွိ ေရခဲနံရံသည္လည္း လ်င္ျမန္စြာ ျမင့္တက္လာပုံရသည္။ သူတို႔က ေရခဲခ်ြန္မ်ား၏ ထိပ္မွာရပ္ျပီး သတိတၾကီးထားေနၾကသည္။ ဖိအားကို လံုးဝ မေက်ာ္လႊားနုိင္ေသးေသာ္လည္း အနည္းဆုံးေတာ့ သူတို႔ရဲ႕ က်ဆုံးမႈအရွိန္ကို ေႏွးေကြးသြားေစႏိုင္သည္ေလ။
ထိုအခ်ိန္မွာပင္ ေရခဲခ်ြန္မ်ားက ပိုမိုမ်ားျပားစြာ က်ဆင္းလာျပီး သူတို႔ကို အဆံုးမရွိ ျပင္းထန္စြာ ပစ္ခတ္ေနသည္။ သူတို႔သည္လည္း တစ္ကြဲတစ္ျပား ျဖစ္ကုန္ၾကကာ ရွန္က်စ္ရွန္းနဲ႔ ရန္က်င္းက တစ္ဖက္၊ ရႊယ္ခ်ီက တစ္ဖက္ ျဖစ္ျပီး လွ်န္ခ်င္းနဲ႔သြမ့္ယြမ္တို႔က တစ္ျခားတစ္ဖက္ဆီမွာ ျဖစ္ေနသည္။
လွ်န္ခ်င္း၏ မ်က္နွာသည္ ႏွင္းမ်ားႏွင့္ ေရခဲမ်ားထက္ ပိုေအးစက္ေနသည္။ သူက နွဳတ္ခမ္းမ်ားအား တင္းတင္းၾကပ္ၾကပ္ ဖိကပ္ထားရင္း သူ႔လက္ေခ်ာင္းမ်ားက ၾကိဳးမ်ားေပၚမွာ ေျပးလႊားေနသည္။ ကူခ်င္း၏ ေတးသံက မျမင္ရတဲ့ ဖိအားတစ္ခုလိုမ်ိဳး သူနဲ႔သြမ့္ယြမ္ဆီ ေျပးဝင္လာေနသည့္ ေရခဲခ်ြန္မ်ားအား ဖ်တ္ဆီးပစ္ေန၏။
လွ်ိဳ႔ဝွက္နယ္ေျမသည္ သြမ့္ယြမ္က အတားအဆီးကို ခ်ိဳးျဖတ္လိုက္တဲ့သူ ျဖစ္တာေၾကာင့္ သူ႔အား တမင္သက္သက္ အညွိဳးထားေနပံုပင္။ က်ဆင္းေနေသာ အျဖဴေရာင္ႏွင္းမ်ားၾကားတြင္ ဖုံးကြယ္ထားသည့္ မေရမတြက္ႏိုင္ေသာ ေရခဲတုံးငယ္မ်ားသည္ တစ္ျဖည္းျဖည္း သိပ္သည္းလာခဲ့ျပီး ေရခဲတံုးအၾကီး တစ္ခုအျဖစ္ စုစည္းလာကာ သြမ့္ယြမ္ဆီသို႔ ပစ္လႊတ္လိုက္သည္။
သြမ့္ယြမ္သည္ေတာ့ အတားအဆီးကို ခ်ိဳးဖ်က္ရန္ ႀကိဳးပမ္းထားမွုေၾကာင့္ ပင္ပန္းႏြမ္းနယ္ေနခဲ့သည္။ သူ႔ကိုယ္သူ ကာကြယ္ႏိုင္ေနေသးေသာ္လည္း လွဳပ္ရွားမွုမ်ားက အကန္႔အသတ္ျဖစ္ျပီး ေႏွးေကြးေနတာေၾကာင့္ ေနာက္ျပန္ဆုတ္ဖို႔ ခက္ခဲေနေစ၏။
သြမ့္ယြမ္က မၾကာခင္ သူတစ္ပိုင္းေသေတာ့မယ္လို႔ ထင္ကာ ခုခံကာကြယ္ဖို႔ျပင္ဆင္ေနတဲ့အခ်ိန္မွာပဲ လွ်န္ခ်င္းက ေရခဲတံုးၾကီးအား ျမင္လုိက္ရသည္ေလ။ သူက သြမ့္ယြမ္အား အလိုလို ကန္ထုတ္လိုက္သည္။ ထို႔ေနာက္ ကူခ်င္းအား သူ႔မ်က္နွာနားထိ ပင့္တင္လုိက္ကာ သူ႔ရဲ႔ လက္ငါးေခ်ာင္းက ၾကိဳးမ်ားကို တစ္သြင္သြင္ တီးခတ္လုိက္ျပီး ႀကီးက်ယ္ခမ္းနားေသာ ဝိညာဥ္စြမ္းအားမ်ား ေပါက္ကြဲထြက္လာကာ ေရခဲတံုးၾကီးနွင့္ ဝင္ေစာင့္သြားသည္။
ႀကီးမားေသာေရခဲတံုးၾကီးဆီသို႔ စိတ္ဝိညာဥ္စြမ္းအားမ်ား ေရာက္သြားသည့္အခ်ိန္တြင္ ၾကမ္းတမ္းလွသည့္ အသံၾကီးတစ္ခု ထြက္ေပၚလာေလသည္။ သို႔ေသာ္ သြမ့္ယြမ္အား ပစ္မွတ္ထားသည့္ ထိုေရခဲတံုးၾကီးက သီးသန္႔ ေပါင္းစည္းထားျခင္းေလ။ ဘယ္လိုမ်ား ခုခံဖို႔ လြယ္ကူပါ့မလဲ?
သြမ့္ယြမ္က ေဘးဘက္ကို ယိုင္နဲ႔နဲ႔ျဖင့္ ပစ္ခ်သြားေသာ္လည္း ခ်က္ခ်င္းပင္ ခါးကို ျပန္မတ္လိုက္သည္။ သူက နွုတ္ခမ္းနားဆီသို႔ ရႊင္ကို ေတ့လုိက္ျပီး လွ်န္ခ်င္းနဲ႔အတူ ပူးေပါင္း၍ တြန္းလွန္လိုက္၏။
ႀကီးမားေသာ ေရခဲတံုးႀကီးသည္ ၎တို႔၏ ေပါင္းစပ္အင္အားကို မခုခံႏိုင္ဘဲ ေသးငယ္ေသာ အပိုင္းအစမ်ားစြာအျဖစ္ လ်င္ျမန္စြာ ကြဲထြက္သြားသည္။ သို႔ေသာ္ သူတို႔၏ဝိညာဥ္ေရးစြမ္းအားမ်ားျဖင့္ တြန္းလွန္ခံရန္ ဆႏၵမရွိပုံပင္။ ထိုအျခင္းအရာက သူတို႔အား ဝိညာဥ္စြမ္းအား၏ တန္ျပန္ရိုက္ခတ္မွုကို ခံရေစနုိင္သည္။
သြမ့္ယြမ္သည္ သူ႔ရင္ဘတ္ထဲသို႔ အင္အားတစ္ခု ထိုးထြင္းဝင္ေရာက္သြားသည္ကို ခံစားလိုက္ရၿပီး တင္းက်ပ္နာက်င္သြားရသည္။ သူ႔အျမင္အာရံုက လြင့္ပ်ံသြားေသာ္လည္း စိတ္ကို တင္းထားကာ ေရခဲတံုးမ်ားကို ရိုက္နွက္၍ ဖယ္ရွားေနဆဲပင္။ ထို႔ေနာက္ ခက္ခက္ခဲခဲျဖင့္ မ်က္လံုးဖြင့္ၾကည့္လိုက္သည္။
သူျမင္လုိက္ရသည္က တစ္ခုတည္း က်န္ေတာ့သည့္ ေရခဲတံုး အပိုင္းအစကိုပင္။ ဒီအခ်ိန္မွာ လွ်န္ခ်င္းက ျပန္လည္တံု႔ျပန္လာသည့္ ဝိညာဥ္စြမ္းအားကို အျပည့္အဝ ခုခံေနရၿပီး ၎ကို အာ႐ုံစိုက္ရန္ အခ်ိန္မရွိဘူးေလ။ က်န္ရွိေနတဲ့ ေရခဲအပိုင္းအစက သူ႔ရင္ဘက္ထဲကို အျပင္းအထန္ ထိုးေဖာက္ဝင္သြားတယ္!
ရုတ္တရက္ ေသြးမ်ားထြက္လာျပီး သြမ့္ယြမ္၏ မ်က္လံုးမ်ားဆီ စြန္းေပသြားသည္။ သူက အရမ္းကို ေၾကာက္လန္႔သြားလို႔ ဝိညာဥ္ပင္ လြင့္ေတာ့မလိုပင္။ သြမ့္ယြမ္က ရႊင္အား ပစ္ထုတ္လုိက္ျပီး သူ႔ရင္ဘက္က နာက်င္မွဳကိုပင္ ဂရုမစိုက္နိုင္ေတာ့ပဲ လွ်န္ခ်င္းဆီ ေျပးဝင္သြားမိသည္။
မေရမတြက္နုိင္တဲ့ ေရခဲခ်ြန္မ်ားက သူ႔ဆီ တိုးဝင္လာေသာ္လည္း တြန္းလွန္ဖို႔ စိတ္ကူးမရွိေတာ့ဘူး။ ေလာေလာဆယ္ တစ္ခုတည္းေသာ အေတြးက လွ်န္ခ်င္းကို ကယ္တင္ဖို႔ပဲ
လွ်န္ခ်င္း၏ နဖူးတြင္ ေအးစက္ေသာ ေခြၽးမ်ားျဖင့္ ျပည့္ေနသည္။ သူက ေမာဟိုက္ေနရင္းျဖင့္ပင္ ရင္ဘက္ထဲ တစ္ဝက္ေလာက္ တိုးဝင္ေနသည့္ ေရခဲခ်ြန္ၾကီးအား တံု႔ဆုိင္းမွဳမရွိ ျပတ္ျပတ္သားသား ဆြဲထုတ္ပစ္၏။
ထို႔ေနာက္ ခ်က္ခ်င္းပင္ သူ၏ေနာက္ဆုံးခြန္အားျဖင့္ ေရခဲတုံးအပိုင္းအစကို ေခ်မႊပစ္လုိက္သည္။
ေလႏွင့္ ႏွင္းမ်ား ႐ုတ္တရက္ အရည္ေပ်ာ္သြားကာ ေလထဲတြင္ရွိေသာ ေရခဲတုံးငယ္မ်ားသည္ ခ်က္ခ်င္းပင္ အရွိန္ေပ်ာက္၍ မိုးေရေအးအျဖစ္သို႔ ေျပာင္းလဲသြားသည္။
လွ်န္ခ်င္းသည္ ေရခဲတံုးအား ေခ်မွုန္းျပီးသည္နွင့္ အားေလ်ာ့စြာ ျပိဳလဲက်သြားကာ သြမ့္ယြမ္၏ ဆီးေပြ႔မွုကို ခံလုိက္ရသည္။
သြမ့္ယြမ္သည္လည္း အေတာ္ေလး သနားစဖြယ္ပင္။ သူ႔အက်ၤီတစ္ထည္လံုးက သူကိုယ္တိုင္ေရာ လွ်န္ခ်င္းေရာရဲ႔ နီရဲရဲ ေသြးမ်ား စြန္းထင္းေနသည္။
ျပဴးက်ယ္ေသာ မ်က္လံုးမ်ားျဖင့္ပင္ လွ်န္ခ်င္း၏ ကိုယ္အေလးခ်ိန္အား ထိန္းထားရင္း အက္ရွရွ ေအာ္မိ၏။
"စီနီယာအစ္ကိုၾကီး"
လွ်န္ခ်င္းရဲ႔ မ်က္နွာက ျဖဴေဖ်ာ့ေနကာ မ်က္လံုးမ်ားက တစ္ဝက္ေမွးမွိတ္ေနသည္။ သူက ေမာဟိုက္စြာ အသက္ရွုေနရင္းျဖင့္ ရုတ္တရက္ ေသြးတစ္ပြက္ အန္လိုက္၏။
ေက်ာက္စိမ္း အပိုင္းေလးတစ္ခုက ရင္ဘက္ထဲမွ ျပဳတ္က်လာကာ နွစ္ျခမ္းကြဲသြားေတာ့ေလသည္။
===============