[Book-1]novelထဲဝင်သွားပြီးနော...

By thiriWoonie

698K 80.2K 1.4K

Title-穿书后她成了万人迷 Original Author- Young Master Yan,公子衍 Language-chinese Status-535chapters& 23 extra chapter (... More

Description
1[Zawgyi & Unicode]
2[Zawgyi & Unicode]
3[Zawgyi & Unicode]
4[Zawgyi & Unicode]
5[Zawgyi & Unicode]
6[Z&U]
7[Z&U]
8[Z&U]
9[Z&U]
10[Z&U]
11[Z&U]
12[Z&U]
13[Z&U]
14[Z&U]
15[Z&U]
Happy NewYear!
16[Z&U]
17[Z&U]
18[Z&U]
19[U&Z]
20[U&Z]
21[U&Z]
22[U&Z]
23[U&Z]
24[U&Z]
25[U&Z]
26[U&Z]
27[U&Z]
28[U&Z]
29[U&Z]
30[U&Z]
31[U&Z]
32[U&Z]
33[U&Z]
34[U&Z]
35[U&Z]
36[U&Z]
37[U&Z]
38[U&Z]
39[U&Z]
40[U&Z]
41[U&Z]
42[U&Z]
43[U&Z]
44[U&Z]
45[U&Z]
46[U&Z]
47[U&Z]
48[U&Z]
49[U&Z]
50[U&Z]
51[U&Z]
52[U&Z]
53[U&Z]
54[U&Z]
55[U&Z]
56[U&Z]
57[U&Z]
58[U&Z]
59[U&Z]
60[U&Z]
61[U&Z]
62[U&Z]
63[U&Z]
64[U&Z]
65[U&Z]
66[U&Z]
67[U&Z]
68[U&Z]
69[U&Z]
70[U&Z]
71[U&Z]
72[U&Z]
73[U&N]
74[U&Z]
75[U&Z]
76[U&Z]
77[U&Z]
78[U&Z]
79[U&Z]
80[U&Z]
81[U&Z]
82[U&Z]
83[U&Z]
84[U&Z]
85[U&Z]
86[U&Z]
87[U&Z]
88[U&Z]
89[U&Z]
90[U&Z]
91[U&Z]
92[U&Z]
93[U&Z]
94[U&Z]
95[U&Z]
96[U&Z]
97[U&Z]
98[U&Z]
99[U&Z]
100[U&Z]
101[U&Z]
EP-102[U&Z]
103[U&Z]
104[U&Z]
105[U&Z]
106[U&Z]
107[U&Z]
108[U&Z]
109[U&Z]
110[U&Z]
111[U&Z]
112[U&Z]
113[U&Z]
114[U&Z]
115[U&Z]
116[U&Z]
117[U&Z]
118[U&Z]
119[U&Z]
120[U&Z]
121[U&Z]
122[U&Z]
123[U&Z]
124[U&Z]
125[U&Z]
126[U&Z]
127[U&Z]
128[U&Z]
129[U&Z]
130[U&Z]
131[U&Z]
132[U&Z]
133[U&Z]
134[U&Z]
135[U&Z]
136[U&Z]
137[U&Z]
138[U&Z]
139[U&Z]
140[U&Z]
142[U&Z]
HOLA!
143+144[U&Z]
145[U&Z]
146[U&Z]
147[U&Z]
148[U&Z]
149[U&Z]
150[U&Z]
151[U&Z]
152[U&Z]
153[U&Z]
154[U&Z]
155[U&Z]
156[U&Z]
157[U&Z]
158[U&Z]
159[U&Z]
160[U&Z]
161[U&Z]
162[U&Z]
163[U&Z]
164[U&Z]
165[U&Z]
166[U&Z]
167[U&Z]
168[U&Z]
169[U&Z]
170[U&Z]
171[U&Z]
172[U&Z]
173[U&Z]
174[U&Z]
175[U&Z]
176[U&Z]
177[U&Z]
178[U&Z]
179[U&Z]
180[U&Z]
181[U&Z]
182[U&Z]
183[U&Z]
184[U&Z]
185[U&Z]
186[U&Z]
187[U&Z]
188[U&Z]
189[U&Z]
190[U&Z]
191[U&Z]
192[U&Z]
193[U&Z]
194[U&Z]
195[U&Z]
196[U&Z]
🗣️

141[U&Z]

2.1K 235 1
By thiriWoonie

[Unicode]

ကျန်းရှန့်မေရဲ့ ပထမဆုံး တုံ့ပြန်မှုက ငြင်းဆိုမှု ဖြစ်သည်။ "ငါ မသွားဘူး"

နင်မုန့် ရှော့ရသွားတာကြောင့် သူမရဲ့ လှပတဲ့ မျက်ဝန်းတွေက တောက်ပပြီး စူးရှသွားကာ "ဘာလို့လဲ"

ကျန်းရှန့်မေကတော့ အဖြေကို ချက်ချင်းဆိုသလို မပေးနိုင်။

နင်မုန့်က ဆက်ပြောလိုက်သည်။ "အကယ်၍ နင်သာ တကယ်ကြီး အတိတ်ကို လက်လွှတ်ချလိုက်ပြီဆိုရင် အဲ့လူကို မျက်နှာချင်းဆိုင် နိုင်ရမယ်။ သူ မရှိဘဲ နင့်ဘဝကို ပိုကောင်းအောင် လုပ်နိုင်တယ်လို့ ပြောလိုက်စမ်းပါ။ ဒီလိုမျိုးရော လုပ်နိုင်ရဲ့လား"

ချော့ပြောတာထက် သူမကို တဖြည်းဖြည်း ဒေါသထွက်လာအောင် လုပ်ပေးတာက တကယ် အကျိုးသက်ရောက်လေ၏။ ကျန်းရှန့်မေက ခပ်မတ်မတ် ရပ်လိုက်သည်။ "ဘာကို ကြောက်နေ ရမှာလဲ? ငါ သွားမယ်!"

သူမ ဘာလုပ်နေလဲဆိုတာ ကျန်းရှန့်မေ သိတာမို့ မှန်ထဲတချက် ကြည့်လိုက်ပြီးနောက် လှပပြီး မင်သက်စရာကောင်းတဲ့ မိတ်ကပ်ပြင်လိုက်သည်။

သူမက ချမ်းသာတဲ့မိသားစုက သူဌေးသမီးတစ်ယောက် ဖြစ်တာမို့ သူမရဲ့ အကြိုက်ကလည်း အထက်တန်းဆန်သည် သို့ပေမယ့်...

နင်မုန့် ဝတ်ထားတဲ့ ပန်းရောင် ကိုယ်လုံးပေါ် dressကို မြင်လိုက်ရတဲ့အခါ ကျန်းရှန့်မေ နှုတ်ခမ်းဆူမိသွားသည်။ ထိုဝတ်စုံက သူမထက်လှအောင် လုပ်ပေးလို့နေသည်လေ။ "ငါ သွားတိုက်ခိုက်မယ့်အချိန်မှာ နင်က ငါ့ထက်တော့ လျော့ပြီး လှနေပေးသင့်တာ မဟုတ်ဘူးလား"

နင်မုန့်ကတော့ သူမကိုကြည့်ရင်း မျက်လုံးသာ လှိမ့်မိသွားသည်။ "ငါပိုက်ဆံ ရနေသ၍ ဘာပြဿနာမှ မရှိဘူး"

ကျန်းရှန့်မေကတော့ ဆွံ့အလို့သာ သွားသည်။

သူမ ဘာလို့များ နားမလည်နိုင်ခဲ့ရတာ‌လဲ? ဒီမိန်းကလေးက ပိုက်ဆံအရမ်းကြိုက်တဲ့ လူဆိုတာကိုလေ!

***

သူတို့ ပွဲနေရာဆီရောက်တော့ ၆နာရီ စွန်းစွန်းသာ ရှိနေပြီ ဖြစ်သည်။ ပွဲက ၇နာရီမှ စမှာမို့ လင်းချင်ပေ့က အခန်းထဲ မိတ်ကပ်ပြင်နေတုန်း ဖြစ်လေ၏။

သူမတို့ နှစ်ယောက်လုံး သူ့အခန်းထဲသို့ တိုက်ရိုက်သွားတဲ့ တစ်လျှောက်လုံး အောင်မြင်စွာနဲ့ ဖြတ်သွားတဲ့ လမ်းမှ လူတိုင်းရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့၏။

လီဟောက်ကျယ်ရဲ့ အခန်းရှေ့က ဖြတ်လျှောက်ခါနီးတဲ့အခါ ကျန်းရှန့်မေရဲ့ ခြေလှမ်းတွေက ဖြေးညင်းသွားသည်။

နင်မုန့်က ခပ်ဖြည်းဖြည်းပြုံးရင်း မေးလိုက်သည်။ "ဘာလို့လဲ? နင်သူ့ကို လက်မလွှတ်ချင် သေးဘူးလား"

ကျန်းရှန့်မေ အ‌နေနဲ့ ထိုအချိန်က ချက်ချင်း ပြန်မပြောနိုင်ခဲ့။ သူမရဲ့ မျက်ဝန်းတွေက မရေရာဖြစ်လို့နေပြီး အနည်းငယ် ဝမ်းနည်းနေပုံလည်း ပေါက်နေ၏။ "အင်း ငါနည်းနည်း လက်မလွှတ်နိုင်သေးဘူး။ ဒီမတိုင်ခင်က သူ့မှာ ပိုက်ဆံမရှိတာမို့ သူ့ရဲ့ ဂီတပစ္စည်းအားလုံးကို ငါဝယ်ပေးမယ် လုပ်တော့ သူ့ဘက်က  ငါ့ပိုက်ဆံတွေကို သုံးဖို့ တွန့်ဆုတ်နေခဲ့တယ်။ ငါ့ဘက်က သနားလို့ ပေးကမ်းတယ်လို့ သူက ထင်နေတာလေ။ နောက်တော့ သုံးရမယ့် budgetကလည်း အကန့်အသတ်နဲ့ဆိုတော့ တနိုင်ငံလုံးနှံ့အောင်သွားပြီး သူ့အတွက် အသုံးတည့်မယ့် ဈေးပေါတဲ့ဟာကို ရှာဝယ်ပေးခဲ့တာ"

ထိုသို့ပြောနေရင်းမှ ခါးသီးစွာ သူမ ရယ်လိုက်သည်။ "ထားလိုက်ပါတော့ ဘာလို့များ ငါက အစပြန်ဖော်နေရဦးမှာလဲ"

သူမ ရှေ့ကိုသာ ပြန်ကြည့်လိုက်တဲ့အခါ တစ်စုံတခုက သူမနှလုံးသားကို ညှစ်ထားသလို ခံစားလိုက်ရသည်။ ငြီးငွေ့ဖို့ကောင်းလွန်းတဲ့ နာကျင်မှုတွေက သူမရဲ့ တကိုယ်လုံးကို လွှမ်းမို့လာပြန်လေ၏။

ငါးနှစ်လုံး သူမ သူ့နဲ့ အတူရှိနေခဲ့တာမို့ အခုတော့ သူမအတွက် အလေ့အကျင့် တစ်ခုလိုဖြစ်လာခဲ့ပေပြီ။ သူမ အနေနဲ့ ဒီအမျိုးသားကို ချစ်လို့လား ဒါမှမဟုတ် သူနဲ့အတူ သီချင်းတွေ ဖန်တီးရတာကို စွဲလမ်းနေမိတာလား ကိုယ်တိုင်တောင် မခွဲခြားနိုင်တော့။

ရုတ်တရက်ဆိုသလို လီဟောက်ကျယ်ရဲ့ တံခါးက အားကုန်ပွင့်လာ၏။

ထိုအချိန်မှာ ကျန်းရှန့်မေက အရှေ့ကို ကြည့်နေတာဖြစ်သည်။

နင်မုန့်ရဲ့ လက်ကို သူမ ဆုပ်ကိုင်လိုက်ပြီးနောက် ခပ်တိုးတိုး ပြောလိုက်သည်။ "မြန်မြန်လျှောက်မယ်"

သူမက အထက်စီးဆန်တဲ့ သူဌေးသမီး တစ်ယောက် ဖြစ်နေသေးတာမို့ ထိုအချိန်မှာ ဖြစ်နေတဲ့ သူမရဲ့ သနားစရာကောင်းပြီး ကို့ရိုးကားရားဖြစ်နေတဲ့ ပုံစံကိုတော့ လီဟောက်ကျယ်ကို မမြင်စေချင်ပေ။

နင်မုန့်က ခပ်ဖြေးဖြေးသာ လျှောက်လိုက်သည်။ အခန်းထဲမှ ထွက်လာတဲ့လူကတော့ ဘေးကနေ သူတို့ကို တချက်သာ ဖြတ်ကနဲ ကြည့်လိုက်ရသည်။

တစ်ယောက်က လှပပြီး နောက်တစ်ယောက်ကတော့ နှစ်လိုဖွယ်ကောင်း၏။ သူတို့ကို ချက်ချင်းမှတ်မိဖို့ မလွယ်လိုက်။

စိတ်မကြည်စွာနဲ့ အခန်းထဲမှ ထွက်လာတဲ့ လီဟောက်ကျယ်ကလည်း မကြာခင်မှာ ကြက်သေ သေသွားသည်။

သူတို့ထဲမှ အနီရောင်ဝတ်ထားတဲ့ မိန်းကလေးတစ်ယောက်က သူ့အနားမှ လျင်မြန်စွာ ဖြတ်လျှောက်သွားလေ၏။

သူ့အနေနဲ့ သူမကို တချက်သာ ဖြတ်ကနဲ မြင်လိုက်ရုံ ဖြစ်ပေမယ့် သူမက လုံးဝကို မင်သက်စွဲမက်ဖွယ်ကောင်းတယ် ဆိုတာကိုတေ့ာ သူ ပြောနိုင်သည်။

အနည်းငယ် ကြောင်အမ်းရင်းပဲ ထိုမိန်းကလေးနောက်ကို သူ့အကြည့်တို့က လိုက်ငေးမိ၏။ မကြာခင်မှာပဲ သူမကို တစ်နေရာမှာ မြင်ခဲ့ဖူးသလို ခံစားလိုက်ရသည်။

သူ့အနောက်မှ ဝန်ထမ်းကလည်း မကူမကယ်နိုင်စွာပဲ ပြောမိသွားသည်။ "ခုနက  မိန်းကလေးတွေကို မြင်လိုက်တယ်မလား? သူမတို့က အနုပညာ‌ရှင်တွေထက်တောင် အများကြီး လှတယ်!"

သူတို့ကို မမြင်လိုက်ရတဲ့ ဝန်ထမ်းတစ်ယောက်က မေးလိုက်သည်။ "သူတို့က ငါတို့ရဲ့ ဆရာမစုထျန်းထျန်းထက်တောင် လှတာလား?"

တခြားတစ်ယောက်က လီဟောက်ကျယ် မိသွားမှာဆိုးလို့ ခပ်တိုးတိုးပြန်ဖြေလိုက်သည်။ "ဆရာမစုကလည်း တစ်ယောက်တည်း သီးသန့်ပေါ်လာမယ်ဆို တကယ်ကြီးဆွဲဆောင်မှု ရှိပါတယ် ဒါပေမယ့် ခုနက မိန်းကလေး နှစ်ယောက်နဲ့ ယှဉ်မယ်ဆိုရင်တော့ နည်းနည်း လျော့တယ်"

လီဟောက်ကျယ်က ရှင်းရှင်းလင်းလင်းကို ကြားလိုက်ရသည်။ သူ ဝန်မခံချင်ပေမယ့်လည်း သူတို့ပြောတဲ့စကားတွေက မှန်တာကိုတော့ သဘောတူသည်။

နင်မုန့်က ကျိုးကြောင်းမဆီလျော်ဘဲ အထက်စီးဆန်ပေမယ့် သူမက စုထျန်းထျန်းထက် အများကြီး ပိုလှသည်။

ဒါပေမယ့် သူမဘေးက အနီရောင်ဝတ်ထားတဲ့ မိန်းကလေးကရော? သူမရဲ့ အလှက အရမ်းစွဲမက်စရာ ကောင်းလွန်းတယ်။ သူမတို့ကို ဘယ်သူမှ လှည့်မကြည့်ဘဲ နေနိုင်မှာ မဟုတ်ဘူး။

‌သူတွေးနေတုန်းမှာ တစ်စုံတယောက်က အော်ပြောလာ၏။ "သူတို့က မိန်းက‌လေးကျန်း နဲ့ မိန်းကလေးနင်ပဲ!"

[T/N - Ticketဝယ်ထားတဲ့လူတွေက yadech284@gmail.comကို ticket ဝယ်ထားတဲ့ ssလေးပို့ပေးထားပါ။ ပြီးရင် ပို့ထားတဲ့ ကိုယ့်ရဲ့gmail acc nameနှင့်တကွ wp chatboxမှာ လာပြောပေးပါ ပြီးရင် နင်မုန့်ရဲ့ စာစဉ်၆ကို အခမဲ့လာယူလိုက်ပါ။ စာစဉ်၆မပြီးမချင်း ဒီစာကအကျုံးဝင်ပါတယ်]

--------------------

[Zawgyi]

က်န္းရွန႔္ေမရဲ႕ ပထမဆုံး တုံ႔ျပန္မႈက ျငင္းဆိုမႈ ျဖစ္သည္။ "ငါ မသြားဘူး"

နင္မုန႔္ ေရွာ့ရသြားတာေၾကာင့္ သူမရဲ႕ လွပတဲ့ မ်က္၀န္းေတြက ေတာက္ပၿပီး စူးရွသြားကာ "ဘာလို႔လဲ"

က်န္းရွန႔္ေမကေတာ့ အေျဖကို ခ်က္ခ်င္းဆိုသလို မေပးႏိုင္။

နင္မုန႔္က ဆက္ေျပာလိုက္သည္။ "အကယ္၍ နင္သာ တကယ္ႀကီး အတိတ္ကို လက္လႊတ္ခ်လိုက္ၿပီဆိုရင္ အဲ့လူကို မ်က္ႏွာခ်င္းဆိုင္ ႏိုင္ရမယ္။ သူ မရွိဘဲ နင့္ဘ၀ကို ပိုေကာင္းေအာင္ လုပ္ႏိုင္တယ္လို႔ ေျပာလိုက္စမ္းပါ။ ဒီလိုမ်ိဳးေရာ လုပ္ႏိုင္ရဲ႕လား"

ေခ်ာ့ေျပာတာထက္ သူမကို တျဖည္းျဖည္း ေဒါသထြက္လာေအာင္ လုပ္ေပးတာက တကယ္ အက်ိဳးသက္ေရာက္ေလ၏။ က်န္းရွန႔္ေမက ခပ္မတ္မတ္ ရပ္လိုက္သည္။ "ဘာကို ေၾကာက္ေန ရမွာလဲ? ငါ သြားမယ္!"

သူမ ဘာလုပ္ေနလဲဆိုတာ က်န္းရွန႔္ေမ သိတာမို႔ မွန္ထဲတခ်က္ ၾကည့္လိုက္ၿပီးေနာက္ လွပၿပီး မင္သက္စရာေကာင္းတဲ့ မိတ္ကပ္ျပင္လိုက္သည္။

သူမက ခ်မ္းသာတဲ့မိသားစုက သူေဌးသမီးတစ္ေယာက္ ျဖစ္တာမို႔ သူမရဲ႕ အႀကိဳက္ကလည္း အထက္တန္းဆန္သည္ သို႔ေပမယ့္...

နင္မုန႔္ ၀တ္ထားတဲ့ ပန္းေရာင္ ကိုယ္လုံးေပၚ dressကို ျမင္လိုက္ရတဲ့အခါ က်န္းရွန႔္ေမ ႏႈတ္ခမ္းဆူမိသြားသည္။ ထို၀တ္စုံက သူမထက္လွေအာင္ လုပ္ေပးလို႔ေနသည္ေလ။ "ငါ သြားတိုက္ခိုက္မယ့္အခ်ိန္မွာ နင္က ငါ့ထက္ေတာ့ ေလ်ာ့ၿပီး လွေနေပးသင့္တာ မဟုတ္ဘူးလား"

နင္မုန႔္ကေတာ့ သူမကိုၾကည့္ရင္း မ်က္လုံးသာ လွိမ့္မိသြားသည္။ "ငါပိုက္ဆံ ရေနသ၍ ဘာျပႆနာမွ မရွိဘူး"

က်န္းရွန႔္ေမကေတာ့ ဆြံ႕အလို႔သာ သြားသည္။

သူမ ဘာလို႔မ်ား နားမလည္ႏိုင္ခဲ့ရတာ‌လဲ? ဒီမိန္းကေလးက ပိုက္ဆံအရမ္းႀကိဳက္တဲ့ လူဆိုတာကိုေလ!

***

သူတို႔ ပြဲေနရာဆီေရာက္ေတာ့ ၆နာရီ စြန္းစြန္းသာ ရွိေနၿပီ ျဖစ္သည္။ ပြဲက ၇နာရီမွ စမွာမို႔ လင္းခ်င္ေပ့က အခန္းထဲ မိတ္ကပ္ျပင္ေနတုန္း ျဖစ္ေလ၏။

သူမတို႔ ႏွစ္ေယာက္လုံး သူ႔အခန္းထဲသို႔ တိုက္႐ိုက္သြားတဲ့ တစ္ေလွ်ာက္လုံး ေအာင္ျမင္စြာနဲ႔ ျဖတ္သြားတဲ့ လမ္းမွ လူတိုင္းရဲ႕ အာ႐ုံကို ဖမ္းစားႏိုင္ခဲ့၏။

လီေဟာက္က်ယ္ရဲ႕ အခန္းေရွ႕က ျဖတ္ေလွ်ာက္ခါနီးတဲ့အခါ က်န္းရွန႔္ေမရဲ႕ ေျခလွမ္းေတြက ေျဖးညင္းသြားသည္။

နင္မုန႔္က ခပ္ျဖည္းျဖည္းၿပဳံးရင္း ေမးလိုက္သည္။ "ဘာလို႔လဲ? နင္သူ႔ကို လက္မလႊတ္ခ်င္ ေသးဘူးလား"

က်န္းရွန႔္ေမ အ‌ေနနဲ႔ ထိုအခ်ိန္က ခ်က္ခ်င္း ျပန္မေျပာႏိုင္ခဲ့။ သူမရဲ႕ မ်က္၀န္းေတြက မေရရာျဖစ္လို႔ေနၿပီး အနည္းငယ္ ၀မ္းနည္းေနပုံလည္း ေပါက္ေန၏။ "အင္း ငါနည္းနည္း လက္မလႊတ္ႏိုင္ေသးဘူး။ ဒီမတိုင္ခင္က သူ႔မွာ ပိုက္ဆံမရွိတာမို႔ သူ႔ရဲ႕ ဂီတပစၥည္းအားလုံးကို ငါ၀ယ္ေပးမယ္ လုပ္ေတာ့ သူ႔ဘက္က  ငါ့ပိုက္ဆံေတြကို သုံးဖို႔ တြန႔္ဆုတ္ေနခဲ့တယ္။ ငါ့ဘက္က သနားလို႔ ေပးကမ္းတယ္လို႔ သူက ထင္ေနတာေလ။ ေနာက္ေတာ့ သုံးရမယ့္ budgetကလည္း အကန႔္အသတ္နဲ႔ဆိုေတာ့ တႏိုင္ငံလုံးႏွံ႔ေအာင္သြားၿပီး သူ႔အတြက္ အသုံးတည့္မယ့္ ေဈးေပါတဲ့ဟာကို ရွာဝယ္ေပးခဲ့တာ"

ထိုသို႔ေျပာေနရင္းမွ ခါးသီးစြာ သူမ ရယ္လိုက္သည္။ "ထားလိုက္ပါေတာ့ ဘာလို႔မ်ား ငါက အစျပန္ေဖာ္ေနရဦးမွာလဲ"

သူမ ေရွ႕ကိုသာ ျပန္ၾကည့္လိုက္တဲ့အခါ တစ္စုံတခုက သူမႏွလုံးသားကို ညႇစ္ထားသလို ခံစားလိုက္ရသည္။ ၿငီးေငြ႕ဖို႔ေကာင္းလြန္းတဲ့ နာက်င္မႈေတြက သူမရဲ႕ တကိုယ္လုံးကို လႊမ္းမို႔လာျပန္ေလ၏။

ငါးႏွစ္လုံး သူမ သူ႔နဲ႔ အတူရွိေနခဲ့တာမို႔ အခုေတာ့ သူမအတြက္ အေလ့အက်င့္ တစ္ခုလိုျဖစ္လာခဲ့ေပၿပီ။ သူမ အေနနဲ႔ ဒီအမ်ိဳးသားကို ခ်စ္လို႔လား ဒါမွမဟုတ္ သူနဲ႔အတူ သီခ်င္းေတြ ဖန္တီးရတာကို စြဲလမ္းေနမိတာလား ကိုယ္တိုင္ေတာင္ မခြဲျခားႏိုင္ေတာ့။

႐ုတ္တရက္ဆိုသလို လီေဟာက္က်ယ္ရဲ႕ တံခါးက အားကုန္ပြင့္လာ၏။

ထိုအခ်ိန္မွာ က်န္းရွန႔္ေမက အေရွ႕ကို ၾကည့္ေနတာျဖစ္သည္။

နင္မုန႔္ရဲ႕ လက္ကို သူမ ဆုပ္ကိုင္လိုက္ၿပီးေနာက္ ခပ္တိုးတိုး ေျပာလိုက္သည္။ "ျမန္ျမန္ေလွ်ာက္မယ္"

သူမက အထက္စီးဆန္တဲ့ သူေဌးသမီး တစ္ေယာက္ ျဖစ္ေနေသးတာမို႔ ထိုအခ်ိန္မွာ ျဖစ္ေနတဲ့ သူမရဲ႕ သနားစရာေကာင္းၿပီး ကို႔႐ိုးကားရားျဖစ္ေနတဲ့ ပုံစံကိုေတာ့ လီေဟာက္က်ယ္ကို မျမင္ေစခ်င္ေပ။

နင္မုန႔္က ခပ္ေျဖးေျဖးသာ ေလွ်ာက္လိုက္သည္။ အခန္းထဲမွ ထြက္လာတဲ့လူကေတာ့ ေဘးကေန သူတို႔ကို တခ်က္သာ ျဖတ္ကနဲ ၾကည့္လိုက္ရသည္။

တစ္ေယာက္က လွပၿပီး ေနာက္တစ္ေယာက္ကေတာ့ ႏွစ္လိုဖြယ္ေကာင္း၏။ သူတို႔ကို ခ်က္ခ်င္းမွတ္မိဖို႔ မလြယ္လိုက္။

စိတ္မၾကည္စြာနဲ႔ အခန္းထဲမွ ထြက္လာတဲ့ လီေဟာက္က်ယ္ကလည္း မၾကာခင္မွာ ၾကက္ေသ ေသသြားသည္။

သူတို႔ထဲမွ အနီေရာင္၀တ္ထားတဲ့ မိန္းကေလးတစ္ေယာက္က သူ႔အနားမွ လ်င္ျမန္စြာ ျဖတ္ေလွ်ာက္သြားေလ၏။

သူ႔အေနနဲ႔ သူမကို တခ်က္သာ ျဖတ္ကနဲ ျမင္လိုက္႐ုံ ျဖစ္ေပမယ့္ သူမက လုံး၀ကို မင္သက္စြဲမက္ဖြယ္ေကာင္းတယ္ ဆိုတာကိုေတ့ာ သူ ေျပာႏိုင္သည္။

အနည္းငယ္ ေၾကာင္အမ္းရင္းပဲ ထိုမိန္းကေလးေနာက္ကို သူ႔အၾကည့္တို႔က လိုက္ေငးမိ၏။ မၾကာခင္မွာပဲ သူမကို တစ္ေနရာမွာ ျမင္ခဲ့ဖူးသလို ခံစားလိုက္ရသည္။

သူ႔အေနာက္မွ ၀န္ထမ္းကလည္း မကူမကယ္ႏိုင္စြာပဲ ေျပာမိသြားသည္။ "ခုနက  မိန္းကေလးေတြကို ျမင္လိုက္တယ္မလား? သူမတို႔က အႏုပညာ‌ရွင္ေတြထက္ေတာင္ အမ်ားႀကီး လွတယ္!"

သူတို႔ကို မျမင္လိုက္ရတဲ့ ၀န္ထမ္းတစ္ေယာက္က ေမးလိုက္သည္။ "သူတို႔က ငါတို႔ရဲ႕ ဆရာမစုထ်န္းထ်န္းထက္ေတာင္ လွတာလား?"

တျခားတစ္ေယာက္က လီေဟာက္က်ယ္ မိသြားမွာဆိုးလို႔ ခပ္တိုးတိုးျပန္ေျဖလိုက္သည္။ "ဆရာမစုကလည္း တစ္ေယာက္တည္း သီးသန႔္ေပၚလာမယ္ဆို တကယ္ႀကီးဆြဲေဆာင္မႈ ရွိပါတယ္ ဒါေပမယ့္ ခုနက မိန္းကေလး ႏွစ္ေယာက္နဲ႔ ယွဥ္မယ္ဆိုရင္ေတာ့ နည္းနည္း ေလ်ာ့တယ္"

လီေဟာက္က်ယ္က ရွင္းရွင္းလင္းလင္းကို ၾကားလိုက္ရသည္။ သူ ၀န္မခံခ်င္ေပမယ့္လည္း သူတို႔ေျပာတဲ့စကားေတြက မွန္တာကိုေတာ့ သေဘာတူသည္။

နင္မုန႔္က က်ိဳးေၾကာင္းမဆီေလ်ာ္ဘဲ အထက္စီးဆန္ေပမယ့္ သူမက စုထ်န္းထ်န္းထက္ အမ်ားႀကီး ပိုလွသည္။

ဒါေပမယ့္ သူမေဘးက အနီေရာင္၀တ္ထားတဲ့ မိန္းကေလးကေရာ? သူမရဲ႕ အလွက အရမ္းစြဲမက္စရာ ေကာင္းလြန္းတယ္။ သူမတို႔ကို ဘယ္သူမွ လွည့္မၾကည့္ဘဲ ေနႏိုင္မွာ မဟုတ္ဘူး။

‌သူေတြးေနတုန္းမွာ တစ္စုံတေယာက္က ေအာ္ေျပာလာ၏။ "သူတို႔က မိန္းက‌ေလးက်န္း နဲ႔ မိန္းကေလးနင္ပဲ!"

[T/N - Ticket၀ယ္ထားတဲ့လူေတြက yadech284@gmail.comကို ticket ၀ယ္ထားတဲ့ ssေလးပို႔ေပးထားပါ။ ၿပီးရင္ ပို႔ထားတဲ့ ကိုယ့္ရဲ႕gmail acc nameႏွင့္တကြ wp chatboxမွာ လာေျပာေပးပါ ၿပီးရင္ နင္မုန႔္ရဲ႕ စာစဥ္၆ကို အခမဲ့လာယူလိုက္ပါ။ စာစဥ္၆မၿပီးမခ်င္း ဒီစာကအက်ဳံး၀င္ပါတယ္]

Continue Reading

You'll Also Like

419K 23.2K 78
နယ်မြို့လေးမှာ ဖြစ်တည်လာခဲ့ကြသော မိုးသက်ငြိမ်နှင့် လွမ်းနေဝေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။
4.1M 24.5K 2
The entire story line and character names are just the imagination of the author.
96.2K 5.6K 105
ချောင်ဟွေ့ဘဝတွင်လုပ်ခဲ့ဖူးသည့် အရူးမိုက်ဆုံးလုပ်ရပ်ကား အသက် ၂၁ နှစ်အရွယ်တွင် တရားမျှတပြီးဖြောင့်မတ်သည့် ရုပ်ရှင်ဧကရာဇ်ရှုရိယန်နှင့်လက်ထပ်ခဲ့ခြင်းပင်။...