[Unicode]
လေယာဉ်ဆိုတာ လူကို ပျော်ရွှင်စေတဲ့ ဇိမ်ခံပစ္စည်းတစ်ခု၊ အသုံးဝင်တဲ့ ယာဉ်တစ်မျိုး။
သူ့ကို စီးနင်းလို့ ခက်ခဲပြီး ဝေးလံတဲ့ နေရာတွေကို ရောက်ရှိနိုင်တယ်။ သူ့အထဲမှာ ထိုင်ရင်း မြင့်မားတဲ့ တောင်တွေပေါ်ကို ဖြတ်သန်းကြည့်ရှူနိုင်တယ်။ ပင်လယ်ပြာပြာတွေ ဘယ်လောက်ပဲ ဩဇာရှိရှိ၊ သူ့အကျယ်အဝန်း ဆယ်ပုံတစ်ပုံသာ ရှိတဲ့ ငှက်ကလေးရဲ့ အရိပ်ကိုတော့ မတားဆီးနိုင်ဘူး။
ကျွန်တော် ငယ်ငယ်က လေယာဉ်ပျံတွေ မြင်ရင် သိပ်ပျော်ခဲ့တာပဲ။ လေယာဉ်စီးရတာမှာလည်း သိပ်ပျော်ခဲ့တယ်။ ပထမဆုံးအကြိမ်မှာတောင် အမေ့လက်ကို မကိုင်မိခဲ့ဘူး။ အမြဲတမ်း စိတ်ထဲမှာ လေယာဉ်ဆိုတာ လူတွေအတွက် ကောင်းချီးတစ်ခုပဲလို့ မှတ်ယူထားခဲ့တယ်။
ဒါပေမဲ့ ဒီလို အတုမရှိတဲ့ မဟာလေယာဉ်ဟာ ဒီနေ့မှာတော့ မုန်းစရာကြီး ဖြစ်လာပါတော့တယ်။ ပင်လယ်ကိုကျော်၊ တောင်တန်းတွေကို ကျော်ပြီး ကျွန်တော့်ချစ်သူကို သူခေါ်သွားဖို့ ဟန်ပြင်နေတယ်။ လူတွေ ဝင်ထွက်နေတာကြည့်ရင်း အတောင်ပံတွေထဲမှာ တစ်ခုခုဖြစ်ပြီး မထွက်နိုင်ရင် ကောင်းမယ်လို့ ဆုတောင်းမိတယ်။
"ဘယ်တော့ ပြန်လာမှာလဲ"
တကယ်တော့ ကျွန်တော် ပြောချင်တာက မပြန်ပါနဲ့။ မပြန်ပါနဲ့လို့။ ဘာကြောင့် ဂျုံဆောင်း မိဘတွေက ကိုရီးယားအစား အမေရိကန်ကို ရွေးချယ်ခဲ့ရတာလဲ။
"တစ်နေ့နေ့ပေါ့"
ဂျုံဆောင်းကတော့ ခပ်အေးအေးပါပဲ။ ရောက်လာခဲ့တဲ့ နေ့ကလိုမျိုး သူ့မှာ ရှာဖွေစရာတွေ ကုန်သေးပုံ မပေါ်ဘူး။ ဘေးဘီကို ကြည့်ရင်း ဘာမှမဖြစ်သလို ဖြေတယ်။
"တစ်နှစ်လား၊ နှစ်နှစ်လား"
အားမလို၊ အားမရစွာ ကျွန်တော် မေးမိတော့ ဂျုံဆောင်းက ကျွန်တော့်ပုခုံးကို ဖက်ရင်း မေးလာတယ်။
"မပြန်စေချင်ဘူးလား ဆောင်းဟွန်း"
လက်တို ဝတ်ထားခဲ့ပေမဲ့ ကျောပြင်မှာ ချွေးစို့လာသလိုပါပဲ။ မပြန်စေချင်ရုံသာမက ဘယ်ဘက်ရင်ဘတ်နားက နယ်မြေမှာပါ ထာဝရ ချုပ်နှောင်ထားလိုက်ချင်မိတာပါ။
"ငါ ပြောရင် မင်းမပြန်ဘဲ နေမှာ မို့လို့လား"
မျှော်လင့်ချက်နဲ့ ကြည့်လိုက်ပေမဲ့ ဂျုံဆောင်းရဲ့ နှုတ်ခမ်းတစ်ဖက်ကပဲ တွန့်ကွေးသွားတယ်။
"သေချာပေါက် မဟုတ်ဘူးပေါ့"
ဒါပေါ့။ ဟုတ်ပါတယ်။ သူ့ရဲ့ မိဘတွေ၊ မိသားစုဝင်တွေ၊ နိုင်ငံသား တစ်ဝက် ဖြစ်ပြီးနေတဲ့ နိုင်ငံနဲ့ စေ့စပ်ထားတဲ့ မိန်းကလေးက စောင့်ကြိုနေတာပဲဟာ။ ဘယ်လို ငတုံးမျိုးက ဘာမရှိတဲ့ ဒီနေရာမှာ နေလိမ့်မှာလဲ။ ကျွန်တော်ဆိုတဲ့ သူငယ်ချင်းက သူ့ရဲ့ချိန်ခွင်မှာ ခပ်ပါးပါးလေးပဲ အလေးဝင်နိုင်ခဲ့တာလေ။
"မင်းပေးတဲ့ ပန်း ငါ ယူသွားတယ်နော်"
အိတ်ရှေ့ကို ပုတ်ပြရင်း ဆိုတယ်။ မမေ့သေးလို့ ကံကောင်းသေးတယ် ပြောရမှာပါပဲ။ ရွှေအိုရောင်တွေကြားမှာ ဒါလေးက အမှတ်တရနှိုးစက်တော့ ဖြစ်တန်ကောင်းပါရဲ့။
"ဆောင်းဟွန်း"
ဂျုံဆောင်းက ကျွန်တော့်ပုခုံးကို ကိုင်ပြီး ခေါ်တယ်။ မြတ်နိုးရတဲ့ အစိတ်အပိုင်းတွေကို ငေးစိုက်ကြည့်ရင်း ခပ်သာသာလေး ပြန်ထူးမိလိုက်တယ်။
"အင်း"
"ရော့"
လက်ထဲရောက်လာတာက ပို့စကတ်လေးတစ်ခု။ ဖွင့်ကြည့်မယ်ဆိုတဲ့ အတွေး မတွေးခင်မှာပဲ တားမြစ်သံက အရင်ထွက်လာတယ်။
"ငါသွားမှ ကြည့်"
"ပြီးတော့ ကျန်းမာရေး ဂရုစိုက်။ ညနေဘက်ဆို အဆာခံပြီး အန်တီ့ကို စောင့်မနေနဲ့။ တစ်ခုခု စားထားနှင့်။"
ခွေးပေါက်လေးလိုမျိုး နာနာခံခံ ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။ ဂျုံဆောင်းက တကယ်ကို ချစ်ဖို့ကောင်းတဲ့ ကောင်လေးပါပဲ။ အဆုံးအထိ သူက ကျွန်တော့်ကို ကြင်နာစွာ လက်လွှတ်စေတုန်း။
"သွားတော့မယ်"
"ဂရုစိုက်သွား"
အပြိုင်ထွက်လာခဲ့တဲ့ အသံအဆုံးမှာ နွေရာသီက ကျွန်တော့်မျက်စိရှေ့က တဖြည်းဖြည်းချင်း ထွက်ခွာသွားတော့တယ်။ ခပ်ကိုင်းကိုင်း ကျောပြင်ကို ရပ်ကြည့်ရတာက ကမ်းမဲ့သွားတဲ့ သင်္ဘောဦး ထိပ်ကနေ ရေပြင်ကို ကြည့်ရသလိုမျိုးပါပဲ။
ရှေ့တော်မှောက်အရောက် မလျှောက်တင်နိုင်တော့သလို ဆိုက်ရောက်ခြင်းငှာလည်း မစွမ်းသာတော့ပါဘူး။
ပြေးလမ်းကနေ ဘီး စတက်တော့ ဂျုံဆောင်းက လက်ပြရှာတယ်။ မှန်ပြင်ကို လက်နှင့် ဖိထားရင်း တုန်လာတဲ့ နှုတ်ခမ်းကို ဖိကိုက်မိလိုက်တယ်။ အော်ခေါ်လိုက်ချင်ပေမဲ့ ကျွန်တော် မလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ – လေယာဉ်ကွင်းမှာ လူတွေ ငိုကြတာတော့ ထုံးစံ ဖြစ်ပါလိမ့်မယ်။
"ငါ ဘာလို့ ကြယ်တွေကို သဘောကျရတာလဲဆိုတော့ – ကောင်းကင်ကို မော့ကြည့်ပြီး တစ်ခုခုကို လက်ညိုးထိုး ရွေးချယ်လိုက်တဲ့အခါ၊ သူက ငါ့အတွက် အမြဲတမ်း တောက်ပပေးနေလို့။
ကြယ်တွေက ကြွေလွယ်တာ ငါသိတယ်။ အရောင်လည်း မှိန်လွန်းတယ်။ ဒါပေမဲ့ အပိုင်အဖြစ် သတ်မှတ်တဲ့ နေ့ကစလို့ ငါ မော့ကြည့်လိုက်တိုင်း ငါ့အတွက် ရှိနေတယ်။ ဘယ်လောက်အထိ နှစ်သက်စရာ ကောင်းသလဲနော်။ သူက ငါ့အပေါ် သစ္စာရှိလွန်းတယ်။
ကြယ်ဆိုတာ ညမှပဲ မြင်ရတာ၊ အချိန်တိုင်း မဟုတ်ပါဘူးလို့ မင်းက ကပ်သီးကပ်သတ် ငြင်းချင် ငြင်းလိမ့်မယ်။ ဒါဆို ငါ ထပ်ပြောချင်တာက တကယ်က နေ့ဘက်မှာလည်း သူ ရှိပါတယ်။ တောက်ပလွန်းတဲ့ နေရောင်ကြောင့်သာ မမြင်ရတာပါ ဆောင်းဟွန်း။"
ပို့စကတ်ထဲက စာက ဒါပါပဲ။ ထူးထူးခြားခြားလည်း မတွေ့လို့ သူ ဘာကို ရည်ညွှန်းခဲ့သလဲ မစဉ်းစားတတ်တော့ပါဘူး။ တကယ်ပဲ ကြယ်တွေလား။ ဒါမှမဟုတ် တခြားတစ်ခုလား။
»«
ကျောင်းဆင်းချိန်က ခြောက်ကပ်ကပ် နိုင်လွန်းတယ်။ ရွက်ကြွေတွေ ခတဲ့ အချိန်ဆီ ရောက်ရှိလာတော့ မြင်မြင်ရာက ရှုပ်ရှုပ်ထွေးထွေးလိုမျိုး။ လည်ပင်းစပ်မှာ ကပ်ငြိနေတဲ့ ချွေးစအချို့ကို လက်နဲ့ ထိကြည့်ရင်း ဘာလို့ တအား ပူနေရတာလဲလို့ တွေးလိုက်မိတယ်။ လိမ္မော်ရောင်တွေက ပျော်စရာ မကောင်းတော့ဘူးပဲ။
ဟိုရက်က အပေါ်ထပ်က လူတွေ ခရီးသွားမလို့လို့ တိုင်ပင်နေသံ ကြားရတယ်။ အကောင်အထည် ဖော်ဖြစ်သွားပုံနဲ့ ခု အသံ မကြားရတော့ဘူး။ အောက်ထပ်က လူတွေကလည်း အိမ်ပြောင်းသွားရှာတယ်။ မနက်ကပဲ ကားနောက်ခန်းကို ခေါင်းပြူကြည့်ပြီး နှုတ်ဆက်သွားကြတယ်။
အလယ်မှာ ကျန်တဲ့ ကျွန်တော်တို့အိမ်က နှစ်ယောက်တည်းပဲ ရှိတဲ့အပြင် အခု အမေ ပြန်မလာသေးတော့ ပိုပြီး ခြောက်ကပ်ကပ်နဲ့။ ကောင်းကင်ကို အမှတ်မထင် မော့ကြည့်မိတော့ တိမ်တွေ ကင်းရှင်းနေတာ မြင်ရတယ်။ ထပ်တူပဲ ဂျုံဆောင်းစကားကိုလည်း သတိရသွားမိရတယ်။
နေရောင်ကြောင့် ကြယ်တွေကို ကျွန်တော် မမြင်ရတာတဲ့။ သူတို့က နေ့ဘက်လည်း ရှိတယ်ဆိုပဲ။
တံခါးကို တွန်းဖွင့် ဝင်ခဲ့ပေမဲ့ ပြန်မစေ့မိဘဲ ဆိုဖာပေါ်သာ ခြေပစ်လက်ပစ် လှဲချမိလိုက်တယ်။ ဗီတာမင် ဒီ တွေက ပြတင်းပေါက်က ဖြတ်ဝင်လာနေတုန်း။ ဒါပေမဲ့ ကျွန်တော့်အတွက် စွမ်းအင် ဖြစ်မလာတော့ဘူး။ ခပ်အိအိ အသားကို လက်နဲ့ ပွတ်ဆွဲကြည့်ရင်း ဒီနေရာမှာ သူ အိပ်ပြီး စာဖတ်ခဲ့ဖူးတာကို ထပ်ကာထပ်ကာ မြင်ယောင်နေမိတယ်။
→ နောက်ကျမှာလား အမေ
အမေ့ဆီက စာပြန်မလာဘူး။ ညနေပိုင်းဆို အလုပ်ရှုပ်တတ်တာ သိပြီးသားမို့ ထပ်မစောင့်တော့ဘဲ ရေချိုးဖို့သာ စဉ်းစားမိလိုက်တယ်။ တော်တော်ကြာ ထိုင်တွေးနေခဲ့တဲ့ ပေါက်ကရတွေထဲမှာ ဒါကသာ အလုပ်သင့်ဆုံး ဖြစ်ပါလိမ့်မယ်။
We drive through the woods, rich neighborhoods to watch
လေထုက သန့်စင်သွားသလို လှေကားအတိုင်း တက်လာခဲ့တဲ့ တစ်လျှောက်လုံး ကျွန်တော့်လက်ထဲမှာလည်း သံစဉ်တွေ ပျံ့လွင့်နေတယ်။
အနည်းဆုံးတော့ အိမ်မှာ ကျွန်တော့်အသံ မဟုတ်တဲ့ နောက်ထပ် အသံတစ်ခု ကြားနေရအောင် ကြုံရာကျပန်း ဖွင့်လိုက်တာ ဖြစ်ပေမဲ့ ကိုက်ညီမှု ရှိတယ်လို့ ပြောရမယ်။
We joked as we looked that they were too good for us
လှန်းထားတဲ့ အဝတ်တွေ မရှိလို့ ခေါင်မိုးထပ်က ဟာလာဟင်းလင်းနဲ့။ ပစ္စည်းတွေ သိမ်းထားလို့ ထောင့်ကပ် ထောင်ထားတဲ့ ခုံကို ဆွဲဖြန့်လိုက်ရတယ်။ ရေချိုးပြီးတော့ တစ်ယောက်တည်း ထိုင်မနေချင်လို့ အပေါ် တက်လာမှ သီးသန့်ဆန်ဆန်ကြီး စောင့်ကြိုနေလေတယ်။
'Cause socially speaking, we were the same
ပိုင်ရှင်မရှိတာနဲ့ အလှပင် တစ်ပင်က ညှိုးနေပြန်တယ်။ ရေယူဖြန်းပေးရင်းက ဝယ်ပြီးပြီးရော ရေရှည်ကျ ဂရုမစိုက်ကြဘူးလို့ပါ တွေးမိလိုက်တယ်။ ဒါပေမဲ့လည်း မတတ်သာလို့ ထားခဲ့ရတာ ဖြစ်ပါလိမ့်မယ်။
Professor က ကျွန်တော့်ကို ဆရာ လုပ်ဖို့ အစီအစဉ် ရှိမရှိ မေးလာတယ်။ သူ့ရဲ့ သင်ကြားရေးတွေမှာ အမြဲတမ်း ပါဝင် ကူညီပေးခဲ့တဲ့အပြင် ကျွန်တော်က စိတ်ရှည်နူးညံ့တဲ့ အတွက်တဲ့။
ကောင်းတယ်လို့တော့ ကျွန်တော် ထင်မိတာပါပဲ။ အမေကလည်း ဒီအလုပ်ပဲ လုပ်တယ်။ အဖေကလည်း အမေ့ရဲ့ ဒီအလုပ်ကို ချစ်မြတ်နိုးခဲ့တယ်။ တွေးကြည့်တော့ မိသားစုအမွေကို ဆက်ခံသလိုလိုတောင် ဖြစ်နေခဲ့တာပဲ။
အနာဂတ်ကို ရေးရေး မြင်လိုက်ရသလို၊ ကိုယ့်ကိုယ်ကိုယ် ရွေးချယ်ရမဲ့ အချိန်တစ်ခုဆီ ချဉ်းကပ်လာပြီလို့ လက်ခံလိုက်ရတယ်။ ပတ်ခ်ဆောင်းဟွန်းလည်း မငယ်တော့ဘူးပဲ။
A tale old as time, young love don't last for life
ဒါပေမဲ့ မရင့်ကျက်သေးပါဘူး။ မျက်စိတဆုံးမှာ ရှိနေတဲ့ မှုန်ပျပျ မြင်ကွင်းကို မရမက လှမ်းကြည့်ရင်း ခံစားနေရတုန်း။ လူတွေ တိုးလာတာ မသိသာပေမဲ့ လူတွေ လျော့သွားတာကတော့ သိသာလှတယ်။ သယ်သွားလို့ မရတဲ့ ပန်းအိုးတွေက လွဲလို့ ပုံမှန်ထက် တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင် ဖြစ်နေတာက သူ့အိမ်နီးချင်းတွေ အချိန်ရွေးမတော်လို့ပဲ ဖြစ်ပါလိမ့်မယ်။
And now I know, now I know
It's time to go, it's time to go
"ဟွန်း"
"ဆောင်းဟွန်း။ အပေါ်မှာလား။"
အမေ ပြန်လာပြီပဲ။ လှေကားအစပ်နားက ခေါ်သံ ကြားရတယ်။ Message ပို့မိတာက ထူးဆန်းမနေဖို့ မျှော်လင့်ရတာပါပဲ။
"ဆင်းလာပြီ"
"ရေချိုးပြီးသွားပြီလား။ ဗိုက်ရော ဆာနေသေးလား။ အမေ မြန်မြန် ချက်ပေးမယ်နော်။"
အမေ့ပုခုံးမှာ အိတ်က လွယ်ထားတုန်း။ အိမ်ထဲ မဝင်ဘဲ ကျွန်တော့်ကို လိုက်ရှာခဲ့ပုံ၊ ဒါမှမဟုတ် ဝင်ဝင်ချင်းမှာပဲ ကျွန်တော် ပြန်လာတာ သိပြီး လာရှာပုံ ပေါ်တယ်။ တကယ်တော့ ကျွန်တော် မေးမိတာ ပျင်းလို့ဆိုတဲ့ အကြောင်းပြချက် သက်သက်ကြောင့်ပါပဲ။
"နောက်နေ့ကျ ဟင်းချက်နည်း သင်ဦးမယ် အမေ"
"အမေ မပင်ပန်းပါဘူးနော်"
"သားလည်း မကြည့်ရက်ဘူး။ ဒီလောက် အကြာကြီး ဘာကူလုပ်မပေးဘဲ နေခဲ့တာ လုံလောက်ပြီထင်တယ်။"
"မှန်း နေ့ချင်းညချင်း ရင့်ကျက်သွားပါလား။ ဂျုံဆောင်းက ဘာတွေ ဆုံးမသွားခဲ့တာလဲ ဟမ်။"
အမေက ရယ်ရယ်မောမော ဆိုတယ်။ ဂျုံဆောင်းကြောင့် ဟင်းချက်ချင် သွားတယ်ဆိုတာတော့ မှန်ပါတယ်။ ဒါပေမဲ့ တကယ်လည်း အမေ့ကို စောင့်ရှောက်သင့်ပြီလို့ ခံစားရတယ်။
"ဘယ်တော့ ပြန်လာမယ် ပြောခဲ့လဲ"
"အမေ မေးရင်တောင် တိတိကျကျ သူ ပြောဦးမယ် ထင်တယ်"
အမေက မျက်ခုံးပင့်ကြည့်တယ်။ ပြီးမှ ကျွန်တော့်ကျောပြင်ကို ခပ်ဖွဖွ ပုတ်တယ်။
"သူ ပြန်လာမှာပါ သားရယ်။ စ,နေတာ နေမှာပါ။ ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပဲလေ။ ပြန်မလာဘဲ နေလို့ ရတုန်းကတောင် ပြန်လာသေးတာပဲဟာ။"
"................"
"စာမေးပွဲက ဘယ်တော့လဲ"
"လိုပါသေးတယ်"
"ပဲပြား စားချင်လား"
တစ်နေ့တာက မြန်လွန်းတယ် ထင်ရတယ်။ အလ္လာပ သလ္လာပ ပြောရင်း နေဝင်သွားပြန်တယ်။ စောစောက အမေ့စကားကို ကျွန်တော် မထောက်ခံမိလိုက်ပေမဲ့ ဖြစ်ပါစေလို့တော့ ဆုတောင်းမိတယ်။
ဆည်းဆာချိန်တွေက သက်သေပြတယ်။ အဆုံးသတ်ခြင်းတွေမှာလည်း လှပတဲ့ အခိုက်အတန့်တွေ ရှိတယ်တဲ့။
တကယ်တမ်း ဂျုံဆောင်း ပေးခဲ့တာကလည်း ဆည်းဆာချိန်လေးပါပဲ။ အမြဲတမ်း အမှတ်ရနေမဲ့ နွေရာသီရဲ့ ဆည်းဆာချိန်လေးပေါ့။
TBC...
A/N - စာရေးရင်း နည်းနည်း လွတ်တွတ်တွတ် ဖြစ်နေလို့။ ကယ်တင်ပေးကြပါဦး။ ಥ‿ಥ
[Zawgyi]
ေလယာဥ္ဆိုတာ လူကို ေပ်ာ္႐ႊင္ေစတဲ့ ဇိမ္ခံပစၥည္းတစ္ခု၊ အသုံးဝင္တဲ့ ယာဥ္တစ္မ်ိဳး။
သူ႕ကို စီးနင္းလို႔ ခက္ခဲၿပီး ေဝးလံတဲ့ ေနရာေတြကို ေရာက္ရွိနိုင္တယ္။ သူ႕အထဲမွာ ထိုင္ရင္း ျမင့္မားတဲ့ ေတာင္ေတြေပၚကို ျဖတ္သန္းၾကည့္ရႉနိုင္တယ္။ ပင္လယ္ျပာျပာေတြ ဘယ္ေလာက္ပဲ ဩဇာရွိရွိ၊ သူ႕အက်ယ္အဝန္း ဆယ္ပုံတစ္ပုံသာ ရွိတဲ့ ငွက္ကေလးရဲ႕ အရိပ္ကိုေတာ့ မတားဆီးနိုင္ဘူး။
ကြၽန္ေတာ္ ငယ္ငယ္က ေလယာဥ္ပ်ံေတြ ျမင္ရင္ သိပ္ေပ်ာ္ခဲ့တာပဲ။ ေလယာဥ္စီးရတာမွာလည္း သိပ္ေပ်ာ္ခဲ့တယ္။ ပထမဆုံးအႀကိမ္မွာေတာင္ အေမ့လက္ကို မကိုင္မိခဲ့ဘူး။ အၿမဲတမ္း စိတ္ထဲမွာ ေလယာဥ္ဆိုတာ လူေတြအတြက္ ေကာင္းခ်ီးတစ္ခုပဲလို႔ မွတ္ယူထားခဲ့တယ္။
ဒါေပမဲ့ ဒီလို အတုမရွိတဲ့ မဟာေလယာဥ္ဟာ ဒီေန႕မွာေတာ့ မုန္းစရာႀကီး ျဖစ္လာပါေတာ့တယ္။ ပင္လယ္ကိုေက်ာ္၊ ေတာင္တန္းေတြကို ေက်ာ္ၿပီး ကြၽန္ေတာ့္ခ်စ္သူကို သူေခၚသြားဖို႔ ဟန္ျပင္ေနတယ္။ လူေတြ ဝင္ထြက္ေနတာၾကည့္ရင္း အေတာင္ပံေတြထဲမွာ တစ္ခုခုျဖစ္ၿပီး မထြက္နိုင္ရင္ ေကာင္းမယ္လို႔ ဆုေတာင္းမိတယ္။
"ဘယ္ေတာ့ ျပန္လာမွာလဲ"
တကယ္ေတာ့ ကြၽန္ေတာ္ ေျပာခ်င္တာက မျပန္ပါနဲ႕။ မျပန္ပါနဲ႕လို႔။ ဘာေၾကာင့္ ဂ်ဳံေဆာင္း မိဘေတြက ကိုရီးယားအစား အေမရိကန္ကို ေ႐ြးခ်ယ္ခဲ့ရတာလဲ။
"တစ္ေန႕ေန႕ေပါ့"
ဂ်ဳံေဆာင္းကေတာ့ ခပ္ေအးေအးပါပဲ။ ေရာက္လာခဲ့တဲ့ ေန႕ကလိုမ်ိဳး သူ႕မွာ ရွာေဖြစရာေတြ ကုန္ေသးပုံ မေပၚဘူး။ ေဘးဘီကို ၾကည့္ရင္း ဘာမွမျဖစ္သလို ေျဖတယ္။
"တစ္ႏွစ္လား၊ ႏွစ္ႏွစ္လား"
အားမလို၊ အားမရစြာ ကြၽန္ေတာ္ ေမးမိေတာ့ ဂ်ဳံေဆာင္းက ကြၽန္ေတာ့္ပုခုံးကို ဖက္ရင္း ေမးလာတယ္။
"မျပန္ေစခ်င္ဘူးလား ေဆာင္းဟြန္း"
လက္တို ဝတ္ထားခဲ့ေပမဲ့ ေက်ာျပင္မွာ ေခြၽးစို႔လာသလိုပါပဲ။ မျပန္ေစခ်င္႐ုံသာမက ဘယ္ဘက္ရင္ဘတ္နားက နယ္ေျမမွာပါ ထာဝရ ခ်ဳပ္ေႏွာင္ထားလိုက္ခ်င္မိတာပါ။
"ငါ ေျပာရင္ မင္းမျပန္ဘဲ ေနမွာ မို႔လို႔လား"
ေမွ်ာ္လင့္ခ်က္နဲ႕ ၾကည့္လိုက္ေပမဲ့ ဂ်ဳံေဆာင္းရဲ႕ ႏႈတ္ခမ္းတစ္ဖက္ကပဲ တြန႔္ေကြးသြားတယ္။
"ေသခ်ာေပါက္ မဟုတ္ဘူးေပါ့"
ဒါေပါ့။ ဟုတ္ပါတယ္။ သူ႕ရဲ႕ မိဘေတြ၊ မိသားစုဝင္ေတြ၊ နိုင္ငံသား တစ္ဝက္ ျဖစ္ၿပီးေနတဲ့ နိုင္ငံနဲ႕ ေစ့စပ္ထားတဲ့ မိန္းကေလးက ေစာင့္ႀကိဳေနတာပဲဟာ။ ဘယ္လို ငတုံးမ်ိဳးက ဘာမရွိတဲ့ ဒီေနရာမွာ ေနလိမ့္မွာလဲ။ ကြၽန္ေတာ္ဆိုတဲ့ သူငယ္ခ်င္းက သူ႕ရဲ႕ခ်ိန္ခြင္မွာ ခပ္ပါးပါးေလးပဲ အေလးဝင္နိုင္ခဲ့တာေလ။
"မင္းေပးတဲ့ ပန္း ငါ ယူသြားတယ္ေနာ္"
အိတ္ေရွ႕ကို ပုတ္ျပရင္း ဆိုတယ္။ မေမ့ေသးလို႔ ကံေကာင္းေသးတယ္ ေျပာရမွာပါပဲ။ ေ႐ႊအိုေရာင္ေတြၾကားမွာ ဒါေလးက အမွတ္တရႏွိုးစက္ေတာ့ ျဖစ္တန္ေကာင္းပါရဲ႕။
"ေဆာင္းဟြန္း"
ဂ်ဳံေဆာင္းက ကြၽန္ေတာ့္ပုခုံးကို ကိုင္ၿပီး ေခၚတယ္။ ျမတ္နိုးရတဲ့ အစိတ္အပိုင္းေတြကို ေငးစိုက္ၾကည့္ရင္း ခပ္သာသာေလး ျပန္ထူးမိလိုက္တယ္။
"အင္း"
"ေရာ့"
လက္ထဲေရာက္လာတာက ပို႔စကတ္ေလးတစ္ခု။ ဖြင့္ၾကည့္မယ္ဆိုတဲ့ အေတြး မေတြးခင္မွာပဲ တားျမစ္သံက အရင္ထြက္လာတယ္။
"ငါသြားမွ ၾကည့္"
"ၿပီးေတာ့ က်န္းမာေရး ဂ႐ုစိုက္။ ညေနဘက္ဆို အဆာခံၿပီး အန္တီ့ကို ေစာင့္မေနနဲ႕။ တစ္ခုခု စားထားႏွင့္။"
ေခြးေပါက္ေလးလိုမ်ိဳး နာနာခံခံ ကြၽန္ေတာ္ ေခါင္းညိတ္ျပလိုက္တယ္။ ဂ်ဳံေဆာင္းက တကယ္ကို ခ်စ္ဖို႔ေကာင္းတဲ့ ေကာင္ေလးပါပဲ။ အဆုံးအထိ သူက ကြၽန္ေတာ့္ကို ၾကင္နာစြာ လက္လႊတ္ေစတုန္း။
"သြားေတာ့မယ္"
"ဂ႐ုစိုက္သြား"
အၿပိဳင္ထြက္လာခဲ့တဲ့ အသံအဆုံးမွာ ေႏြရာသီက ကြၽန္ေတာ့္မ်က္စိေရွ႕က တျဖည္းျဖည္းခ်င္း ထြက္ခြာသြားေတာ့တယ္။ ခပ္ကိုင္းကိုင္း ေက်ာျပင္ကို ရပ္ၾကည့္ရတာက ကမ္းမဲ့သြားတဲ့ သေဘၤာဦး ထိပ္ကေန ေရျပင္ကို ၾကည့္ရသလိုမ်ိဳးပါပဲ။
ေရွ႕ေတာ္ေမွာက္အေရာက္ မေလွ်ာက္တင္နိုင္ေတာ့သလို ဆိုက္ေရာက္ျခင္းငွာလည္း မစြမ္းသာေတာ့ပါဘူး။
ေျပးလမ္းကေန ဘီး စတက္ေတာ့ ဂ်ဳံေဆာင္းက လက္ျပရွာတယ္။ မွန္ျပင္ကို လက္ႏွင့္ ဖိထားရင္း တုန္လာတဲ့ ႏႈတ္ခမ္းကို ဖိကိုက္မိလိုက္တယ္။ ေအာ္ေခၚလိုက္ခ်င္ေပမဲ့ ကြၽန္ေတာ္ မလုပ္နိုင္ခဲ့ပါဘူး။ ဒါေပမဲ့ – ေလယာဥ္ကြင္းမွာ လူေတြ ငိုၾကတာေတာ့ ထုံးစံ ျဖစ္ပါလိမ့္မယ္။
"ငါ ဘာလို႔ ၾကယ္ေတြကို သေဘာက်ရတာလဲဆိုေတာ့ – ေကာင္းကင္ကို ေမာ့ၾကည့္ၿပီး တစ္ခုခုကို လက္ညိုးထိုး ေ႐ြးခ်ယ္လိုက္တဲ့အခါ၊ သူက ငါ့အတြက္ အၿမဲတမ္း ေတာက္ပေပးေနလို႔။
ၾကယ္ေတြက ေႂကြလြယ္တာ ငါသိတယ္။ အေရာင္လည္း မွိန္လြန္းတယ္။ ဒါေပမဲ့ အပိုင္အျဖစ္ သတ္မွတ္တဲ့ ေန႕ကစလို႔ ငါ ေမာ့ၾကည့္လိုက္တိုင္း ငါ့အတြက္ ရွိေနတယ္။ ဘယ္ေလာက္အထိ ႏွစ္သက္စရာ ေကာင္းသလဲေနာ္။ သူက ငါ့အေပၚ သစၥာရွိလြန္းတယ္။
ၾကယ္ဆိုတာ ညမွပဲ ျမင္ရတာ၊ အခ်ိန္တိုင္း မဟုတ္ပါဘူးလို႔ မင္းက ကပ္သီးကပ္သတ္ ျငင္းခ်င္ ျငင္းလိမ့္မယ္။ ဒါဆို ငါ ထပ္ေျပာခ်င္တာက တကယ္က ေန႕ဘက္မွာလည္း သူ ရွိပါတယ္။ ေတာက္ပလြန္းတဲ့ ေနေရာင္ေၾကာင့္သာ မျမင္ရတာပါ ေဆာင္းဟြန္း။"
ပို႔စကတ္ထဲက စာက ဒါပါပဲ။ ထူးထူးျခားျခားလည္း မေတြ႕လို႔ သူ ဘာကို ရည္ၫႊန္းခဲ့သလဲ မစဥ္းစားတတ္ေတာ့ပါဘူး။ တကယ္ပဲ ၾကယ္ေတြလား။ ဒါမွမဟုတ္ တျခားတစ္ခုလား။
»«
ေက်ာင္းဆင္းခ်ိန္က ေျခာက္ကပ္ကပ္ နိုင္လြန္းတယ္။ ႐ြက္ေႂကြေတြ ခတဲ့ အခ်ိန္ဆီ ေရာက္ရွိလာေတာ့ ျမင္ျမင္ရာက ရႈပ္ရႈပ္ေထြးေထြးလိုမ်ိဳး။ လည္ပင္းစပ္မွာ ကပ္ၿငိေနတဲ့ ေခြၽးစအခ်ိဳ႕ကို လက္နဲ႕ ထိၾကည့္ရင္း ဘာလို႔ တအား ပူေနရတာလဲလို႔ ေတြးလိုက္မိတယ္။ လိေမၼာ္ေရာင္ေတြက ေပ်ာ္စရာ မေကာင္းေတာ့ဘူးပဲ။
ဟိုရက္က အေပၚထပ္က လူေတြ ခရီးသြားမလို႔လို႔ တိုင္ပင္ေနသံ ၾကားရတယ္။ အေကာင္အထည္ ေဖာ္ျဖစ္သြားပုံနဲ႕ ခု အသံ မၾကားရေတာ့ဘူး။ ေအာက္ထပ္က လူေတြကလည္း အိမ္ေျပာင္းသြားရွာတယ္။ မနက္ကပဲ ကားေနာက္ခန္းကို ေခါင္းျပဴၾကည့္ၿပီး ႏႈတ္ဆက္သြားၾကတယ္။
အလယ္မွာ က်န္တဲ့ ကြၽန္ေတာ္တို႔အိမ္က ႏွစ္ေယာက္တည္းပဲ ရွိတဲ့အျပင္ အခု အေမ ျပန္မလာေသးေတာ့ ပိုၿပီး ေျခာက္ကပ္ကပ္နဲ႕။ ေကာင္းကင္ကို အမွတ္မထင္ ေမာ့ၾကည့္မိေတာ့ တိမ္ေတြ ကင္းရွင္းေနတာ ျမင္ရတယ္။ ထပ္တူပဲ ဂ်ဳံေဆာင္းစကားကိုလည္း သတိရသြားမိရတယ္။
ေနေရာင္ေၾကာင့္ ၾကယ္ေတြကို ကြၽန္ေတာ္ မျမင္ရတာတဲ့။ သူတို႔က ေန႕ဘက္လည္း ရွိတယ္ဆိုပဲ။
တံခါးကို တြန္းဖြင့္ ဝင္ခဲ့ေပမဲ့ ျပန္မေစ့မိဘဲ ဆိုဖာေပၚသာ ေျခပစ္လက္ပစ္ လွဲခ်မိလိုက္တယ္။ ဗီတာမင္ ဒီ ေတြက ျပတင္းေပါက္က ျဖတ္ဝင္လာေနတုန္း။ ဒါေပမဲ့ ကြၽန္ေတာ့္အတြက္ စြမ္းအင္ ျဖစ္မလာေတာ့ဘူး။ ခပ္အိအိ အသားကို လက္နဲ႕ ပြတ္ဆြဲၾကည့္ရင္း ဒီေနရာမွာ သူ အိပ္ၿပီး စာဖတ္ခဲ့ဖူးတာကို ထပ္ကာထပ္ကာ ျမင္ေယာင္ေနမိတယ္။
→ ေနာက္က်မွာလား အေမ
အေမ့ဆီက စာျပန္မလာဘူး။ ညေနပိုင္းဆို အလုပ္ရႈပ္တတ္တာ သိၿပီးသားမို႔ ထပ္မေစာင့္ေတာ့ဘဲ ေရခ်ိဳးဖို႔သာ စဥ္းစားမိလိုက္တယ္။ ေတာ္ေတာ္ၾကာ ထိုင္ေတြးေနခဲ့တဲ့ ေပါက္ကရေတြထဲမွာ ဒါကသာ အလုပ္သင့္ဆုံး ျဖစ္ပါလိမ့္မယ္။
We drive through the woods, rich neighborhoods to watch
ေလထုက သန႔္စင္သြားသလို ေလွကားအတိုင္း တက္လာခဲ့တဲ့ တစ္ေလွ်ာက္လုံး ကြၽန္ေတာ့္လက္ထဲမွာလည္း သံစဥ္ေတြ ပ်ံ့လြင့္ေနတယ္။
အနည္းဆုံးေတာ့ အိမ္မွာ ကြၽန္ေတာ့္အသံ မဟုတ္တဲ့ ေနာက္ထပ္ အသံတစ္ခု ၾကားေနရေအာင္ ႀကဳံရာက်ပန္း ဖြင့္လိုက္တာ ျဖစ္ေပမဲ့ ကိုက္ညီမႈ ရွိတယ္လို႔ ေျပာရမယ္။
We joked as we looked that they were too good for us
လွန္းထားတဲ့ အဝတ္ေတြ မရွိလို႔ ေခါင္မိုးထပ္က ဟာလာဟင္းလင္းနဲ႕။ ပစၥည္းေတြ သိမ္းထားလို႔ ေထာင့္ကပ္ ေထာင္ထားတဲ့ ခုံကို ဆြဲျဖန႔္လိုက္ရတယ္။ ေရခ်ိဳးၿပီးေတာ့ တစ္ေယာက္တည္း ထိုင္မေနခ်င္လို႔ အေပၚ တက္လာမွ သီးသန႔္ဆန္ဆန္ႀကီး ေစာင့္ႀကိဳေနေလတယ္။
'Cause socially speaking, we were the same
ပိုင္ရွင္မရွိတာနဲ႕ အလွပင္ တစ္ပင္က ညွိုးေနျပန္တယ္။ ေရယူျဖန္းေပးရင္းက ဝယ္ၿပီးၿပီးေရာ ေရရွည္က် ဂ႐ုမစိုက္ၾကဘူးလို႔ပါ ေတြးမိလိုက္တယ္။ ဒါေပမဲ့လည္း မတတ္သာလို႔ ထားခဲ့ရတာ ျဖစ္ပါလိမ့္မယ္။
Professor က ကြၽန္ေတာ့္ကို ဆရာ လုပ္ဖို႔ အစီအစဥ္ ရွိမရွိ ေမးလာတယ္။ သူ႕ရဲ႕ သင္ၾကားေရးေတြမွာ အၿမဲတမ္း ပါဝင္ ကူညီေပးခဲ့တဲ့အျပင္ ကြၽန္ေတာ္က စိတ္ရွည္ႏူးညံ့တဲ့ အတြက္တဲ့။
ေကာင္းတယ္လို႔ေတာ့ ကြၽန္ေတာ္ ထင္မိတာပါပဲ။ အေမကလည္း ဒီအလုပ္ပဲ လုပ္တယ္။ အေဖကလည္း အေမ့ရဲ႕ ဒီအလုပ္ကို ခ်စ္ျမတ္နိုးခဲ့တယ္။ ေတြးၾကည့္ေတာ့ မိသားစုအေမြကို ဆက္ခံသလိုလိုေတာင္ ျဖစ္ေနခဲ့တာပဲ။
အနာဂတ္ကို ေရးေရး ျမင္လိုက္ရသလို၊ ကိုယ့္ကိုယ္ကိုယ္ ေ႐ြးခ်ယ္ရမဲ့ အခ်ိန္တစ္ခုဆီ ခ်ဥ္းကပ္လာၿပီလို႔ လက္ခံလိုက္ရတယ္။ ပတ္ခ္ေဆာင္းဟြန္းလည္း မငယ္ေတာ့ဘူးပဲ။
A tale old as time, young love don't last for life
ဒါေပမဲ့ မရင့္က်က္ေသးပါဘူး။ မ်က္စိတဆုံးမွာ ရွိေနတဲ့ မႈန္ပ်ပ် ျမင္ကြင္းကို မရမက လွမ္းၾကည့္ရင္း ခံစားေနရတုန္း။ လူေတြ တိုးလာတာ မသိသာေပမဲ့ လူေတြ ေလ်ာ့သြားတာကေတာ့ သိသာလွတယ္။ သယ္သြားလို႔ မရတဲ့ ပန္းအိုးေတြက လြဲလို႔ ပုံမွန္ထက္ တိတ္ဆိတ္ေနတဲ့ ပတ္ဝန္းက်င္ ျဖစ္ေနတာက သူ႕အိမ္နီးခ်င္းေတြ အခ်ိန္ေ႐ြးမေတာ္လို႔ပဲ ျဖစ္ပါလိမ့္မယ္။
And now I know, now I know
It's time to go, it's time to go
"ဟြန္း"
"ေဆာင္းဟြန္း။ အေပၚမွာလား။"
အေမ ျပန္လာၿပီပဲ။ ေလွကားအစပ္နားက ေခၚသံ ၾကားရတယ္။ Message ပို႔မိတာက ထူးဆန္းမေနဖို႔ ေမွ်ာ္လင့္ရတာပါပဲ။
"ဆင္းလာၿပီ"
"ေရခ်ိဳးၿပီးသြားၿပီလား။ ဗိုက္ေရာ ဆာေနေသးလား။ အေမ ျမန္ျမန္ ခ်က္ေပးမယ္ေနာ္။"
အေမ့ပုခုံးမွာ အိတ္က လြယ္ထားတုန္း။ အိမ္ထဲ မဝင္ဘဲ ကြၽန္ေတာ့္ကို လိုက္ရွာခဲ့ပုံ၊ ဒါမွမဟုတ္ ဝင္ဝင္ခ်င္းမွာပဲ ကြၽန္ေတာ္ ျပန္လာတာ သိၿပီး လာရွာပုံ ေပၚတယ္။ တကယ္ေတာ့ ကြၽန္ေတာ္ ေမးမိတာ ပ်င္းလို႔ဆိုတဲ့ အေၾကာင္းျပခ်က္ သက္သက္ေၾကာင့္ပါပဲ။
"ေနာက္ေန႕က် ဟင္းခ်က္နည္း သင္ဦးမယ္ အေမ"
"အေမ မပင္ပန္းပါဘူးေနာ္"
"သားလည္း မၾကည့္ရက္ဘူး။ ဒီေလာက္ အၾကာႀကီး ဘာကူလုပ္မေပးဘဲ ေနခဲ့တာ လုံေလာက္ၿပီထင္တယ္။"
"မွန္း ေန႕ခ်င္းညခ်င္း ရင့္က်က္သြားပါလား။ ဂ်ဳံေဆာင္းက ဘာေတြ ဆုံးမသြားခဲ့တာလဲ ဟမ္။"
အေမက ရယ္ရယ္ေမာေမာ ဆိုတယ္။ ဂ်ဳံေဆာင္းေၾကာင့္ ဟင္းခ်က္ခ်င္ သြားတယ္ဆိုတာေတာ့ မွန္ပါတယ္။ ဒါေပမဲ့ တကယ္လည္း အေမ့ကို ေစာင့္ေရွာက္သင့္ၿပီလို႔ ခံစားရတယ္။
"ဘယ္ေတာ့ ျပန္လာမယ္ ေျပာခဲ့လဲ"
"အေမ ေမးရင္ေတာင္ တိတိက်က် သူ ေျပာဦးမယ္ ထင္တယ္"
အေမက မ်က္ခုံးပင့္ၾကည့္တယ္။ ၿပီးမွ ကြၽန္ေတာ့္ေက်ာျပင္ကို ခပ္ဖြဖြ ပုတ္တယ္။
"သူ ျပန္လာမွာပါ သားရယ္။ စ,ေနတာ ေနမွာပါ။ ကမာၻႀကီးက က်ဥ္းက်ဥ္းေလးပဲေလ။ ျပန္မလာဘဲ ေနလို႔ ရတုန္းကေတာင္ ျပန္လာေသးတာပဲဟာ။"
"................"
"စာေမးပြဲက ဘယ္ေတာ့လဲ"
"လိုပါေသးတယ္"
"ပဲျပား စားခ်င္လား"
တစ္ေန႕တာက ျမန္လြန္းတယ္ ထင္ရတယ္။ အလႅာပ သလႅာပ ေျပာရင္း ေနဝင္သြားျပန္တယ္။ ေစာေစာက အေမ့စကားကို ကြၽန္ေတာ္ မေထာက္ခံမိလိုက္ေပမဲ့ ျဖစ္ပါေစလို႔ေတာ့ ဆုေတာင္းမိတယ္။
ဆည္းဆာခ်ိန္ေတြက သက္ေသျပတယ္။ အဆုံးသတ္ျခင္းေတြမွာလည္း လွပတဲ့ အခိုက္အတန႔္ေတြ ရွိတယ္တဲ့။
တကယ္တမ္း ဂ်ဳံေဆာင္း ေပးခဲ့တာကလည္း ဆည္းဆာခ်ိန္ေလးပါပဲ။ အၿမဲတမ္း အမွတ္ရေနမဲ့ ေႏြရာသီရဲ႕ ဆည္းဆာခ်ိန္ေလးေပါ့။
TBC...
A/N - စာေရးရင္း နည္းနည္း လြတ္တြတ္တြတ္ ျဖစ္ေနလို႔။ ကယ္တင္ေပးၾကပါဦး။ ಥ‿ಥ