Unicode
"ဦးဇာတိမာန် ကျွန်တော်
Brazil ကိုပြန်တော့မယ်"
ဇာတိမာန် မနက်စာပြင်နေတုန်း စွဲညို့အသံကြောင့်
အနောက်ကိုလှည့်ကြည့်လိုက်မိတယ် ။
စွဲညို့မျက်နှာကချောင်ကျနေသည် ။ညကမအိပ်ထားဘူးထင်ရဲ့ ။ သူလက်အိတ်ကို ချွတ်လိုက်ပီး
စွဲညို့ကိုမေးတယ်...
" ဘာလို့ချက်ချင်းလဲ "
" ကျွန်တော်ဆုံးဖြတ်ပြီးပြီ"
" စွဲလမ်းနိုင်နဲ့ ဖုန်းမပြောတော့ဘူးလား"
ဇာတိမာန်ရဲ့အမေးကို သူခေါင်းခါသည် ။
သူပြောတယ်..
" ဦးဇာတိမာန်ကပဲ တဆင့်ပြောပေးပါ
စွဲကို ဂရုစိုက်နေပါလို့"
" အင်း ..မနက်စာဝင်စားသွားလေ "
စွဲညို့ရဲ့ အဖြေကို စောင့်မနေပဲနဲ့ စားပွဲဝိုင်းအပေါ်မှာ ကော်ဖီနှစ်ခွက်နဲ့ ပေါင်မုန့်ထောပတ်သုတ်
နှစ်ယောက်စာကို ပြင်ဆင်နေတယ် ။
စွဲညို့သက္ကနိုင် စားပွဲပေါ်မှာလှုပ်ရှားနေတဲ့
ထိုလူရဲ့ လက်ဖြူဖြူသွယ်သွယ်တွေကို
ခနတာကြည့်ပြီး စိတ်ဖိစီးမှု များစွာဖြင့်
အကြည့်လွှဲလိုက်သည် ။
" မစားတော့ဘူး ။ ကျွန်တော်သွားပြီ "
ပြောပြီးသည်နှင့် ချက်ချင်းထွက်သွားတဲ့
စွဲညို့သက္ကနိုင်ကိုကြည့်ရင်း ဇာတိမာန် မျက်မှန်ကိုချွတ်ပီး ခုံမှာ ဝင်ထိုင်လိုက်တော့သည် ။
မျက်ရိုးကိုနှိပ်နယ်နေရင်း သူ့ခံပြင်းနေသလို ။
ခေါင်းကိုသာ ခပ်ဖွဖွ ခါလိုက်ရင်း
ကော်ဖီခါးခါးကိုသောက်နေတော့တယ် ။
သူကမနက်စာ စားလေ့မရှိပေမယ့်
တစုံတယောက်အတွက် မနက်စာ ပြင်ပေးထားသော်လည်း တစုံတယောက်က ထွက်သွားသည်လေ ။
သူထွက်သွားသည်နှင့် ဇာတိမာန်.. ဧကရာဇ်ကို
ဖုန်းဆက်ပြီး စွဲညို့ Brazil ကိုပြန်သွားပြီဖြစ်ကြောင်းပြောဖို့ ပြင်လိုက်တော့သည်။
_____________________
ဒီနေ့ရဲ့ ရာသီဉတုက အရင်နေ့တွေလိုမပူပဲ။
မိုးသားတက်ကာ အုံ့မှိုင်းမှိုင်းဖြစ်၍ နေတယ်။
မပူတဲ့ရာသီအချိန်မို့ နေလို့ကောင်းပေမယ့်
မိုးရွာမည်ဆိုးတာကြောင့် လမ်းတဖက်ကနေ
အမြန်ပြေးလာပြီး မိုးယံသစ်တို့၍ ကုန်စုံဆိုင်လေးထဲ
ပြေးဝင်သွားလိုက်တော့သည် ။
အထဲရောက်တော့ ငွေရှင်းစားပွဲပေါ်မှာ
ဆိုင်ရှင်လေးက ထိုင်ပြီး စာရေးနေသည်။
မထင်ထားသည်က မိုးယံရဲ့ ဘေးနားမှာ ပုလဲဖြူက
ထိုင်ပြီး မိုးယံကို ကြည့်နေတာပင် ။
စားပွဲခုံပေါ်မှာတော့ စာအုပ်တွေအချို့ကြဲနေပြီး
စာလုပ်နေကြမှန်းသိသာသည် ။
" ပုလဲဖြူ ရောက်နေတာလား"
" ဟုတ်တယ် ဖြူက သစ်ကို
ဖြူ နားမလည်တဲ့စာတွေလာမေးနေတာ "
ပုလဲဖြူရဲ့စကားကြောင့် ဝေဟင် မသိမသာ လက်သီးဆုပ်လိုက်မိသည် ။ တကယ်ဆို သူမကလဲ
စာအတော်ဆုံး ကျောင်းသူတယောက်လေ ။ ဘာကြောင့် စာလာမေးမို့ဖို့ လိုအပ်မှာလဲ ။
ယောင်္ကျားလေးအမြင်အရပြောရလျှင် သူမက တော်တော်လဲလှသည် ။ ဆံသားအရှည်
တွေက နက်မှောင်နေပြီး နှစ်ဖက် စီးထားသည် ။
သနပ်ခါးနှစ်ဖက်ကို ညီညီညာညာလေး လိမ်းထားပြီး
ဝေဟင့်ကိုတွေ့သည့်အခါ ပါးချိုင့်လေး နစ်နေအောင်ပြုံးပြနေသည် ။ ဒါပေမယ့် ထိုအရာတွေနှင့် ယှဉ်လျှင် မိုးယံရဲ့ ဖွာခနဲကျနေတဲ့ ဆံပင်သားအိအိလေးတွေနဲ့ သွားဖြူဖြူညီညီလေးတွေက ဝေဟင့် သဘောကျဆုံးတွေထဲက အရာလေးတွေပင်။
ယခုအချိန်ထို ခေါင်းငုံ့ပြီး ပုလဲဖြူရဲ့ စာတွေကို သူက တွက်ပေးနေသည် ။ ဝေဟင် ဝင်လာတာကို မိုးယံ
သိလောက်သည် သို့ပေမယ့်လဲ ဝေဟင့်ကို
ဂရုမစိုက်ပေ ။ အဲ့ဒီအစား ဂရုမစိုက်သလို လေသံ ခပ်တိုးတိုးပင်ထွက်လာသည် ။
" မင်း ဘာလာလုပ်တာလဲ "
ထိုကဲ့သို့ဇွတ်တရွတ်ဝင်လာလျှင်
မော့ကြည့်စရာမလို ဝေဟင်ကျော်သာ ဖြစ်ကြောင်း
မိုးယံသစ် သိပါသည်။
သို့ပေမယ့် စိတ်လှုပ်ရှားဟန်မပြပဲ ။
သူနေမြဲတိုင်း နေလိုက်သည် ။
ဒါ့အပြင် ဟိုတနေ့က သူ့ကောင်မလေးခေါ်တာနှင့် တန်းပြီး ထွက်သွားသည့် ကိစ္စနှင့်ပတ်သတ်ပြီးလဲ
ဝေဟင့်ကိုစိတ်ဆိုးနေသလိုလိုရှိသည် ။
မိုးယံက အမြဲတစေ ဒီလိုမဆိုင်သလိုနေပြီး
အေးတိအေးစက်နေတတ်လေ့ရှိတယ် ။
ဒါပေမယ့် ဝေဟင်ကျော်ဟာ ဘေးက ပုလဲဖြူကို
ဂရုမစိုက်ပဲ သူပြောစရာရှိသည့်စကားကိုသာပြောလိုက်သည် ။
" မိုးယံ ငါ..ငါ့ရည်းစားတွေကို ဖြတ်ခဲ့တယ် "
"အဲ့တာ ..ဘာဖြစ်လို့လဲ"
သူ့ရင်ထဲ ခံစားချက်တခုက ဖြတ်ခနဲလှုပ်ခါသွားတာကို မသိချင်ယောင်ဆောင်ရင်း လက်က ဘောပင််ကိုချလိုက်သည် ။ အဲ့ဒီ ရည်းစားတွေကို ဖြတ်လဲ ဝေဟင်က နောက်တရက်မကူးပဲ နောက်တယောက်ကရစမြဲ မဟုတ်လား ။
ဒါကြောင့် မထူးဆန်းသလို ကြည့်ရင်း
ပြန်ပြောလိုက်သည်က ဝေဟင့်ကို
အံကြိတ်စေမိသည် ။ သို့ပေမယ့် စိတ်ထဲမထားပဲ
ဝေဟင် သူ့ လည်တိုင်ကိုသူ စိတ်လှုပ်ရှားစွာ
ပွတ်သပ်ပြီးနောက်...
"မင်း မပျော်ဘူးလား"
" မင်းမကြာခင် နောက်တယောက်ထပ်တွေ့လိမ့်မယ်"
မိုးယံသစ်ဟာ မထူးဆန်းသလိုနှင့် ပြန်ဖြေပြီး
ခေါင်းငုံ့ကာသူ့စာတွေတွက်ဖို့ကြိုးစားလိုက်သည် ။
ဘေးက ပုလဲဖြူကိုလဲ ရှင်းပြရင်းပေါ့ ။
ဒါပေမယ့် ထိုကောင်မလေးရဲ့ စိတ်လှုပ်ရှားပြီး နီရဲနေသည့် မျက်နှာလေးကို ဘယ်သူမျှ
ဂရုမပြုမိကြပေ ။ ပြီးတော့ သူမကိုလဲ ကောင်လေးနှစ်ယောက်လုံးက ရှိတယ်လို့တောင် မမြင်ပဲ စကားတွေပြောနေကြတာလေ ။
ပုလဲဖြူဟာ အရင်ဆုံး
ဒီအဖြစ်အပျက်ကို မြင်တွေ့ရပြီး
ယောင်္ကျားလေး နှစ်ယောက်ကြားက သာမာန်ထက် သာလွန်နေသည့် ဆက်ဆံရေးကို သတိပြုမိသူဖြစ်သည် ။အရင်တည်းက သူတို့နှစ်ယောက် အတူရှိနေလျှင် သူမ တကယ်စိတ်လှုပ်ရှားခဲ့တာ ။
ဒီနှစ်ယောက်ကြား ကိစ္စတစ်ခုခုရှိတာကို အရင်တည်းက ခံစားမိတာကြောင့် သိချင်ဇောနှင့် စာနားမလည်ဘူးဟုဆိုကာ မိုးယံသစ်အနား ရောက်နေတာဖြစ်သည် ။
မိုးယံက ဝေဟင့်ကိုဂရုမစိုက်တော့ မိုးယံရဲ့ဘေးက တယောက်ကိုသာ ပြောဖို့ဆုံးဖြတ်လိုက်သည် ။
" ပုလဲဖြူ မင်းက စာအတော်ဆုံး မဟုတ်ဘူးလား
ဘာလို့ ဒီကိုရောက်နေတာလဲ "
ဝေဟင်ဟာ ကျောင်းကသူငယ်ချင်းတိုင်း ခေါ်နေကျ
ဖြူ ဆိုသည့် နာမည်လေးတောင်မခေါ်တော့ပါပေ ။
ဘယ်ထင်ခဲ့မလဲ သူမ မိုးယံကိုဒီလိုကပ်နေခြင်းက
ကောင်းမွန်ခြင်းမဟုတ်ပဲ ။
ဝေဟင်ကျော့်ကို ချဉ်တူးနေသည့် ရှာလကာရည်တွေသောက်နေသလို ခံစားစေရမယ်ဆိုတာကိုပေါ့ ။
သူမ ဝေဟင်ကျော်ဖြစ်နေတာတွေသိတော့
မိုးယံသစ်အတွက် တရားမျှတမှု ပြန်ယူပေးရမယ်ဆိုတာကို သူမစိတ်ထဲ ဒုံးဒုံးချပြီး ဆုံးဖြတ်လိုက်သည် ။ ဟုတ်တယ်မလား ဝေဟင်ကျော်က ကောင်မလေးတွေထားပြီး မိုးယံသစ်ကို စိတ်ဒုက္ခပေးနေကျလေ ။ ဒါကြောင့် မိုးယံသစ်က အမြဲမရွှင်မလန်းဖြစ်နေတာမဟုတ်လား ။
ဒါကြောင့် ဆိုင်ထဲမှာ သူမတို့နှစ်ယောက်အား
မတ်တပ်ရပ်ကြည့်နေတဲ့ ဝေဟင့်ကို တချက်ကြည့်လိုက်သည် ။ ပြီးနောက် ခါးမတ်မတ်ထိုင်ပြီး မိုးယံသစ်ရဲ့အနားမရောက်တရောက် အနည်းငယ်တိုးကပ်လိုက်သည် ။ ပြီးတော့ မိုးယံရဲ့ ဆံပင်လေးကို
လက်လေးနဲ့ မထိတထိလေး ပုတ်လိုက်သည် ။
" သစ် "
" ဟင် "
မိုးယံ လက်က လှုပ်ရှားနေတဲ့ ဘောပင်လေး ရပ်သွားပြီး ထူးကာ မတ်တပ်ရပ်နေတဲ့ ဝေဟင့်ကို အမှတ်တမဲ့ မော့ကြည့်မိတယ် ။
သို့ပေမယ့် ခေါ်ဆိုသူက ပုလဲဖြူသာဖြစ်သည် ။
ဒါကြောင့် ခပ်မြန်မြန် အကြည့်လွှဲပြီး ဘေးက ခေါ်ဆိုသူ ပုလဲဖြူကို ကြည့်လိုက်သည် ။
ထိုနာမည်လေးက ဝေဟင်က တခါတလေ
စနောက်ပြီး ခေါ်တတ်သည့် နာမည်လေးဖြစ်သည် ။
ဒါကို သူမက သတိပြုပြီး ခေါ်လိုက်တာပင် ။
သို့ပေမယ့် သူမထူးဆန်းစွာပင်
ကျောချမ်းလာမိသည် ။
သူမ အမှားကြီးတခုလုပ်မိသွားပြီ ။
ဝေဟင်ကျော် တအား ဒေါသထွက်နေသလိုပဲ ။
သူမ ကန်စွန်းဥမျိုချလိုက်ရသလိုမျိုး
စကားလုံးတချို့ နင်သွားသည် ။
ဒါကြောင့် အမြန်ထွက်ခွာဖို့ပဲ ကြိုးစားတော့တယ် ။
" အဲ.. ဖြူ..ဖြူ နောက်နေ့မှ လာတော့မယ်လို့ "
"အင်း ရတယ်လေ "
မိုးယံသစ်က သူ့ကိစ္စနှင့် စာကလွဲရင်
ဘာကိုမျှဂရုမစိုက်တတ်တဲ့သူဖြစ်တာကြောင့်
အခုဘာတွေဖြစ်နေတာလဲ သူသတိမထားမိပေ ။
ပုလဲဖြူက ပြန့်ကျဲနေတဲ့ စာအုပ်တွေကို အလျှင်
အမြန်ပင် စုပြုံသိမ်းသွားပြီး ဝေဟင်ကျော်ရဲ့
ဘေးကနေ နောက်ကျောမလုံဘဲ အမြဲ ပြေးထွက်သွားတော့သည် ။
“မင်းရဲ့ ရည်းစားလိုက်နည်းက တော်တော်
ဆိုးဝါးလာတာပဲ ”
ထိုစကားကို မိုးယံသစ်က ရယ်ပြီးပြောသည် ။
ပုလဲဖြူက လန့်ပြီး ထွက်ပြေးသွားတာကို
ကြည့်ပြီး ပြောတာဖြစ်သည် ။
သူအခုထိ ဝေဟင်ဘာဖြစ်နေလဲဆိုတာ မသိသေးဘူး။ တကယ်တော့ မိုးယံက ဝေဟင် ပုလဲဖြူကို
စိတ်ဝင်စားနေတယ် ထင်သွားတာဖြစ်သည် ။
တကယ်လဲ မိုးယံအနားကပ်တဲ့ ကောင်မလေးတွေ အများစုဟာ ဝေဟင်ရဲ့ ၃ရက်တာ ကောင်မလေး အဖြစ်ဇာတ်သိမ်းသွားကြတာချည်းပါပဲ ။
“ငါသူ့ကိုစိတ်မဝင်စားဘူး သူမှမဟုတ်ဘူး
တခြား ဘယ်သူ့ကိုမှစိတ်မဝင်စားဘူး ”
“ ဝိုး...ငါအိပ်မက်မက်နေတာဖြစ်မယ် ”
ထိုကောင်လေးက စနောက်သလိုနှင့် နှုတ်ခမ်းလှလှလေးကို အဝိုင်းလေးဖြစ်အောင်
ဝိုး "လိုက်ပြီး သူပြောတယ် ။
ပြီးတော့ သဘောတကျခပ်ဟဟလေးရယ်နေလေရဲ့။
မိုးယံသစ်မယုံတာ တွေ့ရသောအခါ ဝေဟင်
အလျှင်အမြန်ပင် သူ့ရဲ့အနား ဝင်ထိုင်လိုက်တော့သည် ။ မိုးယံသစ်ကို ရှင်းရှင်းလင်းလင်းပြောပြဖို့လိုနေပြီ ။
“ သစ် ငါတကယ်ပြောနေတာ ၊ ငါသဘောကျနေတာ မင်းလေ မိုးယံသစ်ဆိုတဲ့ မင်း ”
သူ့ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ မျက်နှာချင်းဆိုင်ပြီးပြောသည် ။ မကြာလိုက် မိုးယံသစ်က သူ့ပုခုံးပေါ်က ဝေဟင်ရဲ့လက်နှစ်ဖက်ကို အသာအယာဖယ်ချသည်
မိုးယံသစ်ကို ရှင်းရှင်းလင်းလင်းပြောပြဖို့လိုနေပြီ ။ သူ့မျက်နှာထားက ချက်ချင်းပြောင်းသွားသည် ။ သူတို့ ပုံစံကဝေဟင်နဲ့တအားနီးကပ်နေတာကြောင့်
မိုးယံ အနောက်ကိုအနည်းငယ် ဆုတ်လိုက်တယ် ။
ဝေဟင် မိုးယံကို သဘောကျနေတာကြာပြီ ။ သူငယ်ချင်းအချင်းချင်းဖြစ်တယ်ဆိုတာက တကြောင်း ၊ သူ့ကိုယ်သူ ယောင်္ကျားလေးကို
စိတ်ဝင်စားတယ်ဆိုပြီး မဖြစ်ချင်တာကတကြောင်းကြောင့် မိန်းကလေးတွေနဲ့ပဲ တွဲခဲ့တာဖြစ်သည် ။ မိုးယံကိုထားခဲ့ပြီး သူမတို့နှင့် သွားတွေ့တိုင်း ဖြစ်သွားသည့် မျက်နှာငယ်လေးကိုလဲ ဝေဟင်မခံစားနိုင် ။ သစ်ကိုသူတကယ်
ကာကွယ်ပေးချင်တယ် သစ်လိုအားနည်းတဲ့သူက ဝေဟင်နဲ့မှဖြစ်မှာ ။ သစ်အနားကို ကောင်မလေးတွေရောက်လာတိုင်း သူ့ သဝန်တိုမှုတွေက တကယ်ကို
ကြီးမားလာပြီးနောက်ပိုင်း သစ်ကို ရှောင်နေဖို့ သူ
မကြိုးစားတော့ပဲ ဖွင့်ပြောဖို့ဆုံးဖြတ်လိုက်တာသာ ။
“ငါတို့က သူငယ်ချင်းတွေလေ ”
မိုးယံသစ် မယုံကြည်နိုင်စွာနဲ့ပြောလိုက်တယ် ။ ဝေဟင်က အရင်တည်းက မိုးယံသစ်အပေါ် ပိုင်စိုးပိုင်နင်း နိုင်တယ်ဆိုပေမယ့် သူ့ကို
စိတ်မဝင်စားဘူးပဲ ထင်နေခဲ့တာ ။ တကယ်တော့
သူတို့နှစ်ယောက်က တယောက်ကိုတယောက် သဘောကျနေကြတာလား ။
သူ့ ရင်ထဲ ခပ်ဖွဖွလေး တုန်လှုပ်သွားသည် ။
သူလဲ ဝေဟင့်ကို သဘောကျတယ် ။ ဒါပေမယ့် မဖြစ်နိုင်ဘူးလို့လဲ ထင်နေမိတယ် ။
“ သစ်...ငါ့ကို ချစ်လား ။ ဟင်? ”
မိုးယံသစ် ပြန်မဖြေ ။ သူ့ခေါင်းကိုသာ ငုံ့ထားသည် ။
နံနက်အစောမို့ ဆိုင်ကို လူ မလာ၍ တော်သေးသည် ။
ဒါကြောင့် သူတို့ လွတ်လပ်စွာစကားပြောနေနိုင်တာသာ ။
“သစ် ငါ့ကိုကြည့်လေ ၊ မင်းက သူငယ်ချင်းဆိုပြီး
စိုးရိမ်နေတာလား ? ”
ဝေဟင့်စကားကို သူကပြန်မဖြေ ။ အဓိပ္ပာယ် ဖော်မရတဲ့ မျက်ဝန်းတွေနဲ့သာ ကြည့်နေသည် ။ သူက ဝေဟင်တို့လို ပြည့်ပြည့်စုံစုံ ကြီးပြင်းမလာရပေမယ့် သူမျက်နှာလေးနဲ့ သူ့အသားအရေလေးတွေက တကယ်နူးညံ့တာပဲ ။သနားပြီးချစ်ဖို့ကောင်းတဲ့ ရုပ်လေးပါ ပေါင်းလိုက်တော့ ဂရုစိုက်ပေးချင်စရာ ရုပ်လေး။ မိန်းကလေးလိုချောလှတဲ့ မျက်နှာလေးကြောင့်လဲ ကျောင်းကကောင်တွေက သူ့ကို အမြဲ စနောက်နေကြတာမဟုတ်လား ။ ထိုအချိန်တုန်းက မိုးယံ ငြိမ်ခံနေရတာကို ပြန်စဉ်းစားမိတော့ သူ့နှလုံးသားလေး နာကျင်သွားသည် ။
ဒါကြောင့် သူ့ပါးလေးကို ဝေဟင် လက်တဖက်ဖြင့် ဆုပ်ကိုင်လိုက်ရင်း လေသံကိုအတတ်နိုင်ဆုံးခပ်အေးအေး ထားလိုက်သည် ။
“ သစ် ငါ မင်းကို ချစ်တယ်ဆိုလဲ
ငါတို့ သူငယ်ချင်း ဆက်ဆံရေးက ပျက်သွားမှာမဟုတ်ဘူး ။ ငါ့အတွက် မင်းနဲ့စွဲလမ်းနိုင်က
အလေးထားရဆုံးသူငယ်ချင်းတွေ ၊ ဒါပေမယ့်
မင်းက တဆင့်ပိုပြီးငါချစ်တဲ့သူပဲ ငါကမင်းကိုပဲ
ရွေးထားတာမို့လို့လေ ၊ ပြီးတော့ကွာ မင်းရဲ့အနားကို သူတို့ကပ်နေတာက ငါ့အတွက် တကယ်အဆင်မပြေဘူး ”
ဝေဟင့်စကားကို မိုးယံ ပြန်မဖြေတော့ပါ ။
သူ့လို အပျော်မက်တဲ့ ကောင်လေးတယောက်က ဘာများယုံချင်စရာတွေရှိနေလို့လဲ ။
မိုးယံရဲ့အနားကို မိန်းကလေးတွေကပ်လို့ သူအဆင်မပြေဘူးတဲ့ ။ သူ မိန်းကလေးတွေနဲ့တွဲတုန်းက မိုးယံဘက်ကိုတချက်ကြည့်ခဲ့လို့လား?
ထိုစကားတွေကိုတော့ မိုးယံ ထုတ်မပြောပဲ
ရင်ထဲသာ သိမ်းထားလိုက်တယ် ။
ဝေဟင့်ကို သဘောကျတယ်ဆိုပေမယ့် အများကြီးမျှော်လင့်မထားဘူး ။ ဒီတိုင်း တိတ်တခိုးလေးပဲ
သဘောကျမယ်လို့ဆုံးဖြတ်ထားတာ ။
အခုလဲ သူကျောင်းမပြီးမချင်း သူ့ဘဝတက်လမ်းအတွက်က စာကိုပဲတစိုက်မတ်မတ်လုပ်ဖို့ ဆုံးဖြတ်ထားတာ ။ တခါတလေ ဝေဟင့် လုပ်ရပ်တွေက
နာကျင်စရာဆိုပေမယ့် မိုးယံက ခံစားချက်ကို
ရှေ့တန်းတင်တတ်သူလဲမဟုတ်ပေ ။ ဒါကြောင့် သူ့ဘဝ တက်လမ်းအတွက် စာမှစာ ဖြစ်နေတာ ။
ဝေဟင်ကျော်နှင့် စွဲလမ်းနိုင်လိုမျိုး မိသားစု ကျောထောက်နောက်ခံ ရှိသူလဲ မဟုတ်ပေ ။
ဒီကုန်စုံဆိုင်လေးကတောင် မိုးယံရဲ့မိဘတွေက
သူ့သား၏တောင်းဆိုမှုကြောင့် ဆိုင်တည် ထားပေးတာမဟုတ်လား ။
မိုးယံကို သူပြန်ချစ်လိုက်လျှင် ဝေဟင့်အပေါ်ကောင်းတဲ့ သူ့မိဘတွေကို ကျေးဇူးမသိတတ်သလိုများ ဖြစ်နေမလား သူသိပ်စိုးရိမ်မိပါသည် ။
သူက စင်စစ်ကျေးဇူးသိတတ်သူ ဖြစ်၏ ။
မိုးယံသစ် တွေဝေနေသည်ကို ကြည့်ရင်း
သူစိုးရိမ်လာသည် ။ ဝေဟင့်ကို သူ လက်မခံရင် ဘယ်လိုလုပ်မလဲ?
သူလက်ခံမှဖြစ်မယ် ။ဒီထက်ပိုပြီး မိုးယံသစ်ကို လွှတ်မထားနိုင်တော့ဘူး ။
ဒါကြောင့် သူ ထိုကောင်လေးရဲ့ ပါးနှစ်ဖက်ကို အုပ်ကိုင်လိုက်ပြီ သူတို့ရဲ့ နှစ်ခမ်းပါးနှစ်စုံကို ထိကပ်စေလိုက်တော့တယ် ။ အာ..သစ် ကတကယ်ချိုတာပဲ
ဝေဟင့်လုပ်ရပ်ကြောင့် သူလန့်သွားသော်လည်း
မိုးယံသစ် မရုန်းခဲ့ပါ ၊ သို့ပေမယ့် မတုံ့ပြန် ။ အဲ့ဒီအစား သူ့လက်က ဝေဟင့် အကျီစကိုဆုပ်ကိုင်လိုက် ပြီး မျက်ဝန်းကို မှိတ်ချလိုက်တော့တယ် ။
ဒါက...သစ်...အဖြေပြန်ပေးလိုက်တာလား
သူတို့ အတူရှိဖို့ အဆင်ပြေတယ်ဆိုတဲ့
သဘောမဟုတ်လား..။
ဝေဟင့်....ပျော်ရွှင်ခြင်း တွေနှင့်အတူ
သူရဲ့ ကြာရှည်တဲ့ မထိတထိအနမ်းကလဲ ချိုမြိန်နေတော့တယ် ။
သူ...သစ်ကို အခုရော အနာဂါတ်မှာရော လုံးဝလက်လွှတ်မှာမဟုတ်ဘူး ။
__________________________
Zawgyi
"ဦးဇာတိမာန္ ကၽြန္ေတာ္
Brazil ကိုျပန္ေတာ့မယ္"
ဇာတိမာန္ မနက္စာျပင္ေနတုန္း စြဲညိဳ႕အသံေၾကာင့္
အေနာက္ကိုလွည့္ၾကည့္လိုက္မိတယ္ ။
စြဲညိဳ႕မ်က္ႏွာကေခ်ာင္က်ေနသည္ ။ညကမအိပ္ထားဘူးထင္ရဲ့ ။ သူလက္အိတ္ကို ခၽြတ္လိုက္ပီး
စြဲညိဳ႕ကိုေမးတယ္...
" ဘာလို႔ခ်က္ခ်င္းလဲ "
" ကၽြန္ေတာ္ဆုံးျဖတ္ၿပီးၿပီ"
" စြဲလမ္းနိုင္နဲ႔ ဖုန္းမေျပာေတာ့ဘူးလား"
ဇာတိမာန္ရဲ့အေမးကို သူေခါင္းခါသည္ ။
သူေျပာတယ္..
" ဦးဇာတိမာန္ကပဲ တဆင့္ေျပာေပးပါ
စြဲကို ဂ႐ုစိုက္ေနပါလို႔"
" အင္း ..မနက္စာဝင္စားသြားေလ "
စြဲညိဳ႕ရဲ့ အေျဖကို ေစာင့္မေနပဲနဲ႔ စားပြဲဝိုင္းအေပၚမွာ ေကာ္ဖီႏွစ္ခြက္နဲ႔ ေပါင္မုန႔္ေထာပတ္သုတ္
ႏွစ္ေယာက္စာကို ျပင္ဆင္ေနတယ္ ။
စြဲညိဳ႕သကၠနိုင္ စားပြဲေပၚမွာလႈပ္ရွားေနတဲ့
ထိုလူရဲ့ လက္ျဖဴျဖဴသြယ္သြယ္ေတြကို
ခနတာၾကည့္ၿပီး စိတ္ဖိစီးမႈ မ်ားစြာျဖင့္
အၾကည့္လႊဲလိုက္သည္ ။
" မစားေတာ့ဘူး ။ ကၽြန္ေတာ္သြားၿပီ "
ေျပာၿပီးသည္ႏွင့္ ခ်က္ခ်င္းထြက္သြားတဲ့
စြဲညိဳ႕သကၠနိုင္ကိုၾကည့္ရင္း ဇာတိမာန္ မ်က္မွန္ကိုခၽြတ္ပီး ခုံမွာ ဝင္ထိုင္လိုက္ေတာ့သည္ ။
မ်က္ရိုးကိုႏွိပ္နယ္ေနရင္း သူ႔ခံျပင္းေနသလို ။
ေခါင္းကိုသာ ခပ္ဖြဖြ ခါလိုက္ရင္း
ေကာ္ဖီခါးခါးကိုေသာက္ေနေတာ့တယ္ ။
သူကမနက္စာ စားေလ့မရွိေပမယ့္
တစုံတေယာက္အတြက္ မနက္စာ ျပင္ေပးထားေသာ္လည္း တစုံတေယာက္က ထြက္သြားသည္ေလ ။
သူထြက္သြားသည္ႏွင့္ ဇာတိမာန္.. ဧကရာဇ္ကို
ဖုန္းဆက္ၿပီး စြဲညိဳ႕ Brazil ကိုျပန္သြားၿပီျဖစ္ေၾကာင္းေျပာဖို႔ ျပင္လိုက္ေတာ့သည္။
_____________________
ဒီေန႔ရဲ့ ရာသီဉတုက အရင္ေန႔ေတြလိုမပူပဲ။
မိုးသားတက္ကာ အုံ႔မွိုင္းမွိုင္းျဖစ္၍ ေနတယ္။
မပူတဲ့ရာသီအခ်ိန္မို႔ ေနလို႔ေကာင္းေပမယ့္
မိုးရြာမည္ဆိုးတာေၾကာင့္ လမ္းတဖက္ကေန
အျမန္ေျပးလာၿပီး မိုးယံသစ္တို႔၍ ကုန္စုံဆိုင္ေလးထဲ
ေျပးဝင္သြားလိုက္ေတာ့သည္ ။
အထဲေရာက္ေတာ့ ေငြရွင္းစားပြဲေပၚမွာ
ဆိုင္ရွင္ေလးက ထိုင္ၿပီး စာေရးေနသည္။
မထင္ထားသည္က မိုးယံရဲ့ ေဘးနားမွာ ပုလဲျဖဴက
ထိုင္ၿပီး မိုးယံကို ၾကည့္ေနတာပင္ ။
စားပြဲခုံေပၚမွာေတာ့ စာအုပ္ေတြအခ်ိဳ႕ၾကဲေနၿပီး
စာလုပ္ေနၾကမွန္းသိသာသည္ ။
" ပုလဲျဖဴ ေရာက္ေနတာလား"
" ဟုတ္တယ္ ျဖဴက သစ္ကို
ျဖဴ နားမလည္တဲ့စာေတြလာေမးေနတာ "
ပုလဲျဖဴရဲ့စကားေၾကာင့္ ေဝဟင္ မသိမသာ လက္သီးဆုပ္လိုက္မိသည္ ။ တကယ္ဆို သူမကလဲ
စာအေတာ္ဆုံး ေက်ာင္းသူတေယာက္ေလ ။ ဘာေၾကာင့္ စာလာေမးမို႔ဖို႔ လိုအပ္မွာလဲ ။
ေယာကၤ်ားေလးအျမင္အရေျပာရလၽွင္ သူမက ေတာ္ေတာ္လဲလွသည္ ။ ဆံသားအရွည္
ေတြက နက္ေမွာင္ေနၿပီး ႏွစ္ဖက္ စီးထားသည္ ။
သနပ္ခါးႏွစ္ဖက္ကို ညီညီညာညာေလး လိမ္းထားၿပီး
ေဝဟင့္ကိုေတြ႕သည့္အခါ ပါးခ်ိဳင့္ေလး နစ္ေနေအာင္ျပဳံးျပေနသည္ ။ ဒါေပမယ့္ ထိုအရာေတြႏွင့္ ယွဥ္လၽွင္ မိုးယံရဲ့ ဖြာခနဲက်ေနတဲ့ ဆံပင္သားအိအိေလးေတြနဲ႔ သြားျဖဴျဖဴညီညီေလးေတြက ေဝဟင့္ သေဘာက်ဆုံးေတြထဲက အရာေလးေတြပင္။
ယခုအခ်ိန္ထို ေခါင္းငုံ႔ၿပီး ပုလဲျဖဴရဲ့ စာေတြကို သူက တြက္ေပးေနသည္ ။ ေဝဟင္ ဝင္လာတာကို မိုးယံ
သိေလာက္သည္ သို႔ေပမယ့္လဲ ေဝဟင့္ကို
ဂ႐ုမစိုက္ေပ ။ အဲ့ဒီအစား ဂ႐ုမစိုက္သလို ေလသံ ခပ္တိုးတိုးပင္ထြက္လာသည္ ။
" မင္း ဘာလာလုပ္တာလဲ "
ထိုကဲ့သို႔ဇြတ္တရြတ္ဝင္လာလၽွင္
ေမာ့ၾကည့္စရာမလို ေဝဟင္ေက်ာ္သာ ျဖစ္ေၾကာင္း
မိုးယံသစ္ သိပါသည္။
သို႔ေပမယ့္ စိတ္လႈပ္ရွားဟန္မျပပဲ ။
သူေနျမဲတိုင္း ေနလိုက္သည္ ။
ဒါ့အျပင္ ဟိုတေန႔က သူ႔ေကာင္မေလးေခၚတာႏွင့္ တန္းၿပီး ထြက္သြားသည့္ ကိစၥႏွင့္ပတ္သတ္ၿပီးလဲ
ေဝဟင့္ကိုစိတ္ဆိုးေနသလိုလိုရွိသည္ ။
မိုးယံက အျမဲတေစ ဒီလိုမဆိုင္သလိုေနၿပီး
ေအးတိေအးစက္ေနတတ္ေလ့ရွိတယ္ ။
ဒါေပမယ့္ ေဝဟင္ေက်ာ္ဟာ ေဘးက ပုလဲျဖဴကို
ဂ႐ုမစိုက္ပဲ သူေျပာစရာရွိသည့္စကားကိုသာေျပာလိုက္သည္ ။
" မိုးယံ ငါ..ငါ့ရည္းစားေတြကို ျဖတ္ခဲ့တယ္ "
"အဲ့တာ ..ဘာျဖစ္လို႔လဲ"
သူ႔ရင္ထဲ ခံစားခ်က္တခုက ျဖတ္ခနဲလႈပ္ခါသြားတာကို မသိခ်င္ေယာင္ေဆာင္ရင္း လက္က ေဘာပင္္ကိုခ်လိုက္သည္ ။ အဲ့ဒီ ရည္းစားေတြကို ျဖတ္လဲ ေဝဟင္က ေနာက္တရက္မကူးပဲ ေနာက္တေယာက္ကရစျမဲ မဟုတ္လား ။
ဒါေၾကာင့္ မထူးဆန္းသလို ၾကည့္ရင္း
ျပန္ေျပာလိုက္သည္က ေဝဟင့္ကို
အံႀကိတ္ေစမိသည္ ။ သို႔ေပမယ့္ စိတ္ထဲမထားပဲ
ေဝဟင္ သူ႔ လည္တိုင္ကိုသူ စိတ္လႈပ္ရွားစြာ
ပြတ္သပ္ၿပီးေနာက္...
"မင္း မေပ်ာ္ဘူးလား"
" မင္းမၾကာခင္ ေနာက္တေယာက္ထပ္ေတြ႕လိမ့္မယ္"
မိုးယံသစ္ဟာ မထူးဆန္းသလိုႏွင့္ ျပန္ေျဖၿပီး
ေခါင္းငုံ႔ကာသူ႔စာေတြတြက္ဖို႔ႀကိဳးစားလိုက္သည္ ။
ေဘးက ပုလဲျဖဴကိုလဲ ရွင္းျပရင္းေပါ့ ။
ဒါေပမယ့္ ထိုေကာင္မေလးရဲ့ စိတ္လႈပ္ရွားၿပီး နီရဲေနသည့္ မ်က္ႏွာေလးကို ဘယ္သူမၽွ
ဂ႐ုမျပဳမိၾကေပ ။ ၿပီးေတာ့ သူမကိုလဲ ေကာင္ေလးႏွစ္ေယာက္လုံးက ရွိတယ္လို႔ေတာင္ မျမင္ပဲ စကားေတြေျပာေနၾကတာေလ ။
ပုလဲျဖဴဟာ အရင္ဆုံး
ဒီအျဖစ္အပ်က္ကို ျမင္ေတြ႕ရၿပီး
ေယာကၤ်ားေလး ႏွစ္ေယာက္ၾကားက သာမာန္ထက္ သာလြန္ေနသည့္ ဆက္ဆံေရးကို သတိျပဳမိသူျဖစ္သည္ ။အရင္တည္းက သူတို႔ႏွစ္ေယာက္ အတူရွိေနလၽွင္ သူမ တကယ္စိတ္လႈပ္ရွားခဲ့တာ ။
ဒီႏွစ္ေယာက္ၾကား ကိစၥတစ္ခုခုရွိတာကို အရင္တည္းက ခံစားမိတာေၾကာင့္ သိခ်င္ေဇာႏွင့္ စာနားမလည္ဘူးဟုဆိုကာ မိုးယံသစ္အနား ေရာက္ေနတာျဖစ္သည္ ။
မိုးယံက ေဝဟင့္ကိုဂ႐ုမစိုက္ေတာ့ မိုးယံရဲ့ေဘးက တေယာက္ကိုသာ ေျပာဖို႔ဆုံးျဖတ္လိုက္သည္ ။
" ပုလဲျဖဴ မင္းက စာအေတာ္ဆုံး မဟုတ္ဘူးလား
ဘာလို႔ ဒီကိုေရာက္ေနတာလဲ "
ေဝဟင္ဟာ ေက်ာင္းကသူငယ္ခ်င္းတိုင္း ေခၚေနက်
ျဖဴ ဆိုသည့္ နာမည္ေလးေတာင္မေခၚေတာ့ပါေပ ။
ဘယ္ထင္ခဲ့မလဲ သူမ မိုးယံကိုဒီလိုကပ္ေနျခင္းက
ေကာင္းမြန္ျခင္းမဟုတ္ပဲ ။
ေဝဟင္ေက်ာ့္ကို ခ်ဥ္တူးေနသည့္ ရွာလကာရည္ေတြေသာက္ေနသလို ခံစားေစရမယ္ဆိုတာကိုေပါ့ ။
သူမ ေဝဟင္ေက်ာ္ျဖစ္ေနတာေတြသိေတာ့
မိုးယံသစ္အတြက္ တရားမၽွတမႈ ျပန္ယူေပးရမယ္ဆိုတာကို သူမစိတ္ထဲ ဒုံးဒုံးခ်ၿပီး ဆုံးျဖတ္လိုက္သည္ ။ ဟုတ္တယ္မလား ေဝဟင္ေက်ာ္က ေကာင္မေလးေတြထားၿပီး မိုးယံသစ္ကို စိတ္ဒုကၡေပးေနက်ေလ ။ ဒါေၾကာင့္ မိုးယံသစ္က အျမဲမရႊင္မလန္းျဖစ္ေနတာမဟုတ္လား ။
ဒါေၾကာင့္ ဆိုင္ထဲမွာ သူမတို႔ႏွစ္ေယာက္အား
မတ္တပ္ရပ္ၾကည့္ေနတဲ့ ေဝဟင့္ကို တခ်က္ၾကည့္လိုက္သည္ ။ ၿပီးေနာက္ ခါးမတ္မတ္ထိုင္ၿပီး မိုးယံသစ္ရဲ့အနားမေရာက္တေရာက္ အနည္းငယ္တိုးကပ္လိုက္သည္ ။ ၿပီးေတာ့ မိုးယံရဲ့ ဆံပင္ေလးကို
လက္ေလးနဲ႔ မထိတထိေလး ပုတ္လိုက္သည္ ။
" သစ္ "
" ဟင္ "
မိုးယံ လက္က လႈပ္ရွားေနတဲ့ ေဘာပင္ေလး ရပ္သြားၿပီး ထူးကာ မတ္တပ္ရပ္ေနတဲ့ ေဝဟင့္ကို အမွတ္တမဲ့ ေမာ့ၾကည့္မိတယ္ ။
သို႔ေပမယ့္ ေခၚဆိုသူက ပုလဲျဖဴသာျဖစ္သည္ ။
ဒါေၾကာင့္ ခပ္ျမန္ျမန္ အၾကည့္လႊဲၿပီး ေဘးက ေခၚဆိုသူ ပုလဲျဖဴကို ၾကည့္လိုက္သည္ ။
ထိုနာမည္ေလးက ေဝဟင္က တခါတေလ
စေနာက္ၿပီး ေခၚတတ္သည့္ နာမည္ေလးျဖစ္သည္ ။
ဒါကို သူမက သတိျပဳၿပီး ေခၚလိုက္တာပင္ ။
သို႔ေပမယ့္ သူမထူးဆန္းစြာပင္
ေက်ာခ်မ္းလာမိသည္ ။
သူမ အမွားႀကီးတခုလုပ္မိသြားၿပီ ။
ေဝဟင္ေက်ာ္ တအား ေဒါသထြက္ေနသလိုပဲ ။
သူမ ကန္စြန္းဥမ်ိဳခ်လိုက္ရသလိုမ်ိဳး
စကားလုံးတခ်ိဳ႕ နင္သြားသည္ ။
ဒါေၾကာင့္ အျမန္ထြက္ခြာဖို႔ပဲ ႀကိဳးစားေတာ့တယ္ ။
" အဲ.. ျဖဴ..ျဖဴ ေနာက္ေန႔မွ လာေတာ့မယ္လို႔ "
"အင္း ရတယ္ေလ "
မိုးယံသစ္က သူ႔ကိစၥႏွင့္ စာကလြဲရင္
ဘာကိုမၽွဂ႐ုမစိုက္တတ္တဲ့သူျဖစ္တာေၾကာင့္
အခုဘာေတြျဖစ္ေနတာလဲ သူသတိမထားမိေပ ။
ပုလဲျဖဴက ျပန႔္က်ဲေနတဲ့ စာအုပ္ေတြကို အလၽွင္
အျမန္ပင္ စုျပဳံသိမ္းသြားၿပီး ေဝဟင္ေက်ာ္ရဲ့
ေဘးကေန ေနာက္ေက်ာမလုံဘဲ အျမဲ ေျပးထြက္သြားေတာ့သည္ ။
“မင္းရဲ့ ရည္းစားလိုက္နည္းက ေတာ္ေတာ္
ဆိုးဝါးလာတာပဲ ”
ထိုစကားကို မိုးယံသစ္က ရယ္ၿပီးေျပာသည္ ။
ပုလဲျဖဴက လန႔္ၿပီး ထြက္ေျပးသြားတာကို
ၾကည့္ၿပီး ေျပာတာျဖစ္သည္ ။
သူအခုထိ ေဝဟင္ဘာျဖစ္ေနလဲဆိုတာ မသိေသးဘူး။ တကယ္ေတာ့ မိုးယံက ေဝဟင္ ပုလဲျဖဴကို
စိတ္ဝင္စားေနတယ္ ထင္သြားတာျဖစ္သည္ ။
တကယ္လဲ မိုးယံအနားကပ္တဲ့ ေကာင္မေလးေတြ အမ်ားစုဟာ ေဝဟင္ရဲ့ ၃ရက္တာ ေကာင္မေလး အျဖစ္ဇာတ္သိမ္းသြားၾကတာခ်ည္းပါပဲ ။
“ငါသူ႔ကိုစိတ္မဝင္စားဘူး သူမွမဟုတ္ဘူး
တျခား ဘယ္သူ႔ကိုမွစိတ္မဝင္စားဘူး ”
“ ဝိုး...ငါအိပ္မက္မက္ေနတာျဖစ္မယ္ ”
ထိုေကာင္ေလးက စေနာက္သလိုႏွင့္ ႏႈတ္ခမ္းလွလွေလးကို အဝိုင္းေလးျဖစ္ေအာင္
ဝိုး "လိုက္ၿပီး သူေျပာတယ္ ။
ၿပီးေတာ့ သေဘာတက်ခပ္ဟဟေလးရယ္ေနေလရဲ့။
မိုးယံသစ္မယုံတာ ေတြ႕ရေသာအခါ ေဝဟင္
အလၽွင္အျမန္ပင္ သူ႔ရဲ့အနား ဝင္ထိုင္လိုက္ေတာ့သည္ ။ မိုးယံသစ္ကို ရွင္းရွင္းလင္းလင္းေျပာျပဖို႔လိုေနၿပီ ။
“ သစ္ ငါတကယ္ေျပာေနတာ ၊ ငါသေဘာက်ေနတာ မင္းေလ မိုးယံသစ္ဆိုတဲ့ မင္း ”
သူ႔ပုခုံးႏွစ္ဖက္ကို ဆုပ္ကိုင္ကာ မ်က္ႏွာခ်င္းဆိုင္ၿပီးေျပာသည္ ။ မၾကာလိုက္ မိုးယံသစ္က သူ႔ပုခုံးေပၚက ေဝဟင္ရဲ့လက္ႏွစ္ဖက္ကို အသာအယာဖယ္ခ်သည္
မိုးယံသစ္ကို ရွင္းရွင္းလင္းလင္းေျပာျပဖို႔လိုေနၿပီ ။ သူ႔မ်က္ႏွာထားက ခ်က္ခ်င္းေျပာင္းသြားသည္ ။ သူတို႔ ပုံစံကေဝဟင္နဲ႔တအားနီးကပ္ေနတာေၾကာင့္
မိုးယံ အေနာက္ကိုအနည္းငယ္ ဆုတ္လိုက္တယ္ ။
ေဝဟင္ မိုးယံကို သေဘာက်ေနတာၾကာၿပီ ။ သူငယ္ခ်င္းအခ်င္းခ်င္းျဖစ္တယ္ဆိုတာက တေၾကာင္း ၊ သူ႔ကိုယ္သူ ေယာကၤ်ားေလးကို
စိတ္ဝင္စားတယ္ဆိုၿပီး မျဖစ္ခ်င္တာကတေၾကာင္းေၾကာင့္ မိန္းကေလးေတြနဲ႔ပဲ တြဲခဲ့တာျဖစ္သည္ ။ မိုးယံကိုထားခဲ့ၿပီး သူမတို႔ႏွင့္ သြားေတြ႕တိုင္း ျဖစ္သြားသည့္ မ်က္ႏွာငယ္ေလးကိုလဲ ေဝဟင္မခံစားနိုင္ ။ သစ္ကိုသူတကယ္
ကာကြယ္ေပးခ်င္တယ္ သစ္လိုအားနည္းတဲ့သူက ေဝဟင္နဲ႔မွျဖစ္မွာ ။ သစ္အနားကို ေကာင္မေလးေတြေရာက္လာတိုင္း သူ႔ သဝန္တိုမႈေတြက တကယ္ကို
ႀကီးမားလာၿပီးေနာက္ပိုင္း သစ္ကို ေရွာင္ေနဖို႔ သူ
မႀကိဳးစားေတာ့ပဲ ဖြင့္ေျပာဖို႔ဆုံးျဖတ္လိုက္တာသာ ။
“ငါတို႔က သူငယ္ခ်င္းေတြေလ ”
မိုးယံသစ္ မယုံၾကည္နိုင္စြာနဲ႔ေျပာလိုက္တယ္ ။ ေဝဟင္က အရင္တည္းက မိုးယံသစ္အေပၚ ပိုင္စိုးပိုင္နင္း နိုင္တယ္ဆိုေပမယ့္ သူ႔ကို
စိတ္မဝင္စားဘူးပဲ ထင္ေနခဲ့တာ ။ တကယ္ေတာ့
သူတို႔ႏွစ္ေယာက္က တေယာက္ကိုတေယာက္ သေဘာက်ေနၾကတာလား ။
သူ႔ ရင္ထဲ ခပ္ဖြဖြေလး တုန္လႈပ္သြားသည္ ။
သူလဲ ေဝဟင့္ကို သေဘာက်တယ္ ။ ဒါေပမယ့္ မျဖစ္နိုင္ဘူးလို႔လဲ ထင္ေနမိတယ္ ။
“ သစ္...ငါ့ကို ခ်စ္လား ။ ဟင္? ”
မိုးယံသစ္ ျပန္မေၿဖ ။ သူ႔ေခါင္းကိုသာ ငုံ႔ထားသည္ ။
နံနက္အေစာမို႔ ဆိုင္ကို လူ မလာ၍ ေတာ္ေသးသည္ ။
ဒါေၾကာင့္ သူတို႔ လြတ္လပ္စြာစကားေျပာေနနိုင္တာသာ ။
“သစ္ ငါ့ကိုၾကည့္ေလ ၊ မင္းက သူငယ္ခ်င္းဆိုၿပီး
စိုးရိမ္ေနတာလား ? ”
ေဝဟင့္စကားကို သူကျပန္မေၿဖ ။ အဓိပၸာယ္ ေဖာ္မရတဲ့ မ်က္ဝန္းေတြနဲ႔သာ ၾကည့္ေနသည္ ။ သူက ေဝဟင္တို႔လို ျပည့္ျပည့္စုံစုံ ႀကီးျပင္းမလာရေပမယ့္ သူမ်က္ႏွာေလးနဲ႔ သူ႔အသားအေရေလးေတြက တကယ္ႏူးညံ့တာပဲ ။သနားၿပီးခ်စ္ဖို႔ေကာင္းတဲ့ ႐ုပ္ေလးပါ ေပါင္းလိုက္ေတာ့ ဂ႐ုစိုက္ေပးခ်င္စရာ ႐ုပ္ေလး။ မိန္းကေလးလိုေခ်ာလွတဲ့ မ်က္ႏွာေလးေၾကာင့္လဲ ေက်ာင္းကေကာင္ေတြက သူ႔ကို အျမဲ စေနာက္ေနၾကတာမဟုတ္လား ။ ထိုအခ်ိန္တုန္းက မိုးယံ ၿငိမ္ခံေနရတာကို ျပန္စဥ္းစားမိေတာ့ သူ႔ႏွလုံးသားေလး နာက်င္သြားသည္ ။
ဒါေၾကာင့္ သူ႔ပါးေလးကို ေဝဟင္ လက္တဖက္ျဖင့္ ဆုပ္ကိုင္လိုက္ရင္း ေလသံကိုအတတ္နိုင္ဆုံးခပ္ေအးေအး ထားလိုက္သည္ ။
“ သစ္ ငါ မင္းကို ခ်စ္တယ္ဆိုလဲ
ငါတို႔ သူငယ္ခ်င္း ဆက္ဆံေရးက ပ်က္သြားမွာမဟုတ္ဘူး ။ ငါ့အတြက္ မင္းနဲ႔စြဲလမ္းနိုင္က
အေလးထားရဆုံးသူငယ္ခ်င္းေတြ ၊ ဒါေပမယ့္
မင္းက တဆင့္ပိုၿပီးငါခ်စ္တဲ့သူပဲ ငါကမင္းကိုပဲ
ေရြးထားတာမို႔လို႔ေလ ၊ ၿပီးေတာ့ကြာ မင္းရဲ့အနားကို သူတို႔ကပ္ေနတာက ငါ့အတြက္ တကယ္အဆင္မေျပဘူး ”
ေဝဟင့္စကားကို မိုးယံ ျပန္မေျဖေတာ့ပါ ။
သူ႔လို အေပ်ာ္မက္တဲ့ ေကာင္ေလးတေယာက္က ဘာမ်ားယုံခ်င္စရာေတြရွိေနလို႔လဲ ။
မိုးယံရဲ့အနားကို မိန္းကေလးေတြကပ္လို႔ သူအဆင္မေျပဘူးတဲ့ ။ သူ မိန္းကေလးေတြနဲ႔တြဲတုန္းက မိုးယံဘက္ကိုတခ်က္ၾကည့္ခဲ့လို႔လား?
ထိုစကားေတြကိုေတာ့ မိုးယံ ထုတ္မေျပာပဲ
ရင္ထဲသာ သိမ္းထားလိုက္တယ္ ။
ေဝဟင့္ကို သေဘာက်တယ္ဆိုေပမယ့္ အမ်ားႀကီးေမၽွာ္လင့္မထားဘူး ။ ဒီတိုင္း တိတ္တခိုးေလးပဲ
သေဘာက်မယ္လို႔ဆုံးျဖတ္ထားတာ ။
အခုလဲ သူေက်ာင္းမၿပီးမခ်င္း သူ႔ဘဝတက္လမ္းအတြက္က စာကိုပဲတစိုက္မတ္မတ္လုပ္ဖို႔ ဆုံးျဖတ္ထားတာ ။ တခါတေလ ေဝဟင့္ လုပ္ရပ္ေတြက
နာက်င္စရာဆိုေပမယ့္ မိုးယံက ခံစားခ်က္ကို
ေရွ႕တန္းတင္တတ္သူလဲမဟုတ္ေပ ။ ဒါေၾကာင့္ သူ႔ဘဝ တက္လမ္းအတြက္ စာမွစာ ျဖစ္ေနတာ ။
ေဝဟင္ေက်ာ္ႏွင့္ စြဲလမ္းနိုင္လိုမ်ိဳး မိသားစု ေက်ာေထာက္ေနာက္ခံ ရွိသူလဲ မဟုတ္ေပ ။
ဒီကုန္စုံဆိုင္ေလးကေတာင္ မိုးယံရဲ့မိဘေတြက
သူ႔သား၏ေတာင္းဆိုမႈေၾကာင့္ ဆိုင္တည္ ထားေပးတာမဟုတ္လား ။
မိုးယံကို သူျပန္ခ်စ္လိုက္လၽွင္ ေဝဟင့္အေပၚေကာင္းတဲ့ သူ႔မိဘေတြကို ေက်းဇူးမသိတတ္သလိုမ်ား ျဖစ္ေနမလား သူသိပ္စိုးရိမ္မိပါသည္ ။
သူက စင္စစ္ေက်းဇူးသိတတ္သူ ျဖစ္၏ ။
မိုးယံသစ္ ေတြေဝေနသည္ကို ၾကည့္ရင္း
သူစိုးရိမ္လာသည္ ။ ေဝဟင့္ကို သူ လက္မခံရင္ ဘယ္လိုလုပ္မလဲ?
သူလက္ခံမွျဖစ္မယ္ ။ဒီထက္ပိုၿပီး မိုးယံသစ္ကို လႊတ္မထားနိုင္ေတာ့ဘူး ။
ဒါေၾကာင့္ သူ ထိုေကာင္ေလးရဲ့ ပါးႏွစ္ဖက္ကို အုပ္ကိုင္လိုက္ၿပီ သူတို႔ရဲ့ ႏွစ္ခမ္းပါးႏွစ္စုံကို ထိကပ္ေစလိုက္ေတာ့တယ္ ။ အာ..သစ္ ကတကယ္ခ်ိဳတာပဲ
ေဝဟင့္လုပ္ရပ္ေၾကာင့္ သူလန္႔သြားေသာ္လည္း
မိုးယံသစ္ မ႐ုန္းခဲ့ပါ ၊ သို႔ေပမယ့္ မတုံ႔ျပန္ ။ အဲ့ဒီအစား သူ႔လက္က ေဝဟင့္ အက်ီစကိုဆုပ္ကိုင္လိုက္ ၿပီး မ်က္ဝန္းကို မွိတ္ခ်လိုက္ေတာ့တယ္ ။
ဒါက...သစ္...အေျဖျပန္ေပးလိုက္တာလား
သူတို႔ အတူရွိဖို႔ အဆင္ေျပတယ္ဆိုတဲ့
သေဘာမဟုတ္လား..။
ေဝဟင့္....ေပ်ာ္ရႊင္ျခင္း ေတြႏွင့္အတူ
သူရဲ့ ၾကာရွည္တဲ့ မထိတထိအနမ္းကလဲ ခ်ိဳၿမိန္ေနေတာ့တယ္ ။
သူ...သစ္ကို အခုေရာ အနာဂါတ္မွာေရာ လုံးဝလက္လႊတ္မွာမဟုတ္ဘူး ။
__________________________