Demon husband {Completed}

By sharr7533

710K 31.2K 1K

အချစ်လား? ဘဝမှာပထမဦးဆုံးနဲ့နောက်ဆုံးချစ်ခဲ့တာဆိုလိုမောင့်သက်လယ်တစ်ဦးတည်းပါပဲ မောင့်လိုမကောင်းတာတွေလုပ်နေတဲ့လူ... More

Intro
Part - 1
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Please 🙏🙏🙏
Part - 20
Part - 21
Part - 22
Part - 23
Part - 24 🔞🔞🔞
Part - 25
Part - 26
Parr - 27
Part - 28
Part - 29 🔞🔞🔞
Part - 30
Part - 31 🔞🔞🔞
Part - 32
Part - 34
Part - 35
Part - 36 🌚🌚🌚
Part - 37
Part - 38
Part - 39
Part - 40
Please 🙏🙏🙏
Part - 41
Part - 42
Part - 43
ဈေးဗန်းခင်းခြင်း
Part - 44
Part - 45
Part - 46
Part - 47 (final)
Extra - 1
Extra - 2 🔞🔞🔞
Extra - 3
New Fic ‼️‼️

Part - 33

10.1K 481 13
By sharr7533

Demon husband ❤️

by Shweyee ❤️

Uni

"ပြောပါအုံး....ပြောပါအုံး....မောင့်ကိုဘယ်လောက်ချစ်တဲ့အကြောင်းတွေ"

"ငါကမောင့်ကိုအရမ်းချစ်တာ...လွန်းသက်လယ်ကမင်းအဏ္ဏဝါမှိုင်းကိုအရမ်းချစ်တာ....ဘယ်တော့မှမခွဲဘူး....မောင့်ကိုပဲတသက်လုံးချစ်သွားမှာ....အရမ်းချစ်တယ်မောင်"

ခစ်!....ခစ်!....

ကလေးလေးတစ်ယောက်လိုကုတင်ပေါ်တွင်လွန်းပေါင်‌ပေါ်အားခေါင်းအုံးကာ ဗိုက်‌လေးကိုမျက်နှာအပ်ကာ တခစ်ခစ်ရယ်နေသောမောင်ပါလေ ၊ တခါတလေမောင်ကလေးဆန်တာအရမ်းချစ်ဖို့ကောင်းလွန်းသည် ၊ အခုလည်း အင်္ကျီကြယ်သီးလေးများကို ဆော့ကစားနေတာ သူ့ကိုဘယ်လောက်ချစ်ကြောင်းမေးနေသူ.......

"မောင်....တစ်ခါတစ်လေကျရင်မင်းကကလေးလေးကျနေတာပဲ"

"သက်လယ်ကချစ်တော့ဘူးလား"

"ချစ်တာပေါ့ဗျာ"

မွ!

"ငါကမောင်ဘလိုနေနေချစ်တာ"

မွ!

မွ!

နဖူးတွေရောပါးတွေပါတစ်ချက်ဆီတစ်လှည့်ဆီအနမ်းပေးလိုက်တော့ သွားအဖြီးသားဖြင့်ပီတိဖြစ်နေသော မောင်ကသခင့်‌ဆီက လိုတာရသည့်ကြောင်ပေါက်လေးအတိုင်းပင် ၊ ချစ်စရာကောင်းချက်ကတော့ လွန်းမျက်စိအာရုံထဲက မောင့်အပြုံးကဘယ်သောအခါမှထွက်ခွာသွားတော့မည်မဟုတ်ပေ......

"ချစ်ဖို့ကောင်းလိုက်တာ‌မောင်ကလေ"

"သက်လယ်ကိုစားနေရလို့လေ"

"ဟာ!.....မောင်နော်!...."

သူ့စကားကြောင့် အကျယ်ကြီးထအော်ကာ မျက်နှာကလေးက ခရမ်းချဉ်သီးအမှည့်တစ်လုံးလို နီရဲနေသော ချစ်သက်လယ်လေးကြောင့် အဏ္ဏအချစ်ပိုရပြန်သည် ၊ သူနှင့်သက်လယ်ဟာ အကြိမ်ဖန်များစွာ ဆက်ဆံခဲ့ပါသော်လည်း နှုတ်ဖျားမှပြောလိုက်တိုင်း အရှက်ပိုတက်သော သူ့သက်လယ်လေးပင်......

"အရမ်းချစ်တယ်နော်သက်လယ်"

"ငါလည်းမောင့်ကိုချစ်ပါတယ်"

"ဘယ်တော့မှမခွဲဘူးနော်.....ဆံဖြူသွားကျိုးတဲ့အထိ"

"ငါကဘယ်အချိန်ဘဲဖြစ်ဖြစ်မောင့်အနားမှာနေမှာ....တဖဝါးမှမခွာဘူး"

နှစ်ယောက်သားနဖူးချင်းထိကာ နှာခေါင်းချွန်ချွန်လေးနှစ်ခုအား ပွတ်သတ်လိုက်၏ မောင်ဟာသူ့ဘဝအတွက်တော့ တန်ဖိုးမဖြတ်နိုင်သည့်အရာတစ်ခု ၊ သူ့အတွက်တော့မောင်ဟာအရှင်သခင်တစ်ယောက်ပေ အရာအားလုံးကိုလွှမ်းမိုးချယ်လယ်နိုင်သည်.......

ဂွီ!

ဟီး!

ခစ်!

ဗိုက်ထဲကအော်သံကြောင့် အဏ္ဏဝါတစ်ယောက်သွားဖြဲကာ ရယ်ပြလိုက်မိသလိုလွန်းလည်းရယ်လိုက်မိသည် ၊ အဏ္ဏဝါတစ်ယောက်သူဗိုက်စာနေလေပီ ၊ အချိန်အားဖြင့်ဘယ်လောက်မှမရှိသေးပေ ၊ ဒီရက်ပိုင်းအဏ္ဏဝါတစ်ယောက် ထမင်းအရမ်းစားသလို အသီးမှန်သမျှလည်းစားသည်.......

"မောင်.....ဗိုက်စာနေပီလား"

"ဟုတ်တယ်သက်လယ်ရဲ့"

"အရမ်းကိုအစားအသောက်ကြမ်းနေတယ်နော်"

ဟွန့်!

နှာခေါင်းလေးအားချစ်စနိုးဖြင့်ဆွဲလိုက်ပီး ကြည်စားလိုက်တော့ နှုတ်ခမ်းလေးဆူက နှာမှုတ်ပီး ဗိုက်နားမျက်နှာပိုကပ်လာသော မောင်ပါလေ......

"စိတ်ဆိုးနေတယ်လေ.....အင်း....ဒီကစေသနာပေါ့ .....ငါးလေး‌ကိုကြော်ပီးငါးရုတ်သီးခွဲခြမ်းလေးနဲ့ကြော်ထားတယ်....အားရှိအောင်အမဲသားလေးနှပ်ထားတယ်......ငရုပ်သီးစိမ်းလေးကိုလှော်ပီးဖျော်ထားတယ်...ချည်ပေါင်ရွက်ချဉ်ရည်လေးကြိုထားတယ်ကွာပစ်ပစ်လေး"

"စားချင်တယ်...ငါးပိရည်နဲ့ချဉ်ပေါင်ရွက်ချဉ်ရည်လေး"

"စိတ်ဆိုးနေတယ်မဟုတ်ဘူးလား"

"မဟုတ်ပါဘူးဆို"

ချက်ချင်းပေါင်ပေါ်တွင်အိပ်နေရာမှ ချက်ချင်းထားကာ လူအားဖတ်ကာချော့မော့နေသေးသည် ၊ အရမ်းစားချင်နေတာကိုလွန်းသိတာပေါ့ ၊ အဲတာကြောင့်မောင့်အကြိုက် ချက်ထားသည့်အရာတွေပင်........

"ဟုတ်ပါပီငကောက်လေး....ထမင်းစားခန်းထဲမှာစောင့်နေ"

"ဟုတ်သက်လယ်......မွ!....အရမ်းချစ်တယ်"

လူကိုအာဘွားပေးကာ အခန်းထဲမှပြေးထွက်သွားသော ကလေးကုလားမောင်ကြောင့် လွန်းခေါင်းခါမိလိုက်သည် ၊ စေလေးကိုလည်း ထမင်း‌ကျွေးရန် စေလေးအခန်းဆီသို့.....

ကျွီ!

အခန်းအားဖွင့်ကြည့်လိုက်တော့ ဟိုနေ့ကသူရသည့်လခတွေဖြင့်ဝယ်‌ပေးထားသော Iron man အရုပ်တွေဖြင့် တစ်ယောက်ထည်းအလုပ်ရှုပ်နေသလို ဘေးမှာလည်းကားအရုပ်တွေဖြင့် ၊ စေလေးဟာ car crazy ဖြစ်သည့်အလျှောက် ကားများကိုစုစောင်းရတာကြိုက်၏ 4 နှစ်ပြည့်မွေးနေ့တုန်းကတောင်မောင်က ကားတစ်စီးဝယ်ပီး လက်ဆောင်ပေးလိုက်သေးသည်.....

"စေလေး.....ညစာစားကြမယ်"

"လာပီလေးငယ်"

ဘေးကိုတစ်တစ်တုတ်တုတ်ဖြင့်ပြေးလာသောစေလေးက ဝဝတုတ်တုတ်အသည်းယားစရာကောင်းလှ၏ သူ့လက်လေးကို ဝဝကစ်ကစ်လက်ကလေးများကလှမ်းကိုင်လာပီး.......

"ကိုကိုရော"

"‌ဖိုးလုံးကနေမကောင်းဘူးလေ"

"ဟုတ်လား....သွားကြမယ်"

စေလေးရဲ့ 'ကိုကို'ဟူသော အပြောကြောင့်ရယ်ချင်သွားသည် ၊ မနက်ကအခန်းထဲဝင်သွားတော့ ကိုက်ရာစုပ်ရာတွေဖြင့် မက်တက်တောင်မရပ်နိုင် ၊ ကုတင်ပေါ်တွင်ထိုင်ကာ ဖုန်းသုံးနေသလို အဲတာကိုတောင် စက္ကကတစ်ချီထဲတဲ့ ၊ ဆရာတပည့်နှစ်ယောက်က တစ်ထေရာတည်းပင် နွားသိုးကြိုးပြတ်တွေပင်........

##############################

"ကိုကိုထည့်စား"

"Daddyရောထည့်စား"

ဦးရိုင်းကိုရော မိုးစက်ကိုပါဟိုတလှည့်ဒီတလှည့် ဟင်းထည့်ပေးနေသော 9 ပင် ၊ ဦးရိုင်းရဲ့ဖိတ်ခေါ်ချက်ကြောင့် အိမ်သို့ထမင်းစားရောက်လာချင်းပင် ၊ မြွေမြွေချင်းခြေမြင်သောကြောင့် ထမင်းစားရင်ပင် တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းစစ်ထိုးနေသူက ဦးမင်းအဏ္ဏဝါရိုင်းနှင့် မိုးစက်......

"Daddy .....သားချက်တာကောင်းလား"

"ကောင်းပါတယ်"

"ကိုကိုရော.....စားလို့ကောင်းလား"

"9လေးကအတော်ဆုံးပဲ"

ခစ်!....ခစ်!.....

လက်မထောင်ပီးချီးကျူးလိုက်သောကြောင့် 9ခဗျာ တခစ်ခစ်နှင့်ရယ်တော့၏ ကိုကိုဟာသူ့ဘဝအတွက်အကောင်းဆုံး ၊ Daddy ကလည်း သူတို့နှစ်ယောက်ကို သဘောတူပီဆိုတော့ သူ့မှာဘာစိုးရိမ်မှုမှမရှိတော့ ၊ ထမင်းစားဝိုင်းရဲ့လေထုက ထပ်မန်အေးဆက်ကာ ဇွန်းသံပါးကန်သံတွေသာ ကြားနေရတော့သည် ......

##############################

"ဟမောင်....အာ..."

"ဟသားစေ....အာ...."

လွန်းမှာထမင်းစားပွဲတွင် ကလေးအမေကြီးတစ်ယောက်လိုပင် ဖြစ်နေသည် ၊ သားစေအတွက်က ငါးကြော်နှပ်လေးနှင့် အမဲသားလေး ၊ မောင့်အတွက်ကတော့ ငပိရည်နှင့်ချည်ရည်ဟင်းနယ်ထားသည့်ထမင်းနှင့် အမဲသားလေး ၊ ဘေးဘက်တချက်တွင် တစ်ယောက်တစ်ခုံဖြင့်ထိုင်ကာ ကျွေးသမျှကို မညည်းမညူစားနေကြ၏

"ကောင်းလား"

"ကောင်းတယ်"

"Good"

လက်မလေးထောင်ကာ နှစ်ယောက်သား ပါးလေးတွေဖောင်းကာ အပြည့်အဝစားနေကြပီး လွန်းမှာသူတို့အားကြည့်ကာ ဝမ်းသာကြည်နူးနေမိသည် ၊ သူ့ဘဝကအရမ်းသာယာဖို့ကောင်း၏ စံအိမ်ကအလုပ်သမားများကလည်း သခင်လေးခွံ့သမျှကိုစားနေသော သခင်ကြီးနှင့် သခင်လေးပေါက်စကြောင့် ပြုံးပြုံးဖြင့်သာ ကြည့်နေကြသလို အရမ်းလည်းအားကျနေကြပီ အထူးသဖြင့် မကြာသေးခင်မှအလုပ်ဝင်လာသော ကောင်မလေးများပင်.....

"ဝပီလား"

ခေါင်းလေးငြိမ့်ပြသူ နှစ်ယောက်ကြောင့် လွန်းဇွန်းကိုချကာ နှစ်ယောက်စလုံးအားရေတိုက် ပါးစပ်သုတ်ပေးလိုက်ပီး......

"မောင်....သားစေကိုသွားတိုက်ပေးလိုက်နော်....ညဝတ်အင်္ကျီဝတ်ပေးပီး...သေသေချာချာသိပ်ခဲ့နော်"

"ဟုတ်သက်လယ်"

"ငါထမင်းစားလိုက်အုံးမယ်"

"Good night.....လေးငယ်"

စေလေးနှင့်မောင်ထွက်သွားတော့ လွန်းလည်းထမင်းစားစရာရှိတာ ဆက်စားလိုက်၏ သူဒီရက်အတွင်း အရမ်းဝလာသောကြောင့် ထမင်းအရမ်းစားလို့မဖြစ်ပေ ၊ ဘာပဲဖြစ်ဖြစ်မောင့်အတွက် အလှအပထိမ်းသိမ်းရမည်.....

##############################

"မောင်ရင်အလုပ်ကိစ္စတွေအခြေအနေဘလိုရှိလဲ....သူတို့ရောမင်းကိုယုံကြရဲ့လား"

"အခြေအနေကကောင်းပါတယ် Uncle သူတို့လဲကျွန်တော့်ကိုအရမ်းယုံတယ်.....ယုံကြည်အောက်လည်းတခုခုကိုပေးစပ်ရပါတယ်"

"ဘယ်အချိန်လောက်ပီးမှာလဲ"

"နောက်တစ်လလောက်နေရင်....ရှယ်ယာရှင်အစည်းအဝေးရှိပါတယ်...အဲမတိုင်ခင်အပီးလုပ်နေပါတယ်.... Uncle ရှယ်ယာကအများဆုံးဖြစ်ပီး....Loon group က Uncle လက်ထဲကိုရောက်လာစေရမယ်"

"မင်းသူတို့နဲ့ပေါင်းပီးငါ့ကိုမလိမ်နဲ့နော်....ငါမသိဘူးမှတ်မနေနဲ့"

"ကျွန်တော်မလိမ်ရဲပါဘူး Uncle .....9အသက်နဲ့တောင်ရင်းထားတာပဲ"

"သူတို့ကကော....မင်းကိုယုံကြရဲ့လား....မင်းအဏ္ဏဝါမှိုင်းကိုသတိထား.....သူကအရမ်းဉာဏ်များတယ်"

"ကျွန်တော်ကိုသူတို့ယုံကြပါတယ်..... Uncle သာကတိတည်ပါစေ"

"အစီစဥ်တိုင်းကို report တင်.....ငါကတိတည်တဲ့လူတစ်ယောက်ပဲ"

"ဟု Uncle ....ကျွန်တော်ယုံပါတယ်"

ထမင်းစားပီး ဧည့်ခန်းထဲတွင်စကားပြောနေခြင်းပင် ၊ 9 ကတော့ ပန်းကန်ဆေးနေခြင်း ၊ 9လာသည်ကိုလဲမြင်တော့ စကားတွေရပ်သွားကြသလို ဦးရိုင်းမျက်နှာကလည်း ကျေနပ်နေဟန် ၊ မကြာခင်သူ အရာအားလုံးကိုပိုင်ဆိုင်ရတော့မည် ၊ ဒါဟာသူ့ရဲ့ကံကြမ္မာပင် ၊ အရာအားလုံးငါပိုင်တဲ့တစ်နေ့ မင်းအဏ္ဏဝါမှိုင်း မင်းသေနေ့စိတဲ့နေ့ပဲ........

##############################

လွန်းတစ်ယောက်ထမင်းစားသောက်ပီးကာ မောင့်ကိုအခန်းထဲတွင်စောင့်နေလိုက်သည်
social သုံးနေသည့်အတွက်ကြောင့် update ဖြစ်နေသော ပြင်ဦးလွင်ကပန်းခင်းလေးများအားသဘောတကျကျကြည့်ကာ သွားချင်စိတ်များကတားလို့မရ ၊ ရောင်စုံဖူးပွင့်နေသောပန်းကလေးများအနီးတွင်သာ နေရလျှင်ဘယ်လောက်တောင် စိတ်သက်သာရလိုက်မလဲ......

"သွားချင်လို့လားသက်လယ်"

"ဟင်!...မောင်..."

ပန်းပုံလေးများကို မျက်စိကျနေသောကြောင့် မောင်ဝင်လာသည်ကိုပင် မသိလိုက်ချေ ၊ မိမိစိတ်ကိုဖတ်တက်သောမောင်ကတော့ ပါးစပ်ကပင်ထုတ်ပြောစရာမလိုအောင် ကိုယ့်အကြောင်းများကို နောကျေနေလေပီ.....

အခန်းထဲဝင်လာတာကိုပင် သတိမထားမိပဲ ဖုန်းကိုသာစိုက်ကြည့်နေသော သက်လယ်ကြောင့် ခြေ‌လှမ်းများကိုဖွဖွလေးလှမ်းကာ အနားသို့တိုးသွားတော့ သက်လယ်ကပန်းပုံလေးများအား ကြည့်နေ၏ သူနှင့်အတူတူနေကတည်းက သက်လယ်ကိုသူဘယ်မှာလိုက်မပို့မိပေ ......

"ဘယ်ကိုသွားချင်လဲသက်လယ်"

"ပြင်ဦးလွင်မောင်"

"ဟုတ်ပီမနက်ဖြန်သွားကြမယ်"

"တကယ်လား"

"ဟုတ်တယ်"

"အရမ်းချစ်သွားပီ"

"မောင်ဖုန်းဆက်လိုက်အုန်းမယ်.....ကိုယ်လက်သန့်စင်ထားနော်"

"ဟုတ်မောင်"

သွားချင်သည့်နေရာကိုသွားရမည်ဆိုသောကြောင့် ပျော်ရွှင်စွာ bathroom ထဲ က‌ လေးတစ်ယောက်လို ခုန်ပေါက်ဝင်သွားသော သက်လယ်အားကြည့်ကာ အဏ္ဏဝါပြုံးလိုက်မိကာ စက္ကအားဖုန်းဆက်လိုက်သည်.....

'စက္က'

'ဟုတ်Boss'

'မနက်ဖြန်ပြင်ဦးလွင်သွားမယ်'

'ဟုတ် Boss'

'မင်းတို့အတွဲလည်းလိုက်ခဲ့'

'အိမ်မှာရော'

'သီဟနိုင်တို့ကိုထားခဲ့မယ်'

'ဟု Boss'

T

"မောင်....ငါအဝတ်အစားတွေထည့်လိုက်အုံးမယ်"

"ဟုတ်သက်လယ်"

အင်္ကျီတွေရော အသုံးအဆောင်ပစ္စည်းပေါင်းစုံကို language ထဲထည့်ကာ သားစေအတွက်ပါ ထည့်လိုက်သည် ၊ တော်သေးတာပေါ့ သားစေရဲ့အင်္ကျီတွေက သူတို့အခန်းထဲတွင်ရှိနေလို့ ၊ အားလုံးကိုအစုံအလင်ထည့်ကာ မောင့်ဘေးသို့ဝင်ထိုင်လိုက်ပီး......

"မောင်ဘယ်တော့သွားမှာလဲ"

"မနက်ပိုင်းလေ"

"ဟုတ်မောင်....မြန်မြန်အိပ်မယ်....အဲတာမှစောစောသွားရမှာ"

ခေါင်းအုံးကိုမှီကာ လှဲနေသော မောက့်ရင်ခွင်ထဲအတင်းတိုးဝင်ကာ အိပ်နေတော့မောင်ကသူ့ကိုဖတ်ထားပေးပီးနဖူးလေးအား တစ်ချက်နမ်းပေးလိုက်သည် သူသွားချင်သောပြင်ဦးလွင်ကို သွားရတော့မည်ဆိုသောကြောင့် အရမ်းပျော်နေမိတာအမှန်ပင်......

##############################

တဖက်အခန်းတွင်လည်း ညကအဖြစ်အပြတ်ကကိုယ့်ကြောင့်ဆိုတော့ သူခိုင်းသမျှကိုလုပ်နေသည် ၊ Boss ကို 'မယက'ဟုပြောမိတာ ချက်ချင်းပင်ဝဋ်လည်တော့သည် ၊ ကိုယ်လည်းကြောက်ရသည်ပဲလေ....

"ဘာတွေထည့်ရအုံးမှာလဲချာတိတ်"

"အပြင်မသွားဖူဘူးလား....အဝတ်အစားတွေထည့်....သွားတိုက်တံတို့သွားတိုက်ဆေးတို့"

"ဟုတ်"

"အသုံးကိုမကျဘူး"

သူကသာအရမ်းဆရာတွေလုပ်ချင်နေတာဟု ပြောလိုက်ချင်သည် ၊ အပြင်ကတော့ထုတ်မပြောရဲပေ ချာတိတ်အပေါက်ကအရမ်းဆိုးသလို လက်သံကလည်းအရမ်းပြောင်၏ တော်ကြာကုတင်ပေါ်က ကန်ချခံရအုံးမည် ၊ ကန်ချခံရတာကမဆိုးပင်မဲ့ ညစာငတ်လောက်မည် အခြေအနေကြည့်ရှောင်မှ......

# love you all ❤️

# vote comment ❤️

# 20 9 2022 ❤️

Zawgi



ခစ်!....ခစ်!....




"ချစ်တာပေါ့ဗျာ"

မွ!


မွ!

မွ!




"ဟာ!.....မောင်နော်!...."







ဂွီ!

ဟီး!

ခစ်!


"မောင်.....ဗိုက်စာနေပီလား"

"ဟုတ်တယ်သက်လယ်ရဲ့"


ဟွန့်!





"မဟုတ်ပါဘူးဆို"





ကျွီ!


"စေလေး.....ညစာစားကြမယ်"

"လာပီလေးငယ်"


"ကိုကိုရော"


"ဟုတ်လား....သွားကြမယ်"


##############################

"ကိုကိုထည့်စား"

"Daddyရောထည့်စား"



"ကောင်းပါတယ်"


"9လေးကအတော်ဆုံးပဲ"

ခစ်!....ခစ်!.....


##############################

"ဟမောင်....အာ..."

"ဟသားစေ....အာ...."


"ကောင်းလား"

"ကောင်းတယ်"

"Good"


"ဝပီလား"



"ဟုတ်သက်လယ်"


"Good night.....လေးငယ်"


##############################












##############################



"ဟင်!...မောင်..."




"ပြင်ဦးလွင်မောင်"


"တကယ်လား"

"ဟုတ်တယ်"

"အရမ်းချစ်သွားပီ"


"ဟုတ်မောင်"


'စက္က'

'ဟုတ်Boss'


'ဟုတ် Boss'


'အိမ်မှာရော'


'ဟု Boss'

T


"ဟုတ်သက်လယ်"



"မနက်ပိုင်းလေ"



##############################




"ဟုတ်"

"အသုံးကိုမကျဘူး"


# love you all ❤️

# vote comment ❤️

# 20 9 2022 ❤️

Continue Reading

You'll Also Like

347K 6.9K 36
18+ ကိုမှဇတ်အိမ်လေးနဲ့သွားမှာ ukeက ဒွိလိင် ပါ ကြိုက်မှဖက်ပါ မီးနီခန်းတွေပါတာမို့ ထွေထွေထူးထူးမပြောတော့ပါဘူး
114K 6.2K 51
~~Hmuu Thar Khant's Diary~~ ကျွန်တော်က သူ့အတွက် အရေးပါတဲ့သူတစ်ယောက် ပါ..၊ မဟုတ်ဘူး..အရေးပါတာထက် အသုံးလိုတဲ့သူ တစ်ယောက်ပါ 💔💔 #This fiction is writte...
115K 15.6K 30
Paring - CHANBAEK Language - Burmese ___________________________________ Waring : It has a lot of mutual contacts of smuts. Read at your own risk !!
36K 1.9K 7
ငါသာအဲ့ဒီနေ့က မောင့်ကိုယုံပြီး မောင့်နောက်ကိုမလိုက်ခဲ့ရင်ကောင်းသားနော်။ Own Creation