Part-6

7K 311 8
By Ei_25_10


(Unicode)

စိမ်းမဟာနွယ် တယောက် ညနေခင်း ကားလေးမောင်းပြီး
သူမ၏ ကော်ဖီဆိုင်လေးဆီသို့ ထွက်လာခဲ့သည်။ထိုအချိန်
လမ်းချိုးလေးတခုသို့ ရုတ်တရက်ကြည့်လိုက်မိသည့်အခိုက်
မြင်ကွင်းလေးတခုကြောင့် ကားလေးအား လမ်းဘေးနားသို့ ထိုး ရပ်လိုက်သည်။ ထိုလမ်းလေးထဲတွင် မိန်းကလေးနှစ်ယောက် တယောက်က စကိတ်ကို မစီးတတ်စီးတတ်နှင့်စီးနေပြီး ကျန်တယောက်က တော့ ဘေးမှထိန်းပေးနေသည်။ထိုမိန်းကလေးနှစ်ဦးအား အချိန်ခဏကြာသည်အထိ
စိမ်းမဟာနွယ် ကြည့်နေမိသည်။ ​ထိုသူနှစ်ဦးအနက်မှ ပြုံးရွှင်လျှက် စကိတ်စီးသင်ပေးနေသော နှောင်းရိပ်သျှင် ဆိုသည့် ဂျစ်ကန်ကန် ကလေးမလေးအားကြည့်နေသည်ဟု ပြောလျှင်ပိုမှန်ပေမည်။စိမ်းမဟာနွယ် တယောက် ရိပ်အားကြည့်ကာ နှုတ်ခမ်းသားလေးတွေးဟာ အလိုလို ပြုံးနေမိသည်။ခေတ္တခဏကြာသည်အထိ ငေးကြည့်ပြီးသည့်နောက်တော့ သူမသွားရမည့် coffeeဆိုင်လေးဆီသို့ ဆက်သွားခဲ့တာပေါ့။

''အစ်မစိမ်း ဘာသောက်မလဲ။
ညီမတို့ ဘာစီစဥ်ပေးရမလဲဟင်''

ဆိုင်က ဝန်ထမ်းမလေးက စိမ်း ဆိုင်ထဲကိုဝင်သည့်နှင့်
အပြေးလေး ကြိုဆိုလေသည်။ထိုဝန်ထမ်းမလေးအား
စိမ်း ပြုံးပြလိုက်ပြီး ......

''americano ပဲချပေး ညီမလေး''

ထို့နောက် စိမ်းသူမ၏ကိုယ်ပိုင်အခန်းလေး ဆီသို့ မသွားပဲ
ပြတင်းပေါက်နားက ခုံလေးမှာပင် ဝင်ထိုင်လိုက်သည်။
ထို့နောက် လာချပေးသည့်coffeeခွက်လေးအား
ကြည့်ကာ သူမပြုံးမိပြန်သည်။အဘယ်ကြောင့်ဆိုသော်
coffeeဆိုင်မှာ စတွေ့ခဲ့သည် ထိုအဆိုးတပိုင်း
နှောင်းရိပ်သျှင်ဆိုသည့် ကလေးမလေးအား သတိရမိ၍ဖြစ်သည်။

!!Will you only need the light when it's burning low!!

အတွေးများထဲနစ်ဝင်နေစဥ်ကြားလိုက်ရသော ဖုန်း
ringtone သံကြောင့် စိမ်းမဟာနွယ် လန့်သွားရသည်။
ဖုန်းscreen လေးကို ကြည့်လိုက်တော့ ဒယ်ဒီ ဆီကဖြစ်နေ၏။ စိမ်း မျက်နှာပေါ်မှာ ပြုံးရိပ်လေးများသမ်းသွားခဲ့သည်။

''ဟယ်လို ဒယ်ဒီ ''

''သမီးစိမ်း နေရောကောင်းရဲ့လား သမီး''

''ဟုတ် စိမ်းနေကောင်းပါတယ် ဒယ်ဒီ
ဒယ်ဒီ တို့ရော နေကောင်းကြရဲ့လားဟင်''

''အေး ဒယ်ဒီ တို့လည်း ကျန်းကျန်းမာမာရှိပါတယ်
ဒယ်ဒီတို့ကို စိတ်မပူပါနဲ့ကွယ်''

''ဟုတ်ကဲ့ပါ ဒါနဲ့မာမီရောဟင်''

''အော်.. သမီးမာမီက သမီးကိုကိုရဲ့.ကုမ္မဏီ နှစ်ပတ်လည်ပွဲကို သွားတက်တယ်လေ သမီးရဲ့''

''အော်...ဟုတ်လား''

စိမ်းရဲ့မျက်နှာလည်း ချက်ချင်းဆိုသလို ညှိုးနွမ်း သွားလေသည်။ကျလုဆဲဆဲမျက်ရည်များအား အားတင်းကာ
ထိန်းထားရ၏။

''ဒါနဲ့ ဒယ်ဒီ ကရော လိုက်မသွားဘူးလားဟင်။''

''အမလေး သမီးရယ် ကုမ္မဏီ နှစ်ပတ်လည်ပွဲလောက်ကတော့သမီးကိုကိုတယောက်တည်း ကြီးကြပ်တောင်
အဆင်ပြေပါတယ်ကွာ''

''အော် အင်းပါ''

''ဒါနဲ့ သမီးစိမ်း ဒယ်ဒီတို့ဆီလိုက်လာဖို့
မစဥ်းစားတော့ဘူးလား ''

''ဟင့်အင်း ဒယ်ဒီ စိမ်းမလာတော့ပါဘူး။''

''ဘာလို့များလဲ သမီးရယ်''

''သိမ်ငယ်ရမယ့် ရပ်ဝန်းတွေမှာ စိမ်းမနေချင်လို့ပါ ဒယ်ဒီ''

တုန်ရီနေသော အသံတို့အားထိန်းကာ နာကျင်ရသည့်
ခံစားချက်အချို့အား ထုတ်၍ပြောလာ၏။

''အင်းပါ သမီးမလာချင်ရင် ဒယ်ဒီ အတင်းမခေါ်ပါဘူး။
သမီး သဘောပါ''

''ဟုတ်ကဲ့ ကျေးဇူးပါ ဒယ်ဒီ ။စိမ်း အပေါ်အခုလို နားလည်ပေးလို့ ''

''မလိုပါဘူးသမီးရယ်။ သမီးမှတ်ထားနော် ။သမီးအနားမှာ ဒယ်ဒီအမြဲရှိနေတယ် ဟုတ်ပြီလား''

တင်းထားသည့်ကြားမှ မျက်ရည်များဟာ အလိုလိုစီးကျလာတော့သည်။စိမ်းကိုယ်တိုင်လည်း ဒီမျက်ရည်တွေကို
မတားဆီးနိုင်။

''ဒယ်ဒီ...စိမ်းလေ......''

''ပြောလေ သမီး''

''........''

''သမီး ဘာပြောချင်လို့လဲဟင် ပြောပါ''

''စိမ်း... စိမ်း..ဒယ်ဒီကို.. သိပ်ချစ်တယ် ဒယ်ဒီ..''

''ဒယ်ဒီလည်း သမီးကို ချစ်ပါတယ် စိမ်းရယ်''

ဒယ်ဒီ့ဆီက ကြားလိုက်ရသည့် ထိုစကားလေးကြောင့်
စိမ်း မျက်ရည်များကြားမှ ပြုံးလိုက်မိသည်။အချိန်ခဏကြာ
ဒယ်ဒီနှင့် ဖုန်းပြောပြီးသည့်နောက် စိမ်း ထိုနေရာလေးမှာပင် ငြိမ်သက်စွာထိုင်နေမိသည်။ လက်ကနာရီလေးကို တချက်ကြည့်လိုက်တော့ ၅နာရီထိုးပြီမို့ အိမ်သို့ပြန်လာခဲ့တော့သည်။
အိမ်သို့ရောက်သော် ကိုယ်လက်သန့်စင်ကာ ညဝတ်အကျီအပါးလေးကို ဝတ်ပြီး သူမရဲ့ မြတ်နိုးရာဖြစ်သည့်
စန္ဒယားလေးရှိရာဆီသို့ လှမ်းလာခဲ့သည်။ထို စန္ဒယားလေးက စိမ်းဆယ်တန်း အောင်တော့ ဆုချသည့်အနေဖြင့် ဒယ်ဒီကိုယ်တိုင်ဝယ်ပေးထားခြင်းဖြစ်သည်။စန္ဒယားအား စည်းချက်ညီညီတီးခတ်ပြီး သူမ၏ စိတ်များအား အေးချမ်းစေခဲ့သည်။သူမ စိတ်ညစ်သည့်အခါတိုင်း သူမအားအဖော်ပြုပေးသည်မှာ ဤစန္ဒယားလေးပင်။

•••••••••••••••••••••••••••••••••

ထိုနေ့သည် ရိပ်၏ အသင်းနေ့မဟုတ်သော်လည်း
ကျောင်းသို့ အစောကြီး ရောက်နေလေသည်။
ရိပ်၏ သူငယ်ချင်းများလည်း ရောက်မလာသေးတာမို့
ရိပ် သူမ၏ထိုင်ခုံလေးမှာပဲ ငြိမ်သက်စွာ ထိုင်နေမိသည်။

မျက်လုံးထောင့်ကနေ လှမ်းမြင်လိုက်ရသည့် တစုံတယောက်က စိမ်းမဟာနွယ်ပေါ့။ စိမ်း သည် ရိပ် ရှိသည့် ပြတင်းပေါက်နားဆီသို့ လျှောက်လာလေသည်။ရိပ်တယောက် စိမ်းသူ့ဆီလာနေမှန်းသိသော်လည်း အပြစ်တခုခုများလုပ်မိထားလို့များလားဟု တွေးကာ စိမ်းအား မသိချင်ယောင်ဆောင်နေမိသည်။

''နှောင်းရိပ်သျှင်''

''ရှင်..ရှင်..''

ရိပ်အသံများပင် တုန်သွားမိပြီး ဘယ်အရာကိုကြောက်မှန်းမသိကြောက်နေမိသည်။အယောင်ယောင်အမှားမှားပင်ဖြစ်ရ၏။

''English ဖတ်စာအုပ် ယူပြီး နာနေခန်းထဲလိုက်ခဲ့''

ပြောပြီးသည်နှင့် လှည့်ထွက်သွားသော စိမ်းအား ရိပ်လှမ်းကြည့်နေမိသည်။ဘာအပြစ်များ လုပ်မိလို့လဲဆိုပြီး တွေးကာ
လိုက်သွားဖို့ရာ မဝံ့မရဲ။သို့ပေမယ့်လည်း လိုက်ခဲ့လို့ ​ပြောခဲ့သောကြောင့် နားနေခန်းဆီသို့ လိုက်သွားရမည်လေ။

''ဆရာမ သမီးရောက်ပါပြီ''

''အင်း ဒီမှာထိုင်''

စိမ်း သူမ၏ ရှေ့က ခုံလေးအား ညွှန်ပြကာပြောလာသောကြောင့် ရိပ်လည်း ထိုခုံလေးတွင် ဝင်ထိုင်လိုက်သည်။
ဆရာမတယောက်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်ဖြစ်သောကြောင့် ရိပ်အတော်လေးပင်ဆင်ခြင်နေရသည်။
စိမ်းရဲ့ ဒေါသကို မျက်ဝါးထင်ထင်မြင်ဖူးပြီးသည်မို့
သူမဒေါသထွက်စေမည့် အလုပ်များကို တတ်နိုင်သမျှ ဆင်ခြင်နေရသည်။ရိပ်ရှေ့မှ စိမ်းကတော့ ဖတ်စာအုပ်ရဲ့ နောက်ဆုံးက poem တွေရှိတဲ့ စာမျက်နှာလေးကို လှန်နေ၏။

''ဆရာမ ဒီpoem 7ပုဒ်လုံးကို သင်ပြီးပြီ။
တတန်းလုံးလည်း ကျက်ပြီးကြပြီ။
သမီးပဲ ကျန်တော့တယ်။ အဲ့ဒါ တနေ့ကို poem တပုဒ်ဆီ
ဆရာမ သမီးကို သင်ပေးမယ်''

''ဟုတ်''

''နောက်နေ့တွေရော ဒီနေ့လို စောစောလာလို့ရလား''

''ဟုတ် ဆရာမ ရပါတယ်''

''ကဲ ဒါဆို စကြရအောင်''

ဒီလိုနဲ့ စိမ်းက bridges ကဗျာကို စပြီးသင်ခဲ့ကြတာပေါ့။
ရိပ်နဲ့အတူ ထို poemအား အထပ်ထပ်အခါခါ
ရိပ်တယောက် ချောချောမွေ့မွေ့ဆိုနိုင်သည်အထိ တိုင်ပေးခဲ့သည်။

''နှောင်းရိပ်သျှင် ဒီpoem ကို ဆရာမဆီမှာ ပြန်ဖို့
အချိန်ဘယ်နှရက်ယူမလဲ''

ရိပ်ကတော့ သူ့ကိုအထင်ရသလားဆိုပြီး မကျေနပ်ဟန်ပြန်၍
ကြည့်လိုက်သည်။

''ဆရာမကလည်း ရိပ်က ဒီလို poem အတိုလေးကို ကျက်ဖို့
အချိန်နာရီဝက်နဲ့တောင် ရတယ်။လူကို အဲ့လောက်လည်း
အထင်မသေးပါနဲ့ ဆရာမရဲ့''

နှုတ်ခမ်းလေးဆူကာ ရန်တွေ့ဟန် ပြန်ပြောလာသည့် ရိပ်ကြောင့် စိမ်းမသိမသာ ပြုံးလိုက်မိသည်။

''ရိပ်လို့ပဲ ကိုယ့်ကိုကိုယ် သုံးနှုန်းနေကျလား''

''ရှင်''

ရိပ်လည်း မျက်လုံးလေးတွေ ဝိုင်းလျှက် နားမလည်ဟန်ဖြစ်သွားသည်။နောက်မှ သူ့ကိုယ့်သူ ရိပ်လို့ သုံးနှုန်းကာ
ပြောလိုက်မိခြင်းကို သတိရလိုက်သည်။

''အော်....အဲ့ဒါက အိမ်မှာ သမီးက ကိုယ့်ကိုကိုယ် ရိပ် လို့ပဲ
သုံးနှုန်းနေကျမို့ပါ''

''အင်း အဲ့ဒါဆို ဆရာမရှေ့မှာလည်း
သမီးအဆင်ပြေသလိုသုံး''

''ရှင်''

''ဆရာမပြောတာက သမီး အိမ်မှာ ကိုယ့်ကိုကိုယ် ရိပ်လို့သုံးနှုန်းသလို ဆရာမရှေ့မှာလဲ ရိပ်လို့ပဲ သုံးနှုန်းလို့ရတယ်လို့ ပြောတာ''

''အော် ဟုတ်ကဲ့ ဆရာမ''

''အင်း . အဲ့ဒါဆို မနက်ဖြန် ဒီpoemကိုမေးမယ်။
ကဲ...အတန်းပြန်လို့ရပြီ''

''ဟုတ် ဆရာမ''

​အတန်းသို့ ပြန်မည်အပြု အခန်းတံခါးဝ ရောက်မှ ခြေလှမ်းတွေဟာ ရပ်တန့်သွားကာ စိမ်းဘက်သို့ ပြန်လှည့်ပြီး....

''ဆရာမ''

ရိပ်၏ ခေါ်သံကြောင့် ကျောင်းသားများ၏ စာအုပ်များကို စစ်ဖို့လုပ်နေရင်းမှ စိမ်း တချက်လှမ်းကြည့်လိုက်သည်။

''အင်း သမီး. ပြောလေ''

''.......''

ရိပ်ဘက်က ဘာမှပြောမလာသေးပဲ ငြိမ်နေလေသည်။
ထို့ကြောင့် စိမ်းဘက်က ပဲ ထပ်၍မေးရတော့သည်။

''ကဲ နှောင်းရိပ်သျှင် ပြောလေကွယ်''

''ဟိုလေ..ဆရာမ..ရိပ်ရဲ့ နှောင်းရိပ်သျှင် ဆိုတဲ့နာမည်ကြီး
ကို ခေါ်ရတာ မပင်ပန်းဘူးလားဟင်။
ရိပ်ကို တခြားသူငယ်ချင်းတွေ ခေါ်သလိုပဲ ''ရိပ်''လို့ ပြောင်းခေါ်ကြည့်ပါလား။ဆရာမ လည်း အပင်ပန်းသက်သာတာပေါ့''

ရိပ်၏ ချစ်စရာမျက်နှာကလေးနှင့် ပြောလာသည့် အပြောကြောင့် စိမ်းတယောက်သဘောကျစွာ ရယ်လိုက်မိလေသည်။

''ဟုတ်ပါပြီရှင် ''ရိပ်''လို့ပဲ ခေါ်မယ်ဟုတ်ပြီလား''

''ဟုတ် ဆရာမ အဲ့ဒါဆို ရိပ်သွားပြီနော်''

''အင်း ကလေး''

ရိပ်လည်း စိမ်းအား မျက်လုံးလေးများမှေးသည်အထိ ပြုံးပြပြီး အတန်းဆီသို့ပြန်လာခဲ့သည်။ထိုနားနေခန်းထဲတွင် ကျန်ခဲ့သည့် စိမ်းဟာလည်းအပြုံးပန်းတွေ ဆင်မြန်းလျှက်ပေါ့။

''ဟိတ်...စိမ်း''

တယောက်တည်း အတွေးများထဲ ပျော်မွေ့နေခိုက် ကြားလိုက်ရသည့် ခေါ်သံလေးကြောင့် စိမ်းကိုယ်လေးပင်
တုန်တက်သွားတော့သည်။

''အမလေး.....အော်.. ကလျာရယ်... လန့်လိုက်တာ''

သက်ကလျာကတော့ နှောင်းရိပ်သျှင်တို့၏ အတန်းပိုင်
ဆရာမဖြစ်ပြီးစိမ်း၏သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးပေါ့။ စိမ်း တို့တွင် သူငယ်ချင်း ၄ယောက်ရှိပြီး ကျန်နှစ်ယောက်တွင် တယောက်ကတော့ ဆရာဝန်တယောက်ဖြစ်သည်။ကျန်တယောက်ကတော့ စီးပွားရေးလုပ်ငန်းရှင်တယောက်ပေါ့။

''ဟွန်း....နင်က ဘာတွေလန့်နေတာတုန်း''

''ဒီလိုပါပဲ ရုတ်တရက်ဆိုတော့''

''ဟိတ် စိမ်းနော် နင်ဘာတွေစိတ်ကူးယဥ်နေတာလဲ မှန်မှန်ပြောစမ်း.... ဘာလဲ နင်ချစ်သူရနေပြီလား''

''အာ....ကလျာကလည်း စ မနေစမ်းပါနဲ့ဟာ''

''ငါသိတော့ သိချင်မိသားဟ...အသက် ၂၈ နှစ်အထိ
ရည်းစားတခါမှမထား ဘယ်သူ့ကိုမှ ရင်မခုန်ခဲ့တဲ့
နင့်လိုလူကို ရင်ခုန်အောင် လုပ်နိုင်တဲ့သူက...
ဘယ်သူများပါလိမ့်နော်''

''အရူးမ.... မဟုတ်ပါဘူးဆို''

''အမယ် ရှက်နေတာ မျက်နှာတခုလုံးနီနေပြီ''

''ဟာ..ကလျာ..မစနဲ့''

စိမ်းတယောက်ကတော့ ရင်ခုန်ခြင်းဆိုသည့်အဖြစ်အား
ခံစားမိခဲ့ရပြီ။သူမကိုယ်တိုင်တောင် မသိလိုက်ခင်မှာပဲ
သူမနှလုံးသားက လူတဦးအပေါ် ခံစားချက်တွေရှိနေပြီလေ။

ရိပ် အခန်းအတွင်းသို့ ရောက်သည်အထိ မျက်နှာမှာ အပြုံးများ ဆင်မြန်းထားလျှက်။သူမ၏ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး အတွေးကမ္ဘာထဲတွင် ပျော်မွေ့နေဆဲ။

*ဆရာမ က ငါ့ကို ''ကလေး''လို့ ခေါ်ခဲ့တာပဲ
အမလေး ချစ်ဖို့ကောင်းလိုက်တာ*

''ဟဲ့ ရိပ်....ရိပ်..''

''ဟမ်..ဟမ်..သံစဥ်ပြော''

''နင်ဘာတွေတွေးနေတာလဲ။
ငါခေါ်နေတာ ကြာလှပြီ။''

''အော်...ဟုတ်လား...ပြောလေ.. သံစဥ်''

ထိုအချိန်ပဲ ပြတင်းပေါက်နားသို့ ရောက်လာသော
ကောင်လေးတယောက်..။သူက သံစဥ့်အားလှမ်းခေါ်လိုက်သည်။

''သံစဥ်''

''အော်...ကောင်းခန့်''

''ဟဲ့ ကောင်းခန့်  နင်ကလည်း ဘာလာလုပ်တာလဲ။
ရွှန်းလဲ့ သိရင် သေအုံးမယ်''

ဝတ်ရည်ငယ်က ဝင်ပြီးသတိပေးလိုက်ခြင်းဖြစ်သည်။

''နင်ကလည်းဟာ ဒီနေ့ရွှန်းလဲ့ မလာမှန်းသိလို့လာတာပေါ့
သံစဥ့် ဆီမှာ log စာအုပ် အပိုပါလားလာမေးတာ''

''အေးပါ။ပြီးတာပဲ''

''ငါ့ဆီမှာ စာအုပ်က အပိုတော့ မပါဘူး ကောင်းခန့်ရ''

ထိုစကားကြောင့် ကောင်းခန့် သက်ပြင်းသာချလိုက်မိသည်။

''အော် အင်းပါ''

ထို့နောက် ကောင်းခန့်က ဝတ်ရည်ငယ်ဘက် လှည့်ကာ..

''ဂျပုမ နင်ကလေ လူသာပုတာ  အတော့်ကို လျှာရှည်တယ်သိလား''

ကောင်းခန့်၏စကားကြောင့် ဝတ်ရည်ငယ်တယောက် ဒေါပွပါလေရော့။

''မသာ....ငါ့မှာ log စာအုပ်အပိုပါတယ် နင့်ကိုမပေးဘူး''

''အော်....နင့်မှာပါတာလား..ဝတ်ရည်.. နင်အရမ်းချောလာတယ်နော်... ဟဲဟဲ...ငါ့ကို ငှားလိုက်ပါလားနော်''

''မငှားဘူး''

''လုပ်ပါ ဝတ်ရည်ရယ် ငါနေ့တိုင်း log စာအုပ်မပါလာလို့ ဆရာမက ကြိမ်းနေတာ ဒီနေ့မှမပါရင် ငါအရိုက်ခံရမှာဟ။
နင်က အရမ်းချစ်ဖို့ကောင်းတာပဲ။နော်...ဝတ်ရည်..ငှားပါနော်''

မျက်နှာငယ်လေးနှင့် ပြောလာသည့် ကောင်းခန့်ကြောင့်
ဝတ်ရည်ဘက်က အနည်းငယ်လျှော့ပေးလိုက်သည်။

''ကဲ. ရော့..ငါ့ကိုကောင်းကောင်းမွန်မွန် ဆက်ဆံကြားလား''

''ဟုတ်ကဲ့..ကျေးဇူးပါခင်ဗျ ..ဟီးဟီး''

ပြတင်းပေါက်နားက ရိပ်အား သတိထားမိလိုက်သည့် အခိုက်
ကောင်းခန့်က ရိပ်အား တချက်ကြည့်လိုက်ကာ...

''ဒါနဲ့ သူက ဘယ်သူလဲဟင်''

''​အော် .....သူက..ငါတို့သူငယ်ချင်းအသစ်
''နှောင်းရိပ်သျှင်'' ကျောင်းပြောင်းလာတာ တလပဲရှိသေးတယ်''

''အော်..နင်တို့ မုန့်စျေးတန်းသွားရင်တော့ ခဏခဏတွေ့မိတယ်။ငါ့နာမည်က ကောင်းခန့်လင်းပါ။
ဝတ်ရည် တို့သံစဥ်တို့ကို ခင်သလို ခင်လို့ရပါတယ်''

''ဟုတ်ကဲ့ပါ''

ရိပ်လည်း အပြုံးလေးတခုဖြင့် ဖော်ရွေစွာ တုန့်ပြန်ခဲ့သည်။
ထို့သို့ဖြင့် တယောက်နှင့်တယောက် ဖော်ဖော်ရွေရွေ မိတ်ဖွဲ့ကြပြီးနောက် ကျောင်းတက်ခေါင်းလောင်းတီးလာတော့သည်။ကောင်းခန့်လည်း သူ့အခန်းဆီသို့ ပြန်သွားခဲ့တာ​
ပေါ့။ထိုအခါမှ...

''ဟဲ့ သံစဥ် နင်ခုနက ငါ့ကို ဘာပြောမို့လဲ''

''အင်း အဲ့ဒါက ကောင်းခန့် ကိစ္စပြောမလို့''

''ဟမ်''

ရိပ်တယောက်ကတော့ ကြောင်တောင်တောင်လေးဖြစ်သွားတော့တာပေါ့။ထိုအချိန် ဆရာမဝင်လာပြီမို့ ရိပ်တို့လည်းစကားစဖြတ်ရတော့သည်။မုန့်စားဆင်းချိန်ရောက်တော့မှပဲ မနက်က ကိစ္စကိုစကား ဆက်ဖြစ်ကြသည်။ဝတ်ရည် မုန့်စျေးတန်းသွားနေတုန်း သံစဥ်နှင့်ရိပ်တို့ ခေါင်းချင်းဆိုင်ဆွေးနွေးပါတော့သည်။

''ရွှန်းလဲ့ကလေ ငါ့နဲ့ ကောင်းခန့်ကို အမြဲအထင်လွဲနေတာဟ
ငါလည်း ကောင်းခန့်ကိုအားနာလှပြီ။''

''အေးနော် ချစ်တာဆိုပေမယ့် အဲ့လိုကြီးကျတော့လည်း
ဘယ်ကောင်းမလဲ''

''ငါလည်း တော်တော်လေး စိတ်ညစ်တယ်ဟာ
ကောင်းခန့်နဲ့ ငါက ငယ်ငယ်ကတည်းက ခင်လာတဲ့ငယ်သူငယ်ချင်း အရင်းကြီးဆိုတော့ ငါသံယောဇဥ် ရှိတယ်''

''ဟူးးး..''

သံစဥ်နှင့်ရိပ် တို့နှစ်ယောက် ပြိုင်တူသက်ပြင်းချမိတော့သည်။ခဏကြာစဥ်းစားပြီးသည့်နောက် ရိပ်
အကြံတခုရသွားသည်။

''သံစဥ် ငါအကြံရပြီဟ''

''ဟမ်...အေးအေး..ပြောကြည့် ရိပ်''

''နင်စဥ်းစားကြည့်ဟာ..နင်နဲ့ ကောင်းခန့်ကို ရွှန်းလဲ့က သဝန်တိုတယ်ကွာ။အကယ်၍များ ကောင်းခန့်မှာ ချစ်သူရှိတယ်ဆိုရင်ရော ရွှန်းလဲ့က သဝန်တိုလောက်ပါတော့မလား''

''အေးဟဲ့...ဟုတ်သား..ဒါပေမဲ့ကောင်းခန့်မှာ ချစ်သူမှမရှိတာ''

''မရှိရင်လည်း ဟန်ဆောင်ပြီးတော့ ရွှန်းလဲ့ရှေ့မှာ
တွဲခိုင်းပေါ့ဟ''

''ဟွန်း...ဒါနဲ့ ဘယ်သူ့ကို အကူညီ​တောင်းရမှာလဲ ဟ''

နှစ်ယောက်သား တွေးနေခိုက် ဝတ်ရည်ငယ်လည်း
အခန်းထဲသို့ ပြန်ဝင်လာသည်။ထိုအချိန် ရိပ်နှင့် သံစဥ်တို့နှစ်ယောက် မျက်လုံးများအရောင်လဲ့လာကာ တယောက်နှင့်တယောက်ကြည့်ပြီး ပြိုင်တူရွတ်လိုက်သည့် နာမည်တခုက..

''ဝတ်ရည်ငယ်''

••••••••••••••••••••••

(Zawgyi)

စိမ္းမဟာႏြယ္ တေယာက္ ညေနခင္း ကားေလးေမာင္းၿပီး
သူမ၏ ေကာ္ဖီဆိုင္ေလးဆီသို႔ ထြက္လာခဲ့သည္။ထိုအခ်ိန္
လမ္းခ်ိဳးေလးတခုသို႔ ႐ုတ္တရက္ၾကည့္လိုက္မိသည့္အခိုက္
ျမင္ကြင္းေလးတခုေၾကာင့္ ကားေလးအား လမ္းေဘးနားသို႔ ထိုး ရပ္လိုက္သည္။ ထိုလမ္းေလးထဲတြင္ မိန္းကေလးႏွစ္ေယာက္ တေယာက္က စကိတ္ကို မစီးတတ္စီးတတ္ႏွင့္စီးေနၿပီး က်န္တေယာက္က ေတာ့ ေဘးမွထိန္းေပးေနသည္။ထိုမိန္းကေလးႏွစ္ဦးအား အခ်ိန္ခဏၾကာသည္အထိ
စိမ္းမဟာႏြယ္ ၾကည့္ေနမိသည္။ ထိုသူႏွစ္ဦးအနက္မွ ၿပဳံး႐ႊင္လွ်က္ စကိတ္စီးသင္ေပးေနေသာ ႏွောင္းရိပ္သွ်င္ ဆိုသည့္ ဂ်စ္ကန္ကန္ ကေလးမေလးအားၾကည့္ေနသည္ဟု ေျပာလွ်င္ပိုမွန္ေပမည္။စိမ္းမဟာႏြယ္ တေယာက္ ရိပ္အားၾကည့္ကာ ႏႈတ္ခမ္းသားေလးေတြးဟာ အလိုလို ၿပဳံးေနမိသည္။ေခတၱခဏၾကာသည္အထိ ေငးၾကည့္ၿပီးသည့္ေနာက္ေတာ့ သူမသြားရမည့္ coffeeဆိုင္ေလးဆီသို႔ ဆက္သြားခဲ့တာေပါ့။

''အစ္မစိမ္း ဘာေသာက္မလဲ။
ညီမတို႔ ဘာစီစဥ္ေပးရမလဲဟင္''

ဆိုင္က ဝန္ထမ္းမေလးက စိမ္း ဆိုင္ထဲကိုဝင္သည့္ႏွင့္
အေျပးေလး ႀကိဳဆိုေလသည္။ထိုဝန္ထမ္းမေလးအား
စိမ္း ၿပဳံးျပလိုက္ၿပီး ......

''americano ပဲခ်ေပး ညီမေလး''

ထို႔ေနာက္ စိမ္းသူမ၏ကိုယ္ပိုင္အခန္းေလး ဆီသို႔ မသြားပဲ
ျပတင္းေပါက္နားက ခုံေလးမွာပင္ ဝင္ထိုင္လိုက္သည္။
ထို႔ေနာက္ လာခ်ေပးသည့္coffeeခြက္ေလးအား
ၾကည့္ကာ သူမၿပဳံးမိျပန္သည္။အဘယ္ေၾကာင့္ဆိုေသာ္
coffeeဆိုင္မွာ စေတြ႕ခဲ့သည္ ထိုအဆိုးတပိုင္း
ႏွောင္းရိပ္သွ်င္ဆိုသည့္ ကေလးမေလးအား သတိရမိ၍ျဖစ္သည္။

!!Will you only need the light when it's burning low!!

အေတြးမ်ားထဲနစ္ဝင္ေနစဥ္ၾကားလိုက္ရေသာ ဖုန္း
ringtone သံေၾကာင့္ စိမ္းမဟာႏြယ္ လန့္သြားရသည္။
ဖုန္းscreen ေလးကို ၾကည့္လိုက္ေတာ့ ဒယ္ဒီ ဆီကျဖစ္ေန၏။ စိမ္း မ်က္ႏွာေပၚမွာ ၿပဳံးရိပ္ေလးမ်ားသမ္းသြားခဲ့သည္။

''ဟယ္လို ဒယ္ဒီ ''

''သမီးစိမ္း ေနေရာေကာင္းရဲ႕လား သမီး''

''ဟုတ္ စိမ္းေနေကာင္းပါတယ္ ဒယ္ဒီ
ဒယ္ဒီ တို႔ေရာ ေနေကာင္းၾကရဲ႕လားဟင္''

''ေအး ဒယ္ဒီ တို႔လည္း က်န္းက်န္းမာမာရွိပါတယ္
ဒယ္ဒီတို႔ကို စိတ္မပူပါနဲ႕ကြယ္''

''ဟုတ္ကဲ့ပါ ဒါနဲ႕မာမီေရာဟင္''

''ေအာ္.. သမီးမာမီက သမီးကိုကိုရဲ႕.ကုမၼဏီ ႏွစ္ပတ္လည္ပြဲကို သြားတက္တယ္ေလ သမီးရဲ႕''

''ေအာ္...ဟုတ္လား''

စိမ္းရဲ႕မ်က္ႏွာလည္း ခ်က္ခ်င္းဆိုသလို ညွိုးႏြမ္း သြားေလသည္။က်လဳဆဲဆဲမ်က္ရည္မ်ားအား အားတင္းကာ
ထိန္းထားရ၏။

''ဒါနဲ႕ ဒယ္ဒီ ကေရာ လိုက္မသြားဘူးလားဟင္။''

''အမေလး သမီးရယ္ ကုမၼဏီ ႏွစ္ပတ္လည္ပြဲေလာက္ကေတာ့သမီးကိုကိုတေယာက္တည္း ႀကီးၾကပ္ေတာင္
အဆင္ေျပပါတယ္ကြာ''

''ေအာ္ အင္းပါ''

''ဒါနဲ႕ သမီးစိမ္း ဒယ္ဒီတို႔ဆီလိုက္လာဖို႔
မစဥ္းစားေတာ့ဘူးလား ''

''ဟင့္အင္း ဒယ္ဒီ စိမ္းမလာေတာ့ပါဘူး။''

''ဘာလို႔မ်ားလဲ သမီးရယ္''

''သိမ္ငယ္ရမယ့္ ရပ္ဝန္းေတြမွာ စိမ္းမေနခ်င္လို႔ပါ ဒယ္ဒီ''

တုန္ရီေနေသာ အသံတို႔အားထိန္းကာ နာက်င္ရသည့္
ခံစားခ်က္အခ်ိဳ႕အား ထုတ္၍ေျပာလာ၏။

''အင္းပါ သမီးမလာခ်င္ရင္ ဒယ္ဒီ အတင္းမေခၚပါဘူး။
သမီး သေဘာပါ''

''ဟုတ္ကဲ့ ေက်းဇူးပါ ဒယ္ဒီ ။စိမ္း အေပၚအခုလို နားလည္ေပးလို႔ ''

''မလိုပါဘူးသမီးရယ္။ သမီးမွတ္ထားေနာ္ ။သမီးအနားမွာ ဒယ္ဒီအၿမဲရွိေနတယ္ ဟုတ္ၿပီလား''

တင္းထားသည့္ၾကားမွ မ်က္ရည္မ်ားဟာ အလိုလိုစီးက်လာေတာ့သည္။စိမ္းကိုယ္တိုင္လည္း ဒီမ်က္ရည္ေတြကို
မတားဆီးနိုင္။

''ဒယ္ဒီ...စိမ္းေလ......''

''ေျပာေလ သမီး''

''........''

''သမီး ဘာေျပာခ်င္လို႔လဲဟင္ ေျပာပါ''

''စိမ္း... စိမ္း..ဒယ္ဒီကို.. သိပ္ခ်စ္တယ္ ဒယ္ဒီ..''

''ဒယ္ဒီလည္း သမီးကို ခ်စ္ပါတယ္ စိမ္းရယ္''

ဒယ္ဒီ့ဆီက ၾကားလိုက္ရသည့္ ထိုစကားေလးေၾကာင့္
စိမ္း မ်က္ရည္မ်ားၾကားမွ ၿပဳံးလိုက္မိသည္။အခ်ိန္ခဏၾကာ
ဒယ္ဒီႏွင့္ ဖုန္းေျပာၿပီးသည့္ေနာက္ စိမ္း ထိုေနရာေလးမွာပင္ ၿငိမ္သက္စြာထိုင္ေနမိသည္။ လက္ကနာရီေလးကို တခ်က္ၾကည့္လိုက္ေတာ့ ၅နာရီထိုးၿပီမို႔ အိမ္သို႔ျပန္လာခဲ့ေတာ့သည္။
အိမ္သို႔ေရာက္ေသာ္ ကိုယ္လက္သန့္စင္ကာ ညဝတ္အက်ီအပါးေလးကို ဝတ္ၿပီး သူမရဲ႕ ျမတ္နိုးရာျဖစ္သည့္
စႏၵယားေလးရွိရာဆီသို႔ လွမ္းလာခဲ့သည္။ထို စႏၵယားေလးက စိမ္းဆယ္တန္း ေအာင္ေတာ့ ဆုခ်သည့္အေနျဖင့္ ဒယ္ဒီကိုယ္တိုင္ဝယ္ေပးထားျခင္းျဖစ္သည္။စႏၵယားအား စည္းခ်က္ညီညီတီးခတ္ၿပီး သူမ၏ စိတ္မ်ားအား ေအးခ်မ္းေစခဲ့သည္။သူမ စိတ္ညစ္သည့္အခါတိုင္း သူမအားအေဖာ္ျပဳေပးသည္မွာ ဤစႏၵယားေလးပင္။

ထိုေန႕သည္ ရိပ္၏ အသင္းေန႕မဟုတ္ေသာ္လည္း
ေက်ာင္းသို႔ အေစာႀကီး ေရာက္ေနေလသည္။
ရိပ္၏ သူငယ္ခ်င္းမ်ားလည္း ေရာက္မလာေသးတာမို႔
ရိပ္ သူမ၏ထိုင္ခုံေလးမွာပဲ ၿငိမ္သက္စြာ ထိုင္ေနမိသည္။

မ်က္လုံးေထာင့္ကေန လွမ္းျမင္လိုက္ရသည့္ တစုံတေယာက္က စိမ္းမဟာႏြယ္ေပါ့။ စိမ္း သည္ ရိပ္ ရွိသည့္ ျပတင္းေပါက္နားဆီသို႔ ေလွ်ာက္လာေလသည္။ရိပ္တေယာက္ စိမ္းသူ႕ဆီလာေနမွန္းသိေသာ္လည္း အျပစ္တခုခုမ်ားလုပ္မိထားလို႔မ်ားလားဟု ေတြးကာ စိမ္းအား မသိခ်င္ေယာင္ေဆာင္ေနမိသည္။

''ႏွောင္းရိပ္သွ်င္''

''ရွင္..ရွင္..''

ရိပ္အသံမ်ားပင္ တုန္သြားမိၿပီး ဘယ္အရာကိုေၾကာက္မွန္းမသိေၾကာက္ေနမိသည္။အေယာင္ေယာင္အမွားမွားပင္ျဖစ္ရ၏။

''English ဖတ္စာအုပ္ ယူၿပီး နာေနခန္းထဲလိုက္ခဲ့''

ေျပာၿပီးသည္ႏွင့္ လွည့္ထြက္သြားေသာ စိမ္းအား ရိပ္လွမ္းၾကည့္ေနမိသည္။ဘာအျပစ္မ်ား လုပ္မိလို႔လဲဆိုၿပီး ေတြးကာ
လိုက္သြားဖို႔ရာ မဝံ့မရဲ။သို႔ေပမယ့္လည္း လိုက္ခဲ့လို႔ ေျပာခဲ့ေသာေၾကာင့္ နားေနခန္းဆီသို႔ လိုက္သြားရမည္ေလ။

''ဆရာမ သမီးေရာက္ပါၿပီ''

''အင္း ဒီမွာထိုင္''

စိမ္း သူမ၏ ေရွ႕က ခုံေလးအား ၫႊန္ျပကာေျပာလာေသာေၾကာင့္ ရိပ္လည္း ထိုခုံေလးတြင္ ဝင္ထိုင္လိုက္သည္။
ဆရာမတေယာက္ႏွင့္ မ်က္ႏွာခ်င္းဆိုင္တြင္ ထိုင္ေနသည္ျဖစ္ေသာေၾကာင့္ ရိပ္အေတာ္ေလးပင္ဆင္ျခင္ေနရသည္။
စိမ္းရဲ႕ ေဒါသကို မ်က္ဝါးထင္ထင္ျမင္ဖူးၿပီးသည္မို႔
သူမေဒါသထြက္ေစမည့္ အလုပ္မ်ားကို တတ္နိုင္သမွ် ဆင္ျခင္ေနရသည္။ရိပ္ေရွ႕မွ စိမ္းကေတာ့ ဖတ္စာအုပ္ရဲ႕ ေနာက္ဆုံးက poem ေတြရွိတဲ့ စာမ်က္ႏွာေလးကို လွန္ေန၏။

''ဆရာမ ဒီpoem 7ပုဒ္လုံးကို သင္ၿပီးၿပီ။
တတန္းလုံးလည္း က်က္ၿပီးၾကၿပီ။
သမီးပဲ က်န္ေတာ့တယ္။ အဲ့ဒါ တေန႕ကို poem တပုဒ္ဆီ
ဆရာမ သမီးကို သင္ေပးမယ္''

''ဟုတ္''

''ေနာက္ေန႕ေတြေရာ ဒီေန႕လို ေစာေစာလာလို႔ရလား''

''ဟုတ္ ဆရာမ ရပါတယ္''

''ကဲ ဒါဆို စၾကရေအာင္''

ဒီလိုနဲ႕ စိမ္းက bridges ကဗ်ာကို စၿပီးသင္ခဲ့ၾကတာေပါ့။
ရိပ္နဲ႕အတူ ထို poemအား အထပ္ထပ္အခါခါ
ရိပ္တေယာက္ ေခ်ာေခ်ာေမြ႕ေမြ႕ဆိုနိုင္သည္အထိ တိုင္ေပးခဲ့သည္။

''ႏွောင္းရိပ္သွ်င္ ဒီpoem ကို ဆရာမဆီမွာ ျပန္ဖို႔
အခ်ိန္ဘယ္ႏွရက္ယူမလဲ''

ရိပ္ကေတာ့ သူ႕ကိုအထင္ရသလားဆိုၿပီး မေက်နပ္ဟန္ျပန္၍
ၾကည့္လိုက္သည္။

''ဆရာမကလည္း ရိပ္က ဒီလို poem အတိုေလးကို က်က္ဖို႔
အခ်ိန္နာရီဝက္နဲ႕ေတာင္ ရတယ္။လူကို အဲ့ေလာက္လည္း
အထင္မေသးပါနဲ႕ ဆရာမရဲ႕''

ႏႈတ္ခမ္းေလးဆူကာ ရန္ေတြ႕ဟန္ ျပန္ေျပာလာသည့္ ရိပ္ေၾကာင့္ စိမ္းမသိမသာ ၿပဳံးလိုက္မိသည္။

''ရိပ္လို႔ပဲ ကိုယ့္ကိုကိုယ္ သုံးႏႈန္းေနက်လား''

''ရွင္''

ရိပ္လည္း မ်က္လုံးေလးေတြ ဝိုင္းလွ်က္ နားမလည္ဟန္ျဖစ္သြားသည္။ေနာက္မွ သူ႕ကိုယ့္သူ ရိပ္လို႔ သုံးႏႈန္းကာ
ေျပာလိုက္မိျခင္းကို သတိရလိုက္သည္။

''ေအာ္....အဲ့ဒါက အိမ္မွာ သမီးက ကိုယ့္ကိုကိုယ္ ရိပ္ လို႔ပဲ
သုံးႏႈန္းေနက်မိဳ႕ပါ''

''အင္း အဲ့ဒါဆို ဆရာမေရွ႕မွာလည္း
သမီးအဆင္ေျပသလိုသုံး''

''ရွင္''

''ဆရာမေျပာတာက သမီး အိမ္မွာ ကိုယ့္ကိုကိုယ္ ရိပ္လို႔သုံးႏႈန္းသလို ဆရာမေရွ႕မွာလဲ ရိပ္လို႔ပဲ သုံးႏႈန္းလို႔ရတယ္လို႔ ေျပာတာ''

''ေအာ္ ဟုတ္ကဲ့ ဆရာမ''

''အင္း . အဲ့ဒါဆို မနက္ျဖန္ ဒီpoemကိုေမးမယ္။
ကဲ...အတန္းျပန္လို႔ရၿပီ''

''ဟုတ္ ဆရာမ''

အတန္းသို႔ ျပန္မည္အျပဳ အခန္းတံခါးဝ ေရာက္မွ ေျခလွမ္းေတြဟာ ရပ္တန့္သြားကာ စိမ္းဘက္သို႔ ျပန္လွည့္ၿပီး....

''ဆရာမ''

ရိပ္၏ ေခၚသံေၾကာင့္ ေက်ာင္းသားမ်ား၏ စာအုပ္မ်ားကို စစ္ဖို႔လုပ္ေနရင္းမွ စိမ္း တခ်က္လွမ္းၾကည့္လိုက္သည္။

''အင္း သမီး. ေျပာေလ''

''.......''

ရိပ္ဘက္က ဘာမွေျပာမလာေသးပဲ ၿငိမ္ေနေလသည္။
ထို႔ေၾကာင့္ စိမ္းဘက္က ပဲ ထပ္၍ေမးရေတာ့သည္။

''ကဲ ႏွောင္းရိပ္သွ်င္ ေျပာေလကြယ္''

''ဟိုေလ..ဆရာမ..ရိပ္ရဲ႕ ႏွောင္းရိပ္သွ်င္ ဆိုတဲ့နာမည္ႀကီး
ကို ေခၚရတာ မပင္ပန္းဘူးလားဟင္။
ရိပ္ကို တျခားသူငယ္ခ်င္းေတြ ေခၚသလိုပဲ ''ရိပ္''လို႔ ေျပာင္းေခၚၾကည့္ပါလား။ဆရာမ လည္း အပင္ပန္းသက္သာတာေပါ့''

ရိပ္၏ ခ်စ္စရာမ်က္ႏွာကေလးႏွင့္ ေျပာလာသည့္ အေျပာေၾကာင့္ စိမ္းတေယာက္သေဘာက်စြာ ရယ္လိုက္မိေလသည္။

''ဟုတ္ပါၿပီရွင္ ''ရိပ္''လို႔ပဲ ေခၚမယ္ဟုတ္ၿပီလား''

''ဟုတ္ ဆရာမ အဲ့ဒါဆို ရိပ္သြားၿပီေနာ္''

''အင္း ကေလး''

ရိပ္လည္း စိမ္းအား မ်က္လုံးေလးမ်ားေမွးသည္အထိ ၿပဳံးျပၿပီး အတန္းဆီသို႔ျပန္လာခဲ့သည္။ထိုနားေနခန္းထဲတြင္ က်န္ခဲ့သည့္ စိမ္းဟာလည္းအၿပဳံးပန္းေတြ ဆင္ျမန္းလွ်က္ေပါ့။

''ဟိတ္...စိမ္း''

တေယာက္တည္း အေတြးမ်ားထဲ ေပ်ာ္ေမြ႕ေနခိုက္ ၾကားလိုက္ရသည့္ ေခၚသံေလးေၾကာင့္ စိမ္းကိုယ္ေလးပင္
တုန္တက္သြားေတာ့သည္။

''အမေလး.....ေအာ္.. ကလ်ာရယ္... လန့္လိုက္တာ''

သက္ကလ်ာကေတာ့ ႏွောင္းရိပ္သွ်င္တို႔၏ အတန္းပိုင္
ဆရာမျဖစ္ၿပီးစိမ္း၏သူငယ္ခ်င္းအရင္းေခါက္ေခါက္ႀကီးေပါ့။ စိမ္း တို႔တြင္ သူငယ္ခ်င္း ၄ေယာက္ရွိၿပီး က်န္ႏွစ္ေယာက္တြင္ တေယာက္ကေတာ့ ဆရာဝန္တေယာက္ျဖစ္သည္။က်န္တေယာက္ကေတာ့ စီးပြားေရးလုပ္ငန္းရွင္တေယာက္ေပါ့။

''ဟြန္း....နင္က ဘာေတြလန့္ေနတာတုန္း''

''ဒီလိုပါပဲ ႐ုတ္တရက္ဆိုေတာ့''

''ဟိတ္ စိမ္းေနာ္ နင္ဘာေတြစိတ္ကူးယဥ္ေနတာလဲ မွန္မွန္ေျပာစမ္း.... ဘာလဲ နင္ခ်စ္သူရေနၿပီလား''

''အာ....ကလ်ာကလည္း စ မေနစမ္းပါနဲ႕ဟာ''

''ငါသိေတာ့ သိခ်င္မိသားဟ...အသက္ ၂၈ ႏွစ္အထိ
ရည္းစားတခါမွမထား ဘယ္သူ႕ကိုမွ ရင္မခုန္ခဲ့တဲ့
နင့္လိုလူကို ရင္ခုန္ေအာင္ လုပ္နိုင္တဲ့သူက...
ဘယ္သူမ်ားပါလိမ့္ေနာ္''

''အ႐ူးမ.... မဟုတ္ပါဘူးဆို''

''အမယ္ ရွက္ေနတာ မ်က္ႏွာတခုလုံးနီေနၿပီ''

''ဟာ..ကလ်ာ..မစနဲ႕''

စိမ္းတေယာက္ကေတာ့ ရင္ခုန္ျခင္းဆိုသည့္အျဖစ္အား
ခံစားမိခဲ့ရၿပီ။သူမကိုယ္တိုင္ေတာင္ မသိလိုက္ခင္မွာပဲ
သူမႏွလုံးသားက လူတဦးအေပၚ ခံစားခ်က္ေတြရွိေနၿပီေလ။

ရိပ္ အခန္းအတြင္းသို႔ ေရာက္သည္အထိ မ်က္ႏွာမွာ အၿပဳံးမ်ား ဆင္ျမန္းထားလွ်က္။သူမ၏ထိုင္ခုံတြင္ ဝင္ထိုင္လိုက္ၿပီး အေတြးကမၻာထဲတြင္ ေပ်ာ္ေမြ႕ေနဆဲ။

*ဆရာမ က ငါ့ကို ''ကေလး''လို႔ ေခၚခဲ့တာပဲ
အမေလး ခ်စ္ဖို႔ေကာင္းလိုက္တာ*

''ဟဲ့ ရိပ္....ရိပ္..''

''ဟမ္..ဟမ္..သံစဥ္ေျပာ''

''နင္ဘာေတြေတြးေနတာလဲ။
ငါေခၚေနတာ ၾကာလွၿပီ။''

''ေအာ္...ဟုတ္လား...ေျပာေလ.. သံစဥ္''

ထိုအခ်ိန္ပဲ ျပတင္းေပါက္နားသို႔ ေရာက္လာေသာ
ေကာင္ေလးတေယာက္..။သူက သံစဥ့္အားလွမ္းေခၚလိုက္သည္။

''သံစဥ္''

''ေအာ္...ေကာင္းခန့္''

''ဟဲ့ ေကာင္းခန့္  နင္ကလည္း ဘာလာလုပ္တာလဲ။
႐ႊန္းလဲ့ သိရင္ ေသအုံးမယ္''

ဝတ္ရည္ငယ္က ဝင္ၿပီးသတိေပးလိုက္ျခင္းျဖစ္သည္။

''နင္ကလည္းဟာ ဒီေန႕႐ႊန္းလဲ့ မလာမွန္းသိလို႔လာတာေပါ့
သံစဥ့္ ဆီမွာ log စာအုပ္ အပိုပါလားလာေမးတာ''

''ေအးပါ။ၿပီးတာပဲ''

''ငါ့ဆီမွာ စာအုပ္က အပိုေတာ့ မပါဘူး ေကာင္းခန့္ရ''

ထိုစကားေၾကာင့္ ေကာင္းခန့္ သက္ျပင္းသာခ်လိဳက္မိသည္။

''ေအာ္ အင္းပါ''

ထို႔ေနာက္ ေကာင္းခန့္က ဝတ္ရည္ငယ္ဘက္ လွည့္ကာ..

''ဂ်ပဳမ နင္ကေလ လူသာပုတာ  အေတာ့္ကို လွ်ာရွည္တယ္သိလား''

ေကာင္းခန့္၏စကားေၾကာင့္ ဝတ္ရည္ငယ္တေယာက္ ေဒါပြပါေလေရာ့။

''မသာ....ငါ့မွာ log စာအုပ္အပိုပါတယ္ နင့္ကိုမေပးဘူး''

''ေအာ္....နင့္မွာပါတာလား..ဝတ္ရည္.. နင္အရမ္းေခ်ာလာတယ္ေနာ္... ဟဲဟဲ...ငါ့ကို ငွားလိုက္ပါလားေနာ္''

''မငွားဘူး''

''လုပ္ပါ ဝတ္ရည္ရယ္ ငါေန႕တိုင္း log စာအုပ္မပါလာလို႔ ဆရာမက ႀကိမ္းေနတာ ဒီေန႕မွမပါရင္ ငါအရိုက္ခံရမွာဟ။
နင္က အရမ္းခ်စ္ဖို႔ေကာင္းတာပဲ။ေနာ္...ဝတ္ရည္..ငွားပါေနာ္''

မ်က္ႏွာငယ္ေလးႏွင့္ ေျပာလာသည့္ ေကာင္းခန့္ေၾကာင့္
ဝတ္ရည္ဘက္က အနည္းငယ္ေလွ်ာ့ေပးလိုက္သည္။

''ကဲ. ေရာ့..ငါ့ကိုေကာင္းေကာင္းမြန္မြန္ ဆက္ဆံၾကားလား''

''ဟုတ္ကဲ့..ေက်းဇူးပါခင္ဗ် ..ဟီးဟီး''

ျပတင္းေပါက္နားက ရိပ္အား သတိထားမိလိုက္သည့္ အခိုက္
ေကာင္းခန့္က ရိပ္အား တခ်က္ၾကည့္လိုက္ကာ...

''ဒါနဲ႕ သူက ဘယ္သူလဲဟင္''

''ေအာ္ .....သူက..ငါတို႔သူငယ္ခ်င္းအသစ္
''ႏွောင္းရိပ္သွ်င္'' ေက်ာင္းေျပာင္းလာတာ တလပဲရွိေသးတယ္''

''ေအာ္..နင္တို႔ မုန့္ေစ်းတန္းသြားရင္ေတာ့ ခဏခဏေတြ႕မိတယ္။ငါ့နာမည္က ေကာင္းခန့္လင္းပါ။
ဝတ္ရည္ တို႔သံစဥ္တို႔ကို ခင္သလို ခင္လို႔ရပါတယ္''

''ဟုတ္ကဲ့ပါ''

ရိပ္လည္း အၿပဳံးေလးတခုျဖင့္ ေဖာ္ေ႐ြစြာ တုန့္ျပန္ခဲ့သည္။
ထို႔သို႔ျဖင့္ တေယာက္ႏွင့္တေယာက္ ေဖာ္ေဖာ္ေ႐ြေ႐ြ မိတ္ဖြဲ႕ၾကၿပီးေနာက္ ေက်ာင္းတက္ေခါင္းေလာင္းတီးလာေတာ့သည္။ေကာင္းခန့္လည္း သူ႕အခန္းဆီသို႔ ျပန္သြားခဲ့တာ
ေပါ့။ထိုအခါမွ...

''ဟဲ့ သံစဥ္ နင္ခုနက ငါ့ကို ဘာေျပာမို႔လဲ''

''အင္း အဲ့ဒါက ေကာင္းခန့္ ကိစၥေျပာမလို႔''

''ဟမ္''

ရိပ္တေယာက္ကေတာ့ ေၾကာင္ေတာင္ေတာင္ေလးျဖစ္သြားေတာ့တာေပါ့။ထိုအခ်ိန္ ဆရာမဝင္လာၿပီမို႔ ရိပ္တို႔လည္းစကားစျဖတ္ရေတာ့သည္။မုန့္စားဆင္းခ်ိန္ေရာက္ေတာ့မွပဲ မနက္က ကိစၥကိုစကား ဆက္ျဖစ္ၾကသည္။ဝတ္ရည္ မုန့္ေစ်းတန္းသြားေနတုန္း သံစဥ္ႏွင့္ရိပ္တို႔ ေခါင္းခ်င္းဆိုင္ေဆြးႏြေးပါေတာ့သည္။

''႐ႊန္းလဲ့ကေလ ငါ့နဲ႕ ေကာင္းခန့္ကို အၿမဲအထင္လြဲေနတာဟ
ငါလည္း ေကာင္းခန့္ကိုအားနာလွၿပီ။''

''ေအးေနာ္ ခ်စ္တာဆိုေပမယ့္ အဲ့လိုႀကီးက်ေတာ့လည္း
ဘယ္ေကာင္းမလဲ''

''ငါလည္း ေတာ္ေတာ္ေလး စိတ္ညစ္တယ္ဟာ
ေကာင္းခန့္နဲ႕ ငါက ငယ္ငယ္ကတည္းက ခင္လာတဲ့ငယ္သူငယ္ခ်င္း အရင္းႀကီးဆိုေတာ့ ငါသံေယာဇဥ္ ရွိတယ္''

''ဟူးးး..''

သံစဥ္ႏွင့္ရိပ္ တို႔ႏွစ္ေယာက္ ၿပိဳင္တူသက္ျပင္းခ်မိေတာ့သည္။ခဏၾကာစဥ္းစားၿပီးသည့္ေနာက္ ရိပ္
အႀကံတခုရသြားသည္။

''သံစဥ္ ငါအႀကံရၿပီဟ''

''ဟမ္...ေအးေအး..ေျပာၾကည့္ ရိပ္''

''နင္စဥ္းစားၾကည့္ဟာ..နင္နဲ႕ ေကာင္းခန့္ကို ႐ႊန္းလဲ့က သဝန္တိုတယ္ကြာ။အကယ္၍မ်ား ေကာင္းခန့္မွာ ခ်စ္သူရွိတယ္ဆိုရင္ေရာ ႐ႊန္းလဲ့က သဝန္တိုေလာက္ပါေတာ့မလား''

''ေအးဟဲ့...ဟုတ္သား..ဒါေပမဲ့ေကာင္းခန့္မွာ ခ်စ္သူမွမရွိတာ''

''မရွိရင္လည္း ဟန္ေဆာင္ၿပီးေတာ့ ႐ႊန္းလဲ့ေရွ႕မွာ
တြဲခိုင္းေပါ့ဟ''

''ဟြန္း...ဒါနဲ႕ ဘယ္သူ႕ကို အကူညီေတာင္းရမွာလဲ ဟ''

ႏွစ္ေယာက္သား ေတြးေနခိုက္ ဝတ္ရည္ငယ္လည္း
အခန္းထဲသို႔ ျပန္ဝင္လာသည္။ထိုအခ်ိန္ ရိပ္ႏွင့္ သံစဥ္တို႔ႏွစ္ေယာက္ မ်က္လုံးမ်ားအေရာင္လဲ့လာကာ တေယာက္ႏွင့္တေယာက္ၾကည့္ၿပီး ၿပိဳင္တူ႐ြတ္လိုက္သည့္ နာမည္တခုက..

''ဝတ္ရည္ငယ္''

Continue Reading

You'll Also Like

2M 113K 60
"ඒ..අඩෝ...!! පගෝ- අර ඉන්නෙ ආර්යන් අයියද??" නිස්සා හැමිනෙන්න ගත්තම මමත් නොදැනුවත්වම ඔලුව වැනුවෙ තරහටද පුදුමෙටද කියලා මමවත් දන්නෙ නෑ. ආර්යන් අධ්‍රක්ෂ ර...
116K 4.9K 44
အညာသူလေးတွေဟာ လှလည်းလှသလို မာယာလည်းများပါတယ်နော်။အညာသူလေးတွေကို ချစ်မိရင်တော့ မျက်ရည်ခိုင်မှ ရမယ်နော်။
121K 8.6K 43
မျက်ဝန်းညို +တော်ဝင်မာန်
43.1K 1.8K 7
မယွန်းနေခြည်သိမ့်×ဒေါ်သွင်ဇာခြည်ဟန် ရိုရိုချိုချိုShort storyလေး💗 Credit to cover photo's owner