Zawgyi
အခန္း(၂၁၈) အသံမဲ့
ဟိုတယ္အခန္းတစ္ခုတြင္ ျဖစ္သည္။
အန္ရွန႔္သည္ က်ိဳးဝမ္ အား ထူးဆန္းသည့္ မ်က္ႏွာအမူအရာျဖင့္ ၾကည့္ေနမိသည္။
"ဘာျဖစ္ေနတာလဲ… ျပႆနာတစ္ခုခု ရွိလို႔လား?"
က်ိဳးဝမ္ သည္ ျမင့္ျမတ္ေျမအတြင္းမွာ အေတြ႕အၾကဳံမ်ားကို ျပန္လည္ေျပာၾကားေနျခင္း ျဖစ္သည္။
"မရွိပါဘူး.. မစိုးရိမ္ပါနဲ႔…. ကၽြန္ေတာ့္တာဝန္ ထားလိုက္ပါ"
အန္ရွန႔္သည္ မည္သည့္တုံ႔ဆိုင္းမႈမွ မရွိဘဲ ေျပာလိုက္သည္။
"ေကာင္းၿပီ.. ငါလည္း ျပန္ၿပီး ျပင္ဆင္လိုက္ဦးမယ္"
က်ိဳးဝမ္ သည္ ေျပာၿပီးသည္ႏွင့္ သူ႔အခန္းသို႔ ျပန္ၿပီး မ်ိဳးကြဲနတ္သမီး ေရွးဦးမူလစြမ္းအား သိုင္းကၽြမ္းက်င္မႈအျမဳေတကို စုပ္ယူရန္ ျဖစ္သည္။
အေစာပိုင္းတြင္ အခ်က္အလက္ လိုအပ္ခ်က္မ်ား ရွိေနျခင္းေၾကာင့္ က်ိဳးဝမ္ သည္ ကၽြမ္းက်င္ႏိုင္ျခင္း မရွိဘဲျဖစ္ေနသည္။ ယခုတြင္ သူ၏ လ်င္ျမန္မႈသည္ ၂၁ မွတ္သို႔ တိုးတက္သြားၿပီျဖစ္သျဖင့္ လိုအပ္ခ်က္ ျပည့္မွီသြားခဲ့သည္။ ေလ့က်င့္ၿပီးေနာက္တြင္ သူသည္ လန႔္စ္ႏွင့္ တိုက္ႏိုင္မည္ ျဖစ္သည္။
"သခင္ေလး ဝမ္.. လန႔္စ္ကို ဂ႐ုစိုက္မွ ျဖစ္မယ္… သူက ဂၽြန္ လိုမ်ိဳး မေက်ာ္ၾကားေပမယ့္ မိသားစုေျခာက္ခုမွာ အမွန္အတိုင္း သိထားၾကတာက လန႔္စ္ က ဒီမ်ိဳးဆက္မွာ ေၾကာက္စရာအေကာင္းဆုံး ပုဂၢိဳလ္ပဲ"
အန္ရွန႔္ သိထားသည္မ်ားကို ေျပာျပလိုက္သည္။
"ငါ သိတယ္"
အကယ္၍ အန္ရွန႔္ မွ ဘာမွမေျပာဘဲေနလၽွင္ပင္ က်ိဳးဝမ္ သည္ အာ႐ုံခံစားမိေနသည္။
"သူ႔မွာ နာမည္ေျပာင္တစ္ခု ရွိတယ္.. အသံမဲ့"
အန္ရွန႔္ ဆက္ၿပီး ေျပာလိုက္သည္။
"ဘာေၾကာင့္ အသံမဲ့ လဲ? သူက အသံနဲ႔ပတ္သက္တဲ့ ေရွးဦးမူလစြမ္းအား သိုင္းကၽြမ္းက်င္မႈကို က်င့္ႀကံထားလို႔လား?"
က်ိဳးဝမ္ သည္ သိခ်င္စိတ္ျဖင့္ ေမးလိုက္သည္။
"ကမၻာႀကီးမွာ အသံအမ်ိဳးအစား မ်ိဳးစုံရွိၾကတယ္.. အသံတိုင္းမွာ ထူးျခားတဲ့ စည္းခ်က္ နဲ႔ ညႇိဳ႕ဓာတ္ေတြ ရွိၾကတယ္….. ဘဝတိုင္းမွာလည္း ျပဳလုပ္ရမယ့္ ကိုယ္ပိုင္အသံေတြ ရွိၾကတယ္.. အသံေတြဟာ ကမၻာႀကီးရဲ့ တစ္စိတ္တစ္ပိုင္းဆိုတာ သက္ေသျပေနသလိုပဲ… ဒါေပမယ့္လည္း အသံတခ်ိဳ႕က က်ယ္ေလာင္တတ္ၿပီး တစ္ခ်ိဳ႕အသံ ေတြကေတာ့ ႏူးညံ့တိုးညႇင္းတယ္"
အန္ရွန႔္သည္ လန႔္စ္ နာမည္ေျပာင္ ေနာက္ကြယ္က အေၾကာင္းအရင္းကို တိုက္ရိုက္အေျဖမေပးခဲ့ပါ။ သို႔ေသာ္ ဘာေၾကာင့္ဆိုသည္ကို က်ိဳးဝမ္ နားလည္သြားခဲ့ၿပီ ျဖစ္သည္။ ေနာက္ကြယ္မွ အဓိပၸါယ္မွာ လန႔္စ္ အသံတစ္ခု ျပဳလုပ္လိုက္လၽွင္ ကမၻာႀကီးတစ္ခုလုံး တိတ္ဆိတ္ၿငိမ္သက္သြားျခင္း ျဖစ္သည္။ သူ႔အသံမ်ားမွလြဲၿပီး မည္သည့္ အျခားဆူညံသံမွ မရွိႏိုင္ေတာ့ျခင္း ျဖစ္သည္။
သူ႔အခန္းသို႔ ျပန္ေရာက္သည္ႏွင့္ က်ိဳးဝမ္သည္ မ်ိဳးကြဲနတ္သမီး ေရွးဦးမူလစြမ္းအား သိုင္းကၽြမ္းက်င္မႈ အျမဳေတကို ထုတ္ယူၿပီး ဓာတ္ပုံရိုက္ကာ ဂိမ္းအတြင္းသို႔ ပို႔လိုက္သည္။
ေသြးနီေရာင္ကိုယ္ပြားသည္ မ်ိဳးကြဲနတ္သမီး အျမဳေတကို ကိုင္ထားၿပီး စုပ္ယူရန္ ေရြးခ်ယ္လိုက္သည္။ သို႔ေသာ္ က်ိဳးဝမ္အား စုပ္ယူလို႔မရႏိုင္သည့္ အသိေပးခ်က္ကို ျပသလာခဲ့သည္။
က်ိဳးဝမ္သည္ ေရွးဦးမူလစြမ္းအား က်င့္စဥ္ကို အေသးစား ဉာဏ္ပညာျပည့္စုံျခင္း ဆုျဒာသို႔ ေျပာင္းလဲလိုက္သည့္အခါ အသိေပးခ်က္ သည္ ေပ်ာက္ကြယ္သြားသည္။ အျမဳေတသည္ ခ်က္ခ်င္းပင္ အနက္ ႏွင့္ အျဖဴေရာင္ အရွိန္အဝါ ခ်ည္မၽွင္မ်ားအျဖစ္ ေျပာင္းလဲသြားၿပီး ေသြးနီေရာင္ကိုယ္ပြား အတြင္းသို႔ ေပါင္းစပ္သြားခဲ့သည္။
က်ိဳးဝမ္ သည္ အျမဳေတထဲတြင္ မွိန္ေဖ်ာ့ေဖ်ာ့ အင္ေမာ္တယ္ အရွိန္အဝါမ်ား သူ႔ကိုယ္တြင္း စီးဆင္းေနသည္ကို ခံစားလိုက္ရ၏။ သူ႔ခႏၶာကိုယ္ကို ဟိုက္ဒရိုဂ်င္ေဘာလုံး တစ္လုံးကဲ့သို႔ ေမ်ာလြင့္တက္လာေအာင္ ျပဳလုပ္ေပးေနသည္။
အနည္းငယ္ၾကာၿပီးေနာက္ ခံစားခ်က္မ်ားသည္ တျဖည္းျဖည္း ေပ်ာက္ကြယ္သြားၿပီး ပုံမွန္အတိုင္း ျပန္ျဖစ္သြားသည္။ ဂိတ္အတြင္းရွိ စနစ္မွသာ တိုးလာသည့္ လကၡဏာရပ္အသစ္ကို ေဖာ္ျပေပးလိုက္သည္။
"မ်ိဳးကြဲနတ္သမီး အျမဳေတ စုပ္ယူခဲ့ၿပီး…. အထြဋ္အထိပ္ ပ်ံသန္းေသာ အင္ေမာ္တယ္ ကို ရရွိၿပီး"
က်ိဳးဝမ္ သည္ ေသြးနီေရာင္ကိုယ္ပြား၏ အခ်က္အလက္မ်ားကို အနီးကပ္ၾကည့္လိုက္သည္။ အမွန္တကယ္ပင္ ထပ္တိုး သိုင္းကၽြမ္းက်င္မႈတစ္ခု ရွိေနၿပီး အထြဋ္အထိပ္ပ်ံသန္းေသာ အင္ေမာ္တယ္ အျဖစ္ ေဖာ္ျပထားသည္။ က်ိဳးဝမ္ သိထားသည့္ နဂါးဂိတ္နတ္သမီး အင္ေမာ္တယ္နည္းစနစ္ မဟုတ္ဘဲ ျဖစ္ေနသည္။
ဒီ အထြဋ္အထိပ္ပ်ံသန္းေသာ အင္ေမာ္တယ္ သိုင္းကၽြမ္းက်င္မႈ က မ်ိဳးကြဲနတ္သမီးေတြပဲ ပိုင္ဆိုင္ႏိုင္တဲ့အရာလား?
နဂါးဂိတ္နတ္သမီး အင္ေမာ္တယ္နည္းစနစ္ရဲ့ မ်ိဳးကြဲ ပုံစံကြဲတစ္ခု ျဖစ္ႏိုင္လား?
က်ိဳးဝမ္ သည္ အထြဋ္အထိပ္ပ်ံသန္းေသာ အင္ေမာ္တယ္၏ မိတ္ဆက္အညႊန္းကို အလ်င္အျမန္ပင္ ဖတ္ၾကည့္လိုက္သည္။
မ်ိဳးကြဲနတ္သမီး၏ တျခားနည္းစနစ္မ်ားသည္ စြမ္းအားႀကီးေသာ္လည္း က်ိဳးဝမ္အေနျဖင့္ နဂါးဂိတ္နတ္သမီး အင္ေမာ္တယ္ နည္းစနစ္ကိုသာ အမ်ားဆုံး လိုခ်င္ခဲ့မိသည္။ ကမၻာႀကီးတြင္ မေရမတြက္ႏိုင္သည့္ ေရွးဦးမူလစြမ္းအား သိုင္းကၽြမ္းက်င္မႈ မ်ားစြာ ရွိေန၏။ သို႔ေသာ္ ၎တို႔၏ တစ္ခုတည္းေသာ သက္ေရာက္မႈမွာ ရန္သူကို ႏွိမ္နင္းႏိုင္ျခင္း (သို႔မဟုတ္) သတ္ျဖတ္ႏိုင္ျခင္းျဖစ္သည္။
သို႔ေသာ္လည္း က်ိဳးဝမ္ သည္ သတ္ျဖတ္ရျခင္းကို မႀကိဳက္သလို သူ႔အသက္ကိုလည္း အလြန္ခ်စ္ခင္ျမတ္ႏိုးသည္။ နဂါးဂိတ္ နတ္သမီး အင္ေမာ္တယ္သိုင္းကၽြမ္းက်င္မႈ သည္ သံသယမရွိႏိုင္သည့္ အသက္ကယ္နည္းစနစ္ တစ္ခု ျဖစ္သည္။
အကယ္၍ သူသည္ ၿပိဳင္ဘက္ကို အႏိုင္မတိုက္ႏိုင္လၽွင္ ေျပးသြားႏိုင္သျဖင့္ လိုက္လံဖမ္းမိႏိုင္သည့္ အျဖစ္မွ တားဆီးႏိုင္သြား၏။ သူ႔ၿပိဳင္ဘက္သည္ အလြန္သန္မာလၽွင္ေတာ့ ဘာမွ အသုံးမဝင္ႏိုင္ ေတာ့ပါ။
အထြဋ္အထိပ္ပ်ံသန္းေသာ အင္ေမာ္တယ္ : တျခားအင္ေမာ္တယ္ ဘုံေတြကို တက္ေရာက္ႏိုင္ရန္အတြက္ နည္းစနစ္
သတင္းအခ်က္အလက္မွာ အလြန္ မေရမရာ ျဖစ္ေနသည္။ သို႔ေသာ္ ၎သည္ နဂါးဂိတ္နတ္သမီး သိုင္းကၽြမ္းက်င္မႈႏွင့္ ဆင္တူေနသည္။ က်ိဳးဝမ္ အထြဋ္အထိပ္ပ်ံသန္းေသာ အင္ေမာ္တယ္ မွ သတင္းအခ်က္အလက္မ်ားကို ဂ႐ုတစိုက္ အာ႐ုံခံလိုက္သည့္အခါ ပိုၿပီး ေက်နပ္ကာ အံ့အားသင့္ေနမိေတာ့သည္။
ေနေရာင္ျခည္ျဖာထြန္းၿပီး မိုးေသာက္ခ်ိန္ေရာက္ကာ ေန႔သစ္ စတင္ခဲ့ပါၿပီ….
က်ိဳးဝမ္ သည္ မနက္စာစားရန္ လာသည့္အခါ လီရႊမ္ ႏွင့္ အားလိုင္ ကို စားပြဲတစ္ခုတြင္ အတူထိုင္ၿပီး စကားေျပာေနသည္ကို ေတြ႕လိုက္ရသည္။
က်ိဳးဝမ္ မူလႀကံရြယ္ထားသည္မွာ အားလိုင္ ၏ ဇစ္ျမစ္ကို စုံစမ္းရန္ျဖစ္သည္။ သို႔ေသာ္ မိသားစုေျခာက္ခုႏွင့္ ႐ုတ္႐ုတ္သဲသဲ ျဖစ္ပြားခဲ့ေသာေၾကာင့္ ကိစၥမ်ားသည္ ေႏွာင့္ေႏွးကာ အဆုံးသတ္ လိုက္ရသည္။ အားလိုင္ သည္လည္း သူတို့ႏွင့္အတူ ဟိုတယ္သို႔ ျပန္လိုက္လာခဲ့သည္။
က်ိဳးဝမ္ သည္ အျပန္လမ္းတြင္ ကိစၥမ်ားကို ျပန္လည္စဥ္းစား ေနခဲ့သည္။ သူသည္ အားလိုင္ အား အစိုးရ႐ုံးသို႔ ေခၚသြားၿပီး ၎သည္ မည္သည့္နာမည္ျဖင့္ ဝင္ေရာက္ခဲ့သည္ကို စုံစမ္းရန္ျဖစ္ သည္။ သို႔ေသာ္ အန္ရွန႔္အား အသိေပးလိုက္သည့္အခါ ထိုေနရာသို႔ သြားရန္မလိုေၾကာင္း ေျပာျပလာခဲ့သည္။
အားလိုင္ ကဲ့သို႔ လူသည္ ျမင့္ျမတ္ေျမ ဝင္ခြင့္စာရင္းတြင္ မပါဝင္ေၾကာင္း သိလိုက္ရသည္။ အန္ရွန႔္ က တည္ၾကည္ေလးနက္စြာျဖင့္ ေျပာခဲ့သည္မွာ အားလိုင္ သည္ စာရင္းထဲတြင္ ပါလၽွင္ အရင္တုန္းက သူျမင္ဖူးခဲ့ရမည္ျဖစ္သည္။ အန္ရွန႔္သည္ ျမင့္ျမတ္ေျမ ဝင္ခြင့္စာရင္းရွိ လူအားလုံး၏ အေၾကာင္းႏွင့္ ႐ုပ္သြင္မ်ားကိုပါ မွတ္သားထားခဲ့သည္။
ထိုအခ်က္က က်ိဳးဝမ္ အား အလြန္ ဦးေႏွာက္ေျခာက္သြား ေစသည္။
တကယ္လို႔ အားလိုင္ က ျမင့္ျမတ္ေျမဝင္ခြင့္ရတဲ့ ငါတို႔အသုတ္ထဲက မဟုတ္ဘူးဆိုရင္ ဘယ္အေပါက္ကေန ဝင္လာႏိုင္တာလဲ?
ဘယ္လိုလုပ္ၿပီး အသက္လမ္း ျမင့္ျမတ္ဘုရားေက်ာင္း အတြင္း မွာ အဆုံးသတ္ေရာက္ေနတာလဲ?
"အားလိုင္.. မင္း အနာဂတ္အတြက္ ဘာေတြလုပ္ဖို႔ အစီအစဥ္ ဆြဲထားလဲ?.. မင္းငါတို႔နဲ႔ အတူလိုက္ဖို႔ စိတ္ဝင္စားလား?.. ငါနဲ႔အတူ လိုက္မယ္ဆိုရင္ ေသခ်ာေပါက္ ဘာမွ မမွားယြင္းႏိုင္ဘူး.. ငါမင္းကို အာမခံတယ္ကြာ.. မင္းအေနနဲ႔ ဇိမ္ရွိရွိကို ေနရမယ္…. ၿပီးေတာ့ မေရမတြက္ႏိုင္တဲ့ မိန္းမလွေလးေတြလည္း ပတ္သက္ရလိမ့္မယ္"
လီရႊမ္ သည္ အားလိုင္ကို ႀကိဳးစားၿပီး စည္း႐ုံးသိမ္းသြင္းေနသည္ဟု ထင္ရသည္။
အားလိုင္ သည္ ထူးဆန္းသည့္အမူအရာျဖင့္ ေျပာလိုက္၏။
"အခုကမၻာႀကီးက ဘာေတြျဖစ္ပ်က္ေနၿပီလဲ?"
"ကမၻာႀကီးက ဘာေတြေျပာင္းလဲသြားပါေစ အေရးမႀကီးဘူး.. လူေကာင္းတစ္ေယာက္က ကမၻာႀကီးရဲ့ ေထာင့္ေလးေထာင့္လုံးကို သူ႔အိမ္လိုပဲ ဆက္ဆံႏိုင္ရမယ္.. ေနရာေတြက ဘာေတြျခားနားခ်က္ ျဖစ္ႏိုင္မွာလဲ?.
တကယ္လို႔ အနာဂတ္မွာ မင္းက ငါ့ေနာက္လိုက္မယ္ဆိုရင္ သေဘၤာသားတစ္ေယာက္ရဲ့ ဘဝထက္ ပိုေတာက္ပတဲ့ ဘဝကို ေပးမယ္လို႔ ငါအာမခံတယ္ကြာ"
လီရႊမ္ သည္ စကားေျပာရင္း အားလိုင္၏ ပခုံးကို ပုတ္ေနခဲ့ သည္။
အားလိုင္ ခ်က္ခ်င္း အေျဖမေပးေသးပါ။ သူသည္ က်ိဳးဝမ္ လမ္းေလၽွာက္လာသည္ကို ျမင္လိုက္သည့္အခါ ေျပာလိုက္သည္။
"က်ိဳးဝမ္.. မင္းေျပာတာက ငါက အသက္လမ္း ျမင့္ျမတ္ဘုရားေက်ာင္း အတြင္းထဲက ထြက္လာတာ၊ ၿပီးေတာ့ မင္းလည္း ဘုရားေက်ာင္းအတြင္း ဝင္ေရာက္ခဲ့တာလို႔ ေျပာခဲ့တာေနာ္.. ငါအဲဒီထဲမွာ ဘာလို႔ေရာက္ေနတာလဲ မင္းသိလား?"
"ၾကည့္ရတာေတာ့ မင္း အသက္လမ္း ျမင့္ျမတ္ဘုရားေက်ာင္း ထဲဝင္တာ မင္းအေဖသေဘၤာ ဘာေတြျဖစ္ပ်က္ခဲ့တာလဲ ဆိုတာကို စုံစမ္းဖို႔ ထင္တာပဲ၊ က်န္တာက ငါလည္းမသိဘူး.. မင္းက အားလုံး ေမ့သြားၿပီလား?"
က်ိဳးဝမ္ ျပန္ေမးလိုက္သည္။
အားလိုင္ ေခါင္းခါယမ္းလိုက္သည္။
"ငါ မွတ္မိတာ တစ္ခုတည္းက အေဖ့သေဘၤာက မုန္တိုင္း တစ္ခုနဲ႔ တိုးခဲ့တာ… ေနာက္ၿပီး ဘာဆက္ျဖစ္တာလဲေတာ့ ငါမမွတ္ မိေတာ့ဘူး"
"ဒါက အလ်င္လိုစရာမလိုပါဘူး.. မင္းအေနနဲ႔ ေအးေဆးစဥ္းစား လို႔ရပါတယ္..
လီရႊမ္ က လည္း လူဆိုးတစ္ေယာက္ မဟုတ္ပါဘူး… တကယ္လို႔ မင္းသြားစရာ မရွိရင္ အခုသူနဲ႔ဘာလို႔ ကပ္မလိုက္သြား ႏိုင္ရ မွာလဲ? အမွန္က ဒီေကာင္က ခ်မ္းသာတယ္.. ၿပီးေတာ့ သူက ဘိုင္ျပတ္မွာကို ေၾကာက္စရာမလိုဘူး"
က်ိဳးဝမ္ သည္ လီရႊမ္ကို ဟာသလုပ္ကာ ေထာက္ခံလိုက္၏။
"ဒါက အမွန္ပဲ.. လုံးဝ အမွန္ပဲ………. ငါက အရာအားလုံးကို အေကာင္းဆုံးျဖစ္ေအာင္ ေသခ်ာေပါက္ လုပ္ေပးမယ္"
လီရႊမ္ သည္ လုံးဝျပန္မျငင္းဘဲ တာဝန္ယူေနသျဖင့္ က်ိဳးဝမ္ မွာ ထူးဆန္းသည္ကို နားလည္လိုက္သည္။
နံနက္စာ စားၿပီးေနာက္ အားလိုင္သည္ လမ္းေလၽွာက္သြားလို ခဲ့သည္။ ကမၻာႀကီးသည္ ဘာနဲ႔တူေနသည္ကို သိခ်င္ေနေၾကာင္း အခိုင္အမာေျပာဆိုၿပီး တစ္ေယာက္တည္း ထြက္သြားေတာ့သည္။
အားလိုင္ ထြက္ခြာသြားသည္ကို ျမင္ေသာအခါ က်ိဳးဝမ္ က လီရႊမ္ အား ေမးလိုက္သည္။
"ဘာေၾကာင့္ မင္းက အရမ္းကို တက္ႂကြၿပီး သေဘာေကာင္း ေနရတာလဲ?
အဲဒါက မင္းနဲ႔မတူသလိုပဲ.. ငါ့ကို ရိုးရိုးသားသား ေျပာစမ္းပါဦး… မင္းဘာေတြ အစီအစဥ္ဆြဲေနတာလဲ?"
"OMG… မင္းသတိမထားမိဘူးလား?"
လီရႊမ္ သည္ ဟန္လုပ္ထားသည့္ အျပဳအမူျဖင့္ ေျပာလိုက္၏။
"ဘာလဲ?"
က်ိဳးဝမ္ က မ်က္ေမွာင္ၾကဳတ္ၿပီး ေမးလိုက္သည္။
"အားလိုင္ က အရမ္းသန္မာတယ္"
လီရႊမ္ ၾကည့္ရသည္မွာ ေဖာ္ျပခ်က္တြင္ မလုံေလာက္သည့္ပုံျဖင့္ ထပ္ျဖည့္ေျပာလိုက္သည္။
"သူက အလြန္ႀကီးကို သန္မာတာကြ… အနည္းဆုံး ငါတို႔ႏွစ္ေယာက္ထက္ကို သန္မာတယ္"
"ဘာေၾကာင့္ မင္းက ဒီလိုေျပာႏိုင္တာလဲ?"
က်ိဳးဝမ္ သည္ နားမလည္ႏိုင္ဟန္ျဖင့္ ေမးလိုက္၏။ အားလိုင္ သည္ မည္သည့္တိုက္ခိုက္ေရး အရည္အခ်င္းကိုမွ ျပသခဲ့ျခင္း မရွိဟု ထင္မိသည္။
"ငါ့တြဲဖက္သားရဲ ေက်ာေပၚမွာ သူ႔ကို ႀကိဳးအသုံးျပဳၿပီး ခ်ည္ေႏွာင္ခဲ့တယ္မလား? အဲဒီႀကိဳးက သူရဲေကာင္းအဆင့္ ေႁမြနဂါး ေၾကးခြံကိုးခုနဲ႔ ျပဳလုပ္ထားတာ..
တကယ္လို႔ ငါသာ ခ်ည္ေႏွာင္ခံရမယ္ဆိုရင္ ခ်ိဳးဖ်က္ၿပီး ထြက္ေျပးဖို႔ နည္းလမ္းမရွိဘူး… အားလိုင္ အတြက္ကေတာ့ အလြယ္တကူ ခ်ိဳးျဖတ္ၿပီး ေျပးသြားတာေလ…. သူ႔အတြက္ အေသးအဖြဲ အျပဳအမူလိုပဲ ထင္ရတယ္"
လီရႊမ္ ဆက္ေျပာလိုက္သည္
"အခုဆိုရင္ ဒီေကာင္က သူ႔မွတ္ဉာဏ္လည္း ေပ်ာက္ေနတယ္ ၿပီးေတာ့ သြားစရာေနရာလည္း မရွိဘူး… ငါ့အတြက္ သူ႔ကို ေခၚလိုက္တာက ႏွစ္ေယာက္စလုံးအတြက္ ျပည့္စုံတဲ့ Win-Win အေျခအေန တစ္ခုပဲေလ… သူလည္း ငါ့အတြက္ တစ္ခ်ိဳ႕ကိစၥေလးေတြကို အကူအညီေပးႏိုင္တယ္ မလား?
■■■■■■■■■
Unicode
အခန်း(၂၁၈) အသံမဲ့
ဟိုတယ်အခန်းတစ်ခုတွင် ဖြစ်သည်။
အန်ရှန့်သည် ကျိုးဝမ် အား ထူးဆန်းသည့် မျက်နှာအမူအရာဖြင့် ကြည့်နေမိသည်။
"ဘာဖြစ်နေတာလဲ… ပြဿနာတစ်ခုခု ရှိလို့လား?"
ကျိုးဝမ် သည် မြင့်မြတ်မြေအတွင်းမှာ အတွေ့အကြုံများကို ပြန်လည်ပြောကြားနေခြင်း ဖြစ်သည်။
"မရှိပါဘူး.. မစိုးရိမ်ပါနဲ့…. ကျွန်တော့်တာဝန် ထားလိုက်ပါ"
အန်ရှန့်သည် မည်သည့်တုံ့ဆိုင်းမှုမှ မရှိဘဲ ပြောလိုက်သည်။
"ကောင်းပြီ.. ငါလည်း ပြန်ပြီး ပြင်ဆင်လိုက်ဦးမယ်"
ကျိုးဝမ် သည် ပြောပြီးသည်နှင့် သူ့အခန်းသို့ ပြန်ပြီး မျိုးကွဲနတ်သမီး ရှေးဦးမူလစွမ်းအား သိုင်းကျွမ်းကျင်မှုအမြုတေကို စုပ်ယူရန် ဖြစ်သည်။
အစောပိုင်းတွင် အချက်အလက် လိုအပ်ချက်များ ရှိနေခြင်းကြောင့် ကျိုးဝမ် သည် ကျွမ်းကျင်နိုင်ခြင်း မရှိဘဲဖြစ်နေသည်။ ယခုတွင် သူ၏ လျင်မြန်မှုသည် ၂၁ မှတ်သို့ တိုးတက်သွားပြီဖြစ်သဖြင့် လိုအပ်ချက် ပြည့်မှီသွားခဲ့သည်။ လေ့ကျင့်ပြီးနောက်တွင် သူသည် လန့်စ်နှင့် တိုက်နိုင်မည် ဖြစ်သည်။
"သခင်လေး ဝမ်.. လန့်စ်ကို ဂရုစိုက်မှ ဖြစ်မယ်… သူက ဂျွန် လိုမျိုး မကျော်ကြားပေမယ့် မိသားစုခြောက်ခုမှာ အမှန်အတိုင်း သိထားကြတာက လန့်စ် က ဒီမျိုးဆက်မှာ ကြောက်စရာအကောင်းဆုံး ပုဂ္ဂိုလ်ပဲ"
အန်ရှန့် သိထားသည်များကို ပြောပြလိုက်သည်။
"ငါ သိတယ်"
အကယ်၍ အန်ရှန့် မှ ဘာမှမပြောဘဲနေလျှင်ပင် ကျိုးဝမ် သည် အာရုံခံစားမိနေသည်။
"သူ့မှာ နာမည်ပြောင်တစ်ခု ရှိတယ်.. အသံမဲ့"
အန်ရှန့် ဆက်ပြီး ပြောလိုက်သည်။
"ဘာကြောင့် အသံမဲ့ လဲ? သူက အသံနဲ့ပတ်သက်တဲ့ ရှေးဦးမူလစွမ်းအား သိုင်းကျွမ်းကျင်မှုကို ကျင့်ကြံထားလို့လား?"
ကျိုးဝမ် သည် သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ကမ္ဘာကြီးမှာ အသံအမျိုးအစား မျိုးစုံရှိကြတယ်.. အသံတိုင်းမှာ ထူးခြားတဲ့ စည်းချက် နဲ့ ညှို့ဓာတ်တွေ ရှိကြတယ်….. ဘဝတိုင်းမှာလည်း ပြုလုပ်ရမယ့် ကိုယ်ပိုင်အသံတွေ ရှိကြတယ်.. အသံတွေဟာ ကမ္ဘာကြီးရဲ့ တစ်စိတ်တစ်ပိုင်းဆိုတာ သက်သေပြနေသလိုပဲ… ဒါပေမယ့်လည်း အသံတချို့က ကျယ်လောင်တတ်ပြီး တစ်ချို့အသံ တွေကတော့ နူးညံ့တိုးညှင်းတယ်"
အန်ရှန့်သည် လန့်စ် နာမည်ပြောင် နောက်ကွယ်က အကြောင်းအရင်းကို တိုက်ရိုက်အဖြေမပေးခဲ့ပါ။ သို့သော် ဘာကြောင့်ဆိုသည်ကို ကျိုးဝမ် နားလည်သွားခဲ့ပြီ ဖြစ်သည်။ နောက်ကွယ်မှ အဓိပ္ပါယ်မှာ လန့်စ် အသံတစ်ခု ပြုလုပ်လိုက်လျှင် ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခြင်း ဖြစ်သည်။ သူ့အသံများမှလွဲပြီး မည်သည့် အခြားဆူညံသံမှ မရှိနိုင်တော့ခြင်း ဖြစ်သည်။
သူ့အခန်းသို့ ပြန်ရောက်သည်နှင့် ကျိုးဝမ်သည် မျိုးကွဲနတ်သမီး ရှေးဦးမူလစွမ်းအား သိုင်းကျွမ်းကျင်မှု အမြုတေကို ထုတ်ယူပြီး ဓာတ်ပုံရိုက်ကာ ဂိမ်းအတွင်းသို့ ပို့လိုက်သည်။
သွေးနီရောင်ကိုယ်ပွားသည် မျိုးကွဲနတ်သမီး အမြုတေကို ကိုင်ထားပြီး စုပ်ယူရန် ရွေးချယ်လိုက်သည်။ သို့သော် ကျိုးဝမ်အား စုပ်ယူလို့မရနိုင်သည့် အသိပေးချက်ကို ပြသလာခဲ့သည်။
ကျိုးဝမ်သည် ရှေးဦးမူလစွမ်းအား ကျင့်စဉ်ကို အသေးစား ဉာဏ်ပညာပြည့်စုံခြင်း ဆုဒြာသို့ ပြောင်းလဲလိုက်သည့်အခါ အသိပေးချက် သည် ပျောက်ကွယ်သွားသည်။ အမြုတေသည် ချက်ချင်းပင် အနက် နှင့် အဖြူရောင် အရှိန်အဝါ ချည်မျှင်များအဖြစ် ပြောင်းလဲသွားပြီး သွေးနီရောင်ကိုယ်ပွား အတွင်းသို့ ပေါင်းစပ်သွားခဲ့သည်။
ကျိုးဝမ် သည် အမြုတေထဲတွင် မှိန်ဖျော့ဖျော့ အင်မော်တယ် အရှိန်အဝါများ သူ့ကိုယ်တွင်း စီးဆင်းနေသည်ကို ခံစားလိုက်ရ၏။ သူ့ခန္ဓာကိုယ်ကို ဟိုက်ဒရိုဂျင်ဘောလုံး တစ်လုံးကဲ့သို့ မျောလွင့်တက်လာအောင် ပြုလုပ်ပေးနေသည်။
အနည်းငယ်ကြာပြီးနောက် ခံစားချက်များသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ဂိတ်အတွင်းရှိ စနစ်မှသာ တိုးလာသည့် လက္ခဏာရပ်အသစ်ကို ဖော်ပြပေးလိုက်သည်။
"မျိုးကွဲနတ်သမီး အမြုတေ စုပ်ယူခဲ့ပြီး…. အထွဋ်အထိပ် ပျံသန်းသော အင်မော်တယ် ကို ရရှိပြီး"
ကျိုးဝမ် သည် သွေးနီရောင်ကိုယ်ပွား၏ အချက်အလက်များကို အနီးကပ်ကြည့်လိုက်သည်။ အမှန်တကယ်ပင် ထပ်တိုး သိုင်းကျွမ်းကျင်မှုတစ်ခု ရှိနေပြီး အထွဋ်အထိပ်ပျံသန်းသော အင်မော်တယ် အဖြစ် ဖော်ပြထားသည်။ ကျိုးဝမ် သိထားသည့် နဂါးဂိတ်နတ်သမီး အင်မော်တယ်နည်းစနစ် မဟုတ်ဘဲ ဖြစ်နေသည်။
ဒီ အထွဋ်အထိပ်ပျံသန်းသော အင်မော်တယ် သိုင်းကျွမ်းကျင်မှု က မျိုးကွဲနတ်သမီးတွေပဲ ပိုင်ဆိုင်နိုင်တဲ့အရာလား?
နဂါးဂိတ်နတ်သမီး အင်မော်တယ်နည်းစနစ်ရဲ့ မျိုးကွဲ ပုံစံကွဲတစ်ခု ဖြစ်နိုင်လား?
ကျိုးဝမ် သည် အထွဋ်အထိပ်ပျံသန်းသော အင်မော်တယ်၏ မိတ်ဆက်အညွှန်းကို အလျင်အမြန်ပင် ဖတ်ကြည့်လိုက်သည်။
မျိုးကွဲနတ်သမီး၏ တခြားနည်းစနစ်များသည် စွမ်းအားကြီးသော်လည်း ကျိုးဝမ်အနေဖြင့် နဂါးဂိတ်နတ်သမီး အင်မော်တယ် နည်းစနစ်ကိုသာ အများဆုံး လိုချင်ခဲ့မိသည်။ ကမ္ဘာကြီးတွင် မရေမတွက်နိုင်သည့် ရှေးဦးမူလစွမ်းအား သိုင်းကျွမ်းကျင်မှု များစွာ ရှိနေ၏။ သို့သော် ၎င်းတို့၏ တစ်ခုတည်းသော သက်ရောက်မှုမှာ ရန်သူကို နှိမ်နင်းနိုင်ခြင်း (သို့မဟုတ်) သတ်ဖြတ်နိုင်ခြင်းဖြစ်သည်။
သို့သော်လည်း ကျိုးဝမ် သည် သတ်ဖြတ်ရခြင်းကို မကြိုက်သလို သူ့အသက်ကိုလည်း အလွန်ချစ်ခင်မြတ်နိုးသည်။ နဂါးဂိတ် နတ်သမီး အင်မော်တယ်သိုင်းကျွမ်းကျင်မှု သည် သံသယမရှိနိုင်သည့် အသက်ကယ်နည်းစနစ် တစ်ခု ဖြစ်သည်။
အကယ်၍ သူသည် ပြိုင်ဘက်ကို အနိုင်မတိုက်နိုင်လျှင် ပြေးသွားနိုင်သဖြင့် လိုက်လံဖမ်းမိနိုင်သည့် အဖြစ်မှ တားဆီးနိုင်သွား၏။ သူ့ပြိုင်ဘက်သည် အလွန်သန်မာလျှင်တော့ ဘာမှ အသုံးမဝင်နိုင် တော့ပါ။
အထွဋ်အထိပ်ပျံသန်းသော အင်မော်တယ် : တခြားအင်မော်တယ် ဘုံတွေကို တက်ရောက်နိုင်ရန်အတွက် နည်းစနစ်
သတင်းအချက်အလက်မှာ အလွန် မရေမရာ ဖြစ်နေသည်။ သို့သော် ၎င်းသည် နဂါးဂိတ်နတ်သမီး သိုင်းကျွမ်းကျင်မှုနှင့် ဆင်တူနေသည်။ ကျိုးဝမ် အထွဋ်အထိပ်ပျံသန်းသော အင်မော်တယ် မှ သတင်းအချက်အလက်များကို ဂရုတစိုက် အာရုံခံလိုက်သည့်အခါ ပိုပြီး ကျေနပ်ကာ အံ့အားသင့်နေမိတော့သည်။
နေရောင်ခြည်ဖြာထွန်းပြီး မိုးသောက်ချိန်ရောက်ကာ နေ့သစ် စတင်ခဲ့ပါပြီ….
ကျိုးဝမ် သည် မနက်စာစားရန် လာသည့်အခါ လီရွှမ် နှင့် အားလိုင် ကို စားပွဲတစ်ခုတွင် အတူထိုင်ပြီး စကားပြောနေသည်ကို တွေ့လိုက်ရသည်။
ကျိုးဝမ် မူလကြံရွယ်ထားသည်မှာ အားလိုင် ၏ ဇစ်မြစ်ကို စုံစမ်းရန်ဖြစ်သည်။ သို့သော် မိသားစုခြောက်ခုနှင့် ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့သောကြောင့် ကိစ္စများသည် နှောင့်နှေးကာ အဆုံးသတ် လိုက်ရသည်။ အားလိုင် သည်လည်း သူတို့နှင့်အတူ ဟိုတယ်သို့ ပြန်လိုက်လာခဲ့သည်။
ကျိုးဝမ် သည် အပြန်လမ်းတွင် ကိစ္စများကို ပြန်လည်စဉ်းစား နေခဲ့သည်။ သူသည် အားလိုင် အား အစိုးရရုံးသို့ ခေါ်သွားပြီး ၎င်းသည် မည်သည့်နာမည်ဖြင့် ဝင်ရောက်ခဲ့သည်ကို စုံစမ်းရန်ဖြစ် သည်။ သို့သော် အန်ရှန့်အား အသိပေးလိုက်သည့်အခါ ထိုနေရာသို့ သွားရန်မလိုကြောင်း ပြောပြလာခဲ့သည်။
အားလိုင် ကဲ့သို့ လူသည် မြင့်မြတ်မြေ ဝင်ခွင့်စာရင်းတွင် မပါဝင်ကြောင်း သိလိုက်ရသည်။ အန်ရှန့် က တည်ကြည်လေးနက်စွာဖြင့် ပြောခဲ့သည်မှာ အားလိုင် သည် စာရင်းထဲတွင် ပါလျှင် အရင်တုန်းက သူမြင်ဖူးခဲ့ရမည်ဖြစ်သည်။ အန်ရှန့်သည် မြင့်မြတ်မြေ ဝင်ခွင့်စာရင်းရှိ လူအားလုံး၏ အကြောင်းနှင့် ရုပ်သွင်များကိုပါ မှတ်သားထားခဲ့သည်။
ထိုအချက်က ကျိုးဝမ် အား အလွန် ဦးနှောက်ခြောက်သွား စေသည်။
တကယ်လို့ အားလိုင် က မြင့်မြတ်မြေဝင်ခွင့်ရတဲ့ ငါတို့အသုတ်ထဲက မဟုတ်ဘူးဆိုရင် ဘယ်အပေါက်ကနေ ဝင်လာနိုင်တာလဲ?
ဘယ်လိုလုပ်ပြီး အသက်လမ်း မြင့်မြတ်ဘုရားကျောင်း အတွင်း မှာ အဆုံးသတ်ရောက်နေတာလဲ?
"အားလိုင်.. မင်း အနာဂတ်အတွက် ဘာတွေလုပ်ဖို့ အစီအစဉ် ဆွဲထားလဲ?.. မင်းငါတို့နဲ့ အတူလိုက်ဖို့ စိတ်ဝင်စားလား?.. ငါနဲ့အတူ လိုက်မယ်ဆိုရင် သေချာပေါက် ဘာမှ မမှားယွင်းနိုင်ဘူး.. ငါမင်းကို အာမခံတယ်ကွာ.. မင်းအနေနဲ့ ဇိမ်ရှိရှိကို နေရမယ်…. ပြီးတော့ မရေမတွက်နိုင်တဲ့ မိန်းမလှလေးတွေလည်း ပတ်သက်ရလိမ့်မယ်"
လီရွှမ် သည် အားလိုင်ကို ကြိုးစားပြီး စည်းရုံးသိမ်းသွင်းနေသည်ဟု ထင်ရသည်။
အားလိုင် သည် ထူးဆန်းသည့်အမူအရာဖြင့် ပြောလိုက်၏။
"အခုကမ္ဘာကြီးက ဘာတွေဖြစ်ပျက်နေပြီလဲ?"
"ကမ္ဘာကြီးက ဘာတွေပြောင်းလဲသွားပါစေ အရေးမကြီးဘူး.. လူကောင်းတစ်ယောက်က ကမ္ဘာကြီးရဲ့ ထောင့်လေးထောင့်လုံးကို သူ့အိမ်လိုပဲ ဆက်ဆံနိုင်ရမယ်.. နေရာတွေက ဘာတွေခြားနားချက် ဖြစ်နိုင်မှာလဲ?.
တကယ်လို့ အနာဂတ်မှာ မင်းက ငါ့နောက်လိုက်မယ်ဆိုရင် သင်္ဘောသားတစ်ယောက်ရဲ့ ဘဝထက် ပိုတောက်ပတဲ့ ဘဝကို ပေးမယ်လို့ ငါအာမခံတယ်ကွာ"
လီရွှမ် သည် စကားပြောရင်း အားလိုင်၏ ပခုံးကို ပုတ်နေခဲ့ သည်။
အားလိုင် ချက်ချင်း အဖြေမပေးသေးပါ။ သူသည် ကျိုးဝမ် လမ်းလျှောက်လာသည်ကို မြင်လိုက်သည့်အခါ ပြောလိုက်သည်။
"ကျိုးဝမ်.. မင်းပြောတာက ငါက အသက်လမ်း မြင့်မြတ်ဘုရားကျောင်း အတွင်းထဲက ထွက်လာတာ၊ ပြီးတော့ မင်းလည်း ဘုရားကျောင်းအတွင်း ဝင်ရောက်ခဲ့တာလို့ ပြောခဲ့တာနော်.. ငါအဲဒီထဲမှာ ဘာလို့ရောက်နေတာလဲ မင်းသိလား?"
"ကြည့်ရတာတော့ မင်း အသက်လမ်း မြင့်မြတ်ဘုရားကျောင်း ထဲဝင်တာ မင်းအဖေသင်္ဘော ဘာတွေဖြစ်ပျက်ခဲ့တာလဲ ဆိုတာကို စုံစမ်းဖို့ ထင်တာပဲ၊ ကျန်တာက ငါလည်းမသိဘူး.. မင်းက အားလုံး မေ့သွားပြီလား?"
ကျိုးဝမ် ပြန်မေးလိုက်သည်။
အားလိုင် ခေါင်းခါယမ်းလိုက်သည်။
"ငါ မှတ်မိတာ တစ်ခုတည်းက အဖေ့သင်္ဘောက မုန်တိုင်း တစ်ခုနဲ့ တိုးခဲ့တာ… နောက်ပြီး ဘာဆက်ဖြစ်တာလဲတော့ ငါမမှတ် မိတော့ဘူး"
"ဒါက အလျင်လိုစရာမလိုပါဘူး.. မင်းအနေနဲ့ အေးဆေးစဉ်းစား လို့ရပါတယ်..
လီရွှမ် က လည်း လူဆိုးတစ်ယောက် မဟုတ်ပါဘူး… တကယ်လို့ မင်းသွားစရာ မရှိရင် အခုသူနဲ့ဘာလို့ ကပ်မလိုက်သွား နိုင်ရ မှာလဲ? အမှန်က ဒီကောင်က ချမ်းသာတယ်.. ပြီးတော့ သူက ဘိုင်ပြတ်မှာကို ကြောက်စရာမလိုဘူး"
ကျိုးဝမ် သည် လီရွှမ်ကို ဟာသလုပ်ကာ ထောက်ခံလိုက်၏။
"ဒါက အမှန်ပဲ.. လုံးဝ အမှန်ပဲ………. ငါက အရာအားလုံးကို အကောင်းဆုံးဖြစ်အောင် သေချာပေါက် လုပ်ပေးမယ်"
လီရွှမ် သည် လုံးဝပြန်မငြင်းဘဲ တာဝန်ယူနေသဖြင့် ကျိုးဝမ် မှာ ထူးဆန်းသည်ကို နားလည်လိုက်သည်။
နံနက်စာ စားပြီးနောက် အားလိုင်သည် လမ်းလျှောက်သွားလို ခဲ့သည်။ ကမ္ဘာကြီးသည် ဘာနဲ့တူနေသည်ကို သိချင်နေကြောင်း အခိုင်အမာပြောဆိုပြီး တစ်ယောက်တည်း ထွက်သွားတော့သည်။
အားလိုင် ထွက်ခွာသွားသည်ကို မြင်သောအခါ ကျိုးဝမ် က လီရွှမ် အား မေးလိုက်သည်။
"ဘာကြောင့် မင်းက အရမ်းကို တက်ကြွပြီး သဘောကောင်း နေရတာလဲ?
အဲဒါက မင်းနဲ့မတူသလိုပဲ.. ငါ့ကို ရိုးရိုးသားသား ပြောစမ်းပါဦး… မင်းဘာတွေ အစီအစဉ်ဆွဲနေတာလဲ?"
"OMG… မင်းသတိမထားမိဘူးလား?"
လီရွှမ် သည် ဟန်လုပ်ထားသည့် အပြုအမူဖြင့် ပြောလိုက်၏။
"ဘာလဲ?"
ကျိုးဝမ် က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
"အားလိုင် က အရမ်းသန်မာတယ်"
လီရွှမ် ကြည့်ရသည်မှာ ဖော်ပြချက်တွင် မလုံလောက်သည့်ပုံဖြင့် ထပ်ဖြည့်ပြောလိုက်သည်။
"သူက အလွန်ကြီးကို သန်မာတာကွ… အနည်းဆုံး ငါတို့နှစ်ယောက်ထက်ကို သန်မာတယ်"
"ဘာကြောင့် မင်းက ဒီလိုပြောနိုင်တာလဲ?"
ကျိုးဝမ် သည် နားမလည်နိုင်ဟန်ဖြင့် မေးလိုက်၏။ အားလိုင် သည် မည်သည့်တိုက်ခိုက်ရေး အရည်အချင်းကိုမှ ပြသခဲ့ခြင်း မရှိဟု ထင်မိသည်။
"ငါ့တွဲဖက်သားရဲ ကျောပေါ်မှာ သူ့ကို ကြိုးအသုံးပြုပြီး ချည်နှောင်ခဲ့တယ်မလား? အဲဒီကြိုးက သူရဲကောင်းအဆင့် မြွေနဂါး ကြေးခွံကိုးခုနဲ့ ပြုလုပ်ထားတာ..
တကယ်လို့ ငါသာ ချည်နှောင်ခံရမယ်ဆိုရင် ချိုးဖျက်ပြီး ထွက်ပြေးဖို့ နည်းလမ်းမရှိဘူး… အားလိုင် အတွက်ကတော့ အလွယ်တကူ ချိုးဖြတ်ပြီး ပြေးသွားတာလေ…. သူ့အတွက် အသေးအဖွဲ အပြုအမူလိုပဲ ထင်ရတယ်"
လီရွှမ် ဆက်ပြောလိုက်သည်
"အခုဆိုရင် ဒီကောင်က သူ့မှတ်ဉာဏ်လည်း ပျောက်နေတယ် ပြီးတော့ သွားစရာနေရာလည်း မရှိဘူး… ငါ့အတွက် သူ့ကို ခေါ်လိုက်တာက နှစ်ယောက်စလုံးအတွက် ပြည့်စုံတဲ့ Win-Win အခြေအနေ တစ်ခုပဲလေ… သူလည်း ငါ့အတွက် တစ်ချို့ကိစ္စလေးတွေကို အကူအညီပေးနိုင်တယ် မလား?