ကျောက်ဝမ်ယုံး ရောက်သည့်အချိန်တွင်
ကုထင်ရန်က မည်းမည်းသည်းသည်း ဆေးတစ်ပန်းကန်ကို ကြည့်ပြီး လင်းတမှိုင်မှိုင်နေ လေသည်။
ဘေးနားတွင် ရပ်နေသည့် ဝမ်ကုန်းကုန်းက တရစပ် ဖျောင်းဖျနေလေသည်။
"သခင်လေး သောက်လိုက်ပါ၊ သိပ်လည်း မခါးပါဘူး"
"တကယ်ပါ၊ တကျိတ်တည်းမော့သောက်လိုက်ရင် ဘာမှတောင် သိလိုက်မှာမဟုတ်ဘူး"
ကလေးကို ဂျင်းထည့်နေသည့် လူကြီးတစ် ယောက်နှင့် လုံးဝ တူနေလေသည်။
ကုထင်ရန်က ကြားတော့ မျက်နှာထားပင် ပြောင်းလဲသွားသည်။
"မခါးဘူးဆို ခင်ဗျား သောက်လိုက်ပေါ့"
သူက စိတ်တိုပြီး နှုတ်ခမ်းတောင် စူထားလေသည်။ ကျောက်ဝမ်ယုံးက သူ့ပုံစံကို မြင်တော့ ရယ်မိသွားလေသည်။
သူက ရှေ့တတ်လာပြီး စိတ်ညစ်နေသည့်
ဝမ်ကုန်းကုန်းကို တစ်ခွန်းမေးလိုက်သည်။
"မနက်ကမှ သောက်ထားတာမဟုတ်လား၊ ဘယ်လိုလုပ်ထပ်သောက်ရပြန်တာလဲ"
သူ့ စကားက ကုထင်ရန် ရင်ထဲက မေးခွန်းကို မေးမိလိုက်သည်ဟု မှတ်ယူနိုင်သည်။
ကုထင်ရန်လည်း အနှီလူအား ပယ်ထား
ကြဉ်ထားသည်ကို ဂရုစိုက်မနေတော့ဘဲ
ကျောက်ဝမ်ယုံး၏ လက်မောင်းကို ချက်ချင်း ဆွဲလိုက်ကာ သူ့ကိုယ်နောက်သို့ မသိမသာရွေ့လိုက်ပြီး ခေါင်းတစ်လုံးသာဆန့်ထုတ်ထားလေသည်။
ပါးစပ်ကနေ တတွတ်တွတ်ရွတ်နေသေးသည်။
"ဟုတ်တယ်၊ ဟုတ်တယ်"
ကျောက်ဝမ်ယုံး၏ အပြုံးက ပို၍ နက်ရှိုင်းသွားခဲ့သည်။
ဝမ်ကုန်းကုန်းလည်း မတတ်နိုင်တော့သဖြင့် အရှင်မင်းကြီးကို လွှတ်ခနဲပြောမိလိုက် တော့သည်။
"ဒီဆေးက သမားတော်ချန် အသစ် စပ်ပေးထားတာ၊ မနက်တစ်ကြိမ် ညတစ်ကြိမ်ထမင်းမစားခင်သောက်ရမယ်တဲ့"
သူလည်း မတတ်နိုင်တော့ချေ။ သူတို့က သခင်လေး ဆေးကောင်းကောင်း သောက်တာကို စောင့်ကြည့်ရမည်ဟု အရှင်မင်းကြီးက မိန့်ထားခဲ့သည်။ အဆုံးမှာတော့ သူတို့ကို ဗီလိန်လုပ်ခိုင်းထားပြီး ဧကရာဇ်အရှင်ကလည်း သခင်လေးရဲ့ အရှေ့မှာ ဈေးဆစ်ဖို့သာ တတ်လေသည်။
သို့ပေမယ့် သူတို့က အစေခံတွေဆိုတော့
ဘာဆိုဘာမှလည်း မပြောနိုင်ချေ။
ကျိုးကျိုးနွံနွံဖြင့် ခံနေလိုက်ရသည်။
"ဟင်း....
ဘဝက အင်မတန် ခက်ခဲလှပါသည်။
ကျောက်ဝမ်ယုံးက ကြားတော့ အနောက်က ကုထင်ရန်ကို လှမ်းဆွဲ၍ ရင်ခွင်ထဲမှာ ဖမ်းချုပ်ထားလိုက်လေသည်။
"မင်းကြည့်၊ သမားတော်ပြောတာတဲ့"
ပြောရင်း ထိုဆေးကို ကုထင်ရန်၏ ပါးစပ်နားထိ ယူလာပေးလေသည်။
"ကိုယ်တို့ သောက်လိုက်ရအောင်၊ သောက်ပြီးရင် ကိုယ်မင်းကို အပြင်ခေါ်သွားမယ်၊ မင်း အပြင်ထွက်ချင်နေတယ်မဟုတ်လား၊ မင်းသောက်ရင် ကိုယ်မင်းကို လျှောက်လည်ဖို့ နန်းပြင်ခေါ်သွားမယ်"
ကုထင်ရန်သည် ဒီရက်ပိုင်းမှာ ကျန်းမာရေး ကောင်းလာသဖြင့် အမြဲတမ်း အပြင်ထွက်ဖို့ ပူဆာနေလေသည်။ ဤမုချန်နန်းဆောင်က လူများကို ကျောက်ဝမ်ယုံးက ပါးစပ်ပိတ်ခိုင်းထားလို့ရသည်။ မည်သို့ပင်ဆိုစေကာမူ အစကတည်းကလည်း ဂဂနန မသိကြချေ။
သို့ပေမယ့် အပြင်ကလူတွေက ကုထင်ရန်ကို ပေါက်ကရလေးဆယ်ပြောလိုက်ရင် ပြဿနာတတ်ပြီဖြစ်သည်။
အကယ်၍ သတိမထားမိဘဲ ဓါတ်သိ လူနှစ်ယောက်လောက်နဲ့ ထပ်တိုးမိပြီး
ကုထင်ရန်ကို နားဝင်ချိုစကားများဖြင့် သိမ်းသွင်းလိုက်ရင် ပို၍ပင် ထိန်းရသိမ်းရခက်သွားပေမည်။
ထို့ကြောင့် သူ တစ်လျှောက်လုံး ဝေ့လည်ကြောင်ပတ်လုပ်ရင်း ကျန်းမာရေး မကောင်းသေးလို့၊ ကျန်းမာရေးကောင်းမှ အပြင်ခေါ်သွားမည်ဟု သူ့ကို အကြောင်းပြထားသည်။
ကုထင်ရန်ကတော့ သတိမထားမိချေ။
နှုတ်ခမ်းစူထားသော်ငြား အဆုံးမှာတော့ သဘောတူခဲ့သည်။
သို့ပေမယ့် အခု ရှင်းထုတ်ပြီးသလောက် ဖြစ်နေပြီဖြစ်သဖြင့် ကုထင်ရန် အပြင်ထွက်ရင်တောင် သူပြောထားတာနှင့် သိပ်မကွာသည့် သတင်းတွေကိုသာ ကြားရမည်ဖြစ်သည်။
ကျောက်ဝမ်ယုံး၏ ဖြားယောင်းသွေးဆောင်မှုကို ကုထင်ရန်က ကြားတော့ မျက်လုံးတောင် တလက်လက် အရောင်တောက်သွားလေသည်။
ကုထင်ရန်က အမဲရောင်တောက်နေသည့် ထိုဆေးကို တစ်ချက်ထပ်ကြည့်ပြီးနောက် အံကြိတ်၍ ပြောလိုက်သည်။
"တကယ်နော်"
ကျောက်ဝမ်ယုံးက အပြုံးမျက်နှာဖြင့်
"ဒါပေါ့"
ကုထင်ရန်က ထိုဆေးကို တစ်ကျိတ်တည်း ပြောင်သလင်းခါအောင် သောက်လိုက်လေသည်။ခါးသွားသဖြင့် မျက်နှာက ရှုဲ့မဲ့နေချိန်တွင် ရုတ်တရက် ပါးစပ်ထဲသို့ ခပ်ရွရွ သကြားလုံးတစ်လုံး ခွံကျွေးခံလိုက်ရလေသည်။
ရွရွလေးနှင့် အင်မတန် စားလို့ကောင်းသည်။
ကျောက်ဝမ်ယုံးက သူ့နားနားမှာ တိုးတိုးညှင်းညှင်းလေးပြောလိုက်သည်။
"စားကောင်းလား"
အက်ကွဲနေသည့် ခပ်အုပ်အုပ်အသံက နားထဲသို့ အဆက်မပြတ်ဝင်လာလေသည်။ လေထုထဲဝယ် အလကားနေရင်း နွေးထွေးသည့် အရောင်အသွေးများ စွန်းထင်သွားလေသည်။
ကုထင်ရန်၏ နားရွက်လေးတွေက ရုတ်ချည်း နီမြန်းသွားလေသည်။
"အ...အရှင့် အပူလား"
သူက ကျောက်ဝမ်ယုံးကို တစ်ချက်တွန်းထုတ်လိုက်ပြီး လှည့်ပြေးရန် ပြင်လိုက်သည်။
အောက်တောင် မရောက်သေးချေ။
ကျောက်ဝမ်ယုံးက တစ်ချက် ပြန်လှမ်းဆွဲလိုက်လေသည်။ သူ့ ခွန်အားက
ကျောက်ဝမ်ယုံးကို အမှန်ပင် မယှဉ်နိုင်။ နှစ်ချက်လောက် ရုန်းကုန်ပြီးနောက် လက်လျော့လိုက်ရလေသည်။
ကျောက်ဝမ်ယုံး၏ မျက်နှာက ကုထင်ရန်၏ ပါးပြင်မှာ ကပ်ထားလေသည်။ ကိုယ့် နှလုံးသားက တဒုတ်ဒုတ်နှင့် ပရမ်းပတာ ခုန်နေသည်ကို ကုထင်ရန်က ကြားနေရသည်။
ဒေါသကြောင့်ဖြစ်လောက်မည်ဟု သူတွေးလိုက်လေသည်။
ကျောက်ဝမ်ယုံးက သူ့ကို အကြိမ်ရေချို့လောက် ပွတ်သတ်နေလေသည်။
ကုထင်ရန်၏ ခေါင်းထဲဝယ် ဒီနေ့ စာအုပ်ထဲမှာ တွေ့ခဲ့ရသည့် ဖက်လဲတကင်းနေခြင်း စကားလုံးက ဖြတ်ခနဲ တစ်ချက် ပေါ်လာသည်။
ဘေးပတ်ပတ်လည်ကို သူ တစ်ချက် အကဲခတ်လိုက်တော့ တစ်ယောက်မှ မရှိတော့ချေ။
ဟုတ်လည်းဟုတ်ပါသည်။
ကျောက်ဝမ်ယုံး၏ အနေအထားကို မြင်တော့ နန်းဆောင် အပြည့် အစေခံတွေက ဝမ်ကုန်းကုန်း၏ အရိပ်ပြမှုအောက်ဝယ် တစ်ယောက်မှ မကျန် ထွက်သွားခဲ့လေသည်။
ကုထင်ရန်၏ စိတ်ထဲတွင် အခု သူတို့နှစ်ယောက်ပဲကျန်ခဲ့သဖြင့် ကျောက်ဝမ်ယုံးက လင်းလင်းကျင်းကျင်းအချိန်ကြီးမှာ ကာမဂုဏ်လိုက်စားဖို့ ကြံနေတာဖြစ်လောက်မည်ဟု တွေးနေလေသည်။
မဖြစ်ဘူး! လုံးဝ မဖြစ်ဘူး!
သို့ပေမယ့် ကျောက်ဝမ်ယုံးက နွားတစ်ကောင်ပမာ အားကြီးသဖြင့် သူ့ကို အလဲမထိုးနိုင်သလို ခွန်အားဖြင့် တစ်ချီတည်းနဲ့ အနိုင်ရဖို့ဆိုတာ လုံးဝ မဖြစ်နိုင်။ ပညာသားပါသော နည်းလမ်းကောင်းတစ်ခုကို သူ စဉ်းစားရပေမည်။
တစ်ဖက်မှာ သူက ကိုယ့်ကိုယ်ကို ကယ်တင်မည့် နည်းလမ်းကို ဦးနှောက်ခြောက်မတတ် စဉ်းစားနေခဲ့ပြီး တခြားတစ်ဖက်မှာတော့ ကျောက်ဝမ်ယုံး၏ လက်က သူ့ခါးပေါ်မှာတောင်ထားလိုက်လေပြီ။ သွားပြီ! သူ့လက်က တိုးဝင်သွားလေပြီ!
ဒီလောက် ပိန်ကပ်နေတာ ဘာကို ပွတ်နေတာလဲ!
ထိမိရုံနှင့် မီးပွင့်မတတ်ဖြစ်နေသည့် အခြေအနေတွင် ရုတ်တရက် ကုထင်ရန်က ဖြတ်ထိုးဉာဏ်ရွင်လာလေသည်။
ဂနာမငြိမ်သည့် ကျောက်ဝမ်ယုံး၏ လက်ကို တစ်ချက် ဖမ်းကိုင်လိုက်ပြီး တောက်ပသည့် မျက်ဝန်းအစုံဖြင့် သူ့ကို ကြည့်နေလေသည်။
ရုတ်တရက် တစ်ခွန်းမေးလိုက်သည်။
"အရှင် ဗိုက်ဆာနေပြီလား"
ထိုလေသံက အင်မတန် အလေးအနက်ရှိလှသလို အကြည့်တွေတောင် အမှန်အကန်ဖြစ်နေလေသည်။
ကျောက်ဝမ်ယုံးသည် အစကတည်းက သူ့ကို စနေတာဖြစ်သည်။ ကုထင်ရန်က အခုမှ သတိရလာသဖြင့် ခန္ဓာကိုယ်က မဟန်သေးချေ။ အခုရက်ပိုင်း လုံးဝ စိတ်လိုက်မာန်ပါ ပြုမှုလို့မရဘူးဟု သမားတော်ချန်က သူ့ကို သတိပေးထားပြီးသားဖြစ်သည်။
ကုထင်ရန် သွေးအန်သည့် ထိုနေ့နောက်ပိုင်း ကတည်းက သမားတော်ချန်၏ စကားများကို ကျောက်ဝမ်ယုံးက အမြဲတမ်း အမှားအယွင်းကင်းသော ဝါဒတရားအဖြစ် လက်ခံထားခဲ့သည်။
ကုထင်ရန်၏ ရုတ်တရက် အလေးအနက်ထားသည့် ပုံစံက မထင်မှတ်ဘဲ
ကျောက်ဝမ်ယုံးကို တမဟုတ်ချည်း ကြက်သေသေသွားစေသည်။
ခဏအကြာတွင် ကျောက်ဝမ်ယုံးက ရုတ်တရက် အူလှိုက်သည်းလှိုက် ရယ်လေတော့သည်။
ကျယ်ပြန့်သည့် နန်းဆောင်ထဲဝယ် အူလှိုက်သည်းလှိုက် ရယ်နေသည့် သူ့ရယ်သံသာရှိသည်။
စစချင်း ကုထင်ရန်က ဘာမှ မတုံ့ပြန်သေးချေ။ သူ အကြာကြီး ရယ်နေတော့မှသာ
ကုထင်ရန်က အနည်းငယ် ကသိကအောက်ဖြစ်လာသည်။
သူက ကျောက်ဝမ်ယုံး၏ လက်မောင်းကို တွန်းထုတ်လိုက်ပြီး
"အရှင် ဘာရယ်တာလဲ"
ကျောက်ဝမ်ယုံးက အူမြူးနေသည့် ပုံစံဖြစ်နေဆဲပင်။ ရယ်တာ ပါးစပ်တောင် မစိနိုင်ချေ။
မျိုသိပ်ဖို့ အချိန်အကြာကြီး သူ ကြိုးစားလိုက်ရသည်။ နောက်ဆုံးမှာ တည်ငြိမ်သည့် ပုံစံ ပြန်ဖြစ်သွားပေမယ့် နှုတ်ခမ်းထောင့်စွန်းမှာတော့ အပြုံးကို ချိတ်ဆွဲထားသေးသည်။
"ဘာမှမဟုတ်ပါဘူး၊ ကိုယ်ဗိုက်ဆာနေလို့ပါ၊ မင်းမေးတာကြားတော့ ကိုယ်ပျော်သွားတာ"
ပြောရင်း သူ ထပ်ရယ်ပြန်လေသည်။
ကုထင်ရန် စိတ်တိုလာသဖြင့် သူ့ ပါးစပ်ကို လှမ်းပိတ်လိုက်သည်။
"အရှင် မရယ်နဲ့တော့!"
ကျောက်ဝမ်ယုံးက သူ့လက်ကို ညင်သာယုယစွာ ပွတ်သတ်လိုက်ပြီး ကိုယ့်ရဲ့ လက်ဖဝါးထဲ ထည့်ထားလိုက်လေသည်။
"ဟုတ်ပါပြီ"
လေသံထဲမှာ ချစ်မြတ်နိုးမှုများအတိ။
ကျောက်ဝမ်ယုံးက အပြင်ဘက်မှာ စောင့်နေသည့် လူများကို တစ်ခွန်းပြောလိုက်သည်။
အစေခံများက စားကောင်းသောက်ဖွယ်များကို ရှေ့ဆင့်နောက်ဆင့် သယ်လာကြလေသည်။ ကုထင်ရန်က မြင်တော့ မျက်လုံးထဲဝယ် တောက်ပမှုများ ရုတ်ချည်းပေါ်လာသည်။ မစားခင်တွင် တစ်စုံတစ်ခုကို သတိရသွားလေသည်။
"ရှီးအာလေးရော"
ကျောက်ရှန့်ရှီးက သူ့ဖေဖေ ကုထင်ရန်ကို အင်မတန် ချစ်သဖြင့် နေ့တိုင်း တွယ်ကပ်နေလေသည်။ အကြိမ်တိုင်းလိုလို
ကျောက်ဝမ်ယုံးသည် ထိုကောင်စုတ်လေးကြောင့် သေမတတ် ဒေါသထွက်ရသည်။ သူတို့နှစ်ယောက်က လုံးဝ ပလစ်ထားတာတောင် ဝေးဝေးထွက်သွားဖို့ အသိမရှိချေ။
ဒီနေ့မှာတော့ ထူးဆန်းနေသည်။ နေ့လည်ကတည်းက မတွေ့သလို အခုထိလည်း အရိပ်အယောင်တောင်မမြင်ရ။
ထိုကောင်စုတ်လေးက သူရှေ့မှာတစ်မျိုးကွယ်ရာမှာတစ်မျိုး လုပ်တတ်သည်ကို ကျောက်ဝမ်ယုံးက သေသေချာချာ သိပါသည်။
ဒီနေ့ညနေတွင် တမင်တကာ သူက အစေခံတွေအား အသေးလေးကို ကျူးကောယွီရှေ့မှောက်သို့ ဆွဲခေါ်လာခိုင်းခဲ့သည်။
လူကြီးမင်း ကျူးကောယွီကို ကြပ်ကြပ်မတ်မတ်လေး သင်ကြားပေးဖို့ သူက သေချာ အမိန့်ပေးခဲ့သေးသည်။
အနှီကောင်လေးက အခု စာကူးရေးပြီး စာလုံးလေ့ကျင်နေတာ ဖြစ်လောက်ပေမည်။
သူ ဒီလိုလုပ်တာက ကျောက်ရှန့်ရှီး၏ ပညာရေးအတွက်လား ဒါမှမဟုတ် သူတို့နှစ်ယောက်ရဲ့ အချိန်ကို မနှောက်ယှက်စေချင်လို့လား ဆိုတာကတော့ ကြင်နာစိတ်ရှိသူများက ဂရုဏာတရားနဲ့ သုံးသပ်ပြီး ဉာဏ်ထက်မြက်သူများက ဉာဏ်မျက်စိဖြင့်သုံးသပ်ကြဖို့သာဖြစ်သည်။
တရားခံဖြစ်သူ ကျောက်ဝမ်ယုံးကတော့အတည်ပေါက်ဖြင့် ကုထင်ရန်ကို ပြောလိုက်သည်။
"ဒီနေ့ ဆရာက သူ့ကို နေခဲ့တဲ့၊ အရင်က သင်ခန်းစာတွေ ကူးရမယ်လို့ပြောတယ်"
ကျောက်ဝမ်ယုံးက သမာသမတ်ကျစွာပြောသဖြင့် ကုထင်ရန်လည်း ထူးဆန်းသည်ဟု
တစက်မှ မထင်မိချေ။
ကုထင်ရန်၏ ကျန်းမာရေးက အနည်းငယ် ကောင်းမွန်လာသဖြင့် ချန်ရှင်းက အသားငါး အနည်းငယ် စားလို့ရပြီဟု ဆိုသည်။
ကျောက်ဝမ်ယုံးက စားဖိုဆောင်ကို သူ့အတွက် အနံအရသာနှင့်ပြည့်စုံသည့် စားကောင်းသောက်ဖွယ်များကို အထူးတလည် ပြင်ဆင်ခိုင်းခဲ့သည်။
ကုထင်ရန်က မြင်တော့ အလွန်အမင်း
ပျော်ရွင်သွားလေသည်။ မျက်စိတစ်မှိတ်အတွင်းတွင် ဒုက္ခပင်လယ်ဝေနေသည့် သူ့သားတော်မောင်ကို လုံးဝ မေ့သွားခဲ့လေသည်။ စားလို့သောက်လို့ဝသွားတော့ ရုတ်တရက် ကုထင်ရန်က ကိစ္စတစ်ခုကို သတိရသွားသည်။
သူက ခေါင်းလှည့်၍ ကျောက်ဝမ်ယုံးကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။
"ကျွန်တော့် လက်မောင်းပေါ်က ကြာပွတ်ရာတွေက ဘယ်လိုဖြစ်တာလဲ"
ကျောက်ဝမ်ယုံး၏ အပြုံးမျက်နှာက အနည်းငယ် တောင့်တင်းသွားသော်ငြား
တမဟုတ်ချင်း ပုံမှန် မျက်နှာထား ပြန်ဖြစ်သွားလေသည်။
သူက ကုထင်ရန်ကို ကြည်ပြီး လေသံထဲဝယ် နောင်တတရားနှင့် ကိုယ့်ကိုယ်ကို အပြစ်တင်မှုများ တစွန်းတဆ ကပ်ပါနေသည်။
"ကိုယ့်အပြစ်ပါ၊ မင်းကို သေချာ မကာကွယ်နိုင်လို့"
ညနေတုန်းက သူ ချက်ချင်း သတင်းရခဲ့ပါသည်။ ကုထင်ရန်က သမားတော်ချန်အား မေးခဲ့သည့် စကားကို သိခဲ့သဖြင့် ပြင်ဆင်မှုများ လုပ်ထားခဲ့မှာ သဘာဝပင်။
"အရင်က ကိုယ် မင်းကို ရောင်စုံမီးပုံးတွေ ကြည့်ဖို့ ခေါ်သွားတုန်းက သတိမထားမိဘဲ လုပ်ကြံသူတွေနဲ့ တိုးခဲ့တယ်၊ မင်းကို အဲ့ဒီ လူယုတ်မာတွေက ဖမ်းခေါ်သွားတာ...အဲ့ဒါကြောင့်....."
သူ ဆုံးအောင် မပြောလိုက်ဘဲ စကားစဖြတ်လိုက်ပေမယ့် အင်မတန် သိသာပါသည်။
ထိုလုပ်ကြံသူများ လုပ်တာ ဖြစ်ပေသည်။ သူ့ အပြောက သမားတော်ချန်ပြောသည့် စကားနှင့် လုံးဝ ကွက်တိပင်။
သို့ပေမယ့် ယုတ္တိရှိလွန်းနေပြန်သည်။
ကုထင်ရန်သည် စိတ်ထဲမှာ အနည်းငယ် ထူးဆန်းနေသလို ခံစားမိလိုက်သည်။ ဘယ်နေရာက ထူးဆန်းနေလဲဆိုတာ သူမပြောတတ်ချေ။ သို့သော် မသက်မသာ ခံစားနေရသည်။
သူ နိုးလာသည့်အချိန်ကတည်းက အတိုင်းပင်။ လူများအားလုံးသည် သူနှင့်
ကျောက်ဝမ်ယုံးက အပြန်အလှန်ချစ်ကြပြီး တွဲလက်မဖြုတ်ကြသည့် ချစ်သူတွေဟု ပြောကြသည်။
သူ သိတဲ့ အချက်အလက်တွေကလည်း ၎င်း အမှန်တရားကို တစ်ခုပြီးတစ်ခု သက်သေပြနေလေသည်။
သို့ပေမယ့် ယုတ္တိရှိလွန်းလှသည်။ ထို့အပြင် အနည်းငယ် တမင်သက်သက်ဆန်သည်။
ဘယ်နေရာက ပြဿနာရှိလဲဆိုတာ သူမသိသဖြင့် အများကြီးလည်း မေးမနေတော့ချေ။ ခေါင်းငုံထားပြီး ကြည့်ရတာ သိပ်မပျော်သလိုပင်။
ကျောက်ဝမ်ယုံးက သူ့ကို ရင်ခွင်ထဲမှာ ဖက်ထားပြီး ကုထင်ရန်၏ နာဖူးကို ဖွဖွလေး နမ်းလိုက်သည်။
ကုထင်ရန်က ရုတ်ချည်း စိတ်ဓါတ်ကျနေသည့် ခံစားချက်ထဲကနေ တုံ့ပြန်လို့လာသည်။ စူးစူးရဲရဲဖြင့် သူ့ကို တစ်ချက် ကြည့်လိုက်လေသည်။
သူပုံစံလေးက အင်မတန် ချစ်စရာကောင်းလှသည်။
သို့သော် ကျောက်ဝမ်ယုံးက မရယ်လိုက်ချေ။
ကုထင်ရန်၏ မျက်နှာက အင်မတန် တည်တံ့နေကာ ဘာ မကောင်းသည့် အတိတ်ကို စဉ်းစားမိလိုက်လို့လဲ မသိချေ။
ကျောက်ဝမ်ယုံးက ကုထင်ရန်ကို ကြည့်ရင်း
အလေးအနက်ထား၍ ပြောလိုက်သည်။
"ကိုယ်နောက်ကျရင် မင်းကို သေချာ ကာကွယ်ပေးပါ့မယ်၊ မင်းကို လုံးဝ ဒုက္ခမခံခိုင်းတော့ဘူး"
နောက်တော့ ကုထင်ရန်သည် ဒီတစ်နေ့တာကို တောက်လျှောက် ပြန်တွေးနေခဲ့သည်။
ဒီတစ်နေ့တာရဲ့ အသေးစိတ်အကြောင်းအရာတိုင်းကို သူပြန်တွေးနေခဲ့သည်။
သူအကြာကြီး စဉ်းစားပြီးမှသာ နောက်ဆုံး အဖြေတစ်ခုကို ရရှိခဲ့သည်။
ကျောက်ဝမ်ယုံး၏ အကြည့်များက အလွန်အမင်း ပြင်းပြနေပေလို့၊ အလွန်အမင်း လေးနက်နေပေလို့သာ သူ့ကို အနှီ မိုက်တွင်းထဲ တဖန် ကျသွားစေခဲ့တာဖြစ်လောက်ပေမည်။
သို့ပေမယ့် ထိုအချိန်တွင် ဘာဆိုဘာမှ
မမှတ်မိသော ကုထင်ရန်သည် အနည်းငယ် တုံးတုံးအအဖြစ်မှုနှင့် ရင်တလှပ်လှပ်ဖြစ်နေမှုများကို ထွေးပိုက်ရင်း ကျောက်ဝမ်ယုံး၏ ချစ်စိတ်တတ်နေသော အကြည့်များနှင့် ပက်ပင်းတိုးမိလိုက်လေသည်။
သူ့နှလုံးသားက ရုတ်တရက် ခေတ္တ ရပ်တန့်သွားလေသည်။
ခေါင်းထဲဝယ် အနှီယောင်္ကျား၏ မျက်နှာနှင့် သူ့စကားတွေသာ ကျန်ရှိတော့သည်။
ထိုအချိန်၌ ကျောက်ဝမ်ယုံး ပြောတာတွေက တကယ်အမှန်ဖြစ်လောက်မည်ဟု သူတွေးမိလိုက်သည်။
သူတို့က အမှန်တကယ်ပဲ ချစ်ခဲ့ဖူးတာ ဖြစ်လောက်ပေမည်။
တကယ်ပဲ သူ့ဘက်က စချစ်ခဲ့တာဖြစ်လောက်ပေမည်။
ကုထင်ရန်သည် ကျောက်ဝမ်ယုံး၏ ကတိစကားအောက်ဝယ် တမင်သက်သက်ဆန်သော အမှတ်တရများနှင့် ကိုယ့်စိတ်ထဲက ထူးဆန်းသည့် ခံစားချက်ကိုပါ မေ့သွားခဲ့သည်။
လွန်ခဲ့သည့်နှစ်များတုန်းကအတိုင်း
အနှီယောင်္ကျားအတွက် ကိုယ့်ရဲ့ နှလုံးသားကို တဖန် ဖွင့်လိုက်ပြန်လေသည်။
အလွန်အမင်းသေးငယ်လွန်းသည့် အဟလေးသာ ဖြစ်ပေမယ့် ယောင်္ကျားတစ်ယောက် နေဖို့ လုံလောက်ပါသည်။
ကုထင်ရန်က ကျောက်ဝမ်ယုံးကို ကြည့်လို့နေသည်။ ထို့နောက် အနည်းငယ် ရှက်ရွံစွာဖြင့် ခေါင်းကို တစ်ဖက်လှည့်လိုက်လေသည်။
သူကပြောလိုက်၏။
"ကျွန်တော်သိပြီ"
သူက ပြောလိုက်သေး၏။
"အရှင့်ရဲ့ စကားကို မှတ်ထားရမယ်နော်"
တိုးလျသည့် အသံလေးနှင့် စိတ်မပါတပါလေသံလေးဟာ လွန်ခဲ့သည့် နှစ်များတုန်းက မီးရှုးမီးပန်းများပြည့်နှက်နေသည့် ညနှင့် မမျှော်လင့်ဘဲ ထပ်တူကျနေလေသည်။
ကျောက်ဝမ်ယုံး၏ နှလုံးသားထဲဝယ် ဧရာမ လှိုင်းလုံးကြီး ထလာလေသည်။ သူက
ကုထင်ရန်ကို ရင်ခွင်ထဲမှာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြီး လေသံထဲမှာတောင် အနည်းငယ် တုန်ယင်နေမှုများ ကပ်ပါနေလေသည်။
"အင်း.....သေချာပေါက် ကိုယ် မှတ်ထားပါ့မယ်"
"အွန်း"
ကုထင်ရန်၏ လေသံထဲဝယ် ကြည်နူးမှုများရှိနေသေးသယောင်။
ငယ်ငယ်တုန်းက တို့တတွေ လူကြီးများထံမှ ချီးကျူးမှုနှင့် အကြိုက်ဆုံးကစားစရာကို ရရှိခဲ့သလို ထိုကဲ့သို့ စိတ်ကျေနပ်ပျော်ရွင်မှုမျိုးဖြစ်နေပေမယ့် တည်ငြိမ်ချင်ယောင်ဆောင်ထားသည့် ပျော်ရွင်မှုမျိုးဖြစ်နေပြန်လေသည်။
အပိုင္း(၉) ၾကင္နာမႈေၾကာင့္ လႈပ္ခတ္တာလား ဒါမွမဟုတ္ ရင္ခုန္တာလား
ေက်ာက္ဝမ္ယုံး ေရာက္သည့္အခ်ိန္တြင္
ကုထင္ရန္က မည္းမည္းသည္းသည္း ေဆးတစ္ပန္းကန္ကို ၾကည့္ၿပီး လင္းတမိႈင္မိႈင္ေန ေလသည္။
ေဘးနားတြင္ ရပ္ေနသည့္ ဝမ္ကုန္းကုန္းက တရစပ္ ေဖ်ာင္းဖ်ေနေလသည္။
"သခင္ေလး ေသာက္လိုက္ပါ၊ သိပ္လည္း မခါးပါဘူး"
"တကယ္ပါ၊ တက်ိတ္တည္းေမာ့ေသာက္လိုက္ရင္ ဘာမွေတာင္ သိလိုက္မွာမဟုတ္ဘူး"
ကေလးကို ဂ်င္းထည့္ေနသည့္ လူႀကီးတစ္ ေယာက္ႏွင့္ လုံးဝ တူေနေလသည္။
ကုထင္ရန္က ၾကားေတာ့ မ်က္ႏွာထားပင္ ေျပာင္းလဲသြားသည္။
"မခါးဘူးဆို ခင္ဗ်ား ေသာက္လိုက္ေပါ့"
သူက စိတ္တိုၿပီး ႏႈတ္ခမ္းေတာင္ စူထားေလသည္။ ေက်ာက္ဝမ္ယုံးက သူ႕ပုံစံကို ျမင္ေတာ့ ရယ္မိသြားေလသည္။
သူက ေ႐ွ႕တတ္လာၿပီး စိတ္ညစ္ေနသည့္
ဝမ္ကုန္းကုန္းကို တစ္ခြန္းေမးလိုက္သည္။
"မနက္ကမွ ေသာက္ထားတာမဟုတ္လား၊ ဘယ္လိုလုပ္ထပ္ေသာက္ရျပန္တာလဲ"
သူ႕ စကားက ကုထင္ရန္ ရင္ထဲက ေမးခြန္းကို ေမးမိလိုက္သည္ဟု မွတ္ယူႏိုင္သည္။
ကုထင္ရန္လည္း အႏွီလူအား ပယ္ထား
ၾကဥ္ထားသည္ကို ဂ႐ုစိုက္မေနေတာ့ဘဲ
ေက်ာက္ဝမ္ယုံး၏ လက္ေမာင္းကို ခ်က္ခ်င္း ဆြဲလိုက္ကာ သူ႕ကိုယ္ေနာက္သို႔ မသိမသာေ႐ြ႕လိုက္ၿပီး ေခါင္းတစ္လုံးသာဆန္႔ထုတ္ထားေလသည္။
ပါးစပ္ကေန တတြတ္တြတ္႐ြတ္ေနေသးသည္။
"ဟုတ္တယ္၊ ဟုတ္တယ္"
ေက်ာက္ဝမ္ယုံး၏ အျပဳံးက ပို၍ နက္႐ိႈင္းသြားခဲ့သည္။
ဝမ္ကုန္းကုန္းလည္း မတတ္ႏိုင္ေတာ့သျဖင့္ အ႐ွင္မင္းႀကီးကို လႊတ္ခနဲေျပာမိလိုက္ ေတာ့သည္။
"ဒီေဆးက သမားေတာ္ခ်န္ အသစ္ စပ္ေပးထားတာ၊ မနက္တစ္ႀကိမ္ ညတစ္ႀကိမ္ထမင္းမစားခင္ေသာက္ရမယ္တဲ့"
သူလည္း မတတ္ႏိုင္ေတာ့ေခ်။ သူတို႔က သခင္ေလး ေဆးေကာင္းေကာင္း ေသာက္တာကို ေစာင့္ၾကည့္ရမည္ဟု အ႐ွင္မင္းႀကီးက မိန္႔ထားခဲ့သည္။ အဆုံးမွာေတာ့ သူတို႔ကို ဗီလိန္လုပ္ခိုင္းထားၿပီး ဧကရာဇ္အ႐ွင္ကလည္း သခင္ေလးရဲ႕ အေ႐ွ႕မွာ ေဈးဆစ္ဖို႔သာ တတ္ေလသည္။
သို႔ေပမယ့္ သူတို႔က အေစခံေတြဆိုေတာ့
ဘာဆိုဘာမွလည္း မေျပာႏိုင္ေခ်။
က်ိဳးက်ိဳးႏြံႏြံျဖင့္ ခံေနလိုက္ရသည္။
"ဟင္း....
ဘဝက အင္မတန္ ခက္ခဲလွပါသည္။
ေက်ာက္ဝမ္ယုံးက ၾကားေတာ့ အေနာက္က ကုထင္ရန္ကို လွမ္းဆြဲ၍ ရင္ခြင္ထဲမွာ ဖမ္းခ်ဳပ္ထားလိုက္ေလသည္။
"မင္းၾကည့္၊ သမားေတာ္ေျပာတာတဲ့"
ေျပာရင္း ထိုေဆးကို ကုထင္ရန္၏ ပါးစပ္နားထိ ယူလာေပးေလသည္။
"ကိုယ္တို႔ ေသာက္လိုက္ရေအာင္၊ ေသာက္ၿပီးရင္ ကိုယ္မင္းကို အျပင္ေခၚသြားမယ္၊ မင္း အျပင္ထြက္ခ်င္ေနတယ္မဟုတ္လား၊ မင္းေသာက္ရင္ ကိုယ္မင္းကို ေလွ်ာက္လည္ဖို႔ နန္းျပင္ေခၚသြားမယ္"
ကုထင္ရန္သည္ ဒီရက္ပိုင္းမွာ က်န္းမာေရး ေကာင္းလာသျဖင့္ အၿမဲတမ္း အျပင္ထြက္ဖို႔ ပူဆာေနေလသည္။ ဤမုခ်န္နန္းေဆာင္က လူမ်ားကို ေက်ာက္ဝမ္ယုံးက ပါးစပ္ပိတ္ခိုင္းထားလို႔ရသည္။ မည္သို႔ပင္ဆိုေစကာမူ အစကတည္းကလည္း ဂဂနန မသိၾကေခ်။
သို႔ေပမယ့္ အျပင္ကလူေတြက ကုထင္ရန္ကို ေပါက္ကရေလးဆယ္ေျပာလိုက္ရင္ ျပႆနာတတ္ၿပီျဖစ္သည္။
အကယ္၍ သတိမထားမိဘဲ ဓါတ္သိ လူႏွစ္ေယာက္ေလာက္နဲ႔ ထပ္တိုးမိၿပီး
ကုထင္ရန္ကို နားဝင္ခ်ိဳစကားမ်ားျဖင့္ သိမ္းသြင္းလိုက္ရင္ ပို၍ပင္ ထိန္းရသိမ္းရခက္သြားေပမည္။
ထို႔ေၾကာင့္ သူ တစ္ေလွ်ာက္လုံး ေဝ့လည္ေၾကာင္ပတ္လုပ္ရင္း က်န္းမာေရး မေကာင္းေသးလို႔၊ က်န္းမာေရးေကာင္းမွ အျပင္ေခၚသြားမည္ဟု သူ႕ကို အေၾကာင္းျပထားသည္။
ကုထင္ရန္ကေတာ့ သတိမထားမိေခ်။
ႏႈတ္ခမ္းစူထားေသာ္ျငား အဆုံးမွာေတာ့ သေဘာတူခဲ့သည္။
သို႔ေပမယ့္ အခု ႐ွင္းထုတ္ၿပီးသေလာက္ ျဖစ္ေနၿပီျဖစ္သျဖင့္ ကုထင္ရန္ အျပင္ထြက္ရင္ေတာင္ သူေျပာထားတာႏွင့္ သိပ္မကြာသည့္ သတင္းေတြကိုသာ ၾကားရမည္ျဖစ္သည္။
ေက်ာက္ဝမ္ယုံး၏ ျဖားေယာင္းေသြးေဆာင္မႈကို ကုထင္ရန္က ၾကားေတာ့ မ်က္လုံးေတာင္ တလက္လက္ အေရာင္ေတာက္သြားေလသည္။
ကုထင္ရန္က အမဲေရာင္ေတာက္ေနသည့္ ထိုေဆးကို တစ္ခ်က္ထပ္ၾကည့္ၿပီးေနာက္ အံႀကိတ္၍ ေျပာလိုက္သည္။
"တကယ္ေနာ္"
ေက်ာက္ဝမ္ယုံးက အျပဳံးမ်က္ႏွာျဖင့္
"ဒါေပါ့"
ကုထင္ရန္က ထိုေဆးကို တစ္က်ိတ္တည္း ေျပာင္သလင္းခါေအာင္ ေသာက္လိုက္ေလသည္။ခါးသြားသျဖင့္ မ်က္ႏွာက ႐ႈဲ႕မဲ့ေနခ်ိန္တြင္ ႐ုတ္တရက္ ပါးစပ္ထဲသို႔ ခပ္႐ြ႐ြ သၾကားလုံးတစ္လုံး ခြံေကြၽးခံလိုက္ရေလသည္။
႐ြ႐ြေလးႏွင့္ အင္မတန္ စားလို႔ေကာင္းသည္။
ေက်ာက္ဝမ္ယုံးက သူ႕နားနားမွာ တိုးတိုးညႇင္းညႇင္းေလးေျပာလိုက္သည္။
"စားေကာင္းလား"
အက္ကြဲေနသည့္ ခပ္အုပ္အုပ္အသံက နားထဲသို႔ အဆက္မျပတ္ဝင္လာေလသည္။ ေလထုထဲဝယ္ အလကားေနရင္း ေႏြးေထြးသည့္ အေရာင္အေသြးမ်ား စြန္းထင္သြားေလသည္။
ကုထင္ရန္၏ နား႐ြက္ေလးေတြက ႐ုတ္ခ်ည္း နီျမန္းသြားေလသည္။
"အ...အ႐ွင့္ အပူလား"
သူက ေက်ာက္ဝမ္ယုံးကို တစ္ခ်က္တြန္းထုတ္လိုက္ၿပီး လွည့္ေျပးရန္ ျပင္လိုက္သည္။
ေအာက္ေတာင္ မေရာက္ေသးေခ်။
ေက်ာက္ဝမ္ယုံးက တစ္ခ်က္ ျပန္လွမ္းဆြဲလိုက္ေလသည္။ သူ႕ ခြန္အားက
ေက်ာက္ဝမ္ယုံးကို အမွန္ပင္ မယွဥ္ႏိုင္။ ႏွစ္ခ်က္ေလာက္ ႐ုန္းကုန္ၿပီးေနာက္ လက္ေလ်ာ့လိုက္ရေလသည္။
ေက်ာက္ဝမ္ယုံး၏ မ်က္ႏွာက ကုထင္ရန္၏ ပါးျပင္မွာ ကပ္ထားေလသည္။ ကိုယ့္ ႏွလုံးသားက တဒုတ္ဒုတ္ႏွင့္ ပရမ္းပတာ ခုန္ေနသည္ကို ကုထင္ရန္က ၾကားေနရသည္။
ေဒါသေၾကာင့္ျဖစ္ေလာက္မည္ဟု သူေတြးလိုက္ေလသည္။
ေက်ာက္ဝမ္ယုံးက သူ႕ကို အႀကိမ္ေရခ်ိဳ႕ေလာက္ ပြတ္သတ္ေနေလသည္။
ကုထင္ရန္၏ ေခါင္းထဲဝယ္ ဒီေန႔ စာအုပ္ထဲမွာ ေတြ႕ခဲ့ရသည့္ ဖက္လဲတကင္းေနျခင္း စကားလုံးက ျဖတ္ခနဲ တစ္ခ်က္ ေပၚလာသည္။
ေဘးပတ္ပတ္လည္ကို သူ တစ္ခ်က္ အကဲခတ္လိုက္ေတာ့ တစ္ေယာက္မွ မ႐ွိေတာ့ေခ်။
ဟုတ္လည္းဟုတ္ပါသည္။
ေက်ာက္ဝမ္ယုံး၏ အေနအထားကို ျမင္ေတာ့ နန္းေဆာင္ အျပည့္ အေစခံေတြက ဝမ္ကုန္းကုန္း၏ အရိပ္ျပမႈေအာက္ဝယ္ တစ္ေယာက္မွ မက်န္ ထြက္သြားခဲ့ေလသည္။
ကုထင္ရန္၏ စိတ္ထဲတြင္ အခု သူတို႔ႏွစ္ေယာက္ပဲက်န္ခဲ့သျဖင့္ ေက်ာက္ဝမ္ယုံးက လင္းလင္းက်င္းက်င္းအခ်ိန္ႀကီးမွာ ကာမဂုဏ္လိုက္စားဖို႔ ၾကံေနတာျဖစ္ေလာက္မည္ဟု ေတြးေနေလသည္။
မျဖစ္ဘူး! လုံးဝ မျဖစ္ဘူး!
သို႔ေပမယ့္ ေက်ာက္ဝမ္ယုံးက ႏြားတစ္ေကာင္ပမာ အားႀကီးသျဖင့္ သူ႕ကို အလဲမထိုးႏိုင္သလို ခြန္အားျဖင့္ တစ္ခ်ီတည္းနဲ႔ အႏိုင္ရဖို႔ဆိုတာ လုံးဝ မျဖစ္ႏိုင္။ ပညာသားပါေသာ နည္းလမ္းေကာင္းတစ္ခုကို သူ စဥ္းစားရေပမည္။
တစ္ဖက္မွာ သူက ကိုယ့္ကိုယ္ကို ကယ္တင္မည့္ နည္းလမ္းကို ဦးေႏွာက္ေျခာက္မတတ္ စဥ္းစားေနခဲ့ၿပီး တျခားတစ္ဖက္မွာေတာ့ ေက်ာက္ဝမ္ယုံး၏ လက္က သူ႕ခါးေပၚမွာေတာင္ထားလိုက္ေလၿပီ။ သြားၿပီ! သူ႕လက္က တိုးဝင္သြားေလၿပီ!
ဒီေလာက္ ပိန္ကပ္ေနတာ ဘာကို ပြတ္ေနတာလဲ!
ထိမိ႐ုံႏွင့္ မီးပြင့္မတတ္ျဖစ္ေနသည့္ အေျခအေနတြင္ ႐ုတ္တရက္ ကုထင္ရန္က ျဖတ္ထိုးဉာဏ္႐ြင္လာေလသည္။
ဂနာမၿငိမ္သည့္ ေက်ာက္ဝမ္ယုံး၏ လက္ကို တစ္ခ်က္ ဖမ္းကိုင္လိုက္ၿပီး ေတာက္ပသည့္ မ်က္ဝန္းအစုံျဖင့္ သူ႕ကို ၾကည့္ေနေလသည္။
႐ုတ္တရက္ တစ္ခြန္းေမးလိုက္သည္။
"အ႐ွင္ ဗိုက္ဆာေနၿပီလား"
ထိုေလသံက အင္မတန္ အေလးအနက္႐ွိလွသလို အၾကည့္ေတြေတာင္ အမွန္အကန္ျဖစ္ေနေလသည္။
ေက်ာက္ဝမ္ယုံးသည္ အစကတည္းက သူ႕ကို စေနတာျဖစ္သည္။ ကုထင္ရန္က အခုမွ သတိရလာသျဖင့္ ခႏၶာကိုယ္က မဟန္ေသးေခ်။ အခုရက္ပိုင္း လုံးဝ စိတ္လိုက္မာန္ပါ ျပဳမႈလို႔မရဘူးဟု သမားေတာ္ခ်န္က သူ႕ကို သတိေပးထားၿပီးသားျဖစ္သည္။
ကုထင္ရန္ ေသြးအန္သည့္ ထိုေန႔ေနာက္ပိုင္း ကတည္းက သမားေတာ္ခ်န္၏ စကားမ်ားကို ေက်ာက္ဝမ္ယုံးက အၿမဲတမ္း အမွားအယြင္းကင္းေသာ ဝါဒတရားအျဖစ္ လက္ခံထားခဲ့သည္။
ကုထင္ရန္၏ ႐ုတ္တရက္ အေလးအနက္ထားသည့္ ပုံစံက မထင္မွတ္ဘဲ
ေက်ာက္ဝမ္ယုံးကို တမဟုတ္ခ်ည္း ၾကက္ေသေသသြားေစသည္။
ခဏအၾကာတြင္ ေက်ာက္ဝမ္ယုံးက ႐ုတ္တရက္ အူလိႈက္သည္းလိႈက္ ရယ္ေလေတာ့သည္။
က်ယ္ျပန္႔သည့္ နန္းေဆာင္ထဲဝယ္ အူလိႈက္သည္းလိႈက္ ရယ္ေနသည့္ သူ႕ရယ္သံသာ႐ွိသည္။
စစခ်င္း ကုထင္ရန္က ဘာမွ မတုံ႔ျပန္ေသးေခ်။ သူ အၾကာႀကီး ရယ္ေနေတာ့မွသာ
ကုထင္ရန္က အနည္းငယ္ ကသိကေအာက္ျဖစ္လာသည္။
သူက ေက်ာက္ဝမ္ယုံး၏ လက္ေမာင္းကို တြန္းထုတ္လိုက္ၿပီး
"အ႐ွင္ ဘာရယ္တာလဲ"
ေက်ာက္ဝမ္ယုံးက အူျမဴးေနသည့္ ပုံစံျဖစ္ေနဆဲပင္။ ရယ္တာ ပါးစပ္ေတာင္ မစိႏိုင္ေခ်။
မ်ိဳသိပ္ဖို႔ အခ်ိန္အၾကာႀကီး သူ ႀကိဳးစားလိုက္ရသည္။ ေနာက္ဆုံးမွာ တည္ၿငိမ္သည့္ ပုံစံ ျပန္ျဖစ္သြားေပမယ့္ ႏႈတ္ခမ္းေထာင့္စြန္းမွာေတာ့ အျပဳံးကို ခ်ိတ္ဆြဲထားေသးသည္။
"ဘာမွမဟုတ္ပါဘူး၊ ကိုယ္ဗိုက္ဆာေနလို႔ပါ၊ မင္းေမးတာၾကားေတာ့ ကိုယ္ေပ်ာ္သြားတာ"
ေျပာရင္း သူ ထပ္ရယ္ျပန္ေလသည္။
ကုထင္ရန္ စိတ္တိုလာသျဖင့္ သူ႕ ပါးစပ္ကို လွမ္းပိတ္လိုက္သည္။
"အ႐ွင္ မရယ္နဲ႔ေတာ့!"
ေက်ာက္ဝမ္ယုံးက သူ႕လက္ကို ညင္သာယုယစြာ ပြတ္သတ္လိုက္ၿပီး ကိုယ့္ရဲ႕ လက္ဖဝါးထဲ ထည့္ထားလိုက္ေလသည္။
"ဟုတ္ပါၿပီ"
ေလသံထဲမွာ ခ်စ္ျမတ္ႏိုးမႈမ်ားအတိ။
ေက်ာက္ဝမ္ယုံးက အျပင္ဘက္မွာ ေစာင့္ေနသည့္ လူမ်ားကို တစ္ခြန္းေျပာလိုက္သည္။
အေစခံမ်ားက စားေကာင္းေသာက္ဖြယ္မ်ားကို ေ႐ွ႕ဆင့္ေနာက္ဆင့္ သယ္လာၾကေလသည္။ ကုထင္ရန္က ျမင္ေတာ့ မ်က္လုံးထဲဝယ္ ေတာက္ပမႈမ်ား ႐ုတ္ခ်ည္းေပၚလာသည္။ မစားခင္တြင္ တစ္စုံတစ္ခုကို သတိရသြားေလသည္။
"႐ွီးအာေလးေရာ"
ေက်ာက္႐ွန္႔႐ွီးက သူ႕ေဖေဖ ကုထင္ရန္ကို အင္မတန္ ခ်စ္သျဖင့္ ေန႔တိုင္း တြယ္ကပ္ေနေလသည္။ အႀကိမ္တိုင္းလိုလို
ေက်ာက္ဝမ္ယုံးသည္ ထိုေကာင္စုတ္ေလးေၾကာင့္ ေသမတတ္ ေဒါသထြက္ရသည္။ သူတို႔ႏွစ္ေယာက္က လုံးဝ ပလစ္ထားတာေတာင္ ေဝးေဝးထြက္သြားဖို႔ အသိမ႐ွိေခ်။
ဒီေန႔မွာေတာ့ ထူးဆန္းေနသည္။ ေန႔လည္ကတည္းက မေတြ႕သလို အခုထိလည္း အရိပ္အေယာင္ေတာင္မျမင္ရ။
ထိုေကာင္စုတ္ေလးက သူေ႐ွ႕မွာတစ္မ်ိဳးကြယ္ရာမွာတစ္မ်ိဳး လုပ္တတ္သည္ကို ေက်ာက္ဝမ္ယုံးက ေသေသခ်ာခ်ာ သိပါသည္။
ဒီေန႔ညေနတြင္ တမင္တကာ သူက အေစခံေတြအား အေသးေလးကို က်ဴးေကာယြီေ႐ွ႕ေမွာက္သို႔ ဆြဲေခၚလာခိုင္းခဲ့သည္။
လူႀကီးမင္း က်ဴးေကာယြီကို ၾကပ္ၾကပ္မတ္မတ္ေလး သင္ၾကားေပးဖို႔ သူက ေသခ်ာ အမိန္႔ေပးခဲ့ေသးသည္။
အႏွီေကာင္ေလးက အခု စာကူးေရးၿပီး စာလုံးေလ့က်င္ေနတာ ျဖစ္ေလာက္ေပမည္။
သူ ဒီလိုလုပ္တာက ေက်ာက္႐ွန္႔႐ွီး၏ ပညာေရးအတြက္လား ဒါမွမဟုတ္ သူတို႔ႏွစ္ေယာက္ရဲ႕ အခ်ိန္ကို မေႏွာက္ယွက္ေစခ်င္လို႔လား ဆိုတာကေတာ့ ၾကင္နာစိတ္႐ွိသူမ်ားက ဂ႐ုဏာတရားနဲ႔ သုံးသပ္ၿပီး ဉာဏ္ထက္ျမက္သူမ်ားက ဉာဏ္မ်က္စိျဖင့္သုံးသပ္ၾကဖို႔သာျဖစ္သည္။
တရားခံျဖစ္သူ ေက်ာက္ဝမ္ယုံးကေတာ့အတည္ေပါက္ျဖင့္ ကုထင္ရန္ကို ေျပာလိုက္သည္။
"ဒီေန႔ ဆရာက သူ႕ကို ေနခဲ့တဲ့၊ အရင္က သင္ခန္းစာေတြ ကူးရမယ္လို႔ေျပာတယ္"
ေက်ာက္ဝမ္ယုံးက သမာသမတ္က်စြာေျပာသျဖင့္ ကုထင္ရန္လည္း ထူးဆန္းသည္ဟု
တစက္မွ မထင္မိေခ်။
ကုထင္ရန္၏ က်န္းမာေရးက အနည္းငယ္ ေကာင္းမြန္လာသျဖင့္ ခ်န္႐ွင္းက အသားငါး အနည္းငယ္ စားလို႔ရၿပီဟု ဆိုသည္။
ေက်ာက္ဝမ္ယုံးက စားဖိုေဆာင္ကို သူ႕အတြက္ အနံအရသာႏွင့္ျပည့္စုံသည့္ စားေကာင္းေသာက္ဖြယ္မ်ားကို အထူးတလည္ ျပင္ဆင္ခိုင္းခဲ့သည္။
ကုထင္ရန္က ျမင္ေတာ့ အလြန္အမင္း
ေပ်ာ္႐ြင္သြားေလသည္။ မ်က္စိတစ္မွိတ္အတြင္းတြင္ ဒုကၡပင္လယ္ေဝေနသည့္ သူ႕သားေတာ္ေမာင္ကို လုံးဝ ေမ့သြားခဲ့ေလသည္။ စားလို႔ေသာက္လို႔ဝသြားေတာ့ ႐ုတ္တရက္ ကုထင္ရန္က ကိစၥတစ္ခုကို သတိရသြားသည္။
သူက ေခါင္းလွည့္၍ ေက်ာက္ဝမ္ယုံးကို တစ္ခ်က္ၾကည့္ၿပီး ေမးလိုက္သည္။
"ကြၽန္ေတာ့္ လက္ေမာင္းေပၚက ၾကာပြတ္ရာေတြက ဘယ္လိုျဖစ္တာလဲ"
ေက်ာက္ဝမ္ယုံး၏ အျပဳံးမ်က္ႏွာက အနည္းငယ္ ေတာင့္တင္းသြားေသာ္ျငား
တမဟုတ္ခ်င္း ပုံမွန္ မ်က္ႏွာထား ျပန္ျဖစ္သြားေလသည္။
သူက ကုထင္ရန္ကို ၾကည္ၿပီး ေလသံထဲဝယ္ ေနာင္တတရားႏွင့္ ကိုယ့္ကိုယ္ကို အျပစ္တင္မႈမ်ား တစြန္းတဆ ကပ္ပါေနသည္။
"ကိုယ့္အျပစ္ပါ၊ မင္းကို ေသခ်ာ မကာကြယ္ႏိုင္လို႔"
ညေနတုန္းက သူ ခ်က္ခ်င္း သတင္းရခဲ့ပါသည္။ ကုထင္ရန္က သမားေတာ္ခ်န္အား ေမးခဲ့သည့္ စကားကို သိခဲ့သျဖင့္ ျပင္ဆင္မႈမ်ား လုပ္ထားခဲ့မွာ သဘာဝပင္။
"အရင္က ကိုယ္ မင္းကို ေရာင္စုံမီးပုံးေတြ ၾကည့္ဖို႔ ေခၚသြားတုန္းက သတိမထားမိဘဲ လုပ္ၾကံသူေတြနဲ႔ တိုးခဲ့တယ္၊ မင္းကို အဲ့ဒီ လူယုတ္မာေတြက ဖမ္းေခၚသြားတာ...အဲ့ဒါေၾကာင့္....."
သူ ဆုံးေအာင္ မေျပာလိုက္ဘဲ စကားစျဖတ္လိုက္ေပမယ့္ အင္မတန္ သိသာပါသည္။
ထိုလုပ္ၾကံသူမ်ား လုပ္တာ ျဖစ္ေပသည္။ သူ႕ အေျပာက သမားေတာ္ခ်န္ေျပာသည့္ စကားႏွင့္ လုံးဝ ကြက္တိပင္။
သို႔ေပမယ့္ ယုတၱိ႐ွိလြန္းေနျပန္သည္။
ကုထင္ရန္သည္ စိတ္ထဲမွာ အနည္းငယ္ ထူးဆန္းေနသလို ခံစားမိလိုက္သည္။ ဘယ္ေနရာက ထူးဆန္းေနလဲဆိုတာ သူမေျပာတတ္ေခ်။ သို႔ေသာ္ မသက္မသာ ခံစားေနရသည္။
သူ ႏိုးလာသည့္အခ်ိန္ကတည္းက အတိုင္းပင္။ လူမ်ားအားလုံးသည္ သူႏွင့္
ေက်ာက္ဝမ္ယုံးက အျပန္အလွန္ခ်စ္ၾကၿပီး တြဲလက္မျဖဳတ္ၾကသည့္ ခ်စ္သူေတြဟု ေျပာၾကသည္။
သူ သိတဲ့ အခ်က္အလက္ေတြကလည္း ၎ အမွန္တရားကို တစ္ခုၿပီးတစ္ခု သက္ေသျပေနေလသည္။
သို႔ေပမယ့္ ယုတၱိ႐ွိလြန္းလွသည္။ ထို႔အျပင္ အနည္းငယ္ တမင္သက္သက္ဆန္သည္။
ဘယ္ေနရာက ျပႆနာ႐ွိလဲဆိုတာ သူမသိသျဖင့္ အမ်ားႀကီးလည္း ေမးမေနေတာ့ေခ်။ ေခါင္းငုံထားၿပီး ၾကည့္ရတာ သိပ္မေပ်ာ္သလိုပင္။
ေက်ာက္ဝမ္ယုံးက သူ႕ကို ရင္ခြင္ထဲမွာ ဖက္ထားၿပီး ကုထင္ရန္၏ နာဖူးကို ဖြဖြေလး နမ္းလိုက္သည္။
ကုထင္ရန္က ႐ုတ္ခ်ည္း စိတ္ဓါတ္က်ေနသည့္ ခံစားခ်က္ထဲကေန တုံ႔ျပန္လို႔လာသည္။ စူးစူးရဲရဲျဖင့္ သူ႕ကို တစ္ခ်က္ ၾကည့္လိုက္ေလသည္။
သူပုံစံေလးက အင္မတန္ ခ်စ္စရာေကာင္းလွသည္။
သို႔ေသာ္ ေက်ာက္ဝမ္ယုံးက မရယ္လိုက္ေခ်။
ကုထင္ရန္၏ မ်က္ႏွာက အင္မတန္ တည္တံ့ေနကာ ဘာ မေကာင္းသည့္ အတိတ္ကို စဥ္းစားမိလိုက္လို႔လဲ မသိေခ်။
ေက်ာက္ဝမ္ယုံးက ကုထင္ရန္ကို ၾကည့္ရင္း
အေလးအနက္ထား၍ ေျပာလိုက္သည္။
"ကိုယ္ေနာက္က်ရင္ မင္းကို ေသခ်ာ ကာကြယ္ေပးပါ့မယ္၊ မင္းကို လုံးဝ ဒုကၡမခံခိုင္းေတာ့ဘူး"
ေနာက္ေတာ့ ကုထင္ရန္သည္ ဒီတစ္ေန႔တာကို ေတာက္ေလွ်ာက္ ျပန္ေတြးေနခဲ့သည္။ ဒီတစ္ေန႔တာရဲ႕ အေသးစိတ္အေၾကာင္းအရာတိုင္းကို သူျပန္ေတြးေနခဲ့သည္။
သူအၾကာႀကီး စဥ္းစားၿပီးမွသာ ေနာက္ဆုံး အေျဖတစ္ခုကို ရ႐ွိခဲ့သည္။
ေက်ာက္ဝမ္ယုံး၏ အၾကည့္မ်ားက အလြန္အမင္း ျပင္းျပေနေပလို႔၊ အလြန္အမင္း ေလးနက္ေနေပလို႔သာ သူ႕ကို အႏွီ မိုက္တြင္းထဲ တဖန္ က်သြားေစခဲ့တာျဖစ္ေလာက္ေပမည္။
သို႔ေပမယ့္ ထိုအခ်ိန္တြင္ ဘာဆိုဘာမွ
မမွတ္မိေသာ ကုထင္ရန္သည္ အနည္းငယ္ တုံးတုံးအအျဖစ္မႈႏွင့္ ရင္တလွပ္လွပ္ျဖစ္ေနမႈမ်ားကို ေထြးပိုက္ရင္း ေက်ာက္ဝမ္ယုံး၏ ခ်စ္စိတ္တတ္ေနေသာ အၾကည့္မ်ားႏွင့္ ပက္ပင္းတိုးမိလိုက္ေလသည္။
သူ႕ႏွလုံးသားက ႐ုတ္တရက္ ေခတၱ ရပ္တန္႔သြားေလသည္။
ေခါင္းထဲဝယ္ အႏွီေယာက်ၤား၏ မ်က္ႏွာႏွင့္ သူ႕စကားေတြသာ က်န္႐ွိေတာ့သည္။
ထိုအခ်ိန္၌ ေက်ာက္ဝမ္ယုံး ေျပာတာေတြက တကယ္အမွန္ျဖစ္ေလာက္မည္ဟု သူေတြးမိလိုက္သည္။
သူတို႔က အမွန္တကယ္ပဲ ခ်စ္ခဲ့ဖူးတာ ျဖစ္ေလာက္ေပမည္။
တကယ္ပဲ သူ႕ဘက္က စခ်စ္ခဲ့တာျဖစ္ေလာက္ေပမည္။
ကုထင္ရန္သည္ ေက်ာက္ဝမ္ယုံး၏ ကတိစကားေအာက္ဝယ္ တမင္သက္သက္ဆန္ေသာ အမွတ္တရမ်ားႏွင့္ ကိုယ့္စိတ္ထဲက ထူးဆန္းသည့္ ခံစားခ်က္ကိုပါ ေမ့သြားခဲ့သည္။
လြန္ခဲ့သည့္ႏွစ္မ်ားတုန္းကအတိုင္း
အႏွီေယာက်ၤားအတြက္ ကိုယ့္ရဲ႕ ႏွလုံးသားကို တဖန္ ဖြင့္လိုက္ျပန္ေလသည္။
အလြန္အမင္းေသးငယ္လြန္းသည့္ အဟေလးသာ ျဖစ္ေပမယ့္ ေယာက်ၤားတစ္ေယာက္ ေနဖို႔ လုံေလာက္ပါသည္။
ကုထင္ရန္က ေက်ာက္ဝမ္ယုံးကို ၾကည့္လို႔ေနသည္။ ထို႔ေနာက္ အနည္းငယ္ ႐ွက္႐ြံစြာျဖင့္ ေခါင္းကို တစ္ဖက္လွည့္လိုက္ေလသည္။
သူကေျပာလိုက္၏။
"ကြၽန္ေတာ္သိၿပီ"
သူက ေျပာလိုက္ေသး၏။
"အ႐ွင့္ရဲ႕ စကားကို မွတ္ထားရမယ္ေနာ္"
တိုးလ်သည့္ အသံေလးႏွင့္ စိတ္မပါတပါေလသံေလးဟာ လြန္ခဲ့သည့္ ႏွစ္မ်ားတုန္းက မီး႐ႈးမီးပန္းမ်ားျပည့္ႏွက္ေနသည့္ ညႏွင့္ မေမွ်ာ္လင့္ဘဲ ထပ္တူက်ေနေလသည္။
ေက်ာက္ဝမ္ယုံး၏ ႏွလုံးသားထဲဝယ္ ဧရာမ လိႈင္းလုံးႀကီး ထလာေလသည္။ သူက
ကုထင္ရန္ကို ရင္ခြင္ထဲမွာ တင္းတင္းၾကပ္ၾကပ္ ေပြ႕ဖက္လိုက္ၿပီး ေလသံထဲမွာေတာင္ အနည္းငယ္ တုန္ယင္ေနမႈမ်ား ကပ္ပါေနေလသည္။
"အင္း.....ေသခ်ာေပါက္ ကိုယ္ မွတ္ထားပါ့မယ္"
"အြန္း"
ကုထင္ရန္၏ ေလသံထဲဝယ္ ၾကည္ႏူးမႈမ်ား႐ွိေနေသးသေယာင္။
ငယ္ငယ္တုန္းက တို႔တေတြ လူႀကီးမ်ားထံမွ ခ်ီးက်ဴးမႈႏွင့္ အႀကိဳက္ဆုံးကစားစရာကို ရ႐ွိခဲ့သလို ထိုကဲ့သို႔ စိတ္ေက်နပ္ေပ်ာ္႐ြင္မႈမ်ိဳးျဖစ္ေနေပမယ့္ တည္ၿငိမ္ခ်င္ေယာင္ေဆာင္ထားသည့္ ေပ်ာ္႐ြင္မႈမ်ိဳးျဖစ္ေနျပန္ေလသည္။