အခန်း ( ၄၁ ) ဘိုးဘေးနဂါးသိုက်၏ မျှော်လင့်ချက် လုံအိုထျန်း၊ ရဲ့ရှင်းယွင်၏ ရည်ရွယ်ချက်
ကျွင်းရှောင်ယောက်၏ ဆယ်နှစ်ပြည့်မွေးနေ့ပွဲဟာ စိတ်လှုပ်ရှားစရာ၊ တုန်လှုပ်ချောက်ချားစရာ အတက်အကျ အခြေအနေများနှင့် ပြီးဆုံးသွားခဲ့သည်။
ကျွင်းမိသားစုမှ ပြန်လည်ထွက်ခွာလာခဲ့သည်အထိ အင်အားစုအသီးသီးမှ အကြီးအကဲများ၊ လူငယ် ပါရမီရှင်များ၏ တုန်လှုပ်ချောက်ချားနေသော မျက်နှာအမူအရာများဟာ မပျောက်ကွယ်သေးပါချေ။
ဤတစ်ခေါက် ကျွင်းမိသားစု၌ မြင်တွေ့ခဲ့ရသည်များဟာ သူတို့ကို အလွန်တုန်လှုပ်သွားစေသည်။
အထူးသဖြင့် ကျွင်းမိသားစုမှ နတ်ဘုရားသားတော်ပင် ဖြစ်သည်။ သူက ငယ်ရွယ်သေးသည့်တိုင် ဧကရာဇ်ငယ်များကဲ့သို့ ဖြုံလောက်စရာ အရှိန်အဝါများကို ပိုင်ဆိုင်ထားသေး၏။
ရဲ့မိသားစုမှ ကြယ်ဘုရင်ခန္ဓာကိုယ်နှင့် ရဲ့ရှင်းယွင်ဖြစ်စေ၊ ဘိုးဘေးနဂါးသိုက်မှ မင်းသားလုံဟောက်ထျန်းပင်ဖြစ်စေ၊ မည်သူမျှ ကျွင်းရှောင်ယောက်ကို ရင်မဆိုင်နိုင်ဘဲ သူအလိုရှိတိုင်း ဖိနှိပ်ဖျက်ဆီးလို့ရသည့် တည်ပျော့သီးတစ်လုံးကဲ့သို့ပင် ဖြစ်သည်။
ကျွင်းမိသားစုမှ နတ်ဘုရားသားတော်နှင့် မိမိကိုယ်ကိုယ် နှိုင်းယှဉ်ကြည့်မိသောအခါ ပါရမီရှင် လူငယ်လေးများဟာ သက်ပြင်းချရုံမှတပါး အခြားဘာမှ မတတ်နိုင်တော့ပေ။
ကျွင်းရှောင်ယောက်က ရှေးဟောင်းမြင့်မြတ်ခန္ဓာအပြင် အနှိုင်းမဲ့အရိုးကိုလည်း ပိုင်ဆိုင်ထားသေး၏။ သူက အမှန်တကယ် ဧကရာဇ်ဖြစ်ဖို့ မွေးဖွားလာသောသူပင် ဖြစ်တော့သည်။
ကျွင်းရှောင်ယောက်၏ တည်ရှိမှုကြောင့် ဤကမ္ဘာပေါ်တွင် တခြားပါရမီရှင်များအတွက် နေရာမရှိတော့ပေ။
ထိုအတွက် အကြီးအကဲတချို့ပင် သက်ပြင်းချနေရသည်။ ကျွင်းရှောင်ယောက်၏ လက်ရှိတိုးတက်မှုအတိုင်းဆိုလျှင် နှစ်အနည်းငယ်အတွင်း သူတို့ကို ကျော်တက်သွားတော့မည် မဟုတ်ပါလား။
ကျွင်းရှောင်ယောက်အပြင် ကျွင်းကျန်းကျန့်နှင့် ကျွင်းရွယ်ဟွမ်၏ လှုပ်ရှားပုံကလည်း အမှန်ပင် ကောင်းမွန်ခဲ့၏။ ၎င်းတို့က ရှေးဟောင်းအင်ပါယာမိသားစုများမှ ပါရမီရှင်များကို အလွယ်တကူပင် သတ်ဖြတ်နိုင်ခဲ့ကြပေသည်။
ဤအထဲတွင် သူတို့ကို အတုန်လှုပ်စေဆုံး အရာကတော့ ကျွင်းမိသားစုမှ ဘိုးဘေးဆယ့်ရှစ်ပင် ဖြစ်သည်။
သူက ကျွင်းမိသားစု၏ ဘိုးဘေးခန်းမတွင် နှစ်ပေါင်းများစွာ အနားယူနေခဲ့သော ခေါင်းဆောင်ဟောင်းတစ်ယောက် ဖြစ်သည်။
သူက အဓိပဓိတစ်ပိုင်းကို ဓားသုံးချက်နှင့် သတ်ဖြတ်ခဲ့ပေရာ လူအားလုံးမှာ အလွန်တုန်လှုပ်သွားရ၏။
ဤဆယ်နှစ်ကြာ ဧည့်ခံပွဲအပြီးတွင် အချိန်အတော်ကြာ ငြိမ်သက်နေသော ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးက တစ်ဖန် လှုပ်လှုပ်ရွရွဖြစ်လာတော့မည်ကို လူတိုင်းသိထားကြချေပြီ။
ကျွင်းမိသားစုမှ မွေးနေ့ပွဲဟာ မကြာခင် ပြီးဆုံးသွားခဲ့သည်။
ထိုစဉ် အလွန်ဝေးကွာသော ဟုန်စီရင်စုမှ ဘိုးဘေးနဂါးသိုက်၏ စခန်းတစ်ခုတွင် နဂါးတစ်ကောင်၏ ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သံကြီးတစ်ချက် ထွက်ပေါ်လာခဲ့သည်။
ဟုန်စီရင်စုမှ လူအားလုံးလည်း ထိုအော်သံနှင့် ကြောက်စရာအရှိန်အဝါများကို ခံစားလိုက်ရ၏။
"ဒါ ဘိုးဘေးနဂါးသိုက်က အဆင့်မြင့် အဓိပဓိပဲ... သူဘာဖြစ်လို့ ဒီလောက် ဒေါသထွက်နေတာလဲ"
ဟုန်စီရင်စုမှ လူတစ်ယောက်က ဖြူရော်နေသောမျက်နှာနှင့် ပြောလိုက်သည်။
ကျွင်းမိသားစုမှ ဖြစ်ပျက်သည်များဟာ ဟုန်စီရင်စီရင်စုကို သတင်းရောက်ရန် အချိန်လိုသောကြောင့် သူတို့ဟာ အဖြစ်အပျက်များကို မသိကြသေးပေ။
ထိုအချိန်တွင် ဘိုးဘေးနဂါးသိုက်မှ ပုဂ္ဂိုလ်ကြီးများက နတ်ဘုရားအသိဉာဏ်ကိုထုတ်ဖော်ကာ ဆက်သွယ် ပြောဆိုလိုက်ကြသည်။
"စိတ်အေးအေးထားစမ်းပါ... ခင်ဗျား ဘာဖြစ်လို့ ဒီလောက်ဒေါသဖြစ်နေတာလဲ..။ ကျွင်းမိသားစုကို တိုက်ခိုက်ချင်လား"
"ကျွင်းမိသားစုက မျိုးမစစ်ကလေး... သူက ကျုပ်ရဲ့ နဂါးသားတော်ကို သတ်ဝံ့တယ်..၊ တကယ် သေသင့်တယ်"
"နောက်ပြီး ကျွင်းရှီပါ့၊ သူက ယွမ်လုံကို တကယ်ကြီး တိုက်ခိုက်ဝံ့တယ်လား... သူက ဘိုးဘေးနဂါးသိုက်ကို လုံးဝ မကြောက်ဘူးလား"
တစ်ယောက်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"ကျွင်းရှီပါ့က ဘိုးဘေးဆယ့်ရှစ်ပဲ... ဒါပေမဲ့ ဒီအရူးကြီးကိုသတ်ချင်ရင် အရမ်းခက်လိမ့်မယ်"
"ဒီအကြောင်း လုံအိုထျန်းကို ပြောလိုက်သင့်လား"
နောက်သခင်တစ်ယောက်ကလည်း နတ်အသိဉာဏ်ဖြင့် ဆက်သွယ်ကာ ပြောလိုက်၏။
"မလိုသေးဘူး... လုံအိုထျန်းက အခု ပဉ္စမမြောက် နဂါးအဆီအနှစ်ကို သန့်စင်နေတယ်..။ သတ္တမမြောက် နဂါးအဆီအနှစ်ကို သူသန့်စင်ပြီးတာနဲ့ နဂါးဘုရင်သွေးမျိုးဆက်ကြောင့် ပျက်ဆီးခြင်းကောင်းကင် အင်မော်တယ်နယ်မြေကြီးတစ်ခုလုံးမှာ ဘယ်သူမှ သူ့ပြိုင်ဘက် မဖြစ်နိုင်တော့ဘူး..။ အဲဒီအခါကျရင် သူက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကိုလည်း အလွယ်တကူ သတ်ဖြတ်နိုင်လိမ့်မယ်"
"သိပ်ကောင်းတယ်...၊ ဒါဆိုရင်လည်း အိုထျန်းက ကျွင်းမိသားစုရဲ့ နတ်ဘုရားသားတော်ကို သတ်လိုက်မဲ့နေ့ကိုစောင့်နေမယ်"
"ကျွင်းမိသားစုကိုလည်း ဘယ်တော့မှ မမေ့ဘူး... သူတို့ရဲ့လုပ်ရပ်တွေအတွက် သွေးနဲ့ ပြန်ပေးဆပ်စေမယ်"
…..........
အခြားတစ်ဖက်တွင် နတ်ငှက်တစ်ကောင်ဆွဲသော ရထားလုံးတစ်ခုက လေထဲတွင် ပျံသန်းသွားခဲ့သည်။
ရထားလုံးထဲမှာတော့ အပြာရောင်ဝတ် လူငယ်တစ်ယောက်ဟာ မျက်လုံးပြူးကာ ပြန်နိုးထလာ၏။
၎င်းက ရဲ့ရှင်းယွင်ပင် ဖြစ်သည်။
"အား..၊ ကျွတ်ကျွတ်... နာလိုက်တာ"
ရဲ့ရှင်းယွင်ဟာ သူ့ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်ရှားရုံဖြင့် တကိုယ်လုံး ပေါက်ကွဲတော့မည်ကဲ့သို့ ခံစားလိုက်ရသည်။ ထိုအတွက် အလွန်နာကျင်သွားကာ မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူရော်သွား၏။
သူ့နံဘေးတွင်ရပ်နေသော ဦးလေးဖူက ပြောလိုက်သည်။
"မင်းနိုးလာပြီလား သခင်လေး"
"ကျုပ်..."
ခဏစဉ်းစားပြီးနောက် ရဲ့ရှင်းယွင်ဟာ အဖြစ်အပျက်များကို ပြန်လည် သတိရလာ၏။
ထိုအခါ ကြီးစွာသော အရှက်တရားများကို ခံစားလာရတော့သည်။
သူကဲ့သို့ ရဲ့မိသားစုမှ ပါရမီရှင် ရဲ့ရှင်းယွင်ဟာ ဘယ်လိုလုပ်ပြီး ဤမျှအရှက်ရခဲ့ရသနည်း။
ထို့အပြင် ထိုနေရာ၌ သူချစ်ရသောမိန်းကလေးလည်း ရှိနေပါသေးသည်။
"ကျွင်း ရှောင် ယောက်..."
ရဲ့ရှင်းယွင် အံကိုတင်းတင်းကြိတ်၍ လက်သီးဆုပ်လိုက်သည်။
"သခင်လေး... ကျွင်းမိသားစုက နတ်ဘုရားသားတော်ကို မင်းရန်မစသင့်တော့ဘူး..။ မကြာသေးခင်မှ ကျုပ်ကြားလိုက်တာ နတ်ဘုရားသားတော်မှာ ရှေးဟောင်းမြင့်မြတ်ခန္ဓာအပြင် အနှိုင်းမဲ့အရိုးလည်း ရှိသေးတယ်..။ ဘိုးဘေးနဂါးသိုက်က နဂါးမင်းသားကိုတောင် သူက အလွယ်တကူ သတ်ခဲ့တာ"
ဦးလေးဖူက ရှင်းပြလိုက်သည်။
"ဘယ်လို... တကယ်ပဲ ဒီလိုတွေ ဖြစ်ခဲ့တာလား"
ရဲ့ရှင်းယွင် သူ့နားကိုပင် မယုံနိုင်ဖြစ်သွားကာ အလွန် အံ့ဩသွား၏။
သူနှင့် တိုက်ခိုက်စဥ်က ကျွင်းရှောင်ယောက်ဟာ တာအိုခန္ဓာတစ်ခုပင် အသုံးမပြုခဲ့ပေ။
ထိုအတွေးကြောင့် ရဲ့ရှင်းယွင် ပိုမို ရှက်ရွံ့လာသည်။ သူက ကျွင်းရှောင်ယောက်အတွက် လုံးဝ အရေးမပါပေ။
"သေစမ်း"
ရဲ့ရှင်းယွင် ဒေါသနှင့် ရှက်ရွံ့မှုကို ခံစားလာရသည်။
ရုတ်တရက် သူ့စိတ်ထဲတွင် မှတ်ဉာဏ်များစွာ ဖြစ်ပေါ်လာသည်။
သူဟာ နေ၊ လ၊ ကြယ်တာရာများ ဝန်းရံထားသော နန်းတော်ကြီးနှင့် သူ့ကိုကျောပေးကာရပ်နေသော ပုံရိပ်တစ်ခုကို ပြန်သတိရလာခဲ့၏။
"ဒါကဘာလဲ..။ ဒါက အိပ်မက်တစ်ခုပဲလား... ဒါမှမဟုတ်..."
ရဲ့ရှင်းယွင် ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူတော်စင်၊ အဓိပဓိများနှင့် ဧကရာဇ်များပင် ပြန်လည်ဝင်စားတတ်ကြောင်း သူသိထားပြီးပြီ ဖြစ်သည်။
အနှီ ပြန်လည်ဝင်စားကြသော ပါရမီရှင်များဟာ ပုံမှန်လူများထက် ပိုအလားအလာရှိကာ လွှမ်းမိုးနိုင်စွမ်းရှိ၏။
ဥပမာဆိုရလျှင် သူတို့ ရဲ့မိသားစုမှ ပါရမီရှင် ရဲ့ကူချန်သည်လည်း ရှေးခေတ်ဟောင်းမှ ဓားနတ်ဆိုး တုကူးဝူပိုင် ပြန်လည်ဝင်စားသူဟု ဆိုကြသည်။
သမိုင်းမှတ်တမ်းများတွင် ဓားနတ်ဆိုး တုကူးဝူပိုင်ဟာ ဧကရာဇ်တစ်ပိုင်း တန်ခိုးရှင်ကိုပင် သတ်ဖြတ်ခဲ့ဖူးသည် ဟူ၏။
'ငါကလည်း ရဲ့ကူချန်လို ပြန်လည်ဝင်စားလာတဲ့ ဆရာကြီးများလား..။ ဒီနန်းတော်ကလည်း ငါ့အတွက်ကျန်ခဲ့တဲ့ ရတနာပဲလား'
ရဲ့ရှင်းယွင်လည်း စိတ်လှုပ်ရှားစွာဖြင့်တွေးနေတော့သည်။
ယင်းက အလွန်ဖြစ်နိုင်ချေရှိသည်။
အချိန်ကြာလာသည်နှင့်အမျှ သူဟာ ထိုမှတ်ဉာဏ်များကို ပိုပြီး မှတ်မိလာနိုင်သည်။ ထိုအချိန်တွင် ၎င်းနန်းတော်မှ ယခင်ပုဂ္ဂိုလ်ကြီးကို အမွေဆက်ခံနိုင်ရန်ပင် ဖြစ်နိုင်ချေရှိ၏။
'ကျွင်းရှောင်ယောက်... လူတိုင်းမှာ ကံကောင်းခြင်းဆိုတာရှိတယ်..။ ငါ့မှတ်ဉာဏ်တွေ ပြန်နိုးထလာတာနဲ့ မင်းကို လုံးဝ နင်းချေပစ်မယ်'
"နောက်ပြီး ကျန်းလော့လီ... ဘယ်သူက မင်းအတွက်အကောင်းဆုံးဆိုတာ မင်းနားလည်အောင် ငါပြောပြမယ်"
ရဲ့ရှင်းယွင်ဟာ တဖြည်းဖြည်းနှင့် စိတ်ဓာတ်များ ပြန်လည်တက်ကြွလာတော့သည်။
…………
ကျွင်းမိသားစုတွင်...
ပွဲပြီးသွားသည့်တိုင် ကျွင်းရှောင်ယောက်ဟာ ကျန်းလော့လီ၏ ရက်ရက်စက်စက်နှောင့်ယှက်ခြင်းကို ခံနေရသည်။
သူက ကျန်းမိသားစုသို့ပြန်ရန် အချိန်ကျပြီဖြစ်သော်လည်း တွန့်ဆုတ်နေ၏။
ရဲ့ရှင်းယွင် ဘယ်လိုပဲကြိုးစားပါစေ၊ မရနိုင်သော မိန်းကလေးက ကျွင်းရှောင်ယောက်အနောက်တွင် ကော်နှင့်ကပ်ထားသကဲ့သို့ လိုက်ပါနေတော့သည်။
"အကိုရှောင်ယောက်... ရှင့်အတွက် လက်ဖက်ရည်ဖျော်ပေးမဲ့ အစေခံလိုသေးလား"
"ငါ့မှာ လင်းလုံရှိတယ်"
"အကိုရှောင်ယောက်... ရှင့်အဝတ်အစားတွေကို လျှော်ပေးရအုံးမလား"
"ငါ့မှာ လင်းလုံရှိတယ်"
"အကိုရှောင်ယောက်... ညဘက်မှာ ရှင့်အိပ်ရာကို နွေးထွေးစေဖို့ လူမလိုဘူးလား"
"ငါ့မှာ လင်းလုံ... အဲ... အဟမ်း... နင်ဘာတွေလျှောက်ပြောနေတာလဲ"
ကျွင်းရှောင်ယောက် ခြောက်ကပ်ကပ်ဖြင့် ခြောင်းဟန့်လိုက်၏။
နောက်ဆုံးတွင် ကျန်းရို့ပင်လျှင် သူ့ကို လက်ထပ်ရန် ဖိအားများပေးလာခဲ့တော့သည်။
"အမေ... သားကို ဘိုးဘေးဆယ့်ရှစ်ခေါ်ထားလို့ သွားတွေ့လိုက်အုံးမယ်"
ကျွင်းရှောင်ယောက်ခမျာ နောက်ဆုံးတွင် လုံးဝ သည်းမခံနိုင်တော့ဘဲ ထွက်ပြေးလိုက်ရသည်။
"ဟင့်၊ ကျွန်မ ရှင့်ကို ဘယ်တော့မှ အလျှော့ပေးမှာမဟုတ်ဘူး အကိုရှောင်ယောက်"
ကျန်းလော့လီက လက်သီးကိုဆုပ်၍ လှမ်းပြောလိုက်သည်။
ကျွင်းရှောင်ယောက်လည်း မိသားစုအတွင်းပိုင်းသို့ ဦးတည်ကာ ဘိုးဘေးဆယ့်ရှစ်ထံ လျှောက်လှမ်းသွားလိုက်သည်။
ဘိုးဘေးဆယ့်ရှစ်ဟာ ဆံပင်များ ငွေဖြူရောင် တောက်ပနေပြီး မီးခိုးရောင်ဝတ်စုံကို ဝတ်ထားသည်။ သူက လေထဲတွင် တည်ငြိမ်စွာပင် တင်ပျဉ်ခွေထိုင်နေနေသည်။
သူ့အရှိန်အဝါများက သန်မာလွန်း၍ နတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်ရသကဲ့သို့ လူအများကို ခံစားရစေ၏။
သူက အဓိပဓိတစ်ပိုင်းကျွမ်းကျင်သူက ဓားသုံးချက်နှင့် သတ်ဖြတ်နိုင်ခဲ့တာ အံ့ဩစရာ မရှိတော့ပါချေ။
ကျွင်းရှောင်ယောက်လည်း တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ ကျွင်းမိသားစု၏ ဘိုးဘေးများက တကယ်ကို မရိုးရှင်းပါချေ။
ကျွင်းမိသားစု၏ ဘိုးဘေးဆယ့်ခုနစ်ကလည်း ဘိုးဘေးဆယ့်ရှစ်ကဲ့သို့ အလွန်တန်ခိုးကြီးသည်ဟု သူကြားဖူးသည်။
ကျွင်းရှောင်ယောက် ရောက်လာသောအခါ ဘိုးဘေးဆယ့်ရှစ်မျက်နှာတွင် ရှားရှားပါးပါးအပြုံးတစ်ခု ဖြစ်ပေါ်လာ၏။
"ကောင်းတယ်"
ဘိုးဘေးဆယ့်ရှစ် ပြောလိုက်သည်။
သူဟာ ဆယ်နှစ်ပြည့်မွေးနေ့ပွဲမှ ကျွင်းရှောင်ယောက်၏ လှုပ်ရှားပုံကို ကျေနပ်နေခြင်းပင် ဖြစ်သည်။
ရဲ့ရှင်းယွင်ကို အနိုင်ယူတာက မပြောပလောက်ပေ။ သို့ရာတွင် ဘိုးဘေးနဂါးသိုက်မှ လုံဟောက်ထျန်းကို သတ်ဖြတ်ခြင်းဟာ ကျွင်းမိသားစုကို ဂုဏ်တက်စေခဲ့၏။
ကျွင်းရှောင်ယောက်က လက်နှစ်ဖက်ယှက်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
"ဘိုးဘေး ကျွန်တော်ကို ဘာဖြစ်လို့ ခေါ်တာလဲ"
ဘိုးဘေးဆယ့်ရှစ်နှင့် ရင်ဆိုင်ရလျှင် မိသားစုအကြီးအကဲအချို့ပင်လျှင် အနည်းငယ် တုန်လှုပ်ချောက်ချားပြီး သတိထား၍ပြုမူမိကြပေလိမ့်မည်။
သို့ရာတွင် ကျွင်းရှောင်ယောက်ကတော့ ပုံမှန်အတိုင်း တည်ငြိမ်စွာပင် ရှိနေသည်။
ဤအချက်ဟာ ဘိုးဘေးဆယ့်ရှစ်ကို အလွန်စိတ်ကျေနပ်စေ၏။
သူက ရှေးဟောင်းမြင့်မြတ်ခန္ဓာနှင့် အနှိုင်းမဲ့အရိုးးကို ပိုင်ဆိုင်ထားသူဟု မဆိုရပေ။
သူ၏ ထူးထူးခြားခြား တည်ငြိမ်သည့်ဟန်က ဆယ်နှစ်သား ကလေးတစ်ယောက်နှင့် လုံးဝ မတူညီပါချေ။
"မင်း အင်မော်တယ်သတ်ဓားသိုင်းကို သင်ယူချင်လား"
ဘိုးဘေးဆယ့်ရှစ်က အနည်းငယ် ပြုံးကာ မေးလိုက်၏။
ကျွင်းရှောင်ယောက်လည်း မျက်လုံးများ တောက်ပသွားတော့သည်။
-------------
Zawgyi
အခန္း ( ၄၁ ) ဘိုးေဘးနဂါးသိုက္၏ ေမ်ွာ္လင့္ခ်က္ လံုအိုထ်န္း၊ ရဲ့ရွင္းယြင္၏ ရည္ရြယ္ခ်က္
ကြၽင္းေရွာင္ေယာက္၏ ဆယ္ႏွစ္ျပၫ့္ေမြးေန့ပြဲဟာ စိတ္လႈပ္ရွားစရာ၊ တုန္လႈပ္ေခ်ာက္ခ်ားစရာ အတက္အက် အေျခအေနမ်ားႏွင့္ ၿပီးဆံုးသြားခဲ့သည္။
ကြၽင္းမိသားစုမွ ျပန္လည္ထြက္ခြာလာခဲ့သည္အထိ အင္အားစုအသီးသီးမွ အႀကီးအကဲမ်ား၊ လူငယ္ ပါရမီရွင္မ်ား၏ တုန္လႈပ္ေခ်ာက္ခ်ားေနေသာ မ်က္ႏွာအမူအရာမ်ားဟာ မေပ်ာက္ကြယ္ေသးပါေခ်။
ဤတစ္ေခါက္ ကြၽင္းမိသားစု၌ ျမင္ေတြ့ခဲ့ရသည္မ်ားဟာ သူတို႔ကို အလြန္တုန္လႈပ္သြားေစသည္။
အထူးသျဖင့္ ကြၽင္းမိသားစုမွ နတ္ဘုရားသားေတာ္ပင္ ျဖစ္သည္။ သူက ငယ္ရြယ္ေသးသၫ့္တိုင္ ဧကရာဇ္ငယ္မ်ားကဲ့သို႔ ၿဖံဳေလာက္စရာ အရိွန္အဝါမ်ားကို ပိုင္ဆိုင္ထားေသး၏။
ရဲ့မိသားစုမွ ၾကယ္ဘုရင္ခႏၶာကိုယ္ႏွင့္ ရဲ့ရွင္းယြင္ျဖစ္ေစ၊ ဘိုးေဘးနဂါးသိုက္မွ မင္းသားလံုေဟာက္ထ်န္းပင္ျဖစ္ေစ၊ မည္သူမ်ွ ကြၽင္းေရွာင္ေယာက္ကို ရင္မဆိုင္ႏိုင္ဘဲ သူအလိုရိွတိုင္း ဖိႏိွပ္ဖ်က္ဆီးလို႔ရသၫ့္ တည္ေပ်ာ့သီးတစ္လံုးကဲ့သို႔ပင္ ျဖစ္သည္။
ကြၽင္းမိသားစုမွ နတ္ဘုရားသားေတာ္ႏွင့္ မိမိကိုယ္ကိုယ္ ႏိႈင္းယွဉ္ၾကၫ့္မိေသာအခါ ပါရမီရွင္ လူငယ္ေလးမ်ားဟာ သက္ျပင္းခ်ရံုမွတပါး အျခားဘာမွ မတတ္ႏိုင္ေတာ့ေပ။
ကြၽင္းေရွာင္ေယာက္က ေရွးေဟာင္းျမင့္ျမတ္ခႏၶာအျပင္ အႏိႈင္းမဲ့အရိုးကိုလည္း ပိုင္ဆိုင္ထားေသး၏။ သူက အမွန္တကယ္ ဧကရာဇ္ျဖစ္ဖို႔ ေမြးဖြားလာေသာသူပင္ ျဖစ္ေတာ့သည္။
ကြၽင္းေရွာင္ေယာက္၏ တည္ရိွမႈေၾကာင့္ ဤကမ႓ာေပၚတြင္ တျခားပါရမီရွင္မ်ားအတြက္ ေနရာမရိွေတာ့ေပ။
ထိုအတြက္ အႀကီးအကဲတခ်ိဳ႕ပင္ သက္ျပင္းခ်ေနရသည္။ ကြၽင္းေရွာင္ေယာက္၏ လက္ရိွတိုးတက္မႈအတိုင္းဆိုလ်ွင္ ႏွစ္အနည္းငယ္အတြင္း သူတို႔ကို ေက်ာ္တက္သြားေတာ့မည္ မဟုတ္ပါလား။
ကြၽင္းေရွာင္ေယာက္အျပင္ ကြၽင္းက်န္းက်န႔္ႏွင့္ ကြၽင္းရြယ္ဟြမ္၏ လႈပ္ရွားပံုကလည္း အမွန္ပင္ ေကာင္းမြန္ခဲ့၏။ ၄တို႔က ေရွးေဟာင္းအင္ပါယာမိသားစုမ်ားမွ ပါရမီရွင္မ်ားကို အလြယ္တကူပင္ သတ္ျဖတ္ႏိုင္ခဲ့ၾကေပသည္။
ဤအထဲတြင္ သူတို႔ကို အတုန္လႈပ္ေစဆံုး အရာကေတာ့ ကြၽင္းမိသားစုမွ ဘိုးေဘးဆယ့္ရွစ္ပင္ ျဖစ္သည္။
သူက ကြၽင္းမိသားစု၏ ဘိုးေဘးခန္းမတြင္ ႏွစ္ေပါင္းမ်ားစြာ အနားယူေနခဲ့ေသာ ေခါင္းေဆာင္ေဟာင္းတစ္ေယာက္ ျဖစ္သည္။
သူက အဓိပဓိတစ္ပိုင္းကို ဓားသံုးခ်က္ႏွင့္ သတ္ျဖတ္ခဲ့ေပရာ လူအားလံုးမွာ အလြန္တုန္လႈပ္သြားရ၏။
ဤဆယ္ႏွစ္ၾကာ ဧၫ့္ခံပြဲအၿပီးတြင္ အခ်ိန္အေတာ္ၾကာ ၿငိမ္သက္ေနေသာ ပ်က္ဆီးျခင္းေကာင္းကင္ အင္ေမာ္တယ္နယ္ေျမၾကီးက တစ္ဖန္ လႈပ္လႈပ္ရြရျြဖစ္လာေတာ့မည္ကို လူတိုင္းသိထားၾကေခ်ၿပီ။
ကြၽင္းမိသားစုမွ ေမြးေန့ပြဲဟာ မၾကာခင္ ၿပီးဆံုးသြားခဲ့သည္။
ထိုစဉ္ အလြန္ေဝးကြာေသာ ဟုန္စီရင္စုမွ ဘိုးေဘးနဂါးသိုက္၏ စခန္းတစ္ခုတြင္ နဂါးတစ္ေကာင္၏ ေဒါသတႀကီးျဖင့္ ေအာ္ဟစ္လိုက္သံႀကီးတစ္ခ်က္ ထြက္ေပၚလာခဲ့သည္။
ဟုန္စီရင္စုမွ လူအားလံုးလည္း ထိုေအာ္သံႏွင့္ ေၾကာက္စရာအရိွန္အဝါမ်ားကို ခံစားလိုက္ရ၏။
"ဒါ ဘိုးေဘးနဂါးသိုက္က အဆင့္ျမင့္ အဓိပဓိပဲ... သူဘာျဖစ္လို႔ ဒီေလာက္ ေဒါသထြက္ေနတာလဲ"
ဟုန္စီရင္စုမွ လူတစ္ေယာက္က ျဖဴေရာ္ေနေသာမ်က္ႏွာႏွင့္ ေျပာလိုက္သည္။
ကြၽင္းမိသားစုမွ ျဖစ္ပ်က္သည္မ်ားဟာ ဟုန္စီရင္စီရင္စုကို သတင္းေရာက္ရန္ အခ်ိန္လိုေသာေၾကာင့္ သူတို႔ဟာ အျဖစ္အပ်က္မ်ားကို မသိၾကေသးေပ။
ထိုအခ်ိန္တြင္ ဘိုးေဘးနဂါးသိုက္မွ ပုဂၢိုလ္ႀကီးမ်ားက နတ္ဘုရားအသိဉာဏ္ကိုထုတ္ေဖာ္ကာ ဆက္သြယ္ ေျပာဆိုလိုက္ၾကသည္။
"စိတ္ေအးေအးထားစမ္းပါ... ခင္ဗ်ား ဘာျဖစ္လို႔ ဒီေလာက္ေဒါသျဖစ္ေနတာလဲ..။ ကြၽင္းမိသားစုကို တိုက္ခိုက္ခ်င္လား"
"ကြၽင္းမိသားစုက မ်ိဳးမစစ္ကေလး... သူက က်ဳပ္ရဲ့ နဂါးသားေတာ္ကို သတ္ဝံ့တယ္..၊ တကယ္ ေသသင့္တယ္"
"ေနာက္ၿပီး ကြၽင္းရွီပါ့၊ သူက ယြမ္လံုကို တကယ္ႀကီး တိုက္ခိုက္ဝံ့တယ္လား... သူက ဘိုးေဘးနဂါးသိုက္ကို လံုးဝ မေၾကာက္ဘူးလား"
တစ္ေယာက္က ေဒါသတႀကီးျဖင့္ ေျပာလိုက္သည္။
"ကြၽင္းရွီပါ့က ဘိုးေဘးဆယ့္ရွစ္ပဲ... ဒါေပမဲ့ ဒီအရူးႀကီးကိုသတ္ခ်င္ရင္ အရမ္းခက္လိမ့္မယ္"
"ဒီအေၾကာင္း လံုအိုထ်န္းကို ေျပာလိုက္သင့္လား"
ေနာက္သခင္တစ္ေယာက္ကလည္း နတ္အသိဉာဏ္ျဖင့္ ဆက္သြယ္ကာ ေျပာလိုက္၏။
"မလိုေသးဘူး... လံုအိုထ်န္းက အခု ပဉၥမေျမာက္ နဂါးအဆီအႏွစ္ကို သန႔္စင္ေနတယ္..။ သတၲမေျမာက္ နဂါးအဆီအႏွစ္ကို သူသန႔္စင္ၿပီးတာနဲ႔ နဂါးဘုရင္ေသြးမ်ိဳးဆက္ေၾကာင့္ ပ်က္ဆီးျခင္းေကာင္းကင္ အင္ေမာ္တယ္နယ္ေျမၾကီးတစ္ခုလံုးမွာ ဘယ္သူမွ သူ႔ၿပိဳင္ဘက္ မျဖစ္ႏိုင္ေတာ့ဘူး..။ အဲဒီအခါက်ရင္ သူက ကြၽင္းမိသားစုရဲ့ နတ္ဘုရားသားေတာ္ကိုလည္း အလြယ္တကူ သတ္ျဖတ္ႏိုင္လိမ့္မယ္"
"သိပ္ေကာင္းတယ္...၊ ဒါဆိုရင္လည္း အိုထ်န္းက ကြၽင္းမိသားစုရဲ့ နတ္ဘုရားသားေတာ္ကို သတ္လိုက္မဲ့ေန့ကိုေစာင့္ေနမယ္"
"ကြၽင္းမိသားစုကိုလည္း ဘယ္ေတာ့မွ မေမ့ဘူး... သူတို႔ရဲ့လုပ္ရပ္ေတြအတြက္ ေသြးနဲ႔ ျပန္ေပးဆပ္ေစမယ္"
…..........
အျခားတစ္ဖက္တြင္ နတ္ငွက္တစ္ေကာင္ဆြဲေသာ ရထားလံုးတစ္ခုက ေလထဲတြင္ ပ်ံသန္းသြားခဲ့သည္။
ရထားလံုးထဲမွာေတာ့ အျပာေရာင္ဝတ္ လူငယ္တစ္ေယာက္ဟာ မ်က္လံုးျပဴးကာ ျပန္ႏိုးထလာ၏။
၄က ရဲ့ရွင္းယြင္ပင္ ျဖစ္သည္။
"အား..၊ ကြၽတ္ကြၽတ္... နာလိုက္တာ"
ရဲ့ရွင္းယြင္ဟာ သူ႔ခႏၶာကိုယ္ကို အနည္းငယ္လႈပ္ရွားရံုျဖင့္ တကိုယ္လံုး ေပါက္ကြဲေတာ့မည္ကဲ့သို႔ ခံစားလိုက္ရသည္။ ထိုအတြက္ အလြန္နာက်င္သြားကာ မ်က္ႏွာတစ္ခုလံုး ေသြးဆုတ္ျဖဴေရာ္သြား၏။
သူ႔နံေဘးတြင္ရပ္ေနေသာ ဦးေလးဖူက ေျပာလိုက္သည္။
"မင္းႏိုးလာၿပီလား သခင္ေလး"
"က်ဳပ္..."
ခဏစဉ္းစားၿပီးေနာက္ ရဲ့ရွင္းယြင္ဟာ အျဖစ္အပ်က္မ်ားကို ျပန္လည္ သတိရလာ၏။
ထိုအခါ ႀကီးစြာေသာ အရွက္တရားမ်ားကို ခံစားလာရေတာ့သည္။
သူကဲ့သို႔ ရဲ့မိသားစုမွ ပါရမီရွင္ ရဲ့ရွင္းယြင္ဟာ ဘယ္လိုလုပ္ၿပီး ဤမ်ွအရွက္ရခဲ့ရသနည္း။
ထို႔အျပင္ ထိုေနရာ၌ သူခ်စ္ရေသာမိန္းကေလးလည္း ရိွေနပါေသးသည္။
"ကြၽင္း ေရွာင္ ေယာက္..."
ရဲ့ရွင္းယြင္ အံကိုတင္းတင္းႀကိတ္၍ လက္သီးဆုပ္လိုက္သည္။
"သခင္ေလး... ကြၽင္းမိသားစုက နတ္ဘုရားသားေတာ္ကို မင္းရန္မစသင့္ေတာ့ဘူး..။ မၾကာေသးခင္မွ က်ဳပ္ၾကားလိုက္တာ နတ္ဘုရားသားေတာ္မွာ ေရွးေဟာင္းျမင့္ျမတ္ခႏၶာအျပင္ အႏိႈင္းမဲ့အရိုးလည္း ရိွေသးတယ္..။ ဘိုးေဘးနဂါးသိုက္က နဂါးမင္းသားကိုေတာင္ သူက အလြယ္တကူ သတ္ခဲ့တာ"
ဦးေလးဖူက ရွင္းျပလိုက္သည္။
"ဘယ္လို... တကယ္ပဲ ဒီလိုေတြ ျဖစ္ခဲ့တာလား"
ရဲ့ရွင္းယြင္ သူ႔နားကိုပင္ မယံုႏိုင္ျဖစ္သြားကာ အလြန္ အံ့ဩသြား၏။
သူႏွင့္ တိုက္ခိုက္စဥ္က ကြၽင္းေရွာင္ေယာက္ဟာ တာအိုခႏၶာတစ္ခုပင္ အသံုးမျပဳခဲ့ေပ။
ထိုအေတြးေၾကာင့္ ရဲ့ရွင္းယြင္ ပိုမို ရွက္ရြံ႔လာသည္။ သူက ကြၽင္းေရွာင္ေယာက္အတြက္ လံုးဝ အေရးမပါေပ။
"ေသစမ္း"
ရဲ့ရွင္းယြင္ ေဒါသႏွင့္ ရွက္ရြံ႔မႈကို ခံစားလာရသည္။
ရုတ္တရက္ သူ႔စိတ္ထဲတြင္ မွတ္ဉာဏ္မ်ားစြာ ျဖစ္ေပၚလာသည္။
သူဟာ ေန၊ လ၊ ၾကယ္တာရာမ်ား ဝန္းရံထားေသာ နန္းေတာ္ႀကီးႏွင့္ သူ႔ကိုေက်ာေပးကာရပ္ေနေသာ ပံုရိပ္တစ္ခုကို ျပန္သတိရလာခဲ့၏။
"ဒါကဘာလဲ..။ ဒါက အိပ္မက္တစ္ခုပဲလား... ဒါမွမဟုတ္..."
ရဲ့ရွင္းယြင္ ခပ္တိုးတိုး ေရရြတ္လိုက္သည္။
သူေတာ္စင္၊ အဓိပဓိမ်ားႏွင့္ ဧကရာဇ္မ်ားပင္ ျပန္လည္ဝင္စားတတ္ေၾကာင္း သူသိထားၿပီးၿပီ ျဖစ္သည္။
အႏွီ ျပန္လည္ဝင္စားၾကေသာ ပါရမီရွင္မ်ားဟာ ပံုမွန္လူမ်ားထက္ ပိုအလားအလာရိွကာ လႊမ္းမိုးႏိုင္စြမ္းရိွ၏။
ဥပမာဆိုရလ်ွင္ သူတို႔ ရဲ့မိသားစုမွ ပါရမီရွင္ ရဲ့ကူခ်န္သည္လည္း ေရွးေခတ္ေဟာင္းမွ ဓားနတ္ဆိုး တုကူးဝူပိုင္ ျပန္လည္ဝင္စားသူဟု ဆိုၾကသည္။
သမိုင္းမွတ္တမ္းမ်ားတြင္ ဓားနတ္ဆိုး တုကူးဝူပိုင္ဟာ ဧကရာဇ္တစ္ပိုင္း တန္ခိုးရွင္ကိုပင္ သတ္ျဖတ္ခဲ့ဖူးသည္ ဟူ၏။
'ငါကလည္း ရဲ့ကူခ်န္လို ျပန္လည္ဝင္စားလာတဲ့ ဆရာႀကီးမ်ားလား..။ ဒီနန္းေတာ္ကလည္း ငါ့အတြက္က်န္ခဲ့တဲ့ ရတနာပဲလား'
ရဲ့ရွင္းယြင္လည္း စိတ္လႈပ္ရွားစြာျဖင့္ေတြးေနေတာ့သည္။
ယင္းက အလြန္ျဖစ္ႏိုင္ေခ်ရိွသည္။
အခ်ိန္ၾကာလာသည္ႏွင့္အမ်ွ သူဟာ ထိုမွတ္ဉာဏ္မ်ားကို ပိုၿပီး မွတ္မိလာႏိုင္သည္။ ထိုအခ်ိန္တြင္ ၄နန္းေတာ္မွ ယခင္ပုဂၢိုလ္ႀကီးကို အေမြဆက္ခံႏိုင္ရန္ပင္ ျဖစ္ႏိုင္ေခ်ရိွ၏။
'ကြၽင္းေရွာင္ေယာက္... လူတိုင္းမွာ ကံေကာင္းျခင္းဆိုတာရိွတယ္..။ ငါ့မွတ္ဉာဏ္ေတြ ျပန္ႏိုးထလာတာနဲ႔ မင္းကို လံုးဝ နင္းေခ်ပစ္မယ္'
"ေနာက္ၿပီး က်န္းေလာ့လီ... ဘယ္သူက မင္းအတြက္အေကာင္းဆံုးဆိုတာ မင္းနားလည္ေအာင္ ငါေျပာျပမယ္"
ရဲ့ရွင္းယြင္ဟာ တျဖည္းျဖည္းႏွင့္ စိတ္ဓာတ္မ်ား ျပန္လည္တက္ႂကြလာေတာ့သည္။
…………
ကြၽင္းမိသားစုတြင္...
ပြဲၿပီးသြားသၫ့္တိုင္ ကြၽင္းေရွာင္ေယာက္ဟာ က်န္းေလာ့လီ၏ ရက္ရက္စက္စက္ေနွာင့္ယွက္ျခင္းကို ခံေနရသည္။
သူက က်န္းမိသားစုသို႔ျပန္ရန္ အခ်ိန္က်ၿပီျဖစ္ေသာ္လည္း တြန႔္ဆုတ္ေန၏။
ရဲ့ရွင္းယြင္ ဘယ္လိုပဲႀကိဳးစားပါေစ၊ မရႏိုင္ေသာ မိန္းကေလးက ကြၽင္းေရွာင္ေယာက္အေနာက္တြင္ ေကာ္ႏွင့္ကပ္ထားသကဲ့သို႔ လိုက္ပါေနေတာ့သည္။
"အကိုေရွာင္ေယာက္... ရွင့္အတြက္ လက္ဖက္ရည္ေဖ်ာ္ေပးမဲ့ အေစခံလိုေသးလား"
"ငါ့မွာ လင္းလံုရိွတယ္"
"အကိုေရွာင္ေယာက္... ရွင့္အဝတ္အစားေတြကို ေလ်ွာ္ေပးရအံုးမလား"
"ငါ့မွာ လင္းလံုရိွတယ္"
"အကိုေရွာင္ေယာက္... ညဘက္မွာ ရွင့္အိပ္ရာကို ေနြးေထြးေစဖို႔ လူမလိုဘူးလား"
"ငါ့မွာ လင္းလံု... အဲ... အဟမ္း... နင္ဘာေတြေလ်ွာက္ေျပာေနတာလဲ"
ကြၽင္းေရွာင္ေယာက္ ေျခာက္ကပ္ကပ္ျဖင့္ ေျခာင္းဟန႔္လိုက္၏။
ေနာက္ဆံုးတြင္ က်န္းရို႔ပင္လ်ွင္ သူ႔ကို လက္ထပ္ရန္ ဖိအားမ်ားေပးလာခဲ့ေတာ့သည္။
"အေမ... သားကို ဘိုးေဘးဆယ့္ရွစ္ေခၚထားလို႔ သြားေတြ့လိုက္အံုးမယ္"
ကြၽင္းေရွာင္ေယာက္ခမ်ာ ေနာက္ဆံုးတြင္ လံုးဝ သည္းမခံႏိုင္ေတာ့ဘဲ ထြက္ေျပးလိုက္ရသည္။
"ဟင့္၊ ကြၽန္မ ရွင့္ကို ဘယ္ေတာ့မွ အေလ်ွာ့ေပးမွာမဟုတ္ဘူး အကိုေရွာင္ေယာက္"
က်န္းေလာ့လီက လက္သီးကိုဆုပ္၍ လွမ္းေျပာလိုက္သည္။
ကြၽင္းေရွာင္ေယာက္လည္း မိသားစုအတြင္းပိုင္းသို႔ ဦးတည္ကာ ဘိုးေဘးဆယ့္ရွစ္ထံ ေလ်ွာက္လွမ္းသြားလိုက္သည္။
ဘိုးေဘးဆယ့္ရွစ္ဟာ ဆံပင္မ်ား ေငျြဖဴေရာင္ ေတာက္ပေနၿပီး မီးခိုးေရာင္ဝတ္စံုကို ဝတ္ထားသည္။ သူက ေလထဲတြင္ တည္ၿငိမ္စြာပင္ တင္ပ်ဉ္ေခြထိုင္ေနေနသည္။
သူ႔အရိွန္အဝါမ်ားက သန္မာလြန္း၍ နတ္ဘုရားတစ္ပါးႏွင့္ ရင္ဆိုင္ရသကဲ့သို႔ လူအမ်ားကို ခံစားရေစ၏။
သူက အဓိပဓိတစ္ပိုင္းကြၽမ္းက်င္သူက ဓားသံုးခ်က္ႏွင့္ သတ္ျဖတ္ႏိုင္ခဲ့တာ အံ့ဩစရာ မရိွေတာ့ပါေခ်။
ကြၽင္းေရွာင္ေယာက္လည္း တိတ္တဆိတ္ သက္ျပင္းခ်လိုက္မိသည္။ ကြၽင္းမိသားစု၏ ဘိုးေဘးမ်ားက တကယ္ကို မရိုးရွင္းပါေခ်။
ကြၽင္းမိသားစု၏ ဘိုးေဘးဆယ့္ခုနစ္ကလည္း ဘိုးေဘးဆယ့္ရွစ္ကဲ့သို႔ အလြန္တန္ခိုးႀကီးသည္ဟု သူၾကားဖူးသည္။
ကြၽင္းေရွာင္ေယာက္ ေရာက္လာေသာအခါ ဘိုးေဘးဆယ့္ရွစ္မ်က္ႏွာတြင္ ရွားရွားပါးပါးအၿပံဳးတစ္ခု ျဖစ္ေပၚလာ၏။
"ေကာင္းတယ္"
ဘိုးေဘးဆယ့္ရွစ္ ေျပာလိုက္သည္။
သူဟာ ဆယ္ႏွစ္ျပၫ့္ေမြးေန့ပြဲမွ ကြၽင္းေရွာင္ေယာက္၏ လႈပ္ရွားပံုကို ေက်နပ္ေနျခင္းပင္ ျဖစ္သည္။
ရဲ့ရွင္းယြင္ကို အႏိုင္ယူတာက မေျပာပေလာက္ေပ။ သို႔ရာတြင္ ဘိုးေဘးနဂါးသိုက္မွ လံုေဟာက္ထ်န္းကို သတ္ျဖတ္ျခင္းဟာ ကြၽင္းမိသားစုကို ဂုဏ္တက္ေစခဲ့၏။
ကြၽင္းေရွာင္ေယာက္က လက္ႏွစ္ဖက္ယွက္ကာ တည္တည္ၿငိမ္ၿငိမ္ ေျပာလိုက္သည္။
"ဘိုးေဘး ကြၽန္ေတာ္ကို ဘာျဖစ္လို႔ ေခၚတာလဲ"
ဘိုးေဘးဆယ့္ရွစ္ႏွင့္ ရင္ဆိုင္ရလ်ွင္ မိသားစုအႀကီးအကဲအခ်ိဳ႕ပင္လ်ွင္ အနည္းငယ္ တုန္လႈပ္ေခ်ာက္ခ်ားၿပီး သတိထား၍ျပဳမူမိၾကေပလိမ့္မည္။
သို႔ရာတြင္ ကြၽင္းေရွာင္ေယာက္ကေတာ့ ပံုမွန္အတိုင္း တည္ၿငိမ္စြာပင္ ရိွေနသည္။
ဤအခ်က္ဟာ ဘိုးေဘးဆယ့္ရွစ္ကို အလြန္စိတ္ေက်နပ္ေစ၏။
သူက ေရွးေဟာင္းျမင့္ျမတ္ခႏၶာႏွင့္ အႏိႈင္းမဲ့အရိုးးကို ပိုင္ဆိုင္ထားသူဟု မဆိုရေပ။
သူ၏ ထူးထူးျခားျခား တည္ၿငိမ္သၫ့္ဟန္က ဆယ္ႏွစ္သား ကေလးတစ္ေယာက္ႏွင့္ လံုးဝ မတူညီပါေခ်။
"မင္း အင္ေမာ္တယ္သတ္ဓားသိုင္းကို သင္ယူခ်င္လား"
ဘိုးေဘးဆယ့္ရွစ္က အနည္းငယ္ ၿပံဳးကာ ေမးလိုက္၏။
ကြၽင္းေရွာင္ေယာက္လည္း မ်က္လံုးမ်ား ေတာက္ပသြားေတာ့သည္။
-------------