Part 1^^
"Get your ass out of the bed or I will come and kick your ass"
ငှက်ဆိုးထိုးသံလို နားထဲကိုစီးဝင်လာတဲ့အသံကြောင့် Jack အိပ်နေရာမှ ကုတင်ပေါ်မှာ ငုတ်တုတ်ထထိုင်မိလျက်သား။
အလွန်အအိပ်မက်တဲ့ Jack ကို လန့်ဖျန့်ပြီး ချက်ချင်းငေါက်ခနဲထထိုင်အောင်လုပ်နိုင်တဲ့အသံပိုင်ရှင်ဟာ ဒီကမ္ဘာမှာ တစ်ဦးသာရှိလေတယ်။
အဲဒီသူကတော့ သူ့ရဲ့ နှစ်ယောက်မရှိတဲ့ Boss ဖြစ်သော Eden ပါပဲ
Eden ဆိုသော သူ့ရဲ့ boss ကို သူ့မှာကြောက်လည်းကြောက်ရ၊ ကြောက်လဲကြောက်ရပါတယ်။
ဟုတ်ပါတယ် ကြောက်ပဲကြောက်ရတာပါ။
ဒါတောင် ခုနကအသံကဘေးမှာလာပြောနေတာမဟုတ်သေးဘူး၊ သူ့ရဲ့ alarm မြည်သံပါ၊ အဲဒါတောင် သူ့မှာ တုန်နေတာပဲ။
ဘာလို့ boss ရဲ့အသံကို alarm ထားထားလဲဆိုတာတော့ ရှင်းပါတယ်၊ သူ့ကိုနိုးအောင် နှိုးနိုင်တာ boss ပဲရှိလို့ပါ
သူ့မှာအားနည်းချက်ကလေးတွေက တစ်ခုမကရှိတယ်ဆိုပေမယ့် အကြီးမားဆုံးအားနည်းချက်ကလေးက သူကအအိပ်မက်တာပါပဲ။
ဘယ်နေရာအိပ်ရအိပ်ရထိုးအိပ်တတ်သလို အစာအငတ်ခံပြီးလဲနိုင်သလို အိပ်ပြီဆိုရင်လဲ မထချင်တာသူပဲရှိသလို သူ့ boss ကလဲ မနက်ရုံးနောက်ကျရင် လုံးဝမကြိုက်တာပါ။
boss မကြိုက်တာတွေကလဲတော်တော်များပေမယ့် ရုံးနောက်ကျတဲ့ကိစ္စက shock အရှိဆုံးပါပဲ
ဘာလို့လဲဆိုရင် မနက်ရုံးနောက်ကျလို့ အဆူခံလိုက်ရပြီဆိုတာနဲ့ အဲဒီတစ်နေ့လုံး boss ရဲ့ ရာသီဥတုက မကောင်းတော့လို့ပါ
အဲဒါကြောင့် ရုံးနောက်မကျဖို့အရေး Jack အရေးဆိုပြီး မနက်တိုင်း alarm 3 ခါပေးပြီးအိပ်တယ်။ ဒါပေမယ့်လည်း နောက်ဆုံး alarm ဖြစ်တဲ့ boss ရဲ့အသံမကြားမချင်းမထတာလဲသူပါပဲ။
ဒီအသံကလဲ alarm ပေးဖို့ဆိုပြီး boss က တကူးတကလာပြောပေးတယ်လို့တော့ မထင်လိုက်ပါနဲ့။
သူရုံးနောက်ကျလို့ boss ဖုန်းဆက်ဆဲတုန်းက အသံ recording ထဲကနေ cut လုပ်ပြီးထုတ်ထားရတာပါ။
- May be we're perfect strangers-
ရုတ်တရက်ထမြည်လာတဲ့ phone ringtone ကြောင့် အလျင်အမြန်ကုတင်ဘေးကစားပွဲပေါ်က ဖုန်းကိုလှမ်းဆွဲရတယ်
အကြောင်းမှာ မနက်စောစောစီးစီးသူ့ကိုဖုန်းဆက်မည့်သူက သူ့ရဲ့ boss ကလွဲပြီး တခြားသူမရှိလို့ပဲ။
"ဟလို boss"
"စားနေကြဖက်ထုပ်ဆိုင်က ဖက်ထုပ်ပြုတ် ၂ ပွဲဝယ်ပြီးအိမ်လာခဲ့"
ခပ်ဟိုက်ဟိုက်လေသံနဲ့ဖြစ်နေတဲ့ boss အသံကိုနားထောင်ရရင် ဒါ မနက်ရေမချိုးခင် boss တစ်ယောက် treadmill ပေါ်မှာ ပြေးနေတာဖြစ်လောက်မယ်။
"boss ကျွန်တော်ခုမှ ..."
သူပြန်ပြောတဲ့စကားတောင်မဆုံးသေး ... ဖုန်းဟာချသွားခဲ့ပြီ။
boss ဟာအဲလိုပဲ။ ဒေါသကြီးတာအပြင် စိတ်မြန်လက်မြန်ကလဲရှိသေးတယ်။
စကားဆိုလည်း တချို့စီးပွားရေးလုပ်ငန်းရှင်တွေလို ချိုသာပျူငှာစွာပြောတာမျိုးမရှိသလို လိုတာထက်ပိုမပြောတတ်တာကြောင့် ဆက်ဆံရေးမကောင်းဘူးလို့လူတွေက နောက်ကွယ်မှာ သမုတ်ကြတယ်။
ဒါပေမယ့်လည်း boss ကနောက်ကွယ်မှာ လူတွေပြောကြတဲ့အတင်းအဖျင်းတွေကို ဂရုစိုက်တတ်သူမဟုတ်။
"ငါ့မကောင်းကြောင်းကို ငါ့ရှေ့မှာလာတောင်မပြောရဲတဲ့သူတွေရဲ့စကားကို ငါကဘာဂရုစိုက်စရာရှိလဲ။ ငါ့မှာအချိန်တွေပေါမနေဘူး" လို့ boss ကပြောဖူးတယ်။
တကယ်လဲ boss ကိုလူတွေကဘယ်လိုပဲပြောနေကြပါစေ၊ အဲဒီလူတွေအားလုံးမှာ boss ကိုကင်းနိုင်တဲ့သူတစ်ယောက်မှမရှိအောင် boss က စီးပွားရေးလောကမှာ အင်အားကြီးမားပြီး အောင်မြင်နေတဲ့ဘုရင်တစ်ဆူပဲ။
အဲလိုမကင်းနိုင်တဲ့သူတွေထဲမှာ သူလည်းအပါအဝင်ပဲလေ။
ဒေါသကြီး အပေါက်ဆိုးပြီး သူ့ကိုအမြဲလိုလိုဆူပူငေါက်ငမ်းနေပေမယ့် boss ဆီကနေ အလုပ်မှမထွက်နိုင်တာ။
တစ်နိုင်ငံလုံးမှာ နံပါတ် ၁ နေရာကနေ အောင်မြင်နေတဲ့လုပ်ငန်းစုတစ်ခုကို ပိုင်ဆိုင်ထားတဲ့ boss ရဲ့ အတွင်းရေးမှူးဆိုတာ လွယ်ကူတဲ့အရာမဟုတ်။
လစာအရမ်းကောင်းသလို ဝန်ထမ်းတွေအတွက် additional benefits ကိုပါကောင်းကောင်းပေးတဲ့ Noah လုပ်ငန်းစုဟာ Best Employer ဆုကို နှစ်တိုင်းရတဲ့လုပ်ငန်းစုတစ်ခု။
အဲဒါကြောင့်အဲဒီလုပ်ငန်းစုရဲ့ ဆက်ခံသူ CEO ဖြစ်တဲ့ သူ့ရဲ့ boss ကဘယ်လောက်ပဲ ဇီဇာကြောင်ပြီး စိတ်လက်တဆစ်ဖြစ်နေပေမယ့် သူကတော့ သည်းခံရစမြဲပါပဲ။
အခုလည်း အိပ်ရာပေါ်မှာ ဖင်ကိုကော်နဲ့ကပ်ထားချင်ပေမယ့် ကျေးဇူးရှင် boss ကမနက်စာအပို့တော်ခိုင်းလို့ ထရပေးအုံမယ်၊ Jack ကြီးရေ ရုန်းထားကွ။
----
"၅ မိနစ်နောက်ကျတယ်"
Eden အိမ်ရဲ့ထမင်းစားခန်းကိုသူဝင်ဝင်လိုက်ချင်းမှာပဲ ရင်ဝကိုဆောင့်ကန်လိုက်သလို ကြားလိုက်ရတဲ့စကားသံ။
ပြောရက်လိုက်တာဗျာလို့ သူအထွန့်မတက်ရဲ၊ ၅ မိနစ်ပဲနောက်ကျအောင် သူဘယ်လောက်အူယားဖားယားပြေးခဲ့ရသလဲဆိုတာ သူပဲသိတာ၊ မဟုတ်သေး ဖက်ထုပ်ဆိုင်ကအဒေါ်ကြီးလဲသိတယ်။
အိမ်ကဖက်ထုပ်ဆိုင်ကိုသွားနေတဲ့လမ်းမှာ သူနောက်ကျနေလို့ မှာနေကြဟာလေးကိုအဆင်သင့်ပြင်ထားပေးဖို့လှမ်းဖုန်းဆက်ခဲ့ရတာမဟုတ်လား။
အဲဒါတောင်မှ ဇီဇာကြောင်လွန်းတဲ့ သူ့ boss က ၅ မိနစ်လောက်လေးနဲ့သူ့ကိုဆူချင်သေးတယ်။ ဘယ်လောက်တောင်မှ မကောင်းလိုက်တဲ့ boss လဲ။
"အကိုလေး Jack ရောက်လာပြီလား၊ ပေးပေး .. အဲဒီဖက်ထုပ်တွေ ကျွန်မ ဥက္ကဌလေးတို့စားဖို့သွားပြင်လိုက်မယ်"
သူ့ကိုမြင်တဲ့ maid တစ်ယောက်က သူ့လက်ထဲက အထုပ်ကိုလာယူသွားတာမို့ သူလက်ကမ်းပေးလိုက်ပြီး Eden ဆီကိုအကြည့်ပို့လိုက်တယ်။
suit အညိုရောင်ဝမ်းဆက်ကို အတွင်းက shirt အဖြူနဲ့တွဲဝတ်ထားတဲ့ Eden ပုံစံက model တစ်ယောက်လို့ပြောရင်တောင် ယုံချင်စရာ။
Eden ကမင်းသားရှုံးလောက်အောင် မှုန်ညက်ပြီးချောနေတဲ့သူမျိုးမဟုတ်ဘူး၊ ဒါပေမယ့် သူ့မျက်နှာကိုတစ်ခါမြင်ပြီးတဲ့သူတိုင်း သူ့ပုံစံကို မေ့ပျောက်ဖို့မလွယ်တဲ့ရုပ်ရည်မျိုးကိုလဲပိုင်ဆိုင်ထားသူဖြစ်ပြန်တယ်။
Jack လို ဖြူစွတ်နေတဲ့အသားအရည်မျိုးမရှိပေမယ့် အနည်းငယ်ညိုတဲ့ဘက်သွားတဲ့ Eden ရဲ့ skin tone က golden skin လို့ အများကတင်စားခေါ်ဝေါ်ရတဲ့အထိ လှတာအမှန်။
ကိုယ်ရည်ကိုယ်သွေးကြွယ်ဝပြီး ရုပ်ရှည်နေရာမှာလည်း အပြစ်ဆိုဖွယ်မရှိတဲ့ Eden သာ Alpha တစ်ယောက်ဖြစ်မယ်ဆိုရင် မဆွတ်ခင်ကညွှတ်မယ့် omega တွေရဲ့ အသည်းအသန်ပိုးပန်းမှုကိုခံရမှာအသေအချာပဲ။
ဒါပေမယ့် အခုရော ဘာထူးလို့လဲ၊ Eden က beta ဖြစ်နေတာတောင် Eden ရဲ့ partner ဖြစ်ရမယ်ဆိုရင် ဘယ်သူမှငြင်းမှာမဟုတ်ဘူးလေ။
Eden က Alpha တစ်ယောက်နဲ့လက်ထပ်ပြီး လွှမ်းမိုးခံရသူဖြစ်သွားမှာလား
ဒါမှမဟုတ် omega လှလှလေးတစ်ယောက်ကိုရှာပြီး လွှမ်းမိုးသူနေရာမှာနေမှာလား
ဒါမှမဟုတ် သူ့လို အသိုင်းအဝိုင်းကြီးထဲကက beta တစ်ယောက်ကိုပဲရွေးချယ်သွားမလားဆိုတာက သူတို့ Noah လုပ်ငန်းစုထဲက ဝန်ထမ်းအားလုံးရဲ့ စိတ်အဝင်စားဆုံး topic တစ်ခုပဲ။
"-ီးမို့လို့ ငါ့ကိုကြည့်နေတာလား ငါ့ကိုမမြင်ဖူးလူလို သားရဲတစ်ကောင်ပုံစံမျိုးနဲ့ကြည့်မနေစမ်းနဲ့ ငါရင်ခုန်မယ်ထင်နေလို့လား"
'ဘယ်သူကရော ရင်ခုန်ခိုင်းနေလို့လဲ'
စိတ်ထဲကနေပြန်ပြောတဲ့စကားကို Eden ကြားသွားလို့မဖြစ်၊ ဒီနေရာမှာတင် သူပြာဖြစ်သွားလိမ့်မယ်။
"ဒီနေ့ boss ကအရမ်းတွေကြည့်ကောင်းနေလို့ပါ ဟဲဟဲ"
"မင်းသောက်ပိုတွေပြောနေလည်း မင်း ၅ မိနစ်နောက်ကျတဲ့ကိစ္စကိုငါလျှော်ပေးလိမ့်မယ်မထင်နဲ့၊ လကုန်ရင်လစာဖြတ်ဖို့ ငါ Cynthia ကိုစာပို့ပြီးပြီ"
"ဟာ boss ကလဲ..."
"အထွန့်တက်နေရင် ၂ ဆဖြစ်သွားမယ်"
'ဝွန့် boss မကောင်းဝူး သူက beta ဆိုပြီး အားနည်းသူ Alpha လေးကိုအနိုင်ကျင့်နေတယ်'
"ဒါနဲ့ မနက်ဖြန် မြို့တော်ဝန်နဲ့ golf ကစားဖို့ချိန်းထားတာ confirm ဖြစ်တယ်မဟုတ်လား"
"ဟုတ်ကဲ့ဖြစ်ပါတယ် boss"
"ဖြစ်တယ်ဆိုလဲ ငါ့ကို သေချာ inform လုပ်လေ၊ ငါကအကုန် follow up လိုက်နေရမှာလား"
"ဟို boss ကိုမပြောရသေးပေမယ့် ကျွန်တော် calendar ထဲမှာ ..."
"calendar ထဲမှာလည်း မမှတ်ရသေးဘူးလေ"
ဟိုက်ရှား ... ကော်ဖီသောက်နေတဲ့ boss ကဘယ်တုန်းက calendar ထဲက daily schedule တွေကိုစစ်လိုက်တာပါလိမ့်။
"ပြီးရင် မှတ်တော့မလို့ပါ boss"
"ပြောလိုက်ရင် ဆင်ခြေကအပြည့် ငါ့နားမှာ ၅ နှစ်နေလာတာတောင်မှ အခုထိ တိုးတက်မလာသေးဘူး"
'boss ကရော ကျွန်တော့်နားမှာ ၅ နှစ်နေလာပြီး ကျွန်တော့်လိုချိူသာပျူငှာနွေးထွေးလာလို့လား .. ဟင်း မေးချင်ပေမယ့် မမေးရဲပါဘူး'
"Eden"
လတ်ဆတ်တဲ့ထင်းရှူးပင်လို pheromone နံ့က ထမင်းစားခန်းကို လွှမ်းခြုံသွားပြီး ချိုသာတဲ့အသံကြည်ကြည်လေးတစ်ခုကိုကြားလိုက်ရတယ်။
ထိုအသံပိုင်ရှင်ကတော့ boss ရဲ့ ချစ်လှစွာသော အကိုတော် Ethan ပါပဲ။
Ethan ကတော့ သူ့ရဲ့ boss လို beta တစ်ယောက်မဟုတ်ပဲ Alpha တစ်ယောက်ဖြစ်ပြီး သူ့ pheromone ရနံ့နဲ့လိုက်ဖက်စွာ တည်ကြည်အေးချမ်းတဲ့ရုပ်ရည်သွင်ပြင်လဲရှိတယ်။
"မောနင်း ကိုကြီး ဒီနေ့ရော နေလို့ကောင်းရဲ့လား"
"မနက်ကနိုးတော့ ခေါင်းနည်းနည်းမူးပေမယ့် အခုတော့ အဆင်ပြေပါတယ်"
စိတ်ထားကောင်းပြီးတည်တည်ကြည်ကြည်နေတတ်တဲ့ သူ့ boss ရဲ့အကိုကြီးက သိပ်မကြာခင်ကမှ ရောဂါတစ်ခုဖြစ်ထားတာမို့ boss က အရင်ကထပ် သေလောက်အောင်ဂရုစိုက်နေတာမို့ သူကပါ ရောယောင်ပြီး ဂရုစိုက်ပေးရပြန်သည်။
"မောနင်း ကိုကြီး Ethan"
"မောနင်း Jack အစောကြီးပါလား"
'အဲဒါတောင်နောက်ကျလို့ လစာဖြတ်ခံရတော့မှာ ကိုကြီးမှမသိပဲ'
'ဟုတ်ကဲ့ boss က ကိုကြီးEthan တို့အတွက် မနက်စာမှာလို့ လာပို့ပေးတာပါဗျ"
"ကျေးဇူး Jack"
boss တစ်ယောက်များ ကိုကြီး Ethan လိုကျေးဇူးတစ်ခွန်းလောက်ပြောဖူးရင် သူသိန်းဆုကြီးပေါက်သလို ပျော်ရအုံးမည်ထင်။
အခုတော့ သူဘာလုပ်ပေးပေး ခေါင်းလေးတစ်ချက်လောက်ဆတ်ပြပြီး အသိအမှတ်ပြုတာကလွဲရင် ကျေးဇူးတင်စကား ချီးကျူးစကားတစ်ခွန်းမှပြောဖော်မရသော boss နဲ့သာ နှစ်ပါးသွားနေရသည်။
boss နားမှာ ၅ နှစ်လောက်နေလာရင်း သူစဉ်းစားမိတာတစ်ခုရှိတယ်။
ဒီလောက်ပါးစိပါးစပ်များပြီး ဒေါသကြီးတဲ့ သူ့ရဲ့ boss ဟာ ဘယ်လို omega မျိုးကို mate အဖြစ်သတ်မှတ်မှာလဲဆိုတာပဲ။
တကယ်ပြောတာ၊ ဘယ်လိုကံဆိုးသူလေးကများ Eden Noah ရဲ့ ကြင်သူသက်လျာလေးဖြစ်လာမှာပါလိမ့်။
Part 2 to be continued
comment လေးတွေ မျှော်နေမယ်နော့်
<Zawgyi>
Part 1^^
"Get your ass out of the bed or I will come and kick your ass"
ငွက္ဆိုးထိုးသံလို နားထဲကိုစီးဝင္လာတဲ့အသံေၾကာင့္ Jack အိပ္ေနရာမွ ကုတင္ေပၚမွာ ငုတ္တုတ္ထထိုင္မိလ်က္သား။
အလြန္အအိပ္မက္တဲ့ Jack ကို လန႔္ဖ်န႔္ၿပီး ခ်က္ခ်င္းေငါက္ခနဲထထိုင္ေအာင္လုပ္နိုင္တဲ့အသံပိုင္ရွင္ဟာ ဒီကမာၻမွာ တစ္ဦးသာရွိေလတယ္။
အဲဒီသူကေတာ့ သူ႕ရဲ႕ ႏွစ္ေယာက္မရွိတဲ့ Boss ျဖစ္ေသာ Eden ပါပဲ
Eden ဆိုေသာ သူ႕ရဲ႕ boss ကို သူ႕မွာေၾကာက္လည္းေၾကာက္ရ၊ ေၾကာက္လဲေၾကာက္ရပါတယ္။
ဟုတ္ပါတယ္ ေၾကာက္ပဲေၾကာက္ရတာပါ။
ဒါေတာင္ ခုနကအသံကေဘးမွာလာေျပာေနတာမဟုတ္ေသးဘူး၊ သူ႕ရဲ႕ alarm ျမည္သံပါ၊ အဲဒါေတာင္ သူ႕မွာ တုန္ေနတာပဲ။
ဘာလို႔ boss ရဲ႕အသံကို alarm ထားထားလဲဆိုတာေတာ့ ရွင္းပါတယ္၊ သူ႕ကိုနိုးေအာင္ ႏွိုးနိုင္တာ boss ပဲရွိလို႔ပါ
သူ႕မွာအားနည္းခ်က္ကေလးေတြက တစ္ခုမကရွိတယ္ဆိုေပမယ့္ အႀကီးမားဆုံးအားနည္းခ်က္ကေလးက သူကအအိပ္မက္တာပါပဲ။
ဘယ္ေနရာအိပ္ရအိပ္ရထိုးအိပ္တတ္သလို အစာအငတ္ခံၿပီးလဲနိုင္သလို အိပ္ၿပီဆိုရင္လဲ မထခ်င္တာသူပဲရွိသလို သူ႕ boss ကလဲ မနက္႐ုံးေနာက္က်ရင္ လုံးဝမႀကိဳက္တာပါ။
boss မႀကိဳက္တာေတြကလဲေတာ္ေတာ္မ်ားေပမယ့္ ႐ုံးေနာက္က်တဲ့ကိစၥက shock အရွိဆုံးပါပဲ
ဘာလို႔လဲဆိုရင္ မနက္႐ုံးေနာက္က်လိဳ႕ အဆူခံလိုက္ရၿပီဆိုတာနဲ႕ အဲဒီတစ္ေန႕လုံး boss ရဲ႕ ရာသီဥတုက မေကာင္းေတာ့လို႔ပါ
အဲဒါေၾကာင့္ ႐ုံးေနာက္မက်ဖိဳ႕အေရး Jack အေရးဆိုၿပီး မနက္တိုင္း alarm 3 ခါေပးၿပီးအိပ္တယ္။ ဒါေပမယ့္လည္း ေနာက္ဆုံး alarm ျဖစ္တဲ့ boss ရဲ႕အသံမၾကားမခ်င္းမထတာလဲသူပါပဲ။
ဒီအသံကလဲ alarm ေပးဖို႔ဆိုၿပီး boss က တကူးတကလာေျပာေပးတယ္လို႔ေတာ့ မထင္လိုက္ပါနဲ႕။
သူ႐ုံးေနာက္က်လိဳ႕ boss ဖုန္းဆက္ဆဲတုန္းက အသံ recording ထဲကေန cut လုပ္ၿပီးထုတ္ထားရတာပါ။
- May be we're perfect strangers-
႐ုတ္တရက္ထျမည္လာတဲ့ phone ringtone ေၾကာင့္ အလ်င္အျမန္ကုတင္ေဘးကစားပြဲေပၚက ဖုန္းကိုလွမ္းဆြဲရတယ္
အေၾကာင္းမွာ မနက္ေစာေစာစီးစီးသူ႕ကိုဖုန္းဆက္မည့္သူက သူ႕ရဲ႕ boss ကလြဲၿပီး တျခားသူမရွိလို႔ပဲ။
"ဟလို boss"
"စားေနၾကဖက္ထုပ္ဆိုင္က ဖက္ထုပ္ျပဳတ္ ၂ ပြဲဝယ္ၿပီးအိမ္လာခဲ့"
ခပ္ဟိုက္ဟိုက္ေလသံနဲ႕ျဖစ္ေနတဲ့ boss အသံကိုနားေထာင္ရရင္ ဒါ မနက္ေရမခ်ိဳးခင္ boss တစ္ေယာက္ treadmill ေပၚမွာ ေျပးေနတာျဖစ္ေလာက္မယ္။
"boss ကြၽန္ေတာ္ခုမွ ..."
သူျပန္ေျပာတဲ့စကားေတာင္မဆုံးေသး ... ဖုန္းဟာခ်သြားခဲ့ၿပီ။
boss ဟာအဲလိုပဲ။ ေဒါသႀကီးတာအျပင္ စိတ္ျမန္လက္ျမန္ကလဲရွိေသးတယ္။
စကားဆိုလည္း တခ်ိဳ႕စီးပြားေရးလုပ္ငန္းရွင္ေတြလို ခ်ိဳသာပ်ဴငွာစြာေျပာတာမ်ိဳးမရွိသလို လိုတာထက္ပိုမေျပာတတ္တာေၾကာင့္ ဆက္ဆံေရးမေကာင္းဘူးလို႔လူေတြက ေနာက္ကြယ္မွာ သမုတ္ၾကတယ္။
ဒါေပမယ့္လည္း boss ကေနာက္ကြယ္မွာ လူေတြေျပာၾကတဲ့အတင္းအဖ်င္းေတြကို ဂ႐ုစိုက္တတ္သူမဟုတ္။
"ငါ့မေကာင္းေၾကာင္းကို ငါ့ေရွ႕မွာလာေတာင္မေျပာရဲတဲ့သူေတြရဲ႕စကားကို ငါကဘာဂ႐ုစိုက္စရာရွိလဲ။ ငါ့မွာအခ်ိန္ေတြေပါမေနဘူး" လို႔ boss ကေျပာဖူးတယ္။
တကယ္လဲ boss ကိုလူေတြကဘယ္လိုပဲေျပာေနၾကပါေစ၊ အဲဒီလူေတြအားလုံးမွာ boss ကိုကင္းနိုင္တဲ့သူတစ္ေယာက္မွမရွိေအာင္ boss က စီးပြားေရးေလာကမွာ အင္အားႀကီးမားၿပီး ေအာင္ျမင္ေနတဲ့ဘုရင္တစ္ဆူပဲ။
အဲလိုမကင္းနိုင္တဲ့သူေတြထဲမွာ သူလည္းအပါအဝင္ပဲေလ။
ေဒါသႀကီး အေပါက္ဆိုးၿပီး သူ႕ကိုအၿမဲလိုလိုဆူပူေငါက္ငမ္းေနေပမယ့္ boss ဆီကေန အလုပ္မွမထြက္နိုင္တာ။
တစ္နိုင္ငံလုံးမွာ နံပါတ္ ၁ ေနရာကေန ေအာင္ျမင္ေနတဲ့လုပ္ငန္းစုတစ္ခုကို ပိုင္ဆိုင္ထားတဲ့ boss ရဲ႕ အတြင္းေရးမႉးဆိုတာ လြယ္ကူတဲ့အရာမဟုတ္။
လစာအရမ္းေကာင္းသလို ဝန္ထမ္းေတြအတြက္ additional benefits ကိုပါေကာင္းေကာင္းေပးတဲ့ Noah လုပ္ငန္းစုဟာ Best Employer ဆုကို ႏွစ္တိုင္းရတဲ့လုပ္ငန္းစုတစ္ခု။
အဲဒါေၾကာင့္အဲဒီလုပ္ငန္းစုရဲ႕ ဆက္ခံသူ CEO ျဖစ္တဲ့ သူ႕ရဲ႕ boss ကဘယ္ေလာက္ပဲ ဇီဇာေၾကာင္ၿပီး စိတ္လက္တဆစ္ျဖစ္ေနေပမယ့္ သူကေတာ့ သည္းခံရစၿမဲပါပဲ။
အခုလည္း အိပ္ရာေပၚမွာ ဖင္ကိုေကာ္နဲ႕ကပ္ထားခ်င္ေပမယ့္ ေက်းဇူးရွင္ boss ကမနက္စာအပို႔ေတာ္ခိုင္းလို႔ ထရေပးအုံမယ္၊ Jack ႀကီးေရ ႐ုန္းထားကြ။
----
"၅ မိနစ္ေနာက္က်တယ္"
Eden အိမ္ရဲ႕ထမင္းစားခန္းကိုသူဝင္ဝင္လိုက္ခ်င္းမွာပဲ ရင္ဝကိုေဆာင့္ကန္လိုက္သလို ၾကားလိုက္ရတဲ့စကားသံ။
ေျပာရက္လိုက္တာဗ်ာလို႔ သူအထြန႔္မတက္ရဲ၊ ၅ မိနစ္ပဲေနာက္က်ေအာင္ သူဘယ္ေလာက္အူယားဖားယားေျပးခဲ့ရသလဲဆိုတာ သူပဲသိတာ၊ မဟုတ္ေသး ဖက္ထုပ္ဆိုင္ကအေဒၚႀကီးလဲသိတယ္။
အိမ္ကဖက္ထုပ္ဆိုင္ကိုသြားေနတဲ့လမ္းမွာ သူေနာက္က်ေနလို႔ မွာေနၾကဟာေလးကိုအဆင္သင့္ျပင္ထားေပးဖို႔လွမ္းဖုန္းဆက္ခဲ့ရတာမဟုတ္လား။
အဲဒါေတာင္မွ ဇီဇာေၾကာင္လြန္းတဲ့ သူ႕ boss က ၅ မိနစ္ေလာက္ေလးနဲ႕သူ႕ကိုဆူခ်င္ေသးတယ္။ ဘယ္ေလာက္ေတာင္မွ မေကာင္းလိုက္တဲ့ boss လဲ။
"အကိုေလး Jack ေရာက္လာၿပီလား၊ ေပးေပး .. အဲဒီဖက္ထုပ္ေတြ ကြၽန္မ ဥကၠဌေလးတို႔စားဖို႔သြားျပင္လိုက္မယ္"
သူ႕ကိုျမင္တဲ့ maid တစ္ေယာက္က သူ႕လက္ထဲက အထုပ္ကိုလာယူသြားတာမို႔ သူလက္ကမ္းေပးလိုက္ၿပီး Eden ဆီကိုအၾကည့္ပို႔လိုက္တယ္။
suit အညိုေရာင္ဝမ္းဆက္ကို အတြင္းက shirt အျဖဴနဲ႕တြဲဝတ္ထားတဲ့ Eden ပုံစံက model တစ္ေယာက္လို႔ေျပာရင္ေတာင္ ယုံခ်င္စရာ။
Eden ကမင္းသားရႈံးေလာက္ေအာင္ မႈန္ညက္ၿပီးေခ်ာေနတဲ့သူမ်ိဳးမဟုတ္ဘူး၊ ဒါေပမယ့္ သူ႕မ်က္ႏွာကိုတစ္ခါျမင္ၿပီးတဲ့သူတိုင္း သူ႕ပုံစံကို ေမ့ေပ်ာက္ဖို႔မလြယ္တဲ့႐ုပ္ရည္မ်ိဳးကိုလဲပိုင္ဆိုင္ထားသူျဖစ္ျပန္တယ္။
Jack လို ျဖဴစြတ္ေနတဲ့အသားအရည္မ်ိဳးမရွိေပမယ့္ အနည္းငယ္ညိုတဲ့ဘက္သြားတဲ့ Eden ရဲ႕ skin tone က golden skin လို႔ အမ်ားကတင္စားေခၚေဝၚရတဲ့အထိ လွတာအမွန္။
ကိုယ္ရည္ကိုယ္ေသြးႂကြယ္ဝၿပီး ႐ုပ္ရွည္ေနရာမွာလည္း အျပစ္ဆိုဖြယ္မရွိတဲ့ Eden သာ Alpha တစ္ေယာက္ျဖစ္မယ္ဆိုရင္ မဆြတ္ခင္ကၫႊတ္မယ့္ omega ေတြရဲ႕ အသည္းအသန္ပိုးပန္းမႈကိုခံရမွာအေသအခ်ာပဲ။
ဒါေပမယ့္ အခုေရာ ဘာထူးလို႔လဲ၊ Eden က beta ျဖစ္ေနတာေတာင္ Eden ရဲ႕ partner ျဖစ္ရမယ္ဆိုရင္ ဘယ္သူမွျငင္းမွာမဟုတ္ဘူးေလ။
Eden က Alpha တစ္ေယာက္နဲ႕လက္ထပ္ၿပီး လႊမ္းမိုးခံရသူျဖစ္သြားမွာလား
ဒါမွမဟုတ္ omega လွလွေလးတစ္ေယာက္ကိုရွာၿပီး လႊမ္းမိုးသူေနရာမွာေနမွာလား
ဒါမွမဟုတ္ သူ႕လို အသိုင္းအဝိုင္းႀကီးထဲကက beta တစ္ေယာက္ကိုပဲေ႐ြးခ်ယ္သြားမလားဆိုတာက သူတို႔ Noah လုပ္ငန္းစုထဲက ဝန္ထမ္းအားလုံးရဲ႕ စိတ္အဝင္စားဆုံး topic တစ္ခုပဲ။
"-ီးမို႔လို႔ ငါ့ကိုၾကည့္ေနတာလား ငါ့ကိုမျမင္ဖူးလူလို သားရဲတစ္ေကာင္ပုံစံမ်ိဳးနဲ႕ၾကည့္မေနစမ္းနဲ႕ ငါရင္ခုန္မယ္ထင္ေနလို႔လား"
'ဘယ္သူကေရာ ရင္ခုန္ခိုင္းေနလို႔လဲ'
စိတ္ထဲကေနျပန္ေျပာတဲ့စကားကို Eden ၾကားသြားလို႔မျဖစ္၊ ဒီေနရာမွာတင္ သူျပာျဖစ္သြားလိမ့္မယ္။
"ဒီေန႕ boss ကအရမ္းေတြၾကည့္ေကာင္းေနလို႔ပါ ဟဲဟဲ"
"မင္းေသာက္ပိုေတြေျပာေနလည္း မင္း ၅ မိနစ္ေနာက္က်တဲ့ကိစၥကိုငါေလွ်ာ္ေပးလိမ့္မယ္မထင္နဲ႕၊ လကုန္ရင္လစာျဖတ္ဖို႔ ငါ Cynthia ကိုစာပို႔ၿပီးၿပီ"
"ဟာ boss ကလဲ..."
"အထြန႔္တက္ေနရင္ ၂ ဆျဖစ္သြားမယ္"
'ဝြန႔္ boss မေကာင္းဝူး သူက beta ဆိုၿပီး အားနည္းသူ Alpha ေလးကိုအနိုင္က်င့္ေနတယ္'
"ဒါနဲ႕ မနက္ျဖန္ ၿမိဳ႕ေတာ္ဝန္နဲ႕ golf ကစားဖို႔ခ်ိန္းထားတာ confirm ျဖစ္တယ္မဟုတ္လား"
"ဟုတ္ကဲ့ျဖစ္ပါတယ္ boss"
"ျဖစ္တယ္ဆိုလဲ ငါ့ကို ေသခ်ာ inform လုပ္ေလ၊ ငါကအကုန္ follow up လိုက္ေနရမွာလား"
"ဟို boss ကိုမေျပာရေသးေပမယ့္ ကြၽန္ေတာ္ calendar ထဲမွာ ..."
"calendar ထဲမွာလည္း မမွတ္ရေသးဘူးေလ"
ဟိုက္ရွား ... ေကာ္ဖီေသာက္ေနတဲ့ boss ကဘယ္တုန္းက calendar ထဲက daily schedule ေတြကိုစစ္လိုက္တာပါလိမ့္။
"ၿပီးရင္ မွတ္ေတာ့မလို႔ပါ boss"
"ေျပာလိုက္ရင္ ဆင္ေျခကအျပည့္ ငါ့နားမွာ ၅ ႏွစ္ေနလာတာေတာင္မွ အခုထိ တိုးတက္မလာေသးဘူး"
'boss ကေရာ ကြၽန္ေတာ့္နားမွာ ၅ ႏွစ္ေနလာၿပီး ကြၽန္ေတာ့္လိုခ်ိဴသာပ်ဴငွာေႏြးေထြးလာလို႔လား .. ဟင္း ေမးခ်င္ေပမယ့္ မေမးရဲပါဘူး'
"Eden"
လတ္ဆတ္တဲ့ထင္းရႉးပင္လို pheromone နံ႕က ထမင္းစားခန္းကို လႊမ္းၿခဳံသြားၿပီး ခ်ိဳသာတဲ့အသံၾကည္ၾကည္ေလးတစ္ခုကိုၾကားလိုက္ရတယ္။
ထိုအသံပိုင္ရွင္ကေတာ့ boss ရဲ႕ ခ်စ္လွစြာေသာ အကိုေတာ္ Ethan ပါပဲ။
Ethan ကေတာ့ သူ႕ရဲ႕ boss လို beta တစ္ေယာက္မဟုတ္ပဲ Alpha တစ္ေယာက္ျဖစ္ၿပီး သူ႕ pheromone ရနံ႕နဲ႕လိုက္ဖက္စြာ တည္ၾကည္ေအးခ်မ္းတဲ့႐ုပ္ရည္သြင္ျပင္လဲရွိတယ္။
"ေမာနင္း ကိုႀကီး ဒီေန႕ေရာ ေနလို႔ေကာင္းရဲ႕လား"
"မနက္ကနိုးေတာ့ ေခါင္းနည္းနည္းမူးေပမယ့္ အခုေတာ့ အဆင္ေျပပါတယ္"
စိတ္ထားေကာင္းၿပီးတည္တည္ၾကည္ၾကည္ေနတတ္တဲ့ သူ႕ boss ရဲ႕အကိုႀကီးက သိပ္မၾကာခင္ကမွ ေရာဂါတစ္ခုျဖစ္ထားတာမို႔ boss က အရင္ကထပ္ ေသေလာက္ေအာင္ဂ႐ုစိုက္ေနတာမို႔ သူကပါ ေရာေယာင္ၿပီး ဂ႐ုစိုက္ေပးရျပန္သည္။
"ေမာနင္း ကိုႀကီး Ethan"
"ေမာနင္း Jack အေစာႀကီးပါလား"
'အဲဒါေတာင္ေနာက္က်လိဳ႕ လစာျဖတ္ခံရေတာ့မွာ ကိုႀကီးမွမသိပဲ'
'ဟုတ္ကဲ့ boss က ကိုႀကီးEthan တို႔အတြက္ မနက္စာမွာလို႔ လာပို႔ေပးတာပါဗ်"
"ေက်းဇူး Jack"
boss တစ္ေယာက္မ်ား ကိုႀကီး Ethan လိုေက်းဇူးတစ္ခြန္းေလာက္ေျပာဖူးရင္ သူသိန္းဆုႀကီးေပါက္သလို ေပ်ာ္ရအုံးမည္ထင္။
အခုေတာ့ သူဘာလုပ္ေပးေပး ေခါင္းေလးတစ္ခ်က္ေလာက္ဆတ္ျပၿပီး အသိအမွတ္ျပဳတာကလြဲရင္ ေက်းဇူးတင္စကား ခ်ီးက်ဴးစကားတစ္ခြန္းမွေျပာေဖာ္မရေသာ boss နဲ႕သာ ႏွစ္ပါးသြားေနရသည္။
boss နားမွာ ၅ ႏွစ္ေလာက္ေနလာရင္း သူစဥ္းစားမိတာတစ္ခုရွိတယ္။
ဒီေလာက္ပါးစိပါးစပ္မ်ားၿပီး ေဒါသႀကီးတဲ့ သူ႕ရဲ႕ boss ဟာ ဘယ္လို omega မ်ိဳးကို mate အျဖစ္သတ္မွတ္မွာလဲဆိုတာပဲ။
တကယ္ေျပာတာ၊ ဘယ္လိုကံဆိုးသူေလးကမ်ား Eden Noah ရဲ႕ ၾကင္သူသက္လ်ာေလးျဖစ္လာမွာပါလိမ့္။
Part 2 to be continued
comment ေလးေတြ ေမွ်ာ္ေနမယ္ေနာ့္