အခန်း (၁၄၆)
ကျီချင်းချင်းသည် လုလီရှင်းလက်ထဲတွင် ငြိမ်နေသော စီစီကိုကြည့်လိုက်သည်။ "ကျွန်မတို့ ပြန်ခေါ်သွားရအောင်လေနော်" သူမသည် မျှော်လင့်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
လုလီရှင်းသည် သူမအားကြည့်လျက် ပြောလိုက်သည်။ "ပြန်ခေါ်သွားရမယ်လား။"
"ဟုတ်တယ်လေ၊ ကျွန်မတို့သာ ပြန်ခေါ်သွားမယ်ဆို အန်တီဖေးတော့ ပျော်နေမှာပဲ။"
"ဒါဆို တစ်ခုခု အရင်ပြောသင့်တယ် မထင်ဘူးလား" လုလီရှင်းဆိုလိုသည်ကို ကျီချင်းချင်း နားလည်လိုက်သည်။
ကျီချင်းချင်းသည် ချောင်းတစ်ချက်ဆိုးလိုက်ကာ လုလီရှင်း၏ ရဲ့ဝံ့မှုကို စောဒကတက်နေမိသည်။ အားလုံး၏ အကြည့်အောက်တွင် ကျီချင်းချင်းတစ်ယောက် လည်ပင်းမှ နားရွက်ဖျားများအထိ နီရဲတက်လာသည်။ ထို့နောက် သူမသည် ကျီချင်းယွမ်းအား လှမ်းကြည့်လိုက်သည်။
ချီကျင်းယွမ်းလည်း အကြောင်းမရှိ ထူးဆန်းနေသော သူတို့နှစ်ယောက်ကို နားလည်ပေးကာ ရယ်လိုက်လျက် ဒါရိုက်တာကျိုးဘေးတွင် ဝင်ထိုင်လိုက်လေသည်။ ထို့နောက် ကျန်းစုနှင့် ဇာတ်ညွှန်းအကြောင်း ဆွေးနွေးဟန်ဆောင်နှင့်ပြီးဖြစ်သော ဒါရိုက်တာကျိုးနှင့် သူပါရော၍ ဆွေးနွေးဟန်ဆောင်နေလေသည်။
"ရှင်ပဲပြောတော့ အန်တီဖေးက သူ့ခွေးလေးပျောက်သွားတယ်ဆို၊ သူက ကျွန်မကို ကောင်းကောင်းဆက်ဆံပေးတော့ ကျွန်မကလည်း ခွေးလေးတစ်ကောင်ပေးပြီး ပျော်စေချင်လို့ပါ၊ ပြီးတော့ အန်တီက ရှင့်ကိုလည်း နှစ်တွေအများကြီး စောင့်ရှောက်ပေးခဲ့တာပဲကို၊ သိပ်ပြီး တွက်ကပ်မနေပါနဲ့။"
"ကိုယ်က တွက်ကပ်တယ်တဲ့လား။"
"...မဟုတ်ပါဘူး၊ ရှင်က ရက်ရောပါတယ်၊ ကျေးဇူးပြုပြီး ကျွန်မကို ခွင့်ပြုပေးပါ၊ ဒီခွေးလေးကို တကယ်ကြိုက်လို့ပါ၊ စီစီကိုလည်း ကြည့်လိုက်ပါဦး၊ သိပ်လိမ္မာပြီး ချစ်ဖို့ကောင်းတယ်လေ၊ ကျွန်မတို့သာ အိမ်ခေါ်သွားရင် အဖိုးအတွက်လည်း အဖော်ရတာပေါ့။"
လုလီရှင်းသည် အဖြေပြန်မပေးဘဲ ခွေးကလေးအား စူးစမ်းနေလေသည်။
လုလီရှင်း ပြန်မဖြေလေလေ ကျီချင်းချင်းသည် ခွေးကလေးအား ခေါ်သွားချင်လေလေ ဖြစ်လေသည်။
သို့သော်လည်း သူမသည် လုမိသားစုအတွင်း ဝင်ရောက်လာသည်မှာ မကြာသေး၍ ဤကဲ့သို့သော အိမ်မွေးတိရိစ္ဆာန်ခေါ်ဆောင်လာခြင်းသည် လုလီရှင်းမှ စီမံခြင်းဖြစ်လျှင် ပို၍သင့်တော်မည် ဖြစ်ပေသည်။
"ချစ်ဖို့ကောင်းတဲ့ စီစီလေးကို ကြည့်ပါဦး!" ကျီချင်းချင်းသည် လုလီရှင်း၏လက်ကို ကိုင်လျက် ပြောလိုက်သည်။ "ခင်ပွန်းရေ၊ ကျွန်မတို့ ခေါ်သွားရအောင်လေနော်"
- "ကျန်းမာရေးအမှတ် + ၁ မှတ်၊ ၄ နာရီကြာ ရှင်သန်နိုင်သေးသည်။"
လုလီရှင်းသည် မျက်ခုံးပင့်လျက် သူမကို ကြည့်လိုက်သည်။
"လုပ်ပါ ခွင့်ပြုပေးပါနော်၊ ခင်ပွန်းရေ၊ ဒီတစ်ခေါက်ပဲလေနော် ခင်ပွန်းနော်၊ ခင်ပွန်း ခင်ပွန်း ခင်ပွန်း၊ ရှင်သဘောတူတယ်မလားဟင်၊ ခင်ပွန်းရေ။"
- "ကျန်းမာရေးအမှတ် + ၆ မှတ်၊ လက်ရှိတွင် ၁၀ နာရီကြာ ရှင်သန်နိုင်သေးသည်။"
အနီးတွင်ရှိသော ဇာတ်ညွှန်းအကြောင်း ဆွေးနွေးချင်ယောင်ဆောင်နေသော ဒါရိုက်တာကျိုးသည် အသက်ရှူသွင်းလိုက်သည်။ ထို့နောက် ခေါင်းငုံ့လိုက်ကာ ချောင်းဆိုးလေတော့သည်။ သူတို့နှစ်ယောက်အား မနှောင့်ယှက်လို၍ ချောင်းဆိုးချင်နေသည်ကို မျက်နှာများနီရဲလာသည်အထိ အောင့်ထားခြင်း ဖြစ်လေသည်။
ချီကျင်းယွမ်းသည် ဇာတ်ညွှန်းစာသားများကို ကြည့်ရင်းထူးဆန်းနေသည်။ ထိုစာသားများအားလုံးကို အလွတ်ကျက်မှတ်ပြီး ဖြစ်သော်လည်း ယခုအခါတွင် သူမမြင်လွှာဝယ် ခင်ပွန်းဟူသော စာလုံးနှစ်လုံးသာ မြင်နေရလေသည်။
ကျန်းစုမှာမူ အခြားနှစ်ယောက်နှင့်ယှဉ်လျှင် အနည်းငယ် တော်ပေသေးသည်။ ကျီချင်းချင်း၏ 'ခင်ပွန်း'ဟု ကြိမ်ဖန်များစွာခေါ်သံကို ကြားသောအခါ လုလီရှင်းကဲ့သို့ပင် နှုတ်ခမ်းစွန်းများ ကော့တက်လာပေသည်။
သူမအား စကားပြန်မပြောသေးသဖြင့် ကျီချင်းချင်းသည် လုံလောက်ပြီလားဟူသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
သူမ၏ပါးစပ်သည် ခြောက်သွေ့နေပြီ ဖြစ်သည်။ ဆက်လက်၍ ခေါ်ဆိုရဦးမည်ဆိုလျှင် ပျောက်ကွယ်သွားနိုင်လေသည်။
လုလီရှင်းသည် အချိန်အားတွက်ချက်လျက် ပြောလိုက်သည်။ "ကောင်းပြီလေ၊ ပြန်ခေါ်သွားလို့ရတယ်။"
"ဝုတ် ဝုတ် ဝုတ် ဝုတ် ဝုတ်"
--- "တစ်ယောက်လောက် လာကယ်ကြပါဦး"
"ကျေးဇူးပါပဲ ခင်ပွန်းရေ"
- "ကျန်းမာရေးအမှတ် + ၁ မှတ်၊ လက်ရှိတွင် ၁၁ နာရီကြာ ရှင်သန်နိုင်သေးသည်။"
လုလီရှင်းသည် သူရရှိလာသော အမှတ်များကို ကြည့်လျက် ကျေနပ်စွာဖြင့် ထွက်သွားလေသည်။ မထွက်သွားခင် ကြိုးတစ်ချောင်းရှာကာ စိတ်မပါသော စီစီကို ကားထဲထည့်လျက် ဟိုတယ်သို့ ပြန်သွားလေသည်။
ထိုနည်းတူပင် ကျီချင်းချင်းသည်လည်း အောင်မြင်မှု ရရှိသွားသဖြင့် ကျေနပ်စွာ ထိုင်ချလိုက်ပြီးနောက် ဒါရိုက်တာကျိုးအပါအဝင် အခြားသူများနှင့်အတူ ဇာတ်ညွှန်းအကြောင်း ဆွေးနွေးနေလေသည်။
လူအများစုသည် သူမအားကြည့်လျက် ဆွံ့အကုန်ကြသည်။
ကျီချင်းချင်းသည် သူမ၏ဇာတ်ညွှန်းကိုလှန်လျက် မော့ကြည့်လိုက်သောအခါ သူ့ကိုစိုက်ကြည့်နေကြသော မျက်လုံးသုံးစုံကို မြင်ရလေသည်။
သူမပြောခဲ့တာအားလုံး ကြားသွားကြပြီဟု သတိပြုမိလေသည်။
ထို့ကြောင့် မျက်နှာတည်လိုက်ကာ "စီစီကို ခေါ်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အစ်မကျင်းယွမ်း၊ နေ့လည်ပိုင်း လက်ဘက်ရည်ကို အားလုံးအတွက် ဝယ်တိုက်မယ်လေ။"
"ကျေးဇူးတင်ပါတယ် မိန်းကလေးကျီ"
"သက်သက်သာသာပဲခေါ်ပါ၊ ချင်းချင်းဆိုလည်း အဆင်ပြေပါတယ်"
ဒါရိုက်တာကျိုးသည် မသက်မသာရယ်လျက် ပြောလိုက်သည်။ "ချင်းချင်း၊ မင်းနဲ့ မစ်စတာလုတို့က တော်တော်ရင်းနှီးကြပုံပဲနော်"
"ဒီလိုပါပဲ။"
"ဘယ်အချိန်က စသိကြတာလဲ၊ ရိုက်ကူးရေးစတုန်းက မသိကြသေးဘူးမလား။"
ကျီချင်းချင်းသည် ဖျော့တော့တော့ရယ်လိုက်သည်။
ရိုက်ကူးရေးအဖွဲ့ထံရောက်ရှိကာစက မူလကျီချင်းချင်းသည် ကူရှောက်ယွီနှင့်တူတူရှိဆဲဖြစ်သဖြင့် လုလီရှင်းနှင့် မသိနိုင်သေးချေ။
ချီကျင်းယွမ်းသည် ပြုံးလျက် "မစ်စတာလုကတော့ ညီမကို သိပ်သဘောကျတဲ့ပုံပဲ"ဟု ပြောလိုက်သည်။
သဘောကျတာလား၊ သူသဘောကျတာက သူ့ကို ခင်ပွန်းလို့ ခေါ်တာကိုပဲ။
ထိုအချိန်တွင် ကျန်းစုသည် များစွာဝင်ပြောမနေတော့ဘဲ "အခွင့်အရေးကို ဆုပ်ကိုင်ထားနော်"ဟုသာ ပြောလိုက်သည်။
"ဟုတ်တယ်၊ ကောင်းကောင်းဆုပ်ကိုင်ထား။"
"သဘောတူတယ်၊ ကောင်းကောင်းဆုပ်ကိုင်ထားနော်"
သူတို့သုံးယောက်လုံးသည် အနုပညာလောက၏ အခက်အခဲများနှင့် စမ်းသပ်မှုများအား အတွေ့အကြုံရှိသူများဖြစ်ကြသည်။ လုလီရှင်းသာ ကျီချင်းချင်းအား ချစ်ကြိုက်နေခြင်းမရှိလျှင် သူမအားလုပ်ချင်သလိုလုပ်ခွင့်ပြုမည်မဟုတ်ဟု ထင်နေကြလေသည်။
***
Zawgyi
အခန္း (၁၄၆)
က်ီခ်င္းခ်င္းသည္ လုလီ႐ွင္းလက္ထဲတြင္ ၿငိမ္ေနေသာ စီစီကိုၾကည့္လိုက္သည္။ "ကြၽန္မတို႔ ျပန္ေခၚသြားရေအာင္ေလေနာ္" သူမသည္ ေမွ်ာ္လင့္ခ်က္အျပည့္ျဖင့္ ေျပာလိုက္သည္။
လုလီ႐ွင္းသည္ သူမအားၾကည့္လ်က္ ေျပာလိုက္သည္။ "ျပန္ေခၚသြားရမယ္လား။"
"ဟုတ္တယ္ေလ၊ ကြၽန္မတို႔သာ ျပန္ေခၚသြားမယ္ဆို အန္တီေဖးေတာ့ ေပ်ာ္ေနမွာပဲ။"
"ဒါဆို တစ္ခုခု အရင္ေျပာသင့္တယ္ မထင္ဘူးလား" လုလီ႐ွင္းဆိုလိုသည္ကို က်ီခ်င္းခ်င္း နားလည္လိုက္သည္။
က်ီခ်င္းခ်င္းသည္ ေခ်ာင္းတစ္ခ်က္ဆိုးလိုက္ကာ လုလီ႐ွင္း၏ ရဲ႕ဝံ့မႈကို ေစာဒကတက္ေနမိသည္။ အားလုံး၏ အၾကည့္ေအာက္တြင္ က်ီခ်င္းခ်င္းတစ္ေယာက္ လည္ပင္းမွ နား႐ြက္ဖ်ားမ်ားအထိ နီရဲတက္လာသည္။ ထို႔ေနာက္ သူမသည္ က်ီခ်င္းယြမ္းအား လွမ္းၾကည့္လိုက္သည္။
ခ်ီက်င္းယြမ္းလည္း အေၾကာင္းမ႐ွိ ထူးဆန္းေနေသာ သူတို႔ႏွစ္ေယာက္ကို နားလည္ေပးကာ ရယ္လိုက္လ်က္ ဒါ႐ိုက္တာက်ိဳးေဘးတြင္ ဝင္ထိုင္လိုက္ေလသည္။ ထို႔ေနာက္ က်န္းစုႏွင့္ ဇာတ္ၫႊန္းအေၾကာင္း ေဆြးေႏြးဟန္ေဆာင္ႏွင့္ၿပီးျဖစ္ေသာ ဒါ႐ိုက္တာက်ိဳးႏွင့္ သူပါေရာ၍ ေဆြးေႏြးဟန္ေဆာင္ေနေလသည္။
"႐ွင္ပဲေျပာေတာ့ အန္တီေဖးက သူ႕ေခြးေလးေပ်ာက္သြားတယ္ဆို၊ သူက ကြၽန္မကို ေကာင္းေကာင္းဆက္ဆံေပးေတာ့ ကြၽန္မကလည္း ေခြးေလးတစ္ေကာင္ေပးၿပီး ေပ်ာ္ေစခ်င္လို႔ပါ၊ ၿပီးေတာ့ အန္တီက ႐ွင့္ကိုလည္း ႏွစ္ေတြအမ်ားႀကီး ေစာင့္ေ႐ွာက္ေပးခဲ့တာပဲကို၊ သိပ္ၿပီး တြက္ကပ္မေနပါနဲ႔။"
"ကိုယ္က တြက္ကပ္တယ္တဲ့လား။"
"...မဟုတ္ပါဘူး၊ ႐ွင္က ရက္ေရာပါတယ္၊ ေက်းဇူးျပဳၿပီး ကြၽန္မကို ခြင့္ျပဳေပးပါ၊ ဒီေခြးေလးကို တကယ္ႀကိဳက္လို႔ပါ၊ စီစီကိုလည္း ၾကည့္လိုက္ပါဦး၊ သိပ္လိမၼာၿပီး ခ်စ္ဖို႔ေကာင္းတယ္ေလ၊ ကြၽန္မတို႔သာ အိမ္ေခၚသြားရင္ အဖိုးအတြက္လည္း အေဖာ္ရတာေပါ့။"
လုလီ႐ွင္းသည္ အေျဖျပန္မေပးဘဲ ေခြးကေလးအား စူးစမ္းေနေလသည္။
လုလီ႐ွင္း ျပန္မေျဖေလေလ က်ီခ်င္းခ်င္းသည္ ေခြးကေလးအား ေခၚသြားခ်င္ေလေလ ျဖစ္ေလသည္။
သို႔ေသာ္လည္း သူမသည္ လုမိသားစုအတြင္း ဝင္ေရာက္လာသည္မွာ မၾကာေသး၍ ဤကဲ့သို႔ေသာ အိမ္ေမြးတိရိစၧာန္ေခၚေဆာင္လာျခင္းသည္ လုလီ႐ွင္းမွ စီမံျခင္းျဖစ္လွ်င္ ပို၍သင့္ေတာ္မည္ ျဖစ္ေပသည္။
"ခ်စ္ဖို႔ေကာင္းတဲ့ စီစီေလးကို ၾကည့္ပါဦး!" က်ီခ်င္းခ်င္းသည္ လုလီ႐ွင္း၏လက္ကို ကိုင္လ်က္ ေျပာလိုက္သည္။ "ခင္ပြန္းေရ၊ ကြၽန္မတို႔ ေခၚသြားရေအာင္ေလေနာ္"
- "က်န္းမာေရးအမွတ္ + ၁ မွတ္၊ ၄ နာရီၾကာ ႐ွင္သန္ႏိုင္ေသးသည္။"
လုလီ႐ွင္းသည္ မ်က္ခုံးပင့္လ်က္ သူမကို ၾကည့္လိုက္သည္။
"လုပ္ပါ ခြင့္ျပဳေပးပါေနာ္၊ ခင္ပြန္းေရ၊ ဒီတစ္ေခါက္ပဲေလေနာ္ ခင္ပြန္းေနာ္၊ ခင္ပြန္း ခင္ပြန္း ခင္ပြန္း၊ ႐ွင္သေဘာတူတယ္မလားဟင္၊ ခင္ပြန္းေရ။"
- "က်န္းမာေရးအမွတ္ + ၆ မွတ္၊ လက္႐ွိတြင္ ၁၀ နာရီၾကာ ႐ွင္သန္ႏိုင္ေသးသည္။"
အနီးတြင္႐ွိေသာ ဇာတ္ၫႊန္းအေၾကာင္း ေဆြးေႏြးခ်င္ေယာင္ေဆာင္ေနေသာ ဒါ႐ိုက္တာက်ိဳးသည္ အသက္႐ွဴသြင္းလိုက္သည္။ ထို႔ေနာက္ ေခါင္းငုံ႔လိုက္ကာ ေခ်ာင္းဆိုးေလေတာ့သည္။ သူတို႔ႏွစ္ေယာက္အား မေႏွာင့္ယွက္လို၍ ေခ်ာင္းဆိုးခ်င္ေနသည္ကို မ်က္ႏွာမ်ားနီရဲလာသည္အထိ ေအာင့္ထားျခင္း ျဖစ္ေလသည္။
ခ်ီက်င္းယြမ္းသည္ ဇာတ္ၫႊန္းစာသားမ်ားကို ၾကည့္ရင္းထူးဆန္းေနသည္။ ထိုစာသားမ်ားအားလုံးကို အလြတ္က်က္မွတ္ၿပီး ျဖစ္ေသာ္လည္း ယခုအခါတြင္ သူမျမင္လႊာဝယ္ ခင္ပြန္းဟူေသာ စာလုံးႏွစ္လုံးသာ ျမင္ေနရေလသည္။
က်န္းစုမွာမူ အျခားႏွစ္ေယာက္ႏွင့္ယွဥ္လွ်င္ အနည္းငယ္ ေတာ္ေပေသးသည္။ က်ီခ်င္းခ်င္း၏ 'ခင္ပြန္း'ဟု ႀကိမ္ဖန္မ်ားစြာေခၚသံကို ၾကားေသာအခါ လုလီ႐ွင္းကဲ့သို႔ပင္ ႏႈတ္ခမ္းစြန္းမ်ား ေကာ့တက္လာေပသည္။
သူမအား စကားျပန္မေျပာေသးသျဖင့္ က်ီခ်င္းခ်င္းသည္ လုံေလာက္ၿပီလားဟူသည့္ အၾကည့္ျဖင့္ ၾကည့္လိုက္သည္။
သူမ၏ပါးစပ္သည္ ေျခာက္ေသြ႕ေနၿပီ ျဖစ္သည္။ ဆက္လက္၍ ေခၚဆိုရဦးမည္ဆိုလွ်င္ ေပ်ာက္ကြယ္သြားႏိုင္ေလသည္။
လုလီ႐ွင္းသည္ အခ်ိန္အားတြက္ခ်က္လ်က္ ေျပာလိုက္သည္။ "ေကာင္းၿပီေလ၊ ျပန္ေခၚသြားလို႔ရတယ္။"
"ဝုတ္ ဝုတ္ ဝုတ္ ဝုတ္ ဝုတ္"
--- "တစ္ေယာက္ေလာက္ လာကယ္ၾကပါဦး"
"ေက်းဇူးပါပဲ ခင္ပြန္းေရ"
- "က်န္းမာေရးအမွတ္ + ၁ မွတ္၊ လက္႐ွိတြင္ ၁၁ နာရီၾကာ ႐ွင္သန္ႏိုင္ေသးသည္။"
လုလီ႐ွင္းသည္ သူရ႐ွိလာေသာ အမွတ္မ်ားကို ၾကည့္လ်က္ ေက်နပ္စြာျဖင့္ ထြက္သြားေလသည္။ မထြက္သြားခင္ ႀကိဳးတစ္ေခ်ာင္း႐ွာကာ စိတ္မပါေသာ စီစီကို ကားထဲထည့္လ်က္ ဟိုတယ္သို႔ ျပန္သြားေလသည္။
ထိုနည္းတူပင္ က်ီခ်င္းခ်င္းသည္လည္း ေအာင္ျမင္မႈ ရ႐ွိသြားသျဖင့္ ေက်နပ္စြာ ထိုင္ခ်လိုက္ၿပီးေနာက္ ဒါ႐ိုက္တာက်ိဳးအပါအဝင္ အျခားသူမ်ားႏွင့္အတူ ဇာတ္ၫႊန္းအေၾကာင္း ေဆြးေႏြးေနေလသည္။
လူအမ်ားစုသည္ သူမအားၾကည့္လ်က္ ဆြံ႕အကုန္ၾကသည္။
က်ီခ်င္းခ်င္းသည္ သူမ၏ဇာတ္ၫႊန္းကိုလွန္လ်က္ ေမာ့ၾကည့္လိုက္ေသာအခါ သူ႕ကိုစိုက္ၾကည့္ေနၾကေသာ မ်က္လုံးသုံးစုံကို ျမင္ရေလသည္။
သူမေျပာခဲ့တာအားလုံး ၾကားသြားၾကၿပီဟု သတိျပဳမိေလသည္။
ထို႔ေၾကာင့္ မ်က္ႏွာတည္လိုက္ကာ "စီစီကို ေခၚခြင့္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္၊ အစ္မက်င္းယြမ္း၊ ေန႔လည္ပိုင္း လက္ဘက္ရည္ကို အားလုံးအတြက္ ဝယ္တိုက္မယ္ေလ။"
"ေက်းဇူးတင္ပါတယ္ မိန္းကေလးက်ီ"
"သက္သက္သာသာပဲေခၚပါ၊ ခ်င္းခ်င္းဆိုလည္း အဆင္ေျပပါတယ္"
ဒါ႐ိုက္တာက်ိဳးသည္ မသက္မသာရယ္လ်က္ ေျပာလိုက္သည္။ "ခ်င္းခ်င္း၊ မင္းနဲ႔ မစ္စတာလုတို႔က ေတာ္ေတာ္ရင္းႏွီးၾကပုံပဲေနာ္"
"ဒီလိုပါပဲ။"
"ဘယ္အခ်ိန္က စသိၾကတာလဲ၊ ႐ိုက္ကူးေရးစတုန္းက မသိၾကေသးဘူးမလား။"
က်ီခ်င္းခ်င္းသည္ ေဖ်ာ့ေတာ့ေတာ့ရယ္လိုက္သည္။
႐ိုက္ကူးေရးအဖြဲ႕ထံေရာက္႐ွိကာစက မူလက်ီခ်င္းခ်င္းသည္ ကူေ႐ွာက္ယြီႏွင့္တူတူ႐ွိဆဲျဖစ္သျဖင့္ လုလီ႐ွင္းႏွင့္ မသိႏိုင္ေသးေခ်။
ခ်ီက်င္းယြမ္းသည္ ျပဳံးလ်က္ "မစ္စတာလုကေတာ့ ညီမကို သိပ္သေဘာက်တဲ့ပုံပဲ"ဟု ေျပာလိုက္သည္။
သေဘာက်တာလား၊ သူသေဘာက်တာက သူ႕ကို ခင္ပြန္းလို႔ ေခၚတာကိုပဲ။
ထိုအခ်ိန္တြင္ က်န္းစုသည္ မ်ားစြာဝင္ေျပာမေနေတာ့ဘဲ "အခြင့္အေရးကို ဆုပ္ကိုင္ထားေနာ္"ဟုသာ ေျပာလိုက္သည္။
"ဟုတ္တယ္၊ ေကာင္းေကာင္းဆုပ္ကိုင္ထား။"
"သေဘာတူတယ္၊ ေကာင္းေကာင္းဆုပ္ကိုင္ထားေနာ္"
သူတို႔သုံးေယာက္လုံးသည္ အႏုပညာေလာက၏ အခက္အခဲမ်ားႏွင့္ စမ္းသပ္မႈမ်ားအား အေတြ႕အၾကဳံ႐ွိသူမ်ားျဖစ္ၾကသည္။ လုလီ႐ွင္းသာ က်ီခ်င္းခ်င္းအား ခ်စ္ႀကိဳက္ေနျခင္းမ႐ွိလွ်င္ သူမအားလုပ္ခ်င္သလိုလုပ္ခြင့္ျပဳမည္မဟုတ္ဟု ထင္ေနၾကေလသည္။