Zawgyi
- စာၾကည့္ခန္းက စကားဝိုင္း- ၂
လုက်င့္ က လုရီေဖးကို သြားၿပီး မစရဲေတာ့ဘဲ တိတ္တိတ္ေလး သာ ေနေတာ့သည္။
လုရီေဖး က ၿငိမ္က်သြားတဲ့ သူ႕ဦးရီးေတာ္ကို ျမင္ေတာ့ အနည္းငယ္သနားသြားၿပီး ေသးေသးေလးက်န္တဲ့ စိတ္ဆိုးမႈေလးေတြ ကုန္သြားသည္။
သူက စိတ္ကို တည္ျငိမ္စြာ ျပန္ထားၿပီး သူ႕ဦးရီးေတာ္ကို ေလးေလးနက္နက္နဲ႔ ၾကည့္ၿပီး ေခၚလိုက္သည္။
" ဦးရီးေတာ္ "
လုက်င့္ သူ႕ကို စိုက္ၾကည့္လာသည္။
လုရီေဖး က သူ႕ကို ၾကည့္ရင္း၊ တည္ၿငိမ္ၿပီး ေလးနက္တဲ့ အသံနဲ႔ ေျပာလိုက္သည္။
" လြန္ခဲ့တဲ့သံုးႏွစ္တုန္းက အေၾကာင္းကို ခဏ ေမ့ထားရေအာင္၊ ကြၽန္ေတာ္ အခု သိခ်င္တာကို ဦးရီးေတာ္ အရင္ေျဖ၊ ဘာလို႔ ဒီအခ်ိန္မွာ နန္းေတာ္ကို ျပန္လာတာလဲ "
လုက်င့္ က သူ႕ရဲ႕ တည္ၿငိမ္ၿပီး ေလးနက္တဲ့ ေလသံကိုၾကားေတာ့၊ သူ႕ကိုယ္သူ တည္ျငိမ္စြာ ထားၿပီး ေလးနက္စြာ ျပန္ေျဖလိုက္သည္။
" ငါ ျပန္လာရတဲ့ အေၾကာင္းရင္းက၊
မင္း လုႏိုင္ငံရဲ႕ ေနရာအသီးသီးမွာ၊ ေလ့က်င့္ေရးဆင္းတဲ့၊စစ္သည္ေတာ္ေတြအကုန္လံုးကို၊ ၿမိဳ႕ေတာ္ဆီ အျမန္ဆံုး ျပန္လာဖို႔ အမိန္႔ထုတ္ထားကို ၾကားရလို႔ပဲ၊ ဒါေၾကာင့္ ငါက၊ မင္း ေျဖရွင္းရခက္တဲ့ ျပသနာအႀကီးႀကီး တစ္ခု နဲ႕၊ ႀကံဳရမွာလို႔ ေတြးၿပီး၊ စိုးရိမ္လို႔၊ မင္းတို႔ ဒီမွာ အဆင္ေျပလားဆိုတာ ျပန္လာၾကည့္တာ "
လုက်င့္ ေျပာတဲ့စကားေတြကို ၾကားရေတာ့ လုရီေဖး က အနည္းငယ္ စိတ္လႈပ္ရွားသြားသည္။
သူ႕ဦးရီးေတာ္က မၾကာခင္က အေရးတႀကီး ထုတ္ျပန္လိုက္တဲ့ သူ႕ရဲ႕ အမိန္ေၾကာင့္ ျပန္လာတာဆိုေတာ့ သူ႕ကို မ်က္ေျခမျပတ္ ေစာင့္ၾကည့္တယ္ ဆိုတဲ့ သေဘာပဲ။ ဒါက ေကာင္းလား၊ ဆိုးလားဆိုတာ သူမသိဘူး။
ဒါေပမဲ့ သူတို႔ကို စိုးရိမ္လို႔ ျပန္လာၾကည့္တယ္ ဆိုတဲ့ စကားကို ၾကားေတာ့ သူ စိတ္ၾကည္သြားသည္။
" ကြၽန္ေတာ္ နားလည္ၿပီး၊ ဦးရီးေတာ္က ဒီသံုးႏွစ္အတြင္း ကြၽန္ေတာ့္ဆီကို မဆက္သြယ္ေပမယ့္၊ ကြၽန္ေတာ္တို႔ကို တခ်ိန္လံုး မ်က္ေျခမျပတ္ ေစာင့္ၾကည့္ေနတာမလား၊ "
လုရီေဖး ရဲ႕ စကားေၾကာင့္ လုက်င့္ က စိတ္မလံုမလဲ ျဖစ္သြားသည္။
သူက ဒီသံုးႏွစ္အတြင္း လုရီေဖး နဲ႕ လုရွန္းရွန္း တို႔ကို အဆက္သြယ္ျဖတ္ထားေပမယ့္၊ အေဝးကေန သူတို႔အေၾကာင္းကို အဆက္မျပတ္ သတင္းနာေနသည္။
သူက သူတို႔ရဲ႕ အေၾကာင္းကို သိရၿပီး ၊ သူ႕ကို ရွာမေတြ႕ေအာင္ ႐ုပ္ဖ်က္ၿပီး လြတ္လပ္စြာ ေလွ်ာက္သြားေနတာ သူတို႔အတြက္ မတရားမွန္း သိပါတယ္။
ဒါေပမဲ့ သူတို႔ဟာ အားကိုးသူမရိွလို႔ ကိုယ့္အားနဲ႔ကို ေနတတ္ရမယ့္အခ်ိန္ ရိွလာမွာ။
အဲဒီအခ်ိန္မေရာက္ခင္ သူက သူတို႔ကို သန္မာေစခ်င္တယ္။ ဒါေၾကာင့္ သူက အခ်ိန္တစ္ခုေလာက္ သူတို႔နားက ထြက္သြားၿပီး အေဝးကေနဘဲ သူတို႔ကို ေစာင့္ၾကည့္ခဲ့တယ္။
ဒါေၾကာင့္ တျဖည္းျဖည္း နဲ႕ သန္မာထက္ျမတ္လာတဲ့ လုရီေဖး ေၾကာင့္ သူ ေပ်ာ္ရႊင္ေက်နပ္ရၿပီး၊
အရင္ထက္ ပိုၿပီး အက်င့္ဆိုးလာတဲ့ လုရွန္းရွန္းေၾကာင့္ သူ ကူရာမဲ့စြာ ခံစားရသည္။
လုက်င့္ က ထိုသို႔မ်ားစြာေတြးၿပီးေတာ့ လုရီေဖး ကို ၾကည့္လိုက္သည္။
" ဟုတ္တယ္၊ ဦးရီးေတာ္က မင္းတို႔ကို အေဝးက ေစာင့္ၾကည့္ခဲ့တာ၊ ဦးရီးေတာ္က မင္းတို႔ကို အၿမဲ သတိရေနတာ " သူက ဒီစကားကို ေျပာၿပီးေတာ့ လုရီေဖး ရဲ႕ မ်က္ႏွာထားကို ခဏေလာက္ၾကည့္လိုက္သည္။
လုရီေဖး က သူ႕စကားကို ဂ႐ုစိုက္စြာ နားေထာင္ေနသည္။
သူက တစ္ခ်က္ၿပံဳးၿပီး၊
" ဦးရီးေတာ္ ရဲ႕ အေၾကာင္းကို ေနာက္မွ ေအးေအးေဆးနဲ႕ ေျပာျပမယ္၊ အခု ဦးရီးေတာ္ကို ေနာက္သံုးႏွစ္မွာ ျဖစ္လာမယ့္ ကမာၻ ပ်က္ကပ္အေၾကာင္း အေသးစိတ္ကို ရွင္းျပ "
လုရီေဖး က သူ႕ရဲ႕ ထိုစကားကို ၾကားေတာ့ အံ့အားသင့္သြားသည္။
" ဦးရီးေတာ္က ဒီအေၾကာင္းကို ဘယ္က သိလာတာလဲ"
သူ႕ရဲ႕ အေမးကို လုက်င့္ က အၿပံဳးနဲ႕ တုန္႔ျပန္လိုက္သည္။
" ငါက ေငြေရာင္ငွက္ဆီက သိလာတာ၊ ငါ သူ႕ကို အႀကိမ္ႀကိမ္ ေတာင္းဆိုၿပီး ေမးမွ အနည္းငယ္ပဲ ေျပာျပတယ္၊ ဒါေၾကာင့္ မင္းဆီက အဲဒီအေၾကာင္းကို အေသးစိတ္ သိခ်င္တယ္၊ ၿပီးေတာ့ မင္း အဲဒီအခ်ိန္အတြက္ အစီစဥ္ေတြကို ဘယ္လိုခ်ထားလဲ သိခ်င္တယ္၊"
ေငြပန္းေလးဆီက ၾကားလာတာကို ၾကားေတာ့ လုရီေဖး က စိတ္ေအးသြားသည္။
ဒါေပမဲ့ ေငြပန္းေလးကို ဒီအေၾကာင္းကို လူသိမမ်ားေအာင္ လွ်ိ႕ဝွက္ထားဖို႔ ေျပာထားရမည္။
လုရီေဖး က ထိုသို႔ ေတြးၿပီးေတာ့ သူ႕ဦးရီးေတာ္ကို တည္ျငိမ္စြာ ၾကည့္လိုက္ၿပီး သူ႕ဦးရီးေတာ္ သိခ်င္တာေတြကို ေျပာျပလိုက္သည္။
"ဒါက ရွန္းရွန္း ရဲ႕ အိပ္မက္ကေန စၿပီးေျပာရမယ္ "
ဒီလိုနဲ႔ လုရီေဖး က လုရွန္းရွန္း ရဲ႕ အိပ္မက္ထဲကအေၾကာင္းကို သူသိသမွ်အကုန္ေျပာျပလိုက္ၿပီး၊သူ ေစာင့္ေရွာက္သူေတြ နဲ႕ ေဆြးေႏြးထားတဲ့ အစီစဥ္ အေၾကာင္းကိုလည္း အေသးစိတ္ ေျပာျပလိုက္သည္။
လုက်င့္ က လုရီေဖး ေျပာတာကိုနားေထာင္ၿပီးေတာ့ လုရီေဖး ကို အတန္ၾကာေအာင္ စိုက္ၾကည့္ၿပီးေနာက္ ညင္သာစြာ ေျပာလိုက္သည္။
" ဒီရက္ေတြမွာ မင္းအေတာ္ စိတ္ပင္ပန္းရမွာပဲ "
လုရီေဖး က သူ႕ဦးရီးေတာ္ရဲ႕ ညင္သာတဲ့စကားကိုၾကားေတာ့ သူဒီရက္အတြင္း အတတ္ႏိုင္ဆံုး တင္းထားတဲ့စိတ္ကတုန္လႈပ္သြားသည္။သူက ခဏတာ စိတ္မတည္မၿငိမ္ ျဖစ္သြားသည္။
သူ႕ကိုယ္သူ တည္ျငိမ္ေအာင္ ျပန္ထိန္းၿပီး သူ႕ဦးရီးေတာ္ ကို ၿပံဳးျပလိုက္သည္။
" ဒါက ျဖစ္သင့္တာပဲ၊ ကြၽန္ေတာ္ က ဒီအေျခေနမွာ စိတ္တင္းထားမွ ျဖစ္မယ္ေလ "
လုက်င့္ က ထိုသို႔ၾကားေတာ့ ေခါင္းညိတ္ၿပီးၿပံဳးကာ သူ႕ကို ေျပာလိုက္သည္။
" ေကာင္းတယ္၊ မင္းက အေတာ္ႀကီးျပင္းလာၿပီးပဲ၊ ငါ မင္းကို ကူညီမယ္၊ မင္းခ်မွတ္ထားတဲ့ အစီစဥ္ နဲ႕ မင္းေပးတဲ့ အမိန္႔ကို ငါကိုယ္တိုင္ ဦးေဆာင္ၿပီး လုပ္ေဆာင္မယ္၊ ဒီတာဝန္ကို ငါ့ လက္ထဲမွာ စိတ္ခ်စြာ အပ္လိုက္"
လုရီေဖး က သူ႕ကို ကူညီေပးမယ့္ သူ႕ဦးရီးေတာ္ရဲ႕စကားကို ၾကားေတာ့ ဝမ္းသာသြားသည္။
" ေကာင္းၿပီ " ဟု ေျပာၿပီး၊
သူေရးထားတဲ့ အမိန္႔စာေတြကို ယူၿပီး သူ႕ဦးရီးေတာ္ကို ေပးလိုက္သည္။
_____________________________________________________
Unicode
- စာကြည့်ခန်းက စကားဝိုင်း- ၂
လုကျင့် က လုရီဖေးကို သွားပြီး မစရဲတော့ဘဲ တိတ်တိတ်လေး သာ နေတော့သည်။
လုရီဖေး က ငြိမ်ကျသွားတဲ့ သူ့ဦးရီးတော်ကို မြင်တော့ အနည်းငယ်သနားသွားပြီး သေးသေးလေးကျန်တဲ့ စိတ်ဆိုးမှုလေးတွေ ကုန်သွားသည်။
သူက စိတ်ကို တည်ငြိမ်စွာ ပြန်ထားပြီး သူ့ဦးရီးတော်ကို လေးလေးနက်နက်နဲ့ ကြည့်ပြီး ခေါ်လိုက်သည်။
" ဦးရီးတော် "
လုကျင့် သူ့ကို စိုက်ကြည့်လာသည်။
လုရီဖေး က သူ့ကို ကြည့်ရင်း၊ တည်ငြိမ်ပြီး လေးနက်တဲ့ အသံနဲ့ ပြောလိုက်သည်။
" လွန်ခဲ့တဲ့သုံးနှစ်တုန်းက အကြောင်းကို ခဏ မေ့ထားရအောင်၊ ကျွန်တော် အခု သိချင်တာကို ဦးရီးတော် အရင်ဖြေ၊ ဘာလို့ ဒီအချိန်မှာ နန်းတော်ကို ပြန်လာတာလဲ "
လုကျင့် က သူ့ရဲ့ တည်ငြိမ်ပြီး လေးနက်တဲ့ လေသံကိုကြားတော့၊ သူ့ကိုယ်သူ တည်ငြိမ်စွာ ထားပြီး လေးနက်စွာ ပြန်ဖြေလိုက်သည်။
" ငါ ပြန်လာရတဲ့ အကြောင်းရင်းက၊
မင်း လုနိုင်ငံရဲ့ နေရာအသီးသီးမှာ၊ လေ့ကျင့်ရေးဆင်းတဲ့၊စစ်သည်တော်တွေအကုန်လုံးကို၊ မြို့တော်ဆီ အမြန်ဆုံး ပြန်လာဖို့ အမိန့်ထုတ်ထားကို ကြားရလို့ပဲ၊ ဒါကြောင့် ငါက၊ မင်း ဖြေရှင်းရခက်တဲ့ ပြသနာအကြီးကြီး တစ်ခု နဲ့၊ ကြုံရမှာလို့ တွေးပြီး၊ စိုးရိမ်လို့၊ မင်းတို့ ဒီမှာ အဆင်ပြေလားဆိုတာ ပြန်လာကြည့်တာ "
လုကျင့် ပြောတဲ့စကားတွေကို ကြားရတော့ လုရီဖေး က အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
သူ့ဦးရီးတော်က မကြာခင်က အရေးတကြီး ထုတ်ပြန်လိုက်တဲ့ သူ့ရဲ့ အမိန်ကြောင့် ပြန်လာတာဆိုတော့ သူ့ကို မျက်ခြေမပြတ် စောင့်ကြည့်တယ် ဆိုတဲ့ သဘောပဲ။ ဒါက ကောင်းလား၊ ဆိုးလားဆိုတာ သူမသိဘူး။
ဒါပေမဲ့ သူတို့ကို စိုးရိမ်လို့ ပြန်လာကြည့်တယ် ဆိုတဲ့ စကားကို ကြားတော့ သူ စိတ်ကြည်သွားသည်။
" ကျွန်တော် နားလည်ပြီး၊ ဦးရီးတော်က ဒီသုံးနှစ်အတွင်း ကျွန်တော့်ဆီကို မဆက်သွယ်ပေမယ့်၊ ကျွန်တော်တို့ကို တချိန်လုံး မျက်ခြေမပြတ် စောင့်ကြည့်နေတာမလား၊ "
လုရီဖေး ရဲ့ စကားကြောင့် လုကျင့် က စိတ်မလုံမလဲ ဖြစ်သွားသည်။
သူက ဒီသုံးနှစ်အတွင်း လုရီဖေး နဲ့ လုရှန်းရှန်း တို့ကို အဆက်သွယ်ဖြတ်ထားပေမယ့်၊ အဝေးကနေ သူတို့အကြောင်းကို အဆက်မပြတ် သတင်းနာနေသည်။
သူက သူတို့ရဲ့ အကြောင်းကို သိရပြီး ၊ သူ့ကို ရှာမတွေ့အောင် ရုပ်ဖျက်ပြီး လွတ်လပ်စွာ လျှောက်သွားနေတာ သူတို့အတွက် မတရားမှန်း သိပါတယ်။
ဒါပေမဲ့ သူတို့ဟာ အားကိုးသူမရှိလို့ ကိုယ့်အားနဲ့ကို နေတတ်ရမယ့်အချိန် ရှိလာမှာ။
အဲဒီအချိန်မရောက်ခင် သူက သူတို့ကို သန်မာစေချင်တယ်။ ဒါကြောင့် သူက အချိန်တစ်ခုလောက် သူတို့နားက ထွက်သွားပြီး အဝေးကနေဘဲ သူတို့ကို စောင့်ကြည့်ခဲ့တယ်။
ဒါကြောင့် တဖြည်းဖြည်း နဲ့ သန်မာထက်မြတ်လာတဲ့ လုရီဖေး ကြောင့် သူ ပျော်ရွှင်ကျေနပ်ရပြီး၊
အရင်ထက် ပိုပြီး အကျင့်ဆိုးလာတဲ့ လုရှန်းရှန်းကြောင့် သူ ကူရာမဲ့စွာ ခံစားရသည်။
လုကျင့် က ထိုသို့များစွာတွေးပြီးတော့ လုရီဖေး ကို ကြည့်လိုက်သည်။
" ဟုတ်တယ်၊ ဦးရီးတော်က မင်းတို့ကို အဝေးက စောင့်ကြည့်ခဲ့တာ၊ ဦးရီးတော်က မင်းတို့ကို အမြဲ သတိရနေတာ " သူက ဒီစကားကို ပြောပြီးတော့ လုရီဖေး ရဲ့ မျက်နှာထားကို ခဏလောက်ကြည့်လိုက်သည်။
လုရီဖေး က သူ့စကားကို ဂရုစိုက်စွာ နားထောင်နေသည်။
သူက တစ်ချက်ပြုံးပြီး၊
" ဦးရီးတော် ရဲ့ အကြောင်းကို နောက်မှ အေးအေးဆေးနဲ့ ပြောပြမယ်၊ အခု ဦးရီးတော်ကို နောက်သုံးနှစ်မှာ ဖြစ်လာမယ့် ကမ္ဘာ ပျက်ကပ်အကြောင်း အသေးစိတ်ကို ရှင်းပြ "
လုရီဖေး က သူ့ရဲ့ ထိုစကားကို ကြားတော့ အံ့အားသင့်သွားသည်။
" ဦးရီးတော်က ဒီအကြောင်းကို ဘယ်က သိလာတာလဲ"
သူ့ရဲ့ အမေးကို လုကျင့် က အပြုံးနဲ့ တုန့်ပြန်လိုက်သည်။
" ငါက ငွေရောင်ငှက်ဆီက သိလာတာ၊ ငါ သူ့ကို အကြိမ်ကြိမ် တောင်းဆိုပြီး မေးမှ အနည်းငယ်ပဲ ပြောပြတယ်၊ ဒါကြောင့် မင်းဆီက အဲဒီအကြောင်းကို အသေးစိတ် သိချင်တယ်၊ ပြီးတော့ မင်း အဲဒီအချိန်အတွက် အစီစဉ်တွေကို ဘယ်လိုချထားလဲ သိချင်တယ်၊"
ငွေပန်းလေးဆီက ကြားလာတာကို ကြားတော့ လုရီဖေး က စိတ်အေးသွားသည်။
ဒါပေမဲ့ ငွေပန်းလေးကို ဒီအကြောင်းကို လူသိမများအောင် လျှိ့ဝှက်ထားဖို့ ပြောထားရမည်။
လုရီဖေး က ထိုသို့ တွေးပြီးတော့ သူ့ဦးရီးတော်ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး သူ့ဦးရီးတော် သိချင်တာတွေကို ပြောပြလိုက်သည်။
"ဒါက ရှန်းရှန်း ရဲ့ အိပ်မက်ကနေ စပြီးပြောရမယ် "
ဒီလိုနဲ့ လုရီဖေး က လုရှန်းရှန်း ရဲ့ အိပ်မက်ထဲကအကြောင်းကို သူသိသမျှအကုန်ပြောပြလိုက်ပြီး၊သူ စောင့်ရှောက်သူတွေ နဲ့ ဆွေးနွေးထားတဲ့ အစီစဉ် အကြောင်းကိုလည်း အသေးစိတ် ပြောပြလိုက်သည်။
လုကျင့် က လုရီဖေး ပြောတာကိုနားထောင်ပြီးတော့ လုရီဖေး ကို အတန်ကြာအောင် စိုက်ကြည့်ပြီးနောက် ညင်သာစွာ ပြောလိုက်သည်။
" ဒီရက်တွေမှာ မင်းအတော် စိတ်ပင်ပန်းရမှာပဲ "
လုရီဖေး က သူ့ဦးရီးတော်ရဲ့ ညင်သာတဲ့စကားကိုကြားတော့ သူဒီရက်အတွင်း အတတ်နိုင်ဆုံး တင်းထားတဲ့စိတ်ကတုန်လှုပ်သွားသည်
။သူက ခဏတာ စိတ်မတည်မငြိမ် ဖြစ်သွားသည်။
သူ့ကိုယ်သူ တည်ငြိမ်အောင် ပြန်ထိန်းပြီး သူ့ဦးရီးတော် ကို ပြုံးပြလိုက်သည်။
" ဒါက ဖြစ်သင့်တာပဲ၊ ကျွန်တော် က ဒီအခြေနေမှာ စိတ်တင်းထားမှ ဖြစ်မယ်လေ "
လုကျင့် က ထိုသို့ကြားတော့ ခေါင်းညိတ်ပြီးပြုံးကာ သူ့ကို ပြောလိုက်သည်။
" ကောင်းတယ်၊ မင်းက အတော်ကြီးပြင်းလာပြီးပဲ၊ ငါ မင်းကို ကူညီမယ်၊ မင်းချမှတ်ထားတဲ့ အစီစဉ် နဲ့ မင်းပေးတဲ့ အမိန့်ကို ငါကိုယ်တိုင် ဦးဆောင်ပြီး လုပ်ဆောင်မယ်၊ ဒီတာဝန်ကို ငါ့ လက်ထဲမှာ စိတ်ချစွာ အပ်လိုက်"
လုရီဖေး က သူ့ကို ကူညီပေးမယ့် သူ့ဦးရီးတော်ရဲ့စကားကို ကြားတော့ ဝမ်းသာသွားသည်။
" ကောင်းပြီ " ဟု ပြောပြီး၊
သူရေးထားတဲ့ အမိန့်စာတွေကို ယူပြီး သူ့ဦးရီးတော်ကို ပေးလိုက်သည်။
____________________________________________________________