"အဲ့ကပြန်လာပြီးကတည်းက အဖျားတွေတက်ပြီး သုံးရက်လောက်ကအိပ်ယာပေါ်မှာဘဲလေ။ မှတ်မှတ်ရရ သူပြန်သတိရလာတော့ လုံးဝကိုအဆင်ပြေနေတဲ့ပုံနဲ့ ဟို ဘယ်လိုပြောရမလဲ လုံးဝခံစားချက်မရှိတော့တဲ့မျက်နှာမျိုးလေ ။ ဖြစ်ချင်တော့ အဲ့အချိန်ငါတို့ကလည်း စာမေးပွဲနဲ့အလုပ်ရှုပ်နေတာတော့ သူ့ဘက်ကိုလှည့်မကြည့်အားခဲ့ဘူး ။ပြီးတော့လည်း အဆောင်ပြောင်းနေခဲ့ရတာနဲ့ဆိုတော့ တို့လည်းအဲ့လောက်ဘဲ သိတယ်။"
ပန်းတစ်ယောက်ဟာဖြင့်စကားအရှည်ကြီးကိုတစ်ရတ်ဆက်ပြောချသွားပြီး မောသွားသည်ထင်၏ ရှေ့မှာချထားသည့်အအေးပုလင်းအား အားရပါးရမော့သောက်လေသည်။ ယိမ်း ရင်ထဲတွင်အောင့်သက်သက်ဖြစ်ကာ အဲ့ဒီနေ့က အဖြစ်အပျက်တွေကိုပြန်မြင်ယောင်မိပြန်သည်။
-------------
နောက်ကြောင်းပြန်ခြင်း။
အောက်တွင်ဒူးတုပ်ထိုင်ချကာတစ်အိအိငိုနေသော ကလေးပေါက်စကြောင့် ယိမ်းခမျာစိတ်မကောင်းဖြစ်မိသော်လည်း အခုလိုမျိုးကြီးထိလည်းဆိုးသွမ်းမနေစေချင်ပါ။ ကလေးဘဲမို့ ကလေးဆန်တာမဆန်းပါဘူးလေ ဟုဖြည့်တွေးမိသော်လည်း ကိုယ့်ထက်ကြီးတဲ့လူကြီးတစ်ယောက်အပေါ်မှာတော့ မရိုင်းစိုင်းသင့်ဘူးထင်မိသည်။ပြီး တစ်ဖက်ကအမြင်မှာလည်းဒီကလေးငယ်ငယ်လေးနဲ့ရိုင်းလိုက်တာ ဟုကဲ့ရဲ့ရှုံ့ချေပြာဆိုမှုမျိုးကိုလည်းမခံနိုင်ပါ။ ကိုယ့်မျက်စိရှေ့အောက်တွင်ကြီးပျင်းလာသည့် ကလေးကို လိမ္မာစေချင်သည်။ ခုလို တစ်ဇွတ်ထိုး ဂျစ်ကန်ကန်ပုံစံလေးမဖြစ်စေချင်ပါ။ခက်သည်ကလည်း ဒီကလေးဟာယိမ်းနှင့်ပတ်သက်လာလျှင်လုံးဝကိုအထိမခံရွှေပန်းကန်ဖြစ်လွန်းသည်။ ယိမ်းကို ခင်တွယ်တာသဘောကျပေမယ့်လို့ တစ်ခါတစ်လေတော့လည်း စိတ်ရှုပ်မိသည်။ ဒီကလေးကိုကိုယ့်ကြောင့် လူဆိုးဖြစ်မှာကို တကယ်မလိုလားပေ။
အများသူငှာသွားလာနေသည့် နေရာတွင် အသည်းအသန်ရှိုက်ငိုနေသည့်ကလေးမကြောင့် ကိုမင်းမော်ကိုတောင် ကောင်းကောင်းမနှုတ်ဆက်နိုင်ဘဲ ပြန်လာခဲ့ရသည်။တစ်လမ်းလုံး အငိုမတိတ်ဘဲ ပါလာသူနှင့် တစ်ချက်ကလေးမှပြန်မချော့သည့် ယိမ်း။ခါတိုင်းအခြေအနေမျိုးဆိုလျှင် ချော့မိမှာအမှန်ပေမယ့် ဒီတစ်ခါကိစ္စကိုတော့ ဒီကလေးဘက်ကအလိုက်တစ်သိပြန်တောင်းပန်မှကျေအေးပေးနိုင်မည်။
ကားမောင်းနေရင်းမှ ဘေးကအနှီးပုံရိပ်လေးအား တစ်ချက်တစ်ချက်အကြည့်ရောက်သွားမိတာကိုတော့ ယိမ်းကိုယ်တိုင်ပင်လိမ်လို့မရပေ။
တိတ်တိတ်ကလေးသာသက်ပြင်းချလိုက်ရင်း
"ခက်တာဘဲ ကလေးရယ်။ မင်းသိပ်ဆိုးလွန်းတယ်။"
ကားလေးဟာတစ်ရွေ့ရွေ့နှင့် အိမ်ရောက်တော့မည်ဖြစ်သော်လည်း အခုချိန်ထိ မမဟန်ပန်ဘက်က နေ့ အားစကားတစ်ခွန်းမှမဆိုဘဲ ကားမောင်းနေဆဲပင်ဖြစ်သည်။ တစ်လမ်းလုံးတစ်လျှောက်မျက်ရည်ကျနေခဲ့ေသာသူ့အားခါတိုင်းလိုပင် ပြန်၍ချော့လာမလားဟူသောမျှော်လင့်ချက်လေးသည်လည်းရေစုံမျောလျက်။ နေ့ အားအော်ငေါက်ဖို့မပြောနှင့် လေသံမာမာဖြင့်တောင် မမာန်ဖူးသည့်မမဟန်ပန်ဟာ အခုတော့ဖြင့် သူစိမ်းလူတစ်ယောက်ကြောင့် အော်ငေါက်ခဲ့ပြီး ပြန်လည်းချော့မလာခဲ့ပေ။ နေ့ အနေဖြင့် သူတစ်ချက်ကလေး ချော့လိုက်တာနှင့် လုံးဝပျော့လာမည်ကို သိရဲ့သားနဲ့။ မမဟန်ပန်ဟာလေ တစ်ခါတစ်လေကျ အရမ်းနူညံ့ပြီး တစ်ခါတစ်ခါကျ သိပ်ဆိုးတာဘဲ။
အိမ်ထဲသို့ရောက်ရောက်ခြင်းပင် နေ တစ်ယောက်အခန်းထဲသို့ပြေးတက်လာခဲ့၏ ငိုထားသော မျက်လုံးအစ်အစ်တွေကို အိမ်ကလူတွေအားမမြင်စေချင်တာကတစ်ကြောင်း ၊ တစ်ယောက်သောသူကို စိတ်ကောက်ချင်တာကတစ်ကြောင်း နှုတ်တောင်မဆက်ဘဲဖြစ်ချင်ရာဖြစ်ဟုဆိုကာပြေးတက်လာခဲ့သည်။
"ယိမ်း ပြန်လာတာမြန်သားဘဲ။ဒါနဲ့ ဟိုတစ်ယောက်ကဘာဖြစ်လာတာလဲ။ ခါတိုင်းဆို မမဟန်ပန် မမဟန်ပန်နဲ့ မခွဲနိုင်မခွာနိုင်ဖြစ်နေတာကို အခုကျ နောက်တောင်လှည့်မကြည့်ပါလား။"
ပြေးတက်သွားသော ကလေးမအားကြည့်ကာ ပန်းဆုကထူးဆန်းတယ်ဆိုသည့်အကြည့်ဖြင့်ကြည့်ရင်းမေးလာလေသည်။
"ဘာမှထွေထွေထူးထူးမဟုတ်ပါဘူး ပန်းရယ်။ခါတိုင်းလိုဘဲ ခနစိတ်ကောက်သွားတာပါ။ တို့နောက်နေ့မှ ပြန်ချော့လိုက်တော့မယ်။"
ယိမ်း ပြောလိုက်တော့ပန်းဟာ စိတ်ပျက်သွားသည့်ဟန်ဖြင့် ...
"အမလေး အလုပ်ရှုပ်ခံပြီးချော့မနေနဲ့ဟယ်၊ ဒင်းကမျက်နှာသာပေးလေ အကန်းတက်လေဘဲ ။ စိတ်ကောက်လည်းခနပါဟယ် သူဘယ်တုန်းကများ အကြာကြီးစိတ်ကောက်ဖူးလို့တုန်း။"
ပန်း ပြောတာလည်းဟုတ်နေသည်မို့ ဘာမှပြန်မပြောလိုက်တော့ဘဲ ခေါင်းသာတစ်ချက်ငြိမ့်မိလိုက်သည်။ သို့သော် မချော့လို့ကတော့မဖြစ်ပါ ၊ ယိမ်းကိုယ်တိုင်ကလည်းစိတ်မကောင်းဖြစ်ရသည်မို့ နောက်တစ်နေ့မှ မုန့်လေးဘာလေးဝယ်လာပြီးချော့ရမည်ဟုခပ်ပေါ့ပေါ့တွေးမိလိုက်သည်။
---------------
At 8:00PM
ယနေ့ရာသီဥဟာပူလောင်လွန်းတာကြောင့်အခန်းထဲသို့ရောက်ရောက်ချင်းပင် ရေချိုးရန်တွေးမိလိုက်သည်။(တစ်ကယ်တော့ ရာသီဥတုကြောင့်မဟုတ်ဘဲ နေ့ ရင်ဘက်ထဲကပူလောင်နေလို့ဆိုကတော့ဒီကလေးမသိတာတော့ခက်တယ်🤧)
"အိမ့်ဆုနေသော်!
"ကိုယ်မင်းမော်ကိုတောင်းပန်လိုက်ပါ။"
ဖြစ်ခဲ့တဲ့ကိစ္စအား ပြန်မြင်ယောင်မိတော့ မျက်လုံးတွေဟာဝေဝါးလာရသည်။ မတွေးဘဲလည်းမနေနိုင် ၊ တွေးမိပြန်တော့လည်းကိုယ်တိုင်ကရှုးမလိုဖြစ်ရသည်။ ညီမတစ်ယောက်လိုအနေအထားနှင့်ဆို အစ်မဖြစ်သူမှာ ရည်စားရှိတာ ဘာဆန်းသလဲ ဟုရင်နာနာဖြင့် ကိုယ့်ကိုယ်ကိုအော်ပြောမိသော်လည်း ဆူးအောင့်နှလုံးသားတစ်စုံဟာထိုအရာကိုလက်ချင်နိုင်ပုံမရပေ။ "ငါ့ဆီကလုသွားတော့မှာ " မမဟန်ပန်ကိုငါ့ဆီကလုသွားတော့မှာ။ ငါဘယ်လိုလုပ်ရမလဲ" ဟုသောအတွေးတွေကသာ ခေါင်းထဲမှာရောက်ယက်ခတ်နေလေသည်။ တစ်ရက်ကလေးတောင်မတွေ့ရတော့မှာအရမ်းကြောက်သည် ၊အားလက်ချိန်တွေဆို နေ့ ကိုသာသီးသန့်ပေးခဲ့တဲ့ သူဟာ အခြားတစ်ယောက်အတွက်ဖြစ်သွားမှာ သိပ်ကြောက်သည်။ မဖြစ်ရဘူး လက်မခံနိုင်ဘူး ဟုသာအရှုးတစ်ယောက်လိုခေါင်းတွေခါယမ်းပစ်မိသည်။
ရေဗန်းကိုဖွင့်ချထားကာ အကျီတွေမချွတ်ဘဲ နံရံကိုမှီ၍ငုတ်တုပ်ထိုင်နေမိသည်။
အစ်မအရင်းဖြစ်သည့် မမကိုတောင်ဒီလောက်ထိ စိတ်တ္တဇမဖြစ်ဖူးပေ။ သူလည်းအချိန်တန်ရင် သူချစ်တဲ့လူနဲ့ဘဝကိုထူထောင်မှာဘဲလေဟုသာဖြေတွေးနိုင်ခဲ့သည်။ အဲ့ဒါဆို မမဟန်ပန်ကတော့ ၊ ဘာသွေးသားမှမတော်စပ်ဘဲ အစ်မအရင်းဖြစ်သူ၏သူငယ်ချင်းပေမို့သာ သူနှင့်ရင်းနှီးခဲ့ရခြင်းမဟုတ်လား။
သွေးသားရင်းဖြစ်သည့်ဘုန်းထက်ဟန်ပန် ဆီမှာရော နေ့ လိုအတွေးမျိုးတွေရှိလောက်ရဲ့လား။ ဟင့်အင်း မရှိလောက်ပါဘူး။နေ ကသာ ပုံမှန်မဟုတ်တဲ့ ပုံမှန်ထက်ကျော်လွန်တဲ့အတွေးမျိုးတွေရှိနေခဲ့တာ။
ဆံပင်တွေဟာ ရေစိုနေတာကြောင့် ကပ်နေပြီး နှုတ်ခမ်းတစ်စုံဟာလည်းဖြူဖတ်နေလေသည်။ ငိုထားသည့်အရှိန်ကြောင့်ကော ရေ၏ရိုက်ခတ်မှုဒဏ်ကြောင့်မှာ မျက်လုံးတွေဆိုသည်မှာလည်း ရဲနေကာမို့အစ်နေသည်။ စိုစွတ်နေပြီဖြစ်သော အဝတ်အစားတွေကို ချွတ်ဖို့စိတ်မကူးမိသလို ဒီရေချိုးခန်းထဲမှထွက်ဖို့ရာလည်း မတွေးမိပေ။ အသက်အရွယ်နှင့်မမျှအောင် မွန်းကြပ်နေမိသည်။ အသက်အရွယ်နှင့်မမျှအောင် သံယောဇဉ်ကြီးတတ်နေပြီး အသက်အရွယ်နှင့်မမျှအောင်ကို ကိုယ်တိုင်မသိလိုက်ခင်မှာဘဲ ချစ်မိနေခဲ့သည်။
---------------
"အဟင်း ဟင်းး ဟင်းးး "
ခေါင်းကိုအတွင်တွင်ခါယမ်းရင်း ကုတင်ထက်ဝယ်လူးလိမ့်နေမိသည်။ ခန္ဓာကိုယ်ဟာ အရမ်းပူကျစ်နေပေမယ့် အရမ်းချမ်းနေပြန်သေးသည်။ စောင်အထူးကြီးအောက်တွင် ချမ်းလွန်း၍ ကိုယ်ကိုအတက်နိုင်ဆုံးကျုံ့ထားကာ ခွေခွေလေးစောင်းအိပ်လိုက်သည်။ ပြင်းရှပူလောင်နေသော နှုတ်ခမ်းတစ်စုံဟာမီးသွေးခဲအလား ၊ ခြောက်ကပ်နေသော အာခေါင်ကြောင့် အပြင်မှာလိုလို အိမ်မက်လိုလိုပင် ရေကိုသာအော်တောင်းနေမိသည်။
"အဟင်း ရေ ရေပေးပါ ဟင်း ဟင်းး"
"သမီးငယ်လေး ရေဆာလို့လားဟင် ။ မာမီတိုက်မယ်နော် ။"
နှုတ်ခမ်းပေါ်ကစိုစွတ်မှုနှင့်အတူ နူံးညံ့သည့်အရာထဲမှာ အေးစိမ့်ချိုအိသောရေ၏အထိအတွေ့ကိုရလိုက်သည်။ အငမ်းမရစွာဖြင့် သောက်သံုးမိပါသည်။ မျက်လုံးတွေကို အားယူကာဖြည်းဖြည်းလေးဖွင့်ကြည့်လိုက်တော့
မျက်ရည်အဝိုင်းသားနှင့် မာမီ့ကိုအရင်တွေ့ရသည်။ ပြီးတော့ မမ ဟာလည်း ကုတင်ခြေရင်းမှာထိုင်ကာ နေ့ အားကြည့်နေသည်။
"သမီးငယ်လေး ၊ မာမီ ဆရာဝန်ပင့်ထားတယ်။ ခနနေလာလိမ့်မယ်နော် ၊ ချက်ချင်းပျောက်သွားမှာရယ်။"
မာမီ၏စကားကြောင့် မနည်းအားယူကာခေါင်းငြိမ့်ပြမိသည်။
A few moment lader......
ဒေါက်တာပြန်သွားသည်နှင့်တစ်ပြိုင်နက် မာမီဟာလည်း ဆန်ပြုတ်လေးပြုတ်အုံးမယ်ဆိုပြီး အခန်းထဲမှထွက်သွားလေသည်။ အခုချိန် အခန်းထဲမှာကျန်နေခဲ့တာက မမ တစ်ယောက်သာရှိသည်။
ဆေးတစ်လုံးပါထိုးပေးသွားသည်မို့ အပူချိန်ဟာတစ်ရိပ်ရိပ်နှင့်သိသိသာသာပင်လျော့ကျလာသလို။ နှာဖျားကရှုထုတ်လိုက်တဲ့အပူငွေ့တွေကလည်းလွဲရင် နေရတာအေတာ်လေးအဆင်ပြေလာသည်ဟုပြောလို့ရသည်။
မမက နေ့ နဖူးပေါ်ကကပ်ထားသည့်ပုဝါလေးအား အသာဖယ်ရင်း
"ဗြုန်းစားကြီးမှ ထဖျားရတယ်လို့ နေသော်ရယ်။ "
သူဘာမှပြန်မပြောမိ။
"မြန်မြန်နေကောင်းအောင်နေနော်။ မမကလည်း စာမေးပွဲနီးပြီဆိုတော့ ဒီကာလအတွင်းလေး အဆောင်မှာပြောင်းနေမှအဆင်ပြေမှာဆိုတော့ အိမ်မှာရှိမနေနိုင်တော့ဘူး။"
မမ၏စကားကြောင့် နေ နားလည်ပါသည်ဆိုတဲ့အကြည့်ဖြင့်ကြည့်လိုက်ရင်းခေါင်းငြိမ့်မိသည်။ ဘာလို့လဲ မသိပေ ၊ ရင်ထဲမှာနေလို့ကောင်းနေသည်။ တင်းကြပ်နေသည့် ရင်ဘက်ထဲကတစ်ခုခုလွတ်ထွက်သွားသလိုခံစားရသည်။ တစ်ခုခုကိုဆုံးရှုံးသွားသလိုမျိုး ၊ ရင်ဘက်ထဲကတစ်ခုခုကိုဆွဲနုတ်သွားသလိုမျိုး။ သို့သော် ဒီအရာကေပါ့ပါးပြီးနေလို့ကောင်းနေသည်။ အချုပ်အနှောင်တစ်ခုကထဲကနေ လွတ်လပ်သွားသလိုမျိုး။
အခုချိန် နေ့ ခေါင်းထဲမှာတွေးမိတာက
မြန်မြန်နေကောင်းလာအောင်လုပ်ရမည် ။ ဒါမှ နေ စားချင်တာတွေ စားရမှာလေ။ ပြီးတော့ တစ်ဦးတည်းသာရှိသည့် မမနှင့် ရန်လုဖြစ်ရအုံးမည်လေ။
"ခစ်ခစ် ငါ့မမစိတ်ဆိုးရင်လေ အရမ်းရုပ်ဆိုးတာဘဲ။ဟူး ဒါပေမယ့် ခုနကပြောသွားတာ အဆောင်ပြောင်းနေတော့မှာတဲ့ ဟွန်း။ ဘာစာမေးပွဲကြောင့်မှမဟုတ်ဘူး ၊ တမင်သက်သက်ငါ့ကိုကြောက်လို့ဘဲဖြစ်မှာ။"
ဟုတွေးမိလိုက်ရင်း မျက်လုံးတွေမှိတ်ပစ်လိုက်သည်။ စိတ်ထဲမှာသာပေါက်ကရတွေလျှောက်တွေးနေနိုင်ပေမယ့် တကယ်တမ်းလက်တွေ့မှာတော့ စိတ်သွားတိုင်းကိုယ်မပါဆိုသလို လက်ကလေးတစ်ဖက်ကိုတောင်မနည်းအားယူကာလှုပ်နေရသည်လေ။
2.3.2023
2:26𝑷𝑴
𝑻𝒉𝒘𝒂𝒚64
ကြိုးစားပါအုံးမည်။ အပိုင်း(27)မျှော်
-------------------------
Zawgyi
၂၆။
-------------
---------------
At 8:00PM
"အိမ့်ဆုနေသော်!
---------------
"အဟင်း ဟင်းး ဟင်းးး "
A few moment lader......
သူဘာမှပြန်မပြောမိ။
2.3.2023
2:26
64
ကြိုးစားပါအုံးမည်။ အပိုင်း(27)မျှော်