Zawgyi
ေနာက္တစ္ေန႕ ညီလာခံေရာက္ခ်ိန္မွာ လူအေတာ္မ်ားမ်ား တက္ေရာက္ေနၿပီး ဘုရင့္ပုလႅင္မွာေတာ့ ထ်န္းမင္ဟာထိုင္ေနၿပီး တစ္ဆင့္နိမ့္တဲ့ေနရာမွာေတာ့ လ်န္ဘုရင္မင္းျမတ္နဲ႕မိဖုရားေခါင္ရွိေနၿပီး မင္းသားေတြနဲ႕အျခားမႉးမတ္ေတြကေတာ့ ဘယ္၊ညာခြဲကာ ရပ္ေနၾကေတာ့သည္၊
ထိုခ်ိန္မွာ လ်န္လ်န့္ထိုက္က ေရွ႕ကို တက္လာၿပီး အရိုအေသေပးလိုက္ၿပီး
"ကြၽန္ေတာ္မ်ိဳးက ထ်န္းဧကရာဇ္ကို ေလွ်ာက္တင္ခ်င္တာ ရွိပါတယ္ဗ်" လို႔ေျပာလာခ်ိန္မွာ ထ်န္းမင္ရဲ႕အၾကည့္ေတြက လ်န္လ်န့္ထိုက္ေပၚေရာက္လာေတာ့သည္၊ အမတ္ႀကီးတစ္ဦးရဲ႕ညာဘက္မွာ ရပ္ေနတဲ့ခ်င္းယုေယာင္ကလည္း ေလွာင္ၿပဳံးၿပဳံးသြားေတာ့သည္၊
"ေျပာေစ" ထ်န္းမင္ဟာ ခ်င္းယုေယာင္ရဲ႕အမူအရာကိုၾကည့္ရင္း သူ႕ဇနီးေလးစိတ္ခ်မ္းသာဖို႔ ထိုအ႐ူးတစ္သိုက္ေတြနဲ႕ကစားေပးဖို႔ ဆုံးျဖတ္ခ်က္ခ်လိဳက္သည္၊
"အရွင့္ရဲ႕ၾကင္ယာေတာ္ေနရာအတြက္ ျပန္လည္စဥ္းစားေတာ္မူပါဗ်" လ်န္လ်န့္ထိုက္ရဲ႕စကားေၾကာင့္ ညီလာခံထဲရွိလူမ်ားတိတ္ဆိတ္သြားေတာ့သည္၊ အိမ္ေရွ႕စံမင္းသားက ႐ူးသြားၿပီလားဆိုတဲ့အၾကည့္နဲ႕ပင္ တစ္ခ်ိဳ႕က ၾကည့္လာေတာ့သည္၊
"အရွင္မင္းသားက ကြၽန္ေတာ့္ကို ၾကင္ယာေတာ္ေနရာနဲ႕ မထိုက္တန္ဘူးလို႔ ေတြးေနတာလား" ခ်င္းယုေယာင္ကလည္း ေရွ႕ကိုထြက္လာကာေမးလိုက္သည္၊သူ႕ေဘးရွိအမတ္ႀကီးကလည္း လ်န္လ်န့္ထိုက္ကို စူးစိုက္စြာၾကည့္ေနေတာ့သည္၊
"အိမ္ေရွ႕စံမင္းသားက ကြၽန္ေတာ္မ်ိဳးရဲ႕သားေနရာမွာ ဘယ္သူ႕ကိုမ်ား စီစဥ္ခ်င္လို႔လဲ... ဒါက ကေလးကစားစရာကိစၥရပ္မဟုတ္ဘူးေနာ္"
လ်န္လ်န့္ထိုက္ဟာ ထိုအမတ္ႀကီးကို တင္းမာစြာၾကည့္လိုက္သည္၊ထို႔ေနာက္မွာေတာ့ သူဟာ ထ်န္းမင္ကိုၾကည့္လိုက္ၿပီး ယုံၾကည္ခ်က္အျပည့္နဲ႕ေျပာလိုက္သည္၊
"ကြၽန္ေတာ္တို႔တိုင္းျပည္မွာ 'ေကာ'တစ္ေယာက္တတ္သင့္သည့္ပညာေတြကို သူမတူေအာင္ထူးခြၽန္တတ္ေျမာက္တဲ့သူရွိပါတယ္...ခ်င္းယုေယာင္က ႐ုပ္ရည္ေခ်ာေမာတာကလြဲ၍ မည္သည့္ဘက္စုံထူးခြၽန္မႈမွ မရွိဘူး...ဒါေၾကာင့္ ထ်န္းဧကရာဇ္အေနနဲ႕ ၾကင္ယာေတာ္ေနရာကို ျပန္လည္စဥ္းစားေတြးေတာဆင္ျခင္ေပးပါခင္ဗ်ာ"
"အိုး...ငါကိုယ္ေတာ္က ဘယ္သူ႕ကိုေ႐ြးခ်ယ္တာ အေကာင္းဆုံးလဲလို႔ ေမာင္မင္းက ထင္ေနသလဲ" ထ်န္းမင္စကားေၾကာင့္ လ်န္လ်န့္ထိုက္က ပိုင္ခ်န္႐ုန္ဘက္ကို ၾကည့္လိုက္ၿပီး ၿပဳံးလိုက္သည္၊
"ပိုင္ခ်န္႐ုန္က အရွင့္အတြက္ ပိုၿပီးသင့္ေတာ္ပါတယ္..." လ်န္လ်န့္ထိုက္စကားအဆုံးမွာ ပိုင္ခ်န္႐ုန္ကလည္း ေရွ႕တက္လိုက္ၿပီး ထ်န္းမင္ကို ဂါရဝျပဳလိုက္သည္၊သူဟာ ၿပဳံးေနၿပီး ထ်န္းမင္ကို ေတာက္ပစြာေမာ့ၾကည့္လိုက္သည္၊
"ဟားဟား..." ထ်န္းမင္ဟာက်ယ္ေလာင္စြာရယ္ေမာလိုက္ၿပီး သူဟာ လ်န္ဘုရင္မင္းျမတ္ကို ၾကည့္လိုက္ၿပီး ေျပာလိုက္သည္၊
"စီနီယာလ်န္ရဲ႕သားနဲ႕သမက္က အေတာ္ကိုထူးဆန္းသားပဲ..."
"လ်န္လ်န့္ထိုက္နဲ႕ပိုင္ခ်န္႐ုန္ မင္းတို႔ေတြ လာေနာက္ေနၾကတာလား!" လ်န္ဘုရင္မင္းျမတ္က ထိုႏွစ္ေယာက္ကိုေဒါသတႀကီးေအာ္ေဟာက္ကာေျပာလိုက္သည္၊ဒါေပမယ့္ လ်န္လ်န့္ထိုက္ကေတာ့ နာခံမည့္ပုံမေပၚေပ၊
"ထ်န္းဧကရာဇ္ ကြၽန္ေတာ္မ်ိဳးနဲ႕ပိုင္ခ်န္႐ုန္က လက္ထပ္ထိမ္းျမားခဲ့ေပမယ့္ ဘာအမဲစက္မွ မထင္ထင္ေသးပါဘူးဗ် ၿပီးေတာ့ ပိုင္ခ်န္႐ုန္ကသာ ထ်န္းဧကရာဇ္ရဲ႕ၾကင္ယာေတာ္ေနရာနဲ႕ ပိုၿပီးထိုက္တန္ပါတယ္"
"လ်န္လ်န့္ထိုက္!" ေျပာေလကဲေလျဖစ္ေနတဲ့လ်န္လ်န့္ထိုက္ေၾကာင့္ လ်န္ဘုရင္မင္းျမတ္ဟာ ေသြးေတာင္တက္ေနၿပီျဖစ္သည္၊
"ဟုတ္ပါတယ္ အရွင္... ခ်န္႐ုန္နဲ႕မင္းသားလ်န္က ဘုရင့္အမိန့္ေၾကာင့္ လက္ထပ္ထိမ္းျမားခဲ့ေပမယ့္... တကယ္လို႔ အရွင္သာ ခြင့္ျပဳရင္ အရွင့္ရဲ႕ၾကင္ယာေတာ္ေနရာကို လိုလားပါတယ္..." ပိုင္ခ်န္႐ုန္ကလည္း အလွပဆုံးၿပဳံးရင္း သူ႕ရဲ႕အၾကည့္ေတြဟာ ထ်န္းမင္ဆီကိုေရာက္ေနေတာ့သည္၊အရင္ဘဝက ခ်င္းယုေယာင္ေၾကာင့္ လ်န္လ်န့္ထိုက္နဲ႕ေဝးခဲ့ၿပီး သူဟာ လ်န္လ်န့္ထိုက္ကို ခ်စ္ခဲ့သည္ဟုထင္ကာ ဒီဘဝမွာ အကုန္လုံးကို အကြက္ခ်ခ်စီစဥ္ခဲ့ေပမယ့္ ထ်န္းဧကရာဇ္ကို ျမင္ခ်ိန္မွာ အကုန္နားလည္သြားေတာ့သည္၊ သူကသာ ေရတြင္းထဲကဖားသူငယ္လိုျဖစ္ေနတာကိုေပါ့၊ ထ်န္းဧကရာဇ္ဟာ ပိုင္ခ်န္႐ုန္ရဲ႕အနာဂတ္ကို အေတာက္ပဆုံးဖန္တီးေပးမဲ့သူျဖစ္ၿပီး သူသာ ထ်န္းဧကရာဇ္ရဲ႕ၾကင္ယာေတာ္ျဖစ္ခဲ့ရင္ အားလုံးကလည္း သူ႕ကိုဦးၫႊတ္ေနမွာေသခ်ာသည္၊
ၿပီးေတာ့ လ်န္လ်န့္ထိုက္ကလည္း သေဘာတူခဲ့သည္၊သူတို႔ႏွစ္ေယာက္လုံးက အာဏာကိုသာ ပိုမက္ေမာသူေတြျဖစ္ၿပီး ပိုင္ခ်န္႐ုန္သာ ထ်န္းအင္ပါယာရဲ႕ဧကရီျဖစ္သြားခဲ့ရင္ လ်န္လ်န့္ထိုက္ကို ထ်န္းအင္ပါယာရဲ႕လက္ေအာက္ခံတိုင္းျပည္ဆယ္ျပည္ကို အုပ္ခ်ဳပ္ခြင့္ရေအာင္ ထ်န္းဧကရာဇ္ကို ေတာင္းဆိုလိုက္႐ုံပင္၊
"မင္းတို႔က အရွင့္ကို ဟာသမ်ားထင္ေနလား..."
"ခ်င္းယုေယာင္ မင္းနဲ႕မဆိုင္ဘဲ ဝင္မပါနဲ႕" လ်န္လ်န့္ထိုက္ရဲ႕စကားေၾကာင့္ ခ်င္းယုေယာင္က ရယ္ေမာလိုက္ေတာ့သည္၊ထိုေနာက္မွာ သူဟာ ထ်န္းမင္ထိုင္ေနတဲ့ပုလႅင္ဆီ ေ႐ႊေလွကားကေန တစ္ဆင့္ခ်င္းတက္သြားၿပီး ထ်န္းမင္ေပါင္ေပၚမွာ ထိုင္ရင္း ထိုႏွစ္ေယာက္ကို အထင္ေသးစြာစိုက္ၾကည့္လိုက္သည္၊
"အရွင္က ဒီလိုေသးႏုပ္တဲ့တိုင္းျပည္မွာ ၾကင္ယာေတာ္... ေတာ္ေကာက္ခ်င္လို႔ ေကာက္တယ္ထင္ေနလား...အရွင့္ရဲ႕ၾကင္ယာေတာ္ေနရာကို ဘယ္သူမဆို အလြယ္တကူရမယ္ထင္လား...ဘယ္လိုေတာင္ ႐ူးႏွမ္းလိုက္တဲ့အေတြးေတြလဲ"
"မင္းတို႔က အာဏာကိုမက္လြန္းလို႔ မ်က္စိစုံကန္းသြားၿပီထင္တယ္...လ်န္တိုင္းျပည္နဲ႕ၿငိမ္းခ်မ္းေရးရေအာင္ အရွင္က ၾကင္ယာေတာ္ေနရာကို ဘန္းျပၿပီး ဖန္တီးခဲ့တာမဟုတ္ဘူး..."
"မင္းတို႔ မွတ္ထား... ငါ့အတြက္ အရွင္က လ်န္တိုင္းျပည္ကို ၿငိမ္းခ်မ္းေရးသေကၤတဆိုၿပီးဘန္းျပခဲ့တာပဲ" ခ်င္းယုေယာင္စကားေတြေၾကာင့္ သူတို႔ဟာ ရႈံ႕မဲ့သြားေတာ့သည္၊
'ဘယ္လိုေတာင္ ေမာက္မာတဲ့စကားေတြလဲ'
ထ်န္းမင္ဟာ ခ်င္းယုေယာင္စကားကို သေဘာေခြ႕သြားၿပီး ခ်င္းယုေယာင္ရဲ႕ခါးသိမ္သိမ္ေလးကို ေပြ႕ဖက္ထားလိုက္သည္၊ထို႔ေနာက္မွာ ထ်န္းမင္ဟာ လ်န္လ်န့္ထိုက္နဲ႕ပိုင္ခ်န္႐ုန္ကို ၾကည့္လိုက္ၿပီး အမိန့္ေပးလိုက္သည္၊
"ငါကိုယ္ေတာ္က လ်န္တိုင္းျပည္ကို ယုေယာင္ေၾကာင့္ မ်က္ႏွာသာေပးခ်င္ေပမယ့္ တစ္ခ်ိဳ႕လူေတြကေတာ့ ေတြးခ်င္တာေတြးေနပါလား...လာၾကစမ္း!"
"အေတြးမွားေနတဲ့ႏွစ္ေယာက္ကို ႀကိမ္ဒဏ္ငါးဆယ္ဆီ ရိုက္ေစ" ထ်န္းမင္စကားနဲ႕အတူ ထ်န္းတပ္သားမ်ားဝင္လာၿပီး လ်န္လ်န့္ထိုက္နဲ႕ပိုင္ခ်န္႐ုန္ကို ဆြဲေခၚသြားေတာ့သည္၊ပိုင္ခ်န္႐ုန္က ေအာ္ဟစ္ကာငိုေႂကြးရင္း အသနားခံေနေတာ့သည္၊အရင္ကေတာ့ ပိုင္ခ်န္႐ုန္ငိုလိုက္သည္နဲ႕ ဂ႐ုဏာျဖစ္ကာ ကယ္တင္ေပးတဲ့သူေတြရွိခဲ့ေပမယ့္ ဒီအခ်ိန္မွာ ထိုလူေတြကလည္း စိတ္ပ်က္ေနၾကေတာ့သည္၊
"စီနီယာလ်န္အစား စီနီယာလ်န္သားကို ဆုံးမမိတာ နားလည္ဖို႔ေမွ်ာ္လင့္တယ္"
"ရပါတယ္ ရပါတယ္... ဒီေကာင္ေလးက အလိုလိုက္တာမ်ားၿပီး ေမာက္မာလြန္းေနတာပဲ...သူက ၾကင္ယာေတာ္ခ်င္းကိုေတာင္ အျပစ္တင္ေနတာပဲေလ..."
"ငါကိုယ္ေတာ္ အမိန့္ေပးတယ္ အမတ္ေတြ နာခံေစ...ဒီကေန႕ကစၿပီး အိမ္ေရွ႕စံမင္းသားလ်န္ကို သာမန္မင္းသား အေဆာင္အေယာင္အဆင့္ထိ ရာထူးခ်ေစ... သူ႕ရဲ႕ၾကင္ယာေတာ္ပိုင္ကိုလည္း မင္းသားလ်န္နဲ႕အတူ လိုက္ပါေစ ငါကိုယ္ေတာ္ စိတ္အမ်က္မေျပမခ်င္း သူတို႔ေတြ နန္းေတာ္ကို ေျခတစ္လွမ္းေတာင္ မခ်ေစနဲ႕" လ်န္ဘုရင္မင္းျမတ္ရဲ႕အမိန့္ေၾကာင့္ အမတ္တခ်ိဳ႕ကထိတ္လန့္သြားေပမယ့္ တခ်ိဳ႕ကေတာ့ နာခံစြာျဖင့္လက္ခံၾကေတာ့သည္၊
ပိုင္အမတ္ႀကီးရဲ႕မ်က္ႏွာကေတာ့ ျဖဴေဖ်ာ့သြားကာ အနည္းငယ္အိုစာသြားသေယာင္ျဖစ္ေပမယ့္ သူဟာ သက္ျပင္းခ်ကာ ဘာမွမဆိုနိုင္ေပ၊
သူ႕သားဟာ ထူးခြၽန္စြာျပဳမူလာၿပီး ထက္ျမက္လာတယ္ဟုထင္ၿပီးေပ်ာ္႐ႊင္လာေပမယ့္ ဒီေန႕လို စဥ္းစားဆင္ျခင္ဥာဏ္မဲ့တဲ့လုပ္ရပ္ကို လုပ္လိမ့္မည္ဟု မထင္ခဲ့ေပ၊
ထ်န္းမင္ကလည္း လ်န္ဘုရင္မင္းျမတ္ျပစ္ဒဏ္ကို သေဘာက်သြားေတာ့သည္၊ထို႔ေနာက္မွာ ညီလာခံသိမ္းလိုက္ၿပီးေနာက္မွာေတာ့ ထ်န္းမင္ဟာ ခ်င္းယုေယာင္ကိုေခၚကာ ေတာ္ဝင္ဥယ်ာဥ္ဆီ လမ္းေလွ်ာက္ေနေတာ့သည္၊
"မနက္ျဖန္ ထ်န္းအင္ပါယာကို ျပန္ၾကမယ္... မင္းမိဘေတြကိုလည္း ထ်န္းအင္ပါယာမွာ အေျခခ်ေစခ်င္ရင္ ေခၚလာလို႔ရတယ္..." ထ်န္းမင္စကားေၾကာင့္ ခ်င္းယုေယာင္ကၿပဳံးလိုက္ၿပီး ေခါင္းညိတ္လိုက္သည္၊
ခ်င္းယုေယာင္ရဲ႕ခ်င္းအိမ္ေတာ္ဟာ ခ်င္းယုေယာင္အေပၚကို ေကာင္းတာေၾကာင့္ ခ်င္းယုေယာင္ကလည္း ထိုကိစၥကို ခ်င္းအိမ္ေတာ္ကိုေျပာရန္လက္သင့္ခံလိုက္သည္၊ထို႔ေနာက္မွာေတာ့ အေစခံမိန္းမပ်ိဳေလးတစ္ဦးဟာ သူတို႔ေရွ႕ေရာက္လာၿပီး အရိုအေသေပးကာ
"အရွင္ ဒီနိမ့္က်လွတဲ့အေစခံက သခင္ေလးမင္ခ်န္ရိကို အလုပ္အေကြၽးျပဳေနတဲ့ကြၽန္တစ္ဦးပါရွင့္... "
"သခင္ေလးမင္ခ်န္ရိက အခုတေလာ စိတ္မ႐ႊင္ျဖစ္ၿပီး အေတာ္ကိုေနမေကာင္းျဖစ္ေနတာေၾကာင့္...အရွင္က သခင္ေလးမင္ခ်န္ရိအေဆာင္ကို လာေရာက္ၾကည့္ရႈေစခ်င္ပါတယ္..." အေစခံမိန္းမပ်ိဳေလးရဲ႕မ်က္ႏွာဟာ ေၾကာက္လန့္ေနေပမယ့္ ယုံၾကည္မႈမ်ားေတာ့ရွိေနသည္၊ဘာေၾကာင့္လဲဆိုေတာ့ အရွင္မင္းႀကီးဟာ သခင္ေလးမင္ခ်န္ရိကို အၿမဲတမ္းဂ႐ုစိုက္ၿပီး သခင္ေလးမင္ခ်န္ရိက မ်က္ႏွာေတာ္ညွိုးႏြမ္းသည္နဲ႕ ျပာယာခတ္ေနေတာ့သည္၊ၾကင္ယာေတာ္ရွိလာရင္ေတာင္ သခင္ေလးမင္ခ်န္ရိကို ပစားမႈက ေမွးမွိန္သြားမည္ဟု မယုံၾကည္ၾကေပ၊
"ငါကိုယ္ေတာ္နဲ႕ၾကင္ယာေတာ္ အပန္းေျဖေနတာကို ဒီအေစခံကို ဘယ္သူ႕ခြင့္ျပဳခ်က္နဲ႕ဝင္လာခိုင္းလိုက္တာလဲ"ထ်န္းမင္ရဲ႕ေအးစက္စက္အသံေၾကာင့္ အေစခံမိန္းမပ်ိဳဟာ ေျမျပင္မွာဒူးေထာက္ကာ ခႏၶာကိုယ္ကို ဝပ္ထားလိုက္ၿပီး တုန္ယင္ေနေတာ့သည္၊
ထို႔ေနာက္မွာေတာ့ ထ်န္းမင္ရဲ႕အထိန္းေတာ္ႀကီးေရာက္လာၿပီး အေစခံမိန္းမပ်ိဳကို ဆြဲထုတ္ခိုင္းလိုက္ေတာ့သည္၊အထိန္းေတာ္ႀကီးကလည္း အနည္းငယ္ေၾကာက္႐ြံ႕ေနေပမယ့္ သူ(မ)ဟာ ေသခ်ာသိရွိသြားေတာ့သည္၊သူ(မ)တို႔ အရွင္မင္းျမတ္ဟာ သခင္ေလးမင္ခ်န္ရိကို လုံးဝဂ႐ုမစိုက္ေတာ့ေပ၊
'ထ်န္းအင္ပါယာကိုေရာက္ရင္ ၾကင္ယာေတာ္ကို အေကာင္းဆုံးေစာင့္ေရွာက္ေပးရမယ္...'
-*-*-*-*-*-*-*-*
Unicode
နောက်တစ်နေ့ ညီလာခံရောက်ချိန်မှာ လူအတော်များများ တက်ရောက်နေပြီး ဘုရင့်ပုလ္လင်မှာတော့ ထျန်းမင်ဟာထိုင်နေပြီး တစ်ဆင့်နိမ့်တဲ့နေရာမှာတော့ လျန်ဘုရင်မင်းမြတ်နဲ့မိဖုရားခေါင်ရှိနေပြီး မင်းသားတွေနဲ့အခြားမှူးမတ်တွေကတော့ ဘယ်၊ညာခွဲကာ ရပ်နေကြတော့သည်၊
ထိုချိန်မှာ လျန်လျန့်ထိုက်က ရှေ့ကို တက်လာပြီး အရိုအသေပေးလိုက်ပြီး
"ကျွန်တော်မျိုးက ထျန်းဧကရာဇ်ကို လျှောက်တင်ချင်တာ ရှိပါတယ်ဗျ" လို့ပြောလာချိန်မှာ ထျန်းမင်ရဲ့အကြည့်တွေက လျန်လျန့်ထိုက်ပေါ်ရောက်လာတော့သည်၊ အမတ်ကြီးတစ်ဦးရဲ့ညာဘက်မှာ ရပ်နေတဲ့ချင်းယုယောင်ကလည်း လှောင်ပြုံးပြုံးသွားတော့သည်၊
"ပြောစေ" ထျန်းမင်ဟာ ချင်းယုယောင်ရဲ့အမူအရာကိုကြည့်ရင်း သူ့ဇနီးလေးစိတ်ချမ်းသာဖို့ ထိုအရူးတစ်သိုက်တွေနဲ့ကစားပေးဖို့ ဆုံးဖြတ်ချက်ချလိုက်သည်၊
"အရှင့်ရဲ့ကြင်ယာတော်နေရာအတွက် ပြန်လည်စဥ်းစားတော်မူပါဗျ" လျန်လျန့်ထိုက်ရဲ့စကားကြောင့် ညီလာခံထဲရှိလူများတိတ်ဆိတ်သွားတော့သည်၊ အိမ်ရှေ့စံမင်းသားက ရူးသွားပြီလားဆိုတဲ့အကြည့်နဲ့ပင် တစ်ချို့က ကြည့်လာတော့သည်၊
"အရှင်မင်းသားက ကျွန်တော့်ကို ကြင်ယာတော်နေရာနဲ့ မထိုက်တန်ဘူးလို့ တွေးနေတာလား" ချင်းယုယောင်ကလည်း ရှေ့ကိုထွက်လာကာမေးလိုက်သည်၊သူ့ဘေးရှိအမတ်ကြီးကလည်း လျန်လျန့်ထိုက်ကို စူးစိုက်စွာကြည့်နေတော့သည်၊
"အိမ်ရှေ့စံမင်းသားက ကျွန်တော်မျိုးရဲ့သားနေရာမှာ ဘယ်သူ့ကိုများ စီစဥ်ချင်လို့လဲ... ဒါက ကလေးကစားစရာကိစ္စရပ်မဟုတ်ဘူးနော်"
လျန်လျန့်ထိုက်ဟာ ထိုအမတ်ကြီးကို တင်းမာစွာကြည့်လိုက်သည်၊ထို့နောက်မှာတော့ သူဟာ ထျန်းမင်ကိုကြည့်လိုက်ပြီး ယုံကြည်ချက်အပြည့်နဲ့ပြောလိုက်သည်၊
"ကျွန်တော်တို့တိုင်းပြည်မှာ 'ကော'တစ်ယောက်တတ်သင့်သည့်ပညာတွေကို သူမတူအောင်ထူးချွန်တတ်မြောက်တဲ့သူရှိပါတယ်...ချင်းယုယောင်က ရုပ်ရည်ချောမောတာကလွဲ၍ မည်သည့်ဘက်စုံထူးချွန်မှုမှ မရှိဘူး...ဒါကြောင့် ထျန်းဧကရာဇ်အနေနဲ့ ကြင်ယာတော်နေရာကို ပြန်လည်စဥ်းစားတွေးတောဆင်ခြင်ပေးပါခင်ဗျာ"
"အိုး...ငါကိုယ်တော်က ဘယ်သူ့ကိုရွေးချယ်တာ အကောင်းဆုံးလဲလို့ မောင်မင်းက ထင်နေသလဲ" ထျန်းမင်စကားကြောင့် လျန်လျန့်ထိုက်က ပိုင်ချန်ရုန်ဘက်ကို ကြည့်လိုက်ပြီး ပြုံးလိုက်သည်၊
"ပိုင်ချန်ရုန်က အရှင့်အတွက် ပိုပြီးသင့်တော်ပါတယ်..." လျန်လျန့်ထိုက်စကားအဆုံးမှာ ပိုင်ချန်ရုန်ကလည်း ရှေ့တက်လိုက်ပြီး ထျန်းမင်ကို ဂါရဝပြုလိုက်သည်၊သူဟာ ပြုံးနေပြီး ထျန်းမင်ကို တောက်ပစွာမော့ကြည့်လိုက်သည်၊
"ဟားဟား..." ထျန်းမင်ဟာကျယ်လောင်စွာရယ်မောလိုက်ပြီး သူဟာ လျန်ဘုရင်မင်းမြတ်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်၊
"စီနီယာလျန်ရဲ့သားနဲ့သမက်က အတော်ကိုထူးဆန်းသားပဲ..."
"လျန်လျန့်ထိုက်နဲ့ပိုင်ချန်ရုန် မင်းတို့တွေ လာနောက်နေကြတာလား!" လျန်ဘုရင်မင်းမြတ်က ထိုနှစ်ယောက်ကိုဒေါသတကြီးအော်ဟောက်ကာပြောလိုက်သည်၊ဒါပေမယ့် လျန်လျန့်ထိုက်ကတော့ နာခံမည့်ပုံမပေါ်ပေ၊
"ထျန်းဧကရာဇ် ကျွန်တော်မျိုးနဲ့ပိုင်ချန်ရုန်က လက်ထပ်ထိမ်းမြားခဲ့ပေမယ့် ဘာအမဲစက်မှ မထင်ထင်သေးပါဘူးဗျ ပြီးတော့ ပိုင်ချန်ရုန်ကသာ ထျန်းဧကရာဇ်ရဲ့ကြင်ယာတော်နေရာနဲ့ ပိုပြီးထိုက်တန်ပါတယ်"
"လျန်လျန့်ထိုက်!" ပြောလေကဲလေဖြစ်နေတဲ့လျန်လျန့်ထိုက်ကြောင့် လျန်ဘုရင်မင်းမြတ်ဟာ သွေးတောင်တက်နေပြီဖြစ်သည်၊
"ဟုတ်ပါတယ် အရှင်... ချန်ရုန်နဲ့မင်းသားလျန်က ဘုရင့်အမိန့်ကြောင့် လက်ထပ်ထိမ်းမြားခဲ့ပေမယ့်... တကယ်လို့ အရှင်သာ ခွင့်ပြုရင် အရှင့်ရဲ့ကြင်ယာတော်နေရာကို လိုလားပါတယ်..." ပိုင်ချန်ရုန်ကလည်း အလှပဆုံးပြုံးရင်း သူ့ရဲ့အကြည့်တွေဟာ ထျန်းမင်ဆီကိုရောက်နေတော့သည်၊အရင်ဘဝက ချင်းယုယောင်ကြောင့် လျန်လျန့်ထိုက်နဲ့ဝေးခဲ့ပြီး သူဟာ လျန်လျန့်ထိုက်ကို ချစ်ခဲ့သည်ဟုထင်ကာ ဒီဘဝမှာ အကုန်လုံးကို အကွက်ချချစီစဥ်ခဲ့ပေမယ့် ထျန်းဧကရာဇ်ကို မြင်ချိန်မှာ အကုန်နားလည်သွားတော့သည်၊ သူကသာ ရေတွင်းထဲကဖားသူငယ်လိုဖြစ်နေတာကိုပေါ့၊ ထျန်းဧကရာဇ်ဟာ ပိုင်ချန်ရုန်ရဲ့အနာဂတ်ကို အတောက်ပဆုံးဖန်တီးပေးမဲ့သူဖြစ်ပြီး သူသာ ထျန်းဧကရာဇ်ရဲ့ကြင်ယာတော်ဖြစ်ခဲ့ရင် အားလုံးကလည်း သူ့ကိုဦးညွှတ်နေမှာသေချာသည်၊
ပြီးတော့ လျန်လျန့်ထိုက်ကလည်း သဘောတူခဲ့သည်၊သူတို့နှစ်ယောက်လုံးက အာဏာကိုသာ ပိုမက်မောသူတွေဖြစ်ပြီး ပိုင်ချန်ရုန်သာ ထျန်းအင်ပါယာရဲ့ဧကရီဖြစ်သွားခဲ့ရင် လျန်လျန့်ထိုက်ကို ထျန်းအင်ပါယာရဲ့လက်အောက်ခံတိုင်းပြည်ဆယ်ပြည်ကို အုပ်ချုပ်ခွင့်ရအောင် ထျန်းဧကရာဇ်ကို တောင်းဆိုလိုက်ရုံပင်၊
"မင်းတို့က အရှင့်ကို ဟာသများထင်နေလား..."
"ချင်းယုယောင် မင်းနဲ့မဆိုင်ဘဲ ဝင်မပါနဲ့" လျန်လျန့်ထိုက်ရဲ့စကားကြောင့် ချင်းယုယောင်က ရယ်မောလိုက်တော့သည်၊ထိုနောက်မှာ သူဟာ ထျန်းမင်ထိုင်နေတဲ့ပုလ္လင်ဆီ ရွှေလှေကားကနေ တစ်ဆင့်ချင်းတက်သွားပြီး ထျန်းမင်ပေါင်ပေါ်မှာ ထိုင်ရင်း ထိုနှစ်ယောက်ကို အထင်သေးစွာစိုက်ကြည့်လိုက်သည်၊
"အရှင်က ဒီလိုသေးနုပ်တဲ့တိုင်းပြည်မှာ ကြင်ယာတော်... တော်ကောက်ချင်လို့ ကောက်တယ်ထင်နေလား...အရှင့်ရဲ့ကြင်ယာတော်နေရာကို ဘယ်သူမဆို အလွယ်တကူရမယ်ထင်လား...ဘယ်လိုတောင် ရူးနှမ်းလိုက်တဲ့အတွေးတွေလဲ"
"မင်းတို့က အာဏာကိုမက်လွန်းလို့ မျက်စိစုံကန်းသွားပြီထင်တယ်...လျန်တိုင်းပြည်နဲ့ငြိမ်းချမ်းရေးရအောင် အရှင်က ကြင်ယာတော်နေရာကို ဘန်းပြပြီး ဖန်တီးခဲ့တာမဟုတ်ဘူး..."
"မင်းတို့ မှတ်ထား... ငါ့အတွက် အရှင်က လျန်တိုင်းပြည်ကို ငြိမ်းချမ်းရေးသင်္ကေတဆိုပြီးဘန်းပြခဲ့တာပဲ" ချင်းယုယောင်စကားတွေကြောင့် သူတို့ဟာ ရှုံ့မဲ့သွားတော့သည်၊
'ဘယ်လိုတောင် မောက်မာတဲ့စကားတွေလဲ'
ထျန်းမင်ဟာ ချင်းယုယောင်စကားကို သဘောခွေ့သွားပြီး ချင်းယုယောင်ရဲ့ခါးသိမ်သိမ်လေးကို ပွေ့ဖက်ထားလိုက်သည်၊ထို့နောက်မှာ ထျန်းမင်ဟာ လျန်လျန့်ထိုက်နဲ့ပိုင်ချန်ရုန်ကို ကြည့်လိုက်ပြီး အမိန့်ပေးလိုက်သည်၊
"ငါကိုယ်တော်က လျန်တိုင်းပြည်ကို ယုယောင်ကြောင့် မျက်နှာသာပေးချင်ပေမယ့် တစ်ချို့လူတွေကတော့ တွေးချင်တာတွေးနေပါလား...လာကြစမ်း!"
"အတွေးမှားနေတဲ့နှစ်ယောက်ကို ကြိမ်ဒဏ်ငါးဆယ်ဆီ ရိုက်စေ" ထျန်းမင်စကားနဲ့အတူ ထျန်းတပ်သားများဝင်လာပြီး လျန်လျန့်ထိုက်နဲ့ပိုင်ချန်ရုန်ကို ဆွဲခေါ်သွားတော့သည်၊ပိုင်ချန်ရုန်က အော်ဟစ်ကာငိုကြွေးရင်း အသနားခံနေတော့သည်၊အရင်ကတော့ ပိုင်ချန်ရုန်ငိုလိုက်သည်နဲ့ ဂရုဏာဖြစ်ကာ ကယ်တင်ပေးတဲ့သူတွေရှိခဲ့ပေမယ့် ဒီအချိန်မှာ ထိုလူတွေကလည်း စိတ်ပျက်နေကြတော့သည်၊
"စီနီယာလျန်အစား စီနီယာလျန်သားကို ဆုံးမမိတာ နားလည်ဖို့မျှော်လင့်တယ်"
"ရပါတယ် ရပါတယ်... ဒီကောင်လေးက အလိုလိုက်တာများပြီး မောက်မာလွန်းနေတာပဲ...သူက ကြင်ယာတော်ချင်းကိုတောင် အပြစ်တင်နေတာပဲလေ..."
"ငါကိုယ်တော် အမိန့်ပေးတယ် အမတ်တွေ နာခံစေ...ဒီကနေ့ကစပြီး အိမ်ရှေ့စံမင်းသားလျန်ကို သာမန်မင်းသား အဆောင်အယောင်အဆင့်ထိ ရာထူးချစေ... သူ့ရဲ့ကြင်ယာတော်ပိုင်ကိုလည်း မင်းသားလျန်နဲ့အတူ လိုက်ပါစေ ငါကိုယ်တော် စိတ်အမျက်မပြေမချင်း သူတို့တွေ နန်းတော်ကို ခြေတစ်လှမ်းတောင် မချစေနဲ့" လျန်ဘုရင်မင်းမြတ်ရဲ့အမိန့်ကြောင့် အမတ်တချို့ကထိတ်လန့်သွားပေမယ့် တချို့ကတော့ နာခံစွာဖြင့်လက်ခံကြတော့သည်၊
ပိုင်အမတ်ကြီးရဲ့မျက်နှာကတော့ ဖြူဖျော့သွားကာ အနည်းငယ်အိုစာသွားသယောင်ဖြစ်ပေမယ့် သူဟာ သက်ပြင်းချကာ ဘာမှမဆိုနိုင်ပေ၊
သူ့သားဟာ ထူးချွန်စွာပြုမူလာပြီး ထက်မြက်လာတယ်ဟုထင်ပြီးပျော်ရွှင်လာပေမယ့် ဒီနေ့လို စဥ်းစားဆင်ခြင်ဥာဏ်မဲ့တဲ့လုပ်ရပ်ကို လုပ်လိမ့်မည်ဟု မထင်ခဲ့ပေ၊
ထျန်းမင်ကလည်း လျန်ဘုရင်မင်းမြတ်ပြစ်ဒဏ်ကို သဘောကျသွားတော့သည်၊ထို့နောက်မှာ ညီလာခံသိမ်းလိုက်ပြီးနောက်မှာတော့ ထျန်းမင်ဟာ ချင်းယုယောင်ကိုခေါ်ကာ တော်ဝင်ဥယျာဥ်ဆီ လမ်းလျှောက်နေတော့သည်၊
"မနက်ဖြန် ထျန်းအင်ပါယာကို ပြန်ကြမယ်... မင်းမိဘတွေကိုလည်း ထျန်းအင်ပါယာမှာ အခြေချစေချင်ရင် ခေါ်လာလို့ရတယ်..." ထျန်းမင်စကားကြောင့် ချင်းယုယောင်ကပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်၊
ချင်းယုယောင်ရဲ့ချင်းအိမ်တော်ဟာ ချင်းယုယောင်အပေါ်ကို ကောင်းတာကြောင့် ချင်းယုယောင်ကလည်း ထိုကိစ္စကို ချင်းအိမ်တော်ကိုပြောရန်လက်သင့်ခံလိုက်သည်၊ထို့နောက်မှာတော့ အစေခံမိန်းမပျိုလေးတစ်ဦးဟာ သူတို့ရှေ့ရောက်လာပြီး အရိုအသေပေးကာ
"အရှင် ဒီနိမ့်ကျလှတဲ့အစေခံက သခင်လေးမင်ချန်ရိကို အလုပ်အကျွေးပြုနေတဲ့ကျွန်တစ်ဦးပါရှင့်... "
"သခင်လေးမင်ချန်ရိက အခုတလော စိတ်မရွှင်ဖြစ်ပြီး အတော်ကိုနေမကောင်းဖြစ်နေတာကြောင့်...အရှင်က သခင်လေးမင်ချန်ရိအဆောင်ကို လာရောက်ကြည့်ရှုစေချင်ပါတယ်..." အစေခံမိန်းမပျိုလေးရဲ့မျက်နှာဟာ ကြောက်လန့်နေပေမယ့် ယုံကြည်မှုများတော့ရှိနေသည်၊ဘာကြောင့်လဲဆိုတော့ အရှင်မင်းကြီးဟာ သခင်လေးမင်ချန်ရိကို အမြဲတမ်းဂရုစိုက်ပြီး သခင်လေးမင်ချန်ရိက မျက်နှာတော်ညှိုးနွမ်းသည်နဲ့ ပြာယာခတ်နေတော့သည်၊ကြင်ယာတော်ရှိလာရင်တောင် သခင်လေးမင်ချန်ရိကို ပစားမှုက မှေးမှိန်သွားမည်ဟု မယုံကြည်ကြပေ၊
"ငါကိုယ်တော်နဲ့ကြင်ယာတော် အပန်းဖြေနေတာကို ဒီအစေခံကို ဘယ်သူ့ခွင့်ပြုချက်နဲ့ဝင်လာခိုင်းလိုက်တာလဲ"ထျန်းမင်ရဲ့အေးစက်စက်အသံကြောင့် အစေခံမိန်းမပျိုဟာ မြေပြင်မှာဒူးထောက်ကာ ခန္ဓာကိုယ်ကို ဝပ်ထားလိုက်ပြီး တုန်ယင်နေတော့သည်၊
ထို့နောက်မှာတော့ ထျန်းမင်ရဲ့အထိန်းတော်ကြီးရောက်လာပြီး အစေခံမိန်းမပျိုကို ဆွဲထုတ်ခိုင်းလိုက်တော့သည်၊အထိန်းတော်ကြီးကလည်း အနည်းငယ်ကြောက်ရွံ့နေပေမယ့် သူ(မ)ဟာ သေချာသိရှိသွားတော့သည်၊သူ(မ)တို့ အရှင်မင်းမြတ်ဟာ သခင်လေးမင်ချန်ရိကို လုံးဝဂရုမစိုက်တော့ပေ၊
'ထျန်းအင်ပါယာကိုရောက်ရင် ကြင်ယာတော်ကို အကောင်းဆုံးစောင့်ရှောက်ပေးရမယ်...'
-*-*-*-*-*-*-*-*