unicode
”ဂျွန်...ယောင်းအဲ့ကားမကြိုက်ဘူးပြောင်းပေး”
ဧည့်ခန်း၏ ဆိုဖာထက် အသာယာဇိမ်ယူရင်း ရုပ်သံလှိုင်းမှ movie တစ်ခုအား ကြည့်နေသည့်ထယ်ယောင်း။ ဘေးမှလဲ laptopတစ်လုံးနှင့် အလုပ်ရှုပ်နေသည့် ဂျောင်ကုအား ခိုင်းလိုက်သည်။..
အလိုလိုက်အကြိုက်ဆောင်ကာ ဂျောင်ကု မအားသည့်ကြားမှ ထယ်ယောင်း ကြည့်ချင်သည့် ရုပ်သံလိုင်းအား ပြောင်းပေးရပြန်သည်။
ငြုိငြင်လို့လဲ မဖြစ် ယခုအချိန်ဟာ အိမ်ထောင်သက်တမ်း တစ်နှစ်နှင့် နှစ်လရှိပြီဖြစ်သလို လုံးဝန်းဝန်းထယ်ယောင်း၏ ဗိုက်ကလေးထဲ၌ ဂျွန်ထယ်ကူးလေးဟာ နေ့စေ့လစေ့နှင့် မွေးဖို့ရာပင်နီးကပ်လာပြီဖြစ်သည်။
ကလေးယူသည့် ကိစ္စနှင့်ဆပ်လျဥ်း၍ ကတောက်ကဆဖြစ်ခဲ့ကြပေမဲ့ မနေနိုင်သည့်အဆုံးမှာ ဂျောင်ကုကပင် သူချစ်ရသူအား အလိုလိုက်ခဲ့ရတော့တာ။ ထယ်ကူးလေး ကိုယ်ဝန်စရှိသည့် နေ့မှစ၍ ဆိုလ်း၌ရှိသည့် ထယ်ယောင်း၏ အဒေါ်အိမ်၌ပင်ပြန်လည်အခြေချခဲ့ကြသလို kim လုပ်ငန်းစုဟာလဲ ဂျောင်ကု ခေါင်းပေါ်သို့အလိုလိုရောက်လာခဲ့တော့တာ။ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်သည့်တိုင် ထိုတာဝန်တို့နှင့်အတူ ပိုက်ဆံရှာခြင်းအလုပ်အား လုပ်ရသလို အိမ်သူသက်ထား၏ ဆိုးခြင်းအဝဝဟာလဲ ဂျောင်ကု ခေါင်းပေါ်မှာ။ ချစ်လို့ယူထားသည်ဘဲမလား သူ့ကလေးစိတ်ကြိုက်ဆိုးပါစေ ဒီလူဟာ တစ်သက်လုံး ထိုအဆိုးအပေလေးအား ချစ်နေအုံးမှာ။..လရင့်လာသည့်ကိုယ်ဝန်ကြောင့် ဂျောင်ကုမှာ ကုမ္ပဏီသို့ ကိုယ်တိုင်မသွားနိုင်တော့ဘဲ လက်ထောက်နှင့်သာလွှဲထားရင်း အိမ်၌သာစီမံရသည်။
အလုပ်လက်စ သပ်ပြီးသည်နှင့် ထယ်ယောင်းအနားသို့ တိုးကပ်ထိုင်လိုက်သည့်ဂျောင်ကု စားပွဲပေါ်ရှိ ထယ်ယောင်းကြိုက်သည့် မုန့်ကလေးအား ဖောက်လျှက် အသာေလးခွန့်ကျွေးလိုက် တော့ တီဗွီအားအကြည့်မပျက်ဘဲ သူ့ကျွေးသည့်မုန့်အား စားလာသည့် ထယ်ယောင်းကြောင့် ဂျောင်ကုမှာ ချစ်မဝစွာဖြင့် ပါးဖောင်းဖောင်းတို့အား နစ်ဝင်သည်အထိ နမ်းရှုံလိုက်သည်။
”ဂျွန်..”
”ဗျာ...”
ခေါ်လိုက်တိုင်းအမြဲကြားနေရသည့်တုံပြန်သံလေးကြောင့် ထိုအသံပိုင်ရှင်၏ ရင်ခွင်ထဲသို့ ခေါင်းလေးတိုးဝင်လိုက်မိတော့ ခန္ဓာကိုယ်လေးအား သိမ်းကျုံးဖက်တွယ်လာသည့် ဂျောင်ကု၏ လက်တွေ။.
”မွေးရက်က ဒီအပတ်ထဲပေးထားတာကို ဘာလို့မမွေးသေးတာလဲမသိဘူး..”
”ကလေးရယ် အတိအကျကြီးပေးထားတာမှမဟုတ်ဘဲ နောက်ကျတာလဲရှိသလို စောတာလဲရှိမှာပေါ့..”
”မသိဘူး..ယောင်းက ထယ်ကူးလေးကိုမြင်ချင်လှပြီ”
”မြင်ရမှာပေါ့ ကလေးရယ် မကြာခင် ကိုယ်တို့ကလေးလေးက လောကကြီးထဲရောက်လာတော့မှာ..”
ကိုယ်ဝန် ငါးလမှာ untrasound ရိုက်ကြည့်တော့ သားလေးဟုသိခဲ့ရသည်။ အဲ့အချိန်မှ ထယ်ယောင်းဟာ သူ့သားလေးအား ဂျွန်ထယ်ကူးဆိုပြီး အမည်ပေးခဲ့ခြင်းဖြစ်သည်။ ဂျောင်ကုမှာလဲ ထိုနာမည်လေးအား သိပ်သဘောကျသည်မို့ ထိုအမည်လေး ကြားခဲ့ရစဥ်က ကိုယ့်ကလေးငယ်က ချစ်စရာကောင်းတဲ့နာမည်လေး သိပ်ပေးတတ်တာဟု ချီးကျူးခဲ့သေးတာ။..
”အမလေး ကင်မ်ထယ်ယောင်း တို့များ သာယာလိုက်တာနော် ယောကျာ်းရင်ခွင်ထဲကလဲ ထွက်ပါအုံး အမြဲပူးကပ်နေတာ မင်းတို့အစား ငါဖြင့်ပူလိုက်တာ..”
အပြင်မှ ပြန်လာသည့် Mrs kim တစ်ယောက် ဧည့်ခန်း၌ ဖက်တွယ်နေသည့် ဇနီးမောင်နှံကြောင့် မျက်စောင်းကြီးခဲကာ ငြီးတွားရင်း ထယ်ယောင်းတို့အရှေ့၌ပင်ဝင်ထိုင်သည်။...ဂျောင်ကုအား kim လုပ်ငန်းတို့အား ဦးစီးစေခိုင်းလိုက်သည့်နေ့မှစ၍ သူမဟာ အရင်လိုအလုပ်ပိမနေတော့ဘဲ အားသည့်အချိန်တိုင်းသိကျွမ်းသည့် မိတ်ဆွေတို့နှင့် အလည်အပတ်ခရီးသို့ တစ်ဝကြီးထွက်လိုက် အနားယူလိုက်နှင့်ပင် အချိန်ကုန်မိတော့သည်။
”Mrs kim ကလဲ သူများပူးနိုင်လို့ပူးတာပေါ့ Mrs kim တောင်ပူးစရာလူမရှိလို့ အပျိုကြီးဖြစ်နေတာမလား..”
ဂျောင်ကု ရင်ခွင်ထဲမှပင် ပတ်ခနဲပြန်လည်ချေပလာသည့် ထယ်ယောင်း၏ စကားပင်။..
”ဒီကလေးနှယ်..ငါခေါက်ထည့်လိုက်ရ နာတော့မယ် ဒါကအဒေါ်ကိုပြောရမဲ့စကားလား..”
ခေါင်းခေါက်ရန် လက်ချိန်ရွယ်လိုက်သည့် Mrs kim ကြောင့် ထယ်ယောင်း ဂျောင်ကု ရင်ခွင်ထဲသို့အတင်းတိုးဝင်၏။..
”ခေါက်ပေါ့.. ဂျွန် ရှိတယ်မကြောက်ဘူး...”
အားကိုးရှိသူပီပီ စွာနေသည့်ထယ်ယောင်း။ ကင်ဆိုဟီး တူဖြစ်သူကြောင့် သွေးတိုးရောဂါဟာ မကြာခင်ပင် ထဖောက်တော့မည်။..
”အမလေး..ငါ့အမရေ နင့်သားကိုလာကြည့်ပါအုံး ယောကျာ်းလဲ ရရော တစ်သက်လုံးကျွေးမွေးလာတဲ့အဒေါ်ကို ရန့်တွေ့နေလိုများ လူကြားလို့မှမကောင်း..”
ရန်ဖြစ်နေသည့် တူအရီးနှစ်ယောက်ကြောင့် ဂျောင်ကုမှာ ပြုံးပြုံးကြီးသာ ငေးကြည့်နေလိုက်သည်။ ဒီလိုအခြေနေမျိုးဟာ သူ့အတွက်မထူးဆန်းတော့ အမြဲတကျက်ကျက်နှင့် ဒီနှစ်ယောက်ဟာ အဲ့သလိုပင် မတွေ့ရလဲ မနေနိုင်ပြန်သည့် တူအရီးမို့ ဂျောင်ကု မှာခေါင်းသာ အသာယမ်းမိလိုက်သည်။
ဆိုလ်းသို့ ပြောင်းလာသည့်နောက်မှာလဲ ဂျောင်ကုနှင့် Mrs kim ၏ ဆက်ဆံရေးဟာ လဲကောင်းမွန်လာခဲ့သည်မို့ပင်။..
”ဂျွန်... Mrs..kim..အ့...အား..ဂျွန်”
ရန်ဖြစ်နေရာမှ ရုတ်တရက် ငြီးေအာ်လာသည့်ထယ်ယောင်း။..
”ကလေး..ဘာဖြစ်လို့လဲ...”
ဂျောင်ကု ထိတ်ထိတ်ပြာပြာမေးမိတော့ ဗိုက်အား ကိုင်ရင်းအော်နေပြန်သည့်ထယ်ယောင်း။..
”နာတယ်..ဂျွန်..ဟင့် ဗိုက်နာတယ် မွေးတော့မယ်ထင်တယ်..အား...”
”ကလေး...”
ရုတ်တရက်မို့ ဂျောင်ကု ဘာလုပ်လို့ဘာကိုင်ရမှန်းမသိနှင့် သူ့ရင်ခွင်ထဲမှ ချစ်ရသူအား ခေါ်နေမိသည်က အကြိမ်ကြိမ်။
”ဟဲ့...ထယ်ယောင်းက မွေးတော့မှာထင်တယ် ဆေးရုံကိုအမြန်ပို့ ငါလိုအပ်တာတွေယူပြီးနောက်ကလိုက်ခဲ့မယ်..သွား ဆေးရုံကိုမြန်မြန်သွား”
”ဟုတ်..”
”Mrs kim စကားကြောင့် ဂျောင်ကုမှာ ထူပူကာ ထယ်ယောင်းအား ပွေ့ချီရင်း ကားထဲသို့ ထည့်ကာ ဆေးရုံသို့ ဒရောသောပါး မောင်းနှင်လာခဲ့ရတော့သည်။..
.
.
.
..
ခွဲခန်းရှေ့၌ ရှိသည့်လူလေးဦး ဂျောင်ကုနှင့်Mrs kim ယွန်ဂီနှင့်ဂျီမင် ထိုအထဲမှ ဂျောင်ကုဟာ အဆိုးဆုံး ထိုင်မရထမရနှင့်။ ကိုယ်ဝန်စယူတုန်းက တိုင်ပင်ဆွေးနွေးခဲ့သည့် ဒေါက်တာနှင့် ခွဲမွေးသည်ဖြစ်ပေမဲ့ သူ့မှာ ထယ်ယောင်းအတွက် ရတက်မအေးနိုင် ဖင်ကြွကြွနှင့်။
”ဂျောင်ကု မင်းအေးဆေးထိုင်နေလို့မရဘူးလား ငါဖြင့်မင်းကိုကြည့်ရတာ ေခါင်းတွေပါမူးလာပြီ”
ဖင်ကြွကြွဖြစ်နေသည့် ဂျောင်ကုအား ပြောလိုက်သူက Mrs kim ရယ်ပင်။..
”ကျွန်တော်...ကလေးကိုစိတ်ပူလို့...”
”စိတိပူတာလဲ ပူပေါ့ ဂျောင်ကုရယ် မင်းဟာက ေဘးလူတွေပါ မျက်စိနှောက်လာပြီ နောက်ပြီးထယ်ယောင်းလေးက အဆင်ပြေမှာပါ မမွေးခင်ထဲက ဆရာဝန်နဲ့သေချာတိုင်ပင်ထားခဲ့တာကို..”
”ဟူး...”
ဂျောင်ကု သက်ပြင်းသာချလိုက်သည်။ ရင်ထဲ၌လဲ ထယ်ယောင်းအတွက် ရတက်မအေးနိုင် ကလေးဟာ ယောကျာ်းတစ်ယောက်ဖြစ်သည်မို့ ဂျောင်ကု သာမန်ထက်ပင်ပို၍ စိတ်ပူပါသည်။ ဘယ်လိုပင် ဆေးပညာနည်းပညာတို့ တိုးတက်နေပါသည် ပြောပြော မိမိအရှေ့၌ ထယ်ယောင်းနှင့်သားလေးကို မျက်ဝါးထင်ထင် မြင်တွေ့သည့်အခါမှသာ စိတ်ဒုန်းဒုန်းချနိုင်မည်ဖြစ်သည်။..
”အဲ့....အဲ...”
ထိုအချိန် ခွဲခန်းထဲမှ ထွက်လာသည့် ကလေးငိုသံသဲ့သဲ့လေးကြောင့် ဂျောင်ကု ခေါင်းဟာထောင်ခနဲ။ လှုပ်ခတ်သွားသည့် ရင်အစုံနှင့်အတူ ခွဲခန်းတံခါးဝထိ ကပ်ရင်း နာထောင်မိရင်း ခနအကြာမှ ခွဲခန်းထဲမှ ထွက်လာသည့် ဆရာဝန်။..
”အဖေရော သားရော ကျန်းမာပါတယ် ခနနေ သီးသန့်အခန်းထဲပို့ပြီးရင် လူနာရှင်တွေတွေ့လို့ရပါပြီ...”
”ကျေးဇူးပါ...ဒေါက်တာ..”
ရုတ်တရက်အပျော်လေးများ စို့လာရင်း ဂျောင်ကု ဆရာဝန်အား ကျေးဇူးတင်းစကားဆိုမိသည်။ ယခုမှ ရင်ထဲက အလုံးကြီးကလဲ ကျသွားရသည်မလား။..
ဂျီမင်တစ်ယောက်ဟာလဲ ယွန်ဂီ လက်ကလေးအား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ရင်း သူ့ဦးလေး ဖြစ်ပြီဆိုပြီးပျော်နေရှာသည်။..
ထို်အတူ Mrs kim ဟာလဲ ယောင်းအတွက် မျက်ရည်များဝဲသည်အထိ ကြည်နူးဝမ်းသာနေပြန်သေးသည်။..
.........
အချိန်ရာသီစက်ဝန်းဟာ..ရပ်တန့်သွားခြင်းမရှိသလို တရွေ့ရွေ့နှင့်ကုန်ဆုံးနေသည်။ ဒီကာလအပိုင်းအခြားအတွင်းမှာ ထယ်ယောင်းနှင့်ဂျောင်ကု အတွက်တော့ လောကနိဗ္ဗာန်ဘုံအား အပိုင်စားရသလို ေပျာ်ရွင်မှုဟာ ဂျောင်ကုတို့မိသားစု၌ အချိန်ကြာစွာကိန်းအောင်းနေပြီးခဲ့ပြီ။ယခုဆို ဂျွန်ထယ်ကူးလေးပင်နှစ်နှစ်အရွယ်သို့ရောက်လာခဲ့ချေပြီ။
”ဂျွန်..ရေ သားသားလေးကို ဒိုက်ပါလဲပေးပါအုံး...”
မီးဖိုဆောင်၌ အလုပ်ရှုပ်နေသည့် ထယ်ယောင်း ဧည့်ခန်းမှ သားအဖနှစ်ယောက်အား လှမ်းအော်သည်။..
”အွင်း...ခနက ကိုယ်လဲပေးထားပါတယ် ကလေးရဲ့...”
”ဒယ်ဒီ..သား အဲ့ဘီဘီ ဝတ်ချင်ပူး..ပူရို့”
မပီသည့်အသံလေးနှင့်ပြောလာသည့် ကူးကူးလေးဟာ..ဒိုက်ပါအား လက်ညိုးပြရင်း သူမဝတ်ချင်ကြောင်းပြောလာသည်။ နှစ် နှစ်ဟုဆိုပေမဲ့လဲ ကူးကူး လေးဟာ သိပ်စကားတတ်သည့်ကလေလေး ရုပ်ဟာ ဂျောင်ကုနှင့်ချွတ်စွတ်တူပေမဲ့ စကားတတ်သည်ကတော့ သူ့ဖေဖေထယ်ယောင်းနှင့်တစ်ပုံစံထဲ။.
”ပူလဲ မချွတ်ရဘူးနော် ကူးကူး ဖေကရိုက်လိမ့်မယ် ဖေဒေါသထွက်ရင် ကြောက်ဖို့ကောင်းတာ ကူးလေးသိတယ်မလား..”
”ဟုတ်..ကူး..တိပါတယ်..ဒယ်တီ”
”ဒယ်ဒီကူးကူးလေးက လိမ္မလိုက်တာကွာ..လာပါအုံး ဒယ်ဒီက အာဘွားပေးချင်လို့”
ဂျောင်ကု လက်ကလေးအား ဆန့်တန်းပေးမိတော့ လုံးလုံးလေးနှင့် ပြေးလာသည့် ချစ်စရာသားလေး။ ရင်ခွင်ထဲသို့ ဆွဲပွေ့ရင်း ပါးဖောင်းထောင်းလေးအား တစ်ချက်မွေးကြူလိုက်သည်။..
”ဂျွန်..ရေ ခနနေ ဂျီမင်တို့လာတော့မှာမလား ရေချိုးချင်သွားချိုးတော့လေ ကူးလေးကို ယောင်းကြည့်ထားလိုက်မယ်...”
ပိတ်ရက်လဲ ဖြစ်သည်မို့ ယွန်ဂီတို့လင်မယား.အိမ်သို့အလည်လာမည်ကြောင့် ထယ်ယောင်း စားသောက်စရာများ ပြင်ဆင်ပြီးသည်နှင့် ဂျောင်ကုတို့သားအဖ နှစ်ယောက်ထံသို့ ရောက်လာသည်။..
”နေပါစေ အထူးဧည့်သည်တွေမှ မဟုတ်ဘဲ ကလေးရယ် ဖြေးဖြေးအေးအေးမှဘဲ ချိုးတော့မယ်..ကိုယ့်ကလေးလေးရော ပင်ပန်းနေပြီလား..ကိုဘာလုပ်ပေးရအုံးမလဲ”
”အကုန်ပြင်ဆင်ပြီးပြီ ဂျွန်ရဲ့ Mrs kim ကလဲစျေးသွားတယ် သစ်သီးတစ်ချို့သွားဝယ်တာတဲ့ ”
”အင်းပါ... ကိုယ့်ကလေးလေး ပင်ပန်းနေရင်ပြောနော် ကိုယ်အကုန်လုပ်ပေးမယ်...”
”မပင်ပန်းပါဘူး ဂျွန်ရဲ့”
စကားအဆုံး မိမိဘေး သို့ဝင်ထိုင်လိုက်သည့် ထယ်ယောင်းအား ကျန်လက်တစ်ဖက်နှင့် ပွေ့လိုက်တော့ လက်၏တစ်ဖက်တစ်ချက်ဆီမှ ကူးကူးလေးနှင့် သူ့အမျိုးသားလေးဟာ ရင်ခွင်ထဲသို့ အံဝင်ခွင်ကျလေး ဝင်ရောက်လာသည်။..
”ဒယ်တီ...”
”ဗျာ..”
”ဖေက ကရေးရေးဆို ကူးကူးက ပေပီရေးလားဟင်”
စကားတတ်သည့်အချိန်မှစ၍ ဒီစကားအား ခနခနမေးသည့် ကူးကူးလေးကြောင့် ထယ်ယောင်းရော ဂျောင်ကုပါပြုံးလိုက်မိသည်။..
”ဒါပေါ့...ကူးလေးက ဘေဘီလေး ဒယ်ဒီနဲ့ဖေဖေရဲ့ ဘေဘီလေး”
ဖြေလိုက်သူက ထယ်ယောင်း သားငယ်လေး၏ ပါးဖောင်းဖောင်းလေးအားလဲ မနာအောင်အသာယာဖျစ်လိုက်သေးသည်။..
”ဒယ်တီနဲ့ ဖေ့ကို ကူးကူးက ချစ်တယ်”
”အားရီးဂူး...ဒယ်ဒီကလဲ ကူးလေးဖေနဲ့ကူးလေးကို ချစ်ပါ့ဗျာ..”
”ယောင်းလဲ ဂျွန်နဲ့ကူးငယ်လေးကိုချစ်တယ်...”
”ဒီသားဖ သုံးယောက်အချစ်စမ်းနေကြတာပေါ့ဟုတ်လား”
တစ်ဦးနှင့်တစ်ဦး ချစ်ကြောင်းတွတ်ထိုးနေတော့ အိမ်ထဲသို့ ဝင်လာသည့် ယွန်ဂီနှင့်ဂျီမင် Mrs Kim ကလဲ ဂျီမင်တို်နှင့်အတူပါလာသည်မို့ လမ်း၌ဆုံခဲ့ကြောင်း ထယ်ယောင်းရိပ်စားမိလိုက်သည်။..
”ဦးဦးမင်..ကူးကူးကညှော်နေတာ..”
ဂျီမင်အား မြင်သည်နှင့် တန်းနေအောင် ပြေးသွားသည့် ထယ်ကူးလေးဟာ ယွန်ဂီနှင့်ဂျီမင်၏ အသဲအသက်လေးဟူလဲမမှား။..
”ဟာ...ဦးဦးမင်ပျော်သွားပြီ ကူးငယ်လေးက ဦးဦးတို့်ကို မျှော်နေတာပေါ့ ဟုတ်လား”
ပြေးဝင်လာသည့် ပေါက်စလေးအား ပွေ့ချီလိုက်ရင်း ဂျီမင် ေမးခွန်းထုတ်မိတော့ ခေါင်းငြိမ့်ပြလာသည့်ထယ်ကူးလေး။
”ဦးဦးမင်ကိုရော မင်မင်ကြီးကိုရော လွမ်းနာ”
”ဂျောင်ကု...မင်းသားလေးက တကယ်အတတ်လေးကွာ..”
ယွန်ဂီ အသဲတယားယားနှင့် ဂျီမင်ပွေ့ချီထားသည့် ထယ်ကူးလေး၏ ပါးဖောင်းဖောင်းအား နမ်းရှုံရင်းပြောလာသည်။..
ဂျောင်ကုရယ် ထယ်ယောင်းရယ် Mrs kim ဟာတော့ ထိုမြင်ကွင်းအား ပြုံးပြုံးကြီးသာကြည့်နေလိုက်သည်။..
”ကဲကဲ ကလေးတွေ သက်သောင့်သက်သာနေကြနော် ညစာစားပြီးမှ ပြန်မှာမလား...”
”ဒါပေါ့...အန်တီလေးရဲ့...”
မငြင်းသည့် ဂျီမင်စကားအဆုံးမှာ အားလုံးပွဲကြသလို တစ်ပြိုက်နက်ထဲ ရယ်မောလိုက်ကြပြန်သည်။
ယွန်ဂီနှင့်ဂျီမင် ကတော့ ယခုချိန်ထိ ကလေးမယူကြသေးသလို ထယ်ကူး အပေါ်သာ အချစ်တို့ပုံအောထားသည်။ ယွန်ဂီဟာ အရင်လို ဒုစရိုက်အလုပ်တို့အား ခပ်စိတ်စိတ်မလုပ်တော့ပေမဲ့လဲ လုံးဝကြီးအဆက်သွယ်ပြတ်သွားသည်မဟုတ် သို့ပေမဲ့လဲ တဖြည်းြဖည်းချင်း နှင့်တော့ သူလိုချင်သည့်ပုံစံရနေပြီမို့ ဂျီမင်အထူးအလည်တော့ တားမြစ်တာမျိုးရှိမနေခဲ့ပါ။...
......
နွေရာသီ၏ နေ့လည်ခင်းမို့ လေတို့တဖြူးြဖ ူးနှင့် ကူးငယ်လေးကဟာလဲ ယွန်ဂီနှင့်ဂျီမင်၏ tata အရုပ်ဝယ်ပေးမည်ဟူသည့် အမြူအစွယ်ကောင်းမှုကြောင့် ဂျီမင်တို့နှင့်အတူ ပါသွားပြန်သည်။..Mrs kim ကတော့ထုံးစံအတိုင်း နေ့လည်ခင်း တရေးတမောအိပ်လို့။..
အခန်း၏ ပြတင်းဝမှ တိုက်ခက်လာသည့် လေအား ထယ်ယောင်း တစ်ဝကြီးရူရှိိုက်လိုက်သည်။..
”ကလေးလေး..ဘာတွေတွေးနေတာလဲ...”
အဝေးသို့ငေးနေသည့် ထယ်ယောင်း၏ ခါးသိမ်သိမ်လေးအား ပွေ့ဖက်ရင်း ဂုတ်သားလေးတို့အား ဖိကပ်နမ်းလိုက်သည့်ဂျောင်ကု။..
”ရောက်တတ်ရာရာပါဂျွန်ရဲ့ ဂျွန်သာ ယောင်းနဲ့မတွေ့ခဲ့ရင် အရင်လိုကြေးစားj ဘဝနဲ့ဘဲရှိနေမလားလို့တွေးနေမိတာ..”
”အင်း..အဲ့လိုဘဲ ဖြစ်မှာပေါ့..ကလေးကိုလက်မထပ်ခင်အထိ ကိုယ့်မှာပူပန်မှုတွေပြည့်ခဲ့တာ သူတစ်ပါးလက်ထဲပါသွားမှာလဲသိပ်ကြောက်ခဲ့တာ.အခုတော့ကြေးစားJ ဘဝဟာလဲ မှေးမှိန်သွားသလို ကိုယ့်မှာ ချစ်စရတဲ့ကလေးနဲ့သားငယ်လေးလဲ ရှိနေပြီလေ...ဘဝကြီးက ကျေနပ်စရာသိပ်ကောင်းတာဘဲ...”
”ယောင်းရောဘဲ ဂျွန်နဲ့ဖူးစာဆုံခွင်ရလို့ ကံကြမ္မာကိုကျေးဇူးတင်တယ်...”
”ကလေးကတကယ်တော့ ကိုယ့်ဘဝရဲ့တိမ်ဆိုင်လေးပါ...”
”ဘာကြောင့်လဲ”
ရင်ခွင်ထဲမှနေ၍ နားမလည်စွာမေးလာသည့် ဂျောင်ကု အသဲအသက်လေး။..
”ကလေး မင်းက တိမ်ဆိုင်လေးတွေနဲ့တူပြီးကိုယ်က ကောင်းကင်ကြီးနဲ့တူတယ်...”
”ဘာဖြစ်လို့လဲ ဂျွန်ရဲ့..”
”ဘာဖြစ်လို့လဲဆို..တိမ်ဆိုင်လေးတွေကဖြူစင်တယ် လေသင့်ရာအတိုင်းလဲ အဝေးကိုပြေးတတ်တယ်တဲ့အဲ့လိုဘဲ မင်းလေးကကိုယ့်ဘဝကိုအခြေနေအမျိုးမျိုးနဲ့မြင်သာသည်အထိနေရာယူခဲ့တာ ဒါပေမဲ့ လဲ တိမ်ဆိုင်လေးတွေက သူဘယ်လောက်အဝေးကိုပြေးပြေး ကောင်းကင်ရဲ့အရိပ်အာဝါသအောက်မှာဘဲ ရှိနေခဲ့တာလေ..အဲ့တာကြောင့် ကလေးဘယ်သွားသွား ကလေးရဲ့အရာရာတိုင်းကို ကိုယ်ကချစ်တယ်...တိမ်ဆိုင်လေးတွေလို လေသင့်အရာတိုင်း လွတ်လပ်ပျော်ပါးနေတဲ့မင်းလေးကိုချစ်တယ် ကိုယ်ရင်ခွင်က ဘယ်တော့မှထွက်မပြေးသွားတဲ့မင်းလေးကိုချစ်တယ်...”
-အဟင်း...”
ဂျောင်ကု စကားအရှည်ကြီးအဆုံးမှာ ထယ်ယောင်း သဘောတကျဖြင့် ခပ်တိုးတိုးလေးရယ် သည်။..
”တကယ်တော့..ယောင်းကတိမ်ဆိုင်လေးတွေနဲ့မတူဘဲ တိမ်မဲကြီးတွေနဲ့တူတာသိရဲ့လား...”
ထယ်ယောင်းစကားကြောင့် ဂျောင်ကု မျက်ခုံးတစ်ဖက်ပင့်သက်သွားရင်း ဘာများလဲဟူသည့်သဘောဖြင့်မေးဆက်ပြမိတော့။..
”အငိုသန်လို့...မိုးရွာရင်မဲနေတဲ့တိမ်မဲကြီးတွေလိုမျိုး”
”ဟာ...ကလေးကကွာ အသဲယားအောင်သိပ်လုပ်တာ”
ကျီစယ်သည့်စကားအဆုံး ဂျောင်ကု ချစ်မဝလေး၏နှုတ်ခမ်းအား ဆွဲယူနမ်းရှိုက်ပြစ်လိုက်ပြန်သည်။
”ကျေးဇူး တင်ပါတယ် ကလေး ကိုယ့်ဘဝထဲကို သတ္တိရှိရှိဝင်လာခဲ့ပေးပြီး နောက်ဆုံးအချိန်ထိစောင့်နေပေးခဲ့လို့...အရာရာမှာယုံကြည်ပြီးကိုယ့်လက်ကိုမလွတ်ခဲ့လို့”
”ယောင်းက ဂျွန်ကလွဲပြီးဘယ်သူ့ကိုမှ လက်မတွဲဘူး..”
”ချစ်တယ်ကလေး မင်းက ကိုယ့်ဘဝရဲ့ဆည်းလည်းလေးပါ.”
”ဘယ်လောက်ထိ ချစ်လဲဂျွန်”
.”လက်ရှိ ကင်မ်ထယ်ယောင်းကိုလဲ ချစ်တယ် အိုဆာကာမှာ စတွေ့ခဲ့တာ ငရစ်လေး ကင်မ်ထယ်ယောင်း ကိုလဲချစ်တယ် ကိုယ့်ဘဝထဲတဆင့်ချင်းဝင်လာတဲ့အဆိုးလေးကင်မ်ထယ်ယောင်းကိုလဲချစ်တယ် လက်ရှိအိမ်သူသက်ထား ကင်မ်ထယ်ယောင်းကိုလဲချစ်တယ်... သံေယာဥ်အတိမ်နက်တွေကိုယ်မမှန်းဆတတ်ပေမဲ့ ကိုယ်ကလေးကိုအများကြီးချစ်တယ်”
”အဟင်း...ဂျွန်ကလေ အသက်ကြီးလေ သိပ်တတ်လေဘဲဟွန့်...”
ဂျောင်ကုစကားကြောင့်ရင်ထဲကြည်နူးမှုလှိုင်းကလေး ြဖတ်ပြေးသွားသည့် ထယ်ယောင်း ။..
”ကိုယ်မင်းကို သိပ်ချစ်တာဘဲ ဒီစကားကို မနက်ဖြန်တိုင်းပြောမယ် မနက်ဖြန်ဆိုတာရှိနေသ၍ ကိုယ့်အချစ်တွေက မင်းအတွက် မင်းတစ်ယောက်ထဲအတွက် မင်းအပိုင်ပါ ကလေး..”
”ယောင်းလဲ ဂျွန့်ကိုအရမ်းချစ်တယ်...”
”အွန့်...ပြွတ်”
စကားအဆုံးမှာ အရင်နှင့်မတူစွာ အနမ်းခံလိုက်ရသူက ဂျောင်ကုရယ်ပင်။ ခပ်နွေးနေအထိတွေ့လေးဟာ နှုတ်ခမ်းထပ် ခနမျှ နေရာယူပြီးချိန်မှာတော့ ဂျောင်ကုဖက်မှ ပြန်လည်တိုက်စစ်ဆင်၍ ထိုနှုတ်ခမ်းသားလေးအား အလွတ်မပေးတော့။..
”ဂျွန်...အ့”
အနမ်းရှည်တို့အား ပုံဖော်ပြီးသည့်နောက် ဆက်ခနဲပွေ့ချီခံလိုက်ရသည့် ထယ်ယောင်း။ ပူအိုက်နေသည့်ရာသီဥတုမှာ ကုတင်ပေါ်သို့အသာပြစ်ချခံလိုက်ပြီး။ ရမ္မက်သံသဲ့သဲ့လေးပါနေသည့် ဂျွန့်စကားဟာ ထယ်ယောင်း နားအနီးလေးမှာ။..
”ကိုယ်တို့ နေ့ခင်းလေ့ကျင်းရေးဆင်းကြရအောင်”
”အင်း...ဂျွန့်သဘော”
စကားအဆုံး၌ နှုတ်ခမ်း၌ကျောက်ချလာသည့် ဂျောင်ကုအနမ်းများ။ လည်တိုင်လေးအား အသာဖက်တွယ်ရင်း ထယ်ယောင်း ဂျောင်ကုခေါ်ဆောင်သည့် အချစ်နွံထဲသို့ တိုးဝင်ခဲ့ပြန်သည်။ ဒီအချစ်နွံဟာ ရုန်းလေနစ်လေနှင့် ထယ်ယောင်းတစ်သက်လုံး ဒီနွံထဲမှာသာ ပျော်မွေ့နေမိတော့မှာ။..
”ဂျွန်အတွက် ယောင်းက ဆည်းလည်းလေးဆိုရင် ဂျွန်က ယောင်းအတွက် မနက်ခင်းကြီးပါဂျွန်..”
”အွင်း...ကိုယ်ရယ် ကိုယ့်ဟန်နီလေးရယ် ကူးငယ်လေးရယ်က ကိုယ့်ဘဝနဲ့အနာဂတ်အတွက်မရှိမဖြစ်လေးတွေပါ ကလေးငယ်....”
”ချစ်တယ် ဂျွန်နဲ့ကူးငယ်လေးကို”
”ပိုချစ်တယ် ကလေးနဲ့ကူးငယ်လေးကို...”
..........END.......
Thanks u all ဇာတ်သိမ်းလေးပေါ့နေရင် နားလည်ပေးကြပါနော်။
အသွေးရဲ့ မကောင်းမကန်းလေးကိုfiction အဆုံးထိဖတ်ပေးလို့ကျေးဇူးတင်ပါတယ်။ မကောင်းမှန်းသိပေမဲ့ vote တွေ ment ပေးခဲ့တဲ့သူတွေရော..silent readerလေးတွေကိုရော တစ်ယောက်ချင်းစီတိုင်းကိုသွေးကတကယ်ကျေးဇူးတင်ပါတယ်💜💜 နောက်fic တွေကျဒီထက်အများကြီးကောင်းအောင်ကြိုးစားပါ့မယ်။ ဂျွန်နဲ့ ဂျွန့်ရဲ့ ဟန်နီလေးကို ဒီမှာဘဲနှုတ်ဆက်လိုက်ပါပြီ။..
16.3.2023 End...
ချစ်တဲ့ Elsa 'kim
zawgyi
ငွိုငွငျလို့လဲ မဖြစ် ယခုအချိန်ဟာ အိမ်ထောင်သက်တမ်း တစ်နှစ်နှင့် နှစ်လရှိပြီဖြစ်သလို လုံးဝန်းဝန်းထယ်ယောင်း၏ ဗိုက်ကလေးထဲ၌ ဂျွန်ထယ်ကူးလေးဟာ နေ့စေ့လစေ့နှင့် မွေးဖို့ရာပင်နီးကပ်လာပြီဖြစ်သည်။
အလုပ်လက်စ သပ်ပြီးသည်နှင့် ထယ်ယောင်းအနားသို့ တိုးကပ်ထိုင်လိုက်သည့်ဂျောင်ကု စားပွဲပေါ်ရှိ ထယ်ယောင်းကြိုက်သည့် မုန့်ကလေးအား ဖောက်လျှက် အသာလေးခှနျ့ကြှေးလိုကျ တော့ တီဗွီအားအကြည့်မပျက်ဘဲ သူ့ကျွေးသည့်မုန့်အား စားလာသည့် ထယ်ယောင်းကြောင့် ဂျောင်ကုမှာ ချစ်မဝစွာဖြင့် ပါးဖောင်းဖောင်းတို့အား နစ်ဝင်သည်အထိ နမ်းရှုံလိုက်သည်။
”ဂျွန်..”
”ဗျာ...”
.
..
”ဂျောင်ကု မင်းအေးဆေးထိုင်နေလို့မရဘူးလား ငါဖြင့်မင်းကိုကြည့်ရတာ ခေါငျးတှပေါမူးလာပွီ”
”စိတိပူတာလဲ ပူပေါ့ ဂျောင်ကုရယ် မင်းဟာက ဘေးလူတှပေါ မျက်စိနှောက်လာပြီ နောက်ပြီးထယ်ယောင်းလေးက အဆင်ပြေမှာပါ မမွေးခင်ထဲက ဆရာဝန်နဲ့သေချာတိုင်ပင်ထားခဲ့တာကို..”
”ဟူး...”
”အဲ့....အဲ...”
”ကျေးဇူးပါ...ဒေါက်တာ..”
ထိုအတူ Mrs kim ဟာလဲ ယောင်းအတွက် မျက်ရည်များဝဲသည်အထိ ကြည်နူးဝမ်းသာနေပြန်သေးသည်။..
.........
”ဟုတ်..ကူး..တိပါတယ်..ဒယ်တီ”
”အကုန်ပြင်ဆင်ပြီးပြီ ဂျွန်ရဲ့ Mrs kim ကလဲဈေးသွားတယ် သစ်သီးတစ်ချို့သွားဝယ်တာတဲ့ ”
”ဒယ်တီ...”
”ဗျာ..”
တစ်ဦးနှင့်တစ်ဦး ချစ်ကြောင်းတွတ်ထိုးနေတော့ အိမ်ထဲသို့ ဝင်လာသည့် ယွန်ဂီနှင့်ဂျီမင် Mrs Kim ကလဲ ဂျီမင်တိုနှင့်အတူပါလာသည်မို့ လမ်း၌ဆုံခဲ့ကြောင်း ထယ်ယောင်းရိပ်စားမိလိုက်သည်။..
ပြေးဝင်လာသည့် ပေါက်စလေးအား ပွေ့ချီလိုက်ရင်း ဂျီမင် မေးခှနျးထုတျမိတော့ ခေါင်းငြိမ့်ပြလာသည့်ထယ်ကူးလေး။
”ဒါပေါ့...အန်တီလေးရဲ့...”
......
အခန်း၏ ပြတင်းဝမှ တိုက်ခက်လာသည့် လေအား ထယ်ယောင်း တစ်ဝကြီးရူရှိုက်လိုက်သည်။..
”ဘာကြောင့်လဲ”
-”အဟင်း...”
ဂျောင်ကုစကားကြောင့်ရင်ထဲကြည်နူးမှုလှိုင်းကလေး ဖြတ်ပြေးသွားသည့် ထယ်ယောင်း ။..
;အွန့်...ပြွတ်”
”ဂျွန်...အ့”
”အင်း...ဂျွန့်သဘော”
..........END.......
Thanks u all ဇာတ်သိမ်းလေးပေါ့နေရင် နားလည်ပေးကြပါနော်။
16.3.2023 End...
ချစ်တဲ့ Elsa 'kim -
zawgyi