Oh haewon ဆိုတဲ့အမ်ိဳးသမီးကတစ္ခုခုပဲ။ သူမနဲ႔ရင္းႏွီးလာတာနဲ႔အမွ် သူမကတစ္ခုခုဖုံးကြယ္ထားတယ္လို႔ခံစားလာရတယ္။ တစ္ခါတစ္ေလ ကြၽန္မေတာင္မေျပာျပပါဘဲ ကြၽန္မအေၾကာင္းေတြသိေနတတ္လို႔ ကြၽန္မတို႔မ်ားသိဖူးခဲ့သလားလို႔ေတြးမိတဲ့အထိပဲ။
အခုလည္းအေရွ႕ကကိတ္မုန႔္ေလးကိုၾကည့္ရင္း ကြၽန္မအေတြးထဲသူမအေၾကာင္းေတြပဲျပည့္ေနတယ္။
ဒီေန႔သင္တန္းေစာဆင္းတာေၾကာင့္ ကြၽန္မတို႔သုံးေယာက္တိုင္ပင္ၿပီးေကာ္ဖီဆိုင္ေရာက္လာခဲ့ၾကတာပါ။ အစကဒီတိုင္းဝယ္ၿပီးျပန္သြားဖို႔ျပင္လိုက္ေပမယ့္ ညိဳးငယ္ေနတဲ့အစ္မရဲ႕မ်က္ႏွာေလးေၾကာင့္ ဆိုင္ထိုင္ဖို႔ျဖစ္လာပါတယ္။
"ငါကေတာ့ ေကာ္ဖီေအးပဲေသာက္မယ္။ နင္တို႔ေရာ။"
"ငါလဲJinniအတိုင္းပဲ ေကာ္ဖီေအး"
Yoonaကခနေတြေဝေနၿပီးေတာ့ Jinniမွာသလိုပဲလိုက္မွာတယ္။
"ဟင္ ငါ-ငါက"
အခုမွသတိရတာကကြၽန္မနဲ႔အစ္မရင္းႏွီးသြားတဲ့အေၾကာင္း yoonaနဲ႔jinniကိုမေျပာျပရေသးဘူးေလ။ ကြၽန္မလဲေျပာဖို႔ျပင္လိုက္ေပမယ့္
"ဒီမွာအျခားဘာေတြရေသးလဲအစ္မ မုန႔္ျဖစ္ျဖစ္ဘာျဖစ္ျဖစ္။"
ဘယ္ကေနစေျပာျပရင္ေကာင္းမလဲလို႔စဥ္းစားေနခ်ိန္မွာပဲ Jinniဆီကထြက္လာတဲ့အသံ
"ညီမသူငယ္ခ်င္းက နည္းနည္းရင္ျပည့္သလိုျဖစ္ေနလို႔ပါ"
သူတို႔မသိေသးတာကေနာက္မွေျပာျပလို႔ရေပမယ့္ အခုအစ္မမ်က္ႏွာကဝမ္းနည္းသြားတဲ့အရိပ္အေယာင္ေတြ။ ကြၽန္မနဲ႔သူမနဲ႔အေၾကာင္းကို မေျပာျပခ်င္ဘူးလို႔မ်ားထင္းသြားလားမသိဘူး။ ကြၽန္မေၾကာက္ပါတယ္။ အဲ့အမ်ိဳးသမီးရဲ႕ဝမ္းနည္းေနတဲ့မ်က္ဝန္းေတြကို ကြၽန္မနာက်င္ရမွာထက္ပိုေၾကာက္ပါတယ္။
"ကိတ္ေတာ့ရွိတယ္ညီမေလး။"
"ဒီက ကေလးကရင္ျပည့္ေနတာဆိုေတာ့ ေခ်ာကလက္ေရခဲကိတ္ေလးယူလာေပးမယ္ေနာ္ ဝင္သေလာက္စားလိုက္။"
ၿငိမ္က်သြားတဲ့ကြၽန္မကိုအစ္မကေျပာတယ္။ ကြၽန္မနဲ႔ဘယ္တုန္းကမွမရင္းႏွီးဖူးတဲ့သူေတြလိုမ်ိဳးေျပာေနတာသူ႔ဆီလာတိုင္း ကြၽန္မအတြက္ေခ်ာကလက္ေရခဲကိတ္လုပ္ေပးေနၾကပဲဟာကို
"ဟုတ္-ဟုတ္ကဲ့"
ကြၽန္မလဲအလိုက္အသင့္ပဲျပန္ေျပာလိုက္တယ္။ ေနာက္မွအစ္မေက်နပ္တဲ့အထိေသခ်ာျပန္ရွင္းျပပါ့မယ္။
"ငါ့စိတ္ထဲထင္တာမမွားရင္ နင့္မမကလဲနင့္ကိုသေဘာက်ေနပုံပဲ jin sol"
ကိုယ္အေတြးနဲ႔ကိုယ္ၿငိမ္ေနၾကတဲ့အခ်ိန္မွာ Jinniကထေျပာတယ္။ ႐ုတ္တရက္ကြၽန္မစိတ္ထဲေပ်ာ္သြားမိေပမယ့္ ေနပါဦးကြၽန္မတဲ့အစ္မနဲ႔ကရင္းႏွီးတာၾကာေနၿပီ ကြၽန္မေတာင္မရိပ္မိတဲ့ကိစၥကို Jinniကအခုလိုႀကီးထေျပာေတာ့ သဝန္တိုတဲ့ခံစားခ်က္ေတြကအလုံးအရင္းႀကီးဝင္ခ်လာတယ္။
'က်စ္! Choi Jinniကေတာ့'
"မျဖစ္ႏိုင္တာ ငါေတာင္မသိတာနင္ကဘယ္လိုလုပ္သိေနတာလဲ"
"ငါသိေနတာမဟုတ္ပါဘူး။ ဒီတိုင္း ငါ့ရဲ႕ဆ႒မအာ႐ုံကေျပာေနတာ နင့္မမကလည္းနင့္ကိုသေဘာက်ေနတာပါတဲ့"
ၾကည့္ေပါက္တက္ကရေတြလာေျပာေနတာပဲ။ ကြၽန္မကတစ္ကယ္လို႔ထင္သြားတဲ့ဟာကို
"ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ"
တစ္ခ်ိန္လုံးၿငိမ္နားေထာင္ေနတဲ့Yoonaကပါဝင္ေျပာေတာ့ ကြၽန္မလဲအားရွိသြားတယ္။
"အင္းေလ"
"ယုံတာမယုံတာ နင္တို႔အပိုင္းပဲ ဒီေလာက္သိသာေနတာကို။"
အားရပါးရဝင္ေထာက္ခံၿပီးေျပာတဲ့ကြၽန္မကို Jinniက'နင္ကငတုံးပဲ'ဆိုတဲ့ အၾကည့္ႀကီးနဲ႔ၾကည့္ၿပီးေျပာလိုက္တယ္။
'ေနပါဦး အခုငါအဆူခံေနရတာလား'
"ငါကတစ္ေယာက္ေသာသူတဲ့စိတ္ကလြဲရင္ လူေတာ္ေတာ္မ်ားမ်ားရဲ႕စိတ္ကိုခန႔္မွန္းႏိုင္တယ္။ "
သူyoonaအေၾကာင္းေျပာေနတာပဲ။ ဒါဆိုသူလဲငတုံးပဲေလ Yoonaကလဲသူ႔ကိုသေဘာက်ေနတာဒီေလာက္သိသာေနတာကို ဒါေတာင္မရိပ္မိဘူးလားမသိဘူး။
"ၿပီးေတာ့ငါခန႔္မွန္းရင္ လြဲခဲတယ္။ Confidenceရွိစမ္းပါ jin solရာ"
Jinniကပဲဆက္ေျပာတယ္။ သူေျပာမွပဲ ကြၽန္မမဆိုစေလာက္သတၱိပိစိေလးဝင္လာသလိုပဲ။ ဒါေပမယ့္ သူေျပာတာကိုကြၽန္မျပည့္အဝလက္မခံႏိုင္ေသးပါဘူး။
*******
ဒီေန႔ကြၽန္မသင္တန္းေရွ႕မွာထိုင္ေစာင့္ေနတာအေတာ္ၾကာေနၿပီ။ Jinniေရာက္လာကတည္းက Jinniကိုyoonaကပဲဝင္ေခၚေနရတာေလ ကြၽန္မကိုပါဝင္ေခၚေနရင္အခ်ိန္ၾကမွာစိုးတာေၾကာင့္ အၿမဲသင္တန္းေရွ႕ကေနပဲသူတို႔ႏွစ္ေယာက္အလာကိုေစာင့္ေနၾကျဖစ္တယ္။ Third wheels မျဖစ္ခ်င္တာဆိုပိုမွန္တာေပါ့။ ဒါေပမယ့္ ဒီေန႔က်မွအဲ့ႏွစ္ေယာက္ေတာ္ေတာ္ေနာက္က်ေနတယ္။ မေန႔ကJinniပုံစံ ေျပာစရာတစ္ခုခုရွိေနတဲ့ပုံမလို႔ ေကာ္ဖီဆိုင္ကအျပန္မွာ သူတို႔ကိုႏွစ္ေယာက္ထဲထားခဲ့ၿပီးထြက္လာခဲ့ေပးလိုက္တာ။ အဲ့ကတည္းကအခုထိ ဘာအဆက္အသြယ္ ဘာmessageမွာမရေတာ့တာပါပဲ။
'ဘာလဲဟ ဒီႏွစ္ေယာက္လိုက္ေျပးသြားတာေတာ့ မဟုတ္ေလာက္ဘူးမလား'
ေခါင္းကိုခပ္သြက္သြက္ခါလိုက္ၿပီး ေပါက္ကရအေတြးေတြကိုဖယ္ထုတ္လိုက္တယ္။ ဖုန္းဆက္ၾကည့္ေတာ့လဲႏွစ္ေယာက္လုံးကမကိုင္ဘူး။ တစ္ကယ္ပဲ သူတို႔ဘာျဖစ္ေနၾကတာလဲ။ ကြၽန္မလဲဆက္မေတြးေတာ့ပဲ ေကာ္ဖီဆိုင္ကိုသာဦးတည္လာခဲ့တယ္။ သင္တန္းတက္ခ်င္စိတ္လည္းမရွိေတာ့ဘူးေလ။
"ႀကိဳဆိုပါတယ္ ဘာမ်ားသုံးေဆာင္မလဲရွင့္"
႐ိုးမသြားႏိုင္တဲ့ဒီအသံေလး။ အစ္မကေလ အသံေလးကအစျမတ္ႏိုးဖို႔ေကာင္းေနတာေတာ့မဟုတ္ေသးပါဘူး။
"ဘာမွမမွာေတာ့ပါဘူးညီမခနလာတာပါ"
"သင္တန္းမသြားဘူးလား"
ပုံမွန္ဆိုသင္တန္းၿပီးမွလာေနက်မလို႔ အစ္မကေမးလာတယ္။
"ဟုတ္ ဒီေန႔သင္တန္းမတက္ခ်င္လို႔"
"ဒါဆိုခနေစာင့္ေနေလ ဒီေန႔ဆိုင္ေစာေစာပိတ္မွာ"
အစ္မကကြၽန္မကိုေျပာၿပီးသူလုပ္စရာရွိတာေတြဆက္လုပ္ေနတယ္။ မေန႔ကကိစၥ အစ္မစိတ္ထဲဘယ္လိုမွမေတြးဖို႔ေမွ်ာ္လင့္ပါတယ္။
နာရီဝက္ေလာက္အၾကာဆိုင္ထဲလူေတာ္ေတာ္ရွင္းလာၿပီမို႔ အေရွ႕ကဆိုင္းဘုတ္ေလးကို Close လို႔ေျပာင္းခ်ိတ္ေပးလိုက္တယ္။ ၿပီးေတာ့ ေကာင္တာထဲကိုဝင္လာၿပီး အစ္မကိုဘာကူညီေပးရမလဲလိုက္ၾကည့္ေနလိုက္တယ္။
ကြၽန္မေရွ႕မွာ လႈပ္စိလႈပ္စိနဲ႔အလုပ္လုပ္ေနတဲ့ သူမရဲ႕ေက်ာျပင္ငယ္ေလးက ေပြ႕ဖက္ခ်င္စရာပါ။ တစ္ခါေလာက္အရဲစြန႔္ၾကည့္ဖို႔ ျဖည္းျဖည္းခ်င္းေရွ႕ကိုတိုးသြားလိုက္ေပမယ့္
'ျဖစ္ပါ့မလား။ မဟုတ္ရင္ေရာ Jinniေျပာတာမဟုတ္ရင္ေရာ'
ကြၽန္မအေတြးေတြျပာယာခတ္ေနတယ္။ ေနာက္ဆုံးေတာ့ ႀကိဳးစားၾကည့္တာမမွားေလာက္ဘူးမလား။ ဟုတ္ေလာက္မွာပါ ကြၽန္မမွာအခြင့္အေရးေတာ့ရွိမွာပါ။
အရဲစြန႔္ၿပီး သူမရဲ႕ခါးသြယ္သြယ္ေလးကို လက္ႏွစ္ဖက္နဲ႔သိမ္းဖက္လိုက္တဲ့အခါ တုန္တက္သြားတယ္။ ဒါေပမယ့္ အစ္မကမျငင္းဘူးေလ။ ဟုတ္တယ္မလား။
ပိုသခ်ာသြားေအာင္ ကြၽန္မေမးကိုသူမပုံခုံးေပၚကိုအသာတင္လိုက္တယ္။ အစ္မဆီကဘာတုန႔္ျပန္ခ်က္မွမရေသးပါဘူး။ တုန္ယင္ေနတဲ့လက္ေတြကိုၾကည့္ရတာ သူမေၾကာက္ေနတာလား ဒါမွမဟုတ္ရင္ခုန္ေနတာလား။
နီရဲေနတဲ့နား႐ြက္လးကို ေလနဲ႔ျဖည္းျဖည္းခ်င္းမႈတ္လိုက္ေတာ့ အစ္မကပိုၿပီးတုန္ရီလာတယ္။ ကြၽန္မၿပဳံးလိုက္မိတယ္ အခုကြၽန္မအေျခအေနေကာင္းေနတာမလား ကြၽန္မဖြင့္ေျပာသင့္ၿပီထင္တယ္။
"အစ္မ"
"ဟ-ဟင္!"
အလန႔္တၾကားနဲ႔ျပန္ထူးလာတဲ့အစ္မကခ်စ္ဖို႔ေကာင္းလိုက္တာ။ အခုကြၽန္မလုပ္ေနတာေတြကမွန္ရဲ႕လားမသိေပမယ့္...
"ကြၽန္မ အစ္မကိုခ်စ္မိေနၿပီ"
ေပၚေနတဲ့ပခုံးသားေဖြးေဖြးေလးေတြကိုတစ္ခ်က္ငုံ႔နမ္းလိုက္ေတာ့ အစ္မကကြၽန္မကိုယ္ေပၚအသာအယာယိုင္က်လာတယ္။ အဲ့ခနေလးအတြင္းမွာ အစ္မလဲကြၽန္မကိုသေဘာက်ေနမွာပဲလို႔ေတြးလိုက္မိေပမယ့္...
*ဘုန္း!*
အစ္မကကြၽန္မကိုတြန္းထုတ္လိုက္တယ္။ ဒါကြၽန္မမေမွ်ာ္လင့္ထားတဲ့တုန႔္ျပန္မႈပဲ။ ဘာလို႔လဲ အစ္မလဲသေဘာက်ေနရဲ႕သားနဲ႔ဘာလို႔လဲ။
"အ-အစ္မ"
"ေတာ္ေတာ့ Bae Jin Sol!!"
အစ္မကအခုကြၽန္မနာမည္ကိုေခၚလိုက္တာ။ အစ္မကေလ အခု ကြၽန္မနာမည္ကိုေခၚလိုက္တာ။
"အစ္မလဲညီမကိုသေဘာက်တယ္မလား"
"ဟင့္အင္း Jin sol ငါမင္းကိုမႀကိဳက္ဘူး"
အစ္မရဲ႕အေျဖ။ ဒါက အစ္မကြၽန္မကိုေပးတဲ့အေျဖတဲ့။
"ငါ့မွာလက္ထက္ရမယ့္သူရွိတယ္"
"!!!"
ကြၽန္မနားထဲမွာကမာၻပ်က္ေနတဲ့အသံေတြၾကားေနရတယ္။ မဟုတ္ဘူး ကြၽန္မႏွလုံးသားပ်က္စီးသြားတဲ့အသံေတြ။ ဘာလို႔ ဘာလို႔မ်ားမျဖစ္ႏိုင္တာကိုေမွ်ာ္လင့္ခ်က္ထားခဲ့မိတာလဲ။ ဘာလို႔လဲ။
*ကြၽီ!!*
"Hello ဆိုင္ပိတ္ၿပီလားရွင့္။ အာေတာ့နာေပမယ့္ဒီမွာညီမသူငယ္ခ်င္းရွိလား လာရွာတာပါ"
တံခါးဖြင့္သံနဲ႔အတူ႐ုတ္တရက္နားထဲဝင္လာတဲ့ဒီအသံ။ Jinniရဲ႕အသံ။
ကြၽန္မအစ္မကိုလွည့္မၾကည့္ပဲ Jinniရဲ႕လက္ကိုဆြဲၿပီးဆိုင္ထဲကခ်က္ခ်င္းထြက္လာလိုက္တယ္။
*******
"Jin solရပ္ေတာ့"
ဒီတစ္ခါလည္းတံတားေပၚေရာက္လာျပန္ပါၿပီ။ Jinniကကြၽန္မလက္ကိုဆြဲၿပီးအတင္းရပ္ခိုင္းေနတယ္။ ဟုတ္သားပဲ တစ္လမ္းလုံး ကြၽန္မJinniလက္ကိုဆြဲလာခဲ့တာ သူမေတာ္ေတာ္နာေနေတာ့မွာ။ ကြၽန္မလဲအားနာစြာနဲ႔ပဲေတာင္းပန္လိုက္တယ္။
"ငါ-ငါေတာင္း ပန္ပါ~တယ္"
"Jin sol ငါ့မ်က္ႏွာကိုၾကည့္ ငါ့မ်က္ႏွာကိုၾကည့္စမ္း"
သူမနဲ႔စကားကိုေျဖာင့္ေအာင္မေျပာႏိုင္ေလာက္ေတာ့တဲ့အထိ ကြၽန္မငိုေနမိတယ္။ Jinniကေတာ့ အရာအားလုံးကိုနားလည္တဲ့ပုံစံနဲ႔ပဲ ၿငိမ္ေနတယ္။
"Jinni"
ကြၽန္မေခၚလိုက္တဲ့အခါ jinniကသူရွိတယ္လို႔ခပ္တိုးတိုးဆိုလာတယ္။
"ငါ့ကိုကတိေပးပါ ဘယ္လိုအေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္။ yoonaကိုနာက်င္ေအာင္မလုပ္ပါနဲ႔"
"ဘယ္လို?"
ကြၽန္မဆီကဒီလိုစကားထြက္လာမယ္လို႔Jinniကမေတြးထားမိပုံနဲ႔ အံ့အားသင့္စြာေမးလာတယ္။ ဟုတ္တယ္ ကြၽန္မေတာင္ဒီေလာက္နာက်င္ေနရရင္ yoonaဆိုဘယ္လိုလုပ္မလဲ။ jinniအေပၚသံသယမဝင္ခ်င္ေပမယ့္ တစ္ခါတစ္ေလ သူကလဲအစ္မလိုပဲတစ္ခုခုဖုံးကြယ္ထားတဲ့ပုံစံမ်ိဳး။
ကြၽန္မနဲ႔yoonaမမွတ္မိတဲ့အျခမ္းမွာသူမတို႔အားလုံးရွိေနခဲ့ၾကတာမ်ားလား
🥀🥀🥀
Oh haewon ဆိုတဲ့အမျိုးသမီးကတစ်ခုခုပဲ။ သူမနဲ့ရင်းနှီးလာတာနဲ့အမျှ သူမကတစ်ခုခုဖုံးကွယ်ထားတယ်လို့ခံစားလာရတယ်။ တစ်ခါတစ်လေ ကျွန်မတောင်မပြောပြပါဘဲ ကျွန်မအကြောင်းတွေသိနေတတ်လို့ ကျွန်မတို့များသိဖူးခဲ့သလားလို့တွေးမိတဲ့အထိပဲ။
အခုလည်းအရှေ့ကကိတ်မုန့်လေးကိုကြည့်ရင်း ကျွန်မအတွေးထဲသူမအကြောင်းတွေပဲပြည့်နေတယ်။
ဒီနေ့သင်တန်းစောဆင်းတာကြောင့် ကျွန်မတို့သုံးယောက်တိုင်ပင်ပြီးကော်ဖီဆိုင်ရောက်လာခဲ့ကြတာပါ။ အစကဒီတိုင်းဝယ်ပြီးပြန်သွားဖို့ပြင်လိုက်ပေမယ့် ညိုးငယ်နေတဲ့အစ်မရဲ့မျက်နှာလေးကြောင့် ဆိုင်ထိုင်ဖို့ဖြစ်လာပါတယ်။
"ငါကတော့ ကော်ဖီအေးပဲသောက်မယ်။ နင်တို့ရော။"
"ငါလဲJinniအတိုင်းပဲ ကော်ဖီအေး"
Yoonaကခနတွေဝေနေပြီးတော့ Jinniမှာသလိုပဲလိုက်မှာတယ်။
"ဟင် ငါ-ငါက"
အခုမှသတိရတာကကျွန်မနဲ့အစ်မရင်းနှီးသွားတဲ့အကြောင်း yoonaနဲ့jinniကိုမပြောပြရသေးဘူးလေ။ ကျွန်မလဲပြောဖို့ပြင်လိုက်ပေမယ့်
"ဒီမှာအခြားဘာတွေရသေးလဲအစ်မ မုန့်ဖြစ်ဖြစ်ဘာဖြစ်ဖြစ်။"
ဘယ်ကနေစပြောပြရင်ကောင်းမလဲလို့စဉ်းစားနေချိန်မှာပဲ Jinniဆီကထွက်လာတဲ့အသံ
"ညီမသူငယ်ချင်းက နည်းနည်းရင်ပြည့်သလိုဖြစ်နေလို့ပါ"
သူတို့မသိသေးတာကနောက်မှပြောပြလို့ရပေမယ့် အခုအစ်မမျက်နှာကဝမ်းနည်းသွားတဲ့အရိပ်အယောင်တွေ။ ကျွန်မနဲ့သူမနဲ့အကြောင်းကို မပြောပြချင်ဘူးလို့များထင်းသွားလားမသိဘူး။ ကျွန်မကြောက်ပါတယ်။ အဲ့အမျိုးသမီးရဲ့ဝမ်းနည်းနေတဲ့မျက်ဝန်းတွေကို ကျွန်မနာကျင်ရမှာထက်ပိုကြောက်ပါတယ်။
"ကိတ်တော့ရှိတယ်ညီမလေး။"
"ဒီက ကလေးကရင်ပြည့်နေတာဆိုတော့ ချောကလက်ရေခဲကိတ်လေးယူလာပေးမယ်နော် ဝင်သလောက်စားလိုက်။"
ငြိမ်ကျသွားတဲ့ကျွန်မကိုအစ်မကပြောတယ်။ ကျွန်မနဲ့ဘယ်တုန်းကမှမရင်းနှီးဖူးတဲ့သူတွေလိုမျိုးပြောနေတာသူ့ဆီလာတိုင်း ကျွန်မအတွက်ချောကလက်ရေခဲကိတ်လုပ်ပေးနေကြပဲဟာကို
"ဟုတ်-ဟုတ်ကဲ့"
ကျွန်မလဲအလိုက်အသင့်ပဲပြန်ပြောလိုက်တယ်။ နောက်မှအစ်မကျေနပ်တဲ့အထိသေချာပြန်ရှင်းပြပါ့မယ်။
"ငါ့စိတ်ထဲထင်တာမမှားရင် နင့်မမကလဲနင့်ကိုသဘောကျနေပုံပဲ jin sol"
ကိုယ်အတွေးနဲ့ကိုယ်ငြိမ်နေကြတဲ့အချိန်မှာ Jinniကထပြောတယ်။ ရုတ်တရက်ကျွနိမစိတ်ထဲပျော်သွားမိပေမယ့် နေပါဦးကျွန်မတဲ့အစ်မနဲ့ကရင်းနှီးတာကြာနေပြီ ကျွန်မတောင်မရိပ်မိတဲ့ကိစ္စကို Jinniကအခုလိုကြီးထပြောတော့ သဝန်တိုတဲ့ခံစားချက်တွေကအလုံးအရင်းကြီးဝင်ချလာတယ်။
'ကျစ်! Choi Jinniကတော့'
"မဖြစ်နိုင်တာ ငါတောင်မသိတာနင်ကဘယ်လိုလုပ်သိနေတာလဲ"
"ငါသိနေတာမဟုတ်ပါဘူး။ ဒီတိုင်း ငါ့ရဲ့ဆဋ္ဌမအာရုံကပြောနေတာ နင့်မမကလည်းနင့်ကိုသဘောကျနေတာပါတဲ့"
ကြည့်ပေါက်တက်ကရတွေလာပြောနေတာပဲ။ ကျွန်မကတစ်ကယ်လို့ထင်သွားတဲ့ဟာကို
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
တစ်ချိန်လုံးငြိမ်နားထောင်နေတဲ့Yoonaကပါဝင်ပြောတော့ ကျွန်မလဲအားရှိသွားတယ်။
"အင်းလေ"
"ယုံတာမယုံတာ နင်တို့အပိုင်းပဲ ဒီလောက်သိသာနေတာကို။"
အားရပါးရဝင်ထောက်ခံပြီးပြောတဲ့ကျွန်မကို Jinniက'နင်ကငတုံးပဲ'ဆိုတဲ့ အကြည့်ကြီးနဲ့ကြည့်ပြီးပြောလိုက်တယ်။
'နေပါဦး အခုငါအဆူခံနေရတာလား'
"ငါကတစ်ယောက်သောသူတဲ့စိတ်ကလွဲရင် လူတော်တော်များများရဲ့စိတ်ကိုခန့်မှန်းနိုင်တယ်။ "
သူyoonaအကြောင်းပြောနေတာပဲ။ ဒါဆိုသူလဲငတုံးပဲလေ Yoonaကလဲသူ့ကိုသဘောကျနေတာဒီလောက်သိသာနေတာကို ဒါတောင်မရိပ်မိဘူးလားမသိဘူး။
"ပြီးတော့ငါခန့်မှန်းရင် လွဲခဲတယ်။ Confidenceရှိစမ်းပါ jin solရာ"
Jinniကပဲဆက်ပြောတယ်။ သူပြောမှပဲ ကျွန်မမဆိုစလောက်သတ္တိပိစိလေးဝင်လာသလိုပဲ။ ဒါပေမယ့် သူပြောတာကိုကျွန်မပြည့်အဝလက်မခံနိုင်သေးပါဘူး။
*******
ဒီနေ့ကျွန်မသင်တန်းရှေ့မှာထိုင်စောင့်နေတာအတော်ကြာနေပြီ။ Jinniရောက်လာကတည်းက Jinniကိုyoonaကပဲဝင်ခေါ်နေရတာလေ ကျွန်မကိုပါဝင်ခေါ်နေရင်အချိန်ကြမှာစိုးတာကြောင့် အမြဲသင်တန်းရှေ့ကနေပဲသူတို့နှစ်ယောက်အလာကိုစောင့်နေကြဖြစ်တယ်။ Third wheels မဖြစ်ချင်တာဆိုပိုမှန်တာပေါ့။ ဒါပေမယ့် ဒီနေ့ကျမှအဲ့နှစ်ယောက်တော်တော်နောက်ကျနေတယ်။ မနေ့ကJinniပုံစံ ပြောစရာတစ်ခုခုရှိနေတဲ့ပုံမလို့ ကော်ဖီဆိုင်ကအပြန်မှာ သူတို့ကိုနှစ်ယောက်ထဲထားခဲ့ပြီးထွက်လာခဲ့ပေးလိုက်တာ။ အဲ့ကတည်းကအခုထိ ဘာအဆက်အသွယ် ဘာmessageမှာမရတော့တာပါပဲ။
'ဘာလဲဟ ဒီနှစ်ယောက်လိုက်ပြေးသွားတာတော့ မဟုတ်လောက်ဘူးမလား'
ခေါင်းကိုခပ်သွက်သွက်ခါလိုက်ပြီး ပေါက်ကရအတွေးတွေကိုဖယ်ထုတ်လိုက်တယ်။ ဖုန်းဆက်ကြည့်တော့လဲနှစ်ယောက်လုံးကမကိုင်ဘူး။ တစ်ကယ်ပဲ သူတို့ဘာဖြစ်နေကြတာလဲ။ ကျွန်မလဲဆက်မတွေးတော့ပဲ ကော်ဖီဆိုင်ကိုသာဦးတည်လာခဲ့တယ်။ သင်တန်းတက်ချင်စိတ်လည်းမရှိတော့ဘူးလေ။
"ကြိုဆိုပါတယ် ဘာများသုံးဆောင်မလဲရှင့်"
ရိုးမသွားနိုင်တဲ့ဒီအသံလေး။ အစ်မကလေ အသံလေးကအစမြတ်နိုးဖို့ကောင်းနေတာတော့မဟုတ်သေးပါဘူး။
"ဘာမှမမှာတော့ပါဘူးညီမခနလာတာပါ"
"သင်တန်းမသွားဘူးလား"
ပုံမှန်ဆိုသင်တန်းပြီးမှလာနေကျမလို့ အစ်မကမေးလာတယ်။
"ဟုတ် ဒီနေ့သင်တန်းမတက်ချင်လို့"
"ဒါဆိုခနစောင့်နေလေ ဒီနေ့ဆိုင်စောစောပိတ်မှာ"
အစ်မကကျွန်မကိုပြောပြီးသူလုပ်စရာရှိတာတွေဆက်လပ်နေတယ်။ မနေ့ကကိစ္စ အစ်မစိတ်ထဲဘယ်လိုမှမတွေးဖို့မျှော်လင့်ပါတယ်။
နာရီဝက်လောက်အကြာဆိုင်ထဲလူတော်တော်ရှင်းလာပြီမို့ အရှေ့ကဆိုင်းဘုတ်လေးကို Close လို့ပြောင်းချိတ်ပေးလိုက်တယ်။ ပြီးတော့ ကောင်တာထဲကိုဝင်လာပြီး အစ်မကိုဘာကူညီပေးရမလဲလိုက်ကြည့်နေလိုက်တယ်။
ကျွန်မရှေ့မှာ လှုပ်စိလှုပ်စိနဲ့အလုပ်လုပ်နေတဲ့ သူမရဲ့ကျောပြင်ငယ်လေးက ပွေ့ဖက်ချင်စရာပါ။ တစ်ခါလောက်အရဲစွန့်ကြည့်ဖို့ ဖြည်းဖြည်းချင်းရှေ့ကိုတိုးသွားလိုက်ပေမယ့်
'ဖြစ်ပါ့မလား။ မဟုတ်ရင်ရော Jinniပြောတာမဟုတ်ရင်ရော'
ကျွန်မအတွေးတွေပြာယာခတ်နေတယ်။ နောက်ဆုံးတော့ ကြိုးစားကြည့်တာမမှားလောက်ဘူးမလား။ ဟုတ်လောက်မှာပါ ကျွန်မမှာအခွင့်အရေးတော့ရှိမှာပါ။
အရဲစွန့်ပြီး သူမရဲ့ခါးသွယ်သွယ်လေးကို လက်နှစ်ဖက်နဲ့သိမ်းဖက်လိုက်တဲ့အခါ တုန်တက်သွားတယ်။ ဒါပေမယ့် အစ်မကမငြင်းဘူးလေ။ ဟုတ်တယ်မလား။
ပိုသချာသွားအောင် ကျွန်မမေးကိုသူမပုံခုံးပေါ်ကိုအသာတင်လိုက်တယ်။ အစ်မဆီကဘာတုန့်ပြန်ချက်မှမရသေးပါဘူး။ တုန်ယင်နေတဲ့လက်တွေကိုကြည့်ရတာ သူမကြောက်နေတာလား ဒါမှမဟုတ်ရင်ခုန်နေတာလား။
နီရဲနေတဲ့နားရွက်လးကို လေနဲ့ဖြည်းဖြည်းချင်းမှုတ်လိုက်တော့ အစ်မကပိုပြီးတုန်ရီလာတယ်။ ကျွန်မပြုံးလိုက်မိတယ် အခုကျွန်မအခြေအနေကောင်းနေတာမလား ကျွန်မဖွင့်ပြောသင့်ပြီထင်တယ်။
"အစ်မ"
"ဟ-ဟင်!"
အလန့်တကြားနဲ့ပြန်ထူးလာတဲ့အစ်မကချစ်ဖို့ကောင်းလိုက်တာ။ အခုကျွန်မလုပ်နေတာတွေကမှန်ရဲ့လားမသိပေမယ့်...
"ကျွန်မ အစ်မကိုချစ်မိနေပြီ"
ပေါ်နေတဲ့ပခုံးသားဖွေးဖွေးလေးတွေကိုတစ်ချက်ငုံ့နမ်းလိုက်တော့ အစ်မကကျွန်မကိုယ်ပေါ်အသာအယာယိုင်ကျလာတယ်။ အဲ့ခနလေးအတွင်းမှာ အစ်မလဲကျွန်မကိုသဘောကျနေမှာပဲလို့တွေးလိုက်မိပေမယ့်...
*ဘုန်း!*
အစ်မကကျွန်မကိုတွန်းထုတ်လိုက်တယ်။ ဒါကျွန်မမမျှော်လင့်ထားတဲ့တုန့်ပြန်မှုပဲ။ ဘာလို့လဲ အစ်မလဲသဘောကျနေရဲ့သားနဲ့ဘာလို့လဲ။
"အ-အစ်မ"
"တော်တော့ Bae Jin Sol!!"
အစ်မကအခုကျွန်မနာမည်ကိုခေါ်လိုက်တာ။ အစ်မကလေ အခု ကျွန်မနာမည်ကိုခေါ်လိုက်တာ။
"အစ်မလဲညီမကိုသဘောကျတယ်မလား"
"ဟင့်အင်း Jin sol ငါမင်းကိုမကြိုက်ဘူး"
အစ်မရဲ့အဖြေ။ ဒါက အစ်မကျွန်မကိုပေးတဲ့အဖြေတဲ့။
"ငါ့မှာလက်ထက်ရမယ့်သူရှိတယ်"
"!!!"
ကျွန်မနားထဲမှာကမ္ဘာပျက်နေတဲ့အသံတွေကြားနေရတယ်။ မဟုတ်ဘူး ကျွန်မနှလုံးသားပျက်စီးသွားတဲ့အသံတွေ။ ဘာလို့ ဘာလို့များမဖြစ်နိုင်တာကိုမျှော်လင့်ချက်ထားခဲ့မိတာလဲ။ ဘာလို့လဲ။
*ကျွီ!!*
"Hello ဆိုင်ပိတ်ပြီလားရှင့်။ အာတော့နာပေမယ့်ဒီမှာညီမသူငယ်ချင်းရှိလား လာရှာတာပါ"
တံခါးဖွင့်သံနဲ့အတူရုတ်တရက်နားထဲဝင်လာတဲ့ဒီအသံ။ Jinniရဲ့အသံ။
ကျွန်မအစ်မကိုလှည့်မကြည့်ပဲ Jinniရဲ့လက်ကိုဆွဲပြီးဆိုင်ထဲကချက်ချင်းထွက်လာလိုက်တယ်။
*******
"Jin solရပ်တော့"
ဒီတစ်ခါလည်းတံတားပေါ်ရောက်လာပြန်ပါပြီ။ Jinniကကျွန်မလက်ကိုဆွဲပြီးအတင်းရပ်ခိုင်းနေတယ်။ ဟုတ်သားပဲ တစ်လမ်းလုံး ကျွန်မJinniလက်ကိုဆွဲလာခဲ့တာ သူမတော်တော်နာနေတော့မှာ။ ကျွန်မလဲအားနာစွာနဲ့ပဲတောင်းပန်လိုက်တယ်။
"ငါ-ငါတောင်း ပန်ပါ~တယ်"
"Jin sol ငါ့မျက်နှာကိုကြည့် ငါ့မျက်နှာကိုကြည့်စမ်း"
သူမနဲ့စကားကိုဖြောင့်အောင်မပြောနိုင်လောက်တော့တဲ့အထိ ကျွန်မငိုနေမိတယ်။ Jinniကတော့ အရာအားလုံးကိုနားလည်တဲ့ပုံစံနဲ့ပဲ ငြိမ်နေတယ်။
"Jinni"
ကျွန်မခေါ်လိုက်တဲ့အခါ jinniကသူရှိတယ်လို့ခပ်တိုးတိုးဆိုလာတယ်။
"ငါ့ကိုကတိပေးပါ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်။ yoonaကိုနာကျင်အောင်မလုပ်ပါနဲ့"
"ဘယ်လို?"
ကျွန်မဆီကဒီလိုစကားထွက်လာမယ်လို့Jinniကမတွေးထားမိပုံနဲ့ အံ့အားသင့်စွာမေးလာတယ်။ ဟုတ်တယ် ကျွန်မတောင်ဒီလောက်နာကျင်နေရရင် yoonaဆိုဘယ်လိုလုပ်မလဲ။ jinniအပေါ်သံသယမဝင်ချင်ပေမယ့် တစ်ခါတစ်လေ သူကလဲအစ်မလိုပဲတစ်ခုခုဖုံးကွယ်ထားတဲ့ပုံစံမျိုး။
ကျွန်မနဲ့yoonaမမှတ်မိတဲ့အခြမ်းမှာသူမတို့အားလုံးရှိနေခဲ့ကြတာများလား
🥀🥀🥀