သူတို႔ဒီေတာထဲေရာက္ေနတာ ႏွစ္ပတ္ေက်ာ္ေနၿပီျဖစ္ကာ အေအးဒဏ္ကလည္း ဆိုးသထက္ဆိုးရြားလာသည္။
"မိုမို ကိုယ္ေ႐ွ႕မွာ မခဲေသးတယ့္ေရကန္တစ္ခုေတြ႔တယ္"
ဖုန္းက်င္းက ငွက္ပံုစံျဖင့္ မိုမို လက္ထဲ သို႔ဆင္းလာသည္။ မိုမိုကဖုန္းက်င္းကိုကိုင္လိုက္သည္။ အေမြးပြအေကာင္ေလးေတြရဲ႕ အေႏြးဓာတ္က သူ႔ကို အနည္းငယ္အေအးဒဏ္မွ သက္သာေစသည္။
မီမီကေတာ့ သူ႔ေနရာလုသြားေသာ ဖုန္းက်င္းကုိမေက်မနပ္ၾကည့္ကာ မိုမိုရဲ႕ ပုခံုးေပၚသို႔တက္သြားၿပီး ပုခံုးေပၚတြင္ေခြေနသည္။
ေ႐ွ႕ကို မိနစ္ ႏွစ္ဆယ္ေလာက္ ဆက္သြားလိုက္ေတာ့အေတာ္ေလး ႀကီးသည့္ေရကန္တစ္ခုကိုေတြ႔လိုက္ရသည္။ အပူခ်ိန္ကအလြန္နိမ့္ၿပီး ေရကန္အားလံုးနီးပါးက ခဲသြားတာေၾကာင့္ သူတို႔ေရျပႆနာကိုရင္ဆိုင္ရတာ ႏွစ္ရက္႐ွိၿပီျဖစ္ကာ မိုမိုက အနားတြင္ အန္းေဟြ႔လံုကအျမဲလိုလို ႐ွိေနတတ္တာေၾကာင့္နယ္ေျမထဲ မဝင္ရဲေပ။
ေရကန္အနီးကိုေရာက္ေတာ့မိုမိုက ေရကန္ကိုတစ္ခ်က္ၾကည့္လိုက္သည္။ ေရက ၾကည္လင္ေနေပမယ့္ ကန္ကအေတာ္ေလးနက္ဟန္ေပၚသည္ ေရကန္ေအာက္ေျခကိုမျမင္ရေပ။
မိုမို လက္ခုပ္ျဖင့္ေရခပ္ၾကည့္လိုက္သည္။ ေရကအေတာ္ေလးသန္႔႐ွင္းသည္ဟုေျပာလို႔ရတာေၾကာင့္ သူဝါးက်ည္ေတာက္ေတြကိုယူရန္ ျပင္လိုက့သည္။
ေျမာင္....!!!!!!
မီမီ ရဲ႕ စူး႐ွတဲ့ေအာ္သံႏွင့္အတူ ေၾကာင္ကေလးက သူ႔ရဲ႕ ဖြက္ထားေသာ လက္သည္းေတြကို ႐ုတ္တရက္ ဆန္႔ထုတ္မိလိုက္ၿပီး မိုမိုရဲ႕ လည္ကုတ္ကို လက္သည္းမ်ားစိုက္ဝင္သြားသည္။
အာ့
မိုမို႐ုတ္တရက္က်ေရာက္လာေသာ စူး႐ွသည့္နာက်င္မႈ့ေၾကာင့္ ေအာ္လိုက္မိသည္။ သူတရားခံ ကိုၾကည့္လိုက္ေတာ့ မီမီ ကသူ႔ကိုယ္ကို အခံုးကေလးကဲ့သို႔ျပဳလုက္ထားၿပီး သူ႔ရဲ႕အေမႊးေတြက ေထာင္ေနကာ အႏၱရာယ္တစ္ခုခုကို ခံစားမိသလိုပင္။
မိုမိုက ဖုန္းက်င္းကို ကိုင္ထားရာမွ ပုခံုးေပၚတင္လိုက္ၿပီး မီမီကိုႏွစ္သိမ့္ေပးရန္ျပင္လိုက္သည္။
"မိုမို သတိထား"
ဖုန္းက်င္းကလည္း အႏၱရယ္ကို ခံစားမိသျဖင့္သတိေပးလိုက္သည္။ ဖုန္းက်င္းရဲ႕ အသံေၾကာင့္မိုမို သတိကပ္သြားၿပီး မၾကာခင္ ခပ္ေအးေအးႏွင့္ ခြၽဲေနေသာအရာတစ္ခုက သူ႔ေျခေထာက္ကိုရစ္ပတ္လာသလို ခံစားလိုက္ရၿပီး ငံု႔ၾကည့္လိုက္ေတာ့ သူ႔ေ႐ွ႕က ေရကန္မွ ေရအနည္းငယ္က အသက္႐ွိသလို လႈပ္႐ွားေနၿပီးေရကန္ေဘာင္ကိုေက်ာ္ကာ သူ႔ေျခေထာက္ကိုရစ္ပတ္ၿပီး ေရကန္ထဲဆြဲခ်ခ်င္ေနပံုရသည္။
ကန္ထဲမွေရမ်ားက သူတို႔ကိုသတိထားမိသြားမွန္းသိသြားသျဖင့္ ကန္ထဲကေရအားလံုး ႂကြတက္လာကာ မိုမိုတစ္ကိုယ္လံုးကိုဖံုးလိုက္ၿပီး ကန္ထဲသို႔ဆြဲယူသြားေလသည္။
.................................
"မင္းကို အဲ့အထီးဘဲေခၚခိုင္းတာေလ"
"ငါလည္းဘယ္သိမလဲ သူ႔ေဘးမွာအေကာင္ေတြ႐ွိမွန္း"
"ေအးေလ"
"အ႐ွင္က ေသခ်ာခိုင္းထားတဲ့ဟာကို"
"မတတ္ႏိုင္ဘူးေလ သူတို႔ကအရင္သတိထားမိသြားတာကို"
မိုမို သူ႔ေဘးကဆူညံသံေတြေၾကာင့္ အနည္းငယ္လႈပ္႐ွားလာသည္။ သူ႔ကိုယ္က ေမ်ာလြင့္ေနသလိုခံစားရၿပီး အေတာ္ေလးလြတ္လပ္ေနသလိုပင္။ ခနေလး ေမ်ာလြင့္ေနတာ္ မိုမိုထိတ္လန္႔မႈ့ေၾကာင့္ ႐ုတ္တရက္မ်က္စိဖြင့္လိုက္မိသည္။
ထို႔ေနာက္သူ႔ေ႐ွ႕ကျမင္ကြင္းေၾကာင့္ၾကက္ေသေသသြားသည္။ သူ႔ေ႐ွ႕တြင္ မ်က္စိတစ္ဆံုး ျပာလဲ့ေနေသာ ေရမ်ားသာ႐ွိၿပီး လွပေသာ သႏၱာေက်ာက္တန္းမ်ားႏွင့္ ခ်စ္စရာေကာင္းေသာ သားအခ်ိဳ႕က ဟိုတစ္စုသည္တစ္စုျဖင့္ သြားလာေနသည္။
"ဝိုးႏိုးလာၿပီဟ"
"လူသားေတြရဲ႕မ်က္လံုးက လွလိုက္တာ "
သူ႔အသားရည္က ျဖဴေဖ်ာ့ၿပီး ပူတယ္"
မိုမို သူေ႐ွ႕ကလူတစ္စုက ႐ုတ္တရက္သူ႔မ်က္ႏွာနားနီးကပ္လာကာ သူ႔လက္ကိုကိုင္ၾကည့္ေနတာကို ေၾကာင္ၾကည့္ေနသည္။ ႐ုတ္တရက္ သူ႔ဦးေႏွာက္က ခရီးထြက္သြားပံုရသည္။ သူ႔တံု႔ျပန္မႈ့ကအေတာ္ေလးေႏွးေကြးသြားသည္။
ခနေလး
ငါး =ေရေအာက္မွာေန
ဒီေတာ့ ငါေရာက္ေနတာ ေနပါအံုး ငါေရေအာက္ကိုေရာက္ေနတာလား ။ မိုမို ထိတ္လန္႔မႈ့ေၾကာင့္မ်က္လံုးကျပဴးက်ယ္သြားၿပီး သူ႔ႏွာေခါင္းကို အုပ္လိုက္မိသည္။ သူေရေအာက္မွာမွအသက္မ႐ႈႏိုင္တာ ။
ခနေနပါအံုး မိုမို သူ႔ႏွာေခါင္းကို အသာေလးရံႈ့ၾကည့္လိုက္သည္။ ငါေရေအာက္မွာအသက္႐ႈႏိုင္တယ္ကြ ။ မိုမို ေပ်ာ္ရႊင္မႈ့ေၾကာင့္ သူ႔ေ႐ွ႕ကလူတစ္စုကိုေမ့သြားသည္။
သူခုမွေသခ်ာၾကည့္မိသည္။ ထိုလူတစ္စုက ခရမ္းေရာင္မ်က္စံမ်ား႐ွိၿပီး နားရြက္က လူနားရြက္လိုမဟုတ္ဘဲ ေရယက္ကဲ့သို႔ျဖစ္ေနၿပီး ေအာက္ပိုင္းက ေျခေထာက္မဟုတ္ဘဲ လွပေသာ အေရာင္စံုသည့္ အၿမီး မ်ားျဖစ္သည္။
ဒီေတာ့သူတို႔က ေရသူမေတြလား? ??
"အိုး. မင္းႏိုးလာၿပီဆိုလာခဲ့ မင္းသားတြက္ ညစာရၿပီ"
ေရသူထီး တစ္ေကာင္က မိုမိုလက္ကိုဆြဲကာ အ႐ွိန္ျပင္းျပင္းျဖင့္ေရကူးေနရင္း သူ့အေဖာ္ေတြကိုေအာ္ေျပာလိုက္သည္။
???
မိုမိုေခါင္းေပၚ. ? သံုးခုေပၚလာသည္။ ညစာ ေနပါအံုးသူတို႔ကငါ့ကိုစားခ်င္ေနတာလား။
uni
သူတို့ဒီတောထဲရောက်နေတာ နှစ်ပတ်ကျော်နေပြီဖြစ်ကာ အအေးဒဏ်ကလည်း ဆိုးသထက်ဆိုးရွားလာသည်။
"မိုမို ကိုယ်ရှေ့မှာ မခဲသေးတယ့်ရေကန်တစ်ခုတွေ့တယ်"
ဖုန်းကျင်းက ငှက်ပုံစံဖြင့် မိုမို လက်ထဲ သို့ဆင်းလာသည်။ မိုမိုကဖုန်းကျင်းကိုကိုင်လိုက်သည်။ အမွေးပွအကောင်လေးတွေရဲ့ အနွေးဓာတ်က သူ့ကို အနည်းငယ်အအေးဒဏ်မှ သက်သာစေသည်။
မီမီကေတာ့ သူ့နေရာလုသွားသော ဖုန်းကျင်းကိုမကျေမနပ်ကြည့်ကာ မိုမိုရဲ့ ပုခုံးပေါ်သို့တက်သွားပြီး ပုခုံးပေါ်တွင်ခွေနေသည်။
ရှေ့ကို မိနစ် နှစ်ဆယ်လောက် ဆက်သွားလိုက်တော့အတော်လေး ကြီးသည့်ရေကန်တစ်ခုကိုတွေ့လိုက်ရသည်။ အပူချိန်ကအလွန်နိမ့်ပြီး ရေကန်အားလုံးနီးပါးက ခဲသွားတာကြောင့် သူတို့ရေပြဿနာကိုရင်ဆိုင်ရတာ နှစ်ရက်ရှိပြီဖြစ်ကာ မိုမိုက အနားတွင် အန်းဟွေ့လုံကအမြဲလိုလို ရှိနေတတ်တာကြောင့်နယ်မြေထဲ မဝင်ရဲပေ။
ရေကန်အနီးကိုရောက်တော့မိုမိုက ရေကန်ကိုတစ်ချက်ကြည့်လိုက်သည်။ ရေက ကြည်လင်နေပေမယ့် ကန်ကအတော်လေးနက်ဟန်ပေါ်သည် ရေကန်အောက်ခြေကိုမမြင်ရပေ။
မိုမို လက်ခုပ်ဖြင့်ရေခပ်ကြည့်လိုက်သည်။ ရေကအတော်လေးသန့်ရှင်းသည်ဟုပြောလို့ရတာကြောင့် သူဝါးကျည်တောက်တွေကိုယူရန် ပြင်လိုက့သည်။
မြောင်....!!!!!!
မီမီ ရဲ့ စူးရှတဲ့အော်သံနှင့်အတူ ကြောင်ကလေးက သူ့ရဲ့ ဖွက်ထားသော လက်သည်းတွေကို ရုတ်တရက် ဆန့်ထုတ်မိလိုက်ပြီး မိုမိုရဲ့ လည်ကုတ်ကို လက်သည်းများစိုက်ဝင်သွားသည်။
အာ့
မိုမိုရုတ်တရက်ကျရောက်လာသော စူးရှသည့်နာကျင်မှု့ကြောင့် အော်လိုက်မိသည်။ သူတရားခံ ကိုကြည့်လိုက်တော့ မီမီ ကသူ့ကိုယ်ကို အခုံးကလေးကဲ့သို့ပြုလုက်ထားပြီး သူ့ရဲ့အမွှေးတွေက ထောင်နေကာ အန္တရာယ်တစ်ခုခုကို ခံစားမိသလိုပင်။
မိုမိုက ဖုန်းကျင်းကို ကိုင်ထားရာမှ ပုခုံးပေါ်တင်လိုက်ပြီး မီမီကိုနှစ်သိမ့်ပေးရန်ပြင်လိုက်သည်။
"မိုမို သတိထား"
ဖုန်းကျင်းကလည်း အန္တရယ်ကို ခံစားမိသဖြင့်သတိပေးလိုက်သည်။ ဖုန်းကျင်းရဲ့ အသံကြောင့်မိုမို သတိကပ်သွားပြီး မကြာခင် ခပ်အေးအေးနှင့် ချွဲနေသောအရာတစ်ခုက သူ့ခြေထောက်ကိုရစ်ပတ်လာသလို ခံစားလိုက်ရပြီး ငုံ့ကြည့်လိုက်တော့ သူ့ရှေ့က ရေကန်မှ ရေအနည်းငယ်က အသက်ရှိသလို လှုပ်ရှားနေပြီးရေကန်ဘောင်ကိုကျော်ကာ သူ့ခြေထောက်ကိုရစ်ပတ်ပြီး ရေကန်ထဲဆွဲချချင်နေပုံရသည်။
ကန်ထဲမှရေများက သူတို့ကိုသတိထားမိသွားမှန်းသိသွားသဖြင့် ကန်ထဲကရေအားလုံး ကြွတက်လာကာ မိုမိုတစ်ကိုယ်လုံးကိုဖုံးလိုက်ပြီး ကန်ထဲသို့ဆွဲယူသွားလေသည်။
.................................
"မင်းကို အဲ့အထီးဘဲခေါ်ခိုင်းတာလေ"
"ငါလည်းဘယ်သိမလဲ သူ့ဘေးမှာအကောင်တွေရှိမှန်း"
"အေးလေ"
"အရှင်က သေချာခိုင်းထားတဲ့ဟာကို"
"မတတ်နိုင်ဘူးလေ သူတို့ကအရင်သတိထားမိသွားတာကို"
မိုမို သူ့ဘေးကဆူညံသံတွေကြောင့် အနည်းငယ်လှုပ်ရှားလာသည်။ သူ့ကိုယ်က မျောလွင့်နေသလိုခံစားရပြီး အတော်လေးလွတ်လပ်နေသလိုပင်။ ခနေလး မျောလွင့်နေတာ် မိုမိုထိတ်လန့်မှု့ကြောင့် ရုတ်တရက်မျက်စိဖွင့်လိုက်မိသည်။
ထို့နောက်သူ့ရှေ့ကမြင်ကွင်းကြောင့်ကြက်သေသေသွားသည်။ သူ့ရှေ့တွင် မျက်စိတစ်ဆုံး ပြာလဲ့နေသော ရေများသာရှိပြီး လွပေသာ သန္တာကျောက်တန်းများနှင့် ချစ်စရာကောင်းသော သားအချို့က ဟိုတစ်စုသည်တစ်စုဖြင့် သွားလာနေသည်။
"ဝိုးနိုးလာပြီဟ"
"လူသားတွေရဲ့မျက်လုံးက လွလိုက္တာ "
သူ့အသားရည်က ဖြူဖျော့ပြီး ပူတယ်"
မိုမို သူရှေ့ကလူတစ်စုက ရုတ်တရက်သူ့မျက်နှာနားနီးကပ်လာကာ သူ့လက်ကိုကိုင်ကြည့်နေတာကို ကြောင်ကြည့်နေသည်။ ရုတ်တရက် သူ့ဦးနှောက်က ခရီးထွက်သွားပုံရသည်။ သူ့တုံ့ပြန်မှု့ကအတော်လေးနှေးကွေးသွားသည်။
ခနေလး
ငါး =ရေအောက်မှာနေ
ဒီတော့ ငါရောက်နေတာ နေပါအုံး ငါရေအောက်ကိုရောက်နေတာလား ။ မိုမို ထိတ်လန့်မှု့ကြောင့်မျက်လုံးကပြူးကျယ်သွားပြီး သူ့နှာခေါင်းကို အုပ်လိုက်မိသည်။ သူရေအောက်မှာမှအသက်မရှုနိုင်တာ ။
ခနနေပါအုံး မိုမို သူ့နှာခေါင်းကို အသာလေးရံှု့ကြည့်လိုက်သည်။ ငါရေအောက်မှာအသက်ရှုနိုင်တယ်ကွ ။ မိုမို ပျော်ရွှင်မှု့ကြောင့် သူ့ရှေ့ကလူတစ်စုကိုမေ့သွားသည်။
သူခုမှသေချာကြည့်မိသည်။ ထိုလူတစ္စုက ခရမ်းရောင်မျက်စံများရှိပြီး နားရွက်က လူနားရွက်လိုမဟုတ်ဘဲ ရေယက်ကဲ့သို့ဖြစ်နေပြီး အောက်ပိုင်းက ခြေထောက်မဟုတ်ဘဲ လွပေသာ အရောင်စုံသည့် အမြီး များဖြစ်သည်။
ဒီတော့သူတို့က ရေသူမတွေလား? ??
"အိုး. မင်းနိုးလာပြီဆိုလာခဲ့ မင်းသားတွက် ညစာရပြီ"
ရေသူထီး တစ်ကောင်က မိုမိုလက္ကိုဆြဲကာ အရှိန်ပြင်းပြင်းဖြင့်ရေကူးနေရင်း သူ့အဖော်တွေကိုအော်ပြောလိုက်သည်။
???
မိုမိုခေါင်းပေါ်. ? သုံးခုပေါ်လာသည်။ ညစာ နေပါအုံးသူတို့ကငါ့ကိုစားချင်နေတာလား။