Ch-12 မင်းလူသတ်ခဲ့တာလား
ထိုသည်မှာအကြံကောင်းတစ်ခုဟုတ်မေန၍ မိမိသည်ဒုတိယအကြိမ်တုံ့ဆိုင်းသွားရသည်။ပြောရလျှင်တော့သူမ၏မိဘများမှာအခုချိန်တွင်မိမိအားမုန်းတီးရွံရှာနေသင့်သော်ငြားသူမအမူအယာလုပ်ပြ၍အလိုရှိနေသမျှမိမိလုပ်ရပေမည်။မိမိသည်ရှီယု၏မိခင်ထံသွားကာငုံ့ကိုင်း၍သူမမျက်နှာေပါ်ရှိမျက်ရည်များအားေပါ့ေပါ့ပါးပါးကူသုတ်ပေးလိုက်သည်။
"အန်တီမငိုပါနဲ့တော့နော်။ရှင့်ရဲ့သမီးကအဆင်ပြေမှာပါ"
မိမိသည်နူးညံ့စွာဖြင့်တီးတိုးပြောလိုက်သည်။ထိုအရာမှာလိမ်ညာမှုတစ်ခုဖြစ်နေသော်ငြား စိတ်ဆင်းရဲနေသောသူမမိခင်အားနှစ်သိမ့်ပေးနိုင်သရွေ့မိမိလုပ်လိမ့်မည်ဖြစ်သည်။
ရဲမေ၏မိခင်မှာသူမခေါင်းအားမော့ကာမိမိအားကြည့်လာသည်။သူမ၏မျက်လုံးများမှာလည်းထပ်ထွက်လာေသာမျက်ရည်များဖြင့်ပြည့်လျှံနေသည်။အချိန်ခဏကြာအောင်မိမိအားစိုက်ကြည့်နေပြီးမှသူမသည်မိမိလက်အားတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လာကာ ပင့်သက်ရှိုက်ရင်းပွေ့ဖက်လာခဲ့သည်။
သူမသည်မိမိလက်မောင်းများကြားငိုကြွေးနေရင်းငိုရှိုက်သံမှာကျယ်လောင်သထက်ကျယ်လောင်လာသည်။
သူမသည်မိမိအားနာကြည်းမနေသော်ငြား သူမမျက်ရည်စများမှတစ်ဆင့် မိမိမှာမငြင်းဆိုနိုင်သောတာဝန်ဝတ္တရားတစ်ခုလိုခံစားနေရသည်။
ခွဲစိတ်ဆရာဝန်ထွက်လာချိန်မှာတော့လူတိုင်းမှာသူ့နားဝန်းရံလိုက်ကြသည်။
ထိုသည်မှာမိမိနှလုံးအားတစ်ခုခုဖြင့်ပိတ်ဆို့လိုက်သလိုပါပင်။မိမိသည်ခွဲစိတ်ဆရာဝန်မှသတင်းဆိုးအားကြေငြာရန်အတွက်စောင့်ဆိုင်းခဲ့ရသောကြောင့်ကျန်နေခဲ့တော့သည်။
"အခုတော့လူနာ့အသက်ကိုကယ်လိုက်နိုင်တယ်။ဒါပေမယ့်သူမကသတိရမလာသေးဘူး"
"သူမအသက်ကိုကယ်တင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျေးဇူးပါဆရာရယ်။ကျွန်မတို့သမီးလေးဘယ်အချိန်လောက်နိုးလာမလဲဟင်"
"ဒါကပြောဖို့ခက်တယ်။တစ်ရက်ဖြစ်နိုင်သလိုတစ်လလည်းဖြစ်နိုင်တယ်။တစ်နှစ်တောင်မှဖြစ်နိုင်တယ်။ကျွန်တော်တို့ကတော့လုပ်နိုင်သမျှအားလုံးလုပ်ပေးခဲ့ပြီးပါပြီ။အခုတော့ ဒါကလူနာရဲ့အသက်ရှင်ချင်စိတ်ပေါ်မူတည်သွားပြီ"
မိမိသည်ဆာဂျင်၏စကားများအားနားထောင်ရင်း သရဲရှီယုအားကြည့်ကာရှုပ်ထွေးသွားတော့သည်။
ဆာဂျင်ကရှီယုအသက်ရှင်နေတုန်းပဲလို့ညွှန်းသွားတယ်။ဒါပေမယ့်ငါကသူမဝိညာဉ်ကိုအခုဒီနေရာမှာမြင်နေရတယ်လေ။
ရှီယုအားခွဲခန်းထဲမှထုတ်လာကာ အထူးကြပ်မတ်ကုသဆောင်ဆီပို့လိုက်သည်။မိမိသည်ထိုနေရာတွင်အူကြောင်ကြောင်ရပ်ရင်းရှုပ်ထွေးနေဆဲပင်။
"မင်းအဆင်ပြေရင်ထွက်ဆိုချက်မှတ်တမ်းတင်ဖို့ရဲစခန်းကိုကျွန်တော်နဲ့လိုက်ခဲ့ပေးဖို့လိုအပ်ပါတယ်"
ရဲသားမှမိမိအားပြောလာသည်။
"အိုး!ကျွန်မစာရွက်စာတမ်းတွေပြီးအောင်လုပ်ပြီးတာနဲ့အခုပဲရှင်နဲ့လိုက်ခဲ့ပေးပါ့မယ်"
"မလိုပါဘူး မလိုပါဘူး။မင်းနားလည်မှုလွဲနေပြီ။ကျွန်တော်ကမင်းကိုအလောတကြီးလုပ်ခိုင်းနေတာမဟုတ်ပါဘူး။ကျွန်တော်ကဒီအတိုင်း....."
"ရှင်ကျွန်မကိုလောနေတာမဟုတ်မှန်းကျွန်မသိပါတယ်။ဒါပေမယ့်ကျွန်မကလူသတ်သမားကိုရှာေနကြတဲ့ရှင်တို့ေတွကိုကူညီဖို့တတ်နိုင်သမျှမြန်မြန်ထွက်ဆိုချက်ပေးချင်တာပါ။ဒါကကျွန်မတွက်တင်မဟုတ်ပဲ ရဲေမအတွက်ပါတစ်ကယ်လုပ်ပေးချင်လို့ပါရှင်။ကျွန်မတို့အဲ့ဒီအရူးကောင်ကိုတတ်နိုင်သမျှမြန်မြန်ဖမ်းဆီးဖို့လိုတယ်"
"မင်းရဲ့ပူးပေါင်းမှုအတွက်ကျေးဇူးတင်ပါတယ်။စာရွက်စာတမ်းကိစ္စကိုကျွန်တော်ကူညီပါရစေ။မင်းကအခန်းထဲပဲနေခဲ့လိုက်ပါ။ကျွန်တော်ပြီးရင်မင်းကိုလာခေါ်ပါ့မယ်"
ထို့နောက်ရဲသားသည်မီးခိုးငွေ့တစ်ခုလိုပျောက်ကွယ်သွားတော့သည်။မိမိမှာသူ၏နောက်အားငေးကြည့်ရင်း သူသည်ရဲများမှလူသတ်သမားအားဖမ်းဆီးရန်အတွက်လိုအပ်သောအချက်အလက်များကိုမိမိမှပေးလာနိုင်သောကြောင့်မိမိအားဆေးရုံမှဖြစ်နိုင်သမျှမြန်မြန်ဆင်းစေချင်နေကြောင်းကိုပြောရဲသည်။
အဆုံးသတ်လျှင်တော့ သူ၏လုပ်ဖော်ကိုင်ဖက်မှာ သူမအသက်ဆုံးရှုံးရလုနီးနီးဖြစ်ခဲ့လေသည်ပင်။ထိုအရာသည်သူတို့ရဲဌာနအတွက်စိတ်ဒဏ်ရာတောင်ဖြစ်သွားနိုင်လေသည်။
မိမိအခန်းဆီပြန်ရောက်ချိန်မှာတော့ မိမိသည်ရှီယု၏သွေးများပေကျံနေသောကိုယ်ပိုင်အင်္ကျီအားလဲဝတ်လိုက်သည်။သရဲမေလးရှီယုမှာတော့ တံခါးတွင်မိမိအားစောင့်နေလေသည်။
"ငါနားမလည်နိုင်သေးဘူး။နင်ကသရဲတစ်ကောင်တောင်ဖြစ်နေပြီးပြီကိုဘာလို့ဆရာဝန်ကနင်အသက်ရှင်နေသေးတယ်လို့ပြောခဲ့တာလဲ"
မိမိမှာရှီယုအားမေးလိုက်သော်ငြား ခွန်းတုံ့ပြန်စကားတစ်ခွန်းမှရမလာချေ။
"အမှန်တော့လေ အဲ့ဒါကခုချိန်မှာအဓိကကျတာမဟုတ်ဘူး။နင့်ရဲ့ဝိညာဉ်ကကိုယ်ထဲကနေယာယီလွင့်နေတာဖြစ်နိုင်တယ်။မကြာခင်မှာမင်းပြန်သွားနိုင်လောက်မှာပါ။လက်ရှိမှာတော့ အရေးကြီးဆုံးကအရူးကောင်ကိုဖမ်းဖို့ပဲ။စိတ်မပူပါနဲ့။ငါကအခုပဲထွက်ဆိုချက်ပေးဖို့ရဲဌာနကိုသွားရမှာလေ။နင်ငါနဲ့လိုက်ချင်လား"
ရှီယုကခေါင်းငြိမ့်လာသည်။
ရဲစခန်းတွင်မိမိသိသမျှအားလုံးအား လုပ်ထုံးလုပ်နည်းအတိုင်းထွက်ဆိုခဲ့ပြီးချိန်မှာတော့ သန်းခေါင်ယံရောက်လုနေပြီဖြစ်သည်။
ခြေဆယ်လှမ်းတွင်းမှာပင် မိမိမှာသတင်းေထာက်အုပ်ကြီး၏ဝန်းရံခြင်းခံလိုက်ရတော့သည်။
မရေတွက်နိုင်သောမျက်စိကျိန်းစရာမီးရောင်များမှာ မိမိမျက်လုံးများအားဖွင့်ရခက်ခဲစေလေသည်။မိမိသည်ဘယ်ရောညာရောမှနေတဖျပ်ဖျပ်သံများအားကြားနေရသည်။လူတိုင်းသည်မိမိထံမှပထမဆုံးအဖြေရရန်ကြိုးစားနေကြသည်။သူတို့သည်သူတို့အသံများအားမြှင့်ကာ အသံများအားလုံးမှာတစ်ခုနှင့်တစ်ခုပြိုင်ဆိုင်နေကြသည်။တိတ်ဆိတ်သောညခင်းမှာ ရူးသွပ်နေသောလူအုပ်ကြောင့်အခုချိန်တွင်ပြောင်းလဲသွားရပြီး ထိုသည်မှာမိမိနားစည်များအားကွဲသွားစေမတတ်ပင်။
"မင်းကလူသတ်ရတာရူးသွပ်နေသူရဲ့၁၀ယောက်မြောက်သားကောင်နဲ့ကံကောင်းတဲ့လွတ်မြောက်လာသူလေ။မင်းအခုဘယ်လိုခံစားနေရလဲ"
"လူသတ်ရတာရူးသွပ်နေသူကဘယ်လိုပုံနဲ့ဆင်လဲဆိုတာမင်းမြင်လိုက်ရလား"
"မင်းဘာဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ကိုအကြမ်းဖျင်းပြောပြပေးလို့ရမလား"
"ကောလဟလတွေအရရဲဝန်ထမ်းတစ်ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ပြောတယ်။မှန်ပါသလား"
ငါကလူသတ်သမားအရူးနဲ့ကြုံခဲ့တာကိုသူတို့ဘယ်လိုသိလာတာလဲ။ဘယ်သူကသတင်းဖြန့်လိုက်တာလဲ။အားးး!!!f**k ငါကဘာပြောရမှာလဲဟ။
"မင်းတို့ဘာတွေလုပ်နေတာလဲ"
ရဲဝန်ထမ်းအနည်းငယ်မှာ ပြေးထွက်လာကြပြီးသတင်းေထာက်အုပ်ကြီးတွင်းတိုးဝှေ့ဝင်လာကြသည်။သူတို့သည်သတင်းထောက်များမှမိမိအားမထိစေရန်ဝန်းရံကားပိတ်ဆို့ပေးထားကြသည်။ရဲဝန်ထမ်းတစ်ဦးသည် မိမိနားနားကပ်ကာ ချိုချိုသာသာဖြင့်တိုးတိုးလေးပြောလာသည်။
"အခုသွားတော့"
မိမိသည်အခွင့်အရေးအားမြင်လိုက်ပြီး သူတို့လုပ်ပေးထားသည့်လမ်းေကြာင်းမှလျှောထွက်လာလိုက်သည်။နောက်ပြန်လှည့်မကြည့်ပဲ မိမိသည်တက္ကစီတစ်စင်းပေါ်တက်လိုက်သည်။
ရဲဝန်ထမ်းများမှသူတို့အားပိတ်ထားသဖြင့် သတင်းေထာက်များသည်မိမိအားမမှီကြတော့ပေ။မိမိသည်လွတ်မြောက်သွားရသည့်အတွက်သက်ပြင်းမောချလိုက်ကာ ထိုင်ခုံပေါ်ကျောမှီချလိုက်သည်။လမ်းတစ်လျှောက်တွင် တက္ကစီဒရိုင်ဘာသည်ေနာက်ကြည့်မှန်မှတစ်ဆင့်မိမိအားချောင်းကြည့်နေလေသည်။အကြိမ်ရေအနည်းငယ်ရှိချိန်တွင်တော့ မိမိတို့မှာအကြည့်ချင်းဆုံသွားကြသည်။မိမိမှာသူဘယ်လိုခံစားနေရသည်ကိုနားလည်နိုင်ပေသည်။ညလယ်ကြီးမှာ သူ့ရဲ့ခရီးသည်ကသွေးတွေပေကျံနေတယ်...သူ့နေရာရှိမည်သူမဆို ကြောက်ရွံ့သွားကြပေလိမ့်မည်။
"ဦးလေးမကြောက်ပါနဲ့။ဒါကကျွန်မသွေးတွေမဟုတ်ပါဘူး"
မိမိသည်သူ့အားချွေးသိပ်ရန်ကြိုးစားေပြာဆိုလိုက်သည်။
မမျှာ်လင့်စွာပင် ထိုစကားလုံးများမိမိပြောလိုက်သည်နှင့် ဒရိုင်ဘာမှာသိသိသာသာပင်ထိတ်လန့်နေတော့သည်။သူသည်ပို၍ပင်တုန်လှုပ်နေပုံပေါ်လေသည်။
သူသည်မိမိစကားများအားအထင်လွဲနေပုံရသည်။ကားသည်တစ်ဖန်ရွေ့သွားပြန်သည်။မိမိမှပိုပြောလေလေ အမှားများပိုလုပ်မိလေလေပင်။မိမိတို့လည်း မိမိ၏ဦးတည်ရာမရောက်မချင်းတစ်လမ်းလုံးငြိမ်နေလိုက်တော့သည်။
ရှီယုသည်သရဲတစ်ကောင်ဖြစ်သောကြောင့်မိမိသာမြင်နိုင်လေသည်။ထို့ကြောင့် မိမိသည်သူမအားတစ်လျှောက်လုံးခေါ်လာခဲ့သည်။မိမိ၏ဘော်ဒီဂတ်လန်းလန်းလေးမှာ ဝင်ပေါက်၌သူမအားမြင်လိုက်သည်နှင့် သူသည်သူမကိုလှည့်ပတ်ကာငမ်းတော့သည်။
အိုး!ရဲမေကလှေနတော့ နင်ကသူမကိုကြိုက်တယ်ပေါ့လေ အာ...ဟမ့် အပေါ်ယံဆန်လွန်းတယ်။
စူးစူးစိုက်စိုက်ဖြင့် မိမိသည်သူ့အားတိတ်တိတ်လေးငုံ့ကြည့်လိုက်သည်။
မည်သို့ပင်ဖြစ်စေကာမူ စုယန်သည်အချိန်အတော်ကြာကတည်းမှအိပ်ပျော်နေလောက်ပြီဟုမိမိတွက်ဆမိသည်။မိမိသည်ဆူညံသံများပြုလုပ်ပြီးသူ့အားမနှိုးချင်သည့်အတွက် တတ်နိုင်သလောက်ညင်သာစွာဖြင့် တံခါးအားဖွင့်ရန်ကြိုးပမ်းလိုက်သည်။မိမိသည်ကုန်ကျစရိတ်များအားငြင်းခုန်ရသည်နှင့်ရှောင်ကြဉ်ရန်ကြိုးစားလိုက်သည်။
မိမိသည်တံခါးအားညင်သာစွာဆွဲဖွင့်လိုက်သည်။မိမိမှာတိတ်ဆိတ်လွန်း၍အချက်ပြမီးပင်မဖော်ထုတ်နိုင်ခဲ့၍သဘာဝကျစွာပင်မီးပွင့်မလာခဲ့ပေ။မိမိသည်ဖိနပ်များအားချွတ်လိုက်ပြီး ဝင်ပေါက်ဟောခန်းမှတစ်ဆင့်လျှောက်လာစဉ်မှာပင် မိမိသည်အေမှာင်ထဲထိုင်ေနေသာစုယန်အားသတိပြုမိလိုက်သည်။
စုယန်သည်ထိုင်ခုံပေါ်တွင်လက်ပိုက်ကာေခြထောက်များအားဆန်ထုတ်ထားလေသည်။သူ၏ခေါင်းသည်နိမ့်ကျနေပြီး ဝင်ပေါက်ဆီမျက်နှာမူထားသည်။
သူသည်အိပ်ပျော်နေပုံရသည်။သူကငါ့ကိုတစ်ချိန်လုံးစောင့်နေတာလား.....ဒီလိုပုံစံနဲ့လေ။မိမိသည်မိမိ၏အိပ်ခန်းတံခါးအားညွှန်ပြကာ ရှီယုအားမိမိအားစောင့်နေရန်ခေါင်းဖြင့်ညွှန်ပြလိုက်သည်။
ရှီယုထွက်သွားသည်နှင့် မိမိသည်စုယန်အားသာသာလေးတွန်းလိုက်သည်။
"ဟေး ထတော့။ထတော့လို့"
စုယန်သည်နည်းနည်းရွေ့သွားသော်ငြား နောက်ထပ်လှုပ်ရှားမှုမရှိတော့ပေ။မိမိသည်သူ့အားထပ်တွန်းလိုက်သည်။ဤအကြိမ်တွင်တော့ အားနည်းနည်းထည့်လိုက်သည်။
"ဒီမှာအိပ်မနေနဲ့။ရှင်လွယ်လွယ်လေးနဲ့ဖျားသွားလိမ့်မယ်။ရှင့်အခန်းဆီပြန်တော့"
ရုတ်တရက်ဆိုသလိုပင် စုယန်သည်မိမိလက်အားဆုပ်ကိုင်လိုက်ကာ ဖြည်းဖြည်းချင်းမျက်လုံးပွင့်လာသည်။မိမိမှာလန့်သွားမိသည်။
"မင်းဘယ်သွားနေတာလဲ။ဘာလို့ဒီလောက်နောက်ကျမှပြန်လာတာလဲ"
ဝိုး!ဤတုံ့ပြန်မှုသည်မိမိတွေးထားသလိုလုံးလုံးဟုတ်မနေပါချေ။စုယန်သည်သူ၏ပုံမှန်အသုံးပြုနေကျဖြစ်သည့် စိတ်ရှုပ်စရာကောင်းပြီးမောက်မာသောလေသံကိုမသုံးခဲ့ပေ။ထိုအစားသူသည်ပုံမှန်မဟုတ်အောင်ကိုညင်သာနေလေသည်။
ငါ့ကိုမခြောက်စမ်းနဲ့။စုယန်ကထူးထူးဆန်းဆန်းတွေတောင်လုပ်နေတယ်ပေါ့လေ။
"မင်းဘာဖြစ်လာတာလဲ"
စုယန်သည်မိမိ၏သွေးစွန်းနေသောအပေါ်ဝတ်အားငေးကြည့်နေသည်။
"ပြောစရာရှိတာနောက်မှပြောတာပေါ့။ရှင်ကျွန်မလက်ကိုလွှတ်ပေးပါ့လား"
မိမိသည်စုယန်မှတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသောမိမိလက်ကိုဂရုတစိုက်ငေးကြည့်လိုက်သည်။
"အမျိုးသားနဲ့အမျိုးသမီးကတစ်ဦးနဲ့တစ်ဦးသင့်တော်တဲ့အကွာအဝေးရှိသင့်တယ်လေ"
မိမိစကားများကိုကြားသည်နှင့် စုယန်သည်နိုးလာကာမိမိလက်အားမသိစိတ်အရရုတ်ချည်းလွှတ်ချလိုက်ပြီး သူ၏ထိုင်ခုံဘီးတောင်နောက်ပြန်ဆုတ်သွားသည်။သူသည်ပျာယာခတ်နေပုံပေါ်ရင်းသူ့ကိုယ်သူရှင်းပြရန်ကြိုးစားနေခဲ့သည်။
"ငါမင်းကိုဆွဲဖို့မရည်ရွယ်ပါဘူး။ဒါပေမယ့်မင်းကရုတ်တရက်ငါ့ကိုလာနှိုးတော့......"
မိမိသည်ဖိနပ်ပါးအားစီးကာ သူ့ထံလမ်းလျှောက်သွားပြီး သူ၏ပုခုံးများအားပုတ်၍တတ်နိုင်သလောက်သဘာဝကျကျအသံထွက်အောင် ကြိုးစားလိုက်သည်။
"ရှင်အဲ့လိုလုပ်ဖို့မရည်ရွယ်တာကိုကျွန်မသိပါတယ်။ရှင်းပြစရာမလိုပါဘူး"
"မင်းငါ့မေးခွန်းကိုခုထိမဖြေရသေးဘူး။မင်းဘာဖြစ်လာတာလဲ"
စုယန်သည်မိမိ၏သွေးပေနေသောအဝတ်များအားညွှန်ပြကာ မိမိနားကပ်အောင်မှီလိုက်ပြီး ဘယ်မှညာသို့သတိထားကြည့်နေသည်။သူသည်မိမိနားနားတွင်တီးတိုးဆိုလိုက်သည်။
"မင်းလူသတ်ခဲ့တာလား"