"ဆရာ ကျွန်တော်ဝင်ခဲ့မယ်နော်"
အခန်းတံခါးကို တွန်းဖွင့်ပြီး ဝင်လာတဲ့ သူလှမ်းကြည့်လိုက်တော့ ဌာနမှုး Suho၊ အသံထက်လူက အရင်ရောက်လာပြီး ပုခုံးလာပုတ်နေပြီ။
"ဆရာ နေ့လည်စာ မစားရသေးဘူးမလား ဌာနကဆရာတွေနဲ့ တူတူစားကြဖို့ ကျွန်တော်လူစုထားတယ် လာသွားကြမယ်...သူတို့က ဆိုင်မှာစောင့်တောင်နေကြပြီထင်တယ် မနေ့က ကျွန်တော် Meeting ရှိတာနဲ့ သေချာလိုက်မကျွေးလိုက်ရဘူး အားနာလိုက်တာ"
"အာ..ရပါတယ် Canteen ကအစားအသောက်လည်း အဆင်ပြေပါတယ် ဌာနမှုး"
"ဒါကတော့..ဆရာက အခုမှရောက်တာကိုး ဒါနဲ့ Baekhyun Sam က ကျွန်တော်တို့ထပ် Junior ကျမယ်နော် ရင်းရင်းနှီးနှီးပဲ ခေါ်ကြမလား ကျွန်တော်ကတော့ ကိုယ့်ဌာနက ကလေးတွေကို ညီတွေ၊ညီမတွေလိုပဲ သဘောထားပါတယ်...လိုအပ်တဲ့အကူညီရှိရင် အားမနာနဲ့နော်"
"ဟုတ်ကဲ့ပါ Hyung "
သူ့ကို အစ်ကိုလို့ခေါ်လိုက်တာမို့ Suho မှာတော်တော်ကျေနပ်သွားလေသည်။ တကယ် ဒီဆရာပေါက်စလေးကိုတော့ တကယ်မြင်မြင်ချင်းခင်မိတော့တာပါပဲ
"ဒီနေ့ ကျွန်တော် ရှင်းမယ်နော်...အခုလို ကျွန်တော့်ဌာနကို လာအောင်ပြော ပေးတဲ့အတွက် Professor Kim ကိုလည်း တကယ်ကျေးဇူးတင်တယ် ..."
ဌာနမှူးက စကားတပြောပြောနဲ့ ဆွဲခေါ်လာတာမို့ Baekhyun မှာခေါင်းကိုသာ ငြိမ့်ပြီး အနောက်က ဟုတ်ကဲ့သာ လိုက်လာရတော့သည်။
ဌာနမှုးကို ဒီလောက်လေပေါမှန်းတကယ်မသိခဲ့ဘူး
ကျောင်းဝင်းရဲ့အပြင်ဘက်က စားသောက်ဆိုင်တန်းလေးတွေကို တွေ့တော့ တကယ်သဘောကျသွားသည်...တက္ကသိုလ် ပရိဝုဏ်နဲ့ လိုက်ဖတ်စွာ တည်ရှိနေသော အဆောက်အအုံဒီဇိုင်းလေးတွေကအစ 1990s ပုံစံလေးတွေ ပြင်ဆင်ထားသည်။ ကြည့်ရတာ ဆရာတွေလာအစားများပုံရတယ်
"လာ Baekhyun...
ကဲ အားလုံးပဲ စောင့်နေရတာကြာသွားပြီလား
တို့ဌာနရဲ့ လူသားစွယ်စုံကျမ်းလေးကို ကြိုဆိုလိုက်ရအောင်"
ဆရာတွေ အားလုံးက နွေးနွေးထွေးထွေးကြိုဆိုကြတာမို့ ဝမ်းတော့သာရသည်။
စကားပြော၊စားသောက်ကြပြီးတော့ အတန်းပြန်ဝင်ရမယ့် ဆရာတွေက ပြန်သွားကြပြီ။
စားကောင်းကောင်းနဲ့စားလိုက်တာ တော်တော်တောင်ဗိုက်တင်းသွားပြီ အားးးဝိတ်ကတော့ နောက်မှချပါတော့မယ်လို့ သူတွေးလိုက်သည်။
"Hyung ကျနော်က 3:00 နာရီမှ Class ကဝင်ရမှာ ၊ ဒီနား လမ်းလျှောက်ကြည့်အုံးမယ်...Coffee ဆိုင်ကောင်းကောင်းဒီနားမှာရှိလား"
"အာ ဟုတ်သားပဲ...ဒါဆို Hyung ကတော့ ထုံးစံအတိုင်း Meeting ရှိတော့ သွားရမယ်...ဒီလမ်းအကွေ့လေးမှာ ကော်ဖီဆိုင်ကောင်းကောင်းရှိတယ်နော်"
Suho ထွက်သွားတာနဲ့ သူပြတဲ့ လမ်းချိုးလေးထဲကွေ့ဝင်လိုက်တော့ တွေ့ပါပြီ ကော်ဖီဆိုင်လေး
လမ်းကြားထဲက နံရံတွေက Graphics ပုံတစ်ချို့ရယ်...ခပ်မှိုင်းမှိုငး Cozy Vibe ရစေတဲ့ Coffee Shop လေး ။ ဝါး...ဒီကိုပြောင်းလာရတာ ဒါနဲ့တင်တော့ တန်နေပြီ လို့တွေးရင် ဆိုင်လေးဆီလျှောက်လာလိုက်တယ်....
💙💙💙
ဟင်...ဆိုင်ဘေးမှာ ရပ်ထားတာက မနက်က မြင်လိုက်တဲ့ Scoopy မလား။ ရင်ထဲမှာငြိမ့်ခနဲဖြစ်သွားတာလေးက ဘယ်လိုခံစားချက်မှန်းတောင်မသိ...သူဟာ ဒီလူသားကို မှတ်ညဏ်ထဲက ဖျောက်ဖို့ ကြိုးစားမရတော့ဘူးထင်ပါရဲ့...ဆိုင်ကယ်လိုသက်မဲ့အရာလေးတွေကအစ ဆက်စပ်စဥ်းစားရင် တစ်ခါတစ်လေ အတွေးတွေလွန်တတ်တာ အကျင့်ပါနေပြီ"
ဆိုင်နာမည်က " With You" တဲ့ အဝါရင့်ရောင်ဆိုင်းဘုဒ်ပေါ်မှာ အဖြူနဲ့ ရေးထားတဲ့ စာလုံးထူထူထင်းထင်းလေးတွေက အစ နွေးထွေးစေသလိုပါပဲ
အင်းငါကတော့ ရသစာပေဆရာလို့ မပြောရဘူး...
ကိုယ့်ဘာသာတွေးရင် ပြုံးမိပြီး ဆိုင်ထဲဝင်ကာ Americano တစ်ခွက်နဲ့ Strewberry Slice Cake လေးတစ်ခု မှာလိုက်ရင်း ထောင့်ကျကျစားပွဲမှာ ဝင်ထိုင်နေလိုက်သည်...
နေ့လည်ခင်းဘက်မို့ထင်သည် ဆိုင်ထဲမှာ လူတစ်ယောက် နှစ်ယောက်သာရှိသည်။ ရွက်လှပင်သေးသေးလေးတွေပါ ဆိုင်ထဲမှာ သေချာနေရာချထားပြီး မီးရောင်မှိန်မှိန် ဝါဝါလေးကို သုံးထားတာမို့ တကယ်သူ့ Style ပဲလို့ တော်တော်သဘောကျနေမိပြီ..ပြီးတော့ ဟိုးဘက်ဝိုင်းက လူနှစ်ယောက်မှာ တစ်ယောက်က ဂစ်တာကို တီးလုံး လေးပဲ ခက်နေတာမို့ လှမ်းကြည့်လိုက်သည်..ထိုင်တာကိုက လျော့တိလျော့ရဲနဲ့မို့ တော်တော်ပျင်းနေပုံရသည်
သူ လှမ်းကြည့်နေတုန်း သစ်ပင် အကွယ်လေးမှာ ထိုင်နေတဲ့သူဆီက အသံထွက်လာသည်။
"Ok စာရင်းလုပ်ပြီးပြီ... Mark ရေ ငါ လိုအပ်တာတွေသွားဝယ်မလို့...ဒီကောင် Oh Sehun ကို Soju ထပ်မသောက်စေနဲ့တော့နော်...Soju ပုလင်းကိုင်တာနဲ့ ရဲခေါ်လိုက်တော့ ကြားလား"
"ဟုတ်ကဲ့ ...သူဌေး"
ပြောရင်း ထထွက်လာတဲ့ လူရယ် ပြီးတော့ အဲ့ဒီအသံရယ်...
ဘုရားရေ ဒါက ဒါကြီးက တကယ်ဖြစ်နေတာလား
မဟုတ်ဘူး...မဖြစ်နိုင်သေးပါဘူး
Baekhyun တစ်ချက်ပြန်လှမ်းကြည့်လိုက်တော့ တကယ် မှားနိုင်စရာမရှိ၊ Chanyeollie သူ့ရဲ့ Chanyeollie...
ဆယ်စုနှစ်တစ်ခုစာလောက်နီးနီး သူမမြင်တွေ့ရခဲ့သော ဒီမျက်နှာပိုင်ရှင်...ချောလိုက်တာ အရင်လိုပဲ
အား မဟုတ်သေးပါဘူး... ကမန်းကတန်း ခေါင်းကိုငုံ့လိုက်ရင်း မြင်သွားမှာစိုးလို့ ကွယ်လိုက်ရသည်။
အခုနေ Chanyeol ကိုတွေ့တော့ရော သူ့မှာ အခွင့်အရေးရှိပါ့မလား၊ ပြီးတော့ ဘယ်လိုနှုတ်ဆတ်ရမှာလဲ ဘယ်မျက်နှာနဲ့ ကျွန်တော် Baekhyun ပါမှတ်မိလားလို့ ပြောမလဲ။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က ရက်ပိုင်းလောက် သိကျွမ်းခဲ့ရတဲ့သူကို မှတ်မိနိုင်ပါ့မလား
ကော်ဖီတောင် မသောက်ရသေးဘူး ရင်တွေတုန်လာရပြီ...Chanyeol ကတော့ သူ့ကို မမြင်လိုက်...ဆိုင်ထဲကထွက်သွားပြီ။
ဒါဆို Chanyeol က ဒီဆိုင်ကဖြစ်နိုင်တာပေါ့...ပြန်များတွေ့ဖြစ်ကြရင် Chanyeol ကို ပြန်မြင်ချင်တဲ့ ပုံစံအမျိုးမျိုးကို သူစိတ်ကူးယဥ်ဖြစ်သည်...
အဲ့ဒီထဲမှာ ဒီလို တိတ်တိတ်ဆိတ်ဆိတ်ဆိုင်ကလေးမှာ မပါတာတော့သေချာသည်
ဘူမိဗေဒ အထူးပြုနဲ့ ကျောင်းသားတစ်ယောက် ပြီးတော့ ခပ်ဆိုးဆိုး Gangstar ငဂျစ် လေးက၊ ကော်ဖီဆိုင်ဖွင့်ပြီး ဘယ်လိုတောင် မလိုက်မဖက်လဲ...သူတစ်ခါမှ မတွေးကြည့်ဖြစ်ဖူးသော ...
ဒါမှမဟုတ် သူအိမ်ထောင်တွေကျပြီး တည်ငြိမ်သွားတာများလား...
အတွေးနဲ့တင် မျက်ရည်ကျချင်သည်။
ဂျပန်ထွက်သွားတယ်လို့ သတင်းကြားလို့ ဟိုမှာနေခဲ့တဲ့တစ်လျှောက် နီးစပ်ရာ ဆက်စပ်ရာ သူဘယ်လောက်တောင်ရှာခဲ့ရတာလဲ။
အခုတော့ မတွေ့နိုင်တော့ဘူး...မတွေ့လည်းဖြစ်ပါတယ်ဆိုပြီး လက်လျှော့လိုက်မှ.....ကိုယ့်ရှေ့မှာတဲ့လား