ပစ်မှတ်က ငါသူ့ကိုကြိုက်တယ်ပဲ...

By Reqlot

93.6K 13.4K 191

၉ကြိမ်မြောက် ကြင်ဖက်တွေ့ခြင်း ကျရှုံးပြီးနောက် ရှန့်ဟန် အလုပ်တစ်ခုရလေပြီ။ ဆက်ဆံရေးကောင်း၊ လစာမြင့်၊ နေစရိတ် စ... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
17
18
19
20
21
22
23
24
25
26
27.1
27.2
27.3
28
29
30.1
30.2
31.1
31.2
32.1
32.2
33.1
33.2
34
35.1
35.2
36.1
36.2
37.1
37.2
38.1
38.2
39
40
41
42
43.1
43.2
44

16

1.8K 253 0
By Reqlot

ဖက်ဒရေးရှင်းရဲ့ အဆင့်မြင့်တိုက်ခိုက်ရေးSystemဖြစ်တာနဲ့အညီ၊ System009က ဇာတ်လိုက်ကိုတန်ပြန်တိုက်ဖို့ တိုက်ပွဲတွင်းပစ်ဝင်ရင်း ကုတ်တွေရေးကူသည်။ ဒီလိုအထောက်အပံ့နဲ့လုဇယ်က ကျားကိုအတောင်တပ်ပေးလိုက်သလို၊ ပို၍အားကောင်းလာသည်။ အချိန်တိုအတွင်း ပြဿနာကို ဖြေရှင်းနိုင်လိုက်ရုံအက၊ ဗိုင်းရပ်စ်ရဲ့ အရင်းအမြစ်ကိုပါ ရှာတွေ့ခဲ့သည်။

နာရီဝက်အကြာမှာ၊ 'လုရှီး'ဂရုအတွင်း ရဲတွေဝင်ရောက်စီးနင်းတာခံရတော့သည်။ လုရှီး၏ လက်ရှိတာဝန်ခံ ဒုဥက္ကဌ လုဟိုင်မှာ အစစ်ဆေးခံရဖို့ ရဲစခန်းကို တခါတည်းပါသွားရတော့သည်။

တစ်ချိန်ထဲမှာပဲ ချန်ရှောင်ဖုန်းက စောင့်ကြည့်ကင်မရာမှတ်တမ်းတစ်ခုကို သက်သေအနေဖြင့် ရဲလက်သို့ အပ်လိုက်သည်။

နည်းပညာဌာနအတွင်းရှိလူတွေအားလုံး မင်သက်ကုန်ရသည်။ စွင်းရှုယာပုံမှာလည်းဖြူဖျော့လို့ ဖြစ်သွားတာတွေကို မယုံနိုင်စွာ။ လုဇယ်ကိုကြည့်ပြီး ပြောလာတဲ့အသံမှာ တုန်ယီစွာ၊ "ငါ့ကို သံသယဝင်နေခဲ့တာပေါ့?"

"မင်းပုံစံကိုက မြင်သာလွန်းနေတာပါ.." လုဇယ် စိတ်အေးသက်သာပဲ အကြည့်လွှဲသွားသည်။

"မဟုတ်ဘူး.. ဒီလိုမဟုတ်ဘူး.. ဒီလိုဖြစ်ရမှာ မဟုတ်ဘူးလေ.." စွင်းရှုယာတစ်ယောက် ခေါင်းကိုတွင်တွင်ရမ်းလို့ လုဇယ်ကိုပဲ စိုက်ကြည့်နေခဲ့သည်။ သူမယုံနိုင်၊ "မင်းက ငါ့ကိုကြိုက်ရမှာလေ.. ဘာလို့ အကုန်လွဲကုန်တာလဲ?"

ဘေးကပရိတ်သတ်မှာ တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဖလှယ်မိကြပြီး လုဇယ်ဆီ ဆက်ပြုံကြည့်ကြပြန်သည်။

လုဇယ် စိတ်အနှောက်အယှက်ဖြစ်သွားရသည်၊ "မင်းဘာတွေနေလဲဆိုတာ ငါနားမလည်တော့ဘူး"

ပြောပြီး၊ အယောင်ယောင်အမှားမှားနဲ့ ရှန့်ဟန်လက်ကို လှမ်းဆွဲလို့ စိတ်ရှုပ်ထွေးနေတဲ့မျက်နှာပေးလေး လုပ်ပြသည်။ ဒါကိုစွင်းရှုယာမြင်တော့ မလိုမုန်းထားမှုတွေ၊ စိတ်ပျက်ခြင်းတွေ သူ့မျက်လုံးမှာ ထင်ဟပ်လာသည်။

ရှန့်ဟန်လည်း ကြောင်အသွားပြီး Systemကိုလှမ်းမေးသည်၊ [ရှောင်ကျုံ၊ အခြေအနေက ပြောထားတာနဲ့ သိပ်မတူတော့သလိုပဲ]

[ဒါပေမဲ့ သူတကယ်ပဲ ပစ်မှတ်ရဲ့ကုမ္ပဏီကို လုပ်ကြံဇာတ်လမ်းဆင်ခဲ့တာ။ ဒါကလည်း 'အချစ်'ကို ဖော်ပြခြင်းတစ်မျိုးဖြစ်ပုံပဲ။ လူသားတွေရဲ့ခံစားချက်က တကယ်ကို ရှုပ်ထွေးတယ်] Systemကိုယ်တိုင်လည်း လိုက်မမီတော့။

စွင်းရှုယာ ခေါ်ဆောင်သွားခံရပြီးတာနဲ့ နည်းပညာဌာနကလူတွေလည်း လူစုခွဲသွားကြတော့သည်။

အားလုံးလည်း အခုမှ သက်မချနိုင်သည်။ ချန်ရှောင်ဖုန်းက ရှန့်ဟန်ကို စုန်ချည်ဆန်ချည်ကြည့်ရင်း တိုးတိုးကပ်ပြောသည်၊ "လက်ထောက်ကြီး၊ ခင်ဗျားက တကယ်ကိုလျှိုထားတာပဲ။ ကျွန်တော်တို့ နည်းပညာဌာနကို လာအားဖြည့်ဖို့ စိတ်ကူးမရှိဘူးလား?"

လုဇယ်က ချက်ချင်းပဲ နှစ်ယောက်ကြားဝင်ရပ်လိုက်သည်။ ရှန့်ဟန်နှုတ်ဆိတ်နေတာမြင်တော့၊ ရုတ်တရက် သူ့စိတ်ထဲ​ပူပင်လာသည်။ သူရှန့်ဟန်ကို တခြားအခန်းတစ်ခန်းထဲ ဆွဲခေါ်သွားပြီး သေချာရှင်းပြရတော့သည်၊ "စွင်းရှုယာပေါက်ကရပြောတာတွေကို နားမထောင်နဲ့.. အလုပ်ကိစ္စကလွဲ ကိုယ်သူနဲ့ဘာမှမပက်သက်ဖူးဘူးရယ်.."

"အန်..သိတယ်လေ.." ရှန့်ဟန် ခေါင်းညိတ်လိုက်သည်။

လုဇယ် စိတ်သက်သာရာရလို့ အသက်ဖြောင့်ဖြောင့်ရှုနိုင်လေပြီ၊ ဆိုပေမဲ့ သေချာတွေးကြည့်တော့လည်း တစ်ခုခုလွဲနေသလို ခံစားရပြန်သည်။ သူဖြည်းဖြည်းမေးလိုက်သည်၊ "မင်း.. စိတ်မတိုဘူးလား?"

"မတိုပါဘူး" ရှန့်ဟန် ဒီတိုင်းပဲ ခေါင်းရမ်းဖြေလာသည်။

ထူးထူးဆန်းဆန်း လုဇယ် စိတ်ပျက်မိသည်။ ချက်ချင်းပဲ ရှန့်ဟန်ကို နံရံဆီတွန်းကပ်လိုက်သည်။ သူ့လေသံက အတော်မပျော်မရွှင်နဲ့၊ သိပ်ကြေနပ်နေပုံမပေါ်၊ "ဘာလို့ မင်းပုံက လုံးဝအာရုံမထားသလို ဖြစ်နေတာလဲ? ကိုယ်သူ့ကို သဘောကျတယ်လို့ ပြောရင်တောင် စိတ်မတိုဘူးလား?"

ရှန့်ဟန် ခဏငြိမ်သွားသေးသည်၊ ပြီးမှ ပြန်ဖြေတာက၊ "ဒါပေမဲ့ မင်းမှ အဲ့လိုမပြောတာ.."

"တကယ်လို့ ပြောရင်ရော?" လုဇယ် လက်မလျှော့။

ရှန့်ဟန် ခဏလောက်ထပ်စဥ်းစားကြည့်တော့ သူ့ရင်ထဲ နည်းနည်းတော့တင်းကြပ်လာတာကို ခံစားမိသည်။ စကားတစ်ခွန်းမဆိုနိုင်၊ သူ့ခေါင်းက ငုံ့ကျသွားရသည်။

"ကိုယ်မင်းကို ဒီလိုမေးတော့ ဘယ်လိုခံစားရလဲ?" ရှန့်ဟန် အသံတိတ်မြဲတိတ်နေတာမို့ လုဇယ် မေးခွန်းပြောင်းမေးပြန်သည်။

သူ့ကိုမော့ကြည့်ပြီးပြောလာတဲ့ ရှန့်ဟန်အသံက တိုးတိုးညက်ညက်၊ "နည်းနည်းတော့ စိတ်ထဲနေရခက်တယ်"

ချက်ချင်းဆိုသလို လုဇယ်မျက်ဝန်းတွေ တောက်ပသွားသည်။ ရှန့်ဟန်ကို ငုံ့နမ်းလိုက်ပြီး နားနားကပ်လို့ နွေးထွေးကြင်နာစွာ ပြောသည်၊ "ကိုယ်သိတာပေါ့. မင်းကိုယ့်ကိုသဘောကျမှန်း.."

ရင်ထဲ ဒိတ်ကနဲခုန်သွားတာမို့ ရှန့်ဟန် အလန့်တကြားနဲ့ လုဇယ်ကို တွန်းထုတ်လိုက်သည်။ သူ့မျက်နှာလည်း အတော်နီရဲနေလောက်ပြီ။

ပြုံးပျော်နေတဲ့လုဇယ်က သူ့လက်ဆွဲလို့ ထိုအခန်းထဲက ပြန်ထွက်သည်။  ရှန့်ဟန်မှာတော့ အတွေးထဲနစ်လို့။ သူ့ဘဝကို သေချာပြန်ဆန်းစစ်နေရပြီ၊ သူ ပုံရိပ်ယောင်ဇာတ်ကောင်တစ်ခုကို ကြိုက်မိသွားတာလား??

ဖြတ်သွားဖြတ်လာဝန်ထမ်းတွေက သူတို့ကိုမြင်တာနဲ့ မျက်နှာတွေမှာ ကြည်ညိုလေးစားတဲ့အရိပ်အယောင်တွေ ပေါ်လာသည်။ ဘယ်ဘက်လက်တစ်ဖက်ထဲနဲ့ လက်စွမ်းပြသွားပုံက အားလုံးရဲ့စိတ်ထဲမှာ ထူးခြားစွာ စွဲထင်နေရစ်သည်။

အမှုမှာ အမြန်ပဲ ဖြေရှင်းလိုက်နိုင်သည်။ ရဲဘက်က ထျန်းချန်အနေနဲ့ လွဲမှားစွပ်စွဲခံရကြောင်း အမြန်ထုတ်ပြန်ပေးတာမို့ ကြီးမားတဲ့ထိခိုက်မှုမရှိလိုက်။

Huskyကလည်း 'ဝေပေါ်'မှာ ကာကွယ်ပြောဆိုပေးတာမို့ အတင်းအဖျင်းတွေနဲ့ ထိခိုက်မှုတော်တော်များများ လျော့ပါးသွားလေသည်။

ကုမ္ပဏီရဲ့အခက်အခဲကာလ အဆုံးသတ်တော့၊ ရှန်းဟန်က လုဇယ်ရဲ့မိသားစုအပေါ်  ပိုအာရုံထားမိလာသည်။ လုဟိုင်ရဲ့ ပြစ်မှုသတင်း ပေါ်ထွက်လာပြီးနောက် ထိုသားအမိနဲ့ လုဇယ်ကြားက အဖုအထစ်ပြဿနာတွေအကြောင်းပါ သတင်းပေါက်လာသည်လေ။

အင်တာနက်ပေါ်က အတင်းအဖျင်းတွေကြည့်ရင်း ရှန့်ဟန် လုဇယ်ကိုမမေးဘဲမနေနိုင်၊ "မင်းအမေရဲ့ ကားမတော်တဆမှုက.. တမင်ကြံစည်ခံခဲ့ရတာလား?"

"အဲ့လိုယူဆတာပေါ့.. သက်သေတော့ မရှိပေမဲ့" လုဇယ်မျက်နှာမကောင်း။ ခဏနေတော့ ခါးသက်သက်ပြုံးပြီး၊ "အဲ့တုန်းက ကိုယ် တက္ကသိုလ်ဝင်ခွင့်ဖြေမယ့်အချိန်လေ၊ ဘာပြဿနာတွေရှိခဲ့လဲ ကိုယ့်အမေက ကိုယ့်ကိုရင်မဖွင့်ခဲ့ဘူး"

"စိတ်မကောင်းပါဘူး" ရှန့်ဟန် သူ့ကိုနှစ်သိမ့်ပေးချင်ခဲ့တာပေမဲ့ ရုတ်တရက် ဆွဲဖက်ခံလိုက်ရသည်။ နည်းနည်းတော့ ကို့ရို့ကားယားနိုင်သွားပေမဲ့ ထိခိုက်မထားတဲ့ ဘယ်လက်ကိုအသာဆွဲထုတ်ပြီး ညင်သာသွာ ပြန်ဖက်ပေးထားလိုက်သည်။ အတွေးတွေ ရှုပ်ထွေးနေပြီး ကိုယ့်ကိုကိုယ်လည်းအားမလိုအားမရဖြစ်မိသည်။

တကယ်တမ်း လုဇယ် စိတ်မကောင်းဖြစ်သွားတာ တစ်ခဏသာ။ ဘာပဲဖြစ်ဖြစ် ကုမ္ပဏီပြဿနာလည်း ဖြေရှင်းနိုင်ထားတော့ သူ့စိတ်ကအတော်ကြည်နေသည်။

အိမ်ပြန်ရောက်တာနဲ့ ရှယ်ချက်ပြုတ်တော့သည်။ ရှန့်ဟန်လည်း စိတ်ကြိုက်စားသောက်ပြီးတာနဲ့၊ လုဇယ်ရဲ့ အကြံဆိုးကြီးနဲ့ခေါ်တဲ့နောက် ပါသွားရပြန်သည်။ လုဇယ်အခန်းထဲမှာပဲ ချော့မော့လိုက်၊ ဖျားယောင်းလိုက်နဲ့ သူတို့ တစ်ကြိမ်အတူနေဖြစ်ခဲ့ကြသည်။

ဒီကိစ္စနဲ့ပါတ်သက်လို့ ရှန့်ဟန် နည်းနည်းတောင်ရင်းနှီးကျွမ်းဝင်လို့နေပြီ၊ ၂ကြိမ်တောင် ကြုံပြီးပြီမဟုတ်လား။ သူ့ပင်ကိုသဘောအရဆို တွန့်ဆုတ်ပေမဲ့၊ ရှန့်ဟန်က လက်တွေ့ကိုတော့ မြန်မြန်လက်ခံရင်ဆိုင်နိုင်စွမ်းရှိသည်မို့။

နောက်နေ့မှာ ရှန့်ဟန် ခါးနာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လုဇယ်နဲ့အတူ အလုပ်မသွားဘဲနေရစ်သည်။ လုဇယ်ထွက်သွားတာနဲ့ တိတ်တိတ်လေးခိုးထွက်ပြီး ကျောက်ယွင်ကျစ်နောက်ကို လိုက်ကြည့်တော့သည်။

ရက်အနည်းငယ်ကြာပြီးနောက်မှာ သူ့ရဲ့စိတ်စွမ်းအင်ကိုသုံးဖို့အခွင့်အရေးရပြီး ကျောက်ယွင်ကျစ်ကို ဖိအားပေးမေးခဲ့သည်၊ ပစ်မှတ်ရဲ့အမေက အသတ်ခံခဲ့ရတာပင်။ အဲ့ဒီနောက် သဲလွန်စတစ်ခုရတာနဲ့ ဒရိုင်ဘာရဲ့အိမ်ကို သွားသည်။ လှည့်ကွက်တချို့နဲ့ သူစိတ်စွမ်းအင်ကိုသုံးပြီးနောက် ကျောက်ယွင်ကျစ်က ဒရိုင်ဘာကိုခြိမ်းခြောက်ထားတဲ့မှတ်တမ်း ရခဲ့သည်။

အသံဖိုင်ကိုနားထောင်နေတုန်း၊ လုဇယ် တံခါးပေါက်မှာရောက်နေတာကို သတိမထားမိလိုက်။ အသံဖိုင်မှာပါတာတွေကိုကြားပြီးနောက် လုဇယ်မျက်နှာမှောင်ကျသွားသည်။

"ဒါဘယ်ကရခဲ့တာလဲ?" ရှန့်ဟန်မျက်နှာကို တည့်တည့်ကြည့်ရင်း သူ့အသံကို အတတ်နိုင်ဆုံး တည်တည်ငြိမ်ငြိမ်ထားလို့ မေးလိုက်သည်။

"ငါ ဒါကို တစ်ယောက်ယောက်ကိုခိုင်းပြီး ကျောက်ယွင်ကျစ်ကွန်ပြူတာထဲကနေ ရအောင်ထုတ်ခိုင်းထားတာ" ရှန့်ဟန် သတိထားပြီး ပြောလိုက်သည်။ သူပြောတာက ယုံလောက်စရာသိပ်မရှိသေးဘူးတွေးမိတာမို့ ထပ်ဖြည့်ပြောလိုက်သည်၊ "ငါ့ဆရာလေ.. သူက အရမ်းတော်တာ"

လုဇယ်သူ့ကို ခဏတော့ ဒီတိုင်းကြည့်နေပြီးမှ ရုတ်တရက်ဖက်လာသည်။ "ကျေးဇူးပါ" တိုးတိုးလေးပြောရင်း။

ရှန့်ဟန် အဲ့တော့မှ သက်မချနိုင်ပြီး အတွန့်တက်နိုင်သည်၊ "ငါ့လက်.. ငါ့လက်.."

လုဇယ်က အမြန်လွှတ်ပေးပြီး သူအဆင်ပြေရဲ့လား စစ်ကြည့်ကာ စိတ်ချရမှ ဆက်မေးသည်၊ "မင်းဆရာက ဘယ်သူလဲ? နည်းပညာပိုင်းကို သူ့ဆီကနေ သင်ခဲ့တာလား?"

"ဒါပေါ့..ဒါပေါ့.. အယ် ဒါပေမဲ့ သူဘယ်သူလဲတော့ ငါလည်း အတိအကျမသိဘူး"

လုဇယ်တစ်ခုခုပြန်တွေးနေပုံရပြီး ခဏကြာမှ ဆက်ပြောသည်၊ "ဟိုတစ်ခါက ကိုယ့်ဆီအကြောင်းကြားတာလည်း သူပဲနေမယ်.. မင်းသုံးသွားတဲ့နည်းတွေကို ရင်းနှီးသလိုအောက်မေ့နေတာ ဒါကြောင့်ကိုး"

"ဟုတ်.ဟုတ်လား? ဟီးဟီး.." ပိုတောင်အပြစ်ရှိလာသလို ခံစားရသည်။

အသံဖိုင်ကိုရပြီးတာနဲ့ လုဇယ် ချက်ချင်းလုပ်ဆောင်တော့သည်။

ခုန်းသယ်ချန်လို့ခေါ်တဲ့ ထိုဒရိုင်ဘာမှာ အရက်သမား၊ လောင်းကစားသမားပင်။ ပစ်မှတ်ရဲ့အမေကို ကားနဲ့တိုက်သတ်ခဲ့တဲ့နေ့က အရမ်းအရက်မူးနေခဲ့ပြီး၊ ဒီတိုင်း မူးပြီးမောင်းတဲ့အမှုအနေနဲ့ပဲ မှတ်ချက်ပြုခံထားရသည်။ ထိုစဥ်က မူးပြီးမောင်းခြင်းက သိပ်ပြစ်မှုမကြီးခဲ့ပေ။ ဒရိုင်ဘာအနေနဲ့ အရင်ကပြစ်မှုကင်းရှင်းခဲ့တာရော အပြစ်ကိုဝန်ခံခဲ့တာရောကြောင့် ၁၀နှစ်သာ ထောင်ကျခဲ့သည်။ ထောင်ကျပြီးတော့လည်း အပြုအမူကောင်းစွာနေခဲ့တာမို့ ၄နှစ်တောင်လျှော့ရက်ရခဲ့သည်။ ဒီကြားထဲတစ်ခုခုသာ မလွဲချော်ခဲ့ရင် နောက်နှစ်ဆို လွတ်ခဲ့တော့မှာပင်။

သိပ်မကြာလိုက် အမှုကိုပြန်ဖွင့်ပြီး ပြန်စစ်ခဲ့သည်။ ယာယီချုပ်နှောင်ခံစစ်ဆေးခံထားရာက ထွက်လာတာနဲ့ သူ့အမေပါ ထောင်ချခံလိုက်ရတာကိုသိတော့ လုဟိုင် ဒေါသတွေဆောင့်ထွက်ကုန်တော့သည်။

{Z}

ဖက္ဒေရးရွင္းရဲ႕ အဆင့္ျမင့္တိုက္ခိုက္ေရးSystemျဖစ္တာနဲ႔အညီ၊ System009က ဇာတ္လိုက္ကိုတန္ျပန္တိုက္ဖို႔ တိုက္ပြဲတြင္းပစ္ဝင္ရင္း ကုတ္ေတြေရးကူသည္။ ဒီလိုအေထာက္အပံ့နဲ႔လုဇယ္က က်ားကိုအေတာင္တပ္ေပးလိုက္သလို၊ ပို၍အားေကာင္းလာသည္။ အခ်ိန္တိုအတြင္း ျပႆနာကို ေျဖရွင္းႏိုင္လိုက္႐ုံအက၊ ဗိုင္းရပ္စ္ရဲ႕ အရင္းအျမစ္ကိုပါ ရွာေတြ႕ခဲ့သည္။

နာရီဝက္အၾကာမွာ၊ 'လုရွီး'ဂ႐ုအတြင္း ရဲေတြဝင္ေရာက္စီးနင္းတာခံရေတာ့သည္။ လုရွီး၏ လက္ရွိတာဝန္ခံ ဒုဥကၠဌ လုဟိုင္မွာ အစစ္ေဆးခံရဖို႔ ရဲစခန္းကို တခါတည္းပါသြားရေတာ့သည္။

တစ္ခ်ိန္ထဲမွာပဲ ခ်န္ေရွာင္ဖုန္းက ေစာင့္ၾကည့္ကင္မရာမွတ္တမ္းတစ္ခုကို သက္ေသအေနျဖင့္ ရဲလက္သို႔ အပ္လိုက္သည္။

နည္းပညာဌာနအတြင္းရွိလူေတြအားလုံး မင္သက္ကုန္ရသည္။ စြင္းရႈယာပုံမွာလည္းျဖဴေဖ်ာ့လို႔ ျဖစ္သြားတာေတြကို မယုံႏိုင္စြာ။ လုဇယ္ကိုၾကည့္ၿပီး ေျပာလာတဲ့အသံမွာ တုန္ယီစြာ၊ "ငါ့ကို သံသယဝင္ေနခဲ့တာေပါ့?"

"မင္းပုံစံကိုက ျမင္သာလြန္းေနတာပါ.." လုဇယ္ စိတ္ေအးသက္သာပဲ အၾကည့္လႊဲသြားသည္။

"မဟုတ္ဘူး.. ဒီလိုမဟုတ္ဘူး.. ဒီလိုျဖစ္ရမွာ မဟုတ္ဘူးေလ.." စြင္းရႈယာတစ္ေယာက္ ေခါင္းကိုတြင္တြင္ရမ္းလို႔ လုဇယ္ကိုပဲ စိုက္ၾကည့္ေနခဲ့သည္။ သူမယုံႏိုင္၊ "မင္းက ငါ့ကိုႀကိဳက္ရမွာေလ.. ဘာလို႔ အကုန္လြဲကုန္တာလဲ?"

ေဘးကပရိတ္သတ္မွာ တစ္ေယာက္ကိုတစ္ေယာက္ အၾကည့္ခ်င္းဖလွယ္မိၾကၿပီး လုဇယ္ဆီ ဆက္ၿပဳံၾကည့္ၾကျပန္သည္။

လုဇယ္ စိတ္အေႏွာက္အယွက္ျဖစ္သြားရသည္၊ "မင္းဘာေတြေနလဲဆိုတာ ငါနားမလည္ေတာ့ဘူး"

ေျပာၿပီး၊ အေယာင္ေယာင္အမွားမွားနဲ႔ ရွန္႔ဟန္လက္ကို လွမ္းဆြဲလို႔ စိတ္ရႈပ္ေထြးေနတဲ့မ်က္ႏွာေပးေလး လုပ္ျပသည္။ ဒါကိုစြင္းရႈယာျမင္ေတာ့ မလိုမုန္းထားမႈေတြ၊ စိတ္ပ်က္ျခင္းေတြ သူ႔မ်က္လုံးမွာ ထင္ဟပ္လာသည္။

ရွန္႔ဟန္လည္း ေၾကာင္အသြားၿပီး Systemကိုလွမ္းေမးသည္၊ [ေရွာင္က်ဳံ၊ အေျခအေနက ေျပာထားတာနဲ႔ သိပ္မတူေတာ့သလိုပဲ]

[ဒါေပမဲ့ သူတကယ္ပဲ ပစ္မွတ္ရဲ႕ကုမၸဏီကို လုပ္ႀကံဇာတ္လမ္းဆင္ခဲ့တာ။ ဒါကလည္း 'အခ်စ္'ကို ေဖာ္ျပျခင္းတစ္မ်ိဳးျဖစ္ပုံပဲ။ လူသားေတြရဲ႕ခံစားခ်က္က တကယ္ကို ရႈပ္ေထြးတယ္] Systemကိုယ္တိုင္လည္း လိုက္မမီေတာ့။

စြင္းရႈယာ ေခၚေဆာင္သြားခံရၿပီးတာနဲ႔ နည္းပညာဌာနကလူေတြလည္း လူစုခြဲသြားၾကေတာ့သည္။

အားလုံးလည္း အခုမွ သက္မခ်ႏိုင္သည္။ ခ်န္ေရွာင္ဖုန္းက ရွန္႔ဟန္ကို စုန္ခ်ည္ဆန္ခ်ည္ၾကည့္ရင္း တိုးတိုးကပ္ေျပာသည္၊ "လက္ေထာက္ႀကီး၊ ခင္ဗ်ားက တကယ္ကိုလွ်ိဳထားတာပဲ။ ကြၽန္ေတာ္တို႔ နည္းပညာဌာနကို လာအားျဖည့္ဖို႔ စိတ္ကူးမရွိဘူးလား?"

လုဇယ္က ခ်က္ခ်င္းပဲ ႏွစ္ေယာက္ၾကားဝင္ရပ္လိုက္သည္။ ရွန္႔ဟန္ႏႈတ္ဆိတ္ေနတာျမင္ေတာ့၊ ႐ုတ္တရက္ သူ႔စိတ္ထဲ​ပူပင္လာသည္။ သူရွန္႔ဟန္ကို တျခားအခန္းတစ္ခန္းထဲ ဆြဲေခၚသြားၿပီး ေသခ်ာရွင္းျပရေတာ့သည္၊ "စြင္းရႈယာေပါက္ကရေျပာတာေတြကို နားမေထာင္နဲ႔.. အလုပ္ကိစၥကလြဲ ကိုယ္သူနဲ႔ဘာမွမပက္သက္ဖူးဘူးရယ္.."

"အန္..သိတယ္ေလ.." ရွန္႔ဟန္ ေခါင္းညိတ္လိုက္သည္။

လုဇယ္ စိတ္သက္သာရာရလို႔ အသက္ေျဖာင့္ေျဖာင့္ရႈႏိုင္ေလၿပီ၊ ဆိုေပမဲ့ ေသခ်ာေတြးၾကည့္ေတာ့လည္း တစ္ခုခုလြဲေနသလို ခံစားရျပန္သည္။ သူျဖည္းျဖည္းေမးလိုက္သည္၊ "မင္း.. စိတ္မတိုဘူးလား?"

"မတိုပါဘူး" ရွန္႔ဟန္ ဒီတိုင္းပဲ ေခါင္းရမ္းေျဖလာသည္။

ထူးထူးဆန္းဆန္း လုဇယ္ စိတ္ပ်က္မိသည္။ ခ်က္ခ်င္းပဲ ရွန္႔ဟန္ကို နံရံဆီတြန္းကပ္လိုက္သည္။ သူ႔ေလသံက အေတာ္မေပ်ာ္မ႐ႊင္နဲ႔၊ သိပ္ေၾကနပ္ေနပုံမေပၚ၊ "ဘာလို႔ မင္းပုံက လုံးဝအာ႐ုံမထားသလို ျဖစ္ေနတာလဲ? ကိုယ္သူ႔ကို သေဘာက်တယ္လို႔ ေျပာရင္ေတာင္ စိတ္မတိုဘူးလား?"

ရွန္႔ဟန္ ခဏၿငိမ္သြားေသးသည္၊ ၿပီးမွ ျပန္ေျဖတာက၊ "ဒါေပမဲ့ မင္းမွ အဲ့လိုမေျပာတာ.."

"တကယ္လို႔ ေျပာရင္ေရာ?" လုဇယ္ လက္မေလွ်ာ့။

ရွန္႔ဟန္ ခဏေလာက္ထပ္စဥ္းစားၾကည့္ေတာ့ သူ႔ရင္ထဲ နည္းနည္းေတာ့တင္းၾကပ္လာတာကို ခံစားမိသည္။ စကားတစ္ခြန္းမဆိုႏိုင္၊ သူ႔ေခါင္းက ငုံ႔က်သြားရသည္။

"ကိုယ္မင္းကို ဒီလိုေမးေတာ့ ဘယ္လိုခံစားရလဲ?" ရွန္႔ဟန္ အသံတိတ္ၿမဲတိတ္ေနတာမို႔ လုဇယ္ ေမးခြန္းေျပာင္းေမးျပန္သည္။

သူ႔ကိုေမာ့ၾကည့္ၿပီးေျပာလာတဲ့ ရွန္႔ဟန္အသံက တိုးတိုးညက္ညက္၊ "နည္းနည္းေတာ့ စိတ္ထဲေနရခက္တယ္"

ခ်က္ခ်င္းဆိုသလို လုဇယ္မ်က္ဝန္းေတြ ေတာက္ပသြားသည္။ ရွန္႔ဟန္ကို ငုံ႔နမ္းလိုက္ၿပီး နားနားကပ္လို႔ ေႏြးေထြးၾကင္နာစြာ ေျပာသည္၊ "ကိုယ္သိတာေပါ့. မင္းကိုယ့္ကိုသေဘာက်မွန္း.."

ရင္ထဲ ဒိတ္ကနဲခုန္သြားတာမို႔ ရွန္႔ဟန္ အလန္႔တၾကားနဲ႔ လုဇယ္ကို တြန္းထုတ္လိုက္သည္။ သူ႔မ်က္ႏွာလည္း အေတာ္နီရဲေနေလာက္ၿပီ။

ၿပဳံးေပ်ာ္ေနတဲ့လုဇယ္က သူ႔လက္ဆြဲလို႔ ထိုအခန္းထဲက ျပန္ထြက္သည္။  ရွန္႔ဟန္မွာေတာ့ အေတြးထဲနစ္လို႔။ သူ႔ဘဝကို ေသခ်ာျပန္ဆန္းစစ္ေနရၿပီ၊ သူ ပုံရိပ္ေယာင္ဇာတ္ေကာင္တစ္ခုကို ႀကိဳက္မိသြားတာလား??

ျဖတ္သြားျဖတ္လာဝန္ထမ္းေတြက သူတို႔ကိုျမင္တာနဲ႔ မ်က္ႏွာေတြမွာ ၾကည္ညိဳေလးစားတဲ့အရိပ္အေယာင္ေတြ ေပၚလာသည္။ ဘယ္ဘက္လက္တစ္ဖက္ထဲနဲ႔ လက္စြမ္းျပသြားပုံက အားလုံးရဲ႕စိတ္ထဲမွာ ထူးျခားစြာ စြဲထင္ေနရစ္သည္။

အမႈမွာ အျမန္ပဲ ေျဖရွင္းလိုက္ႏိုင္သည္။ ရဲဘက္က ထ်န္းခ်န္အေနနဲ႔ လြဲမွားစြပ္စြဲခံရေၾကာင္း အျမန္ထုတ္ျပန္ေပးတာမို႔ ႀကီးမားတဲ့ထိခိုက္မႈမရွိလိုက္။

Huskyကလည္း 'ေဝေပၚ'မွာ ကာကြယ္ေျပာဆိုေပးတာမို႔ အတင္းအဖ်င္းေတြနဲ႔ ထိခိုက္မႈေတာ္ေတာ္မ်ားမ်ား ေလ်ာ့ပါးသြားေလသည္။

ကုမၸဏီရဲ႕အခက္အခဲကာလ အဆုံးသတ္ေတာ့၊ ရွန္းဟန္က လုဇယ္ရဲ႕မိသားစုအေပၚ  ပိုအာ႐ုံထားမိလာသည္။ လုဟိုင္ရဲ႕ ျပစ္မႈသတင္း ေပၚထြက္လာၿပီးေနာက္ ထိုသားအမိနဲ႔ လုဇယ္ၾကားက အဖုအထစ္ျပႆနာေတြအေၾကာင္းပါ သတင္းေပါက္လာသည္ေလ။

အင္တာနက္ေပၚက အတင္းအဖ်င္းေတြၾကည့္ရင္း ရွန္႔ဟန္ လုဇယ္ကိုမေမးဘဲမေနႏိုင္၊ "မင္းအေမရဲ႕ ကားမေတာ္တဆမႈက.. တမင္ႀကံစည္ခံခဲ့ရတာလား?"

"အဲ့လိုယူဆတာေပါ့.. သက္ေသေတာ့ မရွိေပမဲ့" လုဇယ္မ်က္ႏွာမေကာင္း။ ခဏေနေတာ့ ခါးသက္သက္ၿပဳံးၿပီး၊ "အဲ့တုန္းက ကိုယ္ တကၠသိုလ္ဝင္ခြင့္ေျဖမယ့္အခ်ိန္ေလ၊ ဘာျပႆနာေတြရွိခဲ့လဲ ကိုယ့္အေမက ကိုယ့္ကိုရင္မဖြင့္ခဲ့ဘူး"

"စိတ္မေကာင္းပါဘူး" ရွန္႔ဟန္ သူ႔ကိုႏွစ္သိမ့္ေပးခ်င္ခဲ့တာေပမဲ့ ႐ုတ္တရက္ ဆြဲဖက္ခံလိုက္ရသည္။ နည္းနည္းေတာ့ ကို႔႐ို႕ကားယားႏိုင္သြားေပမဲ့ ထိခိုက္မထားတဲ့ ဘယ္လက္ကိုအသာဆြဲထုတ္ၿပီး ညင္သာသြာ ျပန္ဖက္ေပးထားလိုက္သည္။ အေတြးေတြ ရႈပ္ေထြးေနၿပီး ကိုယ့္ကိုကိုယ္လည္းအားမလိုအားမရျဖစ္မိသည္။

တကယ္တမ္း လုဇယ္ စိတ္မေကာင္းျဖစ္သြားတာ တစ္ခဏသာ။ ဘာပဲျဖစ္ျဖစ္ ကုမၸဏီျပႆနာလည္း ေျဖရွင္းႏိုင္ထားေတာ့ သူ႔စိတ္ကအေတာ္ၾကည္ေနသည္။

အိမ္ျပန္ေရာက္တာနဲ႔ ရွယ္ခ်က္ျပဳတ္ေတာ့သည္။ ရွန္႔ဟန္လည္း စိတ္ႀကိဳက္စားေသာက္ၿပီးတာနဲ႔၊ လုဇယ္ရဲ႕ အႀကံဆိုးႀကီးနဲ႔ေခၚတဲ့ေနာက္ ပါသြားရျပန္သည္။ လုဇယ္အခန္းထဲမွာပဲ ေခ်ာ့ေမာ့လိုက္၊ ဖ်ားေယာင္းလိုက္နဲ႔ သူတို႔ တစ္ႀကိမ္အတူေနျဖစ္ခဲ့ၾကသည္။

ဒီကိစၥနဲ႔ပါတ္သက္လို႔ ရွန္႔ဟန္ နည္းနည္းေတာင္ရင္းႏွီးကြၽမ္းဝင္လို႔ေနၿပီ၊ ၂ႀကိမ္ေတာင္ ႀကဳံၿပီးၿပီမဟုတ္လား။ သူ႔ပင္ကိုသေဘာအရဆို တြန္႔ဆုတ္ေပမဲ့၊ ရွန္႔ဟန္က လက္ေတြ႕ကိုေတာ့ ျမန္ျမန္လက္ခံရင္ဆိုင္ႏိုင္စြမ္းရွိသည္မို႔။

ေနာက္ေန႔မွာ ရွန္႔ဟန္ ခါးနာတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ လုဇယ္နဲ႔အတူ အလုပ္မသြားဘဲေနရစ္သည္။ လုဇယ္ထြက္သြားတာနဲ႔ တိတ္တိတ္ေလးခိုးထြက္ၿပီး ေက်ာက္ယြင္က်စ္ေနာက္ကို လိုက္ၾကည့္ေတာ့သည္။

ရက္အနည္းငယ္ၾကာၿပီးေနာက္မွာ သူ႔ရဲ႕စိတ္စြမ္းအင္ကိုသုံးဖို႔အခြင့္အေရးရၿပီး ေက်ာက္ယြင္က်စ္ကို ဖိအားေပးေမးခဲ့သည္၊ ပစ္မွတ္ရဲ႕အေမက အသတ္ခံခဲ့ရတာပင္။ အဲ့ဒီေနာက္ သဲလြန္စတစ္ခုရတာနဲ႔ ဒ႐ိုင္ဘာရဲ႕အိမ္ကို သြားသည္။ လွည့္ကြက္တခ်ိဳ႕နဲ႔ သူစိတ္စြမ္းအင္ကိုသုံးၿပီးေနာက္ ေက်ာက္ယြင္က်စ္က ဒ႐ိုင္ဘာကိုၿခိမ္းေျခာက္ထားတဲ့မွတ္တမ္း ရခဲ့သည္။

အသံဖိုင္ကိုနားေထာင္ေနတုန္း၊ လုဇယ္ တံခါးေပါက္မွာေရာက္ေနတာကို သတိမထားမိလိုက္။ အသံဖိုင္မွာပါတာေတြကိုၾကားၿပီးေနာက္ လုဇယ္မ်က္ႏွာေမွာင္က်သြားသည္။

"ဒါဘယ္ကရခဲ့တာလဲ?" ရွန္႔ဟန္မ်က္ႏွာကို တည့္တည့္ၾကည့္ရင္း သူ႔အသံကို အတတ္ႏိုင္ဆုံး တည္တည္ၿငိမ္ၿငိမ္ထားလို႔ ေမးလိုက္သည္။

"ငါ ဒါကို တစ္ေယာက္ေယာက္ကိုခိုင္းၿပီး ေက်ာက္ယြင္က်စ္ကြန္ျပဴတာထဲကေန ရေအာင္ထုတ္ခိုင္းထားတာ" ရွန္႔ဟန္ သတိထားၿပီး ေျပာလိုက္သည္။ သူေျပာတာက ယုံေလာက္စရာသိပ္မရွိေသးဘူးေတြးမိတာမို႔ ထပ္ျဖည့္ေျပာလိုက္သည္၊ "ငါ့ဆရာေလ.. သူက အရမ္းေတာ္တာ"

လုဇယ္သူ႔ကို ခဏေတာ့ ဒီတိုင္းၾကည့္ေနၿပီးမွ ႐ုတ္တရက္ဖက္လာသည္။ "ေက်းဇူးပါ" တိုးတိုးေလးေျပာရင္း။

ရွန္႔ဟန္ အဲ့ေတာ့မွ သက္မခ်ႏိုင္ၿပီး အတြန္႔တက္ႏိုင္သည္၊ "ငါ့လက္.. ငါ့လက္.."

လုဇယ္က အျမန္လႊတ္ေပးၿပီး သူအဆင္ေျပရဲ႕လား စစ္ၾကည့္ကာ စိတ္ခ်ရမွ ဆက္ေမးသည္၊ "မင္းဆရာက ဘယ္သူလဲ? နည္းပညာပိုင္းကို သူ႔ဆီကေန သင္ခဲ့တာလား?"

"ဒါေပါ့..ဒါေပါ့.. အယ္ ဒါေပမဲ့ သူဘယ္သူလဲေတာ့ ငါလည္း အတိအက်မသိဘူး"

လုဇယ္တစ္ခုခုျပန္ေတြးေနပုံရၿပီး ခဏၾကာမွ ဆက္ေျပာသည္၊ "ဟိုတစ္ခါက ကိုယ့္ဆီအေၾကာင္းၾကားတာလည္း သူပဲေနမယ္.. မင္းသုံးသြားတဲ့နည္းေတြကို ရင္းႏွီးသလိုေအာက္ေမ့ေနတာ ဒါေၾကာင့္ကိုး"

"ဟုတ္.ဟုတ္လား? ဟီးဟီး.." ပိုေတာင္အျပစ္ရွိလာသလို ခံစားရသည္။

အသံဖိုင္ကိုရၿပီးတာနဲ႔ လုဇယ္ ခ်က္ခ်င္းလုပ္ေဆာင္ေတာ့သည္။

ခုန္းသယ္ခ်န္လို႔ေခၚတဲ့ ထိုဒ႐ိုင္ဘာမွာ အရက္သမား၊ ေလာင္းကစားသမားပင္။ ပစ္မွတ္ရဲ႕အေမကို ကားနဲ႔တိုက္သတ္ခဲ့တဲ့ေန႔က အရမ္းအရက္မူးေနခဲ့ၿပီး၊ ဒီတိုင္း မူးၿပီးေမာင္းတဲ့အမႈအေနနဲ႔ပဲ မွတ္ခ်က္ျပဳခံထားရသည္။ ထိုစဥ္က မူးၿပီးေမာင္းျခင္းက သိပ္ျပစ္မႈမႀကီးခဲ့ေပ။ ဒ႐ိုင္ဘာအေနနဲ႔ အရင္ကျပစ္မႈကင္းရွင္းခဲ့တာေရာ အျပစ္ကိုဝန္ခံခဲ့တာေရာေၾကာင့္ ၁၀ႏွစ္သာ ေထာင္က်ခဲ့သည္။ ေထာင္က်ၿပီးေတာ့လည္း အျပဳအမူေကာင္းစြာေနခဲ့တာမို႔ ၄ႏွစ္ေတာင္ေလွ်ာ့ရက္ရခဲ့သည္။ ဒီၾကားထဲတစ္ခုခုသာ မလြဲေခ်ာ္ခဲ့ရင္ ေနာက္ႏွစ္ဆို လြတ္ခဲ့ေတာ့မွာပင္။

သိပ္မၾကာလိုက္ အမႈကိုျပန္ဖြင့္ၿပီး ျပန္စစ္ခဲ့သည္။ ယာယီခ်ဳပ္ေႏွာင္ခံစစ္ေဆးခံထားရာက ထြက္လာတာနဲ႔ သူ႔အေမပါ ေထာင္ခ်ခံလိုက္ရတာကိုသိေတာ့ လုဟိုင္ ေဒါသေတြေဆာင့္ထြက္ကုန္ေတာ့သည္။

Continue Reading

You'll Also Like

3.7M 270K 52
ဝိညာဉ်လွင့်ပြီးပရလောကကို ရောက်သွားတဲ့ ကောင်‌ငယ်လေးရဲ့ အချစ်ဇာတ်လမ်း started date - 26.1.2023 ended date - 31.3. 2023
915K 100K 76
ကိုယ်က ဇာတ်ကြောင်းပြောပုံစံလေးတွေဆို တအားကြိုက်တာမို့... ဇာတ်ကြောင်းပြောပုံစံမျိုးပဲရေးမှာပါနော်။ ကိုယ့်အကြောင်းကို ကိုယ်ဘာသာပြောပြနေသလိုမျိုးပါ ကိုယ...
55.4K 5.9K 83
I don't own this story! Alternative- 农家小福妻有法术 Status - Chapter 1025 (complete) Author- beyond the moon Genres - romance
1M 40.3K 50
ဒုတိယအကြိမ် ပြန်တင်ခြင်း....