၄၄၉။အားအနည်းဆုံး အဖွဲ့လော, အားအကောင်းဆုံး အဖွဲ့လော-၂
ဂျန်ဝုရီက တိုတိုတုတ်တုတ်ဖြင့် ဖန်ဂျင်နှင့် ကျောက်ချူကို မိတ်ဆက်ပေးသည်။ ကျောက်ချူက ခဏလေးဖြင့် ပြန်ပြုံးလာလေ၏။
ဟားဟား... မင်းကို အများကြီး ကျေးဇူးတင်တယ်၊ ငါတို့ ရှီလေးကို စောင့်ရှောက်ပေးလို့၊ ငါတို့ အင်မတန် စိတ်သက်သာသွားရပြီ။
မဟုတ်ပါဘူး, ငါ အများကြီး လုပ်ပေးမထားပါဘူး။
ယဉ်ကျေးပျူငှာစွာ စနောက်ကျီစယ်ပြီးနောက် ဂျန်ဝုရှီက သူတို့ကို စူးစမ်းလိုစွာ ကြည့်၍ ပြောသည် ငါတို့နဲ့ တောအုပ်ထဲ လိုက်ခဲ့မလား။
ကျိန်းသေတာပေါ့၊ ငါတို့လည်း အခုပဲ မင်းကို လာရှာတော့မလို့။ ကျောက်ချူက ရယ်ရယ်မောမောဖြင့် ပြောသည်။
လိပ်ပြာသားရဲတောအုပ်သို့ ယာယီအဖွဲ့အနေဖြင့် အတူတူ ဝင်ရောက်ရန် သူတို့ သဘောတူကြသည်။ ဌာနခွဲမှ ကျောင်းသားများက ဂျန်ဝုရှီတို့နှင့် အတူ သစ်ပင်အောက်မှ ထွက်ခွာသွားသော ကျောက်ချူတို့အဖွဲ့ကို ကြည့်ကြသည်။ သူတို့ အားကျကာ မနာလို ဖြစ်သွားကြ၏။
မဟာဌာနမှ ကျောင်းသားများက ဖန်ဂျင်အား ဌာနခွဲမှ ကျောင်းသားအနည်းငယ်နှင့် အတူ အဖွဲ့ဖွဲ့သည်ကို တွေ့မြင်၍ ကျယ်လောင်စွာ ရယ်မော လှောင်ပြောင်လာကြသည်။
ဖန်ဂျင် အရမ်းနိမ့်ကျသွားတာပဲ၊ အမှိုက်ကောင်တွေကိုတောင် မှီခိုနေရပြီ၊ အသုံးမကျတဲ့ ကောင်တွေက လိပ်ပြာသားရဲတောအုပ်မှာ အကူအညီဖြစ်မယ်လို့ သူ တွေးနေတာလား။ ယင်ယန်က အတော်လှမ်းလှမ်းမှာ ရှိနေသော ဖန်ဂျင်ကို ကြည့်၍ အေးစက်စက် ရယ်လျက် ပြော၏။
နင်ရှင်းက ခဏတဖြုတ် လှည့်ကြည့်၍ ချက်ချင်းပင် ပြန်လှည့်သွားသည်။ သူ့မျက်လုံးအတွင်းမှာ အူမြူးခြင်းကို ဖုံးကွယ်ထားသည်။
သူ့ဘာသာ ရုန်းကန်နေပါစေ, ဘာဖြစ်ဖြစ် အဆုံးသတ် အဖြေက အတူတူပဲ ဖြစ်မှာ။
ယင်ယန် ပြုံးသွား၏။ ဖန်ဂျင်၏ ယုတ်နိမ့်သွားခြင်းက သူ့ကို အတော် ဝမ်းသာစေ၏။
မဟာဌာနမှ တပည့်များက ဌာနခွဲမှ တပည့်များနှင့် အသင်းဖွဲ့ခြင်းကို ကြားပင် မကြားဖူးကြချေ။ ဂျန်ဝုရှီ၏ သေးငယ်သော အဖွဲ့ကို သူတို့ ကြည့်၍ အကြီးအကျယ် လှောင်ပြောင်ကြသည်။ တချို့က သူတို့အဖွဲ့ကို အားအနည်းဆုံးအဖွဲ့ဟူ၍ပင် နာမည်တပ် ခေါ်ကြသည်။
ကျောက်ချူက သူတို့ပတ်ဝန်းကျင်မှ စော်ကားပြောဆိုသော တီးတိုးစကားများကို ကြားရသဖြင့် သူ့နှာခေါင်းကို အပြင်းအထန် ပွတ်သပ်သည်။ သူက ဆတ်ဆတ်ထိမခံသော လူစားမျိုးဟု သတ်မှတ်လို့ မရသော်လည်း သူတို့အုပ်စုကို နောက်ဘက်မှ တိုက်ရိုက် ကြည့်နေသော ထိုမျက်လုံးများကို ဓားထက်ထက်ဖြင့် ထိုးဆွနေသလို ခံစားလိုက်ရသည်။
ဌာနခွဲက တပည့်တွေက ဒီလောက် ဆိုးဆိုးဝါးဝါး ရွံစရာကောင်းနေတာလား ကျောက်ချူ မေးလေ၏။
အဲဒါတွေ နင်တို့တွေ အရေးစိုက်မနေကြနဲ့။ ဂျန်ဝုရှီက ခံစားချက်ကင်းမဲ့စွာ ပြောသည်။
ကျောက်ချူက နောက်ထပ် ပြောရန် ဟန်ပြင်စဉ် ဟွယောင်းက အကြည့်ဖြင့် သတိပေးလိုက်သည်။ သူ့အား ပါးစပ်ပိတ်ခိုင်းခြင်း ဖြစ်သည်။
မဟာဌာနမှ တပည့်များအားလုံး၏ တီးတိုးပြောဆိုနေသော အဓိကအကြောင်းကို သူတို့အားလုံး နားလည်ကြသည်။ ကျောက်ချူတစ်ယောက်တည်းသာ ဌာနခွဲမှ တပည့်များကို အထင်သေးရွံ့ရှာနေသည်ဟု တွေးထင်ခြင်း ဖြစ်သည်။ သို့သော် ဂရုတစိုက် နားထောင်ပါက ထိုတီးတိုးစကားများ အားလုံးက ဂျန်ရှီအား ပစ်မှတ်ထားပြောဆိုနေတာကို သိနိုင်မည် ဖြစ်သည်။
ငါ ပြောအုံးမယ်, ဂျန်ရှီ၊ မင်း မဟာဌာနကို ရောက်သွားတာ ဘယ်လောက်ကြာသေးလို့လဲ၊ မင်းက တစ်ယောက်နဲ့ အားလုံး ရန်သူ ဖြစ်အောင် လုပ်နိုင်လိုက်တာပဲလား သတင်းအချက်အလက်အားလုံးကို အကောင်းဆုံး စုစည်းနိုင်သော ဖေးယန်က လူအုပ်ကြားထဲ ဝင်၍ သတင်းအတိအကျ စုံးစမ်းသဖြင့် အဖြစ်အပျက်ကို တိတိကျကျ သိရှိသွားသည်။
သူကြားရသလောက် ထိုတပည့်များအားလုံး၏ မျက်လုံးထဲမှာ ဂျန်ရှီက စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းပြီး လုံးဝ သုံးစားမရအောင် ပျက်စီးနေသော ကောင်စုတ်ဟု မှတ်ယူထားကြသည်။
ဂျန်ဝုရှီက လုံးဝဥဿုံ အမူအရာကင်းမဲ့နေသည်။ သို့သော် ဖန်ဂျင်က အနည်းငယ် အခက်တွေ့ဟန် ဖြစ်နေ၏။
သူတို့ ပြောပုံအရဆိုရင် မင်းက ကျောင်းတော်မှာ အရှိနည်းတယ်ဆိုပဲ၊ ဒါဆို ဘာလို့ လိပ်ပြာသားရဲအမဲလိုက်ပွဲကို မင်း ပါဝင်ရတာလဲ ဖေးယန်က မေးသည်။ သိချင်စိတ် သီးသန့်ဖြင့်သာ မေးခြင်း ဖြစ်၏။ သူ ကြားထားတာ အားလုံးကို ဂရုစိုက်နေလို့ မဟုတ်ပေ။
လူ သတ်မလို့ ဂျန်ဝုရှီက တုံးတိတိ ဖြေသည်။
..........
.........
..........
..........
ဂျန်ဝုရှီမှ လွဲ၍ သူမအနားမှာ ရှိသော လူငါးယောက်က မျက်လုံးအပြူးသားဖြင့် ပုံရိပ်သေးသေးလေးကို ကြည့်သည်။ ဂျန်ရှီ၏ ခံစားခြင်း ကင်းမဲ့၍ တုံးတိတိ တုံ့ပြန်ချက်ကြောင့် သူတို့ ဘာစကား ပြန်ပြောရမှန်းပင် မသိကြတော့ချေ။
ကျောက်ချူက သူ့နဖူးတွင် အခုပင် ထွက်လာသော ချွေးများကို သုတ်၍ မေးသည် ရှီလေး.... ဒီအကြောင်းပြချက်က နည်းနည်း...အရမ်းကြမ်းတမ်းတယ်လို့.... မင်း မထင်ဘူးလား။
လူသတ်ဖို့တဲ့လား.....
ငါ့အသဲလေး ဂျန်ရှီ... မင်း နည်းနည်းလေး လျှော့ပြောလို့ မရနိုင်ဘူးလား။
မင်း...မင်း ဟာသပြောနေတာမို့လား ဂျန်ရှီ၏ အေးစက်လွန်းသော စကားကြောင့် ဖန်ဂျင်က တကယ်ပင် တုန်လှုပ်ချောက်ချားသွားသည်။ အေးစက်၍ အမူအရာကင်းမဲ့လွန်းသော ကောင်လေးက ကျောင်းတော်မှ စီမံပေးထားသော ခရီးကို ပထမဆုံးအကြိမ် ထွက်လာခဲ့သည်။ သူ့ရည်ရွယ်ချက် သီးသန့်က... မယုံကြည်နိုင်လောက်အောင် ကြမ်းတမ်းပေစွ။ ဂျန်ရှီက တကယ်ပင် တစ်စုံတယောက်ကို သတ်ဖြတ်ရန် သည်နေရာသို့ လာသည်ဟူ၍ သူ ယုံကြည်လို့ မရနိုင်ဖြစ်နေ၏။
ဂျန်ဝုရှီက ရုတ်တရက် ဖြူရော်သွားသော ဖန်ဂျင်ကို စူးစမ်းကာ ကြည့်၍ ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် မသေချာသလို တီးတိုးပြောလေ၏ ဟမ်။
ထို့နောက် ဖန်ဂျင်က စိတ်သက်သာရာရသွားသဖြင့် သက်ပြင်းလေးကြီး ချလိုက်တော့သည်။