မိုးကောင်းကင်အောက်မှကလဲ့စား (...

By KazunoMora

37.4K 3.2K 81

Mc က ဥာဏ်အရမ်းများပြီး စည်းရုံးသင့်တဲ့လူဆို စည်းရုံးပြီး အပြတ်ရှင်းပစ်သင့်တဲ့ လူဆို အပြတ်ရှင်းပစ်တတ်တဲ့ chara... More

🔥ရှင်းလင်းချက်🔥
အကျဉ်းချုပ် အက်ဥ္းခ်ဳပ္
853--854
855--856
857
858
859
860
861
862
863
864
865
866
867
868
869
870
871
872
873
874
875
876
877
878
879
880
881
882
Chapter (883)အတိတ်မှ စကားပြောသော အမှန်တရားများ
Chapter (884)ခွဲထွက်မည့် နည်းလမ်း
Chapter (885) "သေခြင်းမှ လွတ်မြောက်လာသောလူ"
Chapter (886) "ဂိုဏ်းအတွင်း ဆေးကြောခြင်း"
Chapter (887) "မစောင့်စားနိုင်တော့ခြင်း"
Chapter (888) "နီးလျက်နှင့်ဝေး"
Chapter (889)"သိုင်းလောကကြီးက ကောင်းတယ်"
Chapter (890) "ဂွမ်လင်းရှောင်"
Chapter (891)"ခင်ဗျားဘာတွေ ဖြစ်နေတာလဲ"
Chapter (892)"အနက်ရောင် မဟာမိတ်မြင်းတပ်"
Chapter (893)"ကျုပ်လည်း လိုက်မယ်"
Chapter (894)"မြင်းများ၏ ဘုရင်"
Chapter (895)"မြင်းဘုရင် လာပြီ"
Chapter (896)"အကျိုးနှင့်အကြောင်း"
Chapter (897)"အနက်ရောင် မြင်းတပ် အတွင်းဝယ်"
Chapter (898)"ရန်သူတွေ ဘယ်လောက်များသလဲ"
Chapter (899)"ရယ်မောခြင်း ဧကရာဇ်အတုမရှိတဲ့ သူရဲကောင်း"
Chapter (900)"ချက်ချင်းအကျိုးသက်ရောက်ခြင်း"
Chapter (901)"လိဝူလျန် ဆိုသည်မှာ"
Chapter (902)"ထိုအချက်ကြောင့်ပင်"
Chapter (903)"လူသားများ၏ လောဘစိတ်"
Chapter (904)"ဘာကြောင့်လဲ"
Chapter (905)"မင်းအတွက် တိုက်ခိုက်မယ့် မီးခိုးရောင်ဝံပုလွေ"
Chapter (906)"ကောင်းကင်ဝိညာဉ်တောင်"
Chapter (907)"ကောင်းကင်ဝိညာဉ် ချောက်ကမ်းပါး"
Chapter (908)"ကလဲ့စား လာချေသည့် မိန်းမပျို"
Chapter (909)"ချောက်ကမ်းပါးထဲ ခုန်ချခြင်း"
Chapter (910)"အနီရောင်နှင့် အဖြူရောင် တိမ်တိုက်များ"
Chapter (911)"ကောင်းကင်ဝိညာဉ် အငွေ့အသက်"
Chapter (912)"ဖရိုဖရဲ ဝိညာဉ်တိမ်တိုက်"
Chapter (913)"ပြင်းထန်စွာ စုပ်ယူခြင်း"
Chapter (914)"အရိုးများဖြင့် ပြည့်နှက်နေခြင်း"
Chapter (915)"ငါ့ရဲ့ဝိညာဉ်စွမ်းအားက မင်းရဲ့ခွန်အား"
Chapter (916)"လူသေသော်လည်း နာမည်မသေ"
Chapter (917)"လိဝူလျန် ဘယ်မှာလဲ"
Chapter (918)"မင်းက အသက်ရှင်နေသေးတယ်"
Chapter (919)"ထူးဆန်းသော မှိုပွင့်"
Chapter (920)"ဆိုးတူကောင်းဖက် သူငယ်ချင်း"
Chapter (921)"ဒါကဘဝပဲ"
Chapter (922)"တစ္ဆေမှို"
Chapter (923)"ကံကောင်းမှုက ဘယ်လိုများလဲ"
Chapter (924)"ငါကတကယ်ပဲ အဲဒီလို လူမျိုးလား"
Chapter (925)"ကြိုတင်ကတိတောင်းခြင်း"
Chapter (926)"ဆုံးရှုံးမခံနိုင်"
Chapter (927)"ရွှေရောင်လင်းယုန်"
Chapter (928)"လင်းယုန်ဘာသာစကား ပြောနိုင်သလား"
Chapter (929)"မင်း အရူးမလုပ်နဲ့"
Chapter (930)"ဆေးလုံးဖြင့် မျှားခေါ်ခြင်း"
Chapter (931)"မင်းကို ထိခွင့် မရှိဘူးလား"
Chapter (932)"ဉာဏ်တုံးသော လင်းယုန်ကြီး"
Chapter (933)"မီးအပ် . . ."
Chapter (934)"လင်းယုန်ကြီး၏ အမြန်နှုန်း"
Chapter (935)"မိုးကြိုးမုန်တိုင်း ရွှေလင်းယုန်"
Chapter (936)"ကြယ်ဓား"
Chapter (937)"အရွယ်ရောက်မှ ပြန်ဆုံကြမယ်"
Chapter (938)"အဆင့်တက်ခြင်း"
Chapter (939)"အရိပ်မဲ့"
Chapter (940)"ဓားချက်တစ်ချက်ဖြင့် ပြဿနာကို ဖြေရှင်းခြင်း"
Chapter (941)"ဒေါသထွက်သွားခြင်း"
Chapter (942)"မင်းဘယ်သူလဲ"
Chapter (943)"ဟန်ပိုင်ယွဲ့"
Chapter (944)"ဆုလာဘ်လော အိပ်မက်ဆိုးလော"
Chapter (945)"ဧကရာဇ် ခြေလှမ်း"
Chapter (946)"ဧကရာဇ် ဓားချက်"
Chapter (947)"နှင်းကိုးလွှာ ကောင်းကင်"
Chapter (948)"ကြောက်မက်ဖွယ် ကောင်းသော"
Chapter (949)"တစ်ဦးတည်းသော လူ"
Chapter (950)"ငါပါ"
Chapter (951)"ခိုင်မြဲသော ညီအစ်ကို သံယောဇဉ်"
Chapter (952)"အကန့်သတ်မဲ့ ရဲရင့်မှု"
အခန်း (၉၅၃)"သရုပ်ဆောင် ပီပြင်မှု"
အခန်း (၉၅၄)"အလိုက်အထိုက် ပြောဆိုတတ်ခြင်း"
955---958
အခန်း (၉၅၉)"ကြောင်တစ်ကောင်မှ ရိုက်နှက်ခြင်း"
အခန်း (၉၆၀)"ပါးစပ်ဖွာခြင်း"
အခန်း (၉၆၁)"ထူးဆန်းသော အပြုအမူ"
အခန်း (၉၆၂)"တစ်လှေတည်းစီး တစ်ခရီးတည်းသွား"
အခန်း (၉၆၃)"အထင်နှင့် အမြင်"
အခန်း (၉၆၄)"လူလိမ်"
အခန်း (၉၆၅)"ခေါ်ရခက်ခြင်း"
အခန်း (၉၆၆)"ရွှမ်ပိုင်၏အထင်"
အခန်း (၉၆၇)"အချစ်ရေးကံကောင်းသူ"
အခန်း (၉၆၈)"ရွှမ်ပိုင်၏ သဝန်တိုမှု"
အခန်း (၉၆၉)"တရားလွန် ပြောဆိုခြင်း"
အခန်း (၉၇၀)"အမှားကျူးလွန်ခြင်း"
အခန်း (၉၇၁)"ဆရာသမားအပေါ် အထင်ကြီးမိခြင်း"
အခန်း (၉၇၂)"ကျားရှေ့မှောက်လျက်လဲ"
အခန်း (၉၇၃)"ဘာအတွက် ကြောက်ရမလဲ"
အခန်း (၉၇၄)"ပြဿနာပေါင်းသောင်းခြောက်ထောင်"
အခန်း (၉၇၅)"သတ်ဖြတ်ရန် အဆင်သင့် ဖြစ်ခြင်း"
အခန်း (၉၇၆)"စော်ကားချင်တိုင်း စော်ကားလို့ ရသလား"
အခန်း (၉၇၇)"ရှင်းပြရန် ကြိုးစားခြင်း"
အခန်း (၉၇၈)"ကိုယ်တိုင် လက်စားချေလိုခြင်း"
အခန်း (၉၈၀)"ဆရာသမား"
အခန်း (၉၈၁)"ရင်းနှီးနေသည့် ကိုယ်သင်းရနံ့"
အခန်း (၉၈၂)"မီးခိုးရောင်တောင်မှ လူထူးဆန်းကြီး"
အခန်း (၉၈၃)"လျှို့ဝှက်အဖွဲ့စည်းကြီး ပြန်ပေါ်လာခြင်း"
အခန်း (၉၈၄)"ပစ်မှတ်"
အခန်း (၉၈၅)"ရုပ်ဆိုးနေသလား"
အခန်း (၉၈၆)"နိမိတ် စီရင်စု"
အခန်း (၉၈၇)"ဆောင်မျိုးနွယ်စု၏ ပိုင်နက်"
အခန်း (၉၈၈)"ပြဿနာကို မီးခွက်ထွန်းရှာ"
အခန်း (၉၈၉)"ဆောင်ဂျူ၏ တူ"
အခန်း (၉၉၀)"ရဲရင့်သောလူ"
အခန်း (၉၉၁)"အဆုံးမဲ့သည့် ဒေါသများ"
အခန်း (၉၉၂)"ဆောင်မျိုးနွယ်စု"
အခန်း (၉၉၃)"ဖယ်ကျဉ်ခြင်း"
အခန်း (၉၉၄)"ကျိုးကြောင်းမဆင်ခြင်နိုင်ခြင်း"
အခန်း (၉၉၅)"သတ်ဖြတ်ခြင်း နတ်ဘုရား ပြန်ပေါ်လာခြင်း"
အခန်း (၉၉၆)"သတ်လိုက်"
အခန်း (၉၉၇)"ရေစက်ရှိ၍ ဆုံတွေ့ရခြင်း"
အခန်း (၉၉၈)"အမှိုက်မှ ရွှေဖြစ်"
999---1004
1005---1006
1007---1008
1009---1010
1011---1012
1013---1014
1015---1016
1017---1018
1019---1020
1021---1022
1023---1026
1027---1031
1032---1036
1037--1038
1039---1040
1041---1042
1043---1044
1045----1046
1047---1048
1049----1050
1051---1052
1053---1054
အခန်း (၁၀၅၅)"ကောင်းကင်တံခါး မုဒ်ဝ ပွင့်နေပြီ"
အခန်း (၁၀၅၆)"စိတ်လွတ်သွားသည့် ဟန်ပိုင်ယွဲ့"
1057---1058
1059---1060
1061---1062
1063---1064
1065----1066
1067---1068
1069---1070
1071-----1072
1073----1074
1075---1076
1077----1078
1079-----1080
1081----1082
1083----1084
1085----1086
1087----1088
1089----1090
1091----1092
1093------1094
1095----1096
1097----1098
1099----1100
1101-----1102
1103----1104
1105-----1106
1107----1108
1109---1110
1111-----1112
1113------1114
1115------1116
1117---1118
1119-----1120
1121----1122

အခန်း (၉၇၉)"သုတ်သင်ရန် အကြောင်းပြချက်"

153 13 0
By KazunoMora

အခန်း (၉၇၉)(စာစဉ် ၇၀- အပိုင်း ၁၃)

“သုတ်သင်ရန် အကြောင်းပြချက်”

သူ့အစား အခြားတစ်ယောက်မှ လက်စားချေသွား မည်ကို ရဲရှောင် မလိုလား။

သူရဲကောင်းဆိုသည်မှာ သွေးကြွေးဆပ်သည့် ကိစ္စ တွင်  ကိုယ်တိုင်ပင် လုပ်သင့်သည် မဟုတ်ပါလား။

ထို့ကြောင့် ရွှမ်ပိုင်၏ လက်ချက်ဖြင့် ရန်သူများကို မသေစေလိုခြင်းပင် ဖြစ်သည်။

သို့သော် ရွှမ်ပိုင်မှ ရဲရှောင် ပြောသည်ကို လက်ကာ ၍ ဟန့်တားလိုက်ပြီး ပိုင်ပုဖန်ဘက်သို့ လှည့်ကာ -

“ကျွန်မက ရှင်တို့အပေါ် သနားညှာတာမှု မရှိဘူး လို့ ထင်နေတာလား . . .”

“ကျွန်မ ရှင်တို့ ဂိုဏ်းကို လာတုန်းက ဂိုဏ်းကို သုံးနှစ်လုံးလုံး ပိတ်ထားရမယ်လို့ မှာခဲ့တယ်၊ အဲဒါကို ရှင်တို့ မှတ်မိမှာပါ . . .”

ပိုင်ပုဖန်မှ အသက်ပြင်းပြင်း ရှူလိုက်ရင်း -

“ဟုတ်ပါတယ် . . .”

“ကျုပ်တို့ မှတ်မိပါတယ် . . .”

“ဒါဆို ကျွန်မအပေါ် စော်ကားတဲ့ ကိစ္စကို ခဏ ထားလိုက်စမ်းပါဦး . . .”

“အခု ဂိုဏ်းကို ပိတ်ထားရမယ့်အစား ရှင်တို့က ဒီ နေရာကို ရောက်လာကြတယ် ဒါကျွန်မကို မခန့်လေး စား လုပ်တာပဲ မဟုတ်ဘူးလား . . .”

ရွှမ်ပိုင်မှ အေးစက်စက် ပြောလိုက်သည်။

သူမ၏ မျက်လုံးများထဲတွင်လည်း သတ်ဖြတ်လို သည့် အငွေ့အသက်များ ထပ်မံပေါ်လာပြန်သည်။

“ရှင်တို့ နေရောင်ဂိုဏ်း တစ်ခုလုံးက ကျွန်မစကား ကို အလေးအနက် မထားကြဘူးပေါ့ . . .”

ရွှမ်ပိုင်၏ စကားကြောင့် ပိုင်ပုဖန်မှာ စိတ်ဓာတ်ကျ သွားသည်။

(သူ့ဘက်က စိတ်ပြေဖို့ ငါ့လူကိုတောင် ငါသတ်ခဲ့ရ တယ်၊ အခု သူက ငါတို့ကိုပါ သတ်ဖို့ အကြောင်းပြတွေ ရှာနေပြန်ပြီ . . .)

(သူက ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ငါတို့ကို သတ် မယ့်ပုံပဲ၊ ငါတို့ ဘာပြောပြော အကြောင်းပြချက်ရှာပြီး ကို သတ်လိမ့်မယ် . . .)

(ငါတို့ဘက်က ဖြေရှင်းနိုင်ရင်တောင် နောက်ထပ် အကြောင်းပြချက်တစ်ခု ရှာဦးမှာပဲ၊ ငါတို့တော့ ဒီနေ့ အသတ်ရှင်ခွင့်ရမယ် မထင်တော့ဘူး . . .)

ရွှမ်ပိုင်က ဂိုဏ်းအား ပိတ်ထားခိုင်းပါလျက် ယခု လူများမှာ အဘယ့်ကြောင့် ထွက်လာခဲ့ရပါသနည်း။

စင်စစ် ၎င်းတို့ထံတွင်လည်း အကြောင်းပြချက်က ရှိနေသည်။

အရိပ်မဲ့မှာ ဂိုဏ်းမှ လူအများအပြားကို သတ်ဖြတ် သွား၍ ဂိုဏ်းအဖို့ အလွတ်မပေးနိုင်တော့ချေ။

ထို့နောက် အရိပ်မဲ့မှာ ဒဏ်ရာအပြင်းအထန်ရသွား ၍ တစ်ခါတည်း အပြတ်ရှင်းရန် ကြံရွယ်ခဲ့ကြသည်။

ထို့ပြင် ၎င်းတို့၏ ရန်သူတော်ဖြစ်သော ဟန်ပိုင်ယွဲ့ ၏ ရန်ကလည်း ရှိသေးသည်။

ထို့ကြောင့် ဟန်ပိုင်ယွဲ့ကို သတ်ရန်အတွက် ယခု နေရာသို့ ပိုင်ပုဖန်နှင့် သူ့လူများ ရောက်လာခြင်းပင် ဖြစ်သည်။

ဟန်ပိုင်ယွဲ့မှာ ဝုဟူရှန်၏ ကမ္ဘာ့ရန် ဖြစ်ရုံမက သေ ဆုံးသွားသည့် ရှောင်ဧကရာဇ်၏ မိတ်ဆွေလည်း ဖြစ် သည်။

ထို့ကြောင့် ဟန်ပိုင်ယွဲ့ကိုလည်း အပြတ်ရှင်းရမည် ဖြစ်၍ ယခုနေရာသို့ မလွှဲမရှောင်သာ ရောက်လာရ ခြင်းပါပင်။

သာမန်အချိန်တွင် ဆိုပါက ရှင်းပြရန် မလိုအပ် သော်လည်း ယခုအခါတွင်မူ ပိုင်ပုဖန်မှာ နှုတ်ဆိတ်နေ ရန်သာ ဆုံးဖြတ်လိုက်သည်။

သူမည်သို့ ရှင်းပြပါစေ ရွှမ်ပိုင်က လက်ခံလိမ့်မည် မဟုတ်ကြောင်း သိနေ၍ ဖြစ်သည်။

အကယ်၍ ထိုသို့ နှုတ်ဆိတ်မနေဘဲ တိုက်ခိုက်ရန် ရွေးချယ်လိုက်ပါက မည်သို့ ဖြစ်သွားနိုင်သနည်း။

သူ့နှင့် သူလူ၁၈ယောက်လုံး ရွှမ်ပိုင်၏ လက်ဝါး ရိုက်ချက်တစ်ချက်တည်းဖြင့် ပွဲသိမ်းသွားနိုင်သည်။

ရွှမ်ပိုင်မှာ လူများ ပြောသည်ထက် ပိုမိုအစွမ်းကြီး သည့် အမျိုးသမီးပညာရှင် တစ်ဦးပင် မဟုတ်ပါလား။

ထိုမျှ အစွမ်းထက်သည့် အမျိုးသမီးကို ၎င်းတို့၏ ဂိုဏ်းမှ အစွမ်းထက်ဆုံး ပညာရှင်ကြီး ၇ ဦး စုပေါင်း၍ တိုက်ခိုက်လျှင်ပင် အနိုင်ရလိမ့်မည် မဟုတ်ချေ။

ထိုလူများ၏ အသက်ကို စတေးလျှင်ပင် ရွှမ်ပိုင်ကို နာကျင်အောင် လုပ်ရန်မှာ ခက်ခဲပေလိမ့်မည်။

အင်အားကြီးသူသာ အနိုင်ရစမြဲဆိုသည်မှာ ယခု နယ်ပယ်၏ ဥပဒေသပင် မဟုတ်ပါလား။

ကြီးမားလှသည့် စွမ်းအင်များ ရှေ့မှောက်၌ မည် သည့်အရာက ခုခံတားဆီးနိုင်ပါမည်နည်း။

ထိုစဉ် ရွှမ်ပိုင်မှာ အသက်ပြင်းပြင်းရှူ၍ ကောင်း ကင်ထက်သို့ မော့ကြည့်လိုက်သည်။

ထိုမြင်ကွင်းကို ကြည့်ရင်း လူများမှာ ဒူးများပင် တုန်လာကြသည်။

ခဏအကြာတွင် တိမ်တိုက်များ တရွေ့ရွေ့ စုစည်း လာပြီး လျှပ်စီးများလည်း တဖျတ်ဖျတ် လင်းလက် လာသည်။

ထိုအရာများ၏ နောက်တွင်မူ မိုးကြိုးများက တအုန်းအုန်းဖြင့် ပစ်ချလာပါတော့သည်။

“ကျွန်မက မိန်းမသား တစ်ယောက်ပါ. . .”

ထိုသို့ ပြောလိုက်သည့် ရွှမ်ပိုင်၏ မျက်လုံးများမှာ ဓားသွားပမာ ထက်ရှသွားသည်။

ပိုင်ပုဖန်၏ ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားသည်။

သို့သော် ရွှမ်ပိုင် ပြောလိုက်သည့် စကားအဓိပ္ပာယ် ကိုမူ အပြည့်အဝ နားမလည်လိုက်ချေ။

(ကျွန်မက မိန်းမသား တစ်ယောက်သားတဲ့ . . .)

(ဒါကဘာကို ပြောချင်နေတာများလဲ . . .)

၎င်းတို့သာမက ရဲရှောင်ပင် ရွှမ်ပိုင်ဆိုလိုချင်သည့် အဓိပ္ပာယ်ကို နားမလည်ပေ။

ထို့ပြင် ရွှမ်ပိုင်မှ ရန်သူများကို သတ်ချင်နေသည့် အကြောင်းကိုလည်း သူနားမလည်ချေ။

ထိုသို့ သတ်လိုက်ပါက လူစိတ်မရှိသည့် လူအဖြစ် ရောက်သွားနိုင်မှန်း သိသည့်တိုင် သူမမှာ သတ်ချင်နေ တုန်းပါပင်။

စင်စစ် သူမ‌ ပြောလိုက်သည်ကပင် သူမအတွက် အကြောင်းပြချက် ဖြစ်နေလေသည်။

“ကျွန်မက မိန်းမသား တစ်ယောက် . . .”

ထိုစကားအရ သူမမှာ မည်မျှ အစွမ်းထက်နေပါစေ မိန်းမသားတစ်ယောက်သာ ဖြစ်သည်ဟု မီးမောင်းထိုး ပြနေခြင်းပင်။

မိန်းမ တစ်ယောက်အဖို့ ချစ်ရသော ယောက်ျားကို နာကျင်ခွင့် ပြုလိမ့်မည် မဟုတ်ပေ။

ထို့ပြင် သားကိုသခင် လင်ကိုဘုရား ကိုးကွယ် တတ်သူများမှာလည်း မိန်းမသားများပင် ဖြစ်သည်။

ထို့ကြောင့် ရွှမ်ပိုင်အဖို့လည်း သူချစ်ရသည့် အစ်ကို ကြီးထက် မည်သည့်အရာကမှ အရေးမကြီးပေ။

ချင်းရန်နယ်ပယ်ရှိ ဂိုဏ်းကြီးများကို တိုက်ခိုက်ခဲ့ ခြင်းနှင့် ယခုရန်သူများကို သတ်ဖြတ်လိုခြင်းတို့မှာ ထို အကြောင်းပြချက်ကြောင့်သာ ဖြစ်သည်။

(အစ်ကိုကြီးရဲ့ လုံခြုံမှုကို ခြိမ်းခြောက်လာမှာမျိုး ငါအဖြစ်မခံနိုင်ဘူး . . .)

(သူ့ကို အနာဂတ်မှာ ခြိမ်းခြောက် လာနိုင်မယ့် အရာမှန်သမျှကို ငါသုတ်သင် ရှင်းလင်းပစ်ရမယ် . . .)

(အစ်ကိုကြီး အတွက်ဆိုရင် ကမ္ဘာတစ်ခုလုံးကို သတ်ဖြတ်သင့်ရင် သတ်ဖြတ်ရမှာပဲ . . .)

(ငါ့အတွက် အစ်ကိုကြီးက အရေးကြီးဆုံးပဲ သူ့ရဲ့ ဆံပင်အစ ခြေသည်းအဆုံး ဘယ်အရာကိုမှ ငါထိခိုက် မခံနိုင်ဘူး . . .)

(အဲဒီလိုလုပ်တဲ့အတွက် ဘယ်လိုဆိုးကျိုးမျိုးပဲ ရ လာပါစေ ငါလက်ခံနိုင်တယ် . . .)

ထိုစဉ်မှာပင် လေပြင်းများမှ တဟူးဟူးဖြင့် တိုက် ခတ်လာသည်။

ရွှမ်ပိုင်၏ ဝတ်ရုံစမှာလည်း လေထဲတွင် တလူလူ လွင့်မျောလျက် ရှိနေသည်။

ထို့နောက် သူမ၏ လက်ကို ရုတ်တရက် ရှေ့သို့ ဆန့်ထုတ်လိုက်သည်။

“ဘုန်း . . .”

အနက်ရောင် အခိုးအငွေ့များ ပေါက်ကွဲထွက်သွား ပြီး ထိုနေရာတစ်ဝိုက်ကို ဖုံးလွှမ်းသွားသည်။

“သေစမ်း မျိုးမစစ်ကောင်တွေ . . .”

ပြောပြောဆိုဆိုဖြင့် ရွှမ်ပိုင်မှာ လေထဲသို့ ခုန်တက် လိုက်သည်။

တစ်ချိန်တည်းမှာပင် တိမ်တိုက်များကြားမှ မရေ မတွက်နိုင်သော လျှပ်စီးမိုးကြိုးများ ကျရောက်လာ၏။

“ဘုန်း ဘုန်း ဘုန်း . . .”

မိုးကြိုးများ လျှပ်စီးများကြားတွင် မဟာပထဝီမြေ ကြီးမှာလည်း မခံနိုင်တော့။

ကျယ်လောင်သော မြည်သံများ ပေး၍ တုန်ခါနေ တော့သည်။

“အစီအရင် လုပ်ကြဟေ့ . . .”

ခက်ခဲသော အခြေအနေများကြားမှ ပိုင်ပုဖန်မှာ အော်ဟစ်၍ အမိန့်ပေးလိုက်သည်။

ပိုင်ပုဖန်အဖို့လည်း ရွေးချယ်စရာ မရှိတော့ချေ။

ရွှမ်ပိုင်၏ ဒေါသကို ဖြေဖျောက်ရန် မစွမ်းနိုင်သည့် တိုင် အသက်ရှင်နိုင်ရန်မူ ကြိုးစားရဦးပေမည်။

ကောက်ရိုးတစ်မျှင်ဖြစ်ဖြစ် အသက်ရှင်ရန်အတွက် ဆွဲထားရဦးမည် မဟုတ်ပါလား။

သို့သော် အရာအားလုံးမှာ သဲထဲရေသွန်ဖြစ်သွားခဲ့ ချေပြီ။

ရွှမ်ပိုင်၏ ကျယ်လောင်သော အသံကြီးကိုသာ ကြားနေရပြီး ထိုအသံ မည်သည့်နေရာမှ ထွက်ပေါ်နေ မှန်းကိုလည်း မသိကြချေ။

“ကမ္ဘာပေါ်က အလှတရား . . .”

“ရေခဲမှသည် တိမ်တိုက်အဖြစ် . . .”

ထိုသို့ ဆိုပြီးနောက် ရွှမ်ပိုင်မှာ လျင်မြန်စွာ ပျောက် ကွယ်သွားပြန်သည်။

ထို့နောက်‌ လေထဲရှိ အခိုးငွေ့များမှာ ရုတ်တရက် အေးခဲသွားပြီး အနက်ရောင် ရေခဲတုံးကြီး အဖြစ် ဖြစ် တည်သွားသည်။

အဆိုပါ ရေခဲတုံးကြီးမှာ ထိုနေရာတစ်ဝိုက်လုံးကို ပိတ်ဆို့သွားတော့သည်။

စင်စစ် ရွှမ်ပိုင်မှ လင်းရှောင် ရေခဲကျင့်စဉ်ကို အားမာန်အပြည့် ထုတ်သုံးလိုက်ခြင်းပင်။

“ရပ်လိုက် ခုရပ်လိုက် . . .”

ထိုသို့ တားဆီးလိုက်သည့် လူက ရဲရှောင်ပါပင်။

ရွှမ်ပိုင်အား သူတားဆီးနိုင်မည်လော၊ မတားဆီး နိုင်မည်လောကို သူအသေအချာ မသိချေ။

သို့သော် ထွေထူးမစဉ်းစားတော့ဘဲ မြန်ဆန်စွာပင် တားလိုက်သည်။

အကယ်၍ ယခုလူများကို သတ်လိုက်ပါက တိမ်မြူ ခိုးနန်းတော်နှင့် ဂိုဏ်းသုံးခု တိုက်ပွဲများ ဖြစ်သွားနိုင် သည်ကို ရဲရှောင် တွေးမိလိုက်သည်။

ရွှမ်ပိုင်မှ မတိုက်ခင်တွင် ရဲရှောင်အား စွမ်းအင် အကာကွယ်တစ်ခုကို ဖန်တီးပေးထားခဲ့သည်။

ထိုအပြုအမူက ရွှမ်ပိုင်မှ သူ့အား ဂရုစိုက်ကြောင်း သက်သေပင်။

ထို့ကြောင့် သူ့ဘက်မှလည်း ရွှမ်ပိုင် အမှားမလုပ်မိ စေရန် တားဆီးရပေမည်။

ထို့ပြင် ယခုတိုက်ပွဲ၏ နောက်ဆက်တွဲ ရလာဒ်များ ကိုလည်း သူကြိုသိနေသည်။

တိုက်ပွဲဖြစ်ရခြင်းက မိန်းမတစ်ယောက်၏ သိက္ခာ ကို ထိပါးခြင်းကြောင့်ဟု ဆိုသော်ငြား တကယ်တမ်း၌ ပြဿနာမှာ ကြီးမားသည်ဟု မဆိုနိုင်ချေ။

ပိုင်ပုဖန် ဘက်မှလည်း ပြဿနာ ပြေလည်စေရန် အစွမ်းကုန် ကြိုးစားခဲ့သည် မဟုတ်ပါလား။

ထို့ပြင် ရွှမ်ပိုင်ကို လေးစားမှုပြသည့်အနေဖြင့် ၎င်း တို့၏ ဂိုဏ်းသား ကျောင်းကျင်းနန်ကိုလည်း သတ်ပြ ခဲ့သေးသည်။

ထိုအချက်ကို ရွှမ်ပိုင်ကိုယ်တိုင်လည်း သိ၍ အစော ပိုင်းက တွေဝေနေခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးတွင်မူ စကားလုံး အချို့ကို ပြောဆိုပြီး နောက် သတ်ဖြတ်ရန် အကြောင်းပြချက် ရှာခဲ့သည်။

အကယ်၍ သတ်ဖြတ်လိုက်ပါက ဖြစ်လာနိုင်သည့် အကျိုးဆက်များကိုလည်း သူမကိုယ်တိုင် သိနေသည်။

သူမ ချစ်ရသည့် ယောက်ျားအတွက်နှင့် နန်းတော် ရှိ မိန်းကလေးများကို ပြဿနာများကြား ဆွဲခေါ်မိ မည်။

ထို့ပြင် ဒူးထောက် ခေါင်းငုံ့ အရှုံးပေးနေသည့် လူ များကိုမှ သတ်လိုက်လျှင် ကျင့်ကြံမှုလမ်းကြောင်းများ လည်း သွေဖယ်သွားနိုင်မည်။

မည်သို့ပင် ဖြစ်ပါစေ သူမ ရရှိမည့် ရလာဒ်များမှာ ဆိုးကျိုးများသာ ဖြစ်နေပါတော့သည်။

#translator
#ကြွေရွက်ဝါ





အခန္း (၉၇၉)(စာစဥ္ ၇၀- အပိုင္း ၁၃)

“သုတ္သင္ရန္ အေၾကာင္းျပခ်က္”

သူ႕အစား အျခားတစ္ေယာက္မွ လက္စားေခ်သြား မည္ကို ရဲေ႐ွာင္ မလိုလား။

သူရဲေကာင္းဆိုသည္မွာ ေသြးေႂကြးဆပ္သည့္ ကိစၥ တြင္  ကိုယ္တိုင္ပင္ လုပ္သင့္သည္ မဟုတ္ပါလား။

ထို႔ေၾကာင့္ ႐ႊမ္ပိုင္၏ လက္ခ်က္ျဖင့္ ရန္သူမ်ားကို မေသေစလိုျခင္းပင္ ျဖစ္သည္။

သို႔ေသာ္ ႐ႊမ္ပိုင္မွ ရဲေ႐ွာင္ ေျပာသည္ကို လက္ကာ ၍ ဟန္႔တားလိုက္ၿပီး ပိုင္ပုဖန္ဘက္သို႔ လွည့္ကာ -

“ကြၽန္မက ႐ွင္တို႔အေပၚ သနားညႇာတာမႈ မ႐ွိဘူး လို႔ ထင္ေနတာလား . . .”

“ကြၽန္မ ႐ွင္တို႔ ဂိုဏ္းကို လာတုန္းက ဂိုဏ္းကို သုံးႏွစ္လုံးလုံး ပိတ္ထားရမယ္လို႔ မွာခဲ့တယ္၊ အဲဒါကို ႐ွင္တို႔ မွတ္မိမွာပါ . . .”

ပိုင္ပုဖန္မွ အသက္ျပင္းျပင္း ႐ွဴလိုက္ရင္း -

“ဟုတ္ပါတယ္ . . .”

“က်ဳပ္တို႔ မွတ္မိပါတယ္ . . .”

“ဒါဆို ကြၽန္မအေပၚ ေစာ္ကားတဲ့ ကိစၥကို ခဏ ထားလိုက္စမ္းပါဦး . . .”

“အခု ဂိုဏ္းကို ပိတ္ထားရမယ့္အစား ႐ွင္တို႔က ဒီ ေနရာကို ေရာက္လာၾကတယ္ ဒါကြၽန္မကို မခန္႔ေလး စား လုပ္တာပဲ မဟုတ္ဘူးလား . . .”

႐ႊမ္ပိုင္မွ ေအးစက္စက္ ေျပာလိုက္သည္။

သူမ၏ မ်က္လုံးမ်ားထဲတြင္လည္း သတ္ျဖတ္လို သည့္ အေငြ႕အသက္မ်ား ထပ္မံေပၚလာျပန္သည္။

“႐ွင္တို႔ ေနေရာင္ဂိုဏ္း တစ္ခုလုံးက ကြၽန္မစကား ကို အေလးအနက္ မထားၾကဘူးေပါ့ . . .”

႐ႊမ္ပိုင္၏ စကားေၾကာင့္ ပိုင္ပုဖန္မွာ စိတ္ဓာတ္က် သြားသည္။

(သူ႕ဘက္က စိတ္ေျပဖို႔ ငါ့လူကိုေတာင္ ငါသတ္ခဲ့ရ တယ္၊ အခု သူက ငါတို႔ကိုပါ သတ္ဖို႔ အေၾကာင္းျပေတြ ႐ွာေနျပန္ၿပီ . . .)

(သူက ဘယ္လိုနည္းနဲ႔ပဲျဖစ္ျဖစ္ ငါတို႔ကို သတ္ မယ့္ပုံပဲ၊ ငါတို႔ ဘာေျပာေျပာ အေၾကာင္းျပခ်က္႐ွာၿပီး ကို သတ္လိမ့္မယ္ . . .)

(ငါတို႔ဘက္က ေျဖ႐ွင္းႏိုင္ရင္ေတာင္ ေနာက္ထပ္ အေၾကာင္းျပခ်က္တစ္ခု ႐ွာဦးမွာပဲ၊ ငါတို႔ေတာ့ ဒီေန႔ အသတ္႐ွင္ခြင့္ရမယ္ မထင္ေတာ့ဘူး . . .)

႐ႊမ္ပိုင္က ဂိုဏ္းအား ပိတ္ထားခိုင္းပါလ်က္ ယခု လူမ်ားမွာ အဘယ့္ေၾကာင့္ ထြက္လာခဲ့ရပါသနည္း။

စင္စစ္ ၎တို႔ထံတြင္လည္း အေၾကာင္းျပခ်က္က ႐ွိေနသည္။

အရိပ္မဲ့မွာ ဂိုဏ္းမွ လူအမ်ားအျပားကို သတ္ျဖတ္ သြား၍ ဂိုဏ္းအဖို႔ အလြတ္မေပးႏိုင္ေတာ့ေခ်။

ထို႔ေနာက္ အရိပ္မဲ့မွာ ဒဏ္ရာအျပင္းအထန္ရသြား ၍ တစ္ခါတည္း အျပတ္႐ွင္းရန္ ၾကံ႐ြယ္ခဲ့ၾကသည္။

ထို႔ျပင္ ၎တို႔၏ ရန္သူေတာ္ျဖစ္ေသာ ဟန္ပိုင္ယြဲ႕ ၏ ရန္ကလည္း ႐ွိေသးသည္။

ထို႔ေၾကာင့္ ဟန္ပိုင္ယြဲ႕ကို သတ္ရန္အတြက္ ယခု ေနရာသို႔ ပိုင္ပုဖန္ႏွင့္ သူ႕လူမ်ား ေရာက္လာျခင္းပင္ ျဖစ္သည္။

ဟန္ပိုင္ယြဲ႕မွာ ဝုဟူ႐ွန္၏ ကမ႓ာ့ရန္ ျဖစ္႐ုံမက ေသ ဆုံးသြားသည့္ ေ႐ွာင္ဧကရာဇ္၏ မိတ္ေဆြလည္း ျဖစ္ သည္။

ထို႔ေၾကာင့္ ဟန္ပိုင္ယြဲ႕ကိုလည္း အျပတ္႐ွင္းရမည္ ျဖစ္၍ ယခုေနရာသို႔ မလႊဲမေ႐ွာင္သာ ေရာက္လာရ ျခင္းပါပင္။

သာမန္အခ်ိန္တြင္ ဆိုပါက ႐ွင္းျပရန္ မလိုအပ္ ေသာ္လည္း ယခုအခါတြင္မူ ပိုင္ပုဖန္မွာ ႏႈတ္ဆိတ္ေန ရန္သာ ဆုံးျဖတ္လိုက္သည္။

သူမည္သို႔ ႐ွင္းျပပါေစ ႐ႊမ္ပိုင္က လက္ခံလိမ့္မည္ မဟုတ္ေၾကာင္း သိေန၍ ျဖစ္သည္။

အကယ္၍ ထိုသို႔ ႏႈတ္ဆိတ္မေနဘဲ တိုက္ခိုက္ရန္ ေ႐ြးခ်ယ္လိုက္ပါက မည္သို႔ ျဖစ္သြားႏိုင္သနည္း။

သူ႕ႏွင့္ သူလူ၁၈ေယာက္လုံး ႐ႊမ္ပိုင္၏ လက္ဝါး ႐ိုက္ခ်က္တစ္ခ်က္တည္းျဖင့္ ပြဲသိမ္းသြားႏိုင္သည္။

႐ႊမ္ပိုင္မွာ လူမ်ား ေျပာသည္ထက္ ပိုမိုအစြမ္းႀကီး သည့္ အမ်ိဳးသမီးပညာ႐ွင္ တစ္ဦးပင္ မဟုတ္ပါလား။

ထိုမွ် အစြမ္းထက္သည့္ အမ်ိဳးသမီးကို ၎တို႔၏ ဂိုဏ္းမွ အစြမ္းထက္ဆုံး ပညာ႐ွင္ႀကီး ၇ ဦး စုေပါင္း၍ တိုက္ခိုက္လွ်င္ပင္ အႏိုင္ရလိမ့္မည္ မဟုတ္ေခ်။

ထိုလူမ်ား၏ အသက္ကို စေတးလွ်င္ပင္ ႐ႊမ္ပိုင္ကို နာက်င္ေအာင္ လုပ္ရန္မွာ ခက္ခဲေပလိမ့္မည္။

အင္အားႀကီးသူသာ အႏိုင္ရစၿမဲဆိုသည္မွာ ယခု နယ္ပယ္၏ ဥပေဒသပင္ မဟုတ္ပါလား။

ႀကီးမားလွသည့္ စြမ္းအင္မ်ား ေ႐ွ႕ေမွာက္၌ မည္ သည့္အရာက ခုခံတားဆီးႏိုင္ပါမည္နည္း။

ထိုစဥ္ ႐ႊမ္ပိုင္မွာ အသက္ျပင္းျပင္း႐ွဴ၍ ေကာင္း ကင္ထက္သို႔ ေမာ့ၾကည့္လိုက္သည္။

ထိုျမင္ကြင္းကို ၾကည့္ရင္း လူမ်ားမွာ ဒူးမ်ားပင္ တုန္လာၾကသည္။

ခဏအၾကာတြင္ တိမ္တိုက္မ်ား တေ႐ြ႕ေ႐ြ႕ စုစည္း လာၿပီး လွ်ပ္စီးမ်ားလည္း တဖ်တ္ဖ်တ္ လင္းလက္ လာသည္။

ထိုအရာမ်ား၏ ေနာက္တြင္မူ မိုးႀကိဳးမ်ားက တအုန္းအုန္းျဖင့္ ပစ္ခ်လာပါေတာ့သည္။

“ကြၽန္မက မိန္းမသား တစ္ေယာက္ပါ. . .”

ထိုသို႔ ေျပာလိုက္သည့္ ႐ႊမ္ပိုင္၏ မ်က္လုံးမ်ားမွာ ဓားသြားပမာ ထက္႐ွသြားသည္။

ပိုင္ပုဖန္၏ ရင္ထဲ ဒိတ္ခနဲ ျဖစ္သြားသည္။

သို႔ေသာ္ ႐ႊမ္ပိုင္ ေျပာလိုက္သည့္ စကားအဓိပၸာယ္ ကိုမူ အျပည့္အဝ နားမလည္လိုက္ေခ်။

(ကြၽန္မက မိန္းမသား တစ္ေယာက္သားတဲ့ . . .)

(ဒါကဘာကို ေျပာခ်င္ေနတာမ်ားလဲ . . .)

၎တို႔သာမက ရဲေ႐ွာင္ပင္ ႐ႊမ္ပိုင္ဆိုလိုခ်င္သည့္ အဓိပၸာယ္ကို နားမလည္ေပ။

ထို႔ျပင္ ႐ႊမ္ပိုင္မွ ရန္သူမ်ားကို သတ္ခ်င္ေနသည့္ အေၾကာင္းကိုလည္း သူနားမလည္ေခ်။

ထိုသို႔ သတ္လိုက္ပါက လူစိတ္မ႐ွိသည့္ လူအျဖစ္ ေရာက္သြားႏိုင္မွန္း သိသည့္တိုင္ သူမမွာ သတ္ခ်င္ေန တုန္းပါပင္။

စင္စစ္ သူမ‌ ေျပာလိုက္သည္ကပင္ သူမအတြက္ အေၾကာင္းျပခ်က္ ျဖစ္ေနေလသည္။

“ကြၽန္မက မိန္းမသား တစ္ေယာက္ . . .”

ထိုစကားအရ သူမမွာ မည္မွ် အစြမ္းထက္ေနပါေစ မိန္းမသားတစ္ေယာက္သာ ျဖစ္သည္ဟု မီးေမာင္းထိုး ျပေနျခင္းပင္။

မိန္းမ တစ္ေယာက္အဖို႔ ခ်စ္ရေသာ ေယာက်္ားကို နာက်င္ခြင့္ ျပဳလိမ့္မည္ မဟုတ္ေပ။

ထို႔ျပင္ သားကိုသခင္ လင္ကိုဘုရား ကိုးကြယ္ တတ္သူမ်ားမွာလည္း မိန္းမသားမ်ားပင္ ျဖစ္သည္။

ထို႔ေၾကာင့္ ႐ႊမ္ပိုင္အဖို႔လည္း သူခ်စ္ရသည့္ အစ္ကို ႀကီးထက္ မည္သည့္အရာကမွ အေရးမႀကီးေပ။

ခ်င္းရန္နယ္ပယ္႐ွိ ဂိုဏ္းႀကီးမ်ားကို တိုက္ခိုက္ခဲ့ ျခင္းႏွင့္ ယခုရန္သူမ်ားကို သတ္ျဖတ္လိုျခင္းတို႔မွာ ထို အေၾကာင္းျပခ်က္ေၾကာင့္သာ ျဖစ္သည္။

(အစ္ကိုႀကီးရဲ႕ လုံျခဳံမႈကို ၿခိမ္းေျခာက္လာမွာမ်ိဳး ငါအျဖစ္မခံႏိုင္ဘူး . . .)

(သူ႕ကို အနာဂတ္မွာ ၿခိမ္းေျခာက္ လာႏိုင္မယ့္ အရာမွန္သမွ်ကို ငါသုတ္သင္ ႐ွင္းလင္းပစ္ရမယ္ . . .)

(အစ္ကိုႀကီး အတြက္ဆိုရင္ ကမ႓ာတစ္ခုလုံးကို သတ္ျဖတ္သင့္ရင္ သတ္ျဖတ္ရမွာပဲ . . .)

(ငါ့အတြက္ အစ္ကိုႀကီးက အေရးႀကီးဆုံးပဲ သူ႕ရဲ႕ ဆံပင္အစ ေျခသည္းအဆုံး ဘယ္အရာကိုမွ ငါထိခိုက္ မခံႏိုင္ဘူး . . .)

(အဲဒီလိုလုပ္တဲ့အတြက္ ဘယ္လိုဆိုးက်ိဳးမ်ိဳးပဲ ရ လာပါေစ ငါလက္ခံႏိုင္တယ္ . . .)

ထိုစဥ္မွာပင္ ေလျပင္းမ်ားမွ တဟူးဟူးျဖင့္ တိုက္ ခတ္လာသည္။

႐ႊမ္ပိုင္၏ ဝတ္႐ုံစမွာလည္း ေလထဲတြင္ တလူလူ လြင့္ေမ်ာလ်က္ ႐ွိေနသည္။

ထို႔ေနာက္ သူမ၏ လက္ကို ႐ုတ္တရက္ ေ႐ွ႕သို႔ ဆန္႔ထုတ္လိုက္သည္။

“ဘုန္း . . .”

အနက္ေရာင္ အခိုးအေငြ႕မ်ား ေပါက္ကြဲထြက္သြား ၿပီး ထိုေနရာတစ္ဝိုက္ကို ဖုံးလႊမ္းသြားသည္။

“ေသစမ္း မ်ိဳးမစစ္ေကာင္ေတြ . . .”

ေျပာေျပာဆိုဆိုျဖင့္ ႐ႊမ္ပိုင္မွာ ေလထဲသို႔ ခုန္တက္ လိုက္သည္။

တစ္ခ်ိန္တည္းမွာပင္ တိမ္တိုက္မ်ားၾကားမွ မေရ မတြက္ႏိုင္ေသာ လွ်ပ္စီးမိုးႀကိဳးမ်ား က်ေရာက္လာ၏။

“ဘုန္း ဘုန္း ဘုန္း . . .”

မိုးႀကိဳးမ်ား လွ်ပ္စီးမ်ားၾကားတြင္ မဟာပထဝီေျမ ႀကီးမွာလည္း မခံႏိုင္ေတာ့။

က်ယ္ေလာင္ေသာ ျမည္သံမ်ား ေပး၍ တုန္ခါေန ေတာ့သည္။

“အစီအရင္ လုပ္ၾကေဟ့ . . .”

ခက္ခဲေသာ အေျခအေနမ်ားၾကားမွ ပိုင္ပုဖန္မွာ ေအာ္ဟစ္၍ အမိန္႔ေပးလိုက္သည္။

ပိုင္ပုဖန္အဖို႔လည္း ေ႐ြးခ်ယ္စရာ မ႐ွိေတာ့ေခ်။

႐ႊမ္ပိုင္၏ ေဒါသကို ေျဖေဖ်ာက္ရန္ မစြမ္းႏိုင္သည့္ တိုင္ အသက္႐ွင္ႏိုင္ရန္မူ ႀကိဳးစားရဦးေပမည္။

ေကာက္႐ိုးတစ္မွ်င္ျဖစ္ျဖစ္ အသက္႐ွင္ရန္အတြက္ ဆြဲထားရဦးမည္ မဟုတ္ပါလား။

သို႔ေသာ္ အရာအားလုံးမွာ သဲထဲေရသြန္ျဖစ္သြားခဲ့ ေခ်ၿပီ။

႐ႊမ္ပိုင္၏ က်ယ္ေလာင္ေသာ အသံႀကီးကိုသာ ၾကားေနရၿပီး ထိုအသံ မည္သည့္ေနရာမွ ထြက္ေပၚေန မွန္းကိုလည္း မသိၾကေခ်။

“ကမ႓ာေပၚက အလွတရား . . .”

“ေရခဲမွသည္ တိမ္တိုက္အျဖစ္ . . .”

ထိုသို႔ ဆိုၿပီးေနာက္ ႐ႊမ္ပိုင္မွာ လ်င္ျမန္စြာ ေပ်ာက္ ကြယ္သြားျပန္သည္။

ထို႔ေနာက္‌ ေလထဲ႐ွိ အခိုးေငြ႕မ်ားမွာ ႐ုတ္တရက္ ေအးခဲသြားၿပီး အနက္ေရာင္ ေရခဲတုံးႀကီး အျဖစ္ ျဖစ္ တည္သြားသည္။

အဆိုပါ ေရခဲတုံးႀကီးမွာ ထိုေနရာတစ္ဝိုက္လုံးကို ပိတ္ဆို႔သြားေတာ့သည္။

စင္စစ္ ႐ႊမ္ပိုင္မွ လင္းေ႐ွာင္ ေရခဲက်င့္စဥ္ကို အားမာန္အျပည့္ ထုတ္သုံးလိုက္ျခင္းပင္။

“ရပ္လိုက္ ခုရပ္လိုက္ . . .”

ထိုသို႔ တားဆီးလိုက္သည့္ လူက ရဲေ႐ွာင္ပါပင္။

႐ႊမ္ပိုင္အား သူတားဆီးႏိုင္မည္ေလာ၊ မတားဆီး ႏိုင္မည္ေလာကို သူအေသအခ်ာ မသိေခ်။

သို႔ေသာ္ ေထြထူးမစဥ္းစားေတာ့ဘဲ ျမန္ဆန္စြာပင္ တားလိုက္သည္။

အကယ္၍ ယခုလူမ်ားကို သတ္လိုက္ပါက တိမ္ျမဴ ခိုးနန္းေတာ္ႏွင့္ ဂိုဏ္းသုံးခု တိုက္ပြဲမ်ား ျဖစ္သြားႏိုင္ သည္ကို ရဲေ႐ွာင္ ေတြးမိလိုက္သည္။

႐ႊမ္ပိုင္မွ မတိုက္ခင္တြင္ ရဲေ႐ွာင္အား စြမ္းအင္ အကာကြယ္တစ္ခုကို ဖန္တီးေပးထားခဲ့သည္။

ထိုအျပဳအမူက ႐ႊမ္ပိုင္မွ သူ႕အား ဂ႐ုစိုက္ေၾကာင္း သက္ေသပင္။

ထို႔ေၾကာင့္ သူ႕ဘက္မွလည္း ႐ႊမ္ပိုင္ အမွားမလုပ္မိ ေစရန္ တားဆီးရေပမည္။

ထို႔ျပင္ ယခုတိုက္ပြဲ၏ ေနာက္ဆက္တြဲ ရလာဒ္မ်ား ကိုလည္း သူႀကိဳသိေနသည္။

တိုက္ပြဲျဖစ္ရျခင္းက မိန္းမတစ္ေယာက္၏ သိကၡာ ကို ထိပါးျခင္းေၾကာင့္ဟု ဆိုေသာ္ျငား တကယ္တမ္း၌ ျပႆနာမွာ ႀကီးမားသည္ဟု မဆိုႏိုင္ေခ်။

ပိုင္ပုဖန္ ဘက္မွလည္း ျပႆနာ ေျပလည္ေစရန္ အစြမ္းကုန္ ႀကိဳးစားခဲ့သည္ မဟုတ္ပါလား။

ထို႔ျပင္ ႐ႊမ္ပိုင္ကို ေလးစားမႈျပသည့္အေနျဖင့္ ၎ တို႔၏ ဂိုဏ္းသား ေက်ာင္းက်င္းနန္ကိုလည္း သတ္ျပ ခဲ့ေသးသည္။

ထိုအခ်က္ကို ႐ႊမ္ပိုင္ကိုယ္တိုင္လည္း သိ၍ အေစာ ပိုင္းက ေတြေဝေနခဲ့ျခင္း ျဖစ္သည္။

ေနာက္ဆုံးတြင္မူ စကားလုံး အခ်ိဳ႕ကို ေျပာဆိုၿပီး ေနာက္ သတ္ျဖတ္ရန္ အေၾကာင္းျပခ်က္ ႐ွာခဲ့သည္။

အကယ္၍ သတ္ျဖတ္လိုက္ပါက ျဖစ္လာႏိုင္သည့္ အက်ိဳးဆက္မ်ားကိုလည္း သူမကိုယ္တိုင္ သိေနသည္။

သူမ ခ်စ္ရသည့္ ေယာက်္ားအတြက္ႏွင့္ နန္းေတာ္ ႐ွိ မိန္းကေလးမ်ားကို ျပႆနာမ်ားၾကား ဆြဲေခၚမိ မည္။

ထို႔ျပင္ ဒူးေထာက္ ေခါင္းငုံ႔ အ႐ႈံးေပးေနသည့္ လူ မ်ားကိုမွ သတ္လိုက္လွ်င္ က်င့္ၾကံမႈလမ္းေၾကာင္းမ်ား လည္း ေသြဖယ္သြားႏိုင္မည္။

မည္သို႔ပင္ ျဖစ္ပါေစ သူမ ရ႐ွိမည့္ ရလာဒ္မ်ားမွာ ဆိုးက်ိဳးမ်ားသာ ျဖစ္ေနပါေတာ့သည္။

#translator
#ေႂကြ႐ြက္ဝါ

Continue Reading

You'll Also Like

198K 35.3K 200
sequel of Book 4 Author - Goosefive
210K 31.3K 89
-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်နေတုန်းပဲမို့လေ - Author- Mo Xiao Xian T...
2.5M 326K 92
Title....Second merriage of a wealthy old man မူရင်းအော်သာ....Tangerine Boat(Cannon folder cheat system ရေးတဲ့ အာသာပါ) မူရင်းက 86 ပိုင်းပါ Extra က 2ပ...
586K 77.2K 110
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...