Unicode
"အထုတ်တွေအားလုံးတင်လို့ပြီးပါပြီ သခင်လေး"
Sehun က ဝန်ထမ်းကိုခေါင်းငြိမ့်ပြလိုက်ပြီး ဘေးနားကပ်လျက်မှာရပ်နေတဲ့ Baekhyun ကိုလှည့်ကြည့်လာသည်။ အဖြူရောင်ကျောပိုးအိတ်ကိုမလွယ်ဘဲ ရင်ဝယ်ပိုက်ကာ ဒူးအထက်ထိတိုသော ဘောင်းဘီတိုဝတ်ထားသည့် Baekhyun က တက္ကသိုလ်ကျောင်းသားနှင့်မတူဘဲ မူကြိုကလေးအလားပင်ဖြစ်ေနသည်။
"လင်းတကြီးလိုမှိုင်မနေနဲ့"
Sehun ကြိမ်းမောင်းလိုက်မှ Baekhyun မျက်နှာ ပိုလို့ပင်ငယ်ကျမိသွားတော့သည်။ ဒီနေ့မှပဲရာသီဥတုကလည်း Baekhyun ကိုမီးလောင်ရာလေပင့်နေသလားမှတ်ရအောင် ကောင်းကင်တစ်ခုလုံးပြိုတော့မလိုမဲမှောင်မှိုင်းညို့နေလေသည်။
"Sehun ခဏလောက်စောင့်လို့မရဘူးလား"
အားကိုးတကြီးတောင်းဆိုမိတော့ Sehun က မျှော်လင့်ချက်မကုန်သေးသော Baekhyun ကို ထပ်မံတွန်းအားပေးမနေချင်တော့၍ထင် အိမ်ရှေ့ဆင်ဝင်အောက်က ဒန်းပေါ်သွားထိုင်ရင်းသာ ဂိမ်းဆော့နေေလသည်။
"ကလေးတွေအခုထိမသွားသေးဘူးလား"
"မာမီ"
"အန် အန်တီ"
Sehun မာမီထွက်လာပြီဆိုတော့ ဒီထပ်ပိုအချိန်ဆွဲနေလို့မရတော့။ ခြေတစ်လှမ်းမှမစရသေးဘဲ ယုံကြည်မှုအပျက်ခံ၍မဖြစ်လေ။
~Chan Yeol ရာ ခင်ဗျားဘယ်ရောက်နေလဲ~
"Chan Yeol က ဒီမနက် အစောဆုံး flight နဲ့ London ကိုထွက်သွားတယ် အလုပ်ခရီးမို့ တော်တော်ကြာလိမ့်မယ်"
Baekhyun စိတ်ထဲက စကားတွေကို Sehun မာမီကြားသလားရယ်လို့ လိပ်ပြာမလုံေတာင်ဖြစ်မိသွားသည်။ Sehun မာမီစကားအရ Chan Yeol နဲ့ Baekhyun အခြေအနေကို ရိပ်မိထားဟန်တူသည်။ ဇာတ်လမ်းဖြတ်ဖို့ အခွင့်အရေးပေးသည်ကို ဇာတ်လမ်းထပ်ဆက်မိခဲ့သဖြင့် Baekhyun မျက်နှာပူစွာခေါင်းငုံ့ထားမိတော့သည်။
Sehun ကတော့ဘာမှမပြော။ Baekhyun မျက်နှာကိုသာ တစ်ချက်အကဲခတ်လာသည်။ Baekhyun တာဝန်သိသင့်ပြီလို့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးလိုက်ရ၏။
"Sehun သွားရအောင်"
"မာမီ အားရင်လာတွေ့ဦးနော်"
Sehun က Baekhyun ကို ခေါင်းညိတ်ပြပြီး သူ့မာမီကို နှုတ်တက်သည်။
"ကောင်ဆိုးလေး ... မင်းက အမေကို လာတွေ့မယ်မရှိဘူး"
Sehun မာမီက ပါးစပ်ကသာထိုသို့ပြောနေပေမယ့် မျက်နှာတစ်ခုလုံးက ပြုံးချိုနေသည်။ မေမေရှိရင်ရော Baekhyun အတွက်အခုလို နွေးထွေးတဲ့အပြုံးလေးတွေအမြဲတမ်းပေးကမ်းလိမ့်မည်ထင်ပါသည်။
"အစစ အရာရာ စိတ်ချပါ အန်တီ ... စိတ်မပျက်စေရပါဘူး"
Baekhyun က ကတိစကားဆိုရင်း ခါးကိုင်းကာ အရိုအသေပေးတော့ Sehun မာမီက Baekhyun ခေါင်းလုံးလုံးလေးကို ဖွဖွလေးပွတ်သပ်ပေးလေသည်။
ထို့နောက် Sehun နဲ့ Baekhyun နှစ်ယောက်အတူ မြို့တော်ဆီသို့ ထွက်ခွါခဲ့ကြလေတော့သည်။
°°°°°°°°°°°°°°°°°✓°°°°°°°°°°°°°°°°°°
[၁လကြာပြီးနောက်]
အတန်းချိန်ပြီးသည်နှင့် ထိုင်ခုံမှ ခပ်သွက်သွက်ထလေသူကို Baekhyun လှမ်းအော်ခေါ်လိုက်သည်။
"ဟေး ဒူး"
"ငါ့ကိုအဲ့လိုမခေါ်ဖို့ပြောထားတယ်လေ"
ဆူပုတ်ကာပြန်လှည့်ကြည့်လာပုံအရ Kyung Soo တစ်ယောက် စိတ်ကောက်ပြန်ပြီထင်။ သူကလေ အမြဲအဲ့လိုပင်။ နည်းနည်းလေးမှကို အစမခံ၊ အထိမခံသူ။
အခုလည်းကြည့်လေ။ သူ့အိမ်နာမည်ကို စစနောက်နောက် နာမည်လေး နည်းနည်းဖျက်ခေါ်ရုံနဲ့ မျက်နှာကြီးက မဲမှောင်နေပြန်ပြီ။ Baekhyun ကလည်း အဲ့လိုဆိုပိုပြီး စနောက်ပစ်ချင်တာ။
"မင်းနာမည် ဒီအို .. ဒူးမဟုတ်လို့ ဒီအို .. ဒိုးလား ...
ဟာ ဟေ့ နေဦးလေ ..."
Baekhyun စကားကိုဆုံးအောင်နားမထောင်ဘဲ ထွက်သွားတဲ့ Kyung Soo နောက် အပြေးလိုက်ရပြန်ပြီ။ စာသင်ခန်းမှာ ဘေးကပ်ရပ်ထိုင်လာတာဖြင့် ကျောင်းစတက်တည်းကဆို တစ်လတောင်ပြည့်တော့မည်။ ဒီကောင်က အခုထိ ရင်းနှီးဖို့ခက်တုန်း။
"စိတ်မကောက်ပါနဲ့ကွာ ... ငါ့ဆီမှာ Hiru Sajioka ရဲ့ပွဲလက်မှတ်ရထားတယ်"
Kyung Soo ခြေလှမ်းတို့က ရပ်တန့်သွားသည်။ ထို့နောက် မျက်လုံးကိုမှေးကျဉ်းလျက် Baekhyun ထံ အကြည့်တစ်ချက်ပို့လာသည်။
"Hiru က ဖျော်ဖြေပွဲတွေနားထားတာ ... အာလာချောင်မနေနဲ့"
Baekhyun မျက်ခုံးပင့်လိုက်ရင်း အိတ်ထဲကိုလက်နှိုက်လိုက်သည်။ လက်ညှိုးနှင့် လက်မကြားညှပ်ကာပါလာသည့် လက်မှတ်နှစ်စောင်ကို Kyung Soo မြင်အောင်ထောင်ပြလိုက်သည်။
"ငါ့သူငယ်ချင်း အဖေပိုင်တဲ့ Bar မှာ တစ်လတစ်ခါ VVIP show တစ်ခုလုပ်လေ့ရှိတယ် ... အမြဲနာမည်ကြီးတွေပဲလာဖျော်ဖြေပြီး ပရိတ်သတ်ကလည်း အယောက်နှစ်ဆယ်မပြည့်ဘူးတဲ့"
Kyung Soo က Baekhyun စကားကို စိတ်ဝင်တစားဖြစ်ကာ Baekhyun နားကပ်လာသည်။ Baekhyun က လက်မှတ်ကို hoodie အိတ်ကပ်ထဲထည့်လိုက်ရင်း ကျောင်းထွက်ပေါက်တံခါးဆီ ဦးတည်လိုက်သည်။
"ပရိတ်သတ်တွေက နိုင်ငံရေးသမားတွေနဲ့ ထိပ်သီးခေါင်းဆောင်တွေမို့ ဖျော်ဖြေရေးသမားတွေကို ဖိတ်ကြားတဲ့အခါ အာရှတစ်ဝှမ်းက ထိပ်တန်းအနုပညာရှင်တွေအပြင် တစ်ခါတစ်ရံဆို အနောက်နိုင်ငံက နာမည်ကြီးတွေတောင်လာတာတဲ့ကွာ"
"အင်း အဲ့တော့ Hiru က ... Hiru က ... တကယ်လာမှာလား"
Kyung Soo မေးခွန်းမှာ စိတ်အားထက်သန်မှုတွေကို
မြင်နေရသည်။ ဒါပဲလေ။ Baekhyun က မပိုင်ရင်ခြင်တောင်မရိုက်။ Hiru က Kyung Soo အကြိုက်ဆုံး Pianist မို့ သေချာပေါက်ငါးစာဟပ်မည်မှန်းသိသည်။
Baekhyun က ပြောလက်စကို တမင်ရပ်ထားပြီး ကျောင်းပေါက်ဝရောက်မှစကားဆက်လိုက်သည်။
"မသေချာဘဲ ပြောမလား ... ဒီမှာ လက်မှတ်နှစ်စောင်"
Kyung Soo က Baekhyun လက်ထဲက လက်မှတ်နှစ်စောင်ကို တောက်ပသော မျက်လုံးများဖြင့် ဝမ်းသာအားရ ဆွဲယူမည်ပြုသည်။ Baekhyun က လက်ကိုအမြန် နောက်ပစ်လိုက်သည်။
"အလကားတော့ မရဘူးလေ"
Baekhyun အပြောကြောင့် Kyung Soo က တစ်ချက်တွေသွားသည်။
"ဘယ်လောက်ကျကျယူမယ်"
Baekhyun က လက်ခုပ်တီးရင်း သဘောတကျအော်ရယ်လိုက်သည်။
"ကောင်းပြီ ဒါပေမယ့် ငါက ဒါကို ပိုက်ဆံနဲ့မရောင်းချင်ဘူး ... ဒီလိုလုပ် ငါအကူအညီလိုတဲ့အခါ မင်းကိုအရင်ပြောမယ် ... မင်းတတ်နိုင်တာရှိရင် ငါ့ကို ..."
Baekhyun စကားကို ဆုံးအောင်တောင်ပြောခွင့်မရ။ Kyung Soo က ချက်ချင်းခေါင်းငြိမ့်လေသည်။
"ရတယ် ရတယ် ဘာနေနေ အဆင်ပြေတယ် မင်းလိုရင် အချိန်မရွေးပြောလိုက်"
Baekhyun အားရပါးရပြုံးလိုက်ရင်း Kyung Soo ပုခုံးကိုဖက်လိုက်သည်။ Baekhyun လိုချင်တာလည်း ဒီစကားပဲလေ။ Kyung Soo လက်ထဲ လက်မှတ်နှစ်စောင်ကို ရက်ရောစွာထည့်ပေးလိုက်သည်။
"အိုခေ သူငယ်ချင်း Kyung Soo "
"ကျေးဇူး သူ သူငယ်ချင်း Baekhyun "
ထို့နောက် သုတ်ခြေတင်ပြေးသွားသည်မှာ မည်မျှပျော်နေမှန်းသိသာလေသည်။ Kyung Soo ရဲ့ကျောပြင် တဖြည်းဖြည်းဝေးကွာသွားလေလေ Baekhyun မျက်နှာထက်က အပြုံးတို့က တစ်စ တစ်စ လျော့ပါးပျောက်ကွယ်သွားလေပင်ဖြစ်၏။
Mission တစ်ခုတော့ပြီးဆုံးသွားပြီ။ နောက်ပိုင်းတွေက Sehun တာဝန်မို့ Baekhyun က နောက်ထပ် mission အသစ်တွေမလာခင်ထိ အေးဆေးနားရုံပင်။ Kyung Soo ပြေးထွက်သွားသည့်ဖက်နှင့် ဆန့်ကျင်ဖက်ကို ဦးတည်လိုက်သည်။
အိတ်ကပ်ထဲက ဖုန်းတုန်ခါမှုကြောင့် ထုတ်ကြည့်လိုက်တော့ message အသစ်ရောက်နေတဲ့ သတိပေးချက်ဖြစ်ေနသည်။ အသေးစိပ်ကိုဖတ်ကြည့်ပြီးတော့ Baekhyun အမူအရာက တောင့်ခဲသွားသည်။ ထို့နောက် ဖုန်းနံပါတ်တစ်ချို့ကို အပြေးအလွှားနှိပ်ရင်း လမ်းမကြီးပေါ်သို့ချိုးကွေ့၍ Taxi တစ်စီးကိုလက်ပြကာတားလိုက်သည်။
"ဒီလိပ်စာကိုပို့ပေးပါ"
Taxi driver ကခေါင်းငြိမ့်ပြည့်အခိုက်မှာပင် ဖုန်းထဲက ဖြေဆိုသူအသံထွက်လာသည်။
"အင်း Sehun ငါ ဒီည အိမ်ပြန်လာဖြစ်မယ်မထင်ဘူး"
.............................................
29/7/2023
Baekhyunnie ဘယ်သွားနေလဲဖြေပါ။ (၁၀၀မှတ်)
ဒီအပိုင်း Park Chan Yeol လုံးဝပေါ်မလာတော့ လွမ်းနေကြပြီလား။
[နောက်ကျသွားလို့ တောင်းပန်ပါတယ်။ ဒီလို challenge လေးလုပ်ကြည့်မလို့။ အပတ်စဉ် Sunday တိုင်းမှ Update မတင်ပေးနိုင်ရင် စာလုံး ၃၀၀ ပိုတိုးရေးမယ်လို့လေ။><]
မျှော်နေကြတဲ့သူတွေရှိတယ်ဆိုလို့ ဝမ်းသာအားရပြေးလာရေးတာ ခလုတ်တောင်တိုက်တယ်။
အားလုံးကိုကျေးဇူးအများကြီးပါလို့😭💙
Soju Khar Khar
🚖🚖🚖🚖🚖🚖🚖🚖🚖🚖🚖🚖🚖🚖🚖🚖
Zawgyi
"အထုတ္ေတြအားလုံးတင္လို႔ၿပီးပါၿပီ သခင္ေလး"
Sehun က ဝန္ထမ္းကိုေခါင္းၿငိမ့္ျပလိုက္ၿပီး ေဘးနားကပ္လ်က္မွာရပ္ေနတဲ့ Baekhyun ကိုလွည့္ၾကည့္လာသည္။ အျဖဴေရာင္ေက်ာပိုးအိတ္ကိုမလြယ္ဘဲ ရင္ဝယ္ပိုက္ကာ ဒူးအထက္ထိတိုေသာ ေဘာင္းဘီတိုဝတ္ထားသည့္ Baekhyun က တကၠသိုလ္ေက်ာင္းသားႏွင့္မတူဘဲ မူႀကိဳကေလးအလားပင္ျဖစ္ေနသည္။
"လင္းတႀကီးလိုမွိုင္မေနနဲ႕"
Sehun ႀကိမ္းေမာင္းလိုက္မွ Baekhyun မ်က္ႏွာ ပိုလို႔ပင္ငယ္က်မိသြားေတာ့သည္။ ဒီေန႕မွပဲရာသီဥတုကလည္း Baekhyun ကိုမီးေလာင္ရာေလပင့္ေနသလားမွတ္ရေအာင္ ေကာင္းကင္တစ္ခုလုံးၿပိဳေတာ့မလိုမဲေမွာင္မွိုင္းညို႔ေနေလသည္။
"Sehun ခဏေလာက္ေစာင့္လို႔မရဘူးလား"
အားကိုးတႀကီးေတာင္းဆိုမိေတာ့ Sehun က ေမွ်ာ္လင့္ခ်က္မကုန္ေသးေသာ Baekhyun ကို ထပ္မံတြန္းအားေပးမေနခ်င္ေတာ့၍ထင္ အိမ္ေရွ႕ဆင္ဝင္ေအာက္က ဒန္းေပၚသြားထိုင္ရင္းသာ ဂိမ္းေဆာ့ေနေလသည္။
"ကေလးေတြအခုထိမသြားေသးဘူးလား"
"မာမီ"
"အန္ အန္တီ"
Sehun မာမီထြက္လာၿပီဆိုေတာ့ ဒီထပ္ပိုအခ်ိန္ဆြဲေနလို႔မရေတာ့။ ေျခတစ္လွမ္းမွမစရေသးဘဲ ယုံၾကည္မႈအပ်က္ခံ၍မျဖစ္ေလ။
~Chan Yeol ရာ ခင္ဗ်ားဘယ္ေရာက္ေနလဲ~
"Chan Yeol က ဒီမနက္ အေစာဆုံး flight နဲ႕ London ကိုထြက္သြားတယ္ အလုပ္ခရီးမို႔ ေတာ္ေတာ္ၾကာလိမ့္မယ္"
Baekhyun စိတ္ထဲက စကားေတြကို Sehun မာမီၾကားသလားရယ္လို႔ လိပ္ျပာမလုံေတာင္ျဖစ္မိသြားသည္။ Sehun မာမီစကားအရ Chan Yeol နဲ႕ Baekhyun အေျခအေနကို ရိပ္မိထားဟန္တူသည္။ ဇာတ္လမ္းျဖတ္ဖို႔ အခြင့္အေရးေပးသည္ကို ဇာတ္လမ္းထပ္ဆက္မိခဲ့သျဖင့္ Baekhyun မ်က္ႏွာပူစြာေခါင္းငုံ႕ထားမိေတာ့သည္။
Sehun ကေတာ့ဘာမွမေျပာ။ Baekhyun မ်က္ႏွာကိုသာ တစ္ခ်က္အကဲခတ္လာသည္။ Baekhyun တာဝန္သိသင့္ၿပီလို႔ ကိုယ့္ကိုယ္ကိုယ္ ျပန္သတိေပးလိုက္ရ၏။
"Sehun သြားရေအာင္"
"မာမီ အားရင္လာေတြ႕ဦးေနာ္"
Sehun က Baekhyun ကို ေခါင္းညိတ္ျပၿပီး သူ႕မာမီကို ႏႈတ္တက္သည္။
"ေကာင္ဆိုးေလး ... မင္းက အေမကို လာေတြ႕မယ္မရွိဘူး"
Sehun မာမီက ပါးစပ္ကသာထိုသို႔ေျပာေနေပမယ့္ မ်က္ႏွာတစ္ခုလုံးက ၿပဳံးခ်ိဳေနသည္။ ေမေမရွိရင္ေရာ Baekhyun အတြက္အခုလို ေႏြးေထြးတဲ့အၿပဳံးေလးေတြအၿမဲတမ္းေပးကမ္းလိမ့္မည္ထင္ပါသည္။
"အစစ အရာရာ စိတ္ခ်ပါ အန္တီ ... စိတ္မပ်က္ေစရပါဘူး"
Baekhyun က ကတိစကားဆိုရင္း ခါးကိုင္းကာ အရိုအေသေပးေတာ့ Sehun မာမီက Baekhyun ေခါင္းလုံးလုံးေလးကို ဖြဖြေလးပြတ္သပ္ေပးေလသည္။
ထို႔ေနာက္ Sehun နဲ႕ Baekhyun ႏွစ္ေယာက္အတူ ၿမိဳ႕ေတာ္ဆီသို႔ ထြက္ခြါခဲ့ၾကေလေတာ့သည္။
°°°°°°°°°°°°°°°°°✓°°°°°°°°°°°°°°°°°°
[၁လၾကာၿပီးေနာက္]
အတန္းခ်ိန္ၿပီးသည္ႏွင့္ ထိုင္ခုံမွ ခပ္သြက္သြက္ထေလသူကို Baekhyun လွမ္းေအာ္ေခၚလိုက္သည္။
"ေဟး ဒူး"
"ငါ့ကိုအဲ့လိုမေခၚဖို႔ေျပာထားတယ္ေလ"
ဆူပုတ္ကာျပန္လွည့္ၾကည့္လာပုံအရ Kyung Soo တစ္ေယာက္ စိတ္ေကာက္ျပန္ၿပီထင္။ သူကေလ အၿမဲအဲ့လိုပင္။ နည္းနည္းေလးမွကို အစမခံ၊ အထိမခံသူ။
အခုလည္းၾကည့္ေလ။ သူ႕အိမ္နာမည္ကို စစေနာက္ေနာက္ နာမည္ေလး နည္းနည္းဖ်က္ေခၚ႐ုံနဲ႕ မ်က္ႏွာႀကီးက မဲေမွာင္ေနျပန္ၿပီ။ Baekhyun ကလည္း အဲ့လိုဆိုပိုၿပီး စေနာက္ပစ္ခ်င္တာ။
"မင္းနာမည္ ဒီအို .. ဒူးမဟုတ္လို႔ ဒီအို .. ဒိုးလား ...
ဟာ ေဟ့ ေနဦးေလ ..."
Baekhyun စကားကိုဆုံးေအာင္နားမေထာင္ဘဲ ထြက္သြားတဲ့ Kyung Soo ေနာက္ အေျပးလိုက္ရျပန္ၿပီ။ စာသင္ခန္းမွာ ေဘးကပ္ရပ္ထိုင္လာတာျဖင့္ ေက်ာင္းစတက္တည္းကဆို တစ္လေတာင္ျပည့္ေတာ့မည္။ ဒီေကာင္က အခုထိ ရင္းႏွီးဖို႔ခက္တုန္း။
"စိတ္မေကာက္ပါနဲ႕ကြာ ... ငါ့ဆီမွာ Hiru Sajioka ရဲ႕ပြဲလက္မွတ္ရထားတယ္"
Kyung Soo ေျခလွမ္းတို႔က ရပ္တန႔္သြားသည္။ ထို႔ေနာက္ မ်က္လုံးကိုေမွးက်ဥ္းလ်က္ Baekhyun ထံ အၾကည့္တစ္ခ်က္ပို႔လာသည္။
"Hiru က ေဖ်ာ္ေျဖပြဲေတြနားထားတာ ... အာလာေခ်ာင္မေနနဲ႕"
Baekhyun မ်က္ခုံးပင့္လိုက္ရင္း အိတ္ထဲကိုလက္ႏွိုက္လိုက္သည္။ လက္ညွိုးႏွင့္ လက္မၾကားညွပ္ကာပါလာသည့္ လက္မွတ္ႏွစ္ေစာင္ကို Kyung Soo ျမင္ေအာင္ေထာင္ျပလိုက္သည္။
"ငါ့သူငယ္ခ်င္း အေဖပိုင္တဲ့ Bar မွာ တစ္လတစ္ခါ VVIP show တစ္ခုလုပ္ေလ့ရွိတယ္ ... အၿမဲနာမည္ႀကီးေတြပဲလာေဖ်ာ္ေျဖၿပီး ပရိတ္သတ္ကလည္း အေယာက္ႏွစ္ဆယ္မျပည့္ဘူးတဲ့"
Kyung Soo က Baekhyun စကားကို စိတ္ဝင္တစားျဖစ္ကာ Baekhyun နားကပ္လာသည္။ Baekhyun က လက္မွတ္ကို hoodie အိတ္ကပ္ထဲထည့္လိုက္ရင္း ေက်ာင္းထြက္ေပါက္တံခါးဆီ ဦးတည္လိုက္သည္။
"ပရိတ္သတ္ေတြက နိုင္ငံေရးသမားေတြနဲ႕ ထိပ္သီးေခါင္းေဆာင္ေတြမို႔ ေဖ်ာ္ေျဖေရးသမားေတြကို ဖိတ္ၾကားတဲ့အခါ အာရွတစ္ဝွမ္းက ထိပ္တန္းအႏုပညာရွင္ေတြအျပင္ တစ္ခါတစ္ရံဆို အေနာက္နိုင္ငံက နာမည္ႀကီးေတြေတာင္လာတာတဲ့ကြာ"
"အင္း အဲ့ေတာ့ Hiru က ... Hiru က ... တကယ္လာမွာလား"
Kyung Soo ေမးခြန္းမွာ စိတ္အားထက္သန္မႈေတြကို
ျမင္ေနရသည္။ ဒါပဲေလ။ Baekhyun က မပိုင္ရင္ျခင္ေတာင္မရိုက္။ Hiru က Kyung Soo အႀကိဳက္ဆုံး Pianist မို႔ ေသခ်ာေပါက္ငါးစာဟပ္မည္မွန္းသိသည္။
Baekhyun က ေျပာလက္စကို တမင္ရပ္ထားၿပီး ေက်ာင္းေပါက္ဝေရာက္မွစကားဆက္လိုက္သည္။
"မေသခ်ာဘဲ ေျပာမလား ... ဒီမွာ လက္မွတ္ႏွစ္ေစာင္"
Kyung Soo က Baekhyun လက္ထဲက လက္မွတ္ႏွစ္ေစာင္ကို ေတာက္ပေသာ မ်က္လုံးမ်ားျဖင့္ ဝမ္းသာအားရ ဆြဲယူမည္ျပဳသည္။ Baekhyun က လက္ကိုအျမန္ ေနာက္ပစ္လိုက္သည္။
"အလကားေတာ့ မရဘူးေလ"
Baekhyun အေျပာေၾကာင့္ Kyung Soo က တစ္ခ်က္ေတြသြားသည္။
"ဘယ္ေလာက္က်က်ယဴမယ္"
Baekhyun က လက္ခုပ္တီးရင္း သေဘာတက်ေအာ္ရယ္လိုက္သည္။
"ေကာင္းၿပီ ဒါေပမယ့္ ငါက ဒါကို ပိုက္ဆံနဲ႕မေရာင္းခ်င္ဘူး ... ဒီလိုလုပ္ ငါအကူအညီလိုတဲ့အခါ မင္းကိုအရင္ေျပာမယ္ ... မင္းတတ္နိုင္တာရွိရင္ ငါ့ကို ..."
Baekhyun စကားကို ဆုံးေအာင္ေတာင္ေျပာခြင့္မရ။ Kyung Soo က ခ်က္ခ်င္းေခါင္းၿငိမ့္ေလသည္။
"ရတယ္ ရတယ္ ဘာေနေန အဆင္ေျပတယ္ မင္းလိုရင္ အခ်ိန္မေ႐ြးေျပာလိုက္"
Baekhyun အားရပါးရၿပဳံးလိုက္ရင္း Kyung Soo ပုခုံးကိုဖက္လိုက္သည္။ Baekhyun လိုခ်င္တာလည္း ဒီစကားပဲေလ။ Kyung Soo လက္ထဲ လက္မွတ္ႏွစ္ေစာင္ကို ရက္ေရာစြာထည့္ေပးလိုက္သည္။
"အိုေခ သူငယ္ခ်င္း Kyung Soo "
"ေက်းဇူး သူ သူငယ္ခ်င္း Baekhyun "
ထို႔ေနာက္ သုတ္ေျခတင္ေျပးသြားသည္မွာ မည္မွ်ေပ်ာ္ေနမွန္းသိသာေလသည္။ Kyung Soo ရဲ႕ေက်ာျပင္ တျဖည္းျဖည္းေဝးကြာသြားေလေလ Baekhyun မ်က္ႏွာထက္က အၿပဳံးတို႔က တစ္စ တစ္စ ေလ်ာ့ပါးေပ်ာက္ကြယ္သြားေလပင္ျဖစ္၏။
Mission တစ္ခုေတာ့ၿပီးဆုံးသြားၿပီ။ ေနာက္ပိုင္းေတြက Sehun တာဝန္မို႔ Baekhyun က ေနာက္ထပ္ mission အသစ္ေတြမလာခင္ထိ ေအးေဆးနား႐ုံပင္။ Kyung Soo ေျပးထြက္သြားသည့္ဖက္ႏွင့္ ဆန႔္က်င္ဖက္ကို ဦးတည္လိုက္သည္။
အိတ္ကပ္ထဲက ဖုန္းတုန္ခါမႈေၾကာင့္ ထုတ္ၾကည့္လိုက္ေတာ့ message အသစ္ေရာက္ေနတဲ့ သတိေပးခ်က္ျဖစ္ေနသည္။ အေသးစိပ္ကိုဖတ္ၾကည့္ၿပီးေတာ့ Baekhyun အမူအရာက ေတာင့္ခဲသြားသည္။ ထို႔ေနာက္ ဖုန္းနံပါတ္တစ္ခ်ိဳ႕ကို အေျပးအလႊားႏွိပ္ရင္း လမ္းမႀကီးေပၚသို႔ခ်ိဳးေကြ႕၍ Taxi တစ္စီးကိုလက္ျပကာတားလိုက္သည္။
"ဒီလိပ္စာကိုပို႔ေပးပါ"
Taxi driver ကေခါင္းၿငိမ့္ျပည့္အခိုက္မွာပင္ ဖုန္းထဲက ေျဖဆိုသူအသံထြက္လာသည္။
"အင္း Sehun ငါ ဒီည အိမ္ျပန္လာျဖစ္မယ္မထင္ဘူး"
.............................................
29/7/2023
Baekhyunnie ဘယ္သြားေနလဲေျဖပါ။ (၁၀၀မွတ္)
ဒီအပိုင္း Park Chan Yeol လုံးဝေပၚမလာေတာ့ လြမ္းေနၾကၿပီလား။
[ေနာက္က်သြားလို႔ ေတာင္းပန္ပါတယ္။ ဒီလို challenge ေလးလုပ္ၾကည့္မလို႔။ အပတ္စဥ္ Sunday တိုင္းမွ Update မတင္ေပးနိုင္ရင္ စာလုံး ၃၀၀ ပိုတိုးေရးမယ္လို႔ေလ။><]
ေမွ်ာ္ေနၾကတဲ့သူေတြရွိတယ္ဆိုလို႔ ဝမ္းသာအားရေျပးလာေရးတာ ခလုတ္ေတာင္တိုက္တယ္။
အားလုံးကိုေက်းဇူးအမ်ားႀကီးပါလို႔😭💙
Soju Khar Khar