မုန့်စကျောင်းဆင်းတော့သူငယ်ချင်းလေးယောက်လုံးကကျောင်းအတွင်းအကြီးဆုံးသစ်ပင်အောက်တွင်ထိုင်နေကြသည်
"ဟျောင့်ဂျီမင်း မင်းအဖေလာတာဘာပြောသေးလဲ"Tae
"ဘာမှတော့မပြောဘူးငါ့ကြည့်ပြီးတော့သက်ပြင်းချသွားတာပဲ"
"သေချာတယ်ငါ့ကောင်အိမ်ရောက်ရင်တရားဟောတာခံရတော့မှာ"Taemin
"အေးကွာ ဘယ်လိုလုပ်ရမှန်းတောင်မသိတော့ဘူး"
"ဘယ်လိုမှလုပ်မနေနဲ့ပထမအကြိမ်လည်းမဟုတ်ဘူးကိစမရှိဘူးမလား"Sobad
"အော်အေး မရှိဘူးဟုတယ်"Jm
"ကဲပါကျောင်းပြန်တက်တော့မယ် အခန်းထဲပြန်ဝင်ရအောင်"Tae
သူငယ်ချင်းလေးယောက်ကကျောင်းခန်းထဲသို့ပြန်ဝင်သွားသည်
ညနေကျောင်းပြန်လွှတ်တော့ဂျီမင်းအဖေလာကြိုခဲ့သည်
အိမ်ပြန်ရောက်တော့
"မင်းသားကို မင်းဆုံးမ မှာလား ငါဆုံးမရမလား"
"ဘာဖြစ်လာပြန်ပြီလဲ"
"မင်းသားကိုမေးကြည့်တော့"
"ပတ်ဂျီမင်း ပြသာနာထပ်ရှာလာတာတော့မဟုတ်ပါဘူးနော်"မာမီ
"မင်းသားကအဲ့ဒီ့အကြောင်းပဲမဟုတ်ရင်
ဘာဖြစ်နိုင်လို့လဲ"
"ဟောတော့ ဘာတွေရှာလာပြန်တာလဲသားရယ် မာမီတို့ဆုံးမပေါင်းလဲမနည်းတော့ဘူး"
"ဆရာမကိုလည်းကြာတော့မျက်နှာ
ပူလာရပြီ"ဒယ်ဒီ
"အခုကိစမှာသူတို့ဘက်ကလုပ်တာမဟုတ်လို့ဖြစ်ရတာလေသားဘက်ကစတာမဟုတ်ဘူး"
"မင်းသူတိုကိုအရင်သွားထိုးတယ်ဆို"
"အဲ့ဒါကဟုတ်တယ်လေ သူတို့ဘက်ကရန်စလို့လေ အမှန်ဆိုအဲ့ကိစကမနေ့ကတည်းကပြီးပြီ အဲ့ကောင်တွေသားတို့ကိုမနိုင်တာနဲ့ပဲဆရာမတွေကိုရန်ဖြစ်အောင်လုပ်တာအဲ့ကောင်တွေလေ"
"အခုဖြစ်နေလို့လားမင်းတို့ဆရာမတွေက
အဲ့ဒါမင်းနဲ့မဆိုင်ဘူး ဒါကတော့သူတို့တိုင်သင့်တာပဲလေ တိုင်မှာပဲအဲ့ဆရာမကလည်းသူတို့အတန်းကကလေးကိုထိရင်တော့ဘယ်ရမလဲ မင်းတို့ဆရာမကိုလာပြောမှာပဲလေ"
"ဟုတ်တယ်လေဗျာ အဲ့ဒါရန်တိုက်ပေးတာနဲ့အတူတူပဲ ဆရာမဘယ်လောက်တောင်သည်းခံခဲ့ရမလားဒယ်ဒီပဲစဉ်းစားကြည့်"
"အဲ့လိုဖြစ်အောင်မင်းတို့ပဲလုပ်တာလေ"
"သားတို့ကဆရာမကထိခိုက်အောင်လုပ်တာလဲမဟုတ်ဘူး သားတို့လူငယ်အချင်းချင်းဖြစ်တာလေသားတို့နဲ့ပဲရှင်းပါလား ဆရာမနဲ့တိုင်စရာမလိုဘူး သူတို့ယောက်ကျားမဟုတ်ဘူးလား"
"တော် တော် ပတ်ဂျီမင်း သူများကိုအပြစ်တင်မနေနဲ့ မင်းကိုယ်မင်းလည်းအပြစ်ရှိတယ်ဆိုတာခေါင်းထဲထည့်ထား အေးအဲ့အကျင့်လေးတွေလဲပြင်အုံး ဒယ်ဒီတို့နောက်ခါရုံးခန်းမရောက်ချင်တော့ဘူး!"
"သားကလည်းတမင်ရောက်အောင်လုပ်နေတာမှမဟုတ်ပဲစိတ်ချပါ အတတ်နိုင်ဆုံးသားလိမ်မာအောင်နေပါ့မယ်"
"အဲ့လိုလုပ်စမ်းပါ"
"ကဲ ဒီသားဖနှစ်ယောက်ကလည်းတည့်ပြီဆိုလည်းနားကြတော့ သားလည်းသွားနားတော့
ရှင်လည်းသွားနားတော့"
"သားသွားပြီ"
ဂျီမင်းကထွက်သွားပြီးသူ့ကိုယ်ပိုင်အခန်းထဲသို့ဝင်သွားသည်
ရေမချိုးသေးပဲဂိမ်းအရင်ဆော့သည်
ပြီးမှရေချိုးကာအေးဆေးနားတော့သည်
~~~~~~~~~~~~~~~
ကလင် ကလင် ကလင်
(နာရီနှိုးစက်အသံ)
အမြဲတမ်းနာရီကိုနှိုးစက်ပေးထားပြီး
မသိချင်ယောင်ဆောင်ပြီးမထပဲဆက်အိပ်တဲ့လူတွေကလည်းသပ်သပ်ကိုရှိသည်
ပတ်ဂျီမင်းလည်းအပါအဝင်
နားငြီးလို့နှိုးစက်ကိုအိပ်ချင်မူးတူးဖြင့်ယူကာ
နံရံသို့ပြစ်ပေါက်လိုက်သည်
ဒါနဲ့ဆိုအလုံးသုံးဆယ်အတိ
သူပဲနှိုးစက်ကိုအသံပေးပေးထားပြီး
အလန်းပေးထားတဲ့အချိန်ရောက်ရင်ထမြည်လို့ဆိုကာကိုင်ပေါက်တတ်သည်
မီးဖိုချောင်ထဲတွင်မနက်စာအတွက်ပြင်ဆင်နေသောမာမီကထိုအသံကိုကြားတော့
"ဟဲ့ ဘာကျတာလဲ!"
ဆိုကာအပေါ်ထပ်သို့တက်သွားသည်
ဂျီမင်းအခန်းထဲကအသံမို့ဂျီမင်းအခန်းထဲသို့ဝင်သွားသည်
ဝင်ဝင်ချင်းကွဲကြေသွားသောနာရီလေးအား တွေ့တော့မာမီကောက်ကိုင်လိုက်ကာ
"ဟော ခွဲလိုက်ပြန်ပြီနောက်တစ်လုံး"
အိပ်နသောဂျီမင်း၏ခုတင်ပေါ်တွင်ထိုင်လိုက်ပြီး
"ဟိုကောင်လေးထတော့!!"
လက်မောင်းလေးရိုက်ကာနှိုးလိုက်သည်
"ဟိုကောင်လေး ပတ်ဂျီမင်း!!"
ထိုတော့မှ
"ဟာ မာမီကလည်းအစောကြီးရှိသေးတယ်မလား"
"ဘယ်ကိုအစောကြီးလဲ!! ရှစ်နာရီခွဲနေပြီလေ"
ကျောင်းကကိုးနာရီ
ဂျီမင်းကဆံပင်လေးဆုပ်ဖွားဖြင့်
ဆုပ်ပုတ်ထဲမှထလာသည်
"ကြည့်ရမ်း ခွဲလိုက်ပြန်ပြီ နောက်တစ်လုံး
နောက်ခါပေးမထားနဲ့အလကားရတယ်များထင်နေတာလား"
"မာမီကလည်းသားအိပ်နေချိန်ထထမြည်တာကို"
"နင်ပဲ အလန်းပေးထားပြီးတော့ မမြည်လို့ဘာဖြစ်ကမှာလဲ နောက်ခါပိတ်ထားလိုက်ပြီးရင်ထတာလည်းမဟုတ်ဘူး"
"မပေးထားရင်နိုးပါ့မလဲမာမီရဲ့"
"ပေးထားတော့ရော နင်နားငြီးလို့ဆိုပြီးရိုက်ခွဲတယ်မဟုတ်ဘူးလား"
"ဒါကတော့ဟုတယ်လေ"
"ကြည့် ပြောရင်းကိုရှုပ်နေတာ ဘယ်လိုကောင်လေးမှန်းကိုမသိဘူး သွားထ မျက်နှာသစ်ရေမိုးချိုးတော့"
"ဟုတ်"
ပြင်လို့ဆင်လို့အပြီးအောက်ထပ်ဆင်းလာကာမနက်စာဝိုင်းတွက်မိသားစုသုံးယောက်အတူစားရင်း
ပုံမှန်ဆိုဒယ်ဒီကကျောင်းလိုက်ပို့နေကြဖြစ်သည်ကြိုရင်လည်းဒယ်ဒီပဲဖြစ်သည်
တစ်ခါတစ်လေတော့ဒယ်ဒီကိုမစောင့်နိုင်လို့
ကိုယ့်ဟာကိုလည်းကျောင်းလာတတ်သည်
"ကဲ ဒီနေ့ဘာသံမှမကြားချင်ဘူးနော်
ပတ်ဂျီမင်း"
"အင်းပါ မာမီရဲ့"
ကျောင်းသွားတော့မည့်ဂျီမင်းအား
မှာလိုက်သည်
ထို့နောက်ဒယ်ဒီကကျောင်းလိုက်ပို့ခဲ့သည်
ကျောင်းရောက်တော့ကိုယ့်အခန်းထဲကိုယ်ဝင်ထိုင်နေသည်
Taeပဲရောက်သေးသည်
"ဟျောင့် ဟိုကောင်နှစ်ကောင်ရော"
"မင်းတွေ့လားပြော"
"မတွေ့ဘူးလား"
"အေး မရောက်သေးလို့ပေါ့ကွ"
"အော် တစ်ခါတည်းပြောလိုက်ပြီးရောပေါ့"
"မင်းကိုသိသိကြီးကြီးလာမေးနေတာကိုကွ"
".........ဒါနဲ့နေပါအုံး မင်းကဘာလို့အစောကြီးရောက်နတာလဲ"
"ငါလားမရောက်ပါဘူး ငါခုံမှာထိုင်ရောမင်းလည်းရောက်တာပဲ"
"ဟုလား"
"အေး"
ထယ်နဲ့ဂျီမင်းစကားပြောနေရင်းထယ်မင်နဲ့ဆိုဘတ်ရောက်လာသည်
"ငါ့ကောင်တို့ကရောက်နေပြီကို"Sobad
"ကြာပေါ့"Jm
"မင်းတို့နှစ်ကောင်ဘာလို့နောက်ကျ"Tae
"ဒီလိုပါပဲ မင်းတို့ကကြာနေပြီလားရောက်တာ"sobad
"မကြာသေးဖူးစောနကမှ"Tae
"ဟျောင့် တွေ ငါပြောစရာရှိတယ်
သိလား"sobad
ဆိုဘတ်ရဲ့စကားကြောင့်ကျန်တဲ့သူငယ်ချင်းသုံးယောက်ကဆိုဘတ်အားကြည့်လိုက်ကာ
"ဘာလဲထူးထူးဆန်းဆန်း"Taemin
"အေးလေ"Tae
"ငါလေဟီးးးဟို Aခန်းကအတန်းခေါင်းဆောင်မလေးကိုကြွေသွားလို့ ဟီးး"🤭
"ဘယ်လို"Tae
"ဟုတယ်ဟ အဲ့ဒါမင်းတို့ကူညီပေးနိုင်မလား"
"ဟျောင့် Aခန်းကအတန်းခေါင်းဆောင်
လီယွန်းနာကိုပြောတာလား?"Jm
"အေးဟုတယ်လေမင်းတို့သိတယ်မလား"
"သူကမာနကြီးတယ်မဟုတ်ဘူးလား"Taemin
"အေးလေ သူ့လောက်မာနကြီးတာသူပဲရှိတာကို မင်းမို့လို့ကြိုက်တယ်"Jm
"ဟျောင့်တွေ မာနကြီးတယ်ဆိုပေမဲ့ သူကချောတယ်ဟ လှလဲလှတယ်"
"နေစမ်းပါ စိတ်ထားကယုတ်တယ် အဲ့လိုဆိုငါတို့ကဘယ်သူမှစိတ်မဝင်စားဘူးထယ်ဟျောင်းမင်းစိတ်ဝင်စားလား"Jm
"ဟာ နေစမ်းပါအုံး စိတ်မဝင်စားပါဘူး"
"ထယ်မင်ရော?"
"ဝေးသေး ရင်ကိုမခုန်တာ"
"မင်းတစ်ယောက်ပဲကြိုက်ဝာာ"Jm
"မင်းတို့ကလည်းငါ့နှလုံးသားကတော့သူချစ်မိတဲ့သူချစ်မိမှာပဲလေ"
"အဲ့ဒါကိုသိတယ်လေ နှလူံးသားအလိုကိုမလိုက်နဲ့မင်းနွားဖြစ်မှာစိုးလို့ပြောနေတာ"Jm
"မင်းတို့ကလည်းအဲ့တော့မကူညီဘူးလား
သူငယ်ချင်းအရင်းတွေဖြစ်ပြီးတော့"
"မကူညီချင်လို့ပြောနတာမဟုတ်ဘူး
မင်းဟာမလေးပုံစံကဒီလောက်မာနကခေါက်ခိုက်နေတာ စကားလည်းသွားမပြောချင်ဘူးသူငယ်ချင်းလည်းမဖြစ်ဘူး ပြောင်းကြိုက်လိုက်"Taemin
"ဟုတယ်ထယ်မင်ပြောတာလက်ခံတယ်
သူ့အကြောင်းတစ်ကြောင်းလုံးလည်းသိတယ်"Tae
"ငါ့ကောင်ရာ သူ့ထက်သာတဲ့ကောင်မလေးတွေမှအများကြီးကြိုက်တဲ့ကောင်မလေးရွေးလိုက် အဆင်ပြေစေရမဲ့"Jm
ဂျီမင်းကဆိုဘတ်ပခုံးအားပုတ်ကာပြောလိုက်သည်
"အေးပါကွာ မင်းတို့မကြိုက်ဘူးဆိုလဲပြီးရောသေချာစဉ်းစားကြည့်တော့လည်းဟုတ်တယ်နော်နောက်တစ်ယောက်ပံရှာလိုက်တော့မယ်"
"အဲ့လိုလုပ်စမ်းပါ"Jm
"ဒီလိုမှပေါ့"Taemin
ထိုအချိန်ဆရာမရောက်လာကာ
"ကဲ ကျောင်းတက်နေပြီမလား စာလေးဘာလေးလုပ်စရာမရှိတော့ဘူးလားစကားတွေချည်းပြောမနေကြနဲ့"
တစ်ခန်းလုံးကြားအောင်ဆရာမကအော်ပြောကာစားရင်စာအုပ်တစ်အုပ်ကိုင်ပြီးပြန်ထွက်သွားသည်
"အဲ့လောက်ဆိုဆရာမအစည်းအဝေးသွားတာဖြစ်ရမယ်"Tae
"ဟုတယ် ဟုတယ်"Sobad
"ကဲ အားလုံးပဲဆရာမအစည်းအဝေးသွားတာပဲဖြစ်ရမယ် အဲ့တော့ကြိုက်သလိုသာစကားပြောကြတော့ ဒါမဲ့အရမ်းအဆူအညံကြီးမလုပ်ကြနဲ့ကြားလား"Tae
"ရေးးးးးး"
ကျောင်းသားကျောင်းသူများကထအော်ကြတော့သည် ထို့နောက်ဆရာမအစည်းအဝေးသွားတာနှစ်နာရီလောက်ကြာခဲ့တာမို့အကြာကြီးစကားတွေပြောနေကြတာ့သည်
ညနေကျောင်းပြန်တော့ဒယ်ဒီလာကြိုသည်
အေးအေးဆေးဆေးပဲအိမ်ပြန်သွားကာ
အိမ်ပြန်ရောက်တော့ထုံးစံအတိုင်းပဲဂိမ်းဆော့ရင်ဆော့မဆော့ရင်ကနေတတ်သည်
အဲ့ဒါတွေမှမဟုတ်ရင်တော့ကွန်ပြူတာကနေ
သူငယ်ချင်းလေးယောက်Gpဖွင့်ကာစကားတွေဟာသတွေပြောကြတက်သေးသည်
~~~~~~~~~~~~~~~~~
နောက်နေ့မနက်ကျောင်းသွားတော့ဒယ်ဒီ
ကနောက်ကျမယ်ပြောလို့မစောင့်ပဲကိုယ့်သာကိုယ်လမ်းလျှောက်ကာကျောင်းသို့ထွက်လာခဲ့သည်
ကျောင်းရှေ့မှာအဘိုးအိုတစ်ယောက်ကိုဆယ်ကျော်သက်အရွယ်သာရှိသေးပုံရတဲ့
ကောင်လေးတစ်ယောက်ကတွဲထားသည်ထိုကောင်လေးကလည်းအဘိုးအိုကနိုင်ပုံမရဟန်နှင့်တူသည်မနည်းတွဲထားရတာမြင်တော့
အမြင်မတော်တာနဲ့ပဲသူပါထိုအဘိုးအိုနှင့်ကောင်လေးနားပြီးကူတွဲပေးလိုက်သည်
"ရရဲ့လားအဘိုး"Jm
"ရပါတယ်ကွယ်"
ဟိုဘက်ကကောင်လေးကဂျီမင်းလာတွဲတာမြင်တော့ဂျီမင်းကိုတစ်ချက်ကြည့်လိုက်ကာမျက်နှာပြန်လွဲသွားသည်
ထိုကောင်လေးကအဘိုးအိုနှင့်ပတ်သတ်ပြီး
တစ်ခုခုခံစားလိုက်ရတာကြောင့်သူ့လွယ်အိတ်ထဲကမုန့်လေးတစ်ခုကိုထုတ်လိုက်ကာ
"ဟို အဘိုးကြည့်တာရဗိုက်ဆာနေတယ်နဲ့တူတယ် သားမှာဒါလေးတော့ပါတယ် စားလိုက်နော်အဘိုး"
ထိုကောင်လေးကထိုသို့ဆိုလိုက်သည်
ဂျီမင်းကထိုကောင်လေးအားကြည့်ကာ
Jm mind - ငယ်ငယ်ရွယ်ရွယ်လေးနဲ့စိတ်ထားလေးကဘယ်ဆိုးလို့လဲဒီကျောင်းကပဲလားမသိဘူးသူ့ကြည့်ရတာလဲမုန့်ကတစ်ခုပဲပါတာထင်တယ်
ဟုရေရွတ်မိသည်
"ရပါတယ်မြည်းပယ်အဘိုးမစားတော့ပါဘူး"
ကျောင်းချိန်ကလည်းအလွန်ပင်နောက်ကျနေပြီဖြစ်သည်
"ဒီမှာကောင်လေး မင်းမုန့်လေးမင်းပြန်ယူသွားလိုက်ပါဒီကအဘိုးကို ကိုဝယ်ကျွေးလိုက်ပါမယ်"
ထိုကောင်လေးကမျက်လုံးအဝိုင်းသားလေးတွေနဲ့ပြန်ကြည့်သည်ပုံစံလေးကအူကြောင်ကြောင်ပုံစံမျိုးလေးနဲ့ခပ်အေးအေးလေးပင် အပြုံးကလေးတစ်ချက်တောင်မတွေ့ရပါ ဘာမှမပြောပဲသူ့မုန့်လေးကြိလွယ်အိတ်ထဲပြန်ထည့်လိုက်သည်
"မင်းကဒီကျောင်းကလား ကျောင်းနောက်ကျနေပြီ သွားတော့ အဘိုးကို ကို့တာဝန်ထားလိုက်"
ထိုကောင်လေးကကျောင်းကိုတစ်ချက်ကြည့်လိုက်ပြီးဂျီမင်းကိုပြန်ကြည့်ကာ
အဘိုးအိုအားနှုတ်ဆက်ပြီးထွက်သွားသည်
ဂျီမင်းကထိုကောင်လေးအားတစ်ချက်ကြည့်ပြီးအဘိုးအိုကိုအာရုံပြန်စိုက်လိုက်သည်
"အဘိုး ဗိုက်ဆာနေဆာလား
သားတစ်ခုခုဝယ်ပေးမယ်နောိ အဘိုးဒီမှာစောင့်နေလို့ရမလား"
"ရပါတယ်မြည်းရယ် အဘိုးကရပါတယ်
ငါ့မြည်းကျောင်းနောက်ကျနေပါအုံးမယ်"
"ကျောင်းကအရေးမကြီးပါဘူးဗျာ
သားသွားဝယ်ပေးမှာမို့ဒီမှာခဏလေးပဲစောင့်နေနော်အဘိုး"
ဆိုကာထွက်သွားသည်
အနီးနားကစတိုးဆိုင်တစ်ခာမှပါလာတဲ့မှာဖိုးတွေနဲ့အဘိုးအိုးဝယ်ပေးလိုက်သည်
"အဘိုး ဒီမှာယူနော်သားကစေတနာနဲ့
ဝယ်ပေးတာ လျှုတယ်ပဲသဘောထားလိုက်နော်အဘိုး"
"အများကြီးပဲမြည်းရယ်"
"အဘိုးအများကြီးစားရအောင်လို့ဝယ်လာပေးတာပါ"
"ငါ့မြည်းမုန့်ဖိုးတွေကုန်ကုန် ပါပြီ"
"မကုန်ပါဘူးအဘိုး သားမှာအများကြီးကျန်ပါသေးတယ် ဒါနဲ့အဘိုးကဘယ်သွားမှာလဲတစ်ယောက်တည်းကောဖြစ်ပါ့မလား"
"ဖြစ်ပါတယ်ကျောင်းခေါင်းလောင်းထိုးတေပြီမြည်းအဘိုးကြောင့်ဆူခံရတော့မယ်"
"မဆူခံရပါဘူးအဘိုးရဲ့တစ်ယောက်တည်းရတယ်မလား"
"ရပါတယ် ငါ့မြည်းကိုကျေးဇူးတင်ပါတယ်နော်"
"မလိုပါဘူးအဘိုးရေ သားသွားပြီနော်အဘိုး"
"အေးအေး မြည်းလေးစာလိုက်နိုင်ပါစေနော်"
ဂျီမင်းကဉီးညွှတ်ပြီးကျောင်းထဲဝင်မယ်အလုပ်ကျောင်းတံခါးပိတ်တော့မည့်ဉီးလေးအား
"ဉီးလေး"
"ကောင်လေး ဘာလို့အခုမှရောက်လာတာလဲ ကျောင်းတံခါးပိတ်တော့မှ"
"ကျနော်နောက်ကျသွားလို့တောင်းပန်ပါတယ်တံခါးဖွင့်ပေးပါအုံး"
"ဖွင့်ပေးလို့မရတော့ဘူးလေငါ့တူ"
"ဗျာ အရမ်းကြီးနောက်မကျသေးပါဘူးဗျာ
ဖွင့်ပေးပါနော်ဉီးလေး"
"ဉီးတို့ကစည်းကမ်းအတိုင်းဆောင်ရွက်ရတာငါ့တူရဲ့ကျောင်းအုပ်တွေ့ရင်ဉီးတို့မှအပြစ်ရှိတယ်"
ထိုကျောင်းတေွသည်အလွန်ပင်
စည်းကမ်းကြီးသည့်ကျောင်းပင်ဖြစ်သည့်အတွက်တံခါးပိတ်ပြီးရင်ဘယ်လောက်ပဲနောက်ကျောနက်ကျဝင်လို့မရပါ
"ဒီတစ်ခေါက်ပါပဲဉီး"
ထိုအချိန်ဂျီမင်းတို့ရဲ့အတန်းပိုင်ဆရာမရောက်လာသည်
"ဘာဖြစ်နေကြတာလဲ"
"အော် ဆရာမ ဒီကလေးကတံခါးပိတ်ပြီးမှကျောင်းကိုရောက်လာလို့"
"ပတ်ဂျီမင်းပဲ ဖွင့်ပေးလိုက်ပါ အဲ့ဒါကျွန်မအတန်းက ကလေး ကျောင်းအုပ်သိရင်ကျွန်မရှင်းပါမယ်"
"ဗျာ ဟုတ် ဟုတ်ကဲ့"
ထိုဉီးလေးကတံခါးအားဖွင့်ပေးလိုက်သည်
ဆရာမကထွက်သွားသည်
သူတို့အခန်းစီသွားတာမို့ဂျီမင်းကဆရာမနောက်ကာလိုက်လာသည်
"ဆရာမ"
"ဘာတုနး်"
"ကျေးဇူးတင်ပါတယ်"
"နေပါအုံး မင်းကဘာလို့နောက်ကျနေတာလဲ"
"သား လမ်းမှာအဘိုးတစ်ယောက်ကိုကူညီနေလို့ပါဆရာမရဲ့အာ့ကြောင့်နောက်ကျသွားတာ"
"ဟုလို့လား"
"ဟုတ်ပါတယ်ဆရာမရဲ့"
"အေးပြီးတာပဲအာ့ဆိုကောင်းဝာဲ့အလုပ်ကြောင့်ဆိုတော့လည်းထားလိုက်တော့နောက်ခါတော့မဖြစ်စေနဲ့ပေါ့"
"ဟုတ်ကဲ့ပါဆရာမ"
ဆရာတပည့်နှစ်ယောက်အခန်းထဲသို့အတူရောက်လာသည်
အခန်းထဲရောက်တော့ဂျီမင်းကသူ့တေရာသူဝင်ထိုင်လိုက်သည်
ထယ်ဟျောင်းတို့ကဂျီမင်းမလာတော့ဘူးထင်နေကြသည်
"ငါတို့မင်းမလာဘူးထင်နေတာ"
"လာပါတယ်ကွ နောက်မှရှင်းပြမယ်"
"အေးပြီးရော"
ထို့နောက်စာအုပ်ထုတ်ကာစာသင်
လိုက်ကြသည်။
မုန့်စားကျောင်းဆင်းတော့
"ဟုတ်လား"Tae
"အင်းဟုတယ်"
"အာ့ဆိုအဲ့ကောင်လေးကဘယ်ကလဲ"Taemin
"ငါလည်းမသိဘူးလေ ဒီကျောင်းကပဲ
ငယ်မယ်ထင်တယ်"
"ဟုလား"Taemin
"အင်းဟုတယ် ချေတယ်သိလား ငါ့ကိုတောင်ဘာစကားမှပြန်မပြောဘူး"
"ငါ့သူငယ်ချင်းကိုချေတယ်ပေါ့"Tae
"အဲ့လိုလည်းမဟုတ်ဘူး သူ့ပုံစံကအူကြောင်ကြောင်လေးနဲ့"
"ဟျောင့် မင်းအနိုင်ကျင့်နေတာငါတွေ့တာကို"
ဂျီမင်းတို့စကားပြောနေတုန်းအရှေ့နာလောက်ကာရန်ဖြစ်နေကြတာတွေ့သွားသည်သေချာကြည့်တော့ဆိုဘတ်
"ထယ်ဟျောင်းနဲ့ထယ်မင် ဆိုဘတ်မလား
ရန်ဖြစ်နေတာ"
ဂျီမင်းတို့စကားပြောနေတာဆိုဘတ်က
Toilet သွားတာဖြစ်သည်ဘယ်လိုဖြစ်ပြီးရန်ဖြစ်နေတာလဲတော့မသိ
"လာသွားရအောင်"
အနားသို့ရောက်သွားတော့
"မင်းနဲ့မဆိုင်ရင်ဝင်မပါနဲ့ဟျောင့်"
တစ်ဖက်လူကဆိုဘတ်ကိုပြောဆိုကာ
တွန်းလိုက်တာကြောင့်ထယ်ဟျောင်းကပြန်တွန်းလိုက်ကာ
"ဟျောင်းမင်းငါ့သူငယ်ချင်းကိုဘာလုပ်တာလဲ"
"လာပြန်ပြီလဲ မင်းတို့ကရောဘာတွေလဲ"
"ငါတို့ကသူ့သူငယ်ချင်း"ထယ်မင်
"ဟက် အုပ်စုလိုက်လာဖြဲတာလား
မင်းသူငယ်ချင်းကငါတို့ကိစကိုဝင်ပါနေလို့လေ"
"ငါကမင်းတို့အနိုင်ကျင့်နေတာမြင်လို့
ဝင်ပါတာကွ"ဆိုဘတ်
"မင်းကိုအနိုင်ကျင့်နေတာမှမဟုတ်တာ"
"မင်းတော့..."
"ဆိုဘတ်စိတ်ထိန်း"Jm
ဆိုဘတ်စကားမဆုံးခင်မှာဂျီမင်းကတားလိုက်သည်
"နေစမး်ပါအုံးငါ့သူငယ်ချင်းကဘာဝင်ပါလို့လဲ"ဂျီမင်း
"အဲ့ကောင်က ဒီကလေးကိုသူကပဲဝင်တိုက်ပြီးသူကပဲရန်လိုနေလို့ငါ့ကဝင်ပါတာ"sobad
ဆိုဘတ်လက်ငြိုးထိုးတဲ့ကလေးကိုကြည့်လိုက်တော့
မနက်ကကောင်လေးမလား??
ထိုကောင်လေးကဒီတိုင်းလေးကြောင်ကြောင်
တောင်တောင်လေးရပ်ကြည့်နေသည်
ဂျီမင်းကလည်းထိုကောင်လေးမှန်းသိတော့
"မင်းယောက်ကျားမဟုတ်ဘူးလား
ကလေးကိုတောင်အနိုင်ကျင့်တာ"
"ဟက် လာပြန်ပြန်မင်းတို့နဲ့မဆိုင်လို့ထွက်သွားလိုက်တော့"
"မသွားနိုင်ဘူး အားချင်းမမျှတာကိုလက်ပိုက်ကြည့်မနေန်ုငဘူး မင်းထက်အမျကြီးငယ်တယ် လူစိတ်မရှိဘူးလားမင်းမှာ"
"မင်းနဲ့သူနဲ့ကဘာဆိုင်လို့လဲပြော"
"ဆိုင်ဆိုင်မဆိုင်ဆိုင်....."
"ဟိုကလေးတွေအဲ့မှာစုစု စုစုနဲ့ဘာဖြစ်နေကြတာလဲ"
စီနီယာဆရာမတစ်ယောက်မှတွေ့တောါပြောသည်
ထိုအခါဟိုဘက်ကအကောင်တစ်ယောက်က
"စကားပြောနောတပါဆရာမ"
"ဟုလို့လား?"
"ဟုတ်ပါတယ်ဆရာမ"
"အေး!!
ခဏနေကျောင်းပြန်တက်တော့မှာအထဲဝင်ကြတြောအပြင်မှာရစ်သီရစ်သီလုပ်မနေနဲ့အကုန်အထဲဝင်ကြတော့"
"ဟုတ်ကဲ့ပါဆရာမ"all
ဆရာမထွက်သွားသည်
"ဟက် နောက်နေ့ဆက်ရှင်းမယ်"
"ခုလည်းရှင်းလို့ရတယ်ဟျောင့်"
ဟိုဘက်ကအုပ်စုကပြောပြီးချက်ချင်းထွက်သွားသည်
ဘေးနားမှရပ်ကြည့်နေသော
ကောင်လေးအားတစ်ချက်ကြည့်လိုက်ပြီး
"မှတ်မိလား မနက်ကတွေ့သေးတယ်လေ"
ထိုကောင်လေးပခုံးအားကိုင်လိုက်ကာဂျီမင်းကဆိုလိုက်သည်
ထိုကောင်လေကခေါင်းညိတ်သည်
"စကားမပြောတတ်ဘူးလား မင်းက"
"ပြောတတ်ပါတယ်"
ထိုတော့မှထိုကောင်လေးကစကားတိုးတိုးလေးပြန်ပြောသည်
"ဟုပါပြီ စောနကကောင်တွေကိုဘာမှကြောက်စရာမလိုဘူးသိလားအလကားစောပေါက်စူးရောက်တွေခေါင်းထဲမထားနဲ့"
ထိုကောင်လေးကခေါင်းညိတ်သည်
"ကိုတို့ကိုမှတ်ထားအုံး အကိုကပတ်ဂျီမင်း
သူကကင်မ်ထယ်ဟျောင်း သူကထယ်မင် ဒီကောင်ကဆိုဘတ်ပါ"
"ဟုတ်"
"ဒါနဲ့မင်းနာမည်ဘယ်လိုခေါ်လဲ"
ထိုအချိန်ခေါင်းလောင်းထိုးတော့သည်
"ကျောင်းတတ်ပြီ သွားတော့သွားတော့"
ထိုကောင်လေးကလည်းပြေးသွားပြီး
ဂျီမင်းတို့သူငယ်ချင်းလေးယောက်လည်းအပြေးအခန်းထဲသို့သွားရပါတော့သည်
အခန်းထဲရောက်တော့ဆရာမမရောက်သေးလို့တော်သေးတာပေါ့ဟုသာရေရွတ်မိသည်
အခန်းထဲရောက်တော့ဆရာမမရောက်သေးတာကြောင့်စကားပင်ပြောကြသည်
"ငါပြောတာအဲ့ကောင်လေး"
"ဟုတ်တယ်?"ဆိုဘတ်
"ဟုတယ် တိုက်တိုက်ဆိုင်ဆိုင်ပဲ"
"အေးလေ ငါကကွာအိမ်သာသွားပြီးပြန်လာတော့အဲ့ကောင်လေကသူ့ဘာသာလမ်းလျှောက်လာတာအဲ့ဒါကိုဟိုကောင်တွေကဝင်တိုက်ပြီးတော့ရန်ရှာတာအဲ့ကောင်လေးအဲ့တော့ငါအားချင်းမမျှတာနဲ့ဝင်ပါခဲ့တာ"
"ဟုတယ်နော်တကယ် အူကြောင်ကြောင်လေးနဲ့"ထယ်ဟျောင်း
"စကားနည်းမဲ့ပုံပဲနော်"ထယ်မင်
"အင်းလေ ငယ်သေးလို့လဲပါမှာပါ"ဂျီမင်း
"ဟုတ်လောက်တယ်"
ဒီလိုနဲ့စကားတွေအများကြီးပြောနေရင်း
ဆရာမရောက်လာခဲ့သည်
~~~~~~~~~~~~~~~~~~~~~~~~~
အရမ်းတွေရေးချင်နေလို့ရေးပေး
လိုက်ပြီနော်🤭
ပဂမbပါပဲနော်ဂဂကိုbထင်နေမှာစိုးလို့
ဇာတ်လမ်းလေးဘယ်လိုဖြစ်မလဲသိချင်ရင်တော့ဆက်ဖတ်ပေါ့☺️
ဒီficလေးကိုလည်းအကောင်းဆုံးကြိုးစားပြီး
ရေးပေးပါမယ်ရှင့်🫶🏻💜
ဖတ်ပေးတဲ့တစ်ယောက်ချင်းစီကျေးဇူးတင်ပါတယ်ရှင့်🫶🏻
💜💛💜💛💜💛💜💛💜💛💜💛💜💛