Lovey Dovey

By Rene_y

1.9M 214K 20.7K

BL More

PART [ 1 ]
PART [ 2 ]
PART [ 3 ]
PART [ 4 ]
PART [ 5 ]
PART [ 6 ]
PART [ 7 ]
PART [ 8 ]
PART [ 9 ]
PART [ 10 ]
PART [ 11 ]
PART [ 12 ]
PART [ 13 ]
PART [ 14 ]
PART [ 15 ]
PART [ 16 ]
PART [ 17 ]
PART [ 18 ]
PART [ 19 ]
PART [ 20 ]
PART [ 21 ]
PART [ 22 ]
PART [ 23 ]
PART [ 24 ]
PART [ 25 ]
PART [ 26 ]
PART [ 27 ]
PART [ 28 ]
PART [ 29 ]
PART [ 30 ]
PART [ 31 ]
PART [ 32 ]
PART [ 33 ]
PART [ 34 ]
PART [ 35 ]
Character Profiles
Character Profiles
PART [ 36 ]
PART [ 37 ]
PART [ 38 ]
PART [ 39 ]
PART [ 40 ]
PART [ 41 ]
PART [ 42 ]
PART [ 43 ]
PART [ 44 ]
PART [ 45 ]
PART [ 46 ]
PART [ 47 ]
PART [ 48 ]
PART [ 49 ]
PART [ 50 ]
IJS3:2000
PART [ 51 ]
PART [ 52 ]
PART [ 53 ]
PART [ 54 ]
PART [ 55 ]
PART [ 56 ]
PART [ 57 ]
PART [ 58 ]
PART [ 59 ]
PART [ 60 ]
PART [ 61 ]
PART [ 62 ]
PART [ 63 ]
PART [ 64 ]
PART [ 65 ]
PART [ 66 ]
PART [ 67 ]
PART [ 68 ]
PART [ 69 ]
PART [ 70 ]
PART [ 71 ]
PART [ 72 ]
PART [ 73 ]
PART [ 74 ]
PART [ 75 ]
PART [ 76 ]
PART [ 77 ]
PART [ 78 ]
PART [ 79 ]
PART [ 80 ]
PART [ 81 ]
PART [ 82 ]
PART [ 83 ]
PART [ 84 ]
PART [ 85 ]
PART [ 86 ]
PART [ 87 ]
PART [ 88 ]
PART [ 89 ]
PART [ 90 ]
PART [ 91 ]
PART [ 92 ]
PART [ 93 ]
PART [ 94 ]
PART [ 95 ]
PART [ 96 ]
PART [ 97 ]
PART [ 98 ]
PART [ 100 ]
PART [ 101 ]
PART [ 102 ]
PART [ 103 ]
PART [ 104 ]
PART [ 105 ]
PART [ 106 ]
PART [ 107 ]
PART [ 108 ]
PART [ 109 ]
PART [ 110 ]
PART [ 111 ]
PART [ 112 ]
PART [ 113 ]
PART [ 114 ]
PART [ 115 ]
PART [ 116 ]
PART [ 117 ]
PART [ 118 ]
PART [ 119 ]
PART [ 120 ]
PART [ 121 ]
PART [ 122 ]
PART [ 123 ]
PART [ 124 ]
PART [ 125 ]
PART [ 126 ]
PART [ 127 ]
PART [ 128 ]
PART [ 129 ]
PART [ 130 ]
PART [ 131 ]
PART [ 132 ]
PART [ 133 ]
PART [ 134 ]
PART [ 135 ]
PART [ 136 ]
PART [ 137 ]
PART [ 138 ]
PART [ 139 ]
PART [ 140 ]
PART [ 141 ]
PART [ 142 ]
PART [ 143 ]
PART [ 144 ]
PART [ 145 ]
PART [ 146 ]
PART [ 147 ]
PART [ 148 ]
PART [ 149 ]
PART [ 150 ]
PART [ 151 ]
PART [ 152 ]
PART [ 153 ]
FINAL
Gratitude Letter
ZaySayy

PART [ 99 ]

9.8K 1.2K 117
By Rene_y

မီးရောင်တွေ ပြိုးပြိုးပြက်ပြက်နှင့် မြူးမြူးကြွကြွ DJ သံဟာ ဧရိယာ ကျယ်ပြန့်လှသော ကွင်းကြီးထဲမှာ ဟိန်းဟိန်းညံနေကာ သီချင်းသံနှင့်အလိုက် ကခုန်နေကြသော လူပေါင်းထောင်ချီကလည်း စည်းချက်ညီစွာ။

Show ပွဲက အရှိန်ရလာလေ လူတွေက ကျိတ်ကျိတ်တိုးလေ ဖြစ်ရာ ခွန်ဦးမှာ စိတ်အာရုံတွေ နှောက်ကျိရှုပ်​ထွေးနေရပြီဖြစ်သည်။ သူ့နံဘေးရှိ ကိုသူရမာန်ပိုင်နှင့်ရှိန်ဇေ့ကို ကြည့်လိုက်တော့လည်း သူ့လိုပဲ နားတွေအူလွန်းလို့ ဒီနေရာကနေ ထွက်ပြေးချင်စိတ် ပေါက်နေကြပုံပင်။

ကိုယ်တိုင်က နားအေးပါးအေး နေချင်သူဖြစ်ပြီး ဒီလို လူရှုပ်ထွေးသည့် နေရာတွေကို ရှောင်လေ့ရှိသည့် သူက
ကိုယ့်ရည်းစားကို စိတ်မချလို့ လိုက်လာမိခါမှ အခုတော့ ကိုယ့်ဒုက္ခ ကိုယ်ရှာသလိုပင်။

အနောက်မှာ ခွန်ဦးတို့တွေ ကမ္ဘာပျက်နေသော်လည်း ရှေ့က Isaac တို့ အုပ်စုကတော့ ခုန်လို့ ကောင်းကြတုန်း။

တစ်ယောက်တည်း နေလျှင် လူအေးလေးလို့ ထင်ရသည့် ရှိန်ဇေ့ရည်းစား စိုင်းစေးကို ကြည့်တော့လည်း  သူ့သူငယ်ချင်းတွေနဲ့ ပေါင်းပြီး ရှယ်ကဲနေသည်။

နဂိုကတည်းက လျှပ်စီးလျှပ်သလို ဖမ်းမမိသော လျှံသောတကိုတော့ သူ့ဘဲကြီးတောင် မနိုင်လို့ လွှတ်ထားရသည်ထင်။

ကလေးတွေ ဖြစ်သည့် လွမ်းနှင့်သုတကတော့ သူများတွေ ခုန်ရင် လိုက်ခုန်၊
သူများတွေ လက်မြှောက်ရင် လက်လိုက်မြှောက်ဖြင့် ပထမဆုံး EDM show ရဲ့ အတွေ့အကြုံက ပျော်စရာ ကောင်းနေပုံပင်။

DJ အလှည့်အပြောင်းမှာ သီချင်းသံတွေ ခဏ ငြိမ်သွားသည့်အခါ ခွန်ဦး ရှေ့သို့ တိုးသွားလိုက်ကာ သူ့ရည်းစား Isaac ကို ပခုံးပုတ်လိုက်ပါ၏။

"ကြာဦးမှာလား"

"နောက် နာရီဝက်လောက်ပဲ ခွန်"

"ဒါဆို ငါ ကွင်းအပြင်ကပဲ စောင့်တော့မယ်"

"ဟုတ်"

ခွန်ဦး အပြင်ထွက်တော့မည့်အကြောင်း ရှိန်ဇေတို့ကို လက်ဟန်ပြလိုက်တော့ ရှိန်ဇေရော ကိုသူရမာန်ပိုင်ပါ ခွန်ဦးရဲ့နောက်ကနေ လိုက်လာကြတာပင်။

VIP တန်းကနေ ထွက်လာတာမို့ လူ သ်ိပ်မတိုးလိုက်ရသော်လည်း သူတို့တွေ Car parking ရောက်ဖို့အထိ တော်တော် လျှောက်လိုက်ရ၏။

"ဟူး...ရည်းစားထားဖို့ တကယ် မလွယ်တာပဲ"

ကိုသူရမာန်ပိုင်က ဆလံသ သလို ပြောတော့ ရှိန်ဇေနှင့်ခွန်ဦးလည်း ရယ်မိကြသည်။

"Cola? Beer? "

"Cola"

"ကျွန်တော်က Beer"

"Ok"

လျှံသောတရဲ့ ကားပေါ်မှာ ပါသည့် Mini Fridge ထဲကနေ Cola တစ်ပုလင်းနှင့်Beer နှစ်ပုလင်း ထုတ်လာသည့် ကိုသူရသည် Colaပုလင်းကို
ခွန်ဦးအားပေးပြီး Beer တစ်ပုလင်းကိုတော့ ရှိန်ဇေ့အား ပေးသည်။

"Cheers"

ဒီနေ့မှ စသိတဲ့ လူတွေဆိုပေမယ့် သူတို့သုံးယောက်လုံး စိတ်လက်ပေါ့ပါးစွာဖြင့် ပုလင်းချင်း တိုက်လိုက်ကြတော့ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးသွားကြသလိုပင်။

*******************************

"​ကောင်လေးတွေကို စိတ်ချရလောက်တယ် မဟုတ်လား"

လျှံသောတရဲ့ ကားရှေ့ဖုံးပေါ် ထိုင်ချရင်း သူရမာန်ပိုင်က မေးတော့

"သူတို့ရဲ့အစ်မ ပါနေတာပဲ...စိတ်ပူစရာ မရှိပါဘူး" ဟု ခွန်ဦးက ကျိုးကြောင်းဆီလျော်စွာ ပြန်ဖြေသည်။

"ဒါပေမယ့်...VIP တန်းမှာ မူးနေတဲ့ အုပ်စု တွေ့ခဲ့တယ်"

ဆိုပြီး ရှိန်ဇေက ဖြစ်လာနိုင်တဲ့ ပြဿနာ ကို တွက်တွက်ဆဆ ပြောတော့လည်း သူတို့သုံးယောက်လုံး သက်ပြင်းကိုယ်စီ ချကြရသည်သာ။

ဘာပဲဖြစ်ဖြစ် လက်ရှိ အခြေအနေက အံ့ဩစရာတော့ ကောင်းသည်။ လျှံသောတတို့ Squad နဲ့ပါတ်သက်ပြီး လာဆုံရသည့် သူတို့က မသိရင် ဘော်ဒါရင်းတွေလိုတောင် ထင်ရ၏။

Show ပွဲထဲမှာတုန်းကလည်း ကိုယ့်လူသူ့လူ အရိပ်တကြည့်ကြည့် ​ဖြစ်ကြရသလို မိမိတို့၏အသည်းပန်းလေးတွေ အနား လိပ်ပြာလေးတွေ လာဝဲသည့်အခါမျိုးဆို ဝတ်မှုန် အကူးမခံလိုသော ပျားထီးများပမာ ရင်ထဲ ထွန့်ထွန့်လူးရသေးသည်။

အခုလည်း Show ပွဲဘက်ကို တစ်ယောက်တစ်လှည့်စီ အကဲခတ်နေရင်း အကယ်၍များ ဝုန်းဒိုင်းဆို ဆိုင်ရာပိုင်ရာတွေကို ပြေး ​ထိန်းဖို့ အသင့် အနေအထားဖြင့်

တချို့ ဖြတ်သွားဖြတ်လာ အလှပဂေးလေးများက သူတို့ သုံးယောက်အား အထာပေးကြတဲ့အခါများဆို သူတို့မှာ Date ကိုယ်စီ ရှိကြောင်း ပြန်ဖြေရသည့်အကြိမ်ရေလည်း မနည်းတော့ပေ။

"စကားမစပ် ရှိန်ဇေက စိုင်းစေးနဲ့တွဲနေတာ ကြာပြီလား"

"မကြာသေးဘူးဗျ...နှစ်လလောက်ပဲ ရှိသေးတယ်"

"ခွန်ဦးတို့ RSကရော ဘယ်လိုလဲ"

"ပြေပါတယ်ဗျာ...ကျွန်တော်က ကြောင်တွေနဲ့ဓာတ်မတည့်တာတောင် ကြောင်လို ချွဲတတ်တဲ့ Isaac ကိုတော့ အလိုလိုက်နေမိတာပဲ"

"အဆိုးလေး လျှံသောတ ကတော့ ကိုယ့်ကို နံပါတ် ၁၀ နေရာမှာ ထားပြီး စဥ်းစားပေးမယ်တဲ့"

သူရမာန်ပိုင် ပြုံးရယ်လျက် ပြောတော့ ခွန်ဦးနှင့်ရှိန်ဇေတို့ သူငယ်ချင်းနှစ်ယောက်က သူ့ကို လေးစားသလို ကြည့်နေကြလေရဲ့။

"ကိုသူရရဲ့အဆိုးလေးက ကျွန်တော့်ကို ကြိမ်းထားတာ"

"Isaac ငါ့ကို ပြောပြတယ်"

ဘာကြောင့်လဲ သိချင်စိတ်ဖြင့်
ရှိန်ဇေ့မျက်နှာကို တစ်လှည့် ခွန်ဦးမျက်နှာကို တစ်လှည့် ကြည့်နေသော သူရမာန်ပိုင်အား ရှိန်ဇေက "ဒီလိုဗျ" ဟု အစချီကာ ပြောပြလာပါသည်။

"ကျွန်တော်က တဇွတ်ထိုး တဇောက်ကန်းရယ်...အဲဒီစိတ်ကြောင့်ပဲ စိုင်းစေးနဲ့ ပြဿနာတက်တော့ လျှံသောတက ကျွန်တော် သူ့သူငယ်ချင်းကို ခံစားရအောင် လုပ်ရင် သူ့အဆိုး မဆိုနဲ့တဲ့"

အဲဒါကြောင့် လူစုတဲ့နေရာမှာ ရှိန်ဇေတို့အတွဲကို မြင်တော့ "စေးက ကျွန်တော့်မျက်နှာကို အိုးမဲသုတ်တယ် သိလား" ဆိုပြီး မျက်နှာပူနေပုံရတဲ့ လျှံသောတက သူရမာန်ပိုင်ရဲ့နေကာမျက်မှန်ကို ယူတပ်လိုက်တာ ဖြစ်မည်။

*******************************

"ပျော်လား ကလေးတို့"

"ပျော်တယ်ဗျ"

နာရီဝက်အကြာတွင် ရှိန်ဇေတို့စောင့်နေသည့် Car parking သို့ အစ်မ Isabelနှင့်အတူ အငဲရယ် သုတရယ် အရင် ရောက်လာပြီး အဲဒီနောက်မှာ စိုင်းစေးတို့ သူငယ်ချင်း အုပ်စုက တစ်ယောက်နှင့်တစ်ယောက် တွန်းထိုး စနောက်ရင်း ပြေးလွှား ခုန်ပေါက်လာကုန်၏။

"Isa အကုန်လုံးကို Barbeque လိုက်ကျွေးမယ်နော်"

"Yayyy"

စုစုပေါင်း လူ ၁၁ ယောက်၊ ကား ၅ စီးဖြင့် သူတို့တွေ ကိုးရီးယားစားသောက်ဆိုင်ကို ရောက်တော့ စားပွဲ နှစ်ဝိုင်း ဆက်လိုက်ရသည်။ Isabel က Barbeque 3 set မှာလိုက်သည့်အပြင် လူကြီးတွေအတွက် သောက်စရာ Sojuနှင့် အငဲတို့ ကလေးတွေအတွက်က Bingsu မှာပေး၏။

"ငါက တစ်ယောက်တည်း ကားမောင်းပြန်ရမှာ...မသောက်တော့ဘူး"

မမ Isabel က မသောက်ပေမယ့် နံဘေးက သူ့မောင် Isaac ကတော့ Soju သောက်ချင်ကြောင်း မျက်နှာချင်းဆိုင်ရှိ ခွန်ဦးကို မျက်လုံးရွဲကြီးတွေနှင့် ခွင့်တောင်းနေသည်။ ခွန်ဦးက ခေါင်းညိတ်ပြလိုက်မှ သျှားရင့်ဟုခေါ်သည့် တစ်ယောက်နှင့်ခွက်ချင်း တိုက်ပြီး အပီ မော့တော့တာပင်။

အငဲတို့ကို အဆောင်ပြန်ပို့ရမည့် John ကတော့ အငဲတို့ စားဖို့ အသားကင်ပေးရင်း အလုပ်များနေကာ ဆိုဂျူး ပုလင်းလိုက် မော့ဖို့ ကြံနေသော လျှံသောတကိုတော့ သူရမာန်ပိုင်ခမျာ "အခု မသောက်ပါနဲ့...အိမ်ရောက်ရင် ကိုယ် စပ်တိုက်မယ်လေ" ဆိုပြီး ချော့နေရရှာသည်။

အစွန်ဆုံးမှာထိုင်သည့် ရှိန်ဇေနှင့်စိုင်းစေးတို့ အတွဲမှာကား အပြန် ကားမောင်းမည့် စိုင်းစေးက မသောက်ပေမယ့် သူ့ရည်းစား ရှိန်ဇေ ကိုတော့ အရက်ငှဲ့ပေးနေတာ သုံးလေးခွက် မကတော့ပေ။

"ကောင်းကောင်းပြန်ကြနော်"

သူတို့တွေ ညစာ စားလို့ ပြီးချိန်တွင် မမIsabel က အရင် ပြန်သွားပြီး John၊သျှားရင့်နှင့်အငဲတို့ သူငယ်ချင်း နှစ်ယောက်ကလည်း ကားပေါ် တက်ကြပြီ။

"ကိုငယ်...ကျွန်တော်တို့ ပြန်ပြီနော်"

"အင်း"

ဘီယာရော ဆိုဂျူးပါ သောက်ထားသည့် ရှိန်ဇေက ကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်သေးပေမယ့် ခွန်ဦးရဲ့ကြောင်လေး Isaac ကတော့ ခွန်ဦးရဲ့ရင်ခွင်ထဲ တိုးဝင်ချွဲကာ ခွန်ဦးရဲ့ပခုံးတစ်ဖက်ပေါ် မျက်နှာအပ်လျက်သား။

"Isaac"

"ဗျာ့"

"ကားပေါ် တက်ရအောင်...ငါ မင်း​ရဲ့ကားကို မောင်းပေးမယ်"

"ဟုတ်ကဲ့ဗျ"

ခွန်ဦးက Isaacရဲ့ရှုပ်ပွနေသည့်လှိုင်းသဏ္ဍာန် ဆံပင်တွေကို ညင်ညင်သာသာ ဖိသပ်ပေးရင်း ပြောတော့ Isaac ကလည်း လိမ္မာသည့် ​ကြောင်လေးလို စကားနားထောင်သည်။

"အဆင်ပြေလား ခွန်ဦး"

"ရတယ်"

ခွန်ဦးတို့နှစ်ယောက် ပြန်သွားမှ လျှံသောတနှင့်သူရမာန်ပိုင်လည်း ရှိန်ဇေတို့ကို နှုတ်ဆက်ပြီး ကားမောင်းထွက်သွားကြသည်။

"ကိုယ်တို့ မြို့ထဲက အိိမ်ကို သွားကြမလား ရှိန်ဇေ"

ရှိန်ဇေက သူ့မျက်နှာကို ရီဝေဝေကြည့်ကာ

"စေးသဘော" လို့ ပြောလာတော့ စိုင်းစေးရင်ဘတ်ထဲ ဆောင့်ခုန်သွားရသည်။

"ခါးပတ် ပတ်ပေးမယ်"

ကား စက် မနှိုးခင် သူ ရှိန်ဇေ့ကို ခါးပတ် ပတ်ပေးတော့လည်း ရှိန်ဇေက သူ့ပါးကို မွကနဲ နမ်းသေး၏။

မူးနေတာတောင် ဆွဲဆောင်မှု ရှိလွန်းသည့် လွမ်းတိုင်းသားကို သူ့အိမ်ခေါ်သွားတာက ပိုးဖလံမျိုး မီးကို တိုးသလိုများ ဖြစ်နေလိမ့်မလား။

*******************************

အပြန် တစ်လမ်းလုံး ခွန်ဦးက Isaacရဲ့ကားကို ဖြည်းဖြည်းချင်းပဲ မောင်းလာခဲ့ပြီး Isaacကတော့ လမ်းတစ်ဝက်မှာတင် အိပ်ပျော်လာခဲ့တာ ဖြစ်သည်။

Isaac တို့ အိမ်ကိုရောက်တော့ ခြံတံခါး ဖွင့်ထားလျက်မို့ ခွန်ဦး ကားကို ခြံထဲအထိ မောင်းဝင်လိုက်၏။ သူ ကားရပ်လိုက်တာနဲ့ အိမ်ထဲကနေ ထွက်လာသည့် John က Isaac ကို လာ ကူတွဲပေးပါသည်။

သူတို့နှစ်ယောက် Isaac ကို အိမ်ပေါ်အထိ တစ်ဖက်တစ်ချက် တွဲခဲ့ပြီး Isaac ရဲ့အခန်းထဲရောက်တော့ Isaac ကို မွေ့ရာပေါ် ချပေးလိုက်၏။

"ဖိနပ်တွေ ငါချွတ်ပေးလိုက်မယ် John"

"ကောင်းပါပြီ"

အခန်းထဲမှ John ထွက်သွားတော့ Isaac ရဲ့ ​ခြေထောက်က ဖိနပ်နှင့်ခြေအိတ်တွေကို ခွန်ဦး စိတ်ရှည်လက်ရှည်ဖြင့် ချွတ်​ပေးပြီးနောက် ခြေအိတ်ထည့်ထားတဲ့ Converse ဖိနပ်နှစ်ဖက်လုံးကို ခုတင် နံဘေးတွင် ညီညီညာညာချပေးလိုက်သည်။

ခွန်ဦး အိမ်ကိုမပြန်ခင် Isaac ရဲ့ အိပ်ရာဘေးနား ကပ်သွားကာ Isaacရဲ့မျက်နှာလေးကို ကြည့်ရသေး၏။

ကနေဒီယမ် သွေးနှော သူ့ရည်းစားက မျက်တောင်ရှည်ကြီးတွေနှင့်သိပ်ကို ချောသည်။

နဖူးပြင်ပေါ် ဟိုတစ်စ ဒီတစ်စ ကျနေသော ဆံစတွေကို ခွန်ဦး  လက်ညိုးဖျားလေးနဲ့ ညင်ညင်သာသာ ဖယ်ရှားပေးပြီး ထိုနဖူးပြင်ကို သူ့နှုတ်ခမ်းအစုံဖြင့် ထိရုံလေး နမ်းလိုက်မိပါသည်။

"Good Nightပါ အသည်းလေး"

သူ့ရင်ထဲမှာပဲ ခေါ်နေကျ နာမ်စားလေးကို ပထမဆုံးအကြိမ်အဖြစ် နှုတ်က ထုတ်ခေါ်တော့လည်း ခွန်ဦး အလိုအလျောက် ပြုံးရသည်ပင်။

အခန်းမီး ဖွင့်ပြီးသာ အိပ်တတ်သော Isaac ရဲ့အခန်းထဲ သူ မီး မမှိတ်ပေးခဲ့တော့ဘဲ တံခါးကို သာသာလေး ပြန်ဆွဲပိတ်လိုက်၏။

သူ အောက်ထပ်ကို ဆင်းသွားသည့်အခါ မီးဖိုခန်းထဲမှာ ရှိနေသော John က သူ့ကို ရေတစ်ခွက် လာပေးသည်။

"ကျေးဇူးပဲ"

John တိုက်သည့် ရေ တစ်ဖန်ခွက်ကို တစ်ဝက်ကုန်အောင် သောက်ပြီးမှ ခွန်ဦး အိမ်ထဲကနေ ထွက်ခဲ့တော့ John က နောက်ကနေ ခြံတံခါး လိုက်ပိတ်ပါ၏။

ခွန်ဦး အိမ်ကို ပြန်ရောက်ချိန်ဟာ ည ရှစ်နာရီပင် ထိုးလုပြီဖြစ်သည်။

*******************************

[ Zawgyi ]

မီးေရာင္ေတြ  ၿပိဳးၿပိဳးျပက္ျပက္ႏွင့္  ျမဴးျမဴးႂကြႂကြ DJ သံဟာ ဧရိယာ က်ယ္ျပန့္လွေသာ ကြင္းႀကီးထဲမွာ ဟိန္းဟိန္းညံေနကာ သီခ်င္းသံႏွင့္အလိုက္ ကခုန္ေနၾကေသာ လူေပါင္းေထာင္ခ်ီကလည္း စည္းခ်က္ညီစြာ။

Show ပြဲက အရွိန္ရလာေလ လူေတြက က်ိတ္က်ိတ္တိုးေလ ျဖစ္ရာ ခြန္ဦးမွာ စိတ္အာ႐ုံေတြ ေႏွာက္က်ိရႈပ္​ေထြးေနရၿပီျဖစ္သည္။ သူ႕နံေဘးရွိ ကိုသူရမာန္ပိုင္ႏွင့္ရွိန္ေဇ့ကို ၾကည့္လိုက္ေတာ့လည္း သူ႕လိုပဲ နားေတြအူလြန္းလို႔ ဒီေနရာကေန ထြက္ေျပးခ်င္စိတ္ ေပါက္ေနၾကပုံပင္။

ကိုယ္တိုင္က နားေအးပါးေအး ေနခ်င္သူျဖစ္ၿပီး ဒီလို လူရႈပ္ေထြးသည့္ ေနရာေတြကို ေရွာင္ေလ့ရွိသည့္ သူက
ကိုယ့္ရည္းစားကို စိတ္မခ်လိဳ႕ လိုက္လာမိခါမွ အခုေတာ့ ကိုယ့္ဒုကၡ ကိုယ္ရွာသလိုပင္။

အေနာက္မွာ ခြန္ဦးတို႔ေတြ ကမာၻပ်က္ေနေသာ္လည္း ေရွ႕က Isaac တို႔ အုပ္စုကေတာ့ ခုန္လို႔ ေကာင္းၾကတုန္း။

တစ္ေယာက္တည္း ေနလွ်င္ လူေအးေလးလို႔ ထင္ရသည့္ ရွိန္ေဇ့ရည္းစား စိုင္းေစးကို ၾကည့္ေတာ့လည္း  သူ႕သူငယ္ခ်င္းေတြနဲ႕ ေပါင္းၿပီး ရွယ္ကဲေနသည္။

နဂိုကတည္းက လွ်ပ္စီးလွ်ပ္သလို ဖမ္းမမိေသာ လွ်ံေသာတကိုေတာ့ သူ႕ဘဲႀကီးေတာင္ မနိုင္လို႔ လႊတ္ထားရသည္ထင္။

ကေလးေတြ ျဖစ္သည့္ လြမ္းႏွင့္သုတကေတာ့ သူမ်ားေတြ ခုန္ရင္ လိုက္ခုန္၊
သူမ်ားေတြ လက္ျမႇောက္ရင္ လက္လိုက္ျမႇောက္ျဖင့္ ပထမဆုံး EDM show ရဲ႕ အေတြ႕အႀကဳံက ေပ်ာ္စရာ ေကာင္းေနပုံပင္။

DJ အလွည့္အေျပာင္းမွာ သီခ်င္းသံေတြ ခဏ ၿငိမ္သြားသည့္အခါ ခြန္ဦး ေရွ႕သို႔ တိုးသြားလိုက္ကာ သူ႕ရည္းစား Isaac ကို ပခုံးပုတ္လိုက္ပါ၏။

"ၾကာဦးမွာလား"

"ေနာက္ နာရီဝက္ေလာက္ပဲ ခြန္"

"ဒါဆို ငါ ကြင္းအျပင္ကပဲ ေစာင့္ေတာ့မယ္"

"ဟုတ္"

ခြန္ဦး အျပင္ထြက္ေတာ့မည့္အေၾကာင္း ရွိန္ေဇတို႔ကို လက္ဟန္ျပလိုက္ေတာ့ ရွိန္ေဇေရာ ကိုသူရမာန္ပိုင္ပါ ခြန္ဦးရဲ႕ေနာက္ကေန လိုက္လာၾကတာပင္။

VIP တန္းကေန ထြက္လာတာမို႔ လူ သ္ိပ္မတိုးလိုက္ရေသာ္လည္း သူတို႔ေတြ Car parking ေရာက္ဖို႔အထိ ေတာ္ေတာ္ ေလွ်ာက္လိုက္ရ၏။

"ဟူး...ရည္းစားထားဖို႔ တကယ္ မလြယ္တာပဲ"

ကိုသူရမာန္ပိုင္က ဆလံသ သလို ေျပာေတာ့ ရွိန္ေဇႏွင့္ခြန္ဦးလည္း ရယ္မိၾကသည္။

"Cola? Beer? "

"Cola"

"ကြၽန္ေတာ္က Beer"

"Ok"

လွ်ံေသာတရဲ႕ ကားေပၚမွာ ပါသည့္ Mini Fridge ထဲကေန Cola တစ္ပုလင္းႏွင့္Beer ႏွစ္ပုလင္း ထုတ္လာသည့္ ကိုသူရသည္ Colaပုလင္းကို
ခြန္ဦးအားေပးၿပီး Beer တစ္ပုလင္းကိုေတာ့ ရွိန္ေဇ့အား ေပးသည္။

"Cheers"

ဒီေန႕မွ စသိတဲ့ လူေတြဆိုေပမယ့္ သူတို႔ သုံးေယာက္လုံး စိတ္လက္ေပါ့ပါးစြာျဖင့္ ပုလင္းခ်င္း တိုက္လိုက္ၾကေတာ့ တစ္ေယာက္ႏွင့္တစ္ေယာက္ ရင္းႏွီးသြားၾကသလိုပင္။

*******************************

"​ေကာင္ေလးေတြကို စိတ္ခ်ရေလာက္တယ္ မဟုတ္လား"

လွ်ံေသာတရဲ႕ ကားေရွ႕ဖုံးေပၚ ထိုင္ခ်ရင္း သူရမာန္ပိုင္က ေမးေတာ့

"သူတို႔ရဲ႕အစ္မ ပါေနတာပဲ...စိတ္ပူစရာ မရွိပါဘူး" ဟု ခြန္ဦးက က်ိဳးေၾကာင္းဆီေလ်ာ္စြာ ျပန္ေျဖသည္။

"ဒါေပမယ့္...VIP တန္းမွာ မူးေနတဲ့ အုပ္စု ေတြ႕ခဲ့တယ္"

ဆိုၿပီး ရွိန္ေဇက ျဖစ္လာနိုင္တဲ့ ျပႆနာ ကို တြက္တြက္ဆဆ ေျပာေတာ့လည္း သူတို႔သုံးေယာက္လုံး သက္ျပင္းကိုယ္စီ ခ်ၾကရသည္သာ။

ဘာပဲျဖစ္ျဖစ္ လက္ရွိ အေျခအေနက အံ့ဩစရာေတာ့ ေကာင္းသည္။ လွ်ံေသာတတို႔ Squad နဲ႕ပါတ္သက္ၿပီး လာဆုံရသည့္ သူတို႔က မသိရင္ ေဘာ္ဒါရင္းေတြလိုေတာင္ ထင္ရ၏။

Show ပြဲထဲမွာတုန္းကလည္း ကိုယ့္လူသူ႕လူ အရိပ္တၾကည့္ၾကည့္ ​ျဖစ္ၾကရသလို မိမိတို႔၏အသည္းပန္းေလးေတြ အနား လိပ္ျပာေလးေတြ လာဝဲသည့္အခါမ်ိဳးဆို ဝတ္မႈန္ အကူးမခံလိုေသာ ပ်ားထီးမ်ားပမာ ရင္ထဲ ထြန့္ထြန့္လူးရေသးသည္။

အခုလည္း Show ပြဲဘက္ကို တစ္ေယာက္တစ္လွည့္စီ အကဲခတ္ေနရင္း အကယ္၍မ်ား ဝုန္းဒိုင္းဆို ဆိုင္ရာပိုင္ရာေတြကို ေျပး ​ထိန္းဖို႔ အသင့္ အေနအထားျဖင့္

တခ်ိဳ႕ ျဖတ္သြားျဖတ္လာ အလွပေဂးေလးမ်ားက သူတို႔ သုံးေယာက္အား အထာေပးၾကတဲ့အခါမ်ားဆို သူတို႔မွာ Date ကိုယ္စီ ရွိေၾကာင္း ျပန္ေျဖရသည့္အႀကိမ္ေရလည္း မနည္းေတာ့ေပ။

"စကားမစပ္ ရွိန္ေဇက စိုင္းေစးနဲ႕တြဲေနတာ ၾကာၿပီလား"

"မၾကာေသးဘူးဗ်...ႏွစ္လေလာက္ပဲ ရွိေသးတယ္"

"ခြန္ဦးတို႔ RSကေရာ ဘယ္လိုလဲ"

"ေျပပါတယ္ဗ်ာ...ကြၽန္ေတာ္က ေၾကာင္ေတြနဲ႕ဓာတ္မတည့္တာေတာင္ ေၾကာင္လို ခြၽဲတတ္တဲ့ Isaac ကိုေတာ့ အလိုလိုက္ေနမိတာပဲ"

"အဆိုးေလး လွ်ံေသာတ ကေတာ့ ကိုယ့္ကို နံပါတ္ ၁၀ ေနရာမွာ ထားၿပီး စဥ္းစားေပးမယ္တဲ့"

သူရမာန္ပိုင္ ၿပဳံးရယ္လ်က္ ေျပာေတာ့ ခြန္ဦးႏွင့္ရွိန္ေဇတို႔ သူငယ္ခ်င္းႏွစ္ေယာက္က သူ႕ကို ေလးစားသလို ၾကည့္ေနၾကေလရဲ႕။

"ကိုသူရရဲ႕အဆိုးေလးက ကြၽန္ေတာ့္ကို ႀကိမ္းထားတာ"

"Isaac ငါ့ကို ေျပာျပတယ္"

ဘာေၾကာင့္လဲ သိခ်င္စိတ္ျဖင့္
ရွိန္ေဇ့မ်က္ႏွာကို တစ္လွည့္ ခြန္ဦးမ်က္ႏွာကို တစ္လွည့္ ၾကည့္ေနေသာ သူရမာန္ပိုင္အား ရွိန္ေဇက "ဒီလိုဗ်" ဟု အစခ်ီကာ ေျပာျပလာပါသည္။

"ကြၽန္ေတာ္က တဇြတ္ထိုး တေဇာက္ကန္းရယ္...အဲဒီစိတ္ေၾကာင့္ပဲ စိုင္းေစးနဲ႕ ျပႆနာတက္ေတာ့ လွ်ံေသာတက ကြၽန္ေတာ္ သူ႕သူငယ္ခ်င္းကို ခံစားရေအာင္ လုပ္ရင္ သူ႕အဆိုး မဆိုနဲ႕တဲ့"

အဲဒါေၾကာင့္ လူစုတဲ့ေနရာမွာ ရွိန္ေဇတို႔အတြဲကို ျမင္ေတာ့ "ေစးက ကြၽန္ေတာ့္မ်က္ႏွာကို အိုးမဲသုတ္တယ္ သိလား" ဆိုၿပီး မ်က္ႏွာပူေနပုံရတဲ့ လွ်ံေသာတက သူရမာန္ပိုင္ရဲ႕ေနကာမ်က္မွန္ကို ယူတပ္လိုက္တာ ျဖစ္မည္။

*******************************

"ေပ်ာ္လား ကေလးတို႔"

"ေပ်ာ္တယ္ဗ်"

နာရီဝက္အၾကာတြင္ ရွိန္ေဇတို႔ေစာင့္ေနသည့္ Car parking သို႔ အစ္မ Isabelႏွင့္အတူ အငဲရယ္ သုတရယ္ အရင္ ေရာက္လာၿပီး အဲဒီေနာက္မွာ စိုင္းေစးတို႔ သူငယ္ခ်င္း အုပ္စုက တစ္ေယာက္ႏွင့္တစ္ေယာက္ တြန္းထိုး စေနာက္ရင္း ေျပးလႊား ခုန္ေပါက္လာကုန္၏။

"Isa အကုန္လုံးကို Barbeque လိုက္ေကြၽးမယ္ေနာ္"

"Yayyy"

စုစုေပါင္း လူ ၁၁ ေယာက္၊ ကား ၅ စီးျဖင့္ သူတို႔ေတြ ကိုးရီးယားစားေသာက္ဆိုင္ကို ေရာက္ေတာ့ စားပြဲ ႏွစ္ဝိုင္း ဆက္လိုက္ရသည္။ Isabel က Barbeque 3 set မွာလိုက္သည့္အျပင္ လူႀကီးေတြအတြက္ ေသာက္စရာ Sojuႏွင့္ အငဲတို႔ ကေလးေတြအတြက္က Bingsu မွာေပး၏။

"ငါက တစ္ေယာက္တည္း ကားေမာင္းျပန္ရမွာ...မေသာက္ေတာ့ဘူး"

မမ Isabel က မေသာက္ေပမယ့္ နံေဘးက သူ႕ေမာင္ Isaac ကေတာ့ Soju ေသာက္ခ်င္ေၾကာင္း မ်က္ႏွာခ်င္းဆိုင္ရွိ ခြန္ဦးကို မ်က္လုံး႐ြဲႀကီးေတြႏွင့္ ခြင့္ေတာင္းေနသည္။ ခြန္ဦးက ေခါင္းညိတ္ျပလိုက္မွ သွ်ားရင့္ဟုေခၚသည့္ တစ္ေယာက္ႏွင့္ခြက္ခ်င္း တိုက္ၿပီး အပီ ေမာ့ေတာ့တာပင္။

အငဲတို႔ကို အေဆာင္ျပန္ပို႔ရမည့္ John ကေတာ့ အငဲတို႔ စားဖို႔ အသားကင္ေပးရင္း အလုပ္မ်ားေနကာ ဆိုဂ်ဴး ပုလင္းလိုက္ ေမာ့ဖို႔ ႀကံေနေသာ လွ်ံေသာတကိုေတာ့ သူရမာန္ပိုင္ခမ်ာ "အခု မေသာက္ပါနဲ႕...အိမ္ေရာက္ရင္ ကိုယ္ စပ္တိုက္မယ္ေလ" ဆိုၿပီး ေခ်ာ့ေနရရွာသည္။

အစြန္ဆုံးမွာထိုင္သည့္ ရွိန္ေဇႏွင့္စိုင္းေစးတို႔ အတြဲမွာကား အျပန္ ကားေမာင္းမည့္ စိုင္းေစးက မေသာက္ေပမယ့္ သူ႕ရည္းစား ရွိန္ေဇ ကိုေတာ့ အရက္ငွဲ႕ေပးေနတာ သုံးေလးခြက္ မကေတာ့ေပ။

"ေကာင္းေကာင္းျပန္ၾကေနာ္"

သူတို႔ေတြ ညစာ စားလို႔ ၿပီးခ်ိန္တြင္ မမIsabel က အရင္ ျပန္သြားၿပီး John၊သွ်ားရင့္ႏွင့္အငဲတို႔ သူငယ္ခ်င္း ႏွစ္ေယာက္ကလည္း ကားေပၚ တက္ၾကၿပီ။

"ကိုငယ္...ကြၽန္ေတာ္တို႔ ျပန္ၿပီေနာ္"

"အင္း"

ဘီယာေရာ ဆိုဂ်ဴးပါ ေသာက္ထားသည့္ ရွိန္ေဇက ကိုယ့္ကိုယ္ကိုယ္ ထိန္းနိုင္ေသးေပမယ့္ ခြန္ဦးရဲ႕ေၾကာင္ေလး Isaac ကေတာ့ ခြန္ဦးရဲ႕ရင္ခြင္ထဲ တိုးဝင္ခြၽဲကာ ခြန္ဦးရဲ႕ပခုံးတစ္ဖက္ေပၚ မ်က္ႏွာအပ္လ်က္သား။

"Isaac"

"ဗ်ာ့"

"ကားေပၚ တက္ရေအာင္...ငါ မင္း​ရဲ႕ကားကို ေမာင္းေပးမယ္"

"ဟုတ္ကဲ့ဗ်"

ခြန္ဦးက Isaacရဲ႕ရႈပ္ပြေနသည့္လွိုင္းသ႑ာန္ ဆံပင္ေတြကို ညင္ညင္သာသာ ဖိသပ္ေပးရင္း ေျပာေတာ့ Isaac ကလည္း လိမၼာသည့္ ​ေၾကာင္ေလးလို စကားနားေထာင္သည္။

"အဆင္ေျပလား ခြန္ဦး"

"ရတယ္"

ခြန္ဦးတို႔ႏွစ္ေယာက္ ျပန္သြားမွ လွ်ံေသာတႏွင့္သူရမာန္ပိုင္လည္း ရွိန္ေဇတို႔ကို ႏႈတ္ဆက္ၿပီး ကားေမာင္းထြက္သြားၾကသည္။

"ကိုယ္တို႔ ၿမိဳ႕ထဲက အိိမ္ကို သြားၾကမလား ရွိန္ေဇ"

ရွိန္ေဇက သူ႕မ်က္ႏွာကို ရီေဝေဝၾကည့္ကာ

"ေစးသေဘာ" လို႔ ေျပာလာေတာ့ စိုင္းေစးရင္ဘတ္ထဲ ေဆာင့္ခုန္သြားရသည္။

"ခါးပတ္ ပတ္ေပးမယ္"

ကား စက္ မႏွိုးခင္ သူ ရွိန္ေဇ့ကို ခါးပတ္ ပတ္ေပးေတာ့လည္း ရွိန္ေဇက သူ႕ပါးကို မြကနဲ နမ္းေသး၏။

မူးေနတာေတာင္ ဆြဲေဆာင္မႈ ရွိလြန္းသည့္ လြမ္းတိုင္းသားကို သူ႕အိမ္ေခၚသြားတာက ပိုးဖလံမ်ိဳး မီးကို တိုးသလိုမ်ား ျဖစ္ေနလိမ့္မလား။

*******************************

အျပန္ တစ္လမ္းလုံး ခြန္ဦးက Isaacရဲ႕ကားကို ျဖည္းျဖည္းခ်င္းပဲ ေမာင္းလာခဲ့ၿပီး Isaacကေတာ့ လမ္းတစ္ဝက္မွာတင္ အိပ္ေပ်ာ္လာခဲ့တာ ျဖစ္သည္။

Isaac တို႔ အိမ္ကိုေရာက္ေတာ့ ၿခံတံခါး ဖြင့္ထားလ်က္မို႔ ခြန္ဦး ကားကို ၿခံထဲအထိ ေမာင္းဝင္လိုက္၏။ သူ ကားရပ္လိုက္တာနဲ႕ အိမ္ထဲကေန ထြက္လာသည့္ John က Isaac ကို လာ ကူတြဲေပးပါသည္။

သူတို႔ႏွစ္ေယာက္ Isaac ကို အိမ္ေပၚအထိ တစ္ဖက္တစ္ခ်က္ တြဲခဲ့ၿပီး Isaac ရဲ႕အခန္းထဲေရာက္ေတာ့ Isaac ကို ေမြ႕ရာေပၚ ခ်ေပးလိုက္၏။

"ဖိနပ္ေတြ ငါခြၽတ္ေပးလိုက္မယ္ John"

"ေကာင္းပါၿပီ"

အခန္းထဲမွ John ထြက္သြားေတာ့ Isaac ရဲ႕ ​ေျခေထာက္က ဖိနပ္ႏွင့္ေျခအိတ္ေတြကို ခြန္ဦး စိတ္ရွည္လက္ရွည္ျဖင့္ ခြၽတ္​ေပးၿပီးေနာက္ ေျခအိတ္ထည့္ထားတဲ့ Converse ဖိနပ္ႏွစ္ဖက္လုံးကို ခုတင္ နံေဘးတြင္ ညီညီညာညာခ်ေပးလိုက္သည္။

ခြန္ဦး အိမ္ကိုမျပန္ခင္ Isaac ရဲ႕ အိပ္ရာေဘးနား ကပ္သြားကာ Isaacရဲ႕မ်က္ႏွာေလးကို ၾကည့္ရေသး၏။

ကေနဒီယမ္ ေသြးေႏွာ သူ႕ရည္းစားက မ်က္ေတာင္ရွည္ႀကီးေတြႏွင့္သိပ္ကို ေခ်ာသည္။

နဖူးျပင္ေပၚ ဟိုတစ္စ ဒီတစ္စ က်ေနေသာ ဆံစေတြကို ခြန္ဦး  လက္ညိုးဖ်ားေလးနဲ႕ ညင္ညင္သာသာ ဖယ္ရွားေပးၿပီး ထိုနဖူးျပင္ကို သူ႕ႏႈတ္ခမ္းအစုံျဖင့္ ထိ႐ုံေလး နမ္းလိုက္မိပါသည္။

"Good Nightပါ အသည္းေလး"

သူ႕ရင္ထဲမွာပဲ ေခၚေနက် နာမ္စားေလးကို ပထမဆုံးအႀကိမ္အျဖစ္ ႏႈတ္က ထုတ္ေခၚေတာ့လည္း ခြန္ဦး အလိုအေလ်ာက္ ၿပဳံးရသည္ပင္။

အခန္းမီး ဖြင့္ၿပီးသာ အိပ္တတ္ေသာ Isaac ရဲ႕အခန္းထဲ သူ မီး မမွိတ္ေပးခဲ့ေတာ့ဘဲ တံခါးကို သာသာေလး ျပန္ဆြဲပိတ္လိုက္၏။

သူ ေအာက္ထပ္ကို ဆင္းသြားသည့္အခါ မီးဖိုခန္းထဲမွာ ရွိေနေသာ John က သူ႕ကို ေရတစ္ခြက္ လာေပးသည္။

"ေက်းဇူးပဲ"

John တိုက္သည့္ ေရ တစ္ဖန္ခြက္ကို တစ္ဝက္ကုန္ေအာင္ ေသာက္ၿပီးမွ ခြန္ဦး အိမ္ထဲကေန ထြက္ခဲ့ေတာ့ John က ေနာက္ကေန ၿခံတံခါး လိုက္ပိတ္ပါ၏။

ခြန္ဦး အိမ္ကို ျပန္ေရာက္ခ်ိန္ဟာ ည ရွစ္နာရီပင္ ထိုးလုၿပီျဖစ္သည္။

*******************************
















































Continue Reading

You'll Also Like

108K 706 6
Title~ မြတ်နိုးမိသောမေပယ်လ် လမ်းခွဲ ( こうさてん) Author~ Hnin Yhine All Episode~ 35.( U &Z) # sixth 4.6.2021>>>> 25.1.2022( 7 m 21 days)
160K 12.7K 27
စစ်မှန်တဲ့ ချစ်ခြင်းတရားကို သူ တစ်ယောက်တည်းကသာ ဖန်ဆင်းတယ်။
42.1K 2K 32
🔹Unicode🔹 ကိုယ့်ရဲ့ ပထမဆုံး Oc ficလေးပါ။စာရေးတာက ‌အလေ့အကျင့်မရှိဘဲ ဝါသနာပါလို့ရေးတာမို့ အမှားများပါရင် နားလည်ပေးပါ။လိုအပ်ချက်လေးတွေကိုလဲ ဝေဖန်ပေးပါ...
1.8M 87.1K 56
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...