Zawgyi
ေရခ်ိဳးၿပီးခါျဖစ္၍ခင့္၏ခႏၶာကိုယ္ေပၚမွာစိုတိစိုစြတ္ေရသီးေရေပါက္ေလးမ်ားကအႏွံ႔ကပ္ၿငိ၍ေနသည္။
မစိုမေျခာက္ေက်ာျပင္ေပၚမွာကပ္ေနသည့္မိုးျပာေရာင္တီ႐ွပ္ေလး။မိုးျပာေရာင္တီ႐ွပ္လက္႐ွည္အပါးေလးသည္ခင့္၏လက္ေကာက္ဝတ္အေက်ာ္ထိကိုဖုံးအုပ္ေန၍ ခင္အက်ီလက္ကေလးကိုဆြဲဆြဲတင္ေနရသည္။မ်က္ႏွာကိုေတာ့ဘာမွေထြေထြထူးထူးလိမ္းျခယ္မေနေတာ့။ခါတိုင္းလိုပင္မ်က္ႏွာကိုmakeup အနည္းငယ္ဖို႔ရင္း မ်က္လုံးအထက္မွာ eyeshadow လိေမၼာ္ေရာင္အားခပ္ေရးေရးျခယ္သည္။ ေဖ်ာ့ေတာ့ေနၿပီးအေရခြံအနည္းငယ္ကြာေနသည့္ႏူတ္ခမ္းေလးအားႏွင္းဆီေျခာက္ေရာင္ႏူတ္ခမ္းနီအားျခယ္သလိုက္သည္။
အေထြအထူးျပင္ဆင္မထားေသာ္လဲခင္သည္ၾကည့္ေကာင္း၍ေနျပန္သည္။
အဝတ္အစားကိုလဲ ဆန္းဆန္းျပားျပားလုပ္မေနေတာ့။မိုးျပာေရာင္တီ႐ွပ္လက္႐ွည္ႏွင့္အတူ ဂ်င္းေဘာင္းဘီအနက္ေရာင္ကိုတြဲဖက္ဝတ္ဆင္ထားသည္။
ခင္မွန္ထဲ႐ွိသူ႕ပုံရိပ္ကိုသူျပန္ၾကည့္ကာသက္ျပင္းတခ်က္ကိုသူကိုယ္တိုင္ေတာင္မသိလိုက္ပဲခ်လိုက္မိသည္။
မွန္ထဲ႐ွိခင့္၏မ်က္ႏွာေလးသည္အရင္ကထက္ေခ်ာင္က်ေနသည္။ဒီရက္ပိုင္းစိတ္ေတြမေပ်ာ္ေပ။ဘာဆိုဘာမွကိုလုပ္ခ်င္ကိုင္ခ်င္စိတ္မ႐ွိ။အၿမဲတမ္းတက္ႂကြ႐ႊင္လန္းေနတတ္သည့္သူကအခုရက္ပိုင္းစိတ္ေတြေသေနသည္။ဘာျဖစ္ခ်င္လို႔ျဖစ္ခ်င္ေနမွန္းမသိပဲ ဘာကိုမွမယ္မယ္ရရမလုပ္မကိုင္မိပဲေယာင္လည္လည္ျဖစ္ေနရသည့္ေန႔ရက္မ်ားျဖစ္သည္။ေသခ်ာတာတခုကေတာ့ခင့္၏စိတ္ေတြထိုင္းမိႈင္းေနသည္။စိတ္ေတြနာက်င္ေနရသည္။
လူၾကားထဲလဲသြားလိုစိတ္မ႐ွိပဲ အခန္းတြင္းေအာင္းေနကာအခ်ိန္တိုင္းအိပ္ခ်င္ေနမိသည္။
ဒီေန႔ေတာ့အျပင္သြားျဖစ္ဖို႔အေၾကာင္းဖန္လာသည္။
ဘာရယ္ေၾကာင့္လဲေတာ့မသိခင့္၏စိတ္ထဲေလးလံသလိုခံစားေနရသည္။ခံစားခ်က္ေတြသိပ္မေကာင္းေန။သို႔ေသာ္လဲ မေန႔ညထဲကမိခင္ျဖစ္သူႏွင့္ေျပာၿပီးသားကိစၥျဖစ္၍ မသြား၍မရေတာ့။
Delivery caseၿပီးသည့္ေနာက္ပိုင္းမွစ၍ခင္ကိုကို႔ကိုေ႐ွာင္ဖယ္ေနမိေတာ့သည္။မခ်စ္ေတာ့၍ေတာ့မဟုတ္ ခ်စ္သည့္စိတ္ကတျပားသားမွမေလ်ာ့ေသး။သို႔ေသာ္လဲ ကိုကို႔အေပၚခင္စိတ္ကြက္ေနမိသည္။ကိုကိုကေတာ့သူေ႐ွာင္ဖယ္ေ႐ွာင္ဖယ္ျပဳေနတာသတိျပဳမိ၍ပဲလား၊သူ႕အမွားအေပၚသူလိပ္ျပာမလုံ၍ပဲလားေတာ့မသိခါတိုင္းေတြထက္ခင့္ကိုပိုဂ႐ုျပဳေနသည္။ထိုအေၾကာင္းေတြကိုသူအကုန္သိၿပီးသားဆိုတာကိုကို႔ကိုခင္မေျပာရေသး။ေျပာျပလိုခ်င္စိတ္လဲမ႐ွိေဝာာ့ ထိုကိစၥႏွင့္ပက္သက္ၿပီးစိတ္ဆိုးစိတ္ေကာက္ရေအာင္ကလဲ...။
သူမ်ားသမီးရည္းစားဘဝစၾကေနာက္ၾကစိတ္ဆိုးၾကရင္းျဖင့္ ေခ်ာ့ရေမာ့ရေတာင္းပန္ရတာပဲမဟုတ္ပဲ သူႏွင့္ကိုကိုမွာေတာ့စတြဲၿပီးလပိုင္းေလာက္ထဲကဒီျပႆနာေတြကိုသာျပႆနာ႐ွာလိုက္႐ွင္းလိုက္ျဖစ္ေနရသည္။ၾကာေတာ့ခင္သည္လဲျပႆနာမလုပ္ခ်င္ေတာ့တာၾကာၿပီ။ကိုကိုေတာ့မသိ ျပႆနာ႐ွာရသည့္သူပင္ၿငီးေငြ႕လာသည္။ေျပာကိုမေျပာခ်င္ေတာ့၍အခုဆိုလုံးဝကိုလႊတ္ထားလိုက္ေတာ့သည္။သေဘာမက်ေၾကာင္းလဲျပသည္၊ မခံစားႏိုင္ေၾကာင္းလဲကိုကိုသိေအာင္ျပဖူးခဲ့ၿပီးၿပီ။ခင္လဲဒီ့ထက္မတတ္ႏိုင္ေတာ့။
ကိုကို၏ကိုယ့္အသိစိတ္ႏွင့္ကိုယ္ျပဳျပင္ဖို႔သာလိုခ်င္ေတာ့သည္။
အျပင္သြားရန္လိုရမယ္ရအေနျဖင့္ခင္ စာၾကည့္စားပြဲေပၚမွပါကင္မဖြင့္ရေသးသည့္ tissue တထုပ္ကိုလြယ္ေနက် tote bag ထဲသို႔ပစ္ထည့္လိုက္သည္။
ကုတင္ေပၚမွဖုန္းကိုေကာက္ကိုင္လိုက္ၿပီး နာရီကိုၾကည့္လိုက္ေဝာာ့အခ်ိန္က11:11။
ခင္႐ုတ္တရပ္ဘာဆုေတာင္းရမလဲမသိျဖစ္သြားသည္။ဒီလို Angel number ေလးေတြကိုျမင္ရင္ကံေကာင္းတတ္သည္ဆိုတာကိုသူယုံသည္။
အေတြးစေတြခတၱရပ္တန္႔သြားတုန္း ဖုန္းေပၚမွေန႔စြဲကိုၾကည့္မိေလေတာ့ 16ရက္ေန႔ Sunday။
ထို Dateေလးေၾကာင့္ခင့္မ်က္ႏွာမွာအျပဳံးေလးတပြင့္ျဖစ္သြားၿပီး ဆုေတာင္းတခုရသြားသည့္ပုံပင္။
ခင္မ်က္လုံးေလးကိုအသာယာမွိတ္ကာ စိတ္ထဲတြင္ေလးနက္စြာဆုေတာင္းမိလိုက္သည္က
**ဒီႏွစ္ Anni dayကို ကိုကိုနဲ႔ေအးေအးခ်မ္းခ်မ္းေလးျဖတ္သန္းသြားပါရေစ**
မိုးျပာေရာင္ေကာင္းကင္ႀကီးစိတ္ထင္တိုင္းၾကည္လင္ခြင့္မ႐ွိဘဲ မိႈင္းညိဳ႕ညိဳ႕တိမ္ခိုးတိမ္လိပ္တို႔ရဲ႕ေအာက္မွာၿငိမ္ဝပ္ေနရသည့္ကာလ။ထက္ေကာင္းကင္မွမိုးစက္မိုးေပါက္မ်ားအားျပင္းျပင္းျဖင့္႐ြာသြန္းတတ္သည့္ ဒီလိုအုံ႔မိႈင္းမိႈင္းဇူလိုင္လမွာသူႏွင့္ကိုကိုခ်စ္သူဘဝသို႔ေရာက္ခဲ့သည္။ဇူလိုင္မိုးစက္ေတြေအာက္မွာ ထီးတေခ်ာင္းေအာက္တူတူေလွ်ာက္ရင္း မေမ့ႏိုင္သည့္အမွတ္တရလွလွေလးေတြ႐ွိခဲ့ၾကသည္။
အတိတ္ေတြကိုျပန္ေတြးမိေတာ့ ခင့္ႏႈတ္ခမ္းေလးသည္ျပဳံးေယာင္သမ္းသြားသည္။
ကိုကိုကသူ႕အပိုင္ျဖစ္လာခဲ့တာ4ႏွစ္ေတာင္ျပည့္ေတာ့မွာတဲ့လား။ကိုယ္သေဘာက်ရသည့္ေယာက်ာ္းကကိုယ့္အပိုင္ျဖစ္လာသည့္ခံစားခ်က္သည္ဘာႏွင့္မွကိုလဲ၍မရ။
ခင့္၏အေတြးထဲ၌ အတိတ္မွပုံရိပ္မ်ားအား႐ုပ္႐ွင္အေႏွးျပကြက္ႏွင့္ျပသလိုတေရးေရးျပန္ေပၚလာသည္။
ခင္သေဘာက်စြာျပဳံးမိေနသည္။
လြန္ခဲ့သည့္ေလးႏွစ္၊ဇူလိုင္20။ မဲေမွာင္ေနသည့္တိမ္စိုင္တိမ္လိပ္မ်ားေအာက္မွာကြယ္ေပ်ာက္ေနရသည့္ေကာင္းကင္ႀကီးသည္ မိုးေရစက္မ်ားကို အၿငိဳးႏွင့္႐ြာခ်ေနသလားေအာက္ေမ့ရေအာင္ မိုးအသဲအမဲ႐ြာသြန္းခဲ့သည္။ထိုမိုးေၾကာင့္ရန္ကုန္ၿမိဳ႕ရဲ႕လမ္းမေတြထက္မွာပင္ ေရႀကီးေရလွ်ံမႈေၾကာင့္ကားအသြားလာမ်ားပင္ခက္ခဲခဲ့သည္။
သည္းထန္စြာ႐ြာသြန္းေနသည့္မိုးစက္မ်ားႏွင့္ဇူလိုင္20မွာကိုကိုသည္သူ႕အပိုင္ျဖစ္လာခဲ့သည္
ၾကာခဲ့ၿပီျဖစ္ေသာ္လဲထိုေန႔ကျမင္ကြင္းမ်ားကိုခင္သည္ထင္ထင္႐ွား႐ွားမွတ္မိေနဆဲ။
ထိုေန႔ကကိုကိုကအညိဳေရာင္တီ႐ွပ္ေလးႏွင့္။လက္႐ွည္အက်ီႀကိဳက္သည့္ကိုကို႔၏ထုံးစံအတိုင္းတီ႐ွပ္လက္႐ွည္အညိဳႏွင့္။
ကိုကို႔၏ဆံႏြယ္တိုတိုတို႔ကမိုးေရစက္မ်ားပက္ဖ်န္း၍စိုစြတ္ေနခဲ့သည္။ကိုကို႔၏ပါးျပင္မွာလဲမိုးေရစက္မ်ားေၾကာင့္စြတ္စိုေနသည္။
ကိုကိုသည္လြယ္အိတ္ကိုအေ႐ွ႕မွာထားလြယ္၍ ထီးတေခ်ာင္းကိုသူ႕ကိုသူေရာခင့္ကိုေရာလုံေအာင္ေဆာင္းထားေပးသည္။ခင္ကကိုကို႔၏လက္ေမာင္းကိုဖက္တြယ္၍ကိုကို႔ေနာက္မွာေလွ်ာက္လိုက္ေနခဲ့သည္။လမ္းေပၚမွာျပည့္လွ်ံေနသည့္ေရေတြကိုေျခႏွင့္ကန္ရင္းခင္ကေပ်ာ္ေနခဲ့သည္။
ခင့္၏ေဘာင္းဘီ႐ွည္ေရမစိုေစရန္ကိုကိုကေပါင္လယ္ေလာက္ထိေခါက္တင္ေပးထားသည္။
သည္းထန္လွေသာမိုးစက္မ်ားကေလအ႐ွိန္ျဖင့္သူတို႔ထံကန္႔လန္႔ျဖတ္ ျဖတ္သန္းသြားေသာအခါတြင္ေတာ့ခင္ေရာကိုကိုေရာစို႐ႊဲသြားၿပီျဖစ္သည္။
အစထဲမွလဲထီးေလးတေခ်ာင္းသည္လူႏွစ္ေယာက္၏ခႏၶာကိုယ္ကိုလုံေအာင္မစြမ္းေဆာင္ႏိုင္ခဲ့ပဲ မလုံ႔တလုံေလးသာအုပ္မိုးေပးထားသည္။
မိုးစက္မ်ားကန္႔လန္႔ျဖတ္႐ြာသြန္းသြားသည့္အခါမွာေတာ့ကိုကိုသည္မ်က္လုံးကိုေဝ့ၾကည့္ကာ ဟာ မထူးေတာ့ဘူးကြာလို႔ညဥ္းညဴရင္းျဖင့္ေခါင္းေပၚမွထီးကိုပိတ္ခ်လိုက္ေတာ့သည္။
"ကိုကိုတို႔မိုးေရပဲခ်ိဳးၿပီးျပန္ၾကမယ္တုံတုံ"
ထိုသို႔ဆိုကာကိုကိုသည္ထီးကိုပိတ္ခ်ရင္း ခင့္၏လက္ကိုတင္းတင္းဆုပ္လိုက္ကာ လမ္းမထက္႐ွိေရမ်ားေပၚသို႔အတင္းတိုးျဖတ္ေလသည္။
ကိုကို႔၏လႈပ္႐ွားမႈေၾကာင့္ေရမ်ားဗြမ္းဗြမ္းထသြားေလသည္။ကိုကို႔၏အျပဳအမႈကိုခင္သည္သေဘာက်စြာတခစ္ခစ္ရယ္ရင္းျဖင့္ ဒူးဆစ္ေလာက္ထိျမင့္တက္ေနသည့္ေရမ်ားထဲေပ်ာ္႐ႊင္စြာေျပးေဆာ့ေနသည္။ကိုကို႔၏ပုခုံးစြန္းေလးအားပါးျပင္ေလးအပ္ရင္းေျခဖ်ားေလးေထာက္ကာေထာက္ကာျဖင့္
တကယ္ခ်စ္ရဲ႕လား ခ်စ္ေရာခ်စ္ရဲ႕လားဟင္ဟူေသာစကားေလးမ်ားကိုတဖြဖြေမးေနေလသည္။
ခင္ထိုသို႔ေမးသည့္အခါတိုင္းကိုကိုက ကေလးတေယာက္လိုျဖဴစင္လွသည့္အျပဳံးေလးျဖင့္ျပဳံးျပကာ ခ်စ္တာေပါ့ဗ်ားဟုဆိုလာသည္။
"တကယ္ေရာခ်စ္ရဲ႕လားဟင္"
"ခ်စ္တာေပါ့"
"ခ်စ္လားဟင္ ခ်စ္လားဟင္"
"ခ်စ္တယ္"
ကိုကိုသည္ခင္ခ်စ္လားလို႔ေမးလာသည့္အခါတိုင္းအျပဳံးမ်က္ႏွာေလးျဖင့္ခ်စ္ေၾကာင္းထပ္ကာထပ္ကာျပန္ေျဖသည္။ကိုကို႔ဆီမွခ်စ္တယ္ဆိုသည့္စကားၾကားတိုင္းခင္တိမ္ေတြေပၚမွာလြင့္ေမ်ာေနရသလိုပင္။ကိုကိုကသူ႕အပိုင္ျဖစ္လာခဲ့ၿပီ။
ခ်စ္တယ္ဟူသည့္ထိုအမ်ိဳးသား၏စကားသံေလးသည္ ခင့္၏အသဲကိုေလႏုေအးတခ်က္ျဖတ္တိုက္သြားသလိုၾကားလိုက္ရတိုင္းအသဲထဲေအးကနဲေအးကနဲပင္။အိမ္မက္မ်ားလားလို႔ပင္ထင္မိသည္။
ဒီစကားကိုေျပာေနသည့္အခ်ိန္မွာကိုကို႔မွာေရာရင္ခုန္သံေတြျဖစ္ေပၚေနတာလား။
ကိုကို႔၏မ်က္ႏွာေလးသည္ၾကည္လင္႐ွင္းသန္႔ေနသည္။မိုးေရစက္တို႔တြဲလဲခိုေနသည့္ကိုကို႔ဆံပင္တို႔ကနဖူးေပၚၿပိဳက်ေနသည္။ကိုကို႔၏ ေရစက္လက္ျဖင့္လက္ေမာင္းထက္ကိုတင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ရင္း ထိုေန႔ကခင့္၏ေျခလွမ္းမ်ားသည္ေရထဲမွာလမ္းေလွ်ာက္ေနရသည္လို႔မခံစားရပဲ တိမ္ေတြေပၚေျခဗလာျဖင့္ေျပးလႊားေနရသလိုပင္။
အတိတ္မွအေၾကာင္းအရာမ်ားအားျပန္ေတြးမိရင္းခင္၏မ်က္ႏွာေလးသည္ႏွစ္ၿခိဳက္စြာျပဳံးလာခဲ့သည္။စာၾကည့္စားပြဲေပၚ႐ွိ photo stand ေလးအားေကာက္ကိုင္လိုက္မိသည္။ဓာတ္ပုံထဲ၌သူေရာကိုကိုေရာျပဳံးေနၾကသည္။ေ႐ႊတိဂုံဘုရားထက္မွာ ႏွစ္ဦးသားလက္ခ်င္းခ်ိတ္ရပ္ကာ ဘုရားပန္းစည္းေလးကိုခင္ကကိုင္ထားသည့္ပုံေလး။ဓာတ္ပုံထဲတြင္ခင္သည္18ႏွစ္အ႐ြယ္သာ႐ွိေသးသည္။ေငြေရာင္ရင္ဖုံးအက်ီကိုပိုးသားပန္းႏြယ္ပန္းခက္တို႔ျဖင့္အစိမ္းေဖ်ာ့ေရာင္ထဘီနဲ႔တြဲဖက္ဝတ္ဆင္ကာခင္သည္ခ်စ္ဖို႔ေကာင္းေနသည္။ကိုကိုကေတာ့ေျပာစရာမလိုေအာင္ပင္ဒီဓာတ္ပုံထဲမွာလဲခန္႔ညားေနျပန္သည္။လည္ကတုံးအမဲကိုနီညိဳေရာင္ပုဆိုးကြက္စိပ္ႏွင့္တြဲဖက္ဝတ္ဆင္ကာေတာ္ေတာ့္ကိုၾကည့္ေကာင္းေနသည္။
Photo stand ထဲမွသူတို႔ႏွစ္ဦး၏ဓာတ္ပုံေလးသည္ဖုန္တက္ေနျခင္းမ႐ွိ။အခ်ိန္တိုင္းလိုလိုခင္ထိုဓာတ္ပုံေလးကိုထိေတြ႕ၾကည့္႐ႈတတ္ျခင္းေၾကာင့္ျဖစ္သည္။
အခ်စ္ေရးတခုမွာသူခ်စ္ႏွင့္ကိုယ္ခ်စ္ပင္မတူဘူးဆိုသည့္စကားကခင့္အတြက္ေတာ့ရာႏႈန္းျပည့္မွန္ေနေလသည္။ကိုယ္ကခ်စ္ရသည့္သူ႕ကိုရထားလို႔ ခင့္၏ကိုကို႔အေပၚထားသည့္အခ်စ္မ်ားသည္အၿမဲလိုလိုလတ္ဆတ္လန္းဆန္းေနခဲ့သည္။ၿငီးေငြ႕႐ိုးအိတယ္ဆိုတာတခါမွကိုမ႐ွိခဲ့။ကိုယ္သေဘာက်တဲ့လူကိုရထားေတာ့ခင့္မွာ႐ိုးဖို႔ေနေနသာသာ တေန႔တေန႔ၾကဴးလို႔ပင္မဝ။သူခ်စ္ကိုရထားသည့္ကိုကို႔အတြက္ကေတာ့သူ႕၏အခ်စ္မ်ားသည္ ၿငီးေငြ႕ဖြယ္ျဖစ္ေနခဲ့လားမသိ။
"သြားတာပဲေကာင္းမယ္"
ခင္သည္လက္ထဲမွဖုန္းေလးကိုလြယ္ေနက်အိတ္ထဲသို႔ေကာက္ထည့္လိုက္သည္။ထို႔ေနာက္ေမေမခ်က္ထားသည့္မနက္စာကိုေလးငါးလုပ္ခန္႔စားၿပီး၊ စားပြဲေပၚမွာေမေမအသင့္ျပင္ဆင္ေပးထားသည့္အထုပ္တထုပ္ကိုဆြဲကာ ဘတ္စ္ကားမွတ္တိုင္သို႔ထြက္လာခဲ့သည္။
ခင့္၏စိတ္အေျခအေနသည္ၾကည္ၾကည္လင္လင္႐ွိမေနေခ်။စိတ္ထဲေလးလံေနကာ အဆိုးဆိုးတခုေရာက္လာေတာ့မည္လိုခံစားခ်က္မ်ိဳးေတြရေနသည္။အႏၲရာယ္တခုခုမ်ားၾကဳံမလားဟုခင္စိတ္ထဲထင့္ေနကာ သရဏဂုံကိုစိတ္ထဲမွာ႐ြတ္ဖတ္ပူေဇာ္ေနမိသည္။ဘတ္စ္ကားမွတ္တိုင္သို႔ေလွ်ာက္လွမ္းေနသည့္ခင့္၏ေျခလွမ္းမ်ားသည္ေလးလံေနခဲ့သည္။
***
မီးေအးေအးျဖင့္ကင္ထားေသာအသားမ်ားထံမွတ႐ွဲ႐ွဲျမည္လာသံေၾကာင့္ ၾကက္ဥေမႊေနရင္းမွေသာ ညႇပ္ကိုေကာက္ကိုင္လိုက္ကာ မီးဖိုေပၚမွအသားရဲရဲမ်ားအားအထက္ေအာက္လွန္ေပးလိုက္သည္။
က်က္ၿပီးသားၾကက္သားကင္ပူပူေႏြးေႏြးကိုပန္းကန္ထဲထည့္ ေခတၱအေအးခံၿပီး ဘူးတခုထဲထည့္ကာမနက္ျဖန္ညစာအတြက္ေရခဲေသတၱာထဲထည့္သိမ္းဆည္းထားလိုက္သည္။ထို႔ေနာက္ၾကက္ဥကိုဆက္၍နာနာေမႊရင္းျဖင့္ၾကက္ဥအတြင္းသို႔ဟင္းခတ္အမယ္မ်ားထည့္သည္။
ထို႔ေနာက္ၾကက္ဥကိုဆက္၍ဆက္၍အေခါက္ေပါင္းမ်ားစြာေမႊသည္။ေမႊရဖန္မ်ား၍ေသာ၏လက္မ်ားေညာင္းညာလာၿပီး အံႀကိတ္ေနမိသည္။
"898 890 891"
"အက္မေလး 954"
"လက္ေမာင္းပါျပဳတ္ထြက္ေတာ့မယ္အေမေရ"
ေသာ ေမႊလဲေမႊရင္း ညဥ္းညဴရင္းျဖင့္ပန္းကန္ထဲမွၾကက္ဥကိုဆက္၍အားထုတ္ေမႊေနသည္။
သူ႕၏ Goalကေတာ့ဒီၾကက္ဥကိုအခါတေထာင္ေမႊႏိုင္ဖို႔ျဖစ္သည္။
အေခါက္900ေက်ာ္ေလာက္မွာေသာ၏လက္လဲေတာ္ေတာ္အီစိမ့္ေနၿပီျဖစ္သည္။
ေမႊလိုက္ထိုင္လိုက္နားလိုက္ျဖင့္ေတာ္ေတာ္အခ်ိန္ယူၿပီး အေခါက္တေထာင္ကိုႀကိဳးႀကိဳးစားစားေမႊေနရသည္။နာရီဝက္ေလာက္အၾကာမွာေတာ့ ခက္ခက္ခဲခဲျဖင့္ၾကက္ဥကိုအႀကိမ္တေထာင္ေမႊျခင္း mission ၿပီးဆုံးသြားသည္။
"အမေလး အသက္ပါထြက္ေတာ့မယ္"
ထိုသို႔သူ႕မွာခက္ခက္ခဲခဲျဖင့္ေမႊေႏွာက္ခေလာက္ထားရေသာ ပန္းကန္ထဲမွၾကက္ဥအရည္ေလးမ်ားအားေသာေက်ာက္ဒယ္အိုးေပၚတင္လိုက္သည္။
လိုအပ္သည့္ soda၊ဆား အစ႐ွိသည့္လိုအပ္သည့္အမယ္မ်ားကိုလဲမေမ့မေလ်ာ့ထည့္ၿပီးျဖစ္သည္။
ေက်ာက္ဒယ္အိုးေပၚတင္၍ မီးေအးေအးျဖင့္ ထိုၾကက္ဥအားစတင္ေၾကာ္ေလသည္။။
သင္း၍ထြက္လာေသာအနံ႔ေမႊးေမႊးေလးအားေသာတဝႀကီး႐ွဴ႐ိႈက္လိုက္မိသည္။အႀကိမ္တေထာင္ပင္ပင္ပန္းပန္းေမႊထားခဲ့ရ၍လားမသိ ဒီၾကက္ဥေၾကာ္ကတျခားၾကက္ဥေၾကာ္ေတြထက္ပို၍ေမႊးေနသလိုပင္။
"ေနာက္ဆုံးေတာ့ ရပါၿပီ"
ဒယ္အိုးေပၚမွ ေၾကာ္ၿပီးခါစၾကက္ဥေလးအား ခ႐ုပုံစံပန္းကန္ျပားလွလွေလးထဲေသာထည့္လိုက္သည္။
အိုးမွခ်ခါစၾကက္ဥေၾကာ္ေလးသည္ေမႊးႀကိဳင္၍ေနသည္။ခါတိုင္းေၾကာ္ေနက်ပုံစံႏွင့္မတူ၍ ဒီၾကက္ဥေၾကာ္ေလးကတျခားၾကက္ဥေၾကာ္ေတြလိုျပားကပ္ကပ္ျဖစ္မေနပဲ ခပ္ေဖာင္းေဖာင္းေလးျဖစ္ေနသည္။ပူပူေႏြးေႏြးၾကက္ဥေၾကာ္ဝါဝါေလးသည္ပန္းကန္ျပားထဲမွာစားခ်င္စဖြယ္တည္႐ွိေနသည္။ေမႊးႀကိဳင္လွေသာအနံ႔ေၾကာင့္ေသာဆက္ထိန္းမထားႏိုင္ေတာ့ပဲ ထမင္းစားဇြန္းတေခ်ာင္းကိုယူကာ သူ႕ၾကက္ဥေၾကာ္၏အရသာကိုျမည္းၾကည့္လိုက္သည္။
"ကဲ လာေလေရာ့ ကိုျမတ္ေသာရဲ႕အႀကိမ္တေထာင္ ေမႊၾကက္ဥေၾကာ္"
ၾကက္ဥ၏အသားသည္ႏူးညံ့အိစက္၍ေနသည္။ဖလပ္ဖလပ္ျဖစ္၍မေနပဲ ၾကက္ဥအသားကအေတာ္ႏူးညံ့အိစက္ကာ လွ်ာေပၚေပ်ာ္ဝင္သြားသလိုပင္။
ေသာကိုယ့္လက္ရာကိုအင္မတန္ခိုက္သြားကာေနာက္တဇြန္းထပ္ျမည္းလိုက္သည္။
အရသာကလဲအစပ္အဟပ္မိလြန္းၿပီး ၾကက္ဥအသားေလးကဝါးစရာမလိုပဲလွ်ာေပၚေပ်ာ္ဝင္သြားသလိုမ်ိဳးကိုႏုဖက္အိစက္ေနသည္။
ေသာ၏အပင္ပန္းခံရက်ိဳးနပ္ေအာင္ကိုၾကက္ဥေလးသည္အရသာအ႐ွိဆုံးထြက္လာခဲ့သည္။
"ေကာင္းလိုက္တာကြာ"
**မင္းကလြဲၿပီးကိုယ္မခ်စ္ဘူး ဘယ္ေတာ့မွတျခားလူအစားမထိုးဘူး ကိုယ့္အခ်စ္ဟာေဘဘီ့တေယာက္ထဲအတြက္အ႐ိုး႐ွင္းဆုံးပဲ မင္းကလြဲၿပီးကိုယ္မခ်စ္ဘူး ....ေဘဘီကလြဲၿပီးကိုယ္မ႐ွာဘူး**
ဒီေန႔အတြက္ေသာစဥ္းစားထားသည့္မီႏူးကေတာ့အမဲသားဝိုင္နီခ်က္ႏွင့္အႀကိမ္တေထာင္ေမႊၾကက္ဥေၾကာ္ျဖစ္သည္။
သီခ်င္းတပုဒ္ကို moodအျပည့္ႏွင့္ညဥ္းဆိုေနရင္းျဖင့္ဟင္းပြဲကိုတက္ႂကြစြာေသာျပင္ဆင္ေနမိသည္။
ဘယ္လိုစိတ္ကူးႏွင့္ဒီမီႏူးကိုေသာစဥ္းစားမိမွန္းမသိ။ဝိုင္နီႏွင့္ႏွပ္ထားေသာအမဲသားသည္အိစျပဳလာၿပီျဖစ္သည္။အေနေတာ္ပိုင္းထားသည့္အမဲသားတုံးမ်ားထဲသို႔ဝိုင္နီမ်ားကစိမ့္ဝင္ေနၿပီး ရနံ႔ကမီးဖိုေခ်ာင္တခုလုံးမွာလြင့္ပ်ံေနကာေသာ၏ႏွာဖ်ားေလးကိုအမဲသား၏ေမႊးရနံ႔ကလာလာျမဴစြယ္ေနသည္။
ေႂကြပန္းကန္ျပားအျဖဴေပၚမွာအမဲသားဝိုင္နီခ်က္ကိုခူးခပ္ျပင္ဆင္ရင္း ဟင္းပြဲကိုပို၍စားခ်င္စဖြယ္ျဖစ္ေအာင္ေသာလိုက္လံျပင္ဆင္ေနမိသည္။
ဝိုင္နီမ်ားကိုအသားတုံးမ်ားေပၚ႐ႊဲ႐ႊဲစမ္းလိုက္ၿပီး အသားတုံး၏နံေဘးမွာေသာသူ႕၏အႀကိဳက္ေျပာင္းဖူးေႀက္ာခ်ိဳခ်ိဳေလးျဖင့္ပို၍စားခ်င္စဖြယ္ျဖစ္ေအာင္ျပဳျပင္ေနသည္။
ဟင္းခ်က္ရတာဝါသနာထူးသည့္လူမလို႔ ဟင္းပြဲကိုစားေသာက္ေတာ့မည္ဆိုရင္လည္းဘယ္ေသာအခါမွေသာကၿပီးၿပီးေရာမစားတတ္။
ပန္းကန္ထဲမွာစားစရာကိုတမူထူးျခားေအာင္စိတ္႐ွည္႐ွည္ႏွင့္ျပဳျပင္ၿပီးမွသာစားတတ္သည္။ကိုယ့္ကိုကိုယ္အတြက္ေရာ ဘယ္သူ႕အတြက္မဆိုစားစရာခ်က္ျပဳတ္ေကြၽးေမြးသည့္အခါမ်ိဳးမွာေသာေစတနာအျပည့္ပါသည္။
ဟင္းပြဲတပြဲ၏အျပင္အဆင္ကိုၾကည့္သည္ႏွင့္ ဟင္းပြဲကိုျပင္ဆင္သည့္လူ၏ေစတနာကိုျမင္ႏိုင္သည္ဟုေသာခံယူထားသည္။ထို႔ေၾကာင့္ ကိုယ့္အတြက္ပဲျဖစ္ျဖစ္ တျခားလူအတြက္ခ်က္ျပဳတ္ေပးရသည့္အခါမ်ိဳးမွာျဖစ္ျဖစ္စိတ္႐ွည္မႈအဆုံးထိထားထားေပးသည္။ေသာ၏စိတ္႐ွည္လက္႐ွည္႐ွ္ိသည့္အခ်ိန္ကမီးဖိုေခ်ာင္ဝင္သည့္အခ်ိန္သာ႐ွိသည္။
"ဒင္းေဒါင္ ဒင္းေဒါင္"
ပန္းကန္ေပၚမွာအလွဆင္ခူးခပ္ျပင္ဆင္ၿပီး ဟင္းပြဲ၏အရသာကိုျမည္းစမ္းရန္အတြက္ အမဲသားဟင္းထံသို႔ဇြန္းတေခ်ာင္းျဖင့္လက္လွမ္းလိုက္စဥ္တြင္ အိမ္ေ႐ွ႕တံခါးမွဘဲလ္သံထြက္ေပၚလာသည္။
ဟင္းပြဲသို႔လက္လွမ္းေနသည့္ေသာ၏လက္မ်ားတန္႔သြားၿပီး မ်က္ခုံးတခ်က္တြန္႔သြားသည္။
ဒီအခ်ိန္သူ႕ဆီလာဖို႔ဘယ္သူမွမ႐ွိ။ကြန္ဒိုတံခါးဝမွာေရာက္ေနတာဘယိသူလဲဆိုတာသိ႐ွိရန္အတြက္ ေသာအိမ္ေ႐ွ႕ခန္းသို႔ေလွ်ာက္လာခဲ့သည္။
တံခါးဝမွာျမင္လိုက္ရသည့္ဧည့္သည္ေၾကာင့္ေသာအံ့ဩသြားသည္။
သစ္သီးျခင္းဝျခင္းကိုကိုင္၍ခ်ိဳသာစြာျပဳံးျပေနသည့္ထိုအမ်ိဳးသမီးကိုျမင္ေတာ့ ေသာဘာလုပ္လို႔လုပ္ရမွန္းမသိျဖစ္သြားသည္။
ေမွ်ာ္လင့္မထားသည့္ဧည့္သည္႐ုတ္တရပ္ေရာက္ခ်လာ၍ဘယ္လိုခရီးဦးႀကိဳျပဳရမည္မွန္းမသိေတာ့။အထဲဝင္လာရန္လဲဖိတ္ေခၚျခင္းမျပဳမိပဲ သုန္မႈန္စြာျဖင့္ဧည့္သည္အမ်ိဳးသမီးကိုစိုက္ၾကည့္ေနမိသည္။
"ဒီကိုဘယ္လိုေရာက္လာတာလဲ"
"Hi ဘာျဖစ္လို႔လဲဟင္ မေျပာပဲေရာက္ခ်လာမိတာတို႔မွားၿပီလာဟင္"
ျပဳံးျပႀကိဳဆိုျခင္းမ႐ွိပံ သူ႕ထံသို႔မမွိတ္မသုန္စိုက္ၾကည့္ေနသည့္ေသာေၾကာင့္အိုင့္႐ွာမွာအင္တင္တင္ျဖစ္သြားရသည္။ေသာ၏အိမ္ေနရင္းပုံစံကလဲသူ႕အတြက္အထူးတဆန္းျဖစ္ေနေလသည္။
တံခါးလာဖြင့္ေပးသည့္ေသာသည္အေပၚပိုင္းဗလာႏွင့္ျဖစ္သည္။ေအာက္ပိုင္းမွာပုဝါအျဖဴထထည္ကိုသာပတ္ထားၿပီး ခႏၶာကိုယ္ေပၚမွာမေျခာက္ေသးသည့္ေရစက္ေရေပါက္မ်ားအားေတြ႕ရသည္။
"မဟုတ္ပါဘူး"
" ဒီကြန္ဒိုမွာကိုယ့္အသိ႐ွိတယ္သူ႕ဆီလာရင္းတခါကမင္းကလိပ္စာေပးထားလို႔ဝင္လည္မိတာပါ မအားဘူးဆိုရင္လဲဒီအသီးေလးထားခဲ့ၿပီးကိုယ္ျပန္ပါ့မယ္ "
"မဟုတ္ပါဘူး အင္း အထဲဝင္ပါ"
ေသာထံမွၾကားလိုက္ရသည့္ဖိတ္ေခၚစကားေၾကာင့္အိုင္႐ွာ့စိတ္ထဲမွာေဟးကနဲေအာင္ပြဲခံလိုက္ခ်င္သည္။
ထိုအမ်ိဳးသားသည္သူ႕အားအိမ္ထဲဝင္ခြင့္ေပးရန္ေတာ္ေတာ္စဥ္းစားေနရသည္ႏွင့္တူသည္။
ေသာကိုအိုင္႐ွာၿငိတြယ္ေနရသည့္အခ်က္ထဲမွာဒီတခ်က္လဲပါဝင္သည္ အိေႁႏၵႀကီးျခင္းျဖစ္သည္။
ေသာအနားကိုသူကပ္သြားတိုင္းဘယ္ေသာအခါမွထိုေယာက်ာ္းသည္မဆီးႀကိဳဆိုဖူးေပ။သာမန္ေယာက်ာ္းဆိုလွ်င္မိန္းမတေယာက္ကကိုယ့္ကိုတပ္မက္စိတ္႐ွိေနမွန္းသိလွ်င္ ဂုဏ္ေျမႇာက္ကာထိုမိန္းမကိုယ့္ကိုဒီထက္ပိုစြဲလမ္းလာေအာင္ ဆြဲေဆာင္တတ္ၾကေပမယ့္ ေသာကေတာ့ထိုလိုေယာက်ာ္းမ်ိဴးမဟုတ္။အိုင္႐ွာဒီေလာက္သူ႕ကိုလိုခ်င္ေနမွန္းသိတာေတာင္ ေသာသည္အိုင္႐ွာ့အားခပ္တန္းတန္းသာဆက္ဆံသည္။
ထိုအခ်က္ကသူ႕ကိုဆြဲေဆာင္မႈပို၍တိုးေစျခင္းျဖစ္သည္။
"ထိုင္ပါ"
အိုင္႐ွာ ေသာႏွင့္အတူအတြင္းသို႔လိုက္ဝင္လာရင္းျဖင့္ ဧည့္ခန္းသို႔အေရာက္ ေသာကဆိုဖာ႐ွည္ကိုၫႊန္ျပ၍သူထိုင္ႏိုင္ေၾကာင္းေျပာ၏။
အိုင္႐ွာ အမဲေရာင္ဆိုဖာထက္မွာျဖည္းညႇင္းစြာထိုင္ခ်လိုက္ေတာ့စားပြဲေပၚ႐ွိဓာတ္ပုံမွန္ေဘာင္တခုထံအာ႐ုံေရာက္သြားသည္။
လက္ထဲမွသစ္သီးျခင္းကိုေသာထံသို႔ကမ္းေပးေတာ့ေသာကေက်းဇူးတင္ေၾကာင္းေျပာလာသည္။ထို႔ေနာက္
"ဘာေသာက္မလဲမဒမ္"
"ေရ႐ိုး႐ိုးပဲေပးပါ"
ေသာ မီးဖိုခန္းအတြင္းသို႔ေရယူရန္အသြားတြင္ စားပြဲခုံေပၚမွဓာတ္ပုံအားအိုင္႐ွာေကာက္ကိုင္လိုက္မိသည္။
ဓာတ္ပုံသည္ selfie ဓာတ္ပုံအမ်ိဳးအစားျဖစ္ၿပီး ဓာတ္ပုံထဲမွာေသာႏွင့္အတူမိန္းကေလးခပ္ငယ္ငယ္တဦးကိုေတြ႕ရသည္။
ထိုပုံထဲမွာ သူတို႔ႏွစ္ေယာက္စလုံးကမ်က္ႏွာသုတ္ပုဝါမ်ားျဖင့္ေခါင္းေပါင္းထားၾကၿပီး ေသာ၏တည္ၾကည္ေနသည့္မ်က္ႏွာထားႏွင့္အတူ ထိုမိန္းမငယ္ေလးကေသာ၏လည္ပင္းကိုသိုင္းဖက္ရင္းရင္ခြင္ထဲတိုးဝင္ကာႏႈတ္ခမ္းေလးကိုဆူကာလက္ညိဳးႏွစ္ေခ်ာင္းေထာင္၍႐ိုက္ထားတာေတြ႕ရသည္။
ထိုမိန္းမငယ္ေလးကသိပ္ကိုခ်စ္စရာေကာင္းလြန္းမေနဘူးလား။
" Girlfriend ေလ"
မီးဖိုေခ်ာင္မွေရတခြက္ႏွင့္အတူျပန္ေရာက္လာသည့္ေသာသည္ ဓာတ္ပုံကိုကိုင္၍ၾကည့္ေနသည့္အိုင္႐ွာ့ကိုျမင္ေတာ့ ေလသံခပ္ျမင့္ျမင့္ျဖင့္သူ႕ေကာင္မေလးျဖစ္ေၾကာင္းခပ္ႂကြားႂကြားေျပာဆိုလာေလသည္။
ကမ္းေပးလာသည့္ေရခြက္ကိုလွမ္းယူရင္း ခပ္ျဖည္းျဖည္းျဖင့္တခြက္လုံးကုန္ေအာင္ေမာ့ေသာက္လိုက္ရင္း ဖန္ခြက္ကိုစားပြဲေပၚသို႔ခ်ထားလိုက္သည္။
"လာရင္းကိစၥ႐ွိလားဗ်"
"ဘာအေၾကာင္းမွေတာ့မ႐ွိပါဘူး ကိုယ္မင္းကိုေတြ႕ခ်င္လို႔ဝင္လာတာပါ အေႏွာင့္အယွက္မ်ားျဖစ္သြားလားမသိဘူး"
"အဲ့လိုေတာ့လဲမဟုတ္ပါဘူး"
အိုင္႐ွာႏွင့္မ်က္ႏွာခ်င္းဆိုင္မွဆိုဖာတြင္ေသာဝင္ထိုင္လိုက္ရင္း ေျခခ်ိတ္ထိုင္ကာ ဧည့္သည္ကိုအလိုက္သင့္စကားေျပာေပးေနသည္။
စကားေျပာရင္းျဖင့္အိုင္႐ွာသည္ေသာ၏ေနရာအားလိုက္လံအကဲခတ္ေနမိသည္။ဆရာသမားကတေယာက္ထဲေနတယ္ဆိုေပမယ့္ အိမ္ကိုထားပိုသိုပုံသပ္ရပ္သည္။ၾကမ္းျပင္တြင္ဖုန္တစက္မ႐ွိပဲ ပစၥည္းပစၥယမ်ားကိုသပ္သပ္ရပ္ရပ္ထားသိုထားသည္။
နံရံေပၚမွာခ်ိတ္ဆြဲထားသည့္မိသားစုဓာတ္ပုံမ်ား၊ အလွဆင္ထားသည့္ပန္းအိုးစသည္တို႔မွာလဲဖုန္ကပ္ၿငိေနျခင္းမေတြ႕ရ။
ခရီးထြက္ေနရတာမ်ားသည့္လူမလို႔ဒီမွာသိပ္မေနလို႔ပဲအိမ္မွာပစၥည္းေတြကပြ႐ူပ္၍မေနတာလားေတာ့မေျပာတတ္။
"မင္းကေမာင္ႏွမမ႐ွိဘူးလား"
"အကိုတေယာက္ေတာ့႐ွိတယ္ သူလဲမႏၲေလးမွာသူ႕ကအိမ္ေထာင္နဲ႔ေလ"
"မင္းကတေယာက္ထဲေနတာအိမ္မႈကိစၥက်ေတာ့ေရာ"
"ကြၽန္ေတာ္ပဲအိမ္မွာေနရတဲ့ေန႔လုပ္ျဖစ္တယ္ ကြၽန္ေတာ့္ေကာင္မေလးကလဲတခါတခါလာ႐ွင္းေပးတတ္တယ္"
"ေအာ္ အဲ့လိုကိုး"
ေသာ၏စိတ္ကိုအိုင္႐ွာမွန္းဆ၍မရ။ဒီေန႔သူတို႔၏စကားဝိုင္းမွာ သူ႕ေကာင္မေလးအေၾကာင္းကိုေသာထပ္ခါထပ္ခါေဖာ္ျပေနသည္။
သူဘာကိုဆိုလိုေနမွန္းအိုင္႐ွာနားမလည္ေတာ့။နားလည္းမလည္ခ်င္။ေသာသည္သူ႕ကိုယ္သူအက်ီဗလာျဖစ္ေနတာကိုေမ့ေနလားေတာ့မသိ။အိုင္႐ွာအိမ္ေရာက္လာေသာ္လဲ ခုနကသူ႕ပုံစံအတိုင္းပဲအက်ီဗလာႏွင့္ ေအာက္မွာတဘက္တထည္ပတ္၍မ်က္ႏွာခ်င္းဆိုင္မွာခပ္တည္တည္ႏွင့္ေျခခ်ိတ္ထိုင္ေနေလသည္။ဒီေကာင္ေလးကအိမ္မွာေနရင္ဒီလိုပဲေနတတ္တာလားဟုအိုင္႐ွာေတြးမိေနသည္။
အကာကြယ္ကင္းလြတ္ေနသည့္ရင္အုပ္က်ယ္က်ယ္ႏွင့္ ဝမ္းဗိုက္ေပၚမွာအဖုထစ္မ်ားအားအိုင္႐ွာသိသိသာသာေရာမသိမသာေရာၾကည့္ေနမိသည္။
သူ႕၏ခႏၶာကိုယ္ကိုၾကည့္ေနမိတာေသာျမင္သြားလဲအိုင္႐ွာဂ႐ုမစိုက္မိေပ။
ဒီေလာက္သူ႕ကိုတပ္မက္ေနမွန္းသူသိေနတာပဲကိုး အိုင္႐ွာ႐ွက္မေနေတာ့။
"ေမႊးေနတာပဲကိုယ့္ႏွာေခါင္းထဲအနံ႔တခုရတယ္"
"ကြၽန္ေတာ္ဟင္းခ်က္ေနတာ"
"မင္းက! မင္းကဟင္းခ်က္တယ္ေပါ့ေလ"
"ဒါေပါ့ မဒမ္ကံေကာင္းတယ္ဒီေန႔အထူးမီႏူး႐ွိတယ္ ေန႔လည္စားသြားမလားဟင္"
"ကိုယ့္ကိုမဒမ္လို႔္မေခၚဖို႔ေျပာထားတယ္မလား ေတာင္းဆိုပါတယ္ေသာရယ္ မင္းအဲ့လိုေခၚတာခံရရင္ကိုယ္တို႔ကသူစိမ္းေတြလိုခံစားရလို႔ပါ"
သူစိမ္းမဟုတ္ဘူးလို႔ေျပာရေအာင္ကသူတို႔ႏွစ္ေယာက္ၾကားထဲဘယ္တုန္းကဒီေလာက္ဆက္ႏြယ္မႈ႐ွိသြားလဲေသာမစဥ္းစားတတ္ေတာ့။
စကား႐ွည္႐ွည္ေဝးေဝးေျပာမေနခ်င္ေတာ့၍ ေနာက္မဒမ္လို႔မေခၚေတာ့ဟုလြယ္လြယ္ကတိေပးလိုက္သည္။
ေသာ၏ေန႔လည္စာတူတူစားဖို႔ဖိတ္ၾကားခ်က္ကိုအိုင္႐ွာေပ်ာ္ေပ်ာ္ႀကီးလက္ခံလိုက္ေလသည္။
ႏွစ္ေယာက္သားမီးဖိုေခ်ာင္ထဲသို႔ေရာက္လာၾကၿပီး ေသာကသူ႕၏မည္သို႔မည္ပုံခ်က္ျပဳတ္ထားသည္မ်ားကိုအားတက္သေရာ႐ွင္းျပေနေလသည္။
မ်က္စိေ႐ွ႕မွစားခ်င္စဖြယ္ဟင္းလ်ာမ်ားကိုျမင္ေနရေတာ့လဲ အိုင္႐ွာစားခ်င္စိတ္႐ွိမေနေပ။
သူ႕၏အာ႐ုံက ေသာ၏ပုခုံးက်ယ္ႀကီးမ်ားထံတြင္သာ႐ွိေနသည္။သူ႕ကိုတပ္မက္စြာစိုက္ၾကည့္ေနသည့္ထိုအမ်ိဳးသမီး၏မ်က္လုံးမ်ားကိုေသာသိေသာ္လည္းမျမင္ကြယ္ရာျပဳထားသည္။
ေသာခ်က္ျပဳတ္ထားသည့္အိုးခြက္မ်ားကိုေဆးေၾကာရန္အတြက္ေဘစင္အတြင္းသို႔အခ်တြင္ အိုင္႐ွာ့အားေက်ာေပးလ်က္သားျဖစ္သြားသည္။
အိုင္႐ွာဆက္လက္ထိန္းခ်ဳပ္၍မႏိုင္ေတာ့။
မ်က္စိေ႐ွ႕မွေက်ာျပင္က်ယ္ႀကီးအား ေျပး၍တိုးကပ္မိကာေသာ၏ခါးကိုတင္းၾကပ္စြာဖက္ရင္းေက်ာျပင္ကိုပါးအပ္ထားသည္။
"လူဆိုးေကာင္ေလးတို႔မင္းကိုဘယ္ေလာက္လြမ္းေနရလဲသိရဲ႕လား လြမ္းလို႔ေသမတတ္ပဲ မင္းကိုကိုယ္ဘယ္ေလာက္ေတာင့္တေနလဲသိရဲ႕လား"
"ခင္ဗ်ာ"
အေနာက္မွအတင္းဖက္တြယ္လာသည့္အထိအေတြ႕ေၾကာင့္ေသာမ်က္လုံးကိုေဝ့ၾကည့္လိုက္မိသည္။သူ႕၏ခါးထက္မွာလက္မ်ားအားေသာျဖဳတ္ခ်ပစ္ရင္း ေက်ာေပးထားရမွမ်က္ႏွာျပန္မူလိုက္သည္။
"ခင္ဗ်ား ဘယ္လိုျဖစ္ေနတာလဲ"
"လြမ္းလိုက္တာ ဒီမ်က္ႏွာေလးကိုလြမ္းလိုက္ရတာ လူဆိုးေကာင္ေလး ကိုယ့္ကိုဒီလိုခ်ည္းေ႐ွာင္မေနပါနဲ႔ ေနာ္"
ေျပာရင္းျဖင့္ ေသာ၏ပါးျပင္ထက္သို႔အုပ္မိုးကိုင္တြယ္လာသည့္လက္မ်ား။
သူ႕၏ပါးျပင္အားညင္သာစြာပြတ္သပ္ကိုင္တြယ္ကာ ဆံပင္မ်ားကိုပြတ္သပ္ယုယလာသည့္လက္မ်ားအားေသာမဖယ္ခ်ရက္ေတာ့။
"မင္းမွာေကာင္မေလး႐ွိတယ္ဆိုတာတကယ္လို႔မထင္ခဲ့ဘူး"
"အဲ့ဒီညစေတြ႕ထဲကကြၽန္ေတာ္ေျပာပါတယ္ ကြၽန္ေတာ္ကလူလြတ္မဟုတ္ဘူးဆိုတာ"
"ဟင့္အင္း ကိုယ္မသိဘူး စိတ္လဲမဝင္စားဘူး ေသခ်ာတာကကိုယ္ဒီကမျပန္ခင္မင္းနဲ႔တူတူ႐ွိခ်င္တယ္ သူလဲမသိေစရပါဘူး ကိုယ္ျပန္သြားရင္မင္းလဲမင္းဘဝနဲ႔မင္းျပန္ျဖစ္သြားမွာပါအရင္လို အခုငါနဲ႔ပဲ မရဘူး"
"ဟာ ခင္ဗ်ား"
ေသာ၏ပါးထက္မွာအုပ္ကိုင္ထားသည့္လက္မ်ားအားအိုင္႐ွာျပန္႐ုပ္သိမ္းလိုက္ကာ ေသာ၏ရင္ဘက္အားစတင္ပြတ္သပ္ကိုင္တြယ္ေတာ့သည္။
ေသာ၏ရင္ဘက္အားလက္ျဖင့္တြန္း၍ နံရံမွာကပ္ေစသည္။အကာရံလစ္ဟာေနသည့္ ရင္ဘက္ႏွင့္ဝမ္းဗိုက္နယ္ေျမမ်ားအားလက္ကရဲတင္းစြာနယ္ေက်ာ္ရင္း ႏွစ္ကိုယ္ၾကားနီးကပ္ေနခ်ိန္ေသာ၏ကိုယ္သင္းနံ႔ေလးအားအိုင္႐ွာတဝႀကီး႐ွဴသြင္းေနမိသည္။
ေက်ာျပင္၊ရင္ဘက္ႏွင့္ပုခုံးေနရာအႏွံ႔ပြတ္သပ္ကိုင္တြယ္ရင္း ေသာ၏ႏႈတ္ခမ္းေပၚသို႔က်ေရာက္လာသည့္ေနာက္ထပ္ႏႈတ္ခမ္းတစ္စုံ။
ေသာ၏ႏႈတ္ခမ္းမ်ားခပ္ၾကမ္းၾကမ္းဖိစုပ္ခံလိုက္ရၿပီး သြားဖုံးမ်ားကလွ်ာႏွင့္ထိုးေမႊျခင္းကိုခံလိုက္ရသည္။ထိုအမ်ိဳးသမီး၏အနမ္းပင္လယ္မွာေသာအလိုက္သင့္စီးေျမာရင္း သာယာေနမိသည္။
စိတ္႐ွိလက္႐ွိအနမ္းပင္လယ္ႀကီးထဲမွာစီးေျမာ၍ဝေတာ့
"မင္းႏႈတ္ခမ္းေတြ၊စီးကရက္နံ႔ရတဲ့မင္းရဲ႕ႏႈတ္ခမ္းေလး ကိုယ္သိပ္သေဘာက်တာပဲ"
"ေအး ခင္ဗ်ား လာဆြၿပီးရင္တာဝန္ယူရမယ္ေနာ္"
"တဘဝလုံးတာဝန္ယူခ်င္တဲ့ကိုယ္ပါ"
ေသာ၏ရင္ဘက္အားအတင္းဖိကပ္နမ္းလိုက္ရင္းရင္ဘက္မွဝမ္းဗိုက္ထိအိုင္႐ွာလွ်ာျဖင့္လ်က္လိုက္သည္။
ေအးစက္စက္လွ်ာ၏အထိအေတြ႕မွာေသာတြန္႔ကနဲျဖစ္သြားၿပီးညဥ္းသံထြက္ေပၚလာသည္။
ဆက္လက္၍ေသာ၏ပုခုံးမ်ား၊လက္ေမာင္းမ်ားႏွင့္ collarbone ေလးကိုပါအိုင္႐ွာအငမ္းမရလွ်ာျဖင့္လ်က္ေနမိသည္။
"အား ခင္ဗ်ား တာဝန္ယူရမယ္ေနာ္"
"တဘဝလုံးေတာင္တာဝန္ယူမယ္လို႔ေျပာထားတယ္မဟုတ္လားကြယ္"
အိုင္႐ွာ့၏လက္မ်ားသည္နယ္ေက်ာ္လာကာတဘက္ေအာက္မွအရာကိုလဲကိုင္တြယ္လာၿပီး
"မင္းအနံ႔ေလးကိုသေဘာက်လိုက္တာ"
"...."
"ေဘာင္းဘီနားကအနံ႔ေလးေသေလာက္ေအာင္သေဘာက်တယ္ ကိုယ္အဲ့ေနရာေလးကိုထပ္ေမႊးၾကည့္ခ်င္တယ္ခြင့္ျပဳမလားဟင္"
"အား ႐ွီး ႐ူးေတာ့မွာပဲ ခင္ဗ်ားနဲ႔ေတာ့ ကြၽန္ေတာ့္ကိုနမ္းပါ"
"အင္း အခ်စ္ကေလး"
ေသာ၏ႏႈတ္ခမ္းမ်ားအားေနာက္တႀကိမ္ထပ္မံနမ္း႐ိႈက္ရန္ဟန္ျပင္လိုက္စဥ္ ႐ုတ္တရပ္ထြက္ေပၚလာသည့္အသံကပူးကပ္ေတာ့မည့္ႏႈတ္ခမ္းႏွစ္ခုအားဆြဲခြာၿပီးသားျဖစ္သြားသည္။
"ဒါကဘာျဖစ္ေနၾကတာလဲ"
႐ုတ္တရပ္ထြက္ေပၚလာသည့္အသံခပ္႐ွ႐ွေလးေၾကာင့္ေသာေခါင္းနပန္းႀကီးသြားရသည္။ခ်က္ခ်င္းပင္သူ႕အေ႐ွ႕မွအိုင္႐ွာအားတြန္းဖယ္လိုက္ၿပီး အသံလာရာဆီကိုအထိတ္တလန္႔ၾကည့္မိသည္။
မီးဖိုေခ်ာင္အဝမွာရပ္ေနသည့္ခင့္ကိုျမင္ေတာ့ေသာဘာလုပ္ရဘာကိုင္ရမွန္းမသိျဖစ္သြားသည္။
အေနအထားကဘယ္လိုမွျငင္း၍လဲမရႏိုင္။
သူ႕အားအံ့ဩျခင္းေရာ၊စိတ္ပ်က္ျခင္းပါေရာေထြးေနသည့္အၾကည့္မ်ားျဖင့္ၾကည့္ေနသည့္ခင့္ကိုသူဘယ္လိုစ႐ွင္းျပရမလဲမသိေတာ့။
"ေဘ ေဘဘီ"
"...."
"ဘယ္လိုအထဲေရာက္လာတာလဲဟင္"
"တံခါး password ကအရင္အတိုင္းပဲေလဖြင့္ဝင္လာတာေပါ့ ေမးရမွာကကိုကို႔ပါ အဲ့တာဘာလုပ္ေနၾကတာလဲ ဟမ္း"
"ေဘဘီထင္သလိုမဟုတ္ပါဘူး ကိုကို႐ွင္းျပမယ္"
ေသာ အလ်င္ျမန္ခင့္အနားသို႔ေျပးကပ္သြားကာ ခင့္၏လက္ကေလးကိုကိုင္ရန္လက္လွမ္းလိုက္သည္။
ခင္သည္ သူ႕၏လက္ကိုထိကိုင္လာသည့္ေသာ၏လက္အားခါထုတ္လိုက္ၿပီး အေနာက္သို႔ေျခလွမ္းမ်ားဆုတ္သြားကာ
"လာမထိနဲ႔ အနားတိုးမလာနဲ႔"
"ေဘဘီေလး ကိုကိုတကယ္မင္းထင္သလိုမဟုတ္..
"ျမင္ကြင္းက႐ွင္းပါတယ္ကိုကိုခင္အကုန္ျမင္လိုက္တယ္ ထင္သလိုမဟုတ္ဘူးဆိုေတာ့ကိုကိုကဘယ္လို႐ွင္းျပခ်င္ေသးလို႔လဲ ေျပာပါ ေတာက္ေလွ်ာက္အလိမ္ခံလာေပးတာပဲ အခုလဲေျပာပါအုန္း ကိုကို႔ပုံျပင္ေတြနားေထာင္ပါရေစ"
"ေဘဘီ ကိုကို အိမ္မွာ႐ွိေနခဲ့တာ ကိုကိုသူ႕ကိုလဲလာဖို႔မေခၚခဲ့ဘူး သူ႕ဟာသူအိမ္အဝေရာက္လာတာ ကိုကို ဘယ္လိုေျပာရမလဲ ကိုကို႐ိုး႐ိုးသားသားနဲ႔သူ႕ကိုအိမ္ထဲအဝင္ခံခဲ့တာ သူ႕ဟာသူကိုကို႔ကိုလာၿပီးအဲ့လိုေတြလုပ္တာ"
ေသာ၏အသံသည္အက္႐ွေနၿပီး အျပစ္သားတေယာက္လိုကတုန္ကယင္ျဖစ္ေနသည္။
ေသာေျခမကိုင္မိလက္မကိုင္မိျဖစ္ေနၿပီး သူ႕၏အေတြးထဲမွာလဲခင္သူ႕ကိုစြန္႔ခြာသြားမည္ကိုေတြးကာေသြးပ်က္ထိတ္လန္႔ေနမိသည္။
တဖက္မွာခင္မွာေတာ့ မ်က္ရည္ကိုထိန္းကာမ်က္ႏွာထားကိုတင္းမာရင္းျဖင့္ ႐ိႈက္သံသဲ့သဲ့ကတခ်က္တခ်က္စကားသံမွာေရာေႏွာထြက္ေပၚလာသည္။ခင္လက္ထဲမွာကိုင္ဆြဲထားသည့္အထုပ္ကိုသာက်စ္က်စ္ပါေအာင္ဆုပ္ကိုင္ထားမိသည္။
ခင္ဒီေနရာမွာေျခေထာက္ေတြယိုင္လဲက်မသြားေအာင္အေတာ္အားယူ၍ရပ္ေနရသည္။
"ေတာင္းပန္ပါတယ္ ကိုကိုေတာင္းပန္ပါတယ္တုံတုံရယ္ ကိုကိုကတကယ္႐ိုး႐ိုးသားသား...
"႐ိုး႐ိုးသားသား" "႐ိုး႐ိုးသားသား" ထိုစကားသည္ခင့္၏နားထဲမွာပဲ့တင္၍ထြက္လာသည္။႐ိုး႐ိုးသားသားတဲ့ ႐ိုး႐ိုးသားသားေပါ့ေလ။ထိုစကားလုံးေၾကာင့္ခင့္၏အတတ္ႏိုင္ဆုံးထိန္းခ်ဳပ္ထားသည့္ေဒါသမ်ားဝုန္းကနဲေပၚထြက္လာေတာ့သည္။
"ဘယ္လိုလူတုန္း ဒီေလာက္ေတာင္အ႐ွက္မဲ့ရလား ဒီလိုစကားကိုအခုအေျခေနမွာပါးစပ္ကမခ်ေျပာေနႏိုင္တာအ႐ွက္ေရာ႐ွိေသးရဲ႕လား ဟင့္ ဟမ္း ဘာကို႐ိုး႐ိုးသားသား ဘာက႐ိုး႐ိုးသားသားလဲ ေယာက်ၤားေလးတေယာက္ပဲေနတဲ့ကြန္ဒိုမွာေကာင္မတေကာင္က႐ွိေနၿပီး အဝတ္ေတာင္မပါပဲတဘက္တထည္နဲ႔နမ္းေနၾကတာ႐ိုး႐ိုးသားသားလား ဘယ္ဟာက႐ိုး႐ိုးသားသားလဲ ဟမ္း ကုတင္ေပၚမေရာက္ေသးလို႔႐ိုးသားတယ္ေျပာႏိုင္ေသးတာလား ေျပာပါအုန္း တေလွ်ာက္လုံးခ်စ္တဲ့စိတ္တခုနဲ႔ၾကားသမွ်သိသမွ်မ်က္စိမွိတ္ေပးထားလို႔ငါ့ကိုေစာက္တုံးမမ်ားမွတ္ေနလား ေအးပါ ငါကေစာက္တုံးမပါ အရာအားလုံးကိုသည္းခံမျမင္ဟန္ျပဳေပးထားတဲ့ငါကေစာက္တုံးမႀကီးပါ ငါကအဲ့ေလာက္ေတာင္အေပါစားဆန္ေနရတာလား မုန္းတယ္ မုန္းတယ္"
ခင့္၏ေလသံသည္ေျပာရင္းေျပာရင္းျမင့္တက္လာကာ ဝမ္းနည္းေနသည့္စိတ္ေရာေဒါသပါေရာယွက္ေပါင္းစပ္၍အသံကကတုန္ကယင္ျဖစ္ေနသည္။
တေလွ်ာက္လုံးၿမိဳသိပ္လာခဲ့ရသည့္စကားလုံးမ်ား ယေန႔မွာေတာ့ခင့္၏ႏႈတ္မွဆို႔နင့္စြာထြက္ေပၚလာေတာ့သည္။ခင့္၏ရင္မွာမီးႏွင့္ၿမိဳက္သလိုပူေလာင္ေနရသည္။စကားသံမ်ားမွာတခ်က္တခ်က္တိမ္ဝင္သြားၿပီး ႐ိႈက္သံကိုထိန္းကာအားယူ၍ေျပာေနရသည္။
"ေဘဘီ ေတာင္းပန္ပါတယ္ ကိုကိုဘာလုပ္ေပးရမလဲ ေျပာ ကိုကို႔ကိုေျပာ ကိုကိုေတာင္းပန္ပါတယ္ေဘဘီေလးရယ္ ကိုကို႔ကိုႀကိဳက္တဲ့အျပစ္ေပးပါေနာ္ ကိုကိုခံပါ့မယ္"
"ငါကအဲ့ေလာက္ေတာင္ကိုကို႔အတြက္လြယ္ေနရတာလား ဟင္း ေတြ႕ရာမိန္းမနဲ႔ႀကိဳက္သလိုအိပ္မယ္ ငါ့ကိုက်ေတာ့ကိုကိုထားတဲ့ေနရာမွာအ႐ုပ္တ႐ုပ္လိုေခ်ာင္ထိုးထားခ်င္တာမလား ငါ့ကိုက်ကိုကိုထားရာေနၿပီးကိုကို႔တေယာက္ကိုပဲၾကည့္ၿပီး၊ကိုကို႔ကိုပဲခ်စ္ေစခ်င္တယ္မလား အဲ့တာကတရားသလား ငါလဲအဲ့လိုမေနႏိုင္ေတာ့ဘူး ကိုယ့္အပိုင္ျဖစ္ေနတာေတာင္ခိုးတြဲေနရသလိုခံစားေနရတာမုန္းလာၿပီ ဒီလိုလဲဆက္မေနႏိုင္ေတာ့ဘူး လုံးဝသည္း ခံ ႏိုင္စြမ္းမ႐ွိေတာ့..ဘူး ငါေတာ္ၿပီ ဒီေလာက္ဆိုေတာ္..ပါၿပီဟာ ဟင့္"
ေသာမွာဘာလုပ္လို႔လုပ္ရမွန္းမသိ။ခင့္၏လက္ႏွစ္ဖက္အားဆြဲယူကာ သူ႕၏ရင္ဘက္မွာအတင္းဆြဲအပ္၍ ခင့္၏ခႏၶာကိုယ္ကိုသူႏွင့္ပိုနီးကပ္ေအာင္ဆြဲယူထားသည္။ခင္ကသူ႕၏အသားကိုထိမခံပဲ လက္ထဲမွအတင္း႐ုန္းကာ႐ုန္းရင္းဆန္ခတ္ျဖစ္ေနသည္။
"လႊတ္ အခုလႊတ္ အဲ့ဒီမိန္းမကိုထိထားတဲ့လက္ေတြနဲ႔ငါ့ကိုလာမထိနဲ႔လို႔ အခုလႊတ္ မုန္းတယ္ ဟင့္ ဟင့္ အင္း ခုလႊတ္လို႔"
"ဟင့္အင္း ေဘဘီဘာေတြေျပာေနတာလဲ ဘာကိုေတာ္မွာလဲ နားေထာင္ကိုကိုမင္းကိုခ်စ္တယ္ ဘယ္မွေပးမသြားႏိုင္ဘူး မင္းကငါ့အပိုင္"
"မခ်စ္ဘူး မခ်စ္ဘူး ကိုကိုငါ့ကိုမခ်စ္ဘူး"
ေသာ၏ရင္ဘက္ေပၚမွသူ႕၏လက္ကိုခင္အတင္းေဆာင့္႐ုန္းလိုက္ၿပီး ေသာ၏မ်က္ႏွာကိုေမာ့ၾကည့္ကာမ်က္လုံးအတြင္းသို႔ေစ့ေစ့ၾကည့္၍က်ယ္ေလာင္
စြာေအာ္လိုက္မိသည္။
"ငါ့ကိုမခ်စ္ဘူး ကိုကိုကငါ့ကိုကို႔ကိုခ်စ္ေနတာကိုႀကိဳက္တာ ကိုကို႔တေယာက္ကိုပဲခ်စ္ေနေစခ်င္တာ ငါ့ဆီကပဲအခ်စ္ခံခ်င္ဂ႐ုစိုက္ခံခ်င္ အရာရာအေလွ်ာ့ေပးခံၿပီးျပားျပားဝပ္ၿပီးခ်စ္ေနေပးတာကိုခံခ်င္တာ ငါ့ကိုဘယ္တုန္းကမွမခ်စ္ခဲ့ဘူး ကိုကိုသာခ်စ္ရင္ငါ့ကိုဝမ္းနည္းေအာင္အႀကိမ္ႀကိမ္လုပ္ေနမွာမဟုတ္ဘူး"
"မဟုတ္ရပါဘူး ေဘဘီအထင္လြဲတာပါ ကိုကိုေဘဘီ့ကိုသိပ္ခ်စ္တာပါ ဒီမွာေလကိုကိုတို႔ရဲ႕ ringေလး ဒီမွာကိုကိုတို႔ရဲ႕ tattoo ေလးေလ မင္းလက္ေလးမွာလဲၾကည့္လိုက္ေလ ၾကည့္ပါအုန္းအခ်စ္ကေလးရယ္"
ေသာသည္ေျပာရင္းျဖင့္သူ႕၏ဘယ္ဘက္လက္ကိုေထာင္ျပရင္းလက္သူႂကြယ္မွ Matching tattoo ေလးအားေထာင္ျပလာသည္။
ေသာ၏ဘယ္ဘက္လက္ခလယ္တြင္လဲပလက္တီနမ္ျဖင့္ျပဳလုပ္ထားသည့္ႏွစ္ေယာက္သား၏ 3လျပည့္အထိမ္းအမွတ္ couple လက္စြပ္ေလး႐ွိေနသည္။
"ဒီမွာကိုကိုတို႔ရဲ႕ monthsary လက္စြပ္ေလးေလ ဒါေလးကိုရဖို႔ကိုယ္တို႔ႀကိဳးစားၿပီးဘယ္ေလာက္ေတာင္ေငြစုခဲ့ရလဲျပန္ေတြးၾကည့္ပါ"
ေသာ၏ဒီအေျပာမွာေတာ့ခင္ေခတၱေတြေဝသြားၿပီး ၿငိမ္က်သြားသည္။ေသာ ခင့္၏လက္ကိုအမိအရလွမ္းဖမ္းယူလိုက္ၿပီးခင့္၏လက္မဖိုးေလးကိုႏွာေခါင္းျမဳပ္မတတ္နမ္း႐ိႈက္လိုက္မိသည္။
"ဟင့္အင္း ေတာ္ၿပီ ဘာ monthsary ဘာ Anniမွမေထာက္ႏိုင္ေတာ့ဘူး အဲ့လက္စြပ္ကို ကိုကိုဒီေလာက္မက္ေနရင္ယူသာထားေတာ့ ေရာ့ ဟင့္"
အၿမဲကိုယ္ႏွင့္မကြာသြားေလးရာမခြၽတ္တမ္းဝတ္ထားတတ္သည့္ဒီလက္စြပ္ေလးကိုဒီေန႔မွာေတာ့ ခင္လက္ေပၚမွဆြဲျဖဳတ္လိုက္သည္။
ထိုလက္စြပ္ျဖင့္ေသာ၏မ်က္ႏွာကိုပစ္ေပါက္လိုက္မိသည္။ေသာကမ်က္ႏွာသို႔ထိမွန္လာသည့္လက္စြပ္ကိုေအာက္သို႔အက်မခံပဲအလ်င္ျမန္ဖမ္းယူလိုက္သည္။ပိုၿပီးတင္းမာလာသည့္အေနအထားေၾကာင့္ေသာမ်က္လုံးကိုစုံမွိတ္ကာေျဖ႐ွင္းနည္းကိုအသဲသန္႐ွာေဖြေနမိသည္။
ထိုစဥ္အိုင္႐ွာ့ဘက္မွတခ်ိန္လုံးရပ္ၾကည့္ေနခဲ့ရာမွာ ႐ုတ္တရပ္စကားသံထြက္ေပၚလာသည္။ထိုႏိုင္ငံျခားသားအမ်ိဳးသမီးမွအဂၤလိပ္လိုထြက္လာသည့္စကားသံကိုခင္ေသခ်ာေတာ့မၾကားလိုက္ရ။
ခင္ခ်က္ခ်င္းပင္ သု႔နံေဘး႐ွိေရခဲေသတၱာေပၚမွာတင္ထားသည့္ပန္းအိုးအေသးေလးျဖင့္အိုင္႐ွာထံသို႔လွမ္းပစ္ေပါက္လိုက္သည္။
အိုင္႐ွာေခါင္းငုံ႔ေ႐ွာင္လိုက္၍ထိမသြားပဲ ပန္းအိုးကေခါင္းေပၚမွျဖတ္သြားကာ နံရံကိုသြားထိသည္။
ေသာေရာ အိုင္႐ွာပါအထိတ္တလန္႔ျဖစ္သြားကာ ပန္းအိုးကြဲသံႀကီးကမီးဖိုခန္းထဲမွာက်ယ္ေလာင္စြာထြက္ေပၚသြားသည္။ေသာ ခင့္အားမယုံၾကည္ႏိုင္စြာမ်က္လုံးအဝိုင္းသားျဖင့္ၾကည့္ေနမိသည္။
"ပါးစပ္ပိတ္ထား ဒါငါတို႔ျပႆနာ ဘာတခြန္းမွဝင္မေျပာနဲ႔ ပါးစပ္ကိုေစ့ေစ့ပိတ္ထားလိုက္ငါတခုခုမလုပ္မိေအာင္"
ခင္ အဂၤလိပ္ဘာသာစကားျဖင့္သတိေပးစကားဆိုလိုက္သည္။အိုင္႐ွာမေက်မခ်မ္းသည့္ဟန္ျဖင့္ မ်က္လုံးကိုေဝ့ဝိုက္ၾကည့္ျပေသာ္လည္း ခင့္စကားအတိုင္းဘာတခြန္းမွထပ္ဟမလာေတာ့။
"ေဘဘီစိတ္ေလွ်ာ့ပါ"
"ငါျပန္မယ္"
ေျပာရင္းျဖင့္အေ႐ွ႕ဘက္သို႔ေလွ်ာက္ထြက္သြားေသာ ခင့္၏အေနာက္ကိုေသာအလ်င္အျမန္ေျပးလိုက္ရင္းျဖင့္ ခင့္ကိုအေနာက္ဖက္မွတင္းၾကပ္စြာဖက္ထားလိုက္သည္။
႐ုန္းကန္လႈပ္႐ွားေနသည့္ခင့္ကိုေသာ လုံးဝထြက္သြားခြင့္မေပး။အေနာက္ဖက္မွေန၍
ခင့္၏လက္ေကာက္ဝတ္ကိုသူ႕၏လက္သန္သန္မ်ားျဖင့္အတင္းဆုပ္ကိုင္ထားရင္း တင္းတင္းၾကပ္ၾကပ္ဆြဲဖက္ထားသည္။
ေသာအံကိုတင္းတင္းႀကိတ္ထားၿပီးေလသံကိုအတတ္ႏိုင္ဆုံးထိန္းထားကာ
"မသြားရဘူး ဘယ္ကိုမွမသြားရဘူး လမ္းခြဲမယ့္စကားအခုခ်က္ခ်င္းျပန္႐ုပ္သိမ္းေပး ေသေတာင္ငါ့ဆီကထြက္သြားလို႔မရဘူး"
"မေနႏိုင္ေတာ့ဘူး ငါသည္းမခံႏိုင္ေတာ့ဘူး သည္းခံတာအတိုင္းအတာ႐ွိတယ္ ဒီေလာက္နဲ႔ေတာ္ၿပီ ထပ္မပက္သက္ႏိုင္ေတာ့ဘူး"
"ဘာေျပာလိုက္တယ္ မင္းဘာေျပာလိုက္တယ္တုံတုံ ျပန္ေျပာစမ္း"
ခင့္၏ႏႈတ္မွစကားမ်ားအားေသာအံ့ဩလြန္း၍ခ်ဳပ္ကိုင္ထားေသာလက္မ်ားကိုပင္ေယာင္ေယာင္အမ္းအမ္းလႊတ္ခ်လိုက္မိသည္။
လက္မ်ားေျဖေလ်ာ့သြားသည္ႏွင့္ ခ်က္ခ်င္းပင္႐ုန္းထြက္သြားေသာခင့္၏ေက်ာျပင္ကိုေၾကာင္အမ္းအမ္းေငးၾကည့္ေနမိသည္။
ဒါကအိမ္မက္တခုလား။ခင့္၏ႏႈတ္မွဒီလိုစကားေတြၾကားေနရတာသူမယုံႏိုင္။
ဘယ္ေသာအခါမွလမ္းခြဲဖို႔စကားကိုေယာင္လို႔ေတာင္မစေနာက္တတ္သည့္ကေလးကအခုသူ႕ကိုဆက္မပက္သက္ခ်င္ေတာ့ဘူးတဲ့လား။
ေသာ စို႔တက္လာသည့္မ်က္ရည္စမ်ားကိုထိန္းကာမ်က္ေတာင္ကိုပုတ္ခတ္ပုတ္ခတ္လုပ္ရင္း
"တုံတုံ မသြားနဲ႔ လာအုန္း"
တံခါးဝဆီသို႔ေလွ်ာက္သြားရန္ျပင္လိုက္သည့္ခင့္ကိုေသာလက္ကိုအတင္းေဆာင့္ဆြဲကာ သူႏွင့္မ်က္ႏွာခ်င္းဆိုင္ေစၿပီး ခင့္၏ပုခုံးကိုအားျပင္းျပင္းျဖင့္ဆုပ္ကိုင္ထားရင္း
"ျပန္႐ုပ္သိမ္း အခုျပန္႐ုပ္သိမ္းအဲ့စကားကို မင္းကိုယ့္ကိုမခ်စ္ေတာ့ဘူးလား ဟမ္း မခ်စ္ေတာ့လို႔ဒီလိုေတြေျပာေနတာလား မင္းဘာျဖစ္ခ်င္လဲ ေျပာ အခုေျပာ ငါအားလုံးလုပ္ေပးမယ္"
ပို၍က်ယ္ေလာင္လာသည့္ေသာ၏ေဒါသသံႏွင့္အတူ ခင္လဲဝမ္းနည္းစိတ္ပို၍လိႈက္ဖိုလာသည္။
ပုခုံးကိုအားျဖင့္ဆြဲညႇစ္ကာ မ်က္ႏွာအနားကိုကပ္၍ေအာ္လိုက္သည့္ေသာ၏အသံေၾကာင့္ခင့္ကိုယ္ေလးတုန္ရင္သြားသည္။
ပါးျပင္ေပၚမွာပိုးပိုးေပါက္ေပါက္က်ဆင္းေနသည့္မ်က္ရည္မ်ားကတားမရဆီးမရ။
"မင္းဘာျဖစ္ခ်င္လဲ ဘာျဖစ္ခ်င္လဲလို႔!!
"မင္းရဲ႕ဆႏၵကငါ့ကိုတေယာက္ထဲအပိုင္ရခ်င္တာ မင္းကိုလက္ထပ္ေစခ်င္တာမလား မင္းနဲ႔ပဲအေျခတည္ခ်င္မလား ေအး အခုအဲ့ဆႏၵကိုျဖည့္ဆည္းေပးမယ္ အခုခ်က္ခ်င္းတရား႐ုံးသြားမယ္ လက္ထပ္မယ္ ငါဒီေန႔မင္းေယာက်ာ္းျဖစ္လာေစရမယ္"
"ေတာ္ပါေတာ့ ခင္ ဘယ္တုန္းကမွ ဟင့္ အေလာတႀကီးလက္ထပ္ပါလို႔မေျပာခဲ့ဖူးဘူး ဟမ္း ျပန္စဥ္းစားပါအုန္း အနာဂတ္အေၾကာင္းတိုင္ပင္တိုင္းဘယ္တုန္းကေတာင္ကိုကိုစိတ္ဝင္စားဖူးလဲ ဟမ္း ဘာကိုအခုလက္ထပ္မွာလဲ ကိုကိုလို႔လူကိုလဲခင္လက္မထပ္ခ်င္ေတာ့ဘူး"
"ငါကဘာျဖစ္ေနလို႔လဲ ဟမ္း ေျပာေလ ေျပာ မင္းကဘယ္ေကာင္ကိုယူခ်င္ေနလို႔လဲ ငါ့ကိုဒီလိုေတြေျပာေနတာ"
"ကိုကို႔အျပစ္ကိုခင္အျပစ္မလုပ္နဲ႔ ေဖာက္ျပန္တာခင္မဟုတ္ဘူး ကိုကိုသာေဖာက္ျပန္တာ ကိုကိုကသာအၿမဲအိုင္ေတြ႕ရာေျခေဆးေနခဲ့တာ ကိုကိုပဲ အားလုံးကိုကိုပဲ"
"ေအး ေတာက္"
ပို၍ျပင္းထန္လာသည့္အေျခအေနႏွင့္အတူႏွစ္ေယာက္သားကတေယာက္ႏွင့္တေယာက္က်ယ္ေလာင္စြာေအာ္ေျပာရင္းႏွင့္ ျပႆနာကပို၍ႀကီးထြားလာသည္။ဒီတႀကိမ္တြင္ေတာ့ခင္လုံးဝကိုအေလွ်ာ့မေပးႏိုင္ေတာ့။ေသာ၏အမွားေတြကိုပဲေထာက္ျပကာ ေသာကိုခံစားရေအာင္အေပၚဆီးမွဖိေျပာေနသည္။
ကိုကိုလဲဒီေလာက္ေတာ့ျပန္နာက်င္ရဖို႔ထိုက္တန္သည္မဟုတ္လား။
ေနာက္ဆုံးခင္ဒီေနရာမွအေဝးဆုံးကိုထြက္သြားရန္အိမ္တံခါးကိုလက္လွမ္းလိုက္သည့္အခါမွာေတာ့ ေသာ၏ေျခေထာက္မ်ားေခြယိုင္က်သြားေတာ့သည္။
ခင့္၏အေ႐ွ႕မွာဒူးေထာက္လိုက္ရင္း ခင့္၏လက္ကိုဆြဲကိုင္လိုက္ကာ အသနားခံသည့္မ်က္ဝန္းတို႔ျဖင့္
"ေဘဘီကိုကိုေတာင္းပန္ပါတယ္ ကိုကိုမင္းမႀကိဳက္တာအားလုံးျပင္ပါ့မယ္ ကိုကိုကတိေပးပါတယ္ ကိုကို႔မွာမင္းၿပီးရင္မင္းပဲ႐ွိေစရပါမယ္ ဒီတႀကိမ္ေတာ့ကိုကို႔ကိုခြင့္လႊတ္ေပးပါ ဒါအႏူးအၫႊတ္ေတာင္းပန္ေနတာပါ ကိုယ္အ႐ႈံးေပးပါတယ္ ကိုကိုတျခားလူနဲ႔အိပ္တယ္ ကိုကိုေဖာက္ျပန္တယ္ ဒါေပမဲ့ ကိုကိုဘယ္ေကာင္မကိုမွမခ်စ္ဘူး ကိုကို႔ဘဝမွာအေရးအႀကီးဆုံးကမင္းဆိုတာအခုသိလိုက္ၿပီမလို႔ဒီတႀကိမ္ေတာ့ခြင့္လႊတ္ေပးပါ ကိုကိုအႏူးအၫႊတ္ေတာင္းပန္ေနတာပါ႐ွိသမွ်မာနလဲခဝါခ်ထားလိုက္ပါၿပီ"
မ်က္စိေ႐ွ႕မွၾကမ္းေပၚတြင္ဒူးေထာက္ထိုင္ခ်ကာ မ်က္ရည္ၾကည္မ်ားေဝ့ဝဲေနသည့္မ်က္ဝန္းမ်ားျဖင့္သူ႕ထံစိုက္ၾကည့္ကာ ငိုသံကိုထိန္းကာအားတင္း၍ေျပာေနသည့္ကိုကို႔၏စကားသံမ်ားမွာခင္ဝမ္းနည္းပက္လက္ငိုေႂကြးမိပါေတာ့သည္။
ကိုကို႔ကိုၾကည့္ကာစိတ္မေကာင္း။
သူငိုေတာ့ေသာသည္လဲလိုက္၍ငိုသည္။ကိုကို႔မ်က္ရည္ေတြကိုၾကည့္ရင္းခင္မွာစိတ္ပင္ေပ်ာ့ေခြသြားသည္။ဘယ္ေလာက္ေတာင္ခ်စ္ခဲ့ရတဲ့လူလဲ။
ဒီေလာက္ႀကီးထိေတာင္းပန္ေနတာကို ပစ္ပစ္ခါခါလုပ္ပစ္ဖို႔ထိလဲခင္အသဲမမာ။ဒီေယာက်ာ္းအတြက္ဆိုသူဟာသိပ္ကိုေပ်ာ့ညံ့လြန္းသည္။
သို႔ေသာ္ကိုကို႔ခႏၶာကိုယ္ေပၚသို႔က်ေရာက္ေနသည့္ထိုမိန္းမ၏လက္မ်ားကိုျပန္ျမင္ေယာင္လာရင္စိတ္ကျပန္လည္မာေၾကာလာသည္။
"ဟင့္အင္း ကိုကိုေတာ္ၿပီ ဟင့္ဟင့္ ဒီေလာက္ထိႏွိပ္စက္ၿပီးရင္ေတာ္ေလာက္ပါၿပီ "
"ကိုကိုကတိေပးပါတယ္ ဒါေနာက္ဆုံးအႀကိမ္ပါ ေက်းဇူးျပဳၿပီး"
"ကိုကိုကတိမတည္ဘူး ကိုကိုကတိဖ်က္တာ142ႀကိမ္"
အက္ကြဲျပတ္႐ွေနသည့္ေလသံျဖင့္စကားတခြန္းအဆုံး ႐ုန္းထြက္သြားေသာလက္တစ္စုံကိုဒီတႀကိမ္တြင္ေတာ့ေသာဖမ္းခ်ဳပ္မထားေတာ့ပဲ လက္လႊတ္ေပးလိုက္မိသည္။ကြန္ဒိုထဲမွထြက္ခြာသြားေသာခင့္၏ျဖဴလ်လ်ပုံရိပ္ေလးကိုၾကည့္ကာေသာငိုခ်လိုက္မိေတာ့သည္။
ေခါင္းကိုငိုက္စိုက္ခ်ကာ တာက်ိဳးလာသည့္မ်က္ရည္စမ်ားအားဖုံးကြယ္ခ်င္၍ မ်က္ႏွာကိုလက္ျဖင့္အုပ္ကာေခါင္းကိုတြင္တြင္ငုံ႔၍ ပိတ္လ်က္သားျဖစ္သြားသည့္တံခါးကိုမွီကာငိုေနမိသည္။
တံခါးကိုေခါင္းခပ္ျပင္းျပင္းတခ်က္ေဆာင့္ခ်လိုက္ရင္း လက္သီးျဖင့္နံေဘးမွနံရံအားဆင့္ကာဆင့္ကာထိုးခ်ရင္းျဖင့္ ကိုယ့္ကိုကိုယ္မေက်နပ္စြာအျပစ္တင္ေနမိသည္။
"အကုန္ငါမွားတာ အကုန္ငါ့အမွား ေစာက္သုံးမက်တဲ့ေကာင္ ကဲကြာ"
"ဒုန္း ေဖာင္း"
ခင္ပစ္ေပါက္ခဲ့သည့္လက္စြပ္ကိုက်စ္က်စ္ပါေအာင္ဆုပ္ထားရင္းျဖင့္ နံရံကိုလက္သီးျဖင့္အ႐ွိန္ျပင္းျပင္းထိုးကာ ေၾကကြဲပက္လက္ငိုေနမိသည္။
အခုသူမျပဳျပင္ႏိုင္ေတာ့ဘူးလား။ခင္ကသူ႕ဘဝထဲမွအၿပီးတိုင္ထြက္သြားျခင္းဟုေတြးလိုက္မိတိုင္းေသာပို၍ယူၾကဳန္းမရျဖစ္ေနမိသည္။သူ႕မိန္းကေလးကိုတျခားတေယာက္ကပိုင္ဆိုင္သြားခဲ့ရင္ေရာ..။
ေသာ ေတြးမိေလေတြးမိေလကိုယ့္ကိုကိုယ္ပို၍ေဒါသျဖစ္မိလာသည္။
"ေသလိုက္ေတာ့ သြားေသလိုက္ေတာ့"
ထိုစဥ္နံရံေပၚသို႔ေသာ၏လက္သီးခ်က္မ်ားကိုတားဆီးရန္ ေသာ့၏လက္ကိုအေနာက္ဖက္မွႏူးညံ့လွသည့္လက္ျဖဴျဖဴသြယ္သြယ္တစုံကဆုပ္ကိုင္လာသည္။
"ေတာ္ပါေတာ့ မင္းလက္ေတြေပါက္ၿပဲကုန္ေတာ့မယ္ ဒီမွာရပ္လိုက္ပါေတာ့"
"ခင္ဗ်ားသိလား ခင္ဗ်ားနားလည္လား ကြၽန္ေတာ့္ေကာင္မေလး ဒီလိုေကာင္မ်ိဳးကိုသဲသဲလႈပ္ခ်စ္ေပးတဲ့ကြၽန္ေတာ့္ေကာင္မေလး အခုကြၽန္ေတာ္ဘာလုပ္လိုက္မိၿပီလဲသိလား စေနာက္ၿပီးေတာင္ၿငိဳျငင္စကားမဆိုဖူးတဲ့လူကအခုစိတ္ပ်က္သြားၿပီတဲ့ ကြၽန္ေတာ့္ေကာင္မေလး ဟမ္း ကြၽန္ေတာ့္ကိုသူပစ္သြားၿပီ ဒါခင္ဗ်ားနားလည္လား ဟမ္း ခင္ဗ်ားဒါေတြသိလား"
ေသာ၏ငိုယို၍ေအာ္ဟစ္ေျပာၾကားေနသည့္စကားမ်ားမွာအိုင္႐ွာဘယ္လိုတုံ႔ျပန္ရမလဲမသိေတာ့။ကေလးတေယာက္လိုသည္းထန္စြာငိုေႂကြးေနသည့္ေသာ၏ေက်ာကိုခပ္ဖြဖြပြတ္သပ္ေပးရင္းျဖင့္ပင္ေဘးမွႏွစ္သိမ့္ေပးေနမိသည္။
"အကုန္ကြၽန္ေတာ္မွားတာ အကုန္ငါ့အမွား"
"မင္းမမွားပါဘူးကြယ္ ျပန္အဆင္ေျပႏိုင္ပါတယ္ ေမွ်ာ္လင့္ခ်က္႐ွိပါေသးတယ္မင္းတို႔မွာ"
အိုင္႐ွာ၏စကားေၾကာင့္ေသာတခ်က္ေတြေဝသြားကာအိုင္႐ွာ့၏မ်က္ႏွာကိုေစ့ေစ့ၾကည့္ရင္းျဖင့္ တခုခုကိုအေတြးေပါက္သြားသည္။ဟုတ္တာေပါ့။အမွန္ပဲ။
"ဟုတ္တာေပါ့ ကြၽန္ေတာ္မမွားဘူး မွားတာခင္ဗ်ား ကြၽန္ေတာ့္ဘာသာေအးခ်မ္းေနခဲ့တာ ခင္ဗ်ားကၿဂိဳလ္ဆိုးပဲ ခင္ဗ်ားကိုအိမ္ထဲေခၚသြင္းမိတာက်ဳပ္အမွားပဲ ခင္ဗ်ားေရာက္လာလို႔ဒီလိုေတြျဖစ္ကုန္တာ အခုထစမ္း"
ေျပာရင္းျဖင့္ေသာသည္ဒူးေထာက္ေနရာမွထရပ္လိုက္ကာ သူ႕နံေဘးမွဒူးေထာက္ေနခဲ့သည့္အိုင္႐ွာအားၾကမ္းမွဆြဲထူလိုက္ကာ တံခါးကိုဖြင့္၍ ကြန္ဒိုအျပင္ဖက္သို႔ဆြဲထုတ္လိုက္သည္။
အျပင္ဖက္သို႔ေဆာင့္တြန္းထုတ္လိုက္ၿပီး
"ထြက္သြား အပ်က္မ ထြက္သြား ေနအုန္း"
ေသာ ကြန္ဒိုတံခါးအားေဆာင့္ပိတ္ခ်လိုက္ကာ မီးဖိုအတြင္းမွအိုင္႐ွာ့၏လက္ကိုင္အိတ္ႏွင့္သစ္သီးျခင္းကိုပါမက်န္ယူလာသည္။တံခါးကိုေနာက္တႀကိမ္ထပ္ဖြင့္လိုက္ၿပီး ထိုပစၥည္းမ်ားကိုပါအျပင္သို႔လႊတ္ပစ္လိုက္ၿပီး
"ထြက္သြား အပ်က္မ ခင္ဗ်ားေၾကာင့္အကုန္ခင္ဗ်ားေၾကာင့္"
"ေသာ ေနပါအုန္း ေတာင္းပန္ပါတယ္ ေတာင္းပန္
တြန္းခ်ခံရ၍ပစ္လွဲေနရာမွထစကားဆုံးေအာင္မေျပာလိုက္ရခင္မွာပင္ ပိတ္ေတာ့မည့္တံခါး႐ြက္ကိုတားရန္အနားသို႔အတင္းေျပးကပ္သြားေသာ္လဲ တံခါးသည္ေစ့ေစ့ပိတ္သြားခဲ့ေလၿပီ။သူ႕အား ဒီေနရာမွႏွင္ထုတ္ေနသည့္ေစ့သြားသည့္တံခါး႐ြက္ကိုၾကည့္ကာ အိုင္႐ွာပုခုံးကိုတြန္႔၍ေခါင္းခါလိုက္မိသည္။
ဒီေနရာမွသူ႕ကိုမႀကိဳဆို၍ အိုင္႐ွာစိတ္ပ်က္လက္ပ်က္ႏွင့္ၾကမ္းျပင္ေပၚမွေသာပစ္ခ်သြားသည့္လက္ဆြဲအိတ္ကိုေကာက္၍ ၾကမ္းေပၚမွာဖ႐ိုဖရဲထြက္က်ေနသည့္သစ္သီးေလးမ်ားကိုတလုံးခ်င္းစီျခင္းထဲျပန္ေကာက္ထည့္သည္။
"အာဟာရ႐ွ္ိေအာင္စားေစခ်င္ခဲ့တာ"
စြန္႔ပစ္ခံျခင္းခံရသည့္ျခင္းထဲမွအေရာင္အေသြးစိုေျပလွသည့္ ဗီတာမင္ဓာတ္အျပည့္ျဖင့္ပန္းသီးႏွင့္လိေမၼာ္သီးေလးမ်ားသည္သိမ္ငယ္ေနသေယာင္ေယာင္။
အိုင္႐ွာထိုသစ္သီးျခင္းေလးထဲမွသစ္သီးမ်ားအား အတတ္ႏိုင္ဆုံးေနရာတက်ျဖစ္ေအာင္ျပန္စီ၍ ေသာတံခါးဖြင့္မိရင္ယူပါေစဟူေသာစိတ္ကေလးျဖင့္တံခါးဝမွာခ်ထားမိသည္။
ျခင္းထဲမွ လက္ခံသူမ႐ွိသည့္သစ္သီးကေလးမ်ားသည္မ်က္ႏွာငယ္စြာသူ႕ကိုၾကည့္ေနသလိုပင္။အိုင္႐ွာေနာက္ဆုံးမျပန္ခင္ အထဲမွာ႐ွ္ိေနမည့္အဆိုးအသြမ္းေလးကိုတံခါးကိုခပ္ဖြဖြေခါက္၍ႏႈတ္ဆက္လိုက္သည္။
"ကိုယ္ျပန္ၿပီ"
***
ထိုမနက္အိမ္ျပန္ေရာက္သည့္ေန႔ထဲကစ၍ ခင္ကိုကို႔ကိုအဆက္အသြယ္ျဖတ္ေတာက္ထားမိသည္။ကိုကို႔ဖုန္းကိုလဲမကိုင္၊စာလဲမျပန္ပဲႏွင့္ေပေတ၍ေနေနမိသည္။အခုခ်ိန္ထိခင့္၏စိတ္ကကိုကို႔ဆီကိုမျပတ္သားႏိုင္ေသးတာမွန္ေသာလဲစိတ္ကေတာ့အနာတရျဖစ္သြားခဲ့သည္။ထပ္မံ၍ယုံၾကည္မေပးႏိုင္ေတာ့၊ထိုကဲ့သို႔ႏွလုံးသားတခုလုံးကိုဆြဲညႇစ္ခံထားရသလိုမြန္းၾကပ္လွသည့္ထိုခံစားခ်က္မ်ားကိုသူထပ္မံမခံစားလိုေတာ့။ခင့္၏ႏွလုံးသားသည္မြန္းၾကပ္လွၿပီျဖစ္သည္။
လမ္းခြဲၿပီးဒီႏွစ္ရက္အတြင္းမွာတင္ခင့္၏နိစၥဓူဝမ်ားသည္ကေျပာင္းတိကေျပာင္းျပန္ျဖစ္လာခဲ့သည္။
ဘာဆိုဘာမွကိုမလုပ္ႏိုင္ပဲ အိပ္ရာထဲေခြလွဲရင္းအိပ္ခ်င္ေနမိသည္။
ဗိုက္ဆာသည့္အခါထစားသည္ ကိစၥ႐ွိမွအခန္းျပင္ထြက္ၿပီးတျခားအခ်ိန္ေတြမွာတံခါးကိုေလာ့ခ်ၿပီးအိပ္ရာထဲေခြေနတတ္သည္။
ကိုကို႔ကိုစြန္႔လႊတ္ရသည့္ရလဒ္ကသူ႕အတြက္ေတာ္ေတာ္ျပင္းထန္သည္။
ေတြးမိတိုင္းမ်က္ရည္က်ရရင္း ဘယ္သူဘာေမးေမးလဲျပန္မေျဖႏိုင္ေအာင္ပင္။
ခင့္မိသားစုကေတာ့ႏွစ္ေယာက္သားကတြဲလာတာမနည္းေတာ့သည့္ႏွစ္မလို႔ ခါတိုင္းလိုပဲတခဏေနရင္ျပန္အဆင္ေျပသြားမွာပါဆိုကာဂ႐ုမျပဳမိေပ။
ခါတိုင္းလဲရန္ျဖစ္စကားႏိုင္လုရင္းတေယာက္ေယာက္ကအေလွ်ာ့ေပးကာ သူတို႔ၾကားကျပႆနာကၿပီးသြားတတ္သည္။သို႔ေသာ္ဒီတခါကအရင္အေခါက္ေတြႏွင့္မတူ။ေသာလုပ္ဖူးသည့္အျပစ္ဒီတခါအႀကီးဆုံးျဖစ္သည္။
ထိုေန႔ခင္းကအေမျဖစ္သူကသူေၾကာ္ေလွာ္ခ်က္ျပဳတ္ေပးလိုက္သည့္ အေၾကာ္အေလွာ္ေတြကိုသမက္ေလာင္းေလးဆီမထားခဲ့ပဲ သတိလက္လြတ္နဲ႔ဒီတိုင္းႀကီးျပန္ယူလာ၍ခင့္ကိုဆူေနေသးသည္။
ကိုကိုႏွင့္ထိုမိန္းမကိုမီးဖိုေခ်ာင္ထဲမွာတူတူေတြ႕လိုက္ရသည့္အခ်ိန္သည္ ခင့္၏ခႏၶာကိုယ္ထဲ႐ွိေသြးမ်ားေျပာင္းျပန္စီးဆင္းသြားသလိုပင္။အိမ္မက္တခုလိုခံစားလိုက္ရၿပီး တကိုယ္လုံးထူပူေလာင္ၿမိဳက္သြားရသည္။ထိုအခိုက္အတန္႔ကိုခင့္ဘဝမွာဘယ္လိုမွေမ့လို႔ရမည္မဟုတ္ေတာ့ေခ်။အႀကီးမားဆုံးစိတ္ဒဏ္ရာအျဖစ္စြဲက်န္ခဲ့ေတာ့မွာမလြဲမေသပင္။
အဝတ္ဗလာႏွင့္ကိုကို႔ကို တျခားမိန္းမတစ္ေယာက္ႏွင့္ႏွစ္ေယာက္တည္းေတြ႕ျမင္လိုက္ရသည့္အခ်ိန္မွာ ခင့္၏မ်က္လုံးမ်ားမိုက္ခနဲျပာေဝသြားသလိုပင္။ဦးေခါင္းတခုလုံးပြင့္ထြက္သြားၿပီဟုပင္ခင္ထင္မွတ္လိုက္သည္။ကိုကို၏ရင္ဘက္ကိုကိုင္တြယ္ပြတ္သပ္ေနသည့္ထိုမိန္းမ၏လက္ေတြ...။ထိုပုံရိပ္မ်ားကိုျပန္လည္ျမင္ေယာင္လိုက္တိုင္း ခင္ကတုန္ကရင္ျဖင့္ငိုေႂကြးေနမိသည္။ေဖာက္ျပန္ခံရ၍ေလာင္ၿမိဳက္ေနရသည့္ေဒါသမ်ား၊နာၾကဥ္းမႈမ်ား၊စိတ္ပ်က္မႈမ်ား၊နာက်င္မႈမ်ားႏွင့္ခင့္၏စိတ္ထဲေထာင္းေထာင္းေၾကေနၿပီျဖစ္သည္။
"ေဒါက္ ေဒါက္"
အခန္းထဲမွဘာမွျပန္ထူးသံမၾကားရ။
"ေဒါက္ ေဒါက္"
တံခါးေခါက္သံေနာက္တႀကိမ္ထြက္ေပၚေနေပမယ့္အခန္းထဲမွတုံ႔ျပန္သံမၾကားရေသး။
"မမ နင္အဲ့လိုအခန္းထဲကမထြက္ပဲတသက္လုံးေနေနေတာ့မွာလား"
".....အငယ္မ ငါ့ဟာငါေနပါရေစဟာ တသက္လုံးလဲဒီလိုမေနပါဘူး ငါ့အတြက္အခ်ိန္ေလးလိုေန႐ုံပါ"
"ေအးပါေအးပါ အဲ့လိုအခန္းထဲပဲေနေနရင္ဝိတ္ေတြတက္လာမွာေနာ္"
"တက္ပါေစ"
"လာပါဟာ တံခါးေလးတခ်က္ေလာက္လာဖြင့္ေပးပါ မုန္႔ေလးလာယူ နင္ႀကိဳက္တဲ့ဖက္ထုပ္ေလ"
"ငါမဆာဘူး"
ခင္ ႏွင္လႊတ္ေနေသာ္လဲတံခါးဝမွအငယ္ျဖစ္သူကအေလွ်ာ့မေပးပဲ ဖက္ထုပ္ကိုဗန္းျပ၍တဆာဆာေခၚေနေလသည္။ၾကာေတာ့ခင္နားပူလာသည္။
နားေအးရင္ၿပီးေရာဆိုကာ ဖက္ထုပ္ထယူရန္အိပ္ရာေပၚမွထလိုက္ကာ အခန္းတံခါးကိုစိတ္မ႐ွည္စြာခင္သြားဖြင့္ေပးလိုက္ေလသည္။
"ဒီမွာ နင္စားဖို႔မမရယ္"
"ဟင္..."
အခန္းဝမွာညီမျဖစ္သူ စုံစုံႏွင့္အတူရပ္ကာ ပန္းစည္းကိုေပြ႕ပိုက္ထားသည့္ကိုကို႔ကိုျမင္လိုက္ရ၍ခင္အံ့ဩသြားကာ မ်က္ႏွာလဲပ်က္သြားသည္။ထိုမ်က္ႏွာကိုမျမင္ခ်င္၊စကားလဲမေျပာခ်င္။အေတြ႕မခံခ်င္၍ခ်က္ခ်င္းတံခါးကိုပိတ္ပစ္ေလေတာ့ ေသာကထိုသို႔အျဖစ္မခံ။ခ်က္ခ်င္းပင္တံခါးကိုလက္ျဖင့္ႏွင့္တြန္းခံထား၍ ပိတ္မရေအာင္တားထားသည္။
"ေဘဘီ ေဘဘီ လာပါ ကိုကိုလာေခ်ာ့တာပါ ခဏေလးမ်က္ႏွာၾကည့္ပါရေစ ခဏေတြ႕ၿပီးကိုကိုျပန္မွာပါ"
"ျပန္ အခုျပန္ မေတြ႕ခ်င္ဘူး"
"ေဘဘီေရ"
မ်က္စိေ႐ွ႕မွာ႐ုန္းရင္းဆန္ခတ္ျဖစ္ေနသည့္ျမင္ကြင္းမ်ားေၾကာင့္စုံစုံစိတ္ပ်က္လက္ပ်က္ႏွင့္ေခါင္းကိုခါရမ္းကာမ်က္လုံးကိုေဝ့ၾကည့္သည္။
"ဒီမွာ ဒီလိုလုပ္ ကိုႀကီးျမတ္ေသာကဒီအထိေတာင္ေရာက္လာၿပီးၿပီပဲ နင္အေတြ႕ခံလိုက္ေတာ့"
"နင္ကဘာသိလို႔လဲ"
"ငါမသိပါဘူးနင္တို႔ၾကားကျပႆနာ ငါကေျပလည္ေစခ်င္လို႔ပါ"
"ကဲပါ ေဘဘီရယ္ကိုကို႔ကိုစကားေျပာခြင့္ေလးေပးပါေနာ္"
ေနာက္ဆုံးညီမျဖစ္သူ၏ထပ္ကာထပ္ကာတိုက္တြန္းခ်က္မ်ားေၾကာင့္ေရာ ထိုင္႐ွိခိုးေတာ့မလားမွတ္ရေအာင္ ေအာက္မွာၾကမ္းျပင္ပဲ႐ွ္ိေလာက္ေအာင္ထိႏွိမ့္ခ်ေျပာဆိုေနေသာကိုကို႔ေၾကာင့္ခင္ေခါင္းမာမေနေတာ့။စကားေျပာခြင့္ေပးဖို႔ခြင့္ျပဳလိုက္ေတာ့ ညီမျဖစ္သူကသူ႕ကိစၥသူလုပ္ရန္အိမ္ေအာက္ထပ္ဆင္းသြားသည္။ကိုကိုကခင့္၏အခန္းေလးအတြင္းသို႔ဝင္လာကာ အရင္တုန္းကလိုပင္ခင့္၏အိပ္ရာေပၚမွာတင္ပခ်ိတ္ထိုင္လိုက္သည္။ကိုကို႔၏မ်က္လုံးသည္ခင့္၏အခန္းထဲေဝ့ဝိုက္ၾကည့္ေနသည္။
ခင့္၏အခန္းထဲမွာလစ္ဟာသြားသည့္ႏွစ္ေယာက္သား၏ဓာတ္ပုံမ်ားကိုကိုကို႐ွာေနတာလားေတာ့မသိ။
"ဘာေျပာမွာလဲ"
"ကဲပါ ေဘဘီေလးရယ္ လာထိုင္ပါ"
အိပ္ရာနံေဘးမွာမတ္တပ္ရပ္ေနသည့္ခင့္ကို ကိုကိုကလာပါဟူသည့္သေဘာျဖင့္ပုခုံးေလးဖက္၍အိပ္ရာေပၚလာထိုင္ေစရန္ လက္လွမ္းလိုက္ေသာ္လဲခင့္၏ခႏၶာကိုယ္သည္လွမ္းလာသည့္ကိုကို႔လက္ကိုတြန္းဖယ္လိုက္ကာ
"ကိုယ့္ဟာကိုထိုင္မယ္"
ခင္ကုတင္ေပၚတြင္ဝင္ထိုင္ခ်လိုက္ရင္းျဖင့္ ပ်က္ယြင္းသြားသည့္ကိုကို႔၏မ်က္ႏွာကိုလဲသတိထားမိသည္။အမွားလုပ္ထားတာခင္မဟုတ္။အခုအေျခအေနမွာ ခင္သူ႕ကိုခယေခ်ာ့ေမာ့မေနႏိုင္။ကိုကိုသည္သူကအမွားလုပ္ထားၿပီးသူ႕ကိုမာမာထန္ထန္ဆက္ဆံရင္လဲစိတ္ဆိုးခ်င္ခ်င္က႐ွိေနေသးသည္။
ခင္ကုတင္ေပၚတြင္ထိုင္ခ်လိုက္ေတာ့ကိုကိုက ခင့္၏စာၾကည့္စားပြဲမွကုလားထိုင္ကိုယူကာ မ်က္ႏွာခ်င္းဆိုင္တြင္ဝင္ထိုင္လိုက္သည္။
"ေဘဘီ ကိုကိုေတာင္းပန္ပါတယ္ ျဖစ္ပ်က္ခဲ့တာေတြအားလုံးအတြက္ကိုကိုေတာင္းပန္ပါတယ္ ကိုကိုအားလုံးကိုျပင္ဆင္ဖို႔ႀကိဳးစားေနတာပါ"
ေျပာရင္းျဖင့္ကိုကိုသည္သူ႕လက္ထဲမွႏွင္းဆီပန္းစည္းအားခင့္လက္ထဲသို႔ကမ္းေပးသည္။အခုနကတံခါးကိုတြန္းရင္းတိုက္ရင္းျဖင့္ကိုကို႔၏လက္ထဲမွႏွင္းဆီပန္းရဲရဲမ်ားသည္အနည္းငယ္ထိမိခိုက္မိကုန္သည္။
ဖဲႀကိဳးအျဖဴျဖင့္ထုပ္ပိုးထားသည့္ပြင့္ခ်ပ္ကားကားျဖင့္ႏွင္းဆီရဲရဲမ်ားသည္ထိခိုက္မိထားသည္ေတာင္လွရက္ႏိုင္ၾကေသးသည္။ခင္သည္ကိုကို႔၏လက္ထဲမွာလွခ်င္တိုင္းလွေနသည့္ႏွင္းဆီပြင့္ႀကီးမ်ားအားတပ္မက္စြာၾကည့္လိုက္ရင္းတဖက္သို႔မ်က္ႏွာလႊဲလိုက္သည္။ခင္ႏွင္းဆီပန္းေတြကိုဘယ္ေလာက္ထိျမတ္ႏိုးတာကိုကိုေကာင္းေကာင္းသိသည္။ႏွင္းဆီပန္းကိုျမင္လွ်င္ေပ်ာ့ေခြသြားတတ္ေသာစိတ္ကိုလဲကိုကိုသိသည္။
သိရက္ႏွင့္ေတာင္ကိုကို႔ထံမွတႀကိမ္တခါမွမေတာင္းဆိုပဲပန္းေတြလက္ခံရ႐ွိဖူးတာအခုႏွင့္မွ်ႏွစ္ႀကိမ္သာ႐ွိသည္။အလိုက္တသိႏွင့္ကိုကိုခင့္ဆီပန္းေတြပထမဆုံးယူလာေပးခဲ့တုန္းက အခုလိုအျပစ္ႀကီးႀကီးမားမား႐ွိ၍မ်က္ႏွာရလိုရျငားမဟုတ္။ႏွင္းဆီပန္းေလးႏွစ္ပြင့္ကိုဘတ္စ္ကားတိုးစီးရင္းခင့္အတြက္ဂ႐ုတစိုက္ယူလာေပးခဲ့သည္။ထိုပန္းေလးႏွစ္ပြင့္ကိုကိုကခင့္အတြက္အလိုက္တသိႏွင့္ဘာေတာင္းဆိုခ်က္မွမပါပဲယူလာေပးခဲ့၍ ခင္ျမတ္ႏိုးလြန္း၍ပြင့္ခ်ပ္အေျခာက္ေလးေတြပင္အခုထိဒိုင္ယာရီစာအုပ္ၾကားညႇပ္သိမ္းထား၏။
ထိုပန္းႏွစ္ပြင့္သည္မ်က္စိေ႐ွ႕မွပန္းစည္းႀကီးေလာက္ခမ္းနားမႈမ႐ွိ သို႔ေသာ္...။
ခင္ကမ္းေပးလာသည့္မ်က္စိေ႐ွ႕မွပန္းစည္းအားလက္ျဖင့္အသာယာတြန္းဖယ္လိုက္ေတာ့ကိုကို႔၏မ်က္ႏွာေလးပ်က္ယြင္းသြားကာ မတ္တပ္ထရပ္၍ထိုပန္းစည္းကိုခင့္၏စာၾကည့္စားပြဲေပၚမွာခ်န္ထားခဲ့သည္။ထို႔ေနာက္ခင့္၏ေ႐ွ႕ၾကမ္းျပင္မွာမုဆိုးဒူးေထာက္ထိုင္ခ်၍
"ေဘဘီ ကိုကို႔ကိုခ်စ္ေသးရဲ႕လားဟင္"
"အင္း ခ်စ္တယ္ အရင္ကလဲခ်စ္တယ္အခုလဲခ်စ္ေနေသးတာဝန္ခံပါတယ္"
"ဒါဆိုဟိုေန႔ကမင္းေျပာခဲ့တဲ့စကားေလးေတြ႐ုတ္သိမ္းေပးပါကေလးေလးရယ္ ကိုကိုမျပတ္ႏိုင္ဘူးကိုကို႔ဘဝမွာမင္းကိုပဲအတည္ေတြးခဲ့ဖူးတာ အခု ကိုကိုေျပာမယ္ ကိုကိုအကုန္လုံးေျပာင္းလဲေပးပါ့မယ္ ဘယ္ေစာ္နဲ႔မွလဲမပက္သက္ေစရပါဘူး ဘယ္ေကာင္မနဲ႔မွကိုကိုထပ္မ႐ႈပ္ေတာ့ဘူး မင္းျဖစ္ေစခ်င္သလိုအားလုံးလုပ္ေပးပါ့မယ္ ကိုကိုတို႔တူတူ႐ွိလာတာနည္းနည္းေနာေနာႏွစ္လားအခ်စ္ကေလးရယ္ သံေယာစဥ္မ်က္ႏွာေလးေထာက္ၿပီးကိုကို႔ဆီျပန္လာေပးပါအခ်စ္ရယ္ ေနာက္ႏွစ္ရက္ဆိုကိုကိုတို႔Annivesaryေရာက္ၿပီ အထိမ္းအမွတ္ေန႔ႀကီးမွာျပတ္စဲမေနခ်င္ဘူးေဘဘီေလးရာ"
"ေတာ္ေတာ့"
ကိုကို႔၏စကားအဆုံးမွာခင္ဝုန္းကနဲမတ္တပ္ထရပ္လိုက္သည္။ကိုကိုကၾကမ္းေပၚမွာမုဆိုးဒူးေထာက္ထိုင္ေနရင္းျဖင့္႐ွဴး႐ွဴး႐ွဲ႐ွဲျဖစ္ေနသည့္ခင့္၏မ်က္ႏွာကိုသူ႕၏ပုံစံအတိုင္းကေလးတေယာက္လိုဘာမွနားမလည္သည့္အၾကည့္ေလးျဖင့္ေမာ့ၾကည့္လာသည္။
"အေစာထဲကမေျပာခဲ့ဘူးလား ဟမ္း အဲ့လိုေတြမျဖစ္ေစခ်င္ရင္ဘာလို႔ေစာက္စကားကိုအေရးမလုပ္ခဲ့လဲ မေျပာခဲ့ဘူးလား ဒီလထဲခင္တို႔Anni day ႐ွိလို႔ကိုကိုဘာျပႆနာမွမ႐ွာပါနဲ႔လို႔မေျပာခဲ့ဘူးလား အခုမွဘာကိုအဲ့လိုေန႔မွာျပႆနာတက္ခ်င္တာလားတို႔ဘာတို႔နဲ႔"
"ေဘဘီေရ စိတ္ေလးေလွ်ာ့ပါ ကိုကိုအခုေတာင္းပန္ေနတာေလကြာ ကိုကို႐ွိသမွ်မာနလဲခ်ထားပါတယ္ ေအာက္မွာၾကမ္းျပင္ပဲ႐ွိပါေတာ့တယ္ ကိုကိုမွားတာကိုကိုသိပါတယ္ အခုအမွန္ျပင္ဖို႔ႀကိဳးစားေနတာပါဒီတႀကိမ္ေတာ့ကိုကို႔ကိုခြင့္လႊတ္ေပးပါ"
ထရပ္လာရင္းျဖင့္ သူ႕ပုခုံးဆီသို႔လွမ္းလာသည့္ေသာ၏လက္ေတြကိုခင္တြန္းဖယ္ပစ္လိုက္ရင္း
"တျခားမိန္းမခႏၶာကိုယ္ကိုေပြ႕ဖက္ထားတဲ့လက္ေတြနဲ႔ငါ့ကိုလာမထိနဲ႔ ႐ြံတယ္ အိပ္ရာေပၚမွာလဲအဲ့လက္ေတြကအဲ့မိန္းမကိုျပဳစုေပးခဲ့ဖူးမွာပဲ"
"ဟာ.. ေဘဘီကိုကိုေျပာတယ္ေလအဲ့ေန႔ကသူကိုကိုအိမ္မွာ႐ွိေနတာသူ႕ဟာသူအိမ္ေရာက္ခ်လာတာေလ တကယ္အဲ့တႀကိမ္ပဲ ကိုကိုအဲ့မိန္းမနဲ႔ဘာမွမျဖစ္ဖူးဘူး"
ကိုကို႔၏ႏႈတ္မွထြက္ေပၚလာေသာစကားမ်ားကိုခင္ပါးစပ္အေဟာင္းသားျဖင့္အံ့ဩတႀကီးျဖစ္သြားရသည္။အခုခ်ိန္ထိေတာင္သူ႕ကိုလိမ္ေနေသးသည္။လိမ္ရက္ႏိုင္ေသးသည္။မ်က္စိေ႐ွ႕ထားကာ အဲ့သည့္ႏႈတ္မွလြယ္လြယ္ကူကူလိမ္ႏိုင္သည္အထိကိုကိုသည္မ်က္ႏွာေျပာင္လြန္းသည္။
*ဒီေလာက္ထိေတာင္မ်က္ႏွာေျပာင္တိုက္လိမ္ႏိုင္သည့္လူလား*
"ခင့္ကိုငတုံးထင္ေနတာပဲ ဟင္ ခင့္ကိုငတုံးလို႔လုံးဝမွတ္ယူထားတဲ့ပုံပဲ"
"မထင္ဘူး...
"...."
ခင္ဘာမွမေျပာပဲသည့္အခန္းေထာင့္ကိုေလွ်ာက္သြားလိုက္ကာ စာၾကည့္စားပြဲအံဆြဲထဲမွပလတ္စတစ္အၾကည္အိတ္ကေလးကိုထုတ္ယူလာကာ ကိုကို႔ဆီသို႔ျပန္ေလွ်ာက္လာရင္းျဖင့္ထိုအိတ္ကိုကိုကို႔ဆီသို႔မ်က္ႏွာကိုမၾကည့္ပဲထိုးေပးလိုက္သည္။
သူ႕၏လႈပ္႐ွားမႈတိုင္းကိုထပ္ၾကပ္မကြာလိုက္လံၾကည့္႐ႈေနသည့္ကိုကိုသည္ကမ္းေပးလာသည့္အိတ္ကိုဖြင့္ေဖာက္ၾကည့္ရင္းျဖင့္ အထဲမွဓာတ္ပုံမ်ားကိုျမင္ေလေတာ့မ်က္စိမ်က္ႏွာပ်က္သြားသည္။
ဟန္ပင္မေဆာင္ႏိုင္ေအာင္မ်က္စိမ်က္ႏွာပ်က္သြားသည္။ဓာတ္ပုံ1ပုံ2ပုံကိုအသဲအမဲလိုက္လံၾကည့္႐ႈရင္းျဖင့္ကိုကိုစိတ္႐ႈပ္ေထြးစြာဆံပင္ေတြကိုဆြဲဖြေနသည္ကိုခင္ၾကည့္ေနမိသည္။
ဓာတ္ပုံတပုံႏွစ္ပုံခန္႔ၾကည့္႐ႈၿပီးအိတ္ထဲသို႔အကုန္ျပန္ထိုးထည့္လိုက္ကာ ကိုကိုသည္မာထန္ေသာမ်က္ႏွာေပးျဖင့္
"ခင္အမွန္အတိုင္းေျဖ ဒါေတြမင္းဘယ္ကရတာလဲ"
"ဟာ"
"ငါသိတယ္လို႔ မင္းကိုဒါတေယာက္ေယာက္လာေညႇာ္ထားတာ မင္းကဒီလိုငါ့ေနာက္ကြယ္ကေနဓာတ္ပုံလိုက္ေခ်ာင္း႐ိုက္မယ့္လူမဟုတ္ဘူး ဒါဘယ္သူလဲ ဒါဘယ္သူလာေညႇာ္သြားတာလဲ အခုေျပာ ကိုကို႔ကိုအခုေျပာ"
"မဆိုင္တာေတြေျပာမေနနဲ႔ ခင္တို႔ေျပာေနတဲ့လိုရင္းကအဲ့တာလား ဘာမွမျဖစ္ဖူးဘူးဆိုတာအဲ့တာလား ဟမ္း ေတာ္ပါေတာ့အလိမ္ညာေတြ"
"...."
ကိုကို႔၏မ်က္ႏွာသည္ခုနကႏွင့္ပင္မတူေတာ့။မ်က္ႏွာကေဒါသူပုန္ထကာတင္းမာ၍ေနသည္။လက္ထဲတြင္ဓာတ္ပုံထည့္ထားသည့္အထုပ္အားတင္းေနေအာင္ဆုပ္ကိုင္၍ခင့္မ်က္ႏွာကိုေစ့ေစ့ၾကည့္ေနသည္။
ဘာကိစၥကိုဒီလူဒီေလာက္ေဒါသေတြျဖစ္ေနလဲခင္မေျပာတတ္ေပ။
"မင္းကိုဒီဓာတ္ပုံဘယ္ေကာင္လာေပးတာလဲ ေျပာ ခင္ အခုေျပာ"
"ခင့္ဘာသာစုံစမ္းလို႔ရတာ"
"မင္းလဲဘာထူးလဲ ငါ့ကိုက်လူလိမ္တဲ့ မင္းကေရာဘာထူးလို႔ လိမ္ေနတာပဲကိုး"
"အနည္းဆုံးေတာ့ေဖာက္ျပန္တဲ့လူကခင္မဟုတ္ဘူးေလ ဟင့္"
ခင့္၏ႏႈတ္ခမ္းကိုတြန္႔၍ဟင့္ကနဲခနဲ႔တဲ့တဲ့ဆိုလိုက္သည့္စကားမွာေသာတခ်က္မ်က္ႏွာပ်က္ယြင္းသြားသည္။ထို႔ေနာက္ ဟက္ခနဲေလွာင္ျပဳံးျပဳံးလိုက္သည္။
ကိုကို႔၏ထိုအျပဳံးကိုခင္မုန္းတီးလွသည္။ကိုကို႔၏မ်က္ႏွာကိုအတင္းကာေရာဆြဲကုပ္ပစ္ထည့္လိုက္ခ်င္သည္။ဒီလိုမုန္းတီးသည့္ခံစားခ်က္မ်ိဳးကိုကို႔အေပၚျဖစ္ဖူးတာဒါပထမဆုံးပင္။
သူ႕မ်က္ႏွာကိုေစ့ေစ့ၾကည့္၍ ဟက္ဟက္ပက္ပက္ကိုေလွာင္ရယ္ေနေသာကိုကို႔ကိုၾကည့္ကာခင္ေဒါသျဖစ္လာမိသည္။ကိုကိုကသူကိုမရယ္ရသည့္ဟာသကိုလာေျပာေနသည့္လူတေယာက္ကိုေလွာင္သလို သေဘာသက္ေရာက္သည့္အျပဳံးမ်ိဳးျဖင့္အားရပါးရကိုေလွာင္ေနသည္။
"ရယ္စရာဘာတခုပါလဲ ဟမ္း ေဖာက္ျပန္တာငါမဟုတ္ဘူး"
"ဟုတ္လား ဒါဆိုဟိုးမွာခ်ိတ္ထားတာကဘာလဲ"
ကိုကိုသည္ခင္နံရံမွာခ်ိတ္ထားသည့္လူႀကီးမင္း၏အက်ီႏွင့္ပုဆိုးကိုလက္ညိႇဳးထိုးျပ၍အားရပါးရကိုေလွာင္ရယ္ေနသည္။
ဘာဆိုင္လို႔လဲ။ဟင့္အင္း။ခင္မေဖာက္ျပန္ဘူးေပ။ထိုအက်ီႏွင့္ပိုးပုဆိုးကိုမိုး႐ြာတဲ့ညေနမွာလူႀကီးမင္းကသူ႕ကိုေရသုတ္ရန္ေပးခဲ့သည္သာ႐ွ္ိၿပီး အေၾကာင္းမတိုက္ဆိုင္၍အခုခ်ိန္ထိျပန္မေပးရေသးျခင္းသာ႐ွိသည္။
"မဟုတ္ဘူး အဲ့လိုမဟုတ္ဘူး ဒီလို ......."
ခင္ျဖစ္ေၾကာင္းအစုံလင္႐ွင္းျပေသာ္လည္း
"ငါကေရာယုံမယ္ထင္ေနလား ဟမ္း ဟက္ဟက္ ေယာက်ၤားတေယာက္ရဲ႕အဝတ္အစားေတြကမင္းအခန္းမွာ႐ွိေနစရာအေၾကာင္း႐ွိလား ဟမ္း ငါ့ကိုက်ေျပာလိုက္ဆိုလိုက္တာ မင္းေရာဘာထူးလို႔လဲ"
"ပါး ပါးစပ္ကိုပိတ္ထားလိုက္ အခု ငါ့ကိုကိုကို႔လိုမွတ္မေနနဲ႔"
အေျခအေနကေျပာင္းျပန္ျဖစ္သြားၿပီး အခုတရားခံကသူ႕ကိုျပန္ယိုးစြပ္ေန၍ခင္ေတာ္ေတာ္ေဒါသျဖစ္လာသည္။သူခိုးကလူျပန္ဟစ္ခံရတာေလာက္ေဒါသထြက္ဖို႔ေကာင္းတာမ႐ွိႏိုင္ေတာ့။
မ်က္စိေ႐ွ႕မွခနဲ႔တဲ့တဲ့မ်က္ႏွာေပးျဖင့္ သူ႕ကိုစိုက္ၾကည့္ကာေလွာင္ေျပာင္သေရာ္ရင္းယိုးစြပ္ေနသည့္စကားမ်ားကိုအလြန္အမင္းစိတ္ဆိုးလာၿပီးလက္သီးကိုက်စ္က်စ္ပါေအာင္ဆုပ္ကာမ်က္စိေ႐ွ႕မွမဲ့ကာ႐ြဲ႕ကာခနဲ႔ေနေသာ ကိုကို႔ကိုအံကိုတင္းတင္းႀကိတ္ကာစိုက္ၾကည့္ေနမိသည္။
"ကားကလဲတစီးၿပီးတစီး မိသားစုစည္းစိမ္ကလဲ
ခုႏွစ္သက္ေလာက္ထိုင္စားမကုန္ဘူး ပတၱျမားဇြန္း၊စိန္ဇြန္း၊နီလာဇြန္းကိုက္ေမြးလာတဲ့ေကာင္ဆိုေတာ့လဲေလစိတ္ယိုင္ခ်င္႐ွာမွာေပါ့ေလ နားလည္ပါတယ္ ဟက္ဟက္ ေတာင္းဆိုတာနဲ႔မျငင္းႏိုင္ဘူးထင္ပါရဲ႕ ေအာ္ ႏွစ္ႀကိမ္ေလာက္ေတာ့အေယာင္ျပျငင္းအုန္းမွာေပါ့ တတိယအႀကိမ္ေလာက္က်ေတာ့ဘယ္ေလာက္ထိေတာင့္ခံႏိုင္႐ိုးလဲ"
" ပါးစပ္ပိတ္လိုက္ေတာ့ ကိုကိုဘာေတြေျပာေနတာလဲ"
"ဘာလဲမဟုတ္လို႔လား အဝတ္စားေတြကၾကည့္တာနဲ႔ေဈးႀကီးမွန္းသိသာတယ္ မွန္းစမ္း ဒီလိုဝတ္ႏိုင္စားႏိုင္တာမင္းဆီမွာဘယ္သူ႐ွိပါလိမ့္ မွန္း ဟိုဝန္ႀကီးခ်ဳပ္အစုတ္အျပတ္ရဲ႕အဝတ္စားေတြနဲ႔တူပါရဲ႕ေနာ္ အြန္းေနာ္ အၿမဲတမ္းအလႉ႕႐ွင္ႀကီးလိုလိုသူေတာ္ေကာင္းႀကီးလိုလိုပုဆိုးနဲ႔လည္ကတုံးကိုလူအထင္ႀကီးေအာင္ဝတ္တတ္တဲ့လူကလဲမ်ားမ်ားစားစား႐ွိတာဆိုေတာ့ေလ"
"ေတာ္ေတာ့ ေတာ္လိုက္ေတာ့"
ခင္ ေဒါသကိုအတတ္ႏိုင္ဆုံးထိန္းကာေလသံကိုထိန္း၍တားျမစ္စကားဆိုေနေသာ္လဲေသာကအသံတိတ္မသြား။သူ႕၏အက်င့္အတိုင္းေထ့၍ေစာင္း၍မၿပီးေတာ့။
ကိုကို႔၏ႏႈတ္ဖ်ားမွစကားမ်ားကိုသူမယုံႏိုင္။ဘယ္လိုမ်ားသူ႕ကိုလူႀကီးမင္းႏွင့္ဒီလိုလက္လြတ္စပယ္ယိုးစြပ္ႏိုင္ရတာလဲ။ထိုလူကို ကိုကိုမႀကိဳက္ဘူးဆို၍သူ႕ဘက္မွအကင္းႀကီးကင္းေအာင္ေနေပးခဲ့သည္။
ဘယ္လိုမ်ားဒီလိုလြယ္လြယ္ေပးစားၿပီး သူ႕သိကၡာကိုေစာ္ကားႏိုင္ရတာလဲ။ခင္ဘယ္ေသာအခါမွမေဖာက္ျပန္။ဘယ္ေသာအခါမွပင္..။က်န္တာသည္းခံရင္သည္းခံႏိုင္မည္သူ႕၏ေစာင့္ထိန္းႏိုင္မႈကိုေမးခြန္းထုတ္ခံရတာကေတာ့ခင့္၏မာနကိုဦးခ်ိဳးလိုက္သလိုပင္။လုံးဝမွသည္းညဥ္းမခံႏိုင္။
"ေတြ႕ရင္ေတာ့တီးမိေခါက္မိေမးၾကည့္အုန္းမွ ခင္ဗ်ားအဝတ္စားေတြကြၽန္ေတာ့္ေကာင္မေလးအခန္းထဲဘယ္လိုေရာက္ေနလဲလို႔ေလ အြန္းေနာ္ စဥ္းေတာ့စဥ္းစားစရာပဲ ဘယ္လိုအေျခေနမလို႔ပုဆိုးနဲ႔အက်ီအထိအိပ္ရာထဲေရာက္ေနတာလဲ ဘယ္အဆင့္ေတြလဲ ဘယ္လိုဆက္ဆံေရးပါလိမ့္ ကုတင္ေပၚကဆက္ဆံေရးလား"
"ေတာက္ အင္း"
ခင္၏လက္ဝါးသည္ေျမႇာက္တက္သြားၿပီး ေသာ၏ပါးကို႐ြယ္မိလ်က္သားျဖစ္သြားသည္။
႐ိုက္ေတာ့မ႐ိုက္လိုက္။တုန္ရင္ေနေသာလက္ဖဝါးသည္ကိုကို႔၏ပါးထက္မွာခ်ိန္႐ြယ္ၿပီးသားျဖစ္ေနသည္။ခင္ေဒါသကိုဆက္ထိန္းမထားႏိုင္ေတာ့ပါကထိုလက္ဝါးသည္ပါးေပၚက်ေရာက္ေတာ့မွာအမွန္ပင္။စ၍ေနာက္၍ပင္႐ိုက္လာပုတ္လားမလုပ္ဖူးသည့္ခင္သည္ဒီတႀကိမ္တြင္ေတာ့ကိုကို႔ကိုေသေလာက္ေအာင္႐ိုက္သတ္ပစ္ခ်င္ေနမိသည္။စိတ္႐ွိလက္႐ွိ စိတ္ကိုအလြတ္ေပးလိုက္ရင္ဒီေနရာမွာတင္ခင္လူသတ္မိႏိုင္သည္။
"ထြက္သြား ထြက္သြား အခုခ်က္ခ်င္းထြက္သြား နင့္မ်က္ႏွာကိုငါမၾကည့္ခ်င္ဘူး ငါ့ကိုလာမပက္သက္နဲ႔ အခုေရာေနာက္ေရာ နင့္ကိုမ်က္ႏွာေျပာင္လြန္းတဲ့ေကာင္နဲ႔ငါဆက္အတူမ႐ွိႏိုင္ေတာ့ဘူး နင္ကနင့္အျပစ္ကိုေတာင္သူမ်ားအျပစ္လုပ္ႏိုင္တဲ့ေကာင္ ထြက္သြားစမ္း အခုခ်က္ခ်င္း ေဖာက္ျပန္တဲ့ေကာင္ နင့္လိုမိန္းမတကာနဲ႔ပတ္အိပ္ထားတဲ့အေကာင္ငါ႐ြံတယ္ ငါတို႔ဇာတ္လမ္းဒီမွာၿပီးၿပီ"
"ေအးပါ ေအးပါ မင္းလုပ္ပါ မင္းကေရာ
"ထြက္သြားစမ္း အခုခ်က္ခ်င္းထြက္သြား ထြက္သြား"
အိမ္မွာဆိုတာကိုေရာလူႀကီးေတြ႐ွိသည္ဆိုတာကိုေရာခင္သည္သတိမထားႏိုင္ေတာ့ပဲေဒါသတႀကီးေအာ္ဟစ္ကာကိုကို႔အားအခန္းျပင္ႏွင္ထုတ္မိေဝာာ့သည္။ခင့္၏ဒီေလာက္ထိေဒါသထြက္တာကိုမျမင္မေတြ႕ဖူးေသာကိုကိုသည္နည္းနည္းတန္႔သြားကာဘာစကားမွမဆိုသာပဲၿငိမ္သြားေတာ့သည္။
"ငါမေဖာက္ျပန္ဘူး ငါတခါမွမေဖာက္ျပန္ဘူး ျမတ္သုခမွမဟုတ္ဘူး ဘယ္သူနဲ႔မွငါမေဖာက္ျပန္ဘူး"
"ဟုတ္ပါၿပီ ကိုယ္သိပါတယ္ စိတ္ကေလးအခုေလွ်ာ့လိုက္ပါေဘဘီရယ္"
"ပါးစပ္ပိတ္ထား နင္သြားလိုက္ေတာ့ သြားအခုသြား"
"အယ္"
ခင္စိတ္ဆိုးမာန္ဆိုးျဖင့္ေသာအားအခန္းထဲမွတြန္းထုတ္ပစ္လိုက္သည္။
စာၾကည့္စားပြဲေပၚမွေသာခ်ခဲ့သည့္ပန္းစည္းကို စားပြဲျဖင့္ စိတ္႐ွိလက္႐ွိ႐ိုက္၍ဖ်က္ဆီးပစ္မိသည္။
ေႂကြလြင့္သြားေသာပြင့္ခ်ပ္လႊာမ်ားေလာက္ႏွင့္ခင့္၏ေဒါသမၿပီးႏိုင္ေသး။ေဒါသထြက္ခဲလွသည့္လူမလို႔ေဒါသျဖစ္ရင္လဲရပ္တန္႔မရေတာ့။
ဆက္၍ခင္စာအုပ္စင္မွ ကိုယ္တိုင္အျမတ္တႏိုးစီရီခဲ့သည့္စာအုပ္မ်ားကိုဆြဲခ်သည္။ျမင္ျမင္သမွ်ကိုဖ်က္ဆီးလိုစိတ္ျဖင့္ၾကမ္းေပၚဆြဲခ်ရင္းႏွင့္ အခန္းထဲမွပစၥည္းမ်ားအားနံရံကိုပစ္ေပါက္ေနမိသည္။
အလွစုေဆာင္းထားသည့္ဖန္ႏွင္းလုံးမ်ား၊ခင္ေဆာက္ထားသည့္ အ႐ုပ္အိမ္ေလးမ်ားစသည့္အခန္းထဲမွအလွဆင္ပစၥည္းတို႔သည္ နံရံကိုထိမွန္ကြဲေၾကကာ
တစစီျဖစ္ကုန္ၾကသည္။
ႏွစ္႐ွည္လမ်ားတည္ေဆာက္ခဲ့သည့္ပက္သက္မႈေတာင္ဖ်က္ဆီးခံလိုက္ရၿပီပဲ ထိုပစၥည္းေတြပ်က္ဆီးတာလဲခင္မႏွေျမာႏိုင္ေတာ့။
တာက်ိဳးက်လာသည့္မ်က္ရည္စက္မ်ားကိုထိန္းခ်ဳပ္မေနေတာ့ပဲလြတ္လြတ္လပ္လပ္ျဖတ္သန္းခြင့္ျပဳလိုက္ကာ ခင္စိတ္႐ွိလက္႐ွိ႐ိႈက္ငိုလိုက္ရင္းျဖင့္ ႐ိႈက္သံနက္နက္တခ်က္၏အဆုံးမွာ
"ထြက္သြားပစ္မွာ အဆုံးထိကိုသူမလိုက္လာႏိုင္တဲ့ေနရာအထိကိုထြက္သြားျပမွာ ငါထားပစ္ခဲ့မွာ"
*****
ဇူလိုင္လ၊20ရက္။
ၾကည္လင္သာယာေနေသာမနက္ခင္းတခု။လမ္းမထက္မွာ လမ္းသြားလမ္းလာအသီးသီးတို႔သည္ေန႔တေန႔၏အစျပဳခ်ိန္မွာပင္ႏိုးႏိုးၾကားၾကား႐ွိမေနၾက။
အကုန္လုံးကပ်င္းရိဖြယ္ရက္သတၱပတ္ေတြကိုခက္ခက္ခဲခဲျဖတ္သန္းေနၾကရသည့္မ်က္ႏွာေတြပင္။
ခင္ကိုယ္တိုင္လဲတေန႔တာကိုဘယ္လိုဘယ္ပုံျဖတ္ေက်ာ္ရမလဲမသိ။လမ္းၾကားထဲ စိတ္ပ်က္လက္ပ်က္ႏွင့္ေလွ်ာက္လာရင္းျဖင့္earphoneမွသီခ်င္းကသာခင့္အတြက္အေဖာ္ျပဳေပးေနခဲ့သည္။
ထိုစဥ္ နက္ျပာေရာင္ကိုမွေျပာင္လက္ေနသည့္ အမ်ိဳးအစားအမည္ကိုခင္မသိသည့္ကားတစ္စီးသည္ခင့္၏နံေဘးမွျဖည္းညႇင္းစြာကပ္၍လိုက္ပါလာသည္။သူ႕ေဘးမွကပ္ပါလာသည့္ကားကိုခင္သတိထားမိသြားေလေတာ့ ေျခလွမ္းတို႔တုန္႔ခနဲရပ္သြားကာ ကားကိုအကဲခတ္ၾကည့္လိုက္သည္။ကားမွန္အမဲမ်ားတင္ထားၿပီး သူတႀကိမ္တခါမွမျမင္ဖူးသည့္သူစိမ္းကားေၾကာင့္ခင္အနည္းငယ္စိုးရိမ္သြားသည္။
ခင္ရပ္လိုက္ေတာ့ထိုကားကလဲတန္႔ခနဲရပ္သြားသည္။ကားေနာက္ခန္းမွကားမွန္နက္နက္က်သြားၿပီး ကားထဲမွ ရင္းႏွီးလြန္းလွသည့္ၾသဇာသံပါသည့္ဩ႐ွ႐ွအသံသည္ထြက္ေပၚလာကာ ပြင့္လစ္သြားေသာကားျပတင္းေပါက္တခ်ပ္မွ ေခါင္းတလုံးကိုျမင္လိုက္ရသည္။
"ဘယ္သြားမလို႔လဲမသိဘူးခင္ဗ်"
ကားေပၚမွထိုပုဂၢိဳလ္သည္ႏွစ္ၿခိဳက္စြာျပဳံးျပလာကာ မ်က္ႏွာေပၚမွေနကာမ်က္မွန္ကိုခြၽတ္ယူလိုက္ၿပီးရင္းႏွီးလွသည့္ႏူးညံ့လြန္းေသာအၾကည့္မ်ားျဖင့္ခင့္ထံသို႔ႏူးညံ့ခ်ိဳသာစြာႏႈတ္ဆက္လာသည္။
သူ႕အားႏူးညံ့လြန္းလွသည့္မ်က္ဝန္းအၾကည့္မ်ားျဖင့္ႏွစ္လိုဖြယ္ရာျပဳံးျပေနေသာထိုလူ႕ကိုခင္႐ုတ္တရပ္ျပန္မျပဳံးျပမိ။
ထိုလူ႕ထံမွစကားသံေနာက္တခြန္းထပ္မံထြက္ေပၚလာမွသာခင္သတိကပ္ကာႏႈတ္ဆက္ျပဳံးျပမိသည္။
"ခင္ မေတြ႕တာၾကာလွၿပီ အခုေရာဘယ္ေတြသြားမလို႔လဲ ကိုယ္လိုက္ပို႔ပါရေစ"
"အာ လူႀကီးမင္း မေတြ႕ရတာၾကာလွေပါ့"
ဒီတႀကိမ္တြင္ေတာ့သူ႕ကိုစိတ္လိုလက္ရျပန္လည္ႏႈတ္ဆက္လာေသာခင့္ေၾကာင့္ျမတ္အတိုင္းမသိဝမ္းသာသြားရသည္။ကားေဘးမွာရပ္ေနသည့္အျပာေရာင္ပုံရိပ္ေလးသည္လန္းလန္းဆန္းမ႐ွ္ိ။ညိဳးႏြမ္းေနေသာမ်က္ႏွာေလးျဖင့္အျပဳံးတို႔ယိုယြင္းေနသည္။နဂိုထဲကမွေခ်ာင္က်ေနသည့္မ်က္ႏွာေလးသည္ယခုပို၍ပင္ေခ်ာင္သြားေသးသည္။
မ်က္အိတ္ေဖာင္းေဖာင္းေလးမ်ားေအာက္မွာအားေလ်ာ့ေနသည့္မ်က္လုံးေလးမ်ားကတိုးလို႔ေပ်ာက္ကြယ္ေနသည္။ဘယ္ေလာက္ေတာင္စိတ္ပင္ပန္းခဲ့ရသလဲ။အခုကစလို႔ အရိပ္ဆိုးကေနလြတ္ေျမာက္ၿပီမလို႔ထိုကေလးရဲ႕ေန႔ရက္မ်ားကိုဒီထက္လွပဖို႔ျမတ္တာဝန္ယူေပးခ်င္သည္။မ်က္စိေ႐ွ႕မွအျပဳံးယဲ့ယဲ့ေလးကိုၾကည့္ရင္း
"ခင္ ေက်ာင္းသြားမွာမလား ကိုယ္လိုက္ပို႔ပါရေစ"
"ေနာက္က်ေနတာခင္"
"ကဲ ဒါေၾကာင့္ ကိုယ္လိုက္ပို႔ပါရေစလို႔ခင္ရယ္ ကဲပါ"
ဘတ္စ္ကားတိုးစီးသည့္ဒဏ္မွတေန႔တာကင္းလြတ္ခြင့္ရသည့္အျပင္ ေနာက္က်ေတာ့မည့္အေျခအေနမွလြတ္ေျမာက္သြား၍ခပ္ေရးေရးေပၚထြက္လာသည့္ခင့္၏အျပဳံးႏုေလးကိုျမတ္သတိလက္လြတ္ေငးမိသည္။အ႐ွက္ႀကီးလွၿပီး တဖက္သား၏အကူအညီယူရမည္ကိုအလြန္အမင္းေၾကာက္သည့္ခင္သည္ တခ်က္ေတာ့ကားၾကဳံ႐ွိ၍ကားတိုးစီးရမည့္ေဘးကလြတ္သြား၍တခ်က္ဝမ္းသာသြားေသာ္လဲ သူစိမ္းအမ်ိဳးသား၏ကားေပၚကိုသူဖိတ္ေခၚတိုင္းလိုက္ဖို႔ကိုျပန္တြန္႔ဆုတ္သြားသည္။အင္တင္တင္ျဖစ္သြားေသာခင့္၏စိတ္ထဲ၌"ကုတင္ေပၚမွဆက္ဆံေရးေတြလား ဟမ္း"ဟုသည့္စကားကိုနားထဲမွျပန္လည္ၾကားေယာင္မိခ်ိန္မွာေတာ့ကားတံခါးလက္ကိုင္ကိုလက္ကလွမ္းကိုင္ၿပီးသားျဖစ္သြားကာ
"ေက်းဇူးပါ ဒီေန႔ကံေကာင္းပါလားကားၾကဳံေလးေတာင္ရလိုက္ေသး ဟက္"
Finally!!ခင့္၏ဘဝမွာျပင္ဆင္လို႔မရေတာ့သည့္ဆုံးျဖတ္ခ်က္မ်ားႏွင့္ၾကဳံေတြ႕လာရမည့္အေျပာင္းအလဲ၊ဘဝတဆစ္ခ်ိဳးအလွည့္အေျပာင္းမ်ားသည္စတင္ေပေတာ့မည္။
Paradise Khin
တလမွာႏွစ္ပိုင္း upတဲ့လိပ္ Paradise Khin ပါအၾကာႀကီးစိတ္႐ွည္လက္႐ွည္ေစာင့္ေနေပးၾကလို႔အားလဲနာ ေက်းဇူးလဲတင္ရပါတယ္။ခင္ ဒီficမွာအေရးခ်င္ဆုံးအပိုင္းေတြကိုေရာက္ေနၿပီမလို႔တကယ္စိတ္လႈပ္႐ွားေနမိပါၿပီ။ဒီထက္ ေရးအ႐ွိန္ႏႈန္းျမႇင့္ဖို႔ကိုလဲခင္ႀကိဳးစားေနပါတယ္❤️🫶
Unicode
ရေချိုးပြီးခါဖြစ်၍ခင့်၏ခန္ဓာကိုယ်ပေါ်မှာစိုတိစိုစွတ်ရေသီးရေပေါက်လေးများကအနှံ့ကပ်ငြိ၍နေသည်။
မစိုမခြောက်ကျောပြင်ပေါ်မှာကပ်နေသည့်မိုးပြာရောင်တီရှပ်လေး။မိုးပြာရောင်တီရှပ်လက်ရှည်အပါးလေးသည်ခင့်၏လက်ကောက်ဝတ်အကျော်ထိကိုဖုံးအုပ်နေ၍ ခင်အကျီလက်ကလေးကိုဆွဲဆွဲတင်နေရသည်။မျက်နှာကိုတော့ဘာမှထွေထွေထူးထူးလိမ်းခြယ်မနေတော့။ခါတိုင်းလိုပင်မျက်နှာကိုmakeup အနည်းငယ်ဖို့ရင်း မျက်လုံးအထက်မှာ eyeshadow လိမ္မော်ရောင်အားခပ်ရေးရေးခြယ်သည်။ ဖျော့တော့နေပြီးအရေခွံအနည်းငယ်ကွာနေသည့်နူတ်ခမ်းလေးအားနှင်းဆီခြောက်ရောင်နူတ်ခမ်းနီအားခြယ်သလိုက်သည်။
အထွေအထူးပြင်ဆင်မထားသော်လဲခင်သည်ကြည့်ကောင်း၍နေပြန်သည်။
အဝတ်အစားကိုလဲ ဆန်းဆန်းပြားပြားလုပ်မနေတော့။မိုးပြာရောင်တီရှပ်လက်ရှည်နှင့်အတူ ဂျင်းဘောင်းဘီအနက်ရောင်ကိုတွဲဖက်ဝတ်ဆင်ထားသည်။
ခင်မှန်ထဲရှိသူ့ပုံရိပ်ကိုသူပြန်ကြည့်ကာသက်ပြင်းတချက်ကိုသူကိုယ်တိုင်တောင်မသိလိုက်ပဲချလိုက်မိသည်။
မှန်ထဲရှိခင့်၏မျက်နှာလေးသည်အရင်ကထက်ချောင်ကျနေသည်။ဒီရက်ပိုင်းစိတ်တွေမပျော်ပေ။ဘာဆိုဘာမှကိုလုပ်ချင်ကိုင်ချင်စိတ်မရှိ။အမြဲတမ်းတက်ကြွရွှင်လန်းနေတတ်သည့်သူကအခုရက်ပိုင်းစိတ်တွေသေနေသည်။ဘာဖြစ်ချင်လို့ဖြစ်ချင်နေမှန်းမသိပဲ ဘာကိုမှမယ်မယ်ရရမလုပ်မကိုင်မိပဲယောင်လည်လည်ဖြစ်နေရသည့်နေ့ရက်များဖြစ်သည်။သေချာတာတခုကတော့ခင့်၏စိတ်တွေထိုင်းမှိုင်းနေသည်။စိတ်တွေနာကျင်နေရသည်။
လူကြားထဲလဲသွားလိုစိတ်မရှိပဲ အခန်းတွင်းအောင်းနေကာအချိန်တိုင်းအိပ်ချင်နေမိသည်။
ဒီနေ့တော့အပြင်သွားဖြစ်ဖို့အကြောင်းဖန်လာသည်။
ဘာရယ်ကြောင့်လဲတော့မသိခင့်၏စိတ်ထဲလေးလံသလိုခံစားနေရသည်။ခံစားချက်တွေသိပ်မကောင်းနေ။သို့သော်လဲ မနေ့ညထဲကမိခင်ဖြစ်သူနှင့်ပြောပြီးသားကိစ္စဖြစ်၍ မသွား၍မရတော့။
Delivery caseပြီးသည့်နောက်ပိုင်းမှစ၍ခင်ကိုကို့ကိုရှောင်ဖယ်နေမိတော့သည်။မချစ်တော့၍တော့မဟုတ် ချစ်သည့်စိတ်ကတပြားသားမှမလျော့သေး။သို့သော်လဲ ကိုကို့အပေါ်ခင်စိတ်ကွက်နေမိသည်။ကိုကိုကတော့သူရှောင်ဖယ်ရှောင်ဖယ်ပြုနေတာသတိပြုမိ၍ပဲလား၊သူ့အမှားအပေါ်သူလိပ်ပြာမလုံ၍ပဲလားတော့မသိခါတိုင်းတွေထက်ခင့်ကိုပိုဂရုပြုနေသည်။ထိုအကြောင်းတွေကိုသူအကုန်သိပြီးသားဆိုတာကိုကို့ကိုခင်မပြောရသေး။ပြောပြလိုချင်စိတ်လဲမရှိဝောာ့ ထိုကိစ္စနှင့်ပက်သက်ပြီးစိတ်ဆိုးစိတ်ကောက်ရအောင်ကလဲ...။
သူများသမီးရည်းစားဘဝစကြနောက်ကြစိတ်ဆိုးကြရင်းဖြင့် ချော့ရမော့ရတောင်းပန်ရတာပဲမဟုတ်ပဲ သူနှင့်ကိုကိုမှာတော့စတွဲပြီးလပိုင်းလောက်ထဲကဒီပြဿနာတွေကိုသာပြဿနာရှာလိုက်ရှင်းလိုက်ဖြစ်နေရသည်။ကြာတော့ခင်သည်လဲပြဿနာမလုပ်ချင်တော့တာကြာပြီ။ကိုကိုတော့မသိ ပြဿနာရှာရသည့်သူပင်ငြီးငွေ့လာသည်။ပြောကိုမပြောချင်တော့၍အခုဆိုလုံးဝကိုလွှတ်ထားလိုက်တော့သည်။သဘောမကျကြောင်းလဲပြသည်၊ မခံစားနိုင်ကြောင်းလဲကိုကိုသိအောင်ပြဖူးခဲ့ပြီးပြီ။ခင်လဲဒီ့ထက်မတတ်နိုင်တော့။
ကိုကို၏ကိုယ့်အသိစိတ်နှင့်ကိုယ်ပြုပြင်ဖို့သာလိုချင်တော့သည်။
အပြင်သွားရန်လိုရမယ်ရအနေဖြင့်ခင် စာကြည့်စားပွဲပေါ်မှပါကင်မဖွင့်ရသေးသည့် tissue တထုပ်ကိုလွယ်နေကျ tote bag ထဲသို့ပစ်ထည့်လိုက်သည်။
ကုတင်ပေါ်မှဖုန်းကိုကောက်ကိုင်လိုက်ပြီး နာရီကိုကြည့်လိုက်ဝောာ့အချိန်က11:11။
ခင်ရုတ်တရပ်ဘာဆုတောင်းရမလဲမသိဖြစ်သွားသည်။ဒီလို Angel number လေးတွေကိုမြင်ရင်ကံကောင်းတတ်သည်ဆိုတာကိုသူယုံသည်။
အတွေးစတွေခတ္တရပ်တန့်သွားတုန်း ဖုန်းပေါ်မှနေ့စွဲကိုကြည့်မိလေတော့ 16ရက်နေ့ Sunday။
ထို Dateလေးကြောင့်ခင့်မျက်နှာမှာအပြုံးလေးတပွင့်ဖြစ်သွားပြီး ဆုတောင်းတခုရသွားသည့်ပုံပင်။
ခင်မျက်လုံးလေးကိုအသာယာမှိတ်ကာ စိတ်ထဲတွင်လေးနက်စွာဆုတောင်းမိလိုက်သည်က
**ဒီနှစ် Anni dayကို ကိုကိုနဲ့အေးအေးချမ်းချမ်းလေးဖြတ်သန်းသွားပါရစေ**
မိုးပြာရောင်ကောင်းကင်ကြီးစိတ်ထင်တိုင်းကြည်လင်ခွင့်မရှိဘဲ မှိုင်းညို့ညို့တိမ်ခိုးတိမ်လိပ်တို့ရဲ့အောက်မှာငြိမ်ဝပ်နေရသည့်ကာလ။ထက်ကောင်းကင်မှမိုးစက်မိုးပေါက်များအားပြင်းပြင်းဖြင့်ရွာသွန်းတတ်သည့် ဒီလိုအုံ့မှိုင်းမှိုင်းဇူလိုင်လမှာသူနှင့်ကိုကိုချစ်သူဘဝသို့ရောက်ခဲ့သည်။ဇူလိုင်မိုးစက်တွေအောက်မှာ ထီးတချောင်းအောက်တူတူလျှောက်ရင်း မမေ့နိုင်သည့်အမှတ်တရလှလှလေးတွေရှိခဲ့ကြသည်။
အတိတ်တွေကိုပြန်တွေးမိတော့ ခင့်နှုတ်ခမ်းလေးသည်ပြုံးယောင်သမ်းသွားသည်။
ကိုကိုကသူ့အပိုင်ဖြစ်လာခဲ့တာ4နှစ်တောင်ပြည့်တော့မှာတဲ့လား။ကိုယ်သဘောကျရသည့်ယောကျာ်းကကိုယ့်အပိုင်ဖြစ်လာသည့်ခံစားချက်သည်ဘာနှင့်မှကိုလဲ၍မရ။
ခင့်၏အတွေးထဲ၌ အတိတ်မှပုံရိပ်များအားရုပ်ရှင်အနှေးပြကွက်နှင့်ပြသလိုတရေးရေးပြန်ပေါ်လာသည်။
ခင်သဘောကျစွာပြုံးမိနေသည်။
လွန်ခဲ့သည့်လေးနှစ်၊ဇူလိုင်20။ မဲမှောင်နေသည့်တိမ်စိုင်တိမ်လိပ်များအောက်မှာကွယ်ပျောက်နေရသည့်ကောင်းကင်ကြီးသည် မိုးရေစက်များကို အငြိုးနှင့်ရွာချနေသလားအောက်မေ့ရအောင် မိုးအသဲအမဲရွာသွန်းခဲ့သည်။ထိုမိုးကြောင့်ရန်ကုန်မြို့ရဲ့လမ်းမတွေထက်မှာပင် ရေကြီးရေလျှံမှုကြောင့်ကားအသွားလာများပင်ခက်ခဲခဲ့သည်။
သည်းထန်စွာရွာသွန်းနေသည့်မိုးစက်များနှင့်ဇူလိုင်20မှာကိုကိုသည်သူ့အပိုင်ဖြစ်လာခဲ့သည်
ကြာခဲ့ပြီဖြစ်သော်လဲထိုနေ့ကမြင်ကွင်းများကိုခင်သည်ထင်ထင်ရှားရှားမှတ်မိနေဆဲ။
ထိုနေ့ကကိုကိုကအညိုရောင်တီရှပ်လေးနှင့်။လက်ရှည်အကျီကြိုက်သည့်ကိုကို့၏ထုံးစံအတိုင်းတီရှပ်လက်ရှည်အညိုနှင့်။
ကိုကို့၏ဆံနွယ်တိုတိုတို့ကမိုးရေစက်များပက်ဖျန်း၍စိုစွတ်နေခဲ့သည်။ကိုကို့၏ပါးပြင်မှာလဲမိုးရေစက်များကြောင့်စွတ်စိုနေသည်။
ကိုကိုသည်လွယ်အိတ်ကိုအရှေ့မှာထားလွယ်၍ ထီးတချောင်းကိုသူ့ကိုသူရောခင့်ကိုရောလုံအောင်ဆောင်းထားပေးသည်။ခင်ကကိုကို့၏လက်မောင်းကိုဖက်တွယ်၍ကိုကို့နောက်မှာလျှောက်လိုက်နေခဲ့သည်။လမ်းပေါ်မှာပြည့်လျှံနေသည့်ရေတွေကိုခြေနှင့်ကန်ရင်းခင်ကပျော်နေခဲ့သည်။
ခင့်၏ဘောင်းဘီရှည်ရေမစိုစေရန်ကိုကိုကပေါင်လယ်လောက်ထိခေါက်တင်ပေးထားသည်။
သည်းထန်လှသောမိုးစက်များကလေအရှိန်ဖြင့်သူတို့ထံကန့်လန့်ဖြတ် ဖြတ်သန်းသွားသောအခါတွင်တော့ခင်ရောကိုကိုရောစိုရွှဲသွားပြီဖြစ်သည်။
အစထဲမှလဲထီးလေးတချောင်းသည်လူနှစ်ယောက်၏ခန္ဓာကိုယ်ကိုလုံအောင်မစွမ်းဆောင်နိုင်ခဲ့ပဲ မလုံ့တလုံလေးသာအုပ်မိုးပေးထားသည်။
မိုးစက်များကန့်လန့်ဖြတ်ရွာသွန်းသွားသည့်အခါမှာတော့ကိုကိုသည်မျက်လုံးကိုဝေ့ကြည့်ကာ ဟာ မထူးတော့ဘူးကွာလို့ညဉ်းညူရင်းဖြင့်ခေါင်းပေါ်မှထီးကိုပိတ်ချလိုက်တော့သည်။
"ကိုကိုတို့မိုးရေပဲချိုးပြီးပြန်ကြမယ်တုံတုံ"
ထိုသို့ဆိုကာကိုကိုသည်ထီးကိုပိတ်ချရင်း ခင့်၏လက်ကိုတင်းတင်းဆုပ်လိုက်ကာ လမ်းမထက်ရှိရေများပေါ်သို့အတင်းတိုးဖြတ်လေသည်။
ကိုကို့၏လှုပ်ရှားမှုကြောင့်ရေများဗွမ်းဗွမ်းထသွားလေသည်။ကိုကို့၏အပြုအမှုကိုခင်သည်သဘောကျစွာတခစ်ခစ်ရယ်ရင်းဖြင့် ဒူးဆစ်လောက်ထိမြင့်တက်နေသည့်ရေများထဲပျော်ရွှင်စွာပြေးဆော့နေသည်။ကိုကို့၏ပုခုံးစွန်းလေးအားပါးပြင်လေးအပ်ရင်းခြေဖျားလေးထောက်ကာထောက်ကာဖြင့်
တကယ်ချစ်ရဲ့လား ချစ်ရောချစ်ရဲ့လားဟင်ဟူသောစကားလေးများကိုတဖွဖွမေးနေလေသည်။
ခင်ထိုသို့မေးသည့်အခါတိုင်းကိုကိုက ကလေးတယောက်လိုဖြူစင်လှသည့်အပြုံးလေးဖြင့်ပြုံးပြကာ ချစ်တာပေါ့ဗျားဟုဆိုလာသည်။
"တကယ်ရောချစ်ရဲ့လားဟင်"
"ချစ်တာပေါ့"
"ချစ်လားဟင် ချစ်လားဟင်"
"ချစ်တယ်"
ကိုကိုသည်ခင်ချစ်လားလို့မေးလာသည့်အခါတိုင်းအပြုံးမျက်နှာလေးဖြင့်ချစ်ကြောင်းထပ်ကာထပ်ကာပြန်ဖြေသည်။ကိုကို့ဆီမှချစ်တယ်ဆိုသည့်စကားကြားတိုင်းခင်တိမ်တွေပေါ်မှာလွင့်မျောနေရသလိုပင်။ကိုကိုကသူ့အပိုင်ဖြစ်လာခဲ့ပြီ။
ချစ်တယ်ဟူသည့်ထိုအမျိုးသား၏စကားသံလေးသည် ခင့်၏အသဲကိုလေနုအေးတချက်ဖြတ်တိုက်သွားသလိုကြားလိုက်ရတိုင်းအသဲထဲအေးကနဲအေးကနဲပင်။အိမ်မက်များလားလို့ပင်ထင်မိသည်။
ဒီစကားကိုပြောနေသည့်အချိန်မှာကိုကို့မှာရောရင်ခုန်သံတွေဖြစ်ပေါ်နေတာလား။
ကိုကို့၏မျက်နှာလေးသည်ကြည်လင်ရှင်းသန့်နေသည်။မိုးရေစက်တို့တွဲလဲခိုနေသည့်ကိုကို့ဆံပင်တို့ကနဖူးပေါ်ပြိုကျနေသည်။ကိုကို့၏ ရေစက်လက်ဖြင့်လက်မောင်းထက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ရင်း ထိုနေ့ကခင့်၏ခြေလှမ်းများသည်ရေထဲမှာလမ်းလျှောက်နေရသည်လို့မခံစားရပဲ တိမ်တွေပေါ်ခြေဗလာဖြင့်ပြေးလွှားနေရသလိုပင်။
အတိတ်မှအကြောင်းအရာများအားပြန်တွေးမိရင်းခင်၏မျက်နှာလေးသည်နှစ်ခြိုက်စွာပြုံးလာခဲ့သည်။စာကြည့်စားပွဲပေါ်ရှိ photo stand လေးအားကောက်ကိုင်လိုက်မိသည်။ဓာတ်ပုံထဲ၌သူရောကိုကိုရောပြုံးနေကြသည်။ရွှေတိဂုံဘုရားထက်မှာ နှစ်ဦးသားလက်ချင်းချိတ်ရပ်ကာ ဘုရားပန်းစည်းလေးကိုခင်ကကိုင်ထားသည့်ပုံလေး။ဓာတ်ပုံထဲတွင်ခင်သည်18နှစ်အရွယ်သာရှိသေးသည်။ငွေရောင်ရင်ဖုံးအကျီကိုပိုးသားပန်းနွယ်ပန်းခက်တို့ဖြင့်အစိမ်းဖျော့ရောင်ထဘီနဲ့တွဲဖက်ဝတ်ဆင်ကာခင်သည်ချစ်ဖို့ကောင်းနေသည်။ကိုကိုကတော့ပြောစရာမလိုအောင်ပင်ဒီဓာတ်ပုံထဲမှာလဲခန့်ညားနေပြန်သည်။လည်ကတုံးအမဲကိုနီညိုရောင်ပုဆိုးကွက်စိပ်နှင့်တွဲဖက်ဝတ်ဆင်ကာတော်တော့်ကိုကြည့်ကောင်းနေသည်။
Photo stand ထဲမှသူတို့နှစ်ဦး၏ဓာတ်ပုံလေးသည်ဖုန်တက်နေခြင်းမရှိ။အချိန်တိုင်းလိုလိုခင်ထိုဓာတ်ပုံလေးကိုထိတွေ့ကြည့်ရှုတတ်ခြင်းကြောင့်ဖြစ်သည်။
အချစ်ရေးတခုမှာသူချစ်နှင့်ကိုယ်ချစ်ပင်မတူဘူးဆိုသည့်စကားကခင့်အတွက်တော့ရာနှုန်းပြည့်မှန်နေလေသည်။ကိုယ်ကချစ်ရသည့်သူ့ကိုရထားလို့ ခင့်၏ကိုကို့အပေါ်ထားသည့်အချစ်များသည်အမြဲလိုလိုလတ်ဆတ်လန်းဆန်းနေခဲ့သည်။ငြီးငွေ့ရိုးအိတယ်ဆိုတာတခါမှကိုမရှိခဲ့။ကိုယ်သဘောကျတဲ့လူကိုရထားတော့ခင့်မှာရိုးဖို့နေနေသာသာ တနေ့တနေ့ကြူးလို့ပင်မဝ။သူချစ်ကိုရထားသည့်ကိုကို့အတွက်ကတော့သူ့၏အချစ်များသည် ငြီးငွေ့ဖွယ်ဖြစ်နေခဲ့လားမသိ။
"သွားတာပဲကောင်းမယ်"
ခင်သည်လက်ထဲမှဖုန်းလေးကိုလွယ်နေကျအိတ်ထဲသို့ကောက်ထည့်လိုက်သည်။ထို့နောက်မေမေချက်ထားသည့်မနက်စာကိုလေးငါးလုပ်ခန့်စားပြီး၊ စားပွဲပေါ်မှာမေမေအသင့်ပြင်ဆင်ပေးထားသည့်အထုပ်တထုပ်ကိုဆွဲကာ ဘတ်စ်ကားမှတ်တိုင်သို့ထွက်လာခဲ့သည်။
ခင့်၏စိတ်အခြေအနေသည်ကြည်ကြည်လင်လင်ရှိမနေချေ။စိတ်ထဲလေးလံနေကာ အဆိုးဆိုးတခုရောက်လာတော့မည်လိုခံစားချက်မျိုးတွေရနေသည်။အန္တရာယ်တခုခုများကြုံမလားဟုခင်စိတ်ထဲထင့်နေကာ သရဏဂုံကိုစိတ်ထဲမှာရွတ်ဖတ်ပူဇော်နေမိသည်။ဘတ်စ်ကားမှတ်တိုင်သို့လျှောက်လှမ်းနေသည့်ခင့်၏ခြေလှမ်းများသည်လေးလံနေခဲ့သည်။
***
မီးအေးအေးဖြင့်ကင်ထားသောအသားများထံမှတရှဲရှဲမြည်လာသံကြောင့် ကြက်ဥမွှေနေရင်းမှသော ညှပ်ကိုကောက်ကိုင်လိုက်ကာ မီးဖိုပေါ်မှအသားရဲရဲများအားအထက်အောက်လှန်ပေးလိုက်သည်။
ကျက်ပြီးသားကြက်သားကင်ပူပူနွေးနွေးကိုပန်းကန်ထဲထည့် ခေတ္တအအေးခံပြီး ဘူးတခုထဲထည့်ကာမနက်ဖြန်ညစာအတွက်ရေခဲသေတ္တာထဲထည့်သိမ်းဆည်းထားလိုက်သည်။ထို့နောက်ကြက်ဥကိုဆက်၍နာနာမွှေရင်းဖြင့်ကြက်ဥအတွင်းသို့ဟင်းခတ်အမယ်များထည့်သည်။
ထို့နောက်ကြက်ဥကိုဆက်၍ဆက်၍အခေါက်ပေါင်းများစွာမွှေသည်။မွှေရဖန်များ၍သော၏လက်များညောင်းညာလာပြီး အံကြိတ်နေမိသည်။
"898 890 891"
"အက်မလေး 954"
"လက်မောင်းပါပြုတ်ထွက်တော့မယ်အမေရေ"
သော မွှေလဲမွှေရင်း ညဉ်းညူရင်းဖြင့်ပန်းကန်ထဲမှကြက်ဥကိုဆက်၍အားထုတ်မွှေနေသည်။
သူ့၏ Goalကတော့ဒီကြက်ဥကိုအခါတထောင်မွှေနိုင်ဖို့ဖြစ်သည်။
အခေါက်900ကျော်လောက်မှာသော၏လက်လဲတော်တော်အီစိမ့်နေပြီဖြစ်သည်။
မွှေလိုက်ထိုင်လိုက်နားလိုက်ဖြင့်တော်တော်အချိန်ယူပြီး အခေါက်တထောင်ကိုကြိုးကြိုးစားစားမွှေနေရသည်။နာရီဝက်လောက်အကြာမှာတော့ ခက်ခက်ခဲခဲဖြင့်ကြက်ဥကိုအကြိမ်တထောင်မွှေခြင်း mission ပြီးဆုံးသွားသည်။
"အမလေး အသက်ပါထွက်တော့မယ်"
ထိုသို့သူ့မှာခက်ခက်ခဲခဲဖြင့်မွှေနှောက်ခလောက်ထားရသော ပန်းကန်ထဲမှကြက်ဥအရည်လေးများအားသောကျောက်ဒယ်အိုးပေါ်တင်လိုက်သည်။
လိုအပ်သည့် soda၊ဆား အစရှိသည့်လိုအပ်သည့်အမယ်များကိုလဲမမေ့မလျော့ထည့်ပြီးဖြစ်သည်။
ကျောက်ဒယ်အိုးပေါ်တင်၍ မီးအေးအေးဖြင့် ထိုကြက်ဥအားစတင်ကြော်လေသည်။။
သင်း၍ထွက်လာသောအနံ့မွှေးမွှေးလေးအားသောတဝကြီးရှူရှိုက်လိုက်မိသည်။အကြိမ်တထောင်ပင်ပင်ပန်းပန်းမွှေထားခဲ့ရ၍လားမသိ ဒီကြက်ဥကြော်ကတခြားကြက်ဥကြော်တွေထက်ပို၍မွှေးနေသလိုပင်။
"နောက်ဆုံးတော့ ရပါပြီ"
ဒယ်အိုးပေါ်မှ ကြော်ပြီးခါစကြက်ဥလေးအား ခရုပုံစံပန်းကန်ပြားလှလှလေးထဲသောထည့်လိုက်သည်။
အိုးမှချခါစကြက်ဥကြော်လေးသည်မွှေးကြိုင်၍နေသည်။ခါတိုင်းကြော်နေကျပုံစံနှင့်မတူ၍ ဒီကြက်ဥကြော်လေးကတခြားကြက်ဥကြော်တွေလိုပြားကပ်ကပ်ဖြစ်မနေပဲ ခပ်ဖောင်းဖောင်းလေးဖြစ်နေသည်။ပူပူနွေးနွေးကြက်ဥကြော်ဝါဝါလေးသည်ပန်းကန်ပြားထဲမှာစားချင်စဖွယ်တည်ရှိနေသည်။မွှေးကြိုင်လှသောအနံ့ကြောင့်သောဆက်ထိန်းမထားနိုင်တော့ပဲ ထမင်းစားဇွန်းတချောင်းကိုယူကာ သူ့ကြက်ဥကြော်၏အရသာကိုမြည်းကြည့်လိုက်သည်။
"ကဲ လာလေရော့ ကိုမြတ်သောရဲ့အကြိမ်တထောင် မွှေကြက်ဥကြော်"
ကြက်ဥ၏အသားသည်နူးညံ့အိစက်၍နေသည်။ဖလပ်ဖလပ်ဖြစ်၍မနေပဲ ကြက်ဥအသားကအတော်နူးညံ့အိစက်ကာ လျှာပေါ်ပျော်ဝင်သွားသလိုပင်။
သောကိုယ့်လက်ရာကိုအင်မတန်ခိုက်သွားကာနောက်တဇွန်းထပ်မြည်းလိုက်သည်။
အရသာကလဲအစပ်အဟပ်မိလွန်းပြီး ကြက်ဥအသားလေးကဝါးစရာမလိုပဲလျှာပေါ်ပျော်ဝင်သွားသလိုမျိုးကိုနုဖက်အိစက်နေသည်။
သော၏အပင်ပန်းခံရကျိုးနပ်အောင်ကိုကြက်ဥလေးသည်အရသာအရှိဆုံးထွက်လာခဲ့သည်။
"ကောင်းလိုက်တာကွာ"
**မင်းကလွဲပြီးကိုယ်မချစ်ဘူး ဘယ်တော့မှတခြားလူအစားမထိုးဘူး ကိုယ့်အချစ်ဟာဘေဘီ့တယောက်ထဲအတွက်အရိုးရှင်းဆုံးပဲ မင်းကလွဲပြီးကိုယ်မချစ်ဘူး ....ဘေဘီကလွဲပြီးကိုယ်မရှာဘူး**
ဒီနေ့အတွက်သောစဉ်းစားထားသည့်မီနူးကတော့အမဲသားဝိုင်နီချက်နှင့်အကြိမ်တထောင်မွှေကြက်ဥကြော်ဖြစ်သည်။
သီချင်းတပုဒ်ကို moodအပြည့်နှင့်ညဉ်းဆိုနေရင်းဖြင့်ဟင်းပွဲကိုတက်ကြွစွာသောပြင်ဆင်နေမိသည်။
ဘယ်လိုစိတ်ကူးနှင့်ဒီမီနူးကိုသောစဥ်းစားမိမှန်းမသိ။ဝိုင်နီနှင့်နှပ်ထားသောအမဲသားသည်အိစပြုလာပြီဖြစ်သည်။အနေတော်ပိုင်းထားသည့်အမဲသားတုံးများထဲသို့ဝိုင်နီများကစိမ့်ဝင်နေပြီး ရနံ့ကမီးဖိုချောင်တခုလုံးမှာလွင့်ပျံနေကာသော၏နှာဖျားလေးကိုအမဲသား၏မွှေးရနံ့ကလာလာမြူစွယ်နေသည်။
ကြွေပန်းကန်ပြားအဖြူပေါ်မှာအမဲသားဝိုင်နီချက်ကိုခူးခပ်ပြင်ဆင်ရင်း ဟင်းပွဲကိုပို၍စားချင်စဖွယ်ဖြစ်အောင်သောလိုက်လံပြင်ဆင်နေမိသည်။
ဝိုင်နီများကိုအသားတုံးများပေါ်ရွှဲရွှဲစမ်းလိုက်ပြီး အသားတုံး၏နံဘေးမှာသောသူ့၏အကြိုက်ပြောင်းဖူးက်ြောချိုချိုလေးဖြင့်ပို၍စားချင်စဖွယ်ဖြစ်အောင်ပြုပြင်နေသည်။
ဟင်းချက်ရတာဝါသနာထူးသည့်လူမလို့ ဟင်းပွဲကိုစားသောက်တော့မည်ဆိုရင်လည်းဘယ်သောအခါမှသောကပြီးပြီးရောမစားတတ်။
ပန်းကန်ထဲမှာစားစရာကိုတမူထူးခြားအောင်စိတ်ရှည်ရှည်နှင့်ပြုပြင်ပြီးမှသာစားတတ်သည်။ကိုယ့်ကိုကိုယ်အတွက်ရော ဘယ်သူ့အတွက်မဆိုစားစရာချက်ပြုတ်ကျွေးမွေးသည့်အခါမျိုးမှာသောစေတနာအပြည့်ပါသည်။
ဟင်းပွဲတပွဲ၏အပြင်အဆင်ကိုကြည့်သည်နှင့် ဟင်းပွဲကိုပြင်ဆင်သည့်လူ၏စေတနာကိုမြင်နိုင်သည်ဟုသောခံယူထားသည်။ထို့ကြောင့် ကိုယ့်အတွက်ပဲဖြစ်ဖြစ် တခြားလူအတွက်ချက်ပြုတ်ပေးရသည့်အခါမျိုးမှာဖြစ်ဖြစ်စိတ်ရှည်မှုအဆုံးထိထားထားပေးသည်။သော၏စိတ်ရှည်လက်ရှည်ရှ်ိသည့်အချိန်ကမီးဖိုချောင်ဝင်သည့်အချိန်သာရှိသည်။
"ဒင်းဒေါင် ဒင်းဒေါင်"
ပန်းကန်ပေါ်မှာအလှဆင်ခူးခပ်ပြင်ဆင်ပြီး ဟင်းပွဲ၏အရသာကိုမြည်းစမ်းရန်အတွက် အမဲသားဟင်းထံသို့ဇွန်းတချောင်းဖြင့်လက်လှမ်းလိုက်စဉ်တွင် အိမ်ရှေ့တံခါးမှဘဲလ်သံထွက်ပေါ်လာသည်။
ဟင်းပွဲသို့လက်လှမ်းနေသည့်သော၏လက်များတန့်သွားပြီး မျက်ခုံးတချက်တွန့်သွားသည်။
ဒီအချိန်သူ့ဆီလာဖို့ဘယ်သူမှမရှိ။ကွန်ဒိုတံခါးဝမှာရောက်နေတာဘယိသူလဲဆိုတာသိရှိရန်အတွက် သောအိမ်ရှေ့ခန်းသို့လျှောက်လာခဲ့သည်။
တံခါးဝမှာမြင်လိုက်ရသည့်ဧည့်သည်ကြောင့်သောအံ့ဩသွားသည်။
သစ်သီးခြင်းဝခြင်းကိုကိုင်၍ချိုသာစွာပြုံးပြနေသည့်ထိုအမျိုးသမီးကိုမြင်တော့ သောဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်သွားသည်။
မျှော်လင့်မထားသည့်ဧည့်သည်ရုတ်တရပ်ရောက်ချလာ၍ဘယ်လိုခရီးဦးကြိုပြုရမည်မှန်းမသိတော့။အထဲဝင်လာရန်လဲဖိတ်ခေါ်ခြင်းမပြုမိပဲ သုန်မှုန်စွာဖြင့်ဧည့်သည်အမျိုးသမီးကိုစိုက်ကြည့်နေမိသည်။
"ဒီကိုဘယ်လိုရောက်လာတာလဲ"
"Hi ဘာဖြစ်လို့လဲဟင် မပြောပဲရောက်ချလာမိတာတို့မှားပြီလာဟင်"
ပြုံးပြကြိုဆိုခြင်းမရှိပံ သူ့ထံသို့မမှိတ်မသုန်စိုက်ကြည့်နေသည့်သောကြောင့်အိုင့်ရှာမှာအင်တင်တင်ဖြစ်သွားရသည်။သော၏အိမ်နေရင်းပုံစံကလဲသူ့အတွက်အထူးတဆန်းဖြစ်နေလေသည်။
တံခါးလာဖွင့်ပေးသည့်သောသည်အပေါ်ပိုင်းဗလာနှင့်ဖြစ်သည်။အောက်ပိုင်းမှာပုဝါအဖြူထထည်ကိုသာပတ်ထားပြီး ခန္ဓာကိုယ်ပေါ်မှာမခြောက်သေးသည့်ရေစက်ရေပေါက်များအားတွေ့ရသည်။
"မဟုတ်ပါဘူး"
" ဒီကွန်ဒိုမှာကိုယ့်အသိရှိတယ်သူ့ဆီလာရင်းတခါကမင်းကလိပ်စာပေးထားလို့ဝင်လည်မိတာပါ မအားဘူးဆိုရင်လဲဒီအသီးလေးထားခဲ့ပြီးကိုယ်ပြန်ပါ့မယ် "
"မဟုတ်ပါဘူး အင်း အထဲဝင်ပါ"
သောထံမှကြားလိုက်ရသည့်ဖိတ်ခေါ်စကားကြောင့်အိုင်ရှာ့စိတ်ထဲမှာဟေးကနဲအောင်ပွဲခံလိုက်ချင်သည်။
ထိုအမျိုးသားသည်သူ့အားအိမ်ထဲဝင်ခွင့်ပေးရန်တော်တော်စဉ်းစားနေရသည်နှင့်တူသည်။
သောကိုအိုင်ရှာငြိတွယ်နေရသည့်အချက်ထဲမှာဒီတချက်လဲပါဝင်သည် အိန္ဒြေကြီးခြင်းဖြစ်သည်။
သောအနားကိုသူကပ်သွားတိုင်းဘယ်သောအခါမှထိုယောကျာ်းသည်မဆီးကြိုဆိုဖူးပေ။သာမန်ယောကျာ်းဆိုလျှင်မိန်းမတယောက်ကကိုယ့်ကိုတပ်မက်စိတ်ရှိနေမှန်းသိလျှင် ဂုဏ်မြှောက်ကာထိုမိန်းမကိုယ့်ကိုဒီထက်ပိုစွဲလမ်းလာအောင် ဆွဲဆောင်တတ်ကြပေမယ့် သောကတော့ထိုလိုယောကျာ်းမျိူးမဟုတ်။အိုင်ရှာဒီလောက်သူ့ကိုလိုချင်နေမှန်းသိတာတောင် သောသည်အိုင်ရှာ့အားခပ်တန်းတန်းသာဆက်ဆံသည်။
ထိုအချက်ကသူ့ကိုဆွဲဆောင်မှုပို၍တိုးစေခြင်းဖြစ်သည်။
"ထိုင်ပါ"
အိုင်ရှာ သောနှင့်အတူအတွင်းသို့လိုက်ဝင်လာရင်းဖြင့် ဧည့်ခန်းသို့အရောက် သောကဆိုဖာရှည်ကိုညွှန်ပြ၍သူထိုင်နိုင်ကြောင်းပြော၏။
အိုင်ရှာ အမဲရောင်ဆိုဖာထက်မှာဖြည်းညှင်းစွာထိုင်ချလိုက်တော့စားပွဲပေါ်ရှိဓာတ်ပုံမှန်ဘောင်တခုထံအာရုံရောက်သွားသည်။
လက်ထဲမှသစ်သီးခြင်းကိုသောထံသို့ကမ်းပေးတော့သောကကျေးဇူးတင်ကြောင်းပြောလာသည်။ထို့နောက်
"ဘာသောက်မလဲမဒမ်"
"ရေရိုးရိုးပဲပေးပါ"
သော မီးဖိုခန်းအတွင်းသို့ရေယူရန်အသွားတွင် စားပွဲခုံပေါ်မှဓာတ်ပုံအားအိုင်ရှာကောက်ကိုင်လိုက်မိသည်။
ဓာတ်ပုံသည် selfie ဓာတ်ပုံအမျိုးအစားဖြစ်ပြီး ဓာတ်ပုံထဲမှာသောနှင့်အတူမိန်းကလေးခပ်ငယ်ငယ်တဦးကိုတွေ့ရသည်။
ထိုပုံထဲမှာ သူတို့နှစ်ယောက်စလုံးကမျက်နှာသုတ်ပုဝါများဖြင့်ခေါင်းပေါင်းထားကြပြီး သော၏တည်ကြည်နေသည့်မျက်နှာထားနှင့်အတူ ထိုမိန်းမငယ်လေးကသော၏လည်ပင်းကိုသိုင်းဖက်ရင်းရင်ခွင်ထဲတိုးဝင်ကာနှုတ်ခမ်းလေးကိုဆူကာလက်ညိုးနှစ်ချောင်းထောင်၍ရိုက်ထားတာတွေ့ရသည်။
ထိုမိန်းမငယ်လေးကသိပ်ကိုချစ်စရာကောင်းလွန်းမနေဘူးလား။
" Girlfriend လေ"
မီးဖိုချောင်မှရေတခွက်နှင့်အတူပြန်ရောက်လာသည့်သောသည် ဓာတ်ပုံကိုကိုင်၍ကြည့်နေသည့်အိုင်ရှာ့ကိုမြင်တော့ လေသံခပ်မြင့်မြင့်ဖြင့်သူ့ကောင်မလေးဖြစ်ကြောင်းခပ်ကြွားကြွားပြောဆိုလာလေသည်။
ကမ်းပေးလာသည့်ရေခွက်ကိုလှမ်းယူရင်း ခပ်ဖြည်းဖြည်းဖြင့်တခွက်လုံးကုန်အောင်မော့သောက်လိုက်ရင်း ဖန်ခွက်ကိုစားပွဲပေါ်သို့ချထားလိုက်သည်။
"လာရင်းကိစ္စရှိလားဗျ"
"ဘာအကြောင်းမှတော့မရှိပါဘူး ကိုယ်မင်းကိုတွေ့ချင်လို့ဝင်လာတာပါ အနှောင့်အယှက်များဖြစ်သွားလားမသိဘူး"
"အဲ့လိုတော့လဲမဟုတ်ပါဘူး"
အိုင်ရှာနှင့်မျက်နှာချင်းဆိုင်မှဆိုဖာတွင်သောဝင်ထိုင်လိုက်ရင်း ခြေချိတ်ထိုင်ကာ ဧည့်သည်ကိုအလိုက်သင့်စကားပြောပေးနေသည်။
စကားပြောရင်းဖြင့်အိုင်ရှာသည်သော၏နေရာအားလိုက်လံအကဲခတ်နေမိသည်။ဆရာသမားကတယောက်ထဲနေတယ်ဆိုပေမယ့် အိမ်ကိုထားပိုသိုပုံသပ်ရပ်သည်။ကြမ်းပြင်တွင်ဖုန်တစက်မရှိပဲ ပစ္စည်းပစ္စယများကိုသပ်သပ်ရပ်ရပ်ထားသိုထားသည်။
နံရံပေါ်မှာချိတ်ဆွဲထားသည့်မိသားစုဓာတ်ပုံများ၊ အလှဆင်ထားသည့်ပန်းအိုးစသည်တို့မှာလဲဖုန်ကပ်ငြိနေခြင်းမတွေ့ရ။
ခရီးထွက်နေရတာများသည့်လူမလို့ဒီမှာသိပ်မနေလို့ပဲအိမ်မှာပစ္စည်းတွေကပွရူပ်၍မနေတာလားတော့မပြောတတ်။
"မင်းကမောင်နှမမရှိဘူးလား"
"အကိုတယောက်တော့ရှိတယ် သူလဲမန္တလေးမှာသူ့ကအိမ်ထောင်နဲ့လေ"
"မင်းကတယောက်ထဲနေတာအိမ်မှုကိစ္စကျတော့ရော"
"ကျွန်တော်ပဲအိမ်မှာနေရတဲ့နေ့လုပ်ဖြစ်တယ် ကျွန်တော့်ကောင်မလေးကလဲတခါတခါလာရှင်းပေးတတ်တယ်"
"အော် အဲ့လိုကိုး"
သော၏စိတ်ကိုအိုင်ရှာမှန်းဆ၍မရ။ဒီနေ့သူတို့၏စကားဝိုင်းမှာ သူ့ကောင်မလေးအကြောင်းကိုသောထပ်ခါထပ်ခါဖော်ပြနေသည်။
သူဘာကိုဆိုလိုနေမှန်းအိုင်ရှာနားမလည်တော့။နားလည်းမလည်ချင်။သောသည်သူ့ကိုယ်သူအကျီဗလာဖြစ်နေတာကိုမေ့နေလားတော့မသိ။အိုင်ရှာအိမ်ရောက်လာသော်လဲ ခုနကသူ့ပုံစံအတိုင်းပဲအကျီဗလာနှင့် အောက်မှာတဘက်တထည်ပတ်၍မျက်နှာချင်းဆိုင်မှာခပ်တည်တည်နှင့်ခြေချိတ်ထိုင်နေလေသည်။ဒီကောင်လေးကအိမ်မှာနေရင်ဒီလိုပဲနေတတ်တာလားဟုအိုင်ရှာတွေးမိနေသည်။
အကာကွယ်ကင်းလွတ်နေသည့်ရင်အုပ်ကျယ်ကျယ်နှင့် ဝမ်းဗိုက်ပေါ်မှာအဖုထစ်များအားအိုင်ရှာသိသိသာသာရောမသိမသာရောကြည့်နေမိသည်။
သူ့၏ခန္ဓာကိုယ်ကိုကြည့်နေမိတာသောမြင်သွားလဲအိုင်ရှာဂရုမစိုက်မိပေ။
ဒီလောက်သူ့ကိုတပ်မက်နေမှန်းသူသိနေတာပဲကိုး အိုင်ရှာရှက်မနေတော့။
"မွှေးနေတာပဲကိုယ့်နှာခေါင်းထဲအနံ့တခုရတယ်"
"ကျွန်တော်ဟင်းချက်နေတာ"
"မင်းက! မင်းကဟင်းချက်တယ်ပေါ့လေ"
"ဒါပေါ့ မဒမ်ကံကောင်းတယ်ဒီနေ့အထူးမီနူးရှိတယ် နေ့လည်စားသွားမလားဟင်"
"ကိုယ့်ကိုမဒမ်လို့်မခေါ်ဖို့ပြောထားတယ်မလား တောင်းဆိုပါတယ်သောရယ် မင်းအဲ့လိုခေါ်တာခံရရင်ကိုယ်တို့ကသူစိမ်းတွေလိုခံစားရလို့ပါ"
သူစိမ်းမဟုတ်ဘူးလို့ပြောရအောင်ကသူတို့နှစ်ယောက်ကြားထဲဘယ်တုန်းကဒီလောက်ဆက်နွယ်မှုရှိသွားလဲသောမစဉ်းစားတတ်တော့။
စကားရှည်ရှည်ဝေးဝေးပြောမနေချင်တော့၍ နောက်မဒမ်လို့မခေါ်တော့ဟုလွယ်လွယ်ကတိပေးလိုက်သည်။
သော၏နေ့လည်စာတူတူစားဖို့ဖိတ်ကြားချက်ကိုအိုင်ရှာပျော်ပျော်ကြီးလက်ခံလိုက်လေသည်။
နှစ်ယောက်သားမီးဖိုချောင်ထဲသို့ရောက်လာကြပြီး သောကသူ့၏မည်သို့မည်ပုံချက်ပြုတ်ထားသည်များကိုအားတက်သရောရှင်းပြနေလေသည်။
မျက်စိရှေ့မှစားချင်စဖွယ်ဟင်းလျာများကိုမြင်နေရတော့လဲ အိုင်ရှာစားချင်စိတ်ရှိမနေပေ။
သူ့၏အာရုံက သော၏ပုခုံးကျယ်ကြီးများထံတွင်သာရှိနေသည်။သူ့ကိုတပ်မက်စွာစိုက်ကြည့်နေသည့်ထိုအမျိုးသမီး၏မျက်လုံးများကိုသောသိသော်လည်းမမြင်ကွယ်ရာပြုထားသည်။
သောချက်ပြုတ်ထားသည့်အိုးခွက်များကိုဆေးကြောရန်အတွက်ဘေစင်အတွင်းသို့အချတွင် အိုင်ရှာ့အားကျောပေးလျက်သားဖြစ်သွားသည်။
အိုင်ရှာဆက်လက်ထိန်းချုပ်၍မနိုင်တော့။
မျက်စိရှေ့မှကျောပြင်ကျယ်ကြီးအား ပြေး၍တိုးကပ်မိကာသော၏ခါးကိုတင်းကြပ်စွာဖက်ရင်းကျောပြင်ကိုပါးအပ်ထားသည်။
"လူဆိုးကောင်လေးတို့မင်းကိုဘယ်လောက်လွမ်းနေရလဲသိရဲ့လား လွမ်းလို့သေမတတ်ပဲ မင်းကိုကိုယ်ဘယ်လောက်တောင့်တနေလဲသိရဲ့လား"
"ခင်ဗျာ"
အနောက်မှအတင်းဖက်တွယ်လာသည့်အထိအတွေ့ကြောင့်သောမျက်လုံးကိုဝေ့ကြည့်လိုက်မိသည်။သူ့၏ခါးထက်မှာလက်များအားသောဖြုတ်ချပစ်ရင်း ကျောပေးထားရမှမျက်နှာပြန်မူလိုက်သည်။
"ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ"
"လွမ်းလိုက်တာ ဒီမျက်နှာလေးကိုလွမ်းလိုက်ရတာ လူဆိုးကောင်လေး ကိုယ့်ကိုဒီလိုချည်းရှောင်မနေပါနဲ့ နော်"
ပြောရင်းဖြင့် သော၏ပါးပြင်ထက်သို့အုပ်မိုးကိုင်တွယ်လာသည့်လက်များ။
သူ့၏ပါးပြင်အားညင်သာစွာပွတ်သပ်ကိုင်တွယ်ကာ ဆံပင်များကိုပွတ်သပ်ယုယလာသည့်လက်များအားသောမဖယ်ချရက်တော့။
"မင်းမှာကောင်မလေးရှိတယ်ဆိုတာတကယ်လို့မထင်ခဲ့ဘူး"
"အဲ့ဒီညစတွေ့ထဲကကျွန်တော်ပြောပါတယ် ကျွန်တော်ကလူလွတ်မဟုတ်ဘူးဆိုတာ"
"ဟင့်အင်း ကိုယ်မသိဘူး စိတ်လဲမဝင်စားဘူး သေချာတာကကိုယ်ဒီကမပြန်ခင်မင်းနဲ့တူတူရှိချင်တယ် သူလဲမသိစေရပါဘူး ကိုယ်ပြန်သွားရင်မင်းလဲမင်းဘဝနဲ့မင်းပြန်ဖြစ်သွားမှာပါအရင်လို အခုငါနဲ့ပဲ မရဘူး"
"ဟာ ခင်ဗျား"
သော၏ပါးထက်မှာအုပ်ကိုင်ထားသည့်လက်များအားအိုင်ရှာပြန်ရုပ်သိမ်းလိုက်ကာ သော၏ရင်ဘက်အားစတင်ပွတ်သပ်ကိုင်တွယ်တော့သည်။
သော၏ရင်ဘက်အားလက်ဖြင့်တွန်း၍ နံရံမှာကပ်စေသည်။အကာရံလစ်ဟာနေသည့် ရင်ဘက်နှင့်ဝမ်းဗိုက်နယ်မြေများအားလက်ကရဲတင်းစွာနယ်ကျော်ရင်း နှစ်ကိုယ်ကြားနီးကပ်နေချိန်သော၏ကိုယ်သင်းနံ့လေးအားအိုင်ရှာတဝကြီးရှူသွင်းနေမိသည်။
ကျောပြင်၊ရင်ဘက်နှင့်ပုခုံးနေရာအနှံ့ပွတ်သပ်ကိုင်တွယ်ရင်း သော၏နှုတ်ခမ်းပေါ်သို့ကျရောက်လာသည့်နောက်ထပ်နှုတ်ခမ်းတစ်စုံ။
သော၏နှုတ်ခမ်းများခပ်ကြမ်းကြမ်းဖိစုပ်ခံလိုက်ရပြီး သွားဖုံးများကလျှာနှင့်ထိုးမွှေခြင်းကိုခံလိုက်ရသည်။ထိုအမျိုးသမီး၏အနမ်းပင်လယ်မှာသောအလိုက်သင့်စီးမြောရင်း သာယာနေမိသည်။
စိတ်ရှိလက်ရှိအနမ်းပင်လယ်ကြီးထဲမှာစီးမြော၍ဝတော့
"မင်းနှုတ်ခမ်းတွေ၊စီးကရက်နံ့ရတဲ့မင်းရဲ့နှုတ်ခမ်းလေး ကိုယ်သိပ်သဘောကျတာပဲ"
"အေး ခင်ဗျား လာဆွပြီးရင်တာဝန်ယူရမယ်နော်"
"တဘဝလုံးတာဝန်ယူချင်တဲ့ကိုယ်ပါ"
သော၏ရင်ဘက်အားအတင်းဖိကပ်နမ်းလိုက်ရင်းရင်ဘက်မှဝမ်းဗိုက်ထိအိုင်ရှာလျှာဖြင့်လျက်လိုက်သည်။
အေးစက်စက်လျှာ၏အထိအတွေ့မှာသောတွန့်ကနဲဖြစ်သွားပြီးညဉ်းသံထွက်ပေါ်လာသည်။
ဆက်လက်၍သော၏ပုခုံးများ၊လက်မောင်းများနှင့် collarbone လေးကိုပါအိုင်ရှာအငမ်းမရလျှာဖြင့်လျက်နေမိသည်။
"အား ခင်ဗျား တာဝန်ယူရမယ်နော်"
"တဘဝလုံးတောင်တာဝန်ယူမယ်လို့ပြောထားတယ်မဟုတ်လားကွယ်"
အိုင်ရှာ့၏လက်များသည်နယ်ကျော်လာကာတဘက်အောက်မှအရာကိုလဲကိုင်တွယ်လာပြီး
"မင်းအနံ့လေးကိုသဘောကျလိုက်တာ"
"...."
"ဘောင်းဘီနားကအနံ့လေးသေလောက်အောင်သဘောကျတယ် ကိုယ်အဲ့နေရာလေးကိုထပ်မွှေးကြည့်ချင်တယ်ခွင့်ပြုမလားဟင်"
"အား ရှီး ရူးတော့မှာပဲ ခင်ဗျားနဲ့တော့ ကျွန်တော့်ကိုနမ်းပါ"
"အင်း အချစ်ကလေး"
သော၏နှုတ်ခမ်းများအားနောက်တကြိမ်ထပ်မံနမ်းရှိုက်ရန်ဟန်ပြင်လိုက်စဉ် ရုတ်တရပ်ထွက်ပေါ်လာသည့်အသံကပူးကပ်တော့မည့်နှုတ်ခမ်းနှစ်ခုအားဆွဲခွာပြီးသားဖြစ်သွားသည်။
"ဒါကဘာဖြစ်နေကြတာလဲ"
ရုတ်တရပ်ထွက်ပေါ်လာသည့်အသံခပ်ရှရှလေးကြောင့်သောခေါင်းနပန်းကြီးသွားရသည်။ချက်ချင်းပင်သူ့အရှေ့မှအိုင်ရှာအားတွန်းဖယ်လိုက်ပြီး အသံလာရာဆီကိုအထိတ်တလန့်ကြည့်မိသည်။
မီးဖိုချောင်အဝမှာရပ်နေသည့်ခင့်ကိုမြင်တော့သောဘာလုပ်ရဘာကိုင်ရမှန်းမသိဖြစ်သွားသည်။အနေအထားကဘယ်လိုမှငြင်း၍လဲမရနိုင်။
သူ့အားအံ့ဩခြင်းရော၊စိတ်ပျက်ခြင်းပါရောထွေးနေသည့်အကြည့်များဖြင့်ကြည့်နေသည့်ခင့်ကိုသူဘယ်လိုစရှင်းပြရမလဲမသိတော့။
"ဘေ ဘေဘီ"
"...."
"ဘယ်လိုအထဲရောက်လာတာလဲဟင်"
"တံခါး password ကအရင်အတိုင်းပဲလေဖွင့်ဝင်လာတာပေါ့ မေးရမှာကကိုကို့ပါ အဲ့တာဘာလုပ်နေကြတာလဲ ဟမ်း"
"ဘေဘီထင်သလိုမဟုတ်ပါဘူး ကိုကိုရှင်းပြမယ်"
သော အလျင်မြန်ခင့်အနားသို့ပြေးကပ်သွားကာ ခင့်၏လက်ကလေးကိုကိုင်ရန်လက်လှမ်းလိုက်သည်။
ခင်သည် သူ့၏လက်ကိုထိကိုင်လာသည့်သော၏လက်အားခါထုတ်လိုက်ပြီး အနောက်သို့ခြေလှမ်းများဆုတ်သွားကာ
"လာမထိနဲ့ အနားတိုးမလာနဲ့"
"ဘေဘီလေး ကိုကိုတကယ်မင်းထင်သလိုမဟုတ်..
"မြင်ကွင်းကရှင်းပါတယ်ကိုကိုခင်အကုန်မြင်လိုက်တယ် ထင်သလိုမဟုတ်ဘူးဆိုတော့ကိုကိုကဘယ်လိုရှင်းပြချင်သေးလို့လဲ ပြောပါ တောက်လျှောက်အလိမ်ခံလာပေးတာပဲ အခုလဲပြောပါအုန်း ကိုကို့ပုံပြင်တွေနားထောင်ပါရစေ"
"ဘေဘီ ကိုကို အိမ်မှာရှိနေခဲ့တာ ကိုကိုသူ့ကိုလဲလာဖို့မခေါ်ခဲ့ဘူး သူ့ဟာသူအိမ်အဝရောက်လာတာ ကိုကို ဘယ်လိုပြောရမလဲ ကိုကိုရိုးရိုးသားသားနဲ့သူ့ကိုအိမ်ထဲအဝင်ခံခဲ့တာ သူ့ဟာသူကိုကို့ကိုလာပြီးအဲ့လိုတွေလုပ်တာ"
သော၏အသံသည်အက်ရှနေပြီး အပြစ်သားတယောက်လိုကတုန်ကယင်ဖြစ်နေသည်။
သောခြေမကိုင်မိလက်မကိုင်မိဖြစ်နေပြီး သူ့၏အတွေးထဲမှာလဲခင်သူ့ကိုစွန့်ခွာသွားမည်ကိုတွေးကာသွေးပျက်ထိတ်လန့်နေမိသည်။
တဖက်မှာခင်မှာတော့ မျက်ရည်ကိုထိန်းကာမျက်နှာထားကိုတင်းမာရင်းဖြင့် ရှိုက်သံသဲ့သဲ့ကတချက်တချက်စကားသံမှာရောနှောထွက်ပေါ်လာသည်။ခင်လက်ထဲမှာကိုင်ဆွဲထားသည့်အထုပ်ကိုသာကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားမိသည်။
ခင်ဒီနေရာမှာခြေထောက်တွေယိုင်လဲကျမသွားအောင်အတော်အားယူ၍ရပ်နေရသည်။
"တောင်းပန်ပါတယ် ကိုကိုတောင်းပန်ပါတယ်တုံတုံရယ် ကိုကိုကတကယ်ရိုးရိုးသားသား...
"ရိုးရိုးသားသား" "ရိုးရိုးသားသား" ထိုစကားသည်ခင့်၏နားထဲမှာပဲ့တင်၍ထွက်လာသည်။ရိုးရိုးသားသားတဲ့ ရိုးရိုးသားသားပေါ့လေ။ထိုစကားလုံးကြောင့်ခင့်၏အတတ်နိုင်ဆုံးထိန်းချုပ်ထားသည့်ဒေါသများဝုန်းကနဲပေါ်ထွက်လာတော့သည်။
"ဘယ်လိုလူတုန်း ဒီလောက်တောင်အရှက်မဲ့ရလား ဒီလိုစကားကိုအခုအခြေနေမှာပါးစပ်ကမချပြောနေနိုင်တာအရှက်ရောရှိသေးရဲ့လား ဟင့် ဟမ်း ဘာကိုရိုးရိုးသားသား ဘာကရိုးရိုးသားသားလဲ ယောင်္ကျားလေးတယောက်ပဲနေတဲ့ကွန်ဒိုမှာကောင်မတကောင်ကရှိနေပြီး အဝတ်တောင်မပါပဲတဘက်တထည်နဲ့နမ်းနေကြတာရိုးရိုးသားသားလား ဘယ်ဟာကရိုးရိုးသားသားလဲ ဟမ်း ကုတင်ပေါ်မရောက်သေးလို့ရိုးသားတယ်ပြောနိုင်သေးတာလား ပြောပါအုန်း တလျှောက်လုံးချစ်တဲ့စိတ်တခုနဲ့ကြားသမျှသိသမျှမျက်စိမှိတ်ပေးထားလို့ငါ့ကိုစောက်တုံးမများမှတ်နေလား အေးပါ ငါကစောက်တုံးမပါ အရာအားလုံးကိုသည်းခံမမြင်ဟန်ပြုပေးထားတဲ့ငါကစောက်တုံးမကြီးပါ ငါကအဲ့လောက်တောင်အပေါစားဆန်နေရတာလား မုန်းတယ် မုန်းတယ်"
ခင့်၏လေသံသည်ပြောရင်းပြောရင်းမြင့်တက်လာကာ ဝမ်းနည်းနေသည့်စိတ်ရောဒေါသပါရောယှက်ပေါင်းစပ်၍အသံကကတုန်ကယင်ဖြစ်နေသည်။
တလျှောက်လုံးမြိုသိပ်လာခဲ့ရသည့်စကားလုံးများ ယနေ့မှာတော့ခင့်၏နှုတ်မှဆို့နင့်စွာထွက်ပေါ်လာတော့သည်။ခင့်၏ရင်မှာမီးနှင့်မြိုက်သလိုပူလောင်နေရသည်။စကားသံများမှာတချက်တချက်တိမ်ဝင်သွားပြီး ရှိုက်သံကိုထိန်းကာအားယူ၍ပြောနေရသည်။
"ဘေဘီ တောင်းပန်ပါတယ် ကိုကိုဘာလုပ်ပေးရမလဲ ပြော ကိုကို့ကိုပြော ကိုကိုတောင်းပန်ပါတယ်ဘေဘီလေးရယ် ကိုကို့ကိုကြိုက်တဲ့အပြစ်ပေးပါနော် ကိုကိုခံပါ့မယ်"
"ငါကအဲ့လောက်တောင်ကိုကို့အတွက်လွယ်နေရတာလား ဟင်း တွေ့ရာမိန်းမနဲ့ကြိုက်သလိုအိပ်မယ် ငါ့ကိုကျတော့ကိုကိုထားတဲ့နေရာမှာအရုပ်တရုပ်လိုချောင်ထိုးထားချင်တာမလား ငါ့ကိုကျကိုကိုထားရာနေပြီးကိုကို့တယောက်ကိုပဲကြည့်ပြီး၊ကိုကို့ကိုပဲချစ်စေချင်တယ်မလား အဲ့တာကတရားသလား ငါလဲအဲ့လိုမနေနိုင်တော့ဘူး ကိုယ့်အပိုင်ဖြစ်နေတာတောင်ခိုးတွဲနေရသလိုခံစားနေရတာမုန်းလာပြီ ဒီလိုလဲဆက်မနေနိုင်တော့ဘူး လုံးဝသည်း ခံ နိုင်စွမ်းမရှိတော့..ဘူး ငါတော်ပြီ ဒီလောက်ဆိုတော်..ပါပြီဟာ ဟင့်"
သောမှာဘာလုပ်လို့လုပ်ရမှန်းမသိ။ခင့်၏လက်နှစ်ဖက်အားဆွဲယူကာ သူ့၏ရင်ဘက်မှာအတင်းဆွဲအပ်၍ ခင့်၏ခန္ဓာကိုယ်ကိုသူနှင့်ပိုနီးကပ်အောင်ဆွဲယူထားသည်။ခင်ကသူ့၏အသားကိုထိမခံပဲ လက်ထဲမှအတင်းရုန်းကာရုန်းရင်းဆန်ခတ်ဖြစ်နေသည်။
"လွှတ် အခုလွှတ် အဲ့ဒီမိန်းမကိုထိထားတဲ့လက်တွေနဲ့ငါ့ကိုလာမထိနဲ့လို့ အခုလွှတ် မုန်းတယ် ဟင့် ဟင့် အင်း ခုလွှတ်လို့"
"ဟင့်အင်း ဘေဘီဘာတွေပြောနေတာလဲ ဘာကိုတော်မှာလဲ နားထောင်ကိုကိုမင်းကိုချစ်တယ် ဘယ်မှပေးမသွားနိုင်ဘူး မင်းကငါ့အပိုင်"
"မချစ်ဘူး မချစ်ဘူး ကိုကိုငါ့ကိုမချစ်ဘူး"
သော၏ရင်ဘက်ပေါ်မှသူ့၏လက်ကိုခင်အတင်းဆောင့်ရုန်းလိုက်ပြီး သော၏မျက်နှာကိုမော့ကြည့်ကာမျက်လုံးအတွင်းသို့စေ့စေ့ကြည့်၍ကျယ်လောင်
စွာအော်လိုက်မိသည်။
"ငါ့ကိုမချစ်ဘူး ကိုကိုကငါ့ကိုကို့ကိုချစ်နေတာကိုကြိုက်တာ ကိုကို့တယောက်ကိုပဲချစ်နေစေချင်တာ ငါ့ဆီကပဲအချစ်ခံချင်ဂရုစိုက်ခံချင် အရာရာအလျှော့ပေးခံပြီးပြားပြားဝပ်ပြီးချစ်နေပေးတာကိုခံချင်တာ ငါ့ကိုဘယ်တုန်းကမှမချစ်ခဲ့ဘူး ကိုကိုသာချစ်ရင်ငါ့ကိုဝမ်းနည်းအောင်အကြိမ်ကြိမ်လုပ်နေမှာမဟုတ်ဘူး"
"မဟုတ်ရပါဘူး ဘေဘီအထင်လွဲတာပါ ကိုကိုဘေဘီ့ကိုသိပ်ချစ်တာပါ ဒီမှာလေကိုကိုတို့ရဲ့ ringလေး ဒီမှာကိုကိုတို့ရဲ့ tattoo လေးလေ မင်းလက်လေးမှာလဲကြည့်လိုက်လေ ကြည့်ပါအုန်းအချစ်ကလေးရယ်"
သောသည်ပြောရင်းဖြင့်သူ့၏ဘယ်ဘက်လက်ကိုထောင်ပြရင်းလက်သူကြွယ်မှ Matching tattoo လေးအားထောင်ပြလာသည်။
သော၏ဘယ်ဘက်လက်ခလယ်တွင်လဲပလက်တီနမ်ဖြင့်ပြုလုပ်ထားသည့်နှစ်ယောက်သား၏ 3လပြည့်အထိမ်းအမှတ် couple လက်စွပ်လေးရှိနေသည်။
"ဒီမှာကိုကိုတို့ရဲ့ monthsary လက်စွပ်လေးလေ ဒါလေးကိုရဖို့ကိုယ်တို့ကြိုးစားပြီးဘယ်လောက်တောင်ငွေစုခဲ့ရလဲပြန်တွေးကြည့်ပါ"
သော၏ဒီအပြောမှာတော့ခင်ခေတ္တတွေဝေသွားပြီး ငြိမ်ကျသွားသည်။သော ခင့်၏လက်ကိုအမိအရလှမ်းဖမ်းယူလိုက်ပြီးခင့်၏လက်မဖိုးလေးကိုနှာခေါင်းမြုပ်မတတ်နမ်းရှိုက်လိုက်မိသည်။
"ဟင့်အင်း တော်ပြီ ဘာ monthsary ဘာ Anniမှမထောက်နိုင်တော့ဘူး အဲ့လက်စွပ်ကို ကိုကိုဒီလောက်မက်နေရင်ယူသာထားတော့ ရော့ ဟင့်"
အမြဲကိုယ်နှင့်မကွာသွားလေးရာမချွတ်တမ်းဝတ်ထားတတ်သည့်ဒီလက်စွပ်လေးကိုဒီနေ့မှာတော့ ခင်လက်ပေါ်မှဆွဲဖြုတ်လိုက်သည်။
ထိုလက်စွပ်ဖြင့်သော၏မျက်နှာကိုပစ်ပေါက်လိုက်မိသည်။သောကမျက်နှာသို့ထိမှန်လာသည့်လက်စွပ်ကိုအောက်သို့အကျမခံပဲအလျင်မြန်ဖမ်းယူလိုက်သည်။ပိုပြီးတင်းမာလာသည့်အနေအထားကြောင့်သောမျက်လုံးကိုစုံမှိတ်ကာဖြေရှင်းနည်းကိုအသဲသန်ရှာဖွေနေမိသည်။
ထိုစဉ်အိုင်ရှာ့ဘက်မှတချိန်လုံးရပ်ကြည့်နေခဲ့ရာမှာ ရုတ်တရပ်စကားသံထွက်ပေါ်လာသည်။ထိုနိုင်ငံခြားသားအမျိုးသမီးမှအင်္ဂလိပ်လိုထွက်လာသည့်စကားသံကိုခင်သေချာတော့မကြားလိုက်ရ။
ခင်ချက်ချင်းပင် သု့နံဘေးရှိရေခဲသေတ္တာပေါ်မှာတင်ထားသည့်ပန်းအိုးအသေးလေးဖြင့်အိုင်ရှာထံသို့လှမ်းပစ်ပေါက်လိုက်သည်။
အိုင်ရှာခေါင်းငုံ့ရှောင်လိုက်၍ထိမသွားပဲ ပန်းအိုးကခေါင်းပေါ်မှဖြတ်သွားကာ နံရံကိုသွားထိသည်။
သောရော အိုင်ရှာပါအထိတ်တလန့်ဖြစ်သွားကာ ပန်းအိုးကွဲသံကြီးကမီးဖိုခန်းထဲမှာကျယ်လောင်စွာထွက်ပေါ်သွားသည်။သော ခင့်အားမယုံကြည်နိုင်စွာမျက်လုံးအဝိုင်းသားဖြင့်ကြည့်နေမိသည်။
"ပါးစပ်ပိတ်ထား ဒါငါတို့ပြဿနာ ဘာတခွန်းမှဝင်မပြောနဲ့ ပါးစပ်ကိုစေ့စေ့ပိတ်ထားလိုက်ငါတခုခုမလုပ်မိအောင်"
ခင် အင်္ဂလိပ်ဘာသာစကားဖြင့်သတိပေးစကားဆိုလိုက်သည်။အိုင်ရှာမကျေမချမ်းသည့်ဟန်ဖြင့် မျက်လုံးကိုဝေ့ဝိုက်ကြည့်ပြသော်လည်း ခင့်စကားအတိုင်းဘာတခွန်းမှထပ်ဟမလာတော့။
"ဘေဘီစိတ်လျှော့ပါ"
"ငါပြန်မယ်"
ပြောရင်းဖြင့်အရှေ့ဘက်သို့လျှောက်ထွက်သွားသော ခင့်၏အနောက်ကိုသောအလျင်အမြန်ပြေးလိုက်ရင်းဖြင့် ခင့်ကိုအနောက်ဖက်မှတင်းကြပ်စွာဖက်ထားလိုက်သည်။
ရုန်းကန်လှုပ်ရှားနေသည့်ခင့်ကိုသော လုံးဝထွက်သွားခွင့်မပေး။အနောက်ဖက်မှနေ၍
ခင့်၏လက်ကောက်ဝတ်ကိုသူ့၏လက်သန်သန်များဖြင့်အတင်းဆုပ်ကိုင်ထားရင်း တင်းတင်းကြပ်ကြပ်ဆွဲဖက်ထားသည်။
သောအံကိုတင်းတင်းကြိတ်ထားပြီးလေသံကိုအတတ်နိုင်ဆုံးထိန်းထားကာ
"မသွားရဘူး ဘယ်ကိုမှမသွားရဘူး လမ်းခွဲမယ့်စကားအခုချက်ချင်းပြန်ရုပ်သိမ်းပေး သေတောင်ငါ့ဆီကထွက်သွားလို့မရဘူး"
"မနေနိုင်တော့ဘူး ငါသည်းမခံနိုင်တော့ဘူး သည်းခံတာအတိုင်းအတာရှိတယ် ဒီလောက်နဲ့တော်ပြီ ထပ်မပက်သက်နိုင်တော့ဘူး"
"ဘာပြောလိုက်တယ် မင်းဘာပြောလိုက်တယ်တုံတုံ ပြန်ပြောစမ်း"
ခင့်၏နှုတ်မှစကားများအားသောအံ့ဩလွန်း၍ချုပ်ကိုင်ထားသောလက်များကိုပင်ယောင်ယောင်အမ်းအမ်းလွှတ်ချလိုက်မိသည်။
လက်များဖြေလျော့သွားသည်နှင့် ချက်ချင်းပင်ရုန်းထွက်သွားသောခင့်၏ကျောပြင်ကိုကြောင်အမ်းအမ်းငေးကြည့်နေမိသည်။
ဒါကအိမ်မက်တခုလား။ခင့်၏နှုတ်မှဒီလိုစကားတွေကြားနေရတာသူမယုံနိုင်။
ဘယ်သောအခါမှလမ်းခွဲဖို့စကားကိုယောင်လို့တောင်မစနောက်တတ်သည့်ကလေးကအခုသူ့ကိုဆက်မပက်သက်ချင်တော့ဘူးတဲ့လား။
သော စို့တက်လာသည့်မျက်ရည်စများကိုထိန်းကာမျက်တောင်ကိုပုတ်ခတ်ပုတ်ခတ်လုပ်ရင်း
"တုံတုံ မသွားနဲ့ လာအုန်း"
တံခါးဝဆီသို့လျှောက်သွားရန်ပြင်လိုက်သည့်ခင့်ကိုသောလက်ကိုအတင်းဆောင့်ဆွဲကာ သူနှင့်မျက်နှာချင်းဆိုင်စေပြီး ခင့်၏ပုခုံးကိုအားပြင်းပြင်းဖြင့်ဆုပ်ကိုင်ထားရင်း
"ပြန်ရုပ်သိမ်း အခုပြန်ရုပ်သိမ်းအဲ့စကားကို မင်းကိုယ့်ကိုမချစ်တော့ဘူးလား ဟမ်း မချစ်တော့လို့ဒီလိုတွေပြောနေတာလား မင်းဘာဖြစ်ချင်လဲ ပြော အခုပြော ငါအားလုံးလုပ်ပေးမယ်"
ပို၍ကျယ်လောင်လာသည့်သော၏ဒေါသသံနှင့်အတူ ခင်လဲဝမ်းနည်းစိတ်ပို၍လှိုက်ဖိုလာသည်။
ပုခုံးကိုအားဖြင့်ဆွဲညှစ်ကာ မျက်နှာအနားကိုကပ်၍အော်လိုက်သည့်သော၏အသံကြောင့်ခင့်ကိုယ်လေးတုန်ရင်သွားသည်။
ပါးပြင်ပေါ်မှာပိုးပိုးပေါက်ပေါက်ကျဆင်းနေသည့်မျက်ရည်များကတားမရဆီးမရ။
"မင်းဘာဖြစ်ချင်လဲ ဘာဖြစ်ချင်လဲလို့!!
"မင်းရဲ့ဆန္ဒကငါ့ကိုတယောက်ထဲအပိုင်ရချင်တာ မင်းကိုလက်ထပ်စေချင်တာမလား မင်းနဲ့ပဲအခြေတည်ချင်မလား အေး အခုအဲ့ဆန္ဒကိုဖြည့်ဆည်းပေးမယ် အခုချက်ချင်းတရားရုံးသွားမယ် လက်ထပ်မယ် ငါဒီနေ့မင်းယောကျာ်းဖြစ်လာစေရမယ်"
"တော်ပါတော့ ခင် ဘယ်တုန်းကမှ ဟင့် အလောတကြီးလက်ထပ်ပါလို့မပြောခဲ့ဖူးဘူး ဟမ်း ပြန်စဉ်းစားပါအုန်း အနာဂတ်အကြောင်းတိုင်ပင်တိုင်းဘယ်တုန်းကတောင်ကိုကိုစိတ်ဝင်စားဖူးလဲ ဟမ်း ဘာကိုအခုလက်ထပ်မှာလဲ ကိုကိုလို့လူကိုလဲခင်လက်မထပ်ချင်တော့ဘူး"
"ငါကဘာဖြစ်နေလို့လဲ ဟမ်း ပြောလေ ပြော မင်းကဘယ်ကောင်ကိုယူချင်နေလို့လဲ ငါ့ကိုဒီလိုတွေပြောနေတာ"
"ကိုကို့အပြစ်ကိုခင်အပြစ်မလုပ်နဲ့ ဖောက်ပြန်တာခင်မဟုတ်ဘူး ကိုကိုသာဖောက်ပြန်တာ ကိုကိုကသာအမြဲအိုင်တွေ့ရာခြေဆေးနေခဲ့တာ ကိုကိုပဲ အားလုံးကိုကိုပဲ"
"အေး တောက်"
ပို၍ပြင်းထန်လာသည့်အခြေအနေနှင့်အတူနှစ်ယောက်သားကတယောက်နှင့်တယောက်ကျယ်လောင်စွာအော်ပြောရင်းနှင့် ပြဿနာကပို၍ကြီးထွားလာသည်။ဒီတကြိမ်တွင်တော့ခင်လုံးဝကိုအလျှော့မပေးနိုင်တော့။သော၏အမှားတွေကိုပဲထောက်ပြကာ သောကိုခံစားရအောင်အပေါ်ဆီးမှဖိပြောနေသည်။
ကိုကိုလဲဒီလောက်တော့ပြန်နာကျင်ရဖို့ထိုက်တန်သည်မဟုတ်လား။
နောက်ဆုံးခင်ဒီနေရာမှအဝေးဆုံးကိုထွက်သွားရန်အိမ်တံခါးကိုလက်လှမ်းလိုက်သည့်အခါမှာတော့ သော၏ခြေထောက်များခွေယိုင်ကျသွားတော့သည်။
ခင့်၏အရှေ့မှာဒူးထောက်လိုက်ရင်း ခင့်၏လက်ကိုဆွဲကိုင်လိုက်ကာ အသနားခံသည့်မျက်ဝန်းတို့ဖြင့်
"ဘေဘီကိုကိုတောင်းပန်ပါတယ် ကိုကိုမင်းမကြိုက်တာအားလုံးပြင်ပါ့မယ် ကိုကိုကတိပေးပါတယ် ကိုကို့မှာမင်းပြီးရင်မင်းပဲရှိစေရပါမယ် ဒီတကြိမ်တော့ကိုကို့ကိုခွင့်လွှတ်ပေးပါ ဒါအနူးအညွှတ်တောင်းပန်နေတာပါ ကိုယ်အရှုံးပေးပါတယ် ကိုကိုတခြားလူနဲ့အိပ်တယ် ကိုကိုဖောက်ပြန်တယ် ဒါပေမဲ့ ကိုကိုဘယ်ကောင်မကိုမှမချစ်ဘူး ကိုကို့ဘဝမှာအရေးအကြီးဆုံးကမင်းဆိုတာအခုသိလိုက်ပြီမလို့ဒီတကြိမ်တော့ခွင့်လွှတ်ပေးပါ ကိုကိုအနူးအညွှတ်တောင်းပန်နေတာပါရှိသမျှမာနလဲခဝါချထားလိုက်ပါပြီ"
မျက်စိရှေ့မှကြမ်းပေါ်တွင်ဒူးထောက်ထိုင်ချကာ မျက်ရည်ကြည်များဝေ့ဝဲနေသည့်မျက်ဝန်းများဖြင့်သူ့ထံစိုက်ကြည့်ကာ ငိုသံကိုထိန်းကာအားတင်း၍ပြောနေသည့်ကိုကို့၏စကားသံများမှာခင်ဝမ်းနည်းပက်လက်ငိုကြွေးမိပါတော့သည်။
ကိုကို့ကိုကြည့်ကာစိတ်မကောင်း။
သူငိုတော့သောသည်လဲလိုက်၍ငိုသည်။ကိုကို့မျက်ရည်တွေကိုကြည့်ရင်းခင်မှာစိတ်ပင်ပျော့ခွေသွားသည်။ဘယ်လောက်တောင်ချစ်ခဲ့ရတဲ့လူလဲ။
ဒီလောက်ကြီးထိတောင်းပန်နေတာကို ပစ်ပစ်ခါခါလုပ်ပစ်ဖို့ထိလဲခင်အသဲမမာ။ဒီယောကျာ်းအတွက်ဆိုသူဟာသိပ်ကိုပျော့ညံ့လွန်းသည်။
သို့သော်ကိုကို့ခန္ဓာကိုယ်ပေါ်သို့ကျရောက်နေသည့်ထိုမိန်းမ၏လက်များကိုပြန်မြင်ယောင်လာရင်စိတ်ကပြန်လည်မာကြောလာသည်။
"ဟင့်အင်း ကိုကိုတော်ပြီ ဟင့်ဟင့် ဒီလောက်ထိနှိပ်စက်ပြီးရင်တော်လောက်ပါပြီ "
"ကိုကိုကတိပေးပါတယ် ဒါနောက်ဆုံးအကြိမ်ပါ ကျေးဇူးပြုပြီး"
"ကိုကိုကတိမတည်ဘူး ကိုကိုကတိဖျက်တာ142ကြိမ်"
အက်ကွဲပြတ်ရှနေသည့်လေသံဖြင့်စကားတခွန်းအဆုံး ရုန်းထွက်သွားသောလက်တစ်စုံကိုဒီတကြိမ်တွင်တော့သောဖမ်းချုပ်မထားတော့ပဲ လက်လွှတ်ပေးလိုက်မိသည်။ကွန်ဒိုထဲမှထွက်ခွာသွားသောခင့်၏ဖြူလျလျပုံရိပ်လေးကိုကြည့်ကာသောငိုချလိုက်မိတော့သည်။
ခေါင်းကိုငိုက်စိုက်ချကာ တာကျိုးလာသည့်မျက်ရည်စများအားဖုံးကွယ်ချင်၍ မျက်နှာကိုလက်ဖြင့်အုပ်ကာခေါင်းကိုတွင်တွင်ငုံ့၍ ပိတ်လျက်သားဖြစ်သွားသည့်တံခါးကိုမှီကာငိုနေမိသည်။
တံခါးကိုခေါင်းခပ်ပြင်းပြင်းတချက်ဆောင့်ချလိုက်ရင်း လက်သီးဖြင့်နံဘေးမှနံရံအားဆင့်ကာဆင့်ကာထိုးချရင်းဖြင့် ကိုယ့်ကိုကိုယ်မကျေနပ်စွာအပြစ်တင်နေမိသည်။
"အကုန်ငါမှားတာ အကုန်ငါ့အမှား စောက်သုံးမကျတဲ့ကောင် ကဲကွာ"
"ဒုန်း ဖောင်း"
ခင်ပစ်ပေါက်ခဲ့သည့်လက်စွပ်ကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်းဖြင့် နံရံကိုလက်သီးဖြင့်အရှိန်ပြင်းပြင်းထိုးကာ ကြေကွဲပက်လက်ငိုနေမိသည်။
အခုသူမပြုပြင်နိုင်တော့ဘူးလား။ခင်ကသူ့ဘဝထဲမှအပြီးတိုင်ထွက်သွားခြင်းဟုတွေးလိုက်မိတိုင်းသောပို၍ယူကြုန်းမရဖြစ်နေမိသည်။သူ့မိန်းကလေးကိုတခြားတယောက်ကပိုင်ဆိုင်သွားခဲ့ရင်ရော..။
သော တွေးမိလေတွေးမိလေကိုယ့်ကိုကိုယ်ပို၍ဒေါသဖြစ်မိလာသည်။
"သေလိုက်တော့ သွားသေလိုက်တော့"
ထိုစဉ်နံရံပေါ်သို့သော၏လက်သီးချက်များကိုတားဆီးရန် သော့၏လက်ကိုအနောက်ဖက်မှနူးညံ့လှသည့်လက်ဖြူဖြူသွယ်သွယ်တစုံကဆုပ်ကိုင်လာသည်။
"တော်ပါတော့ မင်းလက်တွေပေါက်ပြဲကုန်တော့မယ် ဒီမှာရပ်လိုက်ပါတော့"
"ခင်ဗျားသိလား ခင်ဗျားနားလည်လား ကျွန်တော့်ကောင်မလေး ဒီလိုကောင်မျိုးကိုသဲသဲလှုပ်ချစ်ပေးတဲ့ကျွန်တော့်ကောင်မလေး အခုကျွန်တော်ဘာလုပ်လိုက်မိပြီလဲသိလား စနောက်ပြီးတောင်ငြိုငြင်စကားမဆိုဖူးတဲ့လူကအခုစိတ်ပျက်သွားပြီတဲ့ ကျွန်တော့်ကောင်မလေး ဟမ်း ကျွန်တော့်ကိုသူပစ်သွားပြီ ဒါခင်ဗျားနားလည်လား ဟမ်း ခင်ဗျားဒါတွေသိလား"
သော၏ငိုယို၍အော်ဟစ်ပြောကြားနေသည့်စကားများမှာအိုင်ရှာဘယ်လိုတုံ့ပြန်ရမလဲမသိတော့။ကလေးတယောက်လိုသည်းထန်စွာငိုကြွေးနေသည့်သော၏ကျောကိုခပ်ဖွဖွပွတ်သပ်ပေးရင်းဖြင့်ပင်ဘေးမှနှစ်သိမ့်ပေးနေမိသည်။
"အကုန်ကျွန်တော်မှားတာ အကုန်ငါ့အမှား"
"မင်းမမှားပါဘူးကွယ် ပြန်အဆင်ပြေနိုင်ပါတယ် မျှော်လင့်ချက်ရှိပါသေးတယ်မင်းတို့မှာ"
အိုင်ရှာ၏စကားကြောင့်သောတချက်တွေဝေသွားကာအိုင်ရှာ့၏မျက်နှာကိုစေ့စေ့ကြည့်ရင်းဖြင့် တခုခုကိုအတွေးပေါက်သွားသည်။ဟုတ်တာပေါ့။အမှန်ပဲ။
"ဟုတ်တာပေါ့ ကျွန်တော်မမှားဘူး မှားတာခင်ဗျား ကျွန်တော့်ဘာသာအေးချမ်းနေခဲ့တာ ခင်ဗျားကဂြိုလ်ဆိုးပဲ ခင်ဗျားကိုအိမ်ထဲခေါ်သွင်းမိတာကျုပ်အမှားပဲ ခင်ဗျားရောက်လာလို့ဒီလိုတွေဖြစ်ကုန်တာ အခုထစမ်း"
ပြောရင်းဖြင့်သောသည်ဒူးထောက်နေရာမှထရပ်လိုက်ကာ သူ့နံဘေးမှဒူးထောက်နေခဲ့သည့်အိုင်ရှာအားကြမ်းမှဆွဲထူလိုက်ကာ တံခါးကိုဖွင့်၍ ကွန်ဒိုအပြင်ဖက်သို့ဆွဲထုတ်လိုက်သည်။
အပြင်ဖက်သို့ဆောင့်တွန်းထုတ်လိုက်ပြီး
"ထွက်သွား အပျက်မ ထွက်သွား နေအုန်း"
သော ကွန်ဒိုတံခါးအားဆောင့်ပိတ်ချလိုက်ကာ မီးဖိုအတွင်းမှအိုင်ရှာ့၏လက်ကိုင်အိတ်နှင့်သစ်သီးခြင်းကိုပါမကျန်ယူလာသည်။တံခါးကိုနောက်တကြိမ်ထပ်ဖွင့်လိုက်ပြီး ထိုပစ္စည်းများကိုပါအပြင်သို့လွှတ်ပစ်လိုက်ပြီး
"ထွက်သွား အပျက်မ ခင်ဗျားကြောင့်အကုန်ခင်ဗျားကြောင့်"
"သော နေပါအုန်း တောင်းပန်ပါတယ် တောင်းပန်
တွန်းချခံရ၍ပစ်လှဲနေရာမှထစကားဆုံးအောင်မပြောလိုက်ရခင်မှာပင် ပိတ်တော့မည့်တံခါးရွက်ကိုတားရန်အနားသို့အတင်းပြေးကပ်သွားသော်လဲ တံခါးသည်စေ့စေ့ပိတ်သွားခဲ့လေပြီ။သူ့အား ဒီနေရာမှနှင်ထုတ်နေသည့်စေ့သွားသည့်တံခါးရွက်ကိုကြည့်ကာ အိုင်ရှာပုခုံးကိုတွန့်၍ခေါင်းခါလိုက်မိသည်။
ဒီနေရာမှသူ့ကိုမကြိုဆို၍ အိုင်ရှာစိတ်ပျက်လက်ပျက်နှင့်ကြမ်းပြင်ပေါ်မှသောပစ်ချသွားသည့်လက်ဆွဲအိတ်ကိုကောက်၍ ကြမ်းပေါ်မှာဖရိုဖရဲထွက်ကျနေသည့်သစ်သီးလေးများကိုတလုံးချင်းစီခြင်းထဲပြန်ကောက်ထည့်သည်။
"အာဟာရရှ်ိအောင်စားစေချင်ခဲ့တာ"
စွန့်ပစ်ခံခြင်းခံရသည့်ခြင်းထဲမှအရောင်အသွေးစိုပြေလှသည့် ဗီတာမင်ဓာတ်အပြည့်ဖြင့်ပန်းသီးနှင့်လိမ္မော်သီးလေးများသည်သိမ်ငယ်နေသယောင်ယောင်။
အိုင်ရှာထိုသစ်သီးခြင်းလေးထဲမှသစ်သီးများအား အတတ်နိုင်ဆုံးနေရာတကျဖြစ်အောင်ပြန်စီ၍ သောတံခါးဖွင့်မိရင်ယူပါစေဟူသောစိတ်ကလေးဖြင့်တံခါးဝမှာချထားမိသည်။
ခြင်းထဲမှ လက်ခံသူမရှိသည့်သစ်သီးကလေးများသည်မျက်နှာငယ်စွာသူ့ကိုကြည့်နေသလိုပင်။အိုင်ရှာနောက်ဆုံးမပြန်ခင် အထဲမှာရှ်ိနေမည့်အဆိုးအသွမ်းလေးကိုတံခါးကိုခပ်ဖွဖွခေါက်၍နှုတ်ဆက်လိုက်သည်။
"ကိုယ်ပြန်ပြီ"
***
ထိုမနက်အိမ်ပြန်ရောက်သည့်နေ့ထဲကစ၍ ခင်ကိုကို့ကိုအဆက်အသွယ်ဖြတ်တောက်ထားမိသည်။ကိုကို့ဖုန်းကိုလဲမကိုင်၊စာလဲမပြန်ပဲနှင့်ပေတေ၍နေနေမိသည်။အခုချိန်ထိခင့်၏စိတ်ကကိုကို့ဆီကိုမပြတ်သားနိုင်သေးတာမှန်သောလဲစိတ်ကတော့အနာတရဖြစ်သွားခဲ့သည်။ထပ်မံ၍ယုံကြည်မပေးနိုင်တော့၊ထိုကဲ့သို့နှလုံးသားတခုလုံးကိုဆွဲညှစ်ခံထားရသလိုမွန်းကြပ်လှသည့်ထိုခံစားချက်များကိုသူထပ်မံမခံစားလိုတော့။ခင့်၏နှလုံးသားသည်မွန်းကြပ်လှပြီဖြစ်သည်။
လမ်းခွဲပြီးဒီနှစ်ရက်အတွင်းမှာတင်ခင့်၏နိစ္စဓူဝများသည်ကပြောင်းတိကပြောင်းပြန်ဖြစ်လာခဲ့သည်။
ဘာဆိုဘာမှကိုမလုပ်နိုင်ပဲ အိပ်ရာထဲခွေလှဲရင်းအိပ်ချင်နေမိသည်။
ဗိုက်ဆာသည့်အခါထစားသည် ကိစ္စရှိမှအခန်းပြင်ထွက်ပြီးတခြားအချိန်တွေမှာတံခါးကိုလော့ချပြီးအိပ်ရာထဲခွေနေတတ်သည်။
ကိုကို့ကိုစွန့်လွှတ်ရသည့်ရလဒ်ကသူ့အတွက်တော်တော်ပြင်းထန်သည်။
တွေးမိတိုင်းမျက်ရည်ကျရရင်း ဘယ်သူဘာမေးမေးလဲပြန်မဖြေနိုင်အောင်ပင်။
ခင့်မိသားစုကတော့နှစ်ယောက်သားကတွဲလာတာမနည်းတော့သည့်နှစ်မလို့ ခါတိုင်းလိုပဲတခဏနေရင်ပြန်အဆင်ပြေသွားမှာပါဆိုကာဂရုမပြုမိပေ။
ခါတိုင်းလဲရန်ဖြစ်စကားနိုင်လုရင်းတယောက်ယောက်ကအလျှော့ပေးကာ သူတို့ကြားကပြဿနာကပြီးသွားတတ်သည်။သို့သော်ဒီတခါကအရင်အခေါက်တွေနှင့်မတူ။သောလုပ်ဖူးသည့်အပြစ်ဒီတခါအကြီးဆုံးဖြစ်သည်။
ထိုနေ့ခင်းကအမေဖြစ်သူကသူကြော်လှော်ချက်ပြုတ်ပေးလိုက်သည့် အကြော်အလှော်တွေကိုသမက်လောင်းလေးဆီမထားခဲ့ပဲ သတိလက်လွတ်နဲ့ဒီတိုင်းကြီးပြန်ယူလာ၍ခင့်ကိုဆူနေသေးသည်။
ကိုကိုနှင့်ထိုမိန်းမကိုမီးဖိုချောင်ထဲမှာတူတူတွေ့လိုက်ရသည့်အချိန်သည် ခင့်၏ခန္ဓာကိုယ်ထဲရှိသွေးများပြောင်းပြန်စီးဆင်းသွားသလိုပင်။အိမ်မက်တခုလိုခံစားလိုက်ရပြီး တကိုယ်လုံးထူပူလောင်မြိုက်သွားရသည်။ထိုအခိုက်အတန့်ကိုခင့်ဘဝမှာဘယ်လိုမှမေ့လို့ရမည်မဟုတ်တော့ချေ။အကြီးမားဆုံးစိတ်ဒဏ်ရာအဖြစ်စွဲကျန်ခဲ့တော့မှာမလွဲမသေပင်။
အဝတ်ဗလာနှင့်ကိုကို့ကို တခြားမိန်းမတစ်ယောက်နှင့်နှစ်ယောက်တည်းတွေ့မြင်လိုက်ရသည့်အချိန်မှာ ခင့်၏မျက်လုံးများမိုက်ခနဲပြာဝေသွားသလိုပင်။ဦးခေါင်းတခုလုံးပွင့်ထွက်သွားပြီဟုပင်ခင်ထင်မှတ်လိုက်သည်။ကိုကို၏ရင်ဘက်ကိုကိုင်တွယ်ပွတ်သပ်နေသည့်ထိုမိန်းမ၏လက်တွေ...။ထိုပုံရိပ်များကိုပြန်လည်မြင်ယောင်လိုက်တိုင်း ခင်ကတုန်ကရင်ဖြင့်ငိုကြွေးနေမိသည်။ဖောက်ပြန်ခံရ၍လောင်မြိုက်နေရသည့်ဒေါသများ၊နာကြဉ်းမှုများ၊စိတ်ပျက်မှုများ၊နာကျင်မှုများနှင့်ခင့်၏စိတ်ထဲထောင်းထောင်းကြေနေပြီဖြစ်သည်။
"ဒေါက် ဒေါက်"
အခန်းထဲမှဘာမှပြန်ထူးသံမကြားရ။
"ဒေါက် ဒေါက်"
တံခါးခေါက်သံနောက်တကြိမ်ထွက်ပေါ်နေပေမယ့်အခန်းထဲမှတုံ့ပြန်သံမကြားရသေး။
"မမ နင်အဲ့လိုအခန်းထဲကမထွက်ပဲတသက်လုံးနေနေတော့မှာလား"
".....အငယ်မ ငါ့ဟာငါနေပါရစေဟာ တသက်လုံးလဲဒီလိုမနေပါဘူး ငါ့အတွက်အချိန်လေးလိုနေရုံပါ"
"အေးပါအေးပါ အဲ့လိုအခန်းထဲပဲနေနေရင်ဝိတ်တွေတက်လာမှာနော်"
"တက်ပါစေ"
"လာပါဟာ တံခါးလေးတချက်လောက်လာဖွင့်ပေးပါ မုန့်လေးလာယူ နင်ကြိုက်တဲ့ဖက်ထုပ်လေ"
"ငါမဆာဘူး"
ခင် နှင်လွှတ်နေသော်လဲတံခါးဝမှအငယ်ဖြစ်သူကအလျှော့မပေးပဲ ဖက်ထုပ်ကိုဗန်းပြ၍တဆာဆာခေါ်နေလေသည်။ကြာတော့ခင်နားပူလာသည်။
နားအေးရင်ပြီးရောဆိုကာ ဖက်ထုပ်ထယူရန်အိပ်ရာပေါ်မှထလိုက်ကာ အခန်းတံခါးကိုစိတ်မရှည်စွာခင်သွားဖွင့်ပေးလိုက်လေသည်။
"ဒီမှာ နင်စားဖို့မမရယ်"
"ဟင်..."
အခန်းဝမှာညီမဖြစ်သူ စုံစုံနှင့်အတူရပ်ကာ ပန်းစည်းကိုပွေ့ပိုက်ထားသည့်ကိုကို့ကိုမြင်လိုက်ရ၍ခင်အံ့ဩသွားကာ မျက်နှာလဲပျက်သွားသည်။ထိုမျက်နှာကိုမမြင်ချင်၊စကားလဲမပြောချင်။အတွေ့မခံချင်၍ချက်ချင်းတံခါးကိုပိတ်ပစ်လေတော့ သောကထိုသို့အဖြစ်မခံ။ချက်ချင်းပင်တံခါးကိုလက်ဖြင့်နှင့်တွန်းခံထား၍ ပိတ်မရအောင်တားထားသည်။
"ဘေဘီ ဘေဘီ လာပါ ကိုကိုလာချော့တာပါ ခဏလေးမျက်နှာကြည့်ပါရစေ ခဏတွေ့ပြီးကိုကိုပြန်မှာပါ"
"ပြန် အခုပြန် မတွေ့ချင်ဘူး"
"ဘေဘီရေ"
မျက်စိရှေ့မှာရုန်းရင်းဆန်ခတ်ဖြစ်နေသည့်မြင်ကွင်းများကြောင့်စုံစုံစိတ်ပျက်လက်ပျက်နှင့်ခေါင်းကိုခါရမ်းကာမျက်လုံးကိုဝေ့ကြည့်သည်။
"ဒီမှာ ဒီလိုလုပ် ကိုကြီးမြတ်သောကဒီအထိတောင်ရောက်လာပြီးပြီပဲ နင်အတွေ့ခံလိုက်တော့"
"နင်ကဘာသိလို့လဲ"
"ငါမသိပါဘူးနင်တို့ကြားကပြဿနာ ငါကပြေလည်စေချင်လို့ပါ"
"ကဲပါ ဘေဘီရယ်ကိုကို့ကိုစကားပြောခွင့်လေးပေးပါနော်"
နောက်ဆုံးညီမဖြစ်သူ၏ထပ်ကာထပ်ကာတိုက်တွန်းချက်များကြောင့်ရော ထိုင်ရှိခိုးတော့မလားမှတ်ရအောင် အောက်မှာကြမ်းပြင်ပဲရှ်ိလောက်အောင်ထိနှိမ့်ချပြောဆိုနေသောကိုကို့ကြောင့်ခင်ခေါင်းမာမနေတော့။စကားပြောခွင့်ပေးဖို့ခွင့်ပြုလိုက်တော့ ညီမဖြစ်သူကသူ့ကိစ္စသူလုပ်ရန်အိမ်အောက်ထပ်ဆင်းသွားသည်။ကိုကိုကခင့်၏အခန်းလေးအတွင်းသို့ဝင်လာကာ အရင်တုန်းကလိုပင်ခင့်၏အိပ်ရာပေါ်မှာတင်ပချိတ်ထိုင်လိုက်သည်။ကိုကို့၏မျက်လုံးသည်ခင့်၏အခန်းထဲဝေ့ဝိုက်ကြည့်နေသည်။
ခင့်၏အခန်းထဲမှာလစ်ဟာသွားသည့်နှစ်ယောက်သား၏ဓာတ်ပုံများကိုကိုကိုရှာနေတာလားတော့မသိ။
"ဘာပြောမှာလဲ"
"ကဲပါ ဘေဘီလေးရယ် လာထိုင်ပါ"
အိပ်ရာနံဘေးမှာမတ်တပ်ရပ်နေသည့်ခင့်ကို ကိုကိုကလာပါဟူသည့်သဘောဖြင့်ပုခုံးလေးဖက်၍အိပ်ရာပေါ်လာထိုင်စေရန် လက်လှမ်းလိုက်သော်လဲခင့်၏ခန္ဓာကိုယ်သည်လှမ်းလာသည့်ကိုကို့လက်ကိုတွန်းဖယ်လိုက်ကာ
"ကိုယ့်ဟာကိုထိုင်မယ်"
ခင်ကုတင်ပေါ်တွင်ဝင်ထိုင်ချလိုက်ရင်းဖြင့် ပျက်ယွင်းသွားသည့်ကိုကို့၏မျက်နှာကိုလဲသတိထားမိသည်။အမှားလုပ်ထားတာခင်မဟုတ်။အခုအခြေအနေမှာ ခင်သူ့ကိုခယချော့မော့မနေနိုင်။ကိုကိုသည်သူကအမှားလုပ်ထားပြီးသူ့ကိုမာမာထန်ထန်ဆက်ဆံရင်လဲစိတ်ဆိုးချင်ချင်ကရှိနေသေးသည်။
ခင်ကုတင်ပေါ်တွင်ထိုင်ချလိုက်တော့ကိုကိုက ခင့်၏စာကြည့်စားပွဲမှကုလားထိုင်ကိုယူကာ မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်သည်။
"ဘေဘီ ကိုကိုတောင်းပန်ပါတယ် ဖြစ်ပျက်ခဲ့တာတွေအားလုံးအတွက်ကိုကိုတောင်းပန်ပါတယ် ကိုကိုအားလုံးကိုပြင်ဆင်ဖို့ကြိုးစားနေတာပါ"
ပြောရင်းဖြင့်ကိုကိုသည်သူ့လက်ထဲမှနှင်းဆီပန်းစည်းအားခင့်လက်ထဲသို့ကမ်းပေးသည်။အခုနကတံခါးကိုတွန်းရင်းတိုက်ရင်းဖြင့်ကိုကို့၏လက်ထဲမှနှင်းဆီပန်းရဲရဲများသည်အနည်းငယ်ထိမိခိုက်မိကုန်သည်။
ဖဲကြိုးအဖြူဖြင့်ထုပ်ပိုးထားသည့်ပွင့်ချပ်ကားကားဖြင့်နှင်းဆီရဲရဲများသည်ထိခိုက်မိထားသည်တောင်လှရက်နိုင်ကြသေးသည်။ခင်သည်ကိုကို့၏လက်ထဲမှာလှချင်တိုင်းလှနေသည့်နှင်းဆီပွင့်ကြီးများအားတပ်မက်စွာကြည့်လိုက်ရင်းတဖက်သို့မျက်နှာလွှဲလိုက်သည်။ခင်နှင်းဆီပန်းတွေကိုဘယ်လောက်ထိမြတ်နိုးတာကိုကိုကောင်းကောင်းသိသည်။နှင်းဆီပန်းကိုမြင်လျှင်ပျော့ခွေသွားတတ်သောစိတ်ကိုလဲကိုကိုသိသည်။
သိရက်နှင့်တောင်ကိုကို့ထံမှတကြိမ်တခါမှမတောင်းဆိုပဲပန်းတွေလက်ခံရရှိဖူးတာအခုနှင့်မျှနှစ်ကြိမ်သာရှိသည်။အလိုက်တသိနှင့်ကိုကိုခင့်ဆီပန်းတွေပထမဆုံးယူလာပေးခဲ့တုန်းက အခုလိုအပြစ်ကြီးကြီးမားမားရှိ၍မျက်နှာရလိုရငြားမဟုတ်။နှင်းဆီပန်းလေးနှစ်ပွင့်ကိုဘတ်စ်ကားတိုးစီးရင်းခင့်အတွက်ဂရုတစိုက်ယူလာပေးခဲ့သည်။ထိုပန်းလေးနှစ်ပွင့်ကိုကိုကခင့်အတွက်အလိုက်တသိနှင့်ဘာတောင်းဆိုချက်မှမပါပဲယူလာပေးခဲ့၍ ခင်မြတ်နိုးလွန်း၍ပွင့်ချပ်အခြောက်လေးတွေပင်အခုထိဒိုင်ယာရီစာအုပ်ကြားညှပ်သိမ်းထား၏။
ထိုပန်းနှစ်ပွင့်သည်မျက်စိရှေ့မှပန်းစည်းကြီးလောက်ခမ်းနားမှုမရှိ သို့သော်...။
ခင်ကမ်းပေးလာသည့်မျက်စိရှေ့မှပန်းစည်းအားလက်ဖြင့်အသာယာတွန်းဖယ်လိုက်တော့ကိုကို့၏မျက်နှာလေးပျက်ယွင်းသွားကာ မတ်တပ်ထရပ်၍ထိုပန်းစည်းကိုခင့်၏စာကြည့်စားပွဲပေါ်မှာချန်ထားခဲ့သည်။ထို့နောက်ခင့်၏ရှေ့ကြမ်းပြင်မှာမုဆိုးဒူးထောက်ထိုင်ချ၍
"ဘေဘီ ကိုကို့ကိုချစ်သေးရဲ့လားဟင်"
"အင်း ချစ်တယ် အရင်ကလဲချစ်တယ်အခုလဲချစ်နေသေးတာဝန်ခံပါတယ်"
"ဒါဆိုဟိုနေ့ကမင်းပြောခဲ့တဲ့စကားလေးတွေရုတ်သိမ်းပေးပါကလေးလေးရယ် ကိုကိုမပြတ်နိုင်ဘူးကိုကို့ဘဝမှာမင်းကိုပဲအတည်တွေးခဲ့ဖူးတာ အခု ကိုကိုပြောမယ် ကိုကိုအကုန်လုံးပြောင်းလဲပေးပါ့မယ် ဘယ်စော်နဲ့မှလဲမပက်သက်စေရပါဘူး ဘယ်ကောင်မနဲ့မှကိုကိုထပ်မရှုပ်တော့ဘူး မင်းဖြစ်စေချင်သလိုအားလုံးလုပ်ပေးပါ့မယ် ကိုကိုတို့တူတူရှိလာတာနည်းနည်းနောနောနှစ်လားအချစ်ကလေးရယ် သံယောစဉ်မျက်နှာလေးထောက်ပြီးကိုကို့ဆီပြန်လာပေးပါအချစ်ရယ် နောက်နှစ်ရက်ဆိုကိုကိုတို့Annivesaryရောက်ပြီ အထိမ်းအမှတ်နေ့ကြီးမှာပြတ်စဲမနေချင်ဘူးဘေဘီလေးရာ"
"တော်တော့"
ကိုကို့၏စကားအဆုံးမှာခင်ဝုန်းကနဲမတ်တပ်ထရပ်လိုက်သည်။ကိုကိုကကြမ်းပေါ်မှာမုဆိုးဒူးထောက်ထိုင်နေရင်းဖြင့်ရှူးရှူးရှဲရှဲဖြစ်နေသည့်ခင့်၏မျက်နှာကိုသူ့၏ပုံစံအတိုင်းကလေးတယောက်လိုဘာမှနားမလည်သည့်အကြည့်လေးဖြင့်မော့ကြည့်လာသည်။
"အစောထဲကမပြောခဲ့ဘူးလား ဟမ်း အဲ့လိုတွေမဖြစ်စေချင်ရင်ဘာလို့စောက်စကားကိုအရေးမလုပ်ခဲ့လဲ မပြောခဲ့ဘူးလား ဒီလထဲခင်တို့Anni day ရှိလို့ကိုကိုဘာပြဿနာမှမရှာပါနဲ့လို့မပြောခဲ့ဘူးလား အခုမှဘာကိုအဲ့လိုနေ့မှာပြဿနာတက်ချင်တာလားတို့ဘာတို့နဲ့"
"ဘေဘီရေ စိတ်လေးလျှော့ပါ ကိုကိုအခုတောင်းပန်နေတာလေကွာ ကိုကိုရှိသမျှမာနလဲချထားပါတယ် အောက်မှာကြမ်းပြင်ပဲရှိပါတော့တယ် ကိုကိုမှားတာကိုကိုသိပါတယ် အခုအမှန်ပြင်ဖို့ကြိုးစားနေတာပါဒီတကြိမ်တော့ကိုကို့ကိုခွင့်လွှတ်ပေးပါ"
ထရပ်လာရင်းဖြင့် သူ့ပုခုံးဆီသို့လှမ်းလာသည့်သော၏လက်တွေကိုခင်တွန်းဖယ်ပစ်လိုက်ရင်း
"တခြားမိန်းမခန္ဓာကိုယ်ကိုပွေ့ဖက်ထားတဲ့လက်တွေနဲ့ငါ့ကိုလာမထိနဲ့ ရွံတယ် အိပ်ရာပေါ်မှာလဲအဲ့လက်တွေကအဲ့မိန်းမကိုပြုစုပေးခဲ့ဖူးမှာပဲ"
"ဟာ.. ဘေဘီကိုကိုပြောတယ်လေအဲ့နေ့ကသူကိုကိုအိမ်မှာရှိနေတာသူ့ဟာသူအိမ်ရောက်ချလာတာလေ တကယ်အဲ့တကြိမ်ပဲ ကိုကိုအဲ့မိန်းမနဲ့ဘာမှမဖြစ်ဖူးဘူး"
ကိုကို့၏နှုတ်မှထွက်ပေါ်လာသောစကားများကိုခင်ပါးစပ်အဟောင်းသားဖြင့်အံ့ဩတကြီးဖြစ်သွားရသည်။အခုချိန်ထိတောင်သူ့ကိုလိမ်နေသေးသည်။လိမ်ရက်နိုင်သေးသည်။မျက်စိရှေ့ထားကာ အဲ့သည့်နှုတ်မှလွယ်လွယ်ကူကူလိမ်နိုင်သည်အထိကိုကိုသည်မျက်နှာပြောင်လွန်းသည်။
*ဒီလောက်ထိတောင်မျက်နှာပြောင်တိုက်လိမ်နိုင်သည့်လူလား*
"ခင့်ကိုငတုံးထင်နေတာပဲ ဟင် ခင့်ကိုငတုံးလို့လုံးဝမှတ်ယူထားတဲ့ပုံပဲ"
"မထင်ဘူး...
"...."
ခင်ဘာမှမပြောပဲသည့်အခန်းထောင့်ကိုလျှောက်သွားလိုက်ကာ စာကြည့်စားပွဲအံဆွဲထဲမှပလတ်စတစ်အကြည်အိတ်ကလေးကိုထုတ်ယူလာကာ ကိုကို့ဆီသို့ပြန်လျှောက်လာရင်းဖြင့်ထိုအိတ်ကိုကိုကို့ဆီသို့မျက်နှာကိုမကြည့်ပဲထိုးပေးလိုက်သည်။
သူ့၏လှုပ်ရှားမှုတိုင်းကိုထပ်ကြပ်မကွာလိုက်လံကြည့်ရှုနေသည့်ကိုကိုသည်ကမ်းပေးလာသည့်အိတ်ကိုဖွင့်ဖောက်ကြည့်ရင်းဖြင့် အထဲမှဓာတ်ပုံများကိုမြင်လေတော့မျက်စိမျက်နှာပျက်သွားသည်။
ဟန်ပင်မဆောင်နိုင်အောင်မျက်စိမျက်နှာပျက်သွားသည်။ဓာတ်ပုံ1ပုံ2ပုံကိုအသဲအမဲလိုက်လံကြည့်ရှုရင်းဖြင့်ကိုကိုစိတ်ရှုပ်ထွေးစွာဆံပင်တွေကိုဆွဲဖွနေသည်ကိုခင်ကြည့်နေမိသည်။
ဓာတ်ပုံတပုံနှစ်ပုံခန့်ကြည့်ရှုပြီးအိတ်ထဲသို့အကုန်ပြန်ထိုးထည့်လိုက်ကာ ကိုကိုသည်မာထန်သောမျက်နှာပေးဖြင့်
"ခင်အမှန်အတိုင်းဖြေ ဒါတွေမင်းဘယ်ကရတာလဲ"
"ဟာ"
"ငါသိတယ်လို့ မင်းကိုဒါတယောက်ယောက်လာညှော်ထားတာ မင်းကဒီလိုငါ့နောက်ကွယ်ကနေဓာတ်ပုံလိုက်ချောင်းရိုက်မယ့်လူမဟုတ်ဘူး ဒါဘယ်သူလဲ ဒါဘယ်သူလာညှော်သွားတာလဲ အခုပြော ကိုကို့ကိုအခုပြော"
"မဆိုင်တာတွေပြောမနေနဲ့ ခင်တို့ပြောနေတဲ့လိုရင်းကအဲ့တာလား ဘာမှမဖြစ်ဖူးဘူးဆိုတာအဲ့တာလား ဟမ်း တော်ပါတော့အလိမ်ညာတွေ"
"...."
ကိုကို့၏မျက်နှာသည်ခုနကနှင့်ပင်မတူတော့။မျက်နှာကဒေါသူပုန်ထကာတင်းမာ၍နေသည်။လက်ထဲတွင်ဓာတ်ပုံထည့်ထားသည့်အထုပ်အားတင်းနေအောင်ဆုပ်ကိုင်၍ခင့်မျက်နှာကိုစေ့စေ့ကြည့်နေသည်။
ဘာကိစ္စကိုဒီလူဒီလောက်ဒေါသတွေဖြစ်နေလဲခင်မပြောတတ်ပေ။
"မင်းကိုဒီဓာတ်ပုံဘယ်ကောင်လာပေးတာလဲ ပြော ခင် အခုပြော"
"ခင့်ဘာသာစုံစမ်းလို့ရတာ"
"မင်းလဲဘာထူးလဲ ငါ့ကိုကျလူလိမ်တဲ့ မင်းကရောဘာထူးလို့ လိမ်နေတာပဲကိုး"
"အနည်းဆုံးတော့ဖောက်ပြန်တဲ့လူကခင်မဟုတ်ဘူးလေ ဟင့်"
ခင့်၏နှုတ်ခမ်းကိုတွန့်၍ဟင့်ကနဲခနဲ့တဲ့တဲ့ဆိုလိုက်သည့်စကားမှာသောတချက်မျက်နှာပျက်ယွင်းသွားသည်။ထို့နောက် ဟက်ခနဲလှောင်ပြုံးပြုံးလိုက်သည်။
ကိုကို့၏ထိုအပြုံးကိုခင်မုန်းတီးလှသည်။ကိုကို့၏မျက်နှာကိုအတင်းကာရောဆွဲကုပ်ပစ်ထည့်လိုက်ချင်သည်။ဒီလိုမုန်းတီးသည့်ခံစားချက်မျိုးကိုကို့အပေါ်ဖြစ်ဖူးတာဒါပထမဆုံးပင်။
သူ့မျက်နှာကိုစေ့စေ့ကြည့်၍ ဟက်ဟက်ပက်ပက်ကိုလှောင်ရယ်နေသောကိုကို့ကိုကြည့်ကာခင်ဒေါသဖြစ်လာမိသည်။ကိုကိုကသူကိုမရယ်ရသည့်ဟာသကိုလာပြောနေသည့်လူတယောက်ကိုလှောင်သလို သဘောသက်ရောက်သည့်အပြုံးမျိုးဖြင့်အားရပါးရကိုလှောင်နေသည်။
"ရယ်စရာဘာတခုပါလဲ ဟမ်း ဖောက်ပြန်တာငါမဟုတ်ဘူး"
"ဟုတ်လား ဒါဆိုဟိုးမှာချိတ်ထားတာကဘာလဲ"
ကိုကိုသည်ခင်နံရံမှာချိတ်ထားသည့်လူကြီးမင်း၏အကျီနှင့်ပုဆိုးကိုလက်ညှိုးထိုးပြ၍အားရပါးရကိုလှောင်ရယ်နေသည်။
ဘာဆိုင်လို့လဲ။ဟင့်အင်း။ခင်မဖောက်ပြန်ဘူးပေ။ထိုအကျီနှင့်ပိုးပုဆိုးကိုမိုးရွာတဲ့ညနေမှာလူကြီးမင်းကသူ့ကိုရေသုတ်ရန်ပေးခဲ့သည်သာရှ်ိပြီး အကြောင်းမတိုက်ဆိုင်၍အခုချိန်ထိပြန်မပေးရသေးခြင်းသာရှိသည်။
"မဟုတ်ဘူး အဲ့လိုမဟုတ်ဘူး ဒီလို ......."
ခင်ဖြစ်ကြောင်းအစုံလင်ရှင်းပြသော်လည်း
"ငါကရောယုံမယ်ထင်နေလား ဟမ်း ဟက်ဟက် ယောင်္ကျားတယောက်ရဲ့အဝတ်အစားတွေကမင်းအခန်းမှာရှိနေစရာအကြောင်းရှိလား ဟမ်း ငါ့ကိုကျပြောလိုက်ဆိုလိုက်တာ မင်းရောဘာထူးလို့လဲ"
"ပါး ပါးစပ်ကိုပိတ်ထားလိုက် အခု ငါ့ကိုကိုကို့လိုမှတ်မနေနဲ့"
အခြေအနေကပြောင်းပြန်ဖြစ်သွားပြီး အခုတရားခံကသူ့ကိုပြန်ယိုးစွပ်နေ၍ခင်တော်တော်ဒေါသဖြစ်လာသည်။သူခိုးကလူပြန်ဟစ်ခံရတာလောက်ဒေါသထွက်ဖို့ကောင်းတာမရှိနိုင်တော့။
မျက်စိရှေ့မှခနဲ့တဲ့တဲ့မျက်နှာပေးဖြင့် သူ့ကိုစိုက်ကြည့်ကာလှောင်ပြောင်သရော်ရင်းယိုးစွပ်နေသည့်စကားများကိုအလွန်အမင်းစိတ်ဆိုးလာပြီးလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကာမျက်စိရှေ့မှမဲ့ကာရွဲ့ကာခနဲ့နေသော ကိုကို့ကိုအံကိုတင်းတင်းကြိတ်ကာစိုက်ကြည့်နေမိသည်။
"ကားကလဲတစီးပြီးတစီး မိသားစုစည်းစိမ်ကလဲ
ခုနှစ်သက်လောက်ထိုင်စားမကုန်ဘူး ပတ္တမြားဇွန်း၊စိန်ဇွန်း၊နီလာဇွန်းကိုက်မွေးလာတဲ့ကောင်ဆိုတော့လဲလေစိတ်ယိုင်ချင်ရှာမှာပေါ့လေ နားလည်ပါတယ် ဟက်ဟက် တောင်းဆိုတာနဲ့မငြင်းနိုင်ဘူးထင်ပါရဲ့ အော် နှစ်ကြိမ်လောက်တော့အယောင်ပြငြင်းအုန်းမှာပေါ့ တတိယအကြိမ်လောက်ကျတော့ဘယ်လောက်ထိတောင့်ခံနိုင်ရိုးလဲ"
" ပါးစပ်ပိတ်လိုက်တော့ ကိုကိုဘာတွေပြောနေတာလဲ"
"ဘာလဲမဟုတ်လို့လား အဝတ်စားတွေကကြည့်တာနဲ့ဈေးကြီးမှန်းသိသာတယ် မှန်းစမ်း ဒီလိုဝတ်နိုင်စားနိုင်တာမင်းဆီမှာဘယ်သူရှိပါလိမ့် မှန်း ဟိုဝန်ကြီးချုပ်အစုတ်အပြတ်ရဲ့အဝတ်စားတွေနဲ့တူပါရဲ့နော် အွန်းနော် အမြဲတမ်းအလှူ့ရှင်ကြီးလိုလိုသူတော်ကောင်းကြီးလိုလိုပုဆိုးနဲ့လည်ကတုံးကိုလူအထင်ကြီးအောင်ဝတ်တတ်တဲ့လူကလဲများများစားစားရှိတာဆိုတော့လေ"
"တော်တော့ တော်လိုက်တော့"
ခင် ဒေါသကိုအတတ်နိုင်ဆုံးထိန်းကာလေသံကိုထိန်း၍တားမြစ်စကားဆိုနေသော်လဲသောကအသံတိတ်မသွား။သူ့၏အကျင့်အတိုင်းထေ့၍စောင်း၍မပြီးတော့။
ကိုကို့၏နှုတ်ဖျားမှစကားများကိုသူမယုံနိုင်။ဘယ်လိုများသူ့ကိုလူကြီးမင်းနှင့်ဒီလိုလက်လွတ်စပယ်ယိုးစွပ်နိုင်ရတာလဲ။ထိုလူကို ကိုကိုမကြိုက်ဘူးဆို၍သူ့ဘက်မှအကင်းကြီးကင်းအောင်နေပေးခဲ့သည်။
ဘယ်လိုများဒီလိုလွယ်လွယ်ပေးစားပြီး သူ့သိက္ခာကိုစော်ကားနိုင်ရတာလဲ။ခင်ဘယ်သောအခါမှမဖောက်ပြန်။ဘယ်သောအခါမှပင်..။ကျန်တာသည်းခံရင်သည်းခံနိုင်မည်သူ့၏စောင့်ထိန်းနိုင်မှုကိုမေးခွန်းထုတ်ခံရတာကတော့ခင့်၏မာနကိုဦးချိုးလိုက်သလိုပင်။လုံးဝမှသည်းညဉ်းမခံနိုင်။
"တွေ့ရင်တော့တီးမိခေါက်မိမေးကြည့်အုန်းမှ ခင်ဗျားအဝတ်စားတွေကျွန်တော့်ကောင်မလေးအခန်းထဲဘယ်လိုရောက်နေလဲလို့လေ အွန်းနော် စဉ်းတော့စဉ်းစားစရာပဲ ဘယ်လိုအခြေနေမလို့ပုဆိုးနဲ့အကျီအထိအိပ်ရာထဲရောက်နေတာလဲ ဘယ်အဆင့်တွေလဲ ဘယ်လိုဆက်ဆံရေးပါလိမ့် ကုတင်ပေါ်ကဆက်ဆံရေးလား"
"တောက် အင်း"
ခင်၏လက်ဝါးသည်မြှောက်တက်သွားပြီး သော၏ပါးကိုရွယ်မိလျက်သားဖြစ်သွားသည်။
ရိုက်တော့မရိုက်လိုက်။တုန်ရင်နေသောလက်ဖဝါးသည်ကိုကို့၏ပါးထက်မှာချိန်ရွယ်ပြီးသားဖြစ်နေသည်။ခင်ဒေါသကိုဆက်ထိန်းမထားနိုင်တော့ပါကထိုလက်ဝါးသည်ပါးပေါ်ကျရောက်တော့မှာအမှန်ပင်။စ၍နောက်၍ပင်ရိုက်လာပုတ်လားမလုပ်ဖူးသည့်ခင်သည်ဒီတကြိမ်တွင်တော့ကိုကို့ကိုသေလောက်အောင်ရိုက်သတ်ပစ်ချင်နေမိသည်။စိတ်ရှိလက်ရှိ စိတ်ကိုအလွတ်ပေးလိုက်ရင်ဒီနေရာမှာတင်ခင်လူသတ်မိနိုင်သည်။
"ထွက်သွား ထွက်သွား အခုချက်ချင်းထွက်သွား နင့်မျက်နှာကိုငါမကြည့်ချင်ဘူး ငါ့ကိုလာမပက်သက်နဲ့ အခုရောနောက်ရော နင့်ကိုမျက်နှာပြောင်လွန်းတဲ့ကောင်နဲ့ငါဆက်အတူမရှိနိုင်တော့ဘူး နင်ကနင့်အပြစ်ကိုတောင်သူများအပြစ်လုပ်နိုင်တဲ့ကောင် ထွက်သွားစမ်း အခုချက်ချင်း ဖောက်ပြန်တဲ့ကောင် နင့်လိုမိန်းမတကာနဲ့ပတ်အိပ်ထားတဲ့အကောင်ငါရွံတယ် ငါတို့ဇာတ်လမ်းဒီမှာပြီးပြီ"
"အေးပါ အေးပါ မင်းလုပ်ပါ မင်းကရော
"ထွက်သွားစမ်း အခုချက်ချင်းထွက်သွား ထွက်သွား"
အိမ်မှာဆိုတာကိုရောလူကြီးတွေရှိသည်ဆိုတာကိုရောခင်သည်သတိမထားနိုင်တော့ပဲဒေါသတကြီးအော်ဟစ်ကာကိုကို့အားအခန်းပြင်နှင်ထုတ်မိဝောာ့သည်။ခင့်၏ဒီလောက်ထိဒေါသထွက်တာကိုမမြင်မတွေ့ဖူးသောကိုကိုသည်နည်းနည်းတန့်သွားကာဘာစကားမှမဆိုသာပဲငြိမ်သွားတော့သည်။
"ငါမဖောက်ပြန်ဘူး ငါတခါမှမဖောက်ပြန်ဘူး မြတ်သုခမှမဟုတ်ဘူး ဘယ်သူနဲ့မှငါမဖောက်ပြန်ဘူး"
"ဟုတ်ပါပြီ ကိုယ်သိပါတယ် စိတ်ကလေးအခုလျှော့လိုက်ပါဘေဘီရယ်"
"ပါးစပ်ပိတ်ထား နင်သွားလိုက်တော့ သွားအခုသွား"
"အယ်"
ခင်စိတ်ဆိုးမာန်ဆိုးဖြင့်သောအားအခန်းထဲမှတွန်းထုတ်ပစ်လိုက်သည်။
စာကြည့်စားပွဲပေါ်မှသောချခဲ့သည့်ပန်းစည်းကို စားပွဲဖြင့် စိတ်ရှိလက်ရှိရိုက်၍ဖျက်ဆီးပစ်မိသည်။
ကြွေလွင့်သွားသောပွင့်ချပ်လွှာများလောက်နှင့်ခင့်၏ဒေါသမပြီးနိုင်သေး။ဒေါသထွက်ခဲလှသည့်လူမလို့ဒေါသဖြစ်ရင်လဲရပ်တန့်မရတော့။
ဆက်၍ခင်စာအုပ်စင်မှ ကိုယ်တိုင်အမြတ်တနိုးစီရီခဲ့သည့်စာအုပ်များကိုဆွဲချသည်။မြင်မြင်သမျှကိုဖျက်ဆီးလိုစိတ်ဖြင့်ကြမ်းပေါ်ဆွဲချရင်းနှင့် အခန်းထဲမှပစ္စည်းများအားနံရံကိုပစ်ပေါက်နေမိသည်။
အလှစုဆောင်းထားသည့်ဖန်နှင်းလုံးများ၊ခင်ဆောက်ထားသည့် အရုပ်အိမ်လေးများစသည့်အခန်းထဲမှအလှဆင်ပစ္စည်းတို့သည် နံရံကိုထိမှန်ကွဲကြေကာ
တစစီဖြစ်ကုန်ကြသည်။
နှစ်ရှည်လများတည်ဆောက်ခဲ့သည့်ပက်သက်မှုတောင်ဖျက်ဆီးခံလိုက်ရပြီပဲ ထိုပစ္စည်းတွေပျက်ဆီးတာလဲခင်မနှမြောနိုင်တော့။
တာကျိုးကျလာသည့်မျက်ရည်စက်များကိုထိန်းချုပ်မနေတော့ပဲလွတ်လွတ်လပ်လပ်ဖြတ်သန်းခွင့်ပြုလိုက်ကာ ခင်စိတ်ရှိလက်ရှိရှိုက်ငိုလိုက်ရင်းဖြင့် ရှိုက်သံနက်နက်တချက်၏အဆုံးမှာ
"ထွက်သွားပစ်မှာ အဆုံးထိကိုသူမလိုက်လာနိုင်တဲ့နေရာအထိကိုထွက်သွားပြမှာ ငါထားပစ်ခဲ့မှာ"
*****
ဇူလိုင်လ၊20ရက်။
ကြည်လင်သာယာနေသောမနက်ခင်းတခု။လမ်းမထက်မှာ လမ်းသွားလမ်းလာအသီးသီးတို့သည်နေ့တနေ့၏အစပြုချိန်မှာပင်နိုးနိုးကြားကြားရှိမနေကြ။
အကုန်လုံးကပျင်းရိဖွယ်ရက်သတ္တပတ်တွေကိုခက်ခက်ခဲခဲဖြတ်သန်းနေကြရသည့်မျက်နှာတွေပင်။
ခင်ကိုယ်တိုင်လဲတနေ့တာကိုဘယ်လိုဘယ်ပုံဖြတ်ကျော်ရမလဲမသိ။လမ်းကြားထဲ စိတ်ပျက်လက်ပျက်နှင့်လျှောက်လာရင်းဖြင့်earphoneမှသီချင်းကသာခင့်အတွက်အဖော်ပြုပေးနေခဲ့သည်။
ထိုစဉ် နက်ပြာရောင်ကိုမှပြောင်လက်နေသည့် အမျိုးအစားအမည်ကိုခင်မသိသည့်ကားတစ်စီးသည်ခင့်၏နံဘေးမှဖြည်းညှင်းစွာကပ်၍လိုက်ပါလာသည်။သူ့ဘေးမှကပ်ပါလာသည့်ကားကိုခင်သတိထားမိသွားလေတော့ ခြေလှမ်းတို့တုန့်ခနဲရပ်သွားကာ ကားကိုအကဲခတ်ကြည့်လိုက်သည်။ကားမှန်အမဲများတင်ထားပြီး သူတကြိမ်တခါမှမမြင်ဖူးသည့်သူစိမ်းကားကြောင့်ခင်အနည်းငယ်စိုးရိမ်သွားသည်။
ခင်ရပ်လိုက်တော့ထိုကားကလဲတန့်ခနဲရပ်သွားသည်။ကားနောက်ခန်းမှကားမှန်နက်နက်ကျသွားပြီး ကားထဲမှ ရင်းနှီးလွန်းလှသည့်သြဇာသံပါသည့်ဩရှရှအသံသည်ထွက်ပေါ်လာကာ ပွင့်လစ်သွားသောကားပြတင်းပေါက်တချပ်မှ ခေါင်းတလုံးကိုမြင်လိုက်ရသည်။
"ဘယ်သွားမလို့လဲမသိဘူးခင်ဗျ"
ကားပေါ်မှထိုပုဂ္ဂိုလ်သည်နှစ်ခြိုက်စွာပြုံးပြလာကာ မျက်နှာပေါ်မှနေကာမျက်မှန်ကိုချွတ်ယူလိုက်ပြီးရင်းနှီးလှသည့်နူးညံ့လွန်းသောအကြည့်များဖြင့်ခင့်ထံသို့နူးညံ့ချိုသာစွာနှုတ်ဆက်လာသည်။
သူ့အားနူးညံ့လွန်းလှသည့်မျက်ဝန်းအကြည့်များဖြင့်နှစ်လိုဖွယ်ရာပြုံးပြနေသောထိုလူ့ကိုခင်ရုတ်တရပ်ပြန်မပြုံးပြမိ။
ထိုလူ့ထံမှစကားသံနောက်တခွန်းထပ်မံထွက်ပေါ်လာမှသာခင်သတိကပ်ကာနှုတ်ဆက်ပြုံးပြမိသည်။
"ခင် မတွေ့တာကြာလှပြီ အခုရောဘယ်တွေသွားမလို့လဲ ကိုယ်လိုက်ပို့ပါရစေ"
"အာ လူကြီးမင်း မတွေ့ရတာကြာလှပေါ့"
ဒီတကြိမ်တွင်တော့သူ့ကိုစိတ်လိုလက်ရပြန်လည်နှုတ်ဆက်လာသောခင့်ကြောင့်မြတ်အတိုင်းမသိဝမ်းသာသွားရသည်။ကားဘေးမှာရပ်နေသည့်အပြာရောင်ပုံရိပ်လေးသည်လန်းလန်းဆန်းမရှ်ိ။ညိုးနွမ်းနေသောမျက်နှာလေးဖြင့်အပြုံးတို့ယိုယွင်းနေသည်။နဂိုထဲကမှချောင်ကျနေသည့်မျက်နှာလေးသည်ယခုပို၍ပင်ချောင်သွားသေးသည်။
မျက်အိတ်ဖောင်းဖောင်းလေးများအောက်မှာအားလျော့နေသည့်မျက်လုံးလေးများကတိုးလို့ပျောက်ကွယ်နေသည်။ဘယ်လောက်တောင်စိတ်ပင်ပန်းခဲ့ရသလဲ။အခုကစလို့ အရိပ်ဆိုးကနေလွတ်မြောက်ပြီမလို့ထိုကလေးရဲ့နေ့ရက်များကိုဒီထက်လှပဖို့မြတ်တာဝန်ယူပေးချင်သည်။မျက်စိရှေ့မှအပြုံးယဲ့ယဲ့လေးကိုကြည့်ရင်း
"ခင် ကျောင်းသွားမှာမလား ကိုယ်လိုက်ပို့ပါရစေ"
"နောက်ကျနေတာခင်"
"ကဲ ဒါကြောင့် ကိုယ်လိုက်ပို့ပါရစေလို့ခင်ရယ် ကဲပါ"
ဘတ်စ်ကားတိုးစီးသည့်ဒဏ်မှတနေ့တာကင်းလွတ်ခွင့်ရသည့်အပြင် နောက်ကျတော့မည့်အခြေအနေမှလွတ်မြောက်သွား၍ခပ်ရေးရေးပေါ်ထွက်လာသည့်ခင့်၏အပြုံးနုလေးကိုမြတ်သတိလက်လွတ်ငေးမိသည်။အရှက်ကြီးလှပြီး တဖက်သား၏အကူအညီယူရမည်ကိုအလွန်အမင်းကြောက်သည့်ခင်သည် တချက်တော့ကားကြုံရှိ၍ကားတိုးစီးရမည့်ဘေးကလွတ်သွား၍တချက်ဝမ်းသာသွားသော်လဲ သူစိမ်းအမျိုးသား၏ကားပေါ်ကိုသူဖိတ်ခေါ်တိုင်းလိုက်ဖို့ကိုပြန်တွန့်ဆုတ်သွားသည်။အင်တင်တင်ဖြစ်သွားသောခင့်၏စိတ်ထဲ၌"ကုတင်ပေါ်မှဆက်ဆံရေးတွေလား ဟမ်း"ဟုသည့်စကားကိုနားထဲမှပြန်လည်ကြားယောင်မိချိန်မှာတော့ကားတံခါးလက်ကိုင်ကိုလက်ကလှမ်းကိုင်ပြီးသားဖြစ်သွားကာ
"ကျေးဇူးပါ ဒီနေ့ကံကောင်းပါလားကားကြုံလေးတောင်ရလိုက်သေး ဟက်"
Finally!!ခင့်၏ဘဝမှာပြင်ဆင်လို့မရတော့သည့်ဆုံးဖြတ်ချက်များနှင့်ကြုံတွေ့လာရမည့်အပြောင်းအလဲ၊ဘဝတဆစ်ချိုးအလှည့်အပြောင်းများသည်စတင်ပေတော့မည်။
Paradise Khin
တလမှာနှစ်ပိုင်း upတဲ့လိပ် Paradise Khin ပါအကြာကြီးစိတ်ရှည်လက်ရှည်စောင့်နေပေးကြလို့အားလဲနာ ကျေးဇူးလဲတင်ရပါတယ်။ခင် ဒီficမှာအရေးချင်ဆုံးအပိုင်းတွေကိုရောက်နေပြီမလို့တကယ်စိတ်လှုပ်ရှားနေမိပါပြီ။ဒီထက် ရေးအရှိန်နှုန်းမြှင့်ဖို့ကိုလဲခင်ကြိုးစားနေပါတယ်❤️🫶