* Past Life Fic တွင်ပါဝင်သော အကြောင်းအရာ၊တည်နေရာများသည် စာရေးသူ၏စိတ်ကူးယဥ်ရေးသားထားခြင်းသာဖြစ်ပါသည်။ပြင်ပနှင့်ချိတ်ဆက်မှုလုံးဝမရှိပါကြောင်းနှင့် GeminiFourth ကိုထိခိုက်စေလိုခြင်းမရှိပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။ *
ဆိုင်ကယ်ပေါ်တက်ဖို့ရန်အတွက် လမ်းမဘက်ကိုထွက်သွားနေတဲ့ကျောပြင်ကိုကြည့်ရင်း Fourth စိတ်ထဲတင်းကြပ်မှုကိုခံစားလာရသည်။ဘာလို့မှန်းမသိ ထိုလူကိုထွက်မသွားစေချင်သေး။
" အဲ့ကိုမသွားနဲ့ ငါပြောနေတာမကြားဘူးလား "
သူဘယ်လောက်ပင်အော်နေပါစေ တစ်ချက်လေးတောင်လှည့်မကြည့်လာသော ထိုလူကြောင့် Fourth အသက်ရူရပ်မတက်ဖြစ်လာ၏။
" ငါပြောနေတယ်လေ အဲ့ကိုမသွားနဲ့ဒီကိုပြန်လာခဲ့ "
ပြေးလိုက်လို့ရတာသိနေပေမဲ့ သူ့ခြေထောက်တွေကနေရာကမရွေ့နိုင်ပဲ ခဲဆွဲထားသလိုရပ်တန့်နေသည်လေ။မကြာခင်အချိန်မှာပဲ ထိုလူဟာသူမြင်ကွင်းထဲကနေပျောက်ကွယ်လုနီးပါးဖြစ်လာသည်။
" မရဘူးမသွားရဘူး ငါ့ဆီပြန်လာခဲ့ပါ "
" ငါ့ ဆီပြန်လာခဲ့ ~~ "
Fourth မျက်လုံးနှစ်ဖက်ပွင့်သွားပြီးပထမဆုံးမြင်လိုက်ရတာက သစ်သားပြားထပ်ထားတဲ့အပေါ်ထပ်ကုတင်ရဲ့မျက်နှာကျက်ပင်။ရေချိုးခန်းထဲမှထွက်လာတဲ့အခန်းဖော်သူငယ်ချင်းကတော့ သူ့ကိုမထူးဆန်းတော့သလိုပင်လုပ်စရာရှိတာပြန်လုပ်နေလေ၏။
ချွေးတွေရွှဲပြီးစိတ်ညစ်စွာနိုးလာရတဲ့မနက်ခင်းမို့ ဒီနေ့ရဲ့တစ်နေ့တာကတော့ တော်တော်ကိုလုံးပန်းရတော့မဲ့အနေအထားမှာရှိသည်။
" ထပ်ပြီး မက်ပြန်ပြီလား "
" အင်း "
သူအသက် ၁၈ နှစ်ပြည့်ကတည်းက ညစဥ်မပြတ်မက်လာခဲ့တဲ့ အိပ်မက်ဖြစ်နေတာမို့ထွေထွေထူးထူးကြီးခံစားနေရတာမျိုးမရှိတော့ပါ။ဒီလိုအိပ်မက်တွေကို ၂ နှစ်နီးပါးလောက်မက်လာတာတောင်အိပ်မက်ထဲက ထိုလူရဲ့ပုံရိပ်အစစ်အမှန်အားသေချာမမြင်ရသေး။
" အရမ်းဆိုးနေရင် ငါ့အသိနတ်ဆရာမ တစ်ယောက်နဲ့သွားတွေ့ကြည့်ပါလား မင်းဟာကကျန်းမာရေးနဲ့ဆိုင်တာမျိုးမဟုတ်တာတော့သေချာတယ် "
အဝတ်လဲရင်းပြောနေတဲ့ အခန်းဖော်သူငယ်ချင်းရဲ့စကားကို သူခေါင်းခါပြီးသာငြင်းလိုက်တော့သည်။
မကြိုးစားပဲနေခဲ့ပါ့မလား။ ဒီနိုင်ငံမှာရှိတဲ့ဆေးရုံတွေရော ဘုရားကျောင်းတွေရော စုံနေပြီ။
အခုထိအဖြေမတွေ့သလို အိပ်မက်မက်တာတွေလဲမရပ်တန့်သွားဘူးလေ ..
" အထင်တော့မသေးလိုက်နဲ့ သူကတော်တော်စွမ်းတာနော် မင်းတွေ့ချင်လာရင်တွေ့လို့ရအောင်ကတ် ပေးခဲ့မယ် အခုတော့မနက်ပိုင်းအတန်းရှိသေးလို့ သွားပြီ "
ကုတင်ပေါ်ပစ်တင်သွားတဲ့ အနက်ရောင်ကတ်လေးကိုယူပြီးဖတ်ကြည့်တော့ ထူးထူးခြားခြားမဟုတ်ပါပဲ နာမည်နဲ့လိပ်စာတွေသာရေးထားသည်။
ဒါကြောင့်မို့ တခြားမတွေးတော့ပဲကတ်ကို စားပွဲခုံအောက်ကအံဆွဲထဲသို့ထည့်ကာရေချိုးဖို့သာဆုံးဖြတ်လိုက်တော့သည်။
မနက် ၁၁ နာရီဝန်းကျင်ဖြစ်နေတာမို့လမ်းပေါ်မှာလူသွားလူလာနည်းနေသည်။Fourth ကတော့
လွယ်အိတ်အသေးလေးလွယ်ပြီး ဆောင်းဦးရဲ့လေနွေးနွေးလေးကိုခံစားလိုက်သေးသည်။
" ဒီနှစ်ဆောင်းလဲ ပူအုန်းမယ်ထင်ပါရဲ့ "
နာရီဝက်လောက်ကြာတော့ Fourth ရဲ့ဦးတည်ရာဖြစ်တဲ့ ဦးလေးရဲ့စာအုပ်ဆိုင်သို့ရောက်လာ၏။
" ရောက်ပြီလား "
ကောင်တာမှာစာအုပ်နံပါတ်စဥ်တွေရေးနေရင်းက
သူ့ကိုမြင်တော့လှမ်းနှုတ်ဆက်သည်။
စွပ်ကျယ်အင်္ကျီလေးသာဝတ်ထားသောလဲ ကြည့်ကောင်းမှုကမပျောက်သွားတော့ စာအုပ်အဟောင်းဆိုင်လေးကမသိတဲ့လူတွေအဖို့စာသင်ဝိုင်းလိုမျိုးဖြစ်နေကာကျောင်းသူလေးတွေစုပြုံနေသည်။
" ပခုံးပေါ်က ? "
" ချစ်စရာလေးမလား Mix ရဲ့ဆေးခန်းမှာရှိနေတာလေ လူသိပ်ယဥ်တာပဲ ငါနဲ့ချည်းလိုက်မယ်လုပ်နေတော့ပိုင်ရှင်ကလဲခေါ်သွားဖို့ခဏခွင့်ပြုလိုက်တာ မင်းရောက်လာပြီဆိုတော့သွားပြန်ပို့လိုက်အုန်းမယ် "
Fourth ခေါင်းငြိမ့်ပြလိုက်ပြီးရေးလတ်စစာအုပ်တွေကိုပြန်ရေကာ စီစရာရှိသည်များကိုအမျိုးအစားအလိုက်ပြန်စီပေးနေလိုက်၏။သူ့အတွက်တစ်နေ့တာအလုပ်က ဒါပဲရှိတာလေ။နေမင်းကြီးကတဖြေးဖြေး အနောက်ဘက်သို့ရောက်လာသည်အထိ P' Earth ကပြန်မလာသေးပါ။ကြည့်ရတာ ဒီနေ့လဲဆိုင်သိမ်းဖို့ကိုသူပဲတာဝန်ကျအုန်းမယ်ထင်ပါရဲ့ ...
မိဘတွေမရှိတော့တဲ့သူ့ကိုငယ်ငယ်လေးထဲကစောင့်ရှောက်ပေးခဲ့ရတာမို့ P'Earth ရဲ့လူငယ်ဘဝဟာ
သူ့ကြောင့်နဲ့ကောင်းကောင်းမကုန်ဆုံးခဲ့ရပါ။
အသက် ၃၀ နားရောက်မှ P'Mix နဲ့တွေ့ပြီးပျော်ရွှင်လာတာမြင်ရတော့သူလဲအထွန့်မတက်ချင်တော့။
ပျော်လို့ရတုန်း ပျော်ထားပေါ့ဗျာ
ကျွန်တော်လဲချစ်သူရလာရင်ဒီဆိုင်ကိုပစ်ထားခဲ့မှာ။
ဆိုင်ထဲကကျောင်းသူကျောင်းသားလေးတွေ တရွေ့ရွေ့နဲ့ထွက်သွားကျပြီမို့ ကြမ်းပြင်တွေတံမြတ်စီးလှဲပြီးစာအုပ်တွေကိုနေရာတကျပြန်ထားလိုက်သည်။
" လူရှိလားခင်ဗျ "
ဝင်ပေါက်မှအော်သံကိုကြားပေမဲ့လုပ်လတ်စလေး
အပြီးသတ်ချင်တာကြောင့် အရှေ့ထိမထွက်ပဲအခန်းထောင့်ကနေသာ ပြန်ဖြေဖို့လုပ်လိုက်သည်။
" စာအုပ်ရွေးချင်ရင်ရသေးတယ်ဗျ
ဆိုင်က ၆ နာရီဆိုပိတ်မှာမို့မြန်မြန်လေးတော့ရွေးပေးပါနော် "
ထိုသို့ပြန်ဖြေပြီး အချိန်အနည်းငယ်ကြာတဲ့အထိပြန်ဖြေသံမကြားတာမို့ Fourth စိတ်ထဲမသင်္ကာဖြစ်ပြီး
တံမြတ်စီးကိုချကာ ကောင်တာဘက်သို့ထွက်လာလိုက်၏။
" ဘာရပ်လုပ်နေတာလဲစာအုပ်မရွေးဘူးလား
ဪ သိပြီ စာအုပ်လာအပ်တာလား ခဏနော် "
အရှေ့ကလူက ကျောက်ရုပ်လိုရပ်နေတာမြင်လိုက်ရတော့ Fourth အနည်းငယ်လန့်သွားပေမဲ့အတက်နိုင်ဆုံးမျက်နှာကိုထိန်းကာကောင်တာအတွင်းဘက်သို့ဝင်လိုက်သည်။သူရွေ့လျားရာနေရာအတိုင်းမျက်တောင်မခတ်တမ်းလိုက်ကြည့်နေသော ထိုလူစိမ်းကြောင့် Fourth ကောင်တာအောက်ကအရေးပေါ်ခလုတ်ကိုနှိပ်ဖို့ကြိုပြီးလက်တင်ထားလိုက်သည်။
ပထမဆုံးမြင်ရတဲ့လူဖြစ်တဲ့အပြင် ထိုလူဟာလူဆိုးလားလူကောင်းလားဆိုတာမသိနိုင်ဘူးမဟုတ်လား။
" Chula က King ပဲ "
" ဟင် ? "
အရေးပေါ်ခလုတ်အပေါ်ကလက်ကလေးတွေက အောက်သို့ပြန်ကျသွားပြီး မကြာခင်မှာပဲသူ့ရဲ့သွားညီညီလေးတွေပေါ်လာကာပြုံးပြလာသည်။
" ဘယ်လိုသိတာလဲ "
သူ့ necktie မှာထိုးထားတဲ့ကျောင်းတံဆိပ်ကိုသူ့အားလက်ညှိုးထိုးပြလာ၏။
" ဪ ခုနကမတွေ့လိုက်ဘူး ကျောင်းတူတာပဲ
ငါတို့ "
ရီစရာမပါပေမဲ့လဲ Fourth ကခဏခဏရီကာ
ထိုလူစိမ်းနှင့်စကားဆက်ဖို့ကြိုးစားနေရသည်။
သူအခုရီသာရီနေရတာထိုကျောင်းသား ဘာအကြောင်းကြောင့်ရောက်လာမှန်းမသိရသေးဘူးလေ။
" ကျွန်တော် စာအုပ်တစ်အုပ်ရှာနေတာ စာအုပ်သက်တမ်းကတော်တော်ကြာနေပြီမို့အပြင်ဆိုင်တွေမှာဝယ်မရတော့ဘူး အဲ့တာကြောင့်အဟောင်းဆိုင်တွေမှာလိုက်ရှာနေတာပါ "
" ဘာစာအုပ်လဲ ဒီဆိုင်မှာတော့အရင်ကစာအုပ်တွေတော်တော်များများရှိပါတယ် "
ကြွားဝါပြီးပြောတဲ့စကားမဟုတ်ပေမဲ့ ဒါဟာအမှန်တရားတစ်ခုပါပဲ။ဒီစာအုပ်ဆိုင်ထဲကစာအုပ်တွေအကုန်လုံးကသူတို့အဘေးလက်ထက်ကတည်းက
ရှာဖွေသိမ်းဆည်းထားရတဲ့အဖိုးတန်စာအုပ်ဟောင်းတွေကြီးစုထားတာမို့ပါ။
" လွန်ခဲ့တဲ့နှစ် ၂၀ လောက်ကထုတ်ခဲ့တာဖြစ်မယ် Khun Leng ရေးထားတဲ့ Pattaya ကကြက်ဆီထမင်းဆိုင်လေးအကြောင်းပါ "
" ဘယ်လိုလူကကြက်ဆီထမင်းဆိုင်အကြောင်းစာထုတ်ရေးမှာလဲ ကျွန်တော်တော့မဖတ်ဖူးဘူး ရှာချင်ရင်တော့အနောက်ကတန်းတွေမှာ ... "
သူပြောပြနေရင်းနဲ့မှ ဆေးခန်းပိတ်ပြီးပြန်လာပုံရတဲ့
P' Earth နဲ့ P'Mix တို့ကဆိုင်ထဲဝင်လာတာမို့စကားပြောရပ်သွားသည်။
" ဆိုင်မပိတ်သေးဘူးလား Fourth "
" ပိတ်တော့မလို့ပါ စာအုပ်လာရှာတဲ့တစ်ယောက်ရှိသေးလို့ ဒါနဲ့ P' ... Khun Leng ရေးတဲ့ စာအုပ်တွေကဘယ်မှာသွားရှာပေးရမလဲ ဒီတစ်ယောက်ကအဲ့စာရေးဆရာရဲ့စာအုပ်ကိုရှာနေတာတဲ့ "
Fourth ကလက်ညှိုးထိုးပြရင်းပြောတော့ ထိုလူကလဲ ခေါင်းတဆက်ဆက်ငြိမ့်ပြသည်။
" Khun Leng ? ကြားဖူးသလိုလိုတော့ရှိတယ်ထင်တာပဲ "
Earth ကတွေဝေသလိုလိုလုပ်နေတုန်း ဘေးမှာရပ်နေတဲ့ Mix ကတစ်ခုခုကိုသတိရသွားသလို Earth ရဲ့ပခုံးကိုဖွဖွလေးရိုက်ကာ
" ကျွန်တော်တို့အရင်နှစ် Pattaya ကိုအလည်သွားတုန်းအဖွားတစ်ယောက်ကလက်ဆောင်ပေးခဲ့တဲ့ စာအုပ်လေ အဲ့တာ Khun Leng ရေးထားတာ "
" အာ ဟုတ်တယ် ဟုတ်တယ် ကြက်ဆီထမင်းဆိုင်ကလူငယ်ကောင်လေးတွေအကြောင်းကိုရေးထားတာမလား "
Earth ကပါဝင်ထောက်ခံတော့ အရှေ့ကထိုလူဟာမျက်လုံးလေးတွေအရောင်လက်လာပြီး ခေါင်းငြိမ့်ပြလာသည်။
" ကျွန်တော်ရှာနေတာလဲ အဲ့စာအုပ်အကြောင်းပါပဲ
တစ်ကယ်တမ်းပြောရရင် ကျွန့်တော့်ညီကအဲ့စာအုပ်ကိုတော်တော်စိတ်ဝင်စားနေတာ သူ့ကိုလက်ဆောင်ပေးဖို့လိုက်ရှာနေတာမို့ပါ ကျွန်တော်ဘယ်မှာဝယ်လို့ရနိုင်မလဲခင်ဗျ "
" ဝယ်ဖို့တော့မဖြစ်နိုင်ဘူးထင်တယ် ကျွန်တော်တို့လဲအဲ့စာအုပ်အကြောင်းအရာလေးကိုသဘောကျလို့လိုက်ဝယ်ဖို့လုပ်ခဲ့ပေမဲ့ စာရေးဆရာကကွယ်လွန်သွားပြီမို့အသစ်ထပ်မထုတ်ဖြစ်တော့ဘူးတဲ့ အကယ်၍အရမ်းဖတ်ချင်နေတာဆိုရင်တော့ ကျွန်တော်တို့ငှားပေးနိုင်ပါတယ် "
Mix ရဲ့စကားကြောင့်ပျော်သွားပုံရတဲ့ထိုလူကလဲ
ကျေးဇူးတင်စကားကိုအထပ်ထပ်ပြောကာ နောက်ရက်ကျသူ့ညီကိုလွှတ်လိုက်မယ်ပြောပြီး ထွက်သွားတော့သည်။
" Hello P'Pond ကျွန်တော် စာအုပ်ရှာတွေ့ပြီ "
" ကိုယ့် ဟန်နီကတော်လိုက်တာ ၁ လအတွင်းသေချာရှာနိုင်ခဲ့တာပဲ အခုဘယ်မှာလဲကိုယ်လာခေါ်မယ်လေ "
နေရာကိုပြောပြပြီးမကြာ ရောက်လာသောကားအနက်လေးကြောင့် သူပြုံးလိုက်မိ၏။ဒီလူကြီး အချိန်တိကျလိုက်ပုံများ ...
" ရော့ ဟန်နီ စားဖို့ကိုယ်ဝယ်လာတာ "
" ခင်ဗျား ကျွန်တော့်ကိုဟန်နီလို့ပဲဆက်တိုက်ခေါ်နေတော့မှာလား ခင်ဗျားအဲ့လိုခဏခဏခေါ်နေလို့ အမေပေးထားတဲ့တစ်ကယ့်နာမည်တောင်မေ့ချင်ချင်ဖြစ်နေပြီဗျ "
ဟန်ဘာဂါ တစ်ကိုက်စားရင်းဆူပုတ်ပုတ်လေးပြောလာတော့ Pond မှာမနေနိုင်မထိုင်နိုင်အသည်းယားမိပြန်သည်။ဘာမှပြန်မပြောတော့ပဲပြန်လိုက်ပို့ဖို့ ကားစက်နှိုးလိုက်ကာအိမ်သို့မောင်းနှင်လာလိုက်တော့သည်။
" ကျေးဇူးနော် P'Pond ပြန်လိုက်ပို့ပေးတာ ...
မဟုတ်ရင်ကျွန်တော်ပင်ပန်းလို့ ရထားဘူတာမှာတင်အိပ်ပျော်သွားလောက်တယ် "
" Phuwin ကိုယ့်ကိုလေ့လာနေတာမလုံလောက်သေးဘူးလားဟင် "
ကားပေါ်ဆင်းခါနီး လက်ကိုဆွဲရင်းပြောလာတဲ့ Pond ရဲ့မျက်နှာဟာစိုးရိမ်စိတ်တွေလွှမ်းခြုံနေသည်။ဒီကောင်လေး သူနဲ့ပတ်သက်ပြီးဒီလောက်တောင်အချိန်ဆွဲနေတာမဟုတ်မှလွဲ သူ့ကိုအစ်ကိုတစ်ယောက်လိုပဲသဘောထားနေတာများလား။
" ကျွန်တော်တို့မှာအချိန်အများကြီးကျန်ပါသေးတယ် နောက်ပြီး ခင်ဗျားလဲသိတဲ့အတိုင်း Gem ကျန်းမာရေးကလဲရှိသေးတယ်လေ သူ့အတွက်စိတ်ချနိုင်ပြီဆိုတဲ့အချိန်ကျမှ ကျွန်တော့်အတွက်ကိုစဥ်းစားချင်တယ် နောက်ပြီး စိတ်ချပါ နောက်ဆုံးမှာခင်ဗျားမျှော်လင့်နေတဲ့အဖြေမျိုးပဲရှိနေမှာပါ "
" ကိုယ်တော့ဘယ်လိုလုပ်ရပါတော့မလဲ "
Phuwin ရဲ့လက်ချောင်းသွယ်သွယ်လေးတွေကို ပွတ်သပ်ရင်း Pond က ရီသွေးသွေးပြောလာ၏။
" ဘာလို့လဲ "
" ဒီလောက်စိတ်ထားကောင်းတဲ့ကောင်လေးကို ရည်းစားတော်ရတော့မှာမို့လို့လေ ကိုယ်စောင့်နိုင်ပါတယ် Phuwin ကိုဖိအားပေးတဲ့လူမျိုးမဖြစ်ချင်ဘူး "
ထိုအခါမှ Phuwin ရဲ့အားနာနေတဲ့မျက်နှာလေးက
ပြန်လင်းလာပြီး ပါးလေးတွေမို့တက်လာသည်အထိပြုံးလာတော့သည်။
" Good Night နော် P'Pond "
Phuwin အိမ်ထဲဝင်လာတော့ကားသံကြောင့်နိုးလာပုံရတဲ့ Gemini ကအပေါက်ဝတွင်ရပ်စောင့်နေ၏။
" အဲ့လိုမျိုးမူနေရာက P'Pond ကိုနောက်တစ်ယောက်ယူသွားလိမ့်မယ်နော် မြန်မြန်တွဲကျတော့လေ "
တံခါးဘောင်ကိုမှီရင်း သူ့ကိုစနောက်နေသော Gemini ကို Phuwin ဘာမှပြန်မပြောတော့ပဲခေါင်းသာရမ်းပြလိုက်သည်။အဲ့လူကြီးလား သူများနောက်ပါမှာ။သူများနောက်သာလိုက်ချင်နေရင်သူ့ကို ၆ နှစ်လောက်အချိန်ပေးပြီးစောင့်နေပါ့မလားလို့ စိတ်ထဲကနေပြန်ပြောလိုက်တော့သည်။
" အခုနောက်ပိုင်းဘယ်လိုလဲ နှလုံးက "
" အများကြီးသက်သာလာပါပြီ "
နှလုံးအစားထိုးကုသမှုခံယူလိုက်ပြီးကတည်းက အချိန်အနေကောင်းလာပုံတဲ့ Gemini ဟာဖြေးဖြေးချင်းသွက်လက်လာသည်။
" ဒါနဲ့ ကျွန်တော်စုံစမ်းခိုင်းထားတဲ့စာအုပ်ရော ... "
" တွေ့ခဲ့တယ် စာရေးဆရာကဆုံးသွားပြီမို့စာအုပ်အသစ်ပြန်မထုတ်ဝေတော့ဘူးလို့ပြောတယ် အဲ့တာကြောင့် ငှားလို့ပဲရနိုင်မယ်အဆင်ပြေတယ်မလား "
" အဆင်ပြေတာထက်ကိုပိုပါသေးတယ် ကျေးဇူးပဲ "
သူ့ကိုနှုတ်ဆက်ပြီး Gemini ကအပေါ်သို့ပြန်တက်သွားပြီမို့ သူလဲအိပ်ရာဝင်ဖို့လုပ်ရတော့သည်။
သူ ဒီနေ့မတိုင်ခင်အထိစာအုပ်ရှာတွေ့ဖို့အတွက်ပင်ပန်းခဲ့ရတာတွေများပြီမဟုတ်လား။ဒီညတော့ ခြေဆန့်ပြီးကောင်းကောင်းအိပ်နိုင်ပြီထင်တယ်။
ညသန်းခေါင်ဖြစ်သောကြောင့် အိမ်ကြီးတစ်ခုလုံးအပ်ကျသံတောင်မကြားရလောက်အောင်တိတ်ဆိတ်နေလေ၏။သို့သော် ထိုတိတ်ဆိတ်သံတွေနဲ့ဆန့်ကျင်စွာ Gemini ရဲ့နှလုံးခုန်သံကတော့အဆက်မပြတ်ပင်မြည်ဟီးနေသည်။
" မင်း ငါ့နှုတ်ခမ်းကိုသေချာကြည့်နော် "
သူ ခေါင်းငြိမ့်ပြလိုက်ပြီးနှုတ်ခမ်းကိုသေချာကြည့်နေလိုက်သည်။
" ချစ်သူ "
ပထမတစ်ကြောင်းပြောလာပေမဲ့ သူနားမလည်လိုက်။ဒါကိုသိနေတဲ့အရှေ့ကလူက နောက်တစ်ကြိမ်ထပ်ပြောလာသည်။
" ချစ်သူ "
ထိုစကားလုံးကိုအသံဖြင့်မကြားနိုင်ပေမဲ့ နှုတ်ခမ်းလှုပ်ရှားမှုကြောင့်နားလည်သွားတဲ့ Gemini ဟာရှက်ပြုံးပြုံးသွားပြီး အရှေ့ကလူရဲ့လက်ကိုနူးညံ့စွာဆွဲယူလိုက်သည်။ထိုလူကလဲသူ့လက်ချောင်းလေးတွေကို ကျစ်ကျစ်ပါအောင်ပြန်ပြီးဆုပ်ကိုင်လာသည်။
ဒီလက်လေးကို ကိုယ့်ဘဝတစ်လျှောက်လုံးဆုပ်ကိုင်သွားနိုင်ရင်သိပ်ကောင်းမှာပဲ liming ~~
" Liming ? "
Gemini နိုးလာတာနဲ့သူ့နှုတ်ဖျားကပထမဆုံးခေါ်လိုက်တဲ့အမည်နာမဟာ အမြဲတမ်းလိုလို Liming ဆိုတဲ့လူရဲ့နာမည်သာဖြစ်နေတက်သည်။
သတိတရနဲ့အမြန်ဆုံးစာအုပ်ကိုဆွဲဖွင့်ပြီးအိပ်မက်ထဲကအကြောင်းအရာတွေကို မှတ်မိသလောက်ချရေးလိုက်သည်။
" Liming မင်းနဲ့ငါကဘယ်လိုပတ်သက်မှုရှိခဲ့တာလဲ "
________________________________________
ဒီတစ်ခေါက်ကတော့ ကိုယ်အရမ်းဖတ်ချင်၊ရေးချင်နေခဲ့တဲ့ gemfot နဲ့အတူ heartliming တို့ရဲ့အတိတ်ဘဝကိုပြန်သွားတဲ့ဇာတ်လမ်းလေးပါ။
ဒါလေးကို msp ပြီးကတည်းကရေးဖို့လုပ်ထားပေမဲ့
Plot အပြည့်အစုံမရသေးလို့မစပဲနေနေတာ အခုတော့အပြည့်အစုံရသွားပြီဖြစ်တဲ့အပြင်လိုချင်တဲ့ Ending လေးကိုပါစိတ်ကူးနိုင်ပြီမို့ ရေးထားတာကိုလာတင်ပေးတာပါ။
Guest တွေအနေနဲ့ PondPhuwin,Earthmix တို့ပါပါမယ်။