အင်မော်တယ်ဖေဖေ စာစဉ်(၃၂) အပိုင်း(၁)
အခန်း(၃၈၀-က)ယောက်ျားတစ်ယောက်ရဲ့ဂုဏ်သတင်းကအရေးပါခဲ့တယ်(၁)
"ဝှစ်"
လော့ချင်း ချက်ချင်းပင် မျက်နှာနီရဲသွားပြီး အခြားဝိုင်းများရှိ လူများကလည်း လှမ်းကြည့်နေသည့်အတွက် အလွန်ရှက်သွားသည်။
လျန်ဟောင်ပင် ခံစားချက်တချို့ဖြင့် ပြောလိုက်သည်။ "အရက်က သူရဲဘောကြောင့်တဲ့သူကို ပိုပြီးသန်မာစေတယ်"
ပုံမှန်အချိန်တွင် မလုပ်ရဲသည့်ကိစ္စတစ်ခုကို အရက်သောက်ပြီးသည်နှင့် လုပ်နိုင်သွားသည်။ သို့သော် လျန်ဟောင်သည် အခြားသူများကိုထိခိုက်စေပြီး ပျော်ရွှင်နေသည့်သူတို့၏အပြုအမူများကို အထင်သေးသည်။
တာဟဲက မျက်မှောင်ကြုတ်ကာ ထရပ်ရန် ပြင်လိုက်သည်။ သို့သော် ခပ်ဝဝလူက ထို့သို့ပြောပြီးနောက် သူ့အား စကားပြောခွင့်မပေးဘဲ ပြန်ပြေးသွားသည်။
"သူတို့ ရူးနေတာလား" ကျန်းလီ ဒေါသတကြီး ပြောသည်။
"သူတို့က ဝိုင်းလေးနည်းနည်းသောက်ပြီး အရူးထနေတဲ့ ငကြောင်အုပ်စုပဲ။ သူတို့ကို ခေါက်ထားလိုက်ပါ" တာဟဲက မကျေမနပ်ဖြင့် သူတို့အား လှမ်းကြည့်ကာ ဒေါသတကြီးပြောသည်။
နောက်ပိုင်းတွင် တင်းမာမှုများ ပြေလျော့သွားစေရန် တာဟဲက ငါးမိနစ်ခန့် ဟာသပြောနေခဲ့သည်။ ထိုနောက်တွင် ဆံပင်နီနှင့်လူက နောက်တစ်ခါ လျှောက်လာပြန်သည်။
"ဟဲလို ငါ မင်းကို တွေ့ဖို့ ပြန်လာတာ။ ဝိုင်ကို သောက်လိုက်ပါ။ ငါတို့ အနာဂတ်မှာ သူငယ်ချင်းတွေ ဖြစ်နိုင်တယ်" ရှောင်ချမ်းက ကျန်းလီ၊ တာဟဲနှင့် လော့ချင်းတို့အား ဝိုင်တစ်ခွက်လုံးသောက်ရန် လက်ဟန်ပြသည်။
"သောက်ရယ်ပေါ့။ ကောင်းပြီလေ"
ကျန်းလီက မတ်တပ်ထရပ်ကာ သူမ၏ဖန်ခွက်ကို မြှောက်လိုက်သည်။
ထိုနောက် ရှောင်ချမ်း၏မျက်နှာပေါ်သို့ အရက်များ ပက်ချလိုက်သည်။
"ရှင် စိတ်လွတ်နေတာလား" ကျန်းလီက သူ့အား စူးစူးရဲရဲစိုက်ကြည့်ကာ ကျယ်လောင်စွာ ပြောသည်။ "အရက်နည်းနည်းသောက်ပြီးတာနဲ့ ဘာမဆိုလုပ်နိုင်ပြီ ထင်နေလား"
ကျန်းလီ၏အပြုအမူကြောင့် လျန်ဟောင် အံ့ဩသွားသည်။
"ဝေါင်း ဒီကောင်မလေးက ဒေါသကြီးတာပဲ"
ဆံပင်နီလူ လျှောက်လာသည့်အချိန်က သူ သတိပြုမိခဲ့ပြီး ထိုလူ အရင်လှုပ်ရှားလိမ့်မည်ဟု ထင်ခဲ့သည်။ အမျိုးသမီးက ထိုလူ့အား အရက်ဖြင့်တန်းလောင်းလိုက်မည်ဟု မမျှော်လင့်ထားချေ။
တစ်ချိန်တည်းမှဦပင် ကျန်းလီ၏စကားများက ကျန်သည့်အခြားသူများအား နှစ်ထောင်းအားရဖြစ်သွားစေသည်။
ထိုလူများက အလွန်ဆူညံလွန်းပြီး စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည်ဟု သူတို့လည်း ခံစားမိကြသည်။
သို့သော် သူတို့ ရန်ဖြစ်ကြပါက ထိုအမျိုးသမီးနှစ်ယောက်နှင့် အမျိုးသားတစ်ယောက်က ထိုလူများအား မယှဉ်နိုင်မည်ကို သူတို့အနည်းငယ် စိုးရိမ်သွားကြသည်။
ဘီယာသောက်နေသည့် ရှောင်ချမ်းသည် အစပိုင်းတွင် အံ့အားသင့်သွားပြီး နောက်မှ သတိပြန်ဝင်လာသည်။ သူ အလွန်ဒေါသထွက်သွားပြီး ကျန်းလီအား စိုက်ကြည့်ကာ "မင်းဘာ..."
သူ၏စကားမဆုံးခင်မှာပင် ခါးအား အကန်ခံလိုက်ရသည်ကို ခံစားမိလိုက်သည်။
"သွားသေလိုက်"
တာဟဥ သူ့အား ရင်ဆုံး ရိုက်နှက်လိုက်သည်။
"ချီးပဲ"
ရှောင်ချမ်း ကျိန်ဆဲလိုက်ပြီး အစ်ကိုတာ၏မျက်နှာမှာလည်း မည်းမှောင်သွားသည်။
သူနှင့် အမျိုးသမီးသုံးယောက်မှ လွဲ၍ ကျန်သည့်လူများအားလုံး မတ်တပ်ထရပ်ကာ ထိုနေရာသို့ အမြန်လျှောက်သွားကြသည်။ သူတို့ နှုတ်စည်းမစောင့်ဘဲ ရန်ပွဲဖြစ်တော့မည့်ပုံရသည်
"အစ်ကို သူတို့ကို သွားကူညီပေးလိုက်ပါ"
လျန်မုန့်ချီဿည် သူမ၏အစ်ကိုက သိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး အလွန်အစွမ်းထက်သူဖြစ်ကြောင်း သိရှိသဖြင့် အမြန်ပြောသည်။
"အာ... ကောင်းပြီလေ"
လျန်ဟောင်က သူမအား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီးနောက် မတ်တပ်ထရပ်ကာ လျှောက်သွားလိုက်သည်။
ထိုအချိန်တွင် တာဟဲမှာ ဒေါသထွက်နေပြီဖြစ်၏။
သူ၏ဘေးရှိ စားပွဲမှ ဘီယာပုလင်းကိုယူကာ ထိုင်ခုံပေါ် ရိုက်ခွဲလိုက်ပြီး ပုလင်းကွဲအသွားတစ်ခု ကျန်နေခဲ့သည်။
သူသည် ထက်ရှသည့်ဖန်ခွဲစဖြင့် လျှောက်လာပြီး ရက်စက်ပြင်းထန်သည့်အမူအရာက ရှောင်ချမ်း၏အဖော်များကို အံ့အားသင့်သွားစေသည်။
သူတို့သည် မောက်မာထောင်လွှားကာ အကြိမ်များစွာ ရန်ဖြစ်ခဲ့သော်လည်း သူတို့ရှေ့မှ လူသည်တော့ တကယ့်ဖိုက်တာတစ်ယောက်ဖြစ်ကြောင်း သိလိုက်ကြသည်။
သာမန်အချိန်များတွင်ဆိုလျှင် သူတို့ နောက်ပြန်ဆုတ်ကြပေလိမ့်မည်။ သို့သော် သူတို့အားလုံး မူးနေကြသည့်အချိန်တွင် သူ့အား မြင်ပြီးနောက် ပို၍ ဒေါသထွက်လာကြသည်။ ထို့ကြောင့် သူတို့ တစ်ပြိုင်တည်း ပြေးတက်သွားကြသည်။
သူတို့ တိုက်ခိုက်တော့မည်ကိုမြင်သည့်အခါ ဧည့်သည်များအားလုံး ကြောင်အသွားကြ၏။
ထိုအချိန်မှာပင် ပုံရိပ်တစ်ခုက သူတို့ထံ လျင်မြန်စွာ ရောက်ရှိလာသည်။
"ဘုန်း ဘုန်း ဘုန်း"
သူသည် တခဏချင်း အကြိမ်အနည်းငယ် ကန်ထည့်လိုက်ရာ ရှောင်ချမ်းနှင့် သူ့အဖော်များ မြေကြီးပေါ် လဲကျသွားကြသည်။
လျန်ဟောင်သည် ချက်ချင်းပင် လူအများ၏အာရုံစိုက်ခြင်းခံလိုက်ရပြီး မိန်းကလေးများစွာသည် သူ၏အရမ်းမိုက်သည့်မျက်နှာနှင့် ထူးချွန်သည့်စွမ်းရည်ကြောင့် ဆွဲဆောင်ခံလိုက်ရ၏။
တာဟဲ အတော်လေး အံ့အားသင့်သွားသည်။ သူ ဒါကို လုပ်ရန်အသင့်ဖြစ်နေပြီဖြစ်ကာ ယခုလိုဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားချေ။ ယောက်ကျားတစ်ယောက်အနေဖြင့် သူသည် တခြားသူ၏အကူအညီကို မလိုအပ်ချေ။ ထို့ပြင် ထိုလူက အလွန်ကြင်နာလွန်း၏။
သို့သော် နောက်အခိုက်အတန့်တွင် တာဟဲသည် အသိအကျွမ်းတစ်ယောက်ရှိနေကြောင်း သတိပြုမိလိုက်သည်။
"လီလီ နင်အဆင်ပြေရဲ့လား" လျန်မုန့်ချီက သူတို့ဆီ လျှောက်လာပြီး သူမ၏ညီမများကို စိုးရိမ်နေသည့် အစ်မအရင်းသဖွယ် စိုးရိမ်စွာ မေးသည်။ ထိုနောက် သူမ ရှောင်ချမ်းနှင့် အခြားသူများကို ကြည့်လိုက်ပြီး နှာခေါင်းရှုံ့ကာ "ရှင်တို့ ထပ်ပြီးနှောင့်ယှက်ရဲရင် ရှင်တို့ကို ရှင်းပစ်ဖို့ ကျွန်မအစ်ကိုကိုပြောလိုက်မယ်"
"ကျေးဇူးပါ" ကျန်းလီက ရင့်ကျက်ဟန်ဆောင်နေသည့် လျန်မုန့်ချီကိုကြည့်ပြီး အလွန်ရယ်စရာကောင်းသည်ကို တွေ့လိုက်ရသည်။
သူတို့ စားသောက်ဆိုင်တွင် နှစ်ကြိမ်စကားပြောဖူးသည်။ လျန်မုန့်ချီသည် သူမ၏ယောင်းမ ဘယ်သူလဲဆိုသည်ကို သိချင်နေပြီး ကျန်းလီကို မေးခဲ့သည်။ ကျောက်ဖုန်းက သူမအား အကြိမ်များစွာ စကားထဲထည့်ပြောခဲ့ပြီး သူမ(လျန်မုန့်ချီ)က သူမ(ကျန်းလီ)၏အစ်ကိုကို သဘောကျကြောင်း ပြောခဲ့သည်။
စားသောက်ဆိုင်သို့ သူမ နေ့တိုင်းမသွားဖြစ်သော်လည်း ထို ဗီအိုင်ပီအဖွဲ့ဝင်များနှင့် ရင်းနီးနေဆဲပင်။
ထိုစကားကိုကြားပြီးနောက် လျန်မုန့်ချီက ပြုံးကာ "ရပါတယ်"
သူတို့ စကားပြောနေစဉ် ရှောင်ချမ်းနှင့် အခြားသူများလည်း သတိပြန်ဝင်လာကြသည်။ သူတို့ အကန်ခံလိုက်ရပြီး မြေပြင်ပေါ်လဲကျသွားခဲ့ကာ အလွန်အမင်းနာကျင်ခြင်းမရှိသော်လည်း ထိုစကားလုံးများ၏သတိပေးမှုကိုတော့ သဘောပေါက်ကြသည်။ သူတို့ အနည်းငယ် မူးနေသော်လည်း ထွက်ပေါ်လာသည့်လူက အလွန်ကျွမ်းကျင်သည့်သူဖြစ်ပြီး သူတို့ သူနှင့်မယှဉ်နိုင်ကြောင်း သိကြသည်။
ထို့ကြောင့် သူတို့ မတ်တပ်ရပ်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ နောက်ဆုံးတွင် သူတို့ ဘာမှမပြောဘဲ နောက်ရှိ အစ်ကိုတာအား ကြည့်လိုက်ကြသည်။
အစ်ကိုတာ၏မျက်နှာမှာ မည်းမှောင်နေသည်။ သူ မတ်တပ်ထရပ်ကာ ရှောင်ချမ်းနှင့် အခြားသူများထံ လျှောက်သွားလိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"သူတို့က စနောက်ရုံပဲကို မင်းဘယ်လိုလုပ် သူတို့ကို ရိုက်ရဲတာလဲ။ ငါတစ်ယောက်လုံး ဒီမှာရှိနေတာ မင်းမမြင်ဘူးလား"
"ဟားဟားဟား...ငါ တကယ်ကို.." တာဟဲမှာ ထိုလူက အလွန်ရယ်စရာကောင်းသည်ကို တွေ့လိုက်ပြီး ရယ်မောလိုက်သည်။
သူ၏စကားမဆုံးခင်မှာပင် ကျန်းလီက ဖြတ်ပြောလိုက်၏။ "နင့်ကိုယ်နင် ဘယ်သူထင်နေလဲ။ ငါတို့က ဘာလို့နင့်ကို သောက်ဂရုစိုက်နေရမှာလဲ။ နင်တို့က စနောက်တာဆိုရင် ငါကလည်း ဘီယာလေးလောင်းပြီး စနောက်ရုံပဲလေ"
"ဝိုး... မင်းက တကယ်ကို ဒေါသအိုးပဲ။ ငါ ဘယ်သူလဲဆိုတာ မင်းသိလား" အစ်ကိုတာက ပြောသည်။
သူ၏စကားကိုကြားပြီးနောက် တာဟဲ အနည်းငယ် မျက်မှောင်ကြုတ်ကာ သူမည်သူမည်ဝါဖြစ်ကြောင်း ရဲရဲဝင့်ဝင့်ပြောနေသည့်အတွက် သူ၏နောက်တွင် သန်မာသည့်နောက်ခံတစ်ယောက်ယောက်ရှိရမယ်ဟု တွေးလိုက်သည်။
"နင်ဘယ်သူလဲဆိုတာ စိတ်မဝင်စားဘူး။ ယင်ကောင်လိုမျိုး အာရုံလာနောက်နေတာကို ရပ်ပေးလို့ရမလား" ကျန်းလီက အရေးမစိုက်စွာပြောသည်။
သူမ ဤစားသောက်တန်းသို့ အကြိမ်များစွာ လာစားဖူးသော်လည်း ယခုလိုကိစ္စမျိုးကို ပထမဆုံးအကြိမ် ကြုံးဖူးခြင်းဖြစ်သည်။
"ဟမ့်" အစ်ကိုတာက နှာခေါင်းရှုံ့လိုက်ပြီး "ငါက ဒုန်ဟုန်တာပဲ။ ငါတို့က ဒီမှာ စနောက်တာကို မင်း စိတ်အနှောင့်အယှက်ဖြစ်လို့ရပါတယ်။ ဒါပေမယ့် မင်း အဲဒါကြောင့်နဲ့ ငါတို့ကို ရိုက်လို့မရဘူး။ ကောင်းပြီ။ ဒီမှာရှိတဲ့ မင်းတို့လူတိုင်း တောင်းပန်တဲ့အနေနဲ့ ဝိုင်တစ်ခွက်သောက်ရမယ်။ ပြီးရင်တော့ ငါမင်းကို လွှတ်ပေးလိုက်မယ်"
"တောင်းပန်ရမယ် ဟုတ်လား။ နင်တော်တော် အရှက်မရှိပါလား" ကျန်းလီက လှောင်ပြောင်လိုက်ပြီး "တောင်းပန်သင့်တဲ့သူက နင်တို့မဟုတ်ဘူးလား"
ကျန်းလီ၏တင်းမာသည့်သဘောထားကြောင့် လျန်ဟောင် အံ့ဩသွားပြန်သည်။
သူမသည် အခင်းဖြစ်ပွားရာနေရာတွင် ဆရာကြီးဖြစ်သည်ဟု သူ့စိတ်ထဲတွင် ထူးဆန်းသည့်ခံစားချက်တစ်ခုရှိနေသည်။ ဒေါသတကြီးသည့်မိန်းကလေးက အမှန်တကယ် စရိုက်လက္ခဏာရှိကြောင်း သူတွေ့ရှိခဲ့သည်။
သိုင်းပညာကိုလေ့ကျင့်ခဲ့ပြီး နှစ်အတော်ကြာစီးပွားရေးလုပ်လာခဲ့ပြီးနောက် လျန်ဟောင်သည် ထူးချွန်သည့်လူတစ်ယောက်ဖြစ်လာခဲ့သည်။ သူသည် အခြားသူများကို အမြဲတမ်းလေးစားမှုထားရှိပြီး သူနှင့်ထိခဲ့တွေ့သည့်အမျိုးသမီးများမှာလည်း နူးညံ့သိမ်မွေ့ကာ မွန်မြန်သည့်စရိုက်ရှိသူများဖြစ်ကြသည်။ အချို့က တက်ကြွကာ ရွှင်ရွှင်ပျပျနေတတ်သော်လည်း သူမလိုမျိုး စိတ်တိုတတ်သည့်မိန်းကလေးမျိုးကို မတွေ့ရတာ ကြာပြီဖြစ်သည်။
"အမ်" ဒုန်ုဟုန်တာ၏မျက်နှာမှာ မည်းမှောင်လာပြီး "မင်းကို အခွင့်အရေးမပေးလို ငါ့ကိုအပြစ်မတင်နဲ့ပေါ့။ ပိုဆိုးလာရင် မင်းနောင်တရလိမ့်မယ်"
"ကောင်လေး ဒီမှာလာပြီး အစွမ်းထက်သလိုဟန်ဆောင်မနေနဲ့။ ဒုန်ဟုန်တာက ဘယ်သူလဲ။ ငါ အဲ့နာမည်ကို တစ်ခါမှတောင် မကြားဖူးဘူး။ သရုပ်ဆောင်နေတာ တော်လိုက်တော့" တာဟဲက ရယ်မောကာ ကျန်းလီကို ညွှန်ပြလိုက်ပြီး "သူမက ဘယ်သူလဲသိလား။ သူမအစ်ကိုက ဘယ်သူလဲ မင်းသိလား"
"ကောင်းတယ်" ဒုန်ဟုန်တာက လက်ကိုဝှေ့ယမ်းလိုက်ပြီး "ဘယ်သူလဲ ငါ့ကိုပြောစမ်းပါဦး။ သူက နာမည်ကြီးရင် ဒီနေ့ ငါမင်းတို့ကို လွှတ်ပေးလိုက်မယ်"
သို့သော် တာဟဲ၏စကားကြောင့် လျန်မုန့်ချီ အနည်းငယ် သိချင်လာသည်။ "လီလီရဲ့အစ်ကိုက သူဌေး မဟုတ်လား။ သူက အရမ်းအစွမ်းထက်တယ်လို့ မှတ်ယူလို့ရတာလား"
"အိုး ဟုတ်သားပဲ။ အဲဒါ ကျောက်ဖုန်းပဲ။ သူ့မှာ အရမ်းအစွမ်းထက်တဲ့ မြေအောက်ဂိုဏ်းရှိပုံရတယ်။ ဒါကြောင့် သူဌေးက ပိုပြီး ဩဇာရှိသွားတာ ဟုတ်တယ်"
လျန်မုန့်ချီသည် သူမ အမှန်တရားကို သိလိုက်ပြီဟု ထင်နေခဲ့သည်။
လျန်ဟောင်က သူ့ညီမ၏သူငယ်ချင်းက သာမာန်လူတစ်ယောက်မဟုတ်ဟု တွေးမိလိုက်ပြီး အနည်းငယ် စူးစမ်းနေခဲ့သည်။
"ဟားဟားဟား..."
လူတိုင်း၏အာရုံစိုက်မှုအောက်တွင် တာဟဲက ရယ်မောလိုက်ပြီး "သူမအစ်ကိုက လဆန်းပင်လယ်ကွေ့က မစ္စတာကျန်းပဲ"
"မစ္စတာကျန်းလား"
သူ၏စကားကြောင့် အနီးအနားရှိ လူများ စိတ်ရှုပ်ထွေးသွားကြသည်။ သူတို့ ခဏလောက်စဉ်းစားလိုက်ပြီး လဆန်းပင်လယ်ကွေ့မှ မစ္စတာကျန်းဆိုသည့် ဩဇာကြီးမားသူတစ်ယောက်ယောက်ကို မဖော်ထုတ်နိုင်ကြချေ။
ဒုန်ဟုန်တာလည်း ၎င်းကို တွေးနေသည်။
"လဆန်းပင်လယ်ကွေ့က အရမ်းကြီးတဲ့နေရာမဘူး။ အဲဒီမှာ အစွမ်းထက်တဲ့လူတွေအများကြီးရှိတယ်။ အဲဒီနေရာက ငါ့ဦးလေးနဲ့လယ်ဗယ်တူ ထန်ကျန့်ခေါင်းဆောင်တဲ့ မြေအောက်ဂိုဏ်းပိုင်နက် တောင်ပိုင်းခရိုင်ထဲမှာရှိတာ။ အဲဒီ နာမည်မရှိတဲ့ မစ္စတာကျန်းက ဘယ်သူလဲ"
၎င်းကို တွေးရင်း ဟုန်ဒုန်တာသည် မစ္စတာကျန်းသည် အောင်မြင်မှုလေးအနည်းငယ်ရှိသည့်လူဖြစ်နိုင်သည်ဟု ကောက်ချက်ချလိုက်သည်။ သူ့ရှေ့မှလူများသည်တော့...
သူတို့သည် တကယ့်အကောင်ကြီးကြီးဆိုတာ ဘယ်လိုမျိုးလဲ မသိကြသူများဖြစ်ကြောင်း ထင်ရှားလေသည်။
"ငါမင်းကို နောက်ဆုံးအခွင့်အရေးပေးမယ်။ တောင်းပန်လိုက်။ ငါမင်းကို သတိပေးတယ်နော်။ ငါ့ဦးလေးက ဒုန်ထျန်းဖန်ပဲ" ဒုန်ဟုန်တာက တိုက်ရိုက်ပြောလိုက်သည်။
သူပြောလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိလူများ စုတ်သပ်လိုက်ကြပြီး စကားသံတိုးတိုး တိုးတိုး ထွက်ပေါ်လာကြသည်။
"ဘုရားရေ သူ့ဦးလေးက ဒုန်ထျန်းဖန်တဲ့။ အဲဒါ တကယ့်အကောင်ကြီးပဲဟ"
"အဲဒါ အနောက်ပိင်းခရိုင်တစ်ခုလုံးရဲ့ မြေအောက်သူဌေးမလား။ သူ့မှာ ရက်စက်ကြမ်းကြုတ်တဲ့ တပည့်တပန်းတွေမများကြီးရှိပြီး သူ့ကိုစော်ကားတဲ့သူက ဘယ်တော့မှ အဆုံးသတ်မကောင်းနိုင်ဘူး"
"ဒုန်တျန်းဖန်က ဖနှောင့်တစ်ချက်ပေါက်လိုက်တာနဲ့ အနောက်ပိုင်းခရိုင်တစ်ခုလုံး တုန်ခါသွားတာ"
"သူတို့ တောင်းပန်ရုံပဲရှိတော့မယ် ထင်တယ်"
"..."
လူများ၏ဆွေးနွေးသံများကိုကြားပြီးနောက် ဒုန်ဟုန်တာမှာ အလွန်မြောက်ကြွသွားသည်။
"မင်းက မစ္စတာကျန်းကို စကားထဲထည့်ပြောနေပေမယ့် လူတိုင်း တိတ်ဆိတ်နေကြတယ်"
"ငါ့ဦးလေးကိုလည်း ပြောလိုက်ရော အခု မင်းကြားပြီမလား"
ရှောင်ချမ်းနှင့် အခြားသူများလည်း အလွန်ယုံကြည်မှုရှိနေကြသည်။
သူတို့ ကျန်းလီနှင့် သူမသူငယ်ချင်းများကို ကြည့်ကာ ဒေါသတကြီးအော်ဟစ်ကြသည်။ "ငါတို့ကို တောင်းပန်လိုက်။ ဒါဆို မင်းတို့ကို လွှတ်ပေးလိုက်မယ်"
"မဟုတ်လို့ ငါတို့သူဌေးရောက်ရင် ကိစ္စတွေက ရိုးရှင်းမှာ မဟုတ်တော့ဘူး။ မင်းတို့ကောင်တွေ...ဟမ့်..." သူ့မျက်နှာပေါ်က ညစ်ကျယ်ကျယ်အပြုံးက အရာအားလုံးကို ရှင်းပြပြီးသားဖြစ်သည်။
"မင်း ဝိုင်သောက်ပြီး တောင်းပန်လိုက်ဖို့လိုနေပြီထင်တယ်"
"..."
ထိုလူများအားလုံးက သံယောင်လိုက်ကြသည်။
"ဟဲလို ဆာ"
လျန်ဟောင်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ သူ မကျေမနပ်ဖြစ်သော်လည်း သူ၏ထုံးစံအတိုင်း ယဉ်ကျေးစွာပြောလိုက်သည်။ "ဒီမှာ ဖြစ်ပျက်ခဲ့တာကို လူတိုင်းမြင်ကြတယ်။ မင်းတို့က အကျိုးအကြောင်းမသင့်ဖြစ်နေကြတာလေ။ ဒါကြောင့် အခု ဒီကိစ္စကို ရပ်လိုက်ဖို့ အကြံပေးပါရစေ"
ယေဘူယျအားဖြင့် လျန်ဟောင်သည် ရန်သူအား အရင်ဆုံးအခွင့်အရေးပေးမည်ဖြစ်သည်။ ၎င်းတို့က ဆက်လက်လွန်ကဲလာပါက သူ လှုပ်ရှားမည်ဖြစ်၏။ သူသည် ရှော့ပင်းမောလ်တွင် အလားတူဆောင်ရွက်ကာ လူများစွာကို စည်းရုံးခဲ့ဖူးသည်။
သို့သော် သူ၏ဘေးတွင် ရပ်နေသည့်လူက တည့်တိုးသမား တာဟဲဖြစ်လေသည်။
"မင်းဖင်ကြီးကို တောင်းပန်လိုက်ပါလား။ မင်းဦးလေးက ဒုန်တျန်းဖန်မလား။ လာလေ သူ့ကို ဒီကိုခေါ်လိုက်ပါ။ မြန်မြန်လုပ်။ ငါမင်းကို နာရီဝက်အချိန်ပေးမယ်"
တာဟဲမှာ ကြောက်လန့်ခြင်းမရှိဘဲ ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။
ရှားရှန်ဟောင်သည် ဒုန်တျန်းဖန်နှင့် လယ်ဗယ်တူဖြစ်သည်။ သို့သော် ရှားရှန်ဟောင်သည် ကျန်းလီ၏အစ်ကိုအမည်ကို ကြားလိုက်ရသည့်အခါ အလွန်ကြောက်လန့် လေးစားသွားသည်။
အနည်းငယ် မေးမြန်းစုံစမ်းကြည့်ပြီးနောက် မစ္စတာကျန်းသည် မြေအောက်တပ်ဖွဲ့များကြားတွင် အဆင့်အတန်းမြင့်မားသည်ကို ဝိုးတဝါး သိရှိခဲ့သည်။ ထို့ကြောင့် ဒုန်တျန်းဖန်လာမည်ကိုကြားသည့်အခါ တာဟဲ လုံးဝ စိတ်သက်သာရာရသွားပြီး အစ်ကိုလုံနှင့် သူ့လူများကို ခေါ်ရန်ပင် မလိုအပ်တော့ဟု တွေးလိုက်မိသည်။
အဘယ်ကြောင့်ဆိုသော ဒုန်တျန်းဖန်ကဲ့သို့သော ဆရာကြီးမှာ အလွန်ပါးနးပ်ပြီး မည်သည့်အရာကိုမျှ မိုက်မိုက်မဲမဲ မလုပ်တတ်သောကြောင့်ပင်။ အကယ်၍ လူသိမများသည့်တစ်စုံတစ်ယောက်အား ပြောခဲ့ပါက တာဟဲ ပြင်ဆင်ထားမိပေမည်။
တာဟဲ၏စကားကို ကြားပြီးနောက် ဒုန်ဟုန်တာ၏မျက်နှာ ပို၍မည်းမှောင်သွားသည်။
"စောင့်နေလိုက်"
သူသည် ဒေါသတကြီးဖြင့် တာဟအား လက်ညှိုးထိုးလိုက်သည်။ ထိုနောက် သူတို့စားပွဲဆီသို့ ပြန်လှည့်သွားကာ လမ်းလျှောက်ရင်း ဖုန်းကိုထုတ်လိုက်သည်။ သူ့ဦးလေးသည် မစ္စတာရှားနှင့် စီးပွားရေးကိစ္စပြောနေပြီး သူတို့နှင့် သိပ်မဝေးသည်ကို သိထားသဖြင့် လုံးဝ စိတ်မပူချေ။ သူဖုန်းပြောပြီးသည်နှင့် သူနှင့် သူ၏အဖော်များ ဖန်ခွက်များကိုမြှောက်ကာ အရက်သောက်နေရင်း တစ်ဖက်မှလူများ အခွင့်အရေးမရှိတော့သည်မှာ သေချာနေဟန်ဖြင့် ရံဖန်ရံခါ လှမ်းကြည့်နေသည်။
-အခန်း(၃၈၀-က)ပြီး