Uni,
The Matching Guys (Part 56)
" ကိုကို ကျွန်တော်ခဏရှောင်ပေးမယ်နော်။ စိတ်နည်းနည်းကြည်သွားကြမှ
ဒီကိစ္စဆက်ပြောကြရအောင်။ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ကိုကို့ကိုလက်မလျော့နိုင်ဘူး။ အခုခဏရှောင်ပေးတဲ့သဘောနော် ကိုကို့အနားကထွက်သွားပေးပါမယ် မဆိုလိုဘူး။
ကိုကိုလည်း ကျွန်တော့်ကိုတကယ်ကြီးစိတ်ပျက်နေတယ်မခံစားရဘူး။ ဒီအတောအတွင်း ကိုကို့ခံစားချက်တွေစစ်မှန်ခဲ့တာပဲဟာ။
Londonမှာလည်းအတူတူပဲ ကိုကိုကျွန်တော့်အပေါ်အများကြီးဂရုစိုက်ပေး အလိုလိုက်ပေးခဲ့တာတွေက အတုအယောင်တွေလို့ လုံး၀မခံစားရဘူး။
ကျွန်တော်ကိုကို့ကို အရမ်းချစ်သလို ကိုကိုလည်းကျွန်တော့်အပေါ်ကျိန်းသေပြန်ချစ်လာမှာပါ။ ကျွန်တော့် ဒဏ်ရာတွေကိုလည်း စိတ်မပူနဲ့နော် ကျွန်တော်ဆေးသေချာလိမ်းထားတယ်။ ကလေးလေးလည်း မဟုတ်ဘူးလေ ဒီလောက်ကတော့အပျော့ပဲ။ ကိုကိုလည်း ဆေးလိမ်းဖို့မမေ့နဲ့နော်။
အခုတော့ မင်းညီညီနဲ့ ဖားကန့်ကိုခဏသွားလည်လိုက်အုံးမယ်။
ပြန်လာတဲ့အခါ ကိုကိုနဲ့အေးအေးဆေးဆေးမျက်နှာချင်းဆိုင်ပြန်ဖြေရှင်းကြမယ်။ ကိုကို့မှာစိတ်ရှုပ်စရာတွေရှိလည်းပြောပါ။ ကျွန်တော် ကျိန်းသေပေါက်ပြင်မှာပေါ့။ ကျွန်တော့်ကြောင့်မဟုတ်ပဲ တစ်ခြားကိစ္စတွေရှိနေရင်လည်း
ကျွန်တော် အစွမ်းကုန်ကူညီပေးမှာပါ ချစ်သူ အနေနဲ့မတွေးရင်တောင် ကျွန်တော်တို့က မိသားစုတွေပဲလေဗျာ။
ဘာပဲဖြစ်ဖြစ်အဆုံးသတ်မှာ ကျွန်တော်ကကိုကို့ဘက်ကအမြဲရှိနေမှာ။ မိဘတွေပြီးရင် အချစ်ရဆုံးကကိုကိုလေ သိတယ်မလား"
ခွန်းသန့်နောင် ပေးပို့လာသည့်message အဆုံးသတ်တွင် နမ်းနေသည့်ပုံစံemoji လေးပါထည့်ထားသေးသည်။
.....
" ဘာ မင်းဖားကန့်လိုက်သွားတယ် ဟုတ်လား။
မင်းတို့နှစ်ကောင်ငါ့ကိုတောင် တစ်ခွန်းမှမပြောဘူးနော်"
ခြံရံလင်းက သစ္စာဖောက်နှစ်ကောင်အား ဖုန်းထဲကလှမ်းအော်သည်။
" လိုက်ချင်လို့မဟုတ်ပါဘူး ။ ဒီတိုင်းအခြေအနေအရကွ မကျေနပ်ရင် မင်းလိုက်ခဲ့လိုက် ကားကမူးရတဲ့ထဲ "
မင်းညီညီ ခွန်းသန့်နောင်လက်ထဲက ဖုန်းကိုယူလိုက်ပြီး
" ခြံရံလင်း မလိုက်လာနဲ့ မှားမယ်။ ဒီမှာ ခွန်းသန့်နောင်တောင် ကားမူးပြီး လူးလိမ့်နေရော။ ဖားကန့်လမ်းဆိုးချက်က ကျောက်ခဲစားထားရင်တောင် အစာကြေတယ်။ငါက သွားနေကြဆိုတော့ အဲ့လောက်မဟုတ်ဘူး "
" ငါကဒီကောင် သီတင်းကျွတ်ပိတ်ရက် သူ့ကိုကိုနဲ့ ေပျာ်ပါးမယ်ထင်နေတာ မင်းဆီပါသွားမယ်မထင်ဘူး"
" ပါလာမှာပေါ့။ သူ့ကိုကိုနဲ့ တစ်ပွဲတစ်လမ်းချထားတာလေ မျက်နှာမှာလည်းဖူးယောင်လို့"
" ဟ ဒီ၁ရက် ၂ရက်အတွင်း ငါအများကြီးလွတ်သွားတာလား။ ဘာဖြစ်ကြတာလဲ"
ခွန်းသန့်နောင်က ဘာမှဝင်မပြောတော့ ရှူဆေးဘူးနှာခေါင်းတို့ထားရင်း တိတ်တိတ်လေးသာနေ နေတော့သည်။
" မသိဘူး အချစ်စမ်းနေကြတာနေမှာပေါ့။ ဒါနဲ့ မင်းကဘယ်မှာလဲ။"
" ငါလား ငါပုဂံသွားမလို့ ပြင်နေတာ"
" ဘယ်သူနဲ့လဲ"
" တစ်ယောက်ထဲပေါ့ငါတို့ Hotelကို နည်းနည်းသွားရှိုးမလို့။ဒီဇိုင်းပြောင်းသင့်တာဘာညာရှိရင်လည်းပြောင်းရအောင်လို့"
ခြံရံလင်းလိမ်လိုက်သည်။ ထက်ဝေဦး မိသားစုနဲ့ အတူတူသွားမည့်အကြောင်းတွေမပြောဖြစ်လိုက်။
" ထူးထူးဆန်းဆန်း ဘယ်လိုဖြစ်လို့ အလုပ်ကြိုးစားနေတာလဲ"
" ငါကအမြဲအလုပ်ကြိုးစားတယ်ကွ။"
" ဟုတ်ပါပြီ အဲ့ဒါဆိုလည်း တစ်နိုင်ငံလုံးမှာရှိတဲ့ မင်းတို့Hotelတွေအကုန်လုံးကို မင်းတစ်ယောက်ထဲ သေချာကိုင်တွယ်ဖြေရှင်းတော့။ "
" ငါ့အစ်မအလုပ်တွေအကုန်လိုက်လုသလိုဖြစ်သွားမှာပေါ့ သူဘာသာလုပ်ပါစေ"
" အပိုတွေ မင်းသာအများကြီးလုပ်ကူရင် ဟိုကပျော်လွန်းလို့"
" တော်ပါတော့ ခွန်းသန့်နောင်ကိုသာသေချာကြည့်လိုက်အုံး
ဘာဖြစ်နေပြီလဲလို့ အသံကိုတိတ်နေတာပဲ"
မင်းညီညီက မျက်လုံးတွေမှိတ်ကာနေနေသည့် ခွန်းသန့်နောင်ကိုကြည့်ရင်းရယ်ကာ
" ဒီကောင်တကယ်မဟန်ဘူးဟ။ အေးအေး ဒါပဲ အချဥ်ထုတ်လေးဘာလေးရှာပေးလိုက်အုံးမယ်"
"Ok bye..."
...
ခြံရံလင်း မင်းညီညီနှင့် ဖုန်းပြောပြီသည်နှင့် ထက်ဝေဦးဆီဖုန်းဆက်သည်။
"Hello...ဒေါက်တာ ပြင်ဆင်ပြီးပြီလား"
" အင်း အကုန်ပြီးပြီ မင်းရော"
" ဟုတ်ပြီ ကျွန်တော်ကားလွှတ်လိုက်မယ်။ လေဆိပ်မှာဆုံကြတာပေါ့"
" အင်း မင်းနော် သူငယ်ချင်းလို့ပြောရမှာမမေ့နဲ့အုံး။ ငါ့အမေနဲ့ညီလေးရှေ့မှာ မသင်္ကာစရာအပြုအမူတွေလည်းရှောင်ပေး"
ထက်ဝေဦးမှာ စိတ်မချစွာသတိထပ်ပေးလိုက်သည်။
" ဟောဗျာ ကျွန်တော်သိပါတယ်။ ဘယ်သူကတော့ အန်တီသားနဲ့ ကျွန်တော်က sex partner တွေပါလို့ပြောပါ့မလဲဗျာ"
" မင်းက ဒုတ်ထိုးအိုးပေါက်ပြောတက်လွန်းလို့ငါက သတိပေးရတာ"
" ဟုတ်ပါပြီ စိတ်ချ"
ထို့နောက်တွင်တော့ ခြံရံလင်းနှင့် ထက်ဝေဦးတို့ မိသားစု ပုဂံခရီးစဥ်လေးမှာစတင်ခဲ့လေသည်။
....
ခွန်းသန့်နောင်က ဖားကန့်မြို့ထဲရောက်သည်အထိ အမူးမပြေသလို ဘာမှမစားနိုင်သေးပေ။
" မင်း ဒီလိုလမ်းကို ခေါက်တုန့်ခေါက်ပြန် အသွားအလာလုပ်နေတာ ငါအရမ်းအံ့သြတယ်"
မင်းညီညီက အလုပ်သမားဖျော်ပေးထားသည့် သံပုရာရည်ခွက်အား ခွန်းသန့်နောင်ဆီပေးရင်း
" ဒီလမ်းတွေက ပြင်လည်း ပြန်ပျက်တာပဲ မိုးတွင်းဆိုတော့ ပိုဆိုးတာပေါ့။
လမ်းေချာ်ပြီး ကားတွေချောက်ထဲထိုးကျတာတွေလည်း ခဏခဏဖြစ်တယ်။
အဲ့ဒါကြောင့် ဖားကန့်အတက်အဆင်းငါကိုယ်တိုင်ဘယ်တော့မှမမောင်းတာ။
ကျွမ်းကျွင်တဲ့သူတွေမောင်းမှစိတ်နည်းနည်းချရတာ။
ပြီးတော့ သိတဲ့အတိုင်း ကျောက်တွေသယ်တဲ့ ၁၂ဘီးကားကြီးတွေက တစ်နေ့တစ်နေ့အမြဲဖျက်သွားနေတော့ ဘယ်လမ်းကကောင်းနိုင်ပါတော့မလဲ။ ဒီဖားကန့်မြို့ထဲဆိုလည်း ချိုင့်တွေ ခွက်တွေအများကြီး။ လမ်းပြင်ဖို့ ဘတ်ဂျက်၁၀၀လောက်ချပေးရင် ၂၀လောက်ပဲသုံးပြီး အိတ်ထဲဘတ်တာတွေကလည်းရှိသေးတယ်။"
" ဒီလောက် ရတနာတွေထွက်နေတဲ့မြို့ကို ဘာလို့ပစ်စလတ်ခတ်ထားမှန်းမသဘူး။"
" အထက်လူကြီးတွေနဲ့ တရုတ်ကုမ္ပဏီကြီးတွေပဲ ပိုကောင်းစား အကျိုးအမြတ်တွေရကြတာလေ။
တကယ့်ပြည်သူတွေက ေကျာက်လေးတစ်လုံးကဖို့ နေပူကြီးထဲ တစ်နေကုန် အသေကြိုးပန်းရတာ လွယ်တာမဟုတ်ဘူး။
ဒီနေ့တော့နား နောက်ရက်တွေမှငါခေါ်သွားပြမယ်။ amazing ဖြစ်သွားစေရမယ်"
ခွန်းသန့်နောင်လည်း ဒီနေ့တော့ တကယ်နုံးချိနေတာမို့ အနားယူလိုက်လေသည်။ စိတ်ထဲတွင်တော့ ခွန်သာမှိုင်းယခုအချိန်ဘာလုပ်နေမလဲ တွေးမိနေဆဲ။
" ကိုကိုငါ့ကိုသတိရနေလောက်မလား။ မရှိတော့လို့ပျော်နေမှာလား။
ဒီကိုလိုက်လာလို့ စိတ်ဆိုးနေမှာလား။ ဟားကွာ လွမ်းလိုက်တာ။"
နောက်ရက်မနက် စောစောတွင် မင်းညီညီက ခွန်းသန့်နောင်အား
ကြက်ပေါင်းခေါက်ဆွဲဆိုင်ခေါ်သွားပေးသည်။
" ကဲ ဆန်အရည်ရှိတယ် အသုပ်ရှိတယ်။ ပြီးတော့ ရေစိမ်အရည်ရှိတယ် အသုပ်ရှိတယ် ဘာစားမလဲ ။"
" ဆန်အသုပ်စားမယ်"
" ok ကြက်လား ဝက်လား"
" ကြက်သားပဲ "
ခဏနေတော့ မှာထားသည့်ခေါက်ဆွဲကိုလာချပေးသည်။
ခွန်းသန့်နောင်က ဆန်အသုပ်စားပြီး မင်းညီညီက ရေစိမ် အရည်စားဖြစ်သည်။
ဆန်အသုပ်က စီးကပ်ကပ်မို့စားရင် အီပေမဲ့ ငရုတ်သီး၊အချဥ်ရည်လိုတာထပ်ထည့်ပြီး ခွန်းသန့်နောင်က ချဥ်ငံစပ်လေးဖြစ်သွားအောင်ထပ်သုပ်လိုက်သည်။
ထို့ကြောင့် သိပ်မအီတော့ပေ အသုပ်လေးစားလိုက် ပူပူနွေးနွေးဟင်းရည်လေးသောက်လိုက်နှင့် အလွန်စားကောင်းလေသည်။
အချဥ်အဖြစ် နှစ်မျိုးချပေးသည်။ မုန့်ညှင်းချဥ်နဲ့ မျစ်ချဥ်ပင်။
မျစ်ကစပ်စပ်ချဥ်ချဥ်လေးအရာသာထိမိသည်မို့ ခွန်းသန့်နောင်က မျစ်ချဥ်ကိုပိုကြိုက်သည်။
ရေစိမ်အရည်စားသည့် မင်းညီညီကလည်း ရှယ်ကြိတ်လေသည်။
ဖားကန့်မြို့တွင် မနက်စာအဖြစ် ခေါက်ဆွဲကိုသာအစားများကြသည်။
မုန့်ဟင်းခါး မြှီးရှည်ဆိုင်တွေနည်းပေမဲ့ ခေါက်ဆွဲဆိုင်ကတော့ အလွန်ပေါများပြီး ရပ်ကွက်တိုင်းမှာ အနည်းဆုံး ၂ဆိုင် ၃ဆိုင်ခန့်ရှိသည်။
မနက်ခင်းစျေးတွင်လည်း မြန်မာရိုးရာမုန့်များရောင်းချကြသည်များလည်းရှိသည်။တို့ဟူးနွေးဆိုင်တွေလည်းရှိသည်။
ဆောင်းတွင်းဘက်တွင်တော့ ခေါ်ပုတ်ကြော် ခေါ်ပုတ်ကင်နှင့် ကောက်ညှင်းကျည်တောက် ပေါပေါများများရပြီး အုန်းသီး သကြား ထန်းလျက် တစ်မျိုးမျိုးနှင့်တွဲစားလေ့ရှိကြသည်။
စားပြီးနောက် မင်းညီညီက ဖားကန့် မြို့မ ကျောက်ဝိုင်းသို့ခေါ်သွားသည်။
ထိုကျောက်ဝိုင်းအတွင်း လက်ဖက်ရည်ဆိုင်၊စားသောက်ဆိုင်၊ ဂိမ်းဆိုင်
များလည်း စသည်ဖြင့်ရှိပြီး မနက်အစောပိုင်းတွင်တော့ ရက်ကွက်သူရက်ကွက်သားများသာရှိသည်။
သို့ပေမဲ့ ၉ နာရီ ၁၀နာရီ ဝန်းကျင်ခန့်လောက်တွင် ထိုကျောက်ဝိုင်းအတွင်းသို့
နေရာအရပ်ရပ် ရပ်ကွက်အမျိုးမျိုးက
ကျောက်၀ယ်သူများ၊ ရောင်းသူများ၊ ပွဲစားများ ဖြင့် ပြည့်ကျက်ညှက်သွားလေသည်။
လူမျိုးကတော့ပေါင်းစုံဖြစ်ပြီး ၀ယ်သူတွေထဲ တရုတ်လူမျိုးများသည်။
ကချင်၊ဗမာ၊ရခိုင်၊ မွတ်စလင်လူမျိုးများအစုံပင်ဖြစ်သည်။
ထိုအချိန်တွင် စားသောက်ဆိုင်များ လက်ဖက်ရည်ဆိုင်များတွင် လူများအပြည့်ပင်။ ထိုနေရာတွင် ကျောက်အရောင်းအ၀ယ်လုပ်ကြသည်။
လူငယ်တော်တော်များများက ပွဲစားလေးတွေဖြစ်ပြီး လူကြီးပိုင်းတော်ေတာ်များများက ဝယ်သူရောင်းသူများဖြစ်ကြသည်။
သို့ပေမဲ့ ပံုမှန်တော့လည်းမရှိလှပေ။ တစ်ချို့ကျ ကိုယ်တိုင်ကိုယ်ကျ လာမရောင်းတာကြောင့် ပွဲစားတွေကတစ်ဆင့်ရောင်း၀ယ်ကြတာမျိုးရှိသည်။
ထိုပွဲစားလေးတွေက ကျောက်အား ၀ယ်လတ်ဆီ လိုက်ပတ်ပြပြီး ပွဲတည့်လျှင်
ပွဲစားခ ရာခိုင်နှုန်းဖြင့် ရရှိသည်။ပုံမှန်ဆို ပွဲစားကရောင်းသူ၊ဝယ်သူနှစ်ဦးလုံးဆီက ပွဲစားခရရှိသော်လည်း တစ်ခါတလေကျ နားလည်မှုဖြင့် တစ်ဦးတည်းဆီကသာယူတာမျိုးလည်းရှိသည်။
ခွန်းသန့်နောင်ကတော့ ကျောက်အကြောင်းသိပ်နားမလည်တာမို့ မင်းညီညီ၏လုပ်ပုံကိုင်ပုံများကိုသာလေ့လာသည်။
ကျောက်တွေကြည့်နေရင်း မင်းညီညီက သူကြိုက်သည့် ကျောက်တစ်လုံး ကိုသိန်း၂၀ဖြင့်စီးလိုက်သည်။ ထိုစည်းထားသည့်ကျောက်အား ပွဲစားကပိုင်ရှင်ကိုစျေးအဆင်မပြေ လှမ်းမေးပြီး ပြေသည်ဆိုတာနှင့် အရောင်းအ၀ယ်ဖြစ်သွားလေသည်။
ထိုပွဲစားထွက်သွားမှ ခွန်းသန့်နောင်က မေးသည်။
" ကျောက်ကို တိပ်တွေနဲ့စည်းတာက ဘာလုပ်တာလဲ"
" အဲ့ဒါ ကျောက်စည်းတာလေ ။ စျေးပေးတာလို့လည်းခေါ်တယ်။ အဲလိုစည်းပြီးစျေးပေးပြီးသွားရင် ပိုင်ရှင်ကလည်းရောင်းမယ်ဆိုရင် ကိုယ်ကကျိန်းသေ၀ယ်ရတော့မှာ မယူရင်ပြဿနာတက်တယ်"
" ဪ ... လူတွေကရှုပ်ရှက်ခက်နေတာပဲနော်"
" ၁နာရီလောက်ကျရင် ပါးသွားပြီ။ ညနေနဲ့ ညကျ ဆိုင်းတောင်၊ လုံးခင်းကျောက်ဝိုင်းတွေက အရမ်းစည်တယ်။နောက်ရက်တွေကျမှ မင်းကို မှော်ထဲလိုက်ပြမယ်။ ကျောက်တူးတဲ့နေရာတွေ မြေစာသွန်တဲ့ေနရာတွေပေါ့ "
" အင်း"
မင်းညီညီက ခွန်းသန့်နောင် ပုခုံးပေါ်လက်တင်လိုက်ရင်း
" ရုပ်ကလည်း မအီမသာနဲ့။လွမ်းနေပြန်တာလား။
လာလာ မင်းကိုနေ့လည်စာ ကချင်ထမင်းထုတ်မွှေးမွှေးပူပူ
စားကောင်းတဲ့ ကချင်လက်ရာချက်ဆိုင်ကိုခေါ်သွားပေးမယ်။
စားပြီးဆွေမျိုးပါမေ့"
" ဆွေမျိုးမေ့ရင်တောင် ကိုကို့ကိုမမေ့ဘူး စိတ်ချ ။"
" သေနာလေးကလည်း ထားပါ အသက်ဆက်ရှင်ဖို့ထမင်းစားရအုံးမယ်။
ဆိုကာ ကချင်ထမင်းဆိုင်လေးသို့ ဆွဲခေါ်သွားတော့လေသည်။
....
စဝ်ခွန်သာမှိုင်းက ဒီရက်ပိုင်း ခွန်းသန့်နောင်ပို့ထားသည့်စာလေးအား
ခဏခဏပြန်ဖတ်သည်။ ဖတ်ပြီးတိုင်းလဲ ဘာလုပ်လို့ဘာကိုင်ရမလဲ မသိတော့။ထို့ကြောင့် ထပ်တလဲလဲသာဖတ်ဖြစ်တော့သည်။
ခွန်းသန့်နောင်အား သူ့ရင်ခွင်ထဲထားအိပ်ခဲ့သည့် နေ့ရက်များကိုလည်းလွမ်းမိသယောင်ပင်။ သူ့အနားကိုဆွဲခေါ်ထားလိုက်ချင်သော်လည်း မကောင်းသည့်အရာများဖြစ်လာမှာကြောက်သည်။ နောက်ဆုံး သူ့လိုကောင်အနားတွင်နေရသူမှာ
ဘယ်သူမှအဆုံးသတ်မလှခဲ့။
စိုင်းခွန်းသန့်နောင်ဆိုသည့် ကောင်လေးကိုပါငရဲထဲဆွဲခေါ်မိနိုင်သည်။
မြတ်မင်းဆီမှ ဖုန်းဝင်လာတာကြောင့် ခွန်သာမှိုင်း၏ အတွေးများလက်စပြတ်သွားသည်။
" Hello..."
" Top ... Great World ဥက္ကဌ ေဟာင်းက ဒီရက်တွေအတွင်း ဘန်ကောက်ကိုလာဖို့ရှိပါတယ်"
" သူတို့သားအဖနှစ်ယောက်အဆင်မပြေဘူးဆိုတဲ့ သတင်းကရော အမှန်ပဲလား"
" ဟုတ်ပါတယ် သူတို့ကြားထဲ ပြဿနာတွေရှိပုံပါပဲ။
နီးစပ်တဲ့ သူတွေဆီကကြားသိရတာ တော်ရုံပြဿနာမဟုတ်ပဲ
ဥက္ကဌအဖြစ်က သူ့သားကိုဖယ်ထုတ်ဖို့အထိတွေပါ လုပ်တယ်ကြားတယ်။
သတင်းမပြန့်အောင် တော်တော်ဖုံးထားတာမို့ သိတဲ့သူတွေကကျွန်တော်တို့အပါအဝင်မှ အနည်းငယ်ပဲရှိပါတယ်။"
ခွန်သာမှိုင်း မြတ်မင်းပြောပြတာတွေနားထောင်ရင်း ဖြစ်နိုင်ချေတစ်ခုပဲ တွေးမိသည်။
" အင်း သူဘန်ကောက်လာတဲ့အခါကျရင် ငါသွားတွေ့ရမယ် ပြင်ဆင်ထားပေး။
သူစိတ်ညစ်နေတဲ့အကြောင်းကို ငါသိတယ်"
" ဟုတ်ကဲ့Topကျွန်တော်ပြင်ဆင်ထားလိုက်ပါမယ်။ ဒါနဲ့ ခွန်းသန့်နောင်ကိုရော ဖားကန့်မှာဆက်လွှတ်ထားမှာလားဗျ။ အဲ့ဘက်နယ်မြေက သိပ်မငြိမ်းချမ်းတဲ့အပြင် ကျွန်တော်စိတ်ခုနေတာလေးတစ်ခုရှိလို့ပါ"
မြတ်မင်းပြောလာသည့်စကားတွေကြောင့် ခွန်သာမှိုင်း မျက်မှောင်ကြုတ်သွားသည်။
" ဘာကိစ္စရှိနေတာလဲ"
" ဟို ကိုယ်စားလှယ်လောင်းရဲ့ သတင်းကိုနောက်ဆုံးကြားထားတာက ဖားကန့်ဘက်မှာပါ။ အကယ်၍များဆိုပြီး စိတ်ပူစရာကိစ္စဖြစ်လာမှာစိုးလို့။"
" အင်း ငါသိပြီ "
ခွန်သာမှိုင်း မြတ်မင်းနှင့် ဖုန်းပြောပြီးသည်နှင့် ခဏစဥ်းစားကာ
ခွန်းသန့်နောင်ဆီသို့ ဖုန်းခေါ်လိုက်တော့သည်။
Chit Khoon Cho Thar or JuliiaJune
(14.9.2023)
ဖားကန့်မြို့အကြောင်းတွေ သေချာအသေးစိတ်ရေးရင် ဒီထက်ကိုပိုများတယ်။
ဒါပေမဲ့ ဒီficလေးမှာကျ လိုသလောက်ပဲရေးတော့မယ်နော်။ ခွန်းကိုယ်တိုင်၁၇နှစ်လောက်နေလာခဲ့တဲ့မြို့မို့ အကြောင်းကတော့ကောင်းကောင်းသိတယ်။ အခုချိန်တော့ဖားကန့်မှာအခြေအနေမကောင်း။
ပြောပါတယ် ခွန်းသန့်နောင်ကပြဿနာမရှာရင်တောင် ပြဿနာကသူ့နောက်လိုက်တက်တယ်လို့🥹။ကံကောင်းတဲ့ ကောင်လေးလေ။
Zaw,
The Matching Guys (Part 56)
" ကိုကို ကြၽန္ေတာ္ခဏေရွာင္ေပးမယ္ေနာ္။ စိတ္နည္းနည္းၾကည္သြားၾကမွ
ဒီကိစၥဆက္ေျပာၾကရေအာင္။ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္ကေတာ့ကိုကို႔ကိုလက္မေလ်ာ့နိုင္ဘူး။ အခုခဏေရွာင္ေပးတဲ့သေဘာေနာ္ ကိုကို႔အနားကထြက္သြားေပးပါမယ္ မဆိုလိုဘူး။
ကိုကိုလည္း ကြၽန္ေတာ့္ကိုတကယ္ႀကီးစိတ္ပ်က္ေနတယ္မခံစားရဘူး။ ဒီအေတာအတြင္း ကိုကို႔ခံစားခ်က္ေတြစစ္မွန္ခဲ့တာပဲဟာ။
Londonမွာလည္းအတူတူပဲ ကိုကိုကြၽန္ေတာ့္အေပၚအမ်ားႀကီးဂ႐ုစိုက္ေပး အလိုလိုက္ေပးခဲ့တာေတြက အတုအေယာင္ေတြလို႔ လုံး၀မခံစားရဘူး။
ကြၽန္ေတာ္ကိုကို႔ကို အရမ္းခ်စ္သလို ကိုကိုလည္းကြၽန္ေတာ့္အေပၚက်ိန္းေသျပန္ခ်စ္လာမွာပါ။ ကြၽန္ေတာ့္ ဒဏ္ရာေတြကိုလည္း စိတ္မပူနဲ႕ေနာ္ ကြၽန္ေတာ္ေဆးေသခ်ာလိမ္းထားတယ္။ ကေလးေလးလည္း မဟုတ္ဘူးေလ ဒီေလာက္ကေတာ့အေပ်ာ့ပဲ။ ကိုကိုလည္း ေဆးလိမ္းဖို႔မေမ့နဲ႕ေနာ္။
အခုေတာ့ မင္းညီညီနဲ႕ ဖားကန့္ကိုခဏသြားလည္လိုက္အုံးမယ္။
ျပန္လာတဲ့အခါ ကိုကိုနဲ႕ေအးေအးေဆးေဆးမ်က္ႏွာခ်င္းဆိုင္ျပန္ေျဖရွင္းၾကမယ္။ ကိုကို႔မွာစိတ္ရႈပ္စရာေတြရွိလည္းေျပာပါ။ ကြၽန္ေတာ္ က်ိန္းေသေပါက္ျပင္မွာေပါ့။ ကြၽန္ေတာ့္ေၾကာင့္မဟုတ္ပဲ တစ္ျခားကိစၥေတြရွိေနရင္လည္း
ကြၽန္ေတာ္ အစြမ္းကုန္ကူညီေပးမွာပါ ခ်စ္သူ အေနနဲ႕မေတြးရင္ေတာင္ ကြၽန္ေတာ္တို႔က မိသားစုေတြပဲေလဗ်ာ။
ဘာပဲျဖစ္ျဖစ္အဆုံးသတ္မွာ ကြၽန္ေတာ္ကကိုကို႔ဘက္ကအၿမဲရွိေနမွာ။ မိဘေတြၿပီးရင္ အခ်စ္ရဆုံးကကိုကိုေလ သိတယ္မလား"
ခြန္းသန့္ေနာင္ ေပးပို႔လာသည့္message အဆုံးသတ္တြင္ နမ္းေနသည့္ပုံစံemoji ေလးပါထည့္ထားေသးသည္။
.....
" ဘာ မင္းဖားကန့္လိုက္သြားတယ္ ဟုတ္လား။
မင္းတို႔ႏွစ္ေကာင္ငါ့ကိုေတာင္ တစ္ခြန္းမွမေျပာဘူးေနာ္"
ၿခံရံလင္းက သစၥာေဖာက္ႏွစ္ေကာင္အား ဖုန္းထဲကလွမ္းေအာ္သည္။
" လိုက္ခ်င္လို႔မဟုတ္ပါဘူး ။ ဒီတိုင္းအေျခအေနအရကြ မေက်နပ္ရင္ မင္းလိုက္ခဲ့လိုက္ ကားကမူးရတဲ့ထဲ "
မင္းညီညီ ခြန္းသန့္ေနာင္လက္ထဲက ဖုန္းကိုယူလိုက္ၿပီး
" ၿခံရံလင္း မလိုက္လာနဲ႕ မွားမယ္။ ဒီမွာ ခြန္းသန့္ေနာင္ေတာင္ ကားမူးၿပီး လူးလိမ့္ေနေရာ။ ဖားကန့္လမ္းဆိုးခ်က္က ေက်ာက္ခဲစားထားရင္ေတာင္ အစာေၾကတယ္။ငါက သြားေနၾကဆိုေတာ့ အဲ့ေလာက္မဟုတ္ဘူး "
" ငါကဒီေကာင္ သီတင္းကြၽတ္ပိတ္ရက္ သူ႕ကိုကိုနဲ႕ ေပ်ာ္ပါးမယ္ထင္ေနတာ မင္းဆီပါသြားမယ္မထင္ဘူး"
" ပါလာမွာေပါ့။ သူ႕ကိုကိုနဲ႕ တစ္ပြဲတစ္လမ္းခ်ထားတာေလ မ်က္ႏွာမွာလည္းဖူးေယာင္လို႔"
" ဟ ဒီ၁ရက္ ၂ရက္အတြင္း ငါအမ်ားႀကီးလြတ္သြားတာလား။ ဘာျဖစ္ၾကတာလဲ"
ခြန္းသန့္ေနာင္က ဘာမွဝင္မေျပာေတာ့ ရႉေဆးဘူးႏွာေခါင္းတို႔ထားရင္း တိတ္တိတ္ေလးသာေန ေနေတာ့သည္။
" မသိဘူး အခ်စ္စမ္းေနၾကတာေနမွာေပါ့။ ဒါနဲ႕ မင္းကဘယ္မွာလဲ။"
" ငါလား ငါပုဂံသြားမလို႔ ျပင္ေနတာ"
" ဘယ္သူနဲ႕လဲ"
" တစ္ေယာက္ထဲေပါ့ငါတို႔ Hotelကို နည္းနည္းသြားရွိုးမလို႔။ဒီဇိုင္းေျပာင္းသင့္တာဘာညာရွိရင္လည္းေျပာင္းရေအာင္လို႔"
ၿခံရံလင္းလိမ္လိုက္သည္။ ထက္ေဝဦး မိသားစုနဲ႕ အတူတူသြားမည့္အေၾကာင္းေတြမေျပာျဖစ္လိုက္။
" ထူးထူးဆန္းဆန္း ဘယ္လိုျဖစ္လို႔ အလုပ္ႀကိဳးစားေနတာလဲ"
" ငါကအၿမဲအလုပ္ႀကိဳးစားတယ္ကြ။"
" ဟုတ္ပါၿပီ အဲ့ဒါဆိုလည္း တစ္နိုင္ငံလုံးမွာရွိတဲ့ မင္းတို႔Hotelေတြအကုန္လုံးကို မင္းတစ္ေယာက္ထဲ ေသခ်ာကိုင္တြယ္ေျဖရွင္းေတာ့။ "
" ငါ့အစ္မအလုပ္ေတြအကုန္လိုက္လုသလိုျဖစ္သြားမွာေပါ့ သူဘာသာလုပ္ပါေစ"
" အပိုေတြ မင္းသာအမ်ားႀကီးလုပ္ကူရင္ ဟိုကေပ်ာ္လြန္းလို႔"
" ေတာ္ပါေတာ့ ခြန္းသန့္ေနာင္ကိုသာေသခ်ာၾကည့္လိုက္အုံး
ဘာျဖစ္ေနၿပီလဲလို႔ အသံကိုတိတ္ေနတာပဲ"
မင္းညီညီက မ်က္လုံးေတြမွိတ္ကာေနေနသည့္ ခြန္းသန့္ေနာင္ကိုၾကည့္ရင္းရယ္ကာ
" ဒီေကာင္တကယ္မဟန္ဘူးဟ။ ေအးေအး ဒါပဲ အခ်ဥ္ထုတ္ေလးဘာေလးရွာေပးလိုက္အုံးမယ္"
"Ok bye..."
...
ၿခံရံလင္း မင္းညီညီႏွင့္ ဖုန္းေျပာၿပီသည္ႏွင့္ ထက္ေဝဦးဆီဖုန္းဆက္သည္။
"Hello...ေဒါက္တာ ျပင္ဆင္ၿပီးၿပီလား"
" အင္း အကုန္ၿပီးၿပီ မင္းေရာ"
" ဟုတ္ၿပီ ကြၽန္ေတာ္ကားလႊတ္လိုက္မယ္။ ေလဆိပ္မွာဆုံၾကတာေပါ့"
" အင္း မင္းေနာ္ သူငယ္ခ်င္းလို႔ေျပာရမွာမေမ့နဲ႕အုံး။ ငါ့အေမနဲ႕ညီေလးေရွ႕မွာ မသကၤာစရာအျပဳအမူေတြလည္းေရွာင္ေပး"
ထက္ေဝဦးမွာ စိတ္မခ်စြာသတိထပ္ေပးလိုက္သည္။
" ေဟာဗ်ာ ကြၽန္ေတာ္သိပါတယ္။ ဘယ္သူကေတာ့ အန္တီသားနဲ႕ ကြၽန္ေတာ္က sex partner ေတြပါလို႔ေျပာပါ့မလဲဗ်ာ"
" မင္းက ဒုတ္ထိုးအိုးေပါက္ေျပာတက္လြန္းလို႔ငါက သတိေပးရတာ"
" ဟုတ္ပါၿပီ စိတ္ခ်"
ထို႔ေနာက္တြင္ေတာ့ ၿခံရံလင္းႏွင့္ ထက္ေဝဦးတို႔ မိသားစု ပုဂံခရီးစဥ္ေလးမွာစတင္ခဲ့ေလသည္။
....
ခြန္းသန့္ေနာင္က ဖားကန့္ၿမိဳ႕ထဲေရာက္သည္အထိ အမူးမေျပသလို ဘာမွမစားနိုင္ေသးေပ။
" မင္း ဒီလိုလမ္းကို ေခါက္တုန့္ေခါက္ျပန္ အသြားအလာလုပ္ေနတာ ငါအရမ္းအံ့ၾသတယ္"
မင္းညီညီက အလုပ္သမားေဖ်ာ္ေပးထားသည့္ သံပုရာရည္ခြက္အား ခြန္းသန့္ေနာင္ဆီေပးရင္း
" ဒီလမ္းေတြက ျပင္လည္း ျပန္ပ်က္တာပဲ မိုးတြင္းဆိုေတာ့ ပိုဆိုးတာေပါ့။
လမ္းေခ်ာ္ၿပီး ကားေတြေခ်ာက္ထဲထိုးက်တာေတြလည္း ခဏခဏျဖစ္တယ္။
အဲ့ဒါေၾကာင့္ ဖားကန့္အတက္အဆင္းငါကိုယ္တိုင္ဘယ္ေတာ့မွမေမာင္းတာ။
ကြၽမ္းကြၽင္တဲ့သူေတြေမာင္းမွစိတ္နည္းနည္းခ်ရတာ။
ၿပီးေတာ့ သိတဲ့အတိုင္း ေက်ာက္ေတြသယ္တဲ့ ၁၂ဘီးကားႀကီးေတြက တစ္ေန႕တစ္ေန႕အၿမဲဖ်က္သြားေနေတာ့ ဘယ္လမ္းကေကာင္းနိုင္ပါေတာ့မလဲ။ ဒီဖားကန့္ၿမိဳ႕ထဲဆိုလည္း ခ်ိဳင့္ေတြ ခြက္ေတြအမ်ားႀကီး။ လမ္းျပင္ဖို႔ ဘတ္ဂ်က္၁၀၀ေလာက္ခ်ေပးရင္ ၂၀ေလာက္ပဲသုံးၿပီး အိတ္ထဲဘတ္တာေတြကလည္းရွိေသးတယ္။"
" ဒီေလာက္ ရတနာေတြထြက္ေနတဲ့ၿမိဳ႕ကို ဘာလို႔ပစ္စလတ္ခတ္ထားမွန္းမသဘူး။"
" အထက္လူႀကီးေတြနဲ႕ တ႐ုတ္ကုမၸဏီႀကီးေတြပဲ ပိုေကာင္းစား အက်ိဳးအျမတ္ေတြရၾကတာေလ။
တကယ့္ျပည္သူေတြက ေက်ာက္ေလးတစ္လုံးကဖို႔ ေနပူႀကီးထဲ တစ္ေနကုန္ အေသႀကိဳးပန္းရတာ လြယ္တာမဟုတ္ဘူး။
ဒီေန႕ေတာ့နား ေနာက္ရက္ေတြမွငါေခၚသြားျပမယ္။ amazing ျဖစ္သြားေစရမယ္"
ခြန္းသန့္ေနာင္လည္း ဒီေန႕ေတာ့ တကယ္ႏုံးခ်ိေနတာမို႔ အနားယူလိုက္ေလသည္။ စိတ္ထဲတြင္ေတာ့ ခြန္သာမွိုင္းယခုအခ်ိန္ဘာလုပ္ေနမလဲ ေတြးမိေနဆဲ။
" ကိုကိုငါ့ကိုသတိရေနေလာက္မလား။ မရွိေတာ့လို႔ေပ်ာ္ေနမွာလား။
ဒီကိုလိုက္လာလို႔ စိတ္ဆိုးေနမွာလား။ ဟားကြာ လြမ္းလိုက္တာ။"
ေနာက္ရက္မနက္ ေစာေစာတြင္ မင္းညီညီက ခြန္းသန့္ေနာင္အား
ၾကက္ေပါင္းေခါက္ဆြဲဆိုင္ေခၚသြားေပးသည္။
" ကဲ ဆန္အရည္ရွိတယ္ အသုပ္ရွိတယ္။ ၿပီးေတာ့ ေရစိမ္အရည္ရွိတယ္ အသုပ္ရွိတယ္ ဘာစားမလဲ ။"
" ဆန္အသုပ္စားမယ္"
" ok ၾကက္လား ဝက္လား"
" ၾကက္သားပဲ "
ခဏေနေတာ့ မွာထားသည့္ေခါက္ဆြဲကိုလာခ်ေပးသည္။
ခြန္းသန့္ေနာင္က ဆန္အသုပ္စားၿပီး မင္းညီညီက ေရစိမ္ အရည္စားျဖစ္သည္။
ဆန္အသုပ္က စီးကပ္ကပ္မို႔စားရင္ အီေပမဲ့ င႐ုတ္သီး၊အခ်ဥ္ရည္လိုတာထပ္ထည့္ၿပီး ခြန္းသန့္ေနာင္က ခ်ဥ္ငံစပ္ေလးျဖစ္သြားေအာင္ထပ္သုပ္လိုက္သည္။
ထို႔ေၾကာင့္ သိပ္မအီေတာ့ေပ အသုပ္ေလးစားလိုက္ ပူပူႏြေးႏြေးဟင္းရည္ေလးေသာက္လိုက္ႏွင့္ အလြန္စားေကာင္းေလသည္။
အခ်ဥ္အျဖစ္ ႏွစ္မ်ိဳးခ်ေပးသည္။ မုန့္ညွင္းခ်ဥ္နဲ႕ မ်စ္ခ်ဥ္ပင္။
မ်စ္ကစပ္စပ္ခ်ဥ္ခ်ဥ္ေလးအရာသာထိမိသည္မို႔ ခြန္းသန့္ေနာင္က မ်စ္ခ်ဥ္ကိုပိုႀကိဳက္သည္။
ေရစိမ္အရည္စားသည့္ မင္းညီညီကလည္း ရွယ္ႀကိတ္ေလသည္။
ဖားကန့္ၿမိဳ႕တြင္ မနက္စာအျဖစ္ ေခါက္ဆြဲကိုသာအစားမ်ားၾကသည္။
မုန့္ဟင္းခါး ျမႇီးရွည္ဆိုင္ေတြနည္းေပမဲ့ ေခါက္ဆြဲဆိုင္ကေတာ့ အလြန္ေပါမ်ားၿပီး ရပ္ကြက္တိုင္းမွာ အနည္းဆုံး ၂ဆိုင္ ၃ဆိုင္ခန့္ရွိသည္။
မနက္ခင္းေစ်းတြင္လည္း ျမန္မာရိုးရာမုန့္မ်ားေရာင္းခ်ၾကသည္မ်ားလည္းရွိသည္။တို႔ဟူးႏြေးဆိုင္ေတြလည္းရွိသည္။
ေဆာင္းတြင္းဘက္တြင္ေတာ့ ေခၚပုတ္ေၾကာ္ ေခၚပုတ္ကင္ႏွင့္ ေကာက္ညွင္းက်ည္ေတာက္ ေပါေပါမ်ားမ်ားရၿပီး အုန္းသီး သၾကား ထန္းလ်က္ တစ္မ်ိဳးမ်ိဳးႏွင့္တြဲစားေလ့ရွိၾကသည္။
စားၿပီးေနာက္ မင္းညီညီက ဖားကန႔္ ၿမိဳ႕မ ေက်ာက္ဝိုင္းသို႔ေခၚသြားသည္။
ထိုေက်ာက္ဝိုင္းအတြင္း လက္ဖက္ရည္ဆိုင္၊စားေသာက္ဆိုင္၊ ဂိမ္းဆိုင္
မ်ားလည္း စသည္ျဖင့္ရွိၿပီး မနက္အေစာပိုင္းတြင္ေတာ့ ရက္ကြက္သူရက္ကြက္သားမ်ားသာရွိသည္။
သို႔ေပမဲ့ ၉ နာရီ ၁၀နာရီ ဝန္းက်င္ခန့္ေလာက္တြင္ ထိုေက်ာက္ဝိုင္းအတြင္းသို႔
ေနရာအရပ္ရပ္ ရပ္ကြက္အမ်ိဳးမ်ိဳးက
ေက်ာက္၀ယ္သူမ်ား၊ ေရာင္းသူမ်ား၊ ပြဲစားမ်ား ျဖင့္ ျပည့္က်က္ညွက္သြားေလသည္။
လူမ်ိဳးကေတာ့ေပါင္းစုံျဖစ္ၿပီး ၀ယ္သူေတြထဲ တ႐ုတ္လူမ်ိဳးမ်ားသည္။
ကခ်င္၊ဗမာ၊ရခိုင္၊ မြတ္စလင္လူမ်ိဳးမ်ားအစုံပင္ျဖစ္သည္။
ထိုအခ်ိန္တြင္ စားေသာက္ဆိုင္မ်ား လက္ဖက္ရည္ဆိုင္မ်ားတြင္ လူမ်ားအျပည့္ပင္။ ထိုေနရာတြင္ ေက်ာက္အေရာင္းအ၀ယ္လုပ္ၾကသည္။
လူငယ္ေတာ္ေတာ္မ်ားမ်ားက ပြဲစားေလးေတြျဖစ္ၿပီး လူႀကီးပိုင္းေတာ္ေတာ္မ်ားမ်ားက ဝယ္သူေရာင္းသူမ်ားျဖစ္ၾကသည္။
သို႔ေပမဲ့ ပံုမွန္ေတာ့လည္းမရွိလွေပ။ တစ္ခ်ိဳ႕က် ကိုယ္တိုင္ကိုယ္က် လာမေရာင္းတာေၾကာင့္ ပြဲစားေတြကတစ္ဆင့္ေရာင္း၀ယ္ၾကတာမ်ိဳးရွိသည္။
ထိုပြဲစားေလးေတြက ေက်ာက္အား ၀ယ္လတ္ဆီ လိုက္ပတ္ျပၿပီး ပြဲတည့္လွ်င္
ပြဲစားခ ရာခိုင္ႏႈန္းျဖင့္ ရရွိသည္။ပုံမွန္ဆို ပြဲစားကေရာင္းသူ၊ဝယ္သူႏွစ္ဦးလုံးဆီက ပြဲစားခရရွိေသာ္လည္း တစ္ခါတေလက် နားလည္မႈျဖင့္ တစ္ဦးတည္းဆီကသာယူတာမ်ိဳးလည္းရွိသည္။
ခြန္းသန့္ေနာင္ကေတာ့ ေက်ာက္အေၾကာင္းသိပ္နားမလည္တာမို႔ မင္းညီညီ၏လုပ္ပုံကိုင္ပုံမ်ားကိုသာေလ့လာသည္။
ေက်ာက္ေတြၾကည့္ေနရင္း မင္းညီညီက သူႀကိဳက္သည့္ ေက်ာက္တစ္လုံး ကိုသိန္း၂၀ျဖင့္စီးလိုက္သည္။ ထိုစည္းထားသည့္ေက်ာက္အား ပြဲစားကပိုင္ရွင္ကိုေစ်းအဆင္မေျပ လွမ္းေမးၿပီး ေျပသည္ဆိုတာႏွင့္ အေရာင္းအ၀ယ္ျဖစ္သြားေလသည္။
ထိုပြဲစားထြက္သြားမွ ခြန္းသန့္ေနာင္က ေမးသည္။
" ေက်ာက္ကို တိပ္ေတြနဲ႕စည္းတာက ဘာလုပ္တာလဲ"
" အဲ့ဒါ ေက်ာက္စည္းတာေလ ။ ေစ်းေပးတာလို႔လည္းေခၚတယ္။ အဲလိုစည္းၿပီးေစ်းေပးၿပီးသြားရင္ ပိုင္ရွင္ကလည္းေရာင္းမယ္ဆိုရင္ ကိုယ္ကက်ိန္းေသ၀ယ္ရေတာ့မွာ မယူရင္ျပႆနာတက္တယ္"
" ဪ ... လူေတြကရႈပ္ရွက္ခက္ေနတာပဲေနာ္"
" ၁နာရီေလာက္က်ရင္ ပါးသြားၿပီ။ ညေနနဲ႕ ညက် ဆိုင္းေတာင္၊ လုံးခင္းေက်ာက္ဝိုင္းေတြက အရမ္းစည္တယ္။ေနာက္ရက္ေတြက်မွ မင္းကို ေမွာ္ထဲလိုက္ျပမယ္။ ေက်ာက္တူးတဲ့ေနရာေတြ ေျမစာသြန္တဲ့ေနရာေတြေပါ့ "
" အင္း"
မင္းညီညီက ခြန္းသန့္ေနာင္ ပုခုံးေပၚလက္တင္လိုက္ရင္း
" ႐ုပ္ကလည္း မအီမသာနဲ႕။လြမ္းေနျပန္တာလား။
လာလာ မင္းကိုေန႕လည္စာ ကခ်င္ထမင္းထုတ္ေမႊးေမႊးပူပူ
စားေကာင္းတဲ့ ကခ်င္လက္ရာခ်က္ဆိုင္ကိုေခၚသြားေပးမယ္။
စားၿပီးေဆြမ်ိဳးပါေမ့"
" ေဆြမ်ိဳးေမ့ရင္ေတာင္ ကိုကို႔ကိုမေမ့ဘူး စိတ္ခ် ။"
" ေသနာေလးကလည္း ထားပါ အသက္ဆက္ရွင္ဖို႔ထမင္းစားရအုံးမယ္။
ဆိုကာ ကခ်င္ထမင္းဆိုင္ေလးသို႔ ဆြဲေခၚသြားေတာ့ေလသည္။
....
စဝ္ခြန္သာမွိုင္းက ဒီရက္ပိုင္း ခြန္းသန့္ေနာင္ပို႔ထားသည့္စာေလးအား
ခဏခဏျပန္ဖတ္သည္။ ဖတ္ၿပီးတိုင္းလဲ ဘာလုပ္လို႔ဘာကိုင္ရမလဲ မသိေတာ့။ထို႔ေၾကာင့္ ထပ္တလဲလဲသာဖတ္ျဖစ္ေတာ့သည္။
ခြန္းသန့္ေနာင္အား သူ႕ရင္ခြင္ထဲထားအိပ္ခဲ့သည့္ ေန႕ရက္မ်ားကိုလည္းလြမ္းမိသေယာင္ပင္။ သူ႕အနားကိုဆြဲေခၚထားလိုက္ခ်င္ေသာ္လည္း မေကာင္းသည့္အရာမ်ားျဖစ္လာမွာေၾကာက္သည္။ ေနာက္ဆုံး သူ႕လိုေကာင္အနားတြင္ေနရသူမွာ
ဘယ္သူမွအဆုံးသတ္မလွခဲ့။
စိုင္းခြန္းသန့္ေနာင္ဆိုသည့္ ေကာင္ေလးကိုပါငရဲထဲဆြဲေခၚမိနိုင္သည္။
ျမတ္မင္းဆီမွ ဖုန္းဝင္လာတာေၾကာင့္ ခြန္သာမွိုင္း၏ အေတြးမ်ားလက္စျပတ္သြားသည္။
" Hello..."
" Top ... Great World ဥကၠဌ ေဟာင္းက ဒီရက္ေတြအတြင္း ဘန္ေကာက္ကိုလာဖို႔ရွိပါတယ္"
" သူတို႔သားအဖႏွစ္ေယာက္အဆင္မေျပဘူးဆိုတဲ့ သတင္းကေရာ အမွန္ပဲလား"
" ဟုတ္ပါတယ္ သူတို႔ၾကားထဲ ျပႆနာေတြရွိပုံပါပဲ။
နီးစပ္တဲ့ သူေတြဆီကၾကားသိရတာ ေတာ္႐ုံျပႆနာမဟုတ္ပဲ
ဥကၠဌအျဖစ္က သူ႕သားကိုဖယ္ထုတ္ဖို႔အထိေတြပါ လုပ္တယ္ၾကားတယ္။
သတင္းမျပန့္ေအာင္ ေတာ္ေတာ္ဖုံးထားတာမို႔ သိတဲ့သူေတြကကြၽန္ေတာ္တို႔အပါအဝင္မွ အနည္းငယ္ပဲရွိပါတယ္။"
ခြန္သာမွိုင္း ျမတ္မင္းေျပာျပတာေတြနားေထာင္ရင္း ျဖစ္နိုင္ေခ်တစ္ခုပဲ ေတြးမိသည္။
" အင္း သူဘန္ေကာက္လာတဲ့အခါက်ရင္ ငါသြားေတြ႕ရမယ္ ျပင္ဆင္ထားေပး။
သူစိတ္ညစ္ေနတဲ့အေၾကာင္းကို ငါသိတယ္"
" ဟုတ္ကဲ့Topကြၽန္ေတာ္ျပင္ဆင္ထားလိုက္ပါမယ္။ ဒါနဲ႕ ခြန္းသန့္ေနာင္ကိုေရာ ဖားကန့္မွာဆက္လႊတ္ထားမွာလားဗ်။ အဲ့ဘက္နယ္ေျမက သိပ္မၿငိမ္းခ်မ္းတဲ့အျပင္ ကြၽန္ေတာ္စိတ္ခုေနတာေလးတစ္ခုရွိလို႔ပါ"
ျမတ္မင္းေျပာလာသည့္စကားေတြေၾကာင့္ ခြန္သာမွိုင္း မ်က္ေမွာင္ၾကဳတ္သြားသည္။
" ဘာကိစၥရွိေနတာလဲ"
" ဟို ကိုယ္စားလွယ္ေလာင္းရဲ႕ သတင္းကိုေနာက္ဆုံးၾကားထားတာက ဖားကန့္ဘက္မွာပါ။ အကယ္၍မ်ားဆိုၿပီး စိတ္ပူစရာကိစၥျဖစ္လာမွာစိုးလို႔။"
" အင္း ငါသိၿပီ "
ခြန္သာမွိုင္း ျမတ္မင္းႏွင့္ ဖုန္းေျပာၿပီးသည္ႏွင့္ ခဏစဥ္းစားကာ
ခြန္းသန့္ေနာင္ဆီသို႔ ဖုန္းေခၚလိုက္ေတာ့သည္။
Chit Khoon Cho Thar or JuliiaJune
(14.9.2023)
ဖားကန့္ၿမိဳ႕အေၾကာင္းေတြ ေသခ်ာအေသးစိတ္ေရးရင္ ဒီထက္ကိုပိုမ်ားတယ္။
ဒါေပမဲ့ ဒီficေလးမွာက် လိုသေလာက္ပဲေရးေတာ့မယ္ေနာ္။ ခြန္းကိုယ္တိုင္၁၇ႏွစ္ေလာက္ေနလာခဲ့တဲ့ၿမိဳ႕မို႔ အေၾကာင္းကေတာ့ေကာင္းေကာင္းသိတယ္။ အခုခ်ိန္ေတာ့ဖားကန့္မွာအေျခအေနမေကာင္း။
ေျပာပါတယ္ ခြန္းသန့္ေနာင္ကျပႆနာမရွာရင္ေတာင္ ျပႆနာကသူ႕ေနာက္လိုက္တက္တယ္လို႔🥹။ကံေကာင္းတဲ့ ေကာင္ေလးေလ။