Unicode
အရောင်စုံထွေလီတဲ့ ပန်းပင်ကလေးတွေပေါ် ဟိုပျံဒီနားလုပ်နေတဲ့ လိပ်ပြာငယ်လေးကိုကြည့်ရင်း ဆွန်းမင်စိတ်တွေဟာ လွင့်ပါးနေခဲ့သည်။ ထို့ကြောင့်ပဲ ခါးကို အနောက်မှ ရုတ်တရက်ဖက်လာတဲ့အခါ လန့်သွားခဲ့ရတာဖြစ်သည်။
သို့ပေမဲ့လည်း ရင်းနှီးနေတဲ့ကိုယ်သင်းနံ့လေးကြောင့် လန့်ထိတ်မှုတွေကနေ အပြုံးတွေအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထို့ပြင် ဖက်လာတဲ့လက်တို့ကို ပြန်ပြီးပင် ဖက်တွယ်မိသေးသည်။
မိမိပုခုံးပေါ်သို့ မေးတင်လာတဲ့ အိမ်ရှေ့စံထံမှ သက်ပြင်းချခြင်းကို သတိပြုမိတဲ့အခါ အိမ်ရှေ့စံစိတ်ညစ်နေကြောင်း ဆွန်းမင် တန်းသိသည်။
"ဘာတွေ စိတ်လေးလံစရာ ရှိနေလို့လဲ အိမ်ရှေ့စံ"
ဆွန်းမင်ရဲ့အမေးကို ဟျွန်းဂျင်ဟာ ပြန်မဖြေပါ။
သည့်အစား ပိုပြီးသာ တိုးဖက်လာခဲ့သည်။
ပြန်မဖြေတဲ့ဟျွန်းဂျင်ကို ဆွန်းမင်လည်း နောက်တစ်ကြိမ် ထပ်မမေးချင်။ ဖခင်ဖြစ်သူရဲ့ ကျန်းမာရေးအခြေအနေကြောင့်လို့ပဲ ယူမှတ်လိုက်သည်။
"မင်းကြီး သက်သာရဲ့လား"
"ဟင့်အင်း။ ခမည်းတော်အခြေအနေက တစ်နေ့တစ်ခြား ပိုပိုဆိုးလာတယ်။ သည်ကနေ့ဆို သွေးနှစ်ကြိမ် အန်တယ်တဲ့။"
ဟျွန်းဂျင်ရဲ့အသံတို့ထဲ ဝမ်းနည်းစိုးရိမ်မှုဟာ ထင်ရှားနေခဲ့သည်။
ဟျွန်းဂျင်ရဲ့အပူကို ဆွန်းမင် နားလည်ပါသည်။ ထို့ကြောင့် အရိုက်အရာပြန်အပ်ဖို့ မင်းကြီးကို လျှောက်တင်ပြီးပြီလားပင် မမေးဖြစ်ခဲ့ပါ။ အိမ်ရှေ့စံဘက်မှ ပြန်မစလာခင်အထိ မေ့ထားဖို့ တွေးထားသည်။
"အဆင်ပြေသွားမှာပါ။"
စကားတစ်ခွန်းနဲ့ အရာအားလုံး အဆင်ပြေမသွားနိုင်မှန်း ဆွန်းမင် သိပေမဲ့ အနည်းဆုံးတော့ ဟျွန်းဂျင် စိတ်သက်သာရာရသွားတယ် ဆိုရင်ပဲ ကျေနပ်ပါသည်။
တိတ်ဆိတ်မှုဟာ သူတို့နှစ်ယောက်ကြား အချိန်တစ်ခုကြာအောင် ကြီးစိုးသွားပြီးမှ ဟျွန်းဂျင်ဟာ စကားဆိုလာခဲ့ပြန်သည်။
"ကိုယ်လုပ်သမျှက ကောင်းဖို့အတွက်ပဲဆိုတာ သိထားပေးနော် ဆွန်းငယ်"
အိမ်ရှေ့စံရဲ့စကားကို ဆွန်းမင် နားမလည်နိုင်ပါ။ ထို့ကြောင့် ခေါင်းမညိတ်မိသလို ခေါင်းလည်းမခါဖြစ်ခဲ့ဘဲ တိတ်ဆိတ်ခြင်းဖြင့်သာ တုံ့ပြန်ဖြစ်ခဲ့ပါသည်။
×××
မင်းကြီးရဲ့ကျန်းမာရေး ဆိုးရွားလာတာနှင့်အမျှ အမတ်တွေကြား တီးတိုးစကားတွေကလည်း ပိုကျယ်လာခဲ့သည်။
"သည်လိုနဲ့ မင်းကြီးကံတော်ကုန်တဲ့အခါ အိမ်ရှေ့စံ ဘုရင်ဖြစ်လာရင် ကျုပ်တော့ စိတ်ပူမိတယ်။ အိမ်ရှေ့စံက လူတော်တစ်ယောက်ပေမဲ့ တိုင်းပြည်ရေးရာကို စိတ်မဝင်စားတာ သိပ်သိသာတယ်။"
တစ်ပါးသူနှစ်ဦးကြား စကားဝိုင်းကို ခိုးနားထောင်တာ မသင့်လျော်မှန်း ဟျွန်းဂျင်သိပေမဲ့ သူ့အကြောင်းပါလာသည်မို့ မနေနိုင်စွာ ဆက်နားထောင်မိသည်။
"ကျုပ်လည်း တွေးမိတယ်။ မင်းသားငယ်ကတော့ ပြီးပြည့်စုံတယ်လို့ မဟုတ်သည့်တိုင် တိုင်းပြည်ရေးရာကို တီးမိခေါက်မိ ရှိသေးတယ်မလား။"
"မင်းကြီး ညီလာခံပြန်တက်တဲ့အခါ အိမ်ရှေ့စံရာထူးကို ပြန်စဥ်းစားပေးဖို့ လျှောက်တင်ဖို့ကောင်းမယ် ထင်ပါတယ်။"
ထိုအမတ်ရဲ့စကားကို ကျန်အမတ်မှ ခေါင်းညိတ်ရင်း ထောက်ခံသည်။ ထို့နောက် နှစ်ဦးသား ဦးတည်ရာအသီးသီးကို ထွက်ခွာသွားကြသည်။
မျက်လုံးစုံမှိတ်ကာ ဟျွန်းဂျင် သက်ပြင်းချမိသည်။
အမတ်တွေက သူ့ရဲ့အရည်အချင်းကို သံသယဝင်နေကြတာပဲ။
သို့ပေမဲ့လည်း ထိုစွပ်စွဲချက်တွေက မှန်နေတာမလို့
သူ့မှာ တုံ့ပြန်စရာ ရှိမနေခဲ့ပါ။
လက်လျှော့လိုက်ရတော့မလား ခဏတွေးမိလိုက်ပေမဲ့
ဟွမ်ယော့ရဲ့စကားတွေကို ကြားယောင်မိပြန်သည်။ ပြီးနောက်မှာ ဆွန်းမင်ကို ကာကွယ်ရမယ်ဆိုတဲ့ အသိပြန်ဝင်တော့ ဟျွန်းဂျင် မျက်လုံးတို့ကို စူးခနဲ ပြန်ဖွင့်မိသည်။
တိုင်းပြည်ရေးရာကို အရင်က မသိခဲ့တာ မှန်ပေမဲ့
အခု သိအောင် သူလုပ်လို့ရသေးတာပဲ။
အရိုက်အရာကိုဆက်ခံဖို့ အရည်အချင်းပြည့်မီပါတယ်
ဆိုတာကို သက်သေပြဖို့ သူကြိုးစားရမည်။
သည်လိုနဲ့ ဝန်ပိုးတစ်ခုဟာ သူ့ပုခုံးပေါ်မှာ
နေရာထပ်ယူလာခဲ့ပြန်ပါသည်။
×××
သူ့နှလုံးသားကို ဆက်ပိတ်နှောင်မထားတော့ဘဲ
လွတ်လပ်စေလိုက်ရင် အေးချမ်းသွားလိမ့်မယ်လို့
ဆွန်းမင် တွေးထင်ခဲ့သည်။
ချစ်တယ် လို့ ဝန်ခံပြီးတဲ့နောက်
နှလုံးသားကို ဖလှယ်ရင်း အိမ်ရှေ့စံနဲ့ လှပတဲ့နေ့ရက်တွေကို
လျှောက်လှမ်းနိုင်ပြီလို့ စိတ်ကူးခဲ့ဖူးသည်။
သို့ပေမဲ့ အခုတော့ သူမှားသွားပြီလားလို့
ဆွန်းမင် သံသယရှိမိသည်။
အိမ်ရှေ့စံနဲ့အနီးဆုံးမှာ နေတော့မယ်လို့ ဆုံးဖြတ်လိုက်ကာမှ
အိမ်ရှေ့စံနဲ့အတူရှိရတဲ့ အချိန်တွေက ပိုနည်းသွားခဲ့သည်။
သူ မသိတဲ့ အကြောင်းအရင်းတွေနဲ့
အိမ်ရှေ့စံဟာ အလုပ်များနေသည် ထင်ပါသည်။
အရင်လို အဆောင်တော်မှာ အမြဲရှိမနေတော့ဘဲ
ရံဖန်ရံခါမှသာ ပြန်လာတတ်သည်။
ပြန်လာရင်လည်း ခေတ္တအနားယူရုံသာ ဖြစ်ပြီး
ကြာကြာမနေဘဲ ပြန်ထွက်သွားပြန်သည်။
အိမ်ရှေ့စံ ဘာတွေလုပ်နေသလဲ
တွေးနေသလဲ ဆွန်းမင် မသိတော့ပါ။
မေးခွန်းထုတ်ဖို့အတွက် လုံလောက်တဲ့အချိန်လည်း
သူ မရသေး။
အိမ်ရှေ့စံ ကြိုတင်ခွင့်ပန်ထားသလို
အရာအားလုံးက ကောင်းဖို့အတွက်ပဲ ဆိုပြီး
စိတ်ကိုချိုးနှိမ်ထားပေမဲ့လည်း တခါတလေတော့
ဆွန်းမင် လမ်းပျောက်မိသည်။
ညမောင်းသံ ၁၂ ချက် ကြားရတဲ့အခါ
ဆွန်းမင် တင်းထားတဲ့စိတ်တို့ကို လျှော့ချလိုက်တော့သည်။
ဒီညလည်း သူတစ်ယောက်တည်း အိပ်ရာဝင်ရဦးမှာပဲ။
ဒါနဲ့ဆို အိမ်ရှေ့စံ အဆောင်ပြန်မအိပ်တာ နှစ်ညရှိပြီပင်။
သူ့အဖြစ်ကိုတွေးမိတော့ ဆွန်းမင် ဟားတိုက်ရယ်ချင်မိသွားသည်။
မိမိဆီ ရောက်လာမလားလို့ အဆောင်မှာထိုင်မျှော်နေရတဲ့ သူသိပ်မုန်းတဲ့ အဲဒီအဖြစ်ကို သူရောက်မှန်းမသိ ရောက်နေပြီပဲ။
×××
"နှစ်ဦးသား ပိုရင်းနှီးလာကြတယ်လို့ သတင်းသဲ့သဲ့ကြားလို့ လာတွေ့ပေမဲ့ အခုတော့လည်း ကြင်ရာတော်တစ်ယောက်တည်းပါလား"
မင်းသားဟွမ်ယော့ရဲ့ ခနဲ့တဲ့တဲ့စကားတို့ကို ကြားရတဲ့အခါ
ဆွန်းမင် မျက်လုံးစုံမှိတ်ကာ သက်ပြင်းချမိသည်။
မနက်ခင်းစောစောပဲ ရှိသေးတဲ့အချိန်မှာ
သူ မင်းသားငယ်နဲ့ စကားနိုင်မလုပ်ချင်သေးပါဘူး။
ထို့ကြောင့် ဥယျာဥ်ကနေ လှည့်ပြန်ဖို့လုပ်မိပေမဲ့
ဟွမ်ယော့ဟာ သူ့ကို စိတ်တိုအောင် မလုပ်ရဘဲ
သွားခွင့်ပြုမယ့်ပုံ မပေါ်ပါ။
"ဘယ်ကိုလဲ ကြင်ရာတော်ရဲ့။ သြော်.. အဆောင်ပြန်ပြီး အစ်ကိုတော့်ကို သွားမျှော်မလို့လား"
"မင်းသားငယ်ရဲ့အရေးအရာ မဟုတ်ဘူးထင်ပါတယ်"
"ပျင်းရိသွားတာများလား"
မင်းသားငယ်ရဲ့စကားကြောင့် ဆွန်းမင်
ဒေါသတို့ဖြင့် စိုက်ကြည့်မိပေမဲ့ ဟွမ်ယော့ကတော့
မသိချင်ယောင်ဆောင်ရင်း အနားရှိပန်းပွင့်တစ်ပွင့်ကို
ခူးယူသည်။ ထို့နောက် မွှေးကြူမယ်လို့ ထင်ထားပေမဲ့
ပန်းကလေးကို ရေကန်ထဲ လွှင့်ချပစ်လိုက်သည်။
"မရခင်တုန်းကတော့ လိုချင်စိတ်နဲ့ ပျော်ဖို့ကောင်းပေမဲ့
လက်ထဲရောက်တော့ ပျင်းစရာကောင်းသွားတာပဲ။
ကြည့်ရတာ အစ်ကိုတော်လည်း အဲဒီလိုဖြစ်တာ ထင်တယ်"
မင်းသားငယ်ဟာ တမင်သက်သက်
သူ့စိတ်ကို အဆိပ်လူးနေမှန်း သိပေမဲ့လည်း
သက်ရောက်မှုဒဏ်ဟာ ရှိနေဆဲ။
သူပြန်ချစ်တော့မှ အိမ်ရှေ့စံက ဖယ်ခွာသွားခဲ့သည်။
အချိန်ဟာ သိပ်တိုက်ဆိုင်လွန်းတာကြောင့်
ဆွန်းမင် အမှန်တကယ်ကိုပဲ သံသယဝင်မိပါသည်။
"ဒါပေမဲ့ ဝမ်းမနည်းပါနဲ့။
အစ်ကိုတော်စွန့်ပစ်လိုက်လည်း ကိုယ့်အနားမှာ
လာခစားလို့ ရသေးတာပဲ။"
မင်းသားငယ်ရဲ့စကားတွေဟာ သိပ်လွန်ကြူးလာတာကြောင့်
ဆွန်းမင် သည်းမခံနိုင်တော့ဘဲ အမြဲဆောင်ထားတတ်တဲ့
ဓားမြှောင်ဖြင့် မင်းသားငယ်အားထိုးရန် ကြံရွယ်မိသည်။
သို့ပေမဲ့ သူလက်မြန်ကြောင်း သိထားပြီဖြစ်တဲ့
မင်းသားငယ်က ဒီတစ်ခါတော့ အမြန်ရှောင်ကာ ခုခံသည်။
"အရင်လို ကာကွယ်ပေးမယ့် အစ်ကိုတော်လည်း
အနားမှာမရှိဘဲ တော်ဝင်သွေးကို မထိပါးသင့်ဘူးလေ"
လက်ကိုအမြန်ပြန်ရုတ်ပြီး ဓားပြန်သိမ်းလိုက်ကာ
ဆွန်းမင် ထွက်သွားတော့ မင်းသားငယ်ဟာ ရယ်ရင်း ကျန်ခဲ့သည်။
နည်းနည်းလေးတောင် အထိမခံဘဲ လက်ပါတတ်တဲ့
အဲဒီအကျင့်ကြောင့် ဆွန်းမင်ကို စနောက်ယှဥ်းဆဲရတာကို
ဟွမ်ယော့ သဘောကျတာဖြစ်သည်။ သူ့ကြောင့်
တစ်ဖက်လူ စိတ်သောကဖြစ်သွားတာကိုလည်း နှစ်သက်သည်။
အထူးသဖြင့် အဲဒီတစ်ဖက်လူက အစ်ကိုတော့်လူဖြစ်နေရင် ပိုပြီးနှစ်ခြိုက်သည်။
ဒေါသတကြီးနဲ့ ထွက်သွားတဲ့ဆွန်းမင်ကို လိုက်ကြည့်ရင်း
မင်းသားဟွမ်ယော့ဟာ သဘောခွေ့စွာ ပြုံးနေခဲ့သည်။
×××
တိတ်ဆိတ်အေးချမ်းခြင်းကို နှစ်သက်ပေမဲ့
အထီးကျန်ခြင်းကိုတော့ ဆွန်းမင် သိပ်မုန်းပါသည်။
ရင်းနှီးတဲ့သူ တစ်ဦးတစ်ယောက်မှမရှိတဲ့
ဒီနန်းတော်ထဲမှာ နေ့ရက်တွေကိုဖြတ်သန်းနေရတာ
သူ တကယ်ပဲ စိတ်ညည်းညူနေပါပြီ။
အိမ်ရှေ့စံဟာလည်း သူ့အနားမှာ မရှိ။
စစ်သူကြီးဆီ သွားလည်ချင်သော်လည်း
ချစ်သူဟောင်းတွေ ဖြစ်ကြတဲ့အပြင်
အသီးသီး အိမ်ထောင်ကျနေပြီမလို့
အထင်အမြင်အလွဲ မခံနိုင်ပါ။
ထို့ကြောင့် ဒီအထီးကျန်မှုတွေဆီက လွတ်မြောက်ရာက
ချယ်ယွန်းသာ ရှိတော့သည်။ ထို့ကြောင့် ကင်မ်အိမ်တော်ကို
ခဏပြန်ဖို့ ဆုံးဖြတ်ခဲ့သည်။
"အကယ်၍များ အိမ်ရှေ့စံပြန်လာခဲ့ရင်
ငါ မိဘအိမ်ကို ခဏပြန်သွားတယ်၊
ရက်အနည်းငယ်ကြာမယ်လို့ ဖြေပေး"
ဆွန်းမင်ရဲ့အမှာကို ကြားသည်နှင့် ရံရွေတော်တွေဟာ
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ
မျက်နှာပျက်သွားကြသည်။ ထို့နောက်
အရှေ့မှာ ဒူးထောက်ရင်း တားဆီးလာကြသည်။
"စိုးရွံ့မိပါတယ် ကြင်ရာတော်။ အိမ်ရှေ့စံက
ကြင်ရာတော့်ကို ကင်မ်အိမ်တော်ကို မပြန်စေဖို့ အမိန့်ပေးထားပါတယ်။"
"ဘာ..!"
ဒေါသစိတ်တွေဟာ ဆွန်းမင်အသိစိတ်ထဲ
ချက်ချင်းစိုးမိုးသွားခဲ့သည်။
လက်ထပ်ပြီးကတည်းက သူ့ကို ဘယ်အရာမှ
မချုပ်ချယ်ခဲ့တဲ့ အိမ်ရှေ့စံက အခုတော့
အိမ်တော်မပြန်ဖို့ အမိန့်ထားခဲ့ပါသည်တဲ့။
"ဒါဆိုလည်း ကင်မ်အိမ်တော်ကို လူလွှတ်ပြီး
ချယ်ယွန်းကို ခေါ်ဆောင်လာခဲ့ချေ"
"ဟို.. အဲဒါလည်း မရပါဘူး ကြင်ရာတော်။
ကင်မ်အိမ်တော်နဲ့ အဆက်အသွယ်မလုပ်စေဖို့ အမိန့်ပေးထားလို့ပါ။"
ဆွန်းမင် လက်သီးကို
ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။
အိမ်ရှေ့စံဟာ ဘာလို့ အခုမှ
သူ့ကို လာချုပ်ချယ်ချင်နေရတာလဲ။
လုပ်ကြံဖို့ အကြံအစည်ရှိခဲ့တုန်းကကျ
သူ့ကို ယုံကြည်ပေးခဲ့တဲ့ အိမ်ရှေ့စံက
အခု သူယုံကြည်အောင် နေနေကာမှ
ဘာလို့ သံသယထားနေရသလဲ။
လောင်ကျွမ်းနေတဲ့ ဆွန်းမင်ရဲ့ဒေါသကို
ပိုပြီးဆီသွန်သည်က အခြွေအရံတွေရဲ့အကြည့်တွေပင်။
သနားစရာ သတ္တဝါတစ်ကောင်လို
ခိုးကြည့်ပြီး သနားနေကြတဲ့ အဲဒီမျက်လုံးတွေကို
သူ ဘယ်လောက်မုန်းလိုက်သလဲ။
ပြီးတော့ တမြန်နေ့ကတည်းက
ခပ်သဲ့သဲ့ကြားနေရတဲ့ စကားတွေကိုရော။
အိမ်ရှေ့စံက ကြင်ရာတော်ကို မနှစ်သက်တော့ကြောင်း။
ယခင်လို အနားမှာနေပြီး မချစ်ပြတော့ကြောင်း။
ကြင်ရာတော်ဟာ အိမ်ရှေ့စံကိုမျှော်ရင်း အထီးကျန်ပြီး
သနားစရာ သိပ်ကောင်းကြောင်း။
ဒီထဲကမှ...
သည်လိုနဲ့ ကြင်ရာတော်ဟာ နောက်ဆုံးမှာ
အစွန့်ပစ်ခံ၊ အမေ့လျော့ခံရတော့မယ် ထင်ပါတယ်ဆိုတဲ့
စကားကိုတော့ ဆွန်းမင် အမျက်ရှဆုံးပါပဲ။
"အိမ်ရှေ့စံကို သွားရှာမယ် !"
ပထမဦးဆုံး သူ့ရဲ့ဦးတည်ရာက
ဘုရင့်အဆောင်တော်ကို ဖြစ်သည်။
မကျန်းမာတဲ့ ဖခင်အနားမှာ စောင့်ရှောက်နေရလို့
မအားလပ်တာမျိုး ဖြစ်နေရင်တော့
အရာအားလုံးကို နားလည်ပေးလိုက်မည်။
ပြီးတော့ သည်လိုသာဆို အခြွေအရံတွေရဲ့
သံသယကိုလည်း ရှင်းပစ်နိုင်သည်။
သို့ပေမဲ့ ကံတရားက ဆွန်းမင်စေစားသလို
မကခုန်လိုတဲ့ပုံပါပဲ။
"အိမ်ရှေ့စံ ဒီမှာမရှိပါဘူး ကြင်ရာတော်။
ပြီးတော့ မင်းကြီးလည်း ဆေးသောက်ပြီး
ခေတ္တမှေးစက်နေပါတယ်။ ဒါကြောင့် နောက်မှ
သတင်းလာမေးဖို့ ပိုသင့်ပါတယ်။"
မင်းကြီးရဲ့အပါးတော်မြဲ စကားကြောင့်
ဆွန်းမင်လည်း မနှောင့်ယှက်လိုတော့သည်မို့
လှည့်ထွက်လာခဲ့ရသည်။
အိမ်ရှေ့စံက မင်းကြီးထံမှာလည်း ရှိမနေဘူးဆိုရင်
တကယ်ပဲ ဘယ်မှာ ဘာတွေလုပ်ပြီး ရှိနေပါသလဲ။
အလိုမကျခြင်းတွေနဲ့အတူ သူ့ရဲ့ဒုတိယမြောက်
ဦးတည်ရာက စာဖတ်ဆောင်ကို ဖြစ်သည်။
အဆောင်တော်ရှေ့မှာ အမှုလုပ်တွေ ရပ်စောင့်နေပုံထောက်၊
အတွင်းမှာ အိမ်ရှေ့စံရှိနေပုံပါပဲ။ အိမ်ရှေ့စံရဲ့
သီးသန့်စာဖတ်ဆောင်မလို့ အခြားသူတော မဖြစ်နိုင်ပေ။
ထို့ကြောင့် ဝင်သွားဖို့ လုပ်ခဲ့ပေမဲ့
အစောင့်နှစ်ယောက်ဟာ သူ့ကို တားလာခဲ့သည်။
"ဘာလုပ်တာလဲ။"
"စိုးရွံ့မိပါတယ်။ အိမ်ရှေ့စံက သူခွင့်မပြုထားတဲ့
ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုဖို့ အမိန့်ပေးထားလို့ပါ။"
အမိန့် ဆိုတဲ့ စကားကြီးကို ထပ်ကြားရပြန်ပြီ။
သိပ်သြဇာညောင်းလွန်းတဲ့ ဒီစကားကို
ဆွန်းမင် ဘယ်လောက်မုန်းလိုက်သလဲ။
"ငါက အိမ်ရှေ့စံရဲ့ ကြင်ရာတော်ပဲ။
အိမ်ရှေ့စံရှိတဲ့အရပ်ကို ဝင်လို့ရတယ်။"
"စိုးရွံ့မိပါတယ်။ မရလို့ပါ ကြင်ရာတော်။"
အစောင့်တွေနဲ့ အငြင်းပွားနေစဥ်မှာပဲ
အဆောင်ထဲမှထွက်လာတဲ့ ဂျောင်အင်ကြောင့်
ဆွန်းမင်ရဲ့အာရုံစိုက်ခြင်းက ပြောင်းသွားခဲ့သည်။
သူ့ကိုသတိပြုမိတာနဲ့ ပြုံးပြလာတဲ့
ဂျောင်အင်ကြောင့် ညစ်ထေးနေတဲ့စိတ်ကလေးဟာ အနည်းငယ်ဖျော့သွားတာကိုတော့ သူ အသိအမှတ်ပြုရမည်။
"ကြင်ရာတော် ဘာလာလုပ်တာလဲ။
အာ.. အစ်ကိုတော့်ဆီ လာတာမလား။"
"ဟုတ်တယ်။ ဒါနဲ့ ဂျောင်အင်..အိမ်ရှေ့စံက
ဘာတွေ ကြံနေတာလဲ။ ဘာတွေ လုပ်နေတာလဲ။"
"ကြင်ရာတော် တကယ်ပဲ မသိတာလား။"
ဂျောင်အင်ရဲ့စကားကြောင့် ဆွန်းမင်
မျက်ခုံးတစ်ဖက် ပင့်မိသေးသည်။
"နန်းတက်တဲ့အခါ အဆင်သင့်ဖြစ်အောင်လို့
တိုင်းပြည်ရေးရာတွေကို လေ့လာပြီး
အချို့ကဏ္ဍတွေမှာ ဝင်ဦးဆောင်နေတာလေ။
အခုတောင် ဒီလပတ်ရဲ့ အခွန်ခတွေအကြောင်း
လာလျှောက်တာ။"
ဆွန်းမင်နားထဲကနေ လေပူတွေ ထွက်သွားသလိုပါပဲ။
နန်းတက်တဲ့အခါ... ?
"အစ်ကိုတော်က သိပ်ကြိုးစားနေတာ။
နန်းတက်ပြီး မင်းကောင်းတစ်ပါးဖြစ်ဖို့
ဆုံးဖြတ်ထားတယ် ထင်ပါတယ်။"
ဂျောင်အင်ရဲ့စကားတွေက သူ့ကို
ပိုပိုပြီး မှင်သက်စေသည်။ အိမ်ရှေ့စံအနေနဲ့
နန်းတက်ဖို့ပြင်ဆင်တာ အထူးအဆန်းမဟုတ်ပေမဲ့
သူနဲ့အတူ သာမန်ဘဝကို ဖြတ်သန်းဖို့ ကတိပေးပြီးမှ
ဒီလိုပြောင်းလဲသွားတာကို ဆွန်းမင် မယုံနိုင်ပေ။
အာဏာရှင်ဘုရင်တစ်ပါးဖြစ်ဖို့ ဆန္ဒရှိရင်လည်း
ဘာလို့ သူ့ကို ကတိတွေ ပေးခဲ့ရသလဲ။
ကတိမတည်တဲ့လူတွေကို သူ အမုန်းဆုံးဖြစ်ကြောင်း
သိလျက်နဲ့ ။
သူလိုချင်တဲ့ အေးချမ်းတဲ့ဘဝလေးကို
နောက်ဆုံးတော့ ရတော့မယ်လို့ ကြိုပျော်ခဲ့ရတဲ့ သူကရော?
ဒါတွေထက် အခုလို ပြင်ဆင်နေတာကို
သူ့ကို အသိမပေးဘဲ လျှို့ဝှက်ထားရတဲ့
အကြောင်းအရင်းကရော ဘာလဲ။
ကင်မ်အိမ်တော်နဲ့ အဆက်အသွယ်မလုပ်ခိုင်းတာတွေ..
အရင်လို လွတ်လွတ်လပ်လပ် ဝင်ထွက်ခွင့် မရှိတော့တာတွေ..
အားလုံးကို နိဂုံးချုပ်ကြည့်ရင် အဖြေက
တကယ်ပဲ သူ့ကို မယုံကြည်လို့များလား။
ဖယ်ခွာနေခြင်းကရော ထီးနန်းအတွက်
သူ့ကို ဖယ်ရှားချင်လို့များလား။
သံသယတစ်စဟာ သိပ်မကြီးမားပေမဲ့
သေးငယ်တဲ့သံသယတွေ စုလာတဲ့အခါမှာတော့
ဆွန်းမင်စိတ်တွေ ပူလောင်လာရသည်။
×××
ဒီညလည်း ဆွန်းမင် စောစောမအိပ်ဖြစ်ပြန်ပါ။
အိမ်ရှေ့စံ ပြန်လာမလား စောင့်နေမိသည်။
သို့ပေမဲ့ ယခင်ညတွေလို သတိရတဲ့စိတ်ထက်
သူ့မေးခွန်းတွေကို အတည်ပြုခိုင်းဖို့ ဖြစ်သည်။
ခြေသံဖွဖွနှင့်အတူ အိပ်ရာထက်မှာ
လူတစ်ယောက်ပိုလာတာ ဆွန်းမင်ခံစားမိသည်။
ထို့နောက် ရင်းနှီးနေတဲ့လက်တို့ ခါးကိုဖက်လာချိန်မှာတော့
အိမ်ရှေ့စံပြန်ရောက်လာကြောင်း သေချာသွားသည်။
ထိုလက်တို့ကို ဖယ်ရှားကာ
ဆွန်းမင် ချက်ချင်းထထိုင်မိသည်။
"ကျွန်တော်တို့ စကားပြောကြရအောင် အိမ်ရှေ့စံ"
အတတ်နိုင်ဆုံး စိတ်ကိုငြိမ်အောင် ကြိုးစားပေမဲ့လည်း
ဒေါသသံပါနေတာကိုတော့ ဆွန်းမင် မတတ်နိုင်ခဲ့ပါဘူး။
"ကိုယ် အရမ်းပင်ပန်းလာတယ် ဆွန်းငယ်"
သို့ပေမဲ့လည်း ဆွန်းမင် ပြန်မလှဲတာမလို့
ဟျွန်းဂျင်ကပဲ အလျှော့ပေးကာ ထထိုင်လာခဲ့သည်။
"ဘာလို့ ကင်မ်အိမ်တော်ကို မပြန်စေတာလဲ"
အိမ်ရှေ့စံထံမှ သက်ပြင်းချသံတစ်ခုကို
ဆွန်းမင် ကြားရသည်။
"လောလောဆယ် အမတ်ကြီးနဲ့
အဆက်အသွယ်မရှိစေချင်လို့။ ဒါပဲဆို
ကိုယ်အိပ်တော့မယ်"
"နန်းတက်ဖို့ လုပ်နေတယ်မလား"
ဆွန်းမင်ရဲ့မေးခွန်းကြောင့် အိမ်ရှေ့စံဟာ
ချက်ချင်းလှည့်ကြည့်လာခဲ့သည်။ သို့ပေမဲ့
အဖြေတစ်ခုမပေးဘဲ တွေဝေနေခဲ့သည်။
"ဘာလို့ ကျွန်တော့်ကို အသိမပေးတာလဲ"
ထပ်ပြီး အဖြေမပေးပြန်တာမလို့
ဆွန်းမင် စိတ်တိုလာရသည်။
"ဘုရင်လုပ်ဖို့ ဆန္ဒရှိရင်လည်း ဘာလို့
ကျွန်တော့်ကို မျှော်လင့်ချက်အမှားတွေ
ပေးခဲ့ရသေးလဲ! ဘာလို့ ကတိဖျက်ခဲ့တာလဲ!
ဘာလို့ ညာခဲ့ရတာလဲ!"
ဖခင်ဆီက အလိမ်အညာတွေ၊ မျှော်လင့်ချက်အမှားတွေနဲ့
ကြီးပြင်းလာရတဲ့ သူ့အတွက် ဒါက
သိပ်ခံပြင်းစရာကောင်းတာကို သိလျက်နဲ့
အိမ်ရှေ့စံဟာ ဘာလို့ လုပ်ရက်ရသလဲ။
အဲဒီအာဏာတွေ၊ ထီးနန်းလုတာတွေကို
သူ သိပ်မုန်းတီးစက်ဆုပ်ကြောင်း သိလျက်နဲ့
ဘာလို့ သူ့ကိုဖယ်ခွာပြီး အဲဒီအရာတွေကို
ဖမ်းဆုပ်ချင်နေရသလဲ။
ဒါတွေကိုတော့ ပြောမထွက်ခဲ့ပေမဲ့ ခံပြင်းတဲ့စိတ်နဲ့
ဟျွန်းဂျင်ရဲ့ရင်ဘတ်ကိုတော့ ထုရိုက်မိသည်။
"နန်းတက်နိုင်မှ ဖြစ်မှာမလို့ !"
ပထမဆုံးအကြိမ် အိမ်ရှေ့စံဟာ သူ့လက်တွေကို
တင်းကြပ်စွာ ဖမ်းကိုင်ကာ အော်လာခဲ့သည်။
နူးညံ့တဲ့ပုံစံအစား သားရဲတစ်ကောင်လို
အိမ်ရှေ့စံဟာ အံကြိတ်ရင်း မာန်ခဲနေသည်။
တစ်ခဏလေးဆိုပေမဲ့ အိမ်ရှေ့စံရဲ့တုံ့ပြန်မှုက
ဆွန်းမင်ကို လန့်ထိတ်စေခဲ့သည်။
"ဒါပေမဲ့... ကျွန်တော်တို့ပြောခဲ့တဲ့ အေးချမ်းတဲ့ဘဝလေးက—"
အိမ်ရှေ့စံက သူ့ကို စကားပြီးအောင် မပြောစေခဲ့ပါ။
" မဖြစ်နိုင်တော့ဘူး ! အဲဒီဘဝ မရနိုင်တော့ဘူး ! "
ဆွန်းမင် ဆွံ့အသွားခဲ့ရသည်။
ဒါဆို သူဆန္ဒရှိခဲ့တဲ့ မျှော်လင့်ချက်ကလေးကို
အိမ်ရှေ့စံက မဖြည့်ဆည်းပေးတော့ဘူးပေါ့။
သူ့ကိုပေးခဲ့တဲ့ ကတိဟာ တကယ်ပဲ လွင့်ပျယ်သွားပြီပဲ။
"နောက်မှ ဆက်ပြောတော့။ ကိုယ်အိပ်တော့မယ်။"
ထို့နောက် အိမ်ရှေ့စံဟာ ပြန်လှဲကာ အိပ်စက်သွားခဲ့သည်။
သူ့ဘက်လှည့်နေကျ ပုံမှန်ညတွေနဲ့မတူဘဲ
သူနဲ့ဆန့်ကျင်ဘက်ကို ကျောခိုင်းပြီးတော့ပေါ့။
ပထမဆုံးအနေနဲ့ အိမ်ရှေ့စံဘက်မှ
သူ့ကို ကျောခိုင်းသွားခဲ့တာဖြစ်သည်။
ပုံကြီးချဲ့တယ်လို့ မဖြစ်ချင်ပေမဲ့
အရာအားလုံးက သူ့အတွက် ဝန်များလွန်းနေခဲ့သည်။
မတည်နိုင်တော့ဘူး ဆိုတဲ့ ကတိတွေ။
သူ့ကိုထိတ်လန့်စေခဲ့တဲ့ ပထမဆုံးအကြိမ် အော်ဟစ်မှုနဲ့ ခက်ထန်မှုတွေ။
မျက်ရည်တစ်စက်ဟာ
သူ့မျက်ဝန်းမှ ခုန်ဆင်းသွားခဲ့သည်။
tbc...
Zawgyi
အေရာင္စုံေထြလီတဲ့ ပန္းပင္ကေလးေတြေပၚ ဟိုပ်ံဒီနားလုပ္ေနတဲ့ လိပ္ျပာငယ္ေလးကိုၾကည့္ရင္း ဆြန္းမင္စိတ္ေတြဟာ လြင့္ပါးေနခဲ့သည္။ ထို႔ေၾကာင့္ပဲ ခါးကို အေနာက္မွ ႐ုတ္တရက္ဖက္လာတဲ့အခါ လန္႔သြားခဲ့ရတာျဖစ္သည္။
သို႔ေပမဲ့လည္း ရင္းႏွီးေနတဲ့ကိုယ္သင္းနံ့ေလးေၾကာင့္ လန္႔ထိတ္မႈေတြကေန အျပဳံးေတြအျဖစ္ ေျပာင္းလဲသြားခဲ့သည္။ ထို႔ျပင္ ဖက္လာတဲ့လက္တို႔ကို ျပန္ၿပီးပင္ ဖက္တြယ္မိေသးသည္။
မိမိပုခုံးေပၚသို႔ ေမးတင္လာတဲ့ အိမ္ေရွ႕စံထံမွ သက္ျပင္းခ်ျခင္းကို သတိျပဳမိတဲ့အခါ အိမ္ေရွ႕စံစိတ္ညစ္ေနေၾကာင္း ဆြန္းမင္ တန္းသိသည္။
"ဘာေတြ စိတ္ေလးလံစရာ ရွိေနလို႔လဲ အိမ္ေရွ႕စံ"
ဆြန္းမင္ရဲ့အေမးကို ဟၽြန္းဂ်င္ဟာ ျပန္မေျဖပါ။
သည့္အစား ပိုၿပီးသာ တိုးဖက္လာခဲ့သည္။
ျပန္မေျဖတဲ့ဟၽြန္းဂ်င္ကို ဆြန္းမင္လည္း ေနာက္တစ္ႀကိမ္ ထပ္မေမးခ်င္။ ဖခင္ျဖစ္သူရဲ့ က်န္းမာေရးအေျခအေနေၾကာင့္လို႔ပဲ ယူမွတ္လိုက္သည္။
"မင္းႀကီး သက္သာရဲ့လား"
"ဟင့္အင္း။ ခမည္းေတာ္အေျခအေနက တစ္ေန႔တစ္ျခား ပိုပိုဆိုးလာတယ္။ သည္ကေန႔ဆို ေသြးႏွစ္ႀကိမ္ အန္တယ္တဲ့။"
ဟၽြန္းဂ်င္ရဲ့အသံတို႔ထဲ ဝမ္းနည္းစိုးရိမ္မႈဟာ ထင္ရွားေနခဲ့သည္။
ဟၽြန္းဂ်င္ရဲ့အပူကို ဆြန္းမင္ နားလည္ပါသည္။ ထို႔ေၾကာင့္ အရိုက္အရာျပန္အပ္ဖို႔ မင္းႀကီးကို ေလၽွာက္တင္ၿပီးၿပီလားပင္ မေမးျဖစ္ခဲ့ပါ။ အိမ္ေရွ႕စံဘက္မွ ျပန္မစလာခင္အထိ ေမ့ထားဖို႔ ေတြးထားသည္။
"အဆင္ေျပသြားမွာပါ။"
စကားတစ္ခြန္းနဲ႔ အရာအားလုံး အဆင္ေျပမသြားနိုင္မွန္း ဆြန္းမင္ သိေပမဲ့ အနည္းဆုံးေတာ့ ဟၽြန္းဂ်င္ စိတ္သက္သာရာရသြားတယ္ ဆိုရင္ပဲ ေက်နပ္ပါသည္။
တိတ္ဆိတ္မႈဟာ သူတို႔ႏွစ္ေယာက္ၾကား အခ်ိန္တစ္ခုၾကာေအာင္ ႀကီးစိုးသြားၿပီးမွ ဟၽြန္းဂ်င္ဟာ စကားဆိုလာခဲ့ျပန္သည္။
"ကိုယ္လုပ္သမၽွက ေကာင္းဖို႔အတြက္ပဲဆိုတာ သိထားေပးေနာ္ ဆြန္းငယ္"
အိမ္ေရွ႕စံရဲ့စကားကို ဆြန္းမင္ နားမလည္နိုင္ပါ။ ထို႔ေၾကာင့္ ေခါင္းမညိတ္မိသလို ေခါင္းလည္းမခါျဖစ္ခဲ့ဘဲ တိတ္ဆိတ္ျခင္းျဖင့္သာ တုံ႔ျပန္ျဖစ္ခဲ့ပါသည္။
×××
မင္းႀကီးရဲ့က်န္းမာေရး ဆိုးရြားလာတာႏွင့္အမၽွ အမတ္ေတြၾကား တီးတိုးစကားေတြကလည္း ပိုက်ယ္လာခဲ့သည္။
"သည္လိုနဲ႔ မင္းႀကီးကံေတာ္ကုန္တဲ့အခါ အိမ္ေရွ႕စံ ဘုရင္ျဖစ္လာရင္ က်ဳပ္ေတာ့ စိတ္ပူမိတယ္။ အိမ္ေရွ႕စံက လူေတာ္တစ္ေယာက္ေပမဲ့ တိုင္းျပည္ေရးရာကို စိတ္မဝင္စားတာ သိပ္သိသာတယ္။"
တစ္ပါးသူႏွစ္ဦးၾကား စကားဝိုင္းကို ခိုးနားေထာင္တာ မသင့္ေလ်ာ္မွန္း ဟၽြန္းဂ်င္သိေပမဲ့ သူ႔အေၾကာင္းပါလာသည္မို႔ မေနနိုင္စြာ ဆက္နားေထာင္မိသည္။
"က်ဳပ္လည္း ေတြးမိတယ္။ မင္းသားငယ္ကေတာ့ ၿပီးျပည့္စုံတယ္လို႔ မဟုတ္သည့္တိုင္ တိုင္းျပည္ေရးရာကို တီးမိေခါက္မိ ရွိေသးတယ္မလား။"
"မင္းႀကီး ညီလာခံျပန္တက္တဲ့အခါ အိမ္ေရွ႕စံရာထူးကို ျပန္စဥ္းစားေပးဖို႔ ေလၽွာက္တင္ဖို႔ေကာင္းမယ္ ထင္ပါတယ္။"
ထိုအမတ္ရဲ့စကားကို က်န္အမတ္မွ ေခါင္းညိတ္ရင္း ေထာက္ခံသည္။ ထို႔ေနာက္ ႏွစ္ဦးသား ဦးတည္ရာအသီးသီးကို ထြက္ခြာသြားၾကသည္။
မ်က္လုံးစုံမွိတ္ကာ ဟၽြန္းဂ်င္ သက္ျပင္းခ်မိသည္။
အမတ္ေတြက သူ႔ရဲ့အရည္အခ်င္းကို သံသယဝင္ေနၾကတာပဲ။
သို႔ေပမဲ့လည္း ထိုစြပ္စြဲခ်က္ေတြက မွန္ေနတာမလို႔
သူ႔မွာ တုံ႔ျပန္စရာ ရွိမေနခဲ့ပါ။
လက္ေလၽွာ့လိုက္ရေတာ့မလား ခဏေတြးမိလိုက္ေပမဲ့
ဟြမ္ေယာ့ရဲ့စကားေတြကို ၾကားေယာင္မိျပန္သည္။ ၿပီးေနာက္မွာ ဆြန္းမင္ကို ကာကြယ္ရမယ္ဆိုတဲ့ အသိျပန္ဝင္ေတာ့ ဟၽြန္းဂ်င္ မ်က္လုံးတို႔ကို စူးခနဲ ျပန္ဖြင့္မိသည္။
တိုင္းျပည္ေရးရာကို အရင္က မသိခဲ့တာ မွန္ေပမဲ့
အခု သိေအာင္ သူလုပ္လို႔ရေသးတာပဲ။
အရိုက္အရာကိုဆက္ခံဖို႔ အရည္အခ်င္းျပည့္မီပါတယ္
ဆိုတာကို သက္ေသျပဖို႔ သူႀကိဳးစားရမည္။
သည္လိုနဲ႔ ဝန္ပိုးတစ္ခုဟာ သူ႔ပုခုံးေပၚမွာ
ေနရာထပ္ယူလာခဲ့ျပန္ပါသည္။
×××
သူ႔ႏွလုံးသားကို ဆက္ပိတ္ေႏွာင္မထားေတာ့ဘဲ
လြတ္လပ္ေစလိုက္ရင္ ေအးခ်မ္းသြားလိမ့္မယ္လို႔
ဆြန္းမင္ ေတြးထင္ခဲ့သည္။
ခ်စ္တယ္ လို႔ ဝန္ခံၿပီးတဲ့ေနာက္
ႏွလုံးသားကို ဖလွယ္ရင္း အိမ္ေရွ႕စံနဲ႔ လွပတဲ့ေန႔ရက္ေတြကို
ေလၽွာက္လွမ္းနိုင္ၿပီလို႔ စိတ္ကူးခဲ့ဖူးသည္။
သို႔ေပမဲ့ အခုေတာ့ သူမွားသြားၿပီလားလို႔
ဆြန္းမင္ သံသယရွိမိသည္။
အိမ္ေရွ႕စံနဲ႔အနီးဆုံးမွာ ေနေတာ့မယ္လို႔ ဆုံးျဖတ္လိုက္ကာမွ
အိမ္ေရွ႕စံနဲ႔အတူရွိရတဲ့ အခ်ိန္ေတြက ပိုနည္းသြားခဲ့သည္။
သူ မသိတဲ့ အေၾကာင္းအရင္းေတြနဲ႔
အိမ္ေရွ႕စံဟာ အလုပ္မ်ားေနသည္ ထင္ပါသည္။
အရင္လို အေဆာင္ေတာ္မွာ အျမဲရွိမေနေတာ့ဘဲ
ရံဖန္ရံခါမွသာ ျပန္လာတတ္သည္။
ျပန္လာရင္လည္း ေခတၱအနားယူ႐ုံသာ ျဖစ္ၿပီး
ၾကာၾကာမေနဘဲ ျပန္ထြက္သြားျပန္သည္။
အိမ္ေရွ႕စံ ဘာေတြလုပ္ေနသလဲ
ေတြးေနသလဲ ဆြန္းမင္ မသိေတာ့ပါ။
ေမးခြန္းထုတ္ဖို႔အတြက္ လုံေလာက္တဲ့အခ်ိန္လည္း
သူ မရေသး။
အိမ္ေရွ႕စံ ႀကိဳတင္ခြင့္ပန္ထားသလို
အရာအားလုံးက ေကာင္းဖို႔အတြက္ပဲ ဆိုၿပီး
စိတ္ကိုခ်ိဳးႏွိမ္ထားေပမဲ့လည္း တခါတေလေတာ့
ဆြန္းမင္ လမ္းေပ်ာက္မိသည္။
ညေမာင္းသံ ၁၂ ခ်က္ ၾကားရတဲ့အခါ
ဆြန္းမင္ တင္းထားတဲ့စိတ္တို႔ကို ေလၽွာ့ခ်လိုက္ေတာ့သည္။
ဒီညလည္း သူတစ္ေယာက္တည္း အိပ္ရာဝင္ရဦးမွာပဲ။
ဒါနဲ႔ဆို အိမ္ေရွ႕စံ အေဆာင္ျပန္မအိပ္တာ ႏွစ္ညရွိၿပီပင္။
သူ႔အျဖစ္ကိုေတြးမိေတာ့ ဆြန္းမင္ ဟားတိုက္ရယ္ခ်င္မိသြားသည္။
မိမိဆီ ေရာက္လာမလားလို႔ အေဆာင္မွာထိုင္ေမၽွာ္ေနရတဲ့ သူသိပ္မုန္းတဲ့ အဲဒီအျဖစ္ကို သူေရာက္မွန္းမသိ ေရာက္ေနၿပီပဲ။
×××
"ႏွစ္ဦးသား ပိုရင္းႏွီးလာၾကတယ္လို႔ သတင္းသဲ့သဲ့ၾကားလို႔ လာေတြ႕ေပမဲ့ အခုေတာ့လည္း ၾကင္ရာေတာ္တစ္ေယာက္တည္းပါလား"
မင္းသားဟြမ္ေယာ့ရဲ့ ခနဲ႔တဲ့တဲ့စကားတို႔ကို ၾကားရတဲ့အခါ
ဆြန္းမင္ မ်က္လုံးစုံမွိတ္ကာ သက္ျပင္းခ်မိသည္။
မနက္ခင္းေစာေစာပဲ ရွိေသးတဲ့အခ်ိန္မွာ
သူ မင္းသားငယ္နဲ႔ စကားနိုင္မလုပ္ခ်င္ေသးပါဘူး။
ထို႔ေၾကာင့္ ဥယ်ာဥ္ကေန လွည့္ျပန္ဖို႔လုပ္မိေပမဲ့
ဟြမ္ေယာ့ဟာ သူ႔ကို စိတ္တိုေအာင္ မလုပ္ရဘဲ
သြားခြင့္ျပဳမယ့္ပုံ မေပၚပါ။
"ဘယ္ကိုလဲ ၾကင္ရာေတာ္ရဲ့။ ေၾသာ္.. အေဆာင္ျပန္ၿပီး အစ္ကိုေတာ့္ကို သြားေမၽွာ္မလို႔လား"
"မင္းသားငယ္ရဲ့အေရးအရာ မဟုတ္ဘူးထင္ပါတယ္"
"ပ်င္းရိသြားတာမ်ားလား"
မင္းသားငယ္ရဲ့စကားေၾကာင့္ ဆြန္းမင္
ေဒါသတို႔ျဖင့္ စိုက္ၾကည့္မိေပမဲ့ ဟြမ္ေယာ့ကေတာ့
မသိခ်င္ေယာင္ေဆာင္ရင္း အနားရွိပန္းပြင့္တစ္ပြင့္ကို
ခူးယူသည္။ ထို႔ေနာက္ ေမႊးၾကဴမယ္လို႔ ထင္ထားေပမဲ့
ပန္းကေလးကို ေရကန္ထဲ လႊင့္ခ်ပစ္လိုက္သည္။
"မရခင္တုန္းကေတာ့ လိုခ်င္စိတ္နဲ႔ ေပ်ာ္ဖို႔ေကာင္းေပမဲ့
လက္ထဲေရာက္ေတာ့ ပ်င္းစရာေကာင္းသြားတာပဲ။
ၾကည့္ရတာ အစ္ကိုေတာ္လည္း အဲဒီလိုျဖစ္တာ ထင္တယ္"
မင္းသားငယ္ဟာ တမင္သက္သက္
သူ႔စိတ္ကို အဆိပ္လူးေနမွန္း သိေပမဲ့လည္း
သက္ေရာက္မႈဒဏ္ဟာ ရွိေနဆဲ။
သူျပန္ခ်စ္ေတာ့မွ အိမ္ေရွ႕စံက ဖယ္ခြာသြားခဲ့သည္။
အခ်ိန္ဟာ သိပ္တိုက္ဆိုင္လြန္းတာေၾကာင့္
ဆြန္းမင္ အမွန္တကယ္ကိုပဲ သံသယဝင္မိပါသည္။
"ဒါေပမဲ့ ဝမ္းမနည္းပါနဲ႔။
အစ္ကိုေတာ္စြန္႔ပစ္လိုက္လည္း ကိုယ့္အနားမွာ
လာခစားလို႔ ရေသးတာပဲ။"
မင္းသားငယ္ရဲ့စကားေတြဟာ သိပ္လြန္ၾကဴးလာတာေၾကာင့္
ဆြန္းမင္ သည္းမခံနိုင္ေတာ့ဘဲ အျမဲေဆာင္ထားတတ္တဲ့
ဓားေျမႇာင္ျဖင့္ မင္းသားငယ္အားထိုးရန္ ႀကံရြယ္မိသည္။
သို႔ေပမဲ့ သူလက္ျမန္ေၾကာင္း သိထားၿပီျဖစ္တဲ့
မင္းသားငယ္က ဒီတစ္ခါေတာ့ အျမန္ေရွာင္ကာ ခုခံသည္။
"အရင္လို ကာကြယ္ေပးမယ့္ အစ္ကိုေတာ္လည္း
အနားမွာမရွိဘဲ ေတာ္ဝင္ေသြးကို မထိပါးသင့္ဘူးေလ"
လက္ကိုအျမန္ျပန္႐ုတ္ၿပီး ဓားျပန္သိမ္းလိုက္ကာ
ဆြန္းမင္ ထြက္သြားေတာ့ မင္းသားငယ္ဟာ ရယ္ရင္း က်န္ခဲ့သည္။
နည္းနည္းေလးေတာင္ အထိမခံဘဲ လက္ပါတတ္တဲ့
အဲဒီအက်င့္ေၾကာင့္ ဆြန္းမင္ကို စေနာက္ယွဥ္းဆဲရတာကို
ဟြမ္ေယာ့ သေဘာက်တာျဖစ္သည္။ သူ႔ေၾကာင့္
တစ္ဖက္လူ စိတ္ေသာကျဖစ္သြားတာကိုလည္း ႏွစ္သက္သည္။
အထူးသျဖင့္ အဲဒီတစ္ဖက္လူက အစ္ကိုေတာ့္လူျဖစ္ေနရင္ ပိုၿပီးႏွစ္ၿခိဳက္သည္။
ေဒါသတႀကီးနဲ႔ ထြက္သြားတဲ့ဆြန္းမင္ကို လိုက္ၾကည့္ရင္း
မင္းသားဟြမ္ေယာ့ဟာ သေဘာေခြ႕စြာ ျပဳံးေနခဲ့သည္။
×××
တိတ္ဆိတ္ေအးခ်မ္းျခင္းကို ႏွစ္သက္ေပမဲ့
အထီးက်န္ျခင္းကိုေတာ့ ဆြန္းမင္ သိပ္မုန္းပါသည္။
ရင္းႏွီးတဲ့သူ တစ္ဦးတစ္ေယာက္မွမရွိတဲ့
ဒီနန္းေတာ္ထဲမွာ ေန႔ရက္ေတြကိုျဖတ္သန္းေနရတာ
သူ တကယ္ပဲ စိတ္ညည္းညဴေနပါၿပီ။
အိမ္ေရွ႕စံဟာလည္း သူ႔အနားမွာ မရွိ။
စစ္သူႀကီးဆီ သြားလည္ခ်င္ေသာ္လည္း
ခ်စ္သူေဟာင္းေတြ ျဖစ္ၾကတဲ့အျပင္
အသီးသီး အိမ္ေထာင္က်ေနၿပီမလို႔
အထင္အျမင္အလြဲ မခံနိုင္ပါ။
ထို႔ေၾကာင့္ ဒီအထီးက်န္မႈေတြဆီက လြတ္ေျမာက္ရာက
ခ်ယ္ယြန္းသာ ရွိေတာ့သည္။ ထို႔ေၾကာင့္ ကင္မ္အိမ္ေတာ္ကို
ခဏျပန္ဖို႔ ဆုံးျဖတ္ခဲ့သည္။
"အကယ္၍မ်ား အိမ္ေရွ႕စံျပန္လာခဲ့ရင္
ငါ မိဘအိမ္ကို ခဏျပန္သြားတယ္၊
ရက္အနည္းငယ္ၾကာမယ္လို႔ ေျဖေပး"
ဆြန္းမင္ရဲ့အမွာကို ၾကားသည္ႏွင့္ ရံေရြေတာ္ေတြဟာ
တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ
မ်က္ႏွာပ်က္သြားၾကသည္။ ထို႔ေနာက္
အေရွ႕မွာ ဒူးေထာက္ရင္း တားဆီးလာၾကသည္။
"စိုးရြံ့မိပါတယ္ ၾကင္ရာေတာ္။ အိမ္ေရွ႕စံက
ၾကင္ရာေတာ့္ကို ကင္မ္အိမ္ေတာ္ကို မျပန္ေစဖို႔ အမိန္႔ေပးထားပါတယ္။"
"ဘာ..!"
ေဒါသစိတ္ေတြဟာ ဆြန္းမင္အသိစိတ္ထဲ
ခ်က္ခ်င္းစိုးမိုးသြားခဲ့သည္။
လက္ထပ္ၿပီးကတည္းက သူ႔ကို ဘယ္အရာမွ
မခ်ဳပ္ခ်ယ္ခဲ့တဲ့ အိမ္ေရွ႕စံက အခုေတာ့
အိမ္ေတာ္မျပန္ဖို႔ အမိန္႔ထားခဲ့ပါသည္တဲ့။
"ဒါဆိုလည္း ကင္မ္အိမ္ေတာ္ကို လူလႊတ္ၿပီး
ခ်ယ္ယြန္းကို ေခၚေဆာင္လာခဲ့ေခ်"
"ဟို.. အဲဒါလည္း မရပါဘူး ၾကင္ရာေတာ္။
ကင္မ္အိမ္ေတာ္နဲ႔ အဆက္အသြယ္မလုပ္ေစဖို႔ အမိန္႔ေပးထားလို႔ပါ။"
ဆြန္းမင္ လက္သီးကို
က်စ္က်စ္ပါေအာင္ ဆုပ္ထားမိသည္။
အိမ္ေရွ႕စံဟာ ဘာလို႔ အခုမွ
သူ႔ကို လာခ်ဳပ္ခ်ယ္ခ်င္ေနရတာလဲ။
လုပ္ႀကံဖို႔ အႀကံအစည္ရွိခဲ့တုန္းကက်
သူ႔ကို ယုံၾကည္ေပးခဲ့တဲ့ အိမ္ေရွ႕စံက
အခု သူယုံၾကည္ေအာင္ ေနေနကာမွ
ဘာလို႔ သံသယထားေနရသလဲ။
ေလာင္ကၽြမ္းေနတဲ့ ဆြန္းမင္ရဲ့ေဒါသကို
ပိုၿပီးဆီသြန္သည္က အေႁခြအရံေတြရဲ့အၾကည့္ေတြပင္။
သနားစရာ သတၱဝါတစ္ေကာင္လို
ခိုးၾကည့္ၿပီး သနားေနၾကတဲ့ အဲဒီမ်က္လုံးေတြကို
သူ ဘယ္ေလာက္မုန္းလိုက္သလဲ။
ၿပီးေတာ့ တျမန္ေန႔ကတည္းက
ခပ္သဲ့သဲ့ၾကားေနရတဲ့ စကားေတြကိုေရာ။
အိမ္ေရွ႕စံက ၾကင္ရာေတာ္ကို မႏွစ္သက္ေတာ့ေၾကာင္း။
ယခင္လို အနားမွာေနၿပီး မခ်စ္ျပေတာ့ေၾကာင္း။
ၾကင္ရာေတာ္ဟာ အိမ္ေရွ႕စံကိုေမၽွာ္ရင္း အထီးက်န္ၿပီး
သနားစရာ သိပ္ေကာင္းေၾကာင္း။
ဒီထဲကမွ...
သည္လိုနဲ႔ ၾကင္ရာေတာ္ဟာ ေနာက္ဆုံးမွာ
အစြန္႔ပစ္ခံ၊ အေမ့ေလ်ာ့ခံရေတာ့မယ္ ထင္ပါတယ္ဆိုတဲ့
စကားကိုေတာ့ ဆြန္းမင္ အမ်က္ရွဆုံးပါပဲ။
"အိမ္ေရွ႕စံကို သြားရွာမယ္ !"
ပထမဦးဆုံး သူ႔ရဲ့ဦးတည္ရာက
ဘုရင့္အေဆာင္ေတာ္ကို ျဖစ္သည္။
မက်န္းမာတဲ့ ဖခင္အနားမွာ ေစာင့္ေရွာက္ေနရလို႔
မအားလပ္တာမ်ိဳး ျဖစ္ေနရင္ေတာ့
အရာအားလုံးကို နားလည္ေပးလိုက္မည္။
ၿပီးေတာ့ သည္လိုသာဆို အေႁခြအရံေတြရဲ့
သံသယကိုလည္း ရွင္းပစ္နိုင္သည္။
သို႔ေပမဲ့ ကံတရားက ဆြန္းမင္ေစစားသလို
မကခုန္လိုတဲ့ပုံပါပဲ။
"အိမ္ေရွ႕စံ ဒီမွာမရွိပါဘူး ၾကင္ရာေတာ္။
ၿပီးေတာ့ မင္းႀကီးလည္း ေဆးေသာက္ၿပီး
ေခတၱေမွးစက္ေနပါတယ္။ ဒါေၾကာင့္ ေနာက္မွ
သတင္းလာေမးဖို႔ ပိုသင့္ပါတယ္။"
မင္းႀကီးရဲ့အပါးေတာ္ျမဲ စကားေၾကာင့္
ဆြန္းမင္လည္း မေႏွာင့္ယွက္လိုေတာ့သည္မို႔
လွည့္ထြက္လာခဲ့ရသည္။
အိမ္ေရွ႕စံက မင္းႀကီးထံမွာလည္း ရွိမေနဘူးဆိုရင္
တကယ္ပဲ ဘယ္မွာ ဘာေတြလုပ္ၿပီး ရွိေနပါသလဲ။
အလိုမက်ျခင္းေတြနဲ႔အတူ သူ႔ရဲ့ဒုတိယေျမာက္
ဦးတည္ရာက စာဖတ္ေဆာင္ကို ျဖစ္သည္။
အေဆာင္ေတာ္ေရွ႕မွာ အမႈလုပ္ေတြ ရပ္ေစာင့္ေနပုံေထာက္၊
အတြင္းမွာ အိမ္ေရွ႕စံရွိေနပုံပါပဲ။ အိမ္ေရွ႕စံရဲ့
သီးသန္႔စာဖတ္ေဆာင္မလို႔ အျခားသူေတာ မျဖစ္နိုင္ေပ။
ထို႔ေၾကာင့္ ဝင္သြားဖို႔ လုပ္ခဲ့ေပမဲ့
အေစာင့္ႏွစ္ေယာက္ဟာ သူ႔ကို တားလာခဲ့သည္။
"ဘာလုပ္တာလဲ။"
"စိုးရြံ့မိပါတယ္။ အိမ္ေရွ႕စံက သူခြင့္မျပဳထားတဲ့
ဘယ္သူ႔ကိုမွ ဝင္ခြင့္မျပဳဖို႔ အမိန္႔ေပးထားလို႔ပါ။"
အမိန္႔ ဆိုတဲ့ စကားႀကီးကို ထပ္ၾကားရျပန္ၿပီ။
သိပ္ၾသဇာေညာင္းလြန္းတဲ့ ဒီစကားကို
ဆြန္းမင္ ဘယ္ေလာက္မုန္းလိုက္သလဲ။
"ငါက အိမ္ေရွ႕စံရဲ့ ၾကင္ရာေတာ္ပဲ။
အိမ္ေရွ႕စံရွိတဲ့အရပ္ကို ဝင္လို႔ရတယ္။"
"စိုးရြံ့မိပါတယ္။ မရလို႔ပါ ၾကင္ရာေတာ္။"
အေစာင့္ေတြနဲ႔ အျငင္းပြားေနစဥ္မွာပဲ
အေဆာင္ထဲမွထြက္လာတဲ့ ေဂ်ာင္အင္ေၾကာင့္
ဆြန္းမင္ရဲ့အာ႐ုံစိုက္ျခင္းက ေျပာင္းသြားခဲ့သည္။
သူ႔ကိုသတိျပဳမိတာနဲ႔ ျပဳံးျပလာတဲ့
ေဂ်ာင္အင္ေၾကာင့္ ညစ္ေထးေနတဲ့စိတ္ကေလးဟာ အနည္းငယ္ေဖ်ာ့သြားတာကိုေတာ့ သူ အသိအမွတ္ျပဳရမည္။
"ၾကင္ရာေတာ္ ဘာလာလုပ္တာလဲ။
အာ.. အစ္ကိုေတာ့္ဆီ လာတာမလား။"
"ဟုတ္တယ္။ ဒါနဲ႔ ေဂ်ာင္အင္..အိမ္ေရွ႕စံက
ဘာေတြ ႀကံေနတာလဲ။ ဘာေတြ လုပ္ေနတာလဲ။"
"ၾကင္ရာေတာ္ တကယ္ပဲ မသိတာလား။"
ေဂ်ာင္အင္ရဲ့စကားေၾကာင့္ ဆြန္းမင္
မ်က္ခုံးတစ္ဖက္ ပင့္မိေသးသည္။
"နန္းတက္တဲ့အခါ အဆင္သင့္ျဖစ္ေအာင္လို႔
တိုင္းျပည္ေရးရာေတြကို ေလ့လာၿပီး
အခ်ိဳ႕က႑ေတြမွာ ဝင္ဦးေဆာင္ေနတာေလ။
အခုေတာင္ ဒီလပတ္ရဲ့ အခြန္ခေတြအေၾကာင္း
လာေလၽွာက္တာ။"
ဆြန္းမင္နားထဲကေန ေလပူေတြ ထြက္သြားသလိုပါပဲ။
နန္းတက္တဲ့အခါ... ?
"အစ္ကိုေတာ္က သိပ္ႀကိဳးစားေနတာ။
နန္းတက္ၿပီး မင္းေကာင္းတစ္ပါးျဖစ္ဖို႔
ဆုံးျဖတ္ထားတယ္ ထင္ပါတယ္။"
ေဂ်ာင္အင္ရဲ့စကားေတြက သူ႔ကို
ပိုပိုၿပီး မွင္သက္ေစသည္။ အိမ္ေရွ႕စံအေနနဲ႔
နန္းတက္ဖို႔ျပင္ဆင္တာ အထူးအဆန္းမဟုတ္ေပမဲ့
သူနဲ႔အတူ သာမန္ဘဝကို ျဖတ္သန္းဖို႔ ကတိေပးၿပီးမွ
ဒီလိုေျပာင္းလဲသြားတာကို ဆြန္းမင္ မယုံနိုင္ေပ။
အာဏာရွင္ဘုရင္တစ္ပါးျဖစ္ဖို႔ ဆႏၵရွိရင္လည္း
ဘာလို႔ သူ႔ကို ကတိေတြ ေပးခဲ့ရသလဲ။
ကတိမတည္တဲ့လူေတြကို သူ အမုန္းဆုံးျဖစ္ေၾကာင္း
သိလ်က္နဲ႔ ။
သူလိုခ်င္တဲ့ ေအးခ်မ္းတဲ့ဘဝေလးကို
ေနာက္ဆုံးေတာ့ ရေတာ့မယ္လို႔ ႀကိဳေပ်ာ္ခဲ့ရတဲ့ သူကေရာ?
ဒါေတြထက္ အခုလို ျပင္ဆင္ေနတာကို
သူ႔ကို အသိမေပးဘဲ လၽွို႔ဝွက္ထားရတဲ့
အေၾကာင္းအရင္းကေရာ ဘာလဲ။
ကင္မ္အိမ္ေတာ္နဲ႔ အဆက္အသြယ္မလုပ္ခိုင္းတာေတြ..
အရင္လို လြတ္လြတ္လပ္လပ္ ဝင္ထြက္ခြင့္ မရွိေတာ့တာေတြ..
အားလုံးကို နိဂုံးခ်ဳပ္ၾကည့္ရင္ အေျဖက
တကယ္ပဲ သူ႔ကို မယုံၾကည္လို႔မ်ားလား။
ဖယ္ခြာေနျခင္းကေရာ ထီးနန္းအတြက္
သူ႔ကို ဖယ္ရွားခ်င္လို႔မ်ားလား။
သံသယတစ္စဟာ သိပ္မႀကီးမားေပမဲ့
ေသးငယ္တဲ့သံသယေတြ စုလာတဲ့အခါမွာေတာ့
ဆြန္းမင္စိတ္ေတြ ပူေလာင္လာရသည္။
×××
ဒီညလည္း ဆြန္းမင္ ေစာေစာမအိပ္ျဖစ္ျပန္ပါ။
အိမ္ေရွ႕စံ ျပန္လာမလား ေစာင့္ေနမိသည္။
သို႔ေပမဲ့ ယခင္ညေတြလို သတိရတဲ့စိတ္ထက္
သူ႔ေမးခြန္းေတြကို အတည္ျပဳခိုင္းဖို႔ ျဖစ္သည္။
ေျခသံဖြဖြႏွင့္အတူ အိပ္ရာထက္မွာ
လူတစ္ေယာက္ပိုလာတာ ဆြန္းမင္ခံစားမိသည္။
ထို႔ေနာက္ ရင္းႏွီးေနတဲ့လက္တို႔ ခါးကိုဖက္လာခ်ိန္မွာေတာ့
အိမ္ေရွ႕စံျပန္ေရာက္လာေၾကာင္း ေသခ်ာသြားသည္။
ထိုလက္တို႔ကို ဖယ္ရွားကာ
ဆြန္းမင္ ခ်က္ခ်င္းထထိုင္မိသည္။
"ကၽြန္ေတာ္တို႔ စကားေျပာၾကရေအာင္ အိမ္ေရွ႕စံ"
အတတ္နိုင္ဆုံး စိတ္ကိုၿငိမ္ေအာင္ ႀကိဳးစားေပမဲ့လည္း
ေဒါသသံပါေနတာကိုေတာ့ ဆြန္းမင္ မတတ္နိုင္ခဲ့ပါဘူး။
"ကိုယ္ အရမ္းပင္ပန္းလာတယ္ ဆြန္းငယ္"
သို႔ေပမဲ့လည္း ဆြန္းမင္ ျပန္မလွဲတာမလို႔
ဟၽြန္းဂ်င္ကပဲ အေလၽွာ့ေပးကာ ထထိုင္လာခဲ့သည္။
"ဘာလို႔ ကင္မ္အိမ္ေတာ္ကို မျပန္ေစတာလဲ"
အိမ္ေရွ႕စံထံမွ သက္ျပင္းခ်သံတစ္ခုကို
ဆြန္းမင္ ၾကားရသည္။
"ေလာေလာဆယ္ အမတ္ႀကီးနဲ႔
အဆက္အသြယ္မရွိေစခ်င္လို႔။ ဒါပဲဆို
ကိုယ္အိပ္ေတာ့မယ္"
"နန္းတက္ဖို႔ လုပ္ေနတယ္မလား"
ဆြန္းမင္ရဲ့ေမးခြန္းေၾကာင့္ အိမ္ေရွ႕စံဟာ
ခ်က္ခ်င္းလွည့္ၾကည့္လာခဲ့သည္။ သို႔ေပမဲ့
အေျဖတစ္ခုမေပးဘဲ ေတြေဝေနခဲ့သည္။
"ဘာလို႔ ကၽြန္ေတာ့္ကို အသိမေပးတာလဲ"
ထပ္ၿပီး အေျဖမေပးျပန္တာမလို႔
ဆြန္းမင္ စိတ္တိုလာရသည္။
"ဘုရင္လုပ္ဖို႔ ဆႏၵရွိရင္လည္း ဘာလို႔
ကၽြန္ေတာ့္ကို ေမၽွာ္လင့္ခ်က္အမွားေတြ
ေပးခဲ့ရေသးလဲ! ဘာလို႔ ကတိဖ်က္ခဲ့တာလဲ!
ဘာလို႔ ညာခဲ့ရတာလဲ!"
ဖခင္ဆီက အလိမ္အညာေတြ၊ ေမၽွာ္လင့္ခ်က္အမွားေတြနဲ႔
ႀကီးျပင္းလာရတဲ့ သူ႔အတြက္ ဒါက
သိပ္ခံျပင္းစရာေကာင္းတာကို သိလ်က္နဲ႔
အိမ္ေရွ႕စံဟာ ဘာလို႔ လုပ္ရက္ရသလဲ။
အဲဒီအာဏာေတြ၊ ထီးနန္းလုတာေတြကို
သူ သိပ္မုန္းတီးစက္ဆုပ္ေၾကာင္း သိလ်က္နဲ႔
ဘာလို႔ သူ႔ကိုဖယ္ခြာၿပီး အဲဒီအရာေတြကို
ဖမ္းဆုပ္ခ်င္ေနရသလဲ။
ဒါေတြကိုေတာ့ ေျပာမထြက္ခဲ့ေပမဲ့ ခံျပင္းတဲ့စိတ္နဲ႔
ဟၽြန္းဂ်င္ရဲ့ရင္ဘတ္ကိုေတာ့ ထုရိုက္မိသည္။
"နန္းတက္နိုင္မွ ျဖစ္မွာမလို႔ !"
ပထမဆုံးအႀကိမ္ အိမ္ေရွ႕စံဟာ သူ႔လက္ေတြကို
တင္းၾကပ္စြာ ဖမ္းကိုင္ကာ ေအာ္လာခဲ့သည္။
ႏူးညံ့တဲ့ပုံစံအစား သားရဲတစ္ေကာင္လို
အိမ္ေရွ႕စံဟာ အံႀကိတ္ရင္း မာန္ခဲေနသည္။
တစ္ခဏေလးဆိုေပမဲ့ အိမ္ေရွ႕စံရဲ့တုံ႔ျပန္မႈက
ဆြန္းမင္ကို လန္႔ထိတ္ေစခဲ့သည္။
"ဒါေပမဲ့... ကၽြန္ေတာ္တို႔ေျပာခဲ့တဲ့ ေအးခ်မ္းတဲ့ဘဝေလးက—"
အိမ္ေရွ႕စံက သူ႔ကို စကားၿပီးေအာင္ မေျပာေစခဲ့ပါ။
" မျဖစ္နိုင္ေတာ့ဘူး ! အဲဒီဘဝ မရနိုင္ေတာ့ဘူး ! "
ဆြန္းမင္ ဆြံ့အသြားခဲ့ရသည္။
ဒါဆို သူဆႏၵရွိခဲ့တဲ့ ေမၽွာ္လင့္ခ်က္ကေလးကို
အိမ္ေရွ႕စံက မျဖည့္ဆည္းေပးေတာ့ဘူးေပါ့။
သူ႔ကိုေပးခဲ့တဲ့ ကတိဟာ တကယ္ပဲ လြင့္ပ်ယ္သြားၿပီပဲ။
"ေနာက္မွ ဆက္ေျပာေတာ့။ ကိုယ္အိပ္ေတာ့မယ္။"
ထို႔ေနာက္ အိမ္ေရွ႕စံဟာ ျပန္လွဲကာ အိပ္စက္သြားခဲ့သည္။
သူ႔ဘက္လွည့္ေနက် ပုံမွန္ညေတြနဲ႔မတူဘဲ
သူနဲ႔ဆန္႔က်င္ဘက္ကို ေက်ာခိုင္းၿပီးေတာ့ေပါ့။
ပထမဆုံးအေနနဲ႔ အိမ္ေရွ႕စံဘက္မွ
သူ႔ကို ေက်ာခိုင္းသြားခဲ့တာျဖစ္သည္။
ပုံႀကီးခ်ဲ႕တယ္လို႔ မျဖစ္ခ်င္ေပမဲ့
အရာအားလုံးက သူ႔အတြက္ ဝန္မ်ားလြန္းေနခဲ့သည္။
မတည္နိုင္ေတာ့ဘူး ဆိုတဲ့ ကတိေတြ။
သူ႔ကိုထိတ္လန္႔ေစခဲ့တဲ့ ပထမဆုံးအႀကိမ္ ေအာ္ဟစ္မႈနဲ႔ ခက္ထန္မႈေတြ။
မ်က္ရည္တစ္စက္ဟာ
သူ႔မ်က္ဝန္းမွ ခုန္ဆင္းသြားခဲ့သည္။
tbc...