ချိပ်ပိတ်ထားသော နတ်ဘုရားပလ္လင်

By OnlineSarPay

7K 322 7

မူရင်းဝတ္ထုစီးရီး - Shen Yin Wangzuo (Throne of Seal) မူရင်းရေးသားသူ - Tang Jia San Shao ဝတ္ထုစီးရီး - ချိပ်ပ... More

အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အခန်း ၅
အခန်း ၆
အခန်း ၇
အခန်း ၈
အခန်း ၉
အခန်း ၁၀
အခန်း ၁၁
အခန်း ၁၂
အခန်း ၁၃
အခန်း ၁၄
အခန်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း ၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃
အခန်း ၃၄
အခန်း ၃၅
အခန်း ၃၆
အခန်း ၃၇
အခန်း ၃၈
အခန်း ၃၉
အခန်း ၄၀
အခန်း ၄၁
အခန်း ၄၂
အခန်း ၄၃
အခန်း ၄၄
အခန်း ၄၅
အခန်း ၄၆
အခန်း ၄၇
အခန်း ၄၈
အခန်း ၄၉
အခန်း ၅၀
အခန်း ၅၂
အခန်း ၅၃
အခန်း ၅၄
အခန်း ၅၅
အခန်း ၅၆
အခန်း ၅၇
အခန်း ၅၈
အခန်း ၅၉
အခန်း ၆၀

အခန်း ၅၁

86 3 0
By OnlineSarPay

ဆင့်ကဲအသွင်ပြောင်းခြင်း-၁

လုံဟောင်ချန်းသည် ညာဘက်လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်လျက်ဖြင့် မြေမီးလျှံပုတ်သင်၏ အသွင်ပြောင်းလဲမှုကို ဂရုတစိုက် ကြည့်ရှုနေသည်။ သူ့လက်မှ သွေးများ ဆုံးရှုံးနေသော်ငြား သူ့ပုံစံမှာ အလွန်တည်ငြိမ်နေ၏။

ရွှေရောင်အလင်းများသည် မြေမီးလျှံပုတ်သင်၏ ခန္ဓာကို အထပ်ထပ်ဆေးကြောနေ၏။ ၎င်း၏ ကျောပေါ်မှ ဒဏ်ရာများသည် အခိုးအငွေ့များထွက်ကာ ဒဏ်ရာဟောင်းများအသွင် ပြောင်းလဲလာသည်။ မြေမီးလျှံပုတ်သင်၏ ကိုယ်ထဲမှ အမှောင်စွမ်းအင်များသည် အလင်းစွမ်းအင်၏ တိုက်ခိုက်ခြင်း ခံနေရသည်မှာ ထင်ရှားသည်။ ပုတ်သင်ငယ်၏ သဏ္ဍာန်မှာ အလွန်နာကျင်နေဟန် ရလေ၏။

သူတို့အကြားမှ ညီမျှခြင်း စာချုပ်ကြောင့်သာ မဟုတ်ပါက လုံဟောင်ချန်း၏ အလင်းနတ်ဘုရားမျိုးဆက် ခန္ဓာကိုယ်မှ ထုတ်လွှတ်သော အလွန်သန့်စင်သည့် အလင်းစွမ်းအင်သည် ၎င်း၏ ခန္ဓာကိုယ်ကိုယ်ကို ဖျက်စီးပြီးလောက်ပေပြီ။ မြေမီးလျှံပုတ်သင်၏ မျက်နှာပေါ်တွင် သွေးကြောများ ထောင်ထလာ၏။ ၎င်း၏ ပါးစပ်ထောင့်မှ သွေးများလည်း စီးကျနေပြီး အဆက်မပြတ် တုန်ယင်နေသည်။

ပုတ်သင်ငယ်သည် နာကျင်မှုများကြားမှ လုံဟောင်ချန်းအား စိတ်ဆုံးဖြတ်ထားပြီးသည့်ပုံနှင့် နှစ်လိုစွာကြည့်နေ၏။ လူသားနှင့် ပုတ်သင်တစ်ကောင်သည် တစ်ဦးနှင့်တစ်ဦး မိသားစုရင်းပမာ ချစ်ခင်မြတ်နိုးသည့် အကြည့်တို့ဖြင့် အပြန်အလှန်ကြည့်နေကြသည်။

သွေးဆုံးရှုံးမှုကြောင့် လုံဟောင်ချန်း၏ မျက်နှာမှာ ပိုမိုဖြူဖျော့လာ၏။ သူ့စိတ်စွမ်းအင်ပမာဏမှာ တစ်ထောင်ကျော်နေပြီ ဖြစ်သော်ငြား လုံဟောင်ချန်းသည်လည်း လူသားတစ်ယောက်သာ။ လူသားတစ်ယောက်သည် ခန္ဓာကိုယ်ရှိ သုံးပုံတစ်ပုံသော သွေးပမာဏကို ဆုံးရှုံးရပါက သေဆုံးနိုင်သည်။ လက်ရှိသွေးဆုံးရှုံးမှုနှုန်းနှင့် ဆိုပါက သူ့ကိုယ်မှာ အကြာကြီးတောင့်ခံနိုင်တော့မည် မဟုတ်။

အချိန်မှာ တစ်စက္ကန့်ပြီး တစ်စက္ကန့်၊ တစ်မိနစ်မှ နောက်တစ်မိနစ်သို့ လျင်မြန်စွာ ကူးပြောင်းနေသည်။ ယဲ့ဟွာနှင့် အကြီးအကဲမှာ အလွန်စိုးရိမ်နေကြ၏။

သူရဲကောင်းတို့၏မြင့်မြတ်သောတောင်မှ အစောင့်အရှောက်အကြီးအကဲမှာ မငယ်တော့ရာ ဤသို့သော ဖြစ်ရပ်မျိုးကို မြင်ဖူးသည်မှာ ပထမဆုံး အကြိမ် မဟုတ်တော့။ ပထမအခြေအနေတွင် မြေမီးလျှံပုတ်သင်မှာ အလင်းစွမ်းအင်ကြီးစိုးသည့် သွေများဝင်ရောက်မှုကို လက်မခံနိုင်တော့ဘဲ သေဆုံးသွားလိမ့်မည်။ ဒုတိယအခြေအနေတွင် သွေးလွှဲပြောင်းမှု အောင်မြင်ပြီး မြေမီးလျှံပုတ်သင်သည် အလင်းစွမ်းအင်ခန္ဓာနှင့် မှော်သားရဲတစ်ကောင် ဖြစ်လာလိမ့်မည်။ တတိယမြောက် အခြေအနေတွင် မြေမီးလျှံပုတ်သင်သည် နာကျင်မှုဒဏ်ကို မခံနိုင်ဘဲ ထွက်ပြေးလိမ့်မည်။ ထိုအခါ ကြိုးစားခဲ့သမျှ အကုန်သဲထဲရေသွန် ဖြစ်သွားလိမ့်မည်။ စတုတ္ထမြောက်အခြေအနေတွင် လုံဟောင်ချန်းမှာ သွေးဆုံးရှုံးမှုကို မခံနိုင်တော့ဘဲ အသက်အန္တရာယ်ရှိလာနိုင်ပြီး ထိုမြင်ကွင်းမှာ ယဲ့ဟွာနှင့် အဘိုးအိုမမြင်ချင်ဆုံး အခြေအနေဖြစ်သည်။

မူလက တည်ငြိမ်နေခဲ့သော လုံဟောင်ချန်း၏လက်မှာ တစ်စတစ်စ တုန်ယင်လာသည်။ ဖြူလွင်သော အသားအရေသည် ပို၍ဖြူဖျော့လာကာ စိုပြည်မှုများ ပျောက်ဆုံးနေခဲ့လေပြီ။ သူ့လက်ကောက်ဝတ်မှ သွေးစက်များ ကျဆင်းနှုန်းမှာလည်း ပိုမိုနှေးကွေးလာ၏။

သို့သော် မြေမီးလျှံပုတ်သင်၏ ခန္ဓာကိုယ်မှာ တုန်ယင်ခြင်း မရှိတော့။ ၎င်း၏ အနက်ရောင်အကြေးခွံတို့မှာ ရွှေရောင်ဖျော့ဖျော့ သမ်းလာပြီး ဒဏ်ရာများမှာလည်း မျက်စိအောက်တွင်ပင် လျင်မြန်စွာ ကျက်လာသည်။ ခက်ခဲသော အချိန်များကို ကျော်လွန်သွားပြီဖြစ်၍ ၎င်း၏ ခန္ဓာကိုယ်မှာ အလျင်အမြန် အသွင်ပြောင်းလဲလာ၏။

အထင်ရှားဆုံး ပြောင်းလဲမှုမှာ လုံဟောင်ချန်းနှင့် မြေမီးလျှံပုတ်သင်၏ ကိုယ်ပေါ်မှ စာချုပ်အမှတ်အသားသည် ဖြည်းဖြည်းချင်းစီ ခရမ်းရွှေရောင် ဖြစ်လာခြင်းပင်။ ထိုအမှတ်အသားများမှာ ယခင်က ခရမ်းရောင်သာ ဖြစ်၏။ ရွှေရောင်လွှမ်းသွားခြင်းသည် အမှတ်အသားအား ပိုမိုခန့်ထည်သွားစေသည်။ အမှတ်အသားပေါ်မှ မြူငွေ့လိုလို အလွှာမှာလည်း ပိုမိုပါးသွားပြီး ရှုပ်ထွေးသော သင်္ကေတများကို ပိုထင်ရှားစွာ မြင်လာရ၏။

လုံဟောင်ချန်း၏ ကိုယ်မှာ လဲကျတော့မတတ် ယိမ်းယိုင်လာသည်။

" မကောင်းတော့ဘူး။ ဟောင်ချန်း တောင့်မခံနိုင်တော့ဘူးထင်တယ် "

ယဲ့ဟွာ၏ နှလုံးခုန်သံမှာ မြန်ဆန်လာ၏။ သူသည် လုံဟောင်ချန်းနံဘေးသို့ ပြေးသွားရန် ပြုလိုက်သည်။

" ဆက်စောင့်နေ "

အဘိုးအိုက လက်ဆန့်၍ ယဲ့ဟွာကို တားဆီးလိုက်သည်။

လုံဟောင်ချန်းက ဘယ်လက်ကို မြေမီးလျှံပုတ်သင်၏ လည်ပင်းပေါ်တင်၍ လဲကျမသွားစေရန် ထိန်းလိုက်၏။ သူ့မြင်ကွင်းမှာ ဝေဝါးနေပြီဖြစ်၍ အချိန်မရွေး မေ့လဲသွားတော့မလို ခံစားနေရသည်။

မစွန့်ပစ်နဲ့ ....လက်မလျှော့နဲ့ ....

လုံဟောင်ချန်းက ထိုစကားလုံးများကို တွေးတောရင်း အံကြိတ်၍ နာကျင်မှုကို တောင့်ခံသည်။

မြေမီးလျှံပုတ်သင်နှင့် အချိန်အတူ မကုန်ဆုံးရသေးသော်လည်း ၎င်းအား ဆွေမျိုးရင်းသဖွယ် လုံဟောင်ချန်း ခံစားနေရသည်။ ညီမျှခြင်းစာချုပ်၏ သက်ရောက်မှုလေလား သူမသိသော်လည်း ပုတ်သင်ငယ်အား စွန့်ပစ်ရန်ပင် မတွေးရက်ခြင်းက ၎င်းအား သူ့ရင်ထဲတွင် နေရာပေးထားပြီးဖြစ်ကြောင်း သက်သေဖြစ်သည်။

လုံဟောင်ချန်းတွင် ညီအစ်ကိုမောင်နှမ မရှိပေ။ ဤနှစ်များအတွင်း လီရှင်းကသာ သူ့အစ်မ ဖြစ်ခဲ့သည်။ ပုတ်သင်ငယ်အား ကယ်တင်ရန် သူဆုံးဖြတ်ခဲ့ခြင်းမှာ ပုတ်သင်ငယ်လိုမျိုး သူ့အသက်အန္တရာယ် ကြုံခဲ့ပါက လီရှင်းက သူ့ကိုကယ်ရန် အစွမ်းကုန်ကြိုးစားပါ့မလားဟု သူတွေးမိသွားသောကြောင့် ဖြစ်၏။

မိတ်ဆွေအဖော်မွန် .....

သေအတူရှင်မကွာ အတူတကွ ရှိခြင်းကသာ မိတ်ဆွေအစစ်အမှန် ဖြစ်သည်။ ယခု သူဝိုးတဝါးမြင်နေရသော မြေမီးလျှံပုတ်သင်မှာ လုံးဝရုပ်မဆိုးဟု လုံဟောင်ချန်းတွေးမိ၏။

လုံဟောင်ချန်းမှာ သွေးသုံးပုံတစ်ပုံကျော် ဆုံးရှုံးသွားခဲ့ပြီဖြစ်ပြီး အခြေအနေမဟန်တော့ပေ။ အကြီးအကဲက ယဲ့ဟွာကို တားလိုက်သော်ငြား အချိန်မရွေး ဝင်ကယ်နိုင်ရန် အဆင်သင့် ပြင်ထား၏။ လုံဟောင်ချန်း၏ အသက်ရှင်နိုင်စွမ်း အကန့်အသတ်ရောက်လျှင် သူလှုပ်ရှားမည်ဖြစ်သည်။

" ဝေါင်း ..... "

မြေမီးလျှံပုတ်သင်၏ ကိုယ်မှ ရွှေရောင်အလင်း လက်ခနဲ ဖြစ်သွားပြီး စိတ်လှုပ်ရှားစွာ ဟိန်းဟောက်သံ ထွက်လာ၏။ ၎င်း၏ ရဲရင့်သည့် အသွင်နှင့်အတူ အမှောင်စွမ်းအင် အငွေ့အသက်များ လုံးဝကွယ်ပျောက်သွားသည်။ အကြီးအကဲ၏ လက်အတွင်းမှ ရွှေရောင်အလင်းတန်းတစ်ခု ပြေးထွက်သွားပြီး လုံဟောင်ချန်း၏ လက်ကောက်ဝတ်မှ ဒဏ်ရာကို ချက်ချင်းပျောက်ကင်းသွားအောင် ကုသ၏။

လုံဟောင်ချန်း၏ ကိုယ်မှာ အားနည်းလွန်း၍ လဲကျသွားသည်။ သို့သော် သူအောင်မြင်သွားသလား အတည်ပြုချင်သေး၍ သတိလစ်မသွားအောင် ထိန်းထား၏။

လျှာတစ်ခုက လုံဟောင်ချန်း၏ မျက်နှာအား ညင်ညင်သာသာ လာယက်သည်။ သူမြင်နေရသော အနီရောင်မျက်လုံးတစ်စုံသည် ပတ္တမြားပွင့်များအလား တောက်ပ၍ တက်ကြွမှုများ ပြည့်နေ၏။

မြေမီးလျှံပုတ်သင်၏ ကျောဘက်မှ ခရမ်းရွှေရောင် စာချုပ်အမှတ်အသားမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ ၎င်း၏ အကြေးခွံများမှာလည်း ဒိုင်းတစ်ခုအသွင်နှင့် ရွှေရောင်အလင်းများ ထုတ်လွှတ်နေ၏။

ယဲ့ဟွာလည်း ထိုအခါမှ သက်ပြင်းချနိုင်ပြီး လုံဟောင်ချန်းအား ဆေးတိုက်ရန်အကြံနှင့် ပြေးသွားလိုက်၏။ လုံဟောင်ချန်းမှာ အောင်မြင်သွားခဲ့သော်လည်း အရင်းအနှီးကြီးကြီး ပေးဆပ်လိုက်ရသည်။ သွေးအများကြီး ဆုံးရှုံးလိုက်ရသောကြောင့် သူအပြည့်အဝ ပြန်ကောင်းရန် အနည်းဆုံး တစ်နှစ်ခန့် အချိန်ယူရလိမ့်မည်။

" ဝေါင်း .... "

မြေမီးလျှံပုတ်သင်သည် ယဲ့ဟွာဘက်လှည့်၍ မျက်လုံးနီနီများဖြင့် ကြည့်ကာ ဟိန်းဟောက်လိုက်သည်။ ၎င်း၏ ပါးစပ်မှ မီးလုံးတစ်လုံး ထွက်လာပြီး ယဲ့ဟွာထံ တည့်တည့်ဦးတည်လာ၏။

" ဟမ် .... "

ယဲ့ဟွာက ထိုအပြုအမူကို မျှော်လင့်မထားရာ 'ကောင်းကင်အလင်းအရံအတား' ကို ကာကွယ်၍ မီးလုံးကို အမြန်တားဆီးလိုက်ရသည်။

" သူ့အနားကို မကပ်နဲ့ဦး။ သူတစ်ခုခုလုပ်ချင်နေပုံပဲ "

အကြီးအကဲက ကျယ်လောင်စွာ အော်ဟစ်သတိပေးလိုက်သည်။ မြေမီးလျှံပုတ်သင်သည် မီးလုံးဖြင့် ယဲ့ဟွာကို တားလိုက်ပြီး လုံဟောင်ချန်း၏ အားနည်းနေသော မျက်နှာကို ထပ်မံလှည့်ကြည့်လိုက်၏။ ထို့နောက် ၎င်း၏ ကျောကုန်းမှ ခရမ်းရောင်အလင်းတစ်ခု ထွက်ပေါ်လာပြီး ဂူအမိုးထံ ဦးတည်သွားသည်။

၎င်း၏ ကျောကုန်းမှာလည်း ကွဲထွက်သွားတော့မည်ဟု ထင်ရပြီး တောက်ပသည့် သင်္ကေတများ ပေါ်ထွက်လာ၏။ မြေမီးလျှံပုတ်သင်က နောက်တစ်ကြိမ် ဦးမော့လာပြန်သည်။ ထိုခဏတွင် ၎င်း၏ မျက်ဝန်းအစုံ၌ ခရမ်းရောင်အလင်း တောက်ပနေ၏။ ထိုခရမ်းရောင်လွှမ်းသော မျက်ဝန်းတစ်စုံမှာ အေးစက်၍ မြင့်မြတ်တော်ဝင်ပုံ ပေါ်လေသည်။

***

Continue Reading

You'll Also Like

75.1K 3.7K 38
• Ranbir a cold hearted person , have a anger issue • Prachi a kind hearted person , the most stubborn girl both are different in their ways what w...
65.7K 2.1K 44
"I no longer want you." Emperor Richard de Tristaine fumed as he looked upon the woman he was ready to abandon just a few weeks ago. "You don't mea...
193K 4.7K 111
As the Maid of Evil, Y/n sacrifices her life for her twin brother. As the Mist Hashira, Y/n sacrifices her life for humanity. But not anymore will Y...
275K 10.6K 33
""SIT THERE AND TAKE IT LIKE A GOOD GIRL"" YOU,DIRTY,DIRTY GIRL ,I WAS TALKING ABOUT THE BOOK🌝🌚