The Red Poisonous Flower

By raBBit_soul

630 51 0

・ 。 ☆∴。🌸 *  ・゚*。★・   ・ *゚。 * ・ ゚*。・゚★。   ❄️☆゚・。°*. ゚   ゚。·*・。 ゚*    ゚ *.。☆。★ ・   * ☆ 。・゚*.。🌸 * ★ ゚... More

TRPF Final

TRPF 1

390 26 0
By raBBit_soul


ထန်နိုင်ငံတော်၊ AD 11

သာယာစည်ပင်သော ထန်နိုင်ငံ၏နေသာသောနေ့တစ်နေ့၊ တနည်း ယခင်မင်းဆက် ကံကုန်ပြီး တစ်နှစ်အကြာတွင် ရှို့မိဖုရားခေါင်ကြီး၏သားတော် ထန်နိုင်ငံ၏တစ်ဦးတည်းသော တော်ဝင်မင်းသား အိမ်ရှေ့စံ ဖူချန်ရွှင့် သည် ဧကရာဇ် ဟွမ်ထျန်း အဖြစ် အသက်ဆယ်နှစ်တွင်နန်းတက်ခဲ့သည်။

ငယ်ရွယ်နူးညံ့လေသောမင်းသားငယ် နန်းတက်သည့်နေ့တွင် ကောင်းကင်ဘုံမှပင် ချီးမြောက်ကာ မိုးများစွာရွာသွန်းခဲ့လေသည်။

ပြည်သူပြည်သားတို့သည်လည်း ဝမ်းမြောက်ကုန်ကြသော်ညား အရှင်မင်းမြတ်သည် မယ်တော်ကြီး၏ ထိန်းချုပ်မှုအောက်တွင် တိုင်းပြည်အားအုပ်ချုပ်ခဲ့လေသည်။

ဧကရာဇ် ဟွမ်ထျန်း နန်းတက်ပြီးနောက် ရှို့မိသားစု၏အာဏာသည် ပိုမိုကြီးမားလာရာ ဧကရာဇ်၏ပုလ္လင်ပင် မယ်တော်ကြီးကြောင့်သာ တည်မြဲနေရလေသည်။

အဖက်ဖက်မှဖိအားပေးမှုဒဏ်အောက်တွင် ဧကရာဇ်သည် သူ့ဖခမည်းတော်လိုပင် ရှို့မိဖုရား၏ ထိန်းချုပ်မှုအောက်တွင်သာ ကျဉ်းကျဉ်းကျပ်ကျပ်နေရရှာလေသည်။

တော်ဝင်ရုံးတော်တွင်ပင် ရှို့မိသားစုအမတ်များ၊ အမတ်ချုပ်ကျန်းနှင့်သူ၏ဘက်တော်သားများ၊ စစ်သူကြီးလီမိသားစုဝင်များ၊ ကြားနေသူများဖြင့် ကွဲပြားနေကြလေသည်။

အမတ်ချုပ်ကျန်းသည် ယခင်မင်းဆက် ဧကရာဇ် ဟွမ်ထျန်း၏ဖခမည်းတော်၊ ဧကရာဇ် ကွေ့ထျန်း၏ ကြင်ယာတော်၊ ကျန်းခုံးယွဲ့၏ ဖခင်ဖြစ်လေရာ ရှို့မိသားစု၏ အတိုက်အခံဖြစ်လေသည်။

လီမိသားစုဝင်များသည် ရှေ့မင်းဆက်သုံးဆက်မြောက်၏ အငယ်ဆုံး တော်ဝင်မင်းသမီး ဖူရှီနှင့် စစ်သူကြီး လီရန်ကွေ့တို့၏ မျိုးဆက်များဖြစ်သည့်အလျောက်တော်ဝင်သွေးပါသူများဖြစ်ပြီး သူတို့သည် တတိယအုပ်စုအဖြစ်ရပ်တည်လေသည်။

မမျှော်လင့်စွာ ဟွမ်ထျန်းနှစ် ရှစ်နှစ်အကြာတွင် အမတ်ချုပ်ကျန်းနှင့် စစ်သူကြီးလီတို့ ပူးပေါင်းကာ ဟွမ်ထျန်းဧကရာဇ်အား ဆန့်ကျင်ပြီး ရှို့မိသားစုအား သုတ်သင်လေတော့သည်။

(AN: ဟွမ်ထျန်းနှစ် ရှစ်နှစ်အကြာ = မင်းသား ဖူချန်ရွှင့်နန်းတက်ပြီးရှစ်နှစ်အကြာ)

သွေးချောင်းစီးသော ထိုသတ်ဖြတ်မှုကြီးအား ဦးဆောင်သူမှာ ယခင်မင်းဆက်၏ ကြင်ယာတော် ကျန်းခုံးယွဲ့ဖြစ်လေသည်။

~~~~

ယခင်ဧကရာဇ်အတွက် သုံးယောက်မြောက်ရင်သွေးမွေးဖွားခဲ့ပြီးနောက် ထိုမင်းသားငယ်မှာလဲမွေးမွေးချင်းသေဆုံးသွားပြီး ကြင်ယာတော်သည် ရူးနှမ်းသွားခဲ့သဖြင့် ဧကရာဇ်က အမျက်ဒေါသထွက်ကာ သူမအား အအေးနန်းဆောင်ပို့လိုက်လေသည်။

သို့သော် ထိုအရာမှာ ဟန်ပြသာဖြစ်ပြီး သူမသည် အမှန်တကယ် မရူးခဲ့ပေ။

အင်အား အာဏာကြီးလှသော ရှို့မိသားစု မိဖုရားအား မတွန်းလှန်နိုင်စွာ သူမသည် ဟန်ဆောင်ကာ ရှို့မိသားစုအား အမြစ်ဖျက်ရန် ထိုကတည်းမှကြံစည်ခဲ့လေသည်။

ဧကရာဇ် ကွေထျန်းတွင် မိဖုရား လေးယောက် ကိုယ်လုပ်တော် ခုနစ်ယောက်ရှိသော်ညား သမီးမိန်းကလေးများသာထွန်းကားခဲ့သည်။

သားယောကျာ်း မင်းသားငယ်များမှာ မွေးကတည်းက ကံကုန်လျှင်ကုန် မဟုတ်လျှင် အသက်ဆယ်နှစ်မကျော်စွာ ကံကုန်ကြလေသည်။

ကြင်ယာတော်ကျန်း၏ပထမရင်သွေးမှာ သမီးတော်ဖြစ်ပြီး အရွယ်ရောက်သည့်အခါ ရှို့မယ်တော်ကြီးသည် လက်အောက်ခံလွင်ပြင်ဒေသမှ ဘုရင်တစ်ပါးနှင့်လက်ဆက်ပေးလိုက်သည်။

ဒုတိယရင်သွေး မင်းသားငယ်မှာ အသက်နှစ်နှစ်တွင် ထူးဆန်းစွာပင် ကွယ်လွန်သွားခဲ့သည်။

ထိုသည်မှာ ရှို့မိဖုရားခေါင်၏ လက်ချက်မှန်း သူမသိသည့်အခါ သူမသည် တတိယမြောက်ကိုယ်ဝန်အားလွယ်ထားရလေပြီ။

မွေးဖွားသည့်အချိန်တွင် ရှို့မိဖုရားခေါင်ကြီးသည် သူမနန်းဆောင်၏ နားနေဆောင်တွင် ဘုရင်မင်းမြတ်နှင့်အတူ လာရောက်ခဲ့လေသည်။

ခက်ခဲကြာမြင့်စွာ မွေးဖွားခဲ့ရသော ကလေးငယ်သည် ‌မင်းသားငယ်လေးဖြစ်ပြီး မွေးမွေးချင်းတွင်ပင် အသက်မရှူတော့လေပြီ။

ကလေးငယ်၏ အသက်အား ကယ်တင်နိုင်ခဲ့သော်ညား သူမသည်ရွေးချယ်စရာမရှိစွာ ရူးချင်ယောင်ဆောင်ခဲ့ပြီး ကလေးငယ်အား ရှို့မိဖုရားယူသွားသည်အားကြည့်နေခဲ့ရသည်။

သွေးဆုံးနေပြီဖြစ်သော ရှို့မိဖုရားသည် သားတော်လေးတစ်ပါးအား အရူးအမူးလိုချင်၍ သူမ၏ကလေးငယ်အား ယူဆောင်သွားသဖြင့် သူမကလေးအား အန္တရာယ်မပြုမှန်း သိလိုက်ရသော်ငြား အတိတ်မှသွေးကြွေးတို့အား ထိုသူမအားသေချာပေါက်ပြန်ဆပ်ခိုင်းလေမည်။

~~~~

သွေးချောင်းစီးနေသော နန်းရင်ပြင်ထက်အား ဓားတစ်ချောင်းကိုင်ပြီး သံချပ်ကာဝတ်စုံဝတ်ထားသော အမျိုးသမီးတစ်ဦးကတည်ငြိမ်စွာတက်သွားပြီး ညီလာခံခန်းမတံခါးအားတွန်းဖွင့်လိုက်လေသည်။

မိုးများရွာသွန်းနေသော မဟူရာညတွင် ညီလာခံခန်းမတံခါးမြည်သံက ခြောက်ခြားဖွယ်ထွက်ပေါ်လာပြီး လျှပ်စီးအလက်တွင် သွေးများစွန်းပေနေသော ကြင်ယာတော်ကျန်း၏ မျက်နှာမှာ သေမင်းတမန်အလား။

ထိုသူမအား သပ်ရပ်လှပစွာ ဝတ်ဆင်ထားသော ရှို့မယ်တော်ကြီးသည် လက်ထဲတွင်လဲ လေးတစ်ချောင်းအားကိုင်ထားလေပြီး မြားဖြင့်ရွယ်ကာ ကြိုဆိုလေသည်။

သူမနောက် ပုလ္လင်ထက်တွင်တော့ ကိုးဖြာပုလဲတို့သွယ်တန်းလေသော နဂါးခေါင်းဆောင်းဖြင့် တင့်တယ်သော ဧကရာဇ် ဟွမ်ထျန်းသည် အေးစက်စွာရှိနေလေသည်။

ခန်းမ ပတ်ပတ်လည်တွင်လည်း တော်ဝင် သက်တော်စောင့်ရဲမက်တို့က သူမအား မြားများဖြင့်ချိန်ရွယ်ထားသည်မှာ အချိန်မရွေး အသက်နှုတ်ယူတော့မည့်ပုံ။

"ဟက် မယ်တော်ကြီးလဲသေရမှာ ကြောက်သားပဲ"

ကြင်ယာတော်ကျန်း၏နောက်တွင်တော့ စစ်သူကြီးလီနှင့် သူ၏တပ်ဖွဲ့သည် လိုက်ပါလာလေသည်။

"မင်းတို့‌ကနောက်ဆုံးတော့ အထိန်းအကွပ်မဲ့နေပြီပဲ
ကျန်းခုံးယွဲ့
အရူးမ
နင့်ကိုယ်နင် ဘယ်သူလို့ထင်နေတာလဲ
အခုချက်ချင်းလက်နက်ချစမ်း
မဟုတ်ရင် နင်တို့အကုန်လုံးကို ပုန်ကန်မှုနဲ့အခုချက်ချင်းသတ်ပစ်ရလိမ့်မယ်"

"မယ်တော်ကြီး အရှင် တစ်ယောက်လုံးရှိပါသေးတယ်
မယ်တော်ကြီးမှာ ကျွန်မကိုလက်နက်ချဖို့ အမိန့်ပေးပိုင်ခွင့်ရှိနေတာလား
ကျွန်မက ဧကရာဇ် အမိန့်တော်တောင် နာခံသင့်မှ နာခံမှာပါ
အခုက ရှို့မိသားစုကိုပဲ ဖျက်ဆီးပစ်တာပါ
ကျွန်မ မပုန်ကန်ရဲသေးပါဘူး"

"နင်"

"နောက်ကျနေပြီဖြစ်ပေမယ့်
အရှင်မင်းကြီးကို ဂါရဝပြုပါတယ်
ဒီကျန်းခုံးယွဲ့က မယ်တော်ကြီးရဲ့အသက်ကိုအလိုရှိပါတယ်
ဒါကြောင့်မလို့အရှင်လဲ
ကျွန်မတောင်းဆိုတာကို မငြင်းပါနဲ့"

ဧကရာဇ်က သူ၏လက်တွင်ဝတ်ဆင်ထားသော ကျောက်စိမ်းလက်စွပ်အား အသာလှည့်ကာ

"မယ်တော်ကြီးက ကိုယ်တော့်မွေးမိခင်ပဲ
ကိုယ်တော့်အမေကို မင်းကသတ်ချင်နေတာ ကိုယ်တော် မင်းကိုသေမိန့်ပေးရင်တောင်မလုံလောက်ဘူး
ရဲမက်တွေ ဘာလုပ်နေတာလဲ
ဒီလူတွေကို ဆွဲထုတ်ပြီး အကျဉ်းချထားလိုက်"

တစ်ယောက်မျှမလှုပ်လေသော အခြေအနေတွင် ဧကရာဇ်သည်လည်း ဒေါသထွက်လာသည့်အလား သူ၏မျက်ခုံးရိုးနှစ်ဖက်အား ဖော့ဖယောင်းသဖွယ်လက်များဖြင့်အသာနှိပ်နယ်ရင်း

"မင်းတို့ ကိုယ်တော့်အမိန့်ကိုမနာခံကြဘူးလား
မင်းတို့ရဲ့အရှင်ကဘယ်သူလဲ"

"အရှင်မင်းကြီး
အခု ရှို့မိသားစုဆိုတာမရှိတော့ပါဘူး
ဒီကျန်းခုံးယွဲ့က အရှင့်ဆီကတစ်ခုထဲပဲတောင်းဆိုတာပါ
ရှို့မယ်တော်ကြီးကို ကျွန်မကိုပေးပါ"

"အတင့်ရဲလိုက်တာ"

ဘေးနားရှိ ရဲမက်တစ်ဦး၏ ဓားအိမ်ထဲမှ ဓားအားဆွဲထုတ်ပြီး ပုလ္လင်ထက်မှ ဆင်းလာစဉ် ဧကရာဇ်၏လည်တိုင်အား ထိသွားပါသောအေးစက်မာကြောသောအရာတစ်ခု။

အေးစက်စက်အကြည့်တို့က ထိုသူကိုဖောက်ထွင်းမတတ်ကြည့်ပြီး အံကြိတ်ကြိတ်စကားသံတစ်ခုကထွက်လာလေသည်။

"လီရှီးချန်
မင်းလုပ်ရဲတယ်လား"

"စိုးရွံ့မိပါတယ် အရှင်"

လည်တိုင်ထက်တင်ထားပါသော ဓားသည် ဓားအိမ်ထဲမှ မထွက်လာသေးသော်ညား အချိန်မရွေးသူ့လည်ပင်းအားပိုင်းဖြတ်သွားမည့်အလား။

လက်ထဲမှဓားအား ကြမ်းတမ်းစွာပစ်ချပြီး ထိုင်ခုံပေါ်သို့ဒေါသတကြီး ထိုင်လိုက်ကာမှ လည်တိုင်ထက်မှ ထိုဓားအိမ်ကဖယ်ရှားသွားတော့သည်။

"အရှင်မင်းကြီး
အရှင့်ရဲ့မွေးမိခင်ကို ဒုက္ခပေးတဲ့ဘယ်သူကိုမဆို အရှင်အသက်ချမ်းသာပေးမှာလား"

"ကိုယ်တော် စကားကိုအများကြီးမပြောချင်ဘူး"

ကျန်းခုံးယွဲ့က အသာအယာပြုံးပြီး

"အရှင့်ရဲ့မောင်နှမတွေကိုသတ်တဲ့သူကိုရော အရှင်ခွင့်လွှတ်မှာလား"

"ကိုယ်တော့်သွေးသားတွေကိုထိတဲ့သူ ဘယ်သူမဆို ကိုယ်တော် အသက်ချမ်းသာရာမပေးဘူး"

"ဒါဆိုရပါပြီ
အရှင့်မှာအဲ့လို အမိန့်ချဖို့ ဘယ်သူ့ကိုမှ ကြောက်နေစရာမလိုပါဘူး
ပြီးတော့~~
အရှင့်ရှေ့မှာရပ်နေတဲ့ ရှို့မယ်တော်ကြီးက အရှင့်မယ်တော်အရင်းမဟုတ်ပါဘူး"

"ရွှပ်"

ရှို့မယ်တော်ကြီး လေးတင်ပစ်လိုက်သောမြားက ကျန်းခုံးယွဲ့၏ လက်ဖြင့်ဖမ်းဆီးခံရလိုက်လေသည်။

"အမူအရာပျက်လိုက်တာ မယ်မယ်ရယ်"

"ပါးစပ်ပိတ်ထား"

"နောက်တစ်ခေါက်ပြန်ပြောလိုက်စမ်းပါ"

"ကျွန်မပြောတာကိုမယုံဘူးဆိုရင်
ရှို့မယ်တော်ကြီးကို မေးကြည့်လို့ရပါတယ်
သူမက ဘာသာတရားကိုင်းရှိုင်းတာဆိုတော့
လိမ်မပြောလောက်ပါဘူး"

မဲနက်သွားသော မျက်ဝန်းအိမ်တို့အား မည်သူမျှ မသိလိုက်သော်ငြား ဘေးတွင်ရှိနေသော စစ်သူကြီး လီရှီးချန်သည်တော့မြင်လိုက်ရလေသည်။

"ဒါကို ကိုယ်တော်သိစရာလိုလို့လား
မယ်တော်ကြီးကိုအလိုရှိတဲ့ မင်းရဲ့ရည်ရွယ်ချက်ကဘာလဲ"

ပုံမှန်မြင်နေကျ ထုံအအ ဘုရင်အဖြစ်မှနေ ရုတ်ချည်းပြောင်းလဲသွားသော ဖူချန်ရွှင့်ကြောင့် ရှို့မယ်တော်ကြီးသည် ထိတ်လန့်သွားရလေပြီ။

..ဧကရာဇ်၏စကား အသွားအလာက ဘယ်ကိုဦးတည်နေတာလဲ

"ယခင် ဧကရာဇ်လက်ထပ်တုန်းက ရှို့မယ်တော်ကြီးက တော်ဝင်သွေးသား အမြောက်အမြားကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်
ကြင်ယာတော် ကိုယ်လုပ်တော် တချို့တောင်ပါ ပါသေးတယ်
ကျွန်တော်မျိုးမရဲ့ ဒုတိယမြောက်ရင်သွေး
အရှင့်ရဲ့အကိုတော်ကလည်း မယ်တော်ကြီးကြောင့် သေဆုံးသွားရပါတယ်
အဲ့ဒီမတိုင်ခင်ကတည်းက အရှင့်ရဲ့ အကိုတော် ဘယ်လောက်များများ သေဆုံးခဲ့ပြီးပြီလဲ အရှင်မသိနိုင်ပါဘူး
နောက်ဆုံး ကျွန်မရဲ့တတိယမြောက်ရင်သွေးကိုလွယ်ထားစဉ်တုန်းက မယ်တော်ကြီးကြောင့် နှစ်ကြိမ်တိုင်တိုင် ရင်သွေးပျက်ကျမလိုဖြစ်ခဲ့ရပါတယ်"

ထိုစကားနောက် ဧကရာဇ်၏အေးစက်စက်အကြည့်က ရှို့မယ်တော်ကြီးထံကျရောက်လာသဖြင့် သူမ၏ စကပ်စကို ယောင်ယောင်နန ဆွဲစုပ်လိုက်လေသည်။

"ကျွန်တော်မျိုးမ အဲ့အချိန်က သိပ်ကိုကြောက်လန့်နေခဲ့ပါတယ်
သမီးဖြစ်သူကိုလဲ ဆယ်နှစ်ကျော်ကျော်လေးနဲ့ လွင်ပြင်ဒေသကို တစ်ယောက်တည်းလွှတ်ခဲ့ရတယ်
သားဖြစ်သူကိုလဲလောလောလတ်လတ်ဆုံးရှုံးခဲ့ရတယ်
ဗိုက်ထဲက ကလေးကိုပါ ဆုံးရှုံးခါနီးအထိဖြစ်ခဲ့ရတယ်
ဒါကြောင့် ကျွန်တော်မျိုးမက သားတော်လေးမမွေးဖွားချင်ခဲ့ဘူး
ဒါပေမယ့် မွေးဖွားလာတော့ သိပ်ကိုလှပတဲ့ သားတော်လေးဖြစ်နေခဲ့တယ်
ကလေးက အကြာကြီးရေမွန်းခဲ့ရတော့ မနည်းအသက်ကယ်တင်ခဲ့ရတယ်
အဲ့ဒီတုန်းက ကျွန်မရူးခါနီးနီးပါပဲ
ကံကောင်းစွာနဲ့ သားတော်လေးကိုကယ်တင်နိုင်ခဲ့တယ်
ရှို့မယ်တော်ကြီးရဲ့လက်ထဲက နီတာရဲလေးကိုမြင်တော့ ကျွန်မဖြင့် ရင်ကွဲမတတ်ပါဘဲ
ဒီကလေးကိုရော သူမသတ်ပစ်ဦးမှာလားဆိုပြီးတော့ပေါ့.."

"နင်တော်လိုက်တော့
ငါ့ကိုစော်ကားနေတာများနေပြီ
စိတ်မနှံ့တဲ့မိန်းမပြောတဲ့စကားကို မြင့်မြတ်တဲ့ အရှင့်နားထဲအရောက်မခံနိုင်ဘူး
ကိုယ်ရံတော်တပ်ဖွဲ့ ဘာလုပ်နေတာလဲ
ဒီလူတွေကို သတ်ပစ်စမ်း"

လှုပ်လှုပ်ရှားရှားဖြစ်သွားသော ရဲမက်တချို့ကြောင့် ဧကရာဇ်သည် ယဉ်ကျေးသိမ်မွေ့ခဲ့သော ယခင်အချိန်များနှင့်မတူစွာ ရှေ့ရှိ စားပွဲအား ကန်ချလိုက်လေသည်။

ရှို့မယ်တော်ကြီးသည်လည်း သူမသားတော်အား ယခုအချိန်မှ ကြောက်ရွံ့လာခဲ့မိသည်။

"ရပ်လိုက်ကြစမ်း
ကိုယ်တော်တို့ပြောနေတဲ့စကား ဘယ်သူကနှောင့်ယှက်ရဲလဲ
ကြင်ယာတော်ကျန်း ဆက်ပြောပါ"

"ယခင်ဧကရာဇ်က သားတော်လေးကို ချစ်လွန်းလို့သူ့ရဲ့နန်းဆောင်ကိုခေါ်သွားခဲ့တယ်
နောက်တစ်နေ့ကျတော့ ကျွန်တော်မျိုးမ ဆုံးဖြတ်ချက်တစ်ခုကိုချခဲ့ပါတယ်
သားသေသွားလို့ ရူးသွပ်သွားတဲ့သူအဖြစ်ပေါ့"

ကြင်ယာတော်ကျန်းသည် မျက်ရည်စတို့အားမဖယ်မသုတ်ဘဲ ဧကရာဇ်၏ မျက်နှာတော်အား မော်ကြည့်ရင်း

"ကျွန်တော်မျိုးမရဲ့ သားလေးမျက်နှာကို မွေးဖွားပြီးတဲ့နေ့ကစပြီး မမြင်တွေ့ခဲ့ရတာ အခုထိပါပဲ
ကျွန်မက ဒီနေ့ကိုစောင့်မျှော်နေခဲ့တာ အရှင့်တစ်သတ်ရှိပါပြီ"

"ကောင်းပြီ ကြင်ယာတော်ကျန်း 
မင်းရဲ့အဖြစ်ကို ကိုယ်တော် ဖြေရှင်းပေးပါမယ်
ဒါပေမယ့် ကိုယ်တော့်မယ်တော်ကို မင်းက ခေါ်သွားလို့မရဘူး
ကိုယ်တော်ပဲ သူမအပြစ်ကို စုံစမ်းလိုက်ပါ့မယ်"

"ဒါက ဘယ်လိုစကားလဲ အရှင့်မယ်တော်ကို သူတစ်ပါးကစွပ်စွဲနေတာလေ
သူမက ယခင်ဧကရာဇ်ကိုရော အရှင့်ကိုရော လိမ်ခဲ့တာပါ
သူမကိုသေဒဏ်ပေးရင်တောင် မလုံလောက်ပါဘူး"

ယခင်အချိန်များလို သူတို့၏စကားတို့နားယောင်စေရန် ပြောဆိုနေသော ရှို့အမတ်က အခုထိ အမှန်တရားကိုမမြင်နိုင်သေးတာလား။

"မယ်တော့်မှာ အပြစ်ရှိခဲ့မှ ကိုယ်တော်က အပြစ်ဒဏ်ချမှာပါ"

"မင်းမှာ ဘာအရည်အချင်းရှိနေလို့လဲ"

မျက်ခုံးအား ခပ်ဖွဖွကုတ်ကာ ပြုံးလိုက်သော ဧကရာဇ်ကြောင့် ရှို့မယ်တော်ကြီးသည်တော့ သူမဘက်မှပြောပေးသည့်မောင်ငယ်အား စိုးရိမ်နေလေပြီ။

"ကိုယ်တော့်မှာ အရည်အချင်းတွေရှိတာပေါ့"

ညအလင်းရောင်အောက်တွင် လက်ခနဲ ဖြစ်သွားသော အလင်းတန်းနှစ်ခုနောက် တစ်စုံတစ်ရာ ပြုတ်ကျသံတို့ကရှေ့ဆင့်နောက်ဆင့် ထွက်လာပြီး ရှို့အမတ်၏ အသည်းခိုက်မတတ်နာကျင်သံတို့ပေါ်ထွက်လာရသည်။

"အားးး"

"မင်းမသိခင်မှာ မင်းရဲ့‌လက်တစုံကို ကိုယ်တော်ကဖြတ်တောက်နိုင်တယ်
အခုလောက်ဆို မင်းလာဘ်စားထားတဲ့အရာတွေက
ကိုယ်တော့် ဘဏ္ဌာတိုက်ထဲရောက်နေလောက်ပြီ
မင်းရဲ့ မိသားစုဝင်တွေကတော့ ကျွန်ဈေးမှာရှိနေမှာပေါ့
ဟက် ဟက်
ဒီလူ့ကို ကိုယ်တော်မမြင်ချင်တော့ဘူး ဆွဲထုတ်သွားကြ"

လက်ဖြူဖြူသွယ်သွယ်တစ်ဖက်အားမြှောက်သည်နှင့် လက်တွင်းသို့ ပိုးလက်ကိုင်ပုဝါတစ်စက ရောက်လာပြီး မျက်နှာတွင်ပေနေပါသော သွေးတို့အား သုတ်ကာ မယ်တော်ကြီးအား ပြုံးပြလိုက်လေသည်။

ထိတ်လန့်နေသော သူမက နောက်ဆုတ်ရင်းဖြင့် စကပ်စအားနောက်ပြန်နင်းမိ၍ ထိုင်လျက် ပြုတ်သွားလေသည်။

ဖြူလျော်နေသော နှုတ်ခမ်းတို့အား မထီလေးစားကျေကျေနပ်နပ်ကြည့်ရင်း ဧကရာဇ်သည် လက်ကိုင်ပုဝါအား ပစ်ချပြီး သူမအားဆွဲထူလေသည်။

"အရာအားလုံးရဲ့နောက်ကွယ်မှာရှိနေတာ.."

"ကိုယ်တော်ပါပဲ မယ်တော့်ရဲ့သားက ဒီလိုလုပ်နိုင်ပါတယ်
ပြောရမယ်ဆိုရင်
ကိုယ်တော် သိနေခဲ့တာကြာပါပြီ
နန်းမတက်ခင်ကတည်းကဆိုပါတော့"

"သိပ်ကိုတော်လွန်းနေပါပြီ"

"မခံယူဝင့်ပါဘူး
ကိုယ်တော်က မယ်တော် ရပ်တန့်မယ့်အချိန်ကိုစောင့်နေခဲ့တာ
ကိုယ်တော့်ရဲ့သည်းခံနိုင်ရည်က ကုန်သွားခဲ့လို့
မယ်တော် အပြစ်မတင်ပါနဲ့
အဓိက ရည်ရွယ်ချက်ကို ကိုယ်တော်သိနေတာမလို့"

ဧကရာဇ်သည် တာဝန်တစ်ခုပြီးသွားသလို သက်ပြင်းချပြီး

"ကြည်ဖြူသည်ဖြစ်စေ မကြည်ဖြူသည်ဖြစ်စေ
အနည်းဆုံးတော့ ကိုယ်တော့်ကို ဒီနေရာထိတင်ပေးခဲ့တာမယ်တော်ပါ
ဒါကြောင့် မယ်တော်ကို ငြိမ်းငြိမ်းချမ်းချမ်းရှိစေချင်တယ်
မယ်တော်က ငြိမ်းချမ်းမှုကို ရှာဖွေတော့မှာမလို့ မြောက်ပိုင်းဒေသမှာ အထွတ်အမြတ်ဘုံကျောင်းတစ်ခု မယ်တော့်အတွက်
ကိုယ်တော်ဆောက်ပေးချင်တယ်
မယ်တော့်လုံခြုံရေးအတွက်လဲ
ကြင်ယာတော် မင်းသားရဲ့ တပ်ဖွဲ့တစ်ခုကစောင့်ရှောက်ပေးလိမ့်ပါမယ်
ဘုံကျောင်း မပြီးသေးခင် ကာလကတော့ မယ်တော့် နန်းဆောင်မှာပဲ တရားဘာဝနာ အားထုတ်လိုက်ပါ"

~~~~

လက်ရုံစအား ခပ်ပြင်းပြင်းခါရင်း ညီလာခံနန်းဆောင်မှထွက်သွားသော ဧကရာဇ်နောက် စစ်သူကြီး လီရှီးချန် သည် အပြေးလေးလိုက်သွားလေသည်။

"ကိုယ်တော့်နောက်လိုက်မလာနဲ့
မင်းကိုမမြင်ချင်ဘူး"

သူသည်တော့ မိုးများစိုစိုရွှဲလျက်
ဧကရာဇ်ဘေးရှိ အစေခံတစ်ဦးလက်ထဲမှ ထီးအားယူပြီး ဧကရာဇ်အား ‌နောက်မှဆောင်းပေးရင်းလိုက်သွားလေသည်။

လည်ပင်းပေါ် ဓားအိမ်တင်မိသည့် ကိစ္စက ကြီးမားသွားသဖြင့် သူသည်တော့ တစ်နှစ်တန်သည်၊ နှစ်နှစ်တန်သည် အိပ်ဆောင်ဝင်ခွင့်ပိတ်ခံရမည်လား။

အခန့်မသင့်လျှင် အသက်ပင်ပျောက်နိုင်လေသည်။

အေးစက်တည်တံ့နေသော မျက်နှာက ရုတ်တရတ် သူ့ဘက်လှည့်လာပြီး မျက်နှာသို့ဦးတည်လာပါသော လက်သီးချက်ကို သူမရှောင်မိ။

အားပြင်းလှသောအရှိန်ကြောင့် ထီးသည်လည်း အနည်းငယ်စောင်းသွားကာ အးမိုးစက်အချို့ အရှင့်မျက်နှာသို့လာစင်ကုန်သည်။

..လှရက်လိုက်တာ ကိုယ့်အချစ်ရယ်

"မင်းက ကိုယ်တော့်ကို သတ်ချင်နေတာလား"

ထီးအားပြန်ဆောင်းပေးရင်း ခေါင်းကိုငုံကာသာ ဖြေကြားလိုက်ရသည်။

"အရှင် မသိဘူးထင်လို့
ကျွန်တော်က တားမိတာပါ
အရှင့်မယ်တော်အရင်းပေါ် ပြစ်မှားမိမှာစိုးလို့ပါ"

"တခြားနည်းနဲ့တားလို့ရတယ်
ဒါ မင်းတမင်သတ်သတ်လုပ်တာ"

ကလေးတစ်ယောက်လို အော်ပြောနေသဖြင့် ကိစ္စက ကြီးကြီးမားမား ဖြစ်တော့မည်မထင်။

ရင်ခွင်ထဲသို့ဆွဲလိုက်သော်ညား၊ ပေတေတေဖြင့်တောင့်ထားလေရာ အားသုံး၍ ရင်ခွင်ထဲနေရာချတော့ ပခုံးပေါ် ခေါင်းလေးမှီလာလေသည်။

"ကိုယ်တောင်းပန်ပါတယ်ကွာ
မင်းကိုထိခိုက်စေချင်တဲ့စိတ်ဆန္ဒမပါတာ မင်းသိပါတယ်"

"ဒါပေမယ့် စိတ်ဆိုးတယ်"

"မိုးရေတွေစိုကုန်ပြီ
အအေးခံလို့မရတာ သိရက်နဲ့ မဆိုးနဲ့တော့
အထိန်းတော်ကြီး ဝေါယဉ်ပြင်ပေးပါ"

"ဝေါယဉ်ပေါ်တက်မလာနဲ့
ဘေးကနေလိုက်"

"အရှင့်အမိန့်အတိုင်းပါ"

AN: ဒါလေးကတိုပါမယ်နော် အများဆုံးသုံးပိုင်းလောက်ပဲဆိုတော့ မစောသ့်ရလောက်ပါဘူး 😁






ထန္ႏိုင္ငံေတာ္၊ AD 11

သာယာစည္ပင္ေသာ ထန္ႏိုင္ငံ၏ေနသာေသာေန႔တစ္ေန႔၊ တနည္း ယခင္မင္းဆက္ ကံကုန္ၿပီး တစ္ႏွစ္အၾကာတြင္ ရႈိ႕မိဖုရားေခါင္ႀကီး၏သားေတာ္ ထန္ႏိုင္ငံ၏တစ္ဦးတည္းေသာ ေတာ္ဝင္မင္းသား အိမ္ေရွ႕စံ ဖူခ်န္ရႊင့္ သည္ ဧကရာဇ္ ဟြမ္ထ်န္း အျဖစ္ အသက္ဆယ္ႏွစ္တြင္နန္းတက္ခဲ့သည္။

ငယ္ရြယ္ႏူးညံ့ေလေသာမင္းသားငယ္ နန္းတက္သည့္ေန႔တြင္ ေကာင္းကင္ဘုံမွပင္ ခ်ီးေျမာက္ကာ မိုးမ်ားစြာရြာသြန္းခဲ့ေလသည္။

ျပည္သူျပည္သားတို႔သည္လည္း ဝမ္းေျမာက္ကုန္ၾကေသာ္ညား အရွင္မင္းျမတ္သည္ မယ္ေတာ္ႀကီး၏ ထိန္းခ်ဳပ္မႈေအာက္တြင္ တိုင္းျပည္အားအုပ္ခ်ဳပ္ခဲ့ေလသည္။

ဧကရာဇ္ ဟြမ္ထ်န္း နန္းတက္ၿပီးေနာက္ ရႈိ႕မိသားစု၏အာဏာသည္ ပိုမိုႀကီးမားလာရာ ဧကရာဇ္၏ပုလႅင္ပင္ မယ္ေတာ္ႀကီးေၾကာင့္သာ တည္ၿမဲေနရေလသည္။

အဖက္ဖက္မွဖိအားေပးမႈဒဏ္ေအာက္တြင္ ဧကရာဇ္သည္ သူ့ဖခမည္းေတာ္လိုပင္ ရႈိ႕မိဖုရား၏ ထိန္းခ်ဳပ္မႈေအာက္တြင္သာ က်ဉ္းက်ဉ္းက်ပ္က်ပ္ေနရရွာေလသည္။

ေတာ္ဝင္႐ုံးေတာ္တြင္ပင္ ရႈိ႕မိသားစုအမတ္မ်ား၊ အမတ္ခ်ဳပ္က်န္းႏွင့္သူ၏ဘက္ေတာ္သားမ်ား၊ စစ္သူႀကီးလီမိသားစုဝင္မ်ား၊ ၾကားေနသူမ်ားျဖင့္ ကြဲျပားေနၾကေလသည္။

အမတ္ခ်ဳပ္က်န္းသည္ ယခင္မင္းဆက္ ဧကရာဇ္ ဟြမ္ထ်န္း၏ဖခမည္းေတာ္၊ ဧကရာဇ္ ေကြ႕ထ်န္း၏ ၾကင္ယာေတာ္၊ က်န္းခုံးယြဲ႕၏ ဖခင္ျဖစ္ေလရာ ရႈိ႕မိသားစု၏ အတိုက္အခံျဖစ္ေလသည္။

လီမိသားစုဝင္မ်ားသည္ ေရွ႕မင္းဆက္သုံးဆက္ေျမာက္၏ အငယ္ဆုံး ေတာ္ဝင္မင္းသမီး ဖူရွီႏွင့္ စစ္သူႀကီး လီရန္ေကြ႕တို႔၏ မ်ိဳးဆက္မ်ားျဖစ္သည့္အေလ်ာက္ေတာ္ဝင္ေသြးပါသူမ်ားျဖစ္ၿပီး သူတို႔သည္ တတိယအုပ္စုအျဖစ္ရပ္တည္ေလသည္။

မေမွ်ာ္လင့္စြာ ဟြမ္ထ်န္းႏွစ္ ရွစ္ႏွစ္အၾကာတြင္ အမတ္ခ်ဳပ္က်န္းႏွင့္ စစ္သူႀကီးလီတို႔ ပူးေပါင္းကာ ဟြမ္ထ်န္းဧကရာဇ္အား ဆန္႔က်င္ၿပီး ရႈိ႕မိသားစုအား သုတ္သင္ေလေတာ့သည္။

(AN: ဟြမ္ထ်န္းႏွစ္ ရွစ္ႏွစ္အၾကာ = မင္းသား ဖူခ်န္ရႊင့္နန္းတက္ၿပီးရွစ္ႏွစ္အၾကာ)

ေသြးေခ်ာင္းစီးေသာ ထိုသတ္ျဖတ္မႈႀကီးအား ဦးေဆာင္သူမွာ ယခင္မင္းဆက္၏ ၾကင္ယာေတာ္ က်န္းခုံးယြဲ႕ျဖစ္ေလသည္။

~~~~

ယခင္ဧကရာဇ္အတြက္ သုံးေယာက္ေျမာက္ရင္ေသြးေမြးဖြားခဲ့ၿပီးေနာက္ ထိုမင္းသားငယ္မွာလဲေမြးေမြးခ်င္းေသဆုံးသြားၿပီး ၾကင္ယာေတာ္သည္ ႐ူးႏွမ္းသြားခဲ့သျဖင့္ ဧကရာဇ္က အမ်က္ေဒါသထြက္ကာ သူမအား အေအးနန္းေဆာင္ပို႔လိုက္ေလသည္။

သို႔ေသာ္ ထိုအရာမွာ ဟန္ျပသာျဖစ္ၿပီး သူမသည္ အမွန္တကယ္ မ႐ူးခဲ့ေပ။

အင္အား အာဏာႀကီးလွေသာ ရႈိ႕မိသားစု မိဖုရားအား မတြန္းလွန္ႏိုင္စြာ သူမသည္ ဟန္ေဆာင္ကာ ရႈိ႕မိသားစုအား အျမစ္ဖ်က္ရန္ ထိုကတည္းမွႀကံစည္ခဲ့ေလသည္။

ဧကရာဇ္ ေကြထ်န္းတြင္ မိဖုရား ေလးေယာက္ ကိုယ္လုပ္ေတာ္ ခုနစ္ေယာက္ရွိေသာ္ညား သမီးမိန္းကေလးမ်ားသာထြန္းကားခဲ့သည္။

သားေယာက်ာ္း မင္းသားငယ္မ်ားမွာ ေမြးကတည္းက ကံကုန္လွ်င္ကုန္ မဟုတ္လွ်င္ အသက္ဆယ္ႏွစ္မေက်ာ္စြာ ကံကုန္ၾကေလသည္။

ၾကင္ယာေတာ္က်န္း၏ပထမရင္ေသြးမွာ သမီးေတာ္ျဖစ္ၿပီး အရြယ္ေရာက္သည့္အခါ ရႈိ႕မယ္ေတာ္ႀကီးသည္ လက္ေအာက္ခံလြင္ျပင္ေဒသမွ ဘုရင္တစ္ပါးႏွင့္လက္ဆက္ေပးလိုက္သည္။

ဒုတိယရင္ေသြး မင္းသားငယ္မွာ အသက္ႏွစ္ႏွစ္တြင္ ထူးဆန္းစြာပင္ ကြယ္လြန္သြားခဲ့သည္။

ထိုသည္မွာ ရႈိ႕မိဖုရားေခါင္၏ လက္ခ်က္မွန္း သူမသိသည့္အခါ သူမသည္ တတိယေျမာက္ကိုယ္ဝန္အားလြယ္ထားရေလၿပီ။

ေမြးဖြားသည့္အခ်ိန္တြင္ ရႈိ႕မိဖုရားေခါင္ႀကီးသည္ သူမနန္းေဆာင္၏ နားေနေဆာင္တြင္ ဘုရင္မင္းျမတ္ႏွင့္အတူ လာေရာက္ခဲ့ေလသည္။

ခက္ခဲၾကာျမင့္စြာ ေမြးဖြားခဲ့ရေသာ ကေလးငယ္သည္ ‌မင္းသားငယ္ေလးျဖစ္ၿပီး ေမြးေမြးခ်င္းတြင္ပင္ အသက္မ႐ွဴေတာ့ေလၿပီ။

ကေလးငယ္၏ အသက္အား ကယ္တင္ႏိုင္ခဲ့ေသာ္ညား သူမသည္ေရြးခ်ယ္စရာမရွိစြာ ႐ူးခ်င္ေယာင္ေဆာင္ခဲ့ၿပီး ကေလးငယ္အား ရႈိ႕မိဖုရားယူသြားသည္အားၾကည့္ေနခဲ့ရသည္။

ေသြးဆုံးေနၿပီျဖစ္ေသာ ရႈိ႕မိဖုရားသည္ သားေတာ္ေလးတစ္ပါးအား အ႐ူးအမူးလိုခ်င္၍ သူမ၏ကေလးငယ္အား ယူေဆာင္သြားသျဖင့္ သူမကေလးအား အႏၲရာယ္မျပဳမွန္း သိလိုက္ရေသာ္ျငား အတိတ္မွေသြးေႂကြးတို႔အား ထိုသူမအားေသခ်ာေပါက္ျပန္ဆပ္ခိုင္းေလမည္။

~~~~

ေသြးေခ်ာင္းစီးေနေသာ နန္းရင္ျပင္ထက္အား ဓားတစ္ေခ်ာင္းကိုင္ၿပီး သံခ်ပ္ကာဝတ္စုံဝတ္ထားေသာ အမ်ိဳးသမီးတစ္ဦးကတည္ၿငိမ္စြာတက္သြားၿပီး ညီလာခံခန္းမတံခါးအားတြန္းဖြင့္လိုက္ေလသည္။

မိုးမ်ားရြာသြန္းေနေသာ မဟူရာညတြင္ ညီလာခံခန္းမတံခါးျမည္သံက ေျခာက္ျခားဖြယ္ထြက္ေပၚလာၿပီး လွ်ပ္စီးအလက္တြင္ ေသြးမ်ားစြန္းေပေနေသာ ၾကင္ယာေတာ္က်န္း၏ မ်က္ႏွာမွာ ေသမင္းတမန္အလား။

ထိုသူမအား သပ္ရပ္လွပစြာ ဝတ္ဆင္ထားေသာ ရႈိ႕မယ္ေတာ္ႀကီးသည္ လက္ထဲတြင္လဲ ေလးတစ္ေခ်ာင္းအားကိုင္ထားေလၿပီး ျမားျဖင့္ရြယ္ကာ ႀကိဳဆိုေလသည္။

သူမေနာက္ ပုလႅင္ထက္တြင္ေတာ့ ကိုးျဖာပုလဲတို႔သြယ္တန္းေလေသာ နဂါးေခါင္းေဆာင္းျဖင့္ တင့္တယ္ေသာ ဧကရာဇ္ ဟြမ္ထ်န္းသည္ ေအးစက္စြာရွိေနေလသည္။

ခန္းမ ပတ္ပတ္လည္တြင္လည္း ေတာ္ဝင္ သက္ေတာ္ေစာင့္ရဲမက္တို႔က သူမအား ျမားမ်ားျဖင့္ခ်ိန္ရြယ္ထားသည္မွာ အခ်ိန္မေရြး အသက္ႏႈတ္ယူေတာ့မည့္ပုံ။

"ဟက္ မယ္ေတာ္ႀကီးလဲေသရမွာ ေၾကာက္သားပဲ"

ၾကင္ယာေတာ္က်န္း၏ေနာက္တြင္ေတာ့ စစ္သူႀကီးလီႏွင့္ သူ၏တပ္ဖြဲ႕သည္ လိုက္ပါလာေလသည္။

"မင္းတို႔‌ကေနာက္ဆုံးေတာ့ အထိန္းအကြပ္မဲ့ေနၿပီပဲ
က်န္းခုံးယြဲ႕
အ႐ူးမ
နင့္ကိုယ္နင္ ဘယ္သူလို႔ထင္ေနတာလဲ
အခုခ်က္ခ်င္းလက္နက္ခ်စမ္း
မဟုတ္ရင္ နင္တို႔အကုန္လုံးကို ပုန္ကန္မႈနဲ႔အခုခ်က္ခ်င္းသတ္ပစ္ရလိမ့္မယ္"

"မယ္ေတာ္ႀကီး အရွင္ တစ္ေယာက္လုံးရွိပါေသးတယ္
မယ္ေတာ္ႀကီးမွာ ကြၽန္မကိုလက္နက္ခ်ဖို႔ အမိန္႔ေပးပိုင္ခြင့္ရွိေနတာလား
ကြၽန္မက ဧကရာဇ္ အမိန္႔ေတာ္ေတာင္ နာခံသင့္မွ နာခံမွာပါ
အခုက ရႈိ႕မိသားစုကိုပဲ ဖ်က္ဆီးပစ္တာပါ
ကြၽန္မ မပုန္ကန္ရဲေသးပါဘူး"

"နင္"

"ေနာက္က်ေနၿပီျဖစ္ေပမယ့္
အရွင္မင္းႀကီးကို ဂါရဝျပဳပါတယ္
ဒီက်န္းခုံးယြဲ႕က မယ္ေတာ္ႀကီးရဲ႕အသက္ကိုအလိုရွိပါတယ္
ဒါေၾကာင့္မလို႔အရွင္လဲ
ကြၽန္မေတာင္းဆိုတာကို မျငင္းပါနဲ႔"

ဧကရာဇ္က သူ၏လက္တြင္ဝတ္ဆင္ထားေသာ ေက်ာက္စိမ္းလက္စြပ္အား အသာလွည့္ကာ

"မယ္ေတာ္ႀကီးက ကိုယ္ေတာ့္ေမြးမိခင္ပဲ
ကိုယ္ေတာ့္အေမကို မင္းကသတ္ခ်င္ေနတာ ကိုယ္ေတာ္ မင္းကိုေသမိန္႔ေပးရင္ေတာင္မလုံေလာက္ဘူး
ရဲမက္ေတြ ဘာလုပ္ေနတာလဲ
ဒီလူေတြကို ဆြဲထုတ္ၿပီး အက်ဉ္းခ်ထားလိုက္"

တစ္ေယာက္မွ်မလႈပ္ေလေသာ အေျခအေနတြင္ ဧကရာဇ္သည္လည္း ေဒါသထြက္လာသည့္အလား သူ၏မ်က္ခုံး႐ိုးႏွစ္ဖက္အား ေဖာ့ဖေယာင္းသဖြယ္လက္မ်ားျဖင့္အသာႏွိပ္နယ္ရင္း

"မင္းတို႔ ကိုယ္ေတာ့္အမိန္႔ကိုမနာခံၾကဘူးလား
မင္းတို႔ရဲ႕အရွင္ကဘယ္သူလဲ"

"အရွင္မင္းႀကီး
အခု ရႈိ႕မိသားစုဆိုတာမရွိေတာ့ပါဘူး
ဒီက်န္းခုံးယြဲ႕က အရွင့္ဆီကတစ္ခုထဲပဲေတာင္းဆိုတာပါ
ရႈိ႕မယ္ေတာ္ႀကီးကို ကြၽန္မကိုေပးပါ"

"အတင့္ရဲလိုက္တာ"

ေဘးနားရွိ ရဲမက္တစ္ဦး၏ ဓားအိမ္ထဲမွ ဓားအားဆြဲထုတ္ၿပီး ပုလႅင္ထက္မွ ဆင္းလာစဉ္ ဧကရာဇ္၏လည္တိုင္အား ထိသြားပါေသာေအးစက္မာေၾကာေသာအရာတစ္ခု။

ေအးစက္စက္အၾကည့္တို႔က ထိုသူကိုေဖာက္ထြင္းမတတ္ၾကည့္ၿပီး အံႀကိတ္ႀကိတ္စကားသံတစ္ခုကထြက္လာေလသည္။

"လီရွီးခ်န္
မင္းလုပ္ရဲတယ္လား"

"စိုးရြံ႕မိပါတယ္ အရွင္"

လည္တိုင္ထက္တင္ထားပါေသာ ဓားသည္ ဓားအိမ္ထဲမွ မထြက္လာေသးေသာ္ညား အခ်ိန္မေရြးသူ့လည္ပင္းအားပိုင္းျဖတ္သြားမည့္အလား။

လက္ထဲမွဓားအား ၾကမ္းတမ္းစြာပစ္ခ်ၿပီး ထိုင္ခုံေပၚသို႔ေဒါသတႀကီး ထိုင္လိုက္ကာမွ လည္တိုင္ထက္မွ ထိုဓားအိမ္ကဖယ္ရွားသြားေတာ့သည္။

"အရွင္မင္းႀကီး
အရွင့္ရဲ႕ေမြးမိခင္ကို ဒုကၡေပးတဲ့ဘယ္သူကိုမဆို အရွင္အသက္ခ်မ္းသာေပးမွာလား"

"ကိုယ္ေတာ္ စကားကိုအမ်ားႀကီးမေျပာခ်င္ဘူး"

က်န္းခုံးယြဲ႕က အသာအယာၿပဳံးၿပီး

"အရွင့္ရဲ႕ေမာင္ႏွမေတြကိုသတ္တဲ့သူကိုေရာ အရွင္ခြင့္လႊတ္မွာလား"

"ကိုယ္ေတာ့္ေသြးသားေတြကိုထိတဲ့သူ ဘယ္သူမဆို ကိုယ္ေတာ္ အသက္ခ်မ္းသာရာမေပးဘူး"

"ဒါဆိုရပါၿပီ
အရွင့္မွာအဲ့လို အမိန္႔ခ်ဖို႔ ဘယ္သူ့ကိုမွ ေၾကာက္ေနစရာမလိုပါဘူး
ၿပီးေတာ့~~
အရွင့္ေရွ႕မွာရပ္ေနတဲ့ ရႈိ႕မယ္ေတာ္ႀကီးက အရွင့္မယ္ေတာ္အရင္းမဟုတ္ပါဘူး"

"ရႊပ္"

ရႈိ႕မယ္ေတာ္ႀကီး ေလးတင္ပစ္လိုက္ေသာျမားက က်န္းခုံးယြဲ႕၏ လက္ျဖင့္ဖမ္းဆီးခံရလိုက္ေလသည္။

"အမူအရာပ်က္လိုက္တာ မယ္မယ္ရယ္"

"ပါးစပ္ပိတ္ထား"

"ေနာက္တစ္ေခါက္ျပန္ေျပာလိုက္စမ္းပါ"

"ကြၽန္မေျပာတာကိုမယုံဘူးဆိုရင္
ရႈိ႕မယ္ေတာ္ႀကီးကို ေမးၾကည့္လို႔ရပါတယ္
သူမက ဘာသာတရားကိုင္းရႈိင္းတာဆိုေတာ့
လိမ္မေျပာေလာက္ပါဘူး"

မဲနက္သြားေသာ မ်က္ဝန္းအိမ္တို႔အား မည္သူမွ် မသိလိုက္ေသာ္ျငား ေဘးတြင္ရွိေနေသာ စစ္သူႀကီး လီရွီးခ်န္သည္ေတာ့ျမင္လိုက္ရေလသည္။

"ဒါကို ကိုယ္ေတာ္သိစရာလိုလို႔လား
မယ္ေတာ္ႀကီးကိုအလိုရွိတဲ့ မင္းရဲ႕ရည္ရြယ္ခ်က္ကဘာလဲ"

ပုံမွန္ျမင္ေနက် ထုံအအ ဘုရင္အျဖစ္မွေန ႐ုတ္ခ်ည္းေျပာင္းလဲသြားေသာ ဖူခ်န္ရႊင့္ေၾကာင့္ ရႈိ႕မယ္ေတာ္ႀကီးသည္ ထိတ္လန္႔သြားရေလၿပီ။

..ဧကရာဇ္၏စကား အသြားအလာက ဘယ္ကိုဦးတည္ေနတာလဲ

"ယခင္ ဧကရာဇ္လက္ထပ္တုန္းက ရႈိ႕မယ္ေတာ္ႀကီးက ေတာ္ဝင္ေသြးသား အေျမာက္အျမားကို လုပ္ႀကံသတ္ျဖတ္ခဲ့တယ္
ၾကင္ယာေတာ္ ကိုယ္လုပ္ေတာ္ တခ်ိဳ႕ေတာင္ပါ ပါေသးတယ္
ကြၽန္ေတာ္မ်ိဳးမရဲ႕ ဒုတိယေျမာက္ရင္ေသြး
အရွင့္ရဲ႕အကိုေတာ္ကလည္း မယ္ေတာ္ႀကီးေၾကာင့္ ေသဆုံးသြားရပါတယ္
အဲ့ဒီမတိုင္ခင္ကတည္းက အရွင့္ရဲ႕ အကိုေတာ္ ဘယ္ေလာက္မ်ားမ်ား ေသဆုံးခဲ့ၿပီးၿပီလဲ အရွင္မသိႏိုင္ပါဘူး
ေနာက္ဆုံး ကြၽန္မရဲ႕တတိယေျမာက္ရင္ေသြးကိုလြယ္ထားစဉ္တုန္းက မယ္ေတာ္ႀကီးေၾကာင့္ ႏွစ္ႀကိမ္တိုင္တိုင္ ရင္ေသြးပ်က္က်မလိုျဖစ္ခဲ့ရပါတယ္"

ထိုစကားေနာက္ ဧကရာဇ္၏ေအးစက္စက္အၾကည့္က ရႈိ႕မယ္ေတာ္ႀကီးထံက်ေရာက္လာသျဖင့္ သူမ၏ စကပ္စကို ေယာင္ေယာင္နန ဆြဲစုပ္လိုက္ေလသည္။

"ကြၽန္ေတာ္မ်ိဳးမ အဲ့အခ်ိန္က သိပ္ကိုေၾကာက္လန္႔ေနခဲ့ပါတယ္
သမီးျဖစ္သူကိုလဲ ဆယ္ႏွစ္ေက်ာ္ေက်ာ္ေလးနဲ႔ လြင္ျပင္ေဒသကို တစ္ေယာက္တည္းလႊတ္ခဲ့ရတယ္
သားျဖစ္သူကိုလဲေလာေလာလတ္လတ္ဆုံးရႈံးခဲ့ရတယ္
ဗိုက္ထဲက ကေလးကိုပါ ဆုံးရႈံးခါနီးအထိျဖစ္ခဲ့ရတယ္
ဒါေၾကာင့္ ကြၽန္ေတာ္မ်ိဳးမက သားေတာ္ေလးမေမြးဖြားခ်င္ခဲ့ဘူး
ဒါေပမယ့္ ေမြးဖြားလာေတာ့ သိပ္ကိုလွပတဲ့ သားေတာ္ေလးျဖစ္ေနခဲ့တယ္
ကေလးက အၾကာႀကီးေရမြန္းခဲ့ရေတာ့ မနည္းအသက္ကယ္တင္ခဲ့ရတယ္
အဲ့ဒီတုန္းက ကြၽန္မ႐ူးခါနီးနီးပါပဲ
ကံေကာင္းစြာနဲ႔ သားေတာ္ေလးကိုကယ္တင္ႏိုင္ခဲ့တယ္
ရႈိ႕မယ္ေတာ္ႀကီးရဲ႕လက္ထဲက နီတာရဲေလးကိုျမင္ေတာ့ ကြၽန္မျဖင့္ ရင္ကြဲမတတ္ပါဘဲ
ဒီကေလးကိုေရာ သူမသတ္ပစ္ဦးမွာလားဆိုၿပီးေတာ့ေပါ႔.."

"နင္ေတာ္လိုက္ေတာ့
ငါ႔ကိုေစာ္ကားေနတာမ်ားေနၿပီ
စိတ္မႏွံ႔တဲ့မိန္းမေျပာတဲ့စကားကို ျမင့္ျမတ္တဲ့ အရွင့္နားထဲအေရာက္မခံႏိုင္ဘူး
ကိုယ္ရံေတာ္တပ္ဖြဲ႕ ဘာလုပ္ေနတာလဲ
ဒီလူေတြကို သတ္ပစ္စမ္း"

လႈပ္လႈပ္ရွားရွားျဖစ္သြားေသာ ရဲမက္တခ်ိဳ႕ေၾကာင့္ ဧကရာဇ္သည္ ယဉ္ေက်းသိမ္ေမြ႕ခဲ့ေသာ ယခင္အခ်ိန္မ်ားႏွင့္မတူစြာ ေရွ႕ရွိ စားပြဲအား ကန္ခ်လိုက္ေလသည္။

ရႈိ႕မယ္ေတာ္ႀကီးသည္လည္း သူမသားေတာ္အား ယခုအခ်ိန္မွ ေၾကာက္ရြံ႕လာခဲ့မိသည္။

"ရပ္လိုက္ၾကစမ္း
ကိုယ္ေတာ္တို႔ေျပာေနတဲ့စကား ဘယ္သူကေႏွာင့္ယွက္ရဲလဲ
ၾကင္ယာေတာ္က်န္း ဆက္ေျပာပါ"

"ယခင္ဧကရာဇ္က သားေတာ္ေလးကို ခ်စ္လြန္းလို႔သူ့ရဲ႕နန္းေဆာင္ကိုေခၚသြားခဲ့တယ္
ေနာက္တစ္ေန႔က်ေတာ့ ကြၽန္ေတာ္မ်ိဳးမ ဆုံးျဖတ္ခ်က္တစ္ခုကိုခ်ခဲ့ပါတယ္
သားေသသြားလို႔ ႐ူးသြပ္သြားတဲ့သူအျဖစ္ေပါ႔"

ၾကင္ယာေတာ္က်န္းသည္ မ်က္ရည္စတို႔အားမဖယ္မသုတ္ဘဲ ဧကရာဇ္၏ မ်က္ႏွာေတာ္အား ေမာ္ၾကည့္ရင္း

"ကြၽန္ေတာ္မ်ိဳးမရဲ႕ သားေလးမ်က္ႏွာကို ေမြးဖြားၿပီးတဲ့ေန႔ကစၿပီး မျမင္ေတြ႕ခဲ့ရတာ အခုထိပါပဲ
ကြၽန္မက ဒီေန႔ကိုေစာင့္ေမွ်ာ္ေနခဲ့တာ အရွင့္တစ္သတ္ရွိပါၿပီ"

"ေကာင္းၿပီ ၾကင္ယာေတာ္က်န္း 
မင္းရဲ႕အျဖစ္ကို ကိုယ္ေတာ္ ေျဖရွင္းေပးပါမယ္
ဒါေပမယ့္ ကိုယ္ေတာ့္မယ္ေတာ္ကို မင္းက ေခၚသြားလို႔မရဘူး
ကိုယ္ေတာ္ပဲ သူမအျပစ္ကို စုံစမ္းလိုက္ပါ႔မယ္"

"ဒါက ဘယ္လိုစကားလဲ အရွင့္မယ္ေတာ္ကို သူတစ္ပါးကစြပ္စြဲေနတာေလ
သူမက ယခင္ဧကရာဇ္ကိုေရာ အရွင့္ကိုေရာ လိမ္ခဲ့တာပါ
သူမကိုေသဒဏ္ေပးရင္ေတာင္ မလုံေလာက္ပါဘူး"

ယခင္အခ်ိန္မ်ားလို သူတို႔၏စကားတို႔နားေယာင္ေစရန္ ေျပာဆိုေနေသာ ရႈိ႕အမတ္က အခုထိ အမွန္တရားကိုမျမင္ႏိုင္ေသးတာလား။

"မယ္ေတာ့္မွာ အျပစ္ရွိခဲ့မွ ကိုယ္ေတာ္က အျပစ္ဒဏ္ခ်မွာပါ"

"မင္းမွာ ဘာအရည္အခ်င္းရွိေနလို႔လဲ"

မ်က္ခုံးအား ခပ္ဖြဖြကုတ္ကာ ၿပဳံးလိုက္ေသာ ဧကရာဇ္ေၾကာင့္ ရႈိ႕မယ္ေတာ္ႀကီးသည္ေတာ့ သူမဘက္မွေျပာေပးသည့္ေမာင္ငယ္အား စိုးရိမ္ေနေလၿပီ။

"ကိုယ္ေတာ့္မွာ အရည္အခ်င္းေတြရွိတာေပါ႔"

ညအလင္းေရာင္ေအာက္တြင္ လက္ခနဲ ျဖစ္သြားေသာ အလင္းတန္းႏွစ္ခုေနာက္ တစ္စုံတစ္ရာ ျပဳတ္က်သံတို႔ကေရွ႕ဆင့္ေနာက္ဆင့္ ထြက္လာၿပီး ရႈိ႕အမတ္၏ အသည္းခိုက္မတတ္နာက်င္သံတို႔ေပၚထြက္လာရသည္။

"အားးး"

"မင္းမသိခင္မွာ မင္းရဲ႕‌လက္တစုံကို ကိုယ္ေတာ္ကျဖတ္ေတာက္ႏိုင္တယ္
အခုေလာက္ဆို မင္းလာဘ္စားထားတဲ့အရာေတြက
ကိုယ္ေတာ့္ ဘဏၭာတိုက္ထဲေရာက္ေနေလာက္ၿပီ
မင္းရဲ႕ မိသားစုဝင္ေတြကေတာ့ ကြၽန္ေဈးမွာရွိေနမွာေပါ႔
ဟက္ ဟက္
ဒီလူ့ကို ကိုယ္ေတာ္မျမင္ခ်င္ေတာ့ဘူး ဆြဲထုတ္သြားၾက"

လက္ျဖဴျဖဴသြယ္သြယ္တစ္ဖက္အားေျမႇာက္သည္ႏွင့္ လက္တြင္းသို႔ ပိုးလက္ကိုင္ပုဝါတစ္စက ေရာက္လာၿပီး မ်က္ႏွာတြင္ေပေနပါေသာ ေသြးတို႔အား သုတ္ကာ မယ္ေတာ္ႀကီးအား ၿပဳံးျပလိုက္ေလသည္။

ထိတ္လန္႔ေနေသာ သူမက ေနာက္ဆုတ္ရင္းျဖင့္ စကပ္စအားေနာက္ျပန္နင္းမိ၍ ထိုင္လ်က္ ျပဳတ္သြားေလသည္။

ျဖဴေလ်ာ္ေနေသာ ႏႈတ္ခမ္းတို႔အား မထီေလးစားေက်ေက်နပ္နပ္ၾကည့္ရင္း ဧကရာဇ္သည္ လက္ကိုင္ပုဝါအား ပစ္ခ်ၿပီး သူမအားဆြဲထူေလသည္။

"အရာအားလုံးရဲ႕ေနာက္ကြယ္မွာရွိေနတာ.."

"ကိုယ္ေတာ္ပါပဲ မယ္ေတာ့္ရဲ႕သားက ဒီလိုလုပ္ႏိုင္ပါတယ္
ေျပာရမယ္ဆိုရင္
ကိုယ္ေတာ္ သိေနခဲ့တာၾကာပါၿပီ
နန္းမတက္ခင္ကတည္းကဆိုပါေတာ့"

"သိပ္ကိုေတာ္လြန္းေနပါၿပီ"

"မခံယူဝင့္ပါဘူး
ကိုယ္ေတာ္က မယ္ေတာ္ ရပ္တန္႔မယ့္အခ်ိန္ကိုေစာင့္ေနခဲ့တာ
ကိုယ္ေတာ့္ရဲ႕သည္းခံႏိုင္ရည္က ကုန္သြားခဲ့လို႔
မယ္ေတာ္ အျပစ္မတင္ပါနဲ႔
အဓိက ရည္ရြယ္ခ်က္ကို ကိုယ္ေတာ္သိေနတာမလို႔"

ဧကရာဇ္သည္ တာဝန္တစ္ခုၿပီးသြားသလို သက္ျပင္းခ်ၿပီး

"ၾကည္ျဖဴသည္ျဖစ္ေစ မၾကည္ျဖဴသည္ျဖစ္ေစ
အနည္းဆုံးေတာ့ ကိုယ္ေတာ့္ကို ဒီေနရာထိတင္ေပးခဲ့တာမယ္ေတာ္ပါ
ဒါေၾကာင့္ မယ္ေတာ္ကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္းရွိေစခ်င္တယ္
မယ္ေတာ္က ၿငိမ္းခ်မ္းမႈကို ရွာေဖြေတာ့မွာမလို႔ ေျမာက္ပိုင္းေဒသမွာ အထြတ္အျမတ္ဘုံေက်ာင္းတစ္ခု မယ္ေတာ့္အတြက္
ကိုယ္ေတာ္ေဆာက္ေပးခ်င္တယ္
မယ္ေတာ့္လုံၿခဳံေရးအတြက္လဲ
ၾကင္ယာေတာ္ မင္းသားရဲ႕ တပ္ဖြဲ႕တစ္ခုကေစာင့္ေရွာက္ေပးလိမ့္ပါမယ္
ဘုံေက်ာင္း မၿပီးေသးခင္ ကာလကေတာ့ မယ္ေတာ့္ နန္းေဆာင္မွာပဲ တရားဘာဝနာ အားထုတ္လိုက္ပါ"

~~~~

လက္႐ုံစအား ခပ္ျပင္းျပင္းခါရင္း ညီလာခံနန္းေဆာင္မွထြက္သြားေသာ ဧကရာဇ္ေနာက္ စစ္သူႀကီး လီရွီးခ်န္ သည္ အေျပးေလးလိုက္သြားေလသည္။

"ကိုယ္ေတာ့္ေနာက္လိုက္မလာနဲ႔
မင္းကိုမျမင္ခ်င္ဘူး"

သူသည္ေတာ့ မိုးမ်ားစိုစိုရႊဲလ်က္
ဧကရာဇ္ေဘးရွိ အေစခံတစ္ဦးလက္ထဲမွ ထီးအားယူၿပီး ဧကရာဇ္အား ‌ေနာက္မွေဆာင္းေပးရင္းလိုက္သြားေလသည္။

လည္ပင္းေပၚ ဓားအိမ္တင္မိသည့္ ကိစၥက ႀကီးမားသြားသျဖင့္ သူသည္ေတာ့ တစ္ႏွစ္တန္သည္၊ ႏွစ္ႏွစ္တန္သည္ အိပ္ေဆာင္ဝင္ခြင့္ပိတ္ခံရမည္လား။

အခန္႔မသင့္လွ်င္ အသက္ပင္ေပ်ာက္ႏိုင္ေလသည္။

ေအးစက္တည္တံ့ေနေသာ မ်က္ႏွာက ႐ုတ္တရတ္ သူ့ဘက္လွည့္လာၿပီး မ်က္ႏွာသို႔ဦးတည္လာပါေသာ လက္သီးခ်က္ကို သူမေရွာင္မိ။

အားျပင္းလွေသာအရွိန္ေၾကာင့္ ထီးသည္လည္း အနည္းငယ္ေစာင္းသြားကာ အးမိုးစက္အခ်ိဳ႕ အရွင့္မ်က္ႏွာသို႔လာစင္ကုန္သည္။

..လွရက္လိုက္တာ ကိုယ့္အခ်စ္ရယ္

"မင္းက ကိုယ္ေတာ့္ကို သတ္ခ်င္ေနတာလား"

ထီးအားျပန္ေဆာင္းေပးရင္း ေခါင္းကိုငုံကာသာ ေျဖၾကားလိုက္ရသည္။

"အရွင္ မသိဘူးထင္လို႔
ကြၽန္ေတာ္က တားမိတာပါ
အရွင့္မယ္ေတာ္အရင္းေပၚ ျပစ္မွားမိမွာစိုးလို႔ပါ"

"တျခားနည္းနဲ႔တားလို႔ရတယ္
ဒါ မင္းတမင္သတ္သတ္လုပ္တာ"

ကေလးတစ္ေယာက္လို ေအာ္ေျပာေနသျဖင့္ ကိစၥက ႀကီးႀကီးမားမား ျဖစ္ေတာ့မည္မထင္။

ရင္ခြင္ထဲသို႔ဆြဲလိုက္ေသာ္ညား၊ ေပေတေတျဖင့္ေတာင့္ထားေလရာ အားသုံး၍ ရင္ခြင္ထဲေနရာခ်ေတာ့ ပခုံးေပၚ ေခါင္းေလးမွီလာေလသည္။

"ကိုယ္ေတာင္းပန္ပါတယ္ကြာ
မင္းကိုထိခိုက္ေစခ်င္တဲ့စိတ္ဆႏၵမပါတာ မင္းသိပါတယ္"

"ဒါေပမယ့္ စိတ္ဆိုးတယ္"

"မိုးေရေတြစိုကုန္ၿပီ
အေအးခံလို႔မရတာ သိရက္နဲ႔ မဆိုးနဲ႔ေတာ့
အထိန္းေတာ္ႀကီး ေဝါယဉ္ျပင္ေပးပါ"

"ေဝါယဉ္ေပၚတက္မလာနဲ႔
ေဘးကေနလိုက္"

"အရွင့္အမိန္႔အတိုင္းပါ"

AN: ဒါေလးကတိုပါမယ္ေနာ္ အမ်ားဆုံးသုံးပိုင္းေလာက္ပဲဆိုေတာ့ မေစာသ့္ရေလာက္ပါဘူး 😁



Continue Reading

You'll Also Like

310K 8.5K 85
Zero already has a boyfriend that she loves but finds out that he is cheating but she tries to work it out and stay with him. But then she goes to th...
85.1K 3.2K 44
"don't let this darkness fool you all lights turned off can be turned on" • in which jonesy thomas and lando norris reunite after years apart and h...
256K 4.9K 29
She was the one that was going to teach him what affection was, what being loved felt like. And he was going to teach her how thrilling a secret can...
4.2M 68.7K 48
"I am the best surfer on this island" "Not true" JJ shook his head "Game on, Maybank" The one in which, Blake Woods and JJ Maybank serve chaotic duo...