"မေရယ်မေရယ် ကျော်တော့လှေသူကြီးပါကွယ်ညားတော့လည်း လေထိုးသမားနဲ့ကွယ် "
"ဟေး ချမ်းအေး မပြန်သေးဘူးလားကွ"
" ပြန်တော့မှာ ဦးမော်ကြီးရ"
" သွက်သွက်လုပ်ကွ မိုးရွာတော့မှာ "
" ဟုတ်ကဲ့ပါ ဗျ"
ငြိမ်းချမ်းအေး ရေချိုးနေရာမှ ပုဆိုးလဲကာ ရေချောင်းထဲက ထွက်လာခဲ့လိုက်သည်။ ငြိမ်းချမ်းအေး ဖုန်းထုတ်ကာ ဓာတ်ပုံအချို့ရိုက်ကာ သူ့ fb acc ထဲ တင်လိုက်သည်။
caption က ရေချိုးတယ်လို့ဘာတို့ပေါ့။ သူ့ပုံသူပြန်ကြည့်ကာ သဘောကျရင်းဖုန်းသိမ်းကာ အိမ်ကိုအပြေးပြန်လာလိုက်သည်။
" ချမ်းအေးရယ် ရေချိုးသွားတာ အဲလောက်ကြာရလားဟဲ့ နွားတွေကျွေးအုံး။ ပြီးရင် အကိုကြီးကို ထမင်းသွားပို့။ "
ချမ်းအေး ခေါင်းငြိမ့်ကာ သူ့အရပ်ထက်ပိုကြီးနေတဲ့နွားကြီးတွေကို အစာကျွေးကာ ဒေါ်လေးထည့်ပေးထားတဲ့ ချိုင့်ကိုဆွဲကာ လယ်ထဲ အပြေးသွားရတော့သည်။ ပါးစပ်ကလည်း ေဇပေိုင်ရဲ့ မဆုံသောလမ်း သီချင်းညည်းရင်းပေါ့။ အဲသီချင်းလေးကို ဆိုရင် ရင်ထဲစို့နင့်လာသည်။ သူလယ်ကွင်းစိမ်းစိမ်းကြီးကိုကြည့်ကာ တစ်ယောက်သောသူကို လွမ်းဆွတ်လာသည်။ ငြိမ်းချမ်းအေး ဆိုတဲ့ သူဟာ မိဘတွေမရှိတော့ပေ။ အဒေါ်နဲ့နေရပေမယ့် အမြဲတမ်း သူတို့ရဲ့ ခိုင်းဖက်ပင်။သူလည်းသိပါတယ်။ သူ့ထမင်းစားရင် သူ့အလုပ်လုပ်ပေးရမယ်ဆိုတာကို။ ပိုဆိုးတာက သူ့ဟာရွာမှာရှိတဲ့ ဆယ်တန်းအောင်ပြီး ဂျပန်ကျောင်းသွားတက်တဲ့ ရှိင်းမင်းကို ကို တိတ်တိတ်လေး ချစ်နေခဲ့တာပင်။ ရှိုင်းမင်းကိုက သူ့ထက်ကြီးပေမယ့် အကိုကြီး ရဲ့ ငယ်သူငယ်ချင်းဖြစ်နေသည်။ သူ့ဘဝက ပိုဆိုးတာက ရှိုင်းမင်းကို ကသူ့ရဲ့ဝမ်းကွဲအမနဲ့ ကြိုက်နေခဲ့တာ ။ သူသိတုန်းက အရမ်းခံစားခဲ့ရကာ သူ့ရဲ့အချစ်တွေ တိတ်တဆိတ်ပဲ ပြန်သိမ်းခဲ့ရတယ်။ပြီးတော် သူတို့ဘဝတွေက မိုးနဲ့မြေလိုပဲလေ။ သူ့လိုမိမရှိဖမရှိတဲ့သူကို ဘယ်သူက တန်ဖိုးထားမှာလဲ။ သူစဥ်းစားရင်း လယ်ထဲက တဲမှာချိုင့်ထားကာ လယ်ထဲက ပြန်ထွက်လာခဲ့လိုက်သည်။
ညနေစောင်းမှာတော့ ချမ်းအေး ထမင်းဟင်းချက်ဖို့ မီးစမွှေးလိုက်သည်။ဆန်ဆေးပြီးထမင်းအိုးကိုမီးဖိုပဲတင်လိုက်ကာ နွားထကျွေးကာ အိမ်ရှေ့သန့်ရှင်းရေးလုပ်လိုက်သည်။ ဆန်ပွတ်လာတော့ ထမင်းရည်ငှဲ့ကာ
မီးခဲထုတ်ပြီးတင်ထားလိုက်သည်။ဟင်းကတော့ ဘာမှချက်စရာမရှိလို့ညစာက လက်ဖက်သုပ်ပဲ ဖြစ်မယ်ထင်တယ်။ ထမင်းချက်ပြီးတော့ လယ်ထဲ ပြန်သွားကာ
အကိုကြီးကို ပေါင်းပင်တွေနှုတ်ကူနေလိုက်သည်။လယ်ကဧကများတာမလို့ လူငှားခေါ်ထားရသည်။ ချမ်းအေးလည်း လူငှားများနဲ့အတူဝင်လုပ်လိုက်သည်။
" ချမ်းအေး ရှိုင်းမင်းကို ဂျပန်က ပြန်လာတော့မှာတဲ့ "
အေးဘုံရဲ့စကားကြောင့် ချမ်းအေး နှုတ်လက်စ မြတ်ပင်ကို ဘေးကိုပုံလိုက်ကာ
" နင့်ကိုဘယ်သူကပြောလဲ ကောလဟာလ နေမယ်။"
" ဟဲ့တကယ်ပါဆို ရွာထဲက အကုန်သိပြီးပြီး ဦးချစ်တင်ကိုယ်တိုင်ပြောတာ သူ့သားက မြန်မာနိုင်ငံမှာရှိတဲ့ ကုမ္မဏီတစ်ခုမှာ အလုပ်ရတာတဲ့ လစာကလည်း ဂျပန်လစာအတိုင်းပဲတဲ့ လူတိုင်းကိုလိုက်ပြောနေတာ နင်ပဲမသိတာ ။"
" အင်း ဟုတ်တယ်ငါမသိလိုက်ဘူး"
ချမ်းအေး တုန်ယင်နေတဲ့လက်နဲ့ ပေါင်းပင်တွေကိုနုတ်လိုက်သည်။ ရှိန်းမင်းကို နဲ့ပတ်သတ်ရင် သူ့စိတ်ကိုအဆင်သင့်ပြင်ထားပေမယ့် သူဟာထင်သလောက်စိတ်မခိုင်ဘူးဆိုတာသိလာရသည်။ သူ့အမဝမ်းကွဲသဲစုရွှေကတော့ ပျော်နေလောက်ရောပေါ့။ညနေကနေ မှောင်လာတော့ည်ဖြစ်သောကြောင့်လယ်သိမ်းနေကြ ကာပြန်ကြတဲ့အလုပ်သမားတွေကပြန်ကြသည်။သူကတော့မပြန်ရသေးပါ။ လယ်ထဲကပစ္စည်းတွေသိမ်းဖို့ရန် အတွက်လယ်ထဲမှာနေခဲ့ရသည်။ ညနေအမှောင်အတိရောက်တော့ ချမ်းအေးသိမ်းပြီးပြီဖြစ်တဲ့အတွက် အိမ်ကိုပြန်လာခဲ့လိုက်သည်။ အိမ်ရောက်တော့ အမသဲစုရွှေက ပြန်ရောက်နေပြီဖြစ်ကာ မိသာစုသုံးယောက် စကားထိုင်ပြောနေကြသည်။
" ဟဲ့ချမ်းအေး ဒီကိုလာအုံး"
သဲစုရွှေက ချမ်းအေးကိုမြင်တော့ လှမ်းခေါ်လိုက်သည်။
" အိမ်ပေါ်က အဝတ်အိတ်ထဲမှာ အဝတ်အပေတွေရှိတယ် မနက်ကြလျှော်ဖို့ ယူထားလိုက်အုံး။ ကြယ်သီးတွေမပြုတ်စေနဲ့သေချာဂရုစိုက်။"
ချမ်းအေး ခေါင်းလေးငုံ့ကာ
" ဟုတ်အမ"
" သွား သွား မီးဖိုထဲမှာ နင့်အတွက်မာလာဟင်း ချန်ထားတယ်အဲဒါနဲ့ ထမင်းစားလိုက်"
"ဟုတ်"
ချမ်းအေး မီးဖိုထဲဝင်လိုက်ကာ အုပ်ဆောင်းလှပ်ကြည့်လိုက်တော့ မာလာဟင်းက ကန်ဇွန်းရွက်နှစ်ရွက်နဲ့ အရည်တွေပဲ ရှိတော့သည်။ ချမ်းအေး အုပ်ဆောင်းပြန်အုပ်ကာ စားပွဲပေါ်က ထန်းလျှက် ၅ လုံးယူပြီး မီးဖိုထဲက ပြန်ထွက်လာခဲ့လိုက်သည်။ ရင်ထဲမှာတစ်စို့နေပြီး လည်ချောင်းထဲမှာလည်း တစ်ခုခု ရှိနေသလိုကြီးခံစားရတာကြောင့် ရေအိုးစဥ်က ရေကိုသာအဝသောက်လိုက်မှသက်သာသွားတော့သည်။